𝖬𝗈𝗋𝖺𝗅 𝗈𝖿 𝗍𝗁𝖾 𝗌𝗍𝗈...

By rii_avocado

1.2K 174 87

တစ်ချက်လောက်ငဲ့ကြည့်လှည့်ပါဦး မြတ်နိုးရသူအား ကြည်သာစေချင်ရုံပါ ။ [ Choi Seungcheol + Hong Jisoo ] ( Warning... More

[ EP-2 ]
[ EP-3 ]
[ EP-4 ]

[ EP-1 ]

433 46 46
By rii_avocado

ကိုကိုသည် ဘယ်သောအခါမျှ
ဂျီဆူးကိုမရွေးချယ်ခဲ့ပါ။
ထို့အတူ ဂျီဆူးသည်လည်း
ဘယ်သောအခါမျှ ကိုကို့ဘဝတွင်
အရေးမပါခဲ့ပါ။

----------------------------------------------------------

"ဒီအရက်တွေသောက်ပြီး ဘာလုပ်နေတာလဲ
အိမ်ပြန်ရောက်ရင်လဲ ဟျောင်းအဆူခံရဦးမှာပဲဟာကို သောက်မနေစမ်းပါနဲ့"

ဒိုဂယောင်းက... လေး‌ခွက်မြောက်ဝီစကီခွက်ကို
မြှောက်ကိုင်တဲ့... ဂျီဆူးကို လှမ်းတားတယ်...
ဂျီဆူး ကလဲ ဂျီဆူးပင်ဖြစ်သည်... ကိုကိုမကြိုက်မှန်းသိလျှက်နှင့် လုပ်သည်... ကိုကို့စကားကိုနားမထောင်... ပြီးရင် ကိုကိုက သူ့အားလစ်လျူရှုလျှင်
ဂျီဆူးက.... ဒူးနှင့်မျက်ရည်သုတ်ရပြန်သည်။

"ထားလိုက်စမ်းပါကွာ သူ့ဟာသူအဆင်ပြေသလိုနေပါလိမ့်စေ ငါ ဆွန်းချောဟျောင်း ကို ဖုန်းဆက်ထားတယ်"

‌ဆွန်းချော ဆိုသည့်အသံကြားသည်နှင့်.... တစ်ပြိုင်နက် စားပွဲပေါ်ခေါင်းစိုက်နေသော.... ဂျီဆူးက ဆတ်ကနဲ ခေါင်းထောင်ကာ.... မျက်ဝန်းပြူးကလေးနှင့် ကြည့်သည်။

"ဟင် ကိုကိုက ဘာပြန်ပြောလဲ? ဂျီဟွန်း"

"ထိန်းထိန်းသိမ်းသိမ်းသောက်ကြတဲ့ ပြီးတော့
ဟျောင်းကို အရက်နံ့ပျောက်မှ ကိုယ့်အပြစ်ကိုယ်ဆင်ခြင်သုံးသပ်ပြီး အိမ်ပြန်လာခဲ့တဲ့"

"ဟျောင်းလူက မဟုတ်သေးပါဘူးကွာ သူကျ သောက်စားပြီး ဟျောင်းကျတော့ မလုပ်နဲ့တဲ့လား"

ဟုတ်ပါရဲ့နော်
ကိုကိုကတော့ သူ့အချစ်ဦးကိုမြင်ရင်
ဂျီဆူးကိုမေ့သည်အထိ စိတ်လွတ်ရပြီးတော့
ဂျီဆူးကျတော့ ကိုကို့ ကိုလွမ်းခွင့်မရှိဘူးတဲ့လား?

~လွန်ခဲ့သောခြောက်ရက်ခန့်က

"ဒါဆို အားရင်ထပ်တွေ့ကြမယ်လေ အမ့အမျိုးသားနဲ့ မိတ်ဆက်ပေးမယ် ပြီးတော့ ရှုအာ့ကိုလဲ ကောင်းကောင်းစောင့်ရှောက်ပေး"

ကားထဲဝင်ရင်းပြောတာမလို့.... ခေါင်းဆောင့်မိမှာစိုးရိမ်တဲ့စိတ်နဲ့... ကားဘောင်ကို... ကိုင်ပေးထားလိုက်သည်... နောက်ဆုံးစကားကို... ကြားရတဲ့အခါမှတော့ ဆွန်းချောအနည်းငယ်... မျက်နှာပျက်ရသည်။

"ကောင်းကောင်းပြန်ပါ နူးနာ တာ့တာ့~"

ကားမှန်ကိုချကာ့... တာ့တာ့ပြလာတဲ့ နူးနာကို ဆွန်းချော.... ပါးချိုင့်တွေပေါ်အောင်... ပြုံးပြလိုက်ရင်း နှုတ်ဆက်ခဲ့ရတော့သည်

မတွေ့ရတာကြာပြီဖြစ်တဲ့... အချစ်ဦးကို.. ပြန်တွေ့ရသည်မှာ.... ဆွန်းချောအတွက်ကတော့... ဆုလာဘ်တစ်ခုလိုပင်ဖြစ်သည်... ထိုအချစ်ဦးက အိမ်ထောင်သည်ဖြစ်သွားတည်တိုင်ပေါ့။

အလယ်တန်းကတည်းက.... အရိပ်တစ်ကြည့်ကြည့်ဖြင့်... စောင့်ရှောက်ခဲ့ရသောပန်းကလေးတစ်ပွင့်ကို မောင်တစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို စည်းထားပြီး စောင့်ရှောက်ပေးခဲ့သည်။

ကံတရားဟာ သူ့ဘက်မလှည့်သာခဲ့...နူးနာက အထက်တန်းနောက်ဆုံးနှစ်မှာတင်... သူမအပေါ်ထားရှိတဲ့ဆွန်းချောရဲ့ စိတ်ကို... အနုနည်းနဲ့သာ ငြင်းဆိုခဲ့ပါသည်... သို့သော်လည်း... နူးနားဘေးမှာ သူရှိနိုင်သလောက်... ရှိပေးခဲ့ပါသည်။

နူးနာရဲ့ကားက... ထွက်သွားပြီဖြစ်ပြီး ဆွန်းချောသာ ကားလမ်းဘေးက... လူသွားလမ်းပေါ်မှာ... ကျန်ခဲ့တယ်... ရုတ်တရက်စိတ်က ဂျီဆူးဆီ... ရောက်သွားခဲ့ပြန်တယ်။

နေပါဦး ဂျီဆူးဆိုမှ ... !!

သူနဲ့ ဂျီဆူး... အတူဈေးဝယ်ထွက်လာကြတာဖြစ်ပြီး ဆွန်းချောက.... မစောင့်နိုင်တာမလို့ ကားပါကင်ဘက်ပြန်ဆင်းလာပြီးတော့... နီးစပ်ရာကော်ဖီဆိုင်ထိုင်နေခဲ့ပင်။

ထိုအချိန်မှာပဲ... နူးနာက ဆိုင်ထဲဝင်လာတာမလို့ စကားပြောရင်းနဲ့ .... နေ့လည်စာပါ တခါတည်းအတူစားဖြစ်သွားတာ.... ဖုန်းကလဲ do not disturb mode on ထားတာမလို့... ဘာအသံမှမကြားရ။

အလောတကြီး... အိတ်ကပ်ထဲက... ထုတ်တော့မှ
ဂျီဆူးဆီက စာတစ်စောင်ကိုတွေ့လိုက်ရတယ်.. ပို့ထားတဲ့အချိန်က 2:03 P.M မလို့.... ဆွန်းချော ကော်ဖီဆိုင်မှာ နူးနာနဲ့ ဆုံတဲ့အချိန်ဝန်းကျင်ပင်။

'ကျွန်တော်ဘာသာပဲကျွန်တော်ပြန်လိုက်ပြီ'

ဆွန်းချောမသိခဲ့သည်ကား
နူးနာနဲ့ တွေ့ဆုံနေချိန်မှာ ဂျီဆူးဟာ heart attack ဖြစ်ပြီး ဆေးရုံသို့အရေးပေါ်ရောက်သွားခဲ့သည်ကိုပင်

ကူကယ်ရာမဲ့နေချိန်မှာ.... ကိုကိုမရှိနေခဲ့သည်ကား ဂျီဆူးအတွက်ပို၍ စိတ်ထိခိုက်ရသည်... သေပြီလို့တောင်... ထင်မိလိုက်တဲ့အထိ စူးအောင့်လာခဲ့ကာ... အသက်ရှူလမ်းကြောင်းပါ... စို့သွားသည်အထိ... အခြေအနေဆိုးရွားခဲ့တာ။

Mask နဲ့ဆိုပေမဲ့... မှတ်မိတဲ့ Fan အချို့က ဆေးရုံကားခေါ်ပေး၍သာ... တော်သေးပါတော့သည်... ဆေးရုံထိသေချာလိုက်ပို့တဲ့ Fan တွေကိုလဲ ကျေးဇူးသေချာတင်ရင်း... စိတ်မပူဖို့ မှာကြားရသည်မှာ တစ်နာရီခွဲခန့်ပင်... အားနာနာနဲ့ပင်... တောင်းပန်မိတော့ 'ငါတို့ဂျီဆူးက ဘာအမှားလုပ်မိလို့ တောင်းပန်ရတာလဲ' တဲ့လေ။

ဂျီဆူးအကြောင်းကြားကြားချင်း... အုပ်လိုက်ကြီး ဝုန်းကနဲရောက်ချလာတဲ့ သူ့ညီတွေကြောင့် ဂျီဆူး ကြည်နူးရတယ်.. ကရုဏာဇောနဲ့ ဆူပူတဲ့ Personal Doctor ဂျီဟွန်းနီးရဲ့ စကားကိုသေချာနားထောင်ပြီး
တောင်းပန်မိတာအခါခါ... ။

'ဟျောင်းမမှားတာမလို့ မတောင်းပန်ရဘူးလေ'
'ကျွန်တော်တို့က ဟျောင်းကို ကာကွယ်ပေးဖို့တာဝန်ရှိတယ်'
'အဲ့တာဝန်ကိုမကျေပွန်တာ ကျွန်တော်တို့အပြစ်ပါ'

ဆိုပြီး တစ်ယောက်တစ်ခွန်းဝိုင်းပြောကြတော့..မျက်ရည်လည်ရပါသေးသည်.... အနည်းဆုံးတော့ ဒီကမ္ဘာမှာ ဂျီဆူးအတွက် ဒီလူနည်းစုရှိနေပါသေးသည်မဟုတ်လား? ။

ကိုကို့ ကိုလှမ်းအကြောင်းကြားပါသော်လည်း.... ဖုန်းတစ်ချက်တောင်... ပြန်ဆက်ဖော်မရသောကြောင့် ဂျီဆူး ဂျစ်တူးကာ... ယခုအပန်းဖြေအိမ်သို့... ထွက်လာခဲ့တာပင်။

အောင့်တတ်လာတဲ့... ရင်ဘတ်အစုံကို လက်နဲ့အသာထိန်းတော့... ဆွန်းကွမ်က သူ့ကိုလှမ်းကြည့်သည်။

တိတ်တဆိတ်... အဆင်‌ပြေကြောင်း လက်ကာပြရင်း ငါးခွက်မြောက် ဝီစကီကို... အကုန်မော့၍ အကုန်လုံးကိုနှုတ်ဆက်ကာ... အပေါ်ထပ်မှာရှိတဲ့ သူ့အိမ်ခန်းကိုသာ... ဖြေးညှင်းစွာတတ်လာလိုက်သည်။

လက်ကိုင်အိတ်အနက်ကလေးထဲပါလာတဲ့.... နှလုံးဆေးအချို့ကို ရေနဲ့မျှောချလိုက်တယ်... တံခါးခေါက်သံကြားတာမလို့ ဝင်ခွင့်ပေးလိုက်တော့ ဆွန်းကွမ်ဖြစ်နေသည်။

"ဟောလ် အောက်ထပ်မှာပျော်ပျော်နေလေ
ပျော်စရာမကောင်းတဲ့ ငါ့အနားလာပြီး ဘာလာလုပ်လဲ ဆွန်းကွမ်ရ!"

စသလိုလိုနောက်သလိုလို... လေသံဖြင့်ပြောလိုက်သော်လည်း... ဆွန်းကွမ်သည် မျက်ရည်တန်းကနဲ
ဝဲပါ၏။

"ဝရံတာမှာ ထွက်ထိုင်ရအောင် ဟျောင်း"

"‌အွန်း ထိုင်ကြမယ်လေ"

"ဘယ်လိုဆက်လုပ်မှာလဲ ဟျောင်း နောက်လမှာ Company ကို ဟာယောင်းနူးနာပြန်လာမှာ"

"ငါကဘာလုပ်ရမှာလဲ ဆွန်းကွမ် အရင်တိုင်းပဲပေါ့
Choi Group Vice CEO ချွဲလ်ဆွန်းချောလ်ရဲ့
လူမသိသူမသိ အိမ်ထောင်ဖက်အနေနဲ့ပဲ နေရမှာပေါ့"

"ဟျောင်းသိပါတယ် ဟျောင်း အဲ့လိုဆက်နေလို့မရဘူးဆိုတာ Fan တွေက ဟျောင်းကိုပြန်မြင်ချင်နေကြပြီ"

ဆွန်းချောနှင့်လက်ထပ်ပြီးသည့်... တစ်နှစ်ခွဲဆိုသည့်အချိန်ကာလအတွင်း... ချုပ်ပြီးသား Brand တွေကိုပဲ လက်စသတ်ခဲ့ပြီးတဲ့နောက်မှာ... Model Joshua ကမည်သည့် Brand နှင့်မှလက်မတွဲတော့ပေ။

"ငါ ကိုကိုမုန်းတဲ့အလုပ်ကိုမလုပ်ဘူး ဆွန်းကွမ်"

ဟုတ်ပါ၏... ကိုကိုက သူ့အရုပ်ကလေးကို မည်သူကြည့်တာမှမကြိုက်ပါပေ... model career ကိုပြန်စတဲ့တစ်နေ့... ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးရတဲ့နေ့ပဲတဲ့လေ။

"ဒါဖြင့်ရင်တော့လည်း နှလုံးရောဂါကိုတော့ ကုကြရအောင်"

"ဟက် အဲ့တာလဲ ကိုကိုမကြိုက်မယ်မထင်ဘူး"

"ရှုအာဟျောင်း ဟျောင်း တကယ်ရူးသွားပြီပဲ"

"အွန်း ငါတကယ်ရူးသွားပြီ"

ကိုကို့ကို ဂျီဆူးစတွေ့ခဲ့တာ... လွန်ခဲ့တဲ့ နှစ်နှစ်က။
ကော်ဖီဆိုင်လှလှလေးတွေဆို သိပ်ကြိုက်တတ်တဲ့ ဂျီဆူးက... Barista ချောချောလေးကိုလဲ ကြိုက်သွားခဲ့လိမ့်မယ် စိတ်ကူးနဲ့တောင်... မတွေးခဲ့ဖူးပါ ။

နက်ရှိုင်းလာတဲ့ တစ်ဖက်သတ်မေတ္တာတွေထဲ
ဂျီဆူး တ်ိတ်တခိုးပျော်မွေ့ခဲ့ပါသည်၊
သို့သော်ငြားလည်း ကိုကိုငိုကြွေးနေသည်ကို
မြင်လိုက်သောညတစ်ညတွင် ဂျီဆူးသည်
သူ့ဘဝကို ကိုကိုထံပါး အပ်နှင်းဖို့ အဆင်သင့်
ဖြစ်နေကြောင်း သိလိုက်ရတော့သည်။

-

"Ice Americano တစ်ခွက် ဟျောင်း ဘာသောက်မှာလဲ!"

ကောင်တာမှာ သောက်စရာမှာနေတဲ့.. ဆွန်းကွမ်က သူ့နောက်က.. မလှမ်းမကမ်းမှာရှိတဲ့ မတ်တပ်ရပ်နေဆဲ ဂျီဆူးကို... ခေါင်းပဲလှည့်ပြီး မေးတယ်။

"Strawberry Milkshake please~"

ဂုတ်ထောက်နေတဲ့ဆံပင်တွေဟာ လွန်တရာမှ စိတ်ရှုပ်ဖို့ကောင်းပါ၏... Mask ကိုဆွဲချွတ်ပြီးတော့ ဆံပင်တွေကို... မကျေမနပ်နဲ့ပင် ခေါင်းစည်းကျိုးအမဲနှင့် ချည်နှောင်လိုက်ရသည်။

ယနေ့ ဘာ shooting မှမရှိတာမလို့... ဂျီဆူးဟာ ဆွန်းကွမ်နှင့်အတူတူ... သူတို့ကွန်ဒိုနားမှလာဖွင့်တာမကြာသေးတဲ့ Caramel Orange ‌ဆိုတဲ့ကော်ဖီဆိုင်လှလှလေးကို... ရောက်နေတာပင်။

ဖွင့်တာမကြာသေးသော်လည်း... Barista လူချောနဲ့ Owner လှလှလေးကြောင့် အတော်အသင့်ပင်...
နာမည်ကြီးနေတာပင်... အရသာပိုင်းမှာလဲ ကောင်းမွန်ရာ အပြစ်ပြောစရာမရှိသော ဆိုင်လေးပင်။

ထို့အပြင် ထိုလူချောက ပါးချိုင့်လေး ပါတယ်တဲ့လေ... Bisexual တစ်ယောက်ဖြစ်တဲ့ ဟုန်းဂျီဆူးက ပါးချိုင့်ပါတဲ့သူဆို... သိပ်ကြိုက်တာမလား?

ဒါကြောင့်မလို့ ကောင်တာနဲ့... နီးစပ်တဲ့ခုံမှာထိုင်ရင်း မျက်ခြေမပြတ်ကြည့်နေမိသည် ဒါပေမဲ့လည်း ဆွန်းကွမ်နှင့်ကွယ်နေတာမလို့ မမြင်ရပါ... မဟုတ် မမြင်ရတာမဟုတ်ပဲ ကောင်တာမှာ .. ကျောင်းသူအရွယ်ကလေးမလေးသာမလို့.. စိတ်ပျက်လက်ပျက်ထိုင်ချမိလိုက်တယ်။

ထိုင်စောင့်‌နေရင်း... ပျင်းလာတာမလို့ လွယ်အိတ်ထဲပါလာသည့်... beading set ကလေးကိုထုတ်ရင်း... bracelet လေးတစ်ခုလုပ်ဖို့ကြံရွယ်လိုက်တယ်
ဂျီဆူးက...  ဖုန်းသုံးရတာကိုသိပ်မကြိုက်ပေ။

နဂိုကတည်းက... အလုပ်များတဲ့ Model တစ်ယောက်လဲဖြစ်နေတော့ အားလပ်တဲ့အချိန်ကလေးတွေမှာ... သူဝါသနာပါတာလေးတွေကိုပဲ.. ဦးစားပေးလုပ်ဖြစ်၏

"ဟျောင်း ဒီဆိုင်ပိုင်ရှင်အမက ဟျောင်းနဲ့ဓာတ်ပုံတွဲရိုက်ချင်လို့ ရနိုင်မလားတဲ့ မရဘူးဆိုလဲ ကိစ္စမရှိပါဘူးတဲ့"

"အာ ရပါတယ် ဓာတ်ပုံလေးတစ်ပုံပဲဟာကို ဘယ်မှာလဲ ရိုက်မယ်လေ"

"ဟိုမှာလာပြီ"

‌သူ့ရှေ့က မတ်တပ်ရပ်နေတဲ့ ဆွန်းကွမ်... လက်ညှိုးထိုးတဲ့နေရာကို... ဂျီဆူး ခေါင်းလေးနောက်ပြန်လှည့်ပြီးကြည့်လိုက်တယ်။

ခပ်ပါးပါး make up နဲ့.. ဆံပင်ကောက်ကလေးတွေကလိုက်ဖက်စွာပင်... မျက်နှာနှင့်.. အချိုးကျစွာတည်ရှိတယ်... floral dress လေးတစ်ခုနဲ့ ရိုးရှင်းတဲ့ထိုမိန်းကလေးက ကြားဖူးသလိုပင်.. အတော်လှသည့်အထဲပါပေ၏။

သို့သော်ငြား... ရှုအာမျက်လုံးထဲ ထိုမိန်းကလေးနောက်က ပါးချိုင့်နက်နက်နဲ့... လူကိုသာ မြင်ပါ၏။

နက်မှောင်နေသော... ဆံပင်တွေက... ကောက်ကွေးစွာပင် နှဖူးပေါ်ကျဆင်းလျက်... နှုတ်ခမ်းဖူးဖူးတွေက ကော့ညွတ်ပြီး... ပါးချိုင့်ခွက်ကလေးတွေ ပေါ်အောင်ပြုံးနေသည့်ပုံက... အတော်လေးကို ခန့်ညားသည့်သူဖြစ်ပေသည်။

ရှုအာကိုတွေ့တော့... စိတ်လှုပ်ရှားသည့်ပုံဖြင့် မျက်ခုံးနှစ်ဘက်ကို... ပင့်ပြပုံသည် အလွန်ပင်အန္တာရယ်များလှသည်...  ဝတ်ထားတဲ့နာရီနဲ့ ဆွတ်ထားတဲ့ရေမွေးနဲ့တင်... အသိုင်းအဝိုင်းတစ်ခုက... ဆင်းသက်လာတယ်ဆိုတာ... အတည်ပြုစရာတောင်မလို။

မည်မျှထိငေးကြည့်နေမိလဲသတိမထားမိပါ
ဘေးက... ဆွန်းကွမ် သူ့လက်ကို လာတို့တော့မှ...
ဆိုင်ရှင်မိန်းကလေးနှင့်... ထိုလူကို ပြုံးပြမိသည်။

ဓာတ်ပုံတစ်ပုံနှစ်ပုံကို... ခပ်မြန်မြန်ရိုက်ပြီး ရှုအာအနှာက်အယှက်ဖြစ်မှာစိုးလို့... ထိုနှစ်ယောက်က ခပ်မြန်မြန်ပဲထွက်သွားဖို့လုပ်ပေးပေမဲ့.. ထိုမိန်းကလေးရဲ့နာမည်ဟာ နားထဲအလွန်ရင်းနှီးနေသည်။

"မေးရတာ စိတ်မရှိပါနဲ့နော် ဟုန်းဂျင်ယောင်းကိုသိလားဗျ..?"

"Omo! ဂျင်ယောင်းကိုသိတာလားဟင် ဟုတ် ကျွန်မကသူ့ရဲ့ စေ့စပ်ထားတဲ့ချစ်သူပါ"

"ဪ အဲ့တာကြောင့် နာမည်ကိုရင်းနှီးနေတာ... ဂျင်ယောင်းက ကျွန်တော့်ရဲ့ တူလေးပါ မသိသေးဘူးနဲ့တူတယ်"

"ဟုတ် မသိရသေးဘူးရယ်... ဝါး ဆန်းကြယ်လိုက်တာနော်.. ဒါဆိုနောက်ကျရင် ဂျီဆူးနင်းမ်နဲ့... ကျွန်မနဲ့က အမျိုးတော်တော့မှာပေါ့နော်"

"ဟုတ်တာပေါ့ဗျာ ဝမ်းသာပြီး ကျေးဇူးတင်ပါတယ် ဂျင်ယောင်းကို အခုလိုအများကြီးဂရုစိုက်ပေးလို့ ကလေးက မိသားစုနဲ့သိပ်အဆင်မပြေဘူးလေ သိမယ်ထင်ပါတယ်"

ဂျီဆူးရဲ့ တစ်ဦးတည်းသော တစ်ဝမ်းကွဲတူမလေးဟာ transgender တစ်ယောက်ဖြစ်တယ်... သူ့အိမ်နဲ့ပြဿနာတွေတတ်တိုင်း... ဂျီဆူးအိမ်ကိုသာရောက်လာတတ်ပါသည်။

Came out လုပ်တဲ့နေ့တုန်းကဆို... သူ့အမေ ဂျီဆူးအမဝမ်းကွဲက ... သေမတတ်ရိုက်တာ ဆေးရုံပင်ရောက်သွားသေးပါ၏... နောက်ပြီးတော့စိတ်မကောင်းစရာက ဂျွန်ယောင်းကို... အမွေဖြတ်စွန့်လွှတ်လိုက်တယ်တဲ့။

နောက်ပိုင်းတွင်... ဂျွန်ယောင်းကို ကလေးအရင်းသဖွယ်ပြုစုစောင့်ရှောက်ပေးသော... ဂျီဆူးတို့ကိုပါ အဆက်ဖြတ်သွားသည်လေ။

ကိုယ်ကတော့... ဒီကလေးလမ်းမှားမရောက်ဖို့သာ ထိန်းကျောင်းဖြစ်ပါသည်... လိမ္မာရေးခြားရှိတဲ့ကလေးက... အခုဆိုရင် သူ့ကိုယ်ပိုင်ဟိုတယ်လုပ်ငန်းဖြင့်... အခြေကျနေပြီ ။

သူလက်ထပ်ယူမဲ့မိန်းကလေးကို... တိုက်ရိုက်မမိတ်ဆက်ရသေးတာက... နှစ်ဦးနှစ်ဖက်မအားသေးလို့ဆိုပေမဲ့ ဟုန်းဂျွန်ယောင်းတို့... ကဲသဲမှုဟာ သူ့ချစ်သူကောင်မလေးနာမည်ကို... မှတ်မိသည်အထိ။

"ဟုတ် ဂျင်ယောင်းပြောပြထားပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ဂျင်ယောင်းရဲ့ဖြစ်တည်မှုကိုလက်ခံပေးပြီး ဂရုစိုက်ပေးလို့ ဝမ်းသာရပါတယ်"

"သူအခုလိုကျွ‌န်တော့်ကို ပြောပြပြီးတိုင်ပင်တာကိုပဲ ကျေးဇူးတင်ရမှာပေါ့ဗျာ"

"ဟုတ် ဒါဆို ခွင့်ပြုပါဦးနော် ဂျီဆူးနင်းမ်လဲ ကောင်းကောင်းအနားယူပါရှင့် အဆင်မပြေတာရှိရင်လဲ အားမနာပါနဲ့နော် လာ ဆွန်းချော သွားကြမယ်"

ဟာယောင်းနောက်နားက... ဆွန်းချောဆိုတဲ့လူက သူနဲ့ ဆွမ်းကွမ်ကို... ပြုံးပြရင်း ရှေ့ကထွက်သွားတဲ့... ဟာယောင်းနောက်ကနေ.. ဖြေးဖြေးချင်း
လိုက်သွားတယ်။

"တစ်ဖက်သတ်ကြိုက်နေတာပဲ"

ဟာယောင်းရဲ့... လက်ထပ်ခြင်းအကြောင်းမှာ ဆွန်းချောရဲ့မျက်လုံးတွေမှာ... ဝမ်းနည်းမှုတွေ တိုက်ရိုက်ထင်ဟပ်နေတယ်။

နောက်ကျောပြင်ကျယ်ကြီးကိုကြည့်ရင်း... ဂျီဆူး ခပ်တိုးတိုးရေရွတ်တော့... ဆွန်းကွမ်ကပါ... ဝင်ထောက်ခံတယ်။

"နှစ်ချို့နေတဲ့ပုံပဲ ဟျောင်း"

ဂျီဆူး နှုတ်ခမ်းထောင့်လေးတွေ... တွန့်ရုံသာပြုံးလိုက်ရင်းရုံပဲတတ်နိုင်ခဲ့တယ်.. ခုံမှာပြန်ထိုင်ရင်း strawberry milkshake ကို... ပိုက်ဖြူကလေးကတစ်ဆင့် ခံတွင်းထဲပို့ဆောင်တဲ့အခါ.. အချိုဓာတ်အားနည်းကြောင်း ဦးနှောက်ကအချက်ပြမီးလင်းတယ်။

အချိုလွန်ကဲမှုကို မကြိုက်နှစ်သက်တဲ့လူဆိုပေမဲ့လဲ..
စွဲလမ်းမှုတစ်ခုက.. စတော်ဘယ်ရီအား အချိုကဲမှုနဲ့ တွဲမှတ်ထားတတ်သည့် ဉာဉ့်ဆိုးလေးကြောင့်.. စတော်ဘယ်ရီနှင့် ပတ်သတ်လာလျှင်.. ပုံမှန်အချိုနှုန်းထပ် ပိုချိုနေမှသာ.. မြိုကျတာပင်။

သူ့ရှေ့ကခုံက... ဆွန်းကွမ်ကအမေရီကာနိုကို ငုံထားရင် သူ့မျက်နှာရိပ်ကိုကြည့်နေတာမလို့.. လက်ကာပြရင်း strawberry milkshake ခွက်ကလေးကို... ညှင်သာစွာသာသာယာယာကိုင်ပြီးတော့... ကောင်တာဘက်ကို ဦးတည်လိုက်တယ်။

အခုနက ကလေးမလေးမဟုတ်ပဲ... ဆွန်းချောကိုယ်တိုင်ရှိနေတာမလို့.. နှစ်ခြိုက်ကြည်နူးစွာ ရယ်မိလိုက်တယ်... သူ့ရှေ့က ဧည့်သည်ကို ဘောင်ချာဖြတ်ပေးနေတာမလို့.. ဂျီဆူး ထိုဧည့်သည်ရဲ့ ခပ်လှမ်းလှမ်းမှာ မတ်တပ်ရပ်စောင့်လိုက်တယ်။

၇ မိနစ်လောက်အကြာမှာတော့.. ဂျီဆူးမျှော်လင့်ထားတဲ့ အခွင့်အရေးကို.. ရလာခဲ့တာပဲဖြစ်တယ်.. ဆွန်းချောရဲ့ရှေ့တည့်တည်ကို... ဂျီဆူးသူ့မူပိုင်အပြုံးနုနုကလေးနဲ့.. လျှောက်လှမ်းလိုက်တယ်။

"Joshua-nim ဘာများလိုအပ်လို့လဲမသိဘူးခင်ဗျ"

"အချိုလေးပိုလိုချင်လို့ပါ"

ကောင်တာနဲ့ ၄ပေအကွာလောက်က.. kitchen ကို ဂျီဆူးရဲ့ ၄ပုံ၁ပုံပဲလျော့သေးတဲ့... strawberry milkshake ခွက်ကို လှမ်းပို့ပြီး.. အချိုထပ်ထည့်ပေးဖို့ ညွှန်ကြားပြီးတဲ့အခါ.. ဂျီဆူးဘက်ကိုပြန်လှည့်လာပြီး

"ဟုတ် ရပါတယ်ခင်ဗျ.. ခုံမှာပြန်ပြီးထိုင်စောင့်ပေးရင် ကျွန်တော်တို့လာပို့-"

"ဆွန်းချောရှီးက ချွဲမျိုးရိုးလား..?"

မဆုံးသေးတဲ့စကားကိုဖြတ်ပြောတာမလို့.. စာရင်းထည့်နေရာကနေ.. သူ့ရှေ့က Joshua ကို... မော့ကြည့်မိလိုက်တယ်.. မျက်လုံးရွဲကြီးတွေက.. တလက်လက်တောက်ပပြီး... ပုံမှန်ထပ်ပိုနူးညံ့နေတဲ့အသံနေအသံထားဟာ..သူကြားထားတဲ့အတိုင်း.. အန္တာရယ်များလှတဲ့.. မာယာနွံတောတစ်ခုဆိုတော့ ဆွန်းချောလက်ခံအတည်ပြုပါသည်။

"ဟုတ်ပါတယ်ဗျ"

အပြုံးဟု၍ခေါ်နိုင်ရုံမျှသာ.. ပြုံးပြရင်း ဖြေးညှင်းစွာဖြေလိုက်တာနဲ့တပြိုင်နက်... စီရီနေတဲ့သွားဖြူဖြူလေးတွေ ပေါ်လာစေတဲ့အထိ.. ပြုံးတဲ့အခါ ဆွန်းချောရင်ထဲ ပန်းတွေပွင့်တယ်..။

သူ့ဘေးနားက စားပွဲခုံပေါ်ပြန်ရောက်လာတဲ့ အအေးခွက်ကို... ဟုန်းဂျီဆူးကို ကမ်းပေးလိုက်ရာမှာ တစ်ဖက်ကပြန်လည်တုံ့ပြန်လာတဲ့... သွယ်လျှဖြူဖွေးတဲ့ လက်ချောင်းကလေးတွေ။

"ကောင်းကောင်းသုံးဆောင်ပါခင်ဗျ"

ဆွန်းချောစကားကို ခေါင်းငြိမ့်ရုံမျှသာ.. တုံပြန်လိုက်ပြီး.. သူ့ရဲ့ ခုံကိုသာပြန်လာခဲ့လိုက်တော့တယ်

'ပြန်ရှာတွေ့ခဲ့တာပဲ ပါးချိုင့်ဦးလေးကြီး'

ကျေနပ်လှသည့်စိတ်အစုံနှင့်... စွဲလမ်းတတ်သော နှလုံးသားတို့ကြောင့်.. ထိုနေ့မှစ ဟုန်းဂျီဆူးသည်.. အရူးတစ်ယောက်နှယ်.. လျှာဖျားထပ်က milk shake ချိုချိုကလေးအား.. အညှိုးထားလျက်.. တစ်ဖက်တည်းသော မေတ္တာများသည်.. တောင်ကျရေကဲ့သို့ .. ရှင်သန်စီးဆင်းလာခဲ့တော့သည် ။

မည့်သည့်ဘဝက မည်သူများကို
မည်မျှအထိအပြစ်များ ကျူးလွန်ခဲ့သည်မသိ
စတင်တွေ့ဆုံခဲ့တဲ့ အချိန်မှစ၍
သေဆုံးသည်တိုင် အချိုဓာတ်ကလေးများကို
ထိုသူဆီမှ တောင်းခံခဲ့ရတော့သည်။

ချိုမြိန်မှုလေးနည်းနည်းပေးပါ
အပိုနေနဲ့ အနမ်းတွေထည့်ပေးပါ
အခွန်အနေနဲ့တော့ ကျွန်တော့်ကိုယူပါ
ပြီးတော့ ကျွန်တော်ရဲ့နှလုံးသားကိုရောပေါ့။

-To be continued.
3169 words.

လေးလေးပင်ပင်ဆားမှောက်ချထားပါတယ်။
Thanks for spending your precious time on my works 💕
90 degrees bow.

Continue Reading

You'll Also Like

1.4K 141 7
"ကိုယ်အများကြီး ဖြတ်သန်းလာခဲ့ပြီးပြီ Ji .. ဘဝရဲ့မတည်မြဲခြင်းတွေကို ကိုယ်တို့ထည့်တွေးဖို့လိုပေမယ့် အခုရော နောင်ရောက မင်းကိုပဲ ကိုယ်လိုအပ်တော့တာ" "ကိုယ...
359K 13K 60
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...
5.2K 522 5
genre - romance theme - fluffy , first love Ethan Lee & SungHoon Park short one 28/5/23
1.2K 82 5
မင်းကို ချစ်မိထဲက အရာရာ ဆုံးရှုံးခဲ့ပြီးသားပါ ဘာတွေများ မျှော်လင့်နေဦးမှာလဲ