Summer Of Luoyang

By HmineNyotOo

3.6K 244 3

အမတ်မင်းရှောင်းနဲ့ သိုင်းသမားလေးဝမ်ရိပေါ် အမတ္မင္းေရွာင္းနဲ႔ သိုင္းသမားေလးဝမ္ရိေပၚ Yizhan Fanfiction Started... More

အခန်း ၁ / အခန္း ၁
အခန်း ၂ / အခန္း ၂
အခန်း ၃ / အခန္း ၃
အခန်း ၅ / အခန္း ၅
အခန်း ၆ / အခန္း ၆ (Final)

အခန်း ၄ / အခန္း ၄

460 35 0
By HmineNyotOo

Unicode

အမတ်မင်းရှောင်းအား လူစိမ်းကားကြီးလို့ မိန်းမပျိုလေးတွေပါးစပ်မှာ ချစ်စနိုးဖြင့်ခေါ်ဝေါ်ကြသည့် အမည်နာမဟာ လက်စသတ်တော့ ဘာမှမဟုတ်တဲ့ကောလဟာလတစ်ခုပါပဲ။ အခုသူမြင်တွေခဲ့ရသည့် အမတ်မင်းရှောင်းဟာ ယဉ်ကျေးသိမ်မွေ့သလို စကားပြောရာမှာလည်း ပြေပြေပြစ်ပြစ်ရှိ၏။ တစ်ဖက်သားကို မောက်မာသောလေသံဖြင့်လည်းမပြောသလို သူ့ကိုယ်သူနှိမ့်ချထားသည့်လေသံနှင့်လည်းမပြောဘဲ အလွန်ရင်းနီးသည့် သူငယ်ချင်းတစ်ယောက်ကို စကားပြောနေသလိုမျိုး ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်နဲ့ ပြောဆိုလာသည်။ သုံးနှုန်းတဲ့စကားလုံးတွေကလည်း ရင့်သီးမှုတစ်စက်မှမပါဘဲ ပျူငှာဖော်ရွေမှုရှိ၏။  အမတ်မင်းရှောင်းရဲ့ စကားပြောဆိုပုံဟာ ဟန်လုပ်တတ်သောစာတတ်ပေတတ်တွေလိုမျိုး စကားကိုကွေ့ဝိုက်ကာဥပမာတွေပေးနဲ့ ပြောခြင်းမျိုးမဟုတ်ဘဲ တည့်တိုးဆန်ပြီးပြတ်သားလွန်း၏။ ပညာရှိတစ်ဦး၏ ဂုဏ်အင်လက္ခဏာများပင်ဖြစ်၏။ အမတ်မင်းတစ်ယောက်ပေမဲ့ ဟန်လုပ်နေခြင်းမျိုးကိုလည်း ဝမ်ရိပေါ်ကအကဲခတ်ကြည့်သော် မတွေ့ရ။ အမတ်မင်းရှောင်းဟာ သူများတွေပြောသလို မာနကြီးတတ်သူမဟုတ်ပါဘဲ တသီးတတစ်သန့်ဆန်သူသာဖြစ်လေတော့သည်။ လူဆိုသည့်အမျိုးမှာလည်း ကိုယ့်ထက်သာလျှင် သွားပုပ်လေလွင့်ပြောတတ်ကြသည့် မကောင်းသောအကျင့်လေးကရှိနေပြန်တော့ အမတ်မင်းရှောင်းလို အထက်တန်းလွှာကလူစားမျိုးကို မကောင်းပြောတတ်ကြတာဟာ အထူးအဆန်းရယ်လို့မဆိုသာ။

သူများတွေပြောသမျှဟာ ယုံကြည်ချင်စရာတစ်ကွက်မှမရှိသည့် လန်ကျုတ်ဇာတ်လမ်းတွေဆိုပေမဲ့လို့ အမတ်မင်းရှောင်းကို နှစ်သက်သဘောကျသော မိန်းမပျိုလေးများဖြစ်စေ အမတ်မင်းရှောင်းကိုမနာလိုသူများဖြစ်စေ အမတ်မင်းရှောင်းအားလေးစားသူများဖြစ်စေ အမတ်မင်းရှောင်းအား အားကျသူများဖြစ်စေ သူတို့ပြောလေ့ရှိသည့်အရာတစ်ခုကတော့ ပြောင်းလဲမှုမရှိတူညီနေမြဲ။ ထိုအရာကတော့ အမတ်မင်းရှောင်းရဲ့ရုပ်ရည်အကြောင်းပင်။ အမတ်မင်းရှောင်းဟာ ယောက်ျားဆန်သောမျက်လုံးမျက်ခုံးတွေနဲ့ အကြည်ဓာတ်ခံရှိသည့်မျက်ဝန်းတွေအား ပိုင်ဆိုင်ထားကြောင်း။ သွယ်လျသောမေးရိုးနှင့် မို့မောက်သောပါးအို့လေးတွေရှိကြောင်း ဆိုးဆေးမကူသည့်နှုတ်ခမ်းတွေဟာ အမြဲလိုလိုစိုစွတ်နီမြန်းနေကြောင်း။ နှုတ်ခမ်းအောက်က လူတကာရဲ့စိတ်ဝင်စားမှုကိုညှို့ယူနိုင်သည့် မှဲ့နက်လေးဟာလည်းမပါမဖြစ်ပေါ့။ အမတ်မင်းရှောင်းရဲ့ တမူထူးခြားပြီးချောမောသည့်ရုပ်ရည်သည် ပျိုမဒီတွေအားဆွဲဆောင်နိုင်စွမ်းရှိကြောင်းတွေဟာ မည်သူမဆိုပြောဆိုကြသည့် အကြောင်းတွေဖြစ်လေတော့သည်။ အမတ်မင်းရှောင်းအား အမြင်မကြည်သူများကပင် အမတ်မင်းရှောင်း၏ရုပ်ရည်ချောမောပုံအား စကားထဲထည့်မပြောဘဲမနေနိုင်ကြ။ ဒါကိုတော့ သူတို့ဘက်ကနေ ဝမ်ရိပေါ်လည်းထောက်ခံရပေတော့မည်။ မှန်သည်။ အမတ်မင်းရှောင်း၏ ရုပ်ရည်မှာ သာမန်ထက်ထူးကဲ၍ အရမ်းကိုလက်ရာကောင်းမွန်သော တစ်ယောက်ထက်မကသည့် ပန်းပုဆရာများက အချိန်ပေါင်းများစွာပေးကာ တတ်သမျှမှတ်သမျှတွေကိုအသုံးပြုလို့ အသေသပ်ဆုံးလက်ရာမြောက်တစ်ခုဖြစ်အောင် သေချာထုဆစ်ထားသည့် အလှပြပန်းပုရုပ်တစ်ခုလို ခန့်ညားထည်ဝါပြီး ရိုသေလေးစားချင်ဖွယ်ကောင်း၏။

ရှောင်းကျန့်ဟာ လူမမြင်သူမမြင်နဲ့နေတတ်သူမို့ ဝမ်ရိပေါ်မှာ အမတ်မင်းရှောင်းရဲ့မျက်နှာကိုပင်တစ်ခါမျှမမြင်ဖူးပါဘဲ အိမ်ရှေ့မှာသွားစောင့်နေခဲ့သည်ဟာ နည်းနည်းတော့ အူကြောင်ကြောင်နဲ့ ရယ်ချင်စရာကောင်းသား။ အမတ်မင်းရှောင်းက သူမတူအောင်ချောတယ်ဆိုလို့ ဘယ်လောက်များချောပါသလဲလို့ ဝမ်ရိပေါ်၏ စူးစမ်းစပ်စုလိုသော သိချင်စိတ်ကလည်းပြင်းပြခဲ့တာမို့ လက်ရည်ချင်းယှဉ်ချင်သည်ကလည်းရှိတာမို့ အိမ်ရှေ့မှာဘဲ အိပ်ရေးပျက်ခံပြီးစောင့်ခဲ့ရတာတွေ ခြင်ကိုက်ခံရင်း လည်ပင်းတရှည်ရှည်နဲ့ စိတ်တစ်ချက်မပျက်ပါဘဲ စောင့်ခဲ့ရတာတွေ ညစာကိုပင်အလွတ်ခံရင်း စောင့်နေခဲ့တာတွေက နောက်ဆုံးမှာတော့ သဲထဲရေသွန်မဖြစ်ခဲ့ရုံသာမက နတ်သားတစ်ပါးအလား ချောမောသည့်မျက်နှာတော်ကိုလည်းမြင်တွေ့ခွင့်ရခဲ့သည်မို့ ရှောင်းကျန့်က သူ့တောင်းဆိုချက်ကိုငြင်းခဲ့သည်ပဲထားဦးတော့ ဝမ်ရိပေါ်အတွက်တော့မျက်နှာကိုမြင်ရုံနဲ့တင် သိုင်းလောကရဲ့ထိပ်ခေါင်ဆိုသည့် ဂုဏ်ပုဒ်နေရာကိုရလိုက်သလိုပင်။ လူတိုင်းမြင်တွေ့ခွင့်မရသည့် အမတ်မင်းရှောင်းရဲ့မျက်နှာကိုပင် ကိုယ်တွေ့မြင်ရရုံမျှမကဘဲ စကားပါပြောဆိုခွင့်ရခဲ့ပြီး လက်ရည်ချင်းယှဉ်ဖို့ကမ်းလှမ်းချက်ကိုပင် အမတ်မင်းရှောင်းကလက်ခံပေးလာသည်မို့ ဝမ်ရိပေါ်ဟာ အပျော်လုံးတွေစို့နေပါတော့သည်။

တည်းခိုဆောင်ဆီသို့အပြန်လမ်းမှာ ဝမ်ရိပေါ်ရဲ့ခြေလှမ်းတွေဟာ တက်ကြွနေပါတယ်။ အိမ်ခေါင်မိုးတွေပေါ်ကနေ ခုန်ပျံကျော်လွှားပြီး သွားနေခြင်းဟာ အမြင့်သို့ရောက်နေသည့် သူ၏ပျော်ရွှင်စိတ်တွေကို အတောင်ပံတပ်ပေးလိုက်သလိုပဲ။ ဝမ်ရိပေါ်ရဲ့ ပျော်ရွှင်မှုတွေအားလုံးက ဟိုးအထိဋ်အထိပ်သို့ရောက်ရှိနေကြပြီး မိုးနတ်မင်းတောင် လူ့ပြည်ဆင်းလာပြီး သူ့နတ်နန်းကိုဘာကလာတိုက်နေသလဲဆိုတာကို ကြည့်ရတော့မည့်အဖြစ်။ ရင်အုပ်တစ်ခုလုံးဟာနိမ့်ချည်မြင့်ချည်နဲ့ အသက်ကိုမှန်အောင်ရှုနေရပေမဲ့ ဝမ်ရိပေါ်ရဲ့မျက်နှာပေါ်မှာတော့ အပြုံးကြီးကြီးကနေရာယူထားလေသည်။ အမှောင်ကျပြီး လူအိပ်ချိန်မဟုတ်ဘဲ မီးရောင်တွေထွန်းလင်းနေသေးပြီး လူတွေသွားလာနေကြသေးတဲ့အချိန်သာဆိုလျှင် လူတွေက လေထဲပြေးလွှားနေပြီး ပြုံးနေသည့်သူ့ပုံစံကိုသာမြင်လို့ကတော့ သိုင်းကျင့်ရင်းချီဓာတ်ဖောက်ပြန်သွားတဲ့လူလို့ ထင်မှတ်ကြမှာ မလွဲဧကန်။ နောက်ပြီးရုပ်ကလေးက ချောချောမောမောနဲ့ ရူးသွားရှာတာနှမြောစရာ သနားစရာလို့တောင်ပြောကြဦးလိမ့်မည်။

ဝမ်ရိပေါ်က စိတ်ထင်နေသည်လားတော့မသိပေဲ့ စန္ဒာလမင်းရဲ့အရောင်အဝါဟာ ဒီညကျမှပို၍လှပသယောင် နက်မှောင်သောကောင်းကင်ထက်က ကြယ်ပွင့်လေးများသည်လည်း ယခုညမှမှပို၍ထွန်းလင်းနေသယောင် နားငြီးသည်ဟု ယူဆထားသော ပုစဉ်းရင်ကွဲတို့၏ မြည်သံတို့သည်လည်း ယနေ့ညမှနားဝင်ချိုနေသယောင် တိုက်ခတ်သောလေပြည်တို့သည်လည်း ယနေ့ညမှပို၍အေးမြသယောင်ဖြစ်နေတော့သည်။ တိတ်ဆိတ်ငြိမ်သက်နေသော ညအချိန်အခါဝယ် ဝမ်ရိပေါ်၏ ဒူးဖုံးရုံသာရှိတဲ့ဝတ်ရုံစတွေဟာ အမြင့်ကနေခုန်ချလိုက်တိုင်းမှာ လွတ်လပ်သောငှက်တို့ရဲ့တောင်ပံတွေအလား အရိုင်းဆန်စွာလွင့်လူးရိုက်ခတ်ကုန်ကြတော့သည်။ ကိုယ်ဖော့သိုင်းကိုအမြင့်ဆုံးအထိအသုံးပြုကာ အိမ်ခေါင်မိုးတွေပေါ်မှာ ကောင်းကင်ဘုံမှ နတ်မင်းတစ်ပါးအလား ကူးလူဖြတ်သန်းပြေးလွှားရခြင်းဟာ ဘယ်အရာနဲ့မှနှိုင်းယှဉ်လို့မရသည့် လွတ်လပ်မှု၏ ခံစားချက်ကိုအပြည့်အဝပေးစွမ်းနိုင်သည်။ သိုင်းလောကဟာ လွတ်လပ်ပေမဲ့ အပြိုင်အဆိုင်တွေ ရန်သူရန်ဖက်တွေများ၏။ ဘုရင်တွေအုပ်ချုပ်သောတိုင်းပြည်တို့သည်လည်း ထိုနည်းလည်းကောင်းပင်။ သို့သော် သိုင်းလောကနှင့်မတူစွာ တိုင်းပြည်များမှာနေထိုင်သူတို့သည်ကား လွတ်လပ်မှုကိုအပြည့်အဝမခံစားရချေ။ သိုင်းလောကဆိုသည်မှာ ကြမ်းတန်းခက်ခဲသော်ငြား အေးအေးဆေးဆေးနဲ့ ကိုယ့်ဝမ်းကိုယ်ကျောင်းရင်း ကိုယ့်အပျော်ကိုယ်ရှာရင်း သူများကိစ္စဝင်မရှုပ်လျှင်တော့ အလွန်ကိုနေချင်စရာကောင်းသောနေရာဖြစ်ပါ၏။

အမတ်မင်းရှောင်းကရော အမတ်မင်းနေရာကနေ နှုတ်ထွက်လို့ လွတ်လပ်ချင်ပါရဲ့လား။ အလုပ်တွေပဲဖိလုပ်ရင်း တစ်သက်လုံးကိုကုန်ဆုံးစေမှာလား။ လှောင်ချိုင့်တစ်ခုလိုနေရာမျိုးမှာ အမတ်မင်းရှောင်းက ပျော်မွေ့ပါရဲ့လား။ လှမ်းလျှောက်လိုက်တဲ့ ခြေလှမ်းတိုင်းဟာ ထိန်းချုပ်ခံထားရတဲ့ ရုပ်သေးရုပ်ပမာဘဝကို အမတ်မင်းရှောင်းကသဘောကျပါရဲ့လား။ လွတ်လပ်ချင်စိတ်ရော အမတ်မင်းရှောင်းမှာရှိပါရဲ့လား။ တစ်ချိန်ချိန်မှာ တစ်ခြားသူရဲ့မသမာမှုနဲ့ အချိန်မရွေးခေါင်းနဲ့ကိုယ်နဲ့အိုးစားကွဲနိုင်တဲ့ အခြေအနေမှ အမတ်မင်းရှောင်းဟာ လွတ်မြောက်ချင်ပါရဲ့လား။ ဂုဏ်တွေဒြပ်တွေ ရားထူးတွေအာဏာတွေမရှိဘဲ အမတ်မင်းရှောင်းဟာ အပူအပင်ကင်းစွာနဲ့ ကျန်ရှိနေတဲ့သက်တမ်းကို ဖြတ်သန်းချင်ပါရဲ့လား။ လွတ်လပ်မှုရဲ့အရသာကို အမတ်မင်းရှောင်းကခံစားချင်ပါရဲ့လား။ ထိုမေးခွန်းတွေရဲ့အဖြေကိုတော့ အမတ်မင်းရှောင်းကလွဲ၍ မည်သူမှမဖြေကြားနိုင်ပေ။

မြို့စွန်မြို့ဖျားက တောအုပ်လေးဟာအေးချမ်းတယ်။ ပုစဉ်းရင်ကွဲကောင်တွေနဲ့ အခြားသောပိုးကောင်မွှားကောင်တွေရဲ့ အော်ဟစ်မြည်တီးသံတွေဟာ တိုးညှင်းသော်ငြား တစီစီထွက်ပေါ်နေကြသည်မို့ ကျယ်လောင်နေပါ၏။ သစ်ပင်တွေဟာကြီးမားပြီး အရွက်တွေဟာအုပ်ဆိုင်းနေသော တောအုပ်ထဲမှာ ထွန်းလင်းနေသည့် လရောင်ပင်ထိုးလို့မပေါက်ဘဲ မှောင်မည်းလျက်။ အမှောင်ကိုသာသဘောကျသည့် ဝမ်ရိပေါ်အတွက်တော့ သည်တောအုပ်ဟာ ခြောက်ခြားစရာမကောင်းဘဲ အေးဆေးအနားယူအိပ်စက်ရန်အတွက် နေရာကောင်းတစ်ခုပင်ဖြစ်နေ၏။ သန်းခေါင်ပင်ကျော်နေပြီး အရုဏ်တက်ချိန်သို့ရောက်ဖို့ရာကလည်း အလှမ်းမဝေးတော့ချေ။ အခုအချိန်မှာသာအိပ်ပျော်သွားက မနက်ကိုတော့နောက်ကျမှထတော့မှာ သေချာသည်၊ မနက်အထိရောက်အောင်စောင့်ပြီးမှ နည်းနည်းလောက်အိပ်လိုက်ရင်ဖြစ်ပေမဲ့ အရမ်းအိပ်ချင်နေသဖြင့် မနက်ရောက်သည်အထိ မအိပ်မနေစောင့်မနေတော့ဘဲ ဒီတိုင်းပဲအိပ်လိုက်ဖို့သာ ဝမ်ရိပေါ်ဆုံးဖြတ်လိုက်တော့သည်။ ဘယ်လောက်ပဲအိပ်ရေးပျက်ပျက် နေ့လည်အထိတော့သူအိပ်နိုင်မှာမဟုတ်ပါဘူးလေ။

မနက်ခင်းဟာအစောတလျင်ပဲရောက်ရှိလာသော်ငြား ဝမ်ရိပေါ်မှာ အိပ်လို့ကောင်းနေဆဲ။ နေရောင်ဟာဖျော့တော့သေးတာမို့ တောအုပ်ထဲသို့နေကမရောက်သေးပေ။ ဝမ်ရိပေါ်ဟာ သစ်ကိုင်းတုတ်တုတ်တစ်ခုပေါ်မှာ အဝတ်ထုပ်ကိုခေါင်းအုံးရင်း မှောက်လျက်အနေအထားဖြင့် ခြေထောက်နှစ်ဖက်က သစ်ကိုင်းရဲ့တစ်ဖက်တစ်ချက်မှာ ကားလျားခွလျက်အေးချမ်းစွာအိပ်ပျော်နေသည်။ ဖောင်းအိနေသော ပါးတစ်ဖက်ကလည်းအဖိခံထားရသဖြင့် အပြင်သို့ထွက်နေပြီး နှုတ်ခမ်းတွေကလည်း နည်းနည်းစူထွက်နေသည်။

နေရောင်တွေကတစ်စနဲ့တစ်စပိုပိုပြင်းလာပြီးနောက်တော့ မျက်လုံးပေါ်သို့ကျရောက်လာသည့် နေတစ်ပေါက်ကြောင့် ဝမ်ရိပေါ်ကနိုးလာပါတော့တယ်။ ဆက်ပြီးအိပ်ချင်နေသ်ာငြား ခဏလောက်သာလှဲနေလိုက်ပြီး အားယူလို့သေချာထရတော့သည်။ မဟုတ်ပါက သစ်ကိုင်းပေါ်ကနေလိမ့်ကျပြီး ခါးနာသွားကာ အမတ်မင်းရှောင်းနဲ့လက်ရည်မယှဉ်နိုင်ဖြစ်ရလိမ့်မည်။ ရှုပ်ပွနေသည့်ဆံပင်တွေကိုလျစ်လျူရှုရင်း တောအုပ်ထဲက ရေတံခွန်ရှိရာဆီသို့ ဝမ်ရိပေါ်လျှောက်လှမ်းသွားသည်။ လော့ယန်မြို့ဆီရောက်ရောက်ချင်းတုန်းကတည်းက တည်းခိုခန်းခမကုန်စေရန်။ ဤတောအုပ်ကိုအရင်ဆုံး လှည့်ပတ်လေ့လာထားပြီးသားဖြစ်၍ ဤတောအုပ်ကားလူအရောက်အပေါက်နည်းသဖြင့် အဆင်ပြေတာကြောင့် ဝမ်ရိပေါ်ဟာ လော့ယန်မြို့မှာခဏလောက် လည်ပတ်ရန်ဆုံးဖြတ်လိုက်ခြင်းပင်။ မထင်မှတ်ပါဘဲ မြို့ထဲလျှောက်သွားရာမှ နားစွန်နားဖျားကြားမိသည့် အမတ်မင်းရှောင်း၏အကြောင်းအရာများကြောင့် ယခုတော့ သူဟာလော့ယန်မြို့မှာရောက်နေတာ ၁၆ရက်ပင်ပြည့်လေပြီ။ ပုံမှန်ဆိုလျှင် နေရာတစ်နေရာတည်းမှာ အကြာကြီးမနေတတ်သူ ဝမ်ရိပေါ်ဟာ ထူးဆန်းလွန်းသည့်အမတ်မင်းရှောင်းကို စုံစမ်းလိုတာကြောင့် လော့ယန်မြို့မှာပဲ စနည်းနာနေခဲ့ရသည်။ အခုမှာတော့ အမတ်မင်းရှောင်းနဲ့ ထိပ်တိုက်ဆုံတွေ့ခွင့်ရခဲ့ပြီး လက်ရည်ချင်းယှဉ်ဖို့ကမ်းလှမ်းချက်သည်ပင် လက်ခံခြင်းရရှိလေသည်။

ရေတံခွန်ဆိုသည်မှာ အသေးလေးသာဖြစ်ပြီး အမြင့်ကလည်း ၁၀ပေလောက်သာရှိသည်။ ထိုရေတံခွန်ရဲ့အောက်မှာတော့ ချောင်းငယ်လေးရှိနေသည်။ ဝမ်ရိပေါ်က ရေတံခွန်အောက်နားမရောက်ခင်မှာပဲ အင်္ကျီတွေကိုချွတ်လိုက်ပြီး ဝတ်ရမယ့်အင်္ကျီတွေကိုထုတ်ကာ အဝတ်ထုပ်ကိုတော့ ခပ်လှမ်းလှမ်းက ကျောက်ဆောင်ပေါ်တင်ထားသည်။ အင်္ကျီတွေချွတ်ကာ အတွင်းခံဘောင်းဘီကိုသာချန်လျက် အဝတ်တွေကိုအရင်လျှော်ဖွတ်ရသေးသည်။ ပြီးနောက် နေရောင်ကျရောက်နေသည့် သစ်ပင်ရဲ့ကိုင်းတွေပေါ်မှာ လှန်းထားလိုက်တယ်။ ထို့နောက်တော့ ဝမ်ရိပေါ်က စက္ကူထုပ်ကလေးနဲ့ပတ်ထည့်လာသည့် ဆပ်ပြာတုံးကိုအသုံးပြုလို့ တစ်ကိုယ်ရေသန့်ရှင်းရေးကိုပြုလုပ်တော့သည်။ အေးမြနေတဲ့ရေတွေက စိတ်ကိုကြည်လင်လန်းဆန်းစေပြီး အားအင်တွေပါပြည့်ဝလာစေသည်။

ဝမ်ရိပေါ်ဟာ ရေချိုးသန့်စင်ပြီးနောက် အဆင်ပြေလောက်မယ့် အဝတ်အစားတွေကိုရွေးချယ်ဝတ်ဆင်လိုက်တယ်။ ထုံးစံအတိုင်း ဒူးဖုံးရုံသာရှိတဲ့ ဝတ်ရုံအပါးတွေထဲကမှ နည်းနည်းကြည့်လို့ကောင်းတာလေးတစ်ခုကို ဝတ်ထားလိုက်တာပေါ့။ ရေသုတ်ထားပေမဲ့ အနည်းငယ်စိုစွတ်နေသေးတဲ့ ကျောလယ်လောက်သာရှိသော ဆံနွယ်တွေကို ဆီနည်းနည်းနှင့်သုတ်လိမ်းကာ ဆံထိုးတစ်ခုဖြင့်ခပ်မြင့်မြင့်ထုံးဖွဲ့ထားလိုက်သည်။ ရေစိုဝတ်တွေကိုချန်ထားခဲ့ရင်း အဝတ်ထုပ်ကိုဆွဲကာ ဝမ်ရိပေါ်ဦးတည်ရာသည်ကား မြို့ထဲကစားသောက်ဆိုင်ဆီသို့ပင်။

နေကသိပ်မမြင့်သေးပေမဲ့ ပူပြင်းတဲ့အချိန်ကာလကိုတော့ ရောက်ရှိနေလေပြီ။ သွားလာလှုပ်ရှားနေတဲ့ပုံရိပ်တွေကတော့ တစ်ခုပြီးတစ်ခု။ လမ်းဘေးမှာ သပ်သပ်ရပ်ရပ်ကလေးတည်ထားတဲ့ စားသောက်ဆိုင်လေးထဲကို ဝမ်ရိပေါ်ဝင်တယ်။ ဆိုင်ကလေးဟာ ဇရပ်တစ်ခုလို အမိုးပဲပါပြီးအကာအကွယ်မရှိ။ စုတ်ချာပေမဲ့ သန့်ရှင်းသပ်ရပ်ကာ ဟင်းလျာတွေကလည်းကောင်းမွန်တာကြောင့် ဝမ်ရိပေါ်ကဤဆိုင်လေးကိုသဘောခွေ့သည်။ မနက်စာတိုင်းအတွက် ဤဆိုင်ကလေးဆီ ခဏခဏလာနေကျမို့ ဆိုင်ကစားပွဲထိုးကတောင် သူ့ကိုမျက်မှန်းတန်းမိနေလေပြီ။ နေရောင်မကျတဲ့စားပွဲမှာနေရာယူလိုက်တာနဲ့တစ်ပြိုင်နက် စားပွဲထိုးလေးက သူ့ဆီတန်းရောက်လာတယ်။

"ဒီက အစ်ကိုလေး ဘာမှာမလဲခင်ဗျ ထုံးစံအတိုင်းပဲလား"

"အင်း ထုံးစံအတိုင်းပဲလုပ်ပေးပါ"

"ဟုတ်ပါပြီ ခဏစောင့်ပါဦးနော်"

သိပ်မကြာလိုက်ခင်မှာပဲ အစောနကစားပွဲထိုးလေးက ပေါက်စီထည့်ထားတဲ့ပန်းကန်ရယ် ပဲနို့ပုလင်းရယ်လာချပေးလာတယ်။ မနက်တိုင်း ဒါမျိုးတွေစားနေကျဟုတ်ပေမဲ့ သူအများဆုံးစားဖြစ်တာက ဒါပါပဲ။ အသားပေါက်စီနှစ်လုံးနဲ့ ပဲနို့တစ်ပုလင်းက နေ့လည်အထိအစာခံစေတယ်လေ။ ပေးရတာလည်းတန်တယ်။ ဗိုက်လည်းဝတယ်။ ပါးစပ်လည်းအရသာခံလို့ကောင်းတယ်။ သူလိုရောက်တတ်ရာရာလျှောက်သွားနေတဲ့ လေလွင့်သိုင်းသမားတစ်ယောက်အတွက်တော့ အဆင်သိပ်ပြေတာပေါ့။ ငွေကုန်ကြေးကျနည်းတယ်လေ။

မနက်စာစားနေရင်းပင် အမတ်မင်းရှောင်းနဲ့ ညနေမှာတွေ့ရမယ့်အကြောင်းက ဝမ်ရိပေါ်ခေါင်းထဲပေါ်ပေါ်လာပြီး ဝမ်ရိပေါ်မှာပြုံးစိစိဖြစ်နေရသည်။




Zawgyi

အမတ္မင္းေရွာင္းအား လူစိမ္းကားႀကီးလို႔ မိန္းမပ်ဳိေလးေတြပါးစပ္မွာ ခ်စ္စနိုးျဖင့္ေခၚေဝၚၾကသည့္ အမည္နာမဟာ လက္စသတ္ေတာ့ ဘာမွမဟုတ္တဲ့ေကာလဟာလတစ္ခုပါပဲ။ အခုသူျမင္ေတြခဲ့ရသည့္ အမတ္မင္းေရွာင္းဟာ ယဥ္ေက်းသိမ္ေမြ့သလို စကားေျပာရာမွာလည္း ေျပေျပျပစ္ျပစ္ရွိ၏။ တစ္ဖက္သားကို ေမာက္မာေသာေလသံျဖင့္လည္းမေျပာသလို သူ႔ကိုယ္သူနွိမ့္ခ်ထားသည့္ေလသံနွင့္လည္းမေျပာဘဲ အလြန္ရင္းနီးသည့္ သူငယ္ခ်င္းတစ္ေယာက္ကို စကားေျပာေနသလိုမ်ိဳး ေပါ့ေပါ့ပါးပါး သြက္သြက္လက္လက္နဲ႔ ေျပာဆိုလာသည္။ သံုးနႈန္းတဲ့စကားလံုးေတြကလည္း ရင့္သီးမႈတစ္စက္မွမပါဘဲ ပ်ဴငွာေဖာ္ေ႐ြမႈရွိ၏။  အမတ္မင္းေရွာင္းရဲ႕ စကားေျပာဆိုပံုဟာ ဟန္လုပ္တတ္ေသာစာတတ္ေပတတ္ေတြလိုမ်ိဳး စကားကိုေကြ႕ဝိုက္ကာဥပမာေတြေပးနဲ႔ ေျပာျခင္းမ်ိဳးမဟုတ္ဘဲ တည့္တိုးဆန္ၿပီးျပတ္သားလြန္း၏။ ပညာရွိတစ္ဦး၏ ဂုဏ္အင္လကၡဏာမ်ားပင္ျဖစ္၏။ အမတ္မင္းတစ္ေယာက္ေပမဲ့ ဟန္လုပ္ေနျခင္းမ်ိဳးကိုလည္း ဝမ္ရိေပၚကအကဲခတ္ၾကည့္ေသာ္ မေတြ႕ရ။ အမတ္မင္းေရွာင္းဟာ သူမ်ားေတြေျပာသလို မာနႀကီးတတ္သူမဟုတ္ပါဘဲ တသီးတတစ္သန္႔ဆန္သူသာျဖစ္ေလေတာ့သည္။ လူဆိုသည့္အမ်ိဳးမွာလည္း ကိုယ့္ထက္သာလ်ွင္ သြားပုပ္ေလလြင့္ေျပာတတ္ၾကသည့္ မေကာင္းေသာအက်င့္ေလးကရွိေနျပန္ေတာ့ အမတ္မင္းေရွာင္းလို အထက္တန္းလႊာကလူစားမ်ိဳးကို မေကာင္းေျပာတတ္ၾကတာဟာ အထူးအဆန္းရယ္လို႔မဆိုသာ။

သူမ်ားေတြေျပာသမ်ွဟာ ယံုၾကည္ခ်င္စရာတစ္ကြက္မွမရွိသည့္ လန္က်ဳတ္ဇာတ္လမ္းေတြဆိုေပမဲ့လို႔ အမတ္မင္းေရွာင္းကို နွစ္သက္သေဘာက်ေသာ မိန္းမပ်ိဳေလးမ်ားျဖစ္ေစ အမတ္မင္းေရွာင္းကိုမနာလိုသူမ်ားျဖစ္ေစ အမတ္မင္းေရွာင္းအားေလးစားသူမ်ားျဖစ္ေစ အမတ္မင္းေရွာင္းအား အားက်သူမ်ားျဖစ္ေစ သူတို႔ေျပာေလ့ရွိသည့္အရာတစ္ခုကေတာ့ ေျပာင္းလဲမႈမရွိတူညီေနၿမဲ။ ထိုအရာကေတာ့ အမတ္မင္းေရွာင္းရဲ႕ရုပ္ရည္အေၾကာင္းပင္။ အမတ္မင္းေရွာင္းဟာ ေယာက်္ားဆန္ေသာမ်က္လံုးမ်က္ခံုးေတြနဲ႔ အၾကည္ဓာတ္ခံရွိသည့္မ်က္ဝန္းေတြအား ပိုင္ဆိုင္ထားေၾကာင္း။ သြယ္လ်ေသာေမးရုိးနွင့္ မို႔ေမာက္ေသာပါးအို႔ေလးေတြရွိေၾကာင္း ဆိုးေဆးမကူသည့္နႈတ္ခမ္းေတြဟာ အၿမဲလိုလိုစိုစြတ္နီျမန္းေနေၾကာင္း။ နႈတ္ခမ္းေအာက္က လူတကာရဲ႕စိတ္ဝင္စားမႈကိုညႇိဳ႕ယူနိုင္သည့္ မွဲ႔နက္ေလးဟာလည္းမပါမျဖစ္ေပါ့။ အမတ္မင္းေရွာင္းရဲ႕ တမူထူးျခားၿပီးေခ်ာေမာသည့္ရုပ္ရည္သည္ ပ်ိဳမဒီေတြအားဆြဲေဆာင္နိုင္စြမ္းရွိေၾကာင္းေတြဟာ မည္သူမဆိုေျပာဆိုၾကသည့္ အေၾကာင္းေတြျဖစ္ေလေတာ့သည္။ အမတ္မင္းေရွာင္းအား အျမင္မၾကည္သူမ်ားကပင္ အမတ္မင္းေရွာင္း၏ရုပ္ရည္ေခ်ာေမာပံုအား စကားထဲထည့္မေျပာဘဲမေနနိုင္ၾက။ ဒါကိုေတာ့ သူတို႔ဘက္ကေန ဝမ္ရိေပၚလည္းေထာက္ခံရေပေတာ့မည္။ မွန္သည္။ အမတ္မင္းေရွာင္း၏ ရုပ္ရည္မွာ သာမန္ထက္ထူးကဲ၍ အရမ္းကိုလက္ရာေကာင္းမြန္ေသာ တစ္ေယာက္ထက္မကသည့္ ပန္းပုဆရာမ်ားက အခ်ိန္ေပါင္းမ်ားစြာေပးကာ တတ္သမ်ွမွတ္သမ်ွေတြကိုအသံုးျပဳလို႔ အေသသပ္ဆံုးလက္ရာေျမာက္တစ္ခုျဖစ္ေအာင္ ေသခ်ာထုဆစ္ထားသည့္ အလွျပပန္းပုရုပ္တစ္ခုလို ခန္႔ညားထည္ဝါၿပီး ရုိေသေလးစားခ်င္ဖြယ္ေကာင္း၏။

ေရွာင္းက်န္႔ဟာ လူမျမင္သူမျမင္နဲ႔ေနတတ္သူမို႔ ဝမ္ရိေပၚမွာ အမတ္မင္းေရွာင္းရဲ႕မ်က္နွာကိုပင္တစ္ခါမ်ွမျမင္ဖူးပါဘဲ အိမ္ေရွ႕မွာသြားေစာင့္ေနခဲ့သည္ဟာ နည္းနည္းေတာ့ အူေၾကာင္ေၾကာင္နဲ႔ ရယ္ခ်င္စရာေကာင္းသား။ အမတ္မင္းေရွာင္းက သူမတူေအာင္ေခ်ာတယ္ဆိုလို႔ ဘယ္ေလာက္မ်ားေခ်ာပါသလဲလို႔ ဝမ္ရိေပၚ၏ စူးစမ္းစပ္စုလိုေသာ သိခ်င္စိတ္ကလည္းျပင္းျပခဲ့တာမို႔ လက္ရည္ခ်င္းယွဥ္ခ်င္သည္ကလည္းရွိတာမို႔ အိမ္ေရွ႕မွာဘဲ အိပ္ေရးပ်က္ခံၿပီးေစာင့္ခဲ့ရတာေတြ ျခင္ကိုက္ခံရင္း လည္ပင္းတရွည္ရွည္နဲ႔ စိတ္တစ္ခ်က္မပ်က္ပါဘဲ ေစာင့္ခဲ့ရတာေတြ ညစာကိုပင္အလြတ္ခံရင္း ေစာင့္ေနခဲ့တာေတြက ေနာက္ဆံုးမွာေတာ့ သဲထဲေရသြန္မျဖစ္ခဲ့ရုံသာမက နတ္သားတစ္ပါးအလား ေခ်ာေမာသည့္မ်က္နွာေတာ္ကိုလည္းျမင္ေတြ႕ခြင့္ရခဲ့သည္မို႔ ေရွာင္းက်န္႔က သူ႔ေတာင္းဆိုခ်က္ကိုျငင္းခဲ့သည္ပဲထားဦးေတာ့ ဝမ္ရိေပၚအတြက္ေတာ့မ်က္နွာကိုျမင္ရုံနဲ႔တင္ သိုင္းေလာကရဲ႕ထိပ္ေခါင္ဆိုသည့္ ဂုဏ္ပုဒ္ေနရာကိုရလိုက္သလိုပင္။ လူတိုင္းျမင္ေတြ႕ခြင့္မရသည့္ အမတ္မင္းေရွာင္းရဲ႕မ်က္နွာကိုပင္ ကိုယ္ေတြ႕ျမင္ရရုံမ်ွမကဘဲ စကားပါေျပာဆိုခြင့္ရခဲ့ၿပီး လက္ရည္ခ်င္းယွဥ္ဖို႔ကမ္းလွမ္းခ်က္ကိုပင္ အမတ္မင္းေရွာင္းကလက္ခံေပးလာသည္မို႔ ဝမ္ရိေပၚဟာ အေပ်ာ္လံုးေတြစို႔ေနပါေတာ့သည္။

တည္းခိုေဆာင္ဆီသို႔အျပန္လမ္းမွာ ဝမ္ရိေပၚရဲ႕ေျခလွမ္းေတြဟာ တက္ႂကြေနပါတယ္။ အိမ္ေခါင္မိုးေတြေပၚကေန ခုန္ပ်ံေက်ာ္လႊားၿပီး သြားေနျခင္းဟာ အျမင့္သို႔ေရာက္ေနသည့္ သူ၏ေပ်ာ္႐ႊင္စိတ္ေတြကို အေတာင္ပံတပ္ေပးလိုက္သလိုပဲ။ ဝမ္ရိေပၚရဲ႕ ေပ်ာ္႐ႊင္မႈေတြအားလံုးက ဟိုးအထိဋ္အထိပ္သို႔ေရာက္ရွိေနၾကၿပီး မိုးနတ္မင္းေတာင္ လူ႔ျပည္ဆင္းလာၿပီး သူ႔နတ္နန္းကိုဘာကလာတိုက္ေနသလဲဆိုတာကို ၾကည့္ရေတာ့မည့္အျဖစ္။ ရင္အုပ္တစ္ခုလံုးဟာနိမ့္ခ်ည္ျမင့္ခ်ည္နဲ႔ အသက္ကိုမွန္ေအာင္ရႈေနရေပမဲ့ ဝမ္ရိေပၚရဲ႕မ်က္နွာေပၚမွာေတာ့ အၿပံဳးႀကီးႀကီးကေနရာယူထားေလသည္။ အေမွာင္က်ၿပီး လူအိပ္ခ်ိန္မဟုတ္ဘဲ မီးေရာင္ေတြထြန္းလင္းေနေသးၿပီး လူေတြသြားလာေနၾကေသးတဲ့အခ်ိန္သာဆိုလ်ွင္ လူေတြက ေလထဲေျပးလႊားေနၿပီး ၿပံဳးေနသည့္သူ႔ပံုစံကိုသာျမင္လို႔ကေတာ့ သိုင္းက်င့္ရင္းခ်ီဓာတ္ေဖာက္ျပန္သြားတဲ့လူလို႔ ထင္မွတ္ၾကမွာ မလြဲဧကန္။ ေနာက္ၿပီးရုပ္ကေလးက ေခ်ာေခ်ာေမာေမာနဲ႔ ရူးသြားရွာတာနွေျမာစရာ သနားစရာလို႔ေတာင္ေျပာၾကဦးလိမ့္မည္။

ဝမ္ရိေပၚက စိတ္ထင္ေနသည္လားေတာ့မသိေပဲ့ စႏၵာလမင္းရဲ႕အေရာင္အဝါဟာ ဒီညက်မွပို၍လွပသေယာင္ နက္ေမွာင္ေသာေကာင္းကင္ထက္က ၾကယ္ပြင့္ေလးမ်ားသည္လည္း ယခုညမွမွပို၍ထြန္းလင္းေနသေယာင္ နားၿငီးသည္ဟု ယူဆထားေသာ ပုစဥ္းရင္ကြဲတို႔၏ ျမည္သံတို႔သည္လည္း ယေန႔ညမွနားဝင္ခ်ိဳေနသေယာင္ တိုက္ခတ္ေသာေလျပည္တို႔သည္လည္း ယေန႔ညမွပို၍ေအးျမသေယာင္ျဖစ္ေနေတာ့သည္။ တိတ္ဆိတ္ၿငိမ္သက္ေနေသာ ညအခ်ိန္အခါဝယ္ ဝမ္ရိေပၚ၏ ဒူးဖံုးရုံသာရွိတဲ့ဝတ္ရုံစေတြဟာ အျမင့္ကေနခုန္ခ်လိုက္တိုင္းမွာ လြတ္လပ္ေသာငွက္တို႔ရဲ႕ေတာင္ပံေတြအလား အရုိင္းဆန္စြာလြင့္လူးရုိက္ခတ္ကုန္ၾကေတာ့သည္။ ကိုယ္ေဖာ့သိုင္းကိုအျမင့္ဆံုးအထိအသံုးျပဳကာ အိမ္ေခါင္မိုးေတြေပၚမွာ ေကာင္းကင္ဘံုမွ နတ္မင္းတစ္ပါးအလား ကူးလူျဖတ္သန္းေျပးလႊားရျခင္းဟာ ဘယ္အရာနဲ႔မွနႈိင္းယွဥ္လို႔မရသည့္ လြတ္လပ္မႈ၏ ခံစားခ်က္ကိုအျပည့္အဝေပးစြမ္းနိုင္သည္။ သိုင္းေလာကဟာ လြတ္လပ္ေပမဲ့ အၿပိဳင္အဆိုင္ေတြ ရန္သူရန္ဖက္ေတြမ်ား၏။ ဘုရင္ေတြအုပ္ခ်ဳပ္ေသာတိုင္းျပည္တို႔သည္လည္း ထိုနည္းလည္းေကာင္းပင္။ သို႔ေသာ္ သိုင္းေလာကနွင့္မတူစြာ တိုင္းျပည္မ်ားမွာေနထိုင္သူတို႔သည္ကား လြတ္လပ္မႈကိုအျပည့္အဝမခံစားရေခ်။ သိုင္းေလာကဆိုသည္မွာ ၾကမ္းတန္းခက္ခဲေသာ္ျငား ေအးေအးေဆးေဆးနဲ႔ ကိုယ့္ဝမ္းကိုယ္ေက်ာင္းရင္း ကိုယ့္အေပ်ာ္ကိုယ္ရွာရင္း သူမ်ားကိစၥဝင္မရႈပ္လ်ွင္ေတာ့ အလြန္ကိုေနခ်င္စရာေကာင္းေသာေနရာျဖစ္ပါ၏။

အမတ္မင္းေရွာင္းကေရာ အမတ္မင္းေနရာကေန နႈတ္ထြက္လို႔ လြတ္လပ္ခ်င္ပါရဲ႕လား။ အလုပ္ေတြပဲဖိလုပ္ရင္း တစ္သက္လံုးကိုကုန္ဆံုးေစမွာလား။ ေလွာင္ခ်ိဳင့္တစ္ခုလိုေနရာမ်ိဳးမွာ အမတ္မင္းေရွာင္းက ေပ်ာ္ေမြ့ပါရဲ႕လား။ လွမ္းေလ်ွာက္လိုက္တဲ့ ေျခလွမ္းတိုင္းဟာ ထိန္းခ်ဳပ္ခံထားရတဲ့ ရုပ္ေသးရုပ္ပမာဘဝကို အမတ္မင္းေရွာင္းကသေဘာက်ပါရဲ႕လား။ လြတ္လပ္ခ်င္စိတ္ေရာ အမတ္မင္းေရွာင္းမွာရွိပါရဲ႕လား။ တစ္ခ်ိန္ခ်ိန္မွာ တစ္ျခားသူရဲ႕မသမာမႈနဲ႔ အခ်ိန္မေ႐ြးေခါင္းနဲ႔ကိုယ္နဲ႔အိုးစားကြဲနိုင္တဲ့ အေျခအေနမွ အမတ္မင္းေရွာင္းဟာ လြတ္ေျမာက္ခ်င္ပါရဲ႕လား။ ဂုဏ္ေတြျဒပ္ေတြ ရားထူးေတြအာဏာေတြမရွိဘဲ အမတ္မင္းေရွာင္းဟာ အပူအပင္ကင္းစြာနဲ႔ က်န္ရွိေနတဲ့သက္တမ္းကို ျဖတ္သန္းခ်င္ပါရဲ႕လား။ လြတ္လပ္မႈရဲ႕အရသာကို အမတ္မင္းေရွာင္းကခံစားခ်င္ပါရဲ႕လား။ ထိုေမးခြန္းေတြရဲ႕အေျဖကိုေတာ့ အမတ္မင္းေရွာင္းကလြဲ၍ မည္သူမွမေျဖၾကားနိုင္ေပ။

ၿမိဳ႕စြန္ၿမိဳ႕ဖ်ားက ေတာအုပ္ေလးဟာေအးခ်မ္းတယ္။ ပုစဥ္းရင္ကြဲေကာင္ေတြနဲ႔ အျခားေသာပိုးေကာင္မႊားေကာင္ေတြရဲ႕ ေအာ္ဟစ္ျမည္တီးသံေတြဟာ တိုးညႇင္းေသာ္ျငား တစီစီထြက္ေပၚေနၾကသည္မို႔ က်ယ္ေလာင္ေနပါ၏။ သစ္ပင္ေတြဟာႀကီးမားၿပီး အ႐ြက္ေတြဟာအုပ္ဆိုင္းေနေသာ ေတာအုပ္ထဲမွာ ထြန္းလင္းေနသည့္ လေရာင္ပင္ထိုးလို႔မေပါက္ဘဲ ေမွာင္မည္းလ်က္။ အေမွာင္ကိုသာသေဘာက်သည့္ ဝမ္ရိေပၚအတြက္ေတာ့ သည္ေတာအုပ္ဟာ ေျခာက္ျခားစရာမေကာင္းဘဲ ေအးေဆးအနားယူအိပ္စက္ရန္အတြက္ ေနရာေကာင္းတစ္ခုပင္ျဖစ္ေန၏။ သန္းေခါင္ပင္ေက်ာ္ေနၿပီး အရုဏ္တက္ခ်ိန္သို႔ေရာက္ဖို႔ရာကလည္း အလွမ္းမေဝးေတာ့ေခ်။ အခုအခ်ိန္မွာသာအိပ္ေပ်ာ္သြားက မနက္ကိုေတာ့ေနာက္က်မွထေတာ့မွာ ေသခ်ာသည္၊ မနက္အထိေရာက္ေအာင္ေစာင့္ၿပီးမွ နည္းနည္းေလာက္အိပ္လိုက္ရင္ျဖစ္ေပမဲ့ အရမ္းအိပ္ခ်င္ေနသျဖင့္ မနက္ေရာက္သည္အထိ မအိပ္မေနေစာင့္မေနေတာ့ဘဲ ဒီတိုင္းပဲအိပ္လိုက္ဖို႔သာ ဝမ္ရိေပၚဆံုးျဖတ္လိုက္ေတာ့သည္။ ဘယ္ေလာက္ပဲအိပ္ေရးပ်က္ပ်က္ ေန႔လည္အထိေတာ့သူအိပ္နိုင္မွာမဟုတ္ပါဘူးေလ။

မနက္ခင္းဟာအေစာတလ်င္ပဲေရာက္ရွိလာေသာ္ျငား ဝမ္ရိေပၚမွာ အိပ္လို႔ေကာင္းေနဆဲ။ ေနေရာင္ဟာေဖ်ာ့ေတာ့ေသးတာမို႔ ေတာအုပ္ထဲသို႔ေနကမေရာက္ေသးေပ။ ဝမ္ရိေပၚဟာ သစ္ကိုင္းတုတ္တုတ္တစ္ခုေပၚမွာ အဝတ္ထုပ္ကိုေခါင္းအံုးရင္း ေမွာက္လ်က္အေနအထားျဖင့္ ေျခေထာက္နွစ္ဖက္က သစ္ကိုင္းရဲ႕တစ္ဖက္တစ္ခ်က္မွာ ကားလ်ားခြလ်က္ေအးခ်မ္းစြာအိပ္ေပ်ာ္ေနသည္။ ေဖာင္းအိေနေသာ ပါးတစ္ဖက္ကလည္းအဖိခံထားရသျဖင့္ အျပင္သို႔ထြက္ေနၿပီး နႈတ္ခမ္းေတြကလည္း နည္းနည္းစူထြက္ေနသည္။

ေနေရာင္ေတြကတစ္စနဲ႔တစ္စပိုပိုျပင္းလာၿပီးေနာက္ေတာ့ မ်က္လံုးေပၚသို႔က်ေရာက္လာသည့္ ေနတစ္ေပါက္ေၾကာင့္ ဝမ္ရိေပၚကနိုးလာပါေတာ့တယ္။ ဆက္ၿပီးအိပ္ခ်င္ေနသာ္ျငား ခဏေလာက္သာလွဲေနလိုက္ၿပီး အားယူလို႔ေသခ်ာထရေတာ့သည္။ မဟုတ္ပါက သစ္ကိုင္းေပၚကေနလိမ့္က်ၿပီး ခါးနာသြားကာ အမတ္မင္းေရွာင္းနဲ႔လက္ရည္မယွဥ္နိုင္ျဖစ္ရလိမ့္မည္။ ရႈပ္ပြေနသည့္ဆံပင္ေတြကိုလ်စ္လ်ဴရႈရင္း ေတာအုပ္ထဲက ေရတံခြန္ရွိရာဆီသို႔ ဝမ္ရိေပၚေလ်ွာက္လွမ္းသြားသည္။ ေလာ့ယန္ၿမိဳ႕ဆီေရာက္ေရာက္ခ်င္းတုန္းကတည္းက တည္းခိုခန္းခမကုန္ေစရန္။ ဤေတာအုပ္ကိုအရင္ဆံုး လွည့္ပတ္ေလ့လာထားၿပီးသားျဖစ္၍ ဤေတာအုပ္ကားလူအေရာက္အေပါက္နည္းသျဖင့္ အဆင္ေျပတာေၾကာင့္ ဝမ္ရိေပၚဟာ ေလာ့ယန္ၿမိဳ႕မွာခဏေလာက္ လည္ပတ္ရန္ဆံုးျဖတ္လိုက္ျခင္းပင္။ မထင္မွတ္ပါဘဲ ၿမိဳ႕ထဲေလ်ွာက္သြားရာမွ နားစြန္နားဖ်ားၾကားမိသည့္ အမတ္မင္းေရွာင္း၏အေၾကာင္းအရာမ်ားေၾကာင့္ ယခုေတာ့ သူဟာေလာ့ယန္ၿမိဳ႕မွာေရာက္ေနတာ ၁၆ရက္ပင္ျပည့္ေလၿပီ။ ပံုမွန္ဆိုလ်ွင္ ေနရာတစ္ေနရာတည္းမွာ အၾကာႀကီးမေနတတ္သူ ဝမ္ရိေပၚဟာ ထူးဆန္းလြန္းသည့္အမတ္မင္းေရွာင္းကို စံုစမ္းလိုတာေၾကာင့္ ေလာ့ယန္ၿမိဳ႕မွာပဲ စနည္းနာေနခဲ့ရသည္။ အခုမွာေတာ့ အမတ္မင္းေရွာင္းနဲ႔ ထိပ္တိုက္ဆံုေတြ႕ခြင့္ရခဲ့ၿပီး လက္ရည္ခ်င္းယွဥ္ဖို႔ကမ္းလွမ္းခ်က္သည္ပင္ လက္ခံျခင္းရရွိေလသည္။

ေရတံခြန္ဆိုသည္မွာ အေသးေလးသာျဖစ္ၿပီး အျမင့္ကလည္း ၁၀ေပေလာက္သာရွိသည္။ ထိုေရတံခြန္ရဲ႕ေအာက္မွာေတာ့ ေခ်ာင္းငယ္ေလးရွိေနသည္။ ဝမ္ရိေပၚက ေရတံခြန္ေအာက္နားမေရာက္ခင္မွာပဲ အက်ႌေတြကိုခြၽတ္လိုက္ၿပီး ဝတ္ရမယ့္အက်ႌေတြကိုထုတ္ကာ အဝတ္ထုပ္ကိုေတာ့ ခပ္လွမ္းလွမ္းက ေက်ာက္ေဆာင္ေပၚတင္ထားသည္။ အက်ႌေတြခြၽတ္ကာ အတြင္းခံေဘာင္းဘီကိုသာခ်န္လ်က္ အဝတ္ေတြကိုအရင္ေလ်ွာ္ဖြတ္ရေသးသည္။ ၿပီးေနာက္ ေနေရာင္က်ေရာက္ေနသည့္ သစ္ပင္ရဲ႕ကိုင္းေတြေပၚမွာ လွန္းထားလိုက္တယ္။ ထို႔ေနာက္ေတာ့ ဝမ္ရိေပၚက စကၠဴထုပ္ကေလးနဲ႔ပတ္ထည့္လာသည့္ ဆပ္ျပာတံုးကိုအသံုးျပဳလို႔ တစ္ကိုယ္ေရသန္႔ရွင္းေရးကိုျပဳလုပ္ေတာ့သည္။ ေအးျမေနတဲ့ေရေတြက စိတ္ကိုၾကည္လင္လန္းဆန္းေစၿပီး အားအင္ေတြပါျပည့္ဝလာေစသည္။

ဝမ္ရိေပၚဟာ ေရခ်ိဳးသန္႔စင္ၿပီးေနာက္ အဆင္ေျပေလာက္မယ့္ အဝတ္အစားေတြကိုေ႐ြးခ်ယ္ဝတ္ဆင္လိုက္တယ္။ ထံုးစံအတိုင္း ဒူးဖံုးရုံသာရွိတဲ့ ဝတ္ရုံအပါးေတြထဲကမွ နည္းနည္းၾကည့္လို႔ေကာင္းတာေလးတစ္ခုကို ဝတ္ထားလိုက္တာေပါ့။ ေရသုတ္ထားေပမဲ့ အနည္းငယ္စိုစြတ္ေနေသးတဲ့ ေက်ာလယ္ေလာက္သာရွိေသာ ဆံႏြယ္ေတြကို ဆီနည္းနည္းနွင့္သုတ္လိမ္းကာ ဆံထိုးတစ္ခုျဖင့္ခပ္ျမင့္ျမင့္ထံုးဖြဲ႕ထားလိုက္သည္။ ေရစိုဝတ္ေတြကိုခ်န္ထားခဲ့ရင္း အဝတ္ထုပ္ကိုဆြဲကာ ဝမ္ရိေပၚဦးတည္ရာသည္ကား ၿမိဳ႕ထဲကစားေသာက္ဆိုင္ဆီသို႔ပင္။

ေနကသိပ္မျမင့္ေသးေပမဲ့ ပူျပင္းတဲ့အခ်ိန္ကာလကိုေတာ့ ေရာက္ရွိေနေလၿပီ။ သြားလာလႈပ္ရွားေနတဲ့ပံုရိပ္ေတြကေတာ့ တစ္ခုၿပီးတစ္ခု။ လမ္းေဘးမွာ သပ္သပ္ရပ္ရပ္ကေလးတည္ထားတဲ့ စားေသာက္ဆိုင္ေလးထဲကို ဝမ္ရိေပၚဝင္တယ္။ ဆိုင္ကေလးဟာ ဇရပ္တစ္ခုလို အမိုးပဲပါၿပီးအကာအကြယ္မရွိ။ စုတ္ခ်ာေပမဲ့ သန္႔ရွင္းသပ္ရပ္ကာ ဟင္းလ်ာေတြကလည္းေကာင္းမြန္တာေၾကာင့္ ဝမ္ရိေပၚကဤဆိုင္ေလးကိုသေဘာေခြ႕သည္။ မနက္စာတိုင္းအတြက္ ဤဆိုင္ကေလးဆီ ခဏခဏလာေနက်မို႔ ဆိုင္ကစားပြဲထိုးကေတာင္ သူ႔ကိုမ်က္မွန္းတန္းမိေနေလၿပီ။ ေနေရာင္မက်တဲ့စားပြဲမွာေနရာယူလိုက္တာနဲ႔တစ္ၿပိဳင္နက္ စားပြဲထိုးေလးက သူ႔ဆီတန္းေရာက္လာတယ္။

"ဒီက အစ္ကိုေလး ဘာမွာမလဲခင္ဗ် ထံုးစံအတိုင္းပဲလား"

"အင္း ထံုးစံအတိုင္းပဲလုပ္ေပးပါ"

"ဟုတ္ပါၿပီ ခဏေစာင့္ပါဦးေနာ္"

သိပ္မၾကာလိုက္ခင္မွာပဲ အေစာနကစားပြဲထိုးေလးက ေပါက္စီထည့္ထားတဲ့ပန္းကန္ရယ္ ပဲနို႔ပုလင္းရယ္လာခ်ေပးလာတယ္။ မနက္တိုင္း ဒါမ်ိဳးေတြစားေနက်ဟုတ္ေပမဲ့ သူအမ်ားဆံုးစားျဖစ္တာက ဒါပါပဲ။ အသားေပါက္စီနွစ္လံုးနဲ႔ ပဲနို႔တစ္ပုလင္းက ေန႔လည္အထိအစာခံေစတယ္ေလ။ ေပးရတာလည္းတန္္တယ္။ ဗိုက္လည္းဝတယ္။ ပါးစပ္လည္းအရသာခံလို႔ေကာင္းတယ္။ သူလိုေရာက္တတ္ရာရာေလ်ွာက္သြားေနတဲ့ ေလလြင့္သိုင္းသမားတစ္ေယာက္အတြက္ေတာ့ အဆင္သိပ္ေျပတာေပါ့။ ေငြကုန္ေၾကးက်နည္းတယ္ေလ။

မနက္စာစားေနရင္းပင္ အမတ္မင္းေရွာင္းနဲ႔ ညေနမွာေတြ႕ရမယ့္အေၾကာင္းက ဝမ္ရိေပၚေခါင္းထဲေပၚေပၚလာၿပီး ဝမ္ရိေပၚမွာၿပံဳးစိစိျဖစ္ေနရသည္။

Continue Reading

You'll Also Like

206K 10.4K 89
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...
11.8K 287 22
.👀 ႀကိတ္​ၿပီးၾကည္​့မ​ေနၾကနဲ႔ ​ေနာ္​ ႀကိဳက္​ရင္​ share ၾက 😁
3.7K 189 4
ZhanYi! Not Yizhan! So Thank you for reading!
261K 8.1K 186
What if a Pokémon Trainer found herself in the world of One Piece? What if she found herself with the Strawhat Pirates? What if she finds herself get...