DADDY BROTHER (Complete)

By Donut-15

7.5K 550 92

ငါ့ပိုင်နက်ထဲရောက်နေတဲ့ မင်းက..ငါ့အပိုင် More

Introduction
Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (9)
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
Part (16) Final
Special Episode

Part (8)

367 29 3
By Donut-15

" Hai.. သခင်ကြီး Kanemoto San , ပြောလိုက်ပါ့မယ် "

ထိုစဉ် ဟွမ်က ရေချိုးပီး Bathrobe ပတ်ကာ ငိုင်တိုင်တိုင် ထိုင်နေလေသည်။

‌" ဒေါက် ဒါက် ဒေါက် "

" ဝင်ခဲ့ ယွန်း "

" ယွန်း မဟုတ်ဘူး မီးငယ်ပါ "

" နင်ငါ့အခန်းထဲ ဘာလာလုပ်တာလဲ "

" အဟက် ... ပြောစရာလေးရှိလို့ပါ "

" ပြော.. ဘာပြောမှာလဲ "

ထိုစဉ် Hoshi က ဖုန်းထဲမှ အသံတစ်ခုအားဖွင့်ပြရန်လုပ်သည်။

" ပြော.. ဘာပြောမှာလဲလို့ ငါမေးနေတယ် "

" အေးဆေးပေါ့ ကိုကိုရဲ့... "

Bathrobe အပေါ်က ဟနေသည့်ရင်ဘတ်အားဘမထိတထိနဲ့ Hoshi က ကျီစယ်လိုက် တော့ လက်ကိုပုတ်ချသည်။

" ဟ.. စိတ်ကြီးလိုက်တာ ကိုကိုရယ် "

" ငါ့အခန်းထဲ လာရင်းကိစ္စပြော "

" ဒါလေး နားထောင်ခိုင်းမလို့ပါ "

🗞️ * Shizuka .. သူတို့အခြေအနေသေချာကြည့်ပီး ငါ့ကို Report ပြန်တင် ၊ ကြားလား , ပူးကပ်ပီဆိုတာနဲ့ သေချာရိုက်ပီး ငါ့ဆီပုံပို့ ၊ အဲ့ကောင်ကိုရော Daddy ကိုပါ လူလယ်ကောင်မှာပတ်ပင်းမိနဲ့နေ့ $ရှက်ခွဲပြမယ် ,

အပေးအယူ ကဘာလဲ ၊ အကိုလေး

မင်း သိန်း ၈၀ လိုချင်တယ်ဆို ၊

သိန်း၈၀ထဲနဲ့ ဒီလိုကြီးရင်းရမှာတဲ့လား 🗞️

တီ တီ တီ ~~~~~~

" ပေးစမ်း...ငါ့ကို အဲ့ဖုန်း "

" No.....မပေးနိုင်ဘူး ၊ ကိုကို မီးလေးကိုမယူရင်
ကိုကို့ Daddy ဆီ ၊ ဒီအသံတေရော ပုံတွေပါ ရောက်ပီလို့မှတ်လိုက် "

" နေပါဦး.... မင်းက ဘယ်တုန်းက အဲ့မိန်းမနဲ့ပေါင်းမိသွားတာလဲ ပြောစမ်းပါဦး "

" ဒါက ကျွန်မတို့အပိုင်းပါ ... အဟက် "

အနောက်ကနေ ဖျက်ခနဲ ဖုန်းကို လုယူလိုက်တဲ့သူက ယိုရှီပင်

" Jaden ??? "

ယိုရှီက Hoshi ရဲ့ဖုန်းကိုယူပီး ခြေထောက်နဲ့နင်းခြေကာ တစ်စစီလုပ်ပစ်လိုက်လေသည်။

" Jaden.... သူက Jaden ကို Daddy နဲ့ .."

" ငါ သိပီးသားမို့လို့ အကျယ်တဝင့်ရှင်းပြနေစရာမလိုဘူးထင်တယ် ၊ မင်း ဒီအခန်းထဲကထွက်သွားလိုက်ပါ "

" ဟို.."

မျက်ထောက်နီကြီးနဲ့ မျက်ခုံးတွန့်ချိုးပြောလာတဲ့ယိုရှီ ၊ ထိုသို့ခက်ထန်လှသည့်မျက်နှာကို ရှားပါစွာတွေ့ရခဲသည့်ဟွမ်က အနဲလန့်နေသည်။

" ငါ မင်းကိုထွက်သွားလို့ပြောနေတယ် "

Hoshi လဲ ဘာပြောရမှန်းမသိအခန်းထဲကထွက်သွားလေသည်။

ရုတ်တရက်အခန်းဟာတိတ်ဆိပ်သွားသော်ငြားလဲ ရိုက်ချက်တစ်ခုရဲ့အသံကြောင့် အခန်းဟာ ကျယ်လောင်ဟိန်းထွက်သွားသည်။

" ဖြောင်း.."

ယိုရှီဟာ ဆိုးဂျောင်ဟွမ် ထိုင်နေသညိ့ကုတင်ဆီသို့လျှင်မြန်လျှောက်လာပြီး ပြင်းထန်လှသည့်ရိုက်ချက်တစ်ခု ပါးပြင်ပေါ်သို့အနှေးနဲ့အမြန်ကျရောက်လို့လာသည်။

" ဖြောင်း.. ဖြောင်း "

" ရိုက်ကွာ.. ရိုက်လိုက် ၊ မင်းသတ်ချင်သေးလား ၊ သတ်လိုက် ယိုရှီ "

စားပွဲပေါ်က ဓားမြှောင်အား ယူပေးလိုက်သည်။

"ချလွမ်"

" သူ ဖွင့်ပြသွားတဲ့ အသံနဲ့ပတ်သတ်ပီး ကျုပ်ကိုလုပ်တာဆိုရင် ၊ တစ်ခါထဲ သတ်ပစ်လိုက် "

ဟွမ်က ဆက်တိုက်ကိုအသံနက်ကြီးနဲ့အော်နေသည်။

မျက်ရည်ဆက်လက်နဲ့ ဆက်တိုက်စီးကျနေရင်း
လည်ပင်းနားက Bathrobe အစကိုဆွဲကာ

" မင်း..မင်းငါ့ကိုမုန်းလို့ မယုံရင်တောင် Daddy အပေါ်မင်း အဲ့လိုစိတ်မမွေးသင့်ဘူး "

" ဘာ... "

" မင်း..ငါ့ကို အဲ့လောက်တောင်မှ မုန်းနေလား ၊ အဲ့‌လောက်တောင်မှ Daddy နားမှ မမြင်ချင်တာလား "

" ဟုတ်တယ်.. Daddy နဲ့ ခင်ဗျားကို တွဲမြင်နေရတာ ကျုပ်သေလောက်အောင်မုန်းတယ် "

ဟွမ်က ယိုရှီ့အား ပါးဇောင်းကိုလက်ဖြင့်ညှစ်ထားပီး မျက်ရည်တွေကလဲ အဆက်မပြတ်စီးကျနေသည်။

" ဒါဆိုငါဘာလုပ်ပေးရမလဲ , မင်းတို့သားအဖနှစ်ယောက်လုံးရှေ့ကနေပျောက်ကွယ်သွားပေးရမလား , ငါအဲ့လိုမှ မင်းကျေနပ်နိုင်မယ်မလား "

ဟွမ် ကတစ်ခါမငိုစဖူးကိုဆက်တိုက်ငိုနေတော့သည်။ သူ့ကြည့်ရတာ ခါတိုင်းနဲ့မတူ ရင်ထဲတစ်ခုခုမွင့်သိပ်ကြပ်နေသလို ပုံစံမျိုးပင် ။

ပါးဇောင်ညှစ်ထားတာကို လွှတ်ပေးလိုက်ရင်း ယိုရှီ့အား ကျောခိုင်း၍ အသံမျှထွက်မလာပေ။

" ဟုတ်ပီ.. မင်းဘက်ကတုံ့ပြန်မှာမလာတော့ ၊ သေချာသိလိုက်ပီ ၊ ငါမင်းတို့သားအဖရှေ့ဘယ်တော့မှ ပေါ်မလာတော့ဘူးလို့ကတိပေးတယ် "

" ဟင့်အင်း " မျက်ရည်တွေနဲ့ ခေါင်းရမ်းကာ

ကျောခိုင်းကာ ထွက်သွားသည့်ယိုရှီရဲ့ ခါးသွယ်သွယ်လေးအား လက်နှစ်ဖက်နဲ့ကျစ်နေအောင်နောက်ကနေ လှမ်းဖက်လိုက်တော့သည်။

" ဟင့်အင်း.. မသွားပါနဲ့ ခင်ဗျားရာ ၊ ခင်ဗျားမရှိရင် ကျွန်တော် ရူးသွားလိမ့်မယ် "

" ဟမ် ၊ ကျွန်တော်?? "

" ကျွန်တော်ဘာကြောင့် Daddy နဲ့ စွပ်စွဲခဲ့ရလဲဆိုတာ ‌မမေးတော့ဘူးလား ,
ကို့ခံစားချက်ကိုတောင် သဲသဲကွဲမမြင်ရပဲ မျက်ကွယ်ပြုနေခဲ့မိတယ် "

ယိုရှီဟာ ဟွမ်ပြောသမျှကို မျက်နှာငယ်လေးနဲ့နားထောင်နေလေသည်။

" ကျွန်တော့စိတ် ကျွန်တော်မသိခဲ့ပဲ တောက်လျှောက်ကလေးဆန်ခဲ့မိတယ် ယိုရှီ "

"....... "

" တကယ်တော့ Daddy နဲ့ စွပ်စွဲတာ‌ထက် ၊ ကျွန်တော်ခင်ဗျားကို အများကြီး သဝန်တိုနေမိလို့၊ ပါးစပ်ထဲရိုင်းရိုင်းစိုင်းစိုင်တွေပြောပီး အချိန်ပြည့်စိတ်ရိုင်းဝင်နေမိတာ ယုံပါ"

အဲ့တော့မှ လန့်ပီး ဟွမ့် ဘက်မျက်နှာမူလိုက်လျှင်
နှစ်ယောက်သားဟာ အရမ်းနီးကပ်သွားပီးအသက်ရှုသံတေကစကြားနေရသည်။

ဟွမ်က ယိုရှီ့မျက်ဝန်းလေးတွေအား ငိုနေရင်းစိုက်ကြည့်၍

" ကျွန်တော် မင်းကိုချစ်မိနေပီထင်တယ် "

" မ မဖြစ်နိုင်တာ .. ဖယ်လွှတ် .. မင်းလိုလူမျိုးက ငါ့ကိုအချိန်ပြည့်နှိပ်စက်ခဲ့ပီးမှ .. ဘာတဲ့.. အဟက် ချစ်တယ် ဟုတ်လား "

" ယုံပေးပါ.. ဘယ်တုန်းကချစ်မိသလဲဆိုတာအတိအကျမပြောန်ုင်ပေမဲ့ ကျွန်တော်ခင်ဗျားကိုချစ်တယ် "

အဟက်

မျက်ရည်စတွေကို လက်နဲ့စုတ်သက်ရင်း

ငါ့ဘက်က နှစ်တွေအကြာကြီး အရှုံးတွေပွေ့ပိုက်ခဲ့တာကြ မင်းမှမသိပဲ ။

" မင်းပြောတာငါနားမလည်တဲ့အတွက် ပြန်လိုက်ပါဦးမယ် "

" ကျွန်တော်ချစ်မိနေတယ်ဆိုရင်တောင်မှ ဒီဘဝမှာ မဖြစ်နိုင်လောက်တော့ဘူး ယိုရှီ "

တံခါးရးဖွင့်မဲ့ လက်တွေဟာရပ်တန့်သွားပီး ရေခဲလို ခန္ဓာကိုယ်ဟာ ရုတ်တရက်ခဲတောင့်သွားသည်။

" ဘာလို့ဆို.. ကျွန်တော်တို့က ညီအကိုအရင်းတွေမို့လိုပဲ "

" ဘာ " နှုတ်ခမ်းတွေဟာ နီမြန်း တုံရီလာသည်။

ယိုရှီတစ်ယောက် စိတ်တွေ ဂယောက်ကက်ဖြစ် နုံးချိတုံလှုပ်ရင်း ခြေထောက်တွေမခိုင်ကာပျော့ခွေကျသွားတော့သည်။

" ဘယ်...ဘယ်လို မဖြစ်‌နိုင်တာ ? မင်း ပြောချင်တာက ဘာလဲ Daddy က ငါ့ .. ငါ့အဖေ? , အာ မဟုတ်ဘူး.. ငါ့အဖေက ငါငယ်ငယ်ထဲက သေပီ ၊ သေသွားခဲ့ပီ ၊ လက်မခံနိုင်ဘူး "

" လက်မခံချင်လို့မရတဲ့အထိကို အမှန်တရားကခိုင်လုံနေရင်ရော "

" အားးးးးး မကြားချင်ဘူး ၊ မဟုတ်ဘူး "

ကို့ရင်ဘက်ကို ထုထုပီးငိုနေ၍ လက်သီးဆုပ်လေးအား ဟွမ်က ဆုပ်ကိုင်ပေးထားသည်။

" ရရဲ့လား.. စိတ်ငြိမ်ငြိမ်ထားပါ "

" အခုချိန်မျိုးမှာ စိတ်ငြိမ်ငြိမ်ထားဖို့ မင်းမို့လို့ပြောထွက်တယ် "

" ကို့ကိုယ်ကို မလုပ်ပါနဲ့နဲ့တော့ ယိုရှီ "

" ငါ့က်ုလွှတ်.. ငါ့ကို လွှတ်လို့ပြောနေတယိ "

ဟွမ်က ထိုင်ရက် သူ့ကိုရင်ခွင်ထဲထည့်ထားရင်းချုပ်ထားလေသည်။

" ဟိုညက ကိစ္စ ကျွန်တော်မှားသွားတာပါ "

" ဟင့်အင်း.. ငါ့စိတ်အလိုလိုက်ပီး မင်းကိုပေးလိုက်မိတာ "

ငိုကျွေးနေသည့်မျက်ဝန်းတွေဟာ တဖြည်းဖြည်း ဝါးလာ၍ အမှောင်ကျလာတော့မည်ပုံစံ

" သွားပီ..... ငါတို့က ဘာ... ဘာဖြစ်တယ် ၊ အားးးးးးးး မကြားချင်ဘူး "

ယိုရှီက ရင်ဘက်လေးဖိရင်း ချုံးပွဲချငိုနေရင်း
သတိလစ်သွားတော့သည်။

" ယိုရှီ.. ယိုရှီ. Jaden , ကိုကို , ကိုကို သတိထားပါဦး "

ပါးလေးကိုပုတ်နိုးနေသော်လဲ သတိပြန်လည်မလာပေ။ ချက်ချင်းပင် ကုတင်ပေါ်သို့ပွေ့တင်လိုက်လေသည်။

ထိုစဉ်

" ဒါက ဘယ်လိုဖြစ်နေကြတာလဲ "

" ယွန်း... ယွန်းစံ ရယ် ကယ်ပါဦး ၊ သူသိသွားပီ "

" ဟမ်..... သူဘယ်အထိသိသွားတာဘဲ သားငယ် "

" အကုန် "

-----------

" အဟက်... Shizuka Chan လာပါဦး "

" ဟုတ်ကဲ့ မမလေး .. မမလေးခေါ်တယ်ဆိုလို့"

" နင်က ကိုကိုတို့ သားအဖေ ဆီမှာ တာဝန်ထမ်းဆောင်နေတာ ဆယ်နှစ်ကျော်တောင်ဆိုတော့ သစ္စာကြီးလိုက်ပုံများ ၊ ငါတို့အိမ်ကခွေးတောင် နင့်လောက်သစ္စာစောင့်သိပုံမပေါ် "

" သခင်ကြီးတို့က ကျွန်မ မေမေ ကိုဆေးဖိုးဝါးခတွေအကုန်ခံပီး ၊ကုပေးထားလို့ပါရှင့် "

Hoshi San က သူ့လက်ထဲ phone screen ၌ပေါ်နေသညိ့ပုံကို သူ့ရှေ့ထုတ်ပြလိုက်သည်။

" နင့်အပေါ်ကျေးဇူးရှ်ိတဲ့ သခင်ကြီးကို နင်ကဒီလိုကျေးဇူးဆပ်လိုက်တာပေါ့လေ ဟုတ်လား "

ချက်ချင်းကြက်သီးမွေးညင်းများစွာထပီးမျက်လုံးတွေဟာ ကနာမငြိမ်အပေါ် အောက်နေတော့သည်။

ပုံမှာ သူအရင်က ဟွမ့်ဆီပို့ခဲ့သည့် ပုံတစ်ချို့နဲ့ voice mail တစ်ခုဖြစ်သည်။

" မမလေး ဒါကိုဘယ်ကရတာလဲ.. မဟုတ်မှလွဲရော သူ့အိမ်မှာ သူမရှိတုန်း အခန်းထဲ ခိုးဝင်တာလား "

Mail Name မှာ Shizuka Chan ဆိုပီးပေါ်နေခြင်းကြောင့် သူပို့မှနိးတပ်အပ်သိသည်။

" ငါဒါကို သက်သက်လိုက်ရှာနေတယ်ထင်လား ၊ မထင်မှတ်ပဲ Job Data တွေကြည့်ရင်းတွေ့တာ
နင့်လောက်အောက်တန်းမကျဘူး "

အဟက်.. ခနဲ့သလိုအကြည့်နဲ့ကြည့်လာခဲ့ပီး

" မမလေးကမှ ကျွန်မထက် အောက်တန်းစားဆန်တာပေါ့ ၊ မမလေးရဲ့ , ပညာတတ်အောက်တန်းစားဆိုတာ မမလေးကိုပြောတာ "

" ဖြောင်း.. "

" အားးးး "

" နင်ကများရာရာစစ ၊ ငါ့ကိုဘာများမှတ်နေလဲ ၊ Hokkaido က ဒုညွှန်ကြားရေးမူးသမီးဟဲ့ "

"ဒုညွှန်ကြားရေးမူးသမီးကလဲ သူခိုးဇာတ်ရုပ်ကြီးနဲ့ပါလား "

" ပြော... နင်ဘာလိုချင်လို့ အဲ့ဒီဟာတွေရိုက်ပီး က်ုကိုဆီပို့ခဲ့ရတာလဲ "

" အကိုလေး စိတ်ချမ်းသာဖို့ဆိူ အကိုလေးခိုင်းတာမှန်သမျှ ငါအကုန်လုပ်မှာပဲ "

" နင် မဟုတ်မှ လွဲရော... ကိုကို့ကို ? "

" ဟုတ်တယ် ငါ ကိုလေးကိုချစ်တယ်... သူ့ကိုပိုင်ဆိုင်ချင်တယ် ၊ အဲ့ဒါကြောင့်သူခိုင်းတာမှန်သမျှ အကြောက်အကန် မရှိအကုန်လုပ်ပေးတယ် "

Hoshi San ကမျက်ခုံးတစ်ဖက်အား တွန့်ချိုး၍ နှုတ်ခမ်းကော့တက်သည်အထိ မဲ့ကာ ပြုံးလိုက်သည်။

" နင့် $ဆင့် နဲ့ သူ့က်ုပိုင်ချင်တယ် ? ဟုတ်လား?
တန်ရာတန်ရာမှန်းစမ်းပါ ၊ နင့်ကိုနင်ဘာအဆင့်လဲ မှန်နဲ့ပြန်ကြည့် "

" ဘာ "

" ဒီဟာကို Jaden သိနေတာကို နင်သိလား "

" အင်း "

" ဟားဟား... ဒါဆို သခင်ကြီးပဲကျန်တော့တာပေါ့ "

တကယ်တော့ Hoshi San ဟာ ဟွမ့်အခန်းကနေ Jaden မောင်းထုတ်တာ‌ကိုခံခဲ့ရတာကြောင့် Shizuka Chan ကိုခေါ်ပီး ရှုံးမဲမဲတာ အရမ်းသိသာလွန်းနေသည်။

Laptop ဆီပြေးကာ သခင်ကြီးကိုပို့မယ်လုပ်တုန်း Shizuka Chan က ဆွဲသည်။

" နင်ဖယ်စမ်း.. သခင်ကြီးမသေခင် သူ့အတွင်းရေးမှူးနဲ့ သားက ဘယ်လောက်အောက်တန်းကျတဲ့လုပ်ရပ်မျိုးလုပ်ထားလဲဆိုတာ သိအောင်တော့ ကြည့်သွားသင့်တာပေါ့ "

" နင်.. မလုပ်နဲ့နော် "

" ဖယ်စမ်းပါ... နင်လွှတ်။ ငါ့ကိုမချုပ်ထားနဲ့ "

" မပို့နဲ့... မလုပ်နဲ့လို့ငါပြောနေတယ်နော် "

" ဖယ်စမ်းပါ.... "

တွန်းထုတ်လိုက်တာကြောင့် Shizuka Chan လွင့်ထွက်သွားသည်။

ထိုအခါ အခန်းထဲက ခဏထွက်သွားတုန်း

Hoshi San က Shizuka Chan မရှိတော့တာသိ၍ Photo တွေကိုပို့ဟန်ဆောင်တာရပ်ပီး
ကုတင်ပေါ်သို့ ခြေထောက်နှစ်ချောင်းကိုတွဲလျှားချကာ ခန္ဓာကိုယ်ချည်းပဲ ပက်လက်လှဲ၍ လက်နှစ်ဖက်အပေါ်ဖြန့်ကာ အနားယူနေသည်။

မီးဖိုချောင်ထဲက တစ်စုံတရာကို သွားဆွဲလာတဲ့ Shizuka Chan ပင်

ပြင်းထန်တဲ့ စုံထိုးချက်က Hoshi San ဗိုက်ပေါ်သို့ ရုတ်တရက်ကျရောက်လာသည်။

" ဇွက်...ဇွက် "

" အားးးးးးးးး "

အော်သံကြောင့် တစ်ဖက်မှာရှိတဲ့ ဟွမ်နဲ့ အိမ်တော်ထိန်းယွန်းက ‌အသဲအသန် Shizuka Chan ရဲ့အခန်းထဲပြေးလာလေသည်။

ရုတ်တရက် နှစ်ယောက်သားပြေးဝင်လာတော့ မရှုမလှသည့်မြင်ကွင်းတခုပင် ။

ကုတင်ပေါ် သွေးတွေပေပွပီး ကတ်ကြီးစိုက်ရက်သေနေတဲ့ Hoshi Chan နဲ့ မျက်နှာမှာ သွေးတွေစင်ထားပုံရတဲ့ Shizuka Chan တို့ကိုတွေ့လိုက်ရသည်။

" Shizuka Chan???? ဘယ်လိုလုပ်ပီး မင်းက အိမ်ကိုရောက်လာတာလဲ "

တုန်တုန်ရီရီနဲ့ မျက်နှာပြင်တစ်ခုလုံး မျက်ရည်တွေသွေးတွေကြား အသံတစ်ခု

" အကိုလေး ရဲ့ လျှို့ဝှက်ချက်တွေအားလုံးကို မမလေးက သခင်ကြီးဆီ ပို့မယ်လုပ်နေလို့ပါ "

" အဲ့တာနဲ့ပဲ အဲ့လိုသတ်လိုက်ရလား ? "

ထိုစဉ် ဟွမ့်နားကိုကြောက်စရာကောင်းတဲ့မျက်နှာနဲ့‌ရောက်လာခဲ့ပီး ခြေထောက်ကို ထိုင်ရက်သိုင်းဖက်ထားလေသည်။

"အကိုလေး.. အကိုလေးကိုဟိုးအရင်ထဲက ချစ်တာသိတယ်မလားဟင်.. သိတယ်မလားလို့ "

" ဘာ.. မင်းရူးသွားပီပဲ "

" မ မဟုတ်ဘူး.. အာ. ဟုတ်တယ် ၊ အကိုလေးက ကျွန်မကို အရမ်းအလိုလိုက်ခဲ့တာလေ , ကျွန်မလိုချင်တာ အကုန်ဖြညိ့ဆည်းပေးခဲ့တယ် ၊ အဲ့တာကိုလေးက ကျွန်မကိုချစ်လို့မဟုတ်ဘူးလား "

အံကိုကြိတ်ကာ မျက်နှာကို ညာဘက်သို့လှည့်ထားလိုက်သည်။

" ငါ.. မင်းကို ညီမလေးထက် မပိုခဲ့သလို ၊ ဘယ်တုန်းကမှလဲ မချစ်ခဲ့ဘူး "

" ဘာ...အဲ့လိုကြေးလား .. မရဘူးနော်..
ကျွနိမကိုအဲ့လို ပြောခဲ့တဲ့ မမလေးကိုတောင် အသက်ချင်းလဲထားတာ ဟားဟားဟားဟား "

မျက်နှာမှာစင်ထားတဲ့ သွေးတွေရော မျက်ရည်ရောပါ ရောနှော၍ ... ဆိုးဂျောင်ဟွမ်နဲ့ ယွန်းရှေ့
ခနဲ့ကာ တဟားဟားရီလေသည်။

Hoshi San ဗိုက်ပေါ်မှာစိုက်နေတဲ့ ကပ်ကြေးကို အားရပါးရ သွားဆွဲထုတ်လိုက်ပီး

ကပ်ကြေးကိုင်ကာ ဟွမ့်ဆီဦးတည်လာလေသည်။

" နင်မှားမယ်‌နော်.. ငါဆီမလာနဲ့ "

ထိုစဉ် အိမ်တော်ထိန်းယွန်းက သခင်ကြီးအခန်းထဲက ဂေါက်ရိုက်တံသွား ယူ၍ ခေါင်းကိုရိုက်ချလိုက်တော့သည်။

ထိုအခါမှ သတိလစ်ကာ ခေါင်းကသွေးတွေယိုစိမ့်ထွက်လာခဲ့ပီးလဲကျသွားသည်။

နံရံထောင့်မှာ ပိတ်မိတဲ့ ဟွမ့်အား သွားဆွဲထုတ်ပီးလျှင်

" သားငယ် ရရဲ့လား "

" ရတယ် ယွန်း .. လောလောဆယ် ဒါတွေကိုဘယ်လိုလုပ်ကြမလဲ "

" ရဲခေါ်ရမှာပေါ့ သားငယ် "

" ဗျာ.... "

" ဒါတွေ အားလုံး ယွန်း လုပ်တာ ၊ ဒီနေရာမှာ အစအဆုံး ယွန်းပဲရှိနေတာ ၊ ဟုတ်လား သား "

" ဟင့်အင်း "

" သား... သေချာနားထောင် , ယွန်း‌ အကုန်လုံးကိုရှင်းပြခွင့်မရတော့ရင်တောင် သားကိုသိအောင်တော့တစ်ခုပြောခဲ့မယ် ၊ သားငယ်က Jaden ဆိုတဲ့ ယိုရှီနဲ့ လွတ်လပ်စွာချစ်ခွင့်ရှိပါတယ် ၊ သားငယ်ကို သခင်ကြီးက အူဝဲလေးထဲက Iksan ကနေ ခေါ်လာတာပါ "

" ဘယ်လို .. ဒါဆို ကျွန်တော့ ကိုရီးယားဖြစ်နေရတဲ့အကြောင်း အရင်းက အဲ့တာကြောင့်လား "

" ဟုတ်တာပေါ့ သားငယ် ၊ ပီးတော့ သားငယ်အထင်မလွဲပါနဲ့ ၊ သားကို သားအရင်းထက်မက ချစ်တာမလို့ စိတ်မကွက်စေချင်ဘူး "

မျက်နှာ‌ငိုက်စိုက်ဖြစ်နေတဲ့ ဟွမ့်မျက်နှာလေးက သိသိသာသာညှိုးနေသည်။

" နောက်မှ ထပ်ကြုံမှ ရှင်းပြမယ်... အခုလောလောဆယ် Jaden နဲ့ မင်း ထွက်သွားရလိမ့်မယ်ခဏ "

" ယွန်းစံရယ်... အဲ့လိုမလုပ်ပါနဲ့... ယွန်းစံအပေါ် တစ်သက်လုံးအပစ်ကြွေးကြီးနဲ့မနေချင်ဘူး "

" အဲ့လိုမခံယူပါနဲ့ ..."

" ဟင့်အင်း ယွန်းရယ် မလုပ်ပါနဲ့ "

" သွားတော့... ယိုရှီ့ကိုပွေ့ပီးခေါ်သွားလိုက်တော့ ငတိရလာတဲ့အထိမစောင့်နဲ့ သွားကွာ "

ယွန်းစံရဲ့ မျက်ဝန်းထဲမှာလဲ မျက်ရည်တွေအပြည့်နှင့်ပင် ဟွမ်အားလှည့်မကြည့်တော့ပဲ လက်ကို နောက်ပြန်လွှဲပြသည်။

တွန့်ဆုပ်မနေနဲ့ အားနာမနေနဲ့ ၊ ထွက်သွားဆိုသည့်ပုံစံပင်။

အဝတ်အစားအနဲငယ်ထည့်၍ ဟွမ်လဲ ယိုရှီအား ပွေ့ပီး ကားမောင်း၍ ရိုးရာအိမ်လေးကိုဦးတည်ကာမောင်းလာခဲ့သည်။

အခင်းဖြစ်ပွားရာနေရာတွင် ယွန်းက ရဲ‌တွေနဲ့ အတူ လက်ထိပ်နဲ့ပါသွားခဲ့လေပြီ။

ရဲတွေကိုသူက်ိုယ်တိုင်ပဲ ဖုန်းဆက်ခဲ့သည်ပေါ့။
အလောင်းကလဲ သူ့ရှေ့တွင်နှစ်လောင်ဆိုတော့
ဘယ်လိုမှ မတတ်နိုင်တော့သည့်အခြေအနေပင်။

ကပ်ကြေးတွင် Shizuka Chan ရဲ့လက်ဗွေရာတွေ့နိုင်သလို ဂေါက်ရိုက်သည့်အတံ‌တွင် ယွန်းစံရဲ့ လက်ဗွေနိုင်သည်။

Hoshi သေဆုံးမှုက Shizuka Chan နဲ့သက်ဆိုင်နေပေမဲ့ Shizuka Chan သေဆုံးမှုမှာတော့ ယွန်းစံနဲ့သက်ဆိုင်နေသည်မဟုတ်လား။

ရှောင်လွှဲလို့မရတော့သည့်အခြေအနေကြောင့်
အဖြစ်အပျက်တွေဟာ တဒဂ် အတွင်းမှာကိုမြန်ဆန်သွားတော့သည်။

_______________________

Next part is coming soon ✋






Continue Reading

You'll Also Like

616K 31.2K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
196K 6.9K 96
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
1M 25.2K 23
Yn a strong girl but gets nervous in-front of his arranged husband. Jungkook feared and arrogant mafia but is stuck with a girl. Will they make it t...
84.4K 3K 51
"𝐓𝐫𝐮𝐭𝐡, 𝐝𝐚𝐫𝐞, 𝐬𝐩𝐢𝐧 𝐛𝐨𝐭𝐭𝐥𝐞𝐬 𝐘𝐨𝐮 𝐤𝐧𝐨𝐰 𝐡𝐨𝐰 𝐭𝐨 𝐛𝐚𝐥𝐥, 𝐈 𝐤𝐧𝐨𝐰 𝐀𝐫𝐢𝐬𝐭𝐨𝐭𝐥𝐞" 𝐈𝐍 𝐖𝐇𝐈𝐂𝐇 Caitlin Clark fa...