စွယ်စုံကျမ်း အရှင်သခင် - A Va...

By Azure5549

56.4K 4.2K 21

စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြ... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151- 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 - 860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925

321 - 325

296 22 0
By Azure5549

A  Valiant Life 321
အပိုင်း ( ၃၂၁ ) မစ်ရှင်ကို အမြန်ဆုံး နည်းလမ်း
                       နဲ့ပြည့်မြောက်အောင်လုပ်ခြင်း...

ဘာသာပြန် = စနိုးဝှိုက်

သတင်းထောက် တွေ အကုန်လုံး ပြန်သွားခဲ့တယ်..။သူတို့ထဲက တစ်ယောက်က တော့ ပန်ကိတ် ဘယ်လောက်အထိ အရသာ ရှိလဲ ဆိုတာကို သိသွားခဲ့ပါပြီ..။

ဒီသတင်းထောက် အတွက်ကတော့ လင်းဖန် အာမခံ နိုင်တာက..ဒီလူက လာတန်းစီ တဲ့ လူတွေထဲက တစ်စိတ်တစ်ပိုင်း ဖြစ်တော့မယ် ဆိုတာ ပါပဲ..။

ခြုးယွန် လင်းဖန် ကို လက်မ ထောင်ပြလိုက်တယ်..။

"မာစတာ လင်း..ခင်ဗျား ခုနက ပြောသွားတာ တွေက တကယ်ကြောက်ဖို့ ကောင်းတယ်နော်..။တစ်ခုခု ဖြစ်မှာကို ခင်ဗျား မကြောက်ဘူးလား.."

ခြူးယွန် ပဟေဠိ ဖြစ်စွာ မေးလိုက်တာပါ..။မာစတာ လင်းလုပ် ခဲ့တာ တွေကတော့ တကယ် အံ့ဩဖို့ကောင်းပါတယ်..။

လင်းဖန် သိချင်စိတ် နဲ့ မေးလိုက်တယ်..။

"ဘာဖြစ်နိုင်လို့လဲ..။ငါ ဘာမှ မလုပ်ခဲ့ဘူးလေ..အမှန်တရားကို ပဲ ပြောခဲ့တာ..။ဒါက ပြသနာ ဖြစ်လာနို်င်တယ် လို့ ငါတော့ မထင်ဘူး.."

ခြူးယွန် ဆွံ့အသွားခဲ့တယ်..။သူသာ မာစတာ လင်း အကြောင်း မသိရင် ကျိန်ဆဲမိတော့မှာပါ..။

ဒီငနဲက ဘယ်ကနေ ရောက်လာတာလဲ...

သို့ပေမယ့် သူ နောက်တစ်ခါလက်မထောင် လိုက်ပြီး ပြောလိုက်တယ်..။

"မာစတာ လင်း ကျုပ်ရှေ့မှာ  ကျုပ်အဖိုး ရောက်နေရင်တောင် သူ့ကို အရှုံးပေးမှာ မဟုတ်ဘူး..။မာစတာ လင်းကို ပဲ အရှုံးပေးလိုက်မှာ.."

လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တယ်..။

"ဘာများ  အရှုံးပေးစရာ ရှိလို့လဲ..။ကမ္ဘာကြီးပေါ်မှာ မသိသေးတဲ့ အရာတွေ အများကြီး ရှိလေ..။ပြီးတော့ မကြွားဝါ ချင်တဲ့ လူတွေက လည်း အများကြီးပဲ.."

ခြူးယွန် ခေါင်းညိမ့်လိုက်တယ်..။သူ လင်းဖန်ရဲ့ စကား လက်ခံတာ ထင်ရှားပါတယ်..။

ကျောက်ကျန်းယန်ဟာ သူ့ရဲ့ ဖုန်းကို ကိုင်ထားရင်း ပြောလိုက်တယ်..။

"မာစတာ လင်း အားလုံးက တွေ့ချင်နေကြတယ်..။သူတို့က မာစတာ လင်းကို အရမ်း ကြမ်းတမ်းနေတယ်လို့ ထင်နေကြတာ.."

လင်းဖန်  ဖုန်းကို လက်ဝေ့ယမ်းပြပြီး  ပြောလိုက်တယ်..။

"ကျုပ်က ဘာတွေများ..ကြမ်းတမ်းနေလို့ တုန်း..ပုံမှန်ပါပဲ.."

တိုက်ရိုက် ထုတ်လွင့်မူ ထဲမှာတော့...

"မာစတာ လင်းက အရမ်း နိမ့်ချတတ်တာပဲ.."

"အခုက စပြီး..ခင်ဗျားက ကျုပ်ရဲ့ အိုဒေါ ပဲ.."

"ငါတော့  မာစတာ လင်းနဲ့ အပြင်မှာ တွေ့ရဖို့ တကယ်မျှော်လင့်မိတယ်..။အတူတူ  မောက်မာ  ကြတာပေါ့  ဟားဟား.."

လူလိမ်ထျန် လင်းဖန်ကို တစ်ချက်ကြည့်လို်က်တယ်..။

သူ ဒီကောင်လေး ကို တကယ်နားမလည်တော့ပါဘူး..။ တကယ် နားမလည် တာပါ..။သူတို့ အချိန်အကြာကြီး  အတူတူနေလာခဲ့ပေမယ့် လည်း..ဒီကောင်လေး ဘာတွေ ထူးချွန်လည်း သူမသိပေ..။သူက အားကစားမှာတောင် ထိပ်ဆုံး အဆင့်ပါပဲ..။

လတ်တလောာ လင်းဖန် စိတ်ပူနေတာက..စွယ်စုံကျမ်းရဲ့ ကိုးခုမြောက်..မစ်ရှင် အကြောင်းပါ...။ဒီ မစ်ရှင်က သူ့အတွက် လွယ်ကူမယ့် ပုံရှိပြီး သိပ်မခက်ခဲသင့်ပါဘူး..။
.
အဲအချိန်မှာ..

အားကစား အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေဟာ ဆွေးနွေး နေခဲ့ကြပါတယ်..။

"ငါကတော့  အဲ့ ဗီဒီယို ထမ်းထားတဲ့ သတင်းထောက် ကို  ခေါ်ယူ သင့်တယ်လို့ ထင်တယ်.။  ဒါက လက်ဆောင် တစ်ခုလိုပဲ..သူက တကယ် ပါရမီ ရှိတာကို တော့ အကုန်လုံး လက်ခံ ရလိမ့်မယ်.."

တစ်ချို့ လူတွေဟာ..လက်ခံကြပြီး တစ်ချို့ လူတွေဟာ လက်မခံနိုင်ကြပေ..။

"ဒါက ကျုပ်တို့ စည်းမျဥ်းတွေနဲ့..မကိုက်ညီဘူးလေ..။ကျုပ်တို့ အဖွဲ့မှာ ရှိနေတဲ့ ကစားသမားတိုင်းက အောက်ခြေကနေ တစ်ဆင့်ချင်း တက်လာခဲ့တဲ့ လူတွေ ချည်းပဲ..။တကယ်လု့ိ  သူမြန်မြန်ပြေး နိုင်တာနဲ့ပဲ စည်းမျဥ်းတွေကို  ချိုးဖောက် လိုက်ရင် ဘာတွေ ဖြစ်သွားမလဲ..။ကျုပ်တို့ ဒီကိစ္စကို ဘယ်လို ပြန်ဖြေရှင်းမှာလဲ.."

"ငါ သဘောတူတယ်..။တကယ်လို့ ဒီကိစ္စကို တစ်ခြား လူတွေ သိသွားရင် .သူတို့ မြန်မြန် ပြေးနိုင်သ၍ ှ့ဘယ်အဆင့်မှ ဖြတ်ကျော်စရာ မလိုပဲ..နိုင်ငံကစား သမား ဖြစ်လာနိုင်တယ် လို့ ထင်သွား ကြလိမ့်မယ်.."

"ကျုပ်မြင်တာကတော့..တစ်ယောက်ယောက်ကလသူ့ကိုအရင်ဆက်သွယ် ပြီး သူ့မှာ ..အလားအလာ ရှိတယ် လို့အရင်ပြောသင့်တယ်..။ပြီးတော့  သူ့ကို ​အောက်ခြေကနေ စပြိုင်ခိုင်းပြီး...ရလာဒ် တွေ နဲ့ အတူ စကား ပြောကြမယ်လေ.."

တစ်ယောက်ယောက်ဟာ သံသယ ဖြစ်စွာ  မေးလိုက်တယ်..။

"သူက ငြင်းမယ် ဆိုရင် ရော.."

ခေါင်းဆောင်ဟာ ပြောလိုက်တယ်..။

"ဟားဟား..နိုင်ငံ လက် ရွေးစင် ဖြစ်ချင်တဲ့ လူတွေ ဆိုတာ အများကြီး ရှိတယ်..။တစ်ယောက်ယောက်ကို သာ သတင်းပေးခိုင်းလိုက်..ဒီကောင်လေး ကျေနပ်သွားမယ် ဆိုတာ ငါ အာမခံ တယ်..။သူက ကျေးဇူး တင်လွန်းလို့  ..မျက်ရည် တွေ ထွက်ကျလာအောင် တောင် ငိုနေလိမ့်မယ်..။ငါ့ကို ယုံတယ် မလား.."

"ဟားဟား.."

နေရာ တစ်ခုလုံး..ရယ်သံတွေနဲ့ ပြည့်နက်သွားခဲ့တယ်..။သူတို့ အတွက်ကတော့ ဒီကိစ္စက ဒီလိုပဲ ုဖစ်လာမှာ ကျိန်းသေ ပါတယ်..။

နောက်တစ်ရက်.။

ရှန်ဟိုင်း ကမ္ဘာ့ချန်ပီယံ ရှစ်ရဲ့ သတင်းတွေဟာအခုထိ အင်တာနက် ပေါ်မှာ ရှိနေတုန်း ပါပဲ..။

ယောက်ျားလေး အိုင်ဒေါ တစ်ယောက်..။

"ဒီနေ့တော့ ငါတို့ ရှာဖွေမူ စာရင်းမှာ ပါရမယ်..။အဲဲဒီ မာစတာ လင်းရော.တစ်ခြား ဟာတွေရော အကုန်ကျော်တက် ရမယ်ကွာ.."

"ဒါအမှန်ပဲ..ငါတို့ သတင်း ခေါင်းကြီး ပိုင်းကို ရတော့မှာ ကျိန်းသေတယ်.."

"ဒီနေ့ခေတ်မှာ..ပြိုင်ပွဲခေါင်းကြီးပိုင်းကို ပြိုင်ဆိုင်မူတွေ က အရမ်းများတယ်.။သေချာ  မပြင်ဆင်ထားရင် ခေါင်းကြီးပိုင်းမှာ ရောက်ဖို့က အတော် ခက်ခဲတဲ့ အရာပဲ.."

"ကြည့်ရအောင်  ငါတို့ ခေါင်းကြီးပိုင်း ရောက်နေပြီ လားလို့.."

"ခနစောင့်ပြီး ကြည့်ရအောင်.."

"ချီးပဲ..ဒီငနဲ ပဲလား.."

"ဘာတွေ ဖြစ်နေတာလဲ..ငါတို့က ဘာလို့ ခေါင်းကြီး ပိုင်းမှာ  မရှိနေတာ့ဲ..။ဒီသတင်းက ဘယ်ကနေ တက်လာတာလဲ.."

"ဘာလို့ နောက်ထပ် သတင်းတစ်ခုက ဒီငနဲ နဲ့ ဆက်စပ်နေရ ပြန်တာလဲ..။သူခေါင်းကြီး ပိုင်းမှာ နေရာယူဖို့ ဘာနည်းလမ်းတွေ သုံးနေတာ လဲကွာ.,"

ဝိုက်ဘိုမှာ  မနေ့က လင်းဖန် ပြောခဲ့တဲ့ သတင်းတွေ ပျံ့နှံံ့နေခဲ့တာပါ..။

"မာစတာ လင်းက ကစားသမားတွေ အကုန်လံူး ကို ရိုက်ချနိုင်တယ် လို့ပြော.."

"မာစတာ လင်းဟာ..နို်င်ငံ လက်ရွေးစင်တစ်ယောက် ဖြစ်လာမှာ  မဟုတ်ပေ.."

"ကြားဖြတ်သတင်း.. မာစတာ လင်းဟာ နိင်ငံလက်ရွေးစင် ဖြစ်လာမယ့် အခွင့်အရေး ကို လက်လွတ်လိုက်တယ်..။အကြောင်း ပြချက်ကတော့.."

ခေါင်းကြီး  သတင်းတွေ  မှာ လင်းဖန် ရဲ့ အကြောင်းပဲ ကြီးစိုးနေခဲ့ပါတယ်..။UC  သတင်းဌာန ဟာလည်း သတင်းရဲ့ ရှေ့မှာ  ကြားဖြတ်  ဆိုတဲ့ စကားလုံး ကိုသုံးးထား တဲ့ အတွက် အားလုံးကို..အာရုံ စိုက်မိစေပါတယ်..။

"ချီးပဲ..ဒီငနဲက မောက်မာ  လှချည်လား.။သူ ပြိုင်ပွဲ မဝင်ချင်တာက အမြဲတမ်း ပထမ ရနေမှာ ကြောင့် ဆိုပဲ.."

"ငါကတော့ မာစတာ လင်းကို ယုံကြည်တယ်.."

"ချီးပဲ..ငါထင်တာတော့ ဒါက မောက်မာတာပဲ..။ငါထက်မောက်မာ တဲ့ လူမျိုး ရှိနေလိမ့်မယ် လို့ တပယ် မထင်ထားခဲ့မိဘူး.."

"သူက ကင်မရာ ထမ်းထားရင်တောင်..ဆီဒယ်ထက်ပိုမြန်တယ် ဆိုတာ လက်ခံပါတယ်..။ဒါပေမဲ့ သူက တစ်ခြား အမြင့်ခုန်နဲ့ မပစ်တွေမှာပါ ကျွမ်းကျင်တယ် ဆိုတာကတော့ အဓိပ္ပါယ် မရှိတာပဲ.."

"မင်းတို့  ယုံကြည်ကြည် မယုံကြည်ကြည်  ငါကတော့ မာစတာ လင်းပြောတာကို ယုံကြည်တယ်..။

"မင်းတို့ တော်တော် တုန်းတာပဲ...။သူက သူ့ကို လာပြိုင်ချင်ရင်..စိတ်ဓာတ်ကို ပြင်ဆင်ထားလို့ ပြောထားတယ် တွေ့လား..။သူက ဖြစ်နိုင်ခြေတွေကိုပါ တွေးထားပြီးပြီ.."

တိမ်ဖြူလမ်း..။

ဝူယူလန်ဟာ လင်းဖန်ရဲ့ ..ခွက်ထဲကို လဖက်ရည် လောင်းထည့် ပေးလိုက်တယ်..။

"နင် မနေ့က ပြောထားတာတွေက အခု လိုင်းပေါ်မှာ ပြန့်နှံ့နေပြီ.."

လင်းဖန် မျက်ခုံးပင့်ပြီး  ပြန်ဖြေလိုက်တယ်..။

"ဒါက ကြိုတွေးထားသလိုပဲလေ..။မနေ့က ငါ့ကို နိမ့်ချမူတွေက တစ်ခြားလူတွေ အတွက်ကတော့ ချဲ့ကားနေသလို ပါပဲ.."

လူလိမ် ထျန် ရယ်မောလိုက်တယ်..။

"ငါတော့ မင်းမသိဘူး ထင်တာပဲ..။အခု မင်းကို လူအများကြီးက အပြစ်တင်နေကြပြီ..။မနေ့က မင်းရဲ့စကားတွေက ဘယ်လောက်တောင် ကြမ်းတမ်ူလဲ သိရဲ့လား."

"ဒါအမှန်ပဲလား.."

လင်းဖန် အံ့ဩသွားကာ ဖုန်းကို ဖွင့်ပြီး ပြောလိုက်တယ်..။

"အာ..ချီးပဲ.လူတွေ အများကြီးက ငါ့ကို အပြစ်တင်နေကြတာပဲ..။ဒါပေမဲ့ မေ့လိုက်တော့..ဘယ်သူမှ အပြစ်တာ မခံရရင် ငါက သာမန်လူတစ်ယောက်လို ဖြစ်နေမှာပေါ့.."

"မနေ့က မင်းပြောတဲ့ စကားလုံးတွေက ပြသနာ ရှိနေတာ.."

လင်းဖန် ရယ်လိုက်တယ်..။

"ကြည့်ရတာ ငါ ဝိုက်ဘိုပေါ်မှာ ရှင်းလင်းအောင် လုပ်ရတော့မယ် ထင်တယ်.."

ဝူယူလန် ရယ်မောလိုက်ပြီး..

"ဒါက..ဖိအားတွေကို မခံစားနိင်တော့လို့..တောင်းပန်တော့မယ့် သဘောမျိုးလား.."

"ငါ ဘာလို့ တောင်းပန်ရမှာလဲ..။ငါဘာမှ လိမ်မပြောခဲ့ဘူး.."

လင်းဖန် ပို့စ်တင်လိုက်တယ်..။

"ပြေးခုန်ပစ် ပြိုင်ပွဲမှာ ဆိုရင်..ကျုပ်ကို  တကယ်ယှဥ္နိုင်ကြမှာ  မဟုတ်ပါဘူး.. ။ကျုပ်သာ ဝင်ပြိုင်လိုက်ရင်..အဓိပ္ပါယ် မရှိဖြစ်သွားလိမ်မယ်..။နိမ့်ချမူက တိုးတက်စေတယ်လေ...။ကျုပ်တော့ ဒီဆိုရိုးစကားကို ယုံကြည်တယ်.."

လူတိုင်းဟာ   လင်းဖန်ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။ဝိုက်ဘိုမှာ ပို့စ်တင်လို့ဘာမှ ထူးမှာ မဟုတ်ပါဘူး..။သူ ဘာမှ မပြောပဲ နေတာကမှ ကောင်းပါဦးမယ်..။ခနနေ သူ အပြစ်တင်ခံရတော့မှာ ကျိန်းသေ ပါပဲ..။

မြို့သားတွေဟာ ဒီစကားလုံးတွေကို မြင်တဲ့ အချိန်မှာ စတင် ရယ်မောကာ. အပြစ်တင်လိုက်ကြတယ်..။

"သိပ်လည်း မမောက်မာနဲ့နော်  မာစတာ လင်း."

"အရမ်းမောက်မာတာက မိုးကြိုး ပစ်ခံရနိုင်တယ်နော်.."

အဲ့အချိန်မှာတော့ လင်းဖန် ဒါတွေကို လုံးဝ စိတ်မပူခဲ့ပေ..။သူ တစ်ခုခု ကို အရင်လုပ်ရဦးမှာ ဖြစ်ပြီး..ဒါက..ရိုးရှင်းတဲ့ မစ်ရှင်ကို ပြည့်မြောက်အောင် လုပ်ရမှာပါ..။ဒီမစ်ရှင်က သူ့အတွက်တော့ ရိုးရှင်းလှပါတယ်  ။

သူဖုန်းခေါ်လိုက်တယ်..။

လင်းဖန် :  "ညီးအစ်ကို မင်ယန်..ကျုပ်မှာ သီချင်းတွေ အများကြီး ရှိတယ်.။ကျုပ် ဝူရွှန်းယွဲ့ကို အယ်လ် ဘမ် တစ်ခု ထုတ်စေချင်လို့.."

ဝမ်မင်ယန်ဟာ ဒါကို ကြားပြီးတော့ကြောင် အသွားခဲ့တယ်..။

"ဘာဖြစ်လို့လဲ..မင်းဝမ်း နည်းစရာတွေ ကြုံနေရလို့လား.."

လင်းဖန် ပြောလိုက်တယ်..။

"ကျုပ်ဖင်ကြီးကို ဝမ်းနည်းပါလား..။အတည်ပြောနေတာ.."

ဝမ်မင်ယမ် အကူညီမဲ့စွာ နဲ့ ပြောလိုက်တယ်..။

"ညီအစ်ကို ဝူရွှန်းယွဲ့ရဲ့ အယ်လ်ဘမ်က   လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ..ထုတ်ဝေထားတာ.။ငါတို့ နည်းနည်း ထပ်စောင့်  လို့ မရဘူးလား.,"

လင်းဖန် ပြောလိုက်တယ်..။

"စောင့်လို့ မရဘူး..။ပြောတာတော်လောက်ပြီ..နေ့လည်ကျရင် အယ်လ်ဘမ် အကြောင်း ဆွေးနွေးဖို့ ကျုပ်လာခဲ့မယ်.."

ဝမ်မင်ယန်ဟာ ငိုချင်နေပေမယ့် လည်း မျက်ရည်တွေ ကျမလာခဲ့ပါဘူး..။အယ်လ်ဘမ်ကို ဘာလို့ ရှေ့ဆက် နောက်ဆက် ထုတ်ချင်တာလဲ သူတကယ် နားမလည်နိုင်တော့ပေ..။ဒုတိယ အယ်လ်ဘမ်က  လုံးဝ မပေါက် နိုင်ပါဘူး..။ဒါက ဆုံးရှုံးမူကြီး တစ်ခု ဖြစ်လာမှာပါ..။

လင်းဖန်ကတော့..နှေးနေကွေးကွေး မလုပ်ချင်ပေ..။

ဒီ  ရိုးရှင်းတဲ့ မစ်ရှင်  အသစ်ကို..ပြီးမြောက်အောင်လုပ်ပြီး..ဆယ်ခုမြောက် အသိပညာ ကို ဖွင့်ဖို့ ..သူ တစ်ချီတည်း    အားကုန် ကြိုးစားရမှာပါ..။

ကိုးခုမြောက်  မစ်ရှင်က ရိုးရှင်းလှပါတယ်..။အချိန်ဆွဲ ထား လို့ ဘာတွေများ အကျိုး ထူးမှာလဲ....။ဒါပေါ့..သူ အမြန်ဆုံး နည်း နဲ့ အဆုံး သတ်နိုင်ဖို့ ကြိုးစား သွား မှာပါ..။

####

A Valiant Life 322
အပိုင်း ( ၃၂၂ )  လူတစ်ယောက်က အိပ်မက်
                         တွေရှိနေဖို့ လိုအပ်တယ်...

သူတို့ ဖုန်းချလို်က်တယ်..။

ဝမ်မင်ယန်ဟာ အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့ပါတယ်..။ဘာတွေ ဖြစ်နေတာလဲ..ငါ့ညီအစ်ကိုက စိတ်ညစ်စရာ တွေ များပြီး သီချင်းတွေ ထို်င်ရေး နေတာလား..။ဝမ်မင်ယန်ဟာ ဘယ်လိုမှ မတွေးတတ်တော့ပေ..။

ယင်းနောက် သူ ကွန်ပြူတာ ကိုဖွင့်ပြီး သီချင်း ဝက်ဆိုက်ကို ကြည့်လိုက်ပါတယ်..။

ဝူရွှန်းယွဲ့ ရဲ့ အယ်လ်ဘမ်ကို  နှစ်မျိုး နှစ်စားနဲ့ ဖြန့်ချီခဲ့တာ ပါ..။တစ်ခုက ဝက်ဆိုက် ထဲက ဖြစ်ပြီး နောက် တစ်ခုက  အခွေ အယ်လ်ဘမ် ပါ..။လက်ရှိအခြေအနေက..ရုပ်ပိုင်း ဆိုင်ရာ အယ်လ်ဘမ်တွေက သိပ်ရေပန်း မစားတော့ တော့ပါဘူး..သို့ပေမယ့် ဒီလောက ထဲက လူတစ်ယောက် အနေနဲ့ မှတ်တမ်းတစ်ခု  အဖြစ် ရုပ်ပိုင်းဆိုင်ရာ  အယ်လ်ဘမ်ကို ထုတ်ဝေမှ ရမှာပါ..။ဝက်ဆိုက်ရဲ့ အရောင်းပိုင်းက .အရမ်းမများပေမယ့် လည်း  အဆင်ပြေနေပါသေးတယ်..။

သူတို့ ဝက်ဆိုက်ပေါ်မှာ သင့်တော် တဲ့ နေရာတစ်ခု ကို ဝယ်ပြီး..အယ်လ်ဘမ်နဲ့ သီချင်းတွေကို ဖြန့်ချီထား ခဲ့တယ်..။ဒီ အယ်လ်ဘမ်ထဲမှာ..အရင်တုန်းက လင်းဖန် ရေးပေးထားတဲ့ မိုးကောင်းကင် သီချင်းဟာ  နံပါတ် ၃ ချိတ်ပြီး..ဒေါင်းလော့ ဆွဲတဲ့ လူအရေအတွက် အများဆုံးပါ..။သို့ပေမယ့် တစ်ခြား သီချင်းတွေက..ရလာဒ် သိပ်မကောင်း ပါဘူး..။အဲ့သီချင်း တွေက..အဆင့် ၁၀..၂၀  မှာ ရှိပါတယ်..။

ဝမ်မင်ယန်ကတော့  ဒီရလာဒ် နဲ့တင် ကျနပ် နေခဲ့ပါပြီ..။ဝူရွှန်းယွဲ့က အခုမှ ပွဲဦးထွက်တာ ဖြစ်တာကြောင့်..စစချင်း  ထိပ်ဆုံး ပိုင်းတွေမှာ  နေရာယူဖို့ ဆိုတာက ခက်ခဲဦးမှာပါ..။

ဝူရွှန်းယွဲ့ ရဲ့ အထက်မှာ ရှိနေကြတဲ့ လူတွေက..ဝါရင့် အနုပညာ ရှင်တွေပါ..။သူတို့က အဆိုတော် ကောင်းတွေ များစွာ ဆီကလည်း အထောက်အပံ့  ရကြပါတယ်..။ဝူရွှန်းယွဲ့ဟာ သူတို့တွေ ထက် အသံပိုင်းဆိုင်ရာ ယှဥ်ပြိုင်နိုင်စွမ်း ရှိပေမယ့်လည်း  နည်းပညာ နဲ့..လူသိများမူ အပိုင်းမှာ မယှဥ်နို်င်သေးပါဘူး..။

လက်ရှိအခြေအနေ အတိုင်းဆို .. အတိုင်းဆို တစ်နှစ်ခွဲ အတွင်းမှာ ဝူရွှန်းယွဲ့လည်း သူတို့ အဆင့်ကိုရောက်လာလိမ့်မယ် လို့   ဝမ်မင်ယန် မျှော်မှန်းထားပါတယ်..။သူ ရင်းနှီးထားတဲ့ ပမာဏ ဟာ မသေးငယ်ပဲ..တစ်ချို့ ဆုတံဆိပ်တွေ..အခြားအရာတွေ မှာ မူတည်ပါသေးတယ်..။

*ဒင် ဒေါင် *

"အကြီးအကဲ ဝမ် ..မာစတာ လင်းက ဒီမှာ ရောက်နေပြီ.."

ရှောင်ချန်းဟာ..တံခါးကို ဖွင့်ပြီး လင်းဖန်ကို ပါခေါ်လာခဲ့တယ်..။

ဝမ်မင်ယန် ကြောင်အသွားခဲ့တယ်..။

"စောက်ကျိုးနဲ့ ဘာတွေ ဖြစ်နေတာလဲ..။မင်း ဘာလို့ အဲလောက် တောင် အလျင်လိုနေတာတုန်း.."

"ကိစ္စအကြီးကြီး..အရမ်းကြီးမား တဲ့ အရာတစ်ခုပေါ့.."

လင်းဖန် လေးနက် တဲ့ အမူအရာနဲ့ ပြောလိုက်တယ်...။ယင်းနောက် သူ ရုံး ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပါတယ်..။

ရှောင်ချန်းကတော့ မြင်ကွင်းကို ကြည့်ပြီး ကြောင်အနေခဲ့ပါပြီ..။သူ မာစတာ လင်းနဲ့ အကြီးအကဲ ဝမ်တို့ အရမ်းရင်းနှီးတာ ကို သိပေမယ့်လည်း.. ။

ဘယ်သူကများ..အကြီးအကဲ ဝမ်ရဲ့ ရုံခန်း ထိုင်ခုံမှာဝင်ထိုင်ရဲမှာလဲ...

သူသိသလောက် တော့ အခု မာစတာ လင်းက ပထမဆုံး လူပါပဲ.။

ဝမ်မင်ယန် ပြောလိုက်တယ်..။

"မင်း ဖုန်းထဲမှာ ပြောတဲ့ အကြောင်းအရာလား."

လင်းဖန် ပြုံးလိုက်ပြီး..

"ဒါအမှန်ပဲ..ကျိန်းသေ အဲ့အကြောင်းပဲပေါ့..။ခင်ဗျား ကူညီမှရမယ်..။ကျုပ် ရေးထားတာတွေ အကုန်လုံးကို အယ်လ်ဘမ်ထဲ ထည့်ပေးမယ်လေ.."

ဝမ်မင်ယန်  အကြပ်ရိုက်သွားတယိ..။သူက သူ့ရံါ ဘဝကိုစည်းပေါ် မှာပဲ ထားတာပါ..။သူ လင်းဖန်  ဲ့ သီချင်းရေး တဲ့ အရည်အချင်းကို ယုံကြည်ပေမယ့် လက်ရှိ အချိန်က အကောင်းဆုံး မဟုတ်သေးပါဘူး..။

ယင်းနောက် ဝမ်မင်ယန်ဟာ လင်းဖန်ရဲ့ ဘေးနားကိုသွားပြီး ပြောလိုက်တယ်..။

"ညီအစ်ကို ငါပြောလိုက်မယ်..။မင်း ဒီလိုမျိး မကစား သင့်ဘူးနော်..။ဝူရွှန်းယွဲ့ ရဲ့ အယ်လ်ဘမ်က မကြာသေးခင်ကမှ ထွက်ထားတာ..။လက်ရှိ ထိူးဖောက် နေတုန်းပဲ ရှိသေးတယ်..။ဒါကို ချက်ချငိးကြီး နောက်အယ်လ်ဘမ် တစ်ခု ထပ်ထုတ်လိုက်ရင်..ငါတို့ရဲ့ ဆုံးရှံး မူက အကျိုးအမြတ်ထက် ပိုများသွားလိမ့်မယ်.."

လင်းဖန် နောက် တစ်လှမ်းဆုတ်လိုက်တယ်..။

"ဘယ်နှစ်ရက် စောင့်ရမှာလဲ.."

ဝမ်မင်ယန် ငိုချင်သွားခဲ့ပါတယ်..။ဒါက ရက်ပိူင်းလောက် စောင့်ရုံ နဲ့ ရမယ့် အရာ မဟုတ်ပါဘူး..လအနည်းငယ် လောက် စောင့်မှ တော်ယုံ ကြမှာပါ..။

"သုံးလေး လ လောက်ပေါ့.."

လင်းဖန် ခနလောက် တွေးပြီး ခေါင်းခါယမ်းလိုက်တယ်..။

"ဒါက ကြာလွန်းတယ်.."

သူက မစ်ရှင် အတွက် စိတ်ပူနေလို့ မဟုတ်ပါဘူး..။အခုဟာ က ရိုးရှင်းတဲ့ မစ်ရှင် ဖြစ်နေတာကြောင့် အဲလောက် အချိန်အကြာကြီး မပေးချင်တာပါ..။

ဝမ်မင်ယန် သိချင်စွာ မေးလိုက်တယ်..။

"ညီအစ်ကို ဘာဖြစ်နေတာလဲ အတိအကျပြောစမ်းပါ.."

လင်းဖန် ဝမ်မင်ယန်ကို ..လေးနက်တဲ့ မျက်နှာနဲ့ ကြည့်ပြီး ပြောလိုက်တယ်..။

"ခင်ဗျား..နားလည်မှာ မဟုတ်ဘူး။လတ်တလော ကျုပ်ရဲ့ ဦးနှောက်ထဲမှ သီချင်းစာသားတွေ အများကြီးနဲ့ ပြည့်နေတယ်..။သီချင်း အရေအတွက် တိုရင် တော်တော် များမှာ..။ဒီ သီချင်း တွေကို  ကမ္ဘာကြီးပေါ် ချပြဖို့ လိုအပ်တယ်.."

ဝမ်မင်ယန် မျက်တောင် မခတ်ပဲ စောင့်ကြည့်နေခဲ့တယ်..။ဒါက ဘယ်လို အကြောင်းပြချက် မျိုးလဲ..။

ယင်းနောက် သူ မေးလိုက် ပါတယ်..။

"ညီအစ်ကို ဒါက ဘယ်လို အကြောင်း ပြချက် မျိူးလဲ.."

"ဘာ အကြောင်း ပြချက် ဖြစ်ရမှာလဲ..။ပြောတာ လံလောက်ပြီ  အချိန်တစ်လ ဟုတ်ပြီလား.."

လင်းဖန် ပြောလိုက်တာပါ..။

"ကောင်းပြီလေ.."

ဝမ်မင်ယန် ..ခေါင်းညိမ့်ပြီး ဆက်ပြောလိုက်တယ်..။

"ငါ့ညီအစ်ကို က ဒီလောက်တောင် ပြောနေပြီ ဆိုမှ တော့ အဆင်မပြေ လည်းပဲ ပြေအောင် လုပ်ပေးရတော့မှာပေါ့..။ဒီလိုမှန်း သိရင် ဝူရွှန်းယွဲ့ပို အယ်လ်ဘမ် မြန်မြန် မထုတ်ပေးပါဘူး.။ငါ မင်းရဲ့ သီချင်းတွေကို ပဲ စောင့်နေမှာပေါ့.."

လင်းဖန်  ဝမ်မင်ယန် ရဲ့ ပုခုံးကို ပုတ်ပြီး  ပြောလိုက်တယ်..။

"ကောင်းပြီ..ခငိဗျားက ညီအစ်ကို ကောင်းပဲ..။ကျုပ်သွားတော့ မယ်.."

လာတုန်းကလည်  အလျင်စလို..ပြန်တော့လည်း အလျင်စလို ပါပဲ..။

ဝမ်မင်ယန် လှမ်းအော်ပြောလိုက်တယ်..။

"မင်း ငါ့ဆီကို  ဒါ ပြောဖို့ အတွက် လာခဲ့တာလား.."

လင်းဖန် ရဲ့ အသံက တံခါးအပြန်ဘက်က နေထွက်လာခဲ့ပါတယ်..။

"ဒါပေါ့..ဘာတွေ များ  ထပ်ပြောရဦမှာ  လဲ..."

ဝမ်မင်ယန်  အကူညီ မဲ့နေခဲ့တယ်..။သူ ဒေတာ တွေကို ..ပြန်စစ်ဆေးဖို့ လုပ်နေတဲ့ အချိန်မှာပဲ လင်းဖန် ပြန်ရောက်လာတာ တွေ့လိုက်ရပါတယ်..။

"မင်းဘာလို့ ပြန်လာတာလဲ.."

"ကျုပ် တစ်ခု မေ့ကျန်ခဲ့လို့...။ကျုပ်မေးပါရစေ..တကယ်လို့ ကျုပ်သာ..ကလေးသူငယ် လူမူ ဖူလုံရေး ကျောင်းဖွင့်မယ်ဆိုရင်..ကျုပ်မှာ အရည်အချင်း ရှိမယ် လို့ ထင်လား.."

ဝမ်မင်ယန် မေးလိုက်တယ်..။

"ဒါ တကယ်ကြီးလား.."

"ဘာတွေ ပြောနေတာတုန်း..ကျုပ်မေးပြီ ဆိုမှတော့ ..ဒါတကယ်ပေါ့.."

ဝမ်မင်ယန် ခေါင်းခါယမ်းလိုက်တယ်..။

"မင်းမှာ လုံလောက်တဲ့ အရည်အချင်းတွေ မပြည့်မှီဘူး..။ဒီလို ကျောင်းတစ်ကျောင်း ဖွင့်ဖို့က လုံလောက်တဲ့ ပိုက်ဆံ နဲ့ဝင်ငွေ လမ်းကြောင်း တစ်ခု အတည်တကျ ရှိရမယ်..။ပြီးတော့ မင်းက လူမူ ရေးရာ မှာလည်း အဆင့်အတန်း တစ်ခု ရှိရမယ်..။ဒီ အခြေအနေ သုံးခု မရှိရင်..အဆင်ပြေမှာ မဟုတ်ဘူး..။အစိုးရကလည်း  မင်းကို စုံစမ်းဦးမှာ..မင်းရဲ့ အမူအကျင့်..မိသားစုနောက်ခံ..အလုပ်အကိုင် ..စသဖြင့်ပေါ့..။ဒါက အတော်ရှုပ် ထွေးတယ်..။ဘာလို့ ငါ့ကို ရုတ်တရက်ကြီး မေးတာလဲ.."

လင်းဖန် ပြုံးပြီး ပြန်ဖြေလိုက်တယ်..။

"ကျုပ်မှာ တစ်နေ့တစ်နေ့ လုပ်စရာ မရှိတော့..။အဓိပ္ပါယ်ရှိတဲ့ အရာလေး လုပ်မလား လို့.."

"ကောင်းပြီ ကောင်းပြီ မင်းလုပ်ချင်တာ လုပ်လို့ရတယ်.။မင်တကယ် လုပ်ချင်ရင်  ငါ ကူပြီး လျောက်ပေးလို့ရတယ်..။ဒါပေါ့ မင်းသေချာ တွေးဖို့ တော့ လိုအပ်တယ်..။ဒါက ရိုးရှင်းတဲ့ အရာတစ်ခု မဟုတ်ဘူး..။မင်း ဒါကို စလုပ်ပြီ ဆိုတာနဲ့ အရာရာတိုင်းကို တာဝန်ယူရလိမ့်မယ်.."

ပရဟိတ လုပ်တဲ့ လူတွေ အများကြီး ရှိပေမယ့် လည်း သူတို့ အများစုက မိဘမဲ့ ဂေဟာ တို့ မသန်စွမ်း ဂေဟာ  တို့ မဖွင့်ချင်ကြပါဘူး..။ဒါက ဘဝတစ်ခုလုံး တာဝန်ယူရမှာပါ..။ပိုက်ဆံက အရေးကြီးပေမယ့်လည်း..ဒီလို ဖွင့်ပြီးသွားရင် လွတ်လွတ်လပ်လပ် သွားလို့  မရတော့ပေ..။ပိုက်ဆံ အမြောက်အများ လှူလိုက်တာကသာ..သူတို့ရဲ့ ဂုဏ်သတင်းကို အမြန် မြင့်တင်ဖို့ အတွက်  နည်းလမ်း ကောင်းတစ်ခုပါ..။

လင်းဖန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"အိုး ဟုတ်သားပဲ..။တကယ်လို့ ..အစိုးရက ဖွင့်ဖားတဲ့ မသန်စွမ်း ကျောင်း ဆိုရင်ရော..ကျုပ်လက်လွှဲယူလို့ရလား.."

"ဘယ်တစ်ခုလဲ.."

ဝမ်မင်ယန် အနည်းငယ် တွေးလိုက်ပြီး ထပ်ပြောလိုက်တယ်..။

"မင်းပြောချင်တာ ..ငါတို့ အရင်က..သွားဖူးတဲ့ နမ်ရှမ်း မိဘမဲ့ ဂေဟာ ကိုပြောတာလား.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..

"ဟုတ်တယ် အဲ့တစ်ခုပဲ.."

ဝမ်မင်ယန် ခနလောက် တွေးလိုက်ပြီး ပြောလိုက်ပါတယ်..

"ငါ မေးကြည့်ပေးထားမယ် လေ..။ပြသနာ တော့ မရှိလောက်ပါဘူး.။အများကြီးတော့ မမျှော်လင့်နဲ့.."

"ကောင်းပြီ ခင်ဗျားကိုပဲ..ပြသနာ ပေးရတော့မယ်..။တကယ်လို့  တစ်ခုခုလိုရင် ဖုန်းဆက်လိုက်လေ.."

ဒီလို  ကလေးသူငယ် ဂေဟာ မျိုးက သူလုပ်ချင်တဲ့ အရာပါပဲ..။

လင်းဖန် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့တယ်..။သူသာ ကလေးတွေ အကုန်လုံးကို ပါရမီ ရှင် အဖြစ် ပျိုးထောင် နိုင်ခဲ့ရင် ဒါက ကြောက်စရာပါပဲ..။ဒါပေါ့..ဒါက သူ့ရဲ့ အတွေးတွေပါ..ဘာပဲဖြစ်ဖြစ်  အချိန်လိုအပ်ပါသေးတယ်..။

သူ့ရဲ့ ကျွမ်းကျင်မူတွေက ကလေးတွေ အလုံးစုံ မတတ်မြောက်နိုင်ပေမယ့်..နည်းနည်းလောက် ကျွမ်းကျင်ရင်တောင်..လူပ်ငန်းတွေရဲ့ ထိပ်ပိုင်းမှာ လုပ်ကိုင်ဖို့ အတွက် လုံလောက်ပါတယ်..။

ဒါက အတော်ခက်ခဲမှာ ဖြစ်ပေမယ့်လည်း..လူတိုင်းမှာ အိပ်မက် တစ်ခုတော့ ရှိရမှာပါ..။

#####

A Valiant Life 323
အပိုင်း ( ၃၂၃ )ငါကသူများပြောတာ နားထောင်
                       တတ်တဲ့ လူလို့ ထင်လို့လား...

ဘာသာပြန် =  စနိုးဝှိုက်

တစ်လလုံး...

ဒါက အရမ်းကြာလွန်း ပါတယ်..။

ဒါပေမဲ့..ရွေးချယ်စရာ မရှိတော့..သူ  စိတ်ရှည်ရှည် နဲ့  စောင့် နေဖို့ ပဲ တတ်နိုင်ပါတော့ တယ်..။

လင်းဖန် ရဲ့ မှတ်ချက်က အင်တာနက်မှာ  များပြားလှတဲ့..လိုင်းလံူးကြီး တွေ ဖြစ်ပေါ်စေ ခဲ့ပါတယ်..။ကံကောင်းချင်တော့..သူက..အမာခံ ပရိတ်သတ် တွေနဲ့ ရှိနေ တဲ့လူပါ..။သူက  မောက်မာ ပေမဲ့ လည်း..မဟုတ်ဘူး..ဒါပ မောက်မာ တယ်လို့ ပြောလို့မရပါဘူး..။တစ်ခါတစ်ရံ မှာ အမှန်တရားကတောင်  လူအများကြီး ကို အပြစ်ပြုမိစေတာပါ..။

သို့ပေမယ့် သူရဲ့  အမှန်တရားကို အမြဲတမ်း ​ပြောတတ်တဲ့ အကျင့်ကို ဖျောက်ဖို့က မဖြစ်နိုင်ပါဘူး..။

လင်းဖန် ပြန်လာတဲ့ အချိန်ဆိုရင်  အခန်းဖော် တွေရဲ့ ဝီချပ် ဂရု ကို ဖွင့်တတ်ပါတယ်..။

ဒီ ဂရုထဲမှာ..စကားပြောခဲ့တာက အတော်တောင် ကြာနေခဲ့ပါပြီ..။ဒီဂရု ထဲမှာ နောက်ဆုံး..ပြောခဲ့တဲ့ မက်ဆေ့ က လွန်ခဲ့တဲ့ တစ်လ ကပါ..။

လေထု ကို ပြန်လည် အသက်ရှင် ဖို့အတွက်..လင်းဖန်  ပြုံးနေတဲ့ ပုံလေးကို ဂရုထဲ ပို့လိုက်တယ်..။

ဒါပေါ့..အဆုံးမှာတော့ သူ အကုန်လုံးရဲ့ လျစ်လျူရူ ခံလိုက်ရပါတယ်..။

လင်းဖန်  မတတ်နိုင်စွာ ပဲ စိတ်ပျက်သွားခဲ့တယ်..။

ဒီကောင်တွေက အလောင်းကောင်တွေပါ....

သို့ပေမယ့် လင်းဖန် မသိတာက.. ဝီချပ် ဂရုထဲမှာ ရှိနေတဲ့..တစ်ယောက် ချင်းစီတိုင်းက..ဒီ ပြုံးနေတဲ့ မျက်နှာကို မြင်တဲ့အချိနိမှာ လေးနက်သွားခဲ့ကြတယ် ဆိုတာ ပါပဲ.။အဲတာ ပြီးတဲ့ နောက်မှာ  သူတို့ မက်ဆေ့ ကို မမြင်ချင်ယောင် ဆောင်လိုက်ကြတယ်..။

အဲ့အချိန်မှာပဲ..မဖိတ်ခေါ်ထားတဲ့  ဧည့်သည် တစ်ယောက်ဟာ..ဆိုင်ထဲကို ဝင်လာခဲ့တယ်..။

"ဘယ်သူက မာစတာ လင်း ဆိုတာ သိပါရစေ.."

အနောက်တိုင်းဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားတဲ့ .သက်လတ်ပိူင်း အရွယ် လူကြီး တစ်ယောက်ဟာ..တည်ငြိမ်တဲ့ အမူအရာနဲ့ မေလိုက်တာပါ..။

လင်းဖန်  သေချာ လေ့လာ နေခဲ့တယ်..။ယင်းနောက် လူလိမ် ထျန်ဟာ လက်ညိုးထိုးပြပြီး ပြောလိုက်ပါတယ်..။

"ဒါက မာစတာ လင်းပဲ.."

သက်လတ်ပိုင်း လူကြီး ဟာ လင်းဖန်ကို ကြည့်ပြီး ခေါင်းညိမ့်လို်က် တယ်..။

"ကျွန်တော်က ရှန်ဟိုင်း အားကစား အဖွဲ့အစည်းက ဆောင်ဘင်ဝမ် ပါ..။ကျွန်တော်တို့ အဖွဲ့အစည်းက ခင်ဗျား..ကမ္ဘာ့ချန်ပီယံ ရှစ်မှာ ပြသခဲ့တဲ့ စွမ်းဆောငိ ရည်ကို သတိထားမိလို့..စကားလေး နည်းနည်း ပြောချင်လို့ပါ.."

ဆောင်ဘင်ဝမ်ဟာ..ရှန်ဟိုင်း..အားကစား အဖွဲ့အစည်း မှာ..အချိန်အကြာကြီး ရှိနေခဲ့တာပါ..။သူ များပြားလှတဲ့ ပါရမီ ရှင် အားကစား သမားတွေကို မြင်ဖူးပေမယ့် လင်းဖန် လို..လူမျိုးကိုတော့.. ပထမဆုံးပါပဲ..။သူက ကင်မရာ ထမ်းထားတာတောင် ပြေးသွားတာ အတော် မြန်လွန်းပါတယ်..။

အွန်လိုင်းပေါ်မှာ ဆိုရင်  ဒီလူကို အားကစား အဖွဲ့အစည်း ထဲမှာ ခေါ်ပေးပါ ဆိုတဲ့ တောင်းဆိုချက်တွေမှ အများကြီးပါ..။ဒါပေါ့..အားကစား အဖွဲ့အစည်းက သူ့ကို ခေါ်မှာလား..မခေါ်ဖူးလား ဆိုတာက..အများအမြင်အရ ဆုံးဖြတ်မှာ မဟုတ်ပါဘူး...

လင်းဖန်ဟာ ဆောင်ဘင်ဝမ် ကို အံ့ဩသင့်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။ယင်းနောက် သူပြုံးပြီး ပြောလိုက်ပါတယ်..။

"ကျေးဇူးပြုပြီး  ထိုင်ပါဦး.."

"အင်ဟင်"

ဆောင်ဘင်ဝမ် ခေါင်းညိမ့်ပြီး ထိုင်လိုက်တယ်...။ဝူယူလန်ဟာ..တော့..လဖက်ရည်..သွားပြင်ဆင်လိုက်ပါတယ်..။ဒီလူကို  ထိုင်ခိုင်းတယ် ဆိုမှတော့..လင်းဖန်က ဒီလူနဲ့ စကားပြောချင်တယ် ဆိုတာ ထင်ရှား ပါတယ်..ဒါကြောင့် ဒီလူက ဧည့်သည် စာရင်းဝင် သွားပါပြီ..။

"ခေါင်းဆောင်  ဆောင်က ကျွန်တော်ကို ဘာလို့ လာရှာတာလဲ.."

လင်းဖန် မေးလိုက်တာပါ..။အစကတော့ သူ့မစ်ရှင် မပြည့်သေးတာကြောင့် ဂုဏ်သတင်း မြင့်အောင်..တစ်ပွဲ နှစ်ပွဲ ဝင်ကစား ဖို့ တွေးနေခဲ့တာပါ..။သို့ပေမယ့် အခု မစ်ရှင် ပြည့်မြောက်သွားပြီ ဆိုတော့ သူ စိတ်မဝင်စားတော့ ပေ..။ပြိုင်ပွဲ တွေ ဝင်ပြိုင်တာက အချိန် ဖြုန်းနေတာ ပါပဲ..။

ဆောင်ဘင်ဝမ်..ဘေးပတ်လည်ကို ကြည့်လိုက်ပြီး..

"ငါတို့ ဆွေးနွေးပြီးတဲ့ အချိန်မှာ..မင်းမှာ ပြေးခုန်ပစ် အားကစား အတွက် ပါရမီ ရှိတယ် လို့ သတ်မှတ်လိုက်ကြတယ်.."

လင်းဖန် ပြုံးလိုက်တယ်..။

"ဒီတော့ ခင်ဗျားက ကျွန်တော်ကို နိုင်ငံ ကိုယ်စားပြု ကစားသမား ဖြစ်စေချင်တာပေါ့.."

သို့ပေမယ့်  မစ်ရှင်က ပြည့်မြောက်ပြီး ဖြစ်ပေမယ့်  နိုင်ငံ အတွက် တစ်ပွဲ  နှစ်ပွဲလောက် ပြိုင်ပေးပြီး..အောင်မြင်မူကြီးတွေ ဆွတ်ခူးတာကလည်း ဆိုးရွားတဲ့ အရာကြီး မဟုတ်ပါဘူး..။

ဒါကြောင်...လင်းဖန် အတွက် ငြင်းပယ်ဖို့ အနည်းငယ်  ခက်ခဲနေတယ် လို့ ပြောလို့ရပါတယ်..။

ဆောင်ဘင်ဝမ်ဟာ ဒါကို ကြားပြီး ရယ်မောလိုက်တယ်..။

"မင်း ငါ့ကို နောက်နေတာပဲ ဖြစ်မယ်..။ကမ္ဘာ့ချန်ပီယံ ရှစ်မှာ မင်းရဲ့ စွမ်းဆောင် ရည်တွေက..အာရုံစိုက်စရာ ဖြစ်ပေမယ့် လည်း...နိုင်ငံ လက်ရွေးစင်တော့ ရုတ်တရက်ကြီး ဖြစ်မလာနိုင်ဘူးလေ..။မင်းတစ်ဆင့်ချင်းစီ သွားဖို့ လိုအပ်သေးတယ်..။ငါ ဒီမှာ ရောက်နေတာက ငါတို့ အဖွဲ့အစည်းက မင်းကို အများကြီး မျှော်လင့်ထားပြီး သေချာ ပျိုးထောင် ပေးချင်တယ် ဆိုတာ ပြသဖို့ပဲ..။ဒါပေမဲ့ မင်း အားကစား အဖွဲ့အစည်းကို ပူးပေါင်းပြီး  ပြိုင်ပွဲ အသေးလေး တွေကိုယဥ်ပြိုင်ရမယ်..။အဆံူးမှာတော့  မင်းရဲ့  ရလာဒ္ကို ကြည့်ပြီး နိုင်ငံကို ကိုယ်စားပြုသင့်လား မပြုသင့်ဖူးလား ဆိုတာ ဆုံးဖြတ်မယ်လေ.."

လင်းဖန် အံ့ဩစွာ ပြောလိုက်တယ်..။

"ကျုပ်က ပြေးတာ ဒီလောက်တော်တာတောင် အောက်ခြေကနေ စရမှာလား.."

ဝမ်ဘင်ယန်ဟာ သူ့စိတ်ထဲကနေ ရယ်မောလိုက်ပြီး ပြောလိုက်တယ်..။

"ဒါပေါ့..မင်းဘယ်လောက်ပဲ မြန်မြန် ဒါက မင်းအပိုင်းလေ..။အရာရာတိုင်းက စည်းမျဥ်း အတိုင်းပဲ လူပ်ရမှာ..။ငါတို့ တိုင်းပြည်မှာ အမြန်ပြေးနိုင်တဲ့ လူတွေ ဆိုတာ မရှားပါးဘူး..။အထူးသဖြင့်..ဟူဖေးယန်က အမြန်ဆုံးမဟုတ်ပေမယ့် လည်း နိုင်ငံ လက်ရွေးစင် ဖြစ်နေခဲ့တယ်လေ..။ဘာလို့လဲ ဆိုတော့ သူက အောက်ခြေကနေ တစ်ဆင့်ချင်း ပြိုင်ပြီး ကောင်းမွန်တဲ့ ရလာဒ် တွေ ထွက်လာလို့ပဲ.။ဒါကြောင့် ငါပြောချင်တာက မင်း နိုင်ငံ လက်ရွေးစင်ဖြစ်ချင်ရင် အောက်ခြေကနေ စတင်ဖို့ လိုအပ်တယ်..။ငါ မင်းကို ..နည်းပြတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်..မင်းအခုကစပြီး  သူနဲ့ အတူလေ့ကျင့်ပေါ့.."

"ခနနေပါဦး.."

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။

"ခေါင်းဆောင် ဝမ် ခင်ဗျား ဒီလို ဆက်လုပ်နေမယ် ဆိုရင်တော့..အလကာပဲ..။ကျုပ် ခင်ဗျားနဲ့ လိုက်ခဲ့မှာ  မဟုတ်ဘူး..။ပြီးတော့ ဘာပြိုင်ပွဲမှ လည်း ဝင်ပြိုင်မှာ မဟုတ်ဘူး.."

ဒါတွေ ပြီးတာတောင်  ဒီလူတွေက ပြိုင်ပွဲသေးသေးလေးတွေ ပြိုင်ခိုင်းပြီး သူ့ အချိန်တွေကို ဖြုန်းချင်နေပါသေးတယ်..။

ဆောင်ဘင်ဝမ်  ကြောင်အသွားခဲ့တယ်..။သူ ငြင်းခံ ရလိမ့်မယ် လို့ ဘယ်တော့မှ မထင်ထားခဲ့ပါဘူး..။

သူ လူအများကြီးကို မြင်ဖူးပြီး တစ်ချို့တွေ ဆိုရင်  ၁၈..၁၉  အရွယ် လူငယ်လေးတွေပါ..။သူတို့က ရလာဒ်တွေ ကောင်းကြပြီး ပါရမီလည်း ရှိကြပါတယ်..။သူတို့က နိုင်ငံလက်ရွေးစင် အရမ်းဖြစ်ချင်ကြပေမယ့် ဒါက လွယ်လွယ် ဖြစ်နိုင်တဲ့  အရာမဟုတ်ပါဘူး..။သူတို့..အောက်ခြေကနေ စတင်ဖို့ လိုအပ်ပါတယ်..။

သူတို့  နိုင်ငံလက်ရွေးစင် ဖြစ်လာဖို့  အောက်ခြေကနေ တစ်ဆင့်ချင်းပြိုင်ပြီး ချန်ပီယံ တွေဖြစ်ကာ..အဆင့်ဆင့် နိုင်ငံတကာ အဆင့်ကို ရောက်လာမှ..ဂုဏ်ယူစရာ အောင်မြင်မူပါ..။

ဒါကြောင့် လင်းဖန် ဘယ်လောက်ပဲ အံ့ဩဖို့ ကောင်းကောင်း သူ အောက်ခြေကနေ စတင်ဖို့ လိုအပ်ပါတယ်..။

ဆောင်ဘင်ဝမ် လင်းဖန်ကို ကြည့်ပြီး  ပြောလိုက်တယ်..။

"မင်းက ငယ်ရွယ်တော့တာ မဟုတ်ဘူး..။မင်းရဲ့ ပါရမီ နဲ့ ဆိုရင် ငါတို့ နိုင်ငံကို..အောင်မြင်မူတွေ ဆောင်ယူပေးနို်င်လိမ့်မယ်..။ဒီလို အခွင့်အရေး မျိုးဆိုတာက တစ်ခြား လူတွေ ခေါင်းပြုတ်အောင် ကြိုးစားရင်တောင် ရနိုင်မယ့် အခွင့်အရေး..မညုတ်ဘူးနော်.."

လင်းဖန် လက်ဝေ့ယမ့် လိုက်တယ်..။

"ကောင်းပြီ ကောင်းပြီ..ဒါက လုံလောက်ပြီ..။တကာ်လို့  ခင်ဗျားသာ ကျုပ်ကို အခုချိန် နိုင်ငံလက်ရွေးစင် လုပ်ခိုင်းပြီး ချန်ပီယံ ရှစ်ကို ပြိုင်ခိုင်းရင်  နိုင်ငံကို ဂုဏ်ယူစရာ ဖြစ်အောင်လုပ်ပြီး..အေးဆေး အနားယူလို့ရသေးတယ်...။ဒါပေမဲ့ အခုတော့..ခင်ဗျားက ကျုပ်ကို အောက်ခြေကနေ စခိုင်းနေတာပဲ..။ဒါက အချိန်ဖြူန်းနေတယ် လို့ မထင်မိဘူးလား.."

"ဟီးဟီး.."

ဆောင်ဘင်ဝမ်..မထိန်းနို်င်ပဲ ရယ်ျမာလိုက်ပါတယ်..။ယင်းနောက် သူ လင်းဖန်ကို ကြည့်ပြီး ပြောလိုက်တယ်..။

"ကောင်လေး ဘဝမှာ အများကြီး မတွေးသင့်ဘူး..။မင်းရဲ့ တွေးခေါ်ပုံက ..ငါ့ကို ရယ်မော စေတယ်.။ကမ္ဘာ့ချန်ပီယံ ရှစ်မှာ ဘာတွေဖြစ်လဲ ဆိုတာ ငါတို့ အကုန်မြင်ကြပေမယ့်..။ဒါက..အရာရာတိုင်း မဟုတ်ဘူးလေ ...။နိုင်ငံ လက်ရွေးစင် ဖြစ်ဖို့ ဆိုတာ အရည်အချင်းပဲ  လိူအပ်တာ မဟုတ်ဘူး..အမိန့်ကို နာခံ တတ်ဖို့လဲ လိုအပ်တယ်.."

ဝူယူလန်ဟာ လဖက်ရည် ယူလာခဲ့ပြီး..

"ကျေးဇူးပြုပြီး လဖက်ရည်..သောက်ပါဦး.."

ဆောင်ဘင်ဝမ်ဟာ.လဖက်ရည်ခွက်ကို ကိုင်တော့မယ့် အချိန်မှာပဲ လင်းဖန်ဟာ အလျင်အမြန် လုယူလိုက်ပြီး  တစ်ငုံ သောက်ကာ ပြောလိုက်ပါတယ်..။

"ကောင်းပြီ ဘာမှ ထပ်ပြောနေစရာ  မလိုတော့ဘူး..။ကျုပ် ထပ်ပြီး စိတ်မဝင်စားတော့ဘူး..။ခင်ဗျား ပြန်လို့ ရပြီ.."

သူတစ်စုံ တစ်ယောက်ကို မောင်းထုတ်တဲ့ အချိန်မှာ လေသံက ပျော့ညံ့မနေခဲ့ ပါဘူး..။

ဆောင်ဘင်ဝမ်ရဲ့ အမူအရာဟာ ရုပ်ဆိုးသွားခဲ့တယ်..။ဒီကောင်လေးက ကိုယ့်အတွက် ဘယ်ဟာက ကောင်းလဲ မသိတဲ့ ပုံပါပဲ..။ယင်းနောက် သူ မတ်တတ်ရပ်ပြီး ထွက်ခွာသွားခဲ့တယ်..။

ထွက်သွားပြီးနောက်..

လင်းဖန် တစ်ချက်ကြည့်ပြီးဘပြောလိုက်ပါတယ်..။

"ဒါက ဘယ်လို ကစားပွဲ မျိုးလဲ..။အမိန့်နာခံ  ရမှာလား..။ဒါက သူများပြောတာ နားထောင်ရမယ် လို့ ဆိုလိုတာ မလား..။ပြိုင်ပွဲဝင်တွေက. အောင်မြင်မူတွေကို ရယူဖို့ပဲ  လိုအပ်တာလေ..။ဘာတွေ များနားထောင်ဖို့ လိုအပ်လို့လဲ..။အခြေတွေ ပိုပို ဆိုးလာတာ မထူးဆနး်တော့ဘူး.."

လူလိမ်ထျန် အကူညီ မဲ့သွားခဲ့တယ်..။

"ကြည့်..မင်း နောက်တစ်ယောက်ကို..အပြစ်ပြုမိပြန်ပြီ.."

လင်းဖန် နှာခေါင်းရှုတ်ပြီး ပြောလိုက်တယ်..။

"ကျုပ်က ပန်ကိတ်ရောင်းနေတဲ့လူ..သူက အားကစား အဖွဲ့အစည်းက..ဒါက မတူညီတဲ့ အရာနှစ်ခုပဲ..။သူ ကျုပ်ကို ဘာများ လုပ်နိုင်မှာ မို့လို့လဲ.."

လူလိမ် ထျန် ခေါင်းညိမ့်လိုက်တယ်..။

"ဒါအမှန်ပဲ.."

#####

A Valiant Life 324
အပိုင်း ( ၃၂၄ )ကြော်ငြာတစ်ခုအတွက်  တွန်း
                        အား ပေးခြင်း..

ဘာသာပြန် = စနိုးဝှိုက်

ရှန်ဟိုင်း ဖျော်ဖြေရေး  TV.

အလုပ်သမား အုပ်စုဟာ..ပတ်ဝန်းကျင် အခြေအနေကို စုံစမ်း စစ်ဆေးဖို့အတွက်..တိမ်ဖြူလမ်း ကိုရောက်လာခဲ့ကြတယ်..။

"ဒီနေရာက သိပ်တော့ မဆိုးဘူး..။အသစ်ဖွင့်ထားတဲ့ စီးပွားရေး လမ်းလေ..။ပတ်ဝန်းကျင် အနေအထား ကလည်း ကောင်းတယ်..။ဒီအပတ်အတွက် ရှိုးပွဲ နေရာကို..ကျွန်တော်တို့  ဒီနေရာမှာပဲ..ရွေးချယ်လိုက်ကြမလား.."

အလုပ်သမား တစ်ယောက်ဟာ ပြောလိုက်တာပါ..။

ပရိုဂရမ် ရဲ့ တာဝန်ရှိသူ..ဟုရှင်း..သဘောတူစွာ ခေါင်းညိမ့်လိုက်တယ်..။

"ဒါက တကယ်မဆိုးဘူးပဲ..။ဒီနေရာမှာ ရှိတဲ့..တာဝန်ရှိသူက..အခုထိ ဒီမှာ မရောက် သေးဘူးလား.."

"ခေါင်းဆောင် ဟု..။ကျွန်တော် တို့ ခုနကပဲ တာဝန်ရှိသူကို ခေါ်ထားပြီး ပါပြီ..မကြာခင် သူ ရောက်တော့မှာပါ.."

အလုပ်သမား တစ်ယောက်ဟာ ပြောလိုက်တာပါ..။

ဟုရှင်းခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"အင်း.."ဆယ်လီ မိသားစု"  အစီစဥ္က ကြည့်ရူသူ နှုန်းမြင့်ပြီး..ဒီနေရာကလည်း  နေရာအသစ်ဆိုတော့..ရလာဒ် တွေကကောင်းးမွန်​ေလာက်တယ်...။တကယ်လို့..တာဝန်ရှိတံ လူ ဒီကို ရောက်လာရင်..ငါတို့  ဒီဆိုင်တွေကို ခနငှားဖို့ ညှိနှိုင်း ရမယ်.."

"ဆယ်လီ မိသားစုအစီအစဥ်မှာ..ဆယ်လီ တွေ အများကြီး  ပါဝင်ပြီး မစ်ရှင်တွေ လုပ်ခိုင်းကာ ပိုက်ဆံ တွေပေးတာပါ..။ဒီလိုမျိုး ရှိုးပွဲက..သစ်လွင်ပြီး လူကြည့်များတဲ့ ဟာသရှိုး တစ်ခုပါပဲ..။ဒါက ကြည့်ရူှုမူများတဲ့ ရှိုးပွဲတစ်ခုပါ..။ဒီတစခေါက် အပိုင်းကိုတော့ သူတု့ိ  ဒီမှာရိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်.."

"ခေါင်းဆောင်ဟု..ကျွန်တော် တို့ဆက်သွယ်ထားတဲ့ တာဝန်ရှိသူ ရောက်နေပါပြီ.."

အလုပ်သမား တစ်ယောက်ဟာ ပြောလိုက်တာပါ။

ဟုရှင်းဟာ လှည့်ကြည့်လိုက်ကာ..အပြုံးလေးနဲ့ လျောက်သွားလိုက်ပြီး..

"အကြီးအကဲ ဟောင်.."

ဟောင်ဘင်ဟာ ဘယ်သူ လာတာလည်း ဆိုတာ သိတဲ့ အချိန်မှာ..ပြုံး​​ပြီး ပြောလိုက်တယ်..။

"ခင်ဗျားက..ခေါင်းဆောင် ဟု ပဲ ဖြစ်ရမယ်.."

"အမှန်ပဲ.."

ဟုရှင်းခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်တာပါ..။

ဟောင်ဘင်ဟာ အစတုန်းက  ရသစုံ ရှိုးတွေမှာ..မပတ်သက်ဖူးပါဘူး.။ဒါကြောင့် သူဖုန်းခေါ်တာကို ရတဲ့ အချိန်မှာ..ရယ်မောလိုက်တယ်..။သူ့ရဲ့ နေရာကို..ရသစုံရှိုး လာရိုက်တာကလည်း  ဆိူးရွားတဲ့ အရာတော့ မဟုတ်ပေ..။

အထူးသဖြင့်  " ဆယ်လီ မိသားစု" ရသစုံရှိုး လို့ကြားတဲ့ အချိန်မှာ..သူ  တိမ်ဖြူလမ်းကို  ကိုယ်တိုင် ဆွေးနွေးဖို့ လာရောက်ခဲ့တာပါ..။

ဟောင်ဘင်ပြောလိုက်တယ်..။

"ခေါင်ဆောင်ဟု က ဘာလို့ ကျွန်တော် နဲ့ တွေ့ချင်တာလဲ.."

ခေါင်းဆောင် ဟု ပြုံးလိုက်ပြီး..

"အကြီးအကဲ ဟောင်..။ကျွန်တော်တို့ ရှိုးရဲ့ အပိုင်းတစ်ခု ကို ဒီနေရာမှာ ရိုက်ဖို့ ကျွန်တော် တို့ စီစဥ်နေတာ..။ကျွန်တော် တို့က..ဒီနေရာကို လိုချင်ပြီး..ခင်ဗျားကလည်း  ဒီနေရာက တာဝန်ရှိသူ ဆိုတော့..ကျွန်တော် တို့ကိုများ တစ်ရက်လောက် ငှားပေးနိုင်မလား ဆိုတာ ဆွေးနွေူ ချင်လို့ပါ.."

ဟောင်ဘင် ပြော့လိုက်တယ်..။

"ဒါက ပြသနာမရှိပါဘူး.။ကျူပ်တို့ ဆီက ဆိုင်ပိုင်ရှင်တွေ အကုန်လုံးက ရင်းရင်းနှီးနှီး ရှိကြတယ်..။တကယ်လို့ ခင်ဗျားတို့ တောင်းဆိုစရာရှိရင် သူတို့ နဲ့ ဆွေးနွေးလို့ ရတယ်လေ..။သူတို့ ကျိန်းသေ..လက်ခံမှာပါ..။ဘာပဲဖြစ်ဖြစ်  ဆယ်လီ တွေ ဒီကို လာတာကလည်း သူတို့အတွက် ကောင်းတဲ့ အရာပဲလေ.."

ခေါင်းဆောင်ဟု လက်ဝေ့ယမ်းလိုက်တယ်..။

"အကြီးအကဲ ဟောင်  ကျွန်တော်က အဲလိုပြောချင်တာ မဟုတ်ဘူး..။ကျွန်တော် ပြောချင်တာက..ကျွန်တော်တို့ ရသစုံရှိုး လာရိုက်ကူးဖို့ သူတို့ရဲ့ ဆိုင်တွေကို တစ်ရက်လောက် ငှားချင်တယ်လိူ့ ပြောတာ..။ဆိုင်ပိုင်ရှင်တွေ နေရာကို ကျုပ်တို့ လူတွေပဲ ထည့်မှာလေ..။ဘာပဲဖြစ်ဖြစ် ဒါက ရှိုးတစ်ခုဆိုတော့..ကျွမ်းကျင်တဲ့ သရုပ်ဆောင် မပါရင်..မလုံလောက်မှာကို စိုးရိမ် မိလို့ပါ.."

"အိုး..အဲလို လုပ်ချင်တာလား.."

ဟောင်ဘင် အနည်းငယ်  မရေရာ ဖြစ်သွားခဲ့တယ်..။ယင်းနောက်..သူ ခေါင်းဆောင် ဟုကို ကြည့်ပြီး ပြောလိုက်ပါတယ်..။

"ဒီနေရာ ဖြစ်မှ ရမှာလား.."

ခေါင်းဆောင်ဟု ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ်..ကျွန်တော် တို့ ဆုံးဖြတ်ပြီး သွားပြီ..။ကျုပ်တို့ ဒီမှာပဲ ရိုက်ကူးမှာ..။ကျုပ်တို့ ရှန်ဟိုင်းက စီးပွားရေး လမ်းတွေကို လိုက်ကြည့်ပြီးသွားပြီ ဘ
်ယ်နေရာမှ  ဒီလောက်မသင့်တော်ဘူး.."

ဟောင်ဘင်ဟာ အချိန်ခနလောက် တွေးပြီးမှ ပြောလိုက်တယ်..။

"ကောင်းပြီ..ကျုပ်ခင်ဗျားကို လူတစ်ယောက်ဆီ ညွှန်ပေးမယ်..။သူ သဘောတူမယ် ဆိုရင်တော့ ဘာပြသနာမှ ရှိမှာမဟုတ်ဘူး.."

ခေါင်းဆောင်ဟု အနည်းငယ် အံ့ဩသင့်သွားတယ်..။

"သူ့စကားတွေက ခင်ဗျားထက် ပိုထိရောက်တာလား.."

ဟောင်ဘင် ရယ်မောလိုက်တယ်..။

"ဒါပေါ့..သူ့ကို လျော့မတွက်နဲ့နော်..။သူ့ရဲ့ စကားလုံးတွေက ကျွန်တော်ထက် ပိုပြီး..အဓိပ္ပါယ်ရှိတယ်..။သူ သဘောတူသ၍ ကျန်တဲ့ ဆိုင်တွေ အငုန်လုံး သဘောတူလိမ့်မယ် ဆိုတာ ကျုပ် အာမခံတယ်..။သူတို့က ခင်ဗျားနဲ့  နာနာခံခံ ပူးပေါင်းကြလိမ့်မယ်.."

ခေါင်ဆောင် ဟု အံ့ဩသွားခဲ့တယ်..။

"သူက အရမ်းတော်လို့လား.."

"ဒါပေါ့..သူက တော်တာပေါ့။ခင်ဗျားတို့ကို  ကျုပ်သူ့ဆီ ခေါ်သွားပေးမယ်..။တကယ်လို့ ဆွေးနွေးလို့ အဆင်မပြေဘူး ဆိုရင် တောင် ရိုင်းစိုင်းတဲ့ စကားလုံးတွေ ပြောပြီး..ပြသနာ မရှာကြနဲ့နော်.."

ဟောင်ဘင် သတိပေးလိုက်တာ ပါ..။

ခေါင်းဆောင်ဟု ရယ်မောပြီး ပြောလိုက်တယ်..။

"အကြီးအကဲ ဟောင်က တကယ် လူကောင်းတစ်ယောက်ပဲ..။စိတ်မပူပါနဲ့ ကျွန်တော် တို့ အကုန်လံူးက ပရိုအဆင့်တွေပါ.။ဆွေးနွေးလို့ အဆင်မပြေဘူး ဆိုရင်တောင်..ကျွန်တော်တို့  ရန်မဖြစ်ပါဘူး.."

ဟောင်ဘင် ရယ်မောလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ..။သူက မာစတာ လင်းကို ကြောက်လို့ မဟုတ်ပဲ နောက်ဆက်တွဲ ဖြစ်လာမယ့် အရာတွေကို ကြောက်လို့ပါ..။ဒီမှာ ရှိနေတဲ့ ဆိုင်တိုင်းက မာစတာ လင်းကို ယဥ်ကျေးကြပြီး  စည်းလုံးကြပါတယ်...။တစ်ကယ်လို့ တစ်ခုခုဖြစ်ရင်..ဆိုင်ပိုင်ရှင် တစ်ယောက်ချင်စီ တိုင်းနဲ့ ကတောက်ကဆ ဖြစ်ရမှာဖြစ်ပြီး  ဒါက သူတို့ကို အောက်ထိ ဆွဲချဖို့ လုံလောက်ပါတယ်..။

ခေါင်းဆောင် ဆောင် ကို ပြန်ပို့ပြီး နောက်မှာ ..လင်းဖန်  ဇိမ်ကျကျ လှဲနေခဲ့တယ်..။ဒီနေ့တွေက ဖြတ်သန်းဖို့ ခက်ခဲလှပါတယ်..။တစ်ကယ်လို့  တစ်စုံတစ်ယောက်က  ဘဝမှာ ဘာမှ   မလိုအပ်တော့ဘူး ဆိုရင်..နေထိုင်ရတာ..စိတ်ဓာတ်တက်ကြံ မူမရှိတော့ ပါဘူး..။

အများကြီးတွေးပြီးတဲ့ နောက်မှာ ဂိမ်းကစား တာက ပိုပြီး   ပျော်စရာ ကောင်းတယ် လို့ လင်းဖန် ဆုံးဖြတ်လိုက်တယ်..။ဒါက သူ ပျော်ပျော်ရွင်ရွင် နဲ့ အချိန်ဖြုန်းဖို့ အကောင်းဆုံး နည်းလမ်းပါ..။

လင်းဖန် ရဲ့ ဦးဆောင်မူနဲ့ လူလေးယောက် တစ်သင်းဖွဲ့လိုက်တယ်..။ဝူတန်ဟီက မဆော့တတ်တော့ မပါဝင်တော့ပါဘူး...။

လူလိမ်ထျန်  ပြောလိုက်တယ်..။

"ငါ ဝင်သွားပြီ  လိူက်ခဲ့ကြတော့..။ချီးပဲ..မင်းတို့က ဘယ်ရောက် နေတာလဲ..။တောတိုး  နေတုန်းပဲလား.."

ကျောက်ကျန်းယန် ပြောလိုက်တယ်..။

"ကျွန်တော်က ပိုက်ဆံရှာနေတာလေ..။ဘာလို့ အမြန်ကြီး သွားပြီး တိုက်ခိုက်တာလဲ.."

လင်းဖန် ပြောလိုက်တယ်..။

"ငြိမ်ငြိမ်နေ..တည်တည်ငြိမ်ငြိမ် ထားကြ..။ငါတို့ နိုင်မှာပါ..။စိတ်အားထက်သန်တာ ကောင်းတယ်...ဒါပေမဲ့ တစ်ဖက်လူကို  သတ်ဖို့ ချည်းပဲ ပြောမနေနဲ့.."

ဝူယူလန်..ပြောလိုက်တယ်...။

"တကယ်လို့..နဂါးကို မသတ်ရင်..ကျုပ်တို့  သာနေသေးတယ်..။တကယ်လို့  တစ်ဖက် အသင်းက သတ်သွားရင် ကျုပ်တို့တော့ သွားပြီပဲ.."

သူတို့ အသင်းမှာပါတဲ့ သူစိမ်းတစ်ယောက်ဟာ ​စာရိုက်ပြီး ပြောလာခဲ့တယ်။

"မင်းတို့ စောက်ပိန်းတွေလား..။မင်းတို့  ဂိမ်းကို ဘယ်လို ကစားရမလဲ ဆိုတာရော သိရဲ့လား..။မဟုတ်ရင် လည်း  ဖုန်းကိုသာ ပိတ်လိုက်တော့.."

ဆိုင်ထဲမှာ..လှုပ်လှုပ်ရှားရှားဖြစ်နေပြီး  လူလေးယောက်ဟာတော့..လုံးဝ နစ်မြုပ် နေခဲ့ပါပြီ..။

"မာစတာလင်း.."

ဟောင်ဘင်...ဆိုင်ထဲကို ဝင်လာခံတယ်..။

လင်းဖန် ကြည့်ပြီး ပြုံးပြလိုက်ပါတယ်..။ယင်းနောက် သူ ဖုန်းကို  ချပြီး တစ်ခြား လူတွေကို ပြောလိုက်တယ်. .။

"တော်လောက်ပြီ..ဖုန်းတွေကို ပိတ်လိုက်တော့..။ဟိုငနဲကို တစ်ယောက်ထဲ ဆော့ခိုင်းလိုက်.."

ဂိမ်းကို ပျော်ပျော်ဆော့  နေတဲ့ ကောင်လေးဟာ..သူ့ကစားဖော် တွေ လေးယောက်စလုံး ရုတ်တရက် မကစားတော့ တာ တွေ့လိုက်ရပါတယ်..။

"မအိမ်လုံး တွေ..။ငါ မင်းတို့ အကုန်လုံး ကို တိုင်ကြားပြမယ်.."

ဟောင်ဘင် ရယ်မောလိုက်တယ်..။

"မာစတာ လင်းဟဘာတွေ လူပ်နေတာ တုန်း.."

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။

"ဒီတိုင်း ဂိမ်း ကစားနေတာ..။ဘာလို့ ဒီကိုရောက်နေတာလဲ အကြီးအကဲ ဟောင်.."

ဟောင်ဘင် သူ့နောက်က လူကို ညွှန်ပြလိုက်ပြီး ပြောလိုက်တယ်..။

"ကျွန်တော်  သူတို့ကို မာစတာ လင်းဆီ လိုက်ပို့ပေးတာလေ..!

လင်းဖန်  သူ့နောက်က လူတွေကို ကြည့်လိုက်ရာ..သူဘယ်သူကိုမှ မသိဘူး ဆိုတာ သိလိုက်ရတယ်..။သို့ပေမယ့် သူ ပြုံးပြီး ပြောလိုက်ပါတယ်..။

"လာ ထိုင်ကြပါဦး.."

ဝူယူလန်ဟာ လဖက်ရည် ပြင်ဆင်ဖို့ လုပ်လိုက်ပါတယ်..။

ဆိုင်အသစ်မှာက  အနားယူတဲ့ အခန်းတစ်ခုပါ ရှိပါတယ်..။

"တွေ့ရတာ ဝမ်းသာ ပါတယ် မာစတာ လင်း..။ကျွန်တော်က ရှန်ဟိုင်း  ဖျော်ဖြေရေး TV  " ဆ
်လီ မိသားစု "  ရဲ့ တာဝန်ရှိသူ..ဟုရှင်း  ပါ..။ကျွန်တော်  ဒီဆိုင်ကို မြင်မှ .အင်တာနက်မှာ ကျော်ကြားနေတဲ့..မာစတာ လင်း..မှန်း  သိလိုက်ရတယ်.."

လင်းဖန် ပြောလိုက်တယ်..။

"ကျွန်တော် ကို မြောက်နေပြန်ပြီ..။ခေါင်းဆောင် ဟု..ဘာလို့ ကျွန်တော်ကို ရှာတာလဲ မေးလို့ရမလား.."

ဟုရှင်း  ခေါင်းညိမ့်ပြီး..ရှင်းပြလိုက်တယ်..။

"အခြေအနေက ဒီလိုပါ..။မာစတာ လင်း.."ဆယ်လီ မိသားစု" အစီစဥ္ကို သိတယ် မလား..။အဲ့အစီစဥ် ရဲ့ တတိယ အပိုင်းကို..တိမ်ဖြူလမ်းမှာ ရိုက်ကူးဖို့ စိတ်ကူးထားတာ..။အစကတော့  အကြီးအကဲ ဟောင်နဲ့..ဆွေးနွေး မလို့ပဲ..ဒါပေမဲ့ အကြီးအကဲဟောင်က ခင်ဗျားက ဒီမှာ အဓိက လူဖြစ်ပြီး.. မာစတာလင်း သဘောတူရင် အရာရာအဆင်ပြေ တယ် လိူပြောတာနဲ့  ဒီကို မာစတာ လင်း နဲ့ သဘောတူညီမူ ယူဖို့ လာခဲ့တာပါ.."

"ဟားဟား.."

လင်းဖန် ရယ်မောပြီး ဟောင်ဘင်ကို ကြည့်လိုက်တယ်...

"အကြီးအကဲ ဟောင်က ယဥ်ကျေးနေပြန်ပြီ..။အဲလောက်ကြီးလဲ မဟုတ်ပါဘူး..။ခင်ဗျားတို့..ကျုပ်ကို   ဒီကိစ္စကို အရင်ရှင်းပြသင့်တယ် နော်..။ကျွန်တော်ထင်တာတော့ ဒီလောက်ကြီး ပြသနာ မရှိလောက်ပါဘူး.."

ခေါင်းဆောင်ဟု  ပြုံးပြီး ပြောလိုက်တယ်.။

"ကောင်းပါပြီ ကောင်းပါပြီ.။ဒါက ဒီလိုပါ..ကျွန်တော်တို့  ဒီနေရာကို..ရိုက်ကူးဖို့..တစ်ရက်လောက် ငှားချင်လို့ပါ..။အရေးကြီးတာက..ဒီက ဆိုင်ပိုင်ရှင်တွေက သရုပ်ဆောင်တွေ မဟုတ်တော့  ကျွန်တော် တို့ရဲ့ လူတွေနဲ့..အစားထိုး ချင်တာပါ..။ဒါပေါ့..ကျွန်တော် တို့  ငှားရမ်းခ အပိုင်းကို သေချာ ပြုလုပ်ပေးမှာပါ.."

လင်းဖန် အချိန်အတော်ကြာ တွေးလိုက်ပြီး ပြန်ပေးလိုက်တယ်..။

"ကျွန်တော် ခင်ဗျားရဲ့ ရှိုးကို တစ်ခါတစ်လေ ကြည့်ဖြစ်ပါတယ်..။ဒါပေမဲ့ အကြံပေးပါရစေ..ခင်ဗျား ဆိုင်ပိုင်ရှင်တွေကို အစားမထိုး သင့်ဘူးနော်..။ခင်ဗျားတို့..ရဲ့ လူတွေက သရုပ်ဆောင်တွေ ဖြစ်ပေမယ့်  တကယ့် ဆိုင်ပိုင်ရှင်တွေ လောက်တော့..လက်တွေ့မကျဘူးလေ..။ဒါဆိုရင်  ကျုပ်တို့ရဲ့ ဆိုင်ပိုင်ရှင် တွေ အကုန်လုံး ..ရင်းရင်းနှီးနှီးရှိပြီး ပူးပေါင်း ပေးကြလိမ့်မယ်လို့  အာမခံပါတယ်.."

ဘေးနားမှာ ထိုင်နေတဲ့ ဟောင်ဘင်ကတော့ မာစတာ လင်း ဒီလောက်အထိ စကားပြောကောင်းလိမ့် မယ်လို့ မထင်ထားခဲ့ပါဘူး..။

ခေါင်းဆောင်ဟု အချိန်အတော်ကြာ တွေးပြီးမှ ပြောလိုက်တယ်..။

"ကောင်းပြီလေ..ဒါဆိုလည်း    ဒါကို အကြို ..သဘောတူညီ မူအဖြစ် မှတ်ယူလိုက်မယ်လေ.။ဒါက ပြသနာတော့ မရှိလောက် ပါဘူး.။.ငှားရမ်းခ ကိုတော့..ကျုပ်တို့  ဆွေးနွေး လို့ရပါတယ်.."

လင်းဖန် လက်ဝေ့ယမ်းပြီး  ရယ်မောလို်က်တယ်...

"ငှားရမ်းခ လား..။ငှားရမ်းခ တွေ  မလိုပါဘူး..ဒါက ကျုပ်တို့ အတွက်လည်း ကောင်းတာပဲလေ.။ဒါပေမဲ့ အထူးပြုလုပ်မူ အနေနဲ့ တိမ်ဖြူလမ်းကို ခင်ဗျား ကြော်ငြာ ပေးရလိမ့်မယ်..။ဥပမာ အနေနဲ့  ရှိုးရိုက်နေတုန်း..  တိမ်ဖြူလမ်းက တကယ်ကောင်းတယ်  တို့...ဒါမှမဟုတ်  တိမ်ဖြူးလမ်းမှာ စျေးဝယ်ရတာ တကယ် အဆင်ပြေတာပဲ တို့..။ဒါက အကြီးအကဲဟု အတွက်တော့ အသေးအဖွဲလေးပါ..ဒါကိုသာ သဘောတူရင်ဘ ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုက်ကူး ပြီးစီး သွားအောင် ကျုပ်တို့ ပူးပေါင်းပေးမယ် လေ.ဘယ်လိုလဲ.."

ဟောင်ဘင် မတတ်နိုင်စွာပဲ   စိတ်ထဲကနေ ရယ်မောလိုက်တယ်..။မာစတာ လင်းက ကြောက်ငြာပေးဖို့ အတင်းတွန်းအား ပေးနေတာပါ...

သူသိသလောက်​ေတာ့  အပြင်လူတွေ ဒီရှိုးမှာ ကြော်ငြာ ချင်ရင် ဒေါ်လာ  သန်းချီ ပေးရပါတယ်..။

ခေါင်းဆောင်ဟု  ဒီစကားကို ကြားတဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်..။ဒါက အရမ်းကြီး လွန်နေတဲ့ တောင်း ဆိုမူ မဟုတ်ပေမယ့်  တစ်ခုခုတော့ လွဲနေသလို ပါပဲ..။သို့ပေမယ့်  ဘာမူမမှန်တာလဲ ဆိုတာကို သူရှာမတွေ့ နိုင်ခဲ့ပေ.. ။

######

A Valiant Life 325
အပိုင်း ( ၃၂၅ )   အလေးမထားသလို မလုပ်နဲ့..

ဘာသာပြန် = စနိုးဝှိုက်

ပရိုဂရမ် အစီစဥ်က လူ​ေတွဟာ ပြန်သွားခဲ့ကြတယ်..။ဒါရိုက်တာဟု..ဟာ တစ်ခုခု လွဲနေတယ် လို့ သိနေပေမယ့်လည်း...ကိစ္စအကြီးကြီး မဟုတ်ဘူး ဆို့ ခံစားနေရပါတယ်..။ဒါကြောင့် သူ ထပ်ပြီး ဂရုမစိုက်တော့ပေ..။

"  ဆယ်လီ  မိသားစု ..ရသစုံရှိုးမှာ  ဆယ်လီ တွေ အများကြီး  ပါပေမယ့်..အဲ့ထဲက တစ်ချို့ကို တော့ ကျွန်တော် မ​ကြိုက်ဘူး.."

ကျောက်ကျန်းယန်ဟာ ရုတ်တရက် ထပြောလိုက်တာပါ..။

"ဘာလို့ တုန်း.."

လင်းဖန်  ပဟေဠိ ဖြစ်စွာ မေးလိုက်တယ်...။

"မာစတာလင်း   နောက်ကျောကနေ ဓားနဲ့ ထိုးတယ်  ဆိုတာ ဘာလဲ သိလား.."(ကလပ် နဲ့ စကားလုံးဆင်တူနေတာပါ.. တရုတ်လို တူတာ ထင်တယ်)

လင်းဖန်  ခေါင်းခါယမ်း လိုက်တယ်..။

"သိပ်တော့ မသေချာဘူး.။အဲ့ကလပ်က ဘယ်တုန်းက ဖွင့်ထားတာလဲ...ပြီးတော့ ဘယ်နားမှာ ရှိတာလဲ.."

"ခင်ဗျား ကျောက်တုံးအောက်မှာ များ ပုန်းနေခဲ့တာလား..။ဒါက  ပုံမှန်အားဖြင့် မိန်းကလေး တစ်ယောက်ကို ရဖို့ ဆိုရငခ တစ်ခြား   ဘာကို မှ ဂရုမစိုက်ပဲ နောက်ကျောကနေ ဓားနဲ့ ထိုးတတ်တဲ့ လူမျိုးကို ပြောတာ..။ဒီ ရသစုံ   ရှိုးတွေထဲမှာ..အဲလို လာပ်တတ်တဲ့လူ  နှစ်ယောက်လောက်ပါနေတယ်..။ဒါက အတော်ကို ဆိုးရွားတာ.."

လင်းဖန် ဒါကို ကြားပြီး စိတ်တိုသွားတယ်..။

"ချီးပဲ..ငါသာ ဒါကို စောစောသိရင်  သဘောတူလိုက်မှာ မဟုတ်ဘူး..။ဘာပဲဖြစ်ဖြစ်  အခု သဘောတူပြီးပြီ ဆိုတော့..ပြန်ပြောင်း ပြောလို့က မရတော့ဘူး.."

လူလိမ် ထျန်ဟာ ပြုံးလိုက်ပြီး..

"အချိန်ကျ လာတဲ့ အချိန်ကျလာရင်..ငါ နည်းနည်း လှုပ်ရှားရဦးမယ်..။ဒီ အစီစဥ်မှာက  ချောမောတဲ့  ဆယ်လီ လေးတွေက အများကြီးပဲ.."

"ခင်ဗျား ဘေးနာမှာ ရပ်နေတာက ပိုကောင်းမယ် ထင်တယ်နော်..လူအိုကြီး..။နတ်ဆိုးဆန်တဲ့ အတွေးတွေကို သိမ်းထားဦး.."

လင်းဖန် ရယ်မောပြီး..စနောက်လိုက်တာပါ..။

အဲ့အချိန်မှာပဲ ဝူယူလန်ဟာ ရုတ်တရက်  အံ့ဩစွာ ထအော်လိုက်တယ် ..။

"အစ်ကို လင်း..ဝိုက်ဘိုကို အမြန်ကြည့်လိုက်ဦး..။နိုင်ငံရဲ့ အားကစား အဖွဲ့အစည်းက ရှင်းရဲ့ အတွေးအခေါ်တွေက..ဆိူးရွားနေပြီး.သူတို့ရဲ့ စံနှုန်းတွေနဲ့ မပြည့်စုံဘူး လို့ပြောနေတယ်.."

လင်းဖန်  ဒါကို ကြားပြီး စိတ်အနှောက်အယှက်ဖြစ်သွားခဲ့တယ်..။ယင်းနောက် သူ ဖုန်းကို ဖွင့်ပြီး..ဝိုက်ဘို ထဲဝင်ကာ စာပြန်လိုက်ပါတယ်..။

"အကြီးကြီး တွေ ပြောနေတာ ရပ်လို်က်တော့..။မင်းတို့ကို ငြင်းလိုက်တာက ငါလေ..ပုံပြင်တွေ လာဖန်တီး မနေနဲ့.."

လင်းဖန် ဒီစာကို ပို့လိုက်ပြီး ဖုန်းကို ပြန်ပိတ်လိုက်တယ်..။ဒီကိစ္စတွေကို သူ့ရဲ့ ပရိတ်သတ်တွေကို ပဲ ဖြေရှင်းခိုင်း ရတော့မှာပါ..။သူ ဘာမှ ထပ်ပြီး မလုပ်တော့ပါဘူး..သူတို့ တစ်ခုခု ပြောလာရင်တောင်..ထပ်ပြီး အဖတ်မလုပ်ချင်တော့ပေ..။

နောက်တစ်ရက်..။

ညဘက်  ၆  နာရီ အချိန်တွင်..။

လင်းဖန် ဆိုင်ကနေ အိမ်ကို ပြန်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။

ဟီရှောင်မင်ဟာ လင်းဖန် ​ေရှ့မှာ  ရုတ်တရက် ပေါ်လာခဲ့ပါတယ်..။

"အန်ကယ်.."

လင်းဖန် ဟီရှောင်မင် ကိုကြည့်ပြီး အံ့ဲဩသွားခဲ့တယ်..။

"ဘာဖြစ်လာလို့လဲ.."

"အန်ကယ် ကျွန်တော် ဒီည အန်ကယ်ကို ညစာ လိုက်ကျွေး သင့်တယ် လို့ ခံစားနေရတယ်.."

ဟီရှောင်မင်ဟာ တံခါးမှာ ရပ်ပြီး  ပြောလိုက်တာပါ..။

အရင် မတော်တဆ ဖြစ်တာ အတော်တောင် ကြာသွားခဲ့ပါပြီ..။ဟီရှောင်မင်ဟာ အခုဆိုရင် သေချာ သင်ယူပြီး..နေ့ရက်တိုင်းကိုဘကောင်းမွန်စွာ ရှေ့ဆက်နေခဲ့ပါတယ်...။အလုပ်မှာ အနည်းငယ် ပင်ပန်း ပေမယ့် လည်း သူ့ အဖေ ဒါမျိူးတွေကို လုပ်နိုင်တာကို တွေးမိကာ..သူလည်း ကြိုးစား လုပ်နေခဲ့ပါတယ်..။အခုတော့ သူ အောင်မြင်တဲ့ အထိ လျောက်လှမ်းဖို့ ဆုံးဖြတ်ပြီးပါပြီ..။

ဟီချန်းဟန် ကတော့ အရာရာတိုင်းဟာ..အဆင်ပြေ ချောမွေ့လာတယ်  လို့ခံစားနေရတယ်..။သူ့သားရဲ့ရုတ်တရက် ပြောင်းလဲ လာမူက..ကြီးမားတဲ့ အကျိုးအမြတ်ကြီး  တစ်ခု ရလိုက်သလိူပါပဲ..။ဒါတွေ အကုန်လံူးက မာစတာလင်း ရဲ့ ကြိုးစားပေးမူကြောင့်ပါ..။မာစတာ လင်းကြောင့်သာ မဟုတ်ရင် အခုချိန်သူ့သား  ဘယ်လိုတွေ ဖြစ်နေမလဲ မတွေးတတ်တော့ ပါဘူး..။

"မင်း ကိုယ့်အတွက်ပဲ ကိုယ်အသုံးပြုသင့်တယ် ကောင်လေး..။မင်း တစ်ခြား အရွယ်ရောက်တဲ့ လူတွေလိုမျိုး မနေသင့်ဘူး.."

ဟီရှောင်မင် လင်းဖန် ဆီ လျောက်သွားလိုက်ပြီး..

"အန်ကယ် ကျွန်တော် လိမ္မာနေပါပြီ..။ဒီတစ်ခါပဲ သဘောတူပေးပါ..။အရင်က ကျွန်တော်က တာဝန်မသိတတ်တဲ့ကောင်လေး ဖြစ်ခဲ့တော့..လေးလေးစားစား မဆက်ဆံ ခဲ့ရဘူး..ဒါပေမဲ့ အခုတော့  ဘဝ အသစ်ကို စတင်နေပါပြီ..။ကျွန်တော်ရဲ့ ..လေးစားမူ  တွေကို ပြသချင်လို့ပါ.."

လင်းဖန်  ဟီရှောင်မင်ကို မျက်လုံးချင်း ဆုံအောင် သေချာ ကြည့်လိုက်တယ်..။

"အန်ကယ်..ကျွန်တော်  လေးလေးနက်နက် ပြောနေတာပါ.."

"ကောင်းပြီလေ..မင်းရဲ့ လေးစားမူကို အလေးထားတဲ့ အနေနဲ့ ဒီတစ်ခါ လက်ခံလိုက်မယ်..။ဘယ်ကို သွားမလဲ.."

ဟီရှောင်မင် ပြုံးလိုက်တယ်..။

"အန်ကယ်..ကားထဲကို ဝင်ပါ..။ကျွန်တော်မှာ သူငယ်ချင်း အသစ်လည်း ရနေပြီ.."

"သူငယ်ချင်းလား."

လင်းဖန်  အံ့ဩသွားခဲ့တယ်..။

ဟီရှောင်မင် ကျေနပ်စွာ ပြုံးလိုက်တယ်..။

လင်းဖန် သူများအတွဲ ကြားထဲမှာ  သိပ်တော့ မလိုက်ချင်ပါဘူး.သို့ပေမယ့် ဟီရှောင် မင် ရဲ့ ကားထဲကို ဝင်လိုက်တဲ့ အချိန်မှာ သူ့အရင်ရည်းစားဟောင်းထက် အများကြီး ပိုလှတာကို တွေ့လိုက်ရပါတယ်..။သူ ပထမ တစ်ခါ အသဲကွဲပြီး ကတည်းက လူကောင်းတစ်ယောက် အဖြစ်ပဲ နေလာခဲ့တာပါ..။ဘာပဲဖြစ်ဖြစ် သူက ငယ်ရွယ်သေးတော့ သင်ယူစရာ တွေ အများကြီး ရှိပါသေးတယ်..။

ဟီရှောင်မင်ကတော့ ဘဝအသစ်စပြီး ကတည်းက..အရာရာတိုင်းကို  မတူညီတဲ့ အမြင်နဲ့ ကြည့်နိုင်ခဲ့ပါတယ်..။

"မင်း ငါ့ကိုိခေါ်လာတာလား.."

လင်းဖန် ကားအပြင်ကို ထွက်လာပြီး မေးလိုက်တာပါ..။

သူ့ရှေ့မှာ ရှိတာက..ပြင်ပဆိုင်တစ်ခုပါ..။လင်းဖန် အစကတွေးထားတာက ဟီရှောင်မင် သူ့ကို အဆင့်အတန်းမြင့်တဲ့  ဆိူင်တစ်ဆိုင်ကို ခေါ်သွားမယ်လို့ပါ..။သို့ပေမယ်  ဒီလို နေရာလို့တော့ မတွေးထားခဲ့ပေ..။

ဟီရှောင်မင် ပြုံးလိုက်တယ်..။

"အန်ကယ် ကျွန်တော်က ဒီနားမှာ အလုပ်လုပ်တော့ ဒီဆိုင်ကို လာနေကြလေ..။ဒီက ဆိုင်ဝန်ထမ်းတွေ နဲ့တောင် ရင်းနှီးနေပြီ.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်...။

"ကောင်းပြီလေ..ဒီနေရာက ကောင်းသားပဲ.."

"တကယ်တော့..ကျွန်တော်က အဖေ့ရဲ့့ ပိုက်ဆံကို ထပ်မသုံးတော့ဘူး...။အခုက စပြီး ကိုယ့်ဝင်ငွေ နဲ့ကို ဖြစ်ပြီ.."

"မင်းက အဖေ့ရဲ့ ပိုက်ဆံ မသုံးတော့ဘူးဆိုပြီး  ဒီကားကို သုံးနေတာလား...။မင်း ရဲ့ ပိုက်ဆံ တွေ..က ဆီထည့်ဖို့တော့ လောက်ပါတယ်နော်.."

လင်းဖန် ရယ်မောလိုက်တာပါ..။

ဟီရှောင်မင် ခေါင်းခါယမ်းလိုက်တယ်..။

"ဒါကိုတော့ ထည့်မတွက်ဘူးလေ..။ကျွန်တော်တို့ အိမ်မှာက စျေးနည်းတဲ့ကား မရှိဘူး..။ဘာပဲဖြစ်ဖြစ် အဖေက ဒီကားကို သုံးမှ...သွားရေးလာရေး..အဆင်ပြေမယ် လိူ့ပြောတယ်..။ပြီးတော့ ဒီကားက ကျွန်တော်ပိူင်တာမဟုတ်ဘူး..မိသားစု ပိုင်တာတဲ့.."

"အဓိပ္ပါယ်ရှိတယ်.."

လင်းဖန် ရယ်မောလိုက်တယ်..။

ကားပေါ်က ဆင်းပြီးနောက်..။

"ရှောင်မင်  ဒီဘက်မှာ.."

လူငယ်တစ်စုဟာ လှမ်းခေါ်လိုက်တာပါ..။

"ရှောင်မင်  ဒါက ဘယ်သူလဲ.."

လူငယ်တစ်ယောက်ဟာ မေးလိုက်တယ်..။

ဟီရှောင်မင်..နောက်လိုက်ပါတယ်..။

"ယန်ဇိုင် ဒါက ငါ့ရဲ့ အန်ကယ်ပဲ..သူက ငယ်ပေမယ့်လည်း..မင်းတို့ လေးလေးစားစား ဆက်ဆံတာ ပိုကောင်းလိမ့်မယ် နော်..။သူ့မှာ စွမ်းဆောင်နိင်စွမ်းတွေ ရှိတယ်.."

"ဟား..ဟား..ရှောင်မင်ရဲ့ အန်ကယ် ဆိုမှတော့ ငါတို့ရဲ့ အန်ကယ် ပဲပေါ့.. ။လာ  ထိုင်ပါဦး.. ကျွန်တော်တို့အားလုံးက ရှောင်မင်ရဲ့ သူငယ်ချင်းတွေပါ..သူစိမ်းတွေ မဟုတ်ပါဘူး.."

ယန်ဇိုင် ရယ်မောပြီး ပြောလိုက်တာပါ..။ယင်းနောက် သူ မန်နေဂျာကို အော်ပြောလိုက်တယ်...။

"ဘော့စ်  အသားကင် အသဲချည်းပဲ အချောင်း ငါးဆယ်လောက်.."

"ချည်းပဲ နည်းနည်း လျော့မှာလို့ မရဘူးလား..။ငါ့မှာ ပိုက်ဆံ လောက်တာ မဟုတ်ဘူး.."

ဟီရှောင်မင်..သူ့ကို ဆူလိုက်တယ်..။

"အချောင်းတစ်ရာ ပေးပါ.."

ယန်ဇိုင် အော်လိုက်တယ်..။

"မင်း.."

ဟီရှောင်ဟန် အကူညီအဲ့စွာ ကြည့်လိုက်ပါတယ်..။
"အန်ကယ် သူတို့ အကုန်လံူးက..သူငယ်ချင်းကောင်းတွေပဲ..ကျွန်တော်  အရင်သူငယ်ချင်းတွေ အကုန်လုံးကို အဆက်သွယ်လိုက်ပြီ.."

"အင်ဟင်.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

ဒီ လူငယ်တွေဟာ တက်တက်ကြွကြွ ရှိကြပါတယ်..ဒါပေမဲ့..လင်းဖန်ကို စိတ်ရှုပ်စေတာက သူတို့တွေက အန်ကယ်  အန်ကယ်  လို့ ခေါ်နေကြတာပါ..။မသိရင်  သူက  သူတို့ထက် အသက် နှစ်ဆ လောက် ကြီးနေသလိုပါပဲ..။

"အန်ကယ် ဒီကောင်က ကျန်းယန် လေ ဒါပေမဲ့ သူ့ကို ယန်ဇိုင် လို့ပဲ ခေါ်တယ်..။ဒီ ခပ်ဝဝ တစ်ယောက်က..ကျို့ရူ..ဒါပေမဲ့ သူ့ကို ဖက်တီး လို့ပဲ ခေါ်တယ်..။ပြီးတော့  ဒီတစ်ယောက်က.."

ဟီရှောင်မင် လူတိုင်းကို တစ်ယောက်ချင်းစီ မိတ်ဆ်ပေးလိုက်တယ်..။

"အန်ကယ် ဘယ်လိုထင်လဲ..ရှောင်မင်နဲ့ ကျွန်တော်တို့က ရင်နှီးတဲ့ သူငယ်ချင်းတွေလေ..။အရင်တုန်းက ဆိုရင် ရှောင်မင်က ကောင်မလေးနဲ့ပဲ လျောက်သွားနေပြီး ကျွန်တော်တို့ကို လှည့်တောင် မကြည့်ဘူး..။ဒါပေမဲ့ အခုတော့..သူက ကျွန်တော်တို့ဆီ ပြန်ရောက်လာတော့ ကျွန်တော်တို့က ကြိုဆိုရတာပေါ့.."

ဟီရှောင်မင် ကျန်းယန် ကျန်ယန်..

"ဘာမှ မပြောရငထ အသတ်ရမှာ စိုးလို့လား..။အန်ကယ်  သူပြောတာကို နားမထောင်နဲ့.."

ကျန်းယန် ဒါကို ကြားကာ ရယ်မောပြီး  ဖန်ခွက်နဲ့ စနောက်ပြီး လှမ်းပေါက်လိုက်တယ်..။ဟီရှောင်မင်ဟာ ရှောင်လိုက်ပေမယ့် ဖန်ခွက်ဟာ  မြေကြီးပေါ်ကျပြီး ကွဲသွားကာ..ကျယ်လောင်တဲ့ အသံထွက်ပေါ်လာခဲ့ပါတယ်..။

"ယီးပဲ...ဖန်ရိုက်ကို ရိုက်ခွဲရအောင် ဘယ်ကောင်က အဲ့လောက်အထိ သောင်းကျန်းနေတာလဲ.."

သူတို့ရဲ့ ဘေးနားရှိစားပွဲ မှာ ထိုင်နေတဲ့ အဝတ်ဗလာနဲ့ လူတစ်ယောက်ဟာ မတ်တတ်ထရပ်ပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်တယ်..။

ကျနိးယန်ကတော့ အေးခဲနေခဲ့ပါပြီ..။ဒါမျိုး ဖြစ်လာမယ်  လို့မထင်ထားခဲ့ပါဘူး..။

ဟီရှောင်မင် လက်ဝေ့ယမ်းပြီး  ပြောလိုက်တယ်..။

"ငါ ဒါကို ဖြေရှင်းလိုက်မယ်.."

သူ မတ်တတ်ရပ်ပြီး လူကြီးဆီ လမ်းလျောက်သွားလိုက်တယ်..။

"အစ်ကို ကျွန်တော် တောင်းပန်ပါတယ်..သူငယ်ချင်းတွေ စနောက်ရင်း သတိမထားမိပဲ ဖြစ်သွားတာ..။ကျေးဇူးပြုပြီး...ဒေါသမထွက်ပါနဲ့..။ကျွန်တော် တစခုခု ကျွေးရင်ရော ဘယ်လိုလဲ.."

"မအေလိုး...မင်းကန်းနေလား.. ။ငါတို့ ဘယ်သူလဲ မင်းမသိဘူးလား.."

ဒီငနဲက အနည်းငယ် မူးနေခဲ့တာပါ..။သူ လက်ကို မြောက်လိုက်ပြီး ..ဟီရှောင်မင်ရဲ့ မျက်နှာကိုထျိန်ထားခဲ့တယ်..။ဟီရှောင်မင်က သူ့ထက် ခန္ဓာကိုယ်သေးတော့..ချက်ချင်းပဲ နောက်ကို  ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ပါတယ်..။

လင်းဖန်  ချက်ချင်း  မတ်တတ်ထရပ်လိုက်ပြီး..

"အဆင်ပြေလား.."

ဟီရှောင်မင်က အသက် ၁၈  ပဲ ရှိသေးကာ ဒါမျိူးတွေကို အတွေ့အကြုံ မရှိသေးပါဘူး..။

ကျန်းယန်နဲ့ ကျန်တဲ့ လူတွေလဲ ကြောင်အပြီး ထရပ်လိုက်တယ်..။သို့ပေမဲ့ သူတို့နေရာကနေ ခြေတစ်လှမ်းမှ မလှုပ်နိုင်ကြပါဘူး..။

လူကြီးဟာ သူတို့ထလာတာကို ကြည့်ပြီး လက်ညိုးထိူးပြီး ပြောလိုက်တယ်..။

"ကောင်းလေးတွေ..မင်းတို့ကို မင်းတို့ ဘာထင်နေတာလဲ..။မင်းတို့ လူများတာနဲ့ပဲ သန်မာပြီး ထင်နေတာလား..။မင်းတို့ ငါ့ရှေ့မှာ ဒူးထောက်ပြီး မတောင်းပန်သ၍  လွတ်ပေးလိမ့်မယ်လို့ စိတ်မကူးနဲ့"

* အသံများ  *

လူကြီးရဲ့ ဘော်ဒါတွေဟာ လည်း ချက်ချငိးထရပ်လိုက်ပြီး..ကျန်းယန်နဲ့ ကျန်တဲ့ လူတွေကို စိုက်ကြည့်နေကြပါတယ်..။

လူကြီးရဲ့ သူငယ်ချင်း တစ်ယောက်ဟာ ဆိုရင် ကြွက်သားတွေ အမြောင်းမြောင်းနဲ့  ဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာ..ခွေးပုံစံ တက်တူးကြီးတစ်ခု ရှိနေခဲ့တာပါ..။သူ့ရဲ့ မျက်လုံး နှစ်လံူး ကြားမှာတော့..နောက်ထပ် မျက်လံူးပုံစံ တက်တူးကြီးတစ်ခု ရှိနေလို့ပါ..။ဒီလို တက်တူးမျိုး ထိုးထားတာကတော့  ဦးနှောက်ကင်းမဲ့ ရာကြပါတယ်..။

"အန်ကယ် ကျွန်တော် တို့ ကိုင်တွယ်နိုင်ပါတယ်..။စိတ်ပူဖို့ မလိုပါဘူး..။ကျွန်တော်တို့ ပြသနာ မရှာပါဘူး.."

လင်းဖန်  ဟီရှောင်မင် ရဲ့ စကားကြောင့် အနည်းငယ် အံ့ဩသင့်သွားခဲ့တယ်..။သူ ကောင်လေး သူ့ကို အကူညီတောင်းပြီး  ဖြေရှင်းခိုင်းမယ် လို့ပဲ ထင်ထားတာပါ..။ကြည့်ရတာ ..သူက အတော်ရင့်ကျတ်လာတဲ့ ပုံပါပဲ..။

လူကြီးဟာ လှောင်ပြုံးလိုက်တယ်..

"မင်းက ပြသနာ မရှာချင်ဘူး ဟုတ်လား..။ဘယ်လောက် ရှက်စရာ ကောင်းလဲ.."

လင်းဖန်  ခေါင်းခါယမ်း လိုက်တယ်..။

"မကြောက်နဲ့ အန်ကယ် ရှိတယ်.."

လင်းဖန် လူကြီးဆီကို တည့်တည့်လျောက်သွားတာကို မြင်ပြီး လူတိုင်း ကြောင်အသွားခဲ့ပါတယ်.. ။

သူ လက်တွေ နဲ့ လူကြီးရဲ့ လည်ပင်းကို ကိုင်ပြီး ချက်ချင်း လေပေါ်မြောက်လိုကိတယ်.. ။ဒီလူကြီးက အနည်းဆုံး ပေါင်နှစ်ရာ လောက် လေးပေမယ့်..လင်းဖန်  အတွက်ကတော့ မူ့စရာ မရှိ ပါဘူး..။

"တစ်စုံတစ်ယောက်က ဘယ်သူ့ကိုမှ စောက်ဂရုမစိုက်သလို မလုပ်ရဘူး..။မင်းတို့ ကောင်တွေက ဦးနှောက်သိပ်မရှိတာ သိပေမယ့်..ဒီလောက်အထိတော့ လွတ်မနေသင့်ဘူးလေ.."

လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တာပါ..။

Continue Reading

You'll Also Like

56.4K 4.2K 186
စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြောင့် နေရာတိုင်းမှာ သူမတူအောင် ကျွမ်းကျင...
76.9K 7K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး
60.3K 7.2K 88
Fb page name=ပြိုင်ဘက်ကင်းရတာ အထီးကျန်တယ် လင်းဖန်က အခြားကမ္ဘာကို ပို့ဆောင်ခံခဲ့ရပြီး သာမန်တပည့်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်သွားခဲ့တယ်။ လင်းဖန်က...
91.9K 10.4K 117
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...