တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​က...

By phyolay1991

136K 14.9K 135

💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ... More

တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 93
chapter 94
chapter 95
chapter 96
chapter 97
chapter 98
chapter 99
chapter 100
chapter 101
chapter 102
chapter 103
chapter 104
chapter 105
chapter 106
chapter 107
chapter 108
chapter 109
chapter 110
chapter 111
chapter 112
chapter 113
chapter 114
chapter 115
chapter 116

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

1.1K 110 2
By phyolay1991

Chapter 22

ကျန်းမိသားစုက ငွေထုတ်ပေးရ

သူက အနာဂါတ်တွင် ကျန်းမိသားစုအပေါ် မည်သည်ကိုမှ ထပ်မလုပ်ချင်တော့။ ပြီးတော့ အသက်ကြီးနေပြီ ဖြစ်သည့် သားသတ်သမားကျန်းနှင့် သူ့မိန်းမကိုလည်း ရှောင်ရှားချင်သည်။

သဘာဝကျကျပင် သားသတ်သမားကျန်းအတွက် သူ့မိသားစု ပိုင်ဆိုင်မှုများကို ညီညီမျှမျှ ခွဲဝေပေးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက ရှင်းရှင်းလင်းလင်းပင် စည်းတားကာ ထွက်သွားမည် ဖြစ်သည်။

ကျန်းကျန့်က ရိုးရိုးသားသားပင် များများစားစား မလိုချင်ခဲ့။ သူက ငွေပြားလေးဆယ်ဖြင့် စပါးခင်း နှစ်မူကိုသာ ဝယ်နိုင်သည်။ ဟယ့်ရှီရွာမှ လူများက သူ့ကို အလွန် ထောက်ထားတတ်သည်ဟု တွေးနေကြသော်လည်း ကျန်းမိသားစုတော့ အလွန် ပျော်ရွှင်နေပုံမရချေ။

သူတို့က ကျန်းကျန့်ကို သူတို့ရဲ့ ကျန်တဲ့ ဘဝတလျှောက်လုံးအတွက် အခမဲ့ ရေရှည်အလုပ်သမား တစ်ယောက်လိုပဲ တွေးထားကြတာလေ... ဘယ်လိုလုပ်ပြီး ကျန်းကျန့်ကို ငွေပြားလေးဆယ်နဲ့ ဆန်ငါးအိတ်ပေးပြီးတော့ ထွက်သွားခွင့် ပေးလိုက်နိုင်မှာလဲ... ငွေပြားလေးဆယ်တောင်လေ... အဲ့လောက်ငွေကို သူတို့ ဘယ်နေရာကနေ သွားရှာရမှာလဲ...

သို့သော်လည်း သူတို့က ကျန်းကျန့်၏ မျက်နှာကို မမြင်ချင်လျှင်တောင် သူ့လက်ထဲမှ ယန်ကျင်းကို ကြည့်လိုက်မိသောအခါ အပေးအယူ လုပ်ရန်သာ တတ်နိုင်တော့သည်။

"အစ်ကိုကြီး... အစ်ကို လိုချင်သမျှ အကုန် ပေးပါ့မယ်... အစ်ကိုယန်ကို မြန်မြန် လွှတ်ပေးလိုက်ပါ"

ကျန်းချောင်ရှန့်က ကျန်းကျန့်ကို တိုက်ရိုက်ပင် သဘောတူလိုက်သည်။

"မလုပ်နိုင်ဘူး" ကျန်းကျန့်က ဆိုသည်။

"အစ်ကိုကြီးက စကားကို ပြန်သိမ်းတော့မလို့လား" ကျန်းချောင်ရှန့်က အံ့အားသင့်သွားလေသည်။

"သေချာပေါက် ဘယ်ဟုတ်မလဲ" ကျန်းကျန့်က ပြောလိုက်သည်။

"ဒါပေမယ့် ဒီတစ်ကြိမ်တော့ မင်း ငါ့ကို နာကျင်စေချင်ခဲ့တာလေ... ဒါအတွက် နစ်နာကြေး ပြန်ပေးရမယ်... ရွာအနောက်ဘက်မှာ သက်ကယ်တဲအိမ်လေး ရှိတယ်... အဲ့ဒါကိုလည်း ငါ့ကို ပေးရမယ်... ပြီးတော့ မင်းက တဲအိမ်ကို ပြန်ပြင်ပေးပြီး သန့်ရှင်းပေးရမယ်... ငါ့အတွက် နေလို့ရအောင် လုပ်ပေးပြီးမှ သူ့ကို လွှတ်ပေးနိုင်မယ်"

ကျန်းကျန့်က ယန်ကျင်း၏ မျက်နှာကို ဓါးဖြင့် ပုတ်လိုက်သည်။

ယခင်က ကျန်းကျန့်မှာ ကျန်းမိသားစုက သူ့အား မသတ်နိုင်လောက်သဖြင့် ကျန်းမိသားစုထဲတွင် နေရဲသည်။ သူ့ကို အဆိပ် ခတ်ချင်လျှင်တောင် သူရှာမတွေ့နိုင်လောက်သည့် အရောင်မရှိ အရသာ မရှိသည့် အဆိပ်ကို ရှာနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ယခုတွင် သူက တရားရုံးတော်မှ အရာရှိတစ်ယောက်ကို ဆန့်ကျင်မိခဲ့ပြီ ဖြစ်ရာ အခြားသူများ သူ့အပေါ် အကွက်ဆင်ခြင်းမှ ရှောင်ရှားရန် ကျန်းမိသားစုတွင် ဆက်နေ၍ မဖြစ်တော့။

ထို့ကြောင့်ပင် ကျန်းကျန့်က မိသားစုခွဲထွက်ရေး အကြောင်းကို တည့်တည့်သာ ပြောလိုက်ခြင်း ဖြစ်သည်။ ကျန်းမိသားစုအတွက်ကား သူတို့ကို သူ့အတွက် အိမ်တစ်လုံး ဆောက်ခိုင်းလိုက်မည်။

သူက လူများစွာကို ဆန့်ကျင်မိခဲ့ပြီဖြစ်၍ ကျောက်ကျင်းကောအပေါ် မသက်ရောက်စေရန် ခွဲထွက်ပြီးနောက် ကျောက်မိသားစုအိမ်တွင် ချက်ချင်းသွားနေ၍ မဖြစ်ပေ။ သူက ယခုတွင် တစ်ယောက်တည်းသာ နေရပေဦးမည်။

သူနှင့် ကျောက်ကျင်းကောတို့၏ ဆက်ဆံရေးက လျှို့ဝှက်ချက်အဖြစ်သာ ထားရှိရန် တွန်းအားပေးခံရပြီး လက်ထပ်ပွဲကိုလည်း ရွှေ့ဆိုင်းရတော့မည် ဖြစ်လေရာ ကျန်းကျန့်၏ စိတ်အခြေအနေက ရုတ်တရက် ပိုဆိုးလာပြီး တစ်ချိန်တည်းမှာပင် ကျန်းချောင်ရှန့်ကို ရက်စက်သည့် အကြည့်တစ်ချက် ပေးလိုက်သည်။

ကျန်းချောင်ရှန့်၏ နှလုံးသား တုန်ယင်သွားပြီးနောက် စိုးရိမ်ပူပန်လာခဲ့သည်။ ရွာအနောက်ဘက်မှ အိမ်က အမှန်တကယ်ပင် ပြိုကျလုဖြစ်နေသည်။ ၎င်းကို ရှင်းလင်းရန် အချိန်များစွာ လိုလိမ့်မည်။ ကျန်းကျန့်ကသာ ယန်ကျင်းကို ထိုအချိန်အတွင်း လွှတ်မပေးထားပါက ယန်ကျင်း နာကျင်ခံစားရပြီး သူ့အပေါ် မုန်းတီးနေမည်ကို စိုးရိမ်နေခဲ့သည်။

ဒါပေမယ့် အခုတော့ ကျန်းကျန့်စကား နားထောင်ရုံကလွဲလို့ ဘာလုပ်နိုင်ဦးမှာလဲ...

"ကျန်းချောင်ရှန့်... အဲ့မှာ ဘာလုပ်နေသေးတာလဲ... အိမ်ကို သွားပြင်တော့လေ"

ယန်ကျင်းက အော်ဟစ်လိုက်သည်။ သူ့လည်ပင်းပေါ်တွင် ဓါးတစ်ချောင်းက ရှိနေသေးသည်။ ကျန်းမိသားစုက မြန်မြန်အပြီးသတ်ပေးရန် လိုအပ်နေပေသည်။

ကျန်းကျန့်က ယန်ကျင်း၏ ခန္ဓါကိုယ်အပေါ်ပိုင်းကို ကြိုးဖြင့် ခပ်တင်းတင်းစည်းလိုက်ပြီး ယန်ကျင်းကို မီးဖိုဆောင်အတွင်းသို့ ခေါ်လာခဲ့သည်။ ထို့နောက် သူက ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် အကြီးကျယ်ဆုံး ထမင်းတစ်နပ်ကို စားသောက်လေတော့သည်။

အဘွားကြီးကျန်းက နေ့လည်စာကို အချိန်အကြာကြီးကတည်းက ပြင်ဆင်ထားခဲ့သည်။ ကျန်းချောင်ရှန့် ယနေ့ ပြန်ရောက်လာပြီး တရားရုံးအရာရှိ တစ်ယောက် ခေါ်လာမည်ကြောင့်လည်း ဖြစ်နိုင်သည်။ အဘွားကြီးကျန်းက အစားအသောက်များကို ပေါပေါများများ ပြုလုပ်ထားခဲ့လေသည်။

စားချင်စဖွယ် ထမင်းဖြူ တစ်အိုးကို သံအိုးကြီးထဲတွင် ချက်ပြုတ်ထားပြီး ပေါင်းခံစင်လေးထက်တွင် ဝက်ဆားနယ်ခြောက် တစ်ခွက်၊ ကြက်ဥပေါင်းများ၊ ကြက်သွန်ဖြူတစ်ခွက်နှင့်အတူ ၎င်းတို့ဘေးတွင် မချက်ရသေးသော အစိမ်းရောင် အသီးအရွက်နှင့် တိုဖူးတစ်တုံး ရှိနေပေသည်။

ကျန်းကျန့်က ဤရက်အတောအတွင်း ကြက်ဥတစ်လုံးကို နေ့တိုင်းစားခဲ့ရသည်။ ညအချိန်တွင် သူနှင့်ကျောက်ကျင်းကောတို့က ငါးသေးသေးလေးများနှင့် ပုစွန်ဆိတ်တို့ကို အတူတကွ စားသောက်ကြသေးသော်လည်း သူတို့အသားမစားရသည်မှာ ကြာမြင့်ခဲ့လေပြီ။ သူက အတုံးလေးများ တုံးပြီး ပေါင်းထားသော ဝက်ဆားနယ်ခြောက် တစ်ခွက်ကို တွေ့လိုက်ရသည့်အခါ အသားအနံ့လေး ရလာပြီး ထမင်းတစ်အိုးလုံးကိုပင် ဝက်ဆားနယ်ခြောက်ဖြင့် စားနိုင်လောက်သည်။

သူက တူများဖြင့် ဝက်ဆားနယ်တုံးလေးများကို ပါးစပ်ထဲသို့ သွပ်ကာ ထမင်းတစ်ပန်းကန် ချက်ချင်း ခူးလိုက်လေသည်။

ဆီမပါ ဆားမပါဘဲ ပြုတ်ထားသော ငါးလေးများနှင့် ပုစွန်ဆိတ်တို့က အမှန်တကယ်ပင် အရသာ သိပ်မရှိလှ။ ၎င်းတို့ကို သူ့ခန္ဓါကိုယ်အတွက်သာ နေ့တိုင်းစားနေရသော်လည်း ၎င်းတို့ကို စိတ်ကုန်နေလေပြီ။ သို့သော်လည်း ဤဝက်ဆားနယ်ခြောက်က ထူးခြားသည်။

ကျန်းကျန့်က ဝက်ဆားနယ်ခြောက်ဖြင့် ထမင်းနှစ်ပန်းကန်ကို အသက်တစ်ရှိုက်စာအတွင်း အပြောင်ရှင်းလိုက်ပြီး တူများကို တုန့်ဆုတ်ဆုတ်ဖြင့် ပြန်ချထားလိုက်သည်။ တစ်နှစ်လည်လုံး ယာဂုသာ သောက်ခဲ့ရသဖြင့် အကြီးဆုံးကျန်း၏ အစာအိမ်က ကျုံ့သွားလေသည်။ ထို့ကြောင့် သူနောက်ထပ် ထမင်းနှစ်ပန်းကန် ထပ်စားနိုင်သေးသော်လည်း ထမင်းအများကြီး စားခြင်းက ကိုယ်တွင်း လုပ်ဆောင်မှုများအပေါ် သက်ရောက်မှု ရှိသွားနိုင်သည်။ ထို့ကြောင့် အဆုံးတွင် သူက ထိန်းထားလိုက်တော့သည်။

မည်သို့ပင် ဆိုစေကာမူ တရားရုံးအရာရှိက သူ့လက်ထဲတွင် ရှိနေသဖြင့် ဝဝလင်လင် မစားသောက်ရမည်ကို စိုးရိမ်စရာ မလိုပေ။

ကျန်းကျန့် စားသောက်နေချိန်တွင် ကျန်းအိမ်အပြင်ဘက်မှ အခြောက်လှမ်းမြေပေါ်တွင် ကျန်းမိသားစုဝင်များက ရွာလူကြီးနှင့် အခြားသော ရွာသားအချို့နှင့်အတူ မည်သည်ကို နောက်ထပ် လုပ်ရမည့်အကြောင်း ဆွေးနွှေးနေခဲ့ကြသည်။

သူတို့အားလုံးက ကျန်းကျန့် တရားရုံးအရာရှိအား ပြန်ပေးဆွဲလိုက်သည့်အကြောင်းကို အခြားသော အရာရှိများအား သတင်းပို့ရန် မဆိုထားနှင့် ပြင်ပကမ္ဘာကြီးကိုပင် သိမသွားစေချင်ကြသည့် တူညီသော ရည်ရွယ်ချက်များ ရှိနေကြသည်။ သူတို့သာ ကျန်းကျန့်ကို ဒေါသထွက်မိစေပါက ကျန်းကျန့်က ကိစ္စရပ်များကို ပိုဆိုးလာအောင် လုပ်ပေတော့မည်။

ဤကိစ္စ၌ သူတို့က ကျန်းကျန့်၏ တောင်းဆိုချက်များကို ဖြည်းဆည်းပေးရန်သာ အကောင်းဆုံး လုပ်ဆောင်ကြရပေတော့မည်။

"ငွေပြားလေးဆယ်... ငါတို့မိသားစုက ငါ့ကို ရောင်းလိုက်ရင်တောင် ငွေပြားလေးဆယ် ရမှာ မဟုတ်ဘူး"

အဘွားကြီးကျန်းက မြေပေါ်တွင် ထိုင်ကာ အော်ဟစ် အကူအညီတောင်းနေသည်။ သူမက သူ့ကို အမှန်တကယ်ပင် ငွေမပေးလိုက်ချင်။

ကျန်းမိသားစုက ဘဝကောင်းတစ်ခု ရှိပြီး သူတို့၏ မိသားစုကလည်း အခြေအနေကောင်းပါသော်ငြား ငွေပြားလေးဆယ်က... ထိုအခိုက်၌ သူတို့ မထုတ်ပေးနိုင်။

လွန်ခဲ့သော လအနည်းငယ်က သူတို့၏ မိသားစုတွင် ငွေပြားခြောက်ဆယ် ရှိနေဆဲ ဖြစ်သော်လည်း ကျန်းချောင်ရှန့်က သတို့သမီးတင်တောင်ကြေးအတွက် ငွေပြားသုံးဆယ်ကို ယူသွားပြီး ခမ်းခမ်းနားနား မင်္ဂလာဆောင်နိုင်ရန်အတွက် ပစ္စည်းအမျိုးအစား အားလုံး ဝယ်ယူရန် နောက်ထပ် ငွေပြား နှစ်ဆယ် ထပ်သုံးလိုက်ရသည်။ ယခုလက်ရှိတွင် အဘွားကြီးကျန်း၏ လက်ထဲ၌ ငွေပြား ခုနစ်ပြား ရှစ်ပြားသာ ကျန်ရှိလေတော့သည်။

"ကျွန်တော့်အိမ်မှာ ငွေနည်းနည်း ရှိသေးတယ်... ဘာပဲဖြစ်ဖြစ် သူ့ကို ပေးနိုင်ဖို့ ငွေလုံလုံလောက်လောက် စုဖို့လိုတယ်"

ကျန်းချောင်ရှန့်က ပြောလိုက်သည်။ အဆုံးတွင် ယန်ကျင်းက ကျန်းကျန့်၏ လက်ထဲတွင်သာ ရှိနေသေးပေသည်။“

"တတိယသားမှာ ငွေဘယ်လောက် ရှိလဲ" သားသတ်သမားကျန်းက ပြောလိုက်သည်။

"ကျွန်တော့်လက်ထဲမှာ ငွေများများစားစား မရှိပေမယ့် ရှုဖန်လက်ထဲမှာ ရှိတယ်... ကျွန်တော့်ဆီက ငွေဆယ်ပြား ရနိုင်မယ်" ကျန်းချောင်ရှန့်က ပြောလိုက်သည်။ စီရင်စုမြို့တွင် သူ့လစာက မနိမ့်ဘဲ လတိုင်းတွင် ငွေနှစ်ပြား ရပါသော်လည်း သူက စုစုပေါင်း နှစ်နှစ်မျှသာ အလုပ်လုပ်ရသေးရာ သဘာဝကျကျပင် သူက ငွေပြားများစွာ မစုဆောင်းမိပေ။ သူ ကျူးရှုဖန်နှင့် လက်ထပ်ရသောအခါ ကျူးမိသားစုက မူလတွင် တင်တောင်းငွေကိုငွေပြားလေးဆယ်ဟု သတ်မှတ်ထားသော်လည်း အဘွားကြီးကျန်းက ငွေပြားသုံးဆယ်သာ ပေးရန် ဆန္ဒရှိသဖြင့် ကျန်ငွေပြားဆယ်ပြားကို သူ့ဘာသာပင် ပေးလိုက်ရသည်။

အဆုံးတွင် သူ့လက်ထဲ၌ ငွေမရှိတော့။ သို့သော်လည်း ကျူးရှုဖန်ကတော့ ရှိနေသည်။

သားသတ်သမားကျန်းက ချက်ချင်းပင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

"သားမှာ ငွေပြား ဆယ်ပြား ရှိတယ်... မင်းအမေနဲ့ ဒုတိယအစ်ကိုက အားလုံးပေါင်းမှ ငွေဆယ်ပြားပဲ ရှိမယ်လို့ ခန့်မှန်းရတာပဲ... ငွေပြားလေးဆယ်ကို ဘယ်ကနေ သွားရှာကြရမှာလဲ"

"ဒီဓါးသတ်သမားကတော့ ကျွန်မတို့ကို သတ်ဖို့ လုပ်နေတာပဲ... ကိုယ့်မိသားစုအတွက် အလုပ်လုပ်ပေးရတာကို ဘယ်လိုများ လခတောင်းနိုင်ရသေးတာလဲ"

အဘွားကြီးကျန်းက သူ့မိသားစုအကြောင်း ဖော်ထုတ်လိုက်သည်ကို ကြားသောအခါ ပို၍ပင် ငိုကြွေးမိလေသည်။ သူမက ငွေများကို လုံးဝ မထုတ်ပေးချင်ပါပေ။

အတိတ်တွင် ကျန်းချောင်ရှန့်က ဤကဲ့သို့ ကိစ္စမျိုး ဖြစ်လာပါက အဘွားကြီးကျန်းကို သေချာပေါက် ချော့မော့မည် ဖြစ်သော်လည်း ယနေ့တွင်မူ သူသည်လည်း စိတ်ကောင်းဝင်မနေခဲ့ပေ။

ကျန်းချောင်ရှန့်က ဘေးတဝိုက်မှ လူများကို ဦးညွှတ်ကာ ပြောလိုက်သည်။

"ဦးလေးတို့ အဒေါ်တို့... ကျွန်တော်တို့ မိသားစုက ငွေပြားလေးဆယ်ကို အခု ထုတ်မပေးနိုင်သေးဘူး... ကျွန်တော်တို့ကို ငွေများ ချေးပေးလို့ ရမလား သိချင်ပါတယ်" ထိုကိစ္စကို လူသိရှင်ကြား ဆွေးနွေးခဲ့စဥ်က သူ့ဘေးမှ လူများထံမှ ငွေချေးမည်ဟု ဆုံးဖြတ်ထားခဲ့ပြီးသား ဖြစ်သည်။

ရွာထဲမှ လူများ အားလုံး ဤနေရာ၌ ရှိနေကြသည်။ မိသားစုတစ်စုကသာ နည်းနည်းချေးပေးပါက အခြားမိသားစုများကလည်း ငွေချေးပေးကြပေလိမ့်မည်။ သူတို့ အခု ငွေဝင်နေသရွေ့ နောက်ပိုင်းမှာ သေချာပေါက် ပြန်ပေးနိုင်မှာပဲ...

"ချောင်ရှန့်... ငါမင်းကို ငွေငါးပြား ချေးပေးမယ်"

ရွာလူကြီး ကျန်းဖျင်က ဆိုလိုက်သည်။

"ငါကလည်း လယ်သမား တစ်ယောက်ပါပဲကွာ... ငါတို့မိသားစုမှာလည်း သားငယ်လေးတွေ အများကြီးရှိသေးတော့ နောက်ထပ်တော့ မပေးနိုင်တော့ဘူး"

သူသာ ရွာလူကြီး မဟုတ်ပါက အကြီးဆုံးကျန်း တရားရုံး အရာရှိအား သတ်လိုက်မည်ကိုလည်း သူမကြောက်ပေ။ ငွေငါးပြားကိုလည်း ထုတ်ပေးလိမ့်မည် မဟုတ်။

သိသိသာသာပဲ အကြီးဆုံးကျန်းကို ရူးသွပ်သွားအောင် တွန်းအားပေးပြီး သူ့အပေါ် ကောင်းမပေးခဲ့ကြတဲ့သူက ကျန်းမိသားစုပဲလေ... ဘယ်လိုလုပ်ပြီး သူတို့က ငွေမထုတ်ပေးရနိုင်အောင် ဖြစ်နေရသေးတာလဲ...

ကျန်းဖျင်က သူ့ပါးစပ်ကို ဖွင့်လိုက်သည့်အခါ အခြားသော ကျန်းမိသားစုဝင် မြောက်များစွာကလည်း ငွေချေးပေးကြရန် အနည်းနှင့်အများ သဘောတူလာကြသည်။ သူတို့အများစုက ငွေ နှစ်ပြား သုံးပြား ချေးရန် သဘောတူကြပြီး အချို့က တစ်ပြား နှစ်ပြားသာ ဖြစ်သည်။

အချိန်တိုလေးအတွင်းမှာပင် ကျန်းမိသားစုဝင်များ၏ ကိုယ်ပိုင် ငွေပြားနှစ်ဆယ် ထပ်ပေါင်းလိုက်သော် ငွေပြား သုံးဆယ့်ခုနှစ်ပြား သုံးဆယ့်ရှစ်ပြားအထိ စုဆောင်းမိသွားသည်။

ကျန်းမိသားစုနှင့် ဆက်ဆံရေးကောင်းသော ရွာသားများမှာ ငွေချေးရန် ဆန္ဒရှိကြသော်လည်း သူတို့နှင့် သာမန်သာ ဆက်ဆံရေးရှိကြသူများမှာ ထိုသို့ မလုပ်ပေးလိုကြ။ကျန်းမိသားစုက ဒီလောက် ငွေအများကြီး ချေးထားပြီး ပြန်ပေးဖို့ ဘယ်လောက်ထိ ကြာဦးမယ်ဆိုတာ ဘယ်သူသိမှာလဲ...

သို့သော်လည်း သူတို့က ငွေချေးရန် ဆန္ဒမရှိကြလျှင်တောင် တစ်ခုခု ကူညီပေးရန် ဆန္ဒရှိနေကြဆဲ ဖြစ်သည်။ သင်္ဘောဆိပ်ကမ်းတွင်မကြာခဏ အလုပ်လုပ်လေ့ရှိသည့် ရွာသားတစ်ယောက်က ဆိုသည်။

"ကျန်းချောင်ရှန့်... ငါ့မိသားစုက ဆင်းရဲတော့ ငါ့မှာ ငွေမရှိပေမယ့် ခွန်အားတော့ ရှိသေးတယ်... ရွာအနောက်ဘက်က တဲအိမ်ပျက်က လုံးဝ လူနေလို့ မရတော့ဘူး... အိမ်မပြောင်းခင် နံရံတွေကို ပြန်ပြင်ရလောက်တယ်... ငါက အဲ့နေရာမှာတော့ အသုံးဝင်မှာပါ"

"သူက ငွေယူပြီးတာတောင် အိမ်လိုချင်နေတုန်းပဲ... ဒီမျိုးမစစ်ကောင်ကတော့ မျက်နှာကိုထူတယ်" အဘွားကြီးကျန်းက ထပ်ပြီး ဆဲရေးလိုက်ပြန်သည်။

ရွာအနောက်ဘက်မှ မြေများက ကျယ်လည်းမကျယ် မြေသြဇာလည်း မကောင်းပေ။ ထိုနေရာတွင် အသီးအရွက်များနှင့် ပဲကိုသာ စိုက်လေ့ရှိပြီး တဲအိမ်လေးကလည်း လူမနေသည်မှာ အချိန်အတော်ကြာလေပြီ။ ကျန်းမိသားစုအတွက် ထိုပစ္စည်းနှစ်ခုမှာ ပြောပလောက်သည်အထိ တန်ဖိုးမရှိပါသော်လည်း ထိုသို့ ဖြစ်လျှင်တောင် အဘွားကြီးကျန်း ကျန်းကျန့်ကို ပေးလိုက်ရန် တွန့်ဆုတ်နေဆဲ ဖြစ်သည်။

အမှန်တကယ်တွင် သားသတ်သမားကျန်းသည်လည်း တွန့်ဆုတ်နေပါသော်လည်း ကျန်းကျန့်ကိုတော့ ကြောက်ရွံ့လှသည်။ သားသတ်သမားကျန်းက သက်ပြင်းချကာ လူအချို့ကိုခေါ်၍ ရွာအနောက်ဘက်ကို တစ်ချက်သွားကြည့်ရန် ပြင်လိုက်သည်။ သို့သော်လည်း သူမပြောနိုင်ခင်မှာပင် ကျန်းကျန့်က ယန်ကျင်းအား မီးဖိုချောင်ထဲမှ ဆွဲထုတ်လာသည်ကို တွေ့လိုက်ကြရသည်။

"ဒီမျိုးမစစ်ကောင်က ဒီလောက်မုန်းစရာ ကောင်းမယ်ဆိုတာကိုသာ သိခဲ့ရင် အိမ်သာထဲမှာ မွေးပြီးပြီးချင်း ရေခွက်ထဲကို ရေနှစ်ပြီး သတ်လိုက်တယ်"

အဘွားကြီးကျန်းက ကျန်းကျန့်ကို မမြင်သဖြင့် သူမက သူ့ကို ဆက်လက်ကြိမ်းမောင်းနေဆဲ ဖြစ်သည်။

"ဘာလို့ သူက သေမသွားရတာလဲ... သူ့ဘဝက ပုလိပ်ရောဂါလိုပဲ"

"တိတ်စမ်း"

သားသတ်သမားကျန်းက အဘွားကြီးကျန်းကို လှမ်းဟန့်လ်ုက်ပြီး ကျန်းကျန့်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

ကျန်းကျန့်က ယန်ကျင်းကို ဆွဲထုတ်လာပြီး အပြင်ဘက်မှ လူများကို အပြုံးလေးတစ်ချက်ဖြင့် ကြည့်လိုက်သည်။ အဘွားကြီးကျန်း သူ့ကို မြင်သောအခါ လည်ပင်းညှစ်ခံရသည့်အလား သူမ၏ အသံက ဆို့နင့်သွားလေသည်။

"သက်ကယ်တဲအိမ်က အရမ်းပျက်စီးနေပြီ ဆိုတာကို သတိရမိသွားလို့ ပြန်ပြင်ဖို့ဆို အများကြီး အားထုတ်ရလိမ့်မယ်... ဘေးမှာ အိမ်အသစ်တစ်လုံး ဆောက်ပေးရင် ပိုကောင်းမယ်... တောင်ဘက်ကို မျက်နှာမူတဲ့ အိမ်ကြီးနှစ်လုံးနဲ့ မြောက်ဘက်ကို မျက်နှာမူတဲ့ တဲအိမ်မှာလည်း သံအိုးတွေ မပြတ်လပ်စေနဲ့..."

ကျန်းကျန့်က တောင်းဆိုမှုများစွာ လုပ်လိုက်ပြီးနောက် ပြောလိုက်သည်။

"ထောင့်တွေကို ဖြတ်ဖို့ မလုပ်ရင် ပိုကောင်းမယ်... မင်းကောင်းကောင်း မလုပ်ရင် ဒီအရာရှိရဲ့ အသားကို ဖြတ်လိုက်မယ်"

ပြီးနောက် ကျန်းကျန့်က ဓါးကို ထုတ်ကာ ယန်ကျင်း၏ မျက်နှာပေါ်တွင် ဓါးဖြင့် ဆွဲခြစ်လိုက်ပြန်သည်။

Continue Reading

You'll Also Like

318K 17.1K 53
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
620K 50.3K 54
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
349K 25.4K 90
ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (own creation) Starting Date ••• 24/9/2021 Ending Date •••
54.9K 5.5K 73
လူတွေကကြောက်ဖို့ကောင်းတဲ့ပုံပြင်တွေပြောတဲ့အခါ သရဲပုံပြင်တွေကိုပြောကြတယ်။ ဒါပေမယ့်သရဲတွေပုံပြောကြတဲ့အခါမှာတော့ ပိုပြီးကြောက်စရာကောင်းတဲ့ လူသားတွေရဲ့အက...