Slow - witted (Myanmar transl...

Von chillimary

3.9K 463 35

Author: 九月买的饼干 (Biscuits Bought In September) Total Chapters: 68 + 2 extras Chapters 1 - 13 is translated by... Mehr

Description
Chapter 1
Chapter 1 (Zawgyi version)
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 8
Chapter 9
Paid Gp and free update schedule
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14

Chapter 7

123 27 2
Von chillimary


ဖူကျားတစ်ယောက် ကျောကိုမတ်မတ်ရပ်ရင်း ခနဲ့တဲ့တဲ့ပြုံးလိုက်မိသည်။ "သိရင်လည်းပြီးတာပါပဲ"။

လျှိုသဲကလျှိုချန်နှင့်အတော်လေးကွာခြားသည်။ လျှိုချန်ဆိုသည်မှာကျောင်းသားတိုင်းကင်းကင်းကွာကွာနေကြသည့်ရင်စက်ကြမ်းကြုတ်သောမိစ္ဆာတစ်ကောင်။ သူ့ကိုတွေ့သည်နှင့်နောက်ကျောမလုံစွာကြောက်လန့်နေကြရ၏။ လျှိုသဲကမူ ဆရာဆရာမများရှေ့တွင်နာခံလိမ္မာရိုကျိုးပြီး ကျောင်းဂုဏ်ဆောင်သောထူးချွန်ကျောင်းသားကြီးတစ်ယောက်။ သို့သော်ထိုမျက်နှာဖုံးနောက်ကွယ်ကသူ့စရိုက်အစစ်အမှန်ကတော့ လျှိုချန်ထက်ပို၍ဆိုးဝါးသည်။ အနိုင်ကျင့်ခံရဖူးသည့်လက်တစ်ဆုပ်စာကျောင်းသားအချို့သာလျှင်သူ့သရုပ်မှန်ကိုတွေ့မြင်ဖူးကြသည်။

"ငါ့အစ်ကိုလျှိုချန်က...အခုထိကျောင်းနားခံထားရတုန်းပဲ"။ လျှိုသဲက အသံကိုနိမ့်ကာပြောလာသည်။

လျှိုချန်အကြောင်းစကားစလာသော်လည်း ဖူကျားကအိပ်ရာအခင်းမပျက်။ ဘယ်လိုပဲဖြစ်ဖြစ်သူကကျောင်းတက်ချင်တဲ့ကောင်မှမဟုတ်တာ...အဲဒီတော့ငါ့ကြောင့်ကျောင်းနားခံလိုက်ရတာကျေးဇူးတင်ဖို့ကောင်းတာပေါ့။

သူ့စကားကြောင့် လျှိုသဲတစ်ယောက်မျက်ခုံးပင့်သွားသည်။ "အခုအချိန်အထိ အကျောမာချင်ယောင်ဆောင်နေသေးတယ်...ငါဘယ်သူလဲဆိုတာသိနေရင်ခခယယရိုရိုကျိုးကျိုးဆက်ဆံသင့်တယ်မဟုတ်လား"။

"ငါကအဲဒီလိုမလုပ်ချင်ရင်ရော..."

လျှိုသဲတစ်ယောက်ဖူကျား၏စကားကြောင့်စိတ်စနှိုးစနှောင့်ဖြစ်သွားသည်။ "အင်း...အဲဒါဆိုရင်တော့မင်းဒီမှာနေနေတဲ့တစ်လျှောက်လုံးငရဲမှာနေနေရသလိုခံစားရအောင်ငါလုပ်ပစ်မှာ"။

သူခြိမ်းခြောက်လိုက်သော်လည်း ဖူကျားက တုတ်တုတ်မျှမလှုပ်။ အိပ်ရာခင်းကိုလက်နှင့်အသေအချာညှိကာပြန့်သွားစေပြီးခေါင်းအုံးစွပ်စွပ်နေသည်။

လျှိုသဲက တောက်တစ်ချက်ခေါက်လျက်ရေချိုးခန်းထဲသို့ဝင်သွားသည်။ သိပ်မကြာလိုက်သောအချိန်တွင် ရေကျသံတစ်ဝေါဝေါကိုကြားလိုက်ရ၏။ ရေကျသံရပ်သွားသောအခါ လျှိုသဲတစ်ယောက်ရေပုံးတစ်ပုံးကိုဆွဲကာရေချိုးခန်းထဲမှပြန်ထွက်လာသည်။ "ဒီနေ့ရာသီဥတုကြောင့်ရေကအတော်လေးအေးနေတာပဲ"။

ထိုအချိန်အထိ ဖူကျားကသူ့ကိုလျစ်လျူရှုနေဆဲပင်။

အံကိုတင်းတင်းကြိတ်လျက် အေးစက်နေသောရေပုံးကို လျှိုသဲ ပင့်မကာ ဖူကျားအပေါ်သို့တရကြမ်းလောင်းချလိုက်သည်။

ရေခဲတမျှအေးစက်နေသောရေများက ဖူကျား၏ခေါင်းပေါ်မှဗွမ်းခနဲကျလာပြီး ခေါင်းအစခြေအဆုံးတစ်ကိုယ်လုံးစိုရွှဲသွားလေသည်။ အိပ်ရာနှင့်သူ့အနီးအနားရှိကြမပြင်တစ်ခုလုံးပင် ရွှဲရွှဲစိုသွားသည်။ 

စိမ့်ကနဲနေသောအအေးဓာတ်ကြောင့် ဖူကျားခိုက်ခိုက်တုန်နေမိသည်။

လျှိုသဲရေချိုးခန်းထဲဝင်သွားတည်းက ဒီလိုဖြစ်မယ်မှန်းသူခန့်မှန်းမိပြီးသား။ သို့သော်သူမရှောင်ခဲ့ပေ။ ကျန်ကျောင်းသားနှစ်ယောက်ကလည်းလျှိုသဲ၏ဘက်တော်သားများဖြစ်လောက်သည်။ သုံးယောက်တစ်ယောက်အခြေအနေနှင့်အတင်းအကျပ်ဖိအားပေးပြီးအနိုင်ကျင့်ခံရသည်ထက် အေးအေးလူလူရေတစ်ပုံးအလောင်းချခံလိုက်ရသည်ကသူ့အတွက်ပိုပြီးအဆင်ပြေသည်။

အင်္ကျီလက်ကိုခေါက်တင်ပြီးသူ့မျက်နှာတစ်ပြင်လုံးတွင်စိုရွှဲနေသောရေစက်များကိုခပ်ကြမ်းကြမ်းဖိသုတ်လိုက်သည်။ ထို့နောက်တစ်ဖက်သို့လှည့်ကာလျှိုသဲနှင့်မျက်နှာချင်းဆိုင်ရပ်ပြီးမျက်လုံးထဲတည့်တည့်စိုက်ကြည့်လျက်ပြောလိုက်ပုံက ဂျစ်ကန်ကန်ပေတေတေလူငယ်တစ်ယောက်၏အကျင့်စရိုက်ကိုအပြည့်အဝပေါ်လွင်စေသည်။ "ဒါပဲလား...ငါ့ကိုအနိုင်
ကျင့်ဖို့မင်းတို့လုပ်နိုင်တာဒါအကုန်ပဲလား"။

လျှိုသဲတစ်ယောက် ဖူကျားကြောင့်ဒေါသအချောင်းချောင်းထွက်နေသည့်တိုင် အပြင်ပန်းတွင်တော့ထိုဒေါသကိုထုတ်မပြပေ။ နဂိုအတိုင်းတည်ငြိမ်အေးဆေးနေဟန်အပြည့်။ အပြုံးချိုချိုလေးဖြင့်ခေါင်းညိမ့်ပြပြီးအဆောင်ပတ်ပတ်လည်ကိုတစ်ချက်အကဲခတ်ကြည့်နေသည်။ သန့်စင်ခန်းဆီသို့အကြည့်ရောက်သွားသောအခါ နတ်ဆိုးဆန်သောထိုအပြုံးကပိုပြီးပီပြင်လာသည်။ "ဒါပေါ့...မင်းကိုနှိပ်စက်ဖို့ငါတို့မှာနည်းလမ်းတွေအများကြီးရှိသေးတယ်...အခုအတန်းမစသေးဘူးဆိုတော့...အိမ်သာထဲမှာသွားနေလေ"။

ဖူကျားတစ်ချက်မျှတွေဝေတုံ့ဆိုင်းသွားသည်။ ဘယ်လိုပဲဖြစ်ဖြစ်သူ့အိပ်ရာတစ်ခုလုံးကစိုရွှဲနေပြီ။ တစ်ရေးတစ်မောအိပ်ဖို့ကလည်းမဖြစ်နိုင်တော့။ အိမ်သာထဲခဏလောက်နေရလည်းသူ့အတွက်ဘာမှထွေထွေထူးထူးကိစ္စမရှိ။ "ရတယ်လေ...ငါသွားနေပေးမယ်...စာအုပ်တစ်အုပ်တော့ယူသွားခွင့်ပေး"။

သူ့စကားကြောင့်လျှိုသဲကခွက်ထိုးခွက်လန်ရယ်သည်။ "သောက်ကျိုးနဲ...အိမ်သာထဲမှာစာကျက်ဖို့လုပ်နေတာလား"။

ဖူကျားတစ်ယောက် ကျောင်းလွယ်အိတ်ကိုဖွင့်ပြီးအထဲတွင်သိမ်းဆည်းထားသောဓားတစ်လက်ကိုထုတ်ယူလိုက်သည်။ ထို့နောက်ထိုဓားဖြင့် လေ့ကျင့်ခန်းစာအုပ်ပေါ်ရှိပလတ်စတစ်အကာကိုဖယ်ရှားလိုက်၏။

"အိမ်သာထဲမှာစာကျက်လို့မရဘူးလို့...မင်းကိုဘယ်သူပြောလဲ"။ ဖူကျားလွယ်အိတ်ကိုဇစ်ပိတ်လိုက်သော်လည်း ဓားကိုတော့လက်ကမချပဲတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။ "မင်းတို့ငါ့အပေါ်ကိုကြိုက်သလောက်ရေလောင်းချလို့ရတယ်...ငါ့အိပ်ရာပေါ်မှာပိုးကောင်တွေလာထားရင်တောင်ကိစ္စမရှိဘူး...အနိုင်ကျင့်နှိပ်စက်ဖို့အကြံကုန်သွားရင်မိန်းကလေးအဆောင်ဘက်မှာနည်းအသစ်တွေသွားတောင်းလိုက်ဦး...ဒါပေမဲ့ငါ့စာအုပ်တွေကိုတော့လက်ဖျားနဲ့တောင်လာမထိနဲ့"။

ပြောရင်းဆိုရင်းဓားမြှောင်ကိုအိတ်ထောင်ထဲ
ထည့်လိုက်သည်။ "သတိပေးထားရဲ့သားနဲ့သောက်ဇယားလာရှုပ်ရင်မင်းကိုငါနဲ့အတူငရဲအထိဆွဲခေါ်သွားမှာ...သေမဲ့သေအတူသေကြတာပေါ့"။

လျှိုသဲက သူ့ကိုအချိန်အတော်ကြာတိတ်တဆိတ်စိုက်ကြည့်နေသည်။

"အဟက်...မင်းငါ့ကိုခြိမ်းခြောက်နေတာလား"

ဖူကျားက ခေါင်းညိမ့်ရင်း "အင်း" တစ်လုံးသာပြန်ဖြေသည်။ ထို့နောက်သန့်စင်ခန်းထဲသို့ဝင်သွားကာ တံခါးကိုအထဲမှလော့ခ်ချလိုက်သည်။

တံခါးလော့ခ်ချသံကြောင့် အခြားကျောင်းသားနှစ်ယောက်မှာလုံးအိပ်ချင်ယောင်ဆောင်နေကာမှထလာကြသည်။ "အစ်ကိုကြီး...ကျွန်တော်တို့အဲဒီကောင်ကိုဘယ်လိုပညာပေးရမလဲ။

လျှိုသဲ၏မျက်နှာတစ်ခုလုံး အုံ့ဆိုင်းနေသောတိမ်တိုက်များကဲ့သို့မည်းမှောင်နေပြီး ထိုကျောင်းသား၏ကျောပြင်ကိုတစ်ချက်ပုတ်ကာပြောလိုက်သည်။ "သွား...အဲဒီကောင်ရဲ့အိပ်ရာခင်းတွေကိုတစ်စစီဆုတ်ဖြဲပစ်လိုက်"။

သန့်စင်ခန်းထဲတွင်ဖူကျားတစ်နာရီနီးပါးစာကျက်နေခဲ့သည်။ ကျောင်းတက်ချိန်နှင့်တဖြေးဖြေးနီးလာသဖြင့်အပြင်ဘက်မှကျောင်းသားတို့၏ပွက်လောညံနေသောအသံများကိုအတိုင်းသားကြားနေရသည်။

သန့်စင်ခန်းထဲမှအပြင်သို့ထွက်လာသောအခါ အခန်းထဲတွင်မည်သူမှမရှိတော့ပေ။ ဖူကျားလည်းအချိန်ဆွဲမနေတော့ပဲ ရေစိုအဝတ်များကိုချွတ်လဲလိုက်သည်။ ထို့နောက်သူ့ဖိနပ်ကိုမစီးမီအပေါ်အောက်လှန်ပြီးခါ
ကြည့်လိုက်ရာ ထင်ထားသည့်အတိုင်း
သကောင့်သားတို့ယုတ်မာပြီးထည့်သွားခဲ့သောသံမှိုနှစ်ချောင်းထွက်ကျလာသည်။

ပွစာကျဲနေသောအိပ်ရာခင်းများကိုဖြန့်ကြည့်လိုက်ရာ တစ်စစီဆုတ်ပြဲနေသည်ကိုတွေ့လိုက်ရပြန်သည်။ သို့သော်ဖူကျားကထိုအရာများကိုနေသားကျနေသည့်နှယ် တစ်စက်လေးမှစိတ်ထဲမထားပဲ စောင်အခင်း၊ မွေ့ရာ
နှင့်အဝတ်စိုများကိုအခြောက်ခံရန်အခန်းအပေါက်ဝအနားရှိကြိုးတန်းတစ်ခုတွင်ဖြန့်လှန်းထားလိုက်၏။

မနေ့ညနေကမိုးသည်းကြီးမည်းကြီးရွာထားသောကြောင့် ဒီနေ့တစ်နေ့လုံးနေသာနေမည်မှာအမှန်ပင်။ သို့သော်မနက်ဝေလီဝေလင်းအချိန်ဖြစ်၍ လေထုကအနည်းငယ်အေးစိမ့်စိမ့်ဖြစ်နေသေးသည်။

ကော်ရစ်ဒါလက်ရန်းတွင်ခန္ဓာကိုယ်ကိုမှီထားရင်း သာယာကြည်လင်နေသည့်ရာသီဥတုတွင်တစ်ခဏမျှကြည်နူးပျော်ဝင်နေမိသည်။ စိတ်အေးလက်အေးနှင့်အညောင်းအညာပြေအောင်ခြေလက်များကိုဆန့်ထုတ်လိုက်သေးသည်။

သူ့ဘဝကြီးက အသစ်တန်ဖန်ပြန်လည်စတင်ခဲ့လေပြီ။

ဘဝအသစ်တစ်ဖန်ပြန်လည်စတင်ရသည့်ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်အတွေးလေးကိုသူ့စိတ်ကူးထဲတွင်ပုံဖော်နေတုန်း လက်တွေ့ကမ္ဘာမှကြားလိုက်ရသောအသံတစ်ခုကြောင့် ထိုအတွေးလေးက လေထုထဲမှမီးခိုးငွေ့တစ်ခုနှယ်ပျံ့လွှင့်ပျောက်ကွယ်သွားလေ၏။

"ဒီမေးခွန်းက...quadratic function ရဲ့သုညကိန်းကိုရှာခိုင်းတာ...အဲဒီတော့ဆရာမတို့အနေနဲ့သုညကိန်းရှိမရှိအရင်ဆုံးစစ်ဆေးကြည့်ရမယ်...အဲဒီလိုစစ်ကြည့်ဖို့အတွက်ဆိုရင်မနေ့ကသင်ခဲ့တဲ့နည်းကိုသုံးပြီးစစ်မှရမယ်..."

အရှေ့မှအာပေါင်အာရင်းသန်သန်စာရှင်းပြနေသောဆရာမကိုကြည့်ပြီး ဖူကျားတစ်ယောက်နည်းနည်းလေးများဥာဏ်ကောင်းလာမလားဟူသောမျှော်လင့်ချက်လေးဖြင့် သူ့ခေါင်းကိုသူနှစ်ချက်လောက်နာနာလေးရိုက်လိုက်မိသည်။

သို့သော်အချည်းနှီးသာ။ ဆရာမစပြီးစာရှင်းပြသည့်အချိန်တည်းက ယခုအချိန်အထိသူတစ်လုံးမှနားမလည်ပေ။ စာသင်နေရင်းသူခဏခဏအတွေးတစ်ခုဝင်လာမိသည်။ အချိန်ကုန်ခံပြီးစာသင်နေတာတန်ရဲ့လား။ စာလေ့လာတာကိုအခုနေလက်လျှော့လိုက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုထောင်ဖို့ ကြိုးကြိုးစားစားအလုပ်လုပ်ပြီးပဲပိုက်ဆံစုသင့်လား။

"နားလည်ကြရဲ့လား"။ ပုစ္ဆာတစ်ပုဒ်ကိုရှင်းပြီးသည်နှင့် ဆရာမကမြေဖြူကိုစားပွဲပေါ်တွင်ချထားလိုက်သည်။ သူမကဆရာဆရာမတို့၏ထုံးစံအတိုင်း "နားလည်ရဲ့လား" ဟုကျောင်းသားများအား သာမာန်ကာလျှံကာမေးလိုက်ခြင်းပင်။ ပုံမှန်ဆိုလျှင်ထိုသို့သောအမေးမျိုးက မည်သူမှအလေးအနက်ထားပြီးပြန်မဖြေကြ။

"ကျွန်တော်နားမလည်ဘူး"

ဖူကျားတစ်ယောက် လက်ထောင်ပြီးဖြေလိုက်သည်။

ထိုအခါ ဆရာမနှင့်တစ်တန်းလုံးရှိကျောင်းသားများက သူ့အားသရဲတစ္ဆေတစ်ကောင်ကိုမြင်လိုက်ရသည့်နှယ် မျက်လုံးပြူးကာလှည့်ကြည့်လာကြသည်။

"အိုး...နားမလည်လိုက်ဘူးလားကွဲ့...ဘယ်အပိုင်းကိုနားမလည်တာလဲ"။ ဆရာမကတွန့်ဆုတ်စွာဖြင့် ပြန်မေးသည်။

သူမ၏အမေးကိုဖူကျားလည်းရိုးသားပွင့်လင်းစွာပြန်ဖြေလိုက်သည်။ "ဆရာမရှင်းပြသွားတာတွေအကုန်လုံးကိုအစကနေနားမလည်တာပါ"။

သူ့စကားကိုထိုဆရာမကအတည်မမှတ်။ စာသင်ချိန်အတွင်းပြဿနာရှာချင်၍ ထိုသို့ပြောခြင်းဟုထင်သွားပုံရသည်။ "ဒါဆိုရင်လည်းအတန်းပြီးရင်ငါ့ရုံးခန်းကိုလာခဲ့...အတန်းထဲမှာပြန်ရှင်းပြနေရင်တစ်ခြားသူတွေအတွက်စာသင်ချိန်နှောင့်နှေးကုန်မှာစိုးလို့"။

ဖူကျားလည်းအတွန့်မတက်နေတော့ပဲ ခေါင်းတစ်ချက်ညိမ့်ကာပြန်ငြိမ်နေလိုက်သည်။

အတန်းပြီးသွားသောအခါစာအုပ်တစ်အုပ်နှင့်အတူ ဆရာမရုံးခန်းဆီသို့အတူလိုက်လာခဲ့သည်။ ဆရာမကဖူကျားတစ်ယောက်သူမ၏နောက်ကျောကိုအခွင့်အရေးရတုန်းဓားနှင့်ထိုးစိုက်လိုက်မည်ကိုစိုးရိမ်နေသည့်ပုံစံဖြင့်မကြာခဏဆိုသလိုအနောက်ကိုလှည့်လှည့်ကြည့်သည်။

သို့သော်ဖူကျား၏စာအုပ်ကိုလှန်ကြည့်လိုက်ရာမှ သူချရေးထားသောမှတ်စုစာများကိုမြင်လိုက်ရသောအခါ ပြဿနာရှာလိုခြင်း
ကြောင့်သူမကိုပြန်ရှင်းပြခိုင်းခြင်းမဟုတ်ပဲ အမှန်တုယ်စာလိုချင်၍ ပြန်ရှင်းပြခိုင်းခြင်းဖြစ်ကြောင်းသိလိုက်ရသည်။

ကျောင်းပြန်တက်လျှင်နောက်တစ်ချိန်အတန်းဝင်ရဦးမည်ဖြစ်၍ သူမလည်းရိုးရှင်းလွယ်ကူသည့်မေးခွန်းများကိုရွေးချယ်ပြီးဦးစွာရှင်းပြလိုက်သည်။ သို့သည့်တိုင်ဖူကျားအတွက်နားလည်ရခက်နေသေးသောကြောင့် မေးခွန်းတစ်ခုကိုထပ်ခါထပ်ခါအာပေါက်မတတ်ရှင်းပြရသည်။

နောက်စာသင်ချိန်အတွက်ကျောင်းတက်ခေါင်းလောင်းထိုးသွားသော်လည်း ဖူကျားကရုံးခန်းမှမခွာသေး။

"အတန်းထဲပြန်မသွားသေးဘူးလား"

"ဒီအပိုင်းကိုကျွန်တော်သေသေချာချာနားမလည်သေးလို့ပါ"။ ဖူကျားကသူမရှင်းပြထားသောပုစ္ဆာတစ်ပုဒ်ကိုလက်ညှိုးထိုးလျက်မျက်မှောင်ကြုတ်ကာပြောလာသည်။

ထိုကလေး၏အပြုအမူကြောင့်သူမအတော်လေးဝမ်းသာအားရဖြစ်သွားမိသည်။ ဖူကျားကအခြားကလေးများထက်သင်ယူနားလည်နိုင်စွမ်းနှေးကွေးသော်လည်း သင်ယူလိုစိတ်ကတော့သူမတွေ့ဖူးသမျှကျောင်းသားများထက်ပြင်းပြထက်သန်သည်။ "နောက်တစ်ချိန်ကဘယ်ဘာသာလဲ...မင်းရတဲ့ဘာသာဒါမှမဟုတ်သိပ်အရေးမကြီးတဲ့ဘာသာဆိုရင်အတန်းမတက်ပဲနေလို့ရတယ်...သင်္ချာပဲဆက်လုပ်ကြတာပေါ့"။

ဆရာမ၏စကားကြောင့်ဒီနေ့အတန်းအချိန်ဇယားကိုဖူကျားပြန်စဥ်းစားကြည့်လိုက်သောအခါနောက်လာမည့်အတန်းအချိန်ကအင်္ဂလိပ်ဘာသာရပ်အချိန်ဖြစ်နေသည်ကိုသတိရသွားသည်။

အင်္ဂလိပ်ဘာသာရပ်ကသူ့အတွက်တော့ရုန်းလေနစ်လေဖြစ်နေသည့်ရွှံ့နွံတစ်ခုလိုပင်။ အင်္ဂလိပ်စာလုံးများကိုမြင်လိုက်ရုံနှင့် ခေါင်းပါကိုက်လာရသည့်အဖြစ်။

"အတန်းပြန်သွားတက်လိုက်တာ...ကျွန်တော့်အတွက်ပိုကောင်းမယ်နဲ့တူပါတယ်"

ထိုသို့နှင့်ဖူကျားတစ်ယောက် စာသင်ချိန်တစ်ချိန်ပြီးတိုင်းဘာသာရပ်ပြဆရာဆရာမများနောက်သို့အပြေးလိုက်သွားပြီး သူတို့၏ရုံးခန်းအထိလိုက်လာကာ နောက်စာသင်ချိန်မစမီအထိသူနားမလည်သမျှစာများကိုမေးလေ့ရှိသည်။ ရုံးခန်းထဲရှိကျောင်းဝန်ထမ်းအချို့ကအစပိုင်းတွင်သူ့ကိုဆူပူသော်လည်း နောက်ပိုင်းတော့မြင်ပါများကာအသားကျလာသည်။

ကျောင်းကစားဆင်းချိန်နှင့်မုန့်စားဆင်းချိန်များတွင်လည်း ဖူကျားတစ်ယောက်စာသင်ခန်းထဲတွင်သာအချိန်ကုန်ဖြစ်သည်။ ညနေပိုင်းအတန်းများကိုလည်းတစ်တန်းမှမလွတ်အောင်တက်ပြီး နေလှန်းထားသောအိပ်ရာခင်းနှင့်စောင်များကိုပြန်ရုတ်ရန်အတွက်သာ နားနေချိန်များတွင်အဆောင်ပြန်လေ့ရှိသည်။ သူကိုယ်တိုင်အတွက်လည်းစည်းမျဥ်းတစ်ခုချမှတ်ထားသည်။ ထမင်းတစ်လုတ်မစားခင် အနည်းဆုံးပုစ္ဆာတစ်ပုဒ်ပြီးအောင်တွက်ရမည်ဟူသောစည်းမျဥ်းပင်။ သို့သော်တစ်ပုဒ်တစ်ပုဒ်အဖြေရအောင်တွက်ရသည်မှာအချိန်ကြာလွန်းသောကြောင့် နှစ်လုတ်သုံးလုတ်စားအပြီး ထမင်းနှင့်ဟင်းအားလုံးကအေးစက်ကုန်ပြီဖြစ်သည်။

မနေ့ညကညနက်အထိကိုယ်တိုင်စာလေ့လာပြီးနောက် အခြေအနေမဟန်တော့သည့်အခါမှဖူကျားတစ်ယောက်စာအုပ်ကိုလက်ကချတော့သည်။

ထို့နောက်ကျောပိုးအိတ်ကိုကောက်လွယ်ကာ ကျောင်းနံရံကိုရှောရှောရှူရှူကျော်တက်ပြီးထွက်လာခဲ့သည်။

အရင်ကအတိုင်း နံပါတ်၆အထက်တန်းကျောင်း၏ကျောင်းပေါက်ဝ အနားရှိလမ်းမီးတိုင်ကိုမှီရင်း တစ်စုံတစ်ယောက်ကိုဖူကျားစောင့်နေမိသည်။ စောင့်နေရင်းမတ်တပ်ကျောပိုးအိတ်ထဲမှလေ့ကျင့်ခန်းစာအုပ်ကိုထုတ်ကာ စာပြန်နွေးနေသေးသည်။

သို့သော်မနေ့ညတည်းကသူလုံးဝအဖြေမရှာနိုင်ခဲ့သည့်ထိုပုစ္ဆာကိုတွက်ရန်ကြိုးစားလိုက်တိုင်း နည်းနည်းလေးမှအာရုံမစိုက်နိုင်တော့ပေ။ ကျောင်းဆင်းချိန်မတိုင်သေးသောကြောင့်ကျောင်းသားတစ်ယောက်မှထွက်မလာသေးသည်ကိုသူကောင်းကောင်းသိသော်လည်း ဂိတ်တံခါးဝဆီသို့ မနေနိုင်မထိုင်နိုင်မကြာမကြာလှမ်းမျှော်ကြည့်မိသည်။

အာရုံပျံ့လွှင့်ကာထွေပြားနေသောစိတ်အစဥ်တို့ကြောင့်နဂိုခက်နေပြီးသားပုစ္ဆာကပိုလို့ရှုပ်ထွေးသွားသည်။ သူ့ကိုယ်သူဒေါသထွက်ပြီးဖူကျားတစ်ယောက်လေ့ကျင့်ခန်းစာအုပ်ကိုကျောပိုးအိတ်ထဲသို့အကြမ်းပတမ်းသွတ်ထည့်လိုက်သည်။ သူ့အပြုအမူကကြမ်းတမ်းလွန်းလှ၍ စာအုပ်အဖုံးမှာစုတ်ပြဲလုနီးနီးဖြစ်သွား၏။

နံပါတ်၆အထက်တန်းကျောင်းရှေ့တွင်ရပ်ပြီး ဂိတ်ပေါက်ဝကိုစိုက်ကြည့်နေသည်မှာအချိန်ဘယ်လောက်ကြာသွားမှန်းမသိ။ ခြေထောက်နှစ်ဖက်လုံးကအံသေကာအတော်လေးထုံကျင်နေပြီဖြစ်သည်။ တစ်စုံတစ်ယောက်ကိုအမြဲတမ်းစောင့်နေရခြင်းက သူ့အတွက်တော့ရိုးနေသည့်ကိစ္စတစ်ခု။

နောက်မိနစ်အနည်းငယ်ကြာပြီးသောအခါ ကျောင်းဂိတ်ပေါက်ဝမှတစ်ဖွဲဖွဲထွက်လာကြသောကျောင်းသားကျောင်းသူများအနက်
လုချမ်ကိုလှမ်းတွေ့လိုက်ရသည်။ သူ့ကိုမတွေ့ပဲကားပေါ်တက်သွားမည်စိုး၍ ဖူကျားတစ်ယောက်လူအုပ်ကြီးထဲတိုးဝှေ့ပြီးလုချမ်ကိုအော်ခေါ်တော့သည်။

"လုချမ်"

လုချမ်ကသူ့အသံကြောင့်တစ်ချက်မျှလှည့်
ကြည့်လာသည်။ သူ့ကိုဤနေရာတွင်တွေ့လိုက်ရ၍အံ့အားသင့်နေသည့်ပုံလည်းမပေါ်။ သို့သော်လုံးဝမရပ်ပေးပဲရှေ့ဆက်သွားနေ
သည့်ခြေလှမ်းများကလည်းမနှေးသွား။

အနှီလူသား၏အပြုအမူကြောင့်ဖူကျားဒေါသထောင်းကနဲထွက်သွားသည်။ အခြားသူများကိုဝင်တိုက်မိသလား ကျော်ခွနင်းသွားသလားဂရုမစိုက်နိုင်တော့ပဲ ခပ်ကြိတ်ကြိတ်ကျိန်ဆဲလျက် လုချမ်ကိုအမှီလိုက်ကာအရှေ့မှပိတ်ရပ်လိုက်သည်။ "ထပ်ပြီးလူကိုမတွေ့ချင်ယောင်ဆောင်နေပြန်ပြီပဲ..."။

သူ့ဒေါသကတစ်ဖက်လူကိုမီးမြှိုက်လောင်ကျွမ်းသွားစေနိုင်လောက်သည်။ လုချမ်၏ခြေလှမ်းတို့ရပ်တန့်သွား၏။ ဘာစကားမှမပြောမီ ဖူကျား၏ပခုံးကိုညင်သာစွာတွန်းပြီးဘေးသို့ဖယ်ခိုင်းသည်။ "ဘယ်လောက်ပဲအရေးပေါ်ကိစ္စဆိုရင်တောင်လူသွားလမ်းလယ်ခေါင်မှာရပ်ပြီးစကားမပြောသင့်ဘူး"။

ဖူကျားလည်း လမ်းဘေးသို့ခြေလှမ်းနှစ်လှမ်းစာမျှရွှေ့ပေးလိုက်သည်။ "ဒီလောာက်ဆိုရပြီမလား"။

လုချမ်က တစ်ခွန်းမှပြန်မပြော။

ထိုစဥ် ဖူကျားတစ်ယောက် အစောတုန်းက
လုချမ်၏အပြုအမူကိုပြန်သတိရသွားသည်။ လုချမ်ကသူ့ပခုံးကိုဖြေးဖြေးလေး နူးနူးညံ့ညံ့လေးတွန်းလိုက်တာ။ ညင်သာလွန်းလို့တွန်းထုတ်တာနဲ့တောင်မတူ။ ပခုံးကိုလက်တစ်ဖက်နှင့်သိုင်းဖက်လိုက်သလိုပုံစံမျိုးပင်။

ထိုအတွေးကြောင့်မှုန်ကုပ်နေသောသူ့မျက်နှာမှာ တစ်ဖန်ပြန်ပြီးဝင်းပလာသည်။ "မင်းရဲ့ဒါရိုင်ဘာကိုဘာလို့ကျောင်းဝင်းထဲအထိလာမကြိုခိုင်းတာလဲ"။

လုချမ်က သူ့အားကိုယ်ပျောက်လူသားတစ်ယောက်နှယ် တစ်စက်ကလေးမှပြန်မတုံ့ပြန်ပဲလျစ်လျူရှုထားသည်။

ဖူကျားတစ်ယောက် သူ့အတွေးနှင့်သူပြုံးလိုက်မိသည်။ "ငါလာရှာမှာကိုစောင့်နေတာလား"။

လုချမ်ကမျက်နှာသေဖြင့်လက်ပတ်နာရီကိုငုံ့
ကြည့်နေသည်။ သူ့နာရီကိုဖူကျားသတိထားပြီးကြည့်မိသည်။ ထိုနာရီကအညိုရင့်ရောင်လက်ပတ်ကြိုး ငွေရောင်ကွပ်ထားသောမျက်နှာပြင်နှင့်အတော်လေးလက်ရာမြောက်သည်။ သို့သော်ဘယ်ဘရန်းမှန်းတော့သူလည်းအတိအကျမသိ။

လုချမ်ကနာရီကိုတစ်ချက်ကြည့်ပြီး သူနှင့်စကားပြောဖို့အချိန်ရှိမရှိအတည်ပြုနေပုံရသည်။ထို့နောက်မှသူ့ကိုအဖက်လုပ်ပြီးစကားပြောသည်။ "ကိုယ်နေတဲ့တိုက်ခန်းကဒီကျောင်းနဲ့နီးတယ်...အဲဒါကြောင့်ဒါရိုင်ဘာကိုမခေါ်ထားတာ...ဒေါ်ဒေါ်တို့ဗီလာဆီသွားမှပဲလာကြိုခိုင်းဖြစ်တယ်"။

သူ့ကိုရုတ်တရက်ရှင်းပြလာလေတော့ ဖူကျားတစ်ယောက် "အိုး...အဲဒီလိုလား" ဟုသာပြန်ပြောနိုင်သည်။

ဒီအချိန်လောက်ဆိုရင် ဖူကျားအတွက်ဗီလာ အထိပြန်ဖို့ဘတ်စ်ကားမမှီလောက်တော့ပေ။ ဘတ်စ်ကားမမှီသည့်အခါတိုင်း ထိုအိမ်သို့ရောက်ရန်မိနစ်သုံးဆယ်ခန့်ခြေကျင်လျှောက်ပြန်ရသည်။

အရင်တည်းက ကျောင်းသွားကျောင်းပြန်အဆင်မပြေသောကြောင့်ဗီလာမှထွက်ပြီးကျောင်းနှင့်နီးသည့်နေရာတွင်နေရကောင်းမှန်းသူသိသည်။ သူကိုယ်တိုင်ကိုကသိသိကြီးနှင့်အရွဲ့တိုက်ကာခေါင်းမာပြီးတင်းခံနေခြင်းပင်။

ဖူကျား အသက်ပြင်းပြင်းရှူသွင်းရင်းပြောလိုက်သည်။ "အဲဒီအိမ်ကနေထွက်လာခဲ့ပြီ"။

လုချမ်ကခေါင်းတစ်ချက်သာညိမ့်ပြီးနဂိုအတိုင်းခပ်ချေချေ။

လုချမ်၏ထိုချေမိုးနေသောအကျင့်စရိုက်ကိုဖူကျားကျင့်သားရနေပြီဖြစ်သည်။ "အဲဒီတုန်းကဗီလာကနေထွက်သွားပေးဖို့မင်းငါ့ကိုတောင်းဆိုခဲ့တယ်မလား...မင်းတောင်းဆိုခဲ့တဲ့အတိုင်းငါလိုက်လျောပေးထားတာဆိုတော့မင်းငါ့ကိုကျေးဇူးကြွေးတင်သွားပြီ"။

"ဟုတ်တယ်နော်...မင်းငါ့အပေါ်ကျေးဇူးကြွေးတင်နေတာ"။ မချင့်မရဲလေသံဖြင့် ဖူကျားစိတ်လှုပ်ရှားစွာပြောလိုက်မိသည်။

"အင်း...အဲဒီလိုပြောလို့ရတယ်"။
လုချမ်၏လေသံက တစ်ဖက်လူအတွက်အေးစက်နိုင်လွန်းသည်။

သို့သော်သူ့စကားကိုပြန်လည်တုံ့ပြန်လာ၍ ဖူကျားဆွံ့အသွားမိသည်။ လိုက်လိုက်လျောလျောပြန်တုံ့ပြန်လာလိမ့်မယ်လို့သူမှမမျှော်လင့်ထားပဲ။

သူချောင်းတစ်ချက်ဟန့်ရင်း သေချာအောင်ပြန်ပြောကြည့်လိုက်သည်။ "ကျေးဇူးကြွေးတင်နေတယ်ဆိုတော့...မင်းငါ့ကိုကျေးဇူးပြန်ဆပ်ရမှာဟုတ်"။

"အင်း" လုချမ်ကသူ့စကားကိုထပ်ပြီးအသာတကြည်တုံ့ပြန်လာပြန်သည်။

ယောကျာ်းဆန်လွန်းသည့်ဩရှရှအသံ
ကြောင့် ဖူကျားတစ်ကိုယ်လုံးအပူရိပ်များကတစ်လိပ်လိပ်တက်လာသည်။ ထို့နောက်ချက်ချင်းဆိုသလိုသူ့ကျောပိုးအိတ်ထဲမှကျောင်းစာအုပ်ကိုထုတ်လိုက်ပြီးလုချမ်ရှေ့အတင်းထိုးပေးမိသည်။ "ဒါဆိုရင်...ဒီပုစ္ဆာတွေဘယ်လိုတွက်ရမလဲဆိုတာငါ့ကိုသင်ပေး"။

✍✍✍✍
novel လေးကိုသဘောကျရင် သာသာဆက်ပြန်ဖို့အားရှိအောင် vote and comment လေးပေးသွားကြပါနော်။ reader nim တို့ရဲ့ feedback လေးတွေလိုချင်လို့ပါ။

Thanks for reading
90° bow to everyone🙇‍♀️







Weiterlesen

Das wird dir gefallen

192K 21.7K 58
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
1.3M 32K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
621K 32.9K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
4M 256K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...