Summer Of Luoyang

By HmineNyotOo

3.7K 245 3

အမတ်မင်းရှောင်းနဲ့ သိုင်းသမားလေးဝမ်ရိပေါ် အမတ္မင္းေရွာင္းနဲ႔ သိုင္းသမားေလးဝမ္ရိေပၚ Yizhan Fanfiction Started... More

အခန်း ၁ / အခန္း ၁
အခန်း ၂ / အခန္း ၂
အခန်း ၃ / အခန္း ၃
အခန်း ၄ / အခန္း ၄
အခန်း ၅ / အခန္း ၅

အခန်း ၆ / အခန္း ၆ (Final)

581 46 2
By HmineNyotOo

Unicode

ဝမ်ရိပေါ် စိတ်လှုပ်ရှားနေတယ်။ မနေ့ကသူထားခဲ့တဲ့ စာရွက်ကို အမတ်မင်းရှောင်းကတွေ့မှတွေ့ပါ့မလား။ မတွေ့တာတော့မဖြစ်နိုင်ရာ။ ကျောက်ခဲနဲ့ကိုသူသေချာဖိထားခဲ့တာပဲ။ တွေ့တယ်ဆိုရင် အမတ်မင်းရှောင်းက ဘယ်လိုတုံ့ပြန်မှာလဲ။ အံ့ဩသွားလောက်လား။ စိတ်ရှုပ်သွားမလား။ စိတ်တိုသွားမလား။ သူ့ကိုရိုက်သတ်ပစ်ချင်စိတ်တွေပါပေါက်ကုန်မလား။ ဝမ်ရိပေါ်မတွေးတတ်တော့ပါဘူး။ လက်ခံဖို့ရာကတော့ ရာခိုင်နှုန်းနည်းမှန်း သူတွက်ဆပြီးသားပင်။ သို့သော် ဘယ်လောက်ပဲရှုံးနိမ့်မယ်လို့တွက်ထားပါစေ သူဟာစိတ်မလှုပ်ရှားဘဲမနေနိုင်ဖြစ်နေရကာ ဂနာမငြိမ်တော့ချေ။ သူရောက်နေတာက လော့ယန်မြို့ထဲက ဈေးပေါပေါတည်းခိုခန်းတစ်ခု။ ဒီအခန်းကျဉ်းလေးထဲမှာပဲ သူကတွေးတွေထဲနစ်ရင်းနစ်ရင်း ခေါက်တွန့်ခေါက်ပြန် မရပ်မနားလမ်းလျှောက်နေမိတယ်။ ဝမ်ရိပေါ်ဟာ လက်နှစ်ဖက်ကိုလည်း အငြိမ်မနေနိုင်စွာပွတ်နေပြီး လက်သည်းတွေကိုပါ တစ်ခါတစ်ခါကျကိုက်နေမိသေးတယ်။ သူတကယ်ကိုရင်မအေးနိုင်ဖြစ်နေရတယ်။ ဒါပေမဲ့သူ့ကံကြမ္မာကကောင်းနေမလားဆိုတဲ့ အတွေးစလေးက သူ့ခေါင်းထဲပေါ်ပေါ်လာတယ်။ သို့သည့်တိုင်သူဟာကြောက်ရွံနေမိတယ်။ ဒီလိုကိစ္စမျိုးမှာက ကံကောင်းဖို့ရာခိုင်နှုန်းဟာ သုညအောက်တောင်ရောက်နေတာကြောင့်ပင်။ သူ့ကိုယ်သူ အရင်တုန်းကဘယ်လောက်ပင် ယုံကြည်မှုရှိနေခဲ့ပါစေ ဒီနေရာမှာတော့အဲ့တာတွေက လုံးဝကိုသုံးစားမရတော့တဲ့ အမှိုက်တွေသာသာ။ အမတ်မင်းရှောင်းက ခါးခါးသီးသီးနဲ့ငြင်းလိုက်မှာကို သူအရမ်းစိုးရိမ်မိပါတယ်။

အမတ်မင်းရှောင်းနဲ့ လက်ရည်ယှဉ်ပြီးသည့်နောက်ပိုင်း ဝမ်ရိပေါ်ဟာလော့ယန်မြို့ကနေ ချက်ချင်းထွက်ခွာခဲ့တယ်။ သူလုပ်ချင်တာကိုလုပ်ပြီးပြီမို့ လော့ယန်မှာဆက်နေဖို့ရန်အကြောင်းလည်းမရှိတော့ချေ။ သိုင်းလောကသားဖြစ်သည့်အလျောက် ခြေဦးတည့်ရာလှည့်လည်သွားလာရင်း ကမ္ဘာကြီးရဲ့အလှတရားကိုသူခံစားချင်မိသေးသည်။ သို့သော် မည်သူကထင်မိမလဲ သူဟာလော့ယန်မြို့ကနေ ထွက်ခွာလာကတည်းက အမတ်မင်းရှောင်းကို ခေါင်းထဲကနေထုတ်မရဘဲ အချိန်တိုင်းလိုလိုသတိရနေမယ်လို့။ အစကတော့ ဝမ်ရိပေါ်တွေးမိခဲ့သည်က အမတ်မင်းရှောင်းဟာ သာမန်လူတွေနဲ့မတူတာကြောင့် မှတ်မှတ်ရရရှိနေခဲ့ခြင်းလို့သာ။ ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှ သူဟာ အမတ်မင်းရှောင်းကိုသွားလေရာမှာ သတိရနေမိပြီး အမတ်မင်းရှောင်းရဲ့ပုံရိပ်ဟာ သူ့မျက်စိထဲကမထွက်ဖြစ်တော့သည်။ မေ့မေ့ပျောက်ပျောက်ဖြစ်အောင်ကြိုးစားသော်လည်း အရာမထင်ခဲ့ပေ။ သုံးနှစ်ဆိုသည့်အချိန်ကုန်ဆုံးပြီးနောက်တော့ လမ်းဘေးကစာအုပ်ဆိုင်လေးတစ်ခုကနေ စိတ်ဝင်စားစရာကောင်းသော ရှုပ်ထွေးပွေလီလှသည့် အချစ်ဝတ္ထုတစ်ခုကို အပျင်းပြေအနေနဲ့ဖတ်ရှုမိရာကစလို့ ဝမ်ရိပေါ်ဟာသူ့စိတ်သူနားလည်စပြုလာတယ်။ ရှောင်းကျန့်ကို သူချစ်မိသွားတာပဲ။ သဘာဝနဲ့ဆန့်ကျင်သလိုပေမဲ့ ဝမ်ရိပေါ်ဟာသူမှန်တယ်ထင်လျှင် တစ်လောကလုံးနှင့်ပင် ဆန့်ကျင်ရဲသူဖြစ်တာကြောင့် သူဟာစိတ်မပူခဲ့ပါ။

သူ၏ခံစားချက်ကိုဖွင့်ဟပြောဆိုဖို့ရန် စဉ်းစားမိပေမဲ့ ထိပ်တိုက်ကြီးပြောဖို့ရာကျ သူနည်းနည်းတော့ကြောက်မိသား။ ဒါနဲ့ပဲစာနဲ့သာဖော်ပြရန်ဆုံးဖြတ်လိုက်သည်။ ဝမ်ရိပေါ်ဆိုသည်မှာလည်း မြို့တော်တွေရဲ့ စာတတ်ပေတတ်တွေလို စာလုံးတွေကို စီကာပတ်ကုံးမရေးဖွဲ့တတ်တော့ အဆင်ပြေလောက်မယ့်စာသားလေးတွေကိုသာ အချိန်အကြာကြီးစဉ်းစား၍ ရေးဖွဲ့လိုက်သည်။ သိုင်းလောကသားမို့ လက်ရေးလက်သားကလည်းသိပ်မကောင်းတာကြောင့် စာရွက်ပေါင်းများစွာပေါ်မှာ အကြိမ်ကြိမ်အဖန်ဖန်ရေးပြီးမှသာ ကျေနပ်စရာကောင်းလှသည့်ရလဒ်ကိုရရှိတော့သည်။ စာရွက်လေးရဲ့အောက်ဆုံးကဘယ်ဘက်ထောင့်မှာတော့ သူ့နာမည်ကိုရေးထိုးလိုက်တယ်။

သူများအိမ်ထဲခိုးဝင်တာကမကောင်းမှန်းတော့ သူသိပါရဲ့။ အခြေအနေနဲ့အချိန်အခါအရဆိုတော့ သူလည်းမတတ်သာဘူးလေ။ တိတ်ဆိတ်နေတဲ့အိမ်တော်ဝန်းထဲအရောက်မှာ မြက်ပင်ချုံပင်တွေကြားမှာခဲလုံးတစ်လုံးတွေ့တာနဲ့ ဝမ်ရိပေါ်ကောက်ယူလာခဲ့လိုက်တယ်။ အမတ်မင်းရှောင်းရဲ့အိမ်အတွင်းကိုသူမရောက်ဖူးတာမို့ စိမ်းသက်သက်ဖြစ်နေပြီး အိပ်ခန်းကိုပင်ဘယ်အခန်းမှန်းမသိ။ အိပ်ခန်းလို့ယူဆရသည့်အပေါ်ထပ်ကအခန်းရှေ့မှာပဲ ဝမ်ရိပေါ်ကစာရွက်လေးကိုခဲလုံးနဲ့ဖိထားခဲ့တယ်။ ဒီလောက်ဆိုရင်တော့မြင်သာထင်သာရှိလောက်ပါတယ်။

ဝမ်ရိပေါ်တည်းခိုခန်းကိုပြန်သွားလိုက်တယ်။ သူ့တစ်ကိုယ်လုံးနဲ့ချွေးစေးတွေပြန်နေတယ်။ တစ်ကိုယ်လုံးနဲ့တဆတ်ဆတ်နဲ့တုန်နေတာ မနည်းထိန်းနေရတယ်။ ရည်းစားစာလေးတစ်စောင်သွားပေးတာနဲ့ စိတ်လှုပ်ရှားလွန်ပြီးသေတော့မလိုဖြစ်နေတဲ့ သူ့ကိုယ်သူလည်းနားမလည်။ ခပ်တည်တည်နေတတ်တဲ့ ဝမ်ရိပေါ်ဟာအခုတော့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရသည်။ မနက်ဖြန်ကိုတော့ အမတ်မင်းရှောင်းရုံးတော်သွားတဲ့အချိန်ကို အိမ်ထဲဝင်ပြီးစာချန်ခဲ့သလားလို့ သူသွားကြည့်ရဦးမည်။ မျှော်လင့်ချက်တွေသိပ်မထားနဲ့လို့ သူ့ကိုယ်သူစိတ်ထဲမှာပြောနေသော်ငြား သူ့ရဲ့မသိစိတ်ကအမတ်မင်းရှောင်းလက်ခံလာဖို့ကိုသာ မျှော်လင့်နေမိသည်။ သူလည်းရူးနေပြီထင်ပါရဲ့။ ကုတင်ပေါ်မှာ ဟိုလှိမ့်ဒီလှိမ့်နဲ့လုပ်လိုက် ခေါင်းကိုတဗျင်းဗျင်းကုတ်လိုက် သူအတွေးနဲ့သူခေါင်းခါလိုက် ခေါင်းငြိမ့်လိုက်နဲ့ ဝမ်ရိပေါ်တစ်ယောက်အရူးလိုပင်ဖြစ်နေတော့သည်။

နေ့လည်ရောက်တာတောင်မှ ဝမ်ရိပေါ်တစ်ယောက် အစားပင်မစားနိုင်သေးပေ။ သူဆိုသည်မှာ မည့်သည့်ကိစ္စကိုမှ အရေးကြီးသည်ဟုမထင်မှတ်သည့်လူဆိုပေမဲ့လို့ ယခုအခါကျမှစိတ်ကအငြိမ်မနေနိုင်ဖြစ်နေရတော့သည်။ အကြောင်းအရင်းသည်ကား အမတ်မင်းရှောင်းကြောင့်ပင်။ သူထားခဲ့သည့်စာအားမည်သို့တုံ့ပြန်မည့်အကြောင်းကို တွေးရင်းတွေးရင်းအတွေးတွေလွန်ပြီး အဆိုးဖြစ်လာနိုင်ခြေတွေကိုပါ သူ၏စိတ်ကူးထဲ၌တွက်ချက်နေမိသည်။ စိတ်ကလည်းခန္ဓာနဲ့မကပ်တော့သလိုဖြစ်နေ၍ နေ့လည်စာစားချိန်ကိုပင်ကျော်လွန်နေသည်ကိုပင် သတိမထားမိတော့ဘဲ ဗိုက်ဆာလို့ဆာရကောင်းမှန်းလည်း သူအမှတ်မရတော့ချေ။ ခန္ဓာဆိုသည်မှာ စိတ်နောက်လိုက်ရသည်မို့ အတွေးလွန်နေသည့်ဝမ်ရိပေါ်ဟာ ဗိုက်ဆာဖို့ကိုပင်မေ့လျော့နေလေသည်။ အတွေးတွေဟာအဆုံးမသတ်သေးပေမဲ့ စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်လိုက်တဲ့ခဏလေးမှာပဲ ဗိုက်ကတဂွီဂွီဆန္ဒပြလာတာကြောင့် ပြတင်းကနေတစ်ဆင့်နေလုံးကြီးကို တစ်ချက်ကြည့်မိလေသော် မိုးကောင်းကင်အလယ်တည့်တည့်မှာမဟုတ်တော့ဘဲ အနောက်အရပ်သို့ပင်ရောက်ရှိနေလေတော့သည်။ ထိုအခါမှသူ့ကိုယ်သူနေ့လည်စာမစားရသေးမှန်းသတိရကာ အဆင်ပြေမယ့်အရာတစ်ခုခုဝယ်စားဖို့ တည်းခိုခန်းကနေထွက်လာသည်။

ဝမ်ရိပေါ်သည် ဗိုက်အရမ်းဆာနေပြီမို့ တည်းခိုခန်းနားနီးသည့် လမ်းဘေးဆိုင်လေးတစ်ခုမှာပဲ နေ့လည်စာစားရန်ပြင်လိုက်တော့သည်။ ကြက်သားခေါက်ဆွဲတစ်ပွဲကိုအားရပါးရစားလိုက်ရတော့ သူ့ရင်ထဲကအပူလုံးကြီးက နည်းနည်းတော့ကျသွားဟန်ရ၏။ သို့သော်လုံးဝဥသုံပျောက်ကွယ်သွားခြင်းတော့မဟုတ်လေရာ။ ဝမ်ရိပေါ်ဟာ ဗိုက်ဝအောင်စားသောက်ပြီးနောက် မြို့ထဲလမ်းလျှောက်ထွက်နေသည်။ ဝမ်ရိပေါ်သည် လူများတဲ့နေရာတွေကို သဘောမကျပေမဲ့ ဒီကနေ့မှလျှောက်ကြည့်ချင်စိတ်ပေါက်နေတာကြောင့် ဈေးထဲကိုလျှောက်သွားနေလိုက်သည်။ သူရိုးသားစွာဝန်ခံရရင် စိတ်ထဲမချိသာမခံသာကြီးဖြစ်နေတာရယ်။ လမ်းလေးပတ်လျှောက်လိုက်ရင် နည်းနည်းများနေသာမလားလို့ သူတွေးမိတယ်။ တုတ်ထိုးသစ်သီးချိုချဉ်သည်ကိုမြင်မိတာနဲ့ နှစ်ချောင်းဝယ်ယူပြီးလက်တစ်ဖက်စီမှာကိုင်ထားသည်။ ညာဘက်လက်ထဲက တုတ်ထိုးသစ်သီးချိုချဉ်လေးကတော့ တစ်လုံးပြီးတစ်လုံးဝမ်ရိပေါ်ပါးစပ်ထဲရောက်ကုန်သည်။ ချိုချိုချဉ်ချဉ်အရသာလေးက သူ၏လျှာဖျားပေါ်မှာ ပျော်ဝင်သွားတော့ အရမ်းအရသာရှိနေ၏။ ဈေးထဲနေထွက်လို့ တောအုပ်ဘက်သို့ သူ၏ခြေလှမ်းများကဦးတည်လေသည်။ ထိုနေရာသည်ကား အရင်တစ်ခေါက်က သူလော့ယန်မြို့ကိုလာစဉ်လာခိုက်တွင် ခိုနားခဲ့သည့်နေရာဖြစ်ပြီး အမတ်မင်းရှောင်းနဲ့လက်ရည်ချင်းယှဉ်ခဲ့သည့် နေရာလည်းဖြစ်နေပြန်၏။ အုံဆိုင်းနေတဲ့တောအုပ်ကြီးက အေးချမ်းနေပါ၏။ ကျေးငှက်တွေရဲ့မြည်တွန်သံတွေဟာ တေးသံတွေအလား။ တိုက်ခတ်တဲ့လေပြည်လေညှင်းတွေဟာ ဝမ်ရိပေါ်ရင်ထဲအပူတွေကိုလျော့ကျစေတယ်။ လေကောင်းလေသန့်တွေကို အဆုတ်ထဲသို့အပြည့်အဝရှုသွင်းပြီး တစ်ဖန်ပြန်ထုတ်ချလိုက်သည်။ သူနေလို့ထိုင်လို့တော့ကောင်းသွားတယ်။ စိတ်ပြေလက်ပျောက်အနေနဲ့ ဒီဘက်ကိုလာလိုက်တာ သူမှန်သွားတာပေါ့။

ညနေစောင်းချိန်ရောက်တော့ ဝမ်ရိပေါ်တည်းခိုခန်းဆီပြန်သွားခဲ့သည်။ လမ်းခုလတ်မှာတင်ပဲ ညနေစာတစ်ခါတည်းစားရန်အကြံပေါ်လာ၍ သာမန်စားသောက်ဆိုင်လေးတစ်ခုမှာ ဟင်းကောင်းလေးတွေအချို့မှာယူပြီး စားသောက်လိုက်သည်။ သူ၏ခံစားချက်တွေကိုလက်မခံလာမယ့် အမတ်မင်းရှောင်းဆီမှ ရိုက်ခတ်မှုတွေကိုတောင့်ခံထားနိုင်ဖို့ အားအင်ရှိနေရန်လိုအပ်သည်လေ။ ကံကောင်းခြင်းတွေဖြစ်လာစေဖို့ ကောင်းတဲ့အရာတွေကိုများများပြောပြီး ကောင်းတဲ့အရာတွေကိုများများတွေးပေးရတယ်လို့ သူများတွေပြောကြတာကို ဝမ်ရိပေါ်ကြားဖူးနားဝရှိပေမဲ့ ရင်ထဲမှာတောမီးလောင်နေသလိုကြီးဖြစ်နေမှတော့ ဘယ်သူကစိတ်အေးအေးထားပြီး ကောင်းရာကောင်းကြောင်းထိုင်တွေးနေနိုင်မတုန်း။ လူတွေဆိုသည်မှာလည်း ဦးနှောက်ရှိသလောက် ပိန်းကြသေးသည်ကိုး။

ညရောက်ချိန်မှာလည်း ဝမ်ရိပေါ်တစ်ယောက်အိပ်လို့မရ။ အိပ်ရာပေါ်ဟိုလူးဒီလှိန့်နဲ့ မျက်ဝန်းတွေဟာမည်သို့နည်းနှင့်မှ မှေးမှိတ်အောင်ပြုလုပ်၍မရ။ မျက်စိမှိတ်ခိုက်တိုင်းမှာ နားထဲဝင်ဝင်လာတဲ့ပုစဉ်းရင်ကွဲသံတွေဟာ ပုံမှန်ထက်ပိုပိုကျယ်လာသယောင်။ နဂိုကတည်းကမှအိပ်မရဖြစ်နေတော့ ပတ်ဝန်းကျင်ကအရာတွေကိုအာရုံစိုက်သလိုဖြစ်၍ ပိုလို့ပင်အိပ်လို့မပျော်ဖြစ်နေတော့သည်။ မနက်ဖြန်အတွက်လည်း ဝမ်ရိပေါ်စိတ်ပူပန်နေမိသည်။ ဘယ်လောက်ပဲသူ့စိတ်ကိုသူပြင်ဆင်ထားပါစေ အငြင်းခံရလေလျှင် သူဘယ်လိုမှဖြေသိပ်နိုင်မည်မဟုတ်ကြောင်း သူကိုယ်သူနားလည်သည်။ ညကနက်လာလေပြန်တော့လည်း ဝမ်ရိပေါ်ရဲ့မျက်ဝန်းတို့ကမှေးစင်းပိတ်ဆို့သွားတော့သည်။

မနက်အစောကြီးကတည်းက ဝမ်ရိပေါ်နိုးနေသည်။ စိတ်လှုပ်ရှားမှုတွေ စိတ်ပူပန်မှုတွေက သူ့ကိုကောင်းကောင်းအိပ်မရအောင်ပြုလုပ်နေဟန်ရ၏။ ဝမ်ရိပေါ်၏ မျက်ကွင်းတို့က အိပ်ကောင်းခြင်းမအိပ်ရတာမို့ အနည်းငယ်ညိုနေပေမဲ့ သိပ်တော့မသိသာ။ စိတ်လေးကြည်လင်ပြီး သူ့ကိုယ်သူယုံကြည်မှုလေးလည်းတိုးအောင်လို့ တည်းခိုခန်းအောက်ထပ်သို့ဆင်းကာ စားပွဲထိုးတစ်ယောက်ကို ရေအေးအေးလေးပြင်ဆင်ပေးရန်ပြောပြီး အသပြာကိုပါတစ်ခါတည်းပေး၍ တည်းခိုခန်းထဲပြန်ဝင်နေလိုက်သည်။ ခဏလောက်အကြာမှာတော့ စားပွဲထိုးကောင်လေးတွေက ရေပုံးကိုယ်စီနဲ့ရေအေးတွေကို မထူမပါးအစကိုသစ်သားဘောင်ခတ်ထားသည့်နံရံနောက်မှ ရေစည်ထဲသို့ထည့်ပေးလာသည်။ ထိုကောင်လေးတွေရေဖြည့်အပြီးမှာတော့ ဝမ်ရိပေါ်က မနှောင့်မနှေးစေရဘဲ ရေစိမ်ချိုးနေလိုက်တော့သည်။ နွေရာသီမှာရေအေးအေးခေးက မရှိမဖြစ်ခိုအပ်သည့်အရာမို့ ဝမ်ရိပေါ်မှာ မျက်ဝန်တွေမှေးမှိတ်ထားကာ ရေချိုးစည်ဘောင်ပေါ်သို့ ခေါင်းတင်၍ ဇိမ်ခံနေသည်။ ဒီကနေ့တစ်ရက်အတွက်တော့ သူကံကောင်းချင်ပါ၏။

အဖြူရောင်ဝတ်ရုံတို့ကို သေသပ်စွာဝတ်ဆင်ပြီး ဆံနွယ်တွေကိုလည်း အပေါ်ပိုင်းတဝက်သာစည်းနှောင်၍ ကျန်တဝက်ကိုတော့ ကျောပြင်ပေါ်မှာဖားလားချထားသည်။ စည်းနှောင်ထားသည့် ကြိုးစလေးဟာလည်းအဖြူရောင်လေးပါပဲ။ သူ့ကိုယ်သူအဆင်ပြေလောက်ပြီ ထင်မိသောအခါမှ အမတ်မင်းရှောင်း၏ အိမ်တော်ဆီသို့ဦးတည်သည်။ သူမနက်စာစားချင်စိတ်မရှိပေ။ သူ့ရင်ထဲကပူပန်မှုတွေက သူ့ကိုစိတ်လွတ်နေတဲ့လူလိုဖြစ်စေတာထင်၏။ ဒီနေ့မှာမှ သူ့ရဲ့ခြေလှမ်းတွေကတုံ့နှေးနေတယ်၊ တွန့်ဆုတ်နေဟန်ရတယ်။ အမတ်မင်းရှောင်းရဲ့အိမ်တော်ဆီ သူသွားလည်းသွားချင်သလို သွားလည်းမသွားရဲဖြစ်နေရသည်။ သွားချင်ရသည်က အမတ်မင်းရှောင်းရဲ့အဖြေကိုသိချင်၍၊ မသွားရဲရသည်က အဖြေဟာသူမျှော်မှန်းထားတာမဖြစ်မှာကို ကြောက်ရွံနေမိလို့ပဲ။ ယောက်ျားတစ်ယောက်ဖြစ်ပါရက်နဲ့ ဒီလို တွန့်ဆုတ်တွန့်ဆုတ်လုပ်နေလျှင်မကောင်းတာကြောင့် ဝမ်ရိပေါ်ဟာစိတ်ဒုန်းဒုန်းချလို့ ခြေလှမ်းတွေကိုအရှိန်တင်လိုက်တယ်။ သူရဲ့မျက်နှာမှာ စိုးရိမ်ပူပန်မှုတွေအစား ဆုံးဖြတ်ချက်ကိုဘယ်လိုမှပြန်မပြင်တော့မည့် တည်တင်းတဲ့မျက်နှာထားကနေရာယူလာတယ်။

အမတ်မင်းရှောင်းရဲ့အိမ်တော်လမ်းကြားလေးထဲမှာက ဒီလိုမနက်ခင်းမှာတောင် သွားလာသူကသိပ်မရှိဘူး။ တံခါးပေါက်အထက်မှာချိတ်ဆွဲထားတဲ့ မှိန်ပျပျကမ္ပည်းထိုးသစ်သားပြားကိုသာ ဘာရယ်မဟုတ် ဝမ်ရိပေါ်ငေးကြည့်နေမိတယ်။ သူတွေဝေသလိုဖြစ်နေတယ်။ တကယ်တမ်းကတော့ သူအိမ်ထဲကိုဝင်ဖို့အားယူနေတာပါ။ သူလိုချင်တဲ့အဖြေမျိုးကိုမရရှိခဲ့ပါက သူ့ကိုယ်သူမပြိုလဲအောင် အခုကတည်းကကြိုတင်ထိန်းချုပ်နေခြင်းသာ။ နောက်ဆုံးမှာတော့ ဝမ်ရိပေါ်ရဲ့အကြည့်တွေက ကမ္ပည်းထိုးသစ်သားပြားဆီကနေဖယ်ခွာသွားတယ်။ သက်ပြင်းတစ်ချက်ကိုအကြာကြီးဆွဲချလို့ ဘေးဘီဝဲယာကိုသေချာကြည့်လိုက်တယ်။ အိမ်တွေကိုလည်းလိုက်လံကြည့်ရှုတယ်။ ပြတင်းပေါက်နေမှာလူတွေရှိနေသလား ခြံဝန်းထဲမှာအလုပ်ဆင်းလုပ်နေတဲ့ လူတွေရှိနေသလား။ လမ်းထဲကိုဖြတ်လာနေတဲ့လူတွေရှိနေသလား ဆိုတာတွေကို လုံးစေ့ပတ်စေ့ကြည့်ရှုရတယ်။ လူအရိပ်အခြေကင်းခါမှ ဝမ်ရိပေါ်ဟာ တံခါးပေါက်ကနေရှောင်ခွာပြီး ဝါးလုံးခြံစည်းရိုးပေါ်ကနေလွှားခနဲကျော်ချသွားတယ်။

အိမ်ရဲ့တံခါးကိုဆွဲဖွင့်ခါနီးမှ ဝမ်ရိပေါ်ရဲ့လက်တွေကလေထဲမှာ တင်္ဒဂရပ်တန့်သွားတယ်။ ဆန့်တန်းထားတဲ့လက်နှစ်ဖက်ဟာ အကြောသေနေသလို မလှုပ်မယှက်။ ဝမ်ရိပေါ် အားတင်းပြီးတော့တံခါးကိုဆွဲဖွင့်လိုက်တယ်။ ခြောက်ကပ်တိတ်ဆိတ်နေတဲ့အိမ်က သူအရင်တစ်ခေါက်လာတုန်းကလိုပဲ။ သန့်ရှင်းသပ်ရပ်နေပြီး ပရိဘောဂများများစားစားမရှိ။ အပေါ်ထပ်ကိုတက်တဲ့ခြေလှမ်းတွေက တုံ့နှေးတယ်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်းမှာ သူ့ပုခုံးနှစ်ဖက်လုံးကို မမြင်ရတဲ့အားတစ်ခုခုကဖိထားသလိုခံစားရတယ်။ အပေါ်ကိုရောက်လေလေ အဖိခံထားရတဲ့အားတွေတိုးတိုးလေလေပဲလို့ သူခံစားနေမိတယ်။ သို့သော် ဒါတွေဟာသူ့စိတ်ရဲ့လှည့်စားမှုတစ်မျိုးအပြင်မပိုပါဘူး။ အိပ်ခန်းတံခါးအရှေ့မှာက သူ့အလာကိုစောင့်ကြိုနေတဲ့ ကျော်ခဲလေးဖြင့်ဖိထားသည့် စာတစ်စောင်။ ဘာရေးထားမှန်းမသိပေမဲ့ သူပျော်မိသွားတာတော့အမှန်။ ထိုစာရွက်ကလေးကို အစောတလျင်ကောက်ယူဖတ်ကြည့်မိတယ်။

'နှစ်တွေလတွေအလီလီကို တစ်ယောက်တည်းကုန်ဆုံးရတာ ပျင်းစရာကောင်းလွန်းတယ်။ ကိုယ်နဲ့အတူဖြတ်သန်းပေးမယ့် လူတစ်ယောက်တော့ အနားမှာရှိစေချင်ရဲ့
.
.
.
ရှောင်းကျန့်'

ရေးထားသည့် စာသားတို့ဟာ သူရေးထားသောစာသားတို့ကဲ့သို့ ရိုရှင်းနေပါ၏။

•••

ရှောင်းကျန့် ညသန်းခေါင်ရောက်ချိန်မှ အိမ်ကိုပြန်လာဖြစ်တယ်။ မနေ့ကတည်းကအလုပ်တွေတော်တော်များများကို အပြီးသတ်ခဲ့သော်ငြား ရုံးတော်ဆိုသည်မှာလည်း လုပ်စရာအလုပ်က လက်နဲ့ဘယ်တော့မှမပြတ်သောနေရာပေမို့ ဒီနေ့လည်းသူဟာအလုပ်တွေကိုပိုလုပ်နေခဲ့ပါတယ်။ ရှောင်းကျန့်ဟာ ညဆိုရင်စောစောစီးစီးအိပ်ဖြစ်သူမဟုတ်သော်ငြား အလုပ်တွေလုပ်ရသည်မှာလည်း ပင်ပန်းလှတာကြောင့် အိမ်ပြန်သည့်လမ်းတစ်လျှောက်လုံး ဝါးတသမ်းသမ်းဖြစ်နေရသည်။

ပိုင်ရှင်အိမ်ပြန်လာမည်ကိုစောင့်ဆိုင်းနေသည့် အိမ်တော်ဟာလည်းထုံးစံအတိုင်းခြောက်ကပ်နေသော်ငြား အိမ်တော်အတွင်းမှ မီးရောင်ကြောင့် ရှောင်းကျန့်မျက်ခုံးတို့ကတွန့်ကျိုးသွားသည်။ ဘယ်လိုလူကများသူ့အိမ်ထဲရောက်နေပြီး ဖယောင်းတိုင်ပါထိန်းထားသေးတာလဲ။ ရှောင်းကျန့်ဟာစိတ်ရှုပ်ရှုပ်နဲ့ဖြစ်နေပေမဲ့ မျက်နှာပေါ်မှာမပေါ်လွင်စေဘဲ တံခါးပေါက်ကိုတွန်းဖွင့်လိုက်သည်။ သူ၏အိမ်တံခါးဝမှာ တံခါးဘောင်ကိုကျောမှီရင်း သူ့ဆီကိုစေ့စေ့ကြည့်နေသူဟာ ထိုကောင်လေး ဝမ်ရိပေါ်။

ရှောင်းကျန့်ရဲ့မျက်နှာထက်မှာ အပြုံးတစ်ပွင့်ကနေရာယူလာတယ်။ ဖြူစင်အေးမြလွန်းပြီး သူဘယ်သူ့ကိုမှပြုံးမပြဖူးတဲ့အပြုံးမျိုးကို သူပန်ဆင်ထားတယ်။

"ဝမ်သခင်လေး ရောက်လာပြီပဲ"

"စာရွက်ပေါ်က... ရေးထားတာတွေက.... တ.. တကယ်ပဲလား"

စကားပြောရာမှာ အထစ်ထစ်အအအနဲ့ဖြစ်နေသော ထိုကောင်လေးဝမ်ရိပေါ်ဟာ အမတ်မင်းရှောင်းရဲ့မျက်လုံးထဲမှာ တစ်မျိုးတစ်ဖုံချစ်ဖို့ကောင်းနေပါသည်။ ရှောင်းကျန့်ကအပြုံးမပျက်ဘဲ ပြန်လည်ဖြေကြားလာတယ်။

"ဟုတ်တယ် တကယ်ပဲ"

နွေရာသီလေပြည်လေးဟာ အကွာအဝေးတစ်ခုမှာမတ်တပ်ရပ်ရင်း အကြည့်ရင်းဆုံကာ တစ်ယောက်ကိုတစ်ယောက်ပြုံးပြနေတဲ့ လူနှစ်ဦးရဲ့ဝတ်ရုံစတွေကို ပျံလွင့်စေတယ်။ ထိုသူနှစ်ဦးရဲ့ ရင်ခုန်သံတွေဟာ ထပ်တူကျနေတယ်။ ထိုသူနှစ်ဦးဟာ လက်ရည်ယှဉ်ရာမှ အချစ်တစ်ခုကိုအစပျိုးခဲ့သလို နောင်အခါတွေမှာလည်း အချင်းချင်းလက်ရည်ယှဉ်ကြရင်း အချစ်တွေကိုမလျော့သွားအောင် စွမ်းဆောင်နေကြမှာပါ။ မလျော့သောအချစ်တွေရဲ့အတိုင်းအတာဟာ မည်မျှအထိရောက်နိုင်သည်ကိုလည်း သူတို့နှစ်ဦးစမ်းသပ်ကြည့်ချင်ပါ၏။ သာမန်မဟုတ်တဲ့အချစ်တစ်ခုရဲ့ စတင်ရာဟာ လော့ယန်ရဲ့နွေရာသီ ဖြစ်ပါတော့သည်။ နွေရာသီဟာအဆုံးမဲ့သလို ထိုသူနှစ်ဦးရဲ့အချစ်တွေဟာလည်း အတိုင်းမဲ့။ ပြောင်းလဲသွားတဲ့အရာရာနောက်သို့ လိုက်ပါသွားမည်မဟုတ်တဲ့ မပြောင်းလဲသောသူတို့နှစ်ဦးရဲ့အချစ်တွေဟာ ရွေ့လျားသွားတဲ့အချိန်တိုင်းမှာ ဟောင်းနွမ်းသွားတဲ့သစ်ရွက်တွေလို ကြွေလွင့်သွားမည်မဟုတ်ဘဲ နွေဦးမှာအသစ်ထွက်တဲ့ရွက်သစ်တွေလို အချိန်တိုင်းမှာသစ်လွင်နေဆဲ။

မပြောင်းလဲသောအချစ်တွေနဲ့အတူ လော့ယန်ရဲ့နွေရာသီဟာ သာယာနေပါတယ်...





Zawgyi


ဝမ္ရိေပၚ စိတ္လႈပ္ရွားေနတယ္။ မေန႔ကသူထားခဲ့တဲ့ စာ႐ြက္ကို အမတ္မင္းေရွာင္းကေတြ႕မွေတြ႕ပါ့မလား။ မေတြ႕တာေတာ့မျဖစ္နိုင္ရာ။ ေက်ာက္ခဲနဲ႔ကိုသူေသခ်ာဖိထားခဲ့တာပဲ။ ေတြ႕တယ္ဆိုရင္ အမတ္မင္းေရွာင္းက ဘယ္လိုတံု႔ျပန္မွာလဲ။ အံ့ဩသြားေလာက္လား။ စိတ္ရႈပ္သြားမလား။ စိတ္တိုသြားမလား။ သူ႔ကိုရုိက္သတ္ပစ္ခ်င္စိတ္ေတြပါေပါက္ကုန္မလား။ ဝမ္ရိေပၚမေတြးတတ္ေတာ့ပါဘူး။ လက္ခံဖို႔ရာကေတာ့ ရာခိုင္နႈန္းနည္းမွန္း သူတြက္ဆၿပီးသားပင္။ သို႔ေသာ္ ဘယ္ေလာက္ပဲရႈံးနိမ့္မယ္လို႔တြက္ထားပါေစ သူဟာစိတ္မလႈပ္ရွားဘဲမေနနိုင္ျဖစ္ေနရကာ ဂနာမၿငိမ္ေတာ့ေခ်။ သူေရာက္ေနတာက ေလာ့ယန္ၿမိဳ႕ထဲက ေဈးေပါေပါတည္းခိုခန္းတစ္ခု။ ဒီအခန္းက်ဥ္းေလးထဲမွာပဲ သူကေတြးေတြထဲနစ္ရင္းနစ္ရင္း ေခါက္တြန္႔ေခါက္ျပန္ မရပ္မနားလမ္းေလ်ွာက္ေနမိတယ္။ ဝမ္ရိေပၚဟာ လက္နွစ္ဖက္ကိုလည္း အၿငိမ္မေနနိုင္စြာပြတ္ေနၿပီး လက္သည္းေတြကိုပါ တစ္ခါတစ္ခါက်ကိုက္ေနမိေသးတယ္။ သူတကယ္ကိုရင္မေအးနိုင္ျဖစ္ေနရတယ္။ ဒါေပမဲ့သူ႔ကံၾကမၼာကေကာင္းေနမလားဆိုတဲ့ အေတြးစေလးက သူ႔ေခါင္းထဲေပၚေပၚလာတယ္။ သို႔သည့္တိုင္သူဟာေၾကာက္႐ြံေနမိတယ္။ ဒီလိုကိစၥမ်ိဳးမွာက ကံေကာင္းဖို႔ရာခိုင္နႈန္းဟာ သုညေအာက္ေတာင္ေရာက္ေနတာေၾကာင့္ပင္။ သူ႔ကိုယ္သူ အရင္တုန္းကဘယ္ေလာက္ပင္ ယံုၾကည္မႈရွိေနခဲ့ပါေစ ဒီေနရာမွာေတာ့အဲ့တာေတြက လံုးဝကိုသံုးစားမရေတာ့တဲ့ အမႈိက္ေတြသာသာ။ အမတ္မင္းေရွာင္းက ခါးခါးသီးသီးနဲ႔ျငင္းလိုက္မွာကို သူအရမ္းစိုးရိမ္မိပါတယ္။

အမတ္မင္းေရွာင္းနဲ႔ လက္ရည္ယွဥ္ၿပီးသည့္ေနာက္ပိုင္း ဝမ္ရိေပၚဟာေလာ့ယန္ၿမိဳ႕ကေန ခ်က္ခ်င္းထြက္ခြာခဲ့တယ္။ သူလုပ္ခ်င္တာကိုလုပ္ၿပီးၿပီမို႔ ေလာ့ယန္မွာဆက္ေနဖို႔ရန္အေၾကာင္းလည္းမရွိေတာ့ေခ်။ သိုင္းေလာကသားျဖစ္သည့္အေလ်ာက္ ေျခဦးတည့္ရာလွည့္လည္သြားလာရင္း ကမာၻႀကီးရဲ႕အလွတရားကိုသူခံစားခ်င္မိေသးသည္။ သို႔ေသာ္ မည္သူကထင္မိမလဲ သူဟာေလာ့ယန္ၿမိဳ႕ကေန ထြက္ခြာလာကတည္းက အမတ္မင္းေရွာင္းကို ေခါင္းထဲကေနထုတ္မရဘဲ အခ်ိန္တိုင္းလိုလိုသတိရေနမယ္လို႔။ အစကေတာ့ ဝမ္ရိေပၚေတြးမိခဲ့သည္က အမတ္မင္းေရွာင္းဟာ သာမန္လူေတြနဲ႔မတူတာေၾကာင့္ မွတ္မွတ္ရရရွိေနခဲ့ျခင္းလို႔သာ။ ဒါေပမဲ့အခ်ိန္ၾကာလာတာနဲ႔အမ်ွ သူဟာ အမတ္မင္းေရွာင္းကိုသြားေလရာမွာ သတိရေနမိၿပီး အမတ္မင္းေရွာင္းရဲ႕ပံုရိပ္ဟာ သူ႔မ်က္စိထဲကမထြက္ျဖစ္ေတာ့သည္။ ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္ေအာင္ႀကိဳးစားေသာ္လည္း အရာမထင္ခဲ့ေပ။ သံုးနွစ္ဆိုသည့္အခ်ိန္ကုန္ဆံုးၿပီးေနာက္ေတာ့ လမ္းေဘးကစာအုပ္ဆိုင္ေလးတစ္ခုကေန စိတ္ဝင္စားစရာေကာင္းေသာ ရႈပ္ေထြးေပြလီလွသည့္ အခ်စ္ဝတၳဳတစ္ခုကို အပ်င္းေျပအေနနဲ႔ဖတ္ရႈမိရာကစလို႔ ဝမ္ရိေပၚဟာသူ႔စိတ္သူနားလည္စျပဳလာတယ္။ ေရွာင္းက်န္႔ကို သူခ်စ္မိသြားတာပဲ။ သဘာဝနဲ႔ဆန္႔က်င္သလိုေပမဲ့ ဝမ္ရိေပၚဟာသူမွန္တယ္ထင္လ်ွင္ တစ္ေလာကလံုးနွင့္ပင္ ဆန္႔က်င္ရဲသူျဖစ္တာေၾကာင့္ သူဟာစိတ္မပူခဲ့ပါ။

သူ၏ခံစားခ်က္ကိုဖြင့္ဟေျပာဆိုဖို႔ရန္ စဥ္းစားမိေပမဲ့ ထိပ္တိုက္ႀကီးေျပာဖို႔ရာက် သူနည္းနည္းေတာ့ေၾကာက္မိသား။ ဒါနဲ႔ပဲစာနဲ႔သာေဖာ္ျပရန္ဆံုးျဖတ္လိုက္သည္။ ဝမ္ရိေပၚဆိုသည္မွာလည္း ၿမိဳ႕ေတာ္ေတြရဲ႕ စာတတ္ေပတတ္ေတြလို စာလံုးေတြကို စီကာပတ္ကံုးမေရးဖြဲ႕တတ္ေတာ့ အဆင္ေျပေလာက္မယ့္စာသားေလးေတြကိုသာ အခ်ိန္အၾကာႀကီးစဥ္းစား၍ ေရးဖြဲ႕လိုက္သည္။ သိုင္းေလာကသားမို႔ လက္ေရးလက္သားကလည္းသိပ္မေကာင္းတာေၾကာင့္ စာ႐ြက္ေပါင္းမ်ားစြာေပၚမွာ အႀကိမ္ႀကိမ္အဖန္ဖန္ေရးၿပီးမွသာ ေက်နပ္စရာေကာင္းလွသည့္ရလဒ္ကိုရရွိေတာ့သည္။ စာ႐ြက္ေလးရဲ႕ေအာက္ဆံုးကဘယ္ဘက္ေထာင့္မွာေတာ့ သူ႔နာမည္ကိုေရးထိုးလိုက္တယ္။

သူမ်ားအိမ္ထဲခိုးဝင္တာကမေကာင္းမွန္းေတာ့ သူသိပါရဲ႕။ အေျခအေနနဲ႔အခ်ိန္အခါအရဆိုေတာ့ သူလည္းမတတ္သာဘူးေလ။ တိတ္ဆိတ္ေနတဲ့အိမ္ေတာ္ဝန္းထဲအေရာက္မွာ ျမက္ပင္ခ်ံဳပင္ေတြၾကားမွာခဲလံုးတစ္လံုးေတြ႕တာနဲ႔ ဝမ္ရိေပၚေကာက္ယူလာခဲ့လိုက္တယ္။ အမတ္မင္းေရွာင္းရဲ႕အိမ္အတြင္းကိုသူမေရာက္ဖူးတာမို႔ စိမ္းသက္သက္ျဖစ္ေနၿပီး အိပ္ခန္းကိုပင္ဘယ္အခန္းမွန္းမသိ။ အိပ္ခန္းလို႔ယူဆရသည့္အေပၚထပ္ကအခန္းေရွ႕မွာပဲ ဝမ္ရိေပၚကစာ႐ြက္ေလးကိုခဲလံုးနဲ႔ဖိထားခဲ့တယ္။ ဒီေလာက္ဆိုရင္ေတာ့ျမင္သာထင္သာရွိေလာက္ပါတယ္။

ဝမ္ရိေပၚတည္းခိုခန္းကိုျပန္သြားလိုက္တယ္။ သူ႔တစ္ကိုယ္လံုးနဲ႔ေခြၽးေစးေတြျပန္ေနတယ္။ တစ္ကိုယ္လံုးနဲ႔တဆတ္ဆတ္နဲ႔တုန္ေနတာ မနည္းထိန္းေနရတယ္။ ရည္းစားစာေလးတစ္ေစာင္သြားေပးတာနဲ႔ စိတ္လႈပ္ရွားလြန္ၿပီးေသေတာ့့မလိုျဖစ္ေနတဲ့ သူ႔ကိုယ္သူလည္းနားမလည္။ ခပ္တည္တည္ေနတတ္တဲ့ ဝမ္ရိေပၚဟာအခုေတာ့ ေျခမကိုင္မိလက္မကိုင္မိျဖစ္ေနရသည္။ မနက္ျဖန္ကိုေတာ့ အမတ္မင္းေရွာင္းရုံးေတာ္သြားတဲ့အခ်ိန္ကို အိမ္ထဲဝင္ၿပီးစာခ်န္ခဲ့သလားလို႔ သူသြားၾကည့္ရဦးမည္။ ေမ်ွာ္လင့္ခ်က္ေတြသိပ္မထားနဲ႔လို႔ သူ႔ကိုယ္သူစိတ္ထဲမွာေျပာေနေသာ္ျငား သူ႔ရဲ႕မသိစိတ္ကအမတ္မင္းေရွာင္းလက္ခံလာဖို႔ကိုသာ ေမ်ွာ္လင့္ေနမိသည္။ သူလည္းရူးေနၿပီထင္ပါရဲ႕။ ကုတင္ေပၚမွာ ဟိုလွိမ့္ဒီလွိမ့္နဲ႔လုပ္လိုက္ ေခါင္းကိုတဗ်င္းဗ်င္းကုတ္လိုက္ သူအေတြးနဲ႔သူေခါင္းခါလိုက္ ေခါင္းၿငိမ့္လိုက္နဲ႔ ဝမ္ရိေပၚတစ္ေယာက္အရူးလိုပင္ျဖစ္ေနေတာ့သည္။

ေန႔လည္ေရာက္တာေတာင္မွ ဝမ္ရိေပၚတစ္ေယာက္ အစားပင္မစားနိုင္ေသးေပ။ သူဆိုသည္မွာ မည့္သည့္ကိစၥကိုမွ အေရးႀကီးသည္ဟုမထင္မွတ္သည့္လူဆိုေပမဲ့လို႔ ယခုအခါက်မွစိတ္ကအၿငိမ္မေနနိုင္ျဖစ္ေနရေတာ့သည္။ အေၾကာင္းအရင္းသည္ကား အမတ္မင္းေရွာင္းေၾကာင့္ပင္။ သူထားခဲ့သည့္စာအားမည္သို႔တံု႔ျပန္မည့္အေၾကာင္းကို ေတြးရင္းေတြးရင္းအေတြးေတြလြန္ၿပီး အဆိုးျဖစ္လာနိုင္ေျခေတြကိုပါ သူ၏စိတ္ကူးထဲ၌တြက္ခ်က္ေနမိသည္။ စိတ္ကလည္းခႏၶာနဲ႔မကပ္ေတာ့သလိုျဖစ္ေန၍ ေန႔လည္စာစားခ်ိန္ကိုပင္ေက်ာ္လြန္ေနသည္ကိုပင္ သတိမထားမိေတာ့ဘဲ ဗိုက္ဆာလို႔ဆာရေကာင္းမွန္းလည္း သူအမွတ္မရေတာ့ေခ်။ ခႏၶာဆိုသည္မွာ စိတ္ေနာက္လိုက္ရသည္မို႔ အေတြးလြန္ေနသည့္ဝမ္ရိေပၚဟာ ဗိုက္ဆာဖို႔ကိုပင္ေမ့ေလ်ာ့ေနေလသည္။ အေတြးေတြဟာအဆံုးမသတ္ေသးေပမဲ့ စိတ္နဲ႔ကိုယ္နဲ႔ျပန္ကပ္လိုက္တဲ့ခဏေလးမွာပဲ ဗိုက္ကတဂီြဂီြဆႏၵျပလာတာေၾကာင့္ ျပတင္းကေနတစ္ဆင့္ေနလံုးႀကီးကို တစ္ခ်က္ၾကည့္မိေလေသာ္ မိုးေကာင္းကင္အလယ္တည့္တည့္မွာမဟုတ္ေတာ့ဘဲ အေနာက္အရပ္သို႔ပင္ေရာက္ရွိေနေလေတာ့သည္။ ထိုအခါမွသူ႔ကိုယ္သူေန႔လည္စာမစားရေသးမွန္းသတိရကာ အဆင္ေျပမယ့္အရာတစ္ခုခုဝယ္စားဖို႔ တည္းခိုခန္းကေနထြက္လာသည္။

ဝမ္ရိေပၚသည္ ဗိုက္အရမ္းဆာေနၿပီမို႔ တည္းခိုခန္းနားနီးသည့္ လမ္းေဘးဆိုင္ေလးတစ္ခုမွာပဲ ေန႔လည္စာစားရန္ျပင္လိုက္ေတာ့သည္။ ၾကက္သားေခါက္ဆြဲတစ္ပြဲကိုအားရပါးရစားလိုက္ရေတာ့ သူ႔ရင္ထဲကအပူလံုးႀကီးက နည္းနည္းေတာ့က်သြားဟန္ရ၏။ သို႔ေသာ္လံုးဝဥသံုေပ်ာက္ကြယ္သြားျခင္းေတာ့မဟုတ္ေလရာ။ ဝမ္ရိေပၚဟာ ဗိုက္ဝေအာင္စားေသာက္ၿပီးေနာက္ ၿမိဳ႕ထဲလမ္းေလ်ွာက္ထြက္ေနသည္။ ဝမ္ရိေပၚသည္ လူမ်ားတဲ့ေနရာေတြကို သေဘာမက်ေပမဲ့ ဒီကေန႔မွေလ်ွာက္ၾကည့္ခ်င္စိတ္ေပါက္ေနတာေၾကာင့္ ေဈးထဲကိုေလ်ွာက္သြားေနလိုက္သည္။ သူရုိးသားစြာဝန္ခံရရင္ စိတ္ထဲမခ်ိသာမခံသာႀကီးျဖစ္ေနတာရယ္။ လမ္းေလးပတ္ေလ်ွာက္လိုက္ရင္ နည္းနည္းမ်ားေနသာမလားလို႔ သူေတြးမိတယ္။ တုတ္ထိုးသစ္သီးခ်ိဳခ်ဥ္သည္ကိုျမင္မိတာနဲ႔ နွစ္ေခ်ာင္းဝယ္ယူၿပီးလက္တစ္ဖက္စီမွာကိုင္ထားသည္။ ညာဘက္လက္ထဲက တုတ္ထိုးသစ္သီးခ်ိဳခ်ဥ္ေလးကေတာ့ တစ္လံုးၿပီးတစ္လံုးဝမ္ရိေပၚပါးစပ္ထဲေရာက္ကုန္သည္။ ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္အရသာေလးက သူ၏လ်ွာဖ်ားေပၚမွာ ေပ်ာ္ဝင္သြားေတာ့ အရမ္းအရသာရွိေန၏။ ေဈးထဲေနထြက္လို႔ ေတာအုပ္ဘက္သို႔ သူ၏ေျခလွမ္းမ်ားကဦးတည္ေလသည္။ ထိုေနရာသည္ကား အရင္တစ္ေခါက္က သူေလာ့ယန္ၿမိဳ႕ကိုလာစဥ္လာခိုက္တြင္ ခိုနားခဲ့သည့္ေနရာျဖစ္ၿပီး အမတ္မင္းေရွာင္းနဲ႔လက္ရည္ခ်င္းယွဥ္ခဲ့သည့္ ေနရာလည္းျဖစ္ေနျပန္၏။ အံုဆိုင္းေနတဲ့ေတာအုပ္ႀကီးက ေအးခ်မ္းေနပါ၏။ ေက်းငွက္ေတြရဲ႕ျမည္တြန္သံေတြဟာ ေတးသံေတြအလား။ တိုက္ခတ္တဲ့ေလျပည္ေလညႇင္းေတြဟာ ဝမ္ရိေပၚရင္ထဲအပူေတြကိုေလ်ာ့က်ေစတယ္။ ေလေကာင္းေလသန္႔ေတြကို အဆုတ္ထဲသို႔အျပည့္အဝရႈသြင္းၿပီး တစ္ဖန္ျပန္ထုတ္ခ်လိုက္သည္။ သူေနလို႔ထိုင္လို႔ေတာ့ေကာင္းသြားတယ္။ စိတ္ေျပလက္ေပ်ာက္အေနနဲ႔ ဒီဘက္ကိုလာလိုက္တာ သူမွန္သြားတာေပါ့။

ညေနေစာင္းခ်ိန္ေရာက္ေတာ့ ဝမ္ရိေပၚတည္းခိုခန္းဆီျပန္သြားခဲ့သည္။ လမ္းခုလတ္မွာတင္ပဲ ညေနစာတစ္ခါတည္းစားရန္အႀကံေပၚလာ၍ သာမန္စားေသာက္ဆိုင္ေလးတစ္ခုမွာ ဟင္းေကာင္းေလးေတြအခ်ိဳ႕မွာယူၿပီး စားေသာက္လိုက္သည္။ သူ၏ခံစားခ်က္ေတြကိုလက္မခံလာမယ့္ အမတ္မင္းေရွာင္းဆီမွ ရိုက္ခတ္မႈေတြကိုေတာင့္ခံထားနိုင္ဖို႔ အားအင္ရွိေနရန္လိုအပ္သည္ေလ။ ကံေကာင္းျခင္းေတြျဖစ္လာေစဖို႔ ေကာင္းတဲ့အရာေတြကိုမ်ားမ်ားေျပာၿပီး ေကာင္းတဲ့အရာေတြကိုမ်ားမ်ားေတြးေပးရတယ္လို႔ သူမ်ားေတြေျပာၾကတာကို ဝမ္ရိေပၚၾကားဖူးနားဝရွိေပမဲ့ ရင္ထဲမွာေတာမီးေလာင္ေနသလိုႀကီးျဖစ္ေနမွေတာ့ ဘယ္သူကစိတ္ေအးေအးထားၿပီး ေကာင္းရာေကာင္းေၾကာင္းထိုင္ေတြးေနနိုင္မတုန္း။ လူေတြဆိုသည္မွာလည္း ဦးေနွာက္ရွိသေလာက္ ပိန္းၾကေသးသည္ကိုး။

ညေရာက္ခ်ိန္မွာလည္း ဝမ္ရိေပၚတစ္ေယာက္အိပ္လို႔မရ။ အိပ္ရာေပၚဟိုလူးဒီလွိန္႔နဲ႔ မ်က္ဝန္းေတြဟာမည္သို႔နည္းနွင့္မွ ေမွးမွိတ္ေအာင္ျပဳလုပ္၍မရ။ မ်က္စိမွိတ္ခိုက္တိုင္းမွာ နားထဲဝင္ဝင္လာတဲ့ပုစဥ္းရင္ကြဲသံေတြဟာ ပံုမွန္ထက္ပိုပိုက်ယ္လာသေယာင္။ နဂိုကတည္းကမွအိပ္မရျဖစ္ေနေတာ့ ပတ္ဝန္းက်င္ကအရာေတြကိုအာရုံစိုက္သလိုျဖစ္၍ ပိုလို႔ပင္အိပ္လို႔မေပ်ာ္ျဖစ္ေနေတာ့သည္။ မနက္ျဖန္အတြက္လည္း ဝမ္ရိေပၚစိတ္ပူပန္ေနမိသည္။ ဘယ္ေလာက္ပဲသူ႔စိတ္ကိုသူျပင္ဆင္ထားပါေစ အျငင္းခံရေလလ်ွင္ သူဘယ္လိုမွေျဖသိပ္နိုင္မည္မဟုတ္ေၾကာင္း သူကိုယ္သူနားလည္သည္။ ညကနက္လာေလျပန္ေတာ့လည္း ဝမ္ရိေပၚရဲ႕မ်က္ဝန္းတို႔ကေမွးစင္းပိတ္ဆို႔သြားေတာ့သည္။

မနက္အေစာႀကီးကတည္းက ဝမ္ရိေပၚနိုးေနသည္။ စိတ္လႈပ္ရွားမႈေတြ စိတ္ပူပန္မႈေတြက သူ႔ကိုေကာင္းေကာင္းအိပ္မရေအာင္ျပဳလုပ္ေနဟန္ရ၏။ ဝမ္ရိေပၚ၏ မ်က္ကြင္းတို႔က အိပ္ေကာင္းျခင္းမအိပ္ရတာမို႔ အနည္းငယ္ညိဳေနေပမဲ့ သိပ္ေတာ့မသိသာ။ စိတ္ေလးၾကည္လင္ၿပီး သူ႔ကိုယ္သူယံုၾကည္မႈေလးလည္းတိုးေအာင္လို႔ တည္းခိုခန္းေအာက္ထပ္သို႔ဆင္းကာ စားပြဲထိုးတစ္ေယာက္ကို ေရေအးေအးေလးျပင္ဆင္ေပးရန္ေျပာၿပီး အသျပာကိုပါတစ္ခါတည္းေပး၍ တည္းခိုခန္းထဲျပန္ဝင္ေနလိုက္သည္။ ခဏေလာက္အၾကာမွာေတာ့ စားပြဲထိုးေကာင္ေလးေတြက ေရပံုးကိုယ္စီနဲ႔ေရေအးေတြကို မထူမပါးအစကိုသစ္သားေဘာင္ခတ္ထားသည့္နံရံေနာက္မွ ေရစည္ထဲသို႔ထည့္ေပးလာသည္။ ထိုေကာင္ေလးေတြေရျဖည့္အၿပီးမွာေတာ့ ဝမ္ရိေပၚက မေနွာင့္မေနွးေစရဘဲ ေရစိမ္ခ်ိဳးေနလိုက္ေတာ့သည္။ ေႏြရာသီမွာေရေအးေအးေခးက မရွိမျဖစ္ခိုအပ္သည့္အရာမို႔ ဝမ္ရိေပၚမွာ မ်က္ဝန္ေတြေမွးမွိတ္ထားကာ ေရခ်ိဳးစည္ေဘာင္ေပၚသို႔ ေခါင္းတင္၍ ဇိမ္ခံေနသည္။ ဒီကေန႔တစ္ရက္အတြက္ေတာ့ သူကံေကာင္းခ်င္ပါ၏။

အျဖဴေရာင္ဝတ္ရုံတို႔ကို ေသသပ္စြာဝတ္ဆင္ၿပီး ဆံႏြယ္ေတြကိုလည္း အေပၚပိုင္းတဝက္သာစည္းေနွာင္၍ က်န္တဝက္ကိုေတာ့ ေက်ာျပင္ေပၚမွာဖားလားခ်ထားသည္။ စည္းေနွာင္ထားသည့္ ႀကိဳးစေလးဟာလည္းအျဖဴေရာင္ေလးပါပဲ။ သူ႔ကိုယ္သူအဆင္ေျပေလာက္ၿပီ ထင္မိေသာအခါမွ အမတ္မင္းေရွာင္း၏ အိမ္ေတာ္ဆီသို႔ဦးတည္သည္။ သူမနက္စာစားခ်င္စိတ္မရွိေပ။ သူ႔ရင္ထဲကပူပန္မႈေတြက သူ႔ကိုစိတ္လြတ္ေနတဲ့လူလိုျဖစ္ေစတာထင္၏။ ဒီေန႔မွာမွ သူ႔ရဲ႕ေျခလွမ္းေတြကတံု႔ေနွးေနတယ္၊ တြန္႔ဆုတ္ေနဟန္ရတယ္။ အမတ္မင္းေရွာင္းရဲ႕အိမ္ေတာ္ဆီ သူသြားလည္းသြားခ်င္သလို သြားလည္းမသြားရဲျဖစ္ေနရသည္။ သြားခ်င္ရသည္က အမတ္မင္းေရွာင္းရဲ႕အေျဖကိုသိခ်င္၍၊ မသြားရဲရသည္က အေျဖဟာသူေမ်ွာ္မွန္းထားတာမျဖစ္မွာကို ေၾကာက္႐ြံေနမိလို႔ပဲ။ ေယာက်္ားတစ္ေယာက္ျဖစ္ပါရက္နဲ႔ ဒီလို တြန္႔ဆုတ္တြန္႔ဆုတ္လုပ္ေနလ်ွင္မေကာင္းတာေၾကာင့္ ဝမ္ရိေပၚဟာစိတ္ဒုန္းဒုန္းခ်လို႔ ေျခလွမ္းေတြကိုအရွိန္တင္လိုက္တယ္။ သူရဲ႕မ်က္နွာမွာ စိုးရိမ္ပူပန္မႈေတြအစား ဆံုးျဖတ္ခ်က္ကိုဘယ္လိုမွျပန္မျပင္ေတာ့မည့္ တည္တင္းတဲ့မ်က္နွာထားကေနရာယူလာတယ္။

အမတ္မင္းေရွာင္းရဲ႕အိမ္ေတာ္လမ္းၾကားေလးထဲမွာက ဒီလိုမနက္ခင္းမွာေတာင္ သြားလာသူကသိပ္မရွိဘူး။ တံခါးေပါက္အထက္မွာခ်ိတ္ဆြဲထားတဲ့ မွိန္ပ်ပ်ကမၸည္းထိုးသစ္သားျပားကိုသာ ဘာရယ္မဟုတ္ ဝမ္ရိေပၚေငးၾကည့္ေနမိတယ္။ သူေတြေဝသလိုျဖစ္ေနတယ္။ တကယ္တမ္းကေတာ့ သူအိမ္ထဲကိုဝင္ဖို႔အားယူေနတာပါ။ သူလိုခ်င္တဲ့အေျဖမ်ိဳးကိုမရရွိခဲ့ပါက သူ႔ကိုယ္သူမၿပိဳလဲေအာင္ အခုကတည္းကႀကိဳတင္ထိန္းခ်ဳပ္ေနျခင္းသာ။ ေနာက္ဆံုးမွာေတာ့ ဝမ္ရိေပၚရဲ႕အၾကည့္ေတြက ကမၸည္းထိုးသစ္သားျပားဆီကေနဖယ္ခြာသြားတယ္။ သက္ျပင္းတစ္ခ်က္ကိုအၾကာႀကီးဆြဲခ်လို႔ ေဘးဘီဝဲယာကိုေသခ်ာၾကည့္လိုက္တယ္။ အိမ္ေတြကိုလည္းလိုက္လံၾကည့္ရႈတယ္။ ျပတင္းေပါက္ေနမွာလူေတြရွိေနသလား ၿခံဝန္းထဲမွာအလုပ္ဆင္းလုပ္ေနတဲ့ လူေတြရွိေနသလား။ လမ္းထဲကိုျဖတ္လာေနတဲ့လူေတြရွိေနသလား ဆိုတာေတြကို လံုးေစ့ပတ္ေစ့ၾကည့္ရႈရတယ္။ လူအရိပ္အေျခကင္းခါမွ ဝမ္ရိေပၚဟာ တံခါးေပါက္ကေနေရွာင္ခြာၿပီး ဝါးလံုးၿခံစည္းရုိးေပၚကေနလႊားခနဲေက်ာ္ခ်သြားတယ္။

အိမ္ရဲ႕တံခါးကိုဆြဲဖြင့္ခါနီးမွ ဝမ္ရိေပၚရဲ႕လက္ေတြကေလထဲမွာ တဒၤဂရပ္တန္႔သြားတယ္။ ဆန္႔တန္းထားတဲ့လက္နွစ္ဖက္ဟာ အေၾကာေသေနသလို မလႈပ္မယွက္။ ဝမ္ရိေပၚ အားတင္းၿပီးေတာ့တံခါးကိုဆြဲဖြင့္လိုက္တယ္။ ေျခာက္ကပ္တိတ္ဆိတ္ေနတဲ့အိမ္က သူအရင္တစ္ေခါက္လာတုန္းကလိုပဲ။ သန္႔ရွင္းသပ္ရပ္ေနၿပီး ပရိေဘာဂမ်ားမ်ားစားစားမရွိ။ အေပၚထပ္ကိုတက္တဲ့ေျခလွမ္းေတြက တံု႔ေနွးတယ္။ ေျခတစ္လွမ္းလွမ္းလိုက္တိုင္းမွာ သူ႔ပုခံုးနွစ္ဖက္လံုးကို မျမင္ရတဲ့အားတစ္ခုခုကဖိထားသလိုခံစားရတယ္။ အေပၚကိုေရာက္ေလေလ အဖိခံထားရတဲ့အားေတြတိုးတိုးေလေလပဲလို႔ သူခံစားေနမိတယ္။ သို႔ေသာ္ ဒါေတြဟာသူ႔စိတ္ရဲ႕လွည့္စားမႈတစ္မ်ိဳးအျပင္မပိုပါဘူး။ အိပ္ခန္းတံခါးအေရွ႕မွာက သူ႔အလာကိုေစာင့္ႀကိဳေနတဲ့ ေက်ာ္ခဲေလးျဖင့္ဖိထားသည့္ စာတစ္ေစာင္။ ဘာေရးထားမွန္းမသိေပမဲ့ သူေပ်ာ္မိသြားတာေတာ့အမွန္။ ထိုစာ႐ြက္ကေလးကို အေစာတလ်င္ေကာက္ယူဖတ္ၾကည့္မိတယ္။

'နွစ္ေတြလေတြအလီလီကို တစ္ေယာက္တည္းကုန္ဆံုးရတာ ပ်င္းစရာေကာင္းလြန္းတယ္။ ကိုယ္နဲ႔အတူျဖတ္သန္းေပးမယ့္ လူတစ္ေယာက္ေတာ့ အနားမွာရွိေစခ်င္ရဲ႕
.
.
.
ေရွာင္းက်န္႔'

ေရးထားသည့္ စာသားတို႔ဟာ သူေရးထားေသာစာသားတို႔ကဲ့သို႔ ရုိရွင္းေနပါ၏။

•••

ေရွာင္းက်န္႔ ညသန္းေခါင္ေရာက္ခ်ိန္မွ အိမ္ကိုျပန္လာျဖစ္တယ္။ မေန႔ကတည္းကအလုပ္ေတြေတာ္ေတာ္မ်ားမ်ားကို အၿပီးသတ္ခဲ့ေသာ္ျငား ရုံးေတာ္ဆိုသည္မွာလည္း လုပ္စရာအလုပ္က လက္နဲ႔ဘယ္ေတာ့မွမျပတ္ေသာေနရာေပမို႔ ဒီေန႔လည္းသူဟာအလုပ္ေတြကိုပိုလုပ္ေနခဲ့ပါတယ္။ ေရွာင္းက်န္႔ဟာ ညဆိုရင္ေစာေစာစီးစီးအိပ္ျဖစ္သူမဟုတ္ေသာ္ျငား အလုပ္ေတြလုပ္ရသည္မွာလည္း ပင္ပန္းလွတာေၾကာင့္ အိမ္ျပန္သည့္လမ္းတစ္ေလ်ွာက္လံုး ဝါးတသမ္းသမ္းျဖစ္ေနရသည္။

ပိုင္ရွင္အိမ္ျပန္လာမည္ကိုေစာင့္ဆိုင္းေနသည့္ အိမ္ေတာ္ဟာလည္းထံုးစံအတိုင္းေျခာက္ကပ္ေနေသာ္ျငား အိမ္ေတာ္အတြင္းမွ မီးေရာင္ေၾကာင့္ ေရွာင္းက်န္႔မ်က္ခံုးတို႔ကတြန္႔က်ိဳးသြားသည္။ ဘယ္လိုလူကမ်ားသူ႔အိမ္ထဲေရာက္ေနၿပီး ဖေယာင္းတိုင္ပါထိန္းထားေသးတာလဲ။ ေရွာင္းက်န္႔ဟာစိတ္ရႈပ္ရႈပ္နဲ႔ျဖစ္ေနေပမဲ့ မ်က္နွာေပၚမွာမေပၚလြင္ေစဘဲ တံခါးေပါက္ကိုတြန္းဖြင့္လိုက္သည္။ သူ၏အိမ္တံခါးဝမွာ တံခါးေဘာင္ကိုေက်ာမွီရင္း သူ႔ဆီကိုေစ့ေစ့ၾကည့္ေနသူဟာ ထိုေကာင္ေလး ဝမ္ရိေပၚ။

ေရွာင္းက်န္႔ရဲ႕မ်က္နွာထက္မွာ အၿပံဳးတစ္ပြင့္ကေနရာယူလာတယ္။ ျဖဴစင္ေအးျမလြန္းၿပီး သူဘယ္သူ႔ကိုမွၿပံဳးမျပဖူးတဲ့အၿပံဳးမ်ိဳးကို သူပန္ဆင္ထားတယ္။

"ဝမ္သခင္ေလး ေရာက္လာၿပီပဲ"

"စာ႐ြက္ေပၚက... ေရးထားတာေတြက.... တ.. တကယ္ပဲလား"

စကားေျပာရာမွာ အထစ္ထစ္အအအနဲ႔ျဖစ္ေနေသာ ထိုေကာင္ေလးဝမ္ရိေပၚဟာ အမတ္မင္းေရွာင္းရဲ႕မ်က္လံုးထဲမွာ တစ္မ်ိဳးတစ္ဖံုခ်စ္ဖို႔ေကာင္းေနပါသည္။ ေရွာင္းက်န္႔ကအၿပံဳးမပ်က္ဘဲ ျပန္လည္ေျဖၾကားလာတယ္။

"ဟုတ္တယ္ တကယ္ပဲ"

ေႏြရာသီေလျပည္ေလးဟာ အကြာအေဝးတစ္ခုမွာမတ္တပ္ရပ္ရင္း အၾကည့္ရင္းဆံုကာ တစ္ေယာက္ကိုတစ္ေယာက္ၿပံဳးျပေနတဲ့ လူနွစ္ဦးရဲ႕ဝတ္ရုံစေတြကို ပ်ံလြင့္ေစတယ္။ ထိုသူနွစ္ဦးရဲ႕ ရင္ခုန္သံေတြဟာ ထပ္တူက်ေနတယ္။ ထိုသူနွစ္ဦးဟာ လက္ရည္ယွဥ္ရာမွ အခ်စ္တစ္ခုကိုအစပ်ိဳးခဲ့သလို ေနာင္အခါေတြမွာလည္း အခ်င္းခ်င္းလက္ရည္ယွဥ္ၾကရင္း အခ်စ္ေတြကိုမေလ်ာ့သြားေအာင္ စြမ္းေဆာင္ေနၾကမွာပါ။ မေလ်ာ့ေသာအခ်စ္ေတြရဲ႕အတိုင္းအတာဟာ မည္မ်ွအထိေရာက္နိုင္သည္ကိုလည္း သူတို႔နွစ္ဦးစမ္းသပ္ၾကည့္ခ်င္ပါ၏။ သာမန္မဟုတ္တဲ့အခ်စ္တစ္ခုရဲ႕ စတင္ရာဟာ ေလာ့ယန္ရဲ႕ေႏြရာသီ ျဖစ္ပါေတာ့သည္။ ေႏြရာသီဟာအဆံုးမဲ့သလို ထိုသူနွစ္ဦးရဲ႕အခ်စ္ေတြဟာလည္း အတိုင္းမဲ့။ ေျပာင္းလဲသြားတဲ့အရာရာေနာက္သုိ႔ လိုက္ပါသြားမည္မဟုတ္တဲ့ မေျပာင္းလဲေသာသူတို႔နွစ္ဦးရဲ႕အခ်စ္ေတြဟာ ေ႐ြ႕လ်ားသြားတဲ့အခ်ိန္တိုင္းမွာ ေဟာင္းႏြမ္းသြားတဲ့သစ္႐ြက္ေတြလို ေႂကြလြင့္သြားမည္မဟုတ္ဘဲ ေႏြဦးမွာအသစ္ထြက္တဲ့႐ြက္သစ္ေတြလို အခ်ိန္တိုင္းမွာသစ္လြင္ေနဆဲ။

မေျပာင္းလဲေသာအခ်စ္ေတြနဲ႔အတူ ေလာ့ယန္ရဲ႕ေႏြရာသီဟာ သာယာေနပါတယ္...

Continue Reading

You'll Also Like

311K 18.5K 40
You live in a different time zone Think I know what this is It's just the time's wrong
3.7K 189 4
ZhanYi! Not Yizhan! So Thank you for reading!
11.8K 287 22
.👀 ႀကိတ္​ၿပီးၾကည္​့မ​ေနၾကနဲ႔ ​ေနာ္​ ႀကိဳက္​ရင္​ share ၾက 😁
38.9K 2.1K 12
Zhanyi Fanfiction.. Fic Cover Is From Printest.