ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိ...

Par yyuzanawin

112K 12K 236

စစ်ဟွိုင်ရှီး သည် နောက်ဆုံးသောနေ့ရက်များတွင် ဖုတ်ကောင်များကို တိုက်ခိုက်ရန် ငြီးငွေ့နေသောကြောင့် သူဖတ်ရန် ဝတ္... Plus

Description
1🍷
2🍷
3🍷
4🍷
5🍷
6🍷
7🍷
8🍷
9🍷
10🍷
11🍷
12🍷
13🍷
14🍷
15🍷
16🍷
17🍷
18🍷
19🍷
20🍷
22🍷
23🍷
24🍷
25🍷
26🍷
27🍷
28🍷
Hello
29🍷
30🍷
31🍷
အဖြေမှန် 😍
32🍷
33🍷
34🍷
35🍷
36🍷
37🍷
38🍷
39🍷
40🍷
41🍷
42🍷
43🍷
44🍷
45🍷
46🍷
47
48
49..
50
51
52
53
54
55
56
57
58
59
ကဆုန်လပြည့်နေ ပရိုမို့လေး...

21🍷

1.8K 215 1
Par yyuzanawin


ဧည့်ခန်းတံခါးဝတွင် 'မနှောင့်ယှက်ရ' ဆိုင်းဘုတ်ကို ကပ်ထားပြီး အခန်းတွင်းမှ မြေပြင်ပေါ်သို့ ပြုတ်ကျသည့် အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

ပိုင်ယူကျင်းသည် အခန်းထဲသို့ ပြင်ပလူများ မချဉ်းကပ်ရန် တားဆီးထားသော်လည်း သူ့ဝမ်းကွဲ ပိုင်ဟွိုင်ယုရဲ့ စိတ်နေစိတ်ထားကို တွေးလိုက်သောအခါတွင် သူ့ဘာမှလုပ်မနေတော့ပဲ စီးကရက်ကိုသာ နူတ်ခမ်းတွင်ခဲလိုက်လေသည်။

ပိုင်ယူကျင်းသည် ပိုင်မိသားစု၏ တပည့်တစ်ဦးဖြစ်သည်။ ဖျော်ဖြေရေးနယ်ပယ်မှာ နာမည်ကောင်းရထားပြီး အသိုင်းအဝိုင်းမှာ နာမည်ကြီး ရွှေတံဆိပ်ရတဲ့အေဂျင့်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မိသားစုရဲ့အမိန့်ကြောင့် သူ့ဝမ်းကွဲ ပိုင်ဟွိုင်ယုရဲ့မန်နေဂျာဖြစ်လာတယ်။ ဒီဝမ်းကွဲက ထိလွယ်ရှလွယ်၊ မနာလို၊ စိတ်ကျဉ်းမြောင်းသူ၊ မိုက်မဲပြီး လွန်ကဲသူဖြစ်သည်။ သူသည် နူးညံ့သောအပြုံးဖြင့် ပြုံးနေသော်လည်း အတွင်းစိတ်က မှောင်မိုက်လွန်းသဖြင့် တခါတရံ ထိတ်လန့်သွားရသည်။

ပိုင်ယူကျင်းက မန်နေဂျာဖြစ်နေတာကြောင့် သူ့ကိုယ်သူ တော်တော်ထိန်းထားနိုင်တယ်။ဒါပေမယ့် ပိုင်ဟွိုင်ယုကတော့  တစ်ယောက်ယောက်က သူ့ကို စိတ်ဆိုးအောင်လုပ်လိုက်တာနဲ့ သူ့ရဲ့ အထူးလှည့်ကွက်တွေကို သုံးလိမ့်မယ်။ မတော်တဆမှုများ အမြဲရှိလေ့ရှိပြီး ယူကျင်းသည် သူ့ရဲ့ဝမ်းကွဲအတွက်အရှုပ်အထွေးတွေကို ရှင်းပစ်ခဲ့ရသည်မှာ မရေတွက်နိုင်တော့..

ယူကျင်းက သက်ပြင်းအသာချလိုက်တယ်။ ဖျော်ဖြေရေး နယ်ပယ်ထဲကို ဝင်ရောက်နိုင်ခဲ့ဖို့ ပိုင်မိသားစုရဲ့အာဏာကို ငှားရမ်းခဲ့ရတယ်။ အခု သူချေးပြီး ပြန်ဆပ်ရမယ့်အတွက် ဒီဝမ်းကွဲကို သူ့အနုပညာသမားအဖြစ် အသိအမှတ်ပြုပြီး သူ့ကို ထောက်ပံ့ဖို့ပဲ အာရုံစိုက်ထားရတယ်။

ပိုင်ဟွိုင်ယုကြောင့် ပိုင်မိသားစုက သူ့ကို ပိုအရေးပေးလာတယ်၊ အနည်းဆုံးတော့ အရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ပါဘူး။ သူတို့သည် မူလက ဝမ်းကွဲ ပိုင်ဟွိုင်ယုကို ဒါရိုက်တာကြီးတစ်ယောက်ရဲ့ သမိုင်းဝင် ဒရာမာဇာတ်လမ်းကို စမ်းကြည့်ရန် စီစဉ်ခဲ့သည်။ အလွှာပေါင်းစုံမှ သရုပ်ဆောင်များနှင့် မင်းသမီးများ စုစည်းကာ အေးဂျင့်တစ်ဦးအနေဖြင့် သရုပ်ဆောင်စွမ်းရည်များစွာမလိုအပ်ဘဲ နှစ်သက်ဖွယ်ကောင်းသော အမျိုးသားဇာတ်ပို့ဇာတ်ကွက်ကို အထူးရွေးချယ်ခဲ့သည်။

ဒါကို ပိုင်ဟွိုင်ယုက အလွန်စိတ်အားထက်သန်ပြီး သူများ ဦးဆောင်မယ့်အခန်းကို လုယက်ရန် တွန်းအားပေးလာမည်ဟု  မမျှော်လင့်ခဲ့မိဘူး။ ယုကျင်း က "This Star Names You" ဇာတ်ကားမှာ ဇာတ်လမ်းက လူငယ်တွေရဲ့ အကြိုက်နဲ့ လိုက်လျောညီထွေဖြစ်ပြီး မကြာသေးမီက နာမည်ကြီး e-sports ဇာတ်ဝင်ခန်းတွေနဲ့ အတူရိုက်ရမှာကြောင့် သဘောမတူခဲ့ပါဘူး။

ဒါပေ့မယ့် လုယက်ခံရသည့် အငယ်တန်းလူသစ်က အမျိုးသားဇာတ်ပို့နေရာတွင် ပါဝင်ခဲ့သည်။ သူ့နာမည်က စစ်ဟွိုင်ရှီး လို့ထင်ရတယ်။ ကွန်ရက်ပေါ်တွင် ပူပြင်းသောရှာဖွေမှုနှစ်ခု မတော်တဆဖြစ်ပွားခဲ့ရာ အနုပညာနယ်ပယ်အတွင်းရှိလူများကို အံ့အားသင့်စေခဲ့သည်။

အနုပညာလောကထဲကို အခုမှစတင်ဝင်ရောက်လာတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သူသည် မကြာသေးမီက အမှိုက်ကြယ်က ဆင်းသက်လာသူ အပျော်တမ်းသမား ဖြစ်သည်။ စစ်ဟွိုင်ရှီးရဲ့ hot searches အရေအတွက်သည် အသိုင်းအဝိုင်းတွင် ရေပန်းစားခြင်းမရှိသော်လည်း အနုပညာရှင်အချို့ထက် များစွာပိုများသည်။

ကံမကောင်းစွာပဲ၊ ထိုကဲ့သို့သော ပျိုးပင်ကောင်းသည် သူ၏ကျွမ်းကျင်မှုကို နှိုးဆွပေးခဲသည်။ သူ့လက်ထဲမှာ ထည့်ထားရင် သေချာပေါက် တောက်ပနေပေမယ့် အခုတော့ စစ်ဟွိုင်ရှီးကို ဖိနှိပ်ချုပ်ချယ်ဖို့ သူ့ဝမ်းကွဲ ပိုင်ဟွိုင်ယုရဲ့ သဘောထားကို လိုက်နာပြီး ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲက တွန်းထုတ်ရတော့မယ်။

အတွင်းမှ လှုပ်ရှားမှုကို ခဏတာ နားထောင်ပြီးနောက် ယူကျင်းက တံခါးကို ခေါက်ပြီး..

"ဟွိုင်ယု.. ကျွန်တော် ဝင်လာပြီနော်"

ပိုင်ဟွိုင်ယုရဲ့ လေသံက သိပ်မကောင်းသေးပေမယ့် သူ့ဝမ်းကွဲ ပိုင်ယူကျင်းကအပြင်လူမဟုတ်တဲ့အတွက် ..

"ဝင်လာခဲ့"

မည်သူမျှ ဖြတ်သွားခြင်းရှိမရှိ တစ်ချက်ကြည့်လိုက်ပြီး  ယူကျင်းသည် တံခါးကို အေးဆေးစွာ တွန်းဝင်ကာ ချက်ချင်းပိတ်လိုက်သည်။

သူမျှော်လင့်ထားသည့်အတိုင်း မြေပြင်သည် ကွဲအက်နေသော အရာဝတ္ထုများ နှင့် ပြည့်နေပြီး ပိုင်ဟွိုင်ယုက မောပန်းနေသကဲ့သို့ ကုလားထိုင်ပေါ်တွင် ထိုင်နေလေ သည်။

ယူကျင်းသည် ကွဲနေသော ဖန်စတွေ သူ့ဖိနပ်၏ ခြေဖဝါးပေါ် မကပ်မိစေရန် သတိထားပြီး အဝေးက နေပြီး ပြောလိုက်တယ်။

"စိတ်တုတာပြီးသွားပြီဆိုရင် နောက်မှ ရှင်းဖို့ မင်းလက်ထောက်ကို ငါခိုင်းလိုက်မယ် ပြီးတော့ လက်ထောက်ရှောင်လီကို မင်း ဘာပြောလိုက်တာလဲ..မင်းနဲ့ လက်ထောက်ရှောင်လီက အရမ်းရင်းနှီးနေတယ်လို့ တစ်ယောက်ယောက်က ပြောလိုက်တယ်..အဲဒီနောက် ရှောင်လီ ပြန်လာတဲ့အခါ သူလည်း ပြောင်းလဲသွားတယ် ထူးဆန်းနေတယ်နော်"

ပိုင်ဟွိုင်ယုရဲ့ မျက်လုံးများက ဒေါသအရိပ်အယောင်များ တောက်ပလာကာ...

"မင်း ငါ့နောက်လိုက်ဖို့ တစ်ယောက်ယောက်ကိုလွတ်ထားတာလား"

"ဒါကတစ်ခုခု မှားတိုင်း ရှင်းပစ်ဖို့ ငါ့ကိုတောင်းဆိုလို့ မရဘူး တစ်နေ့ မင်းအကြောင်း ဖော်ထုတ်လိုက်ရင် ပိုင်မိသားစုက မင်းအပေါ် သိပ်ကောင်းမှာ မဟုတ်တော့ဘူး.."

ပိုင်ဟွိုင်ယုက သူ့မျက်နှာကို ငုံချပြီး ဝန်လေးစွာပြောတယ်..

"စိတ်မပူပါနဲ့..ဒီလက်ထောက်ရှောင်လီက ငါ့ရဲ့pheromoneအနံနဲ့ အလွယ်တကူ လှည့်စားနိုင်တဲ့ အဆင့်နိမ့် Beta တစ်ယောက်ပဲ ခုတော့ သူက ငါ့အမိန့်ကို နာခံပေမယ့် သူနာခံလို့လဲ ငါ့အကြောင်း ဘာမှထွက်လာမှာမဟုတ်ဘူး.. ဖြစ်ရင်လည်း သူ့တစ်ယောက်တည်းရဲ့ အပြစ်ပဲ ရှိမှာ..."

ယူကျင်း က မျက်မှောင်ကြုတ်ပြီး ခဏလောက်စဉ်းစားကာ..

"မင်း အဲ့ဒီ စစ်ဟွိုင်ရှီးကို ဘာလို့မုန်းနေတာတုန်း.."

ဒီအကြောင်းပြောတာနဲ့ ပိုင်ဟွိုင်ယုက ဒေါသထွက်လာပြီး ယူကျင်းကို စိုက်ကြည့်ကာ..

"ငါနဲ့အဆင်မပြေဘူး အမှိုက်ကြယ်ပွင့်က သာမန်လူကို ငါနဲတန်းတူ သရုပ်ဆောင်ခွင့်ပေးထားတယ်လေ.. ဒါရိုက်တာလင်းကလည်း ဘယ်လောက်စိတ်ဆိုးနေလဲဆိုတာ မင်းအသိပဲမဟုတ်လား.. ဒီနေ့ငါ့ကိုတွေ့တာနဲ့ လူမြင်ကွင်းမှာရပ်ပြီး ငါ့ကိုအော်တယ်.. စစ်ဟွိုင်ရှီးကိုကျ ဒါရိုက်တာလင်းက လူသိရှင်ကြား ချီးမွမ်းနေတုန်းပဲ.."

ယူကျင်းက သူ့ဝမ်းကွဲပြောတာကို ကြားပြီး အေးဂျင့်တစ်ယောက်အနေနဲ့ သူလည်း မြင်ပါတယ်။ ရိုက်ကူးနေစဉ်အတွင်း ပိုင်ဟွိုင်ယုရဲ့သရုပ်ဆောင်မှုစွမ်းရည်ကို စစ်ဟွိုင်ရှီးက အမှန်တကယ်ပင် ဖိနှိပ်ခဲ့ပြီး ကင်မရာထဲတွင် စစ်ဟွိုင်ရှီးရဲ့ မောက်မာပြီး ဆိုးသွမ်းသော ကျောင်းတွင်းအနိုင်ကျင့်မှုကို သရုပ်ဆောင်တာဟာ ပိုင်ဟွိုင်ယု ထက်ပင် ပို၍ မျက်စိကျစရာ ကောင်းသည်။ ပထမတစ်ချက်ထဲနဲ့ပင် စစ်ဟွိုင်ရှီက ဇာတ်ဆောင်မင်းသားနှင့်တူသည်။

ပိုင်ဟွိုင်ယုက သရုပ်ဆောင်ရာတွင် အရည်အချင်းလုံးဝမရှိဘူး ဒါမှမဟုတ် ဘယ်လို သရုပ်ဆောင်ရမလဲ မသိဘူး။ အနုပညာရှင်တစ်ယောက်ဖြစ်ရခြင်းသည် သူ့ကိုယ်သူကျော်ကြားမှုကို တိုးစေရုံမျှမက ကြီးမားသောရိုက်ချက်များနှင့်ပါ တွဲရိုက်နိုင်ရမည်ဖြစ်သည်။

ပိုင်မိသားစုသာမက ပိုင်ဟွိုင်ယုလည်း ဒီလိုတွေးတယ်။ယူကျင်းကို ရွှေတံဆိပ်အေးဂျင့်အဖြစ် အသိုင်းအဝန်းမှ လူအများက မြင်ကြသည်။ ပိုင်ဟွိုင်ယုက ကောင်းကင်ကို တက်သွားဖို့ စိတ်ကူးနေပြီး သူ့ရဲ့ သရုပ်ဆောင် စွမ်းရည်ကိုကျ ကြိုးကြိုးစားစား လုပ်ချင်စိတ်မရှိတာကြောင့် အေးဂျင့်တစ်ယောက်အနေနဲ့ စိတ်ပူမိသည်။ သူ့ရဲ့နာမည်ကျော်ကြားမှုကို မြန်မြန်ဆန်ဆန် တိုးတက်စေဖို့အတွက် အစီအစဉ်အချို့ကို စီစဉ်ခဲ့ပါတယ်။ ဒါက သူ့အတွက်​ရော ပိုင်မိသားစုနဲ့ ပိုင်ဟွိုင်ယုအတွက် ကောင်းတဲ့ကိစ္စဖြစ်တယ်။

ဒါပေမယ့် သူဘယ်လိုဇာတ်ရုပ်မျိုးပဲဖြစ်ပါစေ မင်းသားနဲ့တူတဲ့ စစ်ဟွိုင်ရှီးရဲ့ သရုပ်ဆောင်မူကမမျှော်လင့်ထားဘဲ ဖျော်ဖြေရေးနယ်ပယ်ကလူ တွေ အိပ်မက်မက်ခဲ့တဲ့ အသွင်အပြင်လို့ ပြောလို့ရပါတယ်။

"ဒါဆို မင်းဘယ်လိုလုပ်ချင်လဲ.. ငါ သူ့ကို ထုတ်လို့မရဘူး.. အခု Star Entertainment နဲ့ Blue Air ရဲ့ သူဌေးတွေက ဘာဆေးစားမှားမှန်း မသိဘူး.. သူတို့က ဒီဒရာမာမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်လာတယ်.. ဖျော်ဖြေရေး နယ်ပယ်က ပွဲတွေမှာလည်း အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်လာခဲ့တယ်.. ပိုင်မိသားစုရဲ့ အာဏာနဲ့လည်း လုပ်မရတော့ဘူး..ဒါပေ့မယ့်  အနာဂတ်မှာလူကြိုက်အများဆုံး ဂိမ်း "Xinghe Battlefield" နဲ့ လက်တွဲဖို့ပြင်ဆင်ရမယ် အဲ့ကျ မင်းက ဂိမ်းရဲ့ ပြောရေးဆိုရေးရှိသူဖြစ်လာရင် ပြီးပြီ.."

ပိုင်ဟွိုင်ယုက မှိုင်းညို့တဲ့မျက်နှာနဲ့ပြောတယ်..

"ဟင့်အင်း စစ်ဟွိုင်ရှီးက ငါ့ရဲ့ ထင်ရှားကျော်ကြားမှုကို ခိုးယူသွားမှာကို မခံနိုင်ဘူး"

"မင်းရဲ့ ပွဲဦးထွက်ပွဲအပြီးမှာ ဇာတ်လမ်းတွဲတွေများများ တော်တော်ကို ဖမ်းစားနိုင်ခဲ့တယ်.. ဒါပေ့မယ် မင်းသွားလိုက်တဲ့ ဘယ်နေရာဖြစ်ဖြစ် မင်းသား မင်းသမီးတွေ နည်းနည်းတော့ ဒဏ်ရာတွေရနေကြတယ်..အဲ့လိုဖြစ်တာ အချိန်ကြာလာတာနဲ့အမျှ မင်းကို လူတချို့က သံသယဖြစ်လိမ့်မယ်..မကြာသေးမီက "Longing for the Planet" variety show မှာ  မင်းသမီးတစ်ယောက်ကို ဝန်ထမ်းတွေက အရေးပေးတာနဲ့ပဲ သူမရဲ့ လက်မောင်းကို ဒဏ်ရာရအောင်လုပ်မိလို့ အဲ့ဘက်ကနေ တိုင်ကြားစာရလာခဲ့သေးတယ်.."

ပိုင်ဟွိုင်ယုရဲ့ လှပသော ဇီးပွင့်မျက်လုံးများတွင် မနာလိုမှု အရိပ်အယောင်များပေါ်လာသည်..

"အဲ့ဒါနဲ့ပဲ စစ်ဟွိုင်ရှီးကို ငါ့လမ်းမှာ လာရှုပ်ခွင့်ပေးလိုက်ရမှာလား.."

ယူကျင်းက သူ့အကြံဥာဏ်ကို နားမထောင်တဲ့ ဒီဝမ်းကွဲကြောင့် အရမ်းပင်ပန်းလာခဲ့တယ်။ သူက..

"စစ်ဟွိုင်ရှီးက ဒီဒရာမာမှာ ကြီးကြီးမားမားမပါဝင်တဲ့ ဗီလိန်နဲ့ ဇာတ်ပို့ဇာတ်ရုပ်ပဲ..သူ့ကို အရမ်းအာရုံစိုက်နေဖို့ မလိုဘူး.. ဒရာမာပြီးရင် သူ့ကို ငါ့တာဝန်ထားလိုက်.. အယ်ဒီတာကို သူ့အပိုင်းတချို့ကို တည်းဖြတ်ဖို့ နည်းနည်းပေးလိုက်မယ် အဲဒီအချိန်ကျ အခန်းကဏ္ဍကြီးကြီးမားမားမရှိတဲ့ အသေးအဖွဲကို ဘယ်သူကမှ စိတ်ဝင်စားနေမှာမဟုတ်ဘူး..ဟုတ်ပြီလား.."

ယူကျင်းက ထပ်ခါတလဲလဲ အကြံပေးပြီးနောက် ပိုင်ဟွိုင်ယုသည် မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြင့်  ခေါင်းညိတ်လိုက်ရတော့သည်။





Zawgyi




ဧည့္ခန္းတံခါးဝတြင္ 'မႏွောင့္ယွက္ရ' ဆိုင္းဘုတ္ကို ကပ္ထားၿပီး အခန္းတြင္းမွ ေျမျပင္ေပၚသို႔ ျပဳတ္က်သည့္ အသံမ်ား ဆက္တိုက္ထြက္ေပၚလာသည္။

ပိုင္ယူက်င္းသည္ အခန္းထဲသို႔ ျပင္ပလူမ်ား မခ်ဥ္းကပ္ရန္ တားဆီးထားေသာ္လည္း သူ႕ဝမ္းကြဲ ပိုင္ဟြိုင္ယုရဲ႕ စိတ္ေနစိတ္ထားကို ေတြးလိုက္ေသာအခါတြင္ သူ႕ဘာမွလုပ္မေနေတာ့ပဲ စီးကရက္ကိုသာ ႏူတ္ခမ္းတြင္ခဲလိုက္ေလသည္။

ပိုင္ယူက်င္းသည္ ပိုင္မိသားစု၏ တပည့္တစ္ဦးျဖစ္သည္။ ေဖ်ာ္ေျဖေရးနယ္ပယ္မွာ နာမည္ေကာင္းရထားၿပီး အသိုင္းအဝိုင္းမွာ နာမည္ႀကီး ေ႐ႊတံဆိပ္ရတဲ့ေအဂ်င့္တစ္ဦးလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ မိသားစုရဲ႕အမိန႔္ေၾကာင့္ သူ႕ဝမ္းကြဲ ပိုင္ဟြိုင္ယုရဲ႕မန္ေနဂ်ာျဖစ္လာတယ္။ ဒီဝမ္းကြဲက ထိလြယ္ရွလြယ္၊ မနာလို၊ စိတ္က်ဥ္းေျမာင္းသူ၊ မိုက္မဲၿပီး လြန္ကဲသူျဖစ္သည္။ သူသည္ ႏူးညံ့ေသာအၿပဳံးျဖင့္ ၿပဳံးေနေသာ္လည္း အတြင္းစိတ္က ေမွာင္မိုက္လြန္းသျဖင့္ တခါတရံ ထိတ္လန႔္သြားရသည္။

ပိုင္ယူက်င္းက မန္ေနဂ်ာျဖစ္ေနတာေၾကာင့္ သူ႕ကိုယ္သူ ေတာ္ေတာ္ထိန္းထားနိုင္တယ္။ဒါေပမယ့္ ပိုင္ဟြိုင္ယုကေတာ့  တစ္ေယာက္ေယာက္က သူ႕ကို စိတ္ဆိုးေအာင္လုပ္လိုက္တာနဲ႕ သူ႕ရဲ႕ အထူးလွည့္ကြက္ေတြကို သုံးလိမ့္မယ္။ မေတာ္တဆမႈမ်ား အၿမဲရွိေလ့ရွိၿပီး ယူက်င္းသည္ သူ႕ရဲ႕ဝမ္းကြဲအတြက္အရႈပ္အေထြးေတြကို ရွင္းပစ္ခဲ့ရသည္မွာ မေရတြက္နိုင္ေတာ့..

ယူက်င္းက သက္ျပင္းအသာခ်လိဳက္တယ္။ ေဖ်ာ္ေျဖေရး နယ္ပယ္ထဲကို ဝင္ေရာက္နိုင္ခဲ့ဖို႔ ပိုင္မိသားစုရဲ႕အာဏာကို ငွားရမ္းခဲ့ရတယ္။ အခု သူေခ်းၿပီး ျပန္ဆပ္ရမယ့္အတြက္ ဒီဝမ္းကြဲကို သူ႕အႏုပညာသမားအျဖစ္ အသိအမွတ္ျပဳၿပီး သူ႕ကို ေထာက္ပံ့ဖို႔ပဲ အာ႐ုံစိုက္ထားရတယ္။

ပိုင္ဟြိုင္ယုေၾကာင့္ ပိုင္မိသားစုက သူ႕ကို ပိုအေရးေပးလာတယ္၊ အနည္းဆုံးေတာ့ အရင္းအျမစ္ေတြနဲ႕ ပတ္သက္ၿပီး သူ႕ကို ဆိုးဆိုး႐ြား႐ြား ဆက္ဆံမွာ မဟုတ္ပါဘူး။ သူတို႔သည္ မူလက ဝမ္းကြဲ ပိုင္ဟြိုင္ယုကို ဒါရိုက္တာႀကီးတစ္ေယာက္ရဲ႕ သမိုင္းဝင္ ဒရာမာဇာတ္လမ္းကို စမ္းၾကည့္ရန္ စီစဥ္ခဲ့သည္။ အလႊာေပါင္းစုံမွ သ႐ုပ္ေဆာင္မ်ားႏွင့္ မင္းသမီးမ်ား စုစည္းကာ ေအးဂ်င့္တစ္ဦးအေနျဖင့္ သ႐ုပ္ေဆာင္စြမ္းရည္မ်ားစြာမလိုအပ္ဘဲ ႏွစ္သက္ဖြယ္ေကာင္းေသာ အမ်ိဳးသားဇာတ္ပို႔ဇာတ္ကြက္ကို အထူးေ႐ြးခ်ယ္ခဲ့သည္။

ဒါကို ပိုင္ဟြိုင္ယုက အလြန္စိတ္အားထက္သန္ၿပီး သူမ်ား ဦးေဆာင္မယ့္အခန္းကို လုယက္ရန္ တြန္းအားေပးလာမည္ဟု  မေမွ်ာ္လင့္ခဲ့မိဘူး။ ယုက်င္း က "This Star Names You" ဇာတ္ကားမွာ ဇာတ္လမ္းက လူငယ္ေတြရဲ႕ အႀကိဳက္နဲ႕ လိုက္ေလ်ာညီေထြျဖစ္ၿပီး မၾကာေသးမီက နာမည္ႀကီး e-sports ဇာတ္ဝင္ခန္းေတြနဲ႕ အတူရိုက္ရမွာေၾကာင့္ သေဘာမတူခဲ့ပါဘူး။

ဒါေပ့မယ့္ လုယက္ခံရသည့္ အငယ္တန္းလူသစ္က အမ်ိဳးသားဇာတ္ပို႔ေနရာတြင္ ပါဝင္ခဲ့သည္။ သူ႕နာမည္က စစ္ဟြိုင္ရွီး လို႔ထင္ရတယ္။ ကြန္ရက္ေပၚတြင္ ပူျပင္းေသာရွာေဖြမႈႏွစ္ခု မေတာ္တဆျဖစ္ပြားခဲ့ရာ အႏုပညာနယ္ပယ္အတြင္းရွိလူမ်ားကို အံ့အားသင့္ေစခဲ့သည္။

အႏုပညာေလာကထဲကို အခုမွစတင္ဝင္ေရာက္လာတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ၿပီး သူသည္ မၾကာေသးမီက အမွိုက္ၾကယ္က ဆင္းသက္လာသူ အေပ်ာ္တမ္းသမား ျဖစ္သည္။ စစ္ဟြိုင္ရွီးရဲ႕ hot searches အေရအတြက္သည္ အသိုင္းအဝိုင္းတြင္ ေရပန္းစားျခင္းမရွိေသာ္လည္း အႏုပညာရွင္အခ်ိဳ႕ထက္ မ်ားစြာပိုမ်ားသည္။

ကံမေကာင္းစြာပဲ၊ ထိုကဲ့သို႔ေသာ ပ်ိဳးပင္ေကာင္းသည္ သူ၏ကြၽမ္းက်င္မႈကို ႏွိုးဆြေပးခဲသည္။ သူ႕လက္ထဲမွာ ထည့္ထားရင္ ေသခ်ာေပါက္ ေတာက္ပေနေပမယ့္ အခုေတာ့ စစ္ဟြိုင္ရွီးကို ဖိႏွိပ္ခ်ဳပ္ခ်ယ္ဖို႔ သူ႕ဝမ္းကြဲ ပိုင္ဟြိုင္ယုရဲ႕ သေဘာထားကို လိုက္နာၿပီး ေဖ်ာ္ေျဖေရး အသိုင္းအဝိုင္းထဲက တြန္းထုတ္ရေတာ့မယ္။

အတြင္းမွ လႈပ္ရွားမႈကို ခဏတာ နားေထာင္ၿပီးေနာက္ ယူက်င္းက တံခါးကို ေခါက္ၿပီး..

"ဟြိုင္ယု.. ကြၽန္ေတာ္ ဝင္လာၿပီေနာ္"

ပိုင္ဟြိုင္ယုရဲ႕ ေလသံက သိပ္မေကာင္းေသးေပမယ့္ သူ႕ဝမ္းကြဲ ပိုင္ယူက်င္းကအျပင္လူမဟုတ္တဲ့အတြက္ ..

"ဝင္လာခဲ့"

မည္သူမွ် ျဖတ္သြားျခင္းရွိမရွိ တစ္ခ်က္ၾကည့္လိုက္ၿပီး  ယူက်င္းသည္ တံခါးကို ေအးေဆးစြာ တြန္းဝင္ကာ ခ်က္ခ်င္းပိတ္လိုက္သည္။

သူေမွ်ာ္လင့္ထားသည့္အတိုင္း ေျမျပင္သည္ ကြဲအက္ေနေသာ အရာဝတၳဳမ်ား ႏွင့္ ျပည့္ေနၿပီး ပိုင္ဟြိုင္ယုက ေမာပန္းေနသကဲ့သို႔ ကုလားထိုင္ေပၚတြင္ ထိုင္ေနေလ သည္။

ယူက်င္းသည္ ကြဲေနေသာ ဖန္စေတြ သူ႕ဖိနပ္၏ ေျခဖဝါးေပၚ မကပ္မိေစရန္ သတိထားၿပီး အေဝးက ေနၿပီး ေျပာလိုက္တယ္။

"စိတ္တုတာၿပီးသြားၿပီဆိုရင္ ေနာက္မွ ရွင္းဖို႔ မင္းလက္ေထာက္ကို ငါခိုင္းလိုက္မယ္ ၿပီးေတာ့ လက္ေထာက္ေရွာင္လီကို မင္း ဘာေျပာလိုက္တာလဲ..မင္းနဲ႕ လက္ေထာက္ေရွာင္လီက အရမ္းရင္းႏွီးေနတယ္လို႔ တစ္ေယာက္ေယာက္က ေျပာလိုက္တယ္..အဲဒီေနာက္ ေရွာင္လီ ျပန္လာတဲ့အခါ သူလည္း ေျပာင္းလဲသြားတယ္ ထူးဆန္းေနတယ္ေနာ္"

ပိုင္ဟြိုင္ယုရဲ႕ မ်က္လုံးမ်ားက ေဒါသအရိပ္အေယာင္မ်ား ေတာက္ပလာကာ...

"မင္း ငါ့ေနာက္လိုက္ဖို႔ တစ္ေယာက္ေယာက္ကိုလြတ္ထားတာလား"

"ဒါကတစ္ခုခု မွားတိုင္း ရွင္းပစ္ဖို႔ ငါ့ကိုေတာင္းဆိုလို႔ မရဘူး တစ္ေန႕ မင္းအေၾကာင္း ေဖာ္ထုတ္လိုက္ရင္ ပိုင္မိသားစုက မင္းအေပၚ သိပ္ေကာင္းမွာ မဟုတ္ေတာ့ဘူး.."

ပိုင္ဟြိုင္ယုက သူ႕မ်က္ႏွာကို ငုံခ်ၿပီး ဝန္ေလးစြာေျပာတယ္..

"စိတ္မပူပါနဲ႕..ဒီလက္ေထာက္ေရွာင္လီက ငါ့ရဲ႕pheromoneအနံနဲ႕ အလြယ္တကူ လွည့္စားနိုင္တဲ့ အဆင့္နိမ့္ Beta တစ္ေယာက္ပဲ ခုေတာ့ သူက ငါ့အမိန႔္ကို နာခံေပမယ့္ သူနာခံလို႔လဲ ငါ့အေၾကာင္း ဘာမွထြက္လာမွာမဟုတ္ဘူး.. ျဖစ္ရင္လည္း သူ႕တစ္ေယာက္တည္းရဲ႕ အျပစ္ပဲ ရွိမွာ..."

ယူက်င္း က မ်က္ေမွာင္ၾကဳတ္ၿပီး ခဏေလာက္စဥ္းစားကာ..

"မင္း အဲ့ဒီ စစ္ဟြိုင္ရွီးကို ဘာလို႔မုန္းေနတာတုန္း.."

ဒီအေၾကာင္းေျပာတာနဲ႕ ပိုင္ဟြိုင္ယုက ေဒါသထြက္လာၿပီး ယူက်င္းကို စိုက္ၾကည့္ကာ..

"ငါနဲ႕အဆင္မေျပဘူး အမွိုက္ၾကယ္ပြင့္က သာမန္လူကို ငါနဲတန္းတူ သ႐ုပ္ေဆာင္ခြင့္ေပးထားတယ္ေလ.. ဒါရိုက္တာလင္းကလည္း ဘယ္ေလာက္စိတ္ဆိုးေနလဲဆိုတာ မင္းအသိပဲမဟုတ္လား.. ဒီေန႕ငါ့ကိုေတြ႕တာနဲ႕ လူျမင္ကြင္းမွာရပ္ၿပီး ငါ့ကိုေအာ္တယ္.. စစ္ဟြိုင္ရွီးကိုက် ဒါရိုက္တာလင္းက လူသိရွင္ၾကား ခ်ီးမြမ္းေနတုန္းပဲ.."

ယူက်င္းက သူ႕ဝမ္းကြဲေျပာတာကို ၾကားၿပီး ေအးဂ်င့္တစ္ေယာက္အေနနဲ႕ သူလည္း ျမင္ပါတယ္။ ရိုက္ကူးေနစဥ္အတြင္း ပိုင္ဟြိုင္ယုရဲ႕သ႐ုပ္ေဆာင္မႈစြမ္းရည္ကို စစ္ဟြိုင္ရွီးက အမွန္တကယ္ပင္ ဖိႏွိပ္ခဲ့ၿပီး ကင္မရာထဲတြင္ စစ္ဟြိုင္ရွီးရဲ႕ ေမာက္မာၿပီး ဆိုးသြမ္းေသာ ေက်ာင္းတြင္းအနိုင္က်င့္မႈကို သ႐ုပ္ေဆာင္တာဟာ ပိုင္ဟြိုင္ယု ထက္ပင္ ပို၍ မ်က္စိက်စရာ ေကာင္းသည္။ ပထမတစ္ခ်က္ထဲနဲ႕ပင္ စစ္ဟြိုင္ရွီက ဇာတ္ေဆာင္မင္းသားႏွင့္တူသည္။

ပိုင္ဟြိုင္ယုက သ႐ုပ္ေဆာင္ရာတြင္ အရည္အခ်င္းလုံးဝမရွိဘူး ဒါမွမဟုတ္ ဘယ္လို သ႐ုပ္ေဆာင္ရမလဲ မသိဘူး။ အႏုပညာရွင္တစ္ေယာက္ျဖစ္ရျခင္းသည္ သူ႕ကိုယ္သူေက်ာ္ၾကားမႈကို တိုးေစ႐ုံမွ်မက ႀကီးမားေသာရိုက္ခ်က္မ်ားႏွင့္ပါ တြဲရိုက္နိုင္ရမည္ျဖစ္သည္။

ပိုင္မိသားစုသာမက ပိုင္ဟြိုင္ယုလည္း ဒီလိုေတြးတယ္။ယူက်င္းကို ေ႐ႊတံဆိပ္ေအးဂ်င့္အျဖစ္ အသိုင္းအဝန္းမွ လူအမ်ားက ျမင္ၾကသည္။ ပိုင္ဟြိုင္ယုက ေကာင္းကင္ကို တက္သြားဖို႔ စိတ္ကူးေနၿပီး သူ႕ရဲ႕ သ႐ုပ္ေဆာင္ စြမ္းရည္ကိုက် ႀကိဳးႀကိဳးစားစား လုပ္ခ်င္စိတ္မရွိတာေၾကာင့္ ေအးဂ်င့္တစ္ေယာက္အေနနဲ႕ စိတ္ပူမိသည္။ သူ႕ရဲ႕နာမည္ေက်ာ္ၾကားမႈကို ျမန္ျမန္ဆန္ဆန္ တိုးတက္ေစဖို႔အတြက္ အစီအစဥ္အခ်ိဳ႕ကို စီစဥ္ခဲ့ပါတယ္။ ဒါက သူ႕အတြက္ေရာ ပိုင္မိသားစုနဲ႕ ပိုင္ဟြိုင္ယုအတြက္ ေကာင္းတဲ့ကိစၥျဖစ္တယ္။

ဒါေပမယ့္ သူဘယ္လိုဇာတ္႐ုပ္မ်ိဳးပဲျဖစ္ပါေစ မင္းသားနဲ႕တူတဲ့ စစ္ဟြိုင္ရွီးရဲ႕ သ႐ုပ္ေဆာင္မူကမေမွ်ာ္လင့္ထားဘဲ ေဖ်ာ္ေျဖေရးနယ္ပယ္ကလူ ေတြ အိပ္မက္မက္ခဲ့တဲ့ အသြင္အျပင္လို႔ ေျပာလို႔ရပါတယ္။

"ဒါဆို မင္းဘယ္လိုလုပ္ခ်င္လဲ.. ငါ သူ႕ကို ထုတ္လို႔မရဘူး.. အခု Star Entertainment နဲ႕ Blue Air ရဲ႕ သူေဌးေတြက ဘာေဆးစားမွားမွန္း မသိဘူး.. သူတို႔က ဒီဒရာမာမွာ အႀကီးမားဆုံး ရင္းႏွီးျမႇုပ္ႏွံသူေတြ ျဖစ္လာတယ္.. ေဖ်ာ္ေျဖေရး နယ္ပယ္က ပြဲေတြမွာလည္း အႀကီးမားဆုံး ရင္းႏွီးျမႇုပ္ႏွံသူ ျဖစ္လာခဲ့တယ္.. ပိုင္မိသားစုရဲ႕ အာဏာနဲ႕လည္း လုပ္မရေတာ့ဘူး..ဒါေပ့မယ့္  အနာဂတ္မွာလူႀကိဳက္အမ်ားဆုံး ဂိမ္း "Xinghe Battlefield" နဲ႕ လက္တြဲဖို႔ျပင္ဆင္ရမယ္ အဲ့က် မင္းက ဂိမ္းရဲ႕ ေျပာေရးဆိုေရးရွိသူျဖစ္လာရင္ ၿပီးၿပီ.."

ပိုင္ဟြိုင္ယုက မွိုင္းညို႔တဲ့မ်က္ႏွာနဲ႕ေျပာတယ္..

"ဟင့္အင္း စစ္ဟြိုင္ရွီးက ငါ့ရဲ႕ ထင္ရွားေက်ာ္ၾကားမႈကို ခိုးယူသြားမွာကို မခံနိုင္ဘူး"

"မင္းရဲ႕ ပြဲဦးထြက္ပြဲအၿပီးမွာ ဇာတ္လမ္းတြဲေတြမ်ားမ်ား ေတာ္ေတာ္ကို ဖမ္းစားနိုင္ခဲ့တယ္.. ဒါေပ့မယ္ မင္းသြားလိုက္တဲ့ ဘယ္ေနရာျဖစ္ျဖစ္ မင္းသား မင္းသမီးေတြ နည္းနည္းေတာ့ ဒဏ္ရာေတြရေနၾကတယ္..အဲ့လိုျဖစ္တာ အခ်ိန္ၾကာလာတာနဲ႕အမွ် မင္းကို လူတခ်ိဳ႕က သံသယျဖစ္လိမ့္မယ္..မၾကာေသးမီက "Longing for the Planet" variety show မွာ  မင္းသမီးတစ္ေယာက္ကို ဝန္ထမ္းေတြက အေရးေပးတာနဲ႕ပဲ သူမရဲ႕ လက္ေမာင္းကို ဒဏ္ရာရေအာင္လုပ္မိလို႔ အဲ့ဘက္ကေန တိုင္ၾကားစာရလာခဲ့ေသးတယ္.."

ပိုင္ဟြိုင္ယုရဲ႕ လွပေသာ ဇီးပြင့္မ်က္လုံးမ်ားတြင္ မနာလိုမႈ အရိပ္အေယာင္မ်ားေပၚလာသည္..

"အဲ့ဒါနဲ႕ပဲ စစ္ဟြိုင္ရွီးကို ငါ့လမ္းမွာ လာရႈပ္ခြင့္ေပးလိုက္ရမွာလား.."

ယူက်င္းက သူ႕အႀကံဥာဏ္ကို နားမေထာင္တဲ့ ဒီဝမ္းကြဲေၾကာင့္ အရမ္းပင္ပန္းလာခဲ့တယ္။ သူက..

"စစ္ဟြိုင္ရွီးက ဒီဒရာမာမွာ ႀကီးႀကီးမားမားမပါဝင္တဲ့ ဗီလိန္နဲ႕ ဇာတ္ပို႔ဇာတ္႐ုပ္ပဲ..သူ႕ကို အရမ္းအာ႐ုံစိုက္ေနဖို႔ မလိုဘူး.. ဒရာမာၿပီးရင္ သူ႕ကို ငါ့တာဝန္ထားလိုက္.. အယ္ဒီတာကို သူ႕အပိုင္းတခ်ိဳ႕ကို တည္းျဖတ္ဖို႔ နည္းနည္းေပးလိုက္မယ္ အဲဒီအခ်ိန္က် အခန္းက႑ႀကီးႀကီးမားမားမရွိတဲ့ အေသးအဖြဲကို ဘယ္သူကမွ စိတ္ဝင္စားေနမွာမဟုတ္ဘူး..ဟုတ္ၿပီလား.."

ယူက်င္းက ထပ္ခါတလဲလဲ အႀကံေပးၿပီးေနာက္ ပိုင္ဟြိုင္ယုသည္ မ်က္ေမွာင္ၾကဳတ္ကာ မေက်မနပ္ျဖင့္  ေခါင္းညိတ္လိုက္ရေတာ့သည္။


Continuer la Lecture

Vous Aimerez Aussi

602K 63.4K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
2.9M 190K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
136K 15.4K 52
မျက်ကွယ်ကရတနာ အပိုင်းဆက် 96ကနေ စပါတယ် အရှေ့အပိုဒ်တွေက မျက်ကွယ်ကရတနာ ဆိုပြီး ရှာဖတ်နိုင်ပါတယ်