သခင့်ခြေတော်ရင်း [Completed]

By Ennia_Yawn

141K 5.4K 1.5K

Title - သခင့်ခြေတော်ရင်း (သခင့္ေျခေတာ္ရင္း) Type - Own Creation, Myanmar BL, Mpreg မင်းရဲ့ခန္ဓာကိုယ... More

Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Final
Extra (1)
Extra (2)

Chapter 1

17.3K 393 100
By Ennia_Yawn

ပုဂံမြို့၏ ဆောင်းနှောင်းညနေ။

ညောင်ဦးဘက်ဆီမှနေ တမာစိမ်းစိမ်း ထနောင်းစိုစိုများ အစီအရီ မြင်တွေ့နိုင်သော ကားလမ်းတလျှောက်ပေါ်၌ မြင်းလှည်းတစ်စီး ခပ်ဖြည်းဖြည်း မောင်းနှင်လာလျက်ရှိသည်။ အာနန္ဒာဘုရားကို လွန်သည်နှင့် သမိုင်း‌ကြောင်းကြီးသည့်ပုဂံ၊ ရာဇဝင်ထုထည်ကြီးလှသည့် ပုဂံမြေပေါ်၌ အတိတ်ကမူ ပုဂံဘုရင်များ ဝင်ထွက်သွားလာခဲ့ရာ သရပါတံခါးကြီးဆီသို့ ရောက်ရှိလာသည်။

အလွန်မြင့်၊ အလွန်ထုထည်ကြီးသော သရပါ တံခါးအဝင်၌ တမာပင်စိမ်းစိမ်းများကို ကျိုးတိုးကျဲတဲ တွေ့မြင်ရသည်။ အလွန်ပူပြင်းသောအရပ်၊ မြေကြီးက ကြေးနီရောင်သမ်းနေသော အရပ်ဟု ဆိုတတ်ကြသည့် ပုဂံမြေက ယခု ဆောင်းနှောင်းကာလ၌မူ မြူခိုးတွေ ရစ်သိုင်းလွှမ်းခြုံလျက်ရှိပေသည်။

တအိအိမောင်းနှင်လာခဲ့သော မြင်းလှည်းရပ်တန့်သွားချိန်၌ မြင်းလှည်းပေါ်ရှိ ကောင်လေးတစ်ယောက် ကျောပိုးအိတ်ကိုလွယ်လို့ လှစ်ခနဲ ခုန်ဆင်းလိုက်သည်။

မျက်စိတစ်ဆုံးမြင်လေရာရာ၌ ဘုရားစေတီပုထိုးများ ပြည့်နှက်နေသော ဒီနယ်မြေပေါ်သို့ သူ ခြေပြန်မချဖြစ်ခဲ့တာ အချိန်ကာလ ကြာမြင့်စွာ ရှိနေပေပြီ။

"လူလေး ပြောတဲ့ စံအိမ်က ဒီကနေ ဆင်းပြီး လမ်းလျှောက်သွားမှပဲ ရမယ်။ အခုရက်ပိုင်း အဲ့စံအိမ်ရှေ့ထိ ဘယ်ယာဉ်မှ သွားလို့မရဘူး"

ထိုလူငယ်လေး ခေါင်းညိတ်ပြလာတာမို့ ကျသင့်ငွေကို ယူပြီးတာနှင့်တပြိုင်နက် သူ့မြင်းလှည်းကို လာရာလမ်းအတိုင်း ပြန်ကွေ့သွားသည်။

ပခုံးတစ်ဖက်ထဲပေါ်၌ ကြိုးနှစ်ဖက်လုံး စုလွယ်ထားသည့် ကျောပိုးအိတ်ကြိုးကို ထိုကောင်လေး ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ သွားလိုသည့်နေရာသို့ ခြေကျင်ဆက်လျှောက်ရ၏။

ပုဂံ၊ ညောင်ဦး၊ ပုပ္ပားတစ်ဝိုက်၌ ဒီစံအိမ်သခင်ကို မသိသူမရှိပေ။ ဦမဟာဓိရာဇ် နေထိုင်ရာ စံအိမ်တော်ဖက်သို့ နေမဝင်ခင် ခပ်သုတ်သုတ် လျှောက်လှမ်းလာရသည်။

မြေဧကပေါင်းများစွာပေါ်‌၌ တည်ဆောက်ထားသည့် စံအိမ်နားအရောက်၌မူ သူ့လို ခပ်သွက်သွက် လျှောက်လှမ်းနေကြသော အမျိုးသားများစွာကို ‌တွေ့လိုက်ရ၏။ စံအိမ်အဝင်ဝ၌ သက်တော်စောင့်များစွာ ရှိနေပြီး သူ့ရှေ့က ဝင်သွားသည့် အမျိုးသားများကို အော်ဟစ်ငေါက်ငမ်းနေကာ မခန့်လေးစား ဆက်ဆံပြီးမှ စံအိမ်ထဲ ဝင်ခွင့်ပြုလိုက်တာကို မြင်လိုက်ရသည်။

"နောက်တစ်ယောက်"

နောက်ထပ်လူထပ်ဝင်လာချိန်၌ စံအိမ်တံခါးဝရှေ့၌ ခုံချပြီး လျှောက်လွှာများစစ်ဆေးနေသည့် လေးဆယ်ကျော်ခန့်အရွယ်ရှိမည့် ထိုလူ စိတ်မရှည်စွာ ခပ်မာမာ ပြောပြန်သည်။

"မှတ်ပုံတင်နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးလေ၊ ဒါလေးတောင် အဆင်သင့်မထုတ်ထား. . ."

သူ့ခုံပေါ် ပစ်တင်လာသော ဖိုင်တွဲအရှိန်ကြောင့် ထိုလူ ဒေါသထွက်စွာ ဖျတ်ခနဲ မော့ကြည့်လိုက်ချိန် အတော်လေးကိုမှ ငယ်ရွယ်လွန်းကာ ချောမောပြေပြစ်လွန်းသည့် ရုပ်ရည်ရှိသော လူငယ်လေးကို တွေ့လိုက်ရတာမို့ မျက်မှောင်ကြုတ်ကာ ‌မေးလိုက်၏။

"မင်း အသက်ပြည့်ပြီလား၊ ဟက်၊ ဒါ သခင်လေးအတွက် သက်တော်စောင့် ရွေးချယ်ပွဲနော်၊ မင်း တိုက်ရော တိုက်ခိုက်တတ်ရဲ့လား၊ လာရှုပ်မနေနဲ့"

ဒီကောင်လေး၏ပုံစံက သခင်လေးကတောင် သူ့ကို ပြန်ကာကွယ်ပေးနေရဦးမည့် အသွင်ရှိသည်။

"ဘာလုပ်ပြရမလဲ၊ ဒီခုံကို တစ်ခါထဲ နှစ်ပိုင်းကျိုးသွားအောင် ချိုးပြရမလား၊ ခင်ဗျားခေါင်းနှစ်ခြမ်းကွဲ‌သွားအောင် လုပ်ပြရမလား။ ခရီးပန်း‌နေပြီ၊ သောက်ပိုတွေ‌ ပြောမနေဘဲ အမြန်စာရင်းသွင်းပေး"

ထိုကောင်လေး၏ မျက်ဝန်းတွေက ကြည့်ကောင်းသည့် မျက်နှာလေးနှင့် မလိုက်ဖက်စွာ စူးရဲနေခဲ့၏။ သူ့ခုံကို ဆုပ်ကိုင်ထားသည့် ထိုကောင်လေး၏ လက်ဖျံပေါ်၌ သွေးကြောများပင် ထင်းထလာတာကို မြင်လိုက်ရချိန်၌ သူ အပိုစကားမပြောတော့ဘဲ ထိုကောင်လေး၏ မှတ်ပုံတင်နှင့် ကိုယ်ရေးအချက်အလက်ကိုသာ ခပ်မြန်မြန်စစ်ဆေးလိုက်ပြီး စာရင်းသွင်းလိုက်ရ၏။

- နှောင်ကြိုးရိပ် ၊ အသက်နှစ်ဆယ် -

ထိုဘိုးတော်လက်ထဲက သူ့မှတ်ပုံတင်ကို ပြန်ယူလိုက်ပြီး စံအိမ်ဝင်းထဲသို့ နှောင်ကြိုးရိပ် အောင်မြင်စွာ ဝင်ရောက်လာနိုင်ခဲ့သည်။ အလွန်ကျယ်ဝင်းလှကာ အဆောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် စံအိမ်ကြီးပေမို့ အိမ်ကြီးရှင်များရှိရာ အိမ်ဝင်းနားကပ်ဖို့တော့ သူ့အတွက် အလှမ်းဝေးလျက်ရှိနေသေးသည်။

အခုရက်ပိုင်းအတွင်း ဦးမဟာဓိရာဇ်၏ တစ်ဦးတည်းသောမြေးဖြစ်သည့် ဆိုးသွမ်းမှုအရာ၌ ထိုသခင်လေးကို မည်သူမျှ လိုက်မမီဘူးဟု နာမည်ကြီးလှသူ သခင်လေးတေဇဓိရာဇ် အတွက် သက်တော်စောင့်ရွေးချယ်ပွဲရှိသည်။ အသက်နှစ်ဆယ်ပြည့်ပြီးသည့် ကိုယ်ခံပညာကျွမ်းကျင်‌‌သော မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ထိုထဲမှ တစ်ဦးကို ‌ဦးမဟာကိုယ်တိုင် ရွေးချယ်သွားမှာ ဖြစ်သည်။

---------------------

ည‌သန်းခေါင်ကျော်ချိန်အထိ ကလပ်ထဲ၌ သောင်းကျန်းထားခဲ့သည့် တေဇဓိရာဇ်၏ မနက်ခင်းက နှိုးစက်သံကြားသည်နှင့် ယမကာအရှိန်ကြောင့် အုံခဲနေသော ခေါင်းကို မနည်းထူမတ်ရင်း အိပ်ရာအောက်ဆင်းရသည်။

ညက တော်တော်လေးမူးနေတာကြောင့် ကလပ်ထဲ၌ သူနှင့် အကြည်စိုက်ခဲ့ရသည့် အလှလေးနဲ့ သေချာအချိန်ဖြုန်းလိုက်ရရဲ့လားဆိုတာကိုပင် ဝေဝေဝါးဝါးဖြစ်လျက်ရှိ၏။

ညက ယိုင်ထိုးနေသော ခြေလှမ်းများကို တရွတ်ဆွဲ လျှောက်လာရတာကြောင့် သူ့အခန်းကိုပင် သေချာမကြည့်နိုင်ခဲ့။ ထို့အတွက် အခုမနက်မှပဲ သူ့ကုတင်၏ ခပ်လှမ်းလှမ်း၌ တစ်ယောက်အိပ် ကုတင်အသေးတစ်လုံး ရှိနေတာကို တွေ့လိုက်ရတာကြောင့် အပြင်က စောင့်ကြပ်နေသူတွေကို ချက်ချင်း ဘဲလ်တီးခေါ်လိုက်သည်။

"ဒီကုတင်အပိုက ဘာလုပ်ထားတာလဲ"

"အဲ့ဒါက သခင်လေးရဲ့ သက်တော်စောင့်အသစ်အတွက် အိပ်ရာပါ။ သခင်ကြီးက ဒီတစ်ခါလုပ်ကြံမှုဖြစ်သွားပြီးကထဲက သခင်လေးကို အရမ်းစိုးရိမ်နေပါတယ်။ ဒီတစ်ခါ သက်တော်စောင့်ကိုတော့ သေချာ‌ရွေးချယ်ပြီးတာနဲ့ သခင်လေးဘေးမှာ ညအိပ်ချိန်တောင် သက်တော်စောင့်နဲ့ နှစ်ဆယ့်လေးနာရီ အတူရှိနေရမယ်လို့ အမိန့်ထုတ်ထားလို့ သူ့အတွက် အိပ်ရာပါ ပြင်ပေးထားရတာပါ"

"ကျစ်၊ အဖိုးကတော့ လုပ်ပြန်ပြီ၊ အဲ့သက်တော်စောင့်တွေ ဘေးမှာ ရှိနေတာ မကြိုက်ပါဘူးဆိုကွာ"

ကုတင်ပေါ်က ထလာပြီး ဝုန်းဒိုင်းကြဲကာ စိတ်ဆိုးလျက်ရှိသော သခင်လေးကို သူ ဘာမှပြန်မပြောရဲတော့တာမို့ ခေါင်းသာ အငုံ့ကြီးငုံ့ထားမိတော့သည်။

တေဇ အံကြိတ်လိုက်၍ ထိုရပ်နေသူအား လက်ယမ်းပြီး နှင်ထုတ်လိုက်သည်။ အချုပ်အနှောင်မရှိဘဲနေချင်သူဖြစ်သည့်သူ့အတွက် အလှလေးတောင် တစ်ရက်ကိုတစ်ယောက် ဘားသွားကလပ်တက် ခေါ်တတ်သူဖြစ်သည်။

သူ့ကို သက်တော်စောင့်နှင့် လွှတ်စရာမလိုအောင်လည်း သန်မာသူဖြစ်၏။ ထို့ကြောင့်လည်း လတ်တလောလေးတွင် ဖြစ်ပွားခဲ့သည့် လုပ်ကြံမှုကိုပင် သက်တော်စောင့်မလိုဘဲ သူ့ဘာသာသူ ကာကွယ်နိုင်ခဲ့သူဖြစ်သည်။ သူ့လက်ချက်ဖြင့် သက်တော်စောင့်တွေလည်း တစ်ပတ်တောင် မနေနိုင်ကြပေ။ သည်းမခံနိုင်အောင်လည်း ပညာပြခဲ့သူ ဖြစ်၏။

သို့ပေသိ အဖိုး၏ စိုးရိမ်မှုက အခုတစ်ခေါက်၌ ပိုတောင်ဆိုးသွားသည့်အလားပါပင်။ ယခုချိန်ထိ အာဏာရှိသော်လည်း အလုပ်မရှိတော့ဘဲ နေနေရသည့် သူ့အဖိုးက အားယားနေပုံရ၏။ သက်တော်စောင့်ကိုတောင် ပြိုင်ပွဲလုပ်ပြီး ‌‌ရွေးချယ်နေသေး၏။

ညက အင်္ကျီတောင်မလဲနိုင်ဘဲ ထိုးအိပ်ခဲ့မိတာမို့ ကိုယ်ပေါ်က အင်္ကျီတွေကို ရေချိုးခန်းထဲမဝင်ခင် ဆွဲချွတ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ တေဇဓိရာဇ် ချွတ်ပုံထားလိုက်သည်။ ခြောက်ပေကျော် အရပ်အမောင်းရှိကာ ကျစ်လစ်သန်မာသည့် သူ့ခန္ဓာကိုယ်ကို ကိုယ်လုံးပေါ်မှန်ရှေ့၌ တေဇ တစ်ချက်စစ်ဆေးကြည့်လိုက်သည်။ ကိုယ်ပေါ်၌ ဘာအမှတ်အသားမှ မမြင်မိတာမို့ ညက အလှလေးနဲ့ ဘာမှတောင် မဘာလိုက်ရပုံပင်။

ထိုကဲ့သို့ စစ်ဆေးနေရင်းနဲ့မှ တေဇတစ်ယောက် သူ၏ ပိရိသေသပ်သော နှုတ်ခမ်းကို ကွေးညွှတ်သွားအောင် တစ်ချက်မဲ့ပြုံးပြုံးလိုက်ရင်း-

"ဒီသက်‌တော်စောင့်တစ်ကောင်လဲ ဘယ်နှစ်ရက်ခံမလဲ ကြည့်ကြသေးတာပေါ့"

-------------------

ကျယ်ဝန်းသော စံအိမ်ကြီးထဲ၌ စံအိမ်၏ အကြီးအကဲဟောင်းဖြစ်သူ ဦးမဟာဓိရာဇ်၏ အိပ်ဆောင်က အိမ်၏ ညာဖက်အစွန်၌ သီးသန့်တည်ရှိသည်။ အိမ်၏ ဘယ်ဖက်အစွန်၌ တေဇဓိရာဇ်၏ အိပ်ဆောင်က တခမ်းတနား တည်ရှိ၏။ အိမ်၏အလယ်တည့်တည့် ပင်မအဆောင်၌မူ ယခုလက်ရှိ စံအိမ်၏ သခင်ဖြစ်သူ ဦးရာဇဓိရာဇ်နှင့် စံအိမ်၏ သခင်မဖြစ်သည့် ဒေါ်ဇာဇာဟန်သာတို့ နေထိုင်လျက်ရှိခြင်းဖြစ်သည်။

မျိုးရိုးစဉ်ဆက် ကျောက်စိမ်းကုန်သည်တွေဖြစ်ခဲ့ကြပြီး ပြည်တွင်းပြည်ပ ခရီးသွားများ သုံးရာသီလုံး ရှိ‌နေတတ်သော ပုဂံ၌ ဟိုတယ်ပေါင်းများစွာကို ပိုင်ဆိုင်ထားကြသည့် ဒေါ်လာဘီလီယံ‌ပေါင်းများစွာ ချမ်းသာသော အိမ်ကြီးရှင်များပင်။

ဦးမဟာ၏အိပ်ဆောင်ရှိရာ အိမ်ဝင်းထဲ၌ တစ်ဦးတည်းသော သားဖြစ်သူနှင့် ချွေးမဖြစ်သူတို့ကြား ဦးမဟာ မနက်ခင်း စကားလက်ဆုံကျလျက်ရှိ၏။

"ဇာဇာ ‌ခဏနေလောက်ဆို တေဇအတွက် အိမ်ထောင်ဖက်တစ်ယောက် ရောက်လိမ့်မယ်။ သမီးကြည့်ပြီး အကဲခတ်ကြည့်လိုက်၊ အဖေကတော့ သူ့ကို တော်တော်လေး သဘောကျမိတယ်။ တေဇ ကြိုက်တဲ့ ပြစ်မျိုးမှဲ့မထင် အလှမျိုး ရှိတယ်။ အဓိကကတော့ ဘယ်သူနဲ့မှလဲ မပတ်သက်ဖူးတာပဲ"

ဇာဇာ သူ့အမျိုးသား ဦးရာဇကို မသိမသာ တစ်ချက်လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူ့ယောက္ခထီးဖြစ်သူ ဦးမဟာက သူ့မြေး ပွေရှုပ်နေတာကိုတော့ အလိုလိုက်ထားသူဖြစ်ကာ သူ့မြေး၏အိမ်ထောင်ဖက်ကတော့ ယင်ဖိုတောင် မသန်းဖူးသူ ဖြစ်ရမည့်အထိ ‌ရွေးချယ်နေသူဖြစ်၏။

ထိုစဉ် သူတို့စကားဝိုင်းထဲသို့ တေဇ ရောက်လာပြီမို့ ဦးရာဇ အံကြိတ်ပြောလိုက်မိသည်။

"မင်း ညကလည်း လူမှန်းသူမှန်းမသိ သောက်လာပြန်ပြီ၊ ဘာလဲ၊ လုပ်ကြံရလွယ်အောင် အနေအထိုင် မဆင်ခြင်တာလား၊ ပြီးတော့ ငါ ပြောထားတယ်နော်၊ မင်းရဲ့အိမ်ထောင်ရေးက ငါတို့ရွေးပေးထားတဲ့သူနဲ့ပဲ အကြောင်းပါရမှာ၊ မင်း တခြားသူနဲ့ အိပ်လာတဲ့အဆင့်ထိဖြစ်လာရင် သေမယ်"

သူ့သားအား ဆူပူလို့ပင် မဆုံးသေးခင် ဦးမဟာ သူ့ခုံကို ဝုန်းခနဲ ထုရိုက်လိုက်တာကြောင့် ဦးရာဇ အရှိန်သတ်လိုက်ရသည်။

"မင်း ငါ့မြေးကို ဆူပြန်ပြီလား၊ ဒီခေတ်မှာ တခြားသူနဲ့ အိပ်လာတာ အဆန်းလားဟ၊ ငါ့မြေးလုပ်ချင်တာ လုပ်ပစေ၊ ကလေးကို စိတ်ချမ်းသာအောင် ထားစမ်းပါကွ"

တေဇ သူ့အဖိုးနား‌မှာသာ တန်းဝင်ထိုင်လိုက်ကာ တစ်‌ခေါင်းလုံး ဖြူနေသည့် အဖိုး၏ ပခုံးကို တယုတယ သိုင်းဖက်ထားလိုက်ရင်း-

"အဖိုးကို အဲ့ဒါတွေကြောင့် ချစ်ရတာ၊ ဒါ‌နဲ့ ကျွန်တော့်အတွက် သက်တော်စောင့်တွေ မထားလို့မရဘူးလား၊ ကျွန်တော် အလှလေးတွေနဲ့ လွတ်လွတ်လပ်လပ် သွားချင်တာလေ"

"ဒါတော့ ဒီအဖိုးဆန္ဒကို လိုက်လျောပေးပါကွာ၊ ငါ့မြေးလေး တစ်ခုခုဖြစ်ရင် အဖိုး တကယ်ရင်ကျိုးရမှာ၊ ငါ့မြေးဘေးမှာ အရမ်းတော်တဲ့ သက်တော်စောင့် တစ်ယောက် ထပ်ကြပ်မကွာ ရှိနေမှ အဖိုး ညညစိတ်ချလက်ချ အိပ်နိုင်မှာ၊ ဒီတစ်ခုပဲ အဖိုးဆန္ဒကို မငြင်းပါနဲ့"

တေဇ သက်ပြင်းသာ ချလိုက်သည်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အဖိုးနဲ့ ဆန့်ကျင်ပြီး မပြောချင်တော့ပေ။ သူ့အစီအစဉ်နဲ့သူသာ ထိုကောင်တွေ သူတို့ခြေထောက်နဲ့ ထွက်ပြေးသွားအောင် ထပ်လုပ်ဖို့ပဲ ကြံစည်လိုက်တော့သည်။

"မြေးအတွက် ဒီနေ့ ကြင်ယာဖက်တစ်ယောက် လာလိမ့်မယ်၊ သူ့ကိုလည်း ကြည့်ကြည့်ဦးလေ၊ ဒီတစ်ခါတော့ ငါ့မြေးသဘောကျလောက်မယ်"

"ကောင်လေးလား၊ ကောင်မလေးလား"

"ကောင်လေးပါကွာ"

ဦးရာဇ ထိုမြေးအဖိုးကို စိတ်ကုန်လျက်ရှိသည်။ သူ့စိတ်ကို ထိန်းထားသည့်ကြားကပင် ဝင်ပြောလိုက်မိ၏။

"အဖေ ကျွန်တော့်သားကို အဲ့လောက်အလိုမလိုက်ပါနဲ့၊ ဒီကောင် ကောင်လေးတွေ ကြိုက်တယ်ဆိုတာနဲ့ အိမ်ထောင်ဖက်ထိ ကောင်လေး ‌ရွေးလို့မရဘူးလေ၊ မျိုးဆက်အတွက်. ."

"တိတ်စမ်း၊ မျိုးဆက်က အရေးကြီးလား၊ ငါ့မြေးစိတ်ချမ်းသာဖို့က အရေးကြီးလား၊ အိမ်ထောင်ဖက်က ကောင်လေးဖြစ်နေရင်တောင် ငါ့မြေးရဲ့မျိုးဆက်ရအောင် လုပ်တာများ ဘာခက်တာမှတ်လို့"

တေဇ သူ့အဖေအား မျက်ခုံးပင့်ပြလိုက်ပြီး အဖိုးဘေးမှနေ အောင်နိုင်သူပြုံး လှမ်းပြုံးပြလိုက်သည်။

"အဖိုးပြောထားတာတော့ မမေ့နဲ့နော်၊ ကျွန်တော် ရှာနေတဲ့သူမဟုတ်မချင်း အတင်းမပေးစားရဘူး၊ မဟုတ်ရင် ကျွန်တော် အိမ်က ထွက်ပြေးသွားမှာ"

ဦးရာဇ ထိုအချိုးမပြေသည့်ဟာလေးအား ထမရိုက်မိအောင် ကြိုးစားနေရသည်။ ဒေါ်ဇာဇာခမျာ သူ့အမျိုးသားအား စိတ်လျှော့ဖို့ တိတ်တဆိတ် ဖျောင်းဖျနေရှာသည်။

"ဒါဆို ကျွန်တော် မနက်စာ သွားစားဦးမယ်"

ဦးမဟာ သူ့မြေးလေး၏ ပါးပြင်ကို ကြင်နာစွာ မွှေးကြူလိုက်ပြီး အစာမခံဖို့ မှာလိုက်မိသေး၏။ သူ့မြေးလေးက ဒီနှစ်ထဲ၌ နှစ်ဆယ့်ငါးနှစ်ပြည့်သွားပြီဖြစ်သော်လည်း သူ့အတွက်တော့ ငါးနှစ်သားလေးလိုပဲ ချစ်မဝ အလိုလိုက်မဝ ဖြစ်လျက်ရှိဆဲပင်။

-----------------

တစ်ညလုံး အိမ်ကြီးရှင်တွေ၏ မျက်နှာကို မြင်ရဖို့ ကြံစည်နေသည့် နှောင်ကြိုးရိပ် ဒီမနက်၌မူ စားဖိုဆောင်ဖက်သို့ မယောင်မလည် ရောက်ရှိလာခဲ့သည်။

စားဖိုဆောင်ဖက်သို့ အလိုမကျသည့် ခြေလှမ်းများဖြင့် တေဇဓိရာဇ်လည်း လျှောက်လှမ်းလာခဲ့သည်။ တစ်ယောက်ယောက်နှင့် အတည်တကျ အိမ်ထောင်လည်းမပြုချင်၊ သက်တော်စောင့်လည်း မထားချင်သည့် သူ့အား အဖိုးနှင့် အဖေက နေ့တိုင်း စိတ်ရှုပ်အောင် လုပ်နေကြတာမို့ သူ စိတ်ညစ်ညူးစွာ ခေါင်းမှ ဆံနွယ်များကို ထိုးဖွရင်း လျှောက်လာစဉ် စားဖိုဆောင်၏ အပြင်ဖက် လှေကားထစ်၌ ရပ်လျက်ရှိသည့် ရင်အေးစရာ ၊ ခေါင်းကြည်စရာ ၊ မျက်စိပသာဒရှိစရာ အလှလေးတစ်ယောက်ကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။

တေဇ ထိုအလှလေးကို ဒီစံအိမ်ထဲ၌ မမြင်ဖူးတာမို့ ထိုကောင်လေး၏ ခပ်လှမ်းလှမ်း၌ ရပ်လိုက်ကာ စိုက်ကြည့်လျက်ရှိတာကြောင့် ထိုကောင်လေး၏ ပါးပြင်က ချက်ချင်းလိုလို ရဲတက်လာသည်။ တေဇ အလွန်သဘောကျတတ်သည့် နူးညံ့တဲ့သွင်ဟန်ရှိသော အလှလေးများလိုပဲပေမို့ ထိုအလှလေးနားသို့ တိုးကပ်သွားမိသည်။

"ကိုယ် မင်းကို အရင်က ဒီအိမ်ထဲမှာ မမြင်ဖူးပါဘူး"

သူ့ခင်ပွန်းလောင်းကို တန်းတွေ့လိုက်ရသည့် လင်းညှို့သွင်၏ မျက်ဝန်းများက ‌ရှက်ရိပ်သန်းသွားလေသည်။

"ကျွန်တော် သခင်လေးရဲ့ အဖိုးဆီ လာလည်တာပါ။ ကျွန်တော်က သခင်လေးရဲ့ အိမ်ထောင်ဖက်. . ."

လင်းညို့သွင် ပြောလို့ပင် မဆုံးသေးခင် သူ့မေးဖျားကို သခင်လေးက ဖျတ်ခနဲ ပင့်မော့လိုက်ပြီး စိန်ကုန်သည်တွေ သူတို့စိန် အရည်အသွေးကို စစ်ဆေးနေသကဲ့သို့ သူ့မျက်နှာကို ဘယ်လှည့်ညာလှည့် ဖျစ်ညှစ်ထားရင်း ကြည့်နေတာမို့ သူ လန့်သွားခဲ့ကာ သခင်လေး၏ ခါးမှ အင်္ကျီစကို ဆုပ်ကိုင်လိုက်မိသည်။

အဖိုးပြောသည့် သူ့အိမ်ထောင်ဖက်လောင်းဆိုတာမှန်း တန်းရိပ်မိလိုက်သည့် တေဇတစ်ယောက် ထိုကောင်လေး၏ မျက်နှာကို သေချာစစ်ဆေးလိုက်ရင်း ဒီကောင်လေးက တော်တော်လေး လှလွန်းသူမို့ အနည်းငယ် သဘောကျမိသွားသည်။

ထို့ကြောင့် သူ့ခန္ဓာကိုယ်ကို ထပ်ငုံ့ကိုင်းလိုက်ပြီး ထိုအလှလေးမျက်နှာနား တိုးကပ်လိုက်ချိန် သူတို့နောက်က ချောင်းဟန့်သံ ထွက်လာတာကြောင့် အရှိန်ပျက်သွားရသည့် တေဇတစ်ယောက် မျက်မှောင်ကြုတ်ရင်း လှည့်ကြည့်လိုက်သည်။

ထိုမြင်ကွင်းအား နှောင်ကြိုးရိပ် မျက်နှာဆယ်ခေါက်ချိုးဖြင့် စိုက်ကြည့်နေကာ သူသာ နဂါးတစ်ကောင်ဆိုလျှင် အဲ့ကောင် ဒီနေရာမှာ ချက်ချင်းပြာကျသွားနိုင်လောက်သည့်အထိ ‌စူးစူးရဲရဲ ရပ်ကြည့်နေသည်။

တေဇဓိရာဇ်. . .ဘယ်သူ့ကိုမှ မကြောက်တတ်သည့်၊ ဘယ်သူကမှ ဒီနေ့ဒီအချိန်ထိ သူ့ကို ထိန်းချုပ်လို့မရခဲ့သည့် သူ့အား ဒီခဏလေးက အံ့ဩစရာကောင်းလောက်စွာ မဟုတ်တာလုပ်နေတာကို ဆရာရှေ့၌ မိသွားသည့် ကျောင်းသားလေးလို၊ သူ့လက်ထဲက ခိုးရာပါပစ္စည်းကို ရှင်ဘုရင်ရှေ့ လက်ပူးလက်ကြပ် မိသွားခဲ့သလိုထိ သူ ရုတ်တရက်ကြီး ထိတ်လန့်သွားခဲ့သည်။ ထိုကြောင့်လားမသိ၊ သူ့ဒူးများပင် ခွေကျသွားချင်သလိုထိ ဖြစ်သွားခဲ့၏။

သခင်လေး၏ အပြုအမူကြောင့် ထိတ်လန့်သွားခဲ့ရသည့် လင်းညှို့သွင်မှာမူ လူစိမ်းဆီ‌ သခင်လေး အာရုံရောက်သွားချိန်၌ ဖျတ်ခနဲ စားဖိုဆောင်ထဲသို့ ဝင်ပြေးသွားတော့သည်။

ထိုလူစိမ်းကောင်လေး‌ရှေ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေသည့် တေဇဓိရာဇ်အတွက် အခုအခြေအနေကို လက်မခံနိုင်တာကြောင့် ဟန်မပျက်စွာ လေချွန်လိုက်ရင်း ထိုနဂါးဘီလူးကောင်၏ရှေ့က ထွက်သွားဖို့ ပြင်သည်။

သို့ပေသိ သူ့ခြေလှမ်းတွေက ခဲဆွဲထားသလို ဖြစ်နေပြီး သူပိုင်သည့် သူ့ခန္ဓာကိုယ်က ပြုစားခံရသူလို ဖြစ်နေသည့်အလား ထိုနဂါးလိုကောင်ကို လည်ပြန်ကြည့်လိုက်မိ၏။ ထိုကောင်ကလည်း သူ့အား စိုက်ကြည့်နေဆဲပင် ရှိသေး၏။

ထိုနဂါးလိုကောင်အပေါ် တေဇ၏ ပထမဆုံးအမြင်ကို ပြောပါဆိုလျှင် ဒီကောင်လေးက သူ မြင်ဖူးသမျှ ကောင်လေးတွေထက်ပင် ယှဉ်လို့မရနိုင်အောင် ပိုးစိုးပက်စက်၊ ရက်ရက်စက်စက် လှပါသည်ဟု ဆိုရပါလိမ့်မည်။ သို့ပေသိ ထိုတစ်ယောက်အပေါ် ဖြစ်မိသည့် စိတ်ခံစားချက်ကို ပြောပါဆိုလျှင်တော့ လှပါသည်ဆိုပြီး ငေးကြည့်ဖို့နေနေသာသာ တေဇအတွက် သူနဲ့ မသက်ဆိုင်ဖူးသည့် ကြောက်ပါသည်ဟူသော ခံစားချက်သာ ထိုတစ်ယောက်ရှေ့၌ တရိပ်ရိပ် ထိုးတက်လာသည်။

တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်၊ လေးစက္ကန့်...

တေဇ၏ ထိုတစ်ယောက်အပေါ် မျက်တောင်မခတ်တမ်း အကြည့်များက လေးစက္ကန့်လောက် ကြာသွားပြီးချိန်၌ သူ့မျက်တောင်တစ်ချက် ခတ်လိုက်မိသည်။ ရှည်လျားထူထဲလှသော တေဇ၏ မျက်တောင်များ တစ်ချက်ပိတ်ကျသွားပြီး ပြန်အဖွင့်လေးမှာပင် တေဇ၏ ပါးပေါ်သို့ မျက်ရည်စက်များ စီးကျလာတာကြောင့် တေဇ ထိုကောင်လေးအား ထိတ်လန့်တကြား ကျောခိုင်းလိုက်မိ၏။

သူ မငိုတတ်သလို အခုလည်း ငိုစရာ မရှိဘူးလေ၊ အဲ့ဒါကို သူ့ဘာသာသူ မျက်ရည်က အလိုလို စီးကျလာခြင်းဖြစ်တာမို့ ထိုနေရာမှနေ စားဖိုဆောင်ထဲသို့ ခြေလှမ်းကျယ်များဖြင့် အမြန်လျှောက်ဝင်သွားရတော့သည်။

"ဒီကောင်က ဘာတုန်းဟ၊ စုန်းလိုလို နဂါးလိုလိုနဲ့"

စားဖိုဆောင်ထဲ တချိုးတည်း တန်းဝင်သွားသည့် တေဇဓိရာဇ်အား ရိပ် တစ်ချက်လိုက်ကြည့်လိုက်ချိန် ခုနပြေးဝင်သွားသည့် ကောင်လေးနဲ့ စားပွဲဝိုင်းနား၌ ပြီတီတီ လုပ်နေပြန်တာကို ‌တွေ့လိုက်ရတာကြောင့် သူ့လက်ချောင်းများကို ခပ်တင်းတင်းဆုပ်လိုက်မိသည်။

"ဒီကောင်က ကြားထားတဲ့အတိုင်း တကယ် ငပွေပဲ"

စံအိမ်က လုံခြုံရေး အလွန်တင်းကြပ်ပုံများ စားဖိုချောင်ဖက်မှာပင် မျက်လုံးများစွာ ရှိနေတာမို့ နှောင်ကြိုးရိပ် လက်လျှော့ပြီး သူ့နေရာသို့ ပြန်သွားလိုက်ရသည်။

သူ့အကြံအစည်တွေ မအောင်မြင်သေးဘဲ ဒီအိမ်ထဲကလူတွေ သူ့ကို သင်္ကာမကင်း ဖြစ်သွားကြလို့မဖြစ်။ သူ ဒီနှာကြောတစ်တောင်လောက်ရှည်သည့် တေဇဓိရာဇ်၏ အနီးကပ် သက်တော်စောင့် ဖြစ်ဖို့ အရင်ကြိုးစားရပေဦးမည်။

ခုနမြင်ကွင်းက ရိပ်အား အလွန်ဒေါသထွက်သွားစေသော်လည်း ကြိတ်မှိတ်သည်းခံနေရ၏။ တေဇဓိရာဇ်ဆိုသည့် ဒီကောင့်ရဲ့ ခန္ဓာကိုယ်နဲ့ နှလုံးသားကို သူ တစ်ယောက်ပဲ ပိုင်ချင်တာဖြစ်၏။ ဒီကောင် သူ့ခြေတော်ရင်းမှာ ဝပ်ဆင်းလာ‌အောင် သူ လုပ်ချင်တာဖြစ်၏။

နှောင်ကြိုးရိပ် ထိုကောင့်အား စိတ်ထဲကနေ ကျိန်ဆဲလျက်ရှိသည်။ ဒီကောင် သူ သည်းခံနိုင်သည့်အတိုင်းအတာထက် ကျော်လွန်ပြီး ပွေရှုပ်နေမည်ဆိုလျှင်တော့ ဒီကောင့်ကို တခြားဘာမှမလုပ်နိုင်သေးခင် ဒီကောင့်ရဲ့ ဖွားဖက်တော်ကို အရင်းကနေ ဖြတ်ထုတ်ပြီး ခွေးကျွေးပစ်လိုက်မှာဖြစ်သည်။

________________________

နောက်ထပ် ဖန်တီးမှုလေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ပုဂံမြေပေါ်က လူဆိုးလေးနှစ်ယောက်ကို ထပ်ပြီး အဖော်ပြုပေးကြပါဦးလို့။ 👻

________________________

23.10.2023

[Zawgyi]

ပုဂံၿမိဳ႕၏ ေဆာင္းေႏွာင္းညေန။

ေညာင္ဦးဘက္ဆီမွေန တမာစိမ္းစိမ္း ထေနာင္းစိုစိုမ်ား အစီအရီ ျမင္ေတြ႕နိုင္ေသာ ကားလမ္းတေလွ်ာက္ေပၚ၌ ျမင္းလွည္းတစ္စီး ခပ္ျဖည္းျဖည္း ေမာင္းႏွင္လာလ်က္ရွိသည္။ အာနႏၵာဘုရားကို လြန္သည္ႏွင့္ သမိုင္း‌ေၾကာင္းႀကီးသည့္ပုဂံ၊ ရာဇဝင္ထုထည္ႀကီးလွသည့္ ပုဂံေျမေပၚ၌ အတိတ္ကမူ ပုဂံဘုရင္မ်ား ဝင္ထြက္သြားလာခဲ့ရာ သရပါတံခါးႀကီးဆီသို႔ ေရာက္ရွိလာသည္။

အလြန္ျမင့္၊ အလြန္ထုထည္ႀကီးေသာ သရပါ တံခါးအဝင္၌ တမာပင္စိမ္းစိမ္းမ်ားကို က်ိဳးတိုးက်ဲတဲ ေတြ႕ျမင္ရသည္။ အလြန္ပူျပင္းေသာအရပ္၊ ေျမႀကီးက ေၾကးနီေရာင္သမ္းေနေသာ အရပ္ဟု ဆိုတတ္ၾကသည့္ ပုဂံေျမက ယခု ေဆာင္းေႏွာင္းကာလ၌မူ ျမဴခိုးေတြ ရစ္သိုင္းလႊမ္းၿခဳံလ်က္ရွိေပသည္။

တအိအိေမာင္းႏွင္လာခဲ့ေသာ ျမင္းလွည္းရပ္တန႔္သြားခ်ိန္၌ ျမင္းလွည္းေပၚရွိ ေကာင္ေလးတစ္ေယာက္ ေက်ာပိုးအိတ္ကိုလြယ္လို႔ လွစ္ခနဲ ခုန္ဆင္းလိုက္သည္။

မ်က္စိတစ္ဆုံးျမင္ေလရာရာ၌ ဘုရားေစတီပုထိုးမ်ား ျပည့္ႏွက္ေနေသာ ဒီနယ္ေျမေပၚသို႔ သူ ေျချပန္မခ်ျဖစ္ခဲ့တာ အခ်ိန္ကာလ ၾကာျမင့္စြာ ရွိေနေပၿပီ။

"လူေလး ေျပာတဲ့ စံအိမ္က ဒီကေန ဆင္းၿပီး လမ္းေလွ်ာက္သြားမွပဲ ရမယ္။ အခုရက္ပိုင္း အဲ့စံအိမ္ေရွ႕ထိ ဘယ္ယာဥ္မွ သြားလို႔မရဘူး"

ထိုလူငယ္ေလး ေခါင္းညိတ္ျပလာတာမို႔ က်သင့္ေငြကို ယူၿပီးတာႏွင့္တၿပိဳင္နက္ သူ႕ျမင္းလွည္းကို လာရာလမ္းအတိုင္း ျပန္ေကြ႕သြားသည္။

ပခုံးတစ္ဖက္ထဲေပၚ၌ ႀကိဳးႏွစ္ဖက္လုံး စုလြယ္ထားသည့္ ေက်ာပိုးအိတ္ႀကိဳးကို ထိုေကာင္ေလး ခပ္တင္းတင္းဆုပ္ကိုင္လိုက္ၿပီး သူ သြားလိုသည့္ေနရာသို႔ ေျခက်င္ဆက္ေလွ်ာက္ရ၏။

ပုဂံ၊ ေညာင္ဦး၊ ပုပၸားတစ္ဝိုက္၌ ဒီစံအိမ္သခင္ကို မသိသူမရွိေပ။ ဦမဟာဓိရာဇ္ ေနထိုင္ရာ စံအိမ္ေတာ္ဖက္သို႔ ေနမဝင္ခင္ ခပ္သုတ္သုတ္ ေလွ်ာက္လွမ္းလာရသည္။

ေျမဧကေပါင္းမ်ားစြာေပၚ‌၌ တည္ေဆာက္ထားသည့္ စံအိမ္နားအေရာက္၌မူ သူ႕လို ခပ္သြက္သြက္ ေလွ်ာက္လွမ္းေနၾကေသာ အမ်ိဳးသားမ်ားစြာကို ‌ေတြ႕လိုက္ရ၏။ စံအိမ္အဝင္ဝ၌ သက္ေတာ္ေစာင့္မ်ားစြာ ရွိေနၿပီး သူ႕ေရွ႕က ဝင္သြားသည့္ အမ်ိဳးသားမ်ားကို ေအာ္ဟစ္ေငါက္ငမ္းေနကာ မခန႔္ေလးစား ဆက္ဆံၿပီးမွ စံအိမ္ထဲ ဝင္ခြင့္ျပဳလိုက္တာကို ျမင္လိုက္ရသည္။

"ေနာက္တစ္ေယာက္"

ေနာက္ထပ္လူထပ္ဝင္လာခ်ိန္၌ စံအိမ္တံခါးဝေရွ႕၌ ခုံခ်ၿပီး ေလွ်ာက္လႊာမ်ားစစ္ေဆးေနသည့္ ေလးဆယ္ေက်ာ္ခန႔္အ႐ြယ္ရွိမည့္ ထိုလူ စိတ္မရွည္စြာ ခပ္မာမာ ေျပာျပန္သည္။

"မွတ္ပုံတင္နဲ႕ လိုအပ္တဲ့ စာ႐ြက္စာတမ္းေတြ ေပးေလ၊ ဒါေလးေတာင္ အဆင္သင့္မထုတ္ထား. . ."

သူ႕ခုံေပၚ ပစ္တင္လာေသာ ဖိုင္တြဲအရွိန္ေၾကာင့္ ထိုလူ ေဒါသထြက္စြာ ဖ်တ္ခနဲ ေမာ့ၾကည့္လိုက္ခ်ိန္ အေတာ္ေလးကိုမွ ငယ္႐ြယ္လြန္းကာ ေခ်ာေမာေျပျပစ္လြန္းသည့္ ႐ုပ္ရည္ရွိေသာ လူငယ္ေလးကို ေတြ႕လိုက္ရတာမို႔ မ်က္ေမွာင္ၾကဳတ္ကာ ‌ေမးလိုက္၏။

"မင္း အသက္ျပည့္ၿပီလား၊ ဟက္၊ ဒါ သခင္ေလးအတြက္ သက္ေတာ္ေစာင့္ ေ႐ြးခ်ယ္ပြဲေနာ္၊ မင္း တိုက္ေရာ တိုက္ခိုက္တတ္ရဲ႕လား၊ လာရႈပ္မေနနဲ႕"

ဒီေကာင္ေလး၏ပုံစံက သခင္ေလးကေတာင္ သူ႕ကို ျပန္ကာကြယ္ေပးေနရဦးမည့္ အသြင္ရွိသည္။

"ဘာလုပ္ျပရမလဲ၊ ဒီခုံကို တစ္ခါထဲ ႏွစ္ပိုင္းက်ိဳးသြားေအာင္ ခ်ိဳးျပရမလား၊ ခင္ဗ်ားေခါင္းႏွစ္ျခမ္းကြဲ‌သြားေအာင္ လုပ္ျပရမလား။ ခရီးပန္း‌ေနၿပီ၊ ေသာက္ပိုေတြ‌ ေျပာမေနဘဲ အျမန္စာရင္းသြင္းေပး"

ထိုေကာင္ေလး၏ မ်က္ဝန္းေတြက ၾကည့္ေကာင္းသည့္ မ်က္ႏွာေလးႏွင့္ မလိုက္ဖက္စြာ စူးရဲေနခဲ့၏။ သူ႕ခုံကို ဆုပ္ကိုင္ထားသည့္ ထိုေကာင္ေလး၏ လက္ဖ်ံေပၚ၌ ေသြးေၾကာမ်ားပင္ ထင္းထလာတာကို ျမင္လိုက္ရခ်ိန္၌ သူ အပိုစကားမေျပာေတာ့ဘဲ ထိုေကာင္ေလး၏ မွတ္ပုံတင္ႏွင့္ ကိုယ္ေရးအခ်က္အလက္ကိုသာ ခပ္ျမန္ျမန္စစ္ေဆးလိုက္ၿပီး စာရင္းသြင္းလိုက္ရ၏။

- ေႏွာင္ႀကိဳးရိပ္ ၊ အသက္ႏွစ္ဆယ္ -

ထိုဘိုးေတာ္လက္ထဲက သူ႕မွတ္ပုံတင္ကို ျပန္ယူလိုက္ၿပီး စံအိမ္ဝင္းထဲသို႔ ေႏွာင္ႀကိဳးရိပ္ ေအာင္ျမင္စြာ ဝင္ေရာက္လာနိုင္ခဲ့သည္။ အလြန္က်ယ္ဝင္းလွကာ အေဆာင္ေပါင္းမ်ားစြာျဖင့္ ဖြဲ႕စည္းတည္ေဆာက္ထားသည့္ စံအိမ္ႀကီးေပမို႔ အိမ္ႀကီးရွင္မ်ားရွိရာ အိမ္ဝင္းနားကပ္ဖို႔ေတာ့ သူ႕အတြက္ အလွမ္းေဝးလ်က္ရွိေနေသးသည္။

အခုရက္ပိုင္းအတြင္း ဦးမဟာဓိရာဇ္၏ တစ္ဦးတည္းေသာေျမးျဖစ္သည့္ ဆိုးသြမ္းမႈအရာ၌ ထိုသခင္ေလးကို မည္သူမွ် လိုက္မမီဘူးဟု နာမည္ႀကီးလွသူ သခင္ေလးေတဇဓိရာဇ္ အတြက္ သက္ေတာ္ေစာင့္ေ႐ြးခ်ယ္ပြဲရွိသည္။ အသက္ႏွစ္ဆယ္ျပည့္ၿပီးသည့္ ကိုယ္ခံပညာကြၽမ္းက်င္‌‌ေသာ မည္သူမဆို ဝင္ေရာက္ယွဥ္ၿပိဳင္နိုင္ၿပီး ထိုထဲမွ တစ္ဦးကို ‌ဦးမဟာကိုယ္တိုင္ ေ႐ြးခ်ယ္သြားမွာ ျဖစ္သည္။

---------------------

ည‌သန္းေခါင္ေက်ာ္ခ်ိန္အထိ ကလပ္ထဲ၌ ေသာင္းက်န္းထားခဲ့သည့္ ေတဇဓိရာဇ္၏ မနက္ခင္းက ႏွိုးစက္သံၾကားသည္ႏွင့္ ယမကာအရွိန္ေၾကာင့္ အုံခဲေနေသာ ေခါင္းကို မနည္းထူမတ္ရင္း အိပ္ရာေအာက္ဆင္းရသည္။

ညက ေတာ္ေတာ္ေလးမူးေနတာေၾကာင့္ ကလပ္ထဲ၌ သူႏွင့္ အၾကည္စိုက္ခဲ့ရသည့္ အလွေလးနဲ႕ ေသခ်ာအခ်ိန္ျဖဳန္းလိုက္ရရဲ႕လားဆိုတာကိုပင္ ေဝေဝဝါးဝါးျဖစ္လ်က္ရွိ၏။

ညက ယိုင္ထိုးေနေသာ ေျခလွမ္းမ်ားကို တ႐ြတ္ဆြဲ ေလွ်ာက္လာရတာေၾကာင့္ သူ႕အခန္းကိုပင္ ေသခ်ာမၾကည့္နိုင္ခဲ့။ ထို႔အတြက္ အခုမနက္မွပဲ သူ႕ကုတင္၏ ခပ္လွမ္းလွမ္း၌ တစ္ေယာက္အိပ္ ကုတင္အေသးတစ္လုံး ရွိေနတာကို ေတြ႕လိုက္ရတာေၾကာင့္ အျပင္က ေစာင့္ၾကပ္ေနသူေတြကို ခ်က္ခ်င္း ဘဲလ္တီးေခၚလိုက္သည္။

"ဒီကုတင္အပိုက ဘာလုပ္ထားတာလဲ"

"အဲ့ဒါက သခင္ေလးရဲ႕ သက္ေတာ္ေစာင့္အသစ္အတြက္ အိပ္ရာပါ။ သခင္ႀကီးက ဒီတစ္ခါလုပ္ႀကံမႈျဖစ္သြားၿပီးကထဲက သခင္ေလးကို အရမ္းစိုးရိမ္ေနပါတယ္။ ဒီတစ္ခါ သက္ေတာ္ေစာင့္ကိုေတာ့ ေသခ်ာ‌ေ႐ြးခ်ယ္ၿပီးတာနဲ႕ သခင္ေလးေဘးမွာ ညအိပ္ခ်ိန္ေတာင္ သက္ေတာ္ေစာင့္နဲ႕ ႏွစ္ဆယ့္ေလးနာရီ အတူရွိေနရမယ္လို႔ အမိန႔္ထုတ္ထားလို႔ သူ႕အတြက္ အိပ္ရာပါ ျပင္ေပးထားရတာပါ"

"က်စ္၊ အဖိုးကေတာ့ လုပ္ျပန္ၿပီ၊ အဲ့သက္ေတာ္ေစာင့္ေတြ ေဘးမွာ ရွိေနတာ မႀကိဳက္ပါဘူးဆိုကြာ"

ကုတင္ေပၚက ထလာၿပီး ဝုန္းဒိုင္းႀကဲကာ စိတ္ဆိုးလ်က္ရွိေသာ သခင္ေလးကို သူ ဘာမွျပန္မေျပာရဲေတာ့တာမို႔ ေခါင္းသာ အငုံ႕ႀကီးငုံ႕ထားမိေတာ့သည္။

ေတဇ အံႀကိတ္လိုက္၍ ထိုရပ္ေနသူအား လက္ယမ္းၿပီး ႏွင္ထုတ္လိုက္သည္။ အခ်ဳပ္အေႏွာင္မရွိဘဲေနခ်င္သူျဖစ္သည့္သူ႕အတြက္ အလွေလးေတာင္ တစ္ရက္ကိုတစ္ေယာက္ ဘားသြားကလပ္တက္ ေခၚတတ္သူျဖစ္သည္။

သူ႕ကို သက္ေတာ္ေစာင့္ႏွင့္ လႊတ္စရာမလိုေအာင္လည္း သန္မာသူျဖစ္၏။ ထို႔ေၾကာင့္လည္း လတ္တေလာေလးတြင္ ျဖစ္ပြားခဲ့သည့္ လုပ္ႀကံမႈကိုပင္ သက္ေတာ္ေစာင့္မလိုဘဲ သူ႕ဘာသာသူ ကာကြယ္နိုင္ခဲ့သူျဖစ္သည္။ သူ႕လက္ခ်က္ျဖင့္ သက္ေတာ္ေစာင့္ေတြလည္း တစ္ပတ္ေတာင္ မေနနိုင္ၾကေပ။ သည္းမခံနိုင္ေအာင္လည္း ပညာျပခဲ့သူ ျဖစ္၏။

သို႔ေပသိ အဖိုး၏ စိုးရိမ္မႈက အခုတစ္ေခါက္၌ ပိုေတာင္ဆိုးသြားသည့္အလားပါပင္။ ယခုခ်ိန္ထိ အာဏာရွိေသာ္လည္း အလုပ္မရွိေတာ့ဘဲ ေနေနရသည့္ သူ႕အဖိုးက အားယားေနပုံရ၏။ သက္ေတာ္ေစာင့္ကိုေတာင္ ၿပိဳင္ပြဲလုပ္ၿပီး ‌‌ေ႐ြးခ်ယ္ေနေသး၏။

ညက အကၤ်ီေတာင္မလဲနိုင္ဘဲ ထိုးအိပ္ခဲ့မိတာမို႔ ကိုယ္ေပၚက အကၤ်ီေတြကို ေရခ်ိဳးခန္းထဲမဝင္ခင္ ဆြဲခြၽတ္လိုက္ၿပီး ၾကမ္းျပင္ေပၚသို႔ ေတဇဓိရာဇ္ ခြၽတ္ပုံထားလိုက္သည္။ ေျခာက္ေပေက်ာ္ အရပ္အေမာင္းရွိကာ က်စ္လစ္သန္မာသည့္ သူ႕ခႏၶာကိုယ္ကို ကိုယ္လုံးေပၚမွန္ေရွ႕၌ ေတဇ တစ္ခ်က္စစ္ေဆးၾကည့္လိုက္သည္။ ကိုယ္ေပၚ၌ ဘာအမွတ္အသားမွ မျမင္မိတာမို႔ ညက အလွေလးနဲ႕ ဘာမွေတာင္ မဘာလိုက္ရပုံပင္။

ထိုကဲ့သို႔ စစ္ေဆးေနရင္းနဲ႕မွ ေတဇတစ္ေယာက္ သူ၏ ပိရိေသသပ္ေသာ ႏႈတ္ခမ္းကို ေကြးၫႊတ္သြားေအာင္ တစ္ခ်က္မဲ့ၿပဳံးၿပဳံးလိုက္ရင္း-

"ဒီသက္‌ေတာ္ေစာင့္တစ္ေကာင္လဲ ဘယ္ႏွစ္ရက္ခံမလဲ ၾကည့္ၾကေသးတာေပါ့"

-------------------

က်ယ္ဝန္းေသာ စံအိမ္ႀကီးထဲ၌ စံအိမ္၏ အႀကီးအကဲေဟာင္းျဖစ္သူ ဦးမဟာဓိရာဇ္၏ အိပ္ေဆာင္က အိမ္၏ ညာဖက္အစြန္၌ သီးသန႔္တည္ရွိသည္။ အိမ္၏ ဘယ္ဖက္အစြန္၌ ေတဇဓိရာဇ္၏ အိပ္ေဆာင္က တခမ္းတနား တည္ရွိ၏။ အိမ္၏အလယ္တည့္တည့္ ပင္မအေဆာင္၌မူ ယခုလက္ရွိ စံအိမ္၏ သခင္ျဖစ္သူ ဦးရာဇဓိရာဇ္ႏွင့္ စံအိမ္၏ သခင္မျဖစ္သည့္ ေဒၚဇာဇာဟန္သာတို႔ ေနထိုင္လ်က္ရွိျခင္းျဖစ္သည္။

မ်ိဳးရိုးစဥ္ဆက္ ေက်ာက္စိမ္းကုန္သည္ေတြျဖစ္ခဲ့ၾကၿပီး ျပည္တြင္းျပည္ပ ခရီးသြားမ်ား သုံးရာသီလုံး ရွိ‌ေနတတ္ေသာ ပုဂံ၌ ဟိုတယ္ေပါင္းမ်ားစြာကို ပိုင္ဆိုင္ထားၾကသည့္ ေဒၚလာဘီလီယံ‌ေပါင္းမ်ားစြာ ခ်မ္းသာေသာ အိမ္ႀကီးရွင္မ်ားပင္။

ဦးမဟာ၏အိပ္ေဆာင္ရွိရာ အိမ္ဝင္းထဲ၌ တစ္ဦးတည္းေသာ သားျဖစ္သူႏွင့္ ေခြၽးမျဖစ္သူတို႔ၾကား ဦးမဟာ မနက္ခင္း စကားလက္ဆုံက်လ်က္ရွိ၏။

"ဇာဇာ ‌ခဏေနေလာက္ဆို ေတဇအတြက္ အိမ္ေထာင္ဖက္တစ္ေယာက္ ေရာက္လိမ့္မယ္။ သမီးၾကည့္ၿပီး အကဲခတ္ၾကည့္လိုက္၊ အေဖကေတာ့ သူ႕ကို ေတာ္ေတာ္ေလး သေဘာက်မိတယ္။ ေတဇ ႀကိဳက္တဲ့ ျပစ္မ်ိဳးမွဲ႕မထင္ အလွမ်ိဳး ရွိတယ္။ အဓိကကေတာ့ ဘယ္သူနဲ႕မွလဲ မပတ္သက္ဖူးတာပဲ"

ဇာဇာ သူ႕အမ်ိဳးသား ဦးရာဇကို မသိမသာ တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး ေခါင္းညိတ္ျပလိုက္သည္။ သူ႕ေယာကၡထီးျဖစ္သူ ဦးမဟာက သူ႕ေျမး ေပြရႈပ္ေနတာကိုေတာ့ အလိုလိုက္ထားသူျဖစ္ကာ သူ႕ေျမး၏အိမ္ေထာင္ဖက္ကေတာ့ ယင္ဖိုေတာင္ မသန္းဖူးသူ ျဖစ္ရမည့္အထိ ‌ေ႐ြးခ်ယ္ေနသူျဖစ္၏။

ထိုစဥ္ သူတို႔စကားဝိုင္းထဲသို႔ ေတဇ ေရာက္လာၿပီမို႔ ဦးရာဇ အံႀကိတ္ေျပာလိုက္မိသည္။

"မင္း ညကလည္း လူမွန္းသူမွန္းမသိ ေသာက္လာျပန္ၿပီ၊ ဘာလဲ၊ လုပ္ႀကံရလြယ္ေအာင္ အေနအထိုင္ မဆင္ျခင္တာလား၊ ၿပီးေတာ့ ငါ ေျပာထားတယ္ေနာ္၊ မင္းရဲ႕အိမ္ေထာင္ေရးက ငါတို႔ေ႐ြးေပးထားတဲ့သူနဲ႕ပဲ အေၾကာင္းပါရမွာ၊ မင္း တျခားသူနဲ႕ အိပ္လာတဲ့အဆင့္ထိျဖစ္လာရင္ ေသမယ္"

သူ႕သားအား ဆူပူလို႔ပင္ မဆုံးေသးခင္ ဦးမဟာ သူ႕ခုံကို ဝုန္းခနဲ ထုရိုက္လိုက္တာေၾကာင့္ ဦးရာဇ အရွိန္သတ္လိုက္ရသည္။

"မင္း ငါ့ေျမးကို ဆူျပန္ၿပီလား၊ ဒီေခတ္မွာ တျခားသူနဲ႕ အိပ္လာတာ အဆန္းလားဟ၊ ငါ့ေျမးလုပ္ခ်င္တာ လုပ္ပေစ၊ ကေလးကို စိတ္ခ်မ္းသာေအာင္ ထားစမ္းပါကြ"

ေတဇ သူ႕အဖိုးနား‌မွာသာ တန္းဝင္ထိုင္လိုက္ကာ တစ္‌ေခါင္းလုံး ျဖဴေနသည့္ အဖိုး၏ ပခုံးကို တယုတယ သိုင္းဖက္ထားလိုက္ရင္း-

"အဖိုးကို အဲ့ဒါေတြေၾကာင့္ ခ်စ္ရတာ၊ ဒါ‌နဲ႕ ကြၽန္ေတာ့္အတြက္ သက္ေတာ္ေစာင့္ေတြ မထားလို႔မရဘူးလား၊ ကြၽန္ေတာ္ အလွေလးေတြနဲ႕ လြတ္လြတ္လပ္လပ္ သြားခ်င္တာေလ"

"ဒါေတာ့ ဒီအဖိုးဆႏၵကို လိုက္ေလ်ာေပးပါကြာ၊ ငါ့ေျမးေလး တစ္ခုခုျဖစ္ရင္ အဖိုး တကယ္ရင္က်ိဳးရမွာ၊ ငါ့ေျမးေဘးမွာ အရမ္းေတာ္တဲ့ သက္ေတာ္ေစာင့္ တစ္ေယာက္ ထပ္ၾကပ္မကြာ ရွိေနမွ အဖိုး ညညစိတ္ခ်လက္ခ် အိပ္နိုင္မွာ၊ ဒီတစ္ခုပဲ အဖိုးဆႏၵကို မျငင္းပါနဲ႕"

ေတဇ သက္ျပင္းသာ ခ်လိဳက္သည္။ ဒီကိစၥနဲ႕ ပတ္သက္လို႔ အဖိုးနဲ႕ ဆန႔္က်င္ၿပီး မေျပာခ်င္ေတာ့ေပ။ သူ႕အစီအစဥ္နဲ႕သူသာ ထိုေကာင္ေတြ သူတို႔ေျခေထာက္နဲ႕ ထြက္ေျပးသြားေအာင္ ထပ္လုပ္ဖို႔ပဲ ႀကံစည္လိုက္ေတာ့သည္။

"ေျမးအတြက္ ဒီေန႕ ၾကင္ယာဖက္တစ္ေယာက္ လာလိမ့္မယ္၊ သူ႕ကိုလည္း ၾကည့္ၾကည့္ဦးေလ၊ ဒီတစ္ခါေတာ့ ငါ့ေျမးသေဘာက်ေလာက္မယ္"

"ေကာင္ေလးလား၊ ေကာင္မေလးလား"

"ေကာင္ေလးပါကြာ"

ဦးရာဇ ထိုေျမးအဖိုးကို စိတ္ကုန္လ်က္ရွိသည္။ သူ႕စိတ္ကို ထိန္းထားသည့္ၾကားကပင္ ဝင္ေျပာလိုက္မိ၏။

"အေဖ ကြၽန္ေတာ့္သားကို အဲ့ေလာက္အလိုမလိုက္ပါနဲ႕၊ ဒီေကာင္ ေကာင္ေလးေတြ ႀကိဳက္တယ္ဆိုတာနဲ႕ အိမ္ေထာင္ဖက္ထိ ေကာင္ေလး ‌ေ႐ြးလို႔မရဘူးေလ၊ မ်ိဳးဆက္အတြက္. ."

"တိတ္စမ္း၊ မ်ိဳးဆက္က အေရးႀကီးလား၊ ငါ့ေျမးစိတ္ခ်မ္းသာဖို႔က အေရးႀကီးလား၊ အိမ္ေထာင္ဖက္က ေကာင္ေလးျဖစ္ေနရင္ေတာင္ ငါ့ေျမးရဲ႕မ်ိဳးဆက္ရေအာင္ လုပ္တာမ်ား ဘာခက္တာမွတ္လို႔"

ေတဇ သူ႕အေဖအား မ်က္ခုံးပင့္ျပလိုက္ၿပီး အဖိုးေဘးမွေန ေအာင္နိုင္သူၿပဳံး လွမ္းၿပဳံးျပလိုက္သည္။

"အဖိုးေျပာထားတာေတာ့ မေမ့နဲ႕ေနာ္၊ ကြၽန္ေတာ္ ရွာေနတဲ့သူမဟုတ္မခ်င္း အတင္းမေပးစားရဘူး၊ မဟုတ္ရင္ ကြၽန္ေတာ္ အိမ္က ထြက္ေျပးသြားမွာ"

ဦးရာဇ ထိုအခ်ိဳးမေျပသည့္ဟာေလးအား ထမရိုက္မိေအာင္ ႀကိဳးစားေနရသည္။ ေဒၚဇာဇာခမ်ာ သူ႕အမ်ိဳးသားအား စိတ္ေလွ်ာ့ဖို႔ တိတ္တဆိတ္ ေဖ်ာင္းဖ်ေနရွာသည္။

"ဒါဆို ကြၽန္ေတာ္ မနက္စာ သြားစားဦးမယ္"

ဦးမဟာ သူ႕ေျမးေလး၏ ပါးျပင္ကို ၾကင္နာစြာ ေမႊးၾကဴလိုက္ၿပီး အစာမခံဖို႔ မွာလိုက္မိေသး၏။ သူ႕ေျမးေလးက ဒီႏွစ္ထဲ၌ ႏွစ္ဆယ့္ငါးႏွစ္ျပည့္သြားၿပီျဖစ္ေသာ္လည္း သူ႕အတြက္ေတာ့ ငါးႏွစ္သားေလးလိုပဲ ခ်စ္မဝ အလိုလိုက္မဝ ျဖစ္လ်က္ရွိဆဲပင္။

-----------------

တစ္ညလုံး အိမ္ႀကီးရွင္ေတြ၏ မ်က္ႏွာကို ျမင္ရဖို႔ ႀကံစည္ေနသည့္ ေႏွာင္ႀကိဳးရိပ္ ဒီမနက္၌မူ စားဖိုေဆာင္ဖက္သို႔ မေယာင္မလည္ ေရာက္ရွိလာခဲ့သည္။

စားဖိုေဆာင္ဖက္သို႔ အလိုမက်သည့္ ေျခလွမ္းမ်ားျဖင့္ ေတဇဓိရာဇ္လည္း ေလွ်ာက္လွမ္းလာခဲ့သည္။ တစ္ေယာက္ေယာက္ႏွင့္ အတည္တက် အိမ္ေထာင္လည္းမျပဳခ်င္၊ သက္ေတာ္ေစာင့္လည္း မထားခ်င္သည့္ သူ႕အား အဖိုးႏွင့္ အေဖက ေန႕တိုင္း စိတ္ရႈပ္ေအာင္ လုပ္ေနၾကတာမို႔ သူ စိတ္ညစ္ၫူးစြာ ေခါင္းမွ ဆံႏြယ္မ်ားကို ထိုးဖြရင္း ေလွ်ာက္လာစဥ္ စားဖိုေဆာင္၏ အျပင္ဖက္ ေလွကားထစ္၌ ရပ္လ်က္ရွိသည့္ ရင္ေအးစရာ ၊ ေခါင္းၾကည္စရာ ၊ မ်က္စိပသာဒရွိစရာ အလွေလးတစ္ေယာက္ကို မထင္မွတ္ဘဲ ေတြ႕လိုက္ရသည္။

ေတဇ ထိုအလွေလးကို ဒီစံအိမ္ထဲ၌ မျမင္ဖူးတာမို႔ ထိုေကာင္ေလး၏ ခပ္လွမ္းလွမ္း၌ ရပ္လိုက္ကာ စိုက္ၾကည့္လ်က္ရွိတာေၾကာင့္ ထိုေကာင္ေလး၏ ပါးျပင္က ခ်က္ခ်င္းလိုလို ရဲတက္လာသည္။ ေတဇ အလြန္သေဘာက်တတ္သည့္ ႏူးညံ့တဲ့သြင္ဟန္ရွိေသာ အလွေလးမ်ားလိုပဲေပမို႔ ထိုအလွေလးနားသို႔ တိုးကပ္သြားမိသည္။

"ကိုယ္ မင္းကို အရင္က ဒီအိမ္ထဲမွာ မျမင္ဖူးပါဘူး"

သူ႕ခင္ပြန္းေလာင္းကို တန္းေတြ႕လိုက္ရသည့္ လင္းညွို႔သြင္၏ မ်က္ဝန္းမ်ားက ‌ရွက္ရိပ္သန္းသြားေလသည္။

"ကြၽန္ေတာ္ သခင္ေလးရဲ႕ အဖိုးဆီ လာလည္တာပါ။ ကြၽန္ေတာ္က သခင္ေလးရဲ႕ အိမ္ေထာင္ဖက္. . ."

လင္းညို႔သြင္ ေျပာလို႔ပင္ မဆုံးေသးခင္ သူ႕ေမးဖ်ားကို သခင္ေလးက ဖ်တ္ခနဲ ပင့္ေမာ့လိုက္ၿပီး စိန္ကုန္သည္ေတြ သူတို႔စိန္ အရည္အေသြးကို စစ္ေဆးေနသကဲ့သို႔ သူ႕မ်က္ႏွာကို ဘယ္လွည့္ညာလွည့္ ဖ်စ္ညွစ္ထားရင္း ၾကည့္ေနတာမို႔ သူ လန႔္သြားခဲ့ကာ သခင္ေလး၏ ခါးမွ အကၤ်ီစကို ဆုပ္ကိုင္လိုက္မိသည္။

အဖိုးေျပာသည့္ သူ႕အိမ္ေထာင္ဖက္ေလာင္းဆိုတာမွန္း တန္းရိပ္မိလိုက္သည့္ ေတဇတစ္ေယာက္ ထိုေကာင္ေလး၏ မ်က္ႏွာကို ေသခ်ာစစ္ေဆးလိုက္ရင္း ဒီေကာင္ေလးက ေတာ္ေတာ္ေလး လွလြန္းသူမို႔ အနည္းငယ္ သေဘာက်မိသြားသည္။

ထို႔ေၾကာင့္ သူ႕ခႏၶာကိုယ္ကို ထပ္ငုံ႕ကိုင္းလိုက္ၿပီး ထိုအလွေလးမ်က္ႏွာနား တိုးကပ္လိုက္ခ်ိန္ သူတို႔ေနာက္က ေခ်ာင္းဟန႔္သံ ထြက္လာတာေၾကာင့္ အရွိန္ပ်က္သြားရသည့္ ေတဇတစ္ေယာက္ မ်က္ေမွာင္ၾကဳတ္ရင္း လွည့္ၾကည့္လိုက္သည္။

ထိုျမင္ကြင္းအား ေႏွာင္ႀကိဳးရိပ္ မ်က္ႏွာဆယ္ေခါက္ခ်ိဳးျဖင့္ စိုက္ၾကည့္ေနကာ သူသာ နဂါးတစ္ေကာင္ဆိုလွ်င္ အဲ့ေကာင္ ဒီေနရာမွာ ခ်က္ခ်င္းျပာက်သြားနိုင္ေလာက္သည့္အထိ ‌စူးစူးရဲရဲ ရပ္ၾကည့္ေနသည္။

ေတဇဓိရာဇ္. . .ဘယ္သူ႕ကိုမွ မေၾကာက္တတ္သည့္၊ ဘယ္သူကမွ ဒီေန႕ဒီအခ်ိန္ထိ သူ႕ကို ထိန္းခ်ဳပ္လို႔မရခဲ့သည့္ သူ႕အား ဒီခဏေလးက အံ့ဩစရာေကာင္းေလာက္စြာ မဟုတ္တာလုပ္ေနတာကို ဆရာေရွ႕၌ မိသြားသည့္ ေက်ာင္းသားေလးလို၊ သူ႕လက္ထဲက ခိုးရာပါပစၥည္းကို ရွင္ဘုရင္ေရွ႕ လက္ပူးလက္ၾကပ္ မိသြားခဲ့သလိုထိ သူ ႐ုတ္တရက္ႀကီး ထိတ္လန႔္သြားခဲ့သည္။ ထိုေၾကာင့္လားမသိ၊ သူ႕ဒူးမ်ားပင္ ေခြက်သြားခ်င္သလိုထိ ျဖစ္သြားခဲ့၏။

သခင္ေလး၏ အျပဳအမူေၾကာင့္ ထိတ္လန႔္သြားခဲ့ရသည့္ လင္းညွို႔သြင္မွာမူ လူစိမ္းဆီ‌ သခင္ေလး အာ႐ုံေရာက္သြားခ်ိန္၌ ဖ်တ္ခနဲ စားဖိုေဆာင္ထဲသို႔ ဝင္ေျပးသြားေတာ့သည္။

ထိုလူစိမ္းေကာင္ေလး‌ေရွ႕ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိျဖစ္ေနသည့္ ေတဇဓိရာဇ္အတြက္ အခုအေျခအေနကို လက္မခံနိုင္တာေၾကာင့္ ဟန္မပ်က္စြာ ေလခြၽန္လိုက္ရင္း ထိုနဂါးဘီလူးေကာင္၏ေရွ႕က ထြက္သြားဖို႔ ျပင္သည္။

သို႔ေပသိ သူ႕ေျခလွမ္းေတြက ခဲဆြဲထားသလို ျဖစ္ေနၿပီး သူပိုင္သည့္ သူ႕ခႏၶာကိုယ္က ျပဳစားခံရသူလို ျဖစ္ေနသည့္အလား ထိုနဂါးလိုေကာင္ကို လည္ျပန္ၾကည့္လိုက္မိ၏။ ထိုေကာင္ကလည္း သူ႕အား စိုက္ၾကည့္ေနဆဲပင္ ရွိေသး၏။

ထိုနဂါးလိုေကာင္အေပၚ ေတဇ၏ ပထမဆုံးအျမင္ကို ေျပာပါဆိုလွ်င္ ဒီေကာင္ေလးက သူ ျမင္ဖူးသမွ် ေကာင္ေလးေတြထက္ပင္ ယွဥ္လို႔မရနိုင္ေအာင္ ပိုးစိုးပက္စက္၊ ရက္ရက္စက္စက္ လွပါသည္ဟု ဆိုရပါလိမ့္မည္။ သို႔ေပသိ ထိုတစ္ေယာက္အေပၚ ျဖစ္မိသည့္ စိတ္ခံစားခ်က္ကို ေျပာပါဆိုလွ်င္ေတာ့ လွပါသည္ဆိုၿပီး ေငးၾကည့္ဖို႔ေနေနသာသာ ေတဇအတြက္ သူနဲ႕ မသက္ဆိုင္ဖူးသည့္ ေၾကာက္ပါသည္ဟူေသာ ခံစားခ်က္သာ ထိုတစ္ေယာက္ေရွ႕၌ တရိပ္ရိပ္ ထိုးတက္လာသည္။

တစ္စကၠန႔္၊ ႏွစ္စကၠန႔္၊ သုံးစကၠန႔္၊ ေလးစကၠန႔္...

ေတဇ၏ ထိုတစ္ေယာက္အေပၚ မ်က္ေတာင္မခတ္တမ္း အၾကည့္မ်ားက ေလးစကၠန႔္ေလာက္ ၾကာသြားၿပီးခ်ိန္၌ သူ႕မ်က္ေတာင္တစ္ခ်က္ ခတ္လိုက္မိသည္။ ရွည္လ်ားထူထဲလွေသာ ေတဇ၏ မ်က္ေတာင္မ်ား တစ္ခ်က္ပိတ္က်သြားၿပီး ျပန္အဖြင့္ေလးမွာပင္ ေတဇ၏ ပါးေပၚသို႔ မ်က္ရည္စက္မ်ား စီးက်လာတာေၾကာင့္ ေတဇ ထိုေကာင္ေလးအား ထိတ္လန႔္တၾကား ေက်ာခိုင္းလိုက္မိ၏။

သူ မငိုတတ္သလို အခုလည္း ငိုစရာ မရွိဘူးေလ၊ အဲ့ဒါကို သူ႕ဘာသာသူ မ်က္ရည္က အလိုလို စီးက်လာျခင္းျဖစ္တာမို႔ ထိုေနရာမွေန စားဖိုေဆာင္ထဲသို႔ ေျခလွမ္းက်ယ္မ်ားျဖင့္ အျမန္ေလွ်ာက္ဝင္သြားရေတာ့သည္။

"ဒီေကာင္က ဘာတုန္းဟ၊ စုန္းလိုလို နဂါးလိုလိုနဲ႕"

စားဖိုေဆာင္ထဲ တခ်ိဳးတည္း တန္းဝင္သြားသည့္ ေတဇဓိရာဇ္အား ရိပ္ တစ္ခ်က္လိုက္ၾကည့္လိုက္ခ်ိန္ ခုနေျပးဝင္သြားသည့္ ေကာင္ေလးနဲ႕ စားပြဲဝိုင္းနား၌ ၿပီတီတီ လုပ္ေနျပန္တာကို ‌ေတြ႕လိုက္ရတာေၾကာင့္ သူ႕လက္ေခ်ာင္းမ်ားကို ခပ္တင္းတင္းဆုပ္လိုက္မိသည္။

"ဒီေကာင္က ၾကားထားတဲ့အတိုင္း တကယ္ ငေပြပဲ"

စံအိမ္က လုံၿခဳံေရး အလြန္တင္းၾကပ္ပုံမ်ား စားဖိုေခ်ာင္ဖက္မွာပင္ မ်က္လုံးမ်ားစြာ ရွိေနတာမို႔ ေႏွာင္ႀကိဳးရိပ္ လက္ေလွ်ာ့ၿပီး သူ႕ေနရာသို႔ ျပန္သြားလိုက္ရသည္။

သူ႕အႀကံအစည္ေတြ မေအာင္ျမင္ေသးဘဲ ဒီအိမ္ထဲကလူေတြ သူ႕ကို သကၤာမကင္း ျဖစ္သြားၾကလို႔မျဖစ္။ သူ ဒီႏွာေၾကာတစ္ေတာင္ေလာက္ရွည္သည့္ ေတဇဓိရာဇ္၏ အနီးကပ္ သက္ေတာ္ေစာင့္ ျဖစ္ဖို႔ အရင္ႀကိဳးစားရေပဦးမည္။

ခုနျမင္ကြင္းက ရိပ္အား အလြန္ေဒါသထြက္သြားေစေသာ္လည္း ႀကိတ္မွိတ္သည္းခံေနရ၏။ ေတဇဓိရာဇ္ဆိုသည့္ ဒီေကာင့္ရဲ႕ ခႏၶာကိုယ္နဲ႕ ႏွလုံးသားကို သူ တစ္ေယာက္ပဲ ပိုင္ခ်င္တာျဖစ္၏။ ဒီေကာင္ သူ႕ေျခေတာ္ရင္းမွာ ဝပ္ဆင္းလာ‌ေအာင္ သူ လုပ္ခ်င္တာျဖစ္၏။

ေႏွာင္ႀကိဳးရိပ္ ထိုေကာင့္အား စိတ္ထဲကေန က်ိန္ဆဲလ်က္ရွိသည္။ ဒီေကာင္ သူ သည္းခံနိုင္သည့္အတိုင္းအတာထက္ ေက်ာ္လြန္ၿပီး ေပြရႈပ္ေနမည္ဆိုလွ်င္ေတာ့ ဒီေကာင့္ကို တျခားဘာမွမလုပ္နိုင္ေသးခင္ ဒီေကာင့္ရဲ႕ ဖြားဖက္ေတာ္ကို အရင္းကေန ျဖတ္ထုတ္ၿပီး ေခြးေကြၽးပစ္လိုက္မွာျဖစ္သည္။

________________________

ေနာက္ထပ္ ဖန္တီးမႈေလးကေန ျပန္လည္ႀကိဳဆိုလိုက္ပါတယ္။ ပုဂံေျမေပၚက လူဆိုးေလးႏွစ္ေယာက္ကို ထပ္ၿပီး အေဖာ္ျပဳေပးၾကပါဦးလို႔။။ 👻

________________________

23.10.2023

Continue Reading

You'll Also Like

17.2K 399 5
Hello there! I am a massive fan of Seopass' and Razen's comic, Weak Hero! I have searched the entire internet of good fanfics and have only found a s...
723 55 16
ဒီဟာလေးကတော့ novel လည်းမဟုတ်သလို os လည်းမဟုတ်ပါဘူးဗျ ficအတိုလေးတွေပါ osထက်တိုပါတယ် gl bl ရေးမှာပါဗျ nmလည်းပါချင်ပါပါမယ်ဗျ
769K 37K 32
"taetae!!!i love you!!!",he said with a bunny smile on his face. "who are you,kid??Here have this candy and go to your school like a good boy",he sai...
846K 29.2K 104
When Grace returns home from college, it doesn't go like she thought it would. With her past still haunting her everyday choices, she discovers a sid...