แ€ฅแ€ฎแ€ธแ€แ€™แ€บแ€แ€™แ€บ"๐‘ซ๐’‚๐’…๐’…๐’š๐Ÿ”ž[๐‘ถ๐’๐’ˆ...

Por 2001_wang

156K 5.7K 563

"๐‘ช๐’“๐’–๐’”๐’‰ แ€›แ€ฒแ€ท แ€กแ€–แ€ฑ " ๐‘ณ๐’๐’—๐’†"๐‘บ๐’†๐’™๐Ÿ”ž แ€•แ€ปแ€ฑแ€ฌแ€บแ€›แ€ฝแ€„แ€บแ€™แ€พแ€ฏ แ€”แ€ญแ€—แ€นแ€—แ€ฌแ€”แ€บแ€€แ€ญแ€ฏ แ€žแ€ฝแ€ฌแ€ธแ€•แ€ซแ€†แ€ญแ€ฏ แ€™แ€พแ€ฒแ€ทแ€”แ€€แ€บแ€•แ€ญแ€ฏแ€„แ€บแ€›แ€พแ€„แ€บแ€†แ€ฎแ€€แ€ญแ€ฏแ€•แ€ฒ แ€žแ€ฝแ€ฌแ€ธแ€•แ€ซแ€™... Mais

Ep.1
Ep.2๐Ÿ”ž
Ep.3๐Ÿ”ž
Ep.4
lntro
Ep.6๐Ÿ”ž
Ep.7๐Ÿ”ž
Ep.8
Ep.9๐Ÿ”ž
Ep.10๐Ÿ”ž
Ep.11
Ep.12
Ep.13
Ep.14
Ep.15๐Ÿšฌ
Ep.16๐Ÿ”ž
Ep.17
Ep.18
Ep.19
Ep.20๐Ÿ”ž๐Ÿšฌ
Ep.21๐Ÿšฌ
Ep.22๐Ÿšฌ
Ep.23๐Ÿšฌ
Ep.24๐Ÿ”ž๐Ÿšฌ
Ep.25
Ep.26
Ep.27
Ep.28๐Ÿ”ด๐ŸŸข
Ep.29โŒ
Ep.30
Ep.31
Ep.32
Ep.33
Ep.34
Ep.35 โ›”๐ŸŒš
Ep.36๐Ÿšฌ
Ep.37
Ep.38
Ep.39
Ep.40
Ep.41โ›”๐ŸŒš
Ep.42
แ€€แ€ญแ€…แ€นแ€…แ€œแ€ฑแ€ธ แ€•แ€ผแ€ฑแ€ฌแ€แ€ปแ€„แ€บแ€œแ€ญแ€ฏแ€ท๐Ÿšฌ

Ep.5

4.7K 190 7
Por 2001_wang

(Unicode )
မမှောင်ခင် ဆေးရုံမှာရှိတဲ့ မားမားဆီ ပြေးတဲ့ကောင်လေး ရှောင်းကျန့်  ချန်ယီနဲ့ ကမ်းနားမှာ အနားယူခဲ့ပြီး အိမ်ပြန်တဲ့ဆီလဲမရောက်ခဲ့ပါ ဆေးရုံးက မားမားဆီ တန်းသွားသည်။
 
သူ့ရဲ့ ပထမဦးဆုံးအကြိမ်မို့ထင်ပါသည်တစ်ကိုယ်လုံး နာကြင်နေသလိုခံစားနေရသည် လက်နဲ့ခြေတွေကပါ ကိုက်ခဲနေသလို အောက်ပိုင်းနေရတာကလဲ အတော်လေး နေရခက်သည်။

ခန္ဓာကိုယ်ပေါ်က နာကြင်မှုကြောင့် စိတ်ညစ်နေပေမယ့် မားမားဖြစ်သူ၏ ဆေးဖိုးကို လုံလုံလောက်လောက် ပေးနိုင်တာမို့ ရင်အေးမိသည် ။

မားမားဟာ လွန်ခဲ့တဲ့အချိန်တစ်ခုကမှ အကြိတ်တစ်ခု တည်လို့ ဆေးရုံတက်ခဲ့ရသည်သာ ဖြစ်သည် ခွဲစိတ်လို့ရတဲ့ ရောဂါဆိုပေမယ့် ခွဲစိတ်ဖို့အထိ ပိုက်ဆံမတတ်နိုင်တာမို့ ဆေးတွေသာ သောက်ပြီး ဆေးရုံတက်နေရသည်သာ။

ရှောင်းကျန့် နဲ့ သူ့မားမားဟာ ဂျောင်ကျတဲ့ ရပ်ကွက်လေးတစ်ခုမှာ အငှားတိုက်ခန်းလေးတစ်ခုမှာနေသည်  ဖခင်မရှိတဲ့အတွက် ရှောင်းမားကပဲ ရှောင်းကျန့် ကို ပြုစုပျိုးထောင်ပေးလာခဲ့ရသည် အဖေလဲသူမအမေလဲသူမဆိုသလို ရှောင်းကျန့် ကျောင်းစရိတ် အစစရာအရာကို တစ်ယောက်ထဲ ခေါင်းခံနေခဲ့ရသည် ။

မိခင်နေကောင်းစဥ်က ကျောင်းစာကိုပဲ အာရုံစိုက်ခဲ့ရတဲ့ ရှောင်းကျန့် ဟာ မိခင်နေမကောင်းဖြစ်သွားချိန်မှာတော့ မိခင်အစား အားလုံးကသူ့ခေါင်းပေါ်ရောက်လာခဲ့သည် မိခင်ဆေးဖိုးအပြင် သူ့ကျောင်းစရိတ်တွေကလဲရှိသေးသည် ဒါအပြင်တိုက်ခန်းဖိုးကလဲ ရှိသေးတာမို့ ကျောင်းသားတစ်ယောက်အနေနဲ့ ဒီဝန်ကြီးကတော့ များပြားလွန်းလှသည် ။

"ဆရာ မားမားအခြေအနေလေး ....

"ပုံမှန်ပါပဲ   ဒါပေမယ့်အကြိတ်ကခွဲစိတ်လိုက်တာအကောင်းဆုံးပါပဲ ဆေးတွေက နာကြင်တာကိုပဲသက်သာစေတာပါ အကြိတ်ကိုပျောက်ကင်းမသွားစေပါဘူး ....

"ဟုတ်ကဲ့ဆရာ ကျွန်တော် ခွဲစိတ်နိုင်ဖို့ကြိုးစားပါ့မယ်....

"ဟင်းးး အင်းပါ... ကဲကဲ မားမားကိုစကားသွားပြောလိုက်ပါအုံး..

"ဟုတ်ကဲ့ ဆရာ...

ရှောင်းကျန့် တစ်ယောက် ဆရာကို နှုတ်ဆက်ပြီး မားမားရှိနဲ့ အခန်းဘက် ထွက်လာခဲ့သည်
ကိစ္စ တွေများပြားတာမို့ စိတ်ညစ်နေပေမယ့် သူ့မားမားအခန်းထဲဝင်တော့ မျက်နှာထက်အပြုံးတေွရွင်လို့ပါပင်၊

"မားးမားးး ....

"ကျန့်ကျန့် ရောက်လာပြီလား ....

"မားမား တစ်ယောက်ထဲ ပြင်းနေပြီလား...

"မပြင်းပါဘူးကွယ် မားမားကို သူနာပြုလေးတွေကအဖော်ပြုပေးပါတယ် ...

"ဟုတ်ပါပြီဗျာ ဒါနဲ့ မားမားဆေးပုံမှန်ရော သောက်ရဲ့လား ...

"သောက်ပါတယ် .... ကျန့်ကျန့်ကို မား ဒုက္ခ ပေးမိနေပြီ ..ကြည့်ပါအုံး မားသားလေး ပိန်သွားလိုက်တာ ... မားကဘာမှမဖြစ်ပါဘူး မားကို ဆေးရုံ ကဆင်းခွင့်ပေးပါနော်....

"ဟင် မရဘူးနော် မားမား ...ဒီမှာသားကိုကြည့် သားက ယောင်္ကျားပါ သားကိုအားကိုးလိုက်တော့ ကျန်တာ ဘာမှမပူနဲ့ မားမားလုပ်ရမှာက ဆေးပုံမှန်သောက်ဖို့နဲ့ ကျန်းမာရေး ဂရုစိုက်ဖို့ပဲ ...

"ဒါပေမယ့် မားမား သားလေး ပင်ပန်းနေရပြီလေ ....

"မပူပါနဲ့ သားမပင်ပန်းပါဘူး အခုဆိုသားအလုပ်သစ်တစ်ခုရထားတယ် လစာလဲကောင်းတယ် အလုပ်ရှင်ကလဲ အရင်ကအလုပ်ရှင်တွေနဲ့မတူဘူး သဘောကောင်းတယ် ....

အခုသူပြောနေတဲ့ အလုပ်ရှင်ဆိုတာဟာ ဟိုနေ့ကဆုံဖြစ်ခဲ့တဲ့ လူကိုပြောတာသာ ဖြစ်သည် သူ့အလုပ်ရှင်တွေအများကြီးထဲ ဒီလောက် ပိုက်ဆံပေးတာ ထိုလူသာ ရှိသည် ... ခန္ဓာပေးလိုက်ရပေမယ့် တန်ပါသည် သူ့ရဲ့ တန်ဖိုးရှိအရာတစ်ခု ပေးလိုက်ရပြီး သူ့အတွက် တန်ဖိုးဖြတ် မရတဲ့ မားမားအတွက် တစ်ခုခု လုပ်ပေးနိုင်ခဲ့သည်လေ ထိုညအတွက် နောင်တမရပေပါ ...။

"ဒေါက် ဒေါက်" တံခါးခေါက်သံ"

အပြင်ဘက် တံခါးခေါက်သံကြားတော့ ရှောင်းကျန့် ဟာ သူ့မားမားအနားက ထလိုက်ပြီး တံခါးအနားသွားကာ တံခါးဖွင့်လိုင်သည်

"အာ ကျန့်ကျန့် ရောက်နေတာလား ...

"ဟုတ်တယ် အမ မားမားကိုလာကြည့်တာပါ ...

"အင်း နောက်ဆိုကျန့်ကျန့် လာမကြည့်လဲရပါတယ် အမတို့ ဒေါ်လေးကို သေချာဂရုစိုက်ပေးတာပါ ကျန့်ကျန့်ကြည့်ရတာ အားအင်မရှိသလိုပဲ အနားလေးပါလေး ယူပါအုံး ...

"ဟုတ်ပါပြီဗျာ အမစကားကိုနား‌ေထာင်မှာပါ..

"အမလေးးး ကျန့်ကျန့်တို့က ပြောလိုက်ရင် ဒီအတိုင်းကြီးပါပဲနော် ..

"ဟားးဟားး အမကလဲ...ဒါနဲ့ ဒါတွေက မားမားစားဖို့လား ...

"အင်း ဒေါ်လေး ညစာ စားချိန်ရောက်ပြီလေ ...

"ကျွန်တော် မားကို ကျွေးလိုက်မယ် ...

"ဟုပြီဟုပြီ...

"ကဲ မားမား ညစာ စားရအောင် ...

"သားကျန့်ရော စားပြီးပြီလား ...

"သားက စားပြီးပါပြီဗျာ....

ရှောင်းကျန့် ဟာ သူ့မားမားကို လူနာကူတင်ပေါ်မှာ အသာထိုင်စေပြီး သူနာပြုအမ လာပေးတဲ့ ပန်းကန်လေးတွေထဲက ဟင်းနဲ့ ထမင်း အနည်းငယ်ကို ဇွန်းနဲ့ ခက်ပြီး ခွံ့သည် ။

ရှောင်းကျန့် မားမားက အသက် 40လောက်ပဲ ရှိသေးတဲ့ သက်လည်ပိုင်း အမျိုးသမီးတစ်ယောက်ပါ သားလေးကို တစ်ယောက်ထဲ ပြုစု စောက်လျှောက်ပြီး နေပူ မိုးရွာ အလုပ်ကြမ်းတွေ လုက်ထားရတော့ ပုံမှန် အမျိုးသမီးတွေထက်တော့ ပိုအသက်ကြီးသလို ခံစားရသည် ဒါပေမယ့် အသက်အရွယ်ကတော့ ငယ်ပါသေးသည် ။

"မားမား ဝပြီသား သားကျန့် အိမ်ပြန်နောက်ကျနေလိမ့်မယ် ပြန်တော့လေ နောက်နေ့တွေမအားရင် မားမားဆီမလာလဲ ရပါတယ် မားမား ဒီမှာ မပြင်းရပါဘူး ...

"အင်းး မားမား ကျန်းမာရေး ဂရုစိုက် နော် ပြီးတော့ သူနာပြုအမတိုက်တဲ့ ဆေးတွေကို သေချာသောက်ရမယ်နော် ...

"ဟုတ်ပါပြီ သားကျန့်ရယ် မားကကလေးမဟုတ်တော့ပါဘူး မားကိုယ်မား ဂရုစိုက် မှာပါ ...

"ဟွင့် ဟုတ်ပါပြီ ဒါဆိုသားပြန်တော့မယ်နော် ...

"အင်းအင်း တာ့တာ ...ဂရုစိုက် ပြန်အုံး...

ရှောင်းကျန့် မားမားဖြစ်သူကို နှုတ်ဆက်ပြီး ဆေးဝယ်ကောင်တာကို သွားသည် ။

"အမ...

"အာ ကျန့်ကျန့် ပြန်တော့မှာလား ...

ဆေးရုံဝန်ထဲက ဆရာတစ်ချို့နဲ့ သူနာပြုတစ်ချို့ကတော့ ရှောင်းကျန့် ကို မသိတဲ့သူ မရှိသလောက်ပါပဲ ရှောင်းကျန့် က ဆေးရုံမှာ လူချစ်လူခင်လဲသိမ့်ပေါသည် အားလုံးက ကျန့်ကျန့် နဲ့ ခင်မင်ကျသည်။

"မားမားအတွက် ဆေးဖိုးလာပေးတာပါ ...

"အင် ဒေါ်လေးအတွက် ဆေးဖိုးက ဒီလအတွက်ရှိပါသေးတယ် ...

"ဟုတ် ကြိုပေးတာပါ ပိုက်ဆံရတုန်း မားမားအတွက် နောက်လစာအထိ ဆေးဖိုး ကြိုပေးထားတာပါ ...

"ဒါဆို အရင်ကဆေးတွေထက် ပို အာနိသင်ရှိတဲ့ဆေးတစ်မျိုးထပ်တိုးမလား သူက အတိတ်ကိုမပျောက်ကင်းစေပေမယ့် အကြိတ်ကမကြီးထွှားလာနိုင်ဘူး

"အင် ဟုတ်ကဲ့ အမ

"ဟုတ်ပြီ ဒါဆို မှတ်လိုက်မယ်နော် ...

"ဟုတ်အမ ...

သူရလာခဲ့တဲ့ သုံးသောင်းကို နှစ်သောင်းကျော် သူ့မားအတွက် ဆေးဖိုးပေးလိုက်ပြီး အနည်းငယ်ကိုတော့ အိမ်လခ ပေးဖို့ လုပ်လိုက်သည် ဒီညတော့ အိမ်ပြန်မှ ရမည် အိမ်လခမပေးနိုင်လို့ အိမ်မပြန်ဖြစ်တာလဲ တစ်လလောက် ရှိပါပြီ။

ဗိုက်ကလဲ အရမ်းဆာနေတော့ ခပ်အေးအေး ပေါက်စီတစ်လုံးနဲ့ ရေသန့်တစ်ဗူးဝယ်ကာ ဆာနေတဲ့ ဗိုက်ကို ဖြည့်လိုက်သည် နောက်တော့ ဘတ်စကားစီးပြီး အိမ်ပြန်သည် ။

အိမ်ပြန်မယ့် မှတ်တိုင်ရောက်တော့ ကားပေါ်က ဆင်းလိုက်ပြီး သူ့တိူ့ တိုက်ခန်းဘက်ကို ဆက်လျှောက်သည် မှောင်ကလဲ မှောင်နေတော့ အိမ်ပြန်တဲ့ လမ်းလေးဟာ အတော်လေး တိတ်ဆိတ်နေသည် မီးရောင်ကလဲ မှိန်တော့ ရှောင်းကျန့် တစ်ယောက် ခပ်မြန်မြန်လေး လမ်းလျှောက် သည် ။

"ဟျောင့် ....

"ဟ ခေါ်နေတယ်လေ ...

မကြားချင်ယောင်ဆောင်ပေမယ့် လျှောက်မယ့် လမ်းကို လာပိတ်တာမို့ ရှောင်းကျန့် သက်ပြင်းရှည်တစ်ခုသာ ချလိုက်ပြီး ...

"ဟာ အကို ဒီမှာ ဘာလုပ်နေတာလဲ အိမ်မပြန်သေးဘူးလား ...

"ဘာလဲ ရောချမနေနဲ့ ငါ့ကို လာမျက်နှာချိုလာသွေးနေတာလား...

ထိုလူတစ်သိုက်ကတော့ ရှောင်းကျန့် တို့ ရပ်ကွက်က လူမိုက် တစ်ချို့ဖြစ်သည် လူမိုက်ဆိုတာထက် သူဌေးသားသမီးတွေမို့ ဆိုးချင်တိုင်းဆိုးနေကျတဲ့ လူတွေဖြစ်သည် ရှောင်းကျန့် တိူ့လို ပြန်မော်မကြည့်နိုင်တဲ့ ဆင်းရဲသား တွေက သူတို့ လိုလူမိုက်တွေအတွက် အစာဖြစ်သည်။

"မဟုတ်ပါဘူး ကျွန်တော် အိမ်ပြန်မလို့ လမ်းလေးဖယ်ပေးပါ့နော် ...

"နေပါအုံးကွ မင်းကလဲ ..

"ဘာဖြစ်လို့လဲ ...

"လုပ်နေကျကို မေ့နေပြီလား ...

"ကျွန်တော့်မှာ ပိုက်ဆံ မရှိဘူး ...တကယ်ပါ မားမား ဆေးဖိုးပေးလိုက်ရပြီ ...

"မလိမ်နဲ့ ဎျောင့်တွေ ရှာ...!!

"တကယ်မရှိတာပါ မလုပ်နဲ့ တကယ်မရှိဘူး ...

လူမိုက်တသိုက်ဟာ ရှောင်းကျန့် ခန္ဓာကိုယ်နဲ့ကျောင်းလွယ်အိတ်တွေကို မွှေနှောက်လို့ ရှာဖွေတော့သည် အများနဲ့ တစ်ယောက်မို့ ရှောင်းကျန့် လဲ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

"ငါ့ကို လာလိမ်နေသေးတယ် မင်း ဦးနှောက်လေးက သေးသေးလေး ...

ရှောင်းကျန့် ကိုယ်ပေါ်က ပိုက်ဆံရှာတွေ့သွားတော့ ထိုအထဲက ခေါင်းဆောင် ထင်ရသူက ရှောင်းကျန့် ခေါင်းကို လက်နဲ့ ခပ်ပြင်းပြင်းပုတ်ပြီး စကားဆိုသည် ပြီးတော့ မြေပြင်ပေါ်မှာ အပုံလိုက်လေး ဖြစ်နေတဲ့ ရှောင်းကျန့် ကို ခြေထောက်နဲ့ တစ်ချက် ကန်လိုက်ပြီ ထွက်သွားသည်။

"အကိုကြီး ဒီကောင့်မှာ ပိုက်ဆံတွေ များသားပဲ ...

"ဘယ်က ရလာလဲ မသိဘူး ...

"သူ့လိုလှတဲ့ လူတွေက သူဌေးတွေရဲ့ ညစာပဲ ဖြစ်မှာပေါ့ ...

"အကိုကြီး အဲ့ကောင်ကို မထိတာ ဒါကြောင့်ကို ...

"ဟားးဟားးးး

စာအုပ်နဲ့ စာရွတ်တွေက မြေပြင်ပေါ် ပြန့်ကျဲလို့ပင် သူ့ တစ်ကိုယ်လုံးကိုလဲ မွှေနှောက်ရှာထားကျတာမို့ ရှောင်းကျန့် အင်္ကျီ နဲ့ ဆံပင်တွေမှာလဲ ဖရိုဖရဲ နဲ့ပင် သူ့ပိုက်ဆံကိုလဲလုသေးသည် သူ့ကိုလဲ ရစရာမရှိအောင် လျောင်ပြောင်သွားကျတာမို့ ဘာမှ မလုပ်နိုင်တဲ့ ရှောင်းကျန့် အတော်လေး စိတ်ပျက်မိသွားသည်။

အိမ်ငှားခ ပေးရမယ့် ပိုက်ဆံလေးဟာ ပါသွားခဲ့ပြီမို့ အခန်းရှင် အန်တီကြီးကို ဘယ်လို ပြောရမလဲ မသိတော့ပါ ။

ပြန့်ကျဲနေတဲ့ စာအုပ်နဲ့ စာရွတ်တွေကို ကောက်ပြီး စိတ်ပျက်လက်ပျက် နဲ့ပဲ အိမ်ရှိတဲ့ဘက်ကို ထွက်လာခဲ့သည် ... သူ့အခန်းရှေ့ရောက်တော့ ထင်သည့်အတိုင်း ...

သူ့အထုတ်ပလုပ်လေးတွေက အခန်းရှေ့မှာ လွှတ်ပြစ်ခံထားရသည် အခန်းတံခါးကလဲ သော့ပိတ်ထားသည် အငှားခမပေးနိုင်တာကြာပြီပေါ့ အိမ်ရှင်ဟာ သူ့ကို မောင်းထုတ်လိုက်ပ့ီကို နားလည်လိုက်သည် ။

ဘာမှလဲ မလုပ်နိုင် ဘာမှလဲ မပြောချင်တော့လောက်အောင် အရမ်းပင်ပန်းလာသည် ဘာတစ်ခုမှ အဆင်မပြေတာမို့ လူပင်ပန်းတာထက် စိတ်တွေ ပိုပင်ပန်းလာသည်။

အထုတ်ပလုတ်တွေကို အနီးအနားက တံတားအောက်က လှိုင်ဂူတစ်ခုထဲ ထည့်ပြီး ဒီညတော့ သူ ဒီလှိုင်ဂူမှာ အိပ်ရဖို့ ရှိသည် နောက်နေ့မှ နေစရာရှာရမည် ...။

သူ့ရဲ့ ဒီအခြေအနေနဲ့ ကျောင်းဆက်တက်ဖို့ လက်လျော့ပြစ်ချင်လာသည် ကျောင်းသာ မတက်ရင် အခုထက် သူပိုပြီး အလုပ်လုပ်နိုင်မည် ပြီးတော့ ပိုပြီးလဲ ပိုက်ဆံရှာနိုင်မည် ။

____________________

"Boss...?? ဘယ်လိုရောက်လာတာလဲ ...

"လာလို့မရဘူးလား...

"ဟဲ ဟဲ အဲ့လို မဟုတ်ရပါဘူး ဒီနေ့ Bossလာမယ့်ရက်မဟုတ်တော့ ကျွန်တော် ကောင်လေး ရှာမထားမိလို့ပါ ...

ရိပေါ်ဟာ ဆိုင်ထဲဝင်ပြီး သူ့ရဲ့ သီးသန့် ရုံးခန်းထဲ ဝင်သွားသည် ပြီးတော့ စီးကရက် တစ်လိပ့် ကောက်ဖွာလိုက်ပြီး ခုံပေါ်မှာ ထိုင်ချလိုက်သည် ။

"မန်နေဂျာ ....

"ဟုတ်ကဲ့ပါ Boss ကျွန်တော် ရှိပါတယ်...

"ဟိုနေ့က ကောင်လေးက ဘယ်သူလဲ ..

"ဟင် ဘယ်နေ့ကလဲ Boss...

"နောက်ဆုံးနေ့က ...

"အော် ဘယ်လိုလဲ Bossစိတ်ဝင်စားတယ်မလား Boss,သိချင်ရင် ကျွန်တော် စုံစမ်းပေးမှာပေါ့...

"အင်း သူ့အကြောင်းအကုန် သိချင်တယ် ပြီးတော့ နောက်နေ့ သူ့ကို ငါ့ဆီ ခေါ်လာခဲ့ ...

"ဟုတ်ကဲ့ bossစိတ်တိုင်းကျ ဖြစ်စေရမယ် ...

ရိပေါ် မန်နေဂျာ ကို အမိန့်ပေးလိုက်ပြီး စီးကရက် ဆေးလိပ့်ကို ဆက်ဖွာလိုက်ပြီး ပြတင်းပေါက် အနားမှာ မက်တပ်ရပ်နေလိုက်သည် ... ထိုညက ကောင်လေးကို ပြန်တွေးကြည့်မိလိုက်တိုင်း မသိလိုက်ချိန်မှာပဲ ပြုံးနေမိသည်

သူ့အောက်ကနေ မော့ကြည့်လာတဲ့ အရည်လဲ့နေတဲ့ မျက်ဝန်းလေးတွေကို ပြန်တွေးမိလိုက်တိုင်း ရိပေါ်ကို ရူးသွပ်မတတ် ဆန္ဒ စိတ်တွေ ပေါ်ထွက်လာသည် ။

အသက် 30ကျော်တဲ့အထိ သူ့ ဆန္ဒ ကို ဒီလောက်ထ်ိ ပြင်းထန်ရူးသွပ်အောင် လုပ်နိုင်တာ ဒီကောင်လေးတစ်ယောက်သာ ရှိသေးသည် ဒါကြောင့်လဲ ရိပေါ်ဆိုတဲ့ သူက ဒီကောင်လေးကိုအမိဖမ်းထားဖို့ ကြိုးစား နေသည်သာ ..





Hello အဆင်ပြေကျမယ်လို့မျှော်လင့်ပါတယ်။
ဒီအပိုင်းတွေမှာ ပြင်းများ ပြင်းနေပြီလား
Wo Ai NiMen (我愛你們)
✨💚❤️💛








(Zawgyi )
 





"ဆရာ မားမားအခြေအနေလေး ....




"ဟုတ်ကဲ့ ဆရာ...

ကိစ္စ တွေများပြားတာမို့ စိတ်ညစ်နေပေမယ့် သူ့မားမားအခန်းထဲဝင်တော့ မျက်နှာထက်အပြုံးတွေရွင်လို့ပါပင်၊

"မားးမားးး ....















"ဟုတ်ပါပြီဗျာ အမစကားကိုနား‌ထောင်မှာပါ..





"ဟုပြီဟုပြီ...



"သားက စားပြီးပါပြီဗျာ....









"အမ...







"အင် ဟုတ်ကဲ့ အမ


"ဟုတ်အမ ...



အိမ်ပြန်မယ့် မှတ်တိုင်ရောက်တော့ ကားပေါ်က ဆင်းလိုက်ပြီး သူ့တို့ တိုက်ခန်းဘက်ကို ဆက်လျှောက်သည် မှောင်ကလဲ မှောင်နေတော့ အိမ်ပြန်တဲ့ လမ်းလေးဟာ အတော်လေး တိတ်ဆိတ်နေသည် မီးရောင်ကလဲ မှိန်တော့ ရှောင်းကျန့် တစ်ယောက် ခပ်မြန်မြန်လေး လမ်းလျှောက် သည် ။

"ဟျောင့် ....

"ဟ ခေါ်နေတယ်လေ ...




ထိုလူတစ်သိုက်ကတော့ ရှောင်းကျန့် တို့ ရပ်ကွက်က လူမိုက် တစ်ချို့ဖြစ်သည် လူမိုက်ဆိုတာထက် သူဌေးသားသမီးတွေမို့ ဆိုးချင်တိုင်းဆိုးနေကျတဲ့ လူတွေဖြစ်သည် ရှောင်းကျန့် တို့လို ပြန်မော်မကြည့်နိုင်တဲ့ ဆင်းရဲသား တွေက သူတို့ လိုလူမိုက်တွေအတွက် အစာဖြစ်သည်။


"နေပါအုံးကွ မင်းကလဲ ..

"ဘာဖြစ်လို့လဲ ...









"ဘယ်က ရလာလဲ မသိဘူး ...



"ဟားးဟားးးး




သူ့အထုတ်ပလုပ်လေးတွေက အခန်းရှေ့မှာ လွှတ်ပြစ်ခံထားရသည် အခန်းတံခါးကလဲ သော့ပိတ်ထားသည် အငှားခမပေးနိုင်တာကြာပြီပေါ့ အိမ်ရှင်ဟာ သူ့ကို မောင်းထုတ်လိုက်ပီ့ကို နားလည်လိုက်သည် ။




____________________


"လာလို့မရဘူးလား...



"မန်နေဂျာ ....



"ဟင် ဘယ်နေ့ကလဲ Boss...

"နောက်ဆုံးနေ့က ...






အသက် 30ကျော်တဲ့အထိ သူ့ ဆန္ဒ ကို ဒီလောက်ထိ ပြင်းထန်ရူးသွပ်အောင် လုပ်နိုင်တာ ဒီကောင်လေးတစ်ယောက်သာ ရှိသေးသည် ဒါကြောင့်လဲ ရိပေါ်ဆိုတဲ့ သူက ဒီကောင်လေးကိုအမိဖမ်းထားဖို့ ကြိုးစား နေသည်သာ ..





Wo Ai NiMen (我愛你們)
✨💚❤️💛

Continuar a ler

Tambรฉm vai Gostar

608K 21.9K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! ๐Ÿ˜‚๐Ÿ’œ my first fanfic...
7.7K 620 19
โฃ๏ธโฃ๏ธแ€…แ€Šแ€บแ€ธแ€แ€ผแ€ฌแ€ธแ€‘แ€ฌแ€ธแ€žแ€ฑแ€ฌแ€กแ€แ€ปแ€…แ€บโฃ๏ธโฃ๏ธ ๐Ÿ‘ป๐Ÿ‘ป Horror Long fic๐Ÿ‘ป๐Ÿ‘ป ๐Ÿ’œ๐Ÿ’œ Yiลบhan๐Ÿ’œ๐Ÿ’œ ๐ŸŒฟ๐ŸŒฟ Intro๐ŸŒฟ๐ŸŒฟ ๐Ÿ’€๐Ÿ’€แ€กแ€™แ€พแ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ฌแ€€ แ€€แ€ญแ€ฏ แ€กแ€ฏแ€•แ€บแ€†แ€ญแ€ฏแ€ธแ€แ€ฒแ€ท แ€™แ€ญแ€…แ€นแ€†แ€ฌแ€แ€ญแ€ฏแ€ทแ€›แ€ฒแ€ท แ€˜แ€ฏแ€›แ€„แ€บ แ€›แ€ฎแ€œแ€„แ€บแ€œแ€ฑแ€ฌแ€„แ€บแ€‡แ€ฐแ€ธ...
434K 6.7K 80
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
1.1M 19.3K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...