နားခိုရာမှားတဲ့ လိပ်ပြာငယ်

By mahar_for_thondra

5.2K 371 32

စာရေးသူ၏စိတ်ကူးသက်သက် ဖန်တီးထားတာဖြစ်လို့ အပြင်လောကနှင့် အချိုးမကျနိုင်ပါ More

IᑎTᖇO🦋
🦋💙
🦋①...𝗨𝗻𝗶
🦋①...𝙕𝙖𝙬𝙜𝙮𝙞
🦋②...Ⓤⓝⓘ
🦋②...Ⓩⓐⓦⓖⓨⓘ
🦋③...Ⓤⓝⓘ
⚠️ⁿᵒᵗⁱᶠⁱᶜᵃᵗⁱᵒⁿ ᶠᵒʳ ᵒⁿ ᵐʸ ʷʳⁱᵗⁱⁿᵍ❕❗️
🦋③...Ⓩⓐⓦⓖⓨⓘ
🦋④...Ⓤⓝⓘ
🦋④...Ⓩⓐⓦⓖⓨⓘ
🦋⑤...Ⓤⓝⓘ
🦋⑥...Ⓤⓝⓘ
🦋⑤...Ⓩⓐⓦⓖⓨⓘ
🦋 ⑥...Ⓩⓐⓦⓖⓨⓘ
🦋⑦...Ⓤⓝⓘ
🦋⑦...Ⓩⓐⓦⓖⓨⓘ
🦋⑧...Ⓤⓝⓘ
🦋⑧...Ⓩⓐⓦⓖⓨⓘ
🦋⑨...Ⓤⓝⓘ
🦋⑨...Ⓩⓐⓦⓖⓨⓘ
🦋①⓪...Ⓤⓝⓘ
🦋①⓪...Ⓩⓐⓦⓖⓨⓘ
🦋①① ... Ⓤⓝⓘ
🦋①① ... Ⓩⓐⓦⓖⓨⓘ
🦋①②...Ⓤⓝⓘ
🦋①②...Ⓩⓐⓦⓖⓨⓘ
🦋①③...Ⓤⓝⓘ
🦋①③...Ⓩⓐⓦⓖⓨⓘ
🦋①④...Ⓤⓝⓘ
🦋①④...Ⓩⓐⓦⓖⓨⓘ
🦋①⑤...Ⓩⓐⓦⓖⓨⓘ
🦋①⑥...Ⓤⓝⓘ
🦋①⑥...Ⓩⓐⓦⓖⓨⓘ
🦋①⑦...Ⓤⓝⓘ
🦋①⑦...Ⓩⓐⓦⓖⓨⓘ
🦋①⑧...Ⓤⓝⓘ
🦋①⑧...Ⓩⓐⓦⓖⓨⓘ
🦋19... 🅄🄽🄸
🦋19... 🅉🄰🅆🄶🅈🄸
[ယာယီ ရပ်နား]

🦋①⑤...Ⓤⓝⓘ

90 8 0
By mahar_for_thondra

နေ့ရက်တို့က လတစ်လအဖြစ်သို့ ။
လသုံးလပေါင်းကာ ရာသီတစ်ခုသို့ ကူးပြောင်းစပြုနေလေပြီ​။

ဟုတ်သည်။ဒီနေ့နဲ့ဆို ဟိန်းစက္က  သွားတာ သုံးလပင်ပြည့်လေပြီ။ သူထွက်သွားခါစနေ့ရက်တွေတုန်းကတော့ စိတ်ထဲတွင်အနည်းငယ်လစ်ဟာနေသယောင်ရှိပေမယ့်  သုံးလဆိုသည့် ကာလနှင့်အညီ အနည်းငယ် နေသားကျလာ၏။

ဆောင်းဉီးဝင်ကာစဖြစ်သည်မို့ သစ်ရွက်သစ်ခက်တိုင်းက နှင်းစွတ်ထားသဖြင့် စိုစွတ်နေ၏။မနက်ခင်းနေရောင်ခြည်အောက် သစ်ရွက်တိုင်း၏ ရောင်ပြန်မှုက  ရေစိုထားသည့်ပမာ။

ကျောင်းဝင်းထဲတွင်တော့ Duty Coatအဖြူလေးနှင့် ကျောင်းသားများက ဟိုရွေ့သည်ရွေ့ဖြင့်သာ။
ပြောင်းလဲသွားသည်ဟူ၍ တစိုးတစိမျှမရှိပါချေ။

ရာသီလရက်တစ်ခုတည်းသာ သဘာဝအရ ပြောင်းလဲ သွားခြင်း။

ဒီနေ့လည်း ခါတိုင်းနေ့တွေလို အိမ်တွင်မနက်စာစားချိန် မရသဖြင့် ကျောင်းကန်တင်းတွင်သာ  ၀င်စားဖြစ်၏။

" ရှိုင်း "

ကြည်လင်သေးငယ်သောခေါ်သံစူးစူးက မိမိနောက်ကျောမှ ဖြစ်သည်မို့   အလိုက်သင့်စွာပင် လှည့်ကြည့်မိလိုက်တော့  နွေးထွေးသည့်အပြုံးပိုင်ရှင် ကျွန်တော့် သက်ညှာအမျိုးသမီးလေး   "ဖြူ" ဖြစ်နေ၏။

အနည်းငယ် အလှမ်းဝေးသော်လည်း ပိတ်ဖောက်ဝမ်းဆက် ဖက်ဖူးစိမ်း ရောင် နှင့် အမျိုးသမီးလေးမှာ အိ​ေန္ဒြရှိမိန်းမကောင်း ပီသစွာပင် ပြေးလွှားလာခြင်းမရှိ  မှန်မှန်ဖြေးဖြေးသာ ကျွန်တော်ရှိရာ ဝိုင်းသို့ ဉီးတည်လျှောက်လှမ်းလာ၏။

" Morning ဖြူ "

"  Morning ပါရှိုင်း အခုမှရောက်တာလား"

" ဟုတ်ပါတယ်ဘုရား  ကျွန်တော်မျိုး အိပ်ရာထ နောက်ကျခြင်းကြောင့်ပါ ဘုရင်မကြီးဘုရား"

"  စောစောစီးစီး လာစနေပြန်ပြီ "

"  စောစောစီးစီး မစရဘူးလို့ဘယ်သူက ပြောထားလို့လဲ "

" ဘယ်သူမှ မပြောထားပါဘူး စချင်လည်း သဘောပ့ရှင် "

"  တစ်ကယ်တော့ ကိုယ်က စနေတာမဟုတ်ဘူး အတည်ပြောနေတာ "

"  ဘာကိုလဲ "

" ဖြူ က ကိုယ့်ရဲ့ ဘုရင်မကြီးလေ"

"  ကိုယ်တော် ရှင် ဘာတောင်းဆိုစရာရှိလို့တုန်း ထူးထူးဆန်းဆန်းတွေ လာပြောနေတာ "

"  ဟို ဟိုလေ  ဖြူ့ကို ...ဟို  ကိုယ်

ပြောမယ့်စကားက ငါးလုံးတည်းသာ ကျွန်တော့်နှုတ်ဖျားကတော့ တစ်ခုခုနှင့် တားဆီးခံရသည့်နယ်  တစ်လုံးတစ်လေမျှထွက်မလာပေ။

" ရှိုင်း ပြောစရာရှိရင်ပြောလေ နင့်စကားက ဟိုလှည့်ဒီလှည့်နဲ့"

" ဖြူစိတ်မဆိုးနဲ့နော် "

" အခြေအနေအရပေါ့ "

" ဒါဆိုလည်း စိတ်ဆိုးလို့ရတယ် မခေါ်မပြောဘဲမနေနဲ့နော် "

" အင်းပါ ရှိုင်းရဲ့ ပြောမှာသာ ပြောစမ်းပါ "

" သေချာနားထောင်နော် ဖြူ ကိုယ်တစ်ကယ် လေးလေးနက်နက်နဲ့ပြောမှာ "

" အင်းလို့ "

ကျွန်တော်ရှေ့က အမျိုးသမီးလေးကတော့ မျက်လုံးအဝိုင်းသားနှင့် စူးစမ်းလိုသည့်မျက်ဝန်းများက အထင်းသား။

" ကိုယ်လေ ဖြူ့ကို သူငယ်ချင်းသံယောဇဉ်ထက် ပိုနေမိပြီထင်တယ်  ပြောရရင် ဖြူ့ကို ကိုယ်ချစ်မိနေပြီထင်တယ်"

" သွားပါ ကိုယ်တိုင်တောင် မသေချာသေးတာကို အခုမှ ထင်တယ်ဘဲရှိသေးတယ် အဲ့စကားကိုသေချာမှ ပြန်လာပြော"

" အဲ့ အဲ့လိုမဟုတ်ဘူးလေ ဖြူရဲ့ ကိုယ်ဖြူ့ကို ချစ်မိနေတာ သေချာပါပြီဗျာ ကိုယ်က မိန်းကလေးတစ်ယောက်ကို ပထမဆုံးဖွင့်ပြောဖူးတာဆိုတော့ မပြောတတ်လို့  ကိုယ်ဖြူ့ကိုတစ်ကယ်ချစ်တာပါ ကိုယ့်ကို စဉ်းစားပေးနိုင်မလားဖြူ "

"   သေချာတယ်ဆိုတာ ဘယ်လိုသက်သေပြနိုင်လဲ ပြောကြည့်"

" ဖြူ ကဘယ်လိုသက်သေပြစေချင်တာလဲ ဖြူ စိတ်တိုင်းကျ ဖြစ်စေရမယ် "

"  ဘာလုပ်ခိုင်းရင်ကောင်းမလဲနော် "

" ကျောင်း ကို ပတ်ပြေးပြရမလား ဒါမှမဟုတ် ကျောင်းသားတွေအားလုံးရှေ့မှာ ကျွန်တော် ရှိုင်းသော်တာ   မမေလွန်းဖြူကို ချစ်မိနေပါပြီဗျာ လို့အော်ပြောရမလား"

"  တော်စမ်းပါ ရှိုင်းရယ် အဲ့တာတွေက ဘာမှမဆိုင်ဘူး ဖြူ့ကို ရှိုင်းဘယ်လောက်အထိ စောင့်နိုင်လဲပြော"

" ဖြူ သာပြန်ချစ်မယ်ဆိုရင် ကိုယ် နောက်ဘ၀အထိလည်း စောင့်နိုင်ပါတယ် "

" အာ နောက်ဘ၀အထိ မကူးစေရပါဘူး ဒီဘဝတင်ပါဘဲ ၃ နှစ်ဘဲစောင့် အဲ့အချိန်ကျရင် ဖြူ ရှိုင်းအပေါ်ထားတဲ့ သဘောထားကို ပြောပြမယ်

' ဖြူကလေ လွယ်လွယ်လေးနဲ့ မချစ်ချင်ဘူး လူရွေးမှန်ချင်တယ် ချစ်ပြီးရင်လည်းမြဲချင်တယ် ကိုယ်ချစ်တဲ့လူနဲ့ဘဲ အဆုံးထိသွားချင်တယ် ဖြူ ချစ်ရတဲ့သူအပေါ် စစ်မှန်တဲ့ ချစ်ခြင်းနှင့် မေတ္တာစစ် မေတ္တာမှန်တွေဘဲ ပေးမယ် သူကလည်း ဖြူ့ကို မေတ္တာစစ် မေတ္တာမှန်​တွေပြန်ပေးနိုင်ရုံနဲ့  ဘယ်လိုအခြေအနေတွေဘဲရောက်ရောက် ဖြူ သူ့လက်ကိုမြဲအောင် ဆွဲထားမိမှာ '

ရှိုင်းက အဲ့လိုလူဖြစ်ပေးနိုင်မယ်မလား"

" အခုတောင်ဖြူ​ပြောသလို လူဖြစ်နေပါပြီဗျာ ဒါပေမယ့် ဖြူအဆင်သင့်မဖြစ်သေးဘူးဆို ၃နှစ်လည်း စောင့်နိုင်ပါတယ် တစ်ခုဘဲ အဲ့အချိန်ထိစောင့်ခိုင်းပြီးမှ   ကိုယ့်ကိုရင်ကွဲအောင်တော့ မလုပ်နဲ့နော် "

"  ဒါကတော့ ၃နှစ်တာအတွင်း ရှင့်ရဲ့ အပြုအမူအနေအထိုင်ပေါ်မှာဘဲမူတည်ပါတယ် "

" ဒါဆိုရင်တော့ စိတ်ချလိုက်တော့ ကိုယ်က ဖြူ မကြိုက်တာဘာမှ မ လုပ်ဘူး "

"အပြောနဲ့ မဟုတ်ဘဲ  အလုပ်နဲ့သာ သက်သေပြလိုက်ပါရှင်"

" ဟုတ်ကဲ့ပါဗျာ"

တစ်ယောက်နှင့်တစ်ယောက်အကြည့်ချင်းဆုံမိသည့်အခိုက် နှစ်ဉီးလုံး၏ မျက်နှာထားမှာလည်း ကြည်နူးဟန်အပြည့် ပြုံးစစမျက်နှာထားတို့က  သူတို့ နှစ်ယောက်သားထိုင်နေသည့် ဝိုင်းလေးသို့ ဉီးတည်ရန် လှမ်းနေသည့် ခြေလှမ်းတစ်စုံကို လာရာလမ်း ပြန်လှည့်သွားစေလိုက်သည်ကိုတော့  နှစ်ဉီးလုံး သတိမထားမိလိုက်ကြပုံပင်။

အခန်းထဲတွင်နှစ်ယောက်လုံးရှိမနေသောကြောင့်  ကန်တင်းထဲရှိ သူငယ်ချင်း၃ယောက်ထိုင်နေကျ ဖြစ်သည့်  ရည်မွန် ကန်တင်း၌သာ ရှိမည်ထင်သဖြင့် သွားရောက်ရှာဖွေမိလေခြင်း။ မိမိထင်သည့်အတိုင်းပင် ရှာဖွေနေသည့် လူနှစ်ယောက်မည်သည် ရှိပေ၏ ။ဆောင်းဉီးမနက်ခင်းအတွက် လုံလောက်သည့် နွေးထွေးမှုပေးနိုင်သည့် အပြုံးလေးကလည်း ရင်ကို နွေးထွေးစေသည့်အလား ဆီးလို့ကြိုနှင့်နေပြီးသား။

သို့သော်ငြားနှလုံးသားတစ်ခုလုံးကို ချက်ချင်းဆိုသလို ရေခဲရိုက်လိုက်နိုင်သည့်အရာက  တစ်ခုတည်း  တစ်ခုတည်းပါ  ကိုယ်တိတ်တခိုးချစ်နေရတဲ့ လူသားလေးက  ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်ကို ချစ်ခွင့်ပန်နေလေခြင်း။

မည်သို့ပုံစံနှင့် သူရှေ့ရောက်အောင်သွားရမည်နည်း ။ ခြေလှမ်းတို့လည်း ဆက်မလှမ်းချင်တော့ပါ  မိမိကိုယ်ကို သတိပေးနေမိသည့်အရာက သူမမြင်ခင် ပြန်လှည့်လိုက်တာကောင်းမည်တဲ့လေ။

ကျွန်တော်တို့ ချစ်မိသွားတဲ့သူမှာလည်း သူတစ်ကယ်ချစ်ရတဲ့သူရှိနေနိုင်တာဘဲလေ ကျွန်တော်အတွေးအခေါ်နည်းသွားတယ်

" ကိုယ်က ပြိုင်မျဉ်းနှစ်ကြောင်းကို  ဆုံမှတ်တစ်ခု မှာ ဆုံစေနိုင်ဖို့ မျှော်လင့်နေခဲ့သူမျိုး ဒီပုစ္ဆာအတွက် အဖြေက တစ်ခုတည်းပါ

' ပြိုင်မျဉ်းနှစ်ကြောင်းအတွက် ထောင့်ဖြတ်မျဉ်းတစ်ကြောင်းတည်းကသာ သွယ်တန်းထိစပ်စေနိုင်ပါတယ် '
တဲ့ "
" ဘယ်တတ်နိုင်ပါ့မလဲ အရာရာဟာ ဇာတ်ဆရာ အလိုကျပေါ့ ကိုယ့်မှာ နည်းနည်းလောက်ရောင့်တက်ခွင့်လေးတောင် မရှိခဲ့သလို ရှိခဲ့ရင်လည်း ကိုယ်ရောင့်တက်မိမှာ မဟုတ်ပါ .မင်းကိုသိပ်ချစ်တာမို့ မင်းမျက်နှာလေးညိုးသွားမှာကို ကိုယ်မကြည့်ရက်ဘူး "

ပုံမှန်လိုပင်  ကျောင်းသားများအပြည့်နှင့် စာသင်ကျောင်း၀င်း ဖြစ်သော်လည်း  ယခုများတော့  တစ်ယောက်တစ်လေမျှပင် ရှိသည်ဟု အာရုံမထားမိ။

ယနေ့မှ မိမိခြေထောက် တစ်စုံကလည်း သယ်ရတာ အလွန်ပင်လေးလံနေသယောင်..

လေးလံနေတာ မင်းရဲ့ခြေထောက်လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးမိတော့ ' မဟုတ်ဘူး တစ်ကယ်တမ်း လေးလံထိုင်းမှိုင်းနေတာ  မင်းရဲ့ နှလုံးသားလေး 'တဲ့

ဟုတ်ပါရဲ့ ။ ကိုယ့်နှလုံးသားလေးထဲမှာ  ၀မ်းနည်းစရာ တွေက နေရာယူထားကြပုံဘဲ  ပြန်တွေးမိလေတိုင်း နာကျင်ရလိုက်တာ ။ယောင်္ကျားကြီးတန်မဲ့ မျက်ရည်တောင် မထိန်းနိုင်ခဲ့တဲ့ဖြစ်ခြင်း။

အချစ်က ပူလောင်တယ်လို့ ကိုယ်ကြားဖူးတယ်
အဲ့စကားကကိုယ့်အတွက်တော့  လိုအပ်ချက်တွေရှိနေသေးတယ်
တစ်ကယ်တမ်းပူလောင်စေတာ စိတ်ကို  နှလုံးသားလေးကတော့ ရေခဲရိုက်ခံလိုက်ရသလိုပါဘဲ အေးခဲသွားတဲ့ နှလုံးသားလေးအတွက် ရင်ခုန်သံဆိုတာ ရှိနိုင်ပါ့အုံးမလား

ကိုယ်ရဲ့နှလုံးသားလေးကတော့ ရေခဲတိုက်ထဲ အသွင်းခံလိုက်ရပြီထင်တယ် အချစ်ရယ်  တစ်ကယ်ကို ဘာသံမှမကြားရတော့ဘူး  °

ဘယ်အချိန်က မင်းကို ချစ်မိသွားခဲ့တာလဲ ကိုယ်  ကိုယ်တိုင်လည်း အဖြေရှာမရ ။အချိန်ကာလ က အရေးမကြီးပါဘူး ကိုယ်မင်းကို ချစ်မိသွားခဲ့တယ်  ဒီလိုပါဘဲ မင်းကိုယ်တိုင်ကလည်း တခြားတစ်ယောက်ကို ချစ်မိသွားပြီ  အဲ့ဒီအချိန်ကတည်းက ကိုယ့်ဖြစ်တည်မှုက အပိုလူသပ်သပ်ပါဘဲ °

မင်း ရဲ့ချစ်ခြင်းတရားက သဘာဝကျပါတယ် အချစ်ရယ်  ကိုယ့်ရဲ့ချစ်ခြင်းတရားကသာ သဘာ၀တရားကို လွန်ဆန်နေတာ

သဘာဝတရားကြီးက  အရမ်းအာဏာကြီးတယ်အချစ်ရဲ့  သူ့ကိုလွန်ဆန်ရင် ကိုယ်တို့နှစ်ယောက်လုံးကို  လူတိုင်းက ရှုတ်ချကြလိမ့်မယ် သူ့ရဲ့ အမိန့်က ကိုယ်အတွက်တော့ သိပ်ပြဿနာမရှိပေမယ့် ကိုယ်သိပ်ချစ်ရတဲ့ မင်းကတော့ ခံနိုင်ရည်ရှိမယ်မထင်ဘူး

ဒီအတိုင်းလေးဘဲကောင်းပါတယ် 
သူများတွေ မေးလာရင် ကိုယ်တို့ နှစ်ယောက်က  ညီအစ်ကို အရင်းတွေလို ချစ်ကြတဲ့သူငယ်ချင်းတွေပေါ့
ကိုယ့် ကိုယ်ကို ပြန်မေးရရင် တော့   ကိုယ်သိပ်ချစ်ရတဲ့ အမျိုးသားလေးနားမှာ တွယ်ကပ်ချင်နေမိတဲ့  သူတစ်ယောက်ပေါ့

သဘာဝတရားကြီးရဲ့ စည်းမျဉ်းရယ်  မင်းရယ်  မင်းချစ်တဲ့သူရယ် နဲ့တင် ကိုယ့်ရဲ့ အချစ်ပုံပြင်လေးက မစရသေးဘဲ အဆုံးသတ်နေပါပြီအချစ်ရယ်။

___________

ကျွန်တော်နဲ့ ဖြူပြန်လာတော့ Nikကမရောက်သေးပေ

ခါတိုင်းလည်း အတန်းချိန်နောက်ကျတဲ့သူမို့   အထွေထူးလုပ်ပြီးတော့  လိုက်မရှာဖြစ် အတန်းထဲ၌သာ ထိုင်စောင့်နေလိုက်၏။

သို့သော် အတန်းချိန် ၃ချိန်ပြီးသည်အထိ ပေါ်မလာသဖြင့်  စိတ်ထဲတော့ ဟိုစဒီစတွေးမိ၏။

"နေမကောင်းလို့များလား"

" အိမ်နဲ့များ ပြဿနာဖြစ်လို့လား"

Nikကျောင်းပျက်သည့်အကြောင်းတွေးကြည့်စရာအခြားမရှိ။ စာစိတ်မ၀င်စားသော်လည်း နေမကောင်းလျှင်တောင် ကျောင်းပျက်ခဲသည့်သူ။ မိသားစုနှင့်အမြဲ တဂျက်ဂျက်ဖြစ်နေသူဖြစ်သောကြောင့်  သူတော်တော် စိတ်ရှုပ်သည့်နေ့မျိုးဆို ကျောင်းမလာပေ ။ဒီနှစ်ချက်ကြောင့်သာ သူကျောင်းပျက်တာ များ၏။

မနေ့ကမှ အကောင်းအတိုင်းတွေ့နေတဲ့သူက ရုတ်တရက်ကြီးဖျားတာတော့ မဖြစ်နိုင်။မိသားစုနှင့် ပြဿနာဖြစ်သည်ဆိုရအောင်လည်း သု့မိဘနှစ်ယောက်လုံးက ပြင်ဉီးလွင်ဘက် သို့ တစ်လနီးနီးခရီးထွက်မည်ဟု ဆိုထား၏။ သူ့မိလတွေသွားတာဖြင့် တစ်ပတ်ပင်မပြည့်သေးသောကြောင့် မိသားစုပြဿနာလည်းမဖြစ်နိုင်ပေ။
ဘာကြောင့်လဲဆိုတာမစဉ်းစားတတ်တော့ပေ။

သူကျောင်းမလာသည့် နေ့ဆို ကိုယ့်ကို အ မြဲဖုန်းဆက်ပြောနေကျ။ ဒီနေ့တော့ စာမလာ အကြောင်းမကြားနှင့်မို့ စိတ်ထဲသိပ်ဘဝင်မကျပေ။ ထို့ကြောင့်   အိတ်ကပ်ထဲမှ ဖုန်းထုတ်ကာ  Nik ဆိုသည့်  Contactလေးအား ခေါ်လိုက်၏။

တွီ. . . .

တွီ. . ....

တွီ. . . . .

လူကြီးမင်းခေါ်ဆိုသော

" ကျစ်! ဖုန်းတောင်မကိုင်နိုင်အောင် ဘာဖြစ်နေလို့လဲ ဒီကောင်"
တစ်ယောက်တည်း မကျေနပ်စွာရေရွတ်ရင်း ထို Contactလေးအားနောက်တစ်ကြိမ် ထပ်မံထိတို့လိုက်မိ၏။

Ring. . . . . .

ဖုန်းRingtoneသံ က အဆက်မပြတ်ပေ ။
Screenပေါ်က Contactလေးကြောင့်  ဖုန်းကို ခပ်ဝေးဝေးတွင် ပစ်တင်ထားမိခြင်း။

စိတ်ဆိုးခြင်းမဟုတ်။ စိတ်နာခြင်းမဟုတ်။

မဝံ့မရဲဖြစ်နေခဲ့ခြင်း။ ကြောက်နေခဲ့ခြင်း။

မင်းရဲ့အသံနဲ့ ရှိုင်းဆိုတဲ့ နာမ်နဲ့ ကို ထပ်ပြီးတွယ်ငြှိမိမှာကြောက်သလို  တစ်နေ့နေ့ တစ်ချိန်ချိန် မင်းကိုယ်တိုင် ပြောပြလာမယ့် အကြောင်းအရာအတွက် ကိုယ့်မှာ ကြောက်စိတ်တွေရှိနေသေး။

Volume Keyကိုသာ နှိပ်လိုက်၍ ဖုန်းသံအား တိတ်ဆိတ်သွားလိုက်စေခြင်း။

'လူကြီးမင်းခေါ်ဆိုသော . . .

" ကျစ် ဒီကောင်တော့ ဘာဖြစ်နေတာလဲမသိဘူး"

စုပ်သပ်သံတစ်ချက်နှင့်အတူ  စိတ်ထဲဘဝင်မကျမှုတို့ကို မြိုသိပ်လိုက်ပြီး

' ညနေဆေးရုံကပြန်မှ သူ့အိမ်ဘက် လှည့်ဝင်တော့မယ်' ဟုသာတွေးလိုက်မိ၏။

________

ညလယ်ခေါင် ဖြစ်ပေသော်လည်း နယူးယော့ခ်လို အနောက်နိုင်ငံမှာတော့ ညပျော်တွေက တစ်ပုံတစ်ပင်။

S&S Bar

နယူးယော့ခ်ရှိ  နာမည်ကြီးဘားများထဲမှ တစ်ခုဖြစ်သည့် S&S ဘား

သတင်းသမားတော်တော်များများရဲ့ သတင်းဌာနေ တစ်ခုဖြစ်သည့် အလျောက် နှုတ်ကျွံသူတို့ရဲ့ အဆုံးသတ်နိကာမ နေရာတစ်ခုဖြစ်ပေသည်။

ဆယ်ကျော်သက်လူငယ်တွေ အပါအဝင် ဘား၌ရှိနေသူ တော်တော်များများက  အမှောင်ဂိုဏ်းဝင်များဖြစ်ကြပေသည်။

သို့ပေသည့် သတင်းနိုက် သတင်းဖြန့်မည့် သူများကလည်း အရောအနှော ပါဝင်နေသည်က မဆန်းပေ။

ဆေးလိပ်ကို  ခပ်ငြိမ့်ငြိမ့် ရှုရှိုက်နေသူတွေ

ခန္ဓာကိုယ်ရဲ့ ကောက်ကြောင်း စင်းလှ အသွယ်သွယ်ကို ရင်ဖိုလောက်အောင် ဖော်ဟိုက်ထားတဲ့ အမျိုးသမီးတွေကလည်း  ဝိုင်းတိုင်းအလိုလိုပင် ။

Sofaထက်၌ ပုံပျက်ပန်းပျက် ရစ်မူးခံစားနေကြသူတွေ

Djကလည်း ကြမ်းကြမ်း ခုန်ပေါက်ကခုန်မှုတွေလည်း Djနှင့်အညီ ပြိုင်ကနေကြသည်ဟုမှတ်ရပေမည်။

Dancing floorမှ ကခုန်နေသည့်လူများကြား မနည်းတိုးတိုက်လာခဲ့ရပြီး Dancing Floorအလွန်မှာတော့   ခပ်တောင့်တောင့် လူကြီးများက  တံခါးပေါက်၌ လက်ချိတ်လျက်သား သတိအနေအထားဖြင့်  သာ မလှုပ်မယွရပ်နေ၏။

အနက်ရောင် ဝတ်စုံနှင့်တောင့်တောင့်ဖြောင့်ဖြောင့်အမျိုးသားနှစ်ယောက်ကတော့ အခန်းထဲသို့မဝင်မှီ အပေါက်၀မှ လူသန်ကြီး၏ လက်တစ်ဖက်က ပုခုံးထက်သို့  တားလိုက်ဟန် တင်လိုက်သောကြောင့်  ဆောင့်ကနဲလှန်ကြည့်လာသည့် မျက်၀န်းက  လူသတ်တော့မည့်ဟန်။

လူသန်ကြီးပြောလာသည်က
"Lower your gaze"

မင်းရဲ့အကြည့်တွေပြင်/ချိုးနှိမ်ထားလိုက်လို့ပြောတာပါ

(မြန်မာလိုဘဲရေးပေးလိုက်ပါတော့မယ် Translaterပါ လုပ်နေရမှာစိုးလို့ပါ)

ပုခုံးပေါ်က လက်တစ်ဖက်ကို  အကြည့်လွှဲပြလိုက်တော့ ခပ်ထေ့ထေ့ပြုံးကာ သူ့လက်သူ ပြန်ရုတ်သွား၏။
အခန်းထဲတွင်တော့  ‌ခပ်ဟော့ဟော့အမျိုးသမီးနှစ်ယောက်ကို ပုံပျက်စွာ ထိတွေ့နမ်းရှုတ်နေသည့် အမျိုးသားက လူဝင်လာသည်ကို သတိထားမိတော့  စီးကရက်ညှပ်ထားသည့် လက်တစ်ဖက်ဖြင့်  ကြိုဆိုဟန်လှမ်း၍မြှောက်ပြလာ၏။

ထိုအမျိုးသားက တစ်ဖက်ကအမျိုးသားထိုင်လိုက်သည်နှင့် တစ်ဆက်တည်းဆိုလာ၏။

"  သောက်လိုက်အုံး ကိုယ့်လူ"

" ငါသောက်ဖို့လာတာမဟုတ်ဘူး"

"ဝိုး ကိုယ့်လူ လူမှူရေးမသိတာလားကွ"

"စကားမများနဲ့ ငါလိုချင်တဲ့ သတင်းသာပေးစမ်းပါ
"
"ဆန္ဒမစောနဲ့ မင်းလိုချင်တဲ့သတင်းကိုပြောမှာပါကွ"

" ‌Honey လေးတို့  ကိုယ်တို့စကားပြောစရာရှိလို့ " 

အရိပ်အကဲသိသူများဖြစ်ပေလိမ့်မယ် ဆိုလိုရင်းကိုတန်းသိ၏။

ထိုအမျိုးသမီးနှစ်ယောက် ထွက်သွားတော့မှ ထိုအမျိုးသားက စကားစဆိုလာ၏။
" မင်းက မုဆိုးကြီးကြီး မျက်စိကျတာခံနေရတာဘဲ"

" ငါသိချင်တာသူ့အကြောင်း ငါ့အကြောင်းကို လာပြန်မပြောပြနဲ့"

" အရမ်းအလောကြီးတာဘဲ"

". ......"

စီးကရက်ကို  ခပ်ဖြေး‌ဖြေးရူသွင်းလိုက်ပြီး  စက္ကန့်ပိုင်းအတွင်း ခပ်ဖြေးဖြေးပင် ပြန်လည်ဖွှာထုတ်လာပြီးမှ စကားဆက်လာ၏။

" သူရဲ့လုပ်ငန်းပိုင်ဆိုင်ရာတွေတော့ မင်းသိထားတယ်မလား?"

" သိတယ် သူ့ရဲ့ပုံနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေဘဲ သိချင်တယ်"

"ပုံကတော့  မရနိုင်ဘူး သူ့ရဲ့ နာမည်အရင်းက  ဘိုးလ်မန်း အသက်က၂၄  ပြင်သစ်ဗမာ လူမျိုးစပ်  မိဘမရှိဘူး ငယ်ငယ်ကတည်းက သူ့မိဘတွေဆုံးသွားပြီလို့သိထားတယ် မြန်မာနိုင်ငံမှာရှိတဲ့ သူ့‌ဦးလေးကြောင့် စီးပွါးရေးလောကထဲ ဝင်နိုင်ခဲ့တာ"

" ငါအဓိက လိုချင်တာ သူ့ပုံ"

" အဲ့တာတော့ သူ့အမေဘဲသိလိမ့်မယ်  ငါတို့စုံစမ်းလာတာ ဆယ်စုနှစ်နဲ့ချီနေပြီ"

" နီးစပ်ရာ တွေးကြည့်လို့ရမည့်ပုံစံလေးဘာလေးမသိကြဘူးလား"

" ဆံပင်‌နဲနဲကောက်တယ်  ဒါတောင်သူဟုတ်မဟုတ်မသေချာဘူး"

" ကျစ် မင်းတို့စုံစမ်းလာတာဘာလဲ ဒီအကြောင်းဘဲလား ဖျင်းတာကွာ"

"  ခွေးစကားမပြောနဲ့"

ထိုင်နေသောအမျိုးသားထံမှ ချိန်ဆလာသော သေနတ်နှင့်အတူ  အခန်းထဲရှိသူ့လူများကလည်း ဟိန်းစက္ကတို့နှစ်ယောက်ထံ မောင်းတင် ဉီးတည်ထားလျက်သား။

" အို့ မှားသွားမယ် Bro မင်းရောက်နေတာ သူပိုင်တဲ့ဘား မုဆိုးကြီးရဲ့ပိုင်နက်ထဲမှာ လူသတ်တော့မလို့လား"

ပုခုံးနှစ်ဖက် တွန့်ပြကာ ပြန်ခြောက်ဟန် ခပ်ဟဟဆိုလိုက်တော့ ကြောက်သည်ထင်၏။သေနတ်ကိုင်ထားသည့်   ပြန်ချလိုက်သော လက်နှင့်အတူ  သူ့လူများ၏ ချိန်ရွယ်မှုတို့ကလည်း ပျောက်ပြယ်သွား၏။

" စကားအပြောအဆိုဆင်ခြင် ဘိုးလ်မန်းက  လမ်းဘေးကကောင်မဟုတ်ဘူး "

" လမ်းဘေးကကောင်မဟုတ်လို့ အဲ့ကောင်အကြောင်းသိချင်နေတာလေ မင်းတို့သိလာတာက  မှတ်ပုံတင်ကဒ်တောင် လုပ်လို့မရဘူးကွ"

" တစ်နေ့နေ့သိရမှာပါ စိတ်ပူမနေစမ်းပါနဲ့ ဘိုးလ်မန်းဆိုတဲ့ကောင်က ရန်သူရှားတယ် ရှိတဲ့ရန်သူတိုင်းကလည်း သူ့လက်ထဲမှာ ကိစ္စတုံးသွားတဲ့ကောင်တွေချည်းဘဲ"

" စောက်စကားကို အရည်မရ အဖတ်မရတွေပြောနေပြန်ပြီ ီးဘဲ"
"  ငါကသေချာလို့ပြောတာ မင်းစောင့်ကြည့်လိုက်"

ဒီတစ်ခါ ထသွားတော့ ထိုအမျိုးသားနှင့်အတူ သူလူ့များပါ လိုက်ထွက်သွားကြသဖြင့် ဟိန်းစက္ကတို့ ဆရာတပည့် နှစ်ယောက်သာ အခန်းထဲတွင် ကျန်ခဲ့၏။

" တောက်ခ် ဘယ်လိုလူမှန်းမသိဘူးကွာ ပေးထားတဲ့စောက်ဆံမျက်နှာမှ မထောက်"

" ရှင်းပစ်လိုက်ရမလားBoss"
"ထားလိုက်အုံး အဲ့ကောင်တွေလောက်နဲ့ စောက်လုပ်အရှုပ်မခံနဲ့"

ခပ်ကြမ်းကြမ်းသက်ပြင်းချသံ၏နောက်

" ဘာရန်ငြိုးတွေရှိလို့ ဘိုးလ်မန်းဆိုတဲ့လူရဲ့ပစ်မှတ်က ငါလဲ"

" တော်တော် ကိုယ်ရောင်ဖျောက်နိုင်တဲ့ကောင်ဘဲ"

ဟုတ်ပေ၏။ ဘိုးလ်မန်းဆိုတဲ့လူအကြောင်း ကိုမြန်မာနိုင်ငံကတည်းကစုံစမ်းလာခဲ့ခြင်းဖြစ်ပေသည်။ သို့သော်  ခုနကလူပြောသွားသည့် အကြောင်းအရာများသာထပ်နေလေပြီ။တခြားမည်သည့်အကြောင်းအရာများ ပိုမသိရ၍ ဟိန်းစက္ကတစ်ယောက်တော်တော် စဉ်းစားရခက်နေခြင်းဖြစ်သည်။

"  ဘိုးလ်မန်း မင်း လိုက်တဲ့သားကောင်က မုဆိုးတစ်ယောက်ဖြစ်နေတယ်ဆိုတာ တစ်နေ့တော့သိရလိမ့်မယ်"
______

လူချမ်းသာ ရပ်ကွက်လို့ဆိုရပေမည်။
အိမ်ကြီးအိမ်ကောင်းများသာရှိသည့် ရပ်ကွက်၏တစ်နေရာ   RCနှစ်ထပ်တိုက်လေးရဲ့ ရှေ့ရောက်တော့ Taxiသမားက ရပ်ပေးလာ၏။

Taxiသမားထွက်သွားမှ ထိုအိမ်၏ ဝင်ပေါက်ရှိရာသို့ဉီးတည်လိုက်ပြီး လူခေါ်ဘဲလ်အား နှစ်ချက်မျှဆင့်တီးလိုက်၏။

ခေတ္တအကြာမှာတော့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ပြေးလာ၏။တခြားလူမဟုတ် ခြံထိန်း ကိုစိုးဖြစ်သည်။

" ဘယ်သူ့တွေ့ချင်လို့လဲဗျ့"

" Nikရှိလားဗျ့ သူဒီနေ့ကျောင်းမလာလို့ပါ"

" အကိုလေး ဂျော့ခ်လား ရှိပါတယ်
ဘယ်သူလို့ပြောလိုက်ရမလဲဗျ့" 

" ရှိုင်းသော်တာလို့ ပြောလိုက်ပါဗျ့"

" ဟုတ် သူအားလားမသိဘူး ကျွန်တော်သွားမေးပေးပါ့မယ်ခနလေးစောင့်ပေးပါ "
"ဟုတ်"

ထိုသို့ပြောကာ ခြံတံခါးလေးတောင် ဖွင့်ပေးမသွား သူ့သူငယ်ချင်းအရင်းကြီးဘဲ သူမအားလည်း ထွက်တွေ့မှာကို  လူမှုရေး ညံ့ဖျင်းလိုက်တဲ့ ခြံစောင့်လို့သာ စိတ်ထဲက ရေရွတ်နေမိတော့သည်။

ဒေါက်. . .

"ဝင်ခဲ့"
" အကိုလေးကို ရှိုင်းသော်တာဆိုတဲ့လူက တွေ့ချင်လို့ပါတဲ့"

" ဟမ် ရှိုင်း ရှိုင်းကလေ အခုဘယ်မှာလဲ"

" အိမ်ရှေ့မှာ စောင့်နေပါတယ်ဗျ့"

" အိမ်ထဲဝင်ထိုင်ခိုင်းလိုက်လေ ဘာလို့ရပ်စောင့်ခိုင်းထားတာလဲ "

" ဟုတ်ကဲ့ အကိုလေး"

" နေအုံး ဧည့်ခန်းထဲက Airconကိုအ‌ေအးလျှော့ထား ငါအခုလာခဲ့မယ်လို့ပြောလိုက်"
(ရှိုင်းသော်တာက အအေးဒဏ်မခံနိုင်တဲ့သူမို့ပါ)

" ဟုတ်ကဲ့ပါ အကိုလေး"

ကိုစိုးထွက်သွားပြီးသည်နှင့် မိမိမျက်နှာကို မှန်ထဲတွင်ကြည့်လိုက်မိတော့ မျက်လုံးနှစ်ဖက်က ငိုထားမှန်းသိသာနေ၏။ မို့မောက်ကာ တော်တော်ပုံပျက်နေသဖြင့် ရေအေးအေးဖြင့် မြန်မြန်သန့်ရှင်းလိုက်ကာ ဆံနွယ်တို့ကို ပုံကျအောင်  အနည်းငယ်ဖီးကာ အိမ်အောက်ထပ်သို့ ပြေးဆင်းလာခဲ့လိုက်၏။

ဘာကြောင့်မှန်းမသိပါ သူလာတွေ့တော့ ပျော်ရပါ၏။ တစ်ခါမှမတွေ့ဖူးတာလိုပင် ရင်လည်းခုန်ရ၏။ တစ်ကယ်တစ်ကယ် ဒီစိတ်လေးကြောင့် ရူးရတော့မှာ။

ဧည့်ခန်းတွင်တော့ မိမိအတွေ့ချင်ဆုံးသောသူက နဂါးမျက်စောင်းလေးနှင့် စောင့်ကြိုနေ၏။

" ရှိုင်း ဘယ်လိုလုပ်  အာ့

လှေကားများပင် ဆုံးအောင်မဆင်းရသေး  ဧည့်ခန်းထဲမှ  ဆရာသမားက ထလာကာ နားရွက်ကို ခပ်ကြမ်းကြမ်းဆွဲကာ ခေါ်လာခြင်းကြောင့် ဧည့်ခန်းထဲသို့ ခေါင်းမထောင်နိုင်ဘဲရောက်လာခြင်း။

" အာ့ နာတယ် ‌ရှိုင်း လွှတ်အုံးဟ"

ထိုသို့ ပြောလိုက်တော့ ဆောင့်ကနဲ တစ်ချက်ဆွဲလိမ်ကာ လွှတ်ပေးလာ၏။

" ပြောစမ်းပါအူံး  
နဖူးသို့ လက်ဖမိုးလေးဖြင့် တစ်ချက်စမ်းကာ

" နေလည်းကောင်းပါတယ်  ဘာလို့ကျောင်းပျက်တာလဲ"

" ငါပြောပြရမှာလား "

" ဆင်ခြေတွေ ပေးပါအုံး "

" မင်းကလည်း ငါတစ်ကယ်တော့ အသည်းကွဲနေတာ"

ကျွန်တော့်စကားကြောင့် အံ့ဩသွားပုံပင် ။

"  ဟမ် မင်းမှာကောင်မလေးရှိတာလား ငါတောင်မသိလိုက်ရပါလား"

" ဟာ မင်းကလည်းကွာ ကောင်မလေးရှိမှ အသည်းကွဲရမှာလားကွ ရည်းစားတောင်မဖြစ်သေးဘူး"

" ငါသိပြီ မင်းကဘဲ တစ်ဖတ်သတ် လိုက်ကြိုက်နေတာ "

" အင်း အဲ့လိုဘဲ"

" ပြောပါအုံး ဘယ်လိုဖြစ်တာတုန်း"

တော်တော်သိချင်နေပုံရသည်။ ဘေးနားသို့ တိုးထိုင်လာကာမေးတော့သည်။

" သူက တစ်ခြားတစ်ယောက်ကို ကြိုက်နေတယ်လေကွာ"

" ဒါများကွာ   မသိရင်ဟိုက လင်ယူသွားတဲ့အတိုင်း"

"မင်းကလည်းကွာ အဲ့လိုတော့ မပြောနဲ့ ငါကသူ့ကိုအရမ်းချစ်တာကွ သူကိုယ်တိုင်က တစ်ခြားတစ်ယောက်ကို ချစ်တယ်လို့ဝန်ခံနေတာကို မြင်ရတာနဲ့တင် ငါရင်ကွဲမတတ်ဘဲကွ"

" ဒါနဲ့ ငိုလိုက်တယ်ဆိုပါတော့"

" အင်း မထိန်းနိုင်လို့"

" ဟား မင်းကအသည်းနုတာဘဲ "

ခပ်ဟဟရယ်လာသူက ကျွန်တော့်ကိုလာလှောင်နေသလိုပင်။ မည်သူ့ကို ရည်ရွယ်ပြီးပြောနေမှန်းမသိသေးပုံဘဲ။

" တစ်ကယ်ချစ်မိသွားလို့ပါကွာ"

သူ့မျက်လုံးတည့်တည့်ကို ကြည့်ပြီးပြောလိုက်တော့ ထပ်မံရယ်သွားကာ ပြောလာသည့်စကားက ကျွန်တော့်ကို တွေဝေသွားစေ၏။

" တစ်ကယ်ချစ်ရင် ရအောင်ဖွင့်ပြောပေါ့ကွ မင်းသာ တစ်ကယ်ချစ်ရင် သူလက်ခံဖို့ ခဲယဉ်းမှာမဟုတ်ဘူး"

ပြောလိုက်ချင်ပါသည် ။တစ်ကယ်ချစ်တယ်ဆိုတာထက် ပိုပြီးထိရောက်တဲ့ အဓိပ္ပာယ်သာရှိသေးရင်။ မင်းပြောတဲ့သူကတော့ကိုယ့်ကို လက်ခံဖို့မခဲယဉ်းလောက်ပေမယ့် ကိုယ်ပြောမယ့် မင်းကတော့ ကိုယ့်ကိုလက်ခံဖို့ခဲယဉ်းလိမ့်မယ်။

" မင်းပြောသလောက်မလွယ်ပါဘူးကွာ အခုတောင်သူက တခြားတစ်ယောက်ကို ချစ်နေပါတယ်ဆို"

" အင်း သူတို့ကရည်းစားတွေဖြစ်သွားပြီလား "

" မဖြစ်သေးဘူး"

ကျွန်တော့်ပုခုံးကို ခပ်ကြမ်းကြမ်းရိုက်ကာ ပြောလာပုံက ကျွန်တော့်စကားကို အားရသွားပုံပင်။

" ငါပြောချင်တာ အဲ့တာဘဲကွ  သူ့မှာရည်းစားရသွားရင်တောင်မင်းမှာ ကြိုးစားခွင့်ရှိသေးတယ်ကွာ  သူ့မှာ ကာမပိုင်မရှိသေးခင်အထိမင်းကြိုးစားလို့ရတယ် သားရီး"

ပြောတတ်လိုက်တာနော်။ ကိုယ်ချစ်မိနေတဲ့သူက ဘယ်သူမို့လို့ အဲ့လောက်ပေါ့တန်တန်တွေးရမှာလဲ။ကိုယ်ချစ်သလို ကိုယ်သံယောဇဉ်တွယ်မိသလို မင်းလည်း ဖြူ့ကို ချစ်မှာဘဲ သံယောဇဉ်တွယ်မိမှာဘဲ   ကိုယ်တို့ခင်လာတာဘယ်နှနှစ်မို့လဲ မင်းလည်းသူ့ကို တစ်ကယ်ချစ်မိတာမျိုးဖြစ်နိုင်တာဘဲလေ။ ပြောသလောက်မလွယ်ပါဘူး အချစ်ရာ။

"   တော်ပါပြီကွာ ငါတော့ သူပျော်တာဘဲမြင်ချင်တာ ငါကြောင့်သူစိတ်ဆင်းရဲမှာ မမြင်ချင်ဘူး"

" မင်းကလည်းကွာ သူချစ်တဲ့လူက မင်းဖြစ်နေရင် သူမင်းအနားမှာ ရှိနေတိုင်းပျော်ရွှင်နေရလိမ့်မယ် အဓိက ကသူမင်းကို ချစ်လာဖို့ဘဲလိုတယ်"

ကိုယ်ဘယ်သူ့ကို ရည်ရွယ်ပြီးပြောနေတာလဲဆိုတာ သိရင် မင်းရဲ့ နှုတ်ခမ်းဖျားလေးက  ဒီလိုစကားတွေအစား  ကိုယ်မတွေးရဲတဲ့ စကားလုံးကြမ်းကြမ်းတွေ ပြောလာမှာမဟုတ်လား။ မသိတာဘဲကောင်းတယ်။ ဒီအတိုင်းလေး မင်းပျော်နေတာလေးငေးလိုက် ကိုယ့်ရင်ခုန်သံတွေကို မင်းမကြားအောင် ထိန်းလိုက်နဲ့ဘဲ ဘဝကို အဆုံးထိလျှောက်သွားမယ်။

" မင်းငါ့ကို ချစ်လား ရှိုင်း"

"ဟမ် "

" သဘောရိုးနဲ့မေးတာ မြန်မြန်ဖြေ"

ကိုယ်မရိုးသားတာ ကိုယ်သိနေရင်ရပြီ ။မင်းသိစရာမလိုဘူးအချစ်။

"ချစ်တာပေါ့ကွ မင်းက ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းဘဲ"

" ဘယ်လိုဘဲချစ်ချစ် မင်းချစ်နေရင်ရပြီ ငါမှာ မင်းရှိနေသေးသရွေ့ မပြိုလဲတော့ဘူး"

သူငယ်ချင်းဆိုတဲ့ စကားလုံးလေးကို ကိုယ်မကြားခဲ့သလို သတ်မှတ်လိုက်မယ်။

' အို ဘုရားရေ ဒီနေ့ရှိုင်းကလေ  ကျွန်တော့်ကို ချစ်တဲ့အကြောင်းဖွင့်ပြောခဲ့တယ်'

ကိုယ့်စိတ်နဲ့ကိုယ် ကြိုက်သလို သတ်မှတ်ခွင့်ရှိတယ်မလား။ ကြိုက်သလို ချန်လှပ်နိုင်တယ်။ ကြိုက်သလို တိုးထည့်နိုင်တယ်။ ကိုယ့်စိတ်ကို မင်းမှ မမြင်နိုင်ဘဲ။မြင်နိုင်ရင်လေ ကိုယ်နည်းနည်းလေးမှတောင် ရောင့်တက်မိမှာ မရိုးမသားဖြစ်မိမှာမဟုတ်ပါဘူး အချစ်ရယ်။

" ငါလည်း မင်းကို အရမ်းချစ်တယ် ရှိုင်း"

ကိုယ်ဝန်ခံလိုက်ပြီနော်။ မင်းလည်းကိုယ့်ကို ချစ်တယ်လို့ ဝန်ခံလိုက်ပြီမို့  ဘယ်လိုနည်းနဲ့မှ မင်းကို ကိုယ်လက်လွှတ်ခံမှာ မဟုတ်ဘူး။
ကိုယ့်စိတ်နဲ့ကိုယ်
ကိုယ့်သဘောနဲ့ကိုယ်
ကိုယ့်ခံယူချက်နဲ့ကိုယ်
ကိုယ့်အချစ်နဲ့ကိုယ်
ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ်
ဘယ်အရာကမှ ကိုယ့်ကိုတားဆီးနိုင်တော့မှာမဟုတ်ဘူး။ (မင်းကတော့ ခြွင်းချက်ပေါ့ )

ပြောရင်း တိုးဖက်လိုက်မိတော့ ကျောပြင်ထက်သို့  ခပ်ဖွဖွပုတ်ပေးလာသည့် လက်တစ်စုံကို ကျွန်တော် လောဘတက်မိပါတယ်။ ထိုလက်ကလေးသာ  ကျွန်တော်တစ်သက်လုံးပိုင်ဆိုင်ရမယ်ဆိုရင် တစ်ကမ္ဘာလုံးနဲ့တစ်ယောက် ယှဉ်ပြီးတိုက်ရလည်း  ရဲရဲကြီးတိုက်ရဲပါတယ်။တစ်ခုပါဘဲ ရှိုင်းသာ ကျွန်တော့်ကို ကြည်ကြည်ဖြူဖြူ လက်ခံပေးနိုင်ခဲ့ရင်ပေါ့။

" ဟျောင့် လွှတ်တော့ ငါအသက်ရှုတောင် ကြပ်လာပြီကွ"

ကိုယ့်စိတ်နဲ့ကိုယ် သာယာနေမိသူမို့ အပြုအမူအပေါ် ဤမျှလောက် အားသက်ရောက်သွားမှန်း သတိမထားမိလိုက်ပေ။

" ဒီနေ့ သင်သွားသမျှစာတွေ အကုန် ငါရှင်းပြမယ်  ဆေးရုံမှာလက်တွေ့ပြတဲ့ဟာတွေတော့ အကိုဇော်လွင်သန့်ကို ပြန်မေးလိုက်မလား"

" အချစ်သဘောအတိုင်းဘဲ"

" Nik မင်း မနက်က တစ်ခုခုများ လုပ်လိုက်မိသေးလား"

" ဟင် ဘာကိုလဲ"
" ခေါင်းကို တစ်ခုခုနဲ့များ ဝင်ဆောင့်တာမျိုးလုပ်လိုက်မိလား"

" မလုပ်မိပါဘူး  ဘာလို့လဲ"
" ‌မသိပါဘူးကွာ အသည်းကွဲပြီး အုတ်နံရံနဲ့များ ပြေးဆောင့်လိုက်သလားလို့  ခေါင်းနည်းနည်းထိထားပုံမို့ "
" အကောင်းပြောနေတယ်ထင်နေတာ ကွ "
" ဟား. .သူစိတ်ဝင်တစား နားထောင်နေရှာတာ"

ကျွန်တော့်အပြုအမူက သူ့ကို မရပ်မနား အော်ရယ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပေလိမ့်မည်။ဘယ်လိုဘဲဖြစ်ဖြစ်ပါ ကျွန်တော်ကြောင့် သူပြုံးရရင်ပျော်သလို ကျွန်တော့်ကြောင့်သူရယ်မောနေရင် ကျွန်တော်သေပျော်ပါပြီ။

အ ချစ်တဲ့
အ နဲ့ ချစ်  စာလုံးလေးနှစ်လုံးတည်းပါ။
သ ဘာ ဝ ဆိုတဲ့ စာလုံးလေးသုံးလုံးပါ
ထည့်ပေါင်း လိုက်တော့
အချစ်ဆိုတာ သဘာဝရဲ့
    စည်းမျဉ်းဉပဒေသတွေ‌ကြားထဲမှာရှင်သန်‌‌နေရတဲ့ အကျဉ်းသားတစ်ယောက်သာသာ။
သ ဘာ ဝရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မိရင်
တရားသူကြီးက ကိုယ်ချစ်ရတဲ့ မင်းဖြစ်လာပြီး
ပတ်ဝန်းကျင်က ရှေ့နေတွေဖြစ်လာလိမ့်မယ်။ကိုယ်ကတော့ တရားခံပေါ့။

ရှေ့နေတွေ ဘယ်လောက်ဘဲ ကောင်းကောင်း မင်းရဲ့ အမိန့်တစ်ချက်ပါဘဲ။ 

ကိုယ်က  သေဒဏ်ကျခံရမှာလား။လွှတ်ငြိမ်းခွင့်ရှိမလားဆိုတာ တရားသူကြီးဖြစ်တဲ့ မင်းအပေါ်မှာဘဲ မူတည်ပါတယ်အချစ်။

မင်းက ကြိုးမိန့်ဆိုရင်လည်း ကိုယ်က ကြိုးစင်ပေါ်တက်မှာပေါ့။
မင်းက ထောင်ဒဏ်ဆိုလည်း ကိုယ်က ဘယ်နှနှစ်ဘဲ ချချကိုယ့်အပြစ်နဲ့ကိုယ်ပြန်ပေးဆပ်ရတာမို့ ကျေနပ်တယ်လို့ ပြောမယ့်သူပါ။

ရယူပိုင်ဆိုင်ဖို့ အထိမတွေးပါဘူး။
ဒီလိုပါဘဲ လက်လွှတ်ဆုံးရှုံးခံဖို့လည်း မတွေးထားတာမို့ မပိုင်ဆိုင်ရရင်တောင် ဆုံးရှုံးတာမျိုးမရှိစေရဘူးလို့  ကိုယ့်ကိုယ်ကို ကတိပေးပါတယ်။

မပိုင်တဲ့သူ အဖြစ်ခံနိုင်ပါတယ်။
မဆိုင်တဲ့သူတော့ အဖြစ်မခံနိုင်ဘူးအချစ်ရယ်။

°°°°°°°°°°

ရန်ကုန်စံတော်ချိန်က  နယူးယော့ခ်စံတော်ချိန်ထက်၁၀နာရီ ၃၀မိနစ် စောပါတယ်

ဒါကြောင့်  ကျွန်တော်တို့နိုင်ငံမှာ မွန်းတည့်ချိန်ဆိုရင် နယူးယော့ခ်မှာက  ညသန်းခေါင်အချိန်လောက်ပါဗျ့

မေလွန်းဖြူ💚

Ep 14တုန်းက ဘိုးလ်မန်း အသုံးပြုခဲ့တဲ့ Lighterပါ💙

ကျွန်တော်ရေးတဲ့Ficလေးကို ဖတ်ပေးတဲ့ တစ်ဉီးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ဗျ့။🦋
ကျွန်တော့်ရဲ့ အရေးအသားအမှားအယွင်းတွေ လိုအပ်ချက်တွေရှိရင်လည်း ပြောပါဗျ့။🦋
ဒီ၀တ္ထုနဲ့ပက်သတ်တဲ့ ရောဂါတွေနဲ့ သက်ဆိုင်ရာ လုပ်ငန်းတွေအကြောင်းကို ဒီ၀တ္ထုလေးပြီးတာနဲ့ တစ်ပိုင်းသက်သက်ရှင်းပြပါ့မယ်ဗျ့။🦋

#5142_words
#Thway_Myat_Nwae
#8.10.2023(Sun)
#At 09:34pm

Continue Reading

You'll Also Like

33.5K 2K 45
Twenty-year-old Claire must deceive a vampire prince to infiltrate the monarchy and discover their secrets while resisting her desire for him. --- No...
506 128 16
Own Creation 1 "အစ်ကို ကျွန်တော့ကိုရှိမှန်းတောင်မသိတဲ့အချိန်တည်းက ကျွန်တော်က အစ်ကို့ကိုကြိုက်ခဲ့တာ" Start_8, April, 2024 End_
514K 13.2K 48
An original and empowering shapeshifter/werewolf mystery. Lily's abusive life with her childhood pack is about to change forever when she's assigned...
548K 15.5K 41
အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလား" " ဟင် " ..... Start - 8.10.2023 End...