ကြယ်တစ်စင်းရဲ့ လရောင်အိမ်မက်...

By Ta_yaw2006

125K 6.9K 2.1K

Age gap Boy love Start_1.9.2023 Crdpic More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)

အပိုင်း(၁၁)

2.6K 182 92
By Ta_yaw2006

Unicode

Recommended song_ promise

စားပွဲပေါ်က စာရွက်ဖြူသည် ကြမ်းပြင်အောက်ဆီသို့  လုံးကြေကာ အရှိန်ပြင်းပြင်း ကျသွားလေသည်။တရားခံက ကျွန်တော်သာဖြစ်သည်။ဘယ်နှစ်ကြိမ်မြောက် လွင့်ပစ်မိသည်မသိ။သစ်တောထိန်းသိမ်းရေးဝန်ကြီးသာ ကျွန်တော့်အိမ်ကြမ်းပြင်ကို မြင်လျှင် စာရွက်ဖြုန်းတီးမှုနဲ့ တစ်ချက်လောက်ခေါင်းပူနေအောင် ထုခံရလောက်သည်။အမေမြင်လျှင် အဆူခံရမည်မို့ အောက်ကျနေသည့် လုံးကြေနေသော စာရွက်တွေကို ကောက်သိမ်းရင်း အမှိုက်တောင်းထဲ ပစ်ထည့်လိုက်၏။

ပြင်သစ်ဘောပင်ကို လက်ညိုးနဲ့ညှပ်ကာ လှည့်ကစားနေရင်း စာရွက်ပြောင်ကို မျက်မှောင်ကြုတ် ကြည့်နေသည်က မသိရင်တော့ သင်္ချာတွက်နေသည့်ပုံစံမျိုးပင်။အဲ့လိုဆိုရင်တောင် ပုစ္ဆာအတွက် အဖြေရချင်ရဦးမည်။အခုတွင် ကျွန်တော့်ခေါင်းမှာ ပူထူကာ ညှော်နံ့ပင်ထွက်နေပြီလားဟု အမှတ်မှားမိသေးသည်။

ထိုအချိန်တွင် ရည်းစားစာတွေပတ်ပေးနေသည့် အတန်းဖော်သူငယ်ချင်းအား အမှတ်ရမိသွား၏။ဘယ်လိုများတွေး၍ ဘယ်လိုများရေးရနိုင်ရသနည်း။ကျွန်တော့်အဖို့ ရည်းစားစာရေးရတာသည် တော်တော်ခက်သည့်ဟု ယူဆမိသည်။ဒီတိုင်း "အန်ကယ့်ကို ချစ်တယ်"ဟု ရေးလိုက်ရင်ရော။မဟုတ်သေးဘူး။ဒါက မလေးစားရာရောက်သည်။

ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့ စားပွဲပေါ် ခေါင်းမှောက်ကာ အိပ်ပစ်လိုက်၏၊မှောင်မဲနေသည့် အမြင်အာရုံထဲ အလင်းတန်းတစ်ခုလို ထိုးဖောက်ဝင်ရောက်လာသည်က တစ်စုံတစ်ဦးသာ။ရောက်တဲ့အရပ်တိုင်း အတွေးထဲနေရာဝင်ယူနေတဲ့သူ။ကိုယ်တစ်ယောက်ထဲမဟုတ်ဘူးဆိုတဲ့ အသိလေးက ကျွန်တော့်ရင်ထဲနွေးကနဲဖြစ်သွားစေ၏။
နှလုံးသားတိုက်ပွဲမှာ စစ်မကြေငြာသေးခင်ကတည်းက အရှုံးပေးနေမိသည့် ကျွန်တော် နဲ့နှလုံးသားကို အနိုင်ယူသွားသည့် အရှင်သခင်။ဟုတ်တာပေါ့ အန်ကယ်က မောင့်ရဲ့ အရှင်သခင်။မောင်ဟာ အန်ကယ်ပိုင်တဲ့ စစ်သုံ့ပန်းတစ်ယောက်...

အတွေးပေါက်ကာ ဝမ်းသာအားရဖြင့် ပြင်သစ်ဘောပင်ကိုကောက်ကိုင်ကာ စာရွက်ဖြူပေါ် နေရာယူလျက် "သို့ ချစ်ရပါသော"ဖြင့် အစပြု၍ ပထမဆုံးရေးသည့် ရည်းစားစာအား စိတ်ကူးဖြင့်ပုံဖော်ကာ  နှလုံးသားဖြင့်ခံစားရင်း ကြည်ကြည်နူးနူးရေးနေမိသည်မှာ အမှန်။ပြီးဆုံးသွားသော ရည်းစားစာကို မြောက်ကိုင်ကြည့်ရင်း အားရပါးရပြုံးနေမိ၏။ စာအိတ်ထဲသို့ စာရွက်အား သေချာခေါက်ထည့်ရင်း  မွေးရနံ့ပါအောင် ရေမွေးကိုသုံးမည့်အစား ခူးထားသည့် စံပယ်ပန်းတစ်ပွင့်နှစ်ပွင့်ကို စာအိတ်ထဲထည့်လိုက်၏။စာအိတ်လေးကို တစ်ချက်အနမ်းပေးရင်း အူမြူးစွာ အပြုံးတို့က ဖုံးဖိလို့မရ။စာအိတ်အား အန်ကယ့်ဆီမှ ငှားရမ်းလာတဲ့စာအုပ်ကြားတွင် ညှပ်ရင်း ရေချိုးရန်ပြင်လိုက်၏။

မှန်ရှေ့တွင် ကြည့်ကောင်းနိုင်မည့်အနေအထားဖြစ်အောင် ဆံပင်ကိုသပ်နေမိသည်မှာ အခါခါ။ဒါကိုမြင်သည့် အမေက မနေနိုင်စွာ မေးတော့သည်။

"အဲ့ဒါဘယ်သွားဦးမလို့လဲ"

"ဗျာ မောင် ဟိုဘက်ရပ်ကွက်ဘက် ခဏသွားမလို့"

"မောင် မင်းဒီတလော လမ်းတွေတအားများနေတယ်နော် ဟိုဘက်ရပ်ကွက်ကိုလည်း ခြေချင်းပေါက်အောင်သွားတယ် ဟိုတစ်နေ့ကလည်း ဒေါ်တင်မေကြီး  မြေးက အမေ့ကိုပြောသွားသေးတယ် ကိုကြီးက ဂစ်တာကြီးနဲ့ သူများအိမ်ရှေ့သွားတီးနေတယ်တဲ့  ဟုတ်သလား"

"ဟာ....မဟုတ်ပါဘူး ဒီကလေးကတော့ အဲ့ကလေးလျှောက်ပြောနေတာ မောင့်ဘာသာ ပျင်းလို့ ဟိုဘက်ရပ်ကွက်က လဖ္ဘာရည်ဆိုင်ဆီ ခဏ သွားထိုင်မလို့ပါ"

"အေးပါ ပြီးတာပဲ တွေ့နေရင်လည်းပြော မိဘကို လျှိုမထားနဲ့ အဆင်ပြေတဲ့မိန်းကလေးဆိို အမေတို့ဘက်က စီစဥ်သင့်တာစီစဥ် လမ်းကြောင်းသင့်တာ လမ်းကြောင်းပေးမယ် ကြားလား အမေပြောတာ"

"အာ...အမေကလည်း မောင်ကဘာကိုတွေ့ရမှာလဲ  မောင့်ကို ချစ်ပေးမဲ့ ဒေါ်ရီရီမြင့်ရှိနေတာပဲကို ကျန်တာဘာလိုသေးလို့လဲ"

"အမလေး မောင်မင်းကြီးသား ကျွန်မကိုလာချွဲမနေနဲ့  သွားစရာရှိတာသာသွားတော့ မိုးမချုပ်စေနဲ့ စောစောပြန်လာ ကြားလား"

"ဟုတ် အဲ့တာဆို မောင်သွားပြီနော်"

အုတ်တံတိုင်းကိုမှီရပ်ထားသည့် စက်ဘီးအား အိမ်ရှေ့ထုတ်ရင်း မနင်းခင် လမ်း၌မျောက်လောင်းအား ထပ်တွေ့လျှင် တိုက်သာသွားတော့မယ်ဟု တွေးမိလိုက်၏။မပြောပါနဲ့ဆိုတာကို ပြောဖြစ်အောင်ပြောသွားသေးသည်။နောက်တစ်ခါ ဘယ်မှခေါ်မသွားဖို့ဆုံးဖြတ်လိုက်သည်။မဟုတ်ပါက သည်ကလေးလက်ချက်ဖြင့် အကုန်ဘူးပေါ်သလိုပေါ်ပြီး မိဘဖြစ်သူ သွေးတက်ကာ မူးမေ့လဲသွားမည်ကို မြင်ယောင်မိသေးသည်။

အချစ်သီချင်းကို ရောက်တက်ရာရာညီးရင်း မှောင်ရီစပြုလာသည့် ကောင်းကင်ကို လည်းကောင်း။လမ်းဓါတ်မီးတိုင်တွေကို လည်းကောင်း။ လမ်းဘေး၌ ပေါက်နေတဲ့အပင်တွေကို လည်းကောင်း။ငေးမောကြည့်ရင်း ရုတ်တရက် နောက်​ကျောမလုံသည့် ခံစားချက် ရလိုက်သည်။ တစ်ချက် နောက်လှည့်ကြည့်မိတော့ ဘာမှမရှိ။ စိတ်ထင်လို့နေမှာပါဟု တွေးကာ ပုံမှန်အတိုင်း စက်ဘီးနင်းရင်း ခဏအကြာတွင် အန်ကယ်တို့ အိမ်ရှေ့သို့ ရောက်လာခဲ့၏။ စက်ဘီးကိုဖြစ်သလိုရပ်ရင်း ခြံတံခါးမှာ တပ်ဆင်ထားတဲ့ခေါင်းလောင်းအား တီးလိုက်တော့ မြတ်က အိမ်နေရင်းအဝတ်အစားနဲ့ ဖိုသီဖတ်သီဖြင့်ထွက်လာကာ တံခါးဖွင့်ပေးလာသည်။

"လာ မောင်"

"အန်ကယ်ရော"

"ရှင့်အန်ကယ်က ဆေးရုံသွားပေါ့ စောစောကတင်ထွက်သွားတာ မောင်နဲ့ အဝင်အထွက်ပဲ လွဲသွားတယ်"

"ဟာ..."

စိတ်ပျက်လက်ပျက်ဖြင့် နောက်စေ့ကိုခပ်ကြမ်းကြမ်း ကုတ်ပစ်လိုက်၏။ ဒီနေ့ အန်ကယ် နိုက်ဂျူတီရှိတာ ကျွန်တော်မေ့သွားတာပဲ။

"နေဦး မောင်ထီးမေ့ကျန်နေခဲ့တယ် လေးလေးက မပြန်ခင် နွယ်နွယ့်ဆီက တောင်းပေးလာတာ မောင်အလုပ်ရှုတ်မှာစိုးလို့တဲ့"

"ဟုတ်သားပဲ မောင်မေ့နေတာ"

"ဒါနဲ့ နောက်လဆို အာစရိယပူဇော်ပွဲစတော့မယ်နော် မြတ်ကတော့ ယိမ်းအကအဖွဲ့ထဲ ပါရမလားလို့ စဥ်းစားနေတာ"

"အင်း ယိမ်းအကနဲ့ မြတ်နဲ့လိုက်ပါတယ် မောင်ကတော့ စာရင်းမပေးတော့ဘူး အားပဲပေးပါ့မယ်"

"အဲ့ပွဲမှာ ဟိုအဆိုတော်ရော လာမှာတဲ့ ဘယ်မေဂျာကပါလိမ့် အဆိုတော် မယ်ရီလေ သမိုင်းမေဂျာ နောက်ဆုံးနှစ်က"

"ဟမ် ဘယ်သူ"

"မသိဘူးလား ဒီလောက် ကျောင်းထဲမှာနာမည်ကြီးကို အဲ့ပွဲပါမယ်ဆိုတာလည်း အစကမသိဘူး နွယ်နွယ်နဲ့စပ်မိစပ်ရာပြောရင်း သိတာ အဆိုတော် မယ်ရီနဲ့ နွယ်နွယ်နဲ့က နှစ်ဝမ်းကွဲညီအစ်မတွေတဲ့ သိလား"

"အိုး ဟုတ်သလား အင်းလေ နွယ့်ပုံစံကြည့်ရတာလဲ  အသိုင်းအဝိုင်းကြီးထဲက လာတဲ့ပုံစံပါပဲ"

" မောင့်အတွက် ကောင်းတာပေါ့ မဟုတ်ဘူးလား"

မြတ်ကပြုံးစိစိဖြင့် ကျွန်တော့်အား ကြည့်ရင်းပြောသည်။ဘဝင်မကျစွာ မျက်မှောင်ကြုတ်ရင်း နားမလည်သလို ပြန်မေးလိုက်၏။

"ဘာကိုလဲ မြတ်ရဲ့"

"အမယ် ရှင်နော် မသိချင်ယောင်ဆောင်နေပြန်ပြီ နွယ်နွယ့်ကြည့်ရတာ မောင့်ကို သဘောကျနေတဲ့ပုံပဲ တစ်ခါတစ်ခါဆို သူက မောင့်ကို ငေးကြည့်တတ်သေးတယ် ပြီးတော့ "

"ကဲ တော်ပါပြီ မြတ်ရယ် လာရင်းကိစ္စတောင် မေ့ကုန်ပြီ မောင် ငှားထားတဲ့ စာအုပ်ပြန်လာပေးတာ"

"ဪ အဲ့တာဆို...အင်း ဘာနံ့ကြီးလဲ မောင် အနံ့တစ်ခုခုရလား တူးစော်လိုလို.. အင်း ဟင် အယ် သေပါပြီ ငါတော့ သေပြီ မောင်ရေ စာအုပ်စဥ်မှာထားခဲ့လိုက်တော့နော် ထီးက လေးလေး အခန်းထဲမှာ ကိုယ့်ဘာသာ ယူလိုက်တော့နော် သိလား"

"ဟုတ်ပြီ ဟုတ်ပြီ"

မြတ်က ပြာတိပြာယာ အပြေးဖြင့်လှမ်းအော်ကာ နောက်ဖေးဘက်သို့ သွားလေသည်။သက်ပြင်းခပ်ဖွဖွချရင်း ဧည့်ခန်းထဲဝင်လာလိုက်တော့ သန့်ရှင်းရေးလုပ်နေသည့် အန်တီ့ကိုတွေ့လိုက်ရ၍ နှုတ်ဆက်လိုက်ပြီး မရောက်တာကြာသည့် အန်ကယ့်အခန်းထဲသို့ ဝင်လာခဲ့သည်။ကုတင်ပေါ်က စောင်အပါးလေးသည်  နေရာတကျခေါက်ထားပြီး ဖိနပ်စဥ်က ဖိနပ်များသည် စီစီရီရီချွတ်ထားလျက်ရှိသည်။စာရေးစားပွဲပေါ်က ဆေးစာအုပ်များကတော့ စီစီရီရီတော့မရှိလှ။မျက်စိရှုတ်နေသည်မို့ စာအုပ်များကို နေရာတကျထပ်ကာ ရှင်းလင်းပေးလိုက်၏။ပိုင်ရှင်မသိပဲ ပစ္စည်းတွေလျှောက်ထိတာသည် မကောင်းသော်ငှား ကျွန်တော့်စေတနာပေမို့ အန်ကယ်နားလည်လောက်ပါမည်။ စီရီထပ်ထားသည့် ဆေးစာအုပ်ပေါ်တွင် လက်ထဲက ဆရာဘုန်းနိုင်ရဲ့ စာအုပ်အားတင်ထားခဲ့လိုက်၏။ ဒါမှ အန်ကယ်သတိထားမိပြီး ကျွန်တော်ပေးတဲ့ ရည်းစားစာအား တွေ့မည်လေ။

ထွေထွေထူးထူးမရှိသည်မို့ အန်တီတို့အား နှုတ်ဆက်ရင်း အိမ်သို့သာပြန်လာခဲ့သည်။အပြန်လမ်းသည် လူအနည်းငယ်ပြတ်သည်ဟု ပြောရမည်။ထပ်မံ ခံစားဘိုက်ရသည့် နောက်ကျောမလုံမှု။ ထိုနောက်တွင် သံသယစိတ်ဖြင့် နောက်ကျောဘက် လှည့်ကြည့်ရာတွင် မည်သူမှမရှိ။ခေါင်းတစ်ချက်ခါကာ လမ်းအချိုးအကွေ့တွင် ကျွန်တော့်ဦးခေါင်းထက် ထူပူမှုနှင့်အတူ စက်ဘီးမှာလဲကျသွားတော့၏။ ချက်ချင်းဆိုတော့ ကျွန်တော်ဘာမှသတိမထားမိ။နာသွားသည့်မှာ ကျွန်တော့်အမြင်တွေပင် ဝေဝေဝါးဝါး။ထပ်မံထွက်ပေါ်လာသည့် ဒုတ်ရိုက်သံနဲ့အတူ ကျွန်တော့်ခေါင်းကနာကျင်မှုသည် သေမတတ်အထိဖြစ်သွား၏။

"ဟေ့ကောင် မင်း နွယ့်ကိုရတယ်ဆိုပြီး ကိုယ့်ကိုကိုယ် ဟုတ်လှချည်မထင်နဲ့ မင်းကို ရန်ဖြစ်တဲ့နေ့ကတည်းက ကျေတာမဟုတ်ဘူး ဟေ့ကောင် ချကွာ"

ကျွန်တော်မတ်တပ်ရပ်မည် အပြု နောက်ကျော၌ ခြေထောက်နှင့် အားပြင်းပြင်း အကန်ခံလိုက်ရ၏။ဝေဝါးဝါးအမြင်အာရုံထဲက လူသုံးယောက်အရိပ်အယောင်အား တွေ့ရ၏။ပြောသွားသည့် စကားတွေအရ ပြသာနာဖြစ်ခဲ့သည့် အဖွဲ့မှန်းသိလိုက်၏။တစ်စက်လေးမှ မလှုပ်နိုင်စွာ နာကျင်မှုကို အံတုရင်း မကြာလိုက် ခေါင်းမှယိုစိမ့်ကာ ထွက်လာသည့်အရည်တွေက ကျွန်တော့် နားသယ်စပ်မှစ၍ ကျဆင်းနေတော့သည်။ သွေးတွေ။ကျွန်တော် သွေးတွေထွက်နေပြီ။ထိုမှစ၍ ကျွန်တော့်အတွေးများသည် ဗလာနတ္ထိသို့။

.....
လူနာ wardဘက်က သွေးသွင်းလူနာအား သွေးချိတ်ပေးရင်း လိုအပ်တာများမှာနေသည့် ကျွန်တော်သည် အကြောင်းအရင်းမဲ့စွာ စိတ်တို့က လေးလံနေ၏။ ဘာလို့ပါလိမ့်။

"ဘွား တဖြည်းဖြည်းနဲ့သက်သာလာပြီ ဆောင်းကလည်းဝင်တော့မယ် နွေးနွေးထွေးထွေးနေနော် နောက်နေ့ကျ ဘွားသမီးကို အနွေးထည်တွေယူခဲ့ဖို့ ပြောလိုက် ဟုတ်ပြီလား"

"ဆရာ"

"ဗျာ"

ကျွန်တော့်အနားတွင် အသိဆရာမတစ်ယောက်က ခပ်ပြာပြာရောက်လာသည်။

"ဆရာ့အမနဲ့မြတ်လေးရောက်နေတယ် လူနာရောပါလာတယ် အပြင်မှာစောင့်နေတယ်"

"ဘယ်လို မမက ဒီကို?"

"ဟုတ်တယ်ဆရာ လူနာကောင်လေးရောပါလာတယ်  ဆရာ့တူမအရွယ်လောက်ပဲ သွေးတွေနဲ့ ကြည့်ရတာ အခြေနေကောင်းမဲ့ပုံမပေါ်ဘူး"

ကျွန်တော်သည် နားမလည်စွာ ကြောင်အနေရင်း ဆရာမစကား၌ ကြက်သေသေသွားတော့၏။လူနာ၊ကောင်လေး။မြတ်နဲ့ရွယ်တူ။ထိုအချိန်တွင် ချက်ချင်း ကျွန်တော့် အကြည့်တွေ ပြာဝေလာကာ မလှုပ်မယှက်
တုန်လှုပ်နေတော့၏။

"မောင်"

အစိုးမရစွာ ကျွန်တော်ပြေးထွက်လာခဲ့သည်မှာ ကြောက်ရွံ့မှု၊တုန်လှုပ်မှုတွေအပြည့်။ခွဲစိတ်ခန်း။ကျွန်တော် ခြေရာချင်းထပ်နေအောင် သွားခဲ့ဖူးသည့်ခွဲစိတ်ခန်းရှေ့ ရောက်လာခဲ့၏။မယုံကြည်ခြင်းတွေကို အမိန့်ပြုသွားသည့် အရာသည် အားကိုးတကြီး ပြောလာသည့် မမစကားပင်။

"မောင်ငယ် ဘယ်လိုလုပ်ကြမလဲ ကလေးက သွေးထွက်လွန်နေတယ် နှာ နှာခေါင်းကပါ သွေးတွေထွက် ထွက်နေတယ်"

ဘုရားရေ။ ကျွန်တော့် မျက်လုံးများ ပြူးကျယ်သွားကာ ဘုရားပင်တမိတော့၏။ဆရာဝန်တစ်ယောက်အနေနဲ့ သည်အခြေအနေ ဘယ်လိုရှိသည်ဆိုတာ ခန့်မှန်းပြီးသားပင်။ခေါင်းထိခိုက်မှုတွင် နှာခေါင်း၊နား၊ပါးစပ် စသည့်အပေါက်ရှိရာက သွေးထွက်လျှင် အလွန်စိုးရိမ်ရသည့် အခြေအနေဖြစ်သည်။

တစ်စတစ်စတိုးမြင့်လာသည့် ကြောက်စိတ်နဲ့အတူ ကျွန်တော့်အကြည့်တွေက ခွဲစိတ်ခန်းဆီ မျှော်လင့်တကြီးရောက်ရှိလို့နေသည်။အမြင်တွေဝေဝါးလာကာ မျက်စပ်နားစိုစွတ်သွားတာက ကျွန်တော့်ဆို့နစ်မှုတွေ ဖြစ်နေမလား။တစ်ခုခုဖြစ်သွားလျှင် ဆိုသည့်အသိက 
နှလုံးသားအား ရိုက်နှက်ညှင်းပန်းနေသည်။မဖြစ်ရဘူး။မောင် ဘာမှမဖြစ်ရဘူး။

"ဘယ်လို ဖြစ်တာလဲ"

"ညနေက လေးလေး ဆေးရုံထွက်သွားတော့ အဝင်အထွက်ပဲ မောင် အိမ်ရောက်လာသေးတယ် အဲ့က အပြန်မှာဖြစ်တာ မြတ်အထင် ချောင်းရိုက်ခံရတာထင်တယ် ရပ်ကွက်ကလူတွေက လမ်းမှာ လူတစ်ယောက်မေ့လဲနေတယ်ဆိုပြီး ကြည့်လိုက်တော့ မောင်ဖြစ်နေတယ်တဲ့လေ အိမ်လာနေတာ မြင်ဖူးနေကျဆိုပြီး မြတ်တို့ကိုပါ အကြောင်းကြားလာတာ ဆေးရုံမရောက်ခင်ကို မောင်သွေးတွေအများကြီး ထွက်ပြီး သတိလစ်နေတာ"

"အခု သူ့မိဘတွေရော သိရဲ့လား"

"မသိဘူး မမတို့လည်း ချက်ချင်းထွက်လာလိုက်တာ"

"အဲ့တာဆို မမ ကောင်လေး မိဘတွေဆီအခု အကြောင်းကြားလိုက်ရင် ပိုကောင်းမယ် အချိန်ကလည်းမစောတော့ဘူး ကျွန်တော်စောင့်လိုက်မယ်'

"အင်း အဲ့လိုလုပ်လိုက်မယ် မမ သွားပြီနော် မြတ် လာ"

မမတို့ထွက်သွားပြီးနောက် ခွဲခန်းရှေ့တွင် ကျွန်တော်သာ ကျန်ခဲ့၏။ပါးစပ်ဖျားမှ မလွတ်တမ်းရွတ်နေမိသည့် ဘုရားစာ။မတည်ငြိမ်သည့် ခြေလှမ်းတွေက အစိုးရိမ်ကြီးနေမှန်း အသိသာ။အတွေးယုတ်အတွေးညံ့တို့သည် မတွေးပါပဲ ဝင်ရောက်လာသည်မှာ အခါခါ။ကျွန်တော့်အား ကလေးတစ်ယောက်လို ချွဲတတ်သည့် ကလေး။အမြဲတမ်းစနောက်နောက်တက်သည့် ကလေး။အိမ်ကိုအကြောင်းမရှိပဲ ရောက်လာတတ်သည့် ကလေး။ကျွန်တော့်ကို ရှက်အောင်လုပ်တတ်သည့် ကလေး။စိတ်တိုအောင် လုပ်တတ်သည့် ကလေး။စိတ်ပူအောင် လုပ်တတ်သည့် ကလေး။လွမ်းတတ်အောင် လုပ်တတ်သည့်ကလေး။ ဒီလိုတွေ ခံစားရအောင် လုပ်သွားသည့် ကလေး။ ကျွန်တော် အဆုံးရှုံးမခံနိုင်ဘူး။ကျွန်တော့်အနားမှာ အဲ့သည်ကလေးရှိနေတာကို သဘောကျသည်။ထိုအချိန်တွင် မောင့်ကို ကျွန်တော့်အနားကိုသာ ခေါ်ထားချင်သည့် အဆုံးရှုံးမခံနိုင်တဲ့ စိတ်ကို လက်မခံချင်ပဲ လက်ခံရပေမည်။

နာရီပိုင်းအကြာတွင် ကျွန်တော်မျှော်လင့်စောင့်စားနေရသည့် ခွဲစိတ်ခန်းတံခါး ပွင့်ဟလာတော့သည်။စိုးရိမ်ထိပ်လန့်မှုများစွာနဲ့ အဖြေကိုစောင့်နေချိန် ခွဲစိတ်ဆရာဝန်ရဲ့ သက်ပြင်းချသံက ကျွန်တော့်ရင်အား မီးလို ပူလောင်စေတော့သည်။ထို့နောက်မကြာလိုက်  ဆက်ပြောလာသည့်စကားတွင် ကျွန်တော့်ခြေထောက်များ ပျော့ခွေသွားတော့၏။

........
Ta_yaw
Words_2570
နက်ဖြန်တစ်ပိုင်းအပ်ပေးမယ်နော်😘
(စာမစစ်ရသေး)

Zawgyi

စားပြဲေပၚက စာ႐ြက္ျဖဴသည္ ၾကမ္းျပင္ေအာက္ဆီသို႔ လုံးေၾကကာ အရွိန္ျပင္းျပင္း က်သြားေလသည္။တရားခံက ကြၽန္ေတာ္သာျဖစ္သည္။ဘယ္ႏွစ္ႀကိမ္ေျမာက္ လြင့္ပစ္မိသည္မသိ။သစ္ေတာထိန္းသိမ္းေရးဝန္ႀကီးသာကြၽန္ေတာ့္အိမ္ၾကမ္းျပင္ကို ျမင္လွ်င္ စာ႐ြက္ျဖဳန္းတီးမႈနဲ႕ တစ္ခ်က္ေလာက္ေခါင္းပူေနေအာင္ ထုခံရေလာက္သည္။အေမျမင္လွ်င္ အဆူခံရမည္မို႔ ေအာက္က်ေနသည့္ လုံးေၾကေနေသာ စာ႐ြက္ေတြကို ေကာက္သိမ္းရင္း အမွိုက္ေတာင္းထဲ ပစ္ထည့္လိုက္၏။

ျပင္သစ္ေဘာပင္ကို လက္ညိုးနဲ႕ညွပ္ကာ လွည့္ကစားေနရင္း စာ႐ြက္ေျပာင္ကို မ်က္ေမွာင္ၾကဳတ္ ၾကည့္ေနသည္က မသိရင္ေတာ့ သခၤ်ာတြက္ေနသည့္ပုံစံမ်ိဳးပင္။အဲ့လိုဆိုရင္ေတာင္ ပုစ္ဆာအတြက္ အေျဖရခ်င္ရဦးမည္။အခုတြင္ ကြၽန္ေတာ့္ေခါင္းမွာ ပူထူကာ ေညွာ္နံ႕ပင္ထြက္ေနၿပီလားဟု အမွတ္မွားမိေသးသည္။

ထိုအခ်ိန္တြင္ ရည္းစားစာေတြပတ္ေပးေနသည့္ အတန္းေဖာ္သူငယ္ခ်င္းအား အမွတ္ရမိသြား၏။ဘယ္လိုမ်ားေတြး၍ ဘယ္လိုမ်ားေရးရနိုင္ရသနည္း။ကြၽန္ေတာ့္အဖို႔ ရည္းစားစာေရးရတာသည္ ေတာ္ေတာ္ခက္သည့္ဟု ယူဆမိသည္။ဒီတိုင္း "အန္ကယ့္ကို ခ်စ္တယ္"ဟု ေရးလိုက္ရင္ေရာ။မဟုတ္ေသးဘူး။ဒါက မေလးစားရာေရာက္သည္။

ကြၽန္ေတာ္ စိတ္ပ်က္လက္ပ်က္နဲ႕ စားပြဲေပၚ ေခါင္းေမွာက္ကာ အိပ္ပစ္လိုက္၏၊ေမွာင္မဲေနသည့္ အျမင္အာ႐ုံထဲ အလင္းတန္းတစ္ခုလို ထိုးေဖာက္ဝင္ေရာက္လာသည္က တစ္စုံတစ္ဦးသာ။ေရာက္တဲ့အရပ္တိုင္း အေတြးထဲေနရာဝင္ယူေနတဲ့သူ။ကိုယ္တစ္ေယာက္ထဲမဟုတ္ဘူးဆိုတဲ့ အသိေလးက ကြၽန္ေတာ့္ရင္ထဲႏြေးကနဲျဖစ္သြားေစ၏။
ႏွလုံးသားတိုက္ပြဲမွာ စစ္မေၾကျငာေသးခင္ကတည္းက အရႈံးေပးေနမိသည့္ ကြၽန္ေတာ္ နဲ႕ႏွလုံးသားကို အနိုင္ယူသြားသည့္ အရွင္သခင္။ဟုတ္တာေပါ့ အန္ကယ္က ေမာင့္ရဲ႕ အရွင္သခင္။ေမာင္ဟာ အန္ကယ္ပိုင္တဲ့ စစ္သုံ႕ပန္းတစ္ေယာက္...

အေတြးေပါက္ကာ ဝမ္းသာအားရျဖင့္ ျပင္သစ္ေဘာပင္ကိုေကာက္ကိုင္ကာ စာ႐ြက္ျဖဴေပၚ ေနရာယူလ်က္ "သို႔ ခ်စ္ရပါေသာ"ျဖင့္ အစျပဳ၍ ပထမဆုံးေရးသည့္ ရည္းစားစာအား စိတ္ကူးျဖင့္ပုံေဖာ္ကာ ႏွလုံးသားျဖင့္ခံစားရင္း ၾကည္ၾကည္ႏူးႏူးေရးေနမိသည္မွာ အမွန္။ၿပီးဆုံးသြားေသာ ရည္းစားစာကို ေျမာက္ကိုင္ၾကည့္ရင္း အားရပါးရၿပဳံးေနမိ၏။ စာအိတ္ထဲသို႔ စာ႐ြက္အား ေသခ်ာေခါက္ထည့္ရင္း ေမြးရနံ႕ပါေအာင္ ေရေမြးကိုသုံးမည့္အစား ခူးထားသည့္ စံပယ္ပန္းတစ္ပြင့္ႏွစ္ပြင့္ကို စာအိတ္ထဲထည့္လိုက္၏။စာအိတ္ေလးကို တစ္ခ်က္အနမ္းေပးရင္း အူျမဴးစြာ အၿပဳံးတို႔က ဖုံးဖိလို႔မရ။စာအိတ္အား အန္ကယ့္ဆီမွ ငွားရမ္းလာတဲ့စာအုပ္ၾကားတြင္ ညွပ္ရင္း ေရခ်ိဳးရန္ျပင္လိုက္၏။

မွန္ေရွ႕တြင္ ၾကည့္ေကာင္းနိုင္မည့္အေနအထားျဖစ္ေအာင္ ဆံပင္ကိုသပ္ေနမိသည္မွာ အခါခါ။ဒါကိုျမင္သည့္ အေမက မေနနိုင္စြာ ေမးေတာ့သည္။

"အဲ့ဒါဘယ္သြားဦးမလို႔လဲ"

"ဗ်ာ ေမာင္ ဟိုဘက္ရပ္ကြက္ဘက္ ခဏသြားမလို႔"

"ေမာင္ မင္းဒီတေလာ လမ္းေတြတအားမ်ားေနတယ္ေနာ္ ဟိုဘက္ရပ္ကြက္ကိုလည္း ေျခခ်င္းေပါက္ေအာင္သြားတယ္ ဟိုတစ္ေန႕ကလည္း ေဒၚတင္ေမႀကီး ေျမးက အေမ့ကိုေျပာသြားေသးတယ္ ကိုႀကီးက ဂစ္တာႀကီးနဲ႕ သူမ်ားအိမ္ေရွ႕သြားတီးေနတယ္တဲ့ ဟုတ္သလား"

"ဟာ....မဟုတ္ပါဘူး ဒီကေလးကေတာ့ အဲ့ကေလးေလွ်ာက္ေျပာေနတာ ေမာင့္ဘာသာ ပ်င္းလို႔ ဟိုဘက္ရပ္ကြက္က လဖၻာရည္ဆိုင္ဆီ ခဏ သြားထိုင္မလို႔ပါ"

"ေအးပါ ၿပီးတာပဲ ေတြ႕ေနရင္လည္းေျပာ မိဘကို လွ်ိုမထားနဲ႕ အဆင္ေျပတဲ့မိန္းကေလးဆိို အေမတို႔ဘက္က စီစဥ္သင့္တာစီစဥ္ လမ္းေၾကာင္းသင့္တာ လမ္းေၾကာင္းေပးမယ္ ၾကားလား အေမေျပာတာ"

"အာ...အေမကလည္း ေမာင္ကဘာကိုေတြ႕ရမွာလဲ ေမာင့္ကို ခ်စ္ေပးမဲ့ ေဒၚရီရီျမင့္ရွိေနတာပဲကို က်န္တာဘာလိုေသးလို႔လဲ"

"အမေလး ေမာင္မင္းႀကီးသား ကြၽန္မကိုလာခြၽဲမေနနဲ႕ သြားစရာရွိတာသာသြားေတာ့ မိုးမခ်ဳပ္ေစနဲ႕ ေစာေစာျပန္လာ ၾကားလား"

"ဟုတ္ အဲ့တာဆို ေမာင္သြားၿပီေနာ္"

အုတ္တံတိုင္းကိုမွီရပ္ထားသည့္ စက္ဘီးအား အိမ္ေရွ႕ထုတ္ရင္း မနင္းခင္ လမ္း၌ေမ်ာက္ေလာင္းအား ထပ္ေတြ႕လွ်င္ တိုက္သာသြားေတာ့မယ္ဟု ေတြးမိလိုက္၏။မေျပာပါနဲ႕ဆိုတာကို ေျပာျဖစ္ေအာင္ေျပာသြားေသးသည္။ေနာက္တစ္ခါ ဘယ္မွေခၚမသြားဖို႔ဆုံးျဖတ္လိုက္သည္။မဟုတ္ပါက သည္ကေလးလက္ခ်က္ျဖင့္ အကုန္ဘူးေပၚသလိုေပၚၿပီး မိဘျဖစ္သူ ေသြးတက္ကာ မူးေမ့လဲသြားမည္ကို ျမင္ေယာင္မိေသးသည္။

အခ်စ္သီခ်င္းကို ေရာက္တက္ရာရာညီးရင္း ေမွာင္ရီစျပဳလာသည့္ ေကာင္းကင္ကို လည္းေကာင္း။လမ္းဓါတ္မီးတိုင္ေတြကို လည္းေကာင္း။ လမ္းေဘး၌ ေပါက္ေနတဲ့အပင္ေတြကို လည္းေကာင္း။ေငးေမာၾကည့္ရင္း ႐ုတ္တရက္ ေနာက္ေက်ာမလုံသည့္ ခံစားခ်က္ ရလိုက္သည္။ တစ္ခ်က္ ေနာက္လွည့္ၾကည့္မိေတာ့ ဘာမွမရွိ။ စိတ္ထင္လို႔ေနမွာပါဟု ေတြးကာ ပုံမွန္အတိုင္း စက္ဘီးနင္းရင္း ခဏအၾကာတြင္ အန္ကယ္တို႔ အိမ္ေရွ႕သို႔ ေရာက္လာခဲ့၏။ စက္ဘီးကိုျဖစ္သလိုရပ္ရင္း ၿခံတံခါးမွာ တပ္ဆင္ထားတဲ့ေခါင္းေလာင္းအား တီးလိုက္ေတာ့ ျမတ္က အိမ္ေနရင္းအဝတ္အစားနဲ႕ ဖိုသီဖတ္သီျဖင့္ထြက္လာကာ တံခါးဖြင့္ေပးလာသည္။

"လာ ေမာင္"

"အန္ကယ္ေရာ"

"ရွင့္အန္ကယ္က ေဆး႐ုံသြားေပါ့ ေစာေစာကတင္ထြက္သြားတာ ေမာင္နဲ႕ အဝင္အထြက္ပဲ လြဲသြားတယ္"

"ဟာ..."

စိတ္ပ်က္လက္ပ်က္ျဖင့္ ေနာက္ေစ့ကိုခပ္ၾကမ္းၾကမ္း ကုတ္ပစ္လိုက္၏။ ဒီေန႕ အန္ကယ္ နိုက္ဂ်ဴတီရွိတာ ကြၽန္ေတာ္ေမ့သြားတာပဲ။

"ေနဦး ေမာင္ထီးေမ့က်န္ေနခဲ့တယ္ ေလးေလးက မျပန္ခင္ ႏြယ္ႏြယ့္ဆီက ေတာင္းေပးလာတာ ေမာင္အလုပ္ရႈတ္မွာစိုးလို႔တဲ့"

"ဟုတ္သားပဲ ေမာင္ေမ့ေနတာ"

"ဒါနဲ႕ ေနာက္လဆို အာစရိယပူေဇာ္ပြဲစေတာ့မယ္ေနာ္ ျမတ္ကေတာ့ ယိမ္းအကအဖြဲ႕ထဲ ပါရမလားလို႔ စဥ္းစားေနတာ"

"အင္း ယိမ္းအကနဲ႕ ျမတ္နဲ႕လိုက္ပါတယ္ ေမာင္ကေတာ့ စာရင္းမေပးေတာ့ဘူး အားပဲေပးပါ့မယ္"

"အဲ့ပြဲမွာ ဟိုအဆိုေတာ္ေရာ လာမွာတဲ့ ဘယ္ေမဂ်ာကပါလိမ့္ အဆိုေတာ္ မယ္ရီေလ သမိုင္းေမဂ်ာ ေနာက္ဆုံးႏွစ္က"

"ဟမ္ ဘယ္သူ"

"မသိဘူးလား ဒီေလာက္ ေက်ာင္းထဲမွာနာမည္ႀကီးကို အဲ့ပြဲပါမယ္ဆိုတာလည္း အစကမသိဘူး ႏြယ္ႏြယ္နဲ႕စပ္မိစပ္ရာေျပာရင္း သိတာ အဆိုေတာ္ မယ္ရီနဲ႕ ႏြယ္ႏြယ္နဲ႕က ႏွစ္ဝမ္းကြဲညီအစ္မေတြတဲ့ သိလား"

"အိုး ဟုတ္သလား အင္းေလ ႏြယ့္ပုံစံၾကည့္ရတာလဲ အသိုင္းအဝိုင္းႀကီးထဲက လာတဲ့ပုံစံပါပဲ"

" ေမာင့္အတြက္ ေကာင္းတာေပါ့ မဟုတ္ဘူးလား"

ျမတ္ကၿပဳံးစိစိျဖင့္ ကြၽန္ေတာ့္အား ၾကည့္ရင္းေျပာသည္။ဘဝင္မက်စြာ မ်က္ေမွာင္ၾကဳတ္ရင္း နားမလည္သလို ျပန္ေမးလိုက္၏။

"ဘာကိုလဲ ျမတ္ရဲ႕"

"အမယ္ ရွင္ေနာ္ မသိခ်င္ေယာင္ေဆာင္ေနျပန္ၿပီ ႏြယ္ႏြယ့္ၾကည့္ရတာ ေမာင့္ကို သေဘာက်ေနတဲ့ပုံပဲ တစ္ခါတစ္ခါဆို သူက ေမာင့္ကို ေငးၾကည့္တတ္ေသးတယ္ ၿပီးေတာ့ "

"ကဲ ေတာ္ပါၿပီ ျမတ္ရယ္ လာရင္းကိစၥေတာင္ ေမ့ကုန္ၿပီ ေမာင္ ငွားထားတဲ့ စာအုပ္ျပန္လာေပးတာ"

"ဪ အဲ့တာဆို...အင္း ဘာနံ႕ႀကီးလဲ ေမာင္ အနံ႕တစ္ခုခုရလား တူးေစာ္လိုလို.. အင္း ဟင္ အယ္ ေသပါၿပီ ငါေတာ့ ေသၿပီ ေမာင္ေရ စာအုပ္စဥ္မွာထားခဲ့လိုက္ေတာ့ေနာ္ ထီးက ေလးေလး အခန္းထဲမွာ ကိုယ့္ဘာသာ ယူလိုက္ေတာ့ေနာ္ သိလား"

"ဟုတ္ၿပီ ဟုတ္ၿပီ"

ျမတ္က ျပာတိျပာယာ အေျပးျဖင့္လွမ္းေအာ္က ာေနာက္ေဖးဘက္သို႔ သြားေလသည္။သက္ျပင္းခပ္ဖြဖြခ်ရင္း ဧည့္ခန္းထဲဝင္လာလိုက္ေတာ့ သန့္ရွင္းေရးလုပ္ေနသည့္ အန္တီ့ကိုေတြ႕လိုက္ရ၍ ႏႈတ္ဆက္လိုက္ၿပီး မေရာက္တာၾကာသည့္ အန္ကယ့္အခန္းထဲသို႔ ဝင္လာခဲ့သည္။ကုတင္ေပၚက ေစာင္အပါးေလးသည္ ေနရာတက်ေခါက္ထားၿပီး ဖိနပ္စဥ္က ဖိနပ္မ်ားသည္ စီစီရီရီခြၽတ္ထားလ်က္ရွိသည္။စာေရးစားပြဲေပၚက ေဆးစာအုပ္မ်ားကေတာ့ စီစီရီရီေတာ့မရွိလွ။မ်က္စိရႈတ္ေနသည္မို႔ စာအုပ္မ်ားကို ေနရာတက်ထပ္ကာ ရွင္းလင္းေပးလိုက္၏။ပိုင္ရွင္မသိပဲ ပစၥည္းေတြေလွ်ာက္ထိတာသည္ မေကာင္းေသာ္ငွား ကြၽန္ေတာ့္ေစတနာေပမို႔ အန္ကယ္နားလည္ေလာက္ပါမည္။ စီရီထပ္ထားသည့္ ေဆးစာအုပ္ေပၚတြင္ လက္ထဲက ဆရာဘုန္းနိုင္ရဲ႕ စာအုပ္အားတင္ထားခဲ့လိုက္၏။ ဒါမွ အန္ကယ္သတိထားမိၿပီး ကြၽန္ေတာ္ေပးတဲ့ ရည္းစားစာအား ေတြ႕မည္ေလ။

ေထြေထြထူးထူးမရွိသည္မို႔ အန္တီတို႔အား ႏႈတ္ဆက္ရင္း အိမ္သို႔သာျပန္လာခဲ့သည္။အျပန္လမ္းသည္ လူအနည္းငယ္ျပတ္သည္ဟု ေျပာရမည္။ထပ္မံ ခံစားဘိုက္ရသည့္ ေနာက္ေက်ာမလုံမႈ။ ထိုေနာက္တြင္ သံသယစိတ္ျဖင့္ ေနာက္ေက်ာဘက္ လွည့္ၾကည့္ရာတြင္ မည္သူမွမရွိ။ေခါင္းတစ္ခ်က္ခါကာ လမ္းအခ်ိဳးအေကြ႕တြင္ ကြၽန္ေတာ့္ဦးေခါင္းထက္ ထူပူမႈႏွင့္အတူ စက္ဘီးမွာလဲက်သြားေတာ့၏။ ခ်က္ခ်င္းဆိုေတာ့ ကြၽန္ေတာ္ဘာမွသတိမထားမိ။နာသြားသည့္မွာ ကြၽန္ေတာ့္အျမင္ေတြပင္ ေဝေဝဝါးဝါး။ထပ္မံထြက္ေပၚလာသည့္ ဒုတ္ရိုက္သံနဲ႕အတူ ကြၽန္ေတာ့္ေခါင္းကနာက်င္မႈသည္ ေသမတတ္အထိျဖစ္သြား၏။

"ေဟ့ေကာင္ မင္း ႏြယ့္ကိုရတယ္ဆိုၿပီး ကိုယ့္ကိုကိုယ္ ဟုတ္လွခ်ည္မထင္နဲ႕ မင္းကို ရန္ျဖစ္တဲ့ေန႕ကတည္းက ေက်တာမဟုတ္ဘူး ေဟ့ေကာင္ ခ်ကြာ"

ကြၽန္ေတာ္မတ္တပ္ရပ္မည္ အျပဳ ေနာက္ေက်ာ၌ ေျခေထာက္ႏွင့္ အားျပင္းျပင္း အကန္ခံလိုက္ရ၏။ေဝဝါးဝါးအျမင္အာ႐ုံထဲက လူသုံးေယာက္အရိပ္အေယာင္အား ေတြ႕ရ၏။ေျပာသြားသည့္ စကားေတြအရ ျပသာနာျဖစ္ခဲ့သည့္ အဖြဲ႕မွန္းသိလိုက္၏။တစ္စက္ေလးမွ မလႈပ္နိုင္စြာ နာက်င္မႈကို အံတုရင္း မၾကာလိုက္ ေခါင္းမွယိုစိမ့္ကာ ထြက္လာသည့္အရည္ေတြက ကြၽန္ေတာ့္ နားသယ္စပ္မွစ၍ က်ဆင္းေနေတာ့သည္။ ေသြးေတြ။ကြၽန္ေတာ္ ေသြးေတြထြက္ေနၿပီ။ထိုမွစ၍ ကြၽန္ေတာ့္အေတြးမ်ားသည္ ဗလာနတၳိသို႔။

.....
လူနာ wardဘက္က ေသြးသြင္းလူနာအား ေသြးခ်ိတ္ေပးရင္း လိုအပ္တာမ်ားမွာေနသည့္ ကြၽန္ေတာ္သည္ အေၾကာင္းအရင္းမဲ့စြာ စိတ္တို႔က ေလးလံေန၏။ ဘာလို႔ပါလိမ့္။

"ဘြား တျဖည္းျဖည္းနဲ႕သက္သာလာၿပီ ေဆာင္းကလည္းဝင္ေတာ့မယ္ ႏြေးႏြေးေထြးေထြးေနေနာ္ ေနာက္ေန႕က် ဘြားသမီးကို အႏြေးထည္ေတြယူခဲ့ဖို႔ ေျပာလိုက္ ဟုတ္ၿပီလား"

"ဆရာ"

"ဗ်ာ"

ကြၽန္ေတာ့္အနားတြင္ အသိဆရာမတစ္ေယာက္က ခပ္ျပာျပာေရာက္လာသည္။

"ဆရာ့အမနဲ႕ျမတ္ေလးေရာက္ေနတယ္ လူနာေရာပါလာတယ္ အျပင္မွာေစာင့္ေနတယ္"

"ဘယ္လို မမက ဒီကို?"

"ဟုတ္တယ္ဆရာ လူနာေကာင္ေလးေရာပါလာတယ္ ဆရာ့တူမအ႐ြယ္ေလာက္ပဲ ေသြးေတြနဲ႕ ၾကည့္ရတာ အေျခေေနကာင္းမဲ့ပုံမေပၚဘူး"

ကြၽန္ေတာ္သည္ နားမလည္စြာ ေၾကာင္အေနရင္း ဆရာမစကား၌ ၾကက္ေသေသသြားေတာ့၏။လူနာ၊ေကာင္ေလး။ျမတ္နဲ႕႐ြယ္တူ။ထိုအခ်ိန္တြင္ ခ်က္ခ်င္း ကြၽန္ေတာ့္ အၾကည့္ေတြ ျပာေဝလာကာ မလႈပ္မယွက္
တုန္လႈပ္ေနေတာ့၏။

"ေမာင္"

အစိုးမရစြာ ကြၽန္ေတာ္ေျပးထြက္လာခဲ့သည္မွာ ေၾကာက္႐ြံ႕မႈ၊တုန္လႈပ္မႈေတြအျပည့္။ခြဲစိတ္ခန္း။ကြၽန္ေတာ္ ေျခရာခ်င္းထပ္ေနေအာင္ သြားခဲ့ဖူးသည့္ခြဲစိတ္ခန္းေရွ႕ ေရာက္လာခဲ့၏။မယုံၾကည္ျခင္းေတြကို အမိန့္ျပဳသြားသည့္ အရာသည္ အားကိုးတႀကီး ေျပာလာသည့္ မမစကားပင္။

"ေမာင္ငယ္ ဘယ္လိုလုပ္ၾကမလဲ ကေလးက ေသြးထြက္လြန္ေနတယ္ ႏွာ ႏွာေခါင္းကပါ ေသြးေတြထြက္ ထြက္ေနတယ္"

ဘုရားေရ။ ကြၽန္ေတာ့္ မ်က္လုံးမ်ား ျပဴးက်ယ္သြားကာ ဘုရားပင္တမိေတာ့၏။ဆရာဝန္တစ္ေယာက္အေနနဲ႕ သည္အေျခအေန ဘယ္လိုရွိသည္ဆိုတာ ခန့္မွန္းၿပီးသားပင္။ေခါင္းထိခိုက္မႈတြင္ ႏွာေခါင္း၊နား၊ပါးစပ္ စသည့္အေပါက္ရွိရာက ေသြးထြက္လွ်င္ အလြန္စိုးရိမ္ရသည့္ အေျခအေနျဖစ္သည္။

တစ္စတစ္စတိုးျမင့္လာသည့္ ေၾကာက္စိတ္နဲ႕အတူ ကြၽန္ေတာ့္အၾကည့္ေတြက ခြဲစိတ္ခန္းဆီ ေမွ်ာ္လင့္တႀကီးေရာက္ရွိလို႔ေနသည္။အျမင္ေတြေဝဝါးလာကာ မ်က္စပ္နားစိုစြတ္သြားတာက ကြၽန္ေတာ့္ဆို႔နစ္မႈေတြ ျဖစ္ေနမလား။တစ္ခုခုျဖစ္သြားလွ်င္ ဆိုသည့္အသိက
ႏွလုံးသားအား ရိုက္ႏွက္ညွင္းပန္းေနသည္။မျဖစ္ရဘူး။ေမာင္ ဘာမွမျဖစ္ရဘူး။

"ဘယ္လို ျဖစ္တာလဲ"

"ညေနက ေလးေလး ေဆး႐ုံထြက္သြားေတာ့ အဝင္အထြက္ပဲ ေမာင္ အိမ္ေရာက္လာေသးတယ္ အဲ့က အျပန္မွာျဖစ္တာ ျမတ္အထင္ ေခ်ာင္းရိုက္ခံရတာထင္တယ္ ရပ္ကြက္ကလူေတြက လမ္းမွာ လူတစ္ေယာက္ေမ့လဲေနတယ္ဆိုၿပီး ၾကည့္လိုက္ေတာ့ ေမာင္ျဖစ္ေနတယ္တဲ့ေလ အိမ္လာေနတာ ျမင္ဖူးေနက်ဆိဳၿပီး ျမတ္တို႔ကိုပါ အေၾကာင္းၾကားလာတာ ေဆး႐ုံမေရာက္ခင္ကို ေမာင္ေသြးေတြအမ်ားႀကီး ထြက္ၿပီး သတိလစ္ေနတာ"

"အခု သူ႕မိဘေတြေရာ သိရဲ႕လား"

"မသိဘူး မမတို႔လည္း ခ်က္ခ်င္းထြက္လာလိုက္တာ"

"အဲ့တာဆို မမ ေကာင္ေလး မိဘေတြဆီအခု အေၾကာင္းၾကားလိုက္ရင္ ပိုေကာင္းမယ္ အခ်ိန္ကလည္းမေစာေတာ့ဘူး ကြၽန္ေတာ္ေစာင့္လိုက္မယ္'

"အင္း အဲ့လိုလုပ္လိုက္မယ္ မမ သြားၿပီေနာ္ ျမတ္ လာ"

မမတို႔ထြက္သြားၿပီးေနာက္ ခြဲခန္းေရွ႕တြင္ ကြၽန္ေတာ္သာ က်န္ခဲ့၏။ပါးစပ္ဖ်ားမွ မလြတ္တမ္း႐ြတ္ေနမိသည့္ ဘုရားစာ။မတည္ၿငိမ္သည့္ ေျခလွမ္းေတြက အစိုးရိမ္ႀကီးေနမွန္း အသိသာ။အေတြးယုတ္အေတြးညံ့တို႔သည္ မေတြးပါပဲ ဝင္ေရာက္လာသည္မွာ အခါခါ။ကြၽန္ေတာ့္အား ကေလးတစ္ေယာက္လို ခြၽဲတတ္သည့္ ကေလး။အၿမဲတမ္းစေနာက္ေနာက္တက္သည့္ ကေလး။အိမ္ကိုအေၾကာင္းမရွိပဲ ေရာက္လာတတ္သည့္ ကေလး။ကြၽန္ေတာ့္ကို ရွက္ေအာင္လုပ္တတ္သည့္ ကေလး။စိတ္တိုေအာင္ လုပ္တတ္သည့္ ကေလး။စိတ္ပူေအာင္ လုပ္တတ္သည့္ ကေလး။လြမ္းတတ္ေအာင္ လုပ္တတ္သည့္ကေလး။ ဒီလိုေတြ ခံစားရေအာင္ လုပ္သြားသည့္ ကေလး။ ကြၽန္ေတာ္ အဆုံးရႈံးမခံနိုင္ဘူး။ကြၽန္ေတာ့္အနားမွာ အဲ့သည္ကေလးရွိေနတာကို သေဘာက်သည္။ထိုအခ်ိန္တြင္ ေမာင့္ကို ကြၽန္ေတာ့္အနားကိုသာ ေခၚထားခ်င္သည့္ အဆုံးမရွံုးခံနိုင္တဲ့ စိတ္ကို လက္မခံခ်င္ပဲ လက္ခံရေပမည္။

နာရီပိုင္းအၾကာတြင္ ကြၽန္ေတာ္ေမွ်ာ္လင့္ေစာင့္စားေနရသည့္ ခြဲစိတ္ခန္းတံခါး ပြင့္ဟလာေတာ့သည္။စိုးရိမ္ထိပ္လန့္မႈမ်ားစြာနဲ႕ အေျဖကိုေစာင့္ေနခ်ိန္ ခြဲစိတ္ဆရာဝန္ရဲ႕ သက္ျပင္းခ်သံက ကြၽန္ေတာ့္ရင္အား မီးလို ပူေလာင္ေစေတာ့သည္။ထို႔ေနာက္မၾကာလိုက္  ဆက္ေျပာလာသည့္စကားတြင္ ကြၽန္ေတာ့္ေျခေထာက္မ်ား ေပ်ာ့ေခြသြားေတာ့၏။

........
Ta_yaw
Words_2570
နက္ျဖန္တစ္ပိုင္းအပ္ေပးမယ္ေနာ္😘
(စာမစစ္ရေသး)

Continue Reading

You'll Also Like

354K 11.9K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.4M 149K 54
#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္ေပးၾကပါရန္ႏွင့္ အေၾကာင္းအရာ လြဲေခ်ာ္မႈမ်ာ...
4.8M 530K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...