မွေးရပ်မြေကနေ ပညာယူဖို့ထွက်ခွာ
လာခဲ့တဲ့ နေ့ရက်ရှည်တွေ။တစ်ဖက်က
မြေနဲ့နေ့တွေညတွေကွာခြားတဲ့ အချိန်
တွေကိုတိုက်ဆိုင်တဲ့အခါတစ်ခါတလေ
ဖွင့်ကြည့်ရင်း နေသားတကျ
ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတဲ့နေ့ရက်တွေ။
ပုံမှန်ပဲဖြတ်သန်းခဲ့တာပါပဲ။ ရောက်ခါစ
ကတော့ ဒီမှာပဲ နိုင်ငံသားခံယူပြီး
အခြေချနေကြတဲ့ ကိုယ်နဲ့သိပ်မရင်းတဲ့
အမေ့ရဲ့အစ်ကို ကိုယ့်ဘကြီးတို့မိသားစု
အိမ်မှာ ဒီမှာနေရာရှာပြီးတဲ့အထိ သုံးလေးရက်လောက်နေဖြစ်ခဲ့တယ်။ ကိုယ့်မှာ မွေးချင်းမရှိဘူးဆိုပေမယ့် မိဘ နှစ်ယောက်လုံးက မောင်နှမများတော့
အမျိုးတောင့်ပြီး အပေါဆုံးက တစ်ဝမ်း
ကွဲတွေပဲ။မြန်မာပြည်မှာ ရှိတဲ့သူတွေနဲ့က အရင်းတွေလိုဖြစ်နေပေမဲ့ မွေးကထဲက ပြည်ပမှာအခြေချခဲ့တဲ့ဒီဘကြီးရဲ့
သားသမီးတွေနဲ့ကတော့ မြန်မာပြည်လာလည်ကြတဲ့အချိန်နဲ့ ကိုယ်သိပ်ဝင်မကြည့်ဖြစ်ခဲ့တဲ့အငယ်မတွေဖွဲ့ထားတဲ့
မောင်နှမတွေရဲ့group chatထဲမှာ
သာ တခါတလေဆုံခဲ့ရသည်။ဘကြီးမှာ သားသမီးသုံးယောက်ရှိတော့ ဒီမှာလဲ
တစ်ဝမ်းကွဲတွေအမျိုးတောင့်ပြန်ရော။ဘကြီးရဲ့သမီးအကြီးဆုံးမှာတော့
အဖြူသားနဲ့လက်ထပ်ပြီးရထားတဲ့
ဆယ်နှစ်နဲ့ရှစ်နှစ်အရွယ် သမီး
မိန်းကလေးနှစ်ယောက်ရှိတယ်။ကျန်
တဲ့သားနဲ့သမီးတစ်ယောက်က လူလွတ်။
"ကိုစစ်ကတစ်ယောက်တည်းပညာ
လာသင်တာလား"လို့အထာပါပါမေး
ကျတဲ့ ဒီနိုင်ငံသားတစ်ပိုင်းလိုကိုဖြစ်
နေတဲ့ကိုယ့်ဘကြီးနဲ့သူ့မိန်းမကို မြန်မာ
ပြည်ကနေကိုယ် တကူးတက သယ်
ယူလာပေးတဲ့ လက်ဆောင်ကတော့
ခရီးတွေထွက်ရတာကိုသဘောကျ
တဲ့ ကောင်လေးတစ်ယောက်အကြောင်း
ပဲ။ကိုယ့်ဘေးက လေထုတွေကအေးစက်သွားပြီး တစ်ခဏကြာသည်အထိ
အာစေးမိနေသလို ပါးစပ်မဟနိုင်ကြတဲ့အမျိုးတွေ။
သူကကိုယ်နဲ့ပတ်သက်မှုလေးပါဆိုပြီး ရင်းနှီးတဲ့သူတွေကို မိတ်ဆက်ပေးရ
မယ်ဆိုရင်လူက အမြဲတစ်စေတက်ကြွလို့။
"အခုတော့ တစ်ယောက်တည်းပါပဲ"
လို့ဆက်ပြောတဲ့အချိန် ဘကြီးနဲ့ သူ့
မိန်းမက လူကြီးတွေပီပီထပ်ဆင့်အံ့သြ
ဟန်ရှိနေသေးပေမဲ့ ဝမ်းကွဲတွေရဲ့
" ဘယ်လိုပုံစံလဲ ကောင်လေးပုံမြင်ဖူး
ချင်လိုက်တာ"ဆိုတဲ့တောင်းဆိုမှုတွေ
နောက်မှာပထမနှစ်ကျောင်းသားရဲ့ဖုန်း
စခရင်ပေါ်က မျက်နှာလေးကိုထုတ်
ကြွားဖြစ်ခဲ့သေးသည်။"ချစ်စရာပဲ ဆွဲဆောင်မှုရှိတယ် အခုက ဘယ်လိုဖြစ်လို့
တစ်ယောက်တည်းလဲ "ဆိုတဲ့မှတ်ချက်
တွေနောက်မှာတူမလေး နှစ်ယောက်ရဲ့
ဘိုအသံပီသစွာသူတို့အဖေဘာသာစကားနဲ့"သူကမင်းနဲ့လိုက်ဖက်တယ် ငါတို့
ကြိုက်တယ် ကိုစစ်"ဆိုတဲ့ စကားသံတွေနောက်မှာ မုန့်ဖိုးတွေပေးပြီးတူမလေး
တွေကို အချစ်ပိုခဲ့ရသေးတယ်။
ဘကြီးအိမ်မှာသုံးရက်လောက်နေခဲ့ပြီး အပူအပင်မထားကြတဲ့ အမျိုးတွေကို
တော့ အားနာနာနဲ့ပဲ"မင်းကိုကြည့်ရ
တာကွာ"ဆိုတဲ့အားမလိုအားမရအသံ
တွေနဲ့အတူ မွေးရပ်မြေကပါလာတဲ့
အဆွေးဓါတ်ခံလေးတွေလက်ဆောင်
ပေးဖြစ်ခဲ့သေးတယ်။
စီးပွားရေးဘွဲ့ယူဖို့ ထွက်လာခဲ့တာ
မလို့ ယူကေရဲ့မြို့တော်မှာ တစ်နှစ်
အကျော်ကြာကျောင်းတက်ခဲ့ပြီးပြီ။
ဒါပေမယ့်ထပ်ပြီးလေ့လာရင်း သင်တန်း
တွေထပ်တက်ပြီး ဒီမှာလည်းလက်လှမ်း
လို့ရသလောက်စီးပွားရေးတွေလုပ်ရင်း
အပူပိုင်းဒေသကို မပြန်ဖြစ်သေးဘူး။
မသေချာသေးပေမယ့် အလုပ်တွေ
စထားလို့ဒီမှာပဲအခြေချနေသွားဖို့
ဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်။
ရောက်လာထဲက ကျန်ခဲ့တဲ့နေရာမှာ
အမြဲဖုန်းဆက်တတ်တဲ့အမေနဲ့ တခါ
တလေကြုံရင်စကားဝင်ပြောတတ်တဲ့
အဖေနဲ့ကလွဲပြီး ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ဖြစ်ဘူး။အရင်း
ဆုံးကောင်တွေကိုတောင်မှပဲ...။ ဘယ်သူ
နဲ့မှ အဆက်အသွယ် မလုပ်ချင်ခဲ့တာ
ဆိုရင် ပိုမှန်မယ်။ကျန်ခဲ့တဲ့နေရာနဲ့ပတ်
သက်တာ ပတ်သက်တဲ့သူ မှန်သမျှ
ဘာကိုမှသတိမရချင်။ မစဉ်းစားချင်
ဘူး။မေ့ထားပစ်ချင်တယ်။အဲ့ဒါမှလည်း...လုပ်နိုင်မှာ။
"ဟေ့ရောင် မင်းခိုင်းထားတဲ့အတိုင်း
မြတ်ကသွားတွေ့ပြီးသွားပြီ။မင်းဟာ
လေးက ကူညီမယ် ပြောတာကိုလက်မခံဘူး။ကျောင်းတက်ရင်းအလုပ်လုပ်နေ
တယ်တဲ့ ငါတို့ဘာဆက်လုပ်ပေးရမလဲ"
"ကျေးဇူးပဲ သားကြီး။သူ့သဘော
အတိုင်းပဲ ထားလိုက်"
ကျော်ထွန်းကို ဆက်သွယ်ပြီးတာ
ကြာခဲ့ပြီ ဖြစ်သော ပထမဆုံးကိုယ့်မြေ
ကဘော်ဒါအရင်းအချာနဲ့စကားပြော
ခဲ့ခြင်း။ သိခဲ့ရပါတယ်။သူ့အစ်ကို့နဲ့အဆက်အသွယ်တောင်မလုပ်တော့
ဘူး တစ်ယောက်ထဲညီလေးနဲ့အတူ
ရပ်တည်နေတယ်ဆိုတဲ့အကြောင်းတွေ။
တစ်ကယ်ကို မိသားစုလိုအပ်နေတဲ့
ကောင်လေးမို့လို့ ဒီအချိန်ရောက်လာ
တော့ကိုယ်ဘယ်လိုစိတ်အေးချမ်းရ
မလဲ။ဒါပေမဲ့ သူလုပ်နိုင်တယ်။တစ်
ကယ်ကို ဆုံးဖြတ်ထားပြီးပြီဆိုရင်
စိတ်ဓါတ်ခိုင်မာတဲ့ ကောင်လေးမို့လို့
လုပ်နိုင်မှာပါ။ ကိုယ့်ကို အားနာနေရ
တာမျိုးတွေ နောက်တရနေပြီးစောင့်
ဆိုင်းနေတာမျိုးတွေဆိုတာ ကိုယ့်အတွက်တစ်ကယ်မလိုချင်ဆုံးမလို့ မင်းဘဝ
အတွက်ပဲမင်း ကိုယ်မင်းရှာဖွေပြီး
ရှေ့ဆက်လိုက်ပါ။
ဆေးလိပ်ငွေ့ကို ခပ်ပြင်းပြင်းရှုထုတ်
လိုက်ပြီး လက်ထဲမှာညှပ်ထားတဲ့ဆေးလိပ်တိုရဲ့မီးစကိုကြည့်ရင်း
ငြိမ်သက်စွာထိုင်ရင်း အတွေးများခဲ့ရ
တဲ့နေ့တွေ။အပတ်စဥ်အလုပ်တွေရှုပ်နေအောင် ကိုယ့်ကိုကိုယ် သံပတ်ပေးထား
သလိုအစီအစဉ်တွေဆွဲထားသည့်တိုင်
နားချိန်ရတာနဲ့ စိတ်ထဲကိုဝင်လာတဲ့
အတွေးတွေကတားမရဆီးမရ။
စတင်ထဲက ကိုယ်မှားခဲ့တယ်။တစ်ခု
ထဲပါပဲ။ ဒါပေမယ့်အမှားကြီး။ ချစ်တယ်
ဆိုတဲ့ လူနားထောင်လို့ကောင်းတဲ့ အကြောင်းပြချက်နဲ့ သူ့စိတ်ကိုသူ
သေချာမဝေခွဲနေနိုင်တဲ့ကောင်လေး
တစ်ယောက်ကိုပိုင်ဆိုင်လိုစိတ်ကြီးပြီး
ဒီဘဝထဲ ဆွဲသွင်းခဲ့တာ။
ကိုယ်ချစ်ပေးခဲ့ပါတယ်။ ဒါပေမယ့်
ကြောက်ဖို့လည်းကောင်းခဲ့တယ်။
ကောင်လေးရဲ့စိတ် အစစ်အမှန်ကိုသိ
နေတာတောင် ဒီဘဝထဲက မရုန်းထွက်
ချင်အောင်ဆွဲသွင်းသလိုဖြစ်ခဲ့တာ။
အပေါ်ယံပကာသနတွေထက် ကိုယ်
ချစ်ပေးတာလေးကိုပဲ တဖြည်းဖြည်း
နဲ့ သူလက်ခံလာနိုင်ခဲ့ရင် ကိုယ့်ဘဝထဲ
ကို ဝင်ရောက်လာလိမ့် မယ်ကိုယ့်ဘက်ကသာ ငါမေတ္တာတွေပေးတာကိုပဲသူ
လက်ခံနေရင်ရနေပါပြီလို့ ကိုယ့်စိတ်နဲ့
ကိုယ် တဖတ်သတ် တွေးထင်ခဲ့တာ
တွေပေါ့။
တစ်ဖက်ကမလိုချင်နေရင် ဘယ်လို
လုပ်ပြီး ဒါက အချစ်ဖြစ်နိုင်ပါ့မလဲ။
ကောင်လေးက သူ့ကိုသံယောဇဥ်
ရှိတယ် ဒါကငြင်းလို့မရတဲ့အချက်။
ဒါပေမယ့် အသိတွေစိတ်ဝင်လာတဲ့
အချိန် သူဒီဘဝထဲကိုမဝင်ချင်ဘူး။
သူမဝင်နိုင်ဘူး။ဒါပါပဲ။
သူ့အစ်ကိုဘက်ကိုသွားချင်သလို
သွားနေတာ ခိုင်းသမျှကျေကျေနပ်နပ်
လုပ်ပေးနေတာတွေက သူ့စိတ်က
တဖြောင့်တည်းဖြစ်နေလို့ပဲ။အဲ့တာတွေကြောင့်လူကဝေးနေပေမဲ့တစ်ဖက်က
သူ့စိတ်ကိုရထားတာ။
"ဘဝကို အသစ်ကနေပြန်စချင်တယ်
သူ့ကို လွတ်မြောက်ခွင့်ပေးပါ" ထပ်
တလဲလဲ ပြောသွားတဲ့စကား
လုပ်ရက်လွန်းတယ်လို့ပြောဖို့က
ဒီအချိန်ကိုစောင့်နေသလိုမျိုး
သူ့ကိုယ်သူပြန်ရှာချင်နေတဲ့ကောင်လေး
တစ်ယောက်ရဲ့စိတ်တွေထွက်ကျ
လာတာပါပဲ။
အလွဲကြီးလွဲနေတဲ့ ကိုယ်တို့နှစ်ယောက်
ကို ကောင်လေးရဲ့စိတ်ကိုသိနေတဲ့ လူက အချိန်ကောင်းမှာခွဲလိုက်နိုင်ခဲ့တာ။
ကိုယ်ကိုတိုင်က ကိုယ့်အမှားကိုယ်ရှာတွေ့ သွားတာမို့လို့ ဘယ်သူ့အပြစ်ရယ်ဆိုပြီး ခေါင်းစဥ်မတပ်ချင်တော့ဘူး။အဓိကက ကိုယ်တည်ဆောက်ထားတဲ့ အုတ်မြစ်
သာခိုင်နေရင် ဘယ်သူတွေလာပြီး
ဖြတ်လို့ပျက်နိုင်ပါ့မလဲ။ကောင်လေးရဲ့
စိတ်ကိုမရပဲ လောဘတွေတက်ပြီး
ကိုယ့်ဘဝထဲ ဆွဲသွင်းခဲ့မှတော့ ပူလောင်ခဲ့ရသမျှကိုယ့်အပြစ်နဲ့ကိုယ်ပါပဲ။
အဆိုးထဲက ကိုယ်ပြန်ရလိုက်တာက
တော့ ကောင်လေးက ကိုယ်ကလွဲပြီး
ဘယ်လိုမျိုးတူ ယောက်ျားလေးကိုမှ
ဒီလိုအရောင်စွန်းနေတဲ့သံယောဇဥ်
မထားနိုင်တာပဲ။ သံယောဇဉ် လေးပဲဆိုရင်တောင် ကိုယ် ကျေနပ်လွန်းဖို့
ကောင်းနေပြီ။
ကြားလေသွေးနေတာတွေကို မျက်လုံး
စုံမှိတ်ယုံကြည်ပေးနေတာက
မရမကအပြစ်တွေဆွဲရှာပြီး ကိုယ့်ဆီ
ကနေလွတ်မြောက်ခွင့်ရဖို့ သူ့ကိုယ်သူလိမ်ညာလိုက်တာလည်း ဖြစ်ကောင်း
ဖြစ်လိမ့်မယ်။ဒါက ကိုယ့်ကိုအနာ
သက်သာစေတယ်။
တဖြည်းဖြည်းနဲ့ ကိုယ်နားလည်သွား
ခဲ့တယ်။ အတူရှိခဲ့ကြတဲ့အချိန်တွေမှာ
သူကိုယ့်အပေါ် သံယောဇဉ်ရှိကြောင်း
တွေပြပေးခဲ့တာပဲ ။လုပ်ချင်ရာတွေလုပ်တတ် ပြောချင်ရာပြောတတ်ပေမဲ့အဲ့
လောက် ရက်စက်တတ်တဲ့ ကောင်လေးမှမဟုတ်တာ။အဓိက ကကိုယ့်ဆီမှာ သူမွန်းကြပ်ပြီးမနေချင်တော့တာ။ကိုယ်ဆွဲသွင်းထားတဲ့ဘဝထဲကနေ လွတ်မြောက်
ချင်တာ။ဒါပါပဲ။
ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တကယ်တော့ ကိုယ့်အချစ်က
လိုအပ်ချက်တွေနဲ့ပါ။
တောင်းပန်တယ်။ကိုယ်လည်းမင်းနဲ့တွေ့
မှကိုယ့်ကိုကိုယ်သိသွားရတယ်ဆိုတာ
ထက် မင်းတည်ရှိနေတာလေးကိုပဲ
သဘောတကျအရင်မြင်မိပြီး ချစ်ခဲ့မိ
တာပါ။မင်းတစ်ယောက်ထဲအပေါ်ကို လောဘတွေတက်ပြီး ပိုင်ဆိုင်လိုစိတ်
တွေပြည့်နှက်ခဲ့တာ။
ကိုယ်လုပ်မိခဲ့တဲ့အမှားကကိုယ့်ဆီ
ပြန်လာတာပဲ ဆိုတာ နားလည်သွားတာနဲ့တစ်ပြိုင်နက် ကိုယ်ဖြေသာသွားတယ်။သက်သာရာရသွားတယ်။
မင်း လွတ်မြောက်ချင်ခဲ့တဲ့ နစ်မွန်း
နေတဲ့ဘဝထဲကနေ ကိုယ့်ကိုကိုယ်ပြန်
ရှာဖွေပြီး အပြီးတိုင်ရုန်းထွက်လိုက်ပါ။
အေးအေးဆေးဆေးနေတတ်တဲ့
ကောင်လေးဆိုတော့ အပူတွေလွှမ်းမိုးမှု
တွေမရှိပဲသူ့လိုပဲအေးမြတဲ့ အဆင်းရှိ
တဲ့သူတစ်ယောက်နဲ့ပဲ တွေ့စေချင်တယ်။
ဒါတွေသိပ်ခေါင်းထဲမထည့်တဲ့ကောင်လေးဆိုတော့လည်းအချိန်ကြာရင်တောင်
ဖြစ်နိုင်မှလည်းဖြစ်လာလိမ့်မယ်။
အဓိကက သူ့ကိုယ်သူယုံကြည်စိတ်
ရှိတဲ့ဘဝမှာဆက်လက်ရှင်သန်သွားနိုင်ဖို့။
တစ်ယောက်တည်း အတွေးလွန်နေရတဲ့ အချိန်တွေမှာသေမတတ် လွမ်းနေရရင်တောင် မင်းဆီကိုပြန်လာပြီး ကိုယ့်အပေါ် အားနာမှုတွေ ဝေဝါးမှုတွေနဲ့ မင်းမလို
ချင်တဲ့ဘဝကို နောက်တစ်ကြိမ် ထပ်ပေးတော့မှာမဟုတ်ဘူး။
ပြန်တွေ့ဖြစ်ကြတဲ့အချိန် မင်းအပေါ်
ပိုင်ဆိုင်လိုခြင်းကင်းတဲ့ အေးချမ်းတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ရပ်ကြည့်ပြုံးပြ
နိုင်အောင်ကြိုးစားနေတယ်။
မင်းရဲ့တည်ရှိမှုလေးကိုပဲ အဝေးကနေ
လှမ်းကြည့်နေနိုင်ဖို့ အတွက် ကြိုးစား
နေဆဲပဲ။လုပ်နိုင်မယ်လို့လည်း ကိုယ့်ကိုကိုယ်ယုံကြည်တယ်။
ကိုယ် လက်လွှတ်ပေးခဲ့တဲ့ နေရာမှာ
မင်း ကိုယ်ကြောင့်ပျောက်ဆုံးခဲ့ရတဲ့
မင်းရဲ့ပျော်ရွှင်မှု အစစ်အမှန်ကိုပြန်
ရှာတွေ့နိုင်ပါစေ...ဝန်း။
~~~~~~~~~
နိုးထချိန်မတန်သေးပဲ ကိုယ်မျက်လုံး
တွေပွင့်လာရတဲ့အချိန်
ဘေးကိုစောင်းငဲ့ကြည့်တော့ နွေးထွေးမှုအစားနေရာလွတ်က စီးကြိုနေသည်။
ကုတင်ဘေး စားပွဲပေါ်က ဖုန်းကိုနာရီယူ
ကြည့်တော့ မနက်ခြောက်နာရီထိုးခါနီး။
သူ့အချိန်နဲ့သူစောစောထတတ်တဲ့ ကောင်လေးဆိုတော့ အိပ်ရာကထသွားပြီပဲ။
ဆက်မအိပ်တော့ပဲ ကုတင်ပေါ်က
စိတ်လောပြီးဆင်းကာ စောင်ခေါက်ပြီး ရေချိုးခန်းထဲဝင် မျက်နှာသစ်သွားတိုက်လိုက်သည်။အိမ်အောက်ထပ်ကို
အရောက်ထမင်းစားခန်းထဲကို ဝင်တာနဲ့
ကိုယ့်အတွက် အေးချမ်းရာကို ရှာတွေ့
သည်နှင့်မနက်ခင်းက ပြီးပြည့်စုံနေသည့်အလား။
ကိုယ်လည်းမနက်စောစောထတဲ့
အခါထမင်းဟင်းချက်တဲ့အပိုင်း
ဝင်ကူပေမဲ့ သူ့ကိုသွားရှုပ်သလိုဖြစ်
သွားတာကပိုများသည်။
တစ်ယောက်တည်းနေနေကျမလို့
အစားအသောက်ချေးမများ အပြင်မှာ
စားတာများပြီး အိမ်မှာဆိုရင်ရှိတာနဲ့
ပဲစားတတ်တယ်လို့ပြောထားတာတောင်
မနက်စာကအစ တနေ့တမျိုး မရိုးရအောင် သူအချက်အပြုတ်ဝါသနာပါတာဆိုပြီး အလုပ်ရှိတဲ့ကြားကနေ နှစ်ယောက်စာ
နေ့လည်ထမင်းဘူးအထိပါ အချိန်မှီ
ပြင်ဆင်ပေးတတ်သည်။
မနက်စောစောထပြီး ဘုရားပန်းအိုး
ရေလဲ သစ်သီးတွေရေဆေးပြီးဆွမ်းတော်ကပ်တာကလည်းသူ့ရဲ့ကုသိုလ်လေး
တစ်ခု။
တစ်ကယ့်ကို အလိမ္မာ အိမ်ပါလေး
ကိုရထားတာ။
"ကိုကို"
ထမင်းပေါင်းအိုးကို ခလုတ်နှိပ်နေရင်း
ကိုယ့်ကို လှမ်းမြင်တော့ မျက်လုံးတွေလက်ခနဲ။
"ဘာလို့ထလာတာလဲ စောသေးတယ်လေ "
ခပ်မြန်မြန် လျှောက်လာရင်း ဘေစင်ဘေးမှာရပ်နေသူကို ရင်ခွင်ထဲ ထည့်လိုက်ရင်း သိမ်းကြုံးဖက်ထားလိုက်ရသည်။နေ့ရက်တိုင်းနိုးထလာတဲ့အချိန် မြင်နေရတဲ့
မျက်နှာလေးနဲ့တင် တစ်နေ့တာကိုအစပြုဖို့လုံလောက်နေပြီ။
ဘေးနားမှာရှိနေရုံနဲ့တင်
ရူးသွပ်ဖို့လုံလောက်တယ်။ ကိုယ်
တစ်ကယ်ဘယ်လိုဆက်လုပ်ရမလဲ။
ကိုယ့်ရဲ့ ပျော်ရွှင်မှုက အချစ်ကိုတွေ့တဲ့
အခါတယုတယနဲ့အရမ်းချစ်ပေးချင်တာ။မင်းကိုတွေ့ခဲ့တယ်။အရမ်းလည်းချစ်ခဲ့တယ်။မင်းရဲ့သဘောထားကိုသိနေပေမဲ့
ကိုယ့်အတွက်က ချစ်နေရရုံနဲ့တင် ကျေ
နပ်ပါတယ်ဆိုတာထက် ကိုယ့်ဘက်က
ချစ်ပေးရတာကိုကျေနပ်နေခဲ့တာ။
ကိုယ့်ရဲ့ ပျော်ရွှင်မှုကိုအရယူနိုင်ခဲ့ပေမဲ့ တစ်ဖက်မှာ မင်းဝန်ပိနေတာကိုကိုယ်
နားမလည်နိုင်ခဲ့ဘူး။
တောင်းပန်တယ်။ကလေး။တစ်သက်မှာတစ်ခါပဲ။ချစ်တာထက်ကို ပိုပြီးတော့
ချစ်ရတယ်။ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို
ထပ်ပြီးအရယူခဲ့ပေမဲ့ မင်းဝန်ပိမဲ့အဖြစ်
မျိုးတော့ ဘယ်တော့မှ ထပ်မဖြစ်စေရ
ဘူး။ ထပ်ပြီးကြောက်သွားမှာ အစိုးရိမ်
ဆုံးပဲ။မင်းလိုအပ်သလောက်ပဲ ကိုယ့်
ဘက်ကမေတ္တာပေးရမှာသိမဲ့ တစ်ခါ
တစ်လေလည်း ထိန်းရခက်တယ်။
" ဘာဖြစ်လို့လဲ...ဘာလို့လဲလို့"
ရင်ခွင်ထဲက စိုးရိမ်နေတဲ့အသံလေး။
" မနက်အစောကြီး ဘာဖြစ်လို့လဲ
ကျွန်တော့်ကိုပြောအုံးလေ....ကိုကို"
နောက်ဆုံးကခေါ်သံလေးက စိုးရိမ်ခြင်း
အပြည့်တိုးညှင်းစွာ အဖျားခတ်ရုံ။
ပို၍ တိုးဖက်ရင်း နားသယ်စပ်နားက
ဆံပင်တွေထဲ အနမ်းတို့ခိုဝင်ဖိကပ်ထားမိသည်။
ဘယ်လိုလုပ်....ဘယ်လိုလုပ်ပြီး
မင်းကိုစွန့်လွှတ် ပေးနိုင်မှာတဲ့လဲ။
အလကားပဲ။အကုန်အလကားပဲ။မင်းကိုလွမ်းတဲ့စိတ် အပြေး ပြန်လာချင်တဲ့စိတ် တွေကို ထိန်းချုပ်ခဲ့ရတဲ့ နှစ်တွေအချိန်
တွေ ကိုယ့်ကိုကိုယ်ဆုံးမပြီးသင်ယူနေ
ခဲ့တဲ့ မေတ္တာတရားတွေကမင်းကို ပြန်တွေ့လိုက်ရတဲ့တခဏအကုန်အလကားပဲ။ တောင်းပန်တယ်။ ကိုယ်မင်းကို ဘယ်
လိုမှမစွန့်လွှတ်ပေးနိုင်ဘူး။
ကိုယ့်ကိုကိုယ်ချုပ်ထိန်းပြီးဆုံးမနေရင်း
နဲ့ပဲဒီဘဝထဲကို နောက်ထပ်တစ်ကြိမ်
ဆွဲသွင်းပြီး ပြန်လမ်းမရှိအောင်ခေါ်ခဲ့
မိတဲ့အတွက် တောင်းပန်တယ်။
ကိုယ့်လုပ်ရပ်တွေမှားနေတယ်ဆိုရင်
တောင်ကိုယ်မင်းကိုဘယ်တော့မှ ပြန်လွှတ်ပေးနိုင်တော့မှာမဟုတ်ဘူး။
"ဝန်း"
"ဗျာ"
"ကိုယ်နဲ့အတူရှိနေရတာပျော်ရဲ့လား"
ဖက်ထားရာကနေ ရင်ခွင်ထဲကအလျင်
အမြန်တိုးထွက်သည်။
" ဘယ်လိုမေးလိုက်တာလဲ ကျွန်တော်ဒီလောက်ပျော်နေတာ ကိုကို မြင်ဖူးလို့လား"
မျက်နှာငယ်လေးကနေစပြီးအကြည့်
တွေကစိုးရိမ်ခြင်းအပြည့်။
သူ့နေရာနဲ့သူ အရွယ်ရောက်နေတဲ့ ယောက်ျားလေးတစ်ယောက်အသွင် ပြောင်းလဲသွားတာတွေ ရှိပေမယ့်
နေရာဟောင်းမှာပဲ ရပ်ကျန်ခဲ့တာလေးကတော့ ကိုယ့်ရှေ့မှာ မကွယ်ဝှက်
တတ်ခြင်းပဲ။
" ရုတ်တရက်ကြီး ဘာဖြစ်လို့ အဲဒီလိုမေးတာလဲ.... မနက်အစောကြီး ထလာပြီး
တော့။ဘာဖြစ်လို့လဲဆို ပြောအုံးလေ
မျက်နှာလည်းမကောင်းဘူး"
" ကိုယ်အိမ်မက်မက်လို့"
" ဘယ်လိုအိပ်မက်လဲ မကောင်းတာလား ကျွန်တော့်ကိုအခုပြောပြ"
"နည်းနည်းတော့ဆိုးတယ်"
"ဘယ်လိုမျိုးလဲ ကျွန်တော့်ကိုပြော"
ကိုယ့်မျက်နှာအပြောင်းအလဲကိုပဲ ဂရု
တစိုက်နဲ့လိုက်ကြည့်နေတာ။ကိုယ်ပြော
သမျှကို အသေးအမွှားကအစ အလေး
ထားပြီး နားထောင်ပေးတတ်လွန်းတဲ့
ကောင်လေး။
"ကိုယ့်အိမ်မက်ထဲမှာ ကောင်လေးတစ်ယောက် ဒီထက်ပိုပြီး မြင့်လာဖို့မရှိ
တော့ဘဲ အရပ်ကအသက်ရဲ့အနောက်
မှာပဲကျန်ခဲ့တယ်တဲ့"
တည်ငြိမ်နေတဲ့ မျက်နှာလေးကနေ
အနည်းငယ် မှောင်ကြုံ့လျက်အမှန်
အကန် စိတ်ဆိုးသယောင်ဖြစ်သွားပါတော့သည်။
"ခင်ဗျားနော် စကားအကောင်း ပြောနေ
တာကို "
အသာရယ်ပြတော့ မသင်္ကာသလို
လိုက်ကြည့်နေပြီး မျက်နှာလေးအနည်း
ငယ် ဆူပုတ်လျက်။
"သူများအလုပ်လုပ်နေတာကို မနက်စောစောစီးစီးလည်း တရေးနိုးထလာပြီး
လိုက်စရမှ။အဲ့ဒီ အရပ်ကိုပဲလာထိခိုက်
နေ မြင့်လာပါတယ်နော် ခင်ဗျားပုခုံး
တောင် ကျော်တော့မယ် "
"အင်းလေ ကိုယ် ဒူးကွေးထားပေးဖို့
တော့လိုတာပေါ့"
"ကိုစစ်ကြောင်း ခင်ဗျား နော်"
ဖက်ထားရာကနေ
လက်တွေကိုဖယ်ပြီးထွက်သည်။
"စိတ်ဆိုးသွားတာလား"
"ဆိုးတယ် "
မျက်နှာက အနည်းငယ်ဆူပုတ်နေမဲ့
အချော့ခံရတာကိုသဘောကျတဲ့
ကောင်လေးက ကြာကြာတောင်မဆိုးနိုင်ပဲ။
"တကယ်အိမ်မက်မက်တာကိုပြော
အုံးလေကိုကို ဘာမကောင်းတာမက်
လို့လဲဆို အခုပြော"
စိုးရိမ်ပေးတတ်တဲ့ နေရာမှာလည်း
နှစ်ယောက်မရှိ။
ကြည်လင်နေတဲ့ မျက်နှာလေးကို
ကြည့်ရင်းရင်ထဲကြည်နူးကာ ကိုယ်ကို
တိုင် နှစ်ခြိုက်စွာပြုံးမိသွားသည်။
" မကောင်းတာ မဟုတ်ပါဘူး။ဘာမှ
မဟုတ်ဘူး စိတ်ထဲမထားနဲ့"
"တစ်ကယ်လား"
"အင်းဆို"
" အဲဒါဆို ဘာဖြစ်လို့မနက်အစောကြီး
လာဖက်တာလဲ"
"ခက်ပြီ မနက်အစောကြီး မဖက်ရဘူး
လို့ ဘယ်သူကအမိန့်ထုတ်ထားလို့လဲ။
မကြိုက်လို့လား"
သိသိကြီးနဲ့ဆိုတဲ့ မျက်နှာလေးနဲ့လုပ်ပြ
ပြီးငြင်းဆန်ခြင်းတောင်မပြု။
ရင်ထဲ ချုပ်ထိန်းရခက်စွာနဲ့ပဲ ပြန်လည်၍ ရင်ခွင်ထဲထည့်ထားရတော့သည်။
"မနေ့ညက အမေဖုန်းဆက်တုန်းက
ဘာပြောတာလဲ"
"ကျွန်တော်ပြောတုန်းကနားမထောင်ပဲ ဘောလုံးပွဲပဲ စိတ်ဝင်စားနေ။မေမေက
ဒီပိတ်ရက် သူ့တူတွေတူမတွေလူစုံနေလို့ အိမ်မှာကြီးကြီးတို့နဲ့ထမင်းချက်ကျွေး
မလို့ အဲ့တာနေ့လည်လူလွှတ်ပြီးပို့လာ
ပေးမယ်တဲ့ ။ကျွန်တော်ကမေမေလာ
မပို့ခိုင်းနဲ့ ကျွန်တော်တို့ နေ့လည်စာ
လာစားမယ်လို့ပြောလိုက်တယ်"
"အမေနဲ့နေ့တိုင်းစကားပြောဖြစ်တာလား။ ကိုယ့်ကိုတောင် အမေ ဖုန်းမဆက်တာ
ကြာပြီ"
"ခင်ဗျားက မွေးစားသားလေ"
လျှာတစ်လစ်လည်းထုတ်ပြတတ်သေးတယ်။
"မေမေ့ဆီ သူကအရင် ပုံမှန် ဖုန်းဆက်
ဖော်တောင်မရပဲ လျှောက်ပြောနေ။
အဲ့တာလေမေမေက အမှန်တော့ ကိုကို့
ကိုတွေ့ချင်နေတာ။မအားမှာစိုးလို့။
ကိုယ်က အလိုက်သတိနဲ့သွားပေးရ
မှာပေါ့ ။ တစ်ယောက်ထဲမွေးထားလို့
သူ့သားကိုတစ်အားချစ်တာပဲ အမြဲ
တွေ့ချင်နေတာ။အချိန်ပိုရရင်ဘောလုံးပွဲ
ပဲ ကြည့်မနေဘဲအမေ့ဆီသွားပြီး ကိုယ့်
အမေနားလည်းကိုယ်ကပ်အုံး"
"အမေက အရင်လိုမဟုတ်တော့ဘူး နောက်ပိုင်း ပြောင်းလဲသွားပြီ "
သက်ပြင်းတစ်ချက်ချကာ ပြောတော့
တစ်ကြည့်ကြည့်။
"မွေးစားသားကိုယ့်ကိုတွေ့ချင်နေတာလို့တော့မထင်ဘူး။ကိုယ်နဲ့တွေ့တိုင်း ဝန်းကို
ပဲ တသွင်သွင်မေးနေတာ သားငယ်
ဆိုတာကို ပါးစပ်ကမချဘူး
အခုတော့ပိတ်ရက်တောင်အ လွတ်
မပေးပဲ အမေကကိုယ့်ဆီကနေ
ညီလေးကို အပိုင်သိမ်းတော့မယ်
ထင်တယ်"
"ဒါလည်း ဖြစ်နိုင်တာပဲ မေမေက
အခုကျွန်တော့်ကိုအရမ်းချစ်နေတာ၊
ကိုကို အနောက်မှာကျန်ခဲ့ပြီ"
နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေတာမှ
အရင်ကထက်ကိုပိုပြီး ပြောတာဆိုတာက အစတက်ကြွလို့။
အသည်းယားစွာနဲ့ ဖက်ထားပြီး
တစ်ကိုယ်လုံးကိုမဖျစ်ညစ်မိအောင် စိတ်ထိန်းလိုက်ရလျက် ခပ်ကြမ်းကြမ်းနစ်ဝင်သွားတဲ့အထိပါးတစ်ဖက်ကိုဖိကပ်နမ်း
လိုက်ချိန်
မျက်လွှာချသွားတဲ့ ရှက်တတ်သည့်
မပြောင်းလဲမှု။အရောင်ပြေးသွားတဲ့
နှာရွက်ဖျားတွေ။
ရင်ခွင်ထဲကို ပိုပြီးစွတ်တိုးဝင်လာသည့်
ခန္ဓာ ကိုယ်နွေးနွေးလေး။ကိုယ်တော့
ရူးရတော့မှာပဲ။
"ကျွန်တော်အခု လိုခင်ဗျားနဲ့ရောခင်ဗျားမိသားစုတွေနဲ့ရောအတူရှိနေရတာ
အိမ်မက်လိုပဲ။အရမ်းပျော်နေတာမို့လို့
ကျွန်တော်ခင်ဗျားကိုအရမ်းလိုအပ်တာ
မို့လို့ လေ ကိုကိုတစ်ခြား ဘာမှမစဥ်းစား
နဲ့တော့နော်။ထပ်ပြီးမပြောချင်တော့
ပေမဲ့ ဖြစ်ခဲ့တာတွေကကျွန်တော်
ကိုယ့်ကိုကိုယ်မသိချင်ခဲ့တာ တစ်ခုထဲ
ကြောင့်ပဲ။ကျွန်တော့်ထက်ကိုပိုပြီး
ခင်ဗျားကဘယ်လောက်တောင်ဒီထဲကမဟုတ်ခဲ့လည်းဆိုတာ ကိုယ့်ကိုကိုယ်
အသိဆုံးဖြစ်မှာပေါ့။တစ်ကယ်ပဲ ဘယ်လိုကြီးမေးလိုက်တာလဲ။မနက်အစောကြီး
ထလာပြီးအဲ့လိုပြောတော့ကျွန်တော်ကဘယ်လိုလုပ်ပြီးစိတ်ကောင်းတော့မှာလဲလို့"
"ဝန်း"
ရင်ခွင်ထဲက လူသားလေးကို အားနာစိတ်နဲ့ မြတ်နိုးသည့်စိတ်ကရောကာ
မလွှတ်စတမ်း သိမ်းကြုံးဖက်ပြီး။
"ကိုယ် မှားတယ်နော်။ကိုကိုမှားတယ်
နောက်တစ်ခါထပ်မကြားစေရဘူး"
အခါခါ ကျရှုံးအောင်လုပ်နိုင်တဲ့
သူဝမ်းနည်းနေကြောင်း အသိပေးသည့်မျက်နှာငယ်နဲ့အကြည့်။
" ဘာမဆိုအမြဲနားလည်ပေးပြီးကျွန်တော့် အနားမှာရှိပေးတဲ့အတွက်... ကျေးဇူးတင်တယ်။ပြီးတော့
ကိုယ့်ကျောပြင်ကို ပြန်လည်ဖက်တွယ်
လာတဲ့လက်တွေ။
"ကျွန်တော့်ဘဝမှာခင်ဗျားမရှိရင်
မဖြစ်တော့တဲ့အထိခင်ဗျားကို
ကျွန်တော်.... အရမ်းချစ်တယ်။"
ကိုယ်ဖက်ထားတဲ့အတိုင်း ငြိမ်သက်
နေပေးတော့ ရင်ထဲတစ်သိမ့်သိမ့်နဲ့
မလွှတ်စတမ်းဖြစ်နေမိတော့တာပဲ။
ဆယ်ကျော်သက်အရွယ်ကနေစပြီး
ကိုယ်တွေ့ရှိခဲ့ရတဲ့ ကောင်လေးက
အခုကိုယ့်ရှေ့မှာ တစ်ကယ်ကိုအသက်အရွယ်နဲ့အညီ အရွယ်ရောက်
နေတဲ့လူငယ်လေးတစ်ယောက်ဖြစ်နေပြီ။
မင်းကကိုယ့်ကိုရိုးသားစွာနဲ့ပဲ ပြန်ဖြည့်
ဆည်းခဲ့ပေမဲ့ ကိုယ်ကတော့ မင်းနဲ့
ပတ်သက်လာရင် ကိုယ့်ကိုကိုယ် ပြုပြင်
လို့မရတဲ့သူလိုပဲ။ဂရုစိုက်မှုတွေ
တစ်အားမပေးနဲ့။ပိုပြီးလောဘတက်
လာလို့။
မင်းကိုပွေ့ဖက်ထားရင်းနဲ့ပဲ ဘယ်လို
ချည်နှောင်မှုမျိုးကိုမဆို ချည်မိနေအုံးမှာပဲ။
ဖြစ်နိုင်ခွင့်သာရှိမယ်ဆိုရင် ဒီနေရာကနေ နောက်သံသရာတွေအထိ အရင်ရှာတွေ့
တဲ့သူကကိုယ်ပဲဖြစ်ခွင့်ရှိပါရစေ။
••••••••••••••••••••••••••••••••••••••••••••
မရေးပဲချန်ထားဖြစ်ခဲ့တဲ့ ကိုစစ်ကြောင်း
Povတွေနဲ့အတူextraအပိုင်းလေးပါ။ကျေးဇူးတင်ပါတယ်~~~
ေမြးရပ္ေျမကေန ပညာယူဖို႔ထြက္ခြာ
လာခဲ့တဲ့ ေန႔ရက္႐ွည္ေတြ။တစ္ဖက္က
ေျမနဲ႔ေန႔ေတြညေတြကြာျခားတဲ့ အခ်ိန္
ေတြကိုတိုက္ဆိုင္တဲ့အခါတစ္ခါတေလ
ဖြင့္ၾကည့္ရင္း ေနသားတက်
ျဖစ္မွန္းမသိ ျဖစ္ခဲ့ရတဲ့ေန႔ရက္ေတြ။
ပုံမွန္ပဲျဖတ္သန္းခဲ့တာပါပဲ။ ေရာက္ခါစ
ကေတာ့ ဒီမွာပဲ ႏိုင္ငံသားခံယူၿပီး
အေျခခ်ေနၾကတဲ့ ကိုယ္နဲ႔သိပ္မရင္းတဲ့
အေမ့ရဲ႕အစ္ကို ကိုယ့္ဘႀကီးတို႔မိသားစု
အိမ္မွာ ဒီမွာေနရာ႐ွာၿပီးတဲ့အထိ သုံးေလးရက္ေလာက္ေနျဖစ္ခဲ့တယ္။ ကိုယ့္မွာ ေမြးခ်င္းမ႐ွိဘူးဆိုေပမယ့္ မိဘ ႏွစ္ေယာက္လုံးက ေမာင္ႏွမမ်ားေတာ့
အမ်ိဳးေတာင့္ၿပီး အေပါဆုံးက တစ္ဝမ္း
ကြဲေတြပဲ။ျမန္မာျပည္မွာ ႐ွိတဲ့သူေတြနဲ႔က အရင္းေတြလိုျဖစ္ေနေပမဲ့ ေမြးကထဲက ျပည္ပမွာအေျခခ်ခဲ့တဲ့ဒီဘႀကီးရဲ႕
သားသမီးေတြနဲ႔ကေတာ့ ျမန္မာျပည္လာလည္ၾကတဲ့အခ်ိန္နဲ႔ ကိုယ္သိပ္ဝင္မၾကည့္ျဖစ္ခဲ့တဲ့အငယ္မေတြဖြဲ႕ထားတဲ့
ေမာင္ႏွမေတြရဲ႕group chatထဲမွာ
သာ တခါတေလဆုံခဲ့ရသည္။ဘႀကီးမွာ သားသမီးသုံးေယာက္႐ွိေတာ့ ဒီမွာလဲ
တစ္ဝမ္းကြဲေတြအမ်ိဳးေတာင့္ျပန္ေရာ။ဘႀကီးရဲ႕သမီးအႀကီးဆုံးမွာေတာ့
အျဖဴသားနဲ႔လက္ထပ္ၿပီးရထားတဲ့
ဆယ္ႏွစ္နဲ႔႐ွစ္ႏွစ္အ႐ြယ္ သမီး
မိန္းကေလးႏွစ္ေယာက္႐ွိတယ္။က်န္
တဲ့သားနဲ႔သမီးတစ္ေယာက္က လူလြတ္။
"ကိုစစ္ကတစ္ေယာက္တည္းပညာ
လာသင္တာလား"လို႔အထာပါပါေမး
က်တဲ့ ဒီႏိုင္ငံသားတစ္ပိုင္းလိုကိုျဖစ္
ေနတဲ့ကိုယ့္ဘႀကီးနဲ႔သူ႕မိန္းမကို ျမန္မာ
ျပည္ကေနကိုယ္ တကူးတက သယ္
ယူလာေပးတဲ့ လက္ေဆာင္ကေတာ့
ခရီးေတြထြက္ရတာကိုသေဘာက်
တဲ့ ေကာင္ေလးတစ္ေယာက္အေၾကာင္း
ပဲ။ကိုယ့္ေဘးက ေလထုေတြကေအးစက္သြားၿပီး တစ္ခဏၾကာသည္အထိ
အာေစးမိေနသလို ပါးစပ္မဟႏိုင္ၾကတဲ့အမ်ိဳးေတြ။
သူကကိုယ္နဲ႔ပတ္သက္မႈေလးပါဆိုၿပီး ရင္းႏွီးတဲ့သူေတြကို မိတ္ဆက္ေပးရ
မယ္ဆိုရင္လူက အၿမဲတစ္ေစတက္ႂကြလို႔။
"အခုေတာ့ တစ္ေယာက္တည္းပါပဲ"
လို႔ဆက္ေျပာတဲ့အခ်ိန္ ဘႀကီးနဲ႔ သူ႕
မိန္းမက လူႀကီးေတြပီပီထပ္ဆင့္အံ့ၾသ
ဟန္႐ွိေနေသးေပမဲ့ ဝမ္းကြဲေတြရဲ႕
" ဘယ္လိုပုံစံလဲ ေကာင္ေလးပုံျမင္ဖူး
ခ်င္လိုက္တာ"ဆိုတဲ့ေတာင္းဆိုမႈေတြ
ေနာက္မွာပထမႏွစ္ေက်ာင္းသားရဲ႕ဖုန္း
စခရင္ေပၚက မ်က္ႏွာေလးကိုထုတ္
ႂကြားျဖစ္ခဲ့ေသးသည္။"ခ်စ္စရာပဲ ဆြဲေဆာင္မႈ႐ွိတယ္ အခုက ဘယ္လိုျဖစ္လို႔
တစ္ေယာက္တည္းလဲ "ဆိုတဲ့မွတ္ခ်က္
ေတြေနာက္မွာတူမေလး ႏွစ္ေယာက္ရဲ႕
ဘိုအသံပီသစြာသူတို႔အေဖဘာသာစကားနဲ႔"သူကမင္းနဲ႔လိုက္ဖက္တယ္ ငါတို႔
ႀကိဳက္တယ္ ကိုစစ္"ဆိုတဲ့ စကားသံေတြေနာက္မွာ မုန္႔ဖိုးေတြေပးၿပီးတူမေလး
ေတြကို အခ်စ္ပိုခဲ့ရေသးတယ္။
ဘႀကီးအိမ္မွာသုံးရက္ေလာက္ေနခဲ့ၿပီး အပူအပင္မထားၾကတဲ့ အမ်ိဳးေတြကို
ေတာ့ အားနာနာနဲ႔ပဲ"မင္းကိုၾကည့္ရ
တာကြာ"ဆိုတဲ့အားမလိုအားမရအသံ
ေတြနဲ႔အတူ ေမြးရပ္ေျမကပါလာတဲ့
အေဆြးဓါတ္ခံေလးေတြလက္ေဆာင္
ေပးျဖစ္ခဲ့ေသးတယ္။
စီးပြားေရးဘြဲ႕ယူဖို႔ ထြက္လာခဲ့တာ
မလို႔ ယူေကရဲ႕ၿမိဳ႕ေတာ္မွာ တစ္ႏွစ္
အေက်ာ္ၾကာေက်ာင္းတက္ခဲ့ၿပီးၿပီ။
ဒါေပမယ့္ထပ္ၿပီးေလ့လာရင္း သင္တန္း
ေတြထပ္တက္ၿပီး ဒီမွာလည္းလက္လွမ္း
လို႔ရသေလာက္စီးပြားေရးေတြလုပ္ရင္း
အပူပိုင္းေဒသကို မျပန္ျဖစ္ေသးဘူး။
မေသခ်ာေသးေပမယ့္ အလုပ္ေတြ
စထားလို႔ဒီမွာပဲအေျခခ်ေနသြားဖို႔
ျဖစ္ရင္လည္းျဖစ္သြားႏိုင္တယ္။
ေရာက္လာထဲက က်န္ခဲ့တဲ့ေနရာမွာ
အၿမဲဖုန္းဆက္တတ္တဲ့အေမနဲ႔ တခါ
တေလၾကဳံရင္စကားဝင္ေျပာတတ္တဲ့
အေဖနဲ႔ကလြဲၿပီး ဘယ္သူနဲ႔မွ အဆက္အသြယ္မလုပ္ျဖစ္ဘူး။အရင္း
ဆုံးေကာင္ေတြကိုေတာင္မွပဲ...။ ဘယ္သူ
နဲ႔မွ အဆက္အသြယ္ မလုပ္ခ်င္ခဲ့တာ
ဆိုရင္ ပိုမွန္မယ္။က်န္ခဲ့တဲ့ေနရာနဲ႔ပတ္
သက္တာ ပတ္သက္တဲ့သူ မွန္သမွ်
ဘာကိုမွသတိမရခ်င္။ မစဥ္းစားခ်င္
ဘူး။ေမ့ထားပစ္ခ်င္တယ္။အဲ့ဒါမွလည္း...လုပ္ႏိုင္မွာ။
"ေဟ့ေရာင္ မင္းခိုင္းထားတဲ့အတိုင္း
ျမတ္ကသြားေတြ႕ၿပီးသြားၿပီ။မင္းဟာ
ေလးက ကူညီမယ္ ေျပာတာကိုလက္မခံဘူး။ေက်ာင္းတက္ရင္းအလုပ္လုပ္ေန
တယ္တဲ့ ငါတို႔ဘာဆက္လုပ္ေပးရမလဲ"
"ေက်းဇူးပဲ သားႀကီး။သူ႕သေဘာ
အတိုင္းပဲ ထားလိုက္"
ေက်ာ္ထြန္းကို ဆက္သြယ္ၿပီးတာ
ၾကာခဲ့ၿပီ ျဖစ္ေသာ ပထမဆုံးကိုယ့္ေျမ
ကေဘာ္ဒါအရင္းအခ်ာနဲ႔စကားေျပာ
ခဲ့ျခင္း။ သိခဲ့ရပါတယ္။သူ႕အစ္ကို႔နဲ႔အဆက္အသြယ္ေတာင္မလုပ္ေတာ့
ဘူး တစ္ေယာက္ထဲညီေလးနဲ႔အတူ
ရပ္တည္ေနတယ္ဆိုတဲ့အေၾကာင္းေတြ။
တစ္ကယ္ကို မိသားစုလိုအပ္ေနတဲ့
ေကာင္ေလးမို႔လို႔ ဒီအခ်ိန္ေရာက္လာ
ေတာ့ကိုယ္ဘယ္လိုစိတ္ေအးခ်မ္းရ
မလဲ။ဒါေပမဲ့ သူလုပ္ႏိုင္တယ္။တစ္
ကယ္ကို ဆုံးျဖတ္ထားၿပီးၿပီဆိုရင္
စိတ္ဓါတ္ခိုင္မာတဲ့ ေကာင္ေလးမို႔လို႔
လုပ္ႏိုင္မွာပါ။ ကိုယ့္ကို အားနာေနရ
တာမ်ိဳးေတြ ေနာက္တရေနၿပီးေစာင့္
ဆိုင္းေနတာမ်ိဳးေတြဆိုတာ ကိုယ့္အတြက္တစ္ကယ္မလိုခ်င္ဆုံးမလို႔ မင္းဘဝ
အတြက္ပဲမင္း ကိုယ္မင္း႐ွာေဖြၿပီး
ေ႐ွ႕ဆက္လိုက္ပါ။
ေဆးလိပ္ေငြ႕ကို ခပ္ျပင္းျပင္း႐ႈထုတ္
လိုက္ၿပီး လက္ထဲမွာညႇပ္ထားတဲ့ေဆးလိပ္တိုရဲ႕မီးစကိုၾကည့္ရင္း
ၿငိမ္သက္စြာထိုင္ရင္း အေတြးမ်ားခဲ့ရ
တဲ့ေန႔ေတြ။အပတ္စဥ္အလုပ္ေတြ႐ႈပ္ေနေအာင္ ကိုယ့္ကိုကိုယ္ သံပတ္ေပးထား
သလိုအစီအစဥ္ေတြဆြဲထားသည့္တိုင္
နားခ်ိန္ရတာနဲ႔ စိတ္ထဲကိုဝင္လာတဲ့
အေတြးေတြကတားမရဆီးမရ။
စတင္ထဲက ကိုယ္မွားခဲ့တယ္။တစ္ခု
ထဲပါပဲ။ ဒါေပမယ့္အမွားႀကီး။ ခ်စ္တယ္
ဆိုတဲ့ လူနားေထာင္လို႔ေကာင္းတဲ့ အေၾကာင္းျပခ်က္နဲ႔ သူ႕စိတ္ကိုသူ
ေသခ်ာမေဝခြဲေနႏိုင္တဲ့ေကာင္ေလး
တစ္ေယာက္ကိုပိုင္ဆိုင္လိုစိတ္ႀကီးၿပီး
ဒီဘဝထဲ ဆြဲသြင္းခဲ့တာ။
ကိုယ္ခ်စ္ေပးခဲ့ပါတယ္။ ဒါေပမယ့္
ေၾကာက္ဖို႔လည္းေကာင္းခဲ့တယ္။
ေကာင္ေလးရဲ႕စိတ္ အစစ္အမွန္ကိုသိ
ေနတာေတာင္ ဒီဘဝထဲက မ႐ုန္းထြက္
ခ်င္ေအာင္ဆြဲသြင္းသလိုျဖစ္ခဲ့တာ။
အေပၚယံပကာသနေတြထက္ ကိုယ္
ခ်စ္ေပးတာေလးကိုပဲ တျဖည္းျဖည္း
နဲ႔ သူလက္ခံလာႏိုင္ခဲ့ရင္ ကိုယ့္ဘဝထဲ
ကို ဝင္ေရာက္လာလိမ့္ မယ္ကိုယ့္ဘက္ကသာ ငါေမတၱာေတြေပးတာကိုပဲသူ
လက္ခံေနရင္ရေနပါၿပီလို႔ ကိုယ့္စိတ္နဲ႔
ကိုယ္ တဖတ္သတ္ ေတြးထင္ခဲ့တာ
ေတြေပါ့။
တစ္ဖက္ကမလိုခ်င္ေနရင္ ဘယ္လို
လုပ္ၿပီး ဒါက အခ်စ္ျဖစ္ႏိုင္ပါ့မလဲ။
ေကာင္ေလးက သူ႕ကိုသံေယာဇဥ္
႐ွိတယ္ ဒါကျငင္းလို႔မရတဲ့အခ်က္။
ဒါေပမယ့္ အသိေတြစိတ္ဝင္လာတဲ့
အခ်ိန္ သူဒီဘဝထဲကိုမဝင္ခ်င္ဘူး။
သူမဝင္ႏိုင္ဘူး။ဒါပါပဲ။
သူ႕အစ္ကိုဘက္ကိုသြားခ်င္သလို
သြားေနတာ ခိုင္းသမွ်ေက်ေက်နပ္နပ္
လုပ္ေပးေနတာေတြက သူ႕စိတ္က
တေျဖာင့္တည္းျဖစ္ေနလို႔ပဲ။အဲ့တာေတြေၾကာင့္လူကေဝးေနေပမဲ့တစ္ဖက္က
သူ႕စိတ္ကိုရထားတာ။
"ဘဝကို အသစ္ကေနျပန္စခ်င္တယ္
သူ႕ကို လြတ္ေျမာက္ခြင့္ေပးပါ" ထပ္
တလဲလဲ ေျပာသြားတဲ့စကား
လုပ္ရက္လြန္းတယ္လို႔ေျပာဖို႔က
ဒီအခ်ိန္ကိုေစာင့္ေနသလိုမ်ိဳး
သူ႕ကိုယ္သူျပန္႐ွာခ်င္ေနတဲ့ေကာင္ေလး
တစ္ေယာက္ရဲ႕စိတ္ေတြထြက္က်
လာတာပါပဲ။
အလြဲႀကီးလြဲေနတဲ့ ကိုယ္တို႔ႏွစ္ေယာက္
ကို ေကာင္ေလးရဲ႕စိတ္ကိုသိေနတဲ့ လူက အခ်ိန္ေကာင္းမွာခြဲလိုက္ႏိုင္ခဲ့တာ။
ကိုယ္ကိုတိုင္က ကိုယ့္အမွားကိုယ္႐ွာေတြ႕ သြားတာမို႔လို႔ ဘယ္သူ႕အျပစ္ရယ္ဆိုၿပီး ေခါင္းစဥ္မတပ္ခ်င္ေတာ့ဘူး။အဓိကက ကိုယ္တည္ေဆာက္ထားတဲ့ အုတ္ျမစ္
သာခိုင္ေနရင္ ဘယ္သူေတြလာၿပီး
ျဖတ္လို႔ပ်က္ႏိုင္ပါ့မလဲ။ေကာင္ေလးရဲ႕
စိတ္ကိုမရပဲ ေလာဘေတြတက္ၿပီး
ကိုယ့္ဘဝထဲ ဆြဲသြင္းခဲ့မွေတာ့ ပူေလာင္ခဲ့ရသမွ်ကိုယ့္အျပစ္နဲ႔ကိုယ္ပါပဲ။
အဆိုးထဲက ကိုယ္ျပန္ရလိုက္တာက
ေတာ့ ေကာင္ေလးက ကိုယ္ကလြဲၿပီး
ဘယ္လိုမ်ိဳးတူ ေယာက်္ားေလးကိုမွ
ဒီလိုအေရာင္စြန္းေနတဲ့သံေယာဇဥ္
မထားႏိုင္တာပဲ။ သံေယာဇဥ္ ေလးပဲဆိုရင္ေတာင္ ကိုယ္ ေက်နပ္လြန္းဖို႔
ေကာင္းေနၿပီ။
ၾကားေလေသြးေနတာေတြကို မ်က္လုံး
စုံမွိတ္ယုံၾကည္ေပးေနတာက
မရမကအျပစ္ေတြဆြဲ႐ွာၿပီး ကိုယ့္ဆီ
ကေနလြတ္ေျမာက္ခြင့္ရဖို႔ သူ႕ကိုယ္သူလိမ္ညာလိုက္တာလည္း ျဖစ္ေကာင္း
ျဖစ္လိမ့္မယ္။ဒါက ကိုယ့္ကိုအနာ
သက္သာေစတယ္။
တျဖည္းျဖည္းနဲ႔ ကိုယ္နားလည္သြား
ခဲ့တယ္။ အတူ႐ွိခဲ့ၾကတဲ့အခ်ိန္ေတြမွာ
သူကိုယ့္အေပၚ သံေယာဇဥ္႐ွိေၾကာင္း
ေတြျပေပးခဲ့တာပဲ ။လုပ္ခ်င္ရာေတြလုပ္တတ္ ေျပာခ်င္ရာေျပာတတ္ေပမဲ့အဲ့
ေလာက္ ရက္စက္တတ္တဲ့ ေကာင္ေလးမွမဟုတ္တာ။အဓိက ကကိုယ့္ဆီမွာ သူမြန္းၾကပ္ၿပီးမေနခ်င္ေတာ့တာ။ကိုယ္ဆြဲသြင္းထားတဲ့ဘဝထဲကေန လြတ္ေျမာက္
ခ်င္တာ။ဒါပါပဲ။
ခ်စ္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ တကယ္ေတာ့ ကိုယ့္အခ်စ္က
လိုအပ္ခ်က္ေတြနဲ႔ပါ။
ေတာင္းပန္တယ္။ကိုယ္လည္းမင္းနဲ႔ေတြ႕
မွကိုယ့္ကိုကိုယ္သိသြားရတယ္ဆိုတာ
ထက္ မင္းတည္႐ွိေနတာေလးကိုပဲ
သေဘာတက်အရင္ျမင္မိၿပီး ခ်စ္ခဲ့မိ
တာပါ။မင္းတစ္ေယာက္ထဲအေပၚကို ေလာဘေတြတက္ၿပီး ပိုင္ဆိုင္လိုစိတ္
ေတြျပည့္ႏွက္ခဲ့တာ။
ကိုယ္လုပ္မိခဲ့တဲ့အမွားကကိုယ့္ဆီ
ျပန္လာတာပဲ ဆိုတာ နားလည္သြားတာနဲ႔တစ္ၿပိဳင္နက္ ကိုယ္ေျဖသာသြားတယ္။သက္သာရာရသြားတယ္။
မင္း လြတ္ေျမာက္ခ်င္ခဲ့တဲ့ နစ္မြန္း
ေနတဲ့ဘဝထဲကေန ကိုယ့္ကိုကိုယ္ျပန္
႐ွာေဖြၿပီး အၿပီးတိုင္႐ုန္းထြက္လိုက္ပါ။
ေအးေအးေဆးေဆးေနတတ္တဲ့
ေကာင္ေလးဆိုေတာ့ အပူေတြလႊမ္းမိုးမႈ
ေတြမ႐ွိပဲသူ႕လိုပဲေအးျမတဲ့ အဆင္း႐ွိ
တဲ့သူတစ္ေယာက္နဲ႔ပဲ ေတြ႕ေစခ်င္တယ္။
ဒါေတြသိပ္ေခါင္းထဲမထည့္တဲ့ေကာင္ေလးဆိုေတာ့လည္းအခ်ိန္ၾကာရင္ေတာင္
ျဖစ္ႏိုင္မွလည္းျဖစ္လာလိမ့္မယ္။
အဓိကက သူ႕ကိုယ္သူယုံၾကည္စိတ္
႐ွိတဲ့ဘဝမွာဆက္လက္႐ွင္သန္သြားႏိုင္ဖို႔။
တစ္ေယာက္တည္း အေတြးလြန္ေနရတဲ့ အခ်ိန္ေတြမွာေသမတတ္ လြမ္းေနရရင္ေတာင္ မင္းဆီကိုျပန္လာၿပီး ကိုယ့္အေပၚ အားနာမႈေတြ ေဝဝါးမႈေတြနဲ႔ မင္းမလို
ခ်င္တဲ့ဘဝကို ေနာက္တစ္ႀကိမ္ ထပ္ေပးေတာ့မွာမဟုတ္ဘူး။
ျပန္ေတြ႕ျဖစ္ၾကတဲ့အခ်ိန္ မင္းအေပၚ
ပိုင္ဆိုင္လိုျခင္းကင္းတဲ့ ေအးခ်မ္းတဲ့ခ်စ္ျခင္းေမတၱာေတြနဲ႔ရပ္ၾကည့္ျပဳံးျပ
ႏိုင္ေအာင္ႀကိဳးစားေနတယ္။
မင္းရဲ႕တည္႐ွိမႈေလးကိုပဲ အေဝးကေန
လွမ္းၾကည့္ေနႏိုင္ဖို႔ အတြက္ ႀကိဳးစား
ေနဆဲပဲ။လုပ္ႏိုင္မယ္လို႔လည္း ကိုယ့္ကိုကိုယ္ယုံၾကည္တယ္။
ကိုယ္ လက္လႊတ္ေပးခဲ့တဲ့ ေနရာမွာ
မင္း ကိုယ္ေၾကာင့္ေပ်ာက္ဆုံးခဲ့ရတဲ့
မင္းရဲ႕ေပ်ာ္႐ႊင္မႈ အစစ္အမွန္ကိုျပန္
႐ွာေတြ႕ႏိုင္ပါေစ...ဝန္း။
~~~~~~~~~
ႏိုးထခ်ိန္မတန္ေသးပဲ ကိုယ္မ်က္လုံး
ေတြပြင့္လာရတဲ့အခ်ိန္
ေဘးကိုေစာင္းငဲ့ၾကည့္ေတာ့ ေႏြးေထြးမႈအစားေနရာလြတ္က စီးႀကိဳေနသည္။
ကုတင္ေဘး စားပြဲေပၚက ဖုန္းကိုနာရီယူ
ၾကည့္ေတာ့ မနက္ေျခာက္နာရီထိုးခါနီး။
သူ႕အခ်ိန္နဲ႔သူေစာေစာထတတ္တဲ့ ေကာင္ေလးဆိုေတာ့ အိပ္ရာကထသြားၿပီပဲ။
ဆက္မအိပ္ေတာ့ပဲ ကုတင္ေပၚက
စိတ္ေလာၿပီးဆင္းကာ ေစာင္ေခါက္ၿပီး ေရခ်ိဳးခန္းထဲဝင္ မ်က္ႏွာသစ္သြားတိုက္လိုက္သည္။အိမ္ေအာက္ထပ္ကို
အေရာက္ထမင္းစားခန္းထဲကို ဝင္တာနဲ႔
ကိုယ့္အတြက္ ေအးခ်မ္းရာကို ႐ွာေတြ႕
သည္ႏွင့္မနက္ခင္းက ၿပီးျပည့္စုံေနသည့္အလား။
ကိုယ္လည္းမနက္ေစာေစာထတဲ့
အခါထမင္းဟင္းခ်က္တဲ့အပိုင္း
ဝင္ကူေပမဲ့ သူ႕ကိုသြား႐ႈပ္သလိုျဖစ္
သြားတာကပိုမ်ားသည္။
တစ္ေယာက္တည္းေနေနက်မလို႔
အစားအေသာက္ေခ်းမမ်ား အျပင္မွာ
စားတာမ်ားၿပီး အိမ္မွာဆိုရင္႐ွိတာနဲ႔
ပဲစားတတ္တယ္လို႔ေျပာထားတာေတာင္
မနက္စာကအစ တေန႔တမ်ိဳး မ႐ိုးရေအာင္ သူအခ်က္အျပဳတ္ဝါသနာပါတာဆိုၿပီး အလုပ္႐ွိတဲ့ၾကားကေန ႏွစ္ေယာက္စာ
ေန႔လည္ထမင္းဘူးအထိပါ အခ်ိန္မွီ
ျပင္ဆင္ေပးတတ္သည္။
မနက္ေစာေစာထၿပီး ဘုရားပန္းအိုး
ေရလဲ သစ္သီးေတြေရေဆးၿပီးဆြမ္းေတာ္ကပ္တာကလည္းသူ႕ရဲ႕ကုသိုလ္ေလး
တစ္ခု။
တစ္ကယ့္ကို အလိမၼာ အိမ္ပါေလး
ကိုရထားတာ။
"ကိုကို"
ထမင္းေပါင္းအိုးကို ခလုတ္ႏွိပ္ေနရင္း
ကိုယ့္ကို လွမ္းျမင္ေတာ့ မ်က္လုံးေတြလက္ခနဲ။
"ဘာလို႔ထလာတာလဲ ေစာေသးတယ္ေလ "
ခပ္ျမန္ျမန္ ေလွ်ာက္လာရင္း ေဘစင္ေဘးမွာရပ္ေနသူကို ရင္ခြင္ထဲ ထည့္လိုက္ရင္း သိမ္းၾကဳံးဖက္ထားလိုက္ရသည္။ေန႔ရက္တိုင္းႏိုးထလာတဲ့အခ်ိန္ ျမင္ေနရတဲ့
မ်က္ႏွာေလးနဲ႔တင္ တစ္ေန႔တာကိုအစျပဳဖို႔လုံေလာက္ေနၿပီ။
ေဘးနားမွာ႐ွိေန႐ုံနဲ႔တင္
႐ူးသြပ္ဖို႔လုံေလာက္တယ္။ ကိုယ္
တစ္ကယ္ဘယ္လိုဆက္လုပ္ရမလဲ။
ကိုယ့္ရဲ႕ ေပ်ာ္႐ႊင္မႈက အခ်စ္ကိုေတြ႕တဲ့
အခါတယုတယနဲ႔အရမ္းခ်စ္ေပးခ်င္တာ။မင္းကိုေတြ႕ခဲ့တယ္။အရမ္းလည္းခ်စ္ခဲ့တယ္။မင္းရဲ႕သေဘာထားကိုသိေနေပမဲ့
ကိုယ့္အတြက္က ခ်စ္ေနရ႐ုံနဲ႔တင္ ေက်
နပ္ပါတယ္ဆိုတာထက္ ကိုယ့္ဘက္က
ခ်စ္ေပးရတာကိုေက်နပ္ေနခဲ့တာ။
ကိုယ့္ရဲ႕ ေပ်ာ္႐ႊင္မႈကိုအရယူႏိုင္ခဲ့ေပမဲ့ တစ္ဖက္မွာ မင္းဝန္ပိေနတာကိုကိုယ္
နားမလည္ႏိုင္ခဲ့ဘူး။
ေတာင္းပန္တယ္။ကေလး။တစ္သက္မွာတစ္ခါပဲ။ခ်စ္တာထက္ကို ပိုၿပီးေတာ့
ခ်စ္ရတယ္။ကိုယ့္ရဲ႕ေပ်ာ္႐ႊင္မႈေတြကို
ထပ္ၿပီးအရယူခဲ့ေပမဲ့ မင္းဝန္ပိမဲ့အျဖစ္
မ်ိဳးေတာ့ ဘယ္ေတာ့မွ ထပ္မျဖစ္ေစရ
ဘူး။ ထပ္ၿပီးေၾကာက္သြားမွာ အစိုးရိမ္
ဆုံးပဲ။မင္းလိုအပ္သေလာက္ပဲ ကိုယ့္
ဘက္ကေမတၱာေပးရမွာသိမဲ့ တစ္ခါ
တစ္ေလလည္း ထိန္းရခက္တယ္။
" ဘာျဖစ္လို႔လဲ...ဘာလို႔လဲလို႔"
ရင္ခြင္ထဲက စိုးရိမ္ေနတဲ့အသံေလး။
" မနက္အေစာႀကီး ဘာျဖစ္လို႔လဲ
ကြၽန္ေတာ္႕ကိုေျပာအုံးေလ....ကိုကို"
ေနာက္ဆုံးကေခၚသံေလးက စိုးရိမ္ျခင္း
အျပည့္တိုးညႇင္းစြာ အဖ်ားခတ္႐ုံ။
ပို၍ တိုးဖက္ရင္း နားသယ္စပ္နားက
ဆံပင္ေတြထဲ အနမ္းတို႔ခိုဝင္ဖိကပ္ထားမိသည္။
ဘယ္လိုလုပ္....ဘယ္လိုလုပ္ၿပီး
မင္းကိုစြန္႔လႊတ္ ေပးႏိုင္မွာတဲ့လဲ။
အလကားပဲ။အကုန္အလကားပဲ။မင္းကိုလြမ္းတဲ့စိတ္ အေျပး ျပန္လာခ်င္တဲ့စိတ္ ေတြကို ထိန္းခ်ဳပ္ခဲ့ရတဲ့ ႏွစ္ေတြအခ်ိန္
ေတြ ကိုယ့္ကိုကိုယ္ဆုံးမၿပီးသင္ယူေန
ခဲ့တဲ့ ေမတၱာတရားေတြကမင္းကို ျပန္ေတြ႕လိုက္ရတဲ့တခဏအကုန္အလကားပဲ။ ေတာင္းပန္တယ္။ ကိုယ္မင္းကို ဘယ္
လိုမွမစြန္႔လႊတ္ေပးႏိုင္ဘူး။
ကိုယ့္ကိုကိုယ္ခ်ဳပ္ထိန္းၿပီးဆုံးမေနရင္း
နဲ႔ပဲဒီဘဝထဲကို ေနာက္ထပ္တစ္ႀကိမ္
ဆြဲသြင္းၿပီး ျပန္လမ္းမ႐ွိေအာင္ေခၚခဲ့
မိတဲ့အတြက္ ေတာင္းပန္တယ္။
ကိုယ့္လုပ္ရပ္ေတြမွားေနတယ္ဆိုရင္
ေတာင္ကိုယ္မင္းကိုဘယ္ေတာ့မွ ျပန္လႊတ္ေပးႏိုင္ေတာ့မွာမဟုတ္ဘူး။
"ဝန္း"
"ဗ်ာ"
"ကိုယ္နဲ႔အတူ႐ွိေနရတာေပ်ာ္ရဲ႕လား"
ဖက္ထားရာကေန ရင္ခြင္ထဲကအလ်င္
အျမန္တိုးထြက္သည္။
" ဘယ္လိုေမးလိုက္တာလဲ ကြၽန္ေတာ္ဒီေလာက္ေပ်ာ္ေနတာ ကိုကို ျမင္ဖူးလို႔လား"
မ်က္ႏွာငယ္ေလးကေနစၿပီးအၾကည့္
ေတြကစိုးရိမ္ျခင္းအျပည့္။
သူ႕ေနရာနဲ႔သူ အ႐ြယ္ေရာက္ေနတဲ့ ေယာက်္ားေလးတစ္ေယာက္အသြင္ ေျပာင္းလဲသြားတာေတြ ႐ွိေပမယ့္
ေနရာေဟာင္းမွာပဲ ရပ္က်န္ခဲ့တာေလးကေတာ့ ကိုယ့္ေ႐ွ႕မွာ မကြယ္ဝွက္
တတ္ျခင္းပဲ။
" ႐ုတ္တရက္ႀကီး ဘာျဖစ္လို႔ အဲဒီလိုေမးတာလဲ.... မနက္အေစာႀကီး ထလာၿပီး
ေတာ့။ဘာျဖစ္လို႔လဲဆို ေျပာအုံးေလ
မ်က္ႏွာလည္းမေကာင္းဘူး"
" ကိုယ္အိမ္မက္မက္လို႔"
" ဘယ္လိုအိပ္မက္လဲ မေကာင္းတာလား ကြၽန္ေတာ္႕ကိုအခုေျပာျပ"
"နည္းနည္းေတာ့ဆိုးတယ္"
"ဘယ္လိုမ်ိဳးလဲ ကြၽန္ေတာ္႕ကိုေျပာ"
ကိုယ့္မ်က္ႏွာအေျပာင္းအလဲကိုပဲ ဂ႐ု
တစိုက္နဲ႔လိုက္ၾကည့္ေနတာ။ကိုယ္ေျပာ
သမွ်ကို အေသးအမႊားကအစ အေလး
ထားၿပီး နားေထာင္ေပးတတ္လြန္းတဲ့
ေကာင္ေလး။
"ကိုယ့္အိမ္မက္ထဲမွာ ေကာင္ေလးတစ္ေယာက္ ဒီထက္ပိုၿပီး ျမင့္လာဖို႔မ႐ွိ
ေတာ့ဘဲ အရပ္ကအသက္ရဲ႕အေနာက္
မွာပဲက်န္ခဲ့တယ္တဲ့"
တည္ၿငိမ္ေနတဲ့ မ်က္ႏွာေလးကေန
အနည္းငယ္ ေမွာင္ၾကဳံ႕လ်က္အမွန္
အကန္ စိတ္ဆိုးသေယာင္ျဖစ္သြားပါေတာ့သည္။
"ခင္ဗ်ားေနာ္ စကားအေကာင္း ေျပာေန
တာကို "
အသာရယ္ျပေတာ့ မသကၤာသလို
လိုက္ၾကည့္ေနၿပီး မ်က္ႏွာေလးအနည္း
ငယ္ ဆူပုတ္လ်က္။
"သူမ်ားအလုပ္လုပ္ေနတာကို မနက္ေစာေစာစီးစီးလည္း တေရးႏိုးထလာၿပီး
လိုက္စရမွ။အဲ့ဒီ အရပ္ကိုပဲလာထိခိုက္
ေန ျမင့္လာပါတယ္ေနာ္ ခင္ဗ်ားပုခုံး
ေတာင္ ေက်ာ္ေတာ့မယ္ "
"အင္းေလ ကိုယ္ ဒူးေကြးထားေပးဖို႔
ေတာ့လိုတာေပါ့"
"ကိုစစ္ေၾကာင္း ခင္ဗ်ား ေနာ္"
ဖက္ထားရာကေန
လက္ေတြကိုဖယ္ၿပီးထြက္သည္။
"စိတ္ဆိုးသြားတာလား"
"ဆိုးတယ္ "
မ်က္ႏွာက အနည္းငယ္ဆူပုတ္ေနမဲ့
အေခ်ာ့ခံရတာကိုသေဘာက်တဲ့
ေကာင္ေလးက ၾကာၾကာေတာင္မဆိုးႏိုင္ပဲ။
"တကယ္အိမ္မက္မက္တာကိုေျပာ
အုံးေလကိုကို ဘာမေကာင္းတာမက္
လို႔လဲဆို အခုေျပာ"
စိုးရိမ္ေပးတတ္တဲ့ ေနရာမွာလည္း
ႏွစ္ေယာက္မ႐ွိ။
ၾကည္လင္ေနတဲ့ မ်က္ႏွာေလးကို
ၾကည့္ရင္းရင္ထဲၾကည္ႏူးကာ ကိုယ္ကို
တိုင္ ႏွစ္ၿခိဳက္စြာျပဳံးမိသြားသည္။
" မေကာင္းတာ မဟုတ္ပါဘူး။ဘာမွ
မဟုတ္ဘူး စိတ္ထဲမထားနဲ႔"
"တစ္ကယ္လား"
"အင္းဆို"
" အဲဒါဆို ဘာျဖစ္လို႔မနက္အေစာႀကီး
လာဖက္တာလဲ"
"ခက္ၿပီ မနက္အေစာႀကီး မဖက္ရဘူး
လို႔ ဘယ္သူကအမိန္႔ထုတ္ထားလို႔လဲ။
မႀကိဳက္လို႔လား"
သိသိႀကီးနဲ႔ဆိုတဲ့ မ်က္ႏွာေလးနဲ႔လုပ္ျပ
ၿပီးျငင္းဆန္ျခင္းေတာင္မျပဳ။
ရင္ထဲ ခ်ဳပ္ထိန္းရခက္စြာနဲ႔ပဲ ျပန္လည္၍ ရင္ခြင္ထဲထည့္ထားရေတာ့သည္။
"မေန႔ညက အေမဖုန္းဆက္တုန္းက
ဘာေျပာတာလဲ"
"ကြၽန္ေတာ္ေျပာတုန္းကနားမေထာင္ပဲ ေဘာလုံးပြဲပဲ စိတ္ဝင္စားေန။ေမေမက
ဒီပိတ္ရက္ သူ႕တူေတြတူမေတြလူစုံေနလို႔ အိမ္မွာႀကီးႀကီးတို႔နဲ႔ထမင္းခ်က္ေကြၽး
မလို႔ အဲ့တာေန႔လည္လူလႊတ္ၿပီးပို႔လာ
ေပးမယ္တဲ့ ။ကြၽန္ေတာ္ကေမေမလာ
မပို႔ခိုင္းနဲ႔ ကြၽန္ေတာ္တို႔ ေန႔လည္စာ
လာစားမယ္လို႔ေျပာလိုက္တယ္"
"အေမနဲ႔ေန႔တိုင္းစကားေျပာျဖစ္တာလား။ ကိုယ့္ကိုေတာင္ အေမ ဖုန္းမဆက္တာ
ၾကာၿပီ"
"ခင္ဗ်ားက ေမြးစားသားေလ"
လွ်ာတစ္လစ္လည္းထုတ္ျပတတ္ေသးတယ္။
"ေမေမ့ဆီ သူကအရင္ ပုံမွန္ ဖုန္းဆက္
ေဖာ္ေတာင္မရပဲ ေလွ်ာက္ေျပာေန။
အဲ့တာေလေမေမက အမွန္ေတာ့ ကိုကို႔
ကိုေတြ႕ခ်င္ေနတာ။မအားမွာစိုးလို႔။
ကိုယ္က အလိုက္သတိနဲ႔သြားေပးရ
မွာေပါ့ ။ တစ္ေယာက္ထဲေမြးထားလို႔
သူ႕သားကိုတစ္အားခ်စ္တာပဲ အၿမဲ
ေတြ႕ခ်င္ေနတာ။အခ်ိန္ပိုရရင္ေဘာလုံးပြဲ
ပဲ ၾကည့္မေနဘဲအေမ့ဆီသြားၿပီး ကိုယ့္
အေမနားလည္းကိုယ္ကပ္အုံး"
"အေမက အရင္လိုမဟုတ္ေတာ့ဘူး ေနာက္ပိုင္း ေျပာင္းလဲသြားၿပီ "
သက္ျပင္းတစ္ခ်က္ခ်ကာ ေျပာေတာ့
တစ္ၾကည့္ၾကည့္။
"ေမြးစားသားကိုယ့္ကိုေတြ႕ခ်င္ေနတာလို႔ေတာ့မထင္ဘူး။ကိုယ္နဲ႔ေတြ႕တိုင္း ဝန္းကို
ပဲ တသြင္သြင္ေမးေနတာ သားငယ္
ဆိုတာကို ပါးစပ္ကမခ်ဘူး
အခုေတာ့ပိတ္ရက္ေတာင္အ လြတ္
မေပးပဲ အေမကကိုယ့္ဆီကေန
ညီေလးကို အပိုင္သိမ္းေတာ့မယ္
ထင္တယ္"
"ဒါလည္း ျဖစ္ႏိုင္တာပဲ ေမေမက
အခုကြၽန္ေတာ္႕ကိုအရမ္းခ်စ္ေနတာ၊
ကိုကို အေနာက္မွာက်န္ခဲ့ၿပီ"
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျပဳံးေနတာမွ
အရင္ကထက္ကိုပိုၿပီး ေျပာတာဆိုတာက အစတက္ႂကြလို႔။
အသည္းယားစြာနဲ႔ ဖက္ထားၿပီး
တစ္ကိုယ္လုံးကိုမဖ်စ္ညစ္မိေအာင္ စိတ္ထိန္းလိုက္ရလ်က္ ခပ္ၾကမ္းၾကမ္းနစ္ဝင္သြားတဲ့အထိပါးတစ္ဖက္ကိုဖိကပ္နမ္း
လိုက္ခ်ိန္
မ်က္လႊာခ်သြားတဲ့ ႐ွက္တတ္သည့္
မေျပာင္းလဲမႈ။အေရာင္ေျပးသြားတဲ့
ႏွာ႐ြက္ဖ်ားေတြ။
ရင္ခြင္ထဲကို ပိုၿပီးစြတ္တိုးဝင္လာသည့္
ခႏၶာ ကိုယ္ေႏြးေႏြးေလး။ကိုယ္ေတာ့
႐ူးရေတာ့မွာပဲ။
"ကြၽန္ေတာ္အခု လိုခင္ဗ်ားနဲ႔ေရာခင္ဗ်ားမိသားစုေတြနဲ႔ေရာအတူ႐ွိေနရတာ
အိမ္မက္လိုပဲ။အရမ္းေပ်ာ္ေနတာမို႔လို႔
ကြၽန္ေတာ္ခင္ဗ်ားကိုအရမ္းလိုအပ္တာ
မို႔လို႔ ေလ ကိုကိုတစ္ျခား ဘာမွမစဥ္းစား
နဲ႔ေတာ့ေနာ္။ထပ္ၿပီးမေျပာခ်င္ေတာ့
ေပမဲ့ ျဖစ္ခဲ့တာေတြကကြၽန္ေတာ္
ကိုယ့္ကိုကိုယ္မသိခ်င္ခဲ့တာ တစ္ခုထဲ
ေၾကာင့္ပဲ။ကြၽန္ေတာ္႕ထက္ကိုပိုၿပီး
ခင္ဗ်ားကဘယ္ေလာက္ေတာင္ဒီထဲကမဟုတ္ခဲ့လည္းဆိုတာ ကိုယ့္ကိုကိုယ္
အသိဆုံးျဖစ္မွာေပါ့။တစ္ကယ္ပဲ ဘယ္လိုႀကီးေမးလိုက္တာလဲ။မနက္အေစာႀကီး
ထလာၿပီးအဲ့လိုေျပာေတာ့ကြၽန္ေတာ္ကဘယ္လိုလုပ္ၿပီးစိတ္ေကာင္းေတာ့မွာလဲလို႔"
"ဝန္း"
ရင္ခြင္ထဲက လူသားေလးကို အားနာစိတ္နဲ႔ ျမတ္ႏိုးသည့္စိတ္ကေရာကာ
မလႊတ္စတမ္း သိမ္းၾကဳံးဖက္ၿပီး။
"ကိုယ္ မွားတယ္ေနာ္။ကိုကိုမွားတယ္
ေနာက္တစ္ခါထပ္မၾကားေစရဘူး"
အခါခါ က်႐ႈံးေအာင္လုပ္ႏိုင္တဲ့
သူဝမ္းနည္းေနေၾကာင္း အသိေပးသည့္မ်က္ႏွာငယ္နဲ႔အၾကည့္။
" ဘာမဆိုအၿမဲနားလည္ေပးၿပီးကြၽန္ေတာ္႕ အနားမွာ႐ွိေပးတဲ့အတြက္... ေက်းဇူးတင္တယ္။ၿပီးေတာ့
ကိုယ့္ေက်ာျပင္ကို ျပန္လည္ဖက္တြယ္
လာတဲ့လက္ေတြ။
"ကြၽန္ေတာ္႕ဘဝမွာခင္ဗ်ားမ႐ွိရင္
မျဖစ္ေတာ့တဲ့အထိခင္ဗ်ားကို
ကြၽန္ေတာ္.... အရမ္းခ်စ္တယ္။"
ကိုယ္ဖက္ထားတဲ့အတိုင္း ၿငိမ္သက္
ေနေပးေတာ့ ရင္ထဲတစ္သိမ့္သိမ့္နဲ႔
မလႊတ္စတမ္းျဖစ္ေနမိေတာ့တာပဲ။
ဆယ္ေက်ာ္သက္အ႐ြယ္ကေနစၿပီး
ကိုယ္ေတြ႕႐ွိခဲ့ရတဲ့ ေကာင္ေလးက
အခုကိုယ့္ေ႐ွ႕မွာ တစ္ကယ္ကိုအသက္အ႐ြယ္နဲ႔အညီ အ႐ြယ္ေရာက္
ေနတဲ့လူငယ္ေလးတစ္ေယာက္ျဖစ္ေနၿပီ။
မင္းကကိုယ့္ကို႐ိုးသားစြာနဲ႔ပဲ ျပန္ျဖည့္
ဆည္းခဲ့ေပမဲ့ ကိုယ္ကေတာ့ မင္းနဲ႔
ပတ္သက္လာရင္ ကိုယ့္ကိုကိုယ္ ျပဳျပင္
လို႔မရတဲ့သူလိုပဲ။ဂ႐ုစိုက္မႈေတြ
တစ္အားမေပးနဲ႔။ပိုၿပီးေလာဘတက္
လာလို႔။
မင္းကိုေပြ႕ဖက္ထားရင္းနဲ႔ပဲ ဘယ္လို
ခ်ည္ေႏွာင္မႈမ်ိဳးကိုမဆို ခ်ည္မိေနအုံးမွာပဲ။
ျဖစ္ႏိုင္ခြင့္သာ႐ွိမယ္ဆိုရင္ ဒီေနရာကေန ေနာက္သံသရာေတြအထိ အရင္႐ွာေတြ႕
တဲ့သူကကိုယ္ပဲျဖစ္ခြင့္႐ွိပါရေစ။
••••••••••••••••••••••••••••••••••••••••••••
မေရးပဲခ်န္ထားျဖစ္ခဲ့တဲ့ ကိုစစ္ေၾကာင္း
Povေတြပါ။ေက်းဇူးတင္ပါတယ္~~~