တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​က...

By phyolay1991

136K 14.9K 135

💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ... More

တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 93
chapter 94
chapter 95
chapter 96
chapter 97
chapter 98
chapter 99
chapter 100
chapter 101
chapter 102
chapter 103
chapter 104
chapter 105
chapter 106
chapter 107
chapter 108
chapter 109
chapter 110
chapter 111
chapter 112
chapter 113
chapter 114
chapter 115
chapter 116

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

1K 103 0
By phyolay1991

Chapter 20

: ခြိမ်းခြောက်မှုများနှင့် လှန့်လုံးများ

ကျန်းကျန့်သည် ကျန်းချောင်ရှန့်က သူ့ကို နာခံမှုရှိစေအောင် ခြိမ်းခြောက်ရန် တရားရုံးတော် အရာရှိတစ်ဦးနှင့်အတူ ပြန်လာသည်ကို ကောင်းကောင်းသိသည်။

သို့ပေမဲ့ သူနားမထောင်လျှင်၊ ခြိမ်းခြောက်မှုတစ်ခုမျှသာဖြစ်လိမ့်မည် မဟုတ်ပေ။သူတို့က သူ့ကို နည်းနည်းလေးမှ ချစ်ခင်ကြသည် မဟုတ်။ သူ့ကို သားဟုအစ်ကိုဟု လုံးဝ မှတ်ယူခြင်းမရှိကြပေ။သူတို့က သူ့ကိုကျန်းမိသားစုအိမ်အတွက် အလုပ် လုပ်စေချင်ရုံသက်သက်ဖြစ်သည်။ သူအရင်ကလို သူတို့အတွက် အလုပ်လုပ်ရန် ငြင်းဆိုခဲ့မည်ဆိုပါက သူတို့က သူ့ကို တရားစွဲရန် တရားရုံးတော်ဆီ အမှန်တကယ် သွားကြပေလိမ့်မည်။

ပထမဦးစွာ အညံ့ခံပြီး နောက်မှ သူတို့ကို အပြစ်ရှာသည်က သူ့အတွက် အသုံးမဝင်ပေ။ သူသတိမထားလျှင် ဤမိသားစုက သူ့ကိုသတ်နိုင်သည့်အတွက် သူအရင်လက်ဦးမှုယူရလိမ့်မည်။

ဤသို့ တွေးကာ ကျန်းကျန့်က ယန်ကျင်းကို ဆက်လက်ရိုက်နှက်ခဲ့သည်။ သူ့မှာ အချိန်အဆမှန်ကန်သည့်လက်ရှိပြီး ယန်ကျင်းကို ပြင်းပြင်းထန်ထန် မထိခိုက်စေပေမဲ့ သေချာပေါက် နာကျင်စေမှာဖြစ်သည်။

"ငါ့အသက်ကို ချမ်းသာပေးပါ...ချမ်းသာပေးပါ...ကျန်းချောင်ရှန့်က မင်းကို ခြောက်ဖို့ တောင်းဆိုခဲ့လို့ပါ... မင်းကိုဖမ်းဖို့ ငါမရည်ရွယ်ခဲ့ပါဘူး"

ယန်ကျင်းတစ်ယောက် မကြာခင်မှာပဲ ကယ်ပါယူပါအော်လာသည်။

ဟယ်ချောင်စီရင်စုက အမြဲတမ်း အေးချမ်းသာယာနေခဲ့သည်။ဟယ်ချောင်စီရင်စုမြို့မှာ တရားရုံးတော်အရာရှိအဖြစ် အလုပ်လုပ်စဥ်ကာလအတွင် ဓားသုံးရသည်က ရှားပါးသည့်အတွက် သူ၏ကျွမ်းကျင်မှုက သဘာဝအတိုင်းသာမန်ပါပင်။ ယခုအချိန်တွင် သူ ကျန်းကျန့်ကို လုံးဝမအနိုင်ယူနိုင်ခဲ့သောကြောင့် သူ့မှာခွင့်လွတ်ပေးရန် ဆက်လက်တောင်းခံနေရသည်။

ကျန်းကျန့်က တကယ်ကိုရပ်လိုက်သည်။ယင်းက ခွင့်လွတ်မှုကိုတောင်းခံခြင်းကြောင့် မဟုတ်ဘဲ အဘွားကြီးကျန်း ပြန်ထလာသောကြောင့်ဖြစ်လေသည်။

ခဏအကြာမှာ ဝါးလုံးက လွင့်သွားပြန်၏။ကျန်းကျန့်က အဘွားကြီးကျန်းကို ထပ်ပြီး မြေပေါ်သို့ တိုက်ရိုက် လှဲသိပ်လိုက်ကာ ထပြီး ယန်ကျန်းကို ကယ်တင်လိုသော ကျန်းချောင်ရှန့်အား စိုက်ကြည့်နေလိုက်သည်။

ကျန်းချောင်ရှန့်သည် ကျန်းကျန့်၏ အေးစက်သော အကြည့်ကို တွေ့ပြီးနောက် တုန်လှုပ်သွားပြီး လှုပ်ရမည်ကိုပင် ကြောက်လာသည်။ သူက ရွှံ့ထဲတွင် လိမ်လိမ်မာမာဖြင့် အံ့သြထိတ်လန့်စွာ လှဲအိပ်နေသည်။ သူများတွေက ပါးရိုက်ရင်တောင် တုန်တုန်မလှုပ်တဲ့ သူ့အစ်ကိုကြီးက ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလောက် ကြောက်ဖို့ကောင်းလာတာလဲ...သူကြည့်ရတာ သတ်ဖြတ်ချင်နေတဲ့ အရောင်အဝါရှိနေသလိုပဲ...

နှာမှုတ်သံတစ်ခုနှင့်အတူ ကျန်းကျန့်က ယန်ကျင်း၏ ဓားကို ကောက်ကိုင်လိုက်ပြီး ယန်ကျင်း၏ ရင်ဘတ်ကို နင်းကာ ထက်မြသော ဓားကို ယန်ကျင်း၏ လည်ပင်းပေါ်သို့ တင်လိုက်သည်။

"မင်းက ငါ့ကို ဖမ်းချင်နေတယ်ပေါ့လေ... မနာခံမှု နဲ့ သားသမီးဝတ္တရားမကျေပွန်မှုနဲ့ ငါ့ကို စွဲချက်တင်မယ်ပေါ့"

"မဟုတ်ဘူး...မဟုတ်ဘူး... ငါ မင်းကို သေချာပေါက် ဖမ်းမှာ မဟုတ်ပါဘူး"

ယန်ကျင်းက ခွင့်လွှတ်မှုကို ထပ်ခါတလဲလဲ တောင်းခံသော်လည်း သူ့နှလုံးသားမှာ အမုန်းတရားများ ပြည့်နှက်နေသည်။ သူသည် ငယ်စဉ်ကတည်းက ဤကဲ့သို့ အရှက်တကွဲ မဖြစ်ဖူးပါချေ။စီရင်စုမြို့ကို ပြန်ရောက်တဲ့အခါ သူ ကျန်းမိသားစုကို ကောင်းကောင်းနေ ခွင့်ပြုမှာမဟုတ်ဘူး...

ဟုတ်သည်၊ယန်ကျင်းက ကျန်းကျန့်ကိုသာမက ကျန်းမိသားစုထဲက တခြားမိသားစုဝင်တွေကိုပါ မုန်းတီးနေခဲ့သည်။ကျန်းမိသားစု၏အကြီးဆုံးသားက အရူးတစ်ယောက်ဖြစ်ကြောင်း ထင်ရှားသည်။ကျန်းချောင်ရှန့်က သူ့ကို ခြောက်လန့်ပေးဖို့ သူ့အားပြောသေးသည်။သူ့ရည်ရွယ်ချက်ကဘာလဲ...

ကျန်းကျန့်က သူ့ကို ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် ဖိနင်းလိုက်ပြီး သရော်လိုက်၏။

"မင်း ငါ့ကို ဖမ်းဖို့ မကြိုးစားတာ ပိုကောင်းမယ်...မဟုတ်ရင် ...မင်းငါ့ကိုမသတ်ဘဲ လွတ်မြောက်ခွင့်ပြုသရွေ့ မင်းကိုလာရှာပြီး အပိုင်းပိုင်းဖြဲပစ်မယ်"

တရားရုံးတော် အရာရှိတစ်အုပ်ကို အနိုင်ရရန် ခက်ခဲသော်လည်း တစ်ချိန်တည်းတွင် တရားရုံးတော်အရာရှိတစ်အုပ်လက်မှ လွတ်မြောက်ရန်က လွယ်ကူသည်။ကိုယ်လုပ်ရမှာက သူတို့ထက် မြန်မြန်ပြေးရန်ဖြစ်လေရာ ကျန်းကျန့် လုံးဝမစိုးရိမ်ပေ။

ရင်ဘတ်ကိုအနင်းခံထားရသော ယန်ကျင်း အသက်ရှူမဝသလို ခံစားလိုက်ရသည်။ကျန်းကျန့် ပြောသည်ကိုကြားတော့ သူ့စိတ်က ပို၍ပင် အံ့သြသွားခဲ့သည်။

ဒီကျန်းကျန့်က တော်တော်လေး အရည်အချင်းရှိတယ်...တကယ်လို့ သူ့ကို ဖမ်းမိပြီးတဲ့နောက် ထွက်ပြေးသွားရင်...

“မဟုတ်ဘူး... လူတစ်ယောက်ကို ရှစ်ပိုင်းခုတ်ရတာက လွယ်လွန်းတယ်...ငါကအမြဲတမ်းလူတွေငိုယိုပြီး တောင်းပန်တာကို ကြည့်ရတာ ပိုကြိုက်တယ်...တကယ်လို့ မင်းလက်သည်းတွေ အောက်မှာ ဝါးချောင်းလေးတွေ ထည့်လိုက်ရင် မင်းရဲ့အမူအရာက ကြည့်ရတာ  အရမ်းလှနေမှာပဲ"

ကျန်းကျန့်က ယန်ကျင်း၏ မျက်နှာရှေ့မှာ အေးစက်သော အပြုံးဖြင့် တမင်တကာပြပြလိုက်ပြီး ခြောက်လိုက်သည်။

"ဒါပေါ့... အဲဒါက မလုံလောက်ဘူး...အရေခွံခွာရတာကလည်း စိတ်ဝင်စားစရာကောင်းတယ်... ငါ မင်းကို ကြိုးနဲ့ချည်ပြီး မင်းလည်ပင်းနောက်ကနေ တင်ပါးအထိ စပြီး ခွာမယ်၊ ပြီးရင် ကျန်နေတဲ့အရေပြားကို ဓားနဲ့ ဖြည်းဖြည်းချင်း  ခွာပေးမယ်... စိတ်မပူပါနဲ့...မင်းက နည်းနည်း ဝလို့ အခွံခွာရခက်ပေမဲ့ ငါက တော်တော်လေး ကျွမ်းကျင်တယ်... ငါ မင်းကို ပြောင်နေအောင်ခွာပေးမှာပါ"

ထိုသို့ပြောရင်း ကျန်းကျန့်၏ မျက်လုံးတွေက ယန်းကျင်း၏ ခန္ဓာကိုယ်ကို လှည့်ပတ်ကြည့်နေကာ ဘယ်ကနေ စခွာရမည်ဆိုသည်ကို ချိန်ဆနေသလိုပါပင်။

နောက်မှ လက်စားချေရန် အမြဲတွေးနေသည့် ယန်ကျင်းတစ်ယောက်  ရုတ်တရက် ကျန်းကျန့်၏အကြည့်ရှေ့မှာ ဘာမှ ဆက်မတွေးရဲတော့ပေ။

“မင်း . . . ”

သူက တစက်စက်တုန်နေသဖြင့် နောက်ဆုံးတွင် တုန်ယင်နေသော အသံတစ်ခုသာ ထွက်ပေါ်လာသည်။ကျန်းကျန့်၏ ခါးမှာ ရှိသော ဝက်သတ်ဓားထက်ထက်ကို တွေ့လိုက်ရသောအခါ  သူ မထိန်းနိုင်ဘဲ ပို၍ပင် တုန်ယင်သွားမိသည်။

ကျန်းကျန့်  လုံလောက်မည်မထင်သေးပေ။

"စိတ်ချပါ...မင်းကိုကိုင်တွယ်ပြီးရင်း မင်းမိသားစုကိုလည်း ငါအလွတ်မပေးဘူး . . .ငါ့မှာ ဒီသံချိတ်ရှိတယ်...ဒါက ဝက်ကိုသတ်ပြီးတဲ့နောက် ဇောက်ထိုးချိတ်ဖို့ သုံးတာလေ... အူတွေကိုထုတ်ဖို့ အစာအိမ်ဖွင့်ရတာ အဆင်ပြေတယ်...ပြောကြည့်... မင်းမိဘတွေကို ဒီသံချိတ်နဲ့ ချိတ်လိုက်ရင် . . . ပျော်စရာကောင်းမှာလား"

ကျန်းကျန့် အရင်တုန်းက မစ်ရှင်တစ်ခုသွားစဥ်က ပုံမှန်မဟုတ်သည့်လူတချို့နှင့်တွေ့ပြီး သူတို့၏အမူအရာအချို့ကို လေ့လာခဲ့သည်။ သူက သူ၏ရဲဘော်ရဲဖက်များနှင့်အတူမြင်ဖူးခဲ့သည့် ရှေးခေတ်ပြစ်ဒဏ်၏ အသေးစိတ်အချက်အလက်အချို့ကို ထည့်ပြောလိုက်ခြင်းဖြစ်ပြီး ၎င်းကို အသေးစိတ်ပင်ဖော်ပြလိုက်သေးသည်။ သူတကယ်သာ ထိုကဲ့သို့လုပ်ခဲ့မည်ဆိုလျှင် တကယ့်ကို ထိတ်လန့်ဖွယ်ဖြစ်ပြီး ကြောက်စရာကောင်းပါလိမ့်မည်။

သူ့ပါးစပ်နှင့်ပြောရုံကို  ရွံရှာသွားသလိုခံစားရပြီး လူတွေအား သူ့ကို လွယ်လွယ်နှင့် ကြောက်ရွံ့စေသည်. . .

ယန်ကျင်း အလွန်ထိတ်လန့်သွားပြီး မူးမေ့လုနီးပါးဖြစ်နေပြီဖြစ်သည်။သားသတ်သမားကျန်း၊ သူ့ဇနီးနှင့် ကျန်းချောင်ရှန့်တို့သည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေကြသည်။

အကြီးဆုံးကျန်းက ဤမျှကြောက်စရာကောင်းသည်ကို သူတို့ အဘယ်ကြောင့် မသိခဲ့ရသနည်း။၎င်းကို သူတို့သိခဲ့ပါက သူ့ကို ဘယ်တော့မှ ဆန့်ကျင်မှာ မဟုတ်ပေ။

"မင်းအသက်အရွယ်မှာ ကလေးတော့ရှိနေလောက်ပြီမဟုတ်လား... တကယ်တော့ သူတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတွေအများကြီးရှိတယ်... ”

ကျန်းကျန့် ၎င်းတို့ကို ခြောက်လှန့်ရန် ရှေးခတ် ပြစ်ဒဏ်မျိုးစုံကို ပြန်ပြောင်းတွေးနေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက ယန်ကျင်း၏ မျက်နှာပေါ်မှာ ဓားရာပါးပါးလေးလုပ်လိုက်သည်။

ယန်ကျင်း၏ မိဘများဖြစ်စေ ဇနီး သို့မဟုတ် သားသမီးများပင်ဖြစ်စေ ကိစ္စပါချေ။ သူက လောင်းကစားနှင့် ပျော်ပါးသောက်စားရခြင်းကို နှစ်သက်ပြီး များသောအားဖြင့် သူ့မိသားစုအတွက် မကောင်းသော်လည်း ၎င်းတို့သည် သူ့မိသားစု ဖြစ်ဆဲပင်။ကျန်းကျန့် ၏စကားကိုကြားသောအခါ  ဇနီးသည်နှင့်ဖြူတုတ်တုတ် သားငယ်အကြောင်း တွေးပြီး ချက်ခြင်းပင် မေ့လဲသွားသည်။

ကျန်းကျန့် သူ့ကို ဂရုမစိုက်တော့ဘဲ ကျန်းချောင်ရှန့် ထံသို့ တိုက်ရိုက်သွားခဲ့သည်။

“တတိယညီ...မင်း ငယ်ငယ်က ပြဿနာတက်တိုင်း ငါ့အမှားလို့ ပြောခဲ့တာကို ငါ အမြဲသတိရတယ်... ငါ့အတွက် ပြသနာတွေ ဖန်တီးတယ်... မင်း မှတ်မိလား...တစ်ခါက ဒေါ်လေးဟွမ်က ချင်မင်ပေါက်စီတစ်လုံး ပေးခဲ့ဖူးတယ်လေ... အရသာရှိမယ်လို့ ငါထင်ခဲ့ပေမဲ့ မင်းကအဲဒါကို လုယူပြီး မြေပေါ်ပစ်ချပြီး အကြိမ်ပေါင်းများစွာ တက်နင်းခဲ့တယ်...နောက်တော့ မင်းရဲ့ ပေါက်စီကို ငါက လုပါတယ်လို့ မင်းမိဘတွေကို ပြောတယ်...နောက်ဆုံးကျတော့ အဖေက ငါ့ကို ပါးနှစ်ချက်ရိုက်လို့ တစ်လခွဲလောက် ခေါင်းမူးသွားခဲ့ရတယ်”

ကျန်းကျန့်က စကားတွေအများကြီးပြောပြီး ကျန်းချောင်ရှန့်ကို ညင်သာစွာပြုံးပြ လိုက်သည်။

“ငါအစက အဲဒီအရာတွေကို လက်လွှတ်ဖို့ ရည်ရွယ်ထားပေမဲ့ မင်းက ငါ့ကို သတ်ချင်နေတယ်. . . ငါမင်းကို သင်ခန်းစာတစ်ခုပေးသင့်တယ်လို့ မထင်ဘူးလား...ဒီနားကဟာကို ဖြတ်ချပြီးမင်းကိုစားခိုင်းလိုက်ရင်ရော"

ပြောရင်ဆိုရင်းဖြင့်  ကျန်းကျန့်၏ဓားက ကျန်းချောင်ရှန် ဝမ်းဗိုက်အောက်ပိုင်းကို ခြစ်လိုက်သည်။

ကျန်းချောင်ရှန့်လည်း မူးလဲလုမတတ်။ကျန်းကျန့် ညင်ညင်သာသာ ပြုံးပြသော်လည်း သူပြုံးလေလေ သူပို၍ ထိတ်လန့်သွားလေလေဖြစ်သည်။

အဘွားကြီးကျန်းက အကြီးဆုံးကျန်းကို သူမသားအရင်းအဖြစ် တစ်ခါမှမဆက်ဆံဖူးပေမဲ့ ကျန်းချောင်ရှန့်နှင့်ကျန်းချောင်ဝမ်တို့ကို အလွန်ချစ်သည်။ ၎င်းကိုမြင်ပြီး ကြားလိုက်ရသောအခါ သူမ ပို၍ပင်ထိတ်လန့်သွားသည်။သူမ သူမသားအငယ်ဆုံးကို ကယ်တင်ချင်သည်။ သူမရုတ်တရက်ထရပ်ပြီး ကျန်းကျန့် ဆီသို့ အပြေးသွားလိုက်သည်။

ကျန်းကျန့်က သူတို့ကို အနီးကပ် အာရုံစိုက်နေခဲ့သည်။ သူမအနားကပ်မလာခင်မှာ သူမကိုကန်ပြီး ဆံထုံးကိုဆွဲကာ သူမ၏ဆံပင်ကို ဓားနှင့်ဖြတ်ခဲ့သည်။

"ခင်ဗျား ငြိမ်ငြိမ်မနေဘူးဆိုရင် နောက်တစ်ခါ ခင်ဗျားခေါင်းကိုဖြတ်ပစ်မယ်"

သူမ၏ ဆံပင်ဖြတ်လိုက်သည့်အခါ အဘွားကြီးကျန်း  သူမ ခေါင်းဖြတ်ခံရတော့မည်ဟု တွေးမိခဲ့သည်။ သူမ အလွန်ကြောက်လန့်သွားပြီး တစ်ကိုယ်လုံး ပျော့ခွေသွားကာ ခဏလောက် မလှုပ်ရှားနိုင်တော့ပေ။

"ငါ မင်းတို့ကို ဘာမှ မလုပ်ချင်ခဲ့ဘူး... မင်းတို့ ငါ့ကိုဘာလို့တိုက်ခိုက်ရတာလဲ"

ကျန်းကျန့်က မြေပြင်ပေါ်သို့ လဲကျနေကြသော သူ့ပတ်ပတ်လည်ရှိ လူများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ကျန်းမိသားစုက ထိုစကားကိုကြားသည့်အခါ အားလုံးက သူ သူ့ကိုယ်သူ စိတ်ချမ်းသာအောင် လိမ်ညာနေသည်ဟု ထင်ခဲ့ကြပေမဲ့ ကျန်းကျန့်က သူ့ကိုယ်သူ အမှန်အတိုင်းပြောနေမှန်း သိသည်။

သူ့အနေဖြင့် ကျန်းမိသားစုကို ခြောက်လှန့်ရန် ဓားကို အသုံးပြုခဲ့သည်။ အစကနေ အဆုံးထိ ကျန်းမိသားစုကို ဘာမှလုပ်ဖို့ အစီအစဉ်မရှိပါချေ။

ခွဲထွက်ရန် စဉ်းစားနေပေမဲ့ ကျန်း မိသားစုဆီက ဘာကိုမှ ယူဖို့ မရည်ရွယ်ပါဃျ။

သူက အကြီးဆုံးကျန်းမဟုတ်ဘဲ

ကျန်းကျန့်ဖြစ်သည်။ သူသည် တခြားကမ္ဘာကဝိညာဥ်တစ်ကောင်ဖြစ်သဖြင့် ကျန်းမိသားစုထံမှ ငွေရရန် အရည်အချင်းမရှိဟု သူကိုယ်သူ ခံစားခဲ့ရသည်။

ကျန်းကျန့်၏မူလအစီအစဉ်အရ ကျန်းမိသားစုအိမ်တွင် ပြဿနာတစ်ခုရှာ၍ အချိန်အတိုင်းအတာတစ်ခုအထိ ကောင်းကောင်းစားသောက်ပြီး အကြီးဆုံးကျန်းကို နှစ်သိမ့်ပြီး အေးချမ်းစွာအနားယူစေကာ ကျန်းမိသားစုမှခွဲထွက်ချင်ခဲ့ခြင်းဖြစ်သည်။၎င်းနောက် ကျန်းမိသားစုမှ ထွက်ခွာပြီး ကျောက်ကျင်းကောကိုသွားရှာမည်ဖြစ်သည်။

ကျန်းမိသားစု၏ လယ်ကွက်များကို သူ မလိုချင်ခဲ့ပါချေ။ကျန်းမိသားစုဆီက သူဘာကိုမှ မလိုချင်ပေ။ သူ့အနာဂါတ်မှာ သူ့ဘာသာသူ ထွက်သွားမှာဖြစ်သည်။

ကျန်းမိသားစုကသာ သူ့ကို ယခုလိုမျိုးးလက်ဆောင်ပေးရန် ဇွဲကောင်း

ခဲ့ခြင်းဖြစ်သည်။

ကျန်းကျန့် သူ့ရင်ဘတ်ကို အုပ်ကိုင်းထားရင်း အကြီးဆုံးကျန်း၏ ဒေါသကို ခံစားလိုက်ရသည်။ကျန်းကျန့် ဤကျန်းမိသားစုဝင်များကို တကယ်ပင် ရွံရှာမိသည်။

သူ ယန်ကျင်းနိုးလာစေရန် ယန်ကျင်း၏မျက်နှာကို ဓားနှောင့်ဖြင့်ရိုက်လိုက်သည်။ကျန်းကျန့်က အခန်းထဲက လူတွေကိုပြောလိုက်သည်။

"အခု ငါ့မှာ စားစရာ သောက်စရာတွေ ရှိတယ် ၊ဘဝကို သက်တောင့်သက်သာရှိရှိ ဖြတ်သန်းနေတယ် ...အဲဒါကြောင့် ငါ့ကို ပြဿနာရှာခဲ့တဲ့ မင်းတို့ကိုမသတ်ခဲ့တာ...ဒါပေမဲ့ မင်းတို့က ငါ့ကို သတ်ဖို့တောင် ကြိုးစားနေသေးတယ်. . . ငါ့မှာ ကောင်းတဲ့ဘဝတစ်ခုမရှိမှတော့ မင်းတို့ကို မကြောက်တော့ဘူး... ငါတို့အတူတူသေလို့ရတယ်"

“ဒီမိသားစုထဲက လူတွေအားလုံးကို ငါနဲ့အတူ သင်္ဂြိုဟ်ပစ်မယ်...ဘယ်သူမှ မလွတ်မြောက်စေရဘူး... တတိယ မင်းယောက္ခမကျူးရှို့ချိူက်နဲ့ သူ့မိသားစု ဘယ်မှာနေတယ်ဆိုတာ ငါသိတယ်... ငါ ကျန်းမိသားစုကို သတ်ပြီးတဲ့အခါ သူတို့ကိုလည်း သတ်ပစ်မယ်"

ကျန်းချောင်ရှန့်က ကျန်းကျန့်ကို ထိတ်လန့်စွာ ကြည့်နေသော်လည်း ကျန်းကျန့်က သူ့ကို လျစ်လျူရှုကာ ယန်ကျင်းထံ ထပ်မံ တက်နင်းခဲ့သည်။

“ပြီးတော့... မင်းက တစ်ယောက်ယောက်ကိုလွှတ်ပြီး ငါ့ကို ဖမ်းခိုင်းချင်နေတာလား...ဘယ်သူအရင်သေမလဲ ကြည့်ရအောင်"

အစပိုင်းမှာ ယန်ကျင်းက သူဤနေမှ လွတ်မြောက်ပြီးလျှင် ကျန်းကျန့်ကို ဖမ်းရန် တစ်စုံတစ်ယောက်ကို သွားရှာချင်ခဲ့သည်။သို့ပေမဲ့ ဤအချိန်မှာ သူ ထိုအကြံကို ဆက်တွေးရဲတော့ပါချေ။

သူ့အနေဖြင့် ကျန်းကျန့်ကိုဖမ်းပြီးသတ်နိုင်

မည်ဟု 100 ရာခိုင်နှုန်း အာမခံမပေးနိုင်ပါချေ။ ဒီလူက ထွက်ပြေး လွတ်မြောက်ဖို့ အခွင့်အရေးရရင် သူ့မိသားစု. . .

သေစမ်း ကျန်းချောင်ရှန့်...သူ့ကို  ဒီလို နတ်ဆိုးကြယ်နဲ့ရင်ဆိုင်ခိုင်းတယ်ပေါ့လေ... ဒါက ငါ့ကို သတ်ဖို့ ကြိုးစားနေတာမှန်း ထင်ရှားတယ်...

ယန်ကျင်း ကျန်းကျန့်ကို မမုန်းရဲတော့ပေ။ ယခု သူက သူ့ကို ဤအရှုပ်အထွေးထဲ ဆွဲခေါ်ခဲ့သည့်ကျန်းချောင်ရှန့်ကို မုန်းတီးနေသည်။ကျန်းချောင်ရှန့် သာမရှိလျှင် သူသည် ဤအချိန်တွင် စီရင်စုမြို့၌ စားသောက်နေပေလိမ့်မည်။

ဤအခန်းထဲကလူတွေအားလုံး ကျန်းကျန့် ဘာလုပ်မလဲဆိုသည်ကို ကြောက်နေကြ၏။ ကျန်းကျန့်က သူတို့ကို မသတ်ဘူးဟု ပြောသည်ကို ကြားသောအခါ သူတို့ စိတ်သက်သာရာ ရသွားကြသည်။ ထိုအချိန်တွင် ကျန်းမိသားစုအိမ်အပြင်ဘက်တွင် ရွာသူကြီး  ကျန်းဖျင်၏အသံထွက်ပေါ်လာသာ့။

"အကြီးဆုံးကျန်း မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ...ရပ်လိုက်စမ်း"

ကျန်းမိသားစု၏ ဒုတိယသားဖြစ်သူ ကျန်းချောင်ဝမ်က ပျင်းရိရုံသာမက ရှက်လည်းရှက်တတ်သည်။ကျန်ချောင်ရှန့် နှင့် သားသတ်သမားကျန်းတို့က ကျန်းကျန့်ကို ခြောက်လှန့်ရန် သဘောတူလိုက်သောအခါတွင် သူ မပါဝင်ချင်တော့ပေ။ ထိုအစား သူ က ပုန်းအောင်းကာပဲ စောင့်ကြည့်နေခဲ့သည်။

ထို့နောက် ကျန်းကျန့်က လူတိုင်းကို အမှောက်သိပ်သည်ကို သူတွေ့လိုက်ရသည်။

သူအတော်လေး ကြောက်ပြီး ထိတ်လန့်သွား၏။ အထဲကိုဝင်ပြီး သူတို့ကို ကယ်တင်ရန် မကြိုးစားရဲတော့ပါချေ။ ထို့ကြောင့် သူသည် ရွာထဲသို့ ပြေးသွားပြီး အားကောင်းမောင်းသန်ယောကျာ်းများစွာ နှင့် ရွာသူကြီးကျန်းဖျင်ကို ခေါ်လိုက်သည်။

ကျန်းကျန့်က ဤရက်ပိုင်းအတွင်း အလွန်ငြိမ်သက်နေခဲ့သည်။ ယခင်က ကျန်းမိသားစုမှ မိသားစုဝင်အချို့ကို ခြိမ်းခြောက်ခဲ့ဖူးသော်လည်း မည်သူ့ကိုမျှ မထိခိုက်စေခဲ့ပေ။ ရွာကလူတွေက သူ့ကို သိပ်မကြောက်ခဲ့ကြပေ။ကျန်းချောင်ဝမ်က လူများကိုခေါ်ရန် ထွက်လာပြီးနောက် တံခါးမင်တုန်းများ၊ ဝါးလုံးများ၊ သို့မဟုတ် အခြားအရာများကို

သယ်ဆောင်လာသူ အများအပြား ရောက်လာသည်။

ကျန်းအိမ်တံခါးပွင့်သွားပြီး အတွင်းမြင်ကွင်းကို တစ်ချက်ကြည့်လိုက် သည်။ကျန်းဖျင် ၎င်းကိုမြင်သောအခါ ချက်ချင်းပင် ထိတ်လန့်သွားသည်။

အဘွားကြီးကျန်း၏ ဆံပင်များသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ သားသတ်သမားကျန်း နှင့် ကျန်းချောင်ရှန့်တို့သည် ၎င်းတို့၏ခြေထောက်တွင် ဒဏ်ရာများရရှိနေကြသည်။တရားရုံတော်အရာရှိကဲ့သို့ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ကျန်းကျန့် ၏ခြေထောက်အောက်တွင် အနင်းခံထားရပြီး တုန်ယင်နေသည်။ဒီ. . .

"အကြီးဆုံးကျန်း မင်း ရူးနေပြီလား... မင်းအရာရှိတစ်ယောက်ကိုတောင် တိုက်ခိုက်ခဲ့တယ်ပေါ့"

ကျန်းဖျင် ထိတ်လန့်သွားသည်။တရားရုံးတော် အရာရှိတစ်ယောက်ကို စော်ကားလျှင် တရားရုံတော်ကို စော်ကားခြင်း ဖြစ်သည်။ဟယ့်ရှီရွာနှင့် ပတ်သက်ပြီး လူတွေက ထိုသို့ထင်မြင်ယူဆလာသည့်အခါ သူတို့တစ်ရွာလုံး ဒုက္ခာရောက်သွားပေလိမ့်မည်။

"ဒါဆို ကျုပ်ဒီလိုမျိုးလုပ်လိုက်ရင်ရော"

အပြင်ဘက်မှ ရွာသားများကို ကြောက်ရွံ့ခြင်းမရှိဘဲ ကျန်းကျန့် ယန်ကျင်းကို မြေကြီးပေါ်မှ ဆွဲထူလိုက်သည်။

"ခင်ဗျားတို့ ကျုပ်နားမှာ ဘာလုပ်နေတာလဲ...ကျုပ်ကို ဖမ်းဖို့ မကြိုးစားနဲ့...မဟုတ်ရင် ကျုပ် သူ့လည်ချောင်းကို ဓားနဲ့လှီးပြီး သတ်ပစ်မယ်"

ကျန်းကျန့်က ယန်ကျင်းကို ဓားစာခံအဖြစ် ဖမ်းယူခဲ့ပြီး ယင်းက အလွန်အသုံးဝင်ကြောင်း သက်သေပြခဲ့သည်။ကျန်းဖျင်နှင့်ကျန်းမိသားစုကို ဝန်းရံထားသော ရွာသူရွာသားတွေ ဘာမှ မလုပ်ရဲကြပါချေ။

"ကျုပ် ခင်ဗျားတို့ကိုပြောမယ်...ကျုပ် ကျန်းကျန့်က အရူးတစ်ယောက်ပဲ...ကျုပ်ကို လာမဆွရင်ကောင်းမယ်...မဟုတ်ရင် ခင်ဗျားတို့ကို သတ်ပစ်မယ်"

ကျန်းကျန့်က ပြောလိုက်သည်။

“ဟုတ်တယ်...ခင်ဗျားကို တစ်ယောက်ပြီးတစ်ယောက်သတ်ဖို့က ခက်ခဲတယ်...ကျုပ် ဓားကို စီရင်စုရုံးတော်ကိုယူသွားပြီး  လူတွေကို ဓားနဲ့ခုတ်သတ်လိုက်မယ်...ပြီးရင် ကျုပ်တို့ရွာကလူတွေ အားလုံးပါဝင်ကြောင်း မြို့သခင်ကို ပြောလိုက်ရင်ရောဘယ်လိုလဲ"

ရှေးခေတ်က လူတစ်ဦး ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်လျှင် မိသားစုတစ်ခုလုံးနှင့် တစ်ရွာလုံးသို့ပင် ကံဆိုးစေတတ်သည်။

Continue Reading

You'll Also Like

55K 5.5K 73
လူတွေကကြောက်ဖို့ကောင်းတဲ့ပုံပြင်တွေပြောတဲ့အခါ သရဲပုံပြင်တွေကိုပြောကြတယ်။ ဒါပေမယ့်သရဲတွေပုံပြောကြတဲ့အခါမှာတော့ ပိုပြီးကြောက်စရာကောင်းတဲ့ လူသားတွေရဲ့အက...
136K 14.9K 116
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
281K 21.8K 186
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...
5.4M 720K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...