DADDY BROTHER (Complete)

By Donut-15

7.5K 550 92

ငါ့ပိုင်နက်ထဲရောက်နေတဲ့ မင်းက..ငါ့အပိုင် More

Introduction
Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10)
Part (12)
Part (13)
Part (14)
Part (15)
Part (16) Final
Special Episode

Part (11)

349 28 3
By Donut-15

အိစက်နေသည့်အိပ်ရာပေါ်တွင်အကောင်ပေါက်လေး‌တစ်ယောက် ရင်ခွင်ကျယ်ကြီးထဲနစ်မြုပ်နေလေသည်။

မျက်လုံးအရင်ပွင့်လာသူက ယိုရှီပင်

ယိုရှီက သူ့ခန္ဓာကိုယ်ကိုပြန်ကြည့်တော့ ဟွမ်က အကျီလဲ၍ သန့်ရှင်းပေးထားတာကိုတွေ့ပီးပြုံးမိပြန်သည် ။

ညက နာကျင်မှုနဲ့သာယာမှုကို တစ်ပြိုင်နက်ထဲခံစားနေရချိန် မွှန်နေတာကြောင့် ဟွမ်အားသူ့နှုတ်မှ ချစ်တယ်လို့ပြောမိတာကို တစ်ယောက်ထဲ လက်ကလေးအုပ်ပီး ရှက်နေလေရဲ့

အတန်ကြာလက်တွေပြန်ခွာချိန် ဟွမ်က သူ့အား ရုတ်တရက် နိုးနေ၍ စိုက်ကြည့်နေသည်။

" အဲ့လက်ဖောင်းဖောင်းလေ ဖယ်ကွာ.. ဘာလို့ပြန်အုပ်သွားတာလဲ အချစ်ရဲ့ "

" ဘာပြောတယ် "

" ဘာလို့ပြန်အုပ်သွားတာလဲ လို့ပါ "

"မဟုတ်ပါဘူး ဘယ်လိုခေါ်လ်ုက်တာလဲ "

" ဟင်.. တစ်ခါတစ်လေ အဲ့လိုခေါ်နေကြပဲကို အခုမှ ထူးထူးဆန်းဆန်း "

"ဒါနဲ့ ... ဘာလို့ အကျီချွတ်ပီးအိပ်နေတာလဲ "

" ဟင်.. မောင် အိမ်မှာလဲ အမြဲဒီတိုင်းအိပ်နေကြပဲကို "

" ဘာ.. မောင် လဲ "

" ဟဲဟဲ..."

" မရီနဲ့.. "

" ဟောဗျာ... ညကပဲ အဖြေပေးလို့ ချစ်သူဖြစ်သွားကြပီ မဟုတ်ဘူးလား "

" ပြန်ရုပ်သိမ်းတယ် "

" အဲ့လိုရလား??? ခင်ဗျား "

" ရတယ်လေ.. လူဆိုးကောင်ရဲ့ "

" ဘာလို့လူဆိုးကောင် ဖြစ်ရပြန်တာလဲ "

ဟွမ်က ပြောရင်း ပြောရင်း နဲ့ ယိုရှီ့ဘေးတဇောင်းလှဲနေတဲ့ ခါးသိမ်သိမ်လေးကို အားနဲ့ ဆွဲဖက်ကာ သူ့အရှေ့တိုးလိုက်တာကြောင့် နှာဖျားလေးနှစ်ခုကပ်သည်အထိကို နီးစပ်သွားခဲ့ ပီး မျက်ဝန်းများဟာ အချင်းချင်းစိုက်ကြည့်‌နေမိသည်။

လက်သီးဆုပ်လေးနဲ့ဟွမ့်ရင်ဘက်ကို ကလေးပမာ တွန်းထုတ်တာကြောင့် ဟွမ်က အဲ့လက်သီးစုပ်လေးကို ယူ၍ လက်ချောင်းလေးတေကိုငုံခဲလိုက်လေသည်။

" ဟာ့.. အာ့ "

" နာလား "

" နာတယ်လေ... မင်းခံကြည့်ပါလား "

" အချစ် လက်ဖောင်းဖောင်းလေးက မောင့်အပိုင်"

" မေးလား? "

" အချစ်က သိပ်ရစ်တာကွာ "

" တော်စမ်းပါ.. ဖယ်တော့ တီတီတာတာလုပ်နေဖို့အချိန်မရှိဘူး. ၊ မနက်စာစားပီး Daddy ကိုသွားကူရအောင် ၊ သူပင်ပန်းနေမှာ ၊ပီးတော့ အိမ်ပြန်မယ် "

"ဟုတ်ပါပီဗျာ.. ရှင်မ သဘောပါ "

" ခင်ဗျား တော်တော် ပါးစပ်.. အင်း !!! "

" အချစ်ကလဲ .. "

" မခေါ်စမ်းနဲ့ကွာ. ကြက်သီးထလွန်းလို့ "

" ခေါ်မှာပဲကွာ... ပြွတ် "

အိပ်ရာက ကုန်းထလာပီး မတ်တပ်ရပ်နေတဲ့ ယိုရှီ့ ‌ပါးပြင်မို့မို့ဖောင်းဖောင်းလေးကို နှာခေါင်းလေးနစ်ဝင်သည်အထိနမ်းလိုက်ပီး ရေချိုးခန်းထဲပြေးဝင်သွားလေသည်။

ကျန်နေခဲ့တဲ့ အကောင်ပေါက်လေးကတော့ ပါးပြင်လေးကိုစမ်း၍သာ ပြုံးပီးကျန်ခဲ့သည်။

မောင်က ငယ်ငယ်ထဲက ဇွတ်တရွတ်ဆိုတာ သူသိသည်။

ဒါပေမဲ့ ဒီကိစ္စကို Daddy သာသိရင် ဆိုတဲ့အတွေးကြီးက ခေါင်းထဲရောက်လာပြန်သည်။

ဟွမ်က ရေမိုးချိုးပီး Bathrobe မရှိတာကြောင့်
အောက်ပိုင်းကို သပတ်တစ်ခုသာ ပတ်ပီး ထွက်လာရသည်။

ပီးနောက် အနံ့သင်းသင်းလေးရ တဲ့ မီးဖိုချောင်ဘက်သို့ပင်

" ဟာ.. ဘာတွေချက် အချစ် "

" မင်း ငြိမ်ငြိမ်ထိုင်လိုက် "

" မွှေးနေတာပဲနော်.... မောင့် အချစ်က ဟင်းလဲ ချက်တတ်တာပဲ "

" ရော့.."

ယိူရှီက ဟွမ့်ရှေ့ ထမင်းပန်ကန်လုံးလေးနဲ့ တူလေးတစ်စုံချပေးထားလေသည်။

မေမေရှိနေရင်တောင် ဒီအိမ်လေးက ထမင်း တစ်ပန်းကန် တူလေးတစ်စုံ ‌ဇွန်းလေတစ်ချောင်းတိုးသွားတာ သိရင် သူမဘယ်လောက်ပျော်လိုက်လေမလဲ ။

စိတ်ထဲကပဲ ဟွမ်ထမင်းငုံစားနေတဲ့ပုံလေးကို
ကြည့်ပီး တွေးနေမိသည်။ မျက်ဝန်းလေးထဲ ပီတိဖြစ်နေသေးသည်။

" အချစ်ကော.. တူတူလာ‌စားလေကွာ "

" စားပီးနေပီ.. "

" ဟင်... မောင့်ကိုတောင်မစောင့်ဘူး "

" မောင်က ရေချိုးတာကြာနေတာကို "

" အဲ့ဒါဆိုလဲ... ကို့ ချစ်သူစားတာလာထိုင်ကြည့်နေလေကွာ "

" ဘာဆိုင်? "

" ဟုတ်တယ်လေ .. တစ်ချို့ချစ်သူစူံတွဲတေဆို အဲ့လိုမျိုးလေးထိုင်ကြည့်နေရင်း ကြည်နူးနေတာ "

" တိတ်စမ်းပါ.. စားမှာဖြင့်စား "

ထထွက်သွားတဲ့ လက်ကလေးကို ဟွမ်က ဇွက်ခနဲဆွဲလိုက်တော့ ခန္ဓာကိုယ်လေးက နောက်ပြန်လှည့်လာသည်။

ပီးနောက် ‌စူစူပုတ်ပုတ် နဲ့ မေးငေါ့ပြ၍
" ဘာလဲ "ဆိုသည့် ပုံစံ ။

" ဟို.. အချစ်အခန်းထဲမှာ မောင့်လက်ကေ့ရှိတယ်မလား "

" အဲ့တော့ "

" မောင် ဝတ်ဖို့ အကျီလေး အချစ်စိတ်ကြိုက်ထုတ်ပေးထား "

" ငါက မင်းကျွန်မို့လို့လား "

" အချစ်က မောင့် အိမ်သူ လေ "

" ဘာ.... မင်း "

" လုပ်ပါ...နော်နော် "

နှုတ်ခမ်းထော်ပီး မျက်နှာငယ်နဲ့ ထမင်ချွဲနေတာသိသာတာပေါ့။ သူ့ပုံစံက ငယ်ငယ်ထဲက လိုချင်တာ ရဖို့ ဒီလိုပြုမူနေကြမလား ?

အဲ့မျက်နှာလေးကြည့်ပီး စိတ်ကအရည်ပျော်ရပြန်သည် ။

ကိုယ်သူ့အပေါ် အသက် ၁၃ နှစ်က စလို့ အခုထိ အချစ်လုံးဝမလျော့ခဲ့ဖူးဘူး ၊ ဒါပေမဲ့ သူတစ်ခါတစ်ခါပြောလိုက်တဲ့ စကားရဲ့ဒဏ်တွေကို တကယ်ခံနိုင်ရည်မရှိခဲ့ဘူးလေ ။

ရင့်သီးတဲ့စကားလုံးတိုင်းက နှလုံးသားရဲ့ နံရံကစလို့အတွင်းထိ ဖောက်ပီး နာကျင်ခဲ့ရသည်မလား။

Landon မသွားခင်က သူ့မှာ ကြမ်းတမ်းတဲ့ အပြုအမူရှိနေပေမဲ့ စိတ်ကလေးကတော့ နူးညံ့‌တယ်လို့ ထင်နေခဲ့တယ်။ တကယ်တော့သူ့စိတ်က နူးညံ့တယ် ၊ စာနာတတ်တယ် ။

တစ်ခါတစ်လေ နာကျင်ရမှာစိုးလို့

" အော် ကိုမို့လို့သူ တမင်လုပ်တာပါ "

ဆိုပီး သူ့စိတ်တွေအပေါ် အသလွတ်ကြီး ဖြည့်တွေးခဲ့တဲ့အခါတွေတောင်ရှိခဲ့ဖူးတယ် ။

ဒါတောင် သူဒီမှာရှိမနေခဲ့တဲ့အချိန်တွေ‌မှာတောင်မှပေါ့ ။

London မှာရှိတုန်းကလဲ Japan က Foundation တော်တော်များများမှာ သူပါဝင်နေတာကိုသိရတော့ စိတ်ကအလိုလို သူ့အတွက်ပီတိဖြစ်မိတယ်

သူ့ကကို့အပေါ်ကလွဲ ပီးကျန်တဲ့သူကျကောင်းခဲ့တယ်မလား။

စရောက်လာတဲ့နေ့ထဲက သူ့ပုံစံလေးကိုတကယ်‌သဘောကျခဲ့တာမို့ ရောက်ပီးနောက်နေ့တေမှာ သူနဲ့က်ိုယ်အဆင်မပြေတာတွေလဲရှိသလို အဆင်ပြေတဲ့နေ့တေလဲ ရှိတာပေါ့။

မထွက်သွားခင်နေ့ထဲကကော ပြန်ရောက်တဲ့နေ့ကစလို့ ကို့ဘက်က ဖွင့်ပြောရလောက်တဲ့အထိ သိက္ခာမမဲ့ချင်ဘူး ၊ အမြဲတမ်း မေမေသင်ပေးခဲ့တာ ၊
ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ပဲရှိနေနေ ရောင့်ရဲတင်းတိမ်တတ်ရတယ်တဲ့ ။

အဲ့တော့ ကိုယ် သူ့အချစ်ကိုလောဘကြီးလို့မရဘူး။

ဒီတိုင်းလေးပဲ....အခုချိန်ထိ ဒီတိုင်းရှိနေတာမို့ စိတ်မပူလဲ ရပါတယ် ခင်ဗျားရယ်။

ငယ်စဉ်ကစလို့ အခု ခင်ဗျားရှေ့မှာရပ်နေတဲ့ကျုပ်က ခင်ဗျားအပေါ် နဲနဲလေးတောင်အချစ်မလျော့ခဲ့ပါဘူး ။

အမှတ်မရှိဘူး ၊ ခံနိုင်ရည်မဲ့စွာ အမြဲအနားမှာရှိနေပေမဲ့တာ ခင်ဗျားမှ မသိပဲ ၊ သိ‌အောင်လဲ ပြဖို့မလိုအပ်ခဲ့ဘူးမလား ?

အခု ဖြစ်ပျက်နေတဲ့အရာတွေက တကယ်အိပ်မက်လိုမို့ မပျော်ဘူးလို့ ပြောရင်
လိမ်ရာ ကျနိုင်မလား ?

ချစ်တယ်....မောင် !

အခန်းထဲ ဝင်လာတော့ Black Suit အပြည့်အစုံနဲ့ Necktie အပြာလေးကိုထုတ်ပေးထားလေသည်။

ဟွမ်က တစ်ချက်ပြုံး၍ အကျီလေးတွေကိုကြည့်နေမိသည်။

နေနိုင်တာလဲ မဟုတ်ဘူးဆိုတဲ့ပုံစံမျိုး ။

Mullet hair style အား ယိုရှီကြိုက်တာ သူသိသည်။ ဒါကြောင့် မညှပ်ဖြစ်ခဲ့ ။

ပြင်သစ်မှာ တစ်ခန်းထဲ တည်းတုန်းက သူ ကို့ရဲ့ဆံပင်တွေကို အိပ်နေတုန်း လာ ဖွယမ်းဖူးတာကို သိသည်။

ပီးတော့ သူ့နှုတ်ခမ်းပါးလေးကနေ တီးတိုးလေးရေရွတ်လိုက်သေး

"ဘာ..? ဟွမ် က ဒီဆံပင်ပုံစံလေးနဲ့ သိပ်ခန့်တာပဲ " တဲ့လေ ။

မှန်ကိုကြည့်၍ ဝတ်စုံဝတ်ကာတွေး၍ တစ်ယောက်ထဲပြုံးစိစိလုပ်နေတုန်း

" ဘာတွေရီနေတာလဲ "

" အမလေးးး "

" မဟုတ်တာ လုပ်တတ်တဲ့သူတွေက လန့်တတ်ကြတယ်နော်"

" ဒါဆိုပြောပြရမယ်ပေါ့.."

" မလိုပါဘူး "

" မလိုလဲပြောပြချင်တယ် "

အတင်းရင်ခွင်ထဲ ကို လက်ဖြန်က‌ဆွဲဆောင့်၍ ထည့်လိုက်လေသည်။

" အာ့... ကြမ်းတမ်းလိုက်တာ "

" ကောင်းကောင်းခေါ်ရင် မလာမှာသိလို့ "

" ဖယ်စမ်းပါ "

" မောင့်ကို Necktie စည်းပေး "

" လက်မပါဘူးလား ကွကိုစီး "

" ကိုယ့် အိမ်သူ စည်းပေးတာခံချင်လို့ပါ "

ယိုရှီပဲ အရှုံးပေးလိုက်ရသည်ပေါ့။

Necktie စည်းပေးနေတုန်းမှာ ဟွမ့်ရဲ့လက်တစ်ဖက်က ခါးသွယ်သွယ်လေးကို သိုင်းဖက်၍ အရှေ့သို့ အတင်းဆောင့်ဆွဲလိုက်လေသည်။

နှစ်ယောက်သားရဲ့မျက်နှာနဲ့ ရင်ဘက်တွေဟာ အရမ်းနီးကပ်တာထက်ပိုနေတာကြောင့် အသက်ရှုသံပြင်းပြင်းရှရှကို ပုံမှန်ထက် အသံကျယ်ကျယ်ကြား နေရသည်။

ပြွတ်

" အ..ဘာဖြစ်နေတာလဲ စည်းပေးပီးပီလွှတ်ပါ "

" အချစ် ဘာကိုစိတ်ကောက်နေတာလဲ ‌ကွာ "

ထိုအခါမှ မျက်နှာလေးနီမြန်းသွား၍

" ဟင့်အင်း "

"ရွှတ် ရွှတ် "

ခါးကနေသိုင်းဖက်ထားရင် ပါးလေးနှစ်ဖက်ကို အားပါးတရ နှာခေါင်းလေးနစ်ဝင်သည်အထိ နမ်းရှိုက်လိုက်သည်။

" အချစ်ရယ်.. မွှေးပီး အိနေတာပဲ ပါးလေးက ၊ တော်သေးတယ် ၊ အဲ့ပါးလေးတွေက မောင့်အပိုင်ဖြစ်လာလို့ "

မျက်ခုံးတစ်ဖက် တွန်းချိုး၍

" Daddy စောင့်နေမယ် ထင်တယ် ၊ သွားရအောင် "

" အင်းပါ...လာ  အဲ့တာဆိုသွားရအောင် "

လက်က‌တစ်ဖက်က ယိုရှီ့ကို ကမ်းလာတော့ ထိုလက်ကလေး အား ပြန်ရိုက်ချသည်။

" ဖယ်စမ်းပါ... အကဲကို ပိုတယ် "

ယိုရှီတစ်ယောက် ဟွမ်အားပုခုံးတိုက်ပီး ပြုံးစိစိနဲ့ Laptop အိပ်ကိုဆွဲယူကာ အရင်ထွက်သွားသည်။

ဟွမ်ကတော့ လက်ကေ့ ကို ယူပီး ဂျစ်တူးလေးအား ကြည့်ကာ ပြုံး၍နောက်ကလိုက်ရသည်ပေါ့

ကားပေါ်ရောက်တော့ ဟွမ် က ချက်ချင်းမမောင်းသေးပဲ.. ဟိုတစ်ခါက ဝယ်ထားတဲ့လက်ဆောင်ထုတ်ကလေးအား ယိုရှီကို ကမ်းပေးလိုက်လေသည်။

" ရော့.."

" ဘာကြီးလဲ "

" ဖွင့်ကြည့်"

အထဲကအရာလေးတွေကိုတွေ့တော့ မျက်နှာလေး ချက်ချင်း အရောင်လက်လာလေသည်။

" အဲ့တာ ဟိုတစ်ခါ မင်း ငါ့ကိုကားထဲထားခဲ့ပီးဆင်းဝယ်တဲ့ ဟာမလား "

" အင်းဟုတ်တယ်လေ "

" ဘာလို့ အဲ့တုန်းထဲက ချက်ချင်းမပေးတာလဲ "

" အော်.. ပေးမလို့ပဲလေ ၊ အဲ့တုန်းက Mahiro က ဝယ်လာတယ်ပြောတာကို "

အော်.. သူအဲ့တုန်းထဲက သဝန်တိုနေတာလား?

ကိုကလဲ တုံးတာလွန်ရော နဲနဲလေးတောင်မရိပ်မိခဲ့ဘူးလေ။ ဆက်တိုက်ကိုယ့်ကိုမုန်းနေတာဆိုတော့

" အခု သူဝယ်လာတဲ့ဟာ ဆွတ်ထားတာမလား "

" အင်း "

" အာ့ဆိုပြန်ပေးတော့.. "

" မပေးပါဘူး.. မင်းအခုငါ့ကိုပေးတာ ငါအပိုင်ဖြစ်သွားပီ "

ဟွမ်က ယိုရှီ့နား ရုတ်တရက်ကပ်လာကာ

" လူကိုရော.. မပိုင်ချင်ဘူးလား ? "

မျက်နှာလေး ချက်ချင်းရဲတက်သွားပီး ရင်ခုန်သံတွေပေါက်ထွက်မတတ်ဖြစ်ကာ ခေါင်းလေး ငိုက်၍ ဘာစကားမျှထွက်မ‌လာခြေ။

ထိုအခါ ဟွမ်က ယိုရှီပါးလေးကို ပွတ်သပ်လိုက်ပီး ပြုံးကာ ကားမောင်း၍ Daddy company သို့ပင် ။

" Daddy ... "

" သားငယ်လေး ... လာ‌ထိုင် .. Jadenရော "

" ပါတယ် Daddy ....လာလိမ့်မယ် Toilet ဝင်နေလို့ "

" ဟုတ်ပါပီ... "

" ... "

" သားငယ်... "

"Hai"

" ယွန်း ကလေ... "

နာမည်ပဲ ပြောကသေးသည်။ ဟွမ့်မျက်နှာလေး သိသိသာသာက်ု ညိုးကျသွား‌သည်ပေါ့။

ထိုအခါမှ ဒီကလေး အသားမကျသေးဘူးဆိုတာသိ၍ ပြန်ငြိမ်လိုက်ရသည်။

ထိုစဉ်..

" ဂျောက် "

"Jaden "

" Daddy "

" လာထိုင်ဦး... အလုပ်ကိစ္စ နည်းနည်းပြောစရာရှိတယ် "

" သားအရင်ပြောမယ် Daddy "

" ဟုတ်ပီ သားဟွမ်.ပြောပါ"

" CEO ရာထူးကို Daddy ပြန်ယူပါ ၊ အခုချိန်ထိ သားက CEO ရာထူးကိုယူဖို့ဆိုတာ အရည်အချင်းမပြည့်မှီဘူးလေ "

" ပြည့် မှီအောင် ကြိုးစားရမှာက သားတာဝန်မဟုတ်ဘူးလား ၊ Daddy လဲ အသက် ကြီးပီလေ ၊ ဒီတာဝန်ကို သားတို့နှစ်ယောက်က မထမ်းပေးရင် ဘယ်သူကထမ်းပေးမှာလဲ "

" မဟုတ်ဘူး Daddy , သားပြောချင်တာက "

ပြောရင်း ဟွမ်က ယိုရှီ့ဆီမျက်စိရောက်သွားသည်။

ယိုရှီက လက်ကလေးကာ၍ ကမန်းကတမ်း ထကာ

" ငါ.. ငါ တာဝန်မယူနိုင်ဘူး ဟွမ်.. ဒါကလေး ကစားစရာမဟုတ်ဘူး "

" ဘာလို့လဲ.. အချစ် ! အဲ.. ခင်ဗျားကလဲ "

နှစ်ယောက်သား အကြည့်တေက Daddy ဆီမလုံမလဲရောက်သွားကာ

" ဟုတ်ပီ... သားဟွမ် ဘာကိုဆိုလိုလဲ Daddy သိတယ်.... ပီးတော့ သားတို့နှစ်ယောက်လုံးက သေတဲ့အထိ ဘယ်သူဘာပြောပြော Daddy ရင်နဲ့အမျှ ချစ်ရတဲ့ သားတွေမို့လို့ မင်းတို့ရဲ့စိတ်တွေကို  အတွေးပေါင်းစုံဝင်စေပီး ၊ ဘာအကြောင်းကြောင့် နဲ့မှ Daddy က အပွန်းပဲ့ခံမှာမဟုတ်ဘူး ၊ နားလည်လား "

" Hai "

" နောက်တစ်ခု ! "

နှစ်ယောက်သား ခေါင်းလေးတွေထောင်လာ၍ နား‌ရွက်လေးတွေနီမြန်းပူထူလာသည်။

" Daddy ကို ဝန်ခံစရာ မရှိကြဘူးလား "

" ရှိတယ်.." ဟင့်အင်း !

တစ်ပြိုက်နက်ထဲ ထွက်လာတဲ့စကားသံတွေဟာ။ကွဲလွဲနေခဲ့သည်။

ယိုရှီက ဟွမ့်ကိုမပြောနဲ့လို့ခေါင်းခါလိုက်ပေမံ နောက်ကျသွားခဲ့ပြီ။

" ကျွန်တော်တို့တွဲနေပါတယ် Daddy "

" မ မဟုတ်ဘူး.. မင်းဘာတွေပြောနေတာလဲ "

" ဟုတ်တယ်လေ .. ခင်ဗျား မညစ်နဲ့ ယိုရှီ "

" နေဦး... Daddy ပြောပါမယ် .. နှစ်ယောက်လုံးတိတ်တော့ ,  သားဟွမ်..Daddy လုပ်ငန်းတွေကို သားလည်ပတ်ရမယ် ၊ အဲ့အတွက် သားက .. "

Daddy ပြောလိုက်တဲ့ စကားကိုသဘောပေါက်တာကြောင့် တမင်ဖြတ်ပြောလိုက်သည်။

" အဲ့တော့ ကျွန်တော်က straight တစ်ယောက်ဖြစ်နေမှ ရမယ်ပေါ့ အဲ့လိုလား ? "

" Daddy ကိုလဲ စိတ်ပြင်ဆင်ဖို့ အချိန်တစ်ခုပေးသင့်တယ်လေ၊  Jaden ရော ပေါ့"

" အဟက် "

မဲ့ပြုံးကို လှပ စွာပြုံး၍ အကြည့်များက ခက်ထန်နေသည့် ဟွမ်

" ယောက်ျားတစ်ယောက်ရဲ့ ဆန္ဒ ၊ ဖြစ်တည်မှုကို ထုတ်ဖော်ပြောပြဖို့ အရေးက သိပ်ကို မလွယ်ကူပါလား ၊ Daddy မှန်ပါတယ် ၊ ကျွန်တော် Daddy စိတ်ကို လျှော့တွက်ခဲ့မိတာ "

" တော်တော့.. ဟွမ် "

" ခင်ဗျား ပါးစပ်ကိုပိတ်ထား "

ယိုရှီ့ အပြောကိုလဲ သူလက်မခံ ၊ ဟွမ်က ငယ်ငယ်ထဲ က ထင်ရာစိုင်းတတ်တဲ့သူမို့ ၊ ဒီမြင်ကွင်းက ယိုရှီ့အတွက်ကော Daddy အတွက်ပါ အထူးအဆန်းမဟုတ်နေပေ။

ဒါပေမဲ့ ပြသာနာတစ်ခုကို ပြေပြေလည်လာ်ဖြေရှင်းရမဲ့အစား ၊ ဝုန်းဒိုင်းကြဲ ခလေးဆန်နေတာကိုတော့ တကယ်မကြိုက်ပေ။

" Daddy က သားတို့ အခြေအနေကြောင့် လူ့ဘောင်အလယ်မှာ လက်ညိုးခံရမှာကို ကြောက်နေပုံပဲ "

" Daddy ပြောတာက မင်းတို့ ကန့်ကွက်နေတဲ့ စကားလုံး မပါသေးဘူး "

" ဒါပေမဲ့ Daddy စကားလမ်း‌ကြောင်းတွေက အဲ့ဒိ့ကိုဦးတည်နေတာပဲလေ ၊ ဘာလဲ Daddy သားအရင်းက ကျွန်တော်နဲ့ မထိုက်တန်ဘူးလား "

" Daddy ပြောတာက မင်းတို့တွဲဖြစ်ရင်တောင် ခဏတော့ ဒီတိုင်း Silent လောက်ပဲ.. "

" ဟင့်အင်း... ကျွန်တော် အဲ့လောက် သူ့ကိုတိတ်တိတ်ပုန်းတွဲရလောက်တဲ့အထိ စိတ်ဓာတ်အောက်တန်းမကျဘူး Daddy "

ထိုစကားကိုကြားတော့ ယိုရှီဟာ မသိမသာပြုံးမိသည်။ သူ့ကို အပျော်မဟုတ်ပဲ  တကယ်ချစ်တာပါလား ဆိုတဲ့စိတ်က ခေါင်းထဲရောက်လာပြန်တော့ ကြည်နူးမိသည်။

" ဘာလဲ .. official ဆို Daddy ရဲ့ Company  image ထိခိုက်မှာဆိုးနေတာမလား "

Daddy ပြန်မဖြေပုံထောက်လျှင် ဟွမ်ပြောလိုက်သည့်စကားက မှန်ပေလိမ့်မည်။

" ဒီမှာ Daddy , လူရယ်လို့ ဖြစ်လာရင် လောကမှာအကြောင်းတရားမျိုးစုံပါလာပီသား ၊ ရှောင်လွှဲလို့မရတာလေးတစ်ခုပဲ "

" ဒါပေမဲ့...! "

" အခုလဲ ကျွန်တော်က ယောကျာ်းတေကို  ယောကျာ်းလေးမို့ ချစ်ကြိုက်တာမျိုးမဟုတ်ပဲ
ကျွန်တော် ချစ်ခင်နှစ်သက်စုံမတ်နေတဲ့သူကသာ ယောက်ျားလေး တစ်ယောက်ဖြစ်နေခဲ့တာ ၊ ဘယ်လိုလုပ်ရပါတော့မလဲ "

" ဟွမ် .. တော်တော့ "

ယိုရှီကမျက်နှာငယ်လေးနဲ့ ခေါင်းယမ်းပြတော့ ဟွမ်က ယိုရှီ့လက်ကိုဆုပ်ကိုင်ထားသည်။

" Daddy ပြောစရာမရှိတော့ဘူး မလား ၊ သွားတော့မယ် "

ယိုရှီကသာ သူ့ Daddy ကိုနှုတ်ဆက်လိုက်ပေမဲ့ ဟွမ်က တော့ တစ်ချက်လေးတောင် လှာ့်မကြည့်ပဲ ဒေါသောမောသောနဲ့ တံခါးကိုဆောင့်ပိတ်၍ ထွက်သွားလေသည်။

အပြင်ရောက်တော့ ယိုရှီ့မျက်နှာကိုမြင်ပီး ပိုဒေါသထွက်ရသည်။

" ဟွမ်.. "

" မခေါ်နဲ့..."

" ကားကိုဖြည်းဖြည်းမောင်းပါ "

" ကျုပ်သဘော , ကျုပ်‌မောင်းချင်သလိုမောင်းမယ် "

" မင်း ဘာဖြစ်နေတာလဲ "

" ကျုပ် ဘာဖြစ်နေလဲ ၊ ခင်‌ဗျား မသိဘူးလား "

" မင်းက ငါ့က်ုတောင်မတိုင်ပင်ပဲ ထုတ်ပြောလိုက်မယ် လို့ ဘယ်ထင်မလဲ "

" ဟာ.. ကျုပ်‌တို့အသက်တွေကိုလဲကြည့် ဦး ၊ ၂၉ , ၃၀ တွေလေ ၊ ဒီအချိန်မှ မပြောရင် ဘယ်အချိန်မှပြောမလဲ ၊ ဘာလဲ ကျူပ်နဲ့ခင်ဗျားကို မိန်းမတေပေးစားရင် ယူမယ်ပေါ့ "

" အဲ့လိုလဲ မဟုတ်သေးဘူးလေ ၊ မင်းငါ့ကို စိတ်ဆိုးနေတာဆိုရင် တော်တော့ ၊ ငါချော့မှာမဟုတ်ဘူးနော် ဟွမ် "

" ဘယ်သူကရော ခင်ဗျားကိုချော့ခိုင်းနေလို့လဲ "

" ကားကို ဖြေးဖြေးမောင်းလို့ပြောနေတယ်‌လေ "

" မမောင်းဘူးကွာ ဘာလုပ်ချင်လဲ "

" ငါကြောက်တယ်.. ငါကြောက်တယ်လို့ "

ယိုရှီပြောနေသော်လဲ ဟွမ်ကနားထောင်ဖို့နေနေသာသာ ပိုလို့တောင်အရှိန်တင်လိုက်သေးသည်။

ဟွမ်က အသံမကြားတော့လို့ သူ့ဘေးကိုကြည့်လိုက်တဲ့အခါ ဂျစ်တူးငယ်က သတိလစ်နေပီဖြစ်သည်။ နား‌ထင်သွေးကြောလေးတွေစိမ်းနေပီး မျက်နှာတစ်ပြင် အနီဖုရေးရေးလေးတွေထနေလေပြီ။

ဟွမ် မေ့သွားသည်။ သူ့မှာ PARANOIA လိုခေါ်သည့်အကြောက်လွန်ရောဂါရှိနေသည်ကိုပင်။

ကျစ်..

တစ်ချက် စုပ်သတ် ၍

ပြသာနာအိုးလေးကတော့ကွာ !

ကားကိုလမ်းမဘေးထိုးရပ်၍ ယိုရှီပါးလေးတွေကို ဖွဖွလေးလှူပ်နှိုးသော်လဲ မရပေ။

ထိုကြောင့် အိမ်သို့သာဦးတည်မောင်းခဲ့သည်။

သတိလစ်နေသည့် ယိုရှီ့ကို တင်ပါးကနေ ပွေ့၍ သူ့အခန်းထဲသို့ပင်

ကုတင် မိုးပြာရောင်လေးပေါ်သို့ အိခနဲ ချလိုက်ပီး စောင်လေးကို ခြုံပေးထား‌လေသည်။

နှာဖူးပေါ်ဝဲကျနေသညိ့ဆံပင်လေးအား သပ်တင်ပေး၍

ခင်ဗျား.. သိပ်ဆိုးတယ် အချစ်ရာ !

ဟွမ်က ရေမိုးချိုးပီး Bathrobe ပတ်ကာ laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေသည်။

ဘေးက ဆေးလိပ်ပျာခွက်ထဲမှာလဲ သောက်ပီးသားဆေးလိပ်နှစ်လိပ်ကရှိနေသည်။

နောက်ပီး ဝီစကီလဲသောက်ထားပုံရသည်။

ယိုရှီက ကုတင်ပေါ်ကနေ နိုးရင်းထိုင်ရက် ကြည့်နေ၍

မောင်က စိတ်ရှိတိုင်းကို လုပ်နေတာပါပဲလား !

ကုတင်ပေါ်က ထလာတဲ့ အသံကြောင့် ဟွမ်က ရိပ်မိသည်။ သူ့ပေါက်စ နိုးလာပါပီပေါ့ ။

ဒါပေမဲ့ မသိချင်ယောင်ဆောင်ပီးသာ လုပ်စရာရှိတာဆက်လုပ်နေသည်။

ယိုရှီက ‌သူ့ကိုချော့ဖို့နေနေသာသာ သူဆီမလာပဲ ရေချိုးခန်းထဲသာဝင်သွားသည်။

ကျစ် !

လူကို စိတ်တိုအောင်လုပ်ထားပီး ဒီလိုပုံစံနဲ့ မသိကျေးကျွန်ပြုတယ်ပေါ့ !

အံကြိတ်ကာ အတွေးထဲ တစ်ယောက်ထဲစိတ်တိုနေသည်။

ပြန်ထွက်လာတော့ သူ့ကိုမချော့ပဲ Pajamas လေးဝတ်ကာ စောင်ခြုံ၍ အိပ်ရာဝင်ပြန်သည်။

မနေနိုင်တဲ့ ဟွမ်က ထကာ ယိုရှီ့ဘေးသို့သွား၍

" အချစ်.. မင်းထစမ်း "

လှဲနေတဲ့ ယိုရှီကို စောင်ချက်ချင်းခွာချပစ်လိုက်ပီး လက်ဖြန်ကနေဆွဲကာ မတ်တပ်ရပ်စေသည်။

အချော့ခံချင်နေတာကို ယိုရှီက သိတာကြောင့် မောင့်မျက်နှာကြည့်ပီး ရီချင်တာမနဲအောင့်ထားရသည်။

" ဘာဖြစ်ရပြန်တာလဲ.."

" အခုမင်းလုပ်ရပ်က်ုကြည့် အချိုးပြေလားလို့ "

" ဟမ်.. အိပ်မလို့လေ .. အိပ်တာအချိုးမပြေလို့လား ၊ ပီးရောလေ ငါ့အခန်းငါပြန်အိပ်မယ် "

" ဘာ.. "

" မင်း... မကြိုက် အွင့် "

ရုပ်တရက် စုပ်ဆွဲခံလိုက်ရတဲ့နှုတ်ခမ်းသားတွေ

ယိုရှီတစ်ယောက် ရင်ဘတ်ကိုလက်သီးနဲ့ထုနေသော်လဲမရပေ။ ဘယ်ရမလဲ ဟွမ်က နဂိုကမှ ကျန်းမာရေးလိုက်စားတဲ့သူမျိုး ။

ချက်ချင်း ယိုရှီကို ကုတင်ပေါ်ပစ်ချ၍ အုပ်မိုးကာ
Pajamas အကျီ အတွင်းလေးထဲ လက်အကလေးရှို၍ ပွင့်ချက်လေးအား ဖိချေပေးမိသည်။

" အာ့.. ဟွမ် "

" မောင် လို့ခေါ် "

" မခေါ်ဘူး...  "

" မခေါ်ရင်... "

"အာ့.. ဟွမ် တော်တော့‌လို့ "

" ခေါ်လေ မောင်လို့ "

" အင်းး.. မောင် တော်တော့နော် "

ထိုအခါလက်ကလေးတွေကို ခဏရက်လိုက်စေပီး လည်တိုင်ကိုတဖန် နှုတ်ခမ်းဖျားလေးနဲပွတ်ဆွဲပေး‌ပြန်တော့ အချစ်က ငြီးသည်။

နှုတ်ခမ်းရဲ့အက်ရှရှနေရာလေးထဲသို့ နွေးအိလှတဲ့ လျှာဖျားလေးတိုးဝင်တော့ အချစ်က အလိုက်သိ တုံ့ပြန်လာတာကြောင့် ဟွမ့် စိတ်တွေဟာ ဝုန်းဒိုင်းကြဲကုန်သည်။

" အချစ်.. "

" ပြော "

" ဟင်.. လေသံကလဲ "

" အာ့ "

ရုပ်တရက် လည်ပင်းကို အနီစက်‌ လေးပေါ်သည်အထိ ကိုက်ပေးလိုက်လေသည်။

ခန္ဓာကိုယ်နှစ်ခုထိစက်နေတဲ့ ဒီကောင်လေးနှစ်ယောက် ရင်ခုန်သံတွေဟာ အထိန်းအကွပ်မဲ့စွာ ပေါက်ထွက်မတတ် မြန်နေတော့သည်။

" အချစ်.. မောင့်က်ုကြည့် "

" မကြည့်ဘူး.. "

" အချစ်လို့.... "

" ဘာဖြစ်နေတာလဲ "

" ချစ်လို့.. အသားယူမိတာ စိတ်ဆိူးလား "

" ဘာတွေလာမေးနေတာလဲ "

ယိုရှီ တစ်ယောက် နားရွက်တွေ ပူထူလာတော့သည်။

" မောင် " လို့ခေါ်

" ဘာတုန်း... "

" ခေါ်လို့... မောင် လို့ "

" မောင် "

ဟွမ့်မျက်နှာလေးဟာလက်လာလေသည်။

" အချစ်က မောင့်ကို အရမ်းချစ်တယ် "

"ဗျာ"

" မပြောတော့ဘူး "

" ပြောပါကွာ "

" မောင့်ကို သိပ်ချစ်လို့ အချစ်ဆီက ဘယ်တော့မှ ထွက်မသွားဖို့ကတိပေး "

" မောင် ကတိပေးတာပေါ့ ၊ Daddy ကိုလဲ မောင်တို့အတူတူရင်ဆိုင်မယ်နော် "

" အင်းပါ.. ဒါဆို ဖယ်ပေးတော့ လေးတယ် ၊ အိပ်တော့မို့ "

" ဟင်.. အဲ့လိုရကြေးလား ? မောင့်ရာဇဝင်မှာမရှိဘူးလေ အချစ်ရဲ့ မသိဘူး‌လား "

" သိတယ်.. သိလို့ ခွင့်တောင်းကြည့်တာ "

" ပြွတ် "

နှုတ်ခမ်းလေးကို တံဆိပ်နှိပ်ပေးလိုက်ပီမို့ ဒါဟာမောင့်အပိုင် !

" မောင် နမ်းနေတာများနေပီနော် မမောသေးဘူးလား "

" ဟင့်အင်း... မောင်တစ်နေရာခေါ်သွားချင်လို့ အရှိန်ယူနေတာ "

" လုပ်ပြန်ပီ.. ဒီတစ်ခါရော ဘယ်လဲ "

ယိုရှီက စိတ်မရှည်တဲ့ အသံ ၊ မျက်နှာနဲ့မေးပြန်တော့ဟွမ်က အသဲယားနေမိသည်။

" သုဒိသာ နတ်ပြည် "

‌" မောင် သိပ်စကားတတ်တာ ၊ အဲ့လိုစကားလုံးမျိုးလေးတွေနဲ့ ဘယ်ကောင်မလေးတွေကိုမြှူဆွယ်ပီးပီလဲ "

နှာဖျားလေးခြင်း ပွတ်သပ်၍ ကျီစယ်ကာ

" ခင်ဗျား တစ်ယောက်ထဲ ရှိတာပါကွာ "

" ဟွန့်...  ပြွတ် "

ဗိုက်သားတွေအပေါ် ဟွမ့်လက်ကလေးက ပြေးလျှောက်နေပြန်တော့ ယိုရှီ ငြီးမိပြန်သည်။

နှုတ်ခမ်းဖျားလေးတွေဆီကို လျှာဖျားလေးက တိုးဝင်ရင်း အပေးအယူမျှနေမိသည်။

လက်ကလေးတွေ ဖိကာ ဆုပ်ကိုင်ထားပီး အကြည့်ချင်းဆုံမက်၍ ရင်ခုန်သံတွေဟာ ပိုမြန်ဆန်လာပီး မောင် သိပ်လှတယ်လို့ပြောဖူးသည့် သုဒိသာနတ်ပြည်သို့ လက်ကလေးတွဲကာ သွားလည်ခဲ့ကြသည်။

လိုရာခရီးပန်းတိုင်ရောက်တော့ ဟွမ်က ယိုရှီ့အားရင်ခွင်ထဲထည့်၍ အိပ်စေသည်။

မောင် .. ခင်ဗျားကို ကျွန်တော်ချစ်တယ် !

ဟွမ်အိပ်ပျော်သွားသည်မို့ မကြားနိုင်တော့ပေ။

မင်းနဲ့နီးစပ်ဖို့ နှစ်ပေါင်း များစွာမျိုသိပ်ထားခဲ့ရတာ အချည်းအနှီးတစ်ခုဖြစ်မသွားးဘူးဆို ငါသိလိုက်ရပီ ဟွမ် ။

စိတ်တစ်မျိုးစီနဲ့ ရှင်သန်နေချိန် နှလုံးသားဆွေနီးစပ်နေလိမ့်မယ်လို့ ဘယ်သူကသိမှာလဲ ။

သေချာတယ် မောင် !

ရှေ့ဆက်ပီး ငါတို့အချစ်တွေကို ဘယ်သူမှမ‌တားနိုင်အောင်အခက်အခဲတွေကို အတူတူ ကျော်ဖြတ်ကြတာ‌ပေါ့

ခက်ခက်ခဲခဲနဲ့ ဒီအခြေအနေထိရောက်အောင်တောင် ငါတို့ကျော်ဖြတ်ခဲ့သေးတာပဲ ဟွမ် ။

မောင် ! မင်းအချစ်က ငါ့အတွက် အဖိုးတန်လိုက်လေခြင်း ။

အိပ်နေတဲ့ ဟွမ့် ပါးပြင်လေးကို တစ်ချက် ရှိုက်နမ်းလိုက်ရင်း ဟွမ့်လက်‌ကလေးကို သု့ခါးမှာ ဖက်စေပီး မျက်နှာလေးနီးကပ်ကာ ရဂ်ခုန်သံတွေပြတ်ပြတ်သားသားကြားသည်အထိ ပူးကပ်လိုက်လေသည်။

မနက်ခင်း နေရောင်ခြည်နဲ့နိုးထလာတဲ့ ဟွမ် ။

အကောင်ပေါက်လေးကို ရင်ခွင်ထဲ ပို၍ တင်းတင်းကြပ်ကြပ်ဖက်စေပီး နှာဖူးလေးအား နမ်းရှိုက်သည်။

" မောင်... "

" ဗျာ .... "

" ထ Company သွားတော့ "

" ဟင့်အင်း.. ဒီတိုင်လေးနေချင်သေးတယ် "

" Daddy မျှော်နေမှာ "

" မသွား ချင်ဘူး ကွာ "

" Daddy ကိုစိတ်မဆိုးပါနဲ့တော့မောင်ရယ် "

ရင်ခွင်ထဲ ကနေ ယိုရှီ့ကို အနီးကပ်ကြည့်၍

ပြွတ်

" အချစ် သိပ်စကားတွေတတ်နေတယ်‌နော် "

"... "

" ဒီတိုင်းလေးပဲ ခဏနေမယ်ကွာ.. ပီးရင်သွားမယ် "

" ပီးရော..ကတိ "

" ဟောဗျာ.. မောင့်ကိုမယုံဘူး "

" မယုံပါဘူး "

" မယုံရင် ??? "

" ဘာလဲ "

" ပြွတ် "

" ဟာ.. "

" ချစ်တယ်... မောင့်အသဲညှာလေး "

" အင်း.. ချစ်တယ် "

ဟွမ့်ရဲ့ ပါးပြင်လေးကို နှာခေါင်းလေးနစ်သည်အထိ ယိုရှီက နမ်းပီး မောင့်အား အလုပ်သွားကြရန်ဆွဲထူသည်။

အခုမှ သူဘက်ကစနမ်းတဲ့ အနမ်းလေး ကြောင့် စိတ်အရည်ပျော်ကာ ချက်ချင်းအိပ်ရာထလေသည်။

အချစ်က ချိုမြိန်တဲ့ အနမ်းလေးတွေဆို ပေးဖို့ သိပ်ကို တိုတာ !

________________________

Next part is coming soon 🧡








Continue Reading

You'll Also Like

612K 30.9K 59
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
187K 3.9K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
892K 20.3K 48
In wich a one night stand turns out to be a lot more than that.
725K 26.8K 102
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...