Summer Of Luoyang

Da HmineNyotOo

3.6K 244 3

အမတ်မင်းရှောင်းနဲ့ သိုင်းသမားလေးဝမ်ရိပေါ် အမတ္မင္းေရွာင္းနဲ႔ သိုင္းသမားေလးဝမ္ရိေပၚ Yizhan Fanfiction Started... Altro

အခန်း ၁ / အခန္း ၁
အခန်း ၃ / အခန္း ၃
အခန်း ၄ / အခန္း ၄
အခန်း ၅ / အခန္း ၅
အခန်း ၆ / အခန္း ၆ (Final)

အခန်း ၂ / အခန္း ၂

533 37 0
Da HmineNyotOo

Unicode

လရောင်ဟာ ထိန်ထိန်လင်းလို့ လမင်း၏တည်နေရာသည်လည်း ကောင်းကင်၏အထိဋ်အထိပ်သို့ ရောက်ရှိနေလေပြီ။ တစ်ချက်တစ်ချက်ဝေ့ဝဲတိုက်ခတ်သည့် လေညှင်းတွေရယ် ပုစဉ်းရင်ကွဲတွေရဲ့အော်သံတွေရယ်ကလွဲလို့ အခြားဘာသံမှမကြားရပါဘဲ တိတ်ဆိတ်နေသည်ဟူ၍ပင် ပြောလို့ရနိုင်၏။ ညဉ့်နက်လို့ သန်းခေါင်တောင်ကျော်လာပေမဲ့ ထိုသူမျှော်လင့်နေသူကား အခုအချိန်အထိရောက်လာခြင်းမရှိ။ အာခေါင်ခြောက်လာတာနဲ့ ဘူးသီးခြောက်ထဲမှရေကို ထိုသူကတစ်ငုံသောက်လိုက်တယ်။ အမတ်မင်းရှောင်းက အိမ်ပြန်နောက်ကျတတ်မှန်းသူသိလို့ အရင်နေ့ညတုန်းက စောစောအိပ်ရာဝင်လာခဲ့တာ အတော်မှန်သွားလေပြီ။ သို့သော်လည်းပဲ အိပ်ချင်စိတ်မပေါ်ဘူးပြောရင်တော့ မုသားဆိုရာကျမှာပေါ့။ ဒီလောက်ညဉ့်နက်နေမှတော့ ဘယ်သူကမအိပ်ချင်ဘဲနေမလဲ။ ပျော်စရာလည်းမရှိ လုပ်စရာလည်းမရှိ ဒီတိုင်းကြီးစောင့်နေရတာ ပျင်းစရာကကောင်းတော့ ထိုသူမှာ ပိုလို့တောင်အိပ်ချင်စိတ်ပေါက်နေသည်။

ခပ်လေးလေးခြေသံတစ်စုံဟာ လမ်းထဲချိုးဝင်လာသည့်အသံကိုကြားတာကြောင့် ခြံစည်းရိုးကိုကျောမှီ၍ ငပျင်းပုံစံဖမ်းနေသည့် ထိုသူရဲ့ကျောကုန်းက တမဟုတ်ချင်းတန်းမတ်သွားသည်။ ထိုသူဟာ ထိုင်နေရာမှထကာ ခါးနောက်ထိုးထည့်ထားသည့် ဓားမြှောင်ကိုလည်း လှမ်းဆုပ်ကိုင်ထားပြီး အချိန်မရွေးဆွဲထုတ်လိုက်ဖို့ အသင့်အနေအထားပင်။ မှောင်မှောင်ညရဲ့ တစ်ခုတည်းသောအလင်းရောင်ဟာ လရောင်သာရှိပြီး အခြားသောအလင်းရောင်ဆိုသည်မှာနတ္ထိ။ မျက်စိကောင်းလွန်းသည့် ထိုသူကတော့ အမှောင်ထဲမှာ လမ်းလျှောက်လာနေသူကို တော်တော်လေးသဲသဲကွဲကွဲ မြင်နေရသည်။ ရုံးတော်ကအမတ်မင်းတွေဝတ်တဲ့ ဝတ်ရုံနီနီကိုတွေ့ခါမှ သူစောင့်နေသူများလားလို့ ထိုသူကအတွေးဝင်မိသော်ငြား သတိနဲ့တော့နေဆဲပင်။ ထိုသူဟာ မြေပြင်ပေါ်ကခြေနှစ်ဖက်ကို အတန်အသင့်ကားထားပြီး ဓားမြှောင်ကိုလည်း ဆွဲထုတ်ဖို့တပြင်ပြင်နဲ့လုပ်နေသည်။

ဖြောင့်မတ်သော်ငြား ပင်ပန်းနေသူလိုလေးလံတဲ့ ခြေလှမ်းတွေက ထိုသူ့အနားကိုတဖြည်းဖြည်းနဲ့ချဉ်းကပ်လာတော့ လရောင်ဝင်းဝင်းအောက်မှာ အမတ်မင်းဝတ်စုံနဲ့တစ်ဖက်လူရဲ့မျက်နှာကို ထိုသူကထင်ထင်ရှားရှားမြင်လိုက်ရသည်။ ကြည်လင်သောမျက်ဝန်းတစ်စုံက မှေးစင်းနေပြီး မျက်ကွင်းတွေကအနည်းညိုနေသည်။ မျက်တွင်းတွေကလည်း အပေါ်တည့်တည့်မှတောက်ပနေသော လ၏အလင်းကြောင့် ချိုင့်ဝင်နေသယောင်။ တောင်တန်းတွေသဖွယ် မြင့်မားပြီး သွယ်ဆင်းနေတဲ့နှာတံရယ် မထူမပါးနှုတ်ခမ်းတစ်စုံရဲ့အောက်မှာလည်း မှဲ့နက်လေးတစ်ခုဟာနေရာယူထားလေရဲ့။ ထိုသူ့အထင်မမှားလျှင် သူ့ရှေ့ကလူကား အမတ်မင်းရှောင်းပင်ဖြစ်ရမည်။ မိန်းမပျိုလေးများပြောကြသော အကြည်ဓာတ်ခံလေးနဲ့မျက်နှာဆိုသည်မှာ သူ့ရှေ့ကလူနဲ့ကိုက်ညီနေ၏။

"ဒီက ဘယ်သူများလဲ ခင်ဗျ ကျွန်တော့်အိမ်ရှေ့မှာရောက်နေတာ ဘာကိစ္စများရှိလို့ပါလဲ"

အမတ်မင်းရှောင်းရဲ့အသံဟာ စိမ့်စမ်းရေအလားကြည်လင်ပြီး ဓားသွားတို့လိုပြတ်သားသော်ငြား ပင်ပန်းနွမ်းနယ်မှုတွေကြောင့်ထင် အနည်းငယ်လျော့တိလျော့ရဲနိုင်ပြီး အိပ်ချင်မူးတူးအသံနဲ့ခပ်ဆင်ဆင်ဖြစ်နေ၏။ ထိုသူက အမတ်မင်းရှောင်းအား စကားကိုဆင်ဝေ့ရန်ရှောင် ကွေ့ပတ်ပြောမနေတော့ဘဲ လိုရင်းတိုရှင်းနဲ့ပဲပြောလိုက်ပါတယ်။

"အမတ်မင်းရှောင်းနဲ့ ကျွန်တော်က လက်ရည်ပြိုင်ချင်လို့ပါ မနက်ဖြန်ကျရင် ကျွန်တော့်နဲ့လက်ရည်ချင်းယှဉ်ပေးနိုင်မလားလို့ လာရောက်မေးမြန်းတာပါ"

"ရပါတယ် ညနေနေဝင်ချိန်ကျရင် လာခဲ့ပါ အမည်က ဘယ်လိုခေါ်ပါသလဲ"

"ကျွန်တော့်နာမည်က ဝမ်ရိပေါ် ပါ"

အမတ်မင်းရှောင်းက အိပ်ချင်နေတာကြောင့် စကားကိုရှည်ရှည်ဝေးဝေးမပြောချင်တော့တာနဲ့ပဲ သူ့ကိုမောင်းထုတ်ဖို့ရာအတွက် ပြိုင်ဆိုင်ဖို့ကိစ္စကို သဘောတူလိုက်တာလားတော့မသိ။ အမတ်မင်းရှောင်းဟာ ပြောပြီးသားစကားကိုတည်တတ်သူလို့ ကျော်ကြားတာကြောင့် သူ့ကိုမလှိမ့်တပတ်လုပ်သွားမယ်လို့လည်း ထိုသူကမထင်ချေ။ ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန်ညနေနေဝင်ချိန်မှာတော့ သူတို့လက်ရည်ချင်းယှဉ်ရဦးတော့မယ်လို့သာ ထိုသူကစွဲစွဲမြဲမြဲမှတ်သားထားလိုက်တော့သည်။ အမတ်မင်းရှောင်းနဲ့ လက်ရည်ချင်းယှဉ်ရတော့မည်ဆိုတော့ ထိုသူရဲ့ရင်ထဲမှာပျော်ရွှင်မှုလှိုင်းလေးတစ်ခု ဖြတ်သွားသည်။ နာမည်ကြီးသော အမတ်မင်းရှောင်းနဲ့တိုက်ခိုက်ရမယ်ဆိုတော့ မပျော်တာကမှထူးဆန်းနေပါဦးမယ်။

"အမတ်မင်းရှောင်း ကောင်းသောညလေးဖြစ်ပါစေ ကျွန်တော်ပြန်လိုက်ပါဦးမယ်"

"ကောင်းပါပြီ"

ထိုသူက လက်နှစ်ဖက်ကိုယှက်လို့ အရိုအသေပြုတော့ အမတ်မင်းရှောင်းကလည်း ထိုသူနဲ့နည်းတူစွာအရိုအသေပြန်ပေးလျက် စကားဆိုလာပါ၏။ အမတ်မင်းရှောင်းရဲ့ယဉ်ကျေးပုံတွေက လော့ယန်မြို့မှာ ဟိုးလေးတကျော်ကျော်ဖြစ်တာလည်း မထူးဆန်းတော့ပါဘူးလို့ ထိုသူကတွေးလိုက်မိပါ၏။ အခုမှတွေ့ဖူးသည့် နောက်ကြောင်းရာဇဝင်မထင်ရှားသူတစ်ဦးကိုပင် ရိုရိုသေသေနဲ့ဆက်ဆံလာပုံဟာ အမတ်မင်းရှောင်းသည် ဘယ်လောက်မျှ အဆင့်အတန်းရှိပြီး ယောက်ျားပီသကာ ယဉ်ကျေးသိမ်မွေ့သည်ကို ဖော်ပြနေလေ၏။

ဝမ်ရိပေါ်ဆိုသူ ထွက်ခွာသွားပြီးနောက် ရှောင်းကျန့်က ခြံတံခါးကိုသော့ဖွင့်လို့ ခြံဝန်းငယ်ထဲက မြက်ဖုံးခြင်းမခံရသည့် နှစ်ပေမျှသာကျယ်ဝန်းသော ကျောက်ခင်းလမ်းလေးပေါ်သို့ ခြေလှမ်းတွေကိုငြိမ်အောင်ထိန်းလို့ အိမ်ထဲသို့ရောက်အောင်သွားရသည်။ ညစာလည်းမစားရသေးတာကြောင့် ဗိုက်ကဟာနေပြီး ညဉ့်နက်သည်အထိ လျှောက်လွှာတွေနှင့် စာရင်းတွေကိုအဖန်ဖန် စိစစ်ဖတ်ရှုရတာကြောင့်လည်း ရှောင်းကျန့်တစ်ကိုယ်လုံးဟာ အားအင်ချိနဲ့နေရတော့သည်။ ဗိုက်ကဆာနေပေမဲ့လို့ အနားယူချင်နေတဲ့ခန္ဓာကိုယ်ကိုသာ ဦးစားပေးလို့ အမတ်မင်းခေါင်းဆောင်း ဖိနပ် ခြေအိတ်တွေနဲ့ အမတ်မင်းဝတ်ရုံကိုပါချွတ်လို့ ကြမ်းပြင်ပေါ်သို့ပစ်ချကာ ကုတင်ပေါ်သို့ ရှောင်းကျန့်လှဲအိပ်လိုက်တော့သည်။ တစ်နေကုန် အလုပ်နဲ့လက်နဲ့မပြတ်အောင်လုပ်ရသူမို့ ဦးခေါင်းဟာခေါင်းအုံးနဲ့ထိတွေ့လိုက်ချိန်မှာပဲ ရှောင်းကျန့်ဟာချက်ချင်းအိပ်စက်ခြင်းဆီသို့ ရောက်ရှိသွားခဲ့သည်။ မနက်ဖြန်ဟာအားလပ်ရက်မို့ အလုပ်တွေအားလုံးကို ခေါင်းထဲကနေလွှတ်ချထားနိုင်တာကြောင့်လည်း ပါဝင်နိုင်ပါ၏။ ရှောင်းကျန့် အိပ်မပျော်ခင်မှာ ဦးနှောက်ထဲဖြတ်ပြေးသွားသည့် အတွေးလေးတစ်ခုကတော့ မနက်ဖြန်ကျရင် ထိုကောင်လေးနှင့်တွေ့ရဦးမည်ဆိုတာပါပဲ။

နေရောင်ခြည်တွေထွက်ပေါ်လာသော်ငြား ပိတ်ဆို့ထားသည့်ပြတင်းပေါက်ကြောင့် ရှောင်းကျန့်၏အိပ်ခန်းအတွင်းသို့ နေရောင်ကမဝင်ရောက်နိုင်။ ကုတင်သေးသေးလေးပေါ်မှာ လူးလားခေါက်တွ့န်နဲ့ ရှောင်းကျန့်ဟာအိပ်စက်နေပါသည်။ ခေါင်းရှုပ်စရာကိစ္စတွေနဲ့ ဒီနေ့တစ်ရက်တော့ဝေးတာမို့ သူဟာမနက်ကိုလည်း နောက်ကျမှထဖို့စီစဉ်ထား၏။ ကျေးငှက်တွေရဲ့အသံတွေဟာ ပလုံစီအောင်ထွက်ပေါ်နေပြီး ကြက်တွေရဲ့တွန်သံတွေဟာလည်း အဆက်မပြတ်။ သို့သော် ရှောင်းကျန့်ကတော့အိပ်ကောင်းနေဆဲ။

နေမင်းကြီးကအလွန်ကိုပူပြင်းလာပြီး ကောင်းကင်၏အလယ်ဗဟိုသို့ရောက်ဖို့ လမ်းတဝက်လောက်အလိုမှာပဲ ရှောင်းကျန့်ကမျက်လုံးဖွင့်လို့ အိပ်ရာကနေထလာပါတော့သည်။ ရှောင်းကျန့်ဟာ တဲအိမ်ကဲ့သို့ ဝါးလုံးတွေဖြင့်ကာရံထားသည့် ရေတွင်းလေးရှိရာဆီမှာ မျက်နှာသစ် သွားတိုက် လက်ဆေး ခြေထောက်ဆေးပြုလုပ်လိုက်သည်။ ရေကိုတော့ သူနောက်မှချိုးရမည်။ ဒီကနေ့အတွက် သူဟာအိမ်ကိုသန့်ရှင်းရေးလုပ်ရမှာမို့ အိမ်မှုကိစ္စတွေအကုန်ပြီးမှသာ ရေချိုးဖို့ပြင်မည်။ မနေ့ညကတည်းက ဘာမှမစားရသေးတဲ့ဗိုက်က တဂွီဂွီနဲ့ဆန္ဒပြလာတာကြောင့် ရှောင်းကျန့်ဟာ ဈေးသို့တစ်ခေါက်သွားရောက်ရန်ပြင်ဆင်ရတော့သည်။ ရေကလည်းမချိုးရသေးတော့ အင်္ကျီအသစ်လည်းသူမဝတ်ချင်။ သူဟာအမတ်မင်းတစ်ယောက်မို့ နေ့တိုင်းအမတ်မင်းဝတ်ရုံတွေသာဝတ်ရတာကြောင့် ထိုဝတ်ရုံရဲ့အောက်မှာတော့ ဝတ်ရုံဖြူတစ်ခုကိုသာ အောက်ခံအင်္ကျီအထက်ကနေထပ်ပြီး ဝတ်ဆင်လေ့ရှိသည်။ သို့သော် နွေရာသီဟာပူပြင်းလွန်းတာကြောင့် ရှောင်းကျန့်မှာထိုသို့မဝတ်နိုင်ဘဲ အောက်ခံအင်္ကျီနဲ့ဘောင်းဘီကိုသာ ဝတ်ရုံအောက်ကနေဝတ်ရတော့သည်။ မနေ့ညကအိပ်ပျော်သွားတုန်းက အပေါ်မှာဝတ်ထားသည့် အမတ်မင်းဝတ်ရုံကိုသာ ချွတ်ထားခဲ့တာမို့ အခုတော့သူဟာ အောက်ခံအင်္ကျီတွေနဲ့သာဖြစ်နေသည်။ ရှောင်းကျန့်ဟာ သူ၏အဝတ်ဗီရိုထဲမှ အနက်ရောင်အပြင်ဝတ်ရုံတစ်ခုကို ဆွဲထုတ်ကာ ခါးစီးကြိုးကိုသေချာချည်နှောင်လိုက်ပြီး နံရံမှာရိုက်ထားသည်သံမှို၌ချိတ်ဆွဲထားသော အနက်ရောင်ဇာပဝါလွှမ်းသောခမောက်ကိုဆောင်းကာ ကြိုးစနှစ်ခုအားမေးစေ့အောက်၌မြဲမြံစွာထုံးဖွဲ့လိုက်သည်။

ရှောင်းကျန့်ဟာ သူ့အိပ်ရာကုတင်ပေါ်သို့တက်လိုက်ပြီး မျက်နှာကျက်တစ်နေရာကို တွန်းဖွင့်လိုက်၏။ ထိုမျက်နှာကျက်အသားပြားဟာ အခြားသောမျက်နှာကျက်တွေနှင့် တစ်ပြေးညီဖြစ်အောင်ပြုလုပ်ထားတာဖြစ်ပြီး မျက်နှာကျက်အလွှာကိုအောက်သို့မကျအောင် ထိုမျက်နှာကျက်ရဲ့နံဘေးမှာအထစ်တွေပြုလုပ်ထားတာကြောင့် ဖွင့်ချင်ပါက အပေါ်သို့သာတွန်းပို့ရသည်။ ထပ်ခိုးထဲမှာသိုဝှက်ထားသည့် မျက်နှာကျက်အပေါက်မှ တစွန်းတစသာမြင်ရသော သစ်သားသေတ္တာလေးကို လှမ်းဆွဲကာ ကြမ်းပြင်ပေါ်ချလို့ ငွေစတစ်ရာထုတ်ယူနိုင်သည့် ငွေစာရင်းစာရွက်နှစ်ခုကိုထုတ်ယူလိုက်သည်။ သူအမတ်မင်းစဖြစ်တုန်းက သိမ်းဆည်းထားခဲ့သော ငွေစလေးတွေထဲမှ ငွေစဆယ်ခုကိုနှိုက်ယူကာ သေတ္တာကိုနေရာတကျပြန်ထားလို့ ထပ်ခိုးထဲရောက်နေသည့် မျက်နှာကျက်အပြားကိုလည်း ဆွဲယူကာပြန်လည်ဖုံးပိတ်လိုက်သော် အကြားအလပ်မရှိသည့် မျက်နှာကျက်တစ်ခုအဖြစ်သို့ပြန်လည်ရောက်ရှိသွားလေသည်။



Zawgyi

လေရာင္ဟာ ထိန္ထိန္လင္းလို႔ လမင္း၏တည္ေနရာသည္လည္း ေကာင္းကင္၏အထိဋ္အထိပ္သို႔ ေရာက္ရွိေနေလၿပီ။ တစ္ခ်က္တစ္ခ်က္ေဝ့ဝဲတိုက္ခတ္သည့္ ေလညႇင္းေတြရယ္ ပုစဥ္းရင္ကြဲေတြရဲ႕ေအာ္သံေတြရယ္ကလြဲလို႔ အျခားဘာသံမွမၾကားရပါဘဲ တိတ္ဆိတ္ေနသည္ဟူ၍ပင္ ေျပာလို႔ရနိုင္၏။ ညဥ့္နက္လို႔ သန္းေခါင္ေတာင္ေက်ာ္လာေပမဲ့ ထိုသူေမ်ွာ္လင့္ေနသူကား အခုအခ်ိန္အထိေရာက္လာျခင္းမရွိ။ အာေခါင္ေျခာက္လာတာနဲ႔ ဘူးသီးေျခာက္ထဲမွေရကို ထိုသူကတစ္ငံုေသာက္လိုက္တယ္။ အမတ္မင္းေရွာင္းက အိမ္ျပန္ေနာက္က်တတ္မွန္းသူသိလို႔ အရင္ေန႔ညတုန္းက ေစာေစာအိပ္ရာဝင္လာခဲ့တာ အေတာ္မွန္သြားေလၿပီ။ သို႔ေသာ္လည္းပဲ အိပ္ခ်င္စိတ္မေပၚဘူးေျပာရင္ေတာ့ မုသားဆိုရာက်မွာေပါ့။ ဒီေလာက္ညဥ့္နက္ေနမွေတာ့ ဘယ္သူကမအိပ္ခ်င္ဘဲေနမလဲ။ ေပ်ာ္စရာလည္းမရွိ လုပ္စရာလည္းမရွိ ဒီတိုင္းႀကီးေစာင့္ေနရတာ ပ်င္းစရာကေကာင္းေတာ့ ထိုသူမွာ ပိုလို႔ေတာင္အိပ္ခ်င္စိတ္ေပါက္ေနသည္။

ခပ္ေလးေလးေျခသံတစ္စံုဟာ လမ္းထဲခ်ိဳးဝင္လာသည့္အသံကိုၾကားတာေၾကာင့္ ၿခံစည္းရုိးကိုေက်ာမွီ၍ ငပ်င္းပံုစံဖမ္းေနသည့္ ထိုသူရဲ႕ေက်ာကုန္းက တမဟုတ္ခ်င္းတန္းမတ္သြားသည္။ ထိုသူဟာ ထိုင္ေနရာမွထကာ ခါးေနာက္ထိုးထည့္ထားသည့္ ဓားေျမႇာင္ကိုလည္း လွမ္းဆုပ္ကိုင္ထားၿပီး အခ်ိန္မေ႐ြးဆြဲထုတ္လိုက္ဖို႔ အသင့္အေနအထားပင္။ ေမွာင္ေမွာင္ညရဲ႕ တစ္ခုတည္းေသာအလင္းေရာင္ဟာ လေရာင္သာရွိၿပီး အျခားေသာအလင္းေရာင္ဆိုသည္မွာနတၳိ။ မ်က္စိေကာင္းလြန္းသည့္ ထိုသူကေတာ့ အေမွာင္ထဲမွာ လမ္းေလ်ွာက္လာေနသူကို ေတာ္ေတာ္ေလးသဲသဲကြဲကြဲ ျမင္ေနရသည္။ ရုံးေတာ္ကအမတ္မင္းေတြဝတ္တဲ့ ဝတ္ရုံနီနီကိုေတြ႕ခါမွ သူေစာင့္ေနသူမ်ားလားလို႔ ထိုသူကအေတြးဝင္မိေသာ္ျငား သတိနဲ႔ေတာ့ေနဆဲပင္။ ထိုသူဟာ ေျမျပင္ေပၚကေျခနွစ္ဖက္ကို အတန္အသင့္ကားထားၿပီး ဓားေျမႇာင္ကိုလည္း ဆြဲထုတ္ဖို႔တျပင္ျပင္နဲ႔လုပ္ေနသည္။

ေျဖာင့္မတ္ေသာ္ျငား ပင္ပန္းေနသူလိုေလးလံတဲ့ ေျခလွမ္းေတြက ထိုသူ႔အနားကိုတျဖည္းျဖည္းနဲ႔ခ်ဥ္းကပ္လာေတာ့ လေရာင္ဝင္းဝင္းေအာက္မွာ အမတ္မင္းဝတ္စံုနဲ႔တစ္ဖက္လူရဲ႕မ်က္နွာကို ထိုသူကထင္ထင္ရွားရွားျမင္လိုက္ရသည္။ ၾကည္လင္ေသာမ်က္ဝန္းတစ္စံုက ေမွးစင္းေနၿပီး မ်က္ကြင္းေတြကအနည္းညိဳေနသည္။ မ်က္တြင္းေတြကလည္း အေပၚတည့္တည့္မွေတာက္ပေနေသာ လ၏အလင္းေၾကာင့္ ခ်ိဳင့္ဝင္ေနသေယာင္။ ေတာင္တန္းေတြသဖြယ္ ျမင့္မားၿပီး သြယ္ဆင္းေနတဲ့နွာတံရယ္ မထူမပါးနႈတ္ခမ္းတစ္စံုရဲ႕ေအာက္မွာလည္း မွဲ႔နက္ေလးတစ္ခုဟာေနရာယူထားေလရဲ႕။ ထိုသူ႔အထင္မမွားလ်ွင္ သူ႔ေရွ႕ကလူကား အမတ္မင္းေရွာင္းပင္ျဖစ္ရမည္။ မိန္းမပ်ိဳေလးမ်ားေျပာၾကေသာ အၾကည္ဓာတ္ခံေလးနဲ႔မ်က္နွာဆိုသည္မွာ သူ႔ေရွ႕ကလူနဲ႔ကိုက္ညီေန၏။

"ဒီက ဘယ္သူမ်ားလဲ ခင္ဗ် ကြၽန္ေတာ့္အိမ္ေရွ႕မွာေရာက္ေနတာ ဘာကိစၥမ်ားရွိလို႔ပါလဲ"

အမတ္မင္းေရွာင္းရဲ႕အသံဟာ စိမ့္စမ္းေရအလားၾကည္လင္ၿပီး ဓားသြားတို႔လိုျပတ္သားေသာ္ျငား ပင္ပန္းႏြမ္းနယ္မႈေတြေၾကာင့္ထင္ အနည္းငယ္ေလ်ာ့တိေလ်ာ့ရဲနိုင္ၿပီး အိပ္ခ်င္မူးတူးအသံနဲ႔ခပ္ဆင္ဆင္ျဖစ္ေန၏။ ထိုသူက အမတ္မင္းေရွာင္းအား စကားကိုဆင္ေဝ့ရန္ေရွာင္ ေကြ႕ပတ္ေျပာမေနေတာ့ဘဲ လိုရင္းတိုရွင္းနဲ႔ပဲေျပာလိုက္ပါတယ္။

"အမတ္မင္းေရွာင္းနဲ႔ ကြၽန္ေတာ္က လက္ရည္ၿပိဳင္ခ်င္လို႔ပါ မနက္ျဖန္က်ရင္ ကြၽန္ေတာ့္နဲ႔လက္ရည္ခ်င္းယွဥ္ေပးနိုင္မလားလို႔ လာေရာက္ေမးျမန္းတာပါ"

"ရပါတယ္ ညေနေနဝင္ခ်ိန္က်ရင္ လာခဲ့ပါ အမည္က ဘယ္လိုေခၚပါသလဲ"

"ကြၽန္ေတာ့္နာမည္က ဝမ္ရိေပၚ ပါ"

အမတ္မင္းေရွာင္းက အိပ္ခ်င္ေနတာေၾကာင့္ စကားကိုရွည္ရွည္ေဝးေဝးမေျပာခ်င္ေတာ့တာနဲ႔ပဲ သူ႔ကိုေမာင္းထုတ္ဖို႔ရာအတြက္ ၿပိဳင္ဆိုင္ဖို႔ကိစၥကို သေဘာတူလိုက္တာလားေတာ့မသိ။ အမတ္မင္းေရွာင္းဟာ ေျပာၿပီးသားစကားကိုတည္တတ္သူလို႔ ေက်ာ္ၾကားတာေၾကာင့္ သူ႔ကိုမလွိမ့္တပတ္လုပ္သြားမယ္လို႔လည္း ထိုသူကမထင္ေခ်။ ဘယ္လိုပဲျဖစ္ျဖစ္ မနက္ျဖန္ညေနေနဝင္ခ်ိန္မွာေတာ့ သူတို႔လက္ရည္ခ်င္းယွဥ္ရဦးေတာ့မယ္လို႔သာ ထိုသူကစြဲစြဲၿမဲၿမဲမွတ္သားထားလိုက္ေတာ့သည္။ အမတ္မင္းေရွာင္းနဲ႔ လက္ရည္ခ်င္းယွဥ္ရေတာ့မည္ဆိုေတာ့ ထိုသူရဲ႕ရင္ထဲမွာေပ်ာ္႐ႊင္မႈလိႈင္းေလးတစ္ခု ျဖတ္သြားသည္။ နာမည္ႀကီးေသာ အမတ္မင္းေရွာင္းနဲ႔တိုက္ခိုက္ရမယ္ဆိုေတာ့ မေပ်ာ္တာကမွထူးဆန္းေနပါဦးမယ္။

"အမတ္မင္းေရွာင္း ေကာင္းေသာညေလးျဖစ္ပါေစ ကြၽန္ေတာ္ျပန္လိုက္ပါဦးမယ္"

"ေကာင္းပါၿပီ"

ထိုသူက လက္နွစ္ဖက္ကိုယွက္လို႔ အရုိအေသျပဳေတာ့ အမတ္မင္းေရွာင္းကလည္း ထိုသူနဲ႔နည္းတူစြာအရုိအေသျပန္ေပးလ်က္ စကားဆိုလာပါ၏။ အမတ္မင္းေရွာင္းရဲ႕ယဥ္ေက်းပံုေတြက ေလာ့ယန္ၿမိဳ႕မွာ ဟိုးေလးတေက်ာ္ေက်ာ္ျဖစ္တာလည္း မထူးဆန္းေတာ့ပါဘူးလို႔ ထိုသူကေတြးလိုက္မိပါ၏။ အခုမွေတြ႕ဖူးသည့္ ေနာက္ေၾကာင္းရာဇဝင္မထင္ရွားသူတစ္ဦးကိုပင္ ရိုရုိေသေသနဲ႔ဆက္ဆံလာပံုဟာ အမတ္မင္းေရွာင္းသည္ ဘယ္ေလာက္မ်ွ အဆင့္အတန္းရွိၿပီး ေယာက်္ားပီသကာ ယဥ္ေက်းသိမ္ေမြ့သည္ကို ေဖာ္ျပေနေလ၏။

ဝမ္ရိေပၚဆိုသူ ထြက္ခြာသြားၿပီးေနာက္ ေရွာင္းက်န္႔က ၿခံတံခါးကိုေသာ့ဖြင့္လို႔ ၿခံဝန္းငယ္ထဲက ျမက္ဖံုးျခင္းမခံရသည့္ နွစ္ေပမ်ွသာက်ယ္ဝန္းေသာ ေက်ာက္ခင္းလမ္းေလးေပၚသို႔ ေျခလွမ္းေတြကိုၿငိမ္ေအာင္ထိန္းလို႔ အိမ္ထဲသို႔ေရာက္ေအာင္သြားရသည္။ ညစာလည္းမစားရေသးတာေၾကာင့္ ဗိုက္ကဟာေနၿပီး ညဥ့္နက္သည္အထိ ေလ်ွာက္လႊာေတြနွင့္ စာရင္းေတြကိုအဖန္ဖန္ စိစစ္ဖတ္ရႈရတာေၾကာင့္လည္း ေရွာင္းက်န္႔တစ္ကိုယ္လံုးဟာ အားအင္ခ်ိနဲ႔ေနရေတာ့သည္။ ဗိုက္ကဆာေနေပမဲ့လို႔ အနားယူခ်င္ေနတဲ့ခႏၶာကိုယ္ကိုသာ ဦးစားေပးလို႔ အမတ္မင္းေခါင္းေဆာင္း ဖိနပ္ ေျခအိတ္ေတြနဲ႔ အမတ္မင္းဝတ္ရုံကိုပါခြၽတ္လို႔ ၾကမ္းျပင္ေပၚသို႔ပစ္ခ်ကာ ကုတင္ေပၚသို႔ ေရွာင္းက်န္႔လွဲအိပ္လိုက္ေတာ့သည္။ တစ္ေနကုန္ အလုပ္နဲ႔လက္နဲ႔မျပတ္ေအာင္လုပ္ရသူမို႔ ဦးေခါင္းဟာေခါင္းအံုးနဲ႔ထိေတြ႕လိုက္ခ်ိန္မွာပဲ ေရွာင္းက်န္႔ဟာခ်က္ခ်င္းအိပ္စက္ျခင္းဆီသို႔ ေရာက္ရွိသြားခဲ့သည္။ မနက္ျဖန္ဟာအားလပ္ရက္မို႔ အလုပ္ေတြအားလံုးကို ေခါင္းထဲကေနလႊတ္ခ်ထားနိုင္တာေၾကာင့္လည္း ပါဝင္နိုင္ပါ၏။ ေရွာင္းက်န္႔ အိပ္မေပ်ာ္ခင္မွာ ဦးေနွာက္ထဲျဖတ္ေျပးသြားသည့္ အေတြးေလးတစ္ခုကေတာ့ မနက္ျဖန္က်ရင္ ထိုေကာင္ေလးနွင့္ေတြ႕ရဦးမည္ဆိုတာပါပဲ။

ေနေရာင္ျခည္ေတြထြက္ေပၚလာေသာ္ျငား ပိတ္ဆို႔ထားသည့္ျပတင္းေပါက္ေၾကာင့္ ေရွာင္းက်န္႔၏အိပ္ခန္းအတြင္းသို႔ ေနေရာင္ကမဝင္ေရာက္နိုင္။ ကုတင္ေသးေသးေလးေပၚမွာ လူးလားေခါက္တြ႕န္နဲ႔ ေရွာင္းက်န္႔ဟာအိပ္စက္ေနပါသည္။ ေခါင္းရႈပ္စရာကိစၥေတြနဲ႔ ဒီေန႔တစ္ရက္ေတာ့ေဝးတာမို႔ သူဟာမနက္ကိုလည္း ေနာက္က်မွထဖို႔စီစဥ္ထား၏။ ေက်းငွက္ေတြရဲ႕အသံေတြဟာ ပလံုစီေအာင္ထြက္ေပၚေနၿပီး ၾကက္ေတြရဲ႕တြန္သံေတြဟာလည္း အဆက္မျပတ္။ သို႔ေသာ္ ေရွာင္းက်န္႔ကေတာ့အိပ္ေကာင္းေနဆဲ။

ေနမင္းႀကီးကအလြန္ကုိပူျပင္းလာၿပီး ေကာင္းကင္၏အလယ္ဗဟိုသို႔ေရာက္ဖို႔ လမ္းတဝက္ေလာက္အလိုမွာပဲ ေရွာင္းက်န္႔ကမ်က္လံုးဖြင့္လို႔ အိပ္ရာကေနထလာပါေတာ့သည္။ ေရွာင္းက်န္႔ဟာ တဲအိမ္ကဲ့သို႔ ဝါးလံုးေတြျဖင့္ကာရံထားသည့္ ေရတြင္းေလးရွိရာဆီမွာ မ်က္နွာသစ္ သြားတိုက္ လက္ေဆး ေျခေထာက္ေဆးျပဳလုပ္လိုက္သည္။ ေရကိုေတာ့ သူေနာက္မွခ်ိဳးရမည္။ ဒီကေန႔အတြက္ သူဟာအိမ္ကုိသန္႔ရွင္းေရးလုပ္ရမွာမို႔ အိမ္မႈကိစၥေတြအကုန္ၿပီးမွသာ ေရခ်ိဳးဖို႔ျပင္မည္။ မေန႔ညကတည္းက ဘာမွမစားရေသးတဲ့ဗိုက္က တဂီြဂီြနဲ႔ဆႏၵျပလာတာေၾကာင့္ ေရွာင္းက်န္႔ဟာ ေဈးသို႔တစ္ေခါက္သြားေရာက္ရန္ျပင္ဆင္ရေတာ့သည္။ ေရကလည္းမခ်ိဳးရေသးေတာ့ အက်ႌအသစ္လည္းသူမဝတ္ခ်င္။ သူဟာအမတ္မင္းတစ္ေယာက္မို႔ ေန႔တိုင္းအမတ္မင္းဝတ္ရုံေတြသာဝတ္ရတာေၾကာင့္ ထိုဝတ္ရုံရဲ႕ေအာက္မွာေတာ့ ဝတ္ရုံျဖဴတစ္ခုကိုသာ ေအာက္ခံအက်ႌအထက္ကေနထပ္ၿပီး ဝတ္ဆင္ေလ့ရွိသည္။ သို႔ေသာ္ ေႏြရာသီဟာပူျပင္းလြန္းတာေၾကာင့္ ေရွာင္းက်န္႔မွာထိုသို႔မဝတ္နိုင္ဘဲ ေအာက္ခံအက်ႌနဲ႔ေဘာင္းဘီကိုသာ ဝတ္ရုံေအာက္ကေနဝတ္ရေတာ့သည္။ မေန႔ညကအိပ္ေပ်ာ္သြားတုန္းက အေပၚမွာဝတ္ထားသည့္ အမတ္မင္းဝတ္ရုံကိုသာ ခြၽတ္ထားခဲ့တာမို႔ အခုေတာ့သူဟာ ေအာက္ခံအက်ႌေတြနဲ႔သာျဖစ္ေနသည္။ ေရွာင္းက်န္႔ဟာ သူ၏အဝတ္ဗီရုိထဲမွ အနက္ေရာင္အျပင္ဝတ္ရုံတစ္ခုကို ဆြဲထုတ္ကာ ခါးစီးႀကိဳးကိုေသခ်ာခ်ည္ေနွာင္လိုက္ၿပီး နံရံမွာရုိက္ထားသည္သံမႈိ၌ခ်ိတ္ဆြဲထားေသာ အနက္ေရာင္ဇာပဝါလႊမ္းေသာခေမာက္ကိုေဆာင္းကာ ႀကိဳးစနွစ္ခုအားေမးေစ့ေအာက္၌ၿမဲၿမံစြာထံုးဖြဲ႕လိုက္သည္။

ေရွာင္းက်န္႔ဟာ သူ႔အိပ္ရာကုတင္ေပၚသို႔တက္လိုက္ၿပီး မ်က္နွာက်က္တစ္ေနရာကို တြန္းဖြင့္လိုက္၏။ ထိုမ်က္နွာက်က္အသားျပားဟာ အျခားေသာမ်က္နွာက်က္ေတြနွင့္ တစ္ေျပးညီျဖစ္ေအာင္ျပဳလုပ္ထားတာျဖစ္ၿပီး မ်က္နွာက်က္အလႊာကိုေအာက္သို႔မက်ေအာင္ ထိုမ်က္နွာက်က္ရဲ႕နံေဘးမွာအထစ္ေတြျပဳလုပ္ထားတာေၾကာင့္ ဖြင့္ခ်င္ပါက အေပၚသို႔သာတြန္းပို႔ရသည္။ ထပ္ခိုးထဲမွာသိုဝွက္ထားသည့္ မ်က္နွာက်က္အေပါက္မွ တစြန္းတစသာျမင္ရေသာ သစ္သားေသတၱာေလးကို လွမ္းဆြဲကာ ၾကမ္းျပင္ေပၚခ်လို႔ ေငြစတစ္ရာထုတ္ယူနိုင္သည့္ ေငြစာရင္းစာ႐ြက္နွစ္ခုကိုထုတ္ယူလိုက္သည္။ သူအမတ္မင္းစျဖစ္တုန္းက သိမ္းဆည္းထားခဲ့ေသာ ေငြစေလးေတြထဲမွ ေငြစဆယ္ခုကိုနႈိက္ယူကာ ေသတၱာကိုေနရာတက်ျပန္ထားလို႔ ထပ္ခိုးထဲေရာက္ေနသည့္ မ်က္နွာက်က္အျပားကိုလည္း ဆြဲယူကာျပန္လည္ဖံုးပိတ္လိုက္ေသာ္ အၾကားအလပ္မရွိသည့္ မ်က္နွာက်က္တစ္ခုအျဖစ္သို႔ျပန္လည္ေရာက္ရွိသြားေလသည္။

Continua a leggere

Ti piacerà anche

3.7K 188 4
ZhanYi! Not Yizhan! So Thank you for reading!
4.1K 219 12
ဦးဝမ်ကိုရဖို့ မတရားတာရောတရားတာရောကျွန်တော်အကုန်လုပ်မှာ
272K 7.8K 133
"𝑻𝒉𝒆𝒓𝒆'𝒔 𝒓𝒆𝒂𝒍𝒍𝒚 𝒏𝒐 𝒘𝒂𝒚 𝒐𝒇 𝒘𝒊𝒏𝒏𝒊𝒏𝒈 𝒊𝒇 𝒊𝒏 𝒕𝒉𝒆𝒊𝒓 𝒆𝒚𝒆𝒔 𝒚𝒐𝒖'𝒍𝒍 𝒂𝒍𝒘𝒂𝒚𝒔 𝒃𝒆 𝒂 𝒅𝒖𝒎𝒃 𝒃𝒍𝒐𝒏𝒅𝒆."
164K 3.7K 62
imagines as taylor swift as your mom and travis kelce as your dad