စွယ်စုံကျမ်း အရှင်သခင် - A Va...

Av Azure5549

54.5K 4.1K 21

စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြ... Mer

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151- 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 - 860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925

596 - 600

237 16 0
Av Azure5549

A Valiant Life 596
အပိုင်း ( ၅၉၆ ) ငါ့စိတ်အခြေအနေပေါ် မူတည်
                         တယ်..

#ဘာသာပြန် = စနိုးဝှိုက်

ချန်းဟိုင်ဂီဟာ..တိမ်ဖြူလမ်းကို ရောက်လာတဲ့ အချိန်မှာ မျှော်လင့်ချက်တွေ ပြည့်နေတဲ့ နေရာတစ်ခုကို ရောက်သွားသလိုပါပဲ..။အထူးသဖြင့် ရုပ်ရည် ခန့်ညားတဲ့ မာစတာလင်းကို မြင်လိုက်ရတဲ့ အချိန်မှာပါ..။သူ့ ရင်ထဲက ကြောက်စိတ်တွေဟာ လံူးဝ ​ပျောက်ကွယ်သွားခဲ့တယ်..။

မာစတာလင်းသာ  သူ့ဘက်ကနေ ရှိနေရင် ဘာမှ  ဖြစ်လာမှာ  မဟုတ်ဘူးလို့ သူယုံကြည်ပါတယ်..။

လူလိမ် ထျန် ရှေ့ကိုတက်သွားပြီး ကြောင်အစွာ  ပြောလိုက်တယ်..။

"ညီငယ်လေး..ဒီခြေထောက်တွေက..အခြေအနေ ဆိူးနေပါလား.."

ဒါကို ပြောပြီးနောက်မှာ သူ  ခြေထောက်တွေကို ဖိကြည့်လိုက်ပါတယ်..။

ကျောက်ကျန်းယန် နဲ့ ကျန်တဲ့ လူတွေဟာလည်း ချန်းဟိုင်ဂီကို ကြည့်နေခဲ့ကြတယ်..။သူက ငယ်ရွယ်ပေမယ့် သူ့ခြေထောက်တွေက ဒီလို အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ..။ဒါက တကယ်ကို သနားစရာပါပဲ..။

ဘေးနားမှာ ရှိနေတဲ့ ရှန်းမင်ဟာ တောင်းပန်လိုက်တယ်..။

"မာစတာလင်း..ကျေးဇူးပြုပြီး အစ်ကို ချန်းကို ကယ်လို့ရသေးလား ကြည့်ပေးပါဦး.."

"မင်းတို့က ငါ့ကို အရေးမပါတဲ့ လူတစ်ယောက်လို လုပ်နေတာပဲ.."

လင်းဖန် သူတို့ နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်တာပါ..။

"မင်းတို့ကို  အန္တရာယ်ရှိတဲ့ နေရာတွေမှာ မပါဝင်ဖို့ ပြောထားတာပဲ..။ဘာလို့ နားမထောင်တာလဲ..။ဘယ်လိုဖြစ်တာလဲ ငါ့ကို ပြောစမ်းပါဦး.."

ချန်းဟိုင်ဂီ အတွက် ဒါက ရှင်းပြဖို့ ခက်ခဲလှပါတယ်..။အခု ချိန်မှာ ပြန်တွေးရင်တောင် သူ ဘယ်လောက်ကံဆိုးနေလဲဆိုတာကို ခံစားမိပါတယ်..။

"မာစတာ လင်း..ကျွန်တော် ခြောက်ရက်မြောက်နေအထိ ဘာအန္တရာယ် ရှိတာမှ မလုပ်ခဲ့ပါဘူး..။ဒါပေမဲ့ ကျွန်တော် မတော်တဆ လမ်းဘေးပြိုုင်ပွဲတစ်ခုကို ဝင်မိခဲ့တယ်..။လမ်းတစ်ဝက်က  တောင်တစ်တောင် အရောက်မှာ..သစ်ပင်ကြီးတစ်ပင်က ကျွန်တော်ကားရဲ့ ရှေ့ကို..လဲကျသွားခဲ့တယ်..။ကံကောင်းလို့ ကျွန်တော့် အပေါ်ကို မကျတာ..။ဒါကြောင့် ခြေထောက်ပဲ ထိသွားတာလေ..။မဟုတ်ရင် ကျွန်တော်  အသက်ပါ ဆုံးရှုံးရမှာ..."

သူ ဒါတွေကို ပြောတဲ့ အချိန် ​စိတ်ထဲမှာ ကြောက်ရွံ့မူတွေ ဖြစ်ပေါ်နေခဲ့ပါတယ်..။

လူလိမ် ထျန် ပြောလိုက်တယ်..။

"ငါ့ အမြင်ကို ပြောရရင် မင်းက အတော်ကို ကံဆိုးသွားတာပဲ.."

ချန်းဟိုင်ဂီ ပြန်ပြောလိုက်တယ်..။

"ကျွန်တော်က ကံဆိုးတာတော့  မှန်ပါတယ်..။ဒါပေမဲ့  အနည်းဆုံးတော့ ခန္တာကိုယ် အပိုင်းကို မထိခဲ့ဘူးလေ..။တကယ်ကို့ အပေါ်ပိုင်းကို သာ  ထိသွားခဲ့ရင် တစ်ခါတည်း ဇာတ်သိမ်းပြီ..."

"မင်းလို အခြေအနေ မျိုးကို  ငါပထမဆုံး မြင်ဖူးတာပဲ..။သူ့ရဲ့ ဗေဒင်ပညာက အရမ်းကို တိကျတယ်..။မင်းက သူ ပြောတာကို နားမထောင်ဘူးဆိုတော့  အတော်ဆိုးရွားတာပဲ.."

လူလိမ် ထျန် ခေါင်းခါယမ်းပြီး ပြောလိုက်တာပါ..။သူ  ဒီငနဲ ရဲ့ သတ္တိကို တကယ်လေးစာစ  မိပါတယ်..။

ချန်းဟိုင်ဂီ ရှကိရွံ့သွားခဲ့တယ်..။သူ ခေါင်းကို ငုံ့ပြီး ပြောလိုက်ပါတယ်..။

"ကျွန်တော် သူ့ကို ယုံကြည်ပါတယ်..။အခုဟာက...ဒါက..."

သူ တကယ် နောင်တရနေခံ့ပါပြီ..။သူ မာစတာလင်းကို  မယုံကြည်ခဲ့လို့ မဟုတ်ပဲ..သူငယ်ချင်းတွေ ရဲ့ စကားတွေကို မခံချင်စိတ်ဖြစ်သွားခဲ့လို့ပါ..။သိူ့ပေမယ့်  ဒီလောက်အထိ တိကျနေမယ် လို့တော့ သူ မထင်ထားခဲ့ပေ..။သူ တောင်ကုန်းတစ်ခုကို ရောက်ဖို့ ဘယ်လောက်မှတောင် မမောင်းရသေးပဲ အခုလို ဖြစ်သွားခဲ့တာပါ..။

"မာစတာ..လင်း..ကျွန်တော် ပြန်ကောင်းနိုင်သေးလား..."

ချန်းဟိုင်ဂီ လင်းဖန်ကို တောင်းပန်တဲ့ အကြည့်တွေနဲ့
ကြည့်လိုက်တယ်..။အခု သူ့မှာ တစ်ခြား ရွေးချယ်စရာ မရှိတော့ပါဘူး..။တကယ်လို့ မာစတာလင်းကသာ  မကူညီပေးနိုင်ဘူးလို့ ပြောရင် သူ တကယ် အဆုံးသတ်ပါပြီ..။

လင်းဖန် သူ့ကို ကြည့်လိုက်ပြီး..

"ဟင်း..မင်းက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ..။ငါ အကြံပေးတာကို နားမထောင်တာ  မင်းပထမ ဆုံးပဲ..။အရင်တုန်းက ဆိုရင်  မိသားစုတစ်ခုက..အပျော်ခရီးကို သွားဖို့ စီစဥ္ထားတာကို ငါ့ရဲ့ အကြံပေးချက်ကြောင့် ဖျက်သိမ်းပြီး ..ကပ်ဆိုးကနေ လွတ်မြောက်သွားကြတယ်..။မင်း ငါ့စကားကို နားမထောင်တာလဲ ကောင်းပါတယ်..။အခု တစ်ခုခု ဖြစ်လာပြီ ဆိုတော့ နောင်တရနေပြီ မလား.."

ချန်းဟိုင်ဂီ ခေါင်းညိမ့်လိုက်တယ်..။

"ကျွန်တော် နောင်တရတယ်..။ကျွန်တော် သေလောက်အောင် နောင်တရနေပါပြီ..."

"မင်းက လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာ သိပေမယ့် လူဆိုးလည်း မဟုတ်ပါဘူး..။မင်းက စကားကို တည်တဲ့ လူတစ်ယောက်ပဲ..။အစကတော့ ငါမင်းကို..သတိပေးဖို့..စိတ်ကူးမရှိခဲ့ဘူး..ဒါပေမဲ့ မိုးကောင်းကင်ကြီးက ကြင်နာတော့ ငါမင်းကို သတိပေးစေခဲ့တယ်လေ..။ဒါပေမဲ့  မင်း ငါ့စကားကို နားမထောင်ပဲ....ဟင်း...ငါ တကယ် မထင်ထားခဲ့ဘူး.."

ချန်းဟိုင်ဂီ ..လင်းဖန်ကို ကြောက်ရွံ့စွာ ကြည့်လိုက်တယ်..။

"မာစတာလင်း ကျွန်တော် ကိုယ့်အမှားကို သိနေပါပြီ..။ကျွန်တော် ပြောင်းလဲမှာပါ.."

ယင်းနောက် သူ့ အိတ်ထဲက ကတ်တစ်ကတ်ကို ထုတ်လိုက်တယ်..။

"ဒီထဲမှာ ဒေါ်လာ ဆယ်သန်း ရှိပါတယ်..။ဒါကို နည်းတယ်လို့ မထင်ပါနဲ့ မာစတာလင်း..။လက်ရှိကျွန်တော့်မှာ ဒီလောက်ပဲ ရှိလို့ပါ.."

ဆယ်သန်း...

လူလိမ် ထျန် ချန်းဟိုင်ဂီကို ​စိုက်ကြည့်နေခဲ့တယ်..။ဒီငနဲမှာ ပိုက်ဆံ ဒီလောက်အများကြီး ရှိနေလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။

ပြီးတော့  သူ စားပွဲပေါ်က ကတ်ကို မြင်တဲ့ အချိန်မှာ ဘဏ်ကတ်ရဲ့ အရောင်က တောက်ပနေတာကို သတိထားမိလိုက်တယ်..။

ဒေါ်လာ ဆယ်သန်း..။ဒီလောက် ပမာဏကို ရဖို့ ဘယ်လောက်တောင် ခက်ခက်ခဲခဲ  အပင်ပန်းခံပြီး ရှာဖွေးရလောက်မလဲ..။

လင်းဖန် ဘဏ်ကဒ်ကို တစ်ချက်ကြည့်လိုက်တယ်..။ဒေါ်လာ ဆယ်သန်းက သေးငယ်တဲ့ ပမာဏ တစ်ခုတော့ မဟုတ်ပါဘူး..။ချန်းဟိုင်ဂီက တကယ်ကို ချမ်းသာတဲ့ လူတစ်ယောက်ပါ..။သို့ပေမယ့် သူ့လို မာစတာ တစ်ယောက်က ငွေမက်တဲ့ ပုံစံ ပြနေလို့  ဘယ်လိုလုပ် ဖြစ်မှာလဲ..။

"ငါက လူနာကို ကုသတဲ့ အချိန်မှာ ငွေကြေးကို ဂရုစိုက်တတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး..။ဒါက ငါ့ရဲ့ စိတ်အခြေအနေပေါ်မှာပဲ မူတည်တယ်..။တက
ယ််လို့   ငါ့ခံစားချက် ကောင်းနေတယ် ဆိုရင် လူနာကို ကုသမှာပဲ..။ငါ့ ခံစားချက် မကောင်းနေဘူးဆိုရင်  ရွှေတွေ ပုံပေးရင်တောင်  မျက်တောင် တစ်ချက် ခတ်မှာ မဟုတ်ဘူး..။ဒီတော့  မင်းရဲ့ ဘဏ်ကတ်ကို ပြန်ယူလိုက်ပါ.."

လင်းဖန်  လူကြီးလူကောင်း တစ်ယောက်လို ပြောလိုက်တာပါ..။

တစ်ချို့ လာကြည့်ကြတဲ့  ဆိုင်ပိုင်ရှင်တွေဟာ..မြင်ကွင်းကို တွေ့ပြီး အံ့ဩသင့်သွားခဲ့ကြတယ်..။

"သူဌေးလေး ရဲ့  ပိုက်ဆံအပေါ်ကို မြင်တဲ့ အမြင်က တကယ် မတူညီတာပဲ..။ငါတို့ သူနဲ့ သွားနှိုင်းယှဥ္လို့ မရဘူး.."

"ဒေါ်လာ ဆယ်သန်း..။ငါတို့ဆို ဒီလောက်ဝင်ဖို့ ဘယ်လောက်ကြာအောင် ရှာရမှာလဲ..။ဘဝမှာ ဒီလောက်ပမာဏ ဝင်ဖို့ အခွင့်အရေး ရှိပါဦးမလားတောင်  မသိတော့ဘူး.."

ဆိုင်ပိုင်ရှင် တွေဟာ  အံ့ဩသင့်သွားခဲ့ကြတယ်..။သူတို့  သူဌေးလေးကို ပိုပြီး လေးစားမိသွားခဲ့ကြပါတယ်..။

ဒါက သူတို့ သိထားတဲ့ သူဌေးလေးပါပဲ..။

သူ့ရဲ့စိတ်ဓာတ်က ဘယ်လိုလုပ် သာမန် လူတွေလိုဖြစ်နိုင်ပါ့မလဲ..။

တကယ်လို့ သာမန်လူတစ်ယောက်သာ ဆိုရင် ဒေါ်လာ ဆယ်သန်းကို ချက်ချင်း လက်ခံလိုက်မှာပါ..။

ဝူယူလန် လည်း လင်းဖန်ကို တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်..။ဒါကမှ သူ့မရဲ့ ရင်ထဲမှာ ရှိနေတဲ့ အစ်ကိုလင်းပါ..။သူက တစ်ခြားလူတွေနဲ့ တူမှာ မဟုတ်ပါဘူး..။

ချန်းဟိုင်ဂီ အတွကိကတော့  မာစတာလင်း သူ့ပိုက်ဆံကို လက်မခံတာက သူ့ကို  မကုသပေးချင်ဘူးလို့ ဆိုလိုတာပါပဲ..။ယင်းနောက် ချန်းဟိုင်ဂီ တောင်းပန်လိုက်တယ်..။

"မာစတာ လင်း..ဒီပမာဏက နည်းမှန်းကျွန်တော်သိပါတယ်..။ဒါပေမဲ့ ကျွန်တော်မှာ ဒီလောက်ပဲ ပါလာလို့ပါ..။​ေကျးဇူးပြုပြီး  လက်ခံပေးပါ..ကျွန်တော် ဒီကျေးဇူးကို တစ်နေ့ပြန်ဆပ်ပါ့မယ်..."

လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တယ်..။

"ငါက ပိုက်ဆံကို ဂရုစိုက်တတ်တဲ့ လူမျိုးမဟုတ်ဘူး..။ဒါပေမဲ့ လူကောင်းတွေဆိုရင်တော့ ချက်ချင်း ကုသပေးတတ်တယ်..။မင်းက လူကောင်းတစ်ယောက်ဟုတ်ရဲ့လား ငါ့ကို ပြောပြစမ်းပါဦး..."

အဲ့အချိန်မှာပဲ ချန်းဟိုင်ဂီ အတွေးနက်သွားခဲ့တယ်..။

"ငါက လူကောင်းတစ်ယောက်လား.."

သူတွေးလိုက်တာပါ..။

လူတွေကို အနိုင်ကျင့်တာ အပြင် သူ တစ်ခြား ဘာကောင်းတာမှ  မလုပ်ခဲ့ပါဘူး..။

ချန်းဟိုင်ဂီ  မပြောခင်မှာပဲ..ရှန်းမင်ဟာ ပြောလိုက်တယ်..။

"မာစတာလင်း အစ်ကို ချန်းက လူကောင်းတစ်ယောကိပါ..။သူ့ပြသနာက  ဆယ်လီ အသေးစားလေးတွေနဲ့ အိပ်ပေမယ့် သူက စိတ်ထား ဆိုးရွားတဲ့ လူတစ်ယောက် မဟုတ်ပါဘူး.."

လင်းဖန် ချန်းဟိုင်ဂီကို ကြည့်ကာ မျက်မှောင်ကျုတ်လိုက်ပြီး..

"ဟေး..မင်းကို ကြည့်ရတာ ယုံကြည်ရတဲ့ ကောင် မဟုတ်ဘူးပဲ..။အရင်တုန်းက  မင်း ကတိတွေ ပေးထားပြီး မေ့နေပါလား..။ဒါက မဟုတ်သေးဘူးနော်..။ငါက ကိုယ့်စကားကို ဂရုမစိုက်တတ်တဲ့ လူတွေကို အမုန်းဆုံးပဲ.."

ချန်းဟိုင်ဂီ  ကြောင်အသွားခဲ့တယ်..။ကိုယ့်စကားကို ပြန်ရုတ်သိမ်းတာလား..။

ငါ ဘယ်တုန်းက  အဲလို လုပ်ဖူးလို့လဲ..။

အဲ့အချိန်မှာတော့ သူမမှတ်မိတော့ပါဘူး..။

ရှနး်မင်လည်း တွေးနေခဲ့ပါတယ်..။အစ်ကို ချန်းက ယုံကြည်စရာ မကောင်းပဲ..ကိူယ့်စကားကို  ဂရုမစိုက်တတ်တဲ့လူလား..။မာစတာ လင်းက ဘာကို အခြေခံပြီး ဒီစကားကို ပြောတာလဲ..။

မဟုတ်ဘူး..ခနနေဦး..

အဲ့အချိန်မှာပဲ ရှန်းမင် တစ်ခုခုကို သတိရသွားခဲ့တယ်..။သူ ခေါင်းငုံပြီး  အစ်ကို ချန်းကို တီးတိုး ပြောလိုက်ပါတယ်..။

ချန်းဟိုင်ဂီ  ဒါကိုကြားတဲ့ အချိန်မှာ မှတ်မိသွားပြီး အမူအရာပြောင်းလဲသွားခဲ့တယ်..။

လင်းဖန် ပြောလိုက်ပါတယ်..။

"အခုထိ မမှတ်မိသေးဘူးလား..."

ချန်းဟိုင်ဂီ  ရှက်ရွံ့သွားခဲ့ပြီး   ခေါင်းညိမ့်လိုက်တယ်..။

"ကျွန်တော်  မှတ်မိပါပြီ.."

ယင်းနောက် သူ ထပ်ပြောလိုက်ပါတယ်..။

"မာစတာလင်း..စိတ်မပူပါနဲ့..။ကျွန်တော် ဒီအကျင့်ဆိုးကြီးကို ကျိန်းသေ ပြောင်းလဲမှာပါ..။ကျွန်တော် တကယ် ထပ်မလုပ်တော့ပါဘူး.."

လူလိမ် ထျန်ကတော့ တစ်ချိန်လုံး ဒေါ်လာ ဆယ်သန်းကို ပဲ တွေးနေခဲ့တာပါ..။ဒါကြောင့် သူပြောလိုက်တယ်..။

"ငါက တော့ မင်းသူတို့ကို ကူညီပေးသင့်တယ်လို့ ထင်တယ်..။သူ တို့က ငယ်ရွယ်သေးကြတော့ အမှားလုပ်မိကြတာ ထုံးစံပဲလေ..။သူတို့မှာ နောက်တစ်ခါ အခွင့်အရေး မရှိရင် တကယ် သနားစရာ ကောင်းလိမ့်မယ်.."

ဘေးနားက ဆိုင်ပိုင်ရှင်တွေဟာလည်း  ပြောလိုက်ကြပါတယ်..။

"ဟုတ်တယ် မာစတာလင်း..ကောင်လေးက အမှားကို သိနေလောကိပါပြီ..။တကယ်လို့ သူသာ ဒုက္ခိတ ဖြစ်သွားရင် သနားစရာပဲ.."

"ကောင်းလေး မင်းရဲ့ အမှားတွေကို ပြောင်းလဲသင့်တယ်..။မယုံကြည်သင့်တဲ့  လူတစ်ယောက် ထပ်မဖြစ်စေနဲ့တော့.."

"ငါတို့ရဲ့ သူဌေးလေးက  တစ်စုံတစ်ယောက် ခံစားနေရတာကို ရပ်ကြည့်တတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး..။မင်းသာ  ပြောင်းလဲ မယ် ဆိုရင်  ဒါက ပြသနာ  မဟုတ်ဘူး.."

လင်းဖန် ချန်းဟိုင်ဂီ ရဲ့ ရှေ့ကို လာပြီး ပုခုံးကို ပုတ်လိုက်တယ်..။

"မင်း အမှားကို သိပြီး  ပြန်ပြင်ဆင်ဖို့ စိတ်ကူးရှိရင် ဒါအဆင်ပြေပါတယ်..။မင်း ရဲ့ ခြေထောက်ဆိုတာက ပြသနာ တစ်ခုမဟုတ်ဘူး.."

အဲ့အချိန်မှာတော့ ချန်းဟိုင်ဂီ မျက်ရည်တွေ ကျလာခဲ့ပါပြီ.။ဒီစကားက သူတစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့ရတဲ့ အရာပါပဲ..။

❤️❤️❤️

A Valiant Life 597
အပိုင်း ( ၅၉၇ )  ဒီနေ့က နောက်ဆုံးတော့
                          ရောက်လာပြီ..

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် စားပွဲပေါ်က ဘဏ်ကတ်ကို ယူကြည့်လိုက်ပြီး..

"မင်း ဘဏ်ကတ်ကို ပြန်ယူထားလို့ရတယ်.."

သို့ပေမယ့် ချန်းဟိုင်ဂီဟာ ဘယ်ဟာက သူ့အတွက် ကောင်းလဲ ဆိုးလဲဆိုတာကို သိထားပါသေးတယ်..။သူ အလျင်အမြန်လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"မာစတာ လင်း ကျွန်တော်ဒါကို ပြန်မယူပါရစေနဲ့..။မာစတာလင်း ပိုက်ဆံကို မမက်ဘူးဆိုတာ ကျွန်တော်သိပေမယ့်..ကလေး ဂေဟာ တစ်ခုကို ယူထားတယ်လို့ ကြားမိတယ်..။ဒီငွေက ကလေးတွေ အတွက် တစ်ခုခု အထောက်အကူ ပြုနိုင်တယ် ဆိုရင်တောင် ကျွန်တော် ကျေနပ်မိမှာပါ..."

"ဒါက...."

လင်းဖန် တစ်ခနလောက် စဥ္စားချင်ယောင် ဆောငိလိုက်တယ်..။

ဘေးနားက ဆိုင်ပိုင်ရှင်တွေဟာ ပြောလိုက်ကြပါတယ်..။

"သူဌေးလေး   ဘာတွေ လက်မခံနိုင်ဖြစ်နေရတာလဲ..။ဒီကလေးက လူကောင်းလေးပါ..။သူ့ဆီမှာ အကြင်နာ တရားတွေ ရှိနေသေးတယ်လေ.."

"ဟုတ်တယ် ..ကလေးတွေအတွကိ  သုံးဖို့ ရသွားတာပေါ့.."

"အရင်တစ်​ေခါက်က ပန်ချီရောင်းရငွေတွေ ရှိပေမယ့် အနာဂတ်မှာ သူတို့အတွက် ပိုက်ဆံ ပိုပြီး လိုအပ်လာတော့မှာလေ..။ဒါက ပြသနာ တွေကို ဖြေရှင်းပြီးသားဖြစ်သွားတာပေါ့..."

လင်းဖန်  ခေါင်းညိမ့်လိုက်ပြီး..

"ဒါဆိုလည်း  ငါ လက်ခံထားလိုက်မယ်..။မင်းရဲ့ ဆန္ဒအတိုင်း ငါ ကောင်းကောင်း သုံးပေးပါ့မယ်..."

ဒါက ဒေါ်လာ ဆယ်သန်းပါ..။တကယ်လို့ သူသာ လက်မခံလိုက်ရင်  ဖြုန်းတီးမူ တစ်ခုပါပဲ..။

လူလိမ် ထျန်ကတော့..လင်းဖန် ဒေါ်လာဆယိသန်း တန် ဘဏ်ကတ်ကို ဘေးနားက ကြည့်နေရင်း..မနာလိုဖြစ်နေခဲ့ပါတယ်..။

ပိုက်ဆံရှာတာက ဒီလောက် လွယ်ကူနေတာလား..။

ချန်းဟိုင်ဂီဟာ အခုမှ အသက်ရူ ချောင်သွားခဲ့တယ်..။ဒီ ပိုက်ဆံ ဆယ်သန်းက သူအလွန်ဆံူး ထုတ်နိုင်တဲ့ ပမာဏ ဖြစ်ပေမယ့် ပိုက်ဆံကို သူ လုံးဝ ဂရုမစိုက်ပါဘူး..။

သူ့အဖေက..ရာထူးမြင့်မားတဲ့ အရာရှိတစ်ယောက်ဖြစ်ပြီး..သူ့အမေက စီးပွားရေး ကျွမ်းကျင်အဆင့် တစ်ယောက်ပါ..။အစိူးရ အရာရှိနဲ့..စီးပွားရေး လုပ်ငန်းရှင်တွေဟာ တစ်မိသားစုထဲက မဖြစ်ရဘူးဆိုတဲ့ စည်းမျဥ္း ရှိပေမယ့် သူ့အမေက အဖေနဲ့ လက်မထပ်ခင်ကတည်းက.အောင်မြင်တဲ့ လုပ်ငန်းရှငိဖြစ်နေခဲ့တာပါ..။

ဒါကြောင့်.သူ့ရဲ့..နောက်ခံက အတော်ကို မြင့်မားတယ်လို့ ပြောလို့ရပါတယ်..။ကုမ္ပဏီတစ်ခုစတင် တယ် ဆိုတာက သူ့အတွက်တော့ ကလေးကစားစရာ တစ်ခုလိုပါပဲ..။

ဒီဒေါ်လာ ဆယိသန်း ဆိုတာက သူ့မိဘရဲ့ ငွေတွေ မဟုတ်ပဲ သူကိုယ်တိုင် ကြိုးကြိုးစားစား  နဲ့ ရှာထားရတာပါ..။ကုမ္ပဏီရဲ့ ရန်ပုံငွေတွေဟာလည်း ဒီထဲမှာပါပဲ..။

လင်းဖန်..ဆေးပညာကို တတ်ကျွမ်းပြီးသွားကတည်းက သူ့ဆိုင်မှာ ကိရိယာ အစုံအလင်ထား ရှိထားခဲ့ပါတယ်..။ချန်းဟိုင်ဂီ ရဲ့..ဒဏ်ရာတွေက ထိလွယ်ရှလွယ် အခြေအနေပါ..။လက်ရှိ ဆေးပညာ အဆင့်အတန်းနဲ့..ကုသမယ် ဆိုရင် သူ့ခြေထောက်ကို ဖြတ်ပစ်ရုံကလွဲပြီး တစ်ခြား နည်းလမ်း မရှိပါဘူး..။

သို့ပေမယ့်  နန်ရှမ်းဂေဟာ က ကလေးတွေ နဲ့ စာရင် သူက နည်းနည်း ပိုသာပါသေးတယ်..။

"ခြေထောက်မှာ ရှိတဲ့ အာရုံကြောတွေ သေဆုံးသွား
ပြီ ဆိုပေမယ့် သိပ်မကြာသေးတော့..ပြန်ကောင်းလာအောင် လုပ်လို့ရတယ်လေ..။ဒါက အရမ်းကြီးခက်ခဲတဲ့ အရာမဟုတ်ဘူး..။မင်း ကတိပေးထားတဲ့ အတိုင်း အနာဂတ်မှာ နေထိုင်မယ်လိူ့ ငါမျှော်လင့်တယ်..။ငါက လိမ်ညာတဲ့ လူတွေကို မကြိုက်ဘူး.."

လင်းဖန် ပြုံးပြီး ပြောလိူက်တာပါ..။

ချန်းဟိုင်ဂီ ခေါင်းညိမ့်လိုက်တယ်..။

"စိတ်မပူပါနဲ့ မာစတာလင်း..။ကျွန်တော် ပြောထားတဲ့ အတိုင်း ပြောင်းလဲသွားမှာပါ..။ကျွန်တော် စကားကို ထပ်ပြီး  မေ့မနေတော့ပါဘူး.."

သူ ပြောင်းလဲ ချင်နေခဲ့ပါပြီ..။ဒါက ဒီထူးခြားဆန်းကျယ် တဲ့ မာစတာလင်း အကြောင်းကို ပိုပြီး သိချင်လို့ပါပဲ..။

လက်ထဲမှာ ရှိတဲ့ ငွေအပ်တွေနဲ့ ..လင်းဖန်ဟာ ချန်းဟိုင်ဂီ ရဲ့ ခြေထောက်တွေထဲကို..စိူက်လိုက်တယ်..။

အာရုံကြောတွေကို ပြန်လည် လံှု့ဆော်ဖို့ ဆိုရင် ငွေအပ်တွေ နဲ့ချည်းပဲ ဘယ်လိုမှ..မဖြစ်နိုင်ပါဘူး..။သူ စွယ်စုံကျမိးရဲ့ အားဖြည့်ပေးမူကိုလည်း လိုအပ်ပါသေးတယ်..။

ဆိုင်ပိုင်ရှငိ တွေဟာ ဘေးနားကနေ ကြည့်နေပြီး အံ့ဩနေခဲ့ကြတယ်..။သူတို့အတွက်ကတော့ သူဌေးလေး ရဲ့ နည်းပညာတွေက တကယ်ကို အံ့ဩစရာပါပဲ..။သူ အပ်တွေကို လှုပ်ရှားတဲ့ ပုံစံက အရမ်းကို လျင်မြန်လွန်းလှပါတယ်..။

ချန်းဟိုင်ဂီက တော့ တစ်ချိန်လုံး  ကြောက်ရွံ့နေခဲ့တယ်..။ယင်းနောက် သူ့ရဲ့ အမူအရာ..ဟာ တဖြည်းဖြည်း ပြောင်းလဲ သွားပြီး ကျေနပ်စွာ ပြောလိုက်ပါတယ်..။

"ခံစားရတယ်..ခံစားရတယ်...ခြေထောက်တစ်ခုလုံး အပူလှိုင်းတွေ စီးဆင်နေသလိုမျိုး ခံစားနေရတယ်.."

ရှန်းမင် အံ့ဩသင့်သွားခဲ့ပြီး..

"ဒီနည်းလမ်းက တကယ်ကို အံ့ဩသင့်ဖို့ ကောင်းတာပဲ..."

အစ်ကို ချန်းရဲ့ခြေထောက်အခြေအနေ ကို သူသိထားပြီးသားပါ..။ဆေးရုံက ဆရာဝန် တွေဆိုရင် သူ့ခြေထောက်တွေက တစ်သက်လုံး သုံးလို့ရတော့မှာ မဟုတ်ဘူး  လိူ့တောင် ပြောထားခဲ့ပါတယ်..။မာစတာလင်း ဆီကို လာလိုက်တာနဲ့..ခြေထောက်တွေပြန်ကောင်းလာလိမ့်မယ်လိူ့  ဘယ်သူက ထင်ထားမှာလဲ..။ဒါက အံ့ဩသင့်စရာပါပဲ..။

ရှန်းမင် မာစတာ လင်းရဲ့ မျက်လုံးကို ကြည့်ပြီး တစ်ခုခုကို ခံစားလိုက်ရတယ်..။သူက အတော်ကို ဆန်းကျယ်ပြီး ဘေးနားမှာ ရှိနေကြတဲ့ လူတွေအတွက် ယုံကြည်စိတ်ချရမူကို ပေးစွမ်းနိုင်ပါတယ်..။

"မင်းရဲ့ ခြေထောက်တွေကို မဖို့ ကြိုးစားကြည့်.."

လင်းဖန် ချန်းဟိုင်ဂီ ရဲ့ ခြေထောက်က ငွေအပ်တွေကို ပြန်ဖယ်ပြီး ပြောလိုက်တာပါ.။

ချန်းဟိုင်ဂီ အနည်းငယ် ကြောက်လန့်နေခဲ့တယ်..။သူ ဖြည်းဖြည်း မကြည့်လိုက်တဲ့ အချိန်မှာ အမှန်တကယ်ပဲ မလို့ ရနေခဲ့ပါတယ်..။

ရုတ်တရက်  ချန်းဟိုင်ဂီဟာ မျက်ရည်တွေ ကျလာခဲ့ပြီး..

"မာစတာလင်း ကျွန်တော်ရဲ့ ခြေထောက်တွေ ပြန်ကောင်းသွားပြီ..။တကယ် ပြန်ကောင်းသွားပြီ..."

လင်းဖန် ပြောလိူက်တယ်..။

"ပြန်ကောင်းသွားပြီ..ဒါပေမဲ့ ဖြည်းဖြည်းချင်း ပြန်လေ့ကျင့်ပေးမှ ရမယ်..။ငါ မင်းကို ဆေးညွှန်းရေးပေးလိုက်မယ်..။ဒီဆေးညွှန်းအတိုင်း မင်းရဲ့ ခန္တကိုယ်ကို လဝက်တိတိ အားဖြည့်ပေးရမယ်..။ပြီးရင်တော့ အပြည့်အဝ ပြန်ကောင်းသွားပြီ.."

ချန်းဟိုင်ဂီ ခေါင်းညိမ့်လိုက်ပြီး..

"ကျွန်တော် နားလည်ပါပြီ..။ဒါပေမဲ့ နောက်ပိူင်းတွေမှာ ဘာမှ မဖြစ်လောက်တော့ဘူးမလား  မာစတာလင်း.."

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"ဘာမှ ဖြစ်မှာ မဟုတ်တော့ဘူး..။ပြန်ရောက်ရင် သာ ဆေးညွှန်းအတိုင်း သေချာသောက်..။အကုန်အဆင်ပြေသွားလိမ့်မယ်.."

လင်းဖန် ချက်ချင်း ကုသလို့ ရပေမယ့် ..ဒေါ်လာ ဆယ်သန်းပေးရတာ မတန်ဘူးလို့ ချန်းဟိုင်ဂီ ထင်သွားမှာကြောင့် အချိန်ဆွဲထားခဲ့တာပါ..။ဒီအတော်အတွင်းမှာ သူက မာစတာလင်း သူ့အပေါ်ဘယ်လောက်အထိ ကျေးဇူးကြီးလဲ ဆိုတာကို နားလည်လာမှာပါ..။

"ကျေးဇူးပါ မာစတာလင်း.."

ချန်းဟိုင်ဂီ ​ပြောလိူက်တာပါ..။သူ မာစတာလင်း ရဲ့ ခြေထောက်တွေကို တောင် ပြေးဖက်လိုက်ချင်ပါတယ်..။

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"ငါမင်းကို ကုပေးပြီးသွားပြီ..။နောက်တစ်ကြိမ်ဆိုရင် ဂရုစိုက်ပါ..။ကောင်းပြီ..ငါ မင်းတို့ကို ဆက်ပြီး ဧည့်မခံ ပေးတော့ဘူး..။ဘာလို့  ဘေဂျင်းကို ပြန်ဖို့ မလုပ်ကြသေးတာလဲ.."

လင်းဖန် ချန်းဟိုင်ဂီနဲ့ စကားတွေ ထပ်မကြောချင်တော့ပါဘူး..။သူတို့က မတူညီတဲ့ လမ်းကြောင်းကို လျောက်လှမ်းနေကြတဲ့ လူတွေပါ..။သူ တို့ အနာဂတ်မှာ  တွေ့ဆုံနိုင်ကြပေမယ့်လည်း..တစ်ခါတစ်ရံမှသာ ဖြစ်နိုင်ပါတယ်..။

ရှန်းမင် နဲ့ ချန်းဟိုင်ဂီတို့ ပြန်သွားပြီးတဲ့ နောက်မှာ လင်းဖန် ..ကုလားထိုင်ပေါ်မှာ ထိုင်ပြီး သဘောကျစွာရယ်နောလိုက်တယ်..။

တစ်ခါတစ်လေမှာ..ပိုက်ဆံ ရှာရတာက အတော်ကို လွယ်ကူလှတာပါ..။

ဒါပေါ့..ဒါက ချန်းဟိုင်ဂီလို သူဌေးလက်သစ်လေးကို တွေ့လို့ပါပဲ..။

ထပ်ပြောရရင်..သူဌေးလက်သစ် တွေမှာ ပိုပြီး ပြသနာ ဖြစ်သင့်ကြပါတယ်..။

ခြေထောက်တွေ ပြန်ကောင်းဖို့ ဒေါ်လာ ဆယ်သန်း ဆိုတာက..သူတို့အတွက် များတယ်လို့ပြောလို့မရပါဘူး..။

သာမန်လူတွေ အတွက်ဘာမှမဟုတ်ပေမယ့်..ဒီလို သူဌေးလက်သစ်လေးတွေအတွက်  ဒီပိုက်ဆံက ဘာမှ  မဟုတ်ပါဘူး..။

အဲ့အချိန်မှာပဲ..လူလိမ် ထျန်ဟာ လင်းဖန်ရဲ့ ရှေ့ကို ရောက်လာခဲ့တယ်..။သူ့ရဲ့ မျက်လုံးထဲမှာတော့ ပြင်းပြတဲ့ ဆန္ဒတွေ  ရှိနေခဲ့ပြီး..

"ငါ တရုတ်ဆေးပညာကို သင်ယူနိုင်လိမ့်မယ်လို့ မင်းထင်လား.."

လင်းဖန် လူလိမ် ထျန်ကို ကြည့်ပြီး ပြောလိူက်တယ်..။

"ခင်ဗျား အကြီးအကဲ ဝူ ဆီက ဗေဒင်ပညာ သင်နေတာ မဟုတ်ဘူးလား..."

လူလိမ်ထျန် ပြောလိုက်တယ်..။

"ငါ့ဖင်ကြီးကို သင်ပါလား..။ဒါက အတော်ကို ရှုပ်ထွေးတယ်..။ငါ ဘယ်လိုသင်နိုင်မှာလဲ.."

ဝူတန်ဟီ ပြောလိုက်တယ်..။

"အကြီးအကဲ ထျန်..ကျုပ် အခြေခံ အချက်လေးတွေ သင်ပေးရင်ရော ဘယ်လိုလဲ..။မင်း ဒါကိုမှမသင်ယူ  နိုင်သေးရင်တော့  ငါ့ကို အပြစ်မတင်နဲ့နော်.."

လူလိမ် ထျန် ​ပြောလိူက်တယ်..။

"ကျုပ် ခင်ဗျားကို အပြစ်တင်နေတာ မဟုတ်ပါဘူး.။ဒါပေမဲ့ အခြေခံ အချက်လေးတွေကတင်အတော် ရှုပ်ထွေးနေတာလေ.."

လင်းဖန် ပြောလိုက်တယ်..။

"လူလိမ်  ခင်ဗျား ဆိုင်ကိုပဲ သေချာ စောင့်ရှောက်ပေးသင့်တယ်..။ဒါက ခင်ဗျား အတွက်တော့ အသင့်တော် ဆုံးပဲ.."

"ဟီးဟီး..ငါ အမှန်တကယ် လေ့လာလိုက်ရင် မင်းကို ကျော်တက်သွားမှာကို ကြောက်နေတာ မလား.။ငါ နားလည်ပါတယ်..။ကျော်ကြားတဲ့ လူတွေက တစ်ခြားလူတွေရဲ့ တက်လမ်းကို အမြဲပိတ်ပင်တတ်တယ် ။ထားလိုက်တော့..ငါ..ထျန် ..က နိမ့်ချပြီးပဲ နေတော့မယ်..."

"ဟားဟာ.."

လူတိူင်းဟာ သူပြောတာကို သဘောကျပြီး ရယ်မောလိုင်ကြပါတယ်..။

*ကလင် ကလင်*

ကျို့ထျန်းဖူ ရဲ့ ဖုန်းဝင်လာခဲ့တယ်..။

"မာစတာလင်း..ချန်းဟိုင်ဂီ  မာစတာလင်း ဆီကို လာသေးလား..."

"အင်း..ကျုပ်သူ့ကို တွေ့ပြီးသွားပြီ ..။သူ အဆင်ပြေတယ်.."

တစ်ခြားတစ်ဖက်မှာတော့ တိတ်ဆိတ်သွားခဲ့ပါတယ်..။ခနအကြာမှ  သက်ပြင်းချသံ ပေါ်လာခဲ့ပြီး..

"မင်းက တကယ် အံ့ဩဖို့ ကောင်းတာပဲ.."

ကျို့ထျန်းဖူ အတွက်ကတော့ မာစတာလင်း.ကအတော်ကို ဆန်းကျယ်နေခဲ့ပါတယိ..။

ကျို့ထျန်းဖူက..အခြေအနေကို ရှင်းပြချင်ခဲ့ပေမယ့် မာစတာလင်းက သူနဲ့ မရင်းနှီးအောင် တကယ် စည်းခြားထားတယ်လို့ ခံစားနေရပါတယ်..။ဒါပေါ့..ဒါက သူ့ရဲဘ အမြင်ပါ..။သူ သေတော့ မသေချာပါဘူး..။

လင်းဖန် ကျို့ထျန်းဖူ နဲ့..ဝေးကွာအောင် စည်းခြားထားတာက သူ့အကြောင်းအရင်းနဲ့ သူ ရှိပါတယ်..။တကယ်လို့ သူသာ ဒီငနဲနဲ့ ပေါင်းသင်းနေရင် ပြသနာ တော်တော်များများနဲ့ ရင်ဆိုင်ရမှာပါ..။

လင်းဖန်  ဒါကို သူ့ရဲ့ ကံကြမ္မာကနေ ပြောနိုင်ခဲ့တာပါ..။

သူကိုယ်တိုင်လည်း လုံခြုံဖို့ ဆိုရင်..သခင်လေး ကျို့နဲ့ ဝေးဝေးနေတာ အကောင်းဆုံးပါပဲ..။

သူတို့နှစ်ယောက် အတော်ကြာအောင် စကားပြောပြီး ဖုန်းချလိုက်တယ်..။

အဲ့အချိန်မှာပဲ လင်းဖန် တိမ်ဖြူတွေ နဲ့ သာယာနေတဲ့ ကောင်းကင်ပြာကို မော့ကြည့်လိုက်ပါတယ်..။ဒီနေ့ရက် တွေက အတော်ကို သက်သောင့်သက်သာရှိပြီး သာယာလှတာပါ..။

လဝက်ခန့် ကြာပြီးနောက်..။

တိမ်ဖြူလမ်းက ပုံမှန် အတိုင်းပါပဲ..။ဘာမှ ထွေထွေထူးထူး ပြောင်းလဲမူ မရှိပေ..။

ဒီနေ့မှာတော့ ကျိုးမင်ချင်းဟာ ဆိုင်ကို ရောက်လာခဲ့ပါတယ်..။

"ဆရာ..အခြေခံသင်ရိုးကို  ..တစ်နိုင်ငံလုံး ကျောင်းတွေဆီ  စတင်ဖြန့်ချီလိုက်ပြီ..."

လင်းဖန်  ဒါကို ကြားတဲ့ အချိန်မှာ သူ့မျက်နှာပေါ်မှာ ကျေနပ်တဲ့ အမူအရာ ပေါ်လာခဲ့ပါတယ်..။

❤️❤️❤️

စနေနေ့ အတွက် မင်မင် ၂ ပိုင်း တင်ပေးလိုက်ပြီနော်😍

A Valiant Life 598
အပိုင်း ( ၅၉၈ )  ငါ့ဆီကို လာပါ..စွယ်စုံအမှတ်
                         ကလေးတွေ..

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် ကျေနပ်သွားခဲ့တယိ..။

"ဘယ်ကျောင်းတွေကို ဖြန့်ချီမှာလဲ.."

ဒီတစ်နိုင်ငံလုံးက ဆေးပညာ အကယ်ဒမီ ကျောင်းတွေက သူတို့လက်ထဲမှာ ရှိတယိ ဆိုတာကို သိထားပြီးသားပါ..။

"နိုင်ငံတစ်ခုလုံးက အကယ်ဒမီ ကျောင်းတွေ ဆိုတော့..ကျောင်းပေါင်း ၃၀ ကျော်လောက်ဖြစ်မယ်..။ပညာရေးဌာန က ဒီသင်ရိုးကို လက်ရှိ သင်နေတဲ့ ကျောင်းသားတွေ သင်ကြားဖို့ ခွင့်ပြုပေးခဲ့တယ်လေ..။ကျွန်တော် ထင်တာတော့ ဆရာရဲ့ သင်ရိုးက နှစ်ရက် သုံးရက် ဆိုရင် အကုန်လုံးဆီ ရောက်မှာ ကျိန်းသေတယ်.."

"ဒါကောင်းတယ်.."

လင်းဖန် ဒိီအချိန်ကို စောင့်နေခဲ့တာ အတော်ကြာပါပြီ..။သူ နောက်ဆုံးတော့ မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရသလိုပါပဲ..။သို့ပေမယ့်..ဒီလိူမျိူး သူ့ရဲ့ သင်ရိုးက ကျောင်းတိုင်းကို ပျံ့နှံ့သွားပေမယ့် ကျောင်းသားတွေ သေချာ မလေ့့လာရင်..သူလည်း စွယ်စုံအမှတ်ရမှာ မဟုတ်ပါဘူး..။

သို့ပေမယ့် ဒါက ပြသနာ မဟုတ်ပေ..။ကျောင်းပေါင်း သုံးဆယ်မှာ  လေးလေးနက်နက်  မဖတ်တဲ့လူ  မရှိပဲ ဘယ်နေပါ့မလဲ..။

ထပ်ပြောရရင် လင်းဖန် သူ့ရဲ့ အခြေခံ သင်ရိုးနဲ့ ပတ်သက်ပြီး  ယုံကြည်မူ ရှိပါတယ်..။အသက်ကြီးကြီး သမားတော်တွေတောင် သူ့ရဲ့ သင်ရိုးကို လေ့လာကြမှာပါ..။ဒါဆိုရင် သူ့ဆီဝင်လာမဲ့ စွယ်စုံအမှတ် ပမာဏက နည်းမှာ မဟုတ်ပါဘူး..။

ကျိုးမင်ချင်း ပြောလိူက်တယ်..။

"ဆရာ..ကျွန်တော် အခုနောက်ပိုင်းနားလည် လာတာ.အဲဒီ ဥာဏ်ကောင်းစေသော ဆေးလုံးက တကယ် ဆန်းကျယ်တယ်နော်..။ကျွန်တော် ဒီဆေးဖော်စပ်တဲ့..ဆေးပင်တွေကို လေ့လာကြည့်သေးတယ်..။ဒီလို ဆေးပင်တွေ ပေါင်းစပ်တာနဲ့ ဒီလောက်အထိ အကျိူးသက်ရောက်မူ ဖြစ်မလာသင့်ဘူး.."

"ဥာဏိကောင်းစေသော ဆေးလုံးက တကယ် ဆန်းကျယ်တယ်..။ခင်ဗျား ဟန်ပန် အမူအရာက အရင်ကနဲ့ ဘာမှ  မဆိုင်တော့ဘူး.."

လင်းဖန် ပြောလိုက်တာပါ..။

ဒါက တကယ်ကို အမှန်ပါပဲ..။ကျိုးမင်ချင်းက အမြဲတမ်း ခွန်အားတွေ ပြည့်ဝနေတဲ့ လူတစ်ယောက် ဆိုပေမယ့်..အခု အခြေအနေနဲ့ ယှဥ္ကြည့်ရင် ကွာခြားမူက ကြီးမား လှပါတယ်..။

သို့ပေမယ့်..အဓိက အသိအမှတ်ပြုရမယ့် အစိတ်အပိုင်းက သူ့ရဲ့ ဦးနှောက်ပါပဲ..။ဥာဏ်ကောင်းစေသော  ဆေးလံူးက တစ်စုံတစ်ယောက်ရဲ့ မှတ်ဥာဏ်ကို ကြီးကြီးမားမာစ အထောက်အကူ ပြူပေးမှာပါ..။မင်းချင်း ဆိုရင်  အရာရာတိုင်းကို ဓာတ်ပုံ ရိုက်ထားသလို မှတ်မိနေသင့်ပါတယ်..။

လက်ရှိပုံစံအရတော့ သူ အဲ့အခြေအနေကို ရောက်သေးတဲ့ ပုံစံ မရှိပေ..။သို့ပေမယ့် သူ ဦးနှောက်ကို မကြာခန အသုံးပြုပေးရင်..ဒီလို ရရှိဖို့ဆိုတာ ဖြစ်နိုင်ပါတယ်..။

ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်ပြီး..

"ဆရာ..ကျွန်တော်ရဲ့ မှတ်ဥာဏ်တွေက အရမ်းကို တိုးတက်လာခဲ့တယ်..။ဒါက ကျွန်တော် ဆေးပညာ လေ့လာတဲ့ နေရာမှာတော့ အကျိုးသက်ရောက်မူကြီး တစ်ခုပဲလေ..။ဒါတွေ အကုန်လုံးက ဥာဏ်ကောင်းစေသော ဆေးလုံး ကြောင့်ပဲ.."

လင်းဖန် ပြောလိုက်တယ်..။

"ကျုပ်အထင်တော့  ခင်ဗျား အရင်က အလုပ်ကြိုးးခဲ့တာ ရဲ့ အကျိုးရလာဒ်ပဲ..။ဆေးကို သောက်ပြီးတာနဲ့ အရင်က ဖတ်မှတ် ခဲ့တဲ့ စာအုပ်တွေက ခင်ဗျားရဲ့ စိတ်ထဲမှာ ပြန်မှတ်မိလာခဲ့တာလေ.."

ကျိူးမင်ချင်း ပြန်ပြောလိုက်တယ်..။

"ဒါက တကယ် အမှန်ပဲ.."

လူလိမ် ထျန်ဟာ သူတို့ နှစ်ယောက်ကို ကြည့်ပြီး ဘာတွေ ပြောနေကြတာလဲ ဆိုတာကို သိချင်နေခဲ့ပါတယ်..။

"ဥာဏ်ကောင်းစေသော ဆေးလုံးက ဘာလဲ..။ပြီးတော့..မှတ်ဥာဏ်တွေ တိူးတက်လာတယ် ဆိုတာက ဘာကို ပြောတာလဲ.."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"ကျုပ်က ပြီးခဲ့တဲ့ အခေါက်က ခင်ဗျားကို ပေးတဲ့ဆေးအကြောင်း ပြောနေကြတာ..။ခင်ဗျား မသောက်ချင်တာက တကယ် ရှက်စရာပဲ..။အဲတာက
တကယ့် နတ်ဆေးလုံးပဲ...။ဘယ်လောက် ရှက်ဖို့ ကောင်းလဲ.."

"ဟင်..ငါ အဲလိုဟာကို  မလိူချင်ပါဘူး.."

လူလိမ်ထျန်  ဒီလို ပြောလိုက်ပေမယ့် ..ခံစားချက်ကတော့ မတူညီနေခဲ့ပါဘူး..။သူ ဒီဆေးကို အတော်သိချင်နေခဲ့ပါတယ်..။ဒါက အတော်ကို ဆန်းကျယ်တာပါ..။

လင်းဖန် ရယ်မောလိုက်ပြီး..

"ခင်ဗျား မလိူချင်တာကောင်းတယ်..ကျုပ်လည်း ခင်ဗျားကို မပေးချင်တာနဲ့ အတော်ပဲ..။နောက်ပိုင်း ယူလန် နဲ့ ကျန်တဲ့ လူတွေကို တစ်လံူးစီ ပေးမယ်..။အဲ့အချိန်ကျမှ လိူချင်တယ် မလုပ်နဲ့..။အဲဒီဆေးက တစ်စုံတစ်ယောက်ကို ပိုပြီး ဥာဏ်ကောင်းလာစေတယ်.."

လူလိမ် ထျန် လင်းဖန်ကို ကြည့်လိုက်တယ်..။ဘာလို့ သူ  တစ်ခုခုမှားနေသလိူ ခံစားနေရတာလဲ မသိတော့ပါဘူး..။

လင်းဖန် ပြောလိုက်တယ်..။

"မင်ချင်း ခင်ဗျား ဒီရောက်နေပြီ ဆိုမှတော့ ဘာလို့ ညစာစားပြီးမှ မပြန်တာလဲ..။တစ်ချိန်တည်းမှာပဲခင်ဗျား  နားမလည်တာ ရှိရင် မေးလို့ရတာပေါ့..."

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"ဆရာ..အဲလိုအရာက တကယ်ရှိတယ်..။ကျွန်တော့်ိစိတ်အခြေအနေက အဆင်ပြေနေတော့ စာအူပ်တွေ အများကြီး ဖတ်ဖြစ်တယ်လေ..။ဒီတော့ မေးခွန်းတွေကလည်း အများကြီးပဲ..။အဲတာတွေက ကျွန်တော်စိတ်ထဲမှာ ရှုပ်ထွေးနေပြီး အခုထိ အဖြေမထွက်သေးဘူး.."

သူ့အတွက်တော့ လင်းဖန် ရဲ့ တပည့်ဖြစ်ခွင့်ရတာက ဘဝမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ကံကောင်းမူကြီးပါ..။သူ့ဆရာက သူ့ကို တရုတ်ဆေးပညာရဲ့ လမ်းကြောင်းမှန်ဆီ တင်ပေးခဲ့ပါတယ်..။

လင်းဖန် ရယ်မောလိုက်တယ်..။ဒီကျိုးမင်ချင်းက တကယ် လေ့လာအားကောင်းတာပါ..။ဒါကြောင့်လည်း လင်းဖန် သူ့ကို သင်ပြပေးချင်တာပါ..။သူက သူ့ဟာသူ လေ့လာနေတောက..လင်းဖန်လိူ ငပျင်းတစ်ယောကိက တစ်ချိန်လုံး လိုက်သင်ပေးစရာ  မလိူတော့ပါဘူး..။

ကျိုးမင်ချင်းက အသက်ကြီးနေပြီ ဖြစ်ပေမယ့်..အလားအလာ တော့ ရှိနေပါသေးတယ်..။အထူးသဖြင့် ဥာဏ်ကောင်းစေသော ဆေးလုံးသောက်ထားတဲ့ အတွက်ကြောင့် သူ့ရဲ့ အလားအလာက လူငယ်လေးတွေလိုပါပဲ..။

တရုတ်သမားတော် တစ်ယောက်အတွက်တော့ ဒါက ကောင်းမွန်တဲ့ အရာပါ..။

ခုနှစ်ရက် ကြာပြီးနောက်..။

တရုတ်ဆေးပညာ အကယ်ဒမီ တစ်ခုတွင်..။

"မင်းကြားပြီးပြီလား..။သင်ရိုးအသစ်က မနက်ဖြန် ရောက်လာတော့မှာပဲ.."

"သူတို့က ရောက်နေတာကြာပြီ..။သင်ရိုးအသစ်တွေက ကျောင်းမှာ တစ်ချိန်လုံးရှိနေတာ..။သူတို့က ဖြန့်ဝေ့ပြီး  ပြိုင်တူ သင်မယ့်နေ့ကို စောင့်နေကြတာ ဖြစ်မယ်..."

"ဒါဆို သင်ရိုးအဟောင်းတွေကို ဘယ်လိုလုပ်မှာလဲ..။ငါတို့က ဒါကိုလေ့လာပြီး အချိန်ဖြုန်းနေတာ မဟုတ်ဘူးလား.."

"ဒါကတော့ မသေချာဘူး..။သင်ရိုးအသစ်ကလည်း အဟောင်းနဲ့တော့ သိပ်မကွာလောက်ပါဘူး..။ဘာပဲဖြစ်ဖြစ်  ဒီဆေးပညာကတော့ တူတူပဲလေ.."

"ငါကြားတာတော့..ဒါကို နတ်ဆေးဆရာလေး ရေးထားတာတဲ့..။ဘယ်လိူ ပုံစံလဲ..တကယ်သိချင်မိတယ်.."

"ဘာနတ်ဆေးဆရာလဲ..။ဒီနေ့ခေတ်မှာတော့ လူတွေက  ကိုယ့်ကိုကို နာမည် ကောင်းကောင်းလေးတွေ ပေးနေကြတာပဲ.။ငါတော့  မယံူပါဘူး."

အကယ်ဒမီ ရုံးခန်းတွင်..။

ဆရာတွေ အုပ်စုဟာ စုဝေးနေကြပြီး သင်ရိုးအသစ်အကြောင်းကို ဆွေးနွေးနေခဲ့ကြပါတယ်..။

"ပညာရေး ဌာနက သင်ရိုးအသစ်တွေ ပို့လိုက်ပြီးဆိုတဲ့ ကို ရလိုက်တယ်..။ငါတို့က ဒုတိယ စာမေးပွဲတောင် ရောက်နေကြပြီလေ..။တကယ်လို့ သင်ရိုးကို ရုတ်တရက် ပြောင်းလိုက်ရင် ဒါက မကောင်းနိုင်ဘူးမလား..."

"ငါတို့က ဘာတတ်နိုင်မှာလဲ..။ဒါက အထက်က ညွှန်ကြားချက် ပဲလေ.."

"သင်ရိုးအသစ်က ဘယ်လိုရှိလဲ တစ်ယောက်ယောက် သိထားလား.."

"မသိဘူး..ငါ မြင်တောင် မမြင်ဖူးသေးဘူး..."

"ဒါပေမဲ့ အရင်တုန်းက သင်ရိုးရေးတဲ့ လူက စပါယ်ရှယ်လစ် တစ်ချို့နဲ့ ပြသနာ ဖြစ်သေးတယ်လေ..။အဲတုန်းက တော်တော်ကြီးကြီးပဲ..။ပညာရေး ဌာနရဲ့ ခေါင်းဆောငိတောင် အဲ့အထဲ ပါသွားသေးတယ်.."

"အဲလိုလား"

"ဟုတ်တယ်  ဒါကြောင့် ငါတို့ နိမ့်ချနေမှ ရမယ်..။ငါတို့ ရောက်လာတဲ့ သင်ရိုးတွေကို လက်ခံပြီး..သေချာသင်ပေးလိုက်ရင် အဆငိပြေသွားမှာပါ.."

"ငါကတော့ ဒီလိုဖြစ်လာမယ် မထင်ဘူး..။အကြီးအကဲ ဟန် ဘာပြောဦးမလဲ မသိဘူး.."

"ဟင်..အကြီးအကဲ ဟန် ရောက်လာပြီ.."

အဲ့အချိန်မှာပဲ အသက် ၅၀ အရွယ်လောက် ရှိပြီး အဝါရောင် ဝတ်ရုံကို ဝတ်ဆင်ထားတဲ့. လူကြီးဟာ ဝင်လာခဲ့တယ်..။

"အကြီးအကဲ ဟန်..သင်ရိုးအသစ်နဲ့ ပတ်သက်ပြီးဘာပြောချင်သေးလဲ.."

ဆရာ တစ်ယောက်က ပြောလိုက်တာပါ..။

အကြီးအကဲဟန် ပြန်ပြောလိုက်တယ်..။

"ငါလည်း မသိဘူးလေ..။ငါ မှ မမြင်ရသေးတာ.."

"သင်ရိုးအသစ်က ဆိုးရွားနေရင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ.."

အကြီးအကဲ ဟန် ရယ်မောလိုက်ပြီး..

"ဆိုးရွားတာလား..။မင်း အတွေးလွန်နေတာပဲုဖစ်မယ်..။တကယ်လို့ ဒီသင်ရိုးတွေကသာ ဆိုးရွားမယ် ဆိုရင် သူ့ထက်ကောင်းတဲ့ သင်ရိုးက ရှိတော့မှာ မဟုတ်တော့ဘူး.."

လူတိုင်းဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်..။

"အကြီးအက​ဲ ဟန်..သင်ရိုးအသစ်ကို ကြည့်ပြီးပြီ  မို့လို့လား..။သင်ရိုးအသစ်က မဆိုးရွားဘူးဆိုတာ ဘယ်လို သိတာလဲ.."

"အကြီးအကဲ ဟန်..သင်ရိုးအသစ်ကို ရေးတဲ့လးကို သိလို့လား.."

အကြီးအကဲ ဟန် ခေါင်းခါယမ်းလိုက်ပြီး..

"ငါ သူ့ကို မသိပါဘူး..ဒါပေမဲ့ တစ်ခါဆုံဖူးတယ်.။သူ ငါတို့ ဆီမှာ ဆေးပညာ ပရဟိတ လာလုပ်သေးတယ်လေ..မင်းတို့ မသိကြဘူးလား..။ငါ သူ့ကို ကိုယ်တိုင်သွားကြည့်တာ..သူ့ရဲ့ ဆေးပညာက တကယ်ကို အံ့ဩစရာပဲ..။င့ါ့မျက်လုံးနဲ့ မြင်ရတာ မဟုတ်ရင်  ငါ ယုံကြည်နိုင်မှာတောင်  မဟုတ်ဘူး.."

လူတိုင်း အံ့ဩသွားခဲ့တယ်..။အကြီးအကဲဟန်က သင်ရိုးအသစ်တွေကို မမြင်ရသေးခင်မှာပဲ မျှော်လင့်ချက် ရှိနေလိမ့်မယ်လိူ့ မထင်ထားခဲ့ကြပါဘူး..။ဒါက  သူတို့အတွက် သင်ရိုးအသစ်ကို ပိုပြီး  သိချင် စေခဲ့ပါတယ်..။

စာသင်ခန်းတစ်ခုတွင်..။

ဆရာဟာ စာသင်ခန်းရဲ့ ရှေ့မှာ ရပ်ပြီး ပြောလိုက်တယ်..။

"ကျောင်းသားတို့..သင်ရိုးအသစ်က ရောက်လာပြီ..။အခုမင်းတို့ကို ဖြန့်ဝေပေးမယ်"

ခနအတွင်းပဲ သင်ရိုးအသစ်က ကျောင်းသားတွေ လက်ထဲကို ​ေရာက်သွာခဲ့ပါတယ်..။

ကျောင်းသားတွေဟာ..သင်ရိုးအသစ်ထဲက စာမျက်နှာတွေကို လှန်လိုက်တဲ့ အချိန်မှာ..အမူအရာ ပြောင်းလဲ သွားခဲ့တယ်..။ယင်းနောက် သူတို့ အံ့ဩသင့်စွာ အော်ဟစ်လိုက်ပါတယ်..။

"ကြည့်ပါဦး..ဒီသင်ရိုးအသစ်က ဘာလဲဟ..။ဘာလို့ အရင်အဟောင်းနဲ့ တစ်ခုမှ မတူရတာလဲ.."

"ချီးပဲ ဒါအမှန်ပဲ..။သူတို့က ငါတို့ကို ကစားနေတာလား.."

"ဟေး  ပထမအပိုင်းကို ကြည့်ပါဦး..။ဒါက ဒီတိူင်းရေးထားသလိုပဲ..။ဒါက သင်ရိုးအဟောင်းလိူ ဆန်းကြယ်ပြီး ရှုပ်ထွေး မနေဘူး..။နားလည်ဖို့ အရမ်းလွယ်ကူနေတယ်.."

"ဒါက မဟုတ်သေးဘူးနော်..။သင်ရိုးအသစ်က မဟုတ်သေးဘူး..။ခေါင်းစဥ္ အတွက် ရှင်းပြချက်တွေက သင်ရိုးအဟောင်းနဲ့ တစ်ခြားစီပဲ..။ဒါမဟုတ်သေးဘူး.."

"မင်းတို့ အင်တာနက်က သတင်းမှာ မကြည့်ခဲ့ကြဘူးလား..။အရင် သင်ရိုးအဟောင်းမှာက အမှားတွေအများကြီးပဲတဲ့.။အခု သစ်ရိုးအသစ်မှာ ရှင်းပြထားတာတွေကမှ  အမှန်တွေ.."

"ဒါက တကယ် အမှန်ပဲလား..."

အဲ့အချိန်မှာတော့ ဒီလိူအခြေအနေက နိုင်ငံတစ်ခုလုံးရဲ့ ဆေးပညာ အကယ်ဒမီမှာ ဖြစ်နေခဲ့တာပါ..။

❤️❤️❤️

A Valiant Life 599
အပိုင်း ( ၅၉၉ ) 

#ဘာသာပြန် = စနိုးဝှိုက်

ရက်အနည်းငယ် ကြာပြီးနောက်..။

ကျိုးမင်ချင်းရဲ့ ဖုန်းဝင်လာခဲ့တယ်..။

"ဆရာ..ဒါက ပျော်စရာ ကိစ္စပဲ..။အခြေခံ သင်ရိုးက တစိနိုင်ငံလုံးက ဆေးပညာ အကယ်ဒမီ တွေကို အကျိူးသက်ရောက်မူ ကြီးမားစေခဲ့တယ်.."

လင်းဖန် အံ့ဩသွားခဲ့တယ်..။

"တကယ်လား..အဲလောက်တောင်  အဆင်ပြေနေတာလား..."

ကျိုးမင်ချင်း ပြုံးလိုက်ပြီး..

"ဆရာ..ဒါက ဆရာကိုယ်တိုင်ရေးထားတဲ့ အခြေခံ သင်ရိုးလေ..။မအောင်မြင်ပဲ ဘယ်လိုလုပ်နေမှာလဲ..။ကျွန်တော် တစ်ခြား ကျွမ်းကျင်တဲ့ သမားတော်တွေကို ဖုန်းဆက်ကြည့်တော့လည်း သူတို့က ကောင်းမွန်တယ် လို့ပဲ ပြောကြတယ်..။ဒီတစ်ခုက အရင်အဟောင်းထက် စာရင် ပိုပြီး ကောင်းမွန်တယ်လေ..။ကျောင်းသားတွေကလည်း နားလည်ရလွယ်ကူလို့ သဘောကျနေကြတယ်..."

"ဒါကောင်းတယ်.."

လင်းဖန် ပြုံးလိုက်တယ်..။သင်ရိုးအသစ်ကို သဘောကျ ကြတယ် ဆိုရင် ..ဒါက သူစွယ်စုံအမှတ်တွေ ပိုပြီး ရတော့မယ် လို့ ဆိုလိုတာပါပဲ..။

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"ဆရာ..အင်တာနကိပေါ်ကိုလဲ တစ်ချက်ကြည့်လိုက်ဦး..။သင်ရိုးအသစ်အကြောင်း သတင်းတွေ တက်လာနေပြီ..။သူတို့ က ကျောင်းသားတွေ နဲ့ ဆရာတွေ အကြောင်း တင်ထားကြတာလေ.."

ဖုန်းချပြီးနောက်မှာ လင်းဖန်..အင်တာနက်ကိုချက်ချင်း စစ်ဆေးကြည့်လိုက်တယ်..။

"တရုတ်ဆေးပညာ အခြေခံသင်ရိူးအသစ်ဟာ ကောင်းမွန်တဲ့ တုန့်ပြန်မူတွေ ရနေခဲ့သည်..။ဆရာ နဲ့ကျောင်းသားတွေဟာ  သဘောကျနေခဲ့ကြသည်.."

"နတိဆေးဆရာ လေးရေးသားတဲ့ အခြေခံ သင်ရိုးဟာ သင်ရိုးအဟောင်းထက် ပိုကောင်းမွန်နေခဲ့သည်.."

"ကျောင်းသားတွေဟာ..ဒီအခြေခံ သင်ရိုးက သူတို့ အမြဲတမ်း လိူအပ်နေတဲ့ အရာတစ်ခုလို့ ပြောကြားခဲ့ကြသည်.."

လင်းဖန် ဟာ အစက ပြုံးနေခဲ့ပေမယ့်  နောက်ပိုင်းမှာတော့ သူ့ရဲ့ အပြုံးတွေက ပိုပိုပြီး တောက်ပလာခဲ့ပါတယ်..။

စွယ်စုံအမှတ်  + 1

စွယ်စုံအမှတ်  + 1

အဲအချိန်မှာပဲ လင်းဖန် ရဲ့ စွယ်စုံအမှတ် တွေဟာ..သူ တစ်ခါမှ မမျှော်လင့်ထားတဲ့ အရှိန်နှုန်းနဲ့ ထိူးတက်နေခဲ့တယ်..။အရင်တုန်းက ဆိုရင် သူ စွယ်စုံအမှတ် နည်းနည်းရဖို့ အတော်ကြိုးစားပေမယ့်..အခုအချိန်မှတော့ စွယ်စုံအမှတ်  ဝင်လာနေတဲ့ နှုန်းက ကြောက်စရာပါပဲ..။

ဒီလို သာ ဆက်သွားနေရင် ဘယ်လောက်အထိတောင်ရောက်သွားမှာလဲ..။လင်းဖန် အံ့ဩလွန်းလို့ အသက်ရူဖို့တောင် မေ့နေခဲ့ပါပြီး..။သူ့မျက်နှာပေါ်က အပြုံးကတော့ ပေါက်ကွဲ ထွကိလာတော့မယ့် အတိုင်းပါပဲ..။

စွယ်စုံအမှတ်  : 3450

သူ ဒီလောက်အထိ ရဖို့ ဘယ်တုန်းကမှ  မထင်ထားခဲ့ပေ..။ဒါက တကယ်ကို အံ့ဩစရာပါပဲ..။

ပြီးတော့ လင်းဖန်ကို ပိုပြီး အံ့ဩစေတာက..စွယ်စုံအမှတ် တွေက ဆက်ပြီး ဖြည်းညှင်းစွာ မြင့်တက်နေဆဲပါ..။

နည်းနည်း

နည်းနည်း..

ကြည့်ရတာ..အခြေခံ သင်ရိုးကို လူတွေ ဖတ်နေကြတဲ့ ပုံပါပဲ..။သို့ပေမယ့်  တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ကြည့်ရင် ဒီပမာဏက နည်းနေသေးတယ်လို့ ပြောလို့ရပါတယ်..။

တစ်ချို့ သင်ရိုးအသစ်ကို မလေ့လာရသေးတဲ့ လူတွေ လည်း ရှိနေကြဦးမှာပါ..။သူတို့ အကုန်လံူး သင်ရိုးအသစ်ကို နစ်မြောပြီး နားလည်ကြလိမ့်မယ်လို့လည်း လင်းဖန် မမျှော်လင့်ထားခဲ့ပေ..။

သိူ့ပေမယ့် ဒီနှုန်းအတိုင်း ဆိုရင် စွယ်စုံအမှတ်တွေ ခုန်တက်သွားဖို့ ဆိုတာက မဖြစ်နိုင်တာ  မဟုတ်တော့ပါဘူး..။

အဲ့အချိန်မှာပဲ.သူ့ဖုန်းဟာ မြည်လာခဲ့တယိ..။

ကျို့ချင်းချင်..။

"ဂုဏ်ယူပါတယ် မာစတာလင်း..။မင်းရဲ့ သင်ရိုးအသစ်က တကယ်ကို အောင်မြင်သွားပြီလိုလ ပြောလို့ရတယ်..။ကျောင်းသားတွေ ဆိုရင်လည်း တကယ်ကို သဘောကျနေကြတာ.."

"ကျွန်တော်ကို မြှောက်နေတာပဲ.."

"ကျွန်တော်တို့ အဖွဲ့အစည်းကလည်း မာစတာလင်းရဲ့ အူရောင်ငန်းဖျားနဲ့ ရောဂါအမျိုးမျိုး စာအုပ်ကို ဖြန့်ချီပေးမလို့..။ဒီလိူ ကောင်းမွန်တဲ့ စာအုပ်က အကုန်လုံးကို မျှဝေပေးသင့်တယ်လေ.."

ဒီလို ဖြန့်ဝေဖို့ ဆိုတာက လင်းဖန် ဆန္ဒရှိနေတဲ့ အရာတစ်ခုပါပဲ..။

"ကောင်းပြီလေ..ဥက္ကဌ ကျို့ ကိုင်တွယ်မယ် ဆိုရင် ကျွန်တော် စိတ်ပူစရာ မရှိပါဘူး..။လုပ်စရာရှိတာ ဆက်လုပိပါ.."

"ဟားဟား..ကျေးဇူးတင်ပါတယ်  မာစတာလင်း..။ဘေးဂျင်းကို ရောက်လာတဲ့ အချိန်ကြရင် ကျွန်တော် ဝိုင်နဲ့ ပြုစုပါ့မယ်.."

"ကောင်းပါပြီ.."

တစ်ယောကိပြီး တစ်ယောက် ဆီက ဖုန်းတွေ ဝင်လာခဲ့တယ်..။နောက်ဆုံးတစ်ယောက်ကတော့ သူ့အဖေ ဆီကပါ..။

"အဖေ..ဘာဖြစ်လို့လဲ.."

"သား..အခု ထွက်နေတဲ့ အခြေခံ သင်ရိူးက  မင်းဟာလား.."

"ဟုတ်တယ်..သားဟာ.."

"ဟားဟား..ငါ့သားက တကယ်ကို ထူးချွန်တာပဲ..။အဖေ အရမ်းဂုဏ်ယူမိတယ်..။အဖေ ထပ်ပြီး မပြောတော့ဘူး..။အဲ့စာအုပ်ကို တစ်ခုလောက် ကော်ပီ ကူးပြီး အနိကယ်လီ ဆီ ပို့ပေးရဦးမယ်..။နောက်မှ ပြောကြမယ်လေ..။အခု ဖုန်းချလိုက်ပြီ..."

လင်းဖန် အကူညီမဲ့စွာ ခေါင်းခါယမ်းလိုက်ပါတယိ..။ဒါပေါ့..သူအဖေ ရဲ့ ရည်ရွယ်ချက်ကို သူသိထားပြီးသားပါ..။အန်ကယ်လီကတော့ သူ့အဖေ ရဲ့ တိုက်ခိုက်မူကို ခံရတော့မှာ ကျိန်းသေပါပဲ..။

အန်ကယ်လီ အတွကိကတော့ ဒီလို အိမ်နီးချင်း မျိုးရှိနေတဲ့ အတွက် ဘာမှ တတ်နိုင်မှာ မဟုတ်ပေ..။

လူလိမ် ထျန် ပြောလိုက်တယ်..။

"ကောင်လေး ဘာတွေ ပြောစရာ ရှိနေလို့လား..။မင်းအပြုံးက စောစောစီးစီး ထူးခြားနေပါလား.."

လင်းဖန် ပြုံးလိုက်ပြီး..

"ပျော်စရာလား..။ပျော်စရာ ဆိုတာ  ကျုပ်အတွက် လက်ရှိဖြစ်နေတဲ့ အရာပါ..။ကျုပ် ကောင်းကင်ပေါ် တက်သွားမယ်လို့တောင် ခံစားနေရတယ်.."

ဝူယူလန် လဖက်ရည် တစ်ခွက်ကို ယူလာခဲ့ပြီး..

"အစ်ကိုလင်း..သင်ရိုးအသစ်က တကယ်အောင်မြင်သွားတယ် ဆိုပေမယ့်လည်း..ဒီလောက်နဲ့ ပျော်ရွှင်တတ်တဲ့ လူမျိုးမဟုတ်ဘူးလေ.."

လင်းဖန် တည်ငြိမ်စွာ ပြုံးလိုက်ပြီး..

"မင်းတို့ နားမလည်ပါဘူး.."

လူလိမ် ထျန် ပြောလိုက်တယ်..။

"မငိးမ​ပြောရင် ငါတို့က ဘယ်လို  နားလညိမှာလဲ.."

လင်းဖန် ပြုံးနေခဲ့ပြီး ဘာမှ ပြန်မပြောခဲ့ပေ..။ဒီအခြေအနေက ရှင်းပြလို့ မရတဲ့ အရာတစ်ခုပါ..။သူတို့ကို ဘယ်လိုလုပ် ​ပြောလို့ ဖြစ်မှာလဲ..။စွယ်စုံအမှတ်တွေဘ အမြန်နှုန်းနဲ့ တိူးလာနေတယ် လို့ ပြောရမှာလား..။

သူသာ အဲလို သွားပြောရင်  လူလိမ် ထျန်က သူ့ကို စောက်ရူးတစိယောက်လို့ ကြည့်နေတော့မှာပါ..။

သူက အခုဆိုရင် စွယ်စုံအမှတ် သုံးထောင်ကျော်နဲ့ ချမ်းသာ နေခဲ့ပါပြီ..။ဒါမျိူးက သူ အရင်တုန်းက အိမ်မက်မမက်ရဲ့ တဲ့ ပမာဏ မျိူးပါပဲ..။

သိူ့ပေမယ့် ဒီကိစ္စအပြီးမှာတော့ သူ့အနာဂတ်အတွက်မျှော်လင့်ချက် တွေ ပြည့်နေခဲ့ပါပြီ..။သူ စွယ်စုံအမှတ်တွေ ရဖို ပိုပိုပြီး ကြိုးစားသွားမှာပါ..။

နောက်တစ်ရက်..

လင်းဖန် နိုးလာတဲ့ အချိနိမှာ  ပထမဆုံး လုပ်တဲ့ အရာက သူ့ရဲ့ စွယ်စုံအမှတ်တွေကို စစ်ဆေးပါ..။သူ ပမာဏကို မြင်တဲ့ အချိန်မှာ ပြုံးလိုက်တယ်..။

စွယ်စုံအမှတ် : 4035

ဒါက မနေ့က ထက်စာရင် ပိုပြီး တိုးတက်လာခဲ့ပါပြီ..။

ကြည့်ရတာ ဒီအခြေခံ သင်ရိုးက သူ့ကို စွယ်စုံအမှတ်တွေ အများကြီး ရှာဖွေပေးမယ့် ပုံစံပါပဲ..။တကယ်လို့ သူတို့သာ..အခြေခံ သင်ရိုးအသစ်မပြောင်းနိုင်ရင် ဒါက သူ့အတွက် စွယ်စုံအမှတ် ဝင်ဖို့ အရင်းအမြစ်တစ်ခု ဖြစ်နေတော့မှာပါ..။

စွယ်စုံကျမ်း ရဲ့ စတိုးထဲမှာ သူလိုချင်တဲ့ အရာတွေ အများကြီးပါပဲ..။သို့ပေမယ့်  သူ မဝယ်သေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..။သူ့ရဲ့လက်ရှိမစ်ရှင်က ပြီးမြောကိသေးတာ မဟုတ်ပါဘူး..။

ကလေးတစ်ယောကိ စီတိုင်းကို ဥာဏ်ကောင်းဆေးသော ဆေးလုံးပေးနိုင်ဖို့က ..စွယ်စုံအမှတ် အများကြီးလိုအပ်မှာပါ..။ဒါကြောင့် သူ စွယ်စုံအမှတ် တွေကို မလိုအပ်ပဲ မသုံးချင်ပါဘူး..။

အဲ့အချိန်မှာပဲ..နန်ရှမ်း ဂေဟာက ဒါရိုက်တာ ဟောင်ရဲ့ ဖုန်းဝင်လာခဲ့တယ်..။

"မာစတာလငိး..ပရိဟိတ အဖွဲ့တစ်ခုက ကျွန်မတို့ ဂေဟာကို ရောက်နေကြတယ်..။မာစတာလင်း သူတို့ကို တွေ့ဖို့ အချိန်ရှိလား.."

ဒါရိုက်တာ ဟောင် မေးလိုက်တာပါ..။

လင်းဖန် " ကောင်းပြီလေ..ကျွန်တော် ခနနေလာခဲ့မယ်..။ကျုပ်တို့ ဂေဟာက ပရဟိတ အဖွဲဝငိတွေ ရနေလိမ့်မယ်လို့ မထင်ထားဘူး.."

"မာစတာလင်း သတိမထားမိလို့ပါ..။ကျွန်မတို့ဆီမှာ အပတ်စဥ္တိုင်း ပရဟိတ လုပ်တဲ့ အဖွဲ့တွေ ရှိပါတယ်..။ဒီလူတွေက အမြဲမလာပေမယ့် ကလေးတွေ အတွက် ခံစားချက်တွေကို ကွဲပြားစေတယ်လေ.."

လင်းဖန်  ခနကြာအောင်စကားပြောပြီးနောက် ဖုန်းချလိုက်ပါတယ်..။

နန်ရှမ်း ကလေး  ဂေဟာတွင်..။

များပြားလှတဲ့ ကားတွေ အပြင်ဘက်မှာ ရပ်သွားခဲ့တယ်..။

ယောက်ျားလေး..မိန်ူကလေး အုပ်စုတွေဟာ  မတူညီတဲ့ ပစ္စည်းတွေကို သယ်ပြီး ကားထဲက ထွက်လာခဲ့ကြပါတယ်..။

သူတို့ထဲက တစ်ယောက်ဖြစ်တဲ့ ဆံပင်တိုတို  နဲ့ မိန်းကလေးဟာ ပြောလိုက်တယ်..။

"ငါ..ပရိဟိတ သမားတစ်ယောက် ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..။ဒါက ငါ့အတွက် ပထမ ဆုံးအကြိမ်ပဲ..။ဝေဝေ..နင်က မကြာခနလာနေတာ ဆိုတော့..တစ်ခုခု မှတ်ထားဖို့လိုတာ ရှိသေးလား.."

ဒီလူတွေက အရင်က တူတူ ပရဟိတ မလုပ်ဖူးပေမ
ယ့် သူငယ်ချင်းတွေပါ..။ကျို့ဝေဝေက ပရဟိတ သမားတစ်ယောက်ဖြစ်ခဲ့ပြီး..မကြာခန ဆိုလို ပရဟိတ တွေ လုပ်လေ့ရှိတဲ့ လူတစ်ယောက်ပါ..။ဒီတစ်ကြိမ် ..သူမ နန်ရှမ်းကလေး ဂေဟာကို လာတော့..တစ်ခြားလူတွေပါ လိုက်လာခဲ့ကြပါတယ်..။

ကျို့ဝေဝေက အတော်အသင့် ချောမောလှပပါတယ်..။သူမ  နွေးထွေး ကြင်နာစွာ ပြုံးလိုက်ပြီး..

"ဘာမှ မှတ်သားစရာ မလိုဘူး..။ကလေးတွေကိုသာ ကြင်ကြင်နာနာ နဲ့ နွေးနွေးထွေးထွေး ဆက်ဆံပေး.."

ဘေးနားမှာ ရှိတဲ့ လူငယ်တစ်ယောကိဟာ ပြောလိုက်တယ်..။

"ငါတို့..ငနဲလေးတွေနဲ့ ဖြေရှင်းရမှာမလား..။ငါ လုပ်နိုင်ပါတယ်.."

ကျို့ဝေဝေ အနည်းငယ်  မသက်မသာ ဖြစ်သွားခဲ့ပြီး..

"ယန်မူ..သူတို့က လမ်းဘေးက ကလေး တွေ မဟုတ်ဘူး..။စကားပြောတာကို  သတိထားပါ..."

ယန်မူ  ရယ်လိုက်ပြီး တောင်းပန်စွာ ပြောလိုက်တယ်..။

"စိတ်မဆိုးပါနဲ့ ဝေဝေ..။ငါက စကားပြောတာ အကျင့်ပါနေလို့ပါ.."

သူ ဒီမှာ ပရဟိတ လုပ်ချင်လို့ လာခဲ့တာ မဟုတ်ပါဘူး..။သူက ဒီတိုင်း ဝေဝေနဲ့ ပိုရင်းနှီးချင်ယုံ သက်သက်ပါ..။သူ ဒီကို လာပြီး ကလေးတွေနဲ့ အလကားသက်သက် မကစားချင်ပေ..။ဒါကြောင့် သူ့မှာ အချိန်ရှိရင် ဒီထက်ပိုပြီး အဓိပ္ပါယ်ရှိတဲ့ အရာတွေကိုပဲ လုပ်သင့်ပါတယ်..။

"ယန်မူ  နင် ဝေဝေကို မပျော်မရွှင်ဖြစ်အောင် မလုပ်သင့်ဘူးနော်..။ကိုယ့်ကိုကို သတိပေးသင့်တယ်..."

ဆံပင်အတိုနဲ့ မိန်းကလေးဟာ ပြုံးလိုက်ပြီး ဝေဝေရဲ့ လက်မောင်းကို ဆွဲကာ ပြောလိုက်တာပါ..။

အဲ့အချိန်မှာပဲ ဒါရိုက်တာ ဟောင် ရောက်လာခဲ့တယိ..။

"အားလုံး တွေ့ရတာ ဝမ်းသာပါတယ်..။ကျွန်မက ဒီနေရာက ဒါရိုက်တာ ပါ.."

ကျို့ဝေဝေ  ရှေ့ကိုတက်ပြီး ပြောလိုက်တယ်..။

"တွေ့ရျာ ဝမ်းသာပါတယ်  ဒါရိုက်တာ..။ညီမက ပရဟိတ  လာလုပ်တဲ့ ကျို့ဝေဝေပါ..။ဒါက ညီမရဲ့ ပရဟိတ  လုပ်ကိုင်ခွင့် လက်မှတ်ပါ.."

ဒါရိုက်တာ ဟောင် ပြုံးလိုက်ပြီး..

"ကျေးဇူးတငိပါတယိ..."

ကျို့ဝေဝေ ပစ္စည်းတွေကို သယ်လိုက်ပြီး..

"ဒါရိုက်တာ ဟောင်..ဒါက ကျွန်မ ဒီဂေဟာကို ပထမဆုံးအကြိမ် လာဖူးတာဆိုတော့..အရမ်း မရင်းနှီးဘူး  ဖြစ်နေတယ်..။ညီမကို နည်းနည်း မိတ်ဆက်ပေးပါဦး..။ဒါမှ နောက်တစ်ခါလာရင် ပိုပြီး ရင်းနှီးသွားမှာလေ.."

ဒါရိုက်တာဟောင်  ခေါင်းညိမ့်လိုက်တယ်..။

"သေချာတာပေါ့.."

ဒါရိုက်တာဟောင် ပရဟိတ သမားတွေကို တကယ်သဘောကျပါတယ်..။အထူးသဖြင့် အမှန်တကယ် ပရဟိတ လုပ်လိုစိတ် ရှိတဲ့ လူတွေကိုပါ..။

❤️❤️❤️

စူပါဆန်းဒေး အတွက် မင်မင် ၂ ပိုင်း တင်ပေးလိုက်ပြီနော်...😍

A Valiant Life 600
အပိုင်း ( ၆၀၀ ) ပရဟိတ

#ဘာသာပြန် = စနိးဝှိုက်

ဒါရိုက်တာ ဟောင်ဟာ ကျို့ဝေဝေ နဲ့ ကျန်တဲ့ လူတွေကို နန်ရှမ်း ကလေး ဂေဟာကို..လိုက်ကြည့်ဖို့ ခေါ်သွားခဲ့တယ်..။လင်းဖန် ရဲ့ ကြိုစားမူတွေကြောင့် နန်ရှမ်း ဂေဟာက အတော်လေးကို ပြောင်းလဲ နေခဲ့ပါပြီ..။သူတို့ ကလေးတွေ အတွက် စာသင်ဖို့ အဆောက်အဦးတွေ ဆောက်နေခဲ့ကြတာပါ..။

ဆောက်လုပ်ရေး အဖွဲ့ရဲ့ ခေါင်းဆောင် ဟာ သူတို့ ဆောက်နေတာက..မိဘတွေ မရှိတော့တဲ့ ကလေးတွေ စာသင်ဖို့ အတွက် ဆိုတာ သိထားပါတယ်..။ဒါကြောင့် သူတိူ့ လေးလေးနက်နက် ထားပြီး တာဝန်ယူ ဆောက်လုပ်နေကြတယ်...။တကယ်လို့ သူ တစ်ခုခု  အဆင့်မမှီတာကို တွေ့ရင်  ချက်ချင်း ဖျက်ခိုင်းပြီး အသက်ပြန်လုပ်ခိုင်းလေ့ ရှိပါတယ်..။

သူ့အတွက်ကတော့..ကလေးတွေ အတွက် ဒီလို အဆောက်အဦးကို ဆောက်ခွင့်ရတာက အဓိပ္ပါယ်ရှိတဲ့ အလုပ်တစ်ခုပါ..။တကယ်လို့..သူသာ..မကောင်းတဲ့ စိတ်နဲ့..ခိုးယူပြီး လုပ််မယ် ဆိုရင် ဒါက ပိုပြီး ကြီးလေးတဲ့ အကုသိူလ် တစ်ခုပါပဲ..။

ကျို့ဝေဝေ သိချင်စွာ မေးလိုက်တယ်..။

"ဒါရိုက်တာ ဟောင် ဒီအဆောက်အဦးတွေက ဘာအတွက်လဲ.."

ဒါရိုက်တာ ဟောင် ပြန်ပြောလိုက်တယ်..။

"ဒါက ကလေးတွေ စာသင်ခန်းလုပ်ဖို့ အ​ေဆာက်အဦး ဆောက်နေတာလေ..။ကလေးတွေက အထူးလိုအပ်ချက် တွေ ရှိနေတာလေ..။တကယ်လို့  ကလေးတွေသာ ကျောင်းကို သွားရင် ကျောင်းက နေရာတွေ အခက်အခဲဖြစ်လာလိမ့်မယ်..။ထပ်ပြောရရင် ဒီကလေးတွေက မငယ်တော့ဘူးဆိုတော့..ကျောင်းတက်ပြီး   စာသင်သင့်နေပြီလေ.."

ယန်မူ ရေရွတ်လိုက်တယ်..။

"ဒီ ဂေဟာက ပိုက်ဆံ တွေ အများကြီး ရှိနေတာပဲ..။ဒီအဆောကိဦးတွေ ဆောက်ဖို့ဆိုရင် အနည်းဆံူး သန်းအနည်းငယ်လောက် တော့ လိုအပ်မှာ.."

ကျို့ဝေဝေ ဒါကို ကြားတဲ့အချိန်မှာ ယန်မူကို သတိပေးတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။

ဒါရိုက်တာ ဟောင် ပြုံးလိုက်ပြီး..

"တကယ်တော့ ကျွန်မတို့မှာ ဒီလောက် ငွေကြေးပမာဏ မရှိပါဘူး..။ဒါပေမဲ့ ကလေးတွေက လူကောင်းတစ်ယောက် နဲ့ တွေ့ခဲ့တယ်လေ..။အဲလူကပဲ သူတို့အတွက် ရန်ပုံငွေတွေ ရအောင် စီစဥ္ပေးတာ.."

ကျို့ဝေဝေဟာ ဒါကိုကြားတဲ့ အချိန်မှာ  အဲ့လူကို အသိအမှတ်ပြုစွာ ခေါင်းညိမ့်လိုက်တယ်..။ဒီလို ဂေဟာ တစ်ခုအတွက် ပိုက်ဆံ ဒီလောက်အများကြီးလှူတဲ့ လူက ကျိန်းသေ လူကောင်းတစ်ယောက်ပဲ ဖြစ်မှာပါ..။

သိပ်မဝေးတဲ့ နေရာတစ်ခုမှာတော့ လီဖက်တီးဟာ ဝီးချဲတစ်ခုကို တွန်းနေခဲ့တယ်..။ဝီးချဲပေါ်က ကလေးမှာက ခြေထောက်တစ်ဖက် မရှိတော့ပါဘူး..။အဲတာတောင် သူတို့နှစ်ယောက်က ပျော်ရွှင်စွာ စကားပြောနေကြပါတယ်..။သူတု့ိ ကြည့်ရတာ ပျော်ရွှင်နေကြတဲ့ ပုံပါပဲ..။

"မင်္ဂလာ မနက်ခင်းပါ ဒါရိုက်တာ.."

သူတို့နှစ်ယောကိဟာ ဒါရိုက်တာ ဟောင်ကို မြင်တဲ့ အချိန်မှာ ချစ်ဖို့ကောင်းတဲ့ အပြုံးလေးတွေနဲ့ နှုတ်ဆက်လိုက်ကြတယ်..။သူတို့နှစ်ယောက်က ငယ်ရွယ်ပေမယ့် လည်း သာမန်ကလေးတွေ ထက်ပိုပြီးရင့်ကျတ်နေခဲ့ပါပြီ..။

သူတို့ လူရှိ နေနေရတဲ့ ဘဝကို ပျော်ရွှင်ပါတယ်..။အရင်တုန်းကလို အမိန့်မနာခံတာနဲ့ ကျိန်ဆဲခံ ရိုက်နှက်ခံရတာနဲ့ ယှဥ္ရင် ဒီနေရာက အဆတစ်ထောင်  အဆ တစ်သောင်း လောက်ပိုပြီး သာပါတယ်..။

"မင်းတို့နှစ်ယောက် ဘယ်ကို သွားကြမလို့လဲ.."

ဒါရိုက်တာ ဟောင် ပြုံးပြီး မေးလိုက်တာပါ..။

လီ ဖက်တီး လေးဟာ ​ပြန်ပြောလိုက်တယ်..။

"အစ်မ ရှင်းရှင်း က ကားအကြီးကြီး တွေကို မြင်ချင်တယ်လို့ ပြောလို့..သူမကို လိုက်ပြမလို့လေ.."

ဒါရိုက်တာ ဟောင် လီဖက်တီးလေးရဲ့ ခေါင်းကို ပုတ်လိုက်ပြီး..

"အင်း ကောင်းတယ်. လီဖက်တီးလေး. ။မင်းက သူငယ်ချင်းတွေကို ကူညီရကောင်းမှန်း သိတာပဲ..။လာ..ဒီက အစ်ကိုတွေ အစ်မတွေကို မိတ်ဆက်လိုက်ဦး..။ဒီအစ်ကို တွေ အစ်မတွေက ပရဟိတ လုပ်မလို့ တို့ဆီကို လာလည်ကြတာ..."

"မင်္ဂလာ မနက်ခင်းပါ..အစ်ကို တို့ အစ်မတို့.."

ကျို့ဝေဝေ အောက်ကို ငုံ့လိုက်ပြီး..

"တွေ့ရတာ ဝမ်းသာပါတယ် လီဖက်တီးလေး..။မင်း ဒီမှာ ပျော်ရဲ့လား..."

လီဖက်တီးလေး ဟာ နှာခေါင်းကို ရှုတ်ပြီး ပြောလိုက်တယ်..။

"သား ပျော်ပါတယ်..။ဒီမှာ တကယ်ကို ပျော်တယ်.."

အဲ့အချိန်မှာပဲ..ကျို့ဝေဝေရဲ့ အကြည့်ဟာ ဘေးနားက  ဝီးချဲပေါ်မှာ ထိုင်နေတဲ့ ရှငိးရှင်း ဆီကို ရောက်သွားခဲ့တယ်..။ဝမ်းနည်းမူ တစ်ချို့ သူ့မျက်နှာပေါ်မှာ ပေါ်သွားခဲ့ပြီး..

"တွေ့ရတာ ဝမ်းသာပါတယ် ညီမလေး.."

ရှင်းရှင်းဟာ အနည်းငယ် ရှက်ရွံ့နေခဲ့ပါတယ်..။

"တွေ့ရတာ ဝမ်းသာပါတယ် အစ်မကြီး.."

လီဖက်တီးနဲ့ ရှင်းရှင်း ထွကိသွားပြီးတဲ့ နောက်မှာ ကျို့ဝေဝေဟာ အနည်းငယ် ခံစားသွားရတယ်..။

"ဒါရိုက်တာ ဟောင်..ဒီ ရှင်းရှင်းက တော်တော် ချစ်ဖို့ကောငိးတယ်နော်..။ဒါပေမဲ့..."

ဆံပင်တိုတိုနဲ့  မိန်းကလေးဟာ ခေါင်းညိမ့်လိုက်ပြီး..

"အသက်ငယ်ငယ်လေးရှိသေးတယ် ..သူမ ခြေထောက်က ...ဟင်း...."

ကျို့ဝေဝေဟာ ဒါရိုက်တာ ဟောင်ရဲ့ ရှင်းပြမူကြောင့်..နန်ရှမ်းဂေဟာ ရဲ့ အခြေအနေ တော်တော် များများကို နားလည် သဘောက်ပေါက် ခဲ့ရပါတယိ..။ဒီကလေးတွေက  လူကုန်ကူးသမားတွေရဲ့..နိပ်စက်မူတွေကို ခံခဲ့ကြရတဲ့ ကလေးတွေပါ..။သူတို့ လူကုန်ကူးသမား တွေနဲ့ နေတုန်းက ဘယ်လောကိတောင် ခက်ခဲကြလိမ့်မလဲ..။

ဒါရိုက်တာ ဟောင် ပြောလိုက်တယ်..။

"ဒါက တော်သေးတယ်လို့ ပြောလို့ရနေပါပြီ..။ကျွန်မတို့မှာ..စုစုပေါင်း ၃၆၅ ယောက် ရှိပေမယ့် ၁၆၀ လောက်ပဲ ခန္တာကိုယ် အကောင်းအတိုင်းနဲ့ ကျန်းကျန်းမာမာ ရှိကြတယ်..။ကျန်တဲ့ကလေးတွေက ချွတ်ယွင်းနေကြတာ တွေချည်းပဲ.."

"အရမ်းများတာပဲ.."

ကျို့ဝေဝေ ယုံတောင်မယုံကြည်နိုင်တော့ပေ..။အစိုးရက ဒီလို ကလေးတွေ အတွက်တော့ ထည့်သွင်းစဥ်းစား ပေးထားပါသေးတယ်..။သူတို့လို  မသန်စွမ်းတဲ့ကလေးတွေ အတွကိကြီးလာရင် အလုပ်ရှိပေမယ့်လည်း..တစ်ခြား သာမန်လူတွေနဲ့ ယှဥ္ရင်တော့ ကွာခြားနေပါသေးတယ်။

ဒါရိုက်တာ ဟောင် ခေါင်းခါယမ်းပြီး ပြောလိုက်တယ်..။

"ဒါပေမဲ့ မာစတာလင်း ရဲ့ ကုသပေးမူ နောက်ပိုင်းမှာ..မသက်သာသေးတာ  ၃၅ ယောက်ပဲ ကျန်တော့တယ်..။ကျန်တဲ့ လူတွေ အကုန် ကုသပေးပြီးသွားပြီ.."

ကျန်းဝေဝေ  အတော်ကို အံ့ဩသင့်သွားခဲ့တယိ..။

"ဒါရိုက်တာဟောင်..ဒီမာစတာလင်းက ကလေးတွေ ပြန်ကောင်းအောင် ကုသပေးခဲ့တာလား..။ဒါပေမဲ့ ဘာလို့ ကလေး ၃၅ ယောက်က ကျန်နေသေးတာလဲ.."

ဒါရိုက်တာ ဟောင် ပြန်ပြောလိုက်တယ်..။

"ညီမ မြင်တဲ့ အတိုင်းပဲလေ..။သူတို့က နဂိုကတည်းက ခြေထောက်တွေ လက်တွေ မရှိကြတော့..ကုသလို့  မရတော့ဘူး..။လက်ရှိ  နန်ရှမ်းဂေဟာ  ဒီအဆင့်ကို ရောက်နေတာ မာစတာလင်းရဲ့ ကျေးဇူးတွေ ချည်းပဲ.."

"ဒါက အံ့ဩစရာပဲ.."

ယန်မူ အံ့ဩသင့်စွာ ပြောလိုက်တာပါ..။ဒါရိုက်တာ ဟောင် ပြောနေတာတွေက  ယံူကြည်ဖို့တောင် ခက်ခဲလွန်းလှပါတယ်..။

ကျန်းဝေဝေက ရှန်ဟိုင်းက မဟုတ်ပါဘူး..။သူမ မာစတာလင်း ဆိုတဲ့ နာမည်နဲ့ မရင်းနှီးပေ..။သူမ သိချင်စွာ မေးလိုကိတယ်..။

"ဒါရိုက်တာ ဟောင်..မာစတာလင်း ဆိုတာက ဘယ်သူလဲ..။သူက တကယ် အံ့ဩစရာပဲ..."

အစကတော့..သူမက မာစတာလင်းဆိုတာ ..သူမလိုပဲ  ပရဟိတ သမားလို့ ထင်ခဲ့တာပါ..။သို့ပေမယ့် လက်ရှိအခြေအနေအရတော့ အဲလို မဟုတ်လောက်ပါဘူး..။

ရန်ပုံငွေတွေကို တိုးတက်အောင် လုပ်ပေးဖို့ကဘတစိစုံတစ်ယောကိ အတွက် ခက်ခဲတဲ့ အရာမဟုတ်ပါဘူး..။သို့ပေမယ့်..ဒီကလေးတွေ ကို ပြန်ကောင်းအောင် ကုသပေးတာက သာမန်လူတွေ အတွက် မဖြစ်နိုင်တဲ့ အရာပါ..။

ဒါရိုက်တာ ဟောင် ပြုံးလိုက်ပြီး..

"ပရဟိတ သမားတွေ..ဒီကို လာနေတယ် လို့  မာစတာလင်းကို အကြောင်းကြားပြီးသွားပြီ..။သူ ခနနေကြရင် ရောက်လာလိမ့်မယ်..။ဒါဆိုရင် သူနဲ့ ကိုယ်တိုင် စကားပြောလို့ရပြီလေ.."

အဲ့အချိန်မှာပဲ..အပြင်ဘက်ကနေ ပျော်ရွှင်တဲ့ အသဲတွေ ဆကိတိုက်ကြားလိုက်ကြရပါတယ်..။

"အန်ကယ် လင်း..."

"အန်ကယ်လင်း..အမြန် .သား  ပန်ချီဆွဲထားတာကို လာကြည့်ပါဦး..."

အပြင်ဘက်မှာ ကလေးတွေရဲ့ ရယ်မောတဲ့ အသံတွေကို လည်းကြားနေခဲ့ရပါတယိ..။

ဒါရိုက်တာ ဟောင် ပြုံးလိုက်ပြီး..

"သူရောက်နေပြီ..။ဟိုဘက်မှာ..သူ့ကို ဆို  ကလေးတွေက အရမ်းသဘောကျကြတယ်.."

အပြင်ဘက်..။

ကလေးတွေ  ဝန်းရံထားတဲ့ အလယ်မှာ လင်းဖန်ဟာပြုံးပြီး ရပ်နေခဲ့ပါတယ်..။ယင်းနောက် သူ ဟန်လုကို  မေးလိုက်တယိ..။

"ပရဟိတ သမားတွေက ဘယ်မှာလဲ.."

ဟန်လုက ဒီမှာနေလာတာ ကြာပြီဖြစ်ပြီး ဒီနေရာကိုလည်း အရမ်းသဘောကျပါတယ်..။အထူးသဖြင့် မနက်အိပ်ယာထ တဲ့ အချိန်ကလေးတွေကို  မြင်ပြီး နိုးထရတာကိုပါပဲ..။

သူ့ရဲ့ ဘဝ ရည်မှန်းချက်ကို တွေ့သွားခဲ့ပါပြီ..။

"ဒါရိုက်တာ ဟောင်က အထဲကို လိုက်ပြနေတယ်.."

ဟန်လု ပြောလိုက်တာပါ..။

"အိုး..."

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး ကလေးတွေိကို  မေးလိုက်တယိ..။

"မင်းတို့ ပန်ချီဆွဲတာ ဘယ်အခြေအနေ ရောက်သွားပြီလဲ..။အပျင်းကြီးနေကြတာလား.."

ကလေးတွေဟာ ပြန်ဖြေလိုက်ကြတယိ..။

"သားတို့ အပျင်းမကြီးပါဘူး..အန်ကယ်လင်း..."

လင်းဖန် ပြုံးလိုက်တယ်..။ကလေးတွေက တကယ်ကို မပျင်းရိကြပါဘူူ..။သူ ရဲ့ စွယ်စုံအမှတ်တွေထဲက တစ်ချို့က ဒီကလေးတွေ ဆီကနေ ရနေခဲ့တာပါ..။

"မာစတာလင်း ရောက်နေပြီလား.."

အဲ့အချိန်မှာပဲ ဒါရိုက်တာဟောင်ဟာ တစ်ခြားလူတွေ နဲ့ အတူ ရောက်လာခဲ့တယိ..။

လူအုပ်ကြားထဲမှာတော့..ကျို့ဝေဝေဟာ လင်းဖန်ကို သိချင်စွာ ကြည့်နေခဲ့ပါတယိ..။သူက ငယ်ရွယ်ပေမယ့် ယုံကြည်ရတဲ့ ပုံပါပဲ..။သူ ကလေးတွေ နဲ့ တွေ့တဲ့ အချိန်မှာ နွေးထွေးပြီး..လူကြီးလူကောင်း ဆန်တဲ့ အပြုံးတစ်ခု ရှိနေခဲ့ပါတယ်..။

သို့ပေမယ့် ကျို့ဝေဝေသိချင်တာက ဒီမာစတာလင်းက အမှန်တကယ် ဘယ်လိုလူမျိူးလဲ ဆိုတာပါပဲ..။သူ့မှာ တစ်ခြား အရည်အချင်းတွေ ရှိနေတာလား..။

ဆံပင်တိုတို နဲ့ မိန်းကလေးဟာ.. ကျို့ဝေဝေ ရဲ့ လက်ကို ကိုင်ထားခဲ့တယိ..။သူမဟာ အံ့ဩတဲ့လေသံနဲ့ တီးတိုး ပြောလိုက်ပါတယ်..။

"ဝေဝေ  ဒါက မာစတာလင်းလား..။ဒါပေမဲ့ သူက ငယ်ငယ်လေးပဲ ရှိသေးတယ်လေ..သူက ဒီလောက်အထိ အံ့ဩဖို့ ကောင်းတာလား.."

ကျို့ဝေဝေ ဘာပြောရမှန်း မသိတော့ပေ..။သူမလည်း ဒီမာစတာလင်းကို ပထမဆုံးမြင်ဖူးတာပါ..။သူမ ဒါရိုက်ဟာဟောင် ..ပြောတာကို ယုံကြည်တယ် ဆိုပေမယ့်..ကိုယ်တိုင်မြင်ရတာ မဟုတ်တော့ အနည်းငယ် သံသယဖြစ်မိပါတယ်..။

ယန်မူ လင်းဖန်ကို ကြည့်လိုက်တယ်..။ဒီလို ငယ်ရွယ်တဲ့ လူငယ်တစ်ယောက်က အသိအမှတ် ပြုခံနေရတာပါ..။အခုလို လူငယ် တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် ပြိုင်ဆိုင်ချင်စိတ် ရှိတာက ပုံမှန်ပါပဲ..။သူ့စိတ်ထဲကနေ ရေရွတ်ဘိုကထတယ်..။

"ဒီငနဲက ဒီလောက်လည်း မဟုတ်ပါဘူး.."

လင်းဖန် ပြုံးလိုက်ပြီး..

"ဒါရိုက်တာဟောင် သူတို့က ပရဟိတ လုပ်ဖို့ လာကြတဲ့ လူတွေလား.."

ဒါရိုက်တာလဟောင် ပြောလိုက်တယိ..။

"ကျွန်မ မိတ်ဆက်ပေးပါရစေ..။ဒါက ပရဟိတတွေ လိုက်လုပ်နေတဲ့..  ကျို့ဝေဝေ ပါ.."

ဆံပင်တိုတို နဲ့ မိန်းကလေးဟာ ရှေ့ကို ချက်ချင်းတက်လာခဲ့ပြီး လက်ကို ဆန့်တန်းကာ အပြုံးလေးနဲ့ မိတ်ဆက်လိုက်တယ်။

"တွေ့ရတာ ဝမ်းသာပါတယ်..။ညီမက  လီချင်ပါ..။ဒါက ပထမဆုံး အကြိမ် ပရဟိတ လုပ်ဖို့ လိုက်လာခဲ့တာလေ.."

လင်းဖန် ပြုံးပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်..။ယင်းနောက် သူ ပြောလိုက်ပါတယ်..။

"အားလုံးကို ကြိုဆိုပါတယ်..။ကျွန်တော်က ဒီဂေဟာ မှာ တာဝန်ရှိတဲ့ လင်းဖန်ပါ..။နန်ရှမ်း ကလေး ဂေဟာကနေ  အားလုံးကို ကြိုဆိုပါတယ်.."

လင်းဖန် ပရဟိတ သမားတွေကို ကြိုဆိုပါတယ်..။ဒါပေါ့..ကြိုဆိုတယ်ဆိုတာက အမှန်တကယ် ပရဟိတ လာလုပ်မယ့်လူတွေကို ပြောတာပါ..။တမင်လာပြီး ဟန်ဆောင်မယ့် လူတွေ ကတော့ သူပြောတဲ့ အထဲမှာ မပါပါဘူး..။

သို့ပေမယ့် သူ ကျို့ဝေဝေကို ပထမ ဆုံးအကြိမ်မြင်လိုက်တာနဲ့..ဒီမိန်းကလေးက  အရမ်းကြင်နာ တတ်တဲ့ လူတစ်ယောကိဆိုတာကို ပြောနိုင်ခဲ့ပါတယ်..။

တစ်ခြားလူတွေကတော့..တစ်ခါတစ်လေ လာပြီး ကူညီကြတဲ့ လူတွေ ဖြစ်ပုံပါပဲ..။သို့ပေမယ့် ဒါက ပြသနာ မရှိပေ..။ဒီထဲမှာ ရိုးသားတဲ့ လူတစ်ယောက် ပါနေတယ် ဆိုရင်ပဲ ဒါကလုံလောက်ပါပြီ..။

Fortsätt läs

Du kommer också att gilla

7.2K 492 22
Title - I Inherit an auction house at the start trillion times rebate လေလံအိမ်ရဲ့အရှင်သခင် ဘာသာပြန် - ချိတ်/ဇော်ထက်နိုင် မူရင်းစာရေးဆရာ - Place of Be...
21.4K 1.9K 158
သက္ကရာဇ် ( ၃၀၂၉ ) ခုနစ်တွင် ကမ္ဘာကြီး၏နည်း ပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နယ်နိမိတ်ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ပြည်နယ်များအားလုံး စ...
341K 34K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
59.8K 7.2K 88
Fb page name=ပြိုင်ဘက်ကင်းရတာ အထီးကျန်တယ် လင်းဖန်က အခြားကမ္ဘာကို ပို့ဆောင်ခံခဲ့ရပြီး သာမန်တပည့်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်သွားခဲ့တယ်။ လင်းဖန်က...