Change For You( သူ့အတွက်သာလျှ...

By Sue_Hun_Ni

18.9K 1K 46

လူတစ်​ယောက်ကိုတစ်ကယ်ချစ်လာမိရင် အစကတော့ သူ့ကိုပိုင်ဆိုင်ချင်လိုက်မယ် ဒါပေမဲ့တဖြည်းဖြည်းနဲ့သိလာမှာက သူကို ပိုင... More

1
2
3
4
5
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26🔞
27
28
29
30
31
32
33
34
35
36🔞
37
38
39
40
41
42
43(Final part)
Saying Goodbye

6

517 30 5
By Sue_Hun_Ni

Unicode

ဒဏ်ရာကြောင့် အိမ်တွင်းအောင်းနေရသည်မှာ သုံးရက်လောက်ထိပင်ကြာ​မြင့်​နေပြီဖြစ်သည်။

"အား...ပျင်းလိုက်တာ "

အိမ်မှာ အခုလောက်ထိ တခါမှကြာကြာမနေဖူးတာကြောင့် မိုးတစ်ယောက် အိမ်မှာနေရတာကို ငြီးငွေ့လာပြီဖြစ်၏။

"တုံလေး အဖေတို့ အပြင်သွားလည်သင့်လား "

အိပ်ပျော်နေသည့် ကြောင်လေးကိုသာ မိုး စကားပြောရန်ရှိသည်။တုံတုံကတော့ မိုးစကားကိုမကြားသည့်အလား အအိပ်မပျက်ပေ။

အိပ်ပုပ်နေသည့် တုံတုံကို မိုးအသည်းယားစွာ ဆွဲညစ်ပစ်လိုက်သည်။တုံတုံက မကြိုက်တာကြောင့် မိုးကိုမျက်စောင်းထိုးပြီးကြောင်ဘာသာစကားဖြင့်ဆူငေါက်နေလေ၏။မိုးကတော့ အပြုံးမပျက်။

မိုးအတွက်တော့ တုံတုံက မိုးနှင့်အနီးဆုံးမှာရှိတဲ့ မိသားစုဝင်လေးပင်။မိုးစိတ်ညစ်စရာရှိတိုင်း မိုးဘေးမှာ အမြဲအဖော်ပြုပေးခဲ့သည့် တုံတုံလေးကို မိုးအချစ်ဆုံးဖြစ်သည်။

"ငါ အိမ်မှာဒီတိုင်းနေနေလို့မဖြစ်တော့ဘူး...သိပြီ မင်းခန့်အိမ်သွားလည်အုံးမှ "

မိုး အိမ်မှာဘဲဆက်နေခဲ့လျှင် ပျင်းလွန်းပြီး ဦးနှောက်ပင်ပျက်သွားနိုင်တာကြောင့်မင်းခန့်အိမ်သို့သွားလည်ရန်ဆုံးဖြတ်လိုက်၏။

ဒဏ်ရာက အရောင်အရှင်းမပျောက်သေးတာကြောင့် ဒဏ်ရာကွယ်ရန် မိုး ဦးထုတ်ဝတ်သွားဖို့မမေ့ခဲ့။မသွားခင် အိပ်ပျော်နေသည့် တုံတုံ အတွက်လည်းအစာဖြည့်ပေးခဲ့ရသေးသည်။

အပြင်မထွက်တာ ကြာတော့ လမ်းလျှောက်ပြီး ပတ်ဝန်းကျင်ကိုလျှောက်ကြည့်ရတာ မိုးအတွက် ပျော်စရာဖြစ်နေခဲ့သည်။

မင်းခန့်အိမ်သည် မိုးအိမ်မှစထွက်လျှင် နည်းနည်းဝေးပေမဲ့ မိုးဘက်စ်စကားမစီးဖြစ်ခဲ့။တနေ့လုံးအချိန်ရတာကြောင့်လည်းပါတာကြောင့် အေးအေးဆေးဆေးလေး လမ်းလျှောက်ပြီးသွားရန် ဆုံးဖြတ်ခဲ့သည်။

တစ်ယောက်တည်းလမ်းလျှောက်နေချိန် ရုတ်တရက်မိုး၏အတွေးထဲတွင် အရင်က သူနှင့်ကိုခန့်ထား လမ်းအတူလျှောက်ခဲ့ဖူးသည့် ပုံရိပ်များ ပြန်မြင်ယောင်လာခဲ့သည်။

ထိုအချိန်များက မိုးအတွက်ဘယ်လောက်ထိအမှတ်တရဖြစ်ခဲ့သည်ဆိုတဲ့အကြောင်းကိုတော့ မိုး ကိုခန့်ထားကို ပြန်ပြောပြလို့မရတော့ပါ။

ကိုခန့်ထား အကြောင်းပြန်စဥ်းစားမိတိုင်း မိုးမျက်ရည်မဝဲရသည်မရှိ။

မိုးနှင့်ကိုခန့်ထားက တစ်ယောက်ကိုတစ်ယောက် ပြောမပြတတ်လောက်သည့် ခံစားချက်မျိုးဖြင့်ချစ်ခဲ့ကြသည်။နှစ်ယောက်ကြား အဆင်မပြေမူ့ဆိုတာလည်း မရှိသလောက်ဖြစ်ခဲ့သည့်အတွက် အခုလိုလမ်းခွဲရမည်ဆိုတာမျိုးကိုလည်း စိတ်တောင်မကူးခဲ့ဖူးပါ။

ဒါပေမဲ့အတိတ်က အတိတ်ဆိုတဲ့အတိုင်း ပြင်လို့မရတော့တဲ့ အဖြစ်အပျက်တွေနဲ့ ပြီးဆုံးသွားခဲ့ပြီ။ပစ္စုပ္ပန်မှာ ကိုခန့်ထားနဲ့မိုး လမ်းခွဲခဲ့သည်မှာ တစ်ပတ်ပင်ပြည့်တော့မည်ဖြစ်၏။

ကိုခန့်ထား အခုချိန် ဘာတွေများလုပ်နေမည်ကို မိုးသိချင်မိသည်။အရင်ကဆို မိုး အခုလိုတွေးစရာတောင်မလိုဘဲ မိုးဆီသို့ အခုချိန်ဘာလုပ်နေသည် ဘယ်ရောက်နေပြီဆိုပြီး ဖုန်းဆက်လှမ်းအကြောင်းတတ်သည့် ကိုခန့်ထား၏ ဖုန်းသံကိုသတိရမိသည်။

မိုး ဟန်မဆောင်နိုင်လောက်အောင် မျက်ရည်များ စီးကျလာမိသည်။ကိုခန့်ထား အကြောင်းတွေးမိတိုင်း မိုး ကိုခန့်ထားကို အနားမှာပြန်ခေါ်ချင်၏။ထိုအချိန်က မိုး ကိုခန့်ထားကို လွယ်လွယ်နဲ့လက်လွှတ်ခဲ့မိသည့်အတွက် နောင်တရမိသည်။

မိုး ကိုခန့်ထားရဲ့လက်ကို တင်းနေအောင် ဖမ်းဆုပ်ထားခဲ့လျှင်၊မိုးသာမြဲတဲ့လက်နဲ့တင်းနေအောင်ဆွဲထားခဲ့လျှင် ကိုခန့်ထားလည်း မိုးဆီကထွက်သွားဖို့တွေဝေခဲ့မည်ထင်ပါသည်။

ဘာဘဲ​ဖြစ်ဖြစ် အရာအားလုံးက နောက်မကျသေးတဲ့တာမို့ မိုး အဲ့ချိန်တုန်းက ကိုခန့်ထားကိုမဖမ်းဆုပ်မိခဲ့တဲ့အတွက် အခုချိန်မှာသေချာပေါက်ပြန်ပြီး ဖမ်းဆုပ်မယ်လို့ ကတိပေးသည်။

"အင်း မိုး ဆီကို ကိုခန့်ထားပြန်လာ_"

တီး******

အတွေးလွန်နေချိန် မိုး ဆီသို့အရှိန်ပြင်းပြင်းရောက်လာသည့် ဆိုင်ကယ်ကြီးကြောင့် မိုးထွက်ပြေးဖို့တောင် မေ့ရသည်အထိ ကြောက်လန့်သွားကာ ထိုနေရာမှာဘဲ မျက်လုံးစုံမှိတ်ရင်း ရပ်တန့်နေမိတော့သည်။

နာကျင်မူ့တစ်စုံတစ်ရာမှမခံစားရတာကြောင့် မိုးဖြည်းဖြည်းချင်းမျက်လုံး ဖွင့်ကြည့်ရာ သူနှင့်တစ်လက်မအကွာလောက်မှာရပ်ထားသည့် မော်တော်ဆိုင်ကယ်ကြီးကဆီးကြိုနေလေ၏။

"ခင်ဗျား သေချင်နေတာလား "

Halment အနက်ရောင်နှင့် ဆိုင်ကယ်ပေါ်မှ ဆင်းလာသည့်ထိုလူထံ့မှ ဒေါသအငွေ့အသက်များကို မိုးခံစားရမိလိုက်သည်။

"တောင်းပန်ပါတယ် ဆိုင်ကယ်လာနေတာကို မမြင်လိုက်လို့ပါ"

"ဘယ်မြင်မှာလဲ ခင်ဗျားဆောင်းထားတဲ့ဦးထုတ်ကိုလည်းကြည့်အုံး မျက်နှာတစ်ခုလုံးမဖုံးသွားတာတောင် တော်သေးတယ် "

မျက်နှာက ဒဏ်ရာကိုမမြင်စေချင်လို့ မွေးနေ့တုန်းက မေမေဝယ်ပေးထားတဲ့ဦးထုတ်ကိုဆောင်းလာတာ။ဦးထုတ်က မိုးအတွက်ကြီးနေမှန်းသိပေမဲ့လည်း ဒါကမိုးအတွက်အဆင်ပြေဆုံးဖြစ်တာကြောင့် ကြီးတာကိုရွေးဆောင်းလာခြင်းဖြစ်သည်။

"တောင်းပန်ပြီးပြီလေ ဘာလို့ပြဿနာရှာနေသေးတာလဲဗျာ "

မိုး စိတ်က အခုမှဆတ်ဆတ်ထိမခံဖြစ်နေသည်။ကိုခန့်ထားအကြောင်းတွေးပြီး စိတ်အခြေအနေမမှန်တော့သည်ထင်ပါသည်။

"ဟား...အပြစ်လုပ်ထားတဲ့သူကလည်း စကားပြောရင့်လှချည်လာ ဒီမှာ ခင်ဗျား_"

ထိုလူက မိုး ကိုသူ့ဘက်သို့အကြမ်းအတမ်းဆွဲလှည့်တော့ ရှောင်နေသည့်မိုး၏ဦးထုတ်က လျှောကျသွားခဲ့သည်။

မိုး သူ့အပေါ်အကြမ်းအတမ်းဆက်ဆံသည့်ထိုလူကြောင့်ဒေါသထွက်သွားခဲ့ရပေမဲ့ ထိုလူက မိုးထပ်ပိုပြီးဒေါသထွက်သွားသည့်ပုံပင်။မိုးပုခုံးပေါ်မှာ တင်ထားတဲ့သူ့လက်တွေက ဒေါသကြောင့်ပူထူနေသည့်အပြင် မိုးရဲ့ပုခုံးများကို ဆုပ်ညစ်ထားသည်မှာ အရိုးပင်ကျိုးတော့မည်ထင်ရသည်။

"သြော် လက်စသတ်တော့ ခင်ဗျားကို "

ထိုသူ၏စကားကိုမိုးနားမလည်။ထိုသူက မိုးကိုသိနေသလိုပင်။မိုး သိနေတဲ့သူလို့ပြောရအောင်လည်း ထိုသူမျက်နှာကိုမိုးမမြင်ရ၊ပြီးတော့ မိုးအသိထဲမှာအခုလို ဆိုင်ကယ်အမြင့်ကြီးစီးတတ်သည့်သူမရှိ။

"ဘယ်သူလဲ လူကိုသိသလိုလာပြောနေတာ"

မိုးမေးတော့ ထိုလူကရယ်ပြီး သူ့ခေါင်းမှာဆောင်းထားသည့် Halment ကိုချွတ်လိုက်သည်။

အခုမှရှင်းရှင်းလင်းလင်းမြင်လိုက်ရသည့် ထိုသူမျက်နှာကြောင့် မိုး လန့်သွားရ၏။

"ကျွန်တော်ဘယ်သူဆိုတာ သိပြီထင်တယ်"

မိုး ချက်ချင်းပင် ကြောက်ဒူးများတုန်လာခဲ့သည်။မိုး ကြောက်သင့်သည်လေ၊ထိုသူပေးထားတဲ့ မိုးမျက်နှာကဒဏ်ရာတောင် အရောင်မကျသေးတဲ့ဟာ။

"ဟို...လူ...လူမှားနေပြီထင်တယ်နော် "

"ဘယ်မှားမှာလဲ ခင်ဗျား မျက်နှာမှာကျွန်တော်ပေးထားတဲ့အမှတ်အသားက ထင်းနေတာဘဲကို "

မိုး ချက်ချင်းထွက်ပြေးလိုက်ချင်ပေမဲ့ ထိုသူရဲ့စိတ်ထဲမှာ မိုးကိုသတ္တိမရှိသည့်လူတစ်ယောက် လို့လည်းအထင်မခံချင်။ပြန်ရန်ရှာရအောင်လည်း အင်အားချင်းက ကွာခြားလွန်းသည်။သေချာပေါက် မိုးဘဲအထိနာလိမ့်မည်။အခန့်မသင့်လျှင် အသက်ပါထွက်နိုင်၏။

"ခင်ဗျား ဒီတစ်ခါတော့ ကျွန်တော့်လက်ကမလွှတ်စေရတော့ဘူး "

မိုး ဘုရားသာတနေမိတော့သည်။

မိုးရဲ့အကျီကော်လံကိုတင်းနေအောင်ဆွဲထားသည့် ထိုလူက မိုးကိုအ​​သေသတ်တော့မည့်ပုံဖြင့် အားအပြည့်ယူနေသည်။

မိုးရေ မင်းတော့သေပြီ။

"ကိုကို ဒီရောက်နေတာကို "

မိုး ဒုက္ခရောက်တော့မည့်အချိန်နည်းနည်းလေးအလိုမှာဘဲ မိုးတို့ဆီသို့ရောက်လာသည့် မိန်းကလေးတစ်ဦးကြောင့် မိုး အသက်ချမ်းသာရာရသွားခဲ့ရသည်။

ထိုမိန်းကလေးသည် ထိုသူ၏ရည်းစားများထဲကတစ်ယောက်ထင်ပါသည်။ရောက်လာသည်နှင့် ထိုသူ၏လက်ကိုအတင်းချုပ်ထားလိုက်သည်များ ကပ်ပါးလိုပင်။

"ဘယ်လိုရောက်လာတာလဲ "

"ဖုန်းဆက်ပြီးထဲက ကိုကို့ကိုစောင့်နေတာ၊ကိုကိုက ကြာနေလို့ လိုက်ရှာရင်းနဲ့ အခုလိုတွေ့တာဘဲလေ၊ဆုရည် တော်တယ်မလား"

မိန်းကလေးကသာအတင်းလိုက်ကပ်နေပေမဲ့ ထိုသူ့ကိုကြည့်ရတာနည်းနည်းလေးတောင်ဂရုမစိုက်သည့်ပုံ​ဖြင့်။သူ့လက်ကိုလာချိတ်ထားသည့်ထို ကောင်မလေး၏ လက်များကိုဖယ်လိုက်ပြီး မိုးဘက်သို့လှည့်ကြည့်ကာ အနားတိုးကပ်ရင်း_

"ခင်ဗျားက သိပ်ကံကောင်းတာဘဲ၊ကံဆိုတာ အမြဲတမ်းကောင်းနေတယ်ရယ်လို့မရှိဘူးဆိုတာ သိတယ်မလား "

ထိုသူ မိုးကိုခြိမ်းခြောက်သောစကားများဖြင့် ခြောက်လန့်သွားခဲ့သည်။

ကံဆိုတာအမြဲတမ်းကောင်းမနေတတ်သလို ရေစက်ဆိုတာလည်း အမြဲမဆုံတတ်ပါဘူး။ကမ္ဘာကြီးက အကြီးကြီးဘဲ မင်းနဲ့ငါထပ်တွေ့စရာအကြောင်းရှိကိုမရှိတာ။

နူတ်ကမပြောပေမဲ့ မိုး ထိုသူ၏မျက်လုံးများကိုတည့်တည့်ကြည့်ပြီး သူ့အတွေးများရိပ်မိအောင် မျက်လုံးဖြင့်စကားများစွာပြောခဲ့သည်။

ထိုသူကလည်း မိုးကို 'စောင့်ကြည့်လိုက်လေ 'လို့ပြန်ပြောနေသလိုပင် စိန်ခေါ်သည့် မျက်ဝန်းများဖြင့် ပြန်လည်စိုက်ကြည့်ခဲ့၏။

"သွားမယ် ဘေဘီ၊ကိုယ်တို့ရဲ့ကြည်နူးစရာအချိန်လေး လျော့သွားပါအုံးမယ် "

ကောင်မလေး၏ပုခုံးကိုဖက်ပြီး ဆိုင်ကယ်ပေါ်တင်ခေါ်သွားသည့် ထိုလူက မိုးအပေါ် အကြည့်မပျက်ခဲ့ပါ။

ထိုလုပ်ရပ်မျိုးကို မိုး သိပ်ရွံတတ်မှန်း သူရိပ်မိသည်ထင်ပါ၏။မသွားခင် မိုးကိုစိတ်ဒုက္ခပေးသွားခဲ့သေးသည်။

"နှာဘူးကောင် "

ဆိုင်ကယ် အဝေးသို့မောင်းထွက်သွားမှသာ မိုးအသံထွက်ကာ ဆဲရေးဆိုလိုက်သည်။

"ငါ ဒီနေ့ကစပြီး ဘုရားတရားပိုလုပ်မှဘဲ "

မိုး အတွက်တော့ ထိုသူက ကံမကောင်းမူ့တွေယူလာပေးသည့် ဂြိုလ်ကောင်ဖြစ်သည်။မိုးကိုယ်တိုင်က ဘာလို့ အဲ့ဂြိုလ်ကောင်နဲ့ သွားပတ်သတ်မိခဲ့လည်းမသိ။မိုးတော့ ကံနိမ့်နေသည်ထင်ပါသည်။

"အဲ့ကောင်နဲ့ထပ်တွေ့တယ် "

"အင်း ဟုတ်တယ်၊တိုက်တိုက်ဆိုင်ဆိုင်ဘဲ ငါကလည်း သူ့ဆိုင်ကယ်ရှေ့မှာမှသွားရပ်မိတာ "

မင်းခန့်အိမ်ရောက်တော့ မိုး ဖြစ်ပျက်ခဲ့တာတွေကို ပြန်ကာပြောပြနေခဲ့သည်။မင်းခန့်ကလည်း တော်တော်အံ့သြနေသည့် ပုံဖြင့် မိုးစကားကိုအသေအချာ နားထောင်နေခဲ့၏။

"မင်းကကော ဒဏ်ရာပျောက်သေးတာလဲ မဟုတ်ဘဲနဲ့ ဘာလို့ အပြင်ထွက်လာတာလဲ"

"အိမ်မှာနေရတာ ဘယ်လောက်ထိပျင်းဖို့ကောင်းလည်းဆိုတာ နေကြည့်ဖူးမှသိလိုက်မယ်၊အဲ့တာကြောင့် စိတ်လန်းသွားအောင် မင်းဆီလမ်းလျှောက်ထွက်လာခဲ့လိုက်တာ "

"မင်းကလည်း ငါ့ကိုဖုန်းကြိုမဆက်ဘူး၊ငါက ခဏနေရင်ဘဲ အပြင်သွားရတော့မှာ"

"ချိန်းထားတာရှိတာလား "

"အင်း ဟုတ်တယ်၊ကားလိုက်ပြရမှာလေ "

မင်းခန့်က ကားပွဲစားဖြစ်တာကြောင့် အပြင်ခဏခဏထွက်ရတာ မဆန်းပေ။မိုးလည်း မင်းခန့်အိမ်မှာရှိနေမယ်လို့မထင်ထားဘဲ ဒီတိုင်းလာခြင်းသာဖြစ်သည်။

မိုးအိမ်ကို မင်းခန့်အဝင်အထွက်လုပ်လို့ရသလို၊မင်းခန့်အိမ်ကိုလည်း မိုးစိတ်တိုင်းကျဝင်ထွက်လို့ရသည်။မိုးနှင့်မင်းခန့်က သူငယ်ချင်းဆိုတာထက် မိသားစုလိုပင်ဖြစ်၏။

ဒါပေမဲ့ မင်းခန့်မရှိတော့ မိုးနည်းနည်းပျင်းသည်။မင်းခန့်အိမ်လည်း မိုးအိမ်နှင့်မခြား ဘာမှလုပ်စရာမရှိသည့်အပြင် မိုးအိမ်ထပ်တောင်ပိုပြီး ခြောက်ကပ်သေး၏။ရောက်လာပြီဆိုတော့လည်း ခဏနားပြီး အိမ်ပြန်ရန် တွေးထားလိုက်သည်။

"ငါခဏနေပြီးရင် ပြန်မှာ မင်းသွားစရာရှိတာသွား "

"ဒါဆို မိုး မင်းအားနေတာပေါ့ "

"အားလို့ မင်းဆီလာတာပေါ့ "

"ဒါဆို ငါမင်းအတွက်ရှာပေးထားတဲ့လူနဲ့ သွားတွေ့ပါလား "

"ဟမ် ရှာပေးထားတဲ့သူ "

မင်းခန့် စကားအပေါ် မိုးနည်းနည်းထိတ်လန့်မိသည်။သူကိုယ်တိုင်ကသဘောတူခဲ့တာဆိုပေမဲ့ တကယ်တန်းကြုံလာရတော့ မိုးစိတ်မပါဖြစ်မိသည်။

"အင်း ဟုတ်တယ်၊မင်းနဲ့အဆင်ပြေတဲ့သူဘဲ ပြီးခဲ့တဲ့ရက်လောက်ကမှရှာတွေ့ထားတာ၊မင်းအကြောင်းအကုန်သူ့ကိုပြောပြထားပြီးသား သူကမင်းကိုသဘောကျတယ်တဲ့ "

"ဟမ်...သဘောကျတယ်ဆိုတာ "

"သွားတွေ့မှာသာ တွေ့စမ်းပါ၊မင်း ကိုခန့်ထားနဲ့ပြန်အဆင်ပြေချင်တယ်မလား "

ကိုခန့်ထား နာမည်ကြားရုံနဲ့စိတ်ပျော့သွားတတ်သည့် မိုးက မင်းခန့်စကားကို သဘောမတူချင်ဘဲ ခေါင်းညိတ်ခဲ့လိုက်ရသည်။

"ခဏနားပြီးမှ သွားတွေ့မယ် "

"အိုကေ သူ့ဖုန်းနံပါတ်ပေးထားမယ်၊သူ့ကိုလည်း ပြောထားလိုက်တော့မယ်နော်။သွားတွေ့ဖြစ်အောင် တွေ့လာခဲ့ကြားလား "

"အင်းပါ "

"စိတ်ချပါ သူက ကိုခန့်ထားနဲ့ယှဥ်ရင် အများကြီးသာတယ် "

ကိုခန့်ထားနဲ့ယှဥ်တာကို မိုးသဘောမကျပေမဲ့ ရန်မဖြစ်ချင်တာကြောင့် ခေါင်းသာညိတ်ပြခဲ့ရသည်။

မိုးခေါင်းညိတ်သဘောတူတာမြင်ရတော့ မင်းခန့်စိတ်ထဲ ဝမ်းသာမိ၏။

သူပြောထားသလို သူရှာထားပေးတဲ့လူက ကိုခန့်ထားထက်အများကြီးသာသည့်အပြင် မိုးအကြောင်းလေးပြောပြထားရုံတောင် မိုးအပေါ်တော်တော်စိတ်ဝင်စားနေပြီဖြစ်သည်။သေချာပေါက်အခုမဟုတ်ရင်တောင် မိုးလည်း တနေ့နေ့တော့ ထိုသူကိုသဘောကျလာလောက်သည်။

ငါ့သူငယ်ချင်းလေး ကောင်လေးအသစ်နဲ့ပျော်ပါစေ ဟုဆုတောင်းပေးရင်း စိတ်ကြည်လင်စွာ အလုပ်သို့ခရီးဆက်ခဲ့၏။

မင်းခန့်သွားပြီး ခဏအကြာလျှင် မင်းခန့်ပြောသည့်လူက မိုးဆီသို့ဆက်သွယ်လာသည်။ကော်ဖီဆိုင်မှာတွေ့ရအောင်တဲ့လေ။

အဲ့လိုချိန်းတာကိုကြားတာနဲ့တင် မိုးစိတ်ထဲ လုံးဝမသွားချင်ဘူး ဖြစ်မိပေမဲ့ မင်းခန့်ကို ကတိပေးထားပြီဖြစ်တာကြောင့် သဘောတူလိုက်ရသည်။

ထိုသူဆီ ချိန်းသည့်နေရာက မိုးရှိနေတဲ့နေရာနဲ့ ဝေးလွန်းတာကြောင့် မိုးကားငှားပြီးသွားရန် ကားအလာကိုစောင့်နေခဲ့ရသည်။

ဒီနေ့မှ ကားကလည်းအလာနည်းနေသည်။မိုးတော်တော်ပင်စောင့်လိုက်ရ၏။

ကားစောင့်နေတုန်း မိုးဆီသို့ အငှားကားမဟုတ်သည့် ကားတစ်စီးကလာရပ်ခဲ့သည်။

မိုး ဒါဘယ်သူ့ကားလဲ တွေးစရာမလိုအောင်ပင် အလွတ်ရနေပြီဖြစ်တဲ့ ကားနံပါတ်ကြောင့် မိုး ရင်များ အဆက်မပြတ်ခုန်လာခဲ့သည်။

"မိုး...."

ရင်းနှီးတဲ့အသံနှင့်အတူ မိုးမျှော်လင့်နေခဲ့သည့်သူက မိုးရှေ့သို့ ရောက်လာခဲ့လေပြီ။

"ကိုခန့်ထား "

နောက်တစ်ခေါက် ဒီနာမည်ကို လူကိုယ်တိုင်တွေ့ပြီး ခေါ်ရလိုက်မယ်လို့ မိုးမတွေးထားမိခဲ့။မိုးစိတ်ထဲ ဒီနာမည်ကို ပိုင်ရှင်နဲ့တွဲပြီးမခေါ်ရတာတောင် တော်တော်ကြာခဲ့ပြီလို့ထင်မိသည်အထိ အလွှမ်းစိတ်များ ပြည့်နက်သွားခဲ့သည်။

"မိုး မျက်နှာက ဘယ်လိုဖြစ်တာလဲ "

အရင်လိုဘဲ မိုးဒဏ်ရာသေးသေးလေးရတာကိုမြင်ရင်တောင် စိုးရိမ်စွာအပြေးလာတတ်သည့် သူက အခုလည်း အကျင့်မပျောက်သေးဘဲ မိုးဆီသို့ အပြေးထပ်ရောက်လာခဲ့သေးသည်။

မိုးအပေါ် ဒီလောက်ထိ ဂရုစိုက်နေသေးသည့် ကိုခန့်ထားက မိုးအပေါ်လမ်းခွဲစကားပြောခဲ့တာ မယုံနိုင်သေးပေ။

"မိုး ဒဏ်ရာကမနည်းပါလား ဘယ်လိုဖြစ်တာလဲကွာ "

မိုးရဲ့မျက်နှာကို အရင်လိုကိုင်ပြီးမမေးတော့ပေမဲ့လည်း ကိုခန့်ထား မိုးအပေါ်အရင်လိုစိုးရိမ်စိတ်မပျောက်သေးတာသိရတော့ဝမ်းသာမိသည်။

"ချော်လဲတာပါ ဒဏ်ရာကသက်သာသွားပါပြီ၊ဒါနဲ့ ကိုခန့်ထား ဒီကိုဘာလာလုပ်တာလဲ "

"အလုပ်ကိစ္စချိန်းထားတာ"

"အဲ့ဆို သွားလေကိုခန့်ထား နောက်ကျနေလိမ့်မယ် "

"ပြီးသွာပြီမိုး...အပြန် မိုးကိုတွေ့လို လာနူတ်ဆက်တာ "

"သြော်...ဟုတ် "

"ဒါနဲ့ မိုးကကော ဘယ်သွားမလို့လဲ "

"မိုးလည်း ချိန်းထားတာရှိလို့ ကားစောင့်နေတာ "

"ကိုယ်လိုက်ပို့ပေးမယ်လေ "

"မဟုတ်တာ ရပါတယ်၊မိုး ကားဘဲစောင့်လိုက်ပါမယ် "

"ဘာလဲ မိုးကအားနာနေတာလား၊ညီအစ်ကိုအချင်းချင်းတွေဘဲဟာ "

ညီအစ်ကိုတဲ့လေ။ကိုခန့်ထားက ဘာမှမဖြစ်သလိုပြောခဲ့ပေမဲ့လည်း အဲ့စကားက မိုးကို ကိုခန့်ထား ထားခဲ့ပြီဆိုတာ သတိပေးနေသလိုဘဲ သိပ်ခါးလွန်းတယ်။

ဒါပေမဲ့ မိုး မကြိုက်ကြောင်းဘယ်ထုတ်ပြလို့ရမှာလဲ၊ကိုခန့်ထားကို မိုးမှမပိုင်တော့တာ။

"ဒါဆို မိုး လိုက်မယ်နော် "

"အင်း "

ကိုခန့်ထားဘေးမှာ လိုက်ပါခဲ့ပေမဲ့ အရင်လိုအနေအထားမျိုးမဟုတ်တော့ မိုးနေရထိုင်ရခက်သည်။

ကိုခန့်ထားလည်း မိုးလို နေရခက်နေမည်ထင်ပါသည်။ဘာစကားမှမပြောဘဲ ကားကိုသာ အာရုံစိုက်မောင်းနေခဲ့သည်။

"မိုး ဘယ်သွားမလို့လဲ ကိုယ်သိလို့ရမလား၊ဟို...ဒီတိုင်း သဘောရိုးနဲ့သိချင်တာပါ မိုးအ...အထင်မလွဲနဲ့နော် "

မိုးအပေါ် ကိုခန့်ထားခံစားချက်ရှိနေသေးတယ်လို့ အထင်လွဲသွားမှာ ကိုခန့်ထားသိပ်ကြောက်သည်ထင်ပါသည်။မိုးကို အထင်မလွှဲသွားဖို့ရှင်းပြနေတာ စကားတောင်ထစ်၏။ဒါမှမဟုတ် မိုးကိုမရိပ်မိစေချင်လို့များ ဟန်ဆောင်တာလားမသိ။

ဒီအချိန် မိုးရဲ့စိတ်ထဲ မကောင်းတဲ့အတွေးလေးကနည်းနည်းဝင်လာသည်။သူသာ ကိုခန့်ထားရဲ့စိတ်ကိုဆွပေးလိုက်လျှင် ကိုခန့်ထားမည်သို့ဖြစ်သွားမည်ကိုသိချင်မိသည်။

"မိုး ဒိတ်သွားမို့လေ "

"ဟင်...ဒိတ်...အသစ်ရနေတာလား "

သဝန်တိုသံလေးထွက်နေသည့် ကိုခန့်ထား၏တုံ့ပြန်မူ့ကိုကြားရတော့ မိုးဝမ်းသာမိသည်။မိုးထင်ထားသလိုဘဲ ကိုခန့်ထား မိုးအပေါ် သံယောဇဥ်မပြတ်သေးပေ။မိုးသာဒီထပ်ပိုဆွပေးလျှင် သေချာပေါက် မိုးဆီသို့ပြန်လာနိုင်သည်။

"ဟုတ်တယ် ကိုခန့်ထား ဘာဖြစ်လို့လဲဟင်"

"ဘာ...ဘာမှမဖြစ်ပါဘူး ဒါနဲ့ သူကဘယ်သူလဲ၊ဘယ်ကလဲ၊မိုးနဲ့ဘယ်လိုတွေ့တာလဲ"

ခန့်ထား ကိုယ့်ကိုယ်ကို စည်းကျော်မိသွားမှန်းသိတာကြောင့် မိုးမရိပ်မိအောင် ချောင်းတစ်ချက်ဟန့်လိုက်ရင်း_

"ကိုယ်က ကိုယ့်ညီလေး မကောင်းတဲ့ကောင်နဲ့တွေ့မှာစိုးလို့ "

ကိုခန့်ထား ဟန်ဆောင်နေမှန်း သိသာလွန်းပါသည်။မိုး သိပါတယ် ဒါသဝန်တိုနေတာဆိုတာ။

မိုး ခပ်ရေးရေးပြုံးလိုက်သည်။

"သူက ဒီကဘဲလေ အရမ်းချောတာ၊ကိုခန့်ထားထပ်တောင်အရပ်ရှည်သေးတယ် ဆိုင်ကယ်လည်းစီးကျွမ်းတယ် မိုးကိုဆို သူဆိုင်ကယ်နဲ့ခေါ်ပြီး မြို့ထဲလျှောက်ပတ်ပြီးခေါ်လည် ပေးနေကြလေ "

ကိုခန့်ထား ပိုပြီးသဝန်တိုလေအောင် မိုး စိတ်ထဲပေါ်လာတာလျှောက်ပြောနေပေမဲ့လည်း ပြောနေရင်း ပုံဖော်မိလိုက်သည့် သူက ဟိုကောင် ဖြစ်နေသည်။

မိုး သူ့ကိုပုံဖော်မိသည့်အတွက်ကိုယ့်ကိုယ်ပင်လန့်သွားရသည်။ကိုယ့်မျက်နှာကို ဒဏ်ရာပေးခဲ့တဲ့ကောင်ကိုမှစိတ်ထဲစွဲနေရတယ်လို့။

"မိုး ဘာဖြစ်လို့လဲ "

"ဘာ...ဘာမှမဟုတ်ပါဘူး ကိုခန့်ထား "

"ကိုယ့်ကို မိတ်ဆက်ပေးမယ်မလား "

"ဟင်...နောက်...နောက်မှပေါ့ "

"ရပါတယ် ကိုယ်လည်းမလောဘူး မိုးအဆင်ပြေတဲ့အချိန်ပေါ့ ဟုတ်ပြီလား "

"ဟုတ် "

မိုးတော့ အပြောလွန်သွားခဲ့လေပြီ။မင်းခန့်မိတ်ဆက်ပေးတဲ့သူသာ မိုးပြောထားသလို အရပ်မရှည် ဆိုင်ကယ်မစီးတတ်လျှင် ကိုခန့်ထားတော့ မိုးကို အပိုတွေပြောသည့် လူလိမ်ကောင်ဟုသတ်မှတ်နိုင်၏။အဲ့လိုသာဆို ကိုခန့်ထားကိုပြန်ရနိုင်ဖို့နေနေသာသာ ပိုပြီးဝေးရုံသာရှိသည်။

ကံကြမ္မာသာ မိုးဘက်သို့မျက်နှာသာပေးခဲ့မည်ဆို မိုးနှင့်အခုတွေ့ရမည့်သူက မိုး ကိုခန့်ထားအပေါ် လိမ်လည်ပြီးပြောထားသလို တူညီသည့်လူဖြစ်ပါစေ လို့ဆုတောင်းမိပါသည်။

Zawgyi

ဒဏ္ရာေၾကာင့္ အိမ္တြင္းေအာင္းေနရသည္မွာ သုံးရက္ေလာက္ထိပင္ၾကာျမင့္ေနၿပီျဖစ္သည္။

"အား...ပ်င္းလိုက္တာ "

အိမ္မွာ အခုေလာက္ထိ တခါမွၾကာၾကာမေနဖူးတာေၾကာင့္ မိုးတစ္ေယာက္ အိမ္မွာေနရတာကို ၿငီးေငြ႕လာၿပီျဖစ္၏။

"တုံေလး အေဖတို႔ အျပင္သြားလည္သင့္လား "

အိပ္ေပ်ာ္ေနသည့္ ေၾကာင္ေလးကိုသာ မိုး စကားေျပာရန္ရွိသည္။တုံတုံကေတာ့ မိုးစကားကိုမၾကားသည့္အလား အအိပ္မပ်က္ေပ။

အိပ္ပုပ္ေနသည့္ တုံတုံကို မိုးအသည္းယားစြာ ဆြဲညစ္ပစ္လိုက္သည္။တုံတုံက မႀကိဳက္တာေၾကာင့္ မိုးကိုမ်က္ေစာင္းထိုးၿပီးေၾကာင္ဘာသာစကားျဖင့္ဆူေငါက္ေနေလ၏။မိုးကေတာ့ အၿပဳံးမပ်က္။

မိုးအတြက္ေတာ့ တုံတုံက မိုးႏွင့္အနီးဆုံးမွာရွိတဲ့ မိသားစုဝင္ေလးပင္။မိုးစိတ္ညစ္စရာရွိတိုင္း မိုးေဘးမွာ အၿမဲအေဖာ္ျပဳေပးခဲ့သည့္ တုံတုံေလးကို မိုးအခ်စ္ဆုံးျဖစ္သည္။

"ငါ အိမ္မွာဒီတိုင္းေနေနလို႔မျဖစ္ေတာ့ဘူး...သိၿပီ မင္းခန့္အိမ္သြားလည္အုံးမွ "

မိုး အိမ္မွာဘဲဆက္ေနခဲ့လွ်င္ ပ်င္းလြန္းၿပီး ဦးႏွောက္ပင္ပ်က္သြားနိုင္တာေၾကာင့္မင္းခန့္အိမ္သို႔သြားလည္ရန္ဆုံးျဖတ္လိုက္၏။

ဒဏ္ရာက အေရာင္အရွင္းမေပ်ာက္ေသးတာေၾကာင့္ ဒဏ္ရာကြယ္ရန္ မိုး ဦးထုတ္ဝတ္သြားဖို႔မေမ့ခဲ့။မသြားခင္ အိပ္ေပ်ာ္ေနသည့္ တုံတုံ အတြက္လည္းအစာျဖည့္ေပးခဲ့ရေသးသည္။

အျပင္မထြက္တာ ၾကာေတာ့ လမ္းေလွ်ာက္ၿပီး ပတ္ဝန္းက်င္ကိုေလွ်ာက္ၾကည့္ရတာ မိုးအတြက္ ေပ်ာ္စရာျဖစ္ေနခဲ့သည္။

မင္းခန့္အိမ္သည္ မိုးအိမ္မွစထြက္လွ်င္ နည္းနည္းေဝးေပမဲ့ မိုးဘက္စ္စကားမစီးျဖစ္ခဲ့။တေန႕လုံးအခ်ိန္ရတာေၾကာင့္လည္းပါတာေၾကာင့္ ေအးေအးေဆးေဆးေလး လမ္းေလွ်ာက္ၿပီးသြားရန္ ဆုံးျဖတ္ခဲ့သည္။

တစ္ေယာက္တည္းလမ္းေလွ်ာက္ေနခ်ိန္ ႐ုတ္တရက္မိုး၏အေတြးထဲတြင္ အရင္က သူႏွင့္ကိုခန့္ထား လမ္းအတူေလွ်ာက္ခဲ့ဖူးသည့္ ပုံရိပ္မ်ား ျပန္ျမင္ေယာင္လာခဲ့သည္။

ထိုအခ်ိန္မ်ားက မိုးအတြက္ဘယ္ေလာက္ထိအမွတ္တရျဖစ္ခဲ့သည္ဆိုတဲ့အေၾကာင္းကိုေတာ့ မိုး ကိုခန့္ထားကို ျပန္ေျပာျပလို႔မရေတာ့ပါ။

ကိုခန့္ထား အေၾကာင္းျပန္စဥ္းစားမိတိုင္း မိုးမ်က္ရည္မဝဲရသည္မရွိ။

မိုးႏွင့္ကိုခန့္ထားက တစ္ေယာက္ကိုတစ္ေယာက္ ေျပာမျပတတ္ေလာက္သည့္ ခံစားခ်က္မ်ိဳးျဖင့္ခ်စ္ခဲ့ၾကသည္။ႏွစ္ေယာက္ၾကား အဆင္မေျပမူ႕ဆိုတာလည္း မရွိသေလာက္ျဖစ္ခဲ့သည့္အတြက္ အခုလိုလမ္းခြဲရမည္ဆိုတာမ်ိဳးကိုလည္း စိတ္ေတာင္မကူးခဲ့ဖူးပါ။

ဒါေပမဲ့အတိတ္က အတိတ္ဆိုတဲ့အတိုင္း ျပင္လို႔မရေတာ့တဲ့ အျဖစ္အပ်က္ေတြနဲ႕ ၿပီးဆုံးသြားခဲ့ၿပီ။ပစၥဳပၸန္မွာ ကိုခန့္ထားနဲ႕မိုး လမ္းခြဲခဲ့သည္မွာ တစ္ပတ္ပင္ျပည့္ေတာ့မည္ျဖစ္၏။

ကိုခန့္ထား အခုခ်ိန္ ဘာေတြမ်ားလုပ္ေနမည္ကို မိုးသိခ်င္မိသည္။အရင္ကဆို မိုး အခုလိုေတြးစရာေတာင္မလိုဘဲ မိုးဆီသို႔ အခုခ်ိန္ဘာလုပ္ေနသည္ ဘယ္ေရာက္ေနၿပီဆိုၿပီး ဖုန္းဆက္လွမ္းအေၾကာင္းတတ္သည့္ ကိုခန့္ထား၏ ဖုန္းသံကိုသတိရမိသည္။

မိုး ဟန္မေဆာင္နိုင္ေလာက္ေအာင္ မ်က္ရည္မ်ား စီးက်လာမိသည္။ကိုခန့္ထား အေၾကာင္းေတြးမိတိုင္း မိုး ကိုခန့္ထားကို အနားမွာျပန္ေခၚခ်င္၏။ထိုအခ်ိန္က မိုး ကိုခန့္ထားကို လြယ္လြယ္နဲ႕လက္လႊတ္ခဲ့မိသည့္အတြက္ ေနာင္တရမိသည္။

မိုး ကိုခန့္ထားရဲ႕လက္ကို တင္းေနေအာင္ ဖမ္းဆုပ္ထားခဲ့လွ်င္၊မိုးသာၿမဲတဲ့လက္နဲ႕တင္းေနေအာင္ဆြဲထားခဲ့လွ်င္ ကိုခန့္ထားလည္း မိုးဆီကထြက္သြားဖို႔ေတြေဝခဲ့မည္ထင္ပါသည္။

ဘာဘဲျဖစ္ျဖစ္ အရာအားလုံးက ေနာက္မက်ေသးတဲ့တာမို႔ မိုး အဲ့ခ်ိန္တုန္းက ကိုခန့္ထားကိုမဖမ္းဆုပ္မိခဲ့တဲ့အတြက္ အခုခ်ိန္မွာေသခ်ာေပါက္ျပန္ၿပီး ဖမ္းဆုပ္မယ္လို႔ ကတိေပးသည္။

"အင္း မိုး ဆီကို ကိုခန့္ထားျပန္လာ_"

တီး******

အေတြးလြန္ေနခ်ိန္ မိုး ဆီသို႔အရွိန္ျပင္းျပင္းေရာက္လာသည့္ ဆိုင္ကယ္ႀကီးေၾကာင့္ မိုးထြက္ေျပးဖို႔ေတာင္ ေမ့ရသည္အထိ ေၾကာက္လန့္သြားကာ ထိုေနရာမွာဘဲ မ်က္လုံးစုံမွိတ္ရင္း ရပ္တန့္ေနမိေတာ့သည္။

နာက်င္မူ႕တစ္စုံတစ္ရာမွမခံစားရတာေၾကာင့္ မိုးျဖည္းျဖည္းခ်င္းမ်က္လုံး ဖြင့္ၾကည့္ရာ သူႏွင့္တစ္လက္မအကြာေလာက္မွာရပ္ထားသည့္ ေမာ္ေတာ္ဆိုင္ကယ္ႀကီးကဆီးႀကိဳေနေလ၏။

"ခင္ဗ်ား ေသခ်င္ေနတာလား "

Halment အနက္ေရာင္ႏွင့္ ဆိုင္ကယ္ေပၚမွ ဆင္းလာသည့္ထိုလူထံ့မွ ေဒါသအေငြ႕အသက္မ်ားကို မိုးခံစားရမိလိုက္သည္။

"ေတာင္းပန္ပါတယ္ ဆိုင္ကယ္လာေနတာကို မျမင္လိုက္လို႔ပါ"

"ဘယ္ျမင္မွာလဲ ခင္ဗ်ားေဆာင္းထားတဲ့ဦးထုတ္ကိုလည္းၾကည့္အုံး မ်က္ႏွာတစ္ခုလုံးမဖုံးသြားတာေတာင္ ေတာ္ေသးတယ္ "

မ်က္ႏွာက ဒဏ္ရာကိုမျမင္ေစခ်င္လို႔ ေမြးေန႕တုန္းက ေမေမဝယ္ေပးထားတဲ့ဦးထုတ္ကိုေဆာင္းလာတာ။ဦးထုတ္က မိုးအတြက္ႀကီးေနမွန္းသိေပမဲ့လည္း ဒါကမိုးအတြက္အဆင္ေျပဆုံးျဖစ္တာေၾကာင့္ ႀကီးတာကိုေ႐ြးေဆာင္းလာျခင္းျဖစ္သည္။

"ေတာင္းပန္ၿပီးၿပီေလ ဘာလို႔ျပႆနာရွာေနေသးတာလဲဗ်ာ "

မိုး စိတ္က အခုမွဆတ္ဆတ္ထိမခံျဖစ္ေနသည္။ကိုခန့္ထားအေၾကာင္းေတြးၿပီး စိတ္အေျခအေနမမွန္ေတာ့သည္ထင္ပါသည္။

"ဟား...အျပစ္လုပ္ထားတဲ့သူကလည္း စကားေျပာရင့္လွခ်ည္လာ ဒီမွာ ခင္ဗ်ား_"

ထိုလူက မိုး ကိုသူ႕ဘက္သို႔အၾကမ္းအတမ္းဆြဲလွည့္ေတာ့ ေရွာင္ေနသည့္မိုး၏ဦးထုတ္က ေလွ်ာက်သြားခဲ့သည္။

မိုး သူ႕အေပၚအၾကမ္းအတမ္းဆက္ဆံသည့္ထိုလူေၾကာင့္ေဒါသထြက္သြားခဲ့ရေပမဲ့ ထိုလူက မိုးထပ္ပိုၿပီးေဒါသထြက္သြားသည့္ပုံပင္။မိုးပုခုံးေပၚမွာ တင္ထားတဲ့သူ႕လက္ေတြက ေဒါသေၾကာင့္ပူထူေနသည့္အျပင္ မိုးရဲ႕ပုခုံးမ်ားကို ဆုပ္ညစ္ထားသည္မွာ အရိုးပင္က်ိဳးေတာ့မည္ထင္ရသည္။

"ေၾသာ္ လက္စသတ္ေတာ့ ခင္ဗ်ားကို "

ထိုသူ၏စကားကိုမိုးနားမလည္။ထိုသူက မိုးကိုသိေနသလိုပင္။မိုး သိေနတဲ့သူလို႔ေျပာရေအာင္လည္း ထိုသူမ်က္ႏွာကိုမိုးမျမင္ရ၊ၿပီးေတာ့ မိုးအသိထဲမွာအခုလို ဆိုင္ကယ္အျမင့္ႀကီးစီးတတ္သည့္သူမရွိ။

"ဘယ္သူလဲ လူကိုသိသလိုလာေျပာေနတာ"

မိုးေမးေတာ့ ထိုလူကရယ္ၿပီး သူ႕ေခါင္းမွာေဆာင္းထားသည့္ Halment ကိုခြၽတ္လိုက္သည္။

အခုမွရွင္းရွင္းလင္းလင္းျမင္လိုက္ရသည့္ ထိုသူမ်က္ႏွာေၾကာင့္ မိုး လန့္သြားရ၏။

"ကြၽန္ေတာ္ဘယ္သူဆိုတာ သိၿပီထင္တယ္"

မိုး ခ်က္ခ်င္းပင္ ေၾကာက္ဒူးမ်ားတုန္လာခဲ့သည္။မိုး ေၾကာက္သင့္သည္ေလ၊ထိုသူေပးထားတဲ့ မိုးမ်က္ႏွာကဒဏ္ရာေတာင္ အေရာင္မက်ေသးတဲ့ဟာ။

"ဟို...လူ...လူမွားေနၿပီထင္တယ္ေနာ္ "

"ဘယ္မွားမွာလဲ ခင္ဗ်ား မ်က္ႏွာမွာကြၽန္ေတာ္ေပးထားတဲ့အမွတ္အသားက ထင္းေနတာဘဲကို "

မိုး ခ်က္ခ်င္းထြက္ေျပးလိုက္ခ်င္ေပမဲ့ ထိုသူရဲ႕စိတ္ထဲမွာ မိုးကိုသတၱိမရွိသည့္လူတစ္ေယာက္ လို႔လည္းအထင္မခံခ်င္။ျပန္ရန္ရွာရေအာင္လည္း အင္အားခ်င္းက ကြာျခားလြန္းသည္။ေသခ်ာေပါက္ မိုးဘဲအထိနာလိမ့္မည္။အခန့္မသင့္လွ်င္ အသက္ပါထြက္နိုင္၏။

"ခင္ဗ်ား ဒီတစ္ခါေတာ့ ကြၽန္ေတာ့္လက္ကမလႊတ္ေစရေတာ့ဘူး "

မိုး ဘုရားသာတေနမိေတာ့သည္။

မိုးရဲ႕အက်ီေကာ္လံကိုတင္းေနေအာင္ဆြဲထားသည့္ ထိုလူက မိုးကိုအေသသတ္ေတာ့မည့္ပုံျဖင့္ အားအျပည့္ယူေနသည္။

မိုးေရ မင္းေတာ့ေသၿပီ။

"ကိုကို ဒီေရာက္ေနတာကို "

မိုး ဒုကၡေရာက္ေတာ့မည့္အခ်ိန္နည္းနည္းေလးအလိုမွာဘဲ မိုးတို႔ဆီသို႔ေရာက္လာသည့္ မိန္းကေလးတစ္ဦးေၾကာင့္ မိုး အသက္ခ်မ္းသာရာရသြားခဲ့ရသည္။

ထိုမိန္းကေလးသည္ ထိုသူ၏ရည္းစားမ်ားထဲကတစ္ေယာက္ထင္ပါသည္။ေရာက္လာသည္ႏွင့္ ထိုသူ၏လက္ကိုအတင္းခ်ဳပ္ထားလိုက္သည္မ်ား ကပ္ပါးလိုပင္။

"ဘယ္လိုေရာက္လာတာလဲ "

"ဖုန္းဆက္ၿပီးထဲက ကိုကို႔ကိုေစာင့္ေနတာ၊ကိုကိုက ၾကာေနလို႔ လိုက္ရွာရင္းနဲ႕ အခုလိုေတြ႕တာဘဲေလ၊ဆုရည္ ေတာ္တယ္မလား"

မိန္းကေလးကသာအတင္းလိုက္ကပ္ေနေပမဲ့ ထိုသူ႕ကိုၾကည့္ရတာနည္းနည္းေလးေတာင္ဂ႐ုမစိုက္သည့္ပုံျဖင့္။သူ႕လက္ကိုလာခ်ိတ္ထားသည့္ထို ေကာင္မေလး၏ လက္မ်ားကိုဖယ္လိုက္ၿပီး မိုးဘက္သို႔လွည့္ၾကည့္ကာ အနားတိုးကပ္ရင္း_

"ခင္ဗ်ားက သိပ္ကံေကာင္းတာဘဲ၊ကံဆိုတာ အၿမဲတမ္းေကာင္းေနတယ္ရယ္လို႔မရွိဘူးဆိုတာ သိတယ္မလား "

ထိုသူ မိုးကိုၿခိမ္းေျခာက္ေသာစကားမ်ားျဖင့္ ေျခာက္လန့္သြားခဲ့သည္။

ကံဆိုတာအၿမဲတမ္းေကာင္းမေနတတ္သလို ေရစက္ဆိုတာလည္း အၿမဲမဆုံတတ္ပါဘူး။ကမၻာႀကီးက အႀကီးႀကီးဘဲ မင္းနဲ႕ငါထပ္ေတြ႕စရာအေၾကာင္းရွိကိုမရွိတာ။

ႏူတ္ကမေျပာေပမဲ့ မိုး ထိုသူ၏မ်က္လုံးမ်ားကိုတည့္တည့္ၾကည့္ၿပီး သူ႕အေတြးမ်ားရိပ္မိေအာင္ မ်က္လုံးျဖင့္စကားမ်ားစြာေျပာခဲ့သည္။

ထိုသူကလည္း မိုးကို 'ေစာင့္ၾကည့္လိုက္ေလ 'လို႔ျပန္ေျပာေနသလိုပင္ စိန္ေခၚသည့္ မ်က္ဝန္းမ်ားျဖင့္ ျပန္လည္စိုက္ၾကည့္ခဲ့၏။

"သြားမယ္ ေဘဘီ၊ကိုယ္တို႔ရဲ႕ၾကည္ႏူးစရာအခ်ိန္ေလး ေလ်ာ့သြားပါအုံးမယ္ "

ေကာင္မေလး၏ပုခုံးကိုဖက္ၿပီး ဆိုင္ကယ္ေပၚတင္ေခၚသြားသည့္ ထိုလူက မိုးအေပၚ အၾကည့္မပ်က္ခဲ့ပါ။

ထိုလုပ္ရပ္မ်ိဳးကို မိုး သိပ္႐ြံတတ္မွန္း သူရိပ္မိသည္ထင္ပါ၏။မသြားခင္ မိုးကိုစိတ္ဒုကၡေပးသြားခဲ့ေသးသည္။

"ႏွာဘူးေကာင္ "

ဆိုင္ကယ္ အေဝးသို႔ေမာင္းထြက္သြားမွသာ မိုးအသံထြက္ကာ ဆဲေရးဆိုလိုက္သည္။

"ငါ ဒီေန႕ကစၿပီး ဘုရားတရားပိုလုပ္မွဘဲ "

မိုး အတြက္ေတာ့ ထိုသူက ကံမေကာင္းမူ႕ေတြယူလာေပးသည့္ ၿဂိဳလ္ေကာင္ျဖစ္သည္။မိုးကိုယ္တိုင္က ဘာလို႔ အဲ့ၿဂိဳလ္ေကာင္နဲ႕ သြားပတ္သတ္မိခဲ့လည္းမသိ။မိုးေတာ့ ကံနိမ့္ေနသည္ထင္ပါသည္။

"အဲ့ေကာင္နဲ႕ထပ္ေတြ႕တယ္ "

"အင္း ဟုတ္တယ္၊တိုက္တိုက္ဆိုင္ဆိုင္ဘဲ ငါကလည္း သူ႕ဆိုင္ကယ္ေရွ႕မွာမွသြားရပ္မိတာ "

မင္းခန့္အိမ္ေရာက္ေတာ့ မိုး ျဖစ္ပ်က္ခဲ့တာေတြကို ျပန္ကာေျပာျပေနခဲ့သည္။မင္းခန့္ကလည္း ေတာ္ေတာ္အံ့ၾသေနသည့္ ပုံျဖင့္ မိုးစကားကိုအေသအခ်ာ နားေထာင္ေနခဲ့၏။

"မင္းကေကာ ဒဏ္ရာေပ်ာက္ေသးတာလဲ မဟုတ္ဘဲနဲ႕ ဘာလို႔ အျပင္ထြက္လာတာလဲ"

"အိမ္မွာေနရတာ ဘယ္ေလာက္ထိပ်င္းဖို႔ေကာင္းလည္းဆိုတာ ေနၾကည့္ဖူးမွသိလိုက္မယ္၊အဲ့တာေၾကာင့္ စိတ္လန္းသြားေအာင္ မင္းဆီလမ္းေလွ်ာက္ထြက္လာခဲ့လိုက္တာ "

"မင္းကလည္း ငါ့ကိုဖုန္းႀကိဳမဆက္ဘူး၊ငါက ခဏေနရင္ဘဲ အျပင္သြားရေတာ့မွာ"

"ခ်ိန္းထားတာရွိတာလား "

"အင္း ဟုတ္တယ္၊ကားလိုက္ျပရမွာေလ "

မင္းခန့္က ကားပြဲစားျဖစ္တာေၾကာင့္ အျပင္ခဏခဏထြက္ရတာ မဆန္းေပ။မိုးလည္း မင္းခန့္အိမ္မွာရွိေနမယ္လို႔မထင္ထားဘဲ ဒီတိုင္းလာျခင္းသာျဖစ္သည္။

မိုးအိမ္ကို မင္းခန့္အဝင္အထြက္လုပ္လို႔ရသလို၊မင္းခန့္အိမ္ကိုလည္း မိုးစိတ္တိုင္းက်ဝင္ထြက္လို႔ရသည္။မိုးႏွင့္မင္းခန့္က သူငယ္ခ်င္းဆိုတာထက္ မိသားစုလိုပင္ျဖစ္၏။

ဒါေပမဲ့ မင္းခန့္မရွိေတာ့ မိုးနည္းနည္းပ်င္းသည္။မင္းခန့္အိမ္လည္း မိုးအိမ္ႏွင့္မျခား ဘာမွလုပ္စရာမရွိသည့္အျပင္ မိုးအိမ္ထပ္ေတာင္ပိုၿပီး ေျခာက္ကပ္ေသး၏။ေရာက္လာၿပီဆိုေတာ့လည္း ခဏနားၿပီး အိမ္ျပန္ရန္ ေတြးထားလိုက္သည္။

"ငါခဏေနၿပီးရင္ ျပန္မွာ မင္းသြားစရာရွိတာသြား "

"ဒါဆို မိုး မင္းအားေနတာေပါ့ "

"အားလို႔ မင္းဆီလာတာေပါ့ "

"ဒါဆို ငါမင္းအတြက္ရွာေပးထားတဲ့လူနဲ႕ သြားေတြ႕ပါလား "

"ဟမ္ ရွာေပးထားတဲ့သူ "

မင္းခန့္ စကားအေပၚ မိုးနည္းနည္းထိတ္လန့္မိသည္။သူကိုယ္တိုင္ကသေဘာတူခဲ့တာဆိုေပမဲ့ တကယ္တန္းႀကဳံလာရေတာ့ မိုးစိတ္မပါျဖစ္မိသည္။

"အင္း ဟုတ္တယ္၊မင္းနဲ႕အဆင္ေျပတဲ့သူဘဲ ၿပီးခဲ့တဲ့ရက္ေလာက္ကမွရွာေတြ႕ထားတာ၊မင္းအေၾကာင္းအကုန္သူ႕ကိုေျပာျပထားၿပီးသား သူကမင္းကိုသေဘာက်တယ္တဲ့ "

"ဟမ္...သေဘာက်တယ္ဆိုတာ "

"သြားေတြ႕မွာသာ ေတြ႕စမ္းပါ၊မင္း ကိုခန့္ထားနဲ႕ျပန္အဆင္ေျပခ်င္တယ္မလား "

ကိုခန့္ထား နာမည္ၾကား႐ုံနဲ႕စိတ္ေပ်ာ့သြားတတ္သည့္ မိုးက မင္းခန့္စကားကို သေဘာမတူခ်င္ဘဲ ေခါင္းညိတ္ခဲ့လိုက္ရသည္။

"ခဏနားၿပီးမွ သြားေတြ႕မယ္ "

"အိုေက သူ႕ဖုန္းနံပါတ္ေပးထားမယ္၊သူ႕ကိုလည္း ေျပာထားလိုက္ေတာ့မယ္ေနာ္။သြားေတြ႕ျဖစ္ေအာင္ ေတြ႕လာခဲ့ၾကားလား "

"အင္းပါ "

"စိတ္ခ်ပါ သူက ကိုခန့္ထားနဲ႕ယဥ္ရင္ အမ်ားႀကီးသာတယ္ "

ကိုခန့္ထားနဲ႕ယွဥ္တာကို မိုးသေဘာမက်ေပမဲ့ ရန္မျဖစ္ခ်င္တာေၾကာင့္ ေခါင္းသာညိတ္ျပခဲ့ရသည္။

မိုးေခါင္းညိတ္သေဘာတူတာျမင္ရေတာ့ မင္းခန့္စိတ္ထဲ ဝမ္းသာမိ၏။

သူေျပာထားသလို သူရွာထားေပးတဲ့လူက ကိုခန့္ထားထက္အမ်ားႀကီးသာသည့္အျပင္ မိုးအေၾကာင္းေလးေျပာျပထား႐ုံေတာင္ မိုးအေပၚေတာ္ေတာ္စိတ္ဝင္စားေနၿပီျဖစ္သည္။ေသခ်ာေပါက္အခုမဟုတ္ရင္ေတာင္ မိုးလည္း တေန႕ေန႕ေတာ့ ထိုသူကိုသေဘာက်လာေလာက္သည္။

ငါ့သူငယ္ခ်င္းေလး ေကာင္ေလးအသစ္နဲ႕ေပ်ာ္ပါေစ ဟုဆုေတာင္းေပးရင္း စိတ္ၾကည္လင္စြာ အလုပ္သို႔ခရီးဆက္ခဲ့၏။

မင္းခန့္သြားၿပီး ခဏအၾကာလွ်င္ မင္းခန့္ေျပာသည့္လူက မိုးဆီသို႔ဆက္သြယ္လာသည္။ေကာ္ဖီဆိုင္မွာေတြ႕ရေအာင္တဲ့ေလ။

အဲ့လိုခ်ိန္းတာကိုၾကားတာနဲ႕တင္ မိုးစိတ္ထဲ လုံးဝမသြားခ်င္ဘူး ျဖစ္မိေပမဲ့ မင္းခန့္ကို ကတိေပးထားၿပီျဖစ္တာေၾကာင့္ သေဘာတူလိုက္ရသည္။

ထိုသူဆီ ခ်ိန္းသည့္ေနရာက မိုးရွိေနတဲ့ေနရာနဲ႕ ေဝးလြန္းတာေၾကာင့္ မိုးကားငွားၿပီးသြားရန္ ကားအလာကိုေစာင့္ေနခဲ့ရသည္။

ဒီေန႕မွ ကားကလည္းအလာနည္းေနသည္။မိုးေတာ္ေတာ္ပင္ေစာင့္လိုက္ရ၏။

ကားေစာင့္ေနတုန္း မိုးဆီသို႔ အငွားကားမဟုတ္သည့္ ကားတစ္စီးကလာရပ္ခဲ့သည္။

မိုး ဒါဘယ္သူ႕ကားလဲ ေတြးစရာမလိုေအာင္ပင္ အလြတ္ရေနၿပီျဖစ္တဲ့ ကားနံပါတ္ေၾကာင့္ မိုး ရင္မ်ား အဆက္မျပတ္ခုန္လာခဲ့သည္။

"မိုး...."

ရင္းႏွီးတဲ့အသံႏွင့္အတူ မိုးေမွ်ာ္လင့္ေနခဲ့သည့္သူက မိုးေရွ႕သို႔ ေရာက္လာခဲ့ေလၿပီ။

"ကိုခန့္ထား "

ေနာက္တစ္ေခါက္ ဒီနာမည္ကို လူကိုယ္တိုင္ေတြ႕ၿပီး ေခၚရလိုက္မယ္လို႔ မိုးမေတြးထားမိခဲ့။မိုးစိတ္ထဲ ဒီနာမည္ကို ပိုင္ရွင္နဲ႕တြဲၿပီးမေခၚရတာေတာင္ ေတာ္ေတာ္ၾကာခဲ့ၿပီလို႔ထင္မိသည္အထိ အလႊမ္းစိတ္မ်ား ျပည့္နက္သြားခဲ့သည္။

"မိုး မ်က္ႏွာက ဘယ္လိုျဖစ္တာလဲ "

အရင္လိုဘဲ မိုးဒဏ္ရာေသးေသးေလးရတာကိုျမင္ရင္ေတာင္ စိုးရိမ္စြာအေျပးလာတတ္သည့္ သူက အခုလည္း အက်င့္မေပ်ာက္ေသးဘဲ မိုးဆီသို႔ အေျပးထပ္ေရာက္လာခဲ့ေသးသည္။

မိုးအေပၚ ဒီေလာက္ထိ ဂ႐ုစိုက္ေနေသးသည့္ ကိုခန့္ထားက မိုးအေပၚလမ္းခြဲစကားေျပာခဲ့တာ မယုံနိုင္ေသးေပ။

"မိုး ဒဏ္ရာကမနည္းပါလား ဘယ္လိုျဖစ္တာလဲကြာ "

မိုးရဲ႕မ်က္ႏွာကို အရင္လိုကိုင္ၿပီးမေမးေတာ့ေပမဲ့လည္း ကိုခန့္ထား မိုးအေပၚအရင္လိုစိုးရိမ္စိတ္မေပ်ာက္ေသးတာသိရေတာ့ဝမ္းသာမိသည္။

"ေခ်ာ္လဲတာပါ ဒဏ္ရာကသက္သာသြားပါၿပီ၊ဒါနဲ႕ ကိုခန့္ထား ဒီကိုဘာလာလုပ္တာလဲ "

"အလုပ္ကိစၥခ်ိန္းထားတာ"

"အဲ့ဆို သြားေလကိုခန့္ထား ေနာက္က်ေနလိမ့္မယ္ "

"ၿပီးသြာၿပီမိုး...အျပန္ မိုးကိုေတြ႕လို လာႏူတ္ဆက္တာ "

"ေၾသာ္...ဟုတ္ "

"ဒါနဲ႕ မိုးကေကာ ဘယ္သြားမလို႔လဲ "

"မိုးလည္း ခ်ိန္းထားတာရွိလို႔ ကားေစာင့္ေနတာ "

"ကိုယ္လိုက္ပို႔ေပးမယ္ေလ "

"မဟုတ္တာ ရပါတယ္၊မိုး ကားဘဲေစာင့္လိုက္ပါမယ္ "

"ဘာလဲ မိုးကအားနာေနတာလား၊ညီအစ္ကိုအခ်င္းခ်င္းေတြဘဲဟာ "

ညီအစ္ကိုတဲ့ေလ။ကိုခန့္ထားက ဘာမွမျဖစ္သလိုေျပာခဲ့ေပမဲ့လည္း အဲ့စကားက မိုးကို ကိုခန့္ထား ထားခဲ့ၿပီဆိုတာ သတိေပးေနသလိုဘဲ သိပ္ခါးလြန္းတယ္။

ဒါေပမဲ့ မိုး မႀကိဳက္ေၾကာင္းဘယ္ထုတ္ျပလို႔ရမွာလဲ၊ကိုခန့္ထားကို မိုးမွမပိုင္ေတာ့တာ။

"ဒါဆို မိုး လိုက္မယ္ေနာ္ "

"အင္း "

ကိုခန့္ထားေဘးမွာ လိုက္ပါခဲ့ေပမဲ့ အရင္လိုအေနအထားမ်ိဳးမဟုတ္ေတာ့ မိုးေနရထိုင္ရခက္သည္။

ကိုခန့္ထားလည္း မိုးလို ေနရခက္ေနမည္ထင္ပါသည္။ဘာစကားမွမေျပာဘဲ ကားကိုသာ အာ႐ုံစိုက္ေမာင္းေနခဲ့သည္။

"မိုး ဘယ္သြားမလို႔လဲ ကိုယ္သိလို႔ရမလား၊ဟို...ဒီတိုင္း သေဘာရိုးနဲ႕သိခ်င္တာပါ မိုးအ...အထင္မလြဲနဲ႕ေနာ္ "

မိုးအေပၚ ကိုခန့္ထားခံစားခ်က္ရွိေနေသးတယ္လို႔ အထင္လြဲသြားမွာ ကိုခန့္ထားသိပ္ေၾကာက္သည္ထင္ပါသည္။မိုးကို အထင္မလႊဲသြားဖို႔ရွင္းျပေနတာ စကားေတာင္ထစ္၏။ဒါမွမဟုတ္ မိုးကိုမရိပ္မိေစခ်င္လို႔မ်ား ဟန္ေဆာင္တာလားမသိ။

ဒီအခ်ိန္ မိုးရဲ႕စိတ္ထဲ မေကာင္းတဲ့အေတြးေလးကနည္းနည္းဝင္လာသည္။သူသာ ကိုခန့္ထားရဲ႕စိတ္ကိုဆြေပးလိုက္လွ်င္ ကိုခန့္ထားမည္သို႔ျဖစ္သြားမည္ကိုသိခ်င္မိသည္။

"မိုး ဒိတ္သြားမို႔ေလ "

"ဟင္...ဒိတ္ အသစ္ရေနတာလား "

သဝန္တိုသံေလးထြက္ေနသည့္ ကိုခန့္ထား၏တုံ႕ျပန္မူ႕ကိုၾကားရေတာ့ မိုးဝမ္းသာမိသည္။မိုးထင္ထားသလိုဘဲ ကိုခန့္ထား မိုးအေပၚ သံေယာဇဥ္မျပတ္ေသးေပ။မိုးသာဒီထပ္ပိုဆြေပးလွ်င္ ေသခ်ာေပါက္ မိုးဆီသို႔ျပန္လာနိုင္သည္။

"ဟုတ္တယ္ ကိုခန့္ထား ဘာျဖစ္လို႔လဲဟင္"

"ဘာ...ဘာမွမျဖစ္ပါဘူး ဒါနဲ႕ သူကဘယ္သူလဲ၊ဘယ္ကလဲ၊မိုးနဲ႕ဘယ္လိုေတြ႕တာလဲ"

ခန့္ထား ကိုယ့္ကိုယ္ကို စည္းေက်ာ္မိသြားမွန္းသိတာေၾကာင့္ မိုးမရိပ္မိေအာင္ ေခ်ာင္းတစ္ခ်က္ဟန့္လိုက္ရင္း_

"ကိုယ္က ကိုယ့္ညီေလး မေကာင္းတဲ့ေကာင္နဲ႕ေတြ႕မွာစိုးလို႔ "

ကိုခန့္ထား ဟန္ေဆာင္ေနမွန္း သိသာလြန္းပါသည္။မိုး သိပါတယ္ ဒါသဝန္တိုေနတာဆိုတာ။

မိုး ခပ္ေရးေရးၿပဳံးလိုက္သည္။

"သူက ဒီကဘဲေလ အရမ္းေခ်ာတာ၊ကိုခန့္ထားထပ္ေတာင္အရပ္ရွည္ေသးတယ္ ဆိုင္ကယ္လည္းစီးကြၽမ္းတယ္ မိုးကိုဆို သူဆိုင္ကယ္နဲ႕ေခၚၿပီး ၿမိဳ႕ထဲေလွ်ာက္ပတ္ၿပီးေခၚလည္ ေပးေနၾကေလ "

ကိုခန့္ထား ပိုၿပီးသဝန္တိုေလေအာင္ မိုး စိတ္ထဲေပၚလာတာေလွ်ာက္ေျပာေနေပမဲ့လည္း ေျပာေနရင္း ပုံေဖာ္မိလိုက္သည့္ သူက ဟိုေကာင္ ျဖစ္ေနသည္။

မိုး သူ႕ကိုပုံေဖာ္မိသည့္အတြက္ကိုယ့္ကိုယ္ပင္လန့္သြားရသည္။ကိုယ့္မ်က္ႏွာကို ဒဏ္ရာေပးခဲ့တဲ့ေကာင္ကိုမွစိတ္ထဲစြဲေနရတယ္လို႔။

"မိုး ဘာျဖစ္လို႔လဲ "

"ဘာ...ဘာမွမဟုတ္ပါဘူး ကိုခန့္ထား "

"ကိုယ့္ကို မိတ္ဆက္ေပးမယ္မလား "

"ဟင္...ေနာက္...ေနာက္မွေပါ့ "

"ရပါတယ္ ကိုယ္လည္းမေလာဘူး မိုးအဆင္ေျပတဲ့အခ်ိန္ေပါ့ ဟုတ္ၿပီလား "

"ဟုတ္ "

မိုးေတာ့ အေျပာလြန္သြားခဲ့ေလၿပီ။မင္းခန့္မိတ္ဆက္ေပးတဲ့သူသာ မိုးေျပာထားသလို အရပ္မရွည္ ဆိုင္ကယ္မစီးတတ္လွ်င္ ကိုခန့္ထားေတာ့ မိုးကို အပိုေတြေျပာသည့္ လူလိမ္ေကာင္ဟုသတ္မွတ္နိုင္၏။အဲ့လိုသာဆို ကိုခန့္ထားကိုျပန္ရနိုင္ဖို႔ေနေနသာသာ ပိုၿပီးေဝး႐ုံသာရွိသည္။

ကံၾကမၼာသာ မိုးဘက္သို႔မ်က္ႏွာသာေပးခဲ့မည္ဆို မိုးႏွင့္အခုေတြ႕ရမည့္သူက မိုး ကိုခန့္ထားအေပၚ လိမ္လည္ၿပီးေျပာထားသလို တူညီသည့္လူျဖစ္ပါေစ လို႔ဆုေတာင္းမိပါသည္။

Continue Reading

You'll Also Like

576 56 10
ကျွန်တော်နဲ့ ပတ်သက်ရာ....
1.4M 121K 43
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
81.4K 1.9K 33
𝐰𝐢𝐭𝐡 𝐞𝐯𝐞𝐫𝐲 𝐩𝐮𝐥𝐬𝐞, 𝐰𝐢𝐭𝐡 𝐞𝐯𝐞𝐫𝐲 𝐛𝐫𝐞𝐚𝐭𝐡, 𝐦𝐲 𝐡𝐞𝐚𝐫𝐭 𝐨𝐧𝐥𝐲 𝐤𝐧𝐨𝐰𝐬 𝐡𝐞𝐫 𝐧𝐚𝐦𝐞. 𝐰𝐢𝐭𝐡 𝐞𝐯𝐞𝐫𝐲 𝐡𝐨𝐮𝐫 �...