JENO တစ်ယောက် ကားတံခါး လိုက်ဖွင့်ပေးပြီး ကားထဲရောက်တော့လည်း ခါးပတ်ပတ်ပေးဖို့လုပ်ပေမယ့် RENJUN က ပတ်ပြီးနှင့်ပြီ
"ညနေစာစားပြီးပြီလား ဘာစားမလဲ ကိုယ်ဘာ၀ယ်ကျွေးရမလဲ"
"စားပြီးပြီခင်ဗျာ့ Zihan ၀ယ်ပေးတဲ့ ဆန်ပြုတ်သောက်ပြီးပြီ"
"ဪ ဟုတ်လား...အ့ ဒါဖြင့် အိမ်ရောက်ရင်စားဖို့ရော တစ်ခုခု- "
" ကွေကာအုပ်သောက်ဖို့ ရှိတယ်ခင်ဗျာ့"
" ဪ... အဲ့ဒါဆိုလည်းဟုတ်ပါပြီ"
တစ်ခုခုမဟုတ်တစ်ခု JENO လုပ်ပေးချင်ပေမယ့်လို့ အခွင့်မသာနေ
RENJUN အိမ်နားကားရပ်ထားပြီး တလျှောက်လုံးအိပ်လာတဲ့ကောင်လေးကိုမနိုးရက်တာမို့ နှိုးလာတဲ့အထိ JENO စောင့်ပေးလို့
အိပ်နေတဲ့ကောင်လေးကို တစိမ့်စိမ့်ရှုစားရင်း နှုတ်ခမ်းဖူးဖူး ပါးရဲရဲလေးနဲ့ ကိုက်စားချင်စရာပန်းသီးလေးလို ချစ်ဖို့ကောင်းပါလားလို့ JENO တွေးမိတယ်
တလှုပ်လှုပ်နဲ့ မျက်လုံးလေးအသာဖွင့်နှိုးလာမှ JENO ဟိုကြည့်ဒီကြည့်နဲ့ ဟန်ဆောင်ရတယ်
" ကျွန်တော့်အိမ်ရောက်နေပြီပဲ အ့...ကျွန်တော်အိပ်လိုက်တာအရမ်းကြာသွားတာလား"
" မကြာပါဘူး"
"အားနာလိုက်တာ အဖွဲ့မှူးကလဲ ကျွန်တော်ကိုနှိုးလိုက်တာမဟုတ်ဘူး"
" နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကိုး ဘယ်လိုလုပ်နှိုးရက်မှာလဲ"
" ဒါမယ့်လည်း...."
" ရပါတယ်လို့"
" ဟုတ်ကဲ့ လိုက်ပို့ပေးလို့ကျေးဇူးတင်ပါတယ် ကားသေချာဂရုစိုက်မောင်းသွားပါ"
နှုတ်ဆက်ပြီး ကားပေါ်ကနေဆင်းကာ အိမ်ထဲဝင်တော့ဖို့အလုပ်
"RENJUN ကောင်လေး!!"
JENO ကားပေါ်ကဆင်းပြီ RENJUN ကိုလှမ်းခေါ်လိုက်တော့ လှည့်ကြည့်လို့
" ဗျာ??"
RENJUN နား အသာလျှောက်သွားပြီး
" ဟို မနက်ဖြန် စနေ တနင်္ဂနွေ ရုံးပိတ်ရက်မှာ မင်းကိုကောင်းကောင်း နားစေချင်တယ် သူငယ်ချင်းတွေနဲ့ဟိုလျှောက်သွားဒီလျှောက်သွားမလုပ်ဘဲ အိမ်မှာပဲနေစေချင်တယ်
အိမ်မှာနေရင်လည်း ရုံးအလုပ်တွေအိမ်အလုပ်တွေ မလုပ်နဲ့နော် နေကောင်းခါစဆိုတော့ ပြည့်ပြည့်၀၀နားစေချင်တာ"
ဘာမှပြန်မပြောဘဲကြောင်လျက် JENO ပြောတာကိုနားထောင်လို့
" ဟိတ် ပြောတာရောနားထောင်နေရဲ့လား"
"ဗျာ?? ဟုတ်...ဟုတ်ကဲ့"
"ဟူး......ကျေးဇူးပြုပြီး ပြောတာနားထောင်နော် မင်းကဘယ်လိုဆိုးတဲ့ကောင်လေးမှန်းတော့မသိဘူး
ပြောစကားလဲနားမထောင်ဘူး ပြီးရင် လူကိုစိတ်ပူရအောင်လို့"
"စိတ်ပူ??? ကျွန်တော်ကိုစိတ်ပူတယ်လား"
ကိုယ့်ကိုယ်ကိုလက်ညှိုးထိုးရင်မေးလိုက်တယ်
" အ့...အဲ့ဒါက ဟို ပူတာပေါ့ ကိုယ့် Project Team ကလူပဲ အဟန့် နေမကောင်းရင် အလုပ်ကောင်းကောင်းမလုပ်နိုင်ဘူးလေ"
ဟန်ဆောင်ပန်ဆောင်နဲ့ JENO လိမ်လိုက်ပေမယ့် ကောင်လေးအဖို့တော့ စိတ်မကောင်းဖြစ်လို့သွားတယ်
တလျှောက်လုံးဂရုစိုက်လာပေးတာက အလုပ်အတွက်ပဲလား ဆိုပြီး
"ကိုယ့် Project Team ကလူ"
RENJUN အသာရေရွတ်မိတယ်
" ဟုတ်ကဲ့ခင်ဗျာ့"
" စားဖို့သောက်ဖို့ ကိုယ် အာဟာရရှိတာလေးတွေလာပို့ပေးမယ် အ့ မနက်ဖြန်ညနေကျ ဆေးခန်းထပ်ပြပါလား ကိုယ်ပို့ပေးမယ်"
RENJUN အကူအညီတွေ လက်မခံဝံ့တော့ဘူး
"ဟို နေပါစေ အဖွဲ့မှူး ကျွန်တော့်အတွက်နဲ့ အလုပ်ရှုပ်မခံပါနဲ့ ကျွန်တော်လိုတာမှန်သမျှ Zihan ကိုအကူအညီတောင်းလိုက်လို့ရပါတယ် တွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ဟို...အ့ဆို ကောင်းကောင်းပြန်ပါခင်ဗျာ့"
အချိန်တိုင်း Zihan ဘယ်တော့ဖြစ်ဖြစ် Zihan သူဘယ်လောက်ကြိုးစားကြိုးစား RENJUN လိုအပ်တဲ့သူက သူမဟုတ်ဘဲ Zihan ပဲဖြစ်နေတာမို့ ခံပြင်းမိတယ်
အဖွဲ့မှူး LEE JENO က သူတစ်ယောက်တည်းအပေါ် ကောင်းပေးတာမျိုးမဟုတ်ဘဲ
ရုံးမှာ လူတိုင်းအပေါ် စိတ်ထားကောင်းကြင်နာပေးတတ်တဲ့လူမျိုး
တခြားလူများကို ဂရုစိုက်ပေးသလို သူကိုလည်းကြင်နာပေးတာကို တစ်မျိုးတွေးပြီး ရင်ခုန်တွေခုန်ခဲ့မိတာကြောင့် RENJUN ကိုရှက်စေတယ်
အဖွဲ့မှူး Lee JENO ကို မျက်နှာချင်းတောင်မဆိုင်ရဲတော့ဘူး RENJUN လိုချင်တဲ့ ဂရုစိုက်မှုတွေ အကြင်နာတွေက ၀န်ထမ်းတစ်ယောက်သာသာပဲဆို သူ မလိုချင်တာမို့
ပိတ်ရက်နှစ်ရက်ကောင်းကောင်းအနားယူပြီးလို့ နေကောင်းလာပြီပေမယ့်လည်း RENJUN မျက်နှာလေး ညှိုးငယ်လို့နေတုန်းမို့ JENO စိတ်ပူရပြန်တယ်
မိတ္တူကူးစက်နား ငုတ်တုတ်လေးထိုင်ရင်း မျက်နှာမှာ ခဲမှုန်တွေလည်းပေလို့ စိတ်ပျက်လက်ပျက် ငူငူငိုင်ငိုင်နဲ့ ငုတ်တုတ်လေးထိုင်နေတဲ့ RENJUN ကို Jeno တွေ့တော့
" RENJUN"
အဖွဲ့မှူး JENO လာတော့မတ်တပ်ရပ်နှုတ်ဆက်ကာ
"ဟေ့ ဒီမှာ ဘာလုပ်??? မျက်နှာမှာလဲ ခဲတွေပေလို့"
ပါးနားကခဲလေးတွေကို အသာသုတ်ပေးလုပ်တော့ တွန့်ဆုတ်သွားတယ်
ဘာမှပြန်မဖြေဘဲ မျက်နှာလေးတစ်ဖက်ကိုလွှဲလို့
" ကောင်လေး ကိုယ်မေးတယ်လေ ဘာဖြစ်-"
RENJUN ကိုမေးလို့နေတုန်း
"သူလုပ်တာမိတ္တူကူးစက် ပျက်သွားလို့ အဖွဲ့မှူးရေ
ကဲ ပြင်ပေးလိုက်တာရသွားပြီး စိတ်မပူပါနဲ့တော့ ကောင်ဆိုးလေ ဘယ်လိုလဲ အားကိုးရတယ်မလား wink"
" အေး"
"သူ့ကြောင့် ပျက်သွားပြီးဆိုပြီကြောက်နေတာလေ ကျွန်တော့်ကိုနားပူနားဆာလုပ်ပြီး အကူအညီတောင်းနေတာ"
"ဒါလောက်လေးကိုများ မိတ္တူကူးစက်ပျက်သွားလည်း စိတ်ညစ်စရာမလိုပါဘူး တခြားဘာပဲဖြစ်ဖြစ် လုံး၀ပျက်စီးသွားရင်တောင် ကိုယ်ဖြေရှင်းပေးနိုင်ပါတယ်"
"ဟုတ်ကဲ့ခင်ဗျာ့"
ကျင့်ဝတ်အရပြန်ဖြေနေပေမယ့် JENO ကိုတချက်ကလေးတောင် မကြည့်
အမြဲအလိုလိုသူကို ရွှန်းလဲ့တဲ့မျက်လုံးလေးတွေနဲ့ အရိပ်တကျီကျီ ကြည့်နေတတ်တဲ့ကောင်လေးက မျက်လုံးချင်းတွေရှောင်နေတယ် လုံး၀ကိုကြည့်မလာခဲ့ဘူး
ဘာလို့ရယ်မှန်းမသိ ကောင်လေးက ကျွန်တော်ကိုရှောင်လို့နေတယ် ကျွန်တော်နှုတ်ဆက်လဲ ကျွန်တော်ကိုဦးညွှန့်နှုတ်ဆက်သွားရုံပဲ တစ်ချက်ကလေးတောင် ကြည့်မလာခဲ့ဘူး
နောက်ပိုင်းကျတော့ ကျွန်တော်လည်းမခေါ်ဖြစ်တော့ဘူး ရင်းနှီးနေပြီလို့ထင်ခဲ့တာ အခုရက်ပိုင်း ပိုပိုပြီးဝေးကွာသွားတယ်လို့ ခံစားရတယ်
အမှန်တိုင်းပြောရရင် ဒီလိုအခြေအနေမျိုးကို ကျွန်တော်တကယ်မကြိုက်ဘူး
ဒီလိုမျိုးနဲ့ ရက်သတ္တပတ်ပြီးသွားပြီး တနင်္ဂနွေတစ်ရက်မှာ
စကားပြန်အနေနဲ့ ဒါရိုက်တာခေါ်လို့ ဂေါက်ကွင်းကို RENJUN ရောက်လို့လာသည်
သူငယ်ချင်း Zihan က မအားတာမို့ ဒါရိုက်တာကမခေါ်ချင်ခေါ်ချင်နဲ့လိုက်လာခဲ့ရတာ
"မင်းတည်တည်ကြည်ကြည်လုပ်နော် ငါ့ကိုအရှက်မခွဲနဲ့"
"ဆရာကလည်းဗျာ ကျွန်တော်ကိုဆိုပြောဖို့ချည်းပဲ"
"မင်းအကြောင်းမင်းသိလေ"
"ဟုတ်ကဲ့ပါလို့ဆို"
WOW!!!
အဝေးတနေရာက လှမ်းမြင်နေရတဲ့ အဖွဲ့မှူး Lee JENO ကိုမြင်တော့ RENJUN မှင်တက်သွားတယ်
အရင်မြင်နေကျပုံစံ အ၀တ်အစားမျိုးနဲ့မဟုတ်ဘဲ အားကစားဝတ်စုံ shirt ရယ် pants ရယ်နဲ့ ဆံပင်ကိုသပ်တင်မထားဘဲ လူငယ်ဆန်စွာ အရမ်းကို ချောမောခန့်ညားပြီး သန့်ပြန်နေတာမို့ RENJUN တစ်ယောက်ငေးမောလို့ကောင်းနေတုန်း
" Haung RENJUN!!!"
ဒါရိုက်တာခေါ်လိုက်မှ အသိစိတ်၀င်တယ်
"ဗျာ??"
ဒါရိုက်တာအသံကျယ်ကျယ်နဲ့ ခေါ်လိုက်တော့ တဘက်ကတစ်ဖွဲ့လုံး RENJUN တို့ဘက်ကိုကြည့်လို့
JENO ကြည့်နေတာကို RENJUN မြင်တော့ ရှက်ကိုးရှက်ကမ်းလေးဖြစ်သွားသေးတာ
RENJUN အဖို့ JENO ကိုရှောင်ဖို့မလွယ်ပါဘူး ချောမောတဲ့ အဖွဲ့မှူး Lee JENO ကို အမြဲအကြည့်မလွှဲနိုင်အောင်ကိုး ကြည့်ချင်နေခဲ့တာ
အခုလည်း ရှောင်ဖို့ဆုံးဖြတ်ထားတာမို့ ထပ်ခါထပ်ခါမကြည့်မိအောင် သူ့ပါးလေးကိုသူ ရိုက်ရင်း သတိ၀င်အောင်လုပ်ရတယ်
အဖွဲ့မှူးLee JENO လည်း RENJUN ဘက်ကို တစ်ချက်လောက်သာကြည့်လာပြီး အရင်လိုလိုအေးစက်စက်ပြန်ဖြစ်သွားတာကို RENJUN သတိထားမိတယ်
စိတ်ကိုအလုပ်ထဲမှာပဲနှစ်ထားပြီး သူ့ဆီအာရုံမရောက်အောင် RENJUN ထိန်းရသည်
လူကြီးတွေ ဂေါက်ကစားနေရင်း CEO Kim မှ
" ဟို စကားပြန်လေးက RENJUN နော် အန်ကယ့်ဘောလုံးကို ကြွင်းထဲ၀င်အောင်ဆော့ပေးပါလား"
"ဗျာ????? အ့...ဟို ကျွန်တော်မဆော့တတ်ဘူး CEO ခင်ဗျာ့ "
"လာပါ အပျော်ပေါ့"
"ဒါမယ့်....."
မဆော့ချင်ပေမယ့်လည်း လူကြီးကပြောနေတာမို့ RENJUN မငြင်းသာ
မရိုက်တတ်ရိုက်တတ်နဲ့ ရိုက်တာမို့ ပထမတစ်ချက် ဘောလုံးကိုမဟုတ်ဘဲ မြက်တွေကိုရိုက်မိသွားတာကြောင့် တဖွဲ့လုံး ရယ်မောကြတယ် လှောင်ရယ်တာမျိုးမဟုတ်ဘဲ သဘောကျလို့ ရယ်မောကြတာ အဖွဲ့မှူး Lee ကတော့ အသာပြုံးရုံသာ
" ကျွန်တော်တောင်းပန်ပါတယ် CEO ခင်ဗျာ့"
" ရတယ် ဆက်ရိုက်"
မျက်နှာလေးမချီ့မငန်နဲ့ ရိုက်လိုက်တော့ ဘောလုံးတော့ထိပေမယ့် ကြွင်းနဲ့ တောင်နဲ့မြောက်လို တခြားစီကိုရောက်သွားသလို ရေထဲပါကျသွားတော့ တဖွဲ့လုံးအရယ်မရပ်တော့
"ဟဟ တို့ CEO Kim တော့ မှားပြီ"
ရှုံ့မဲ့နေသောမျက်နှာလေးနဲ့
" တောင်းပန်ပါတယ် CEO ခင်ဗျာ့ "
သူ့ပခုံးလေးကို အသာပုတ်ကာ
"ရပါတယ်ဆို"
တခြားလူကြီးတွေ တစ်ယောက်ပြီးတစ်ယောက်ရိုက်ကြရင်း အခု အဖွဲ့မှူး Lee အလှည့်
ပြေပြစ်စွာရပ်နေတဲ့အနေအထားနဲ့ ဂေါက်တံကိုင်ထားတဲ့ပုံ အာရုံစိုက်နေတဲ့ပုံ အရမ်းကိုကြည့်လို့ကောင်းပြီးချောတယ်
သာသာယာယာပဲ လွဲချော်ခြင်းမရှိ ကြွင်းထဲ၀င်သွားတာမို့
တကယ့်ကို အဖွဲ့မှူး Lee JENO မတော်တာမရှိဘူးလို့ချီးကျူးကြတယ်
အကုန်လုံးကလက်ခုပ်တီးနေကြတာမို့ RENJUN လည်း အူလည်လည်လေးနဲ့ လက်ခုပ်တီးနေရင်း
JENO နဲ့မျက်လုံးချင်းဆိုင်မိတာနဲ့ ချက်ချင်းကြီးရုတ်ချည်း လက်သိမ်းလိုက်တယ်
ဒီလိုနဲ့ တခြားသူတွေဆော့နေတာကိုစိတ်ပါဝင်စားကြည့်နေတုန်း
" ဒီလိုမျိုး-"
ဘယ်တုန်းကဘယ်လို သူ့အနားရောက်လာမှန်းမသိတဲ့ အဖွဲ့မှူးLee JENO ကြောင့် လန့်ပြီးတုန်တက်သွားတယ်
"လူကြီးတွေနဲ့လိုက်ရမယ်ဆို ဂေါက်ကစားတတ်တာပိုကောင်းတယ် အရက်တိုက်ရင်သောက်တတ်တဲ့သူကို ပိုသဘောကျသလိုမျိုးပေါ့"
အသံလေးတိုးညင်းစွာပြန်ဖြေရင်း
" ဟုတ်...ဟုတ်ကဲ့ ခ...ခင်ဗျာ့"
" သင်ပေးမယ့်လူလိုရင် ကိုယ့်ကိုပြောနော် ကောင်လေး"
Smile eyes လေးတွေနဲ့ ပြုံးပြရင်းပြောလာတဲ့ အဖွဲ့မှူးLee JENO
"ဟုတ်ကဲ့ ခင်ဗျာ့"
ရင်ခုန်သံတွေကိုတားရင်း အဖွဲ့မှူးLEE JENO ကို အာရုံမထားဖို့ သူကိုယ်သူစိတ်ထဲကနေ သတိအကြိမ်ကြိမ်ပေးနေရတယ်
အလုပ်ကိုပဲအာရုံပြန်စိုက်ရင်း အဖွဲ့မှူးLee JENO ကိုရှောင်ဖို့ ကြိုးစားပြန်သည်
လူကြီးတွေ Golf ကစားလို့ အပြီး နားနားနေနေ ကော်ဖီသောက် စကားပြောကြပြီးနောက် ပြန်ကြတော့ဖို့နှုတ်ဆက်နေကြပြီ
" Haung RENJUN shi နဲ့က အလုပ်အကြောင်းပြောစရာရှိလို့ ကျွန်တော်တို့ အတူတူပြန်လိုက်ပါ့မယ်"
"ဗျာ???"
RENJUN မမျှော်လင့်ထားတဲ့အခြေအနေမို့ အနည်းငယ်လန့်လို့သွားတယ်
ရှောင်ဖို့ တချိန်လုံးကြိုးစားနေခဲ့ရာမှ နှစ်ယောက်တည်းအတူပြန်ရမယ့် အခြေအနေမျိူးဆိုတော့
နှစ်ယောက်သား ကားထဲရောက်တော့ RENJUN အဖို့ အတော် awkward ဖြစ်လို့နေသည်
" ဟို.....အလုပ်ကိစ္စကဘာများလဲခင်ဗျာ့"
" ဘာမှမရှိပါဘူး ဒီအတိုင်းသက်သက်ခေါ်ထုတ်လာတာ"
"ဗျာ??"
">_< ဘာလို့လဲ ကိုယ်နဲ့မပြန်ချင်ဘူးလား"
"အယ် ဟို အ.....အဲ့လို မဟုတ်ပါဘူး"
အရမ်းကိုကြည့်ကောင်းနေတဲ့ အဖွဲ့မှူးLee JENO ကားမောင်းနေတာကလည်း အရမ်းကိုမိုက်မိလို့နေတာမို့ RENJUN မျက်လုံးလေးတွေကတားမရဆီးမရ ခဏခဏ ခိုးခိုးကြည့်နေတော့သည်
"သီချင်းနားထောင်မလား ကောင်လေး"
"ဗျာ?? သြော် ဟုတ်...ဟုတ်ကဲ့ခင်ဗျာ့"
"နားထောင်ချင်တာလား ကိုယ်ဖွင့်ပေးပါ့မယ် ဒါမယ့်သီချင်းကိုပဲအာရုံစိုက်နေတာမျိုးမဟုတ်ဘဲ ကိုယ့်ကိုလည်းအာရုံစိုက်နော်"
"ဗျာ???"
"ဟို...ကိုယ်နဲ့ စကားလေးဘာလေးပြောဦးလို့ပါ"
"ဟုတ်ကဲ့ပါ"
အဖွဲ့မှူး စကားပြောတာဆင်ခြေပေးရင်ကောင်းမယ်လို့ RENJUN တွေးမိတယ် ရင်ထဲကအကောင်ကပေါက်ကွဲမတက်လှုပ်နေတာမို့
"ဟိုလေ ဒါနဲ့...ကျွန်တော့်အိမ်ပြန်တဲ့လမ်းမဟုတ်သလိုပဲ"
"အင်း....ကိုယ်တစ်နေရာကိုသွားနေတာ"
"ဘယ်လို"
"မလန့်ပါနဲ့ ကိုယ်မကိုက်စားပါဘူး"
ခမ်းနားတဲ့ဟိုတယ်ကြီးတစ်ခုမှာ ပါကင်ထိုးပြီး ကားရပ်လိုက်တာမို့ RENJUN လန့်ဖြန့်လို့နေပြီ
"ဒါက ဘယ်လို......"
"ဆင်းလေ ကောင်လေး"
"ဟို အဖွဲ့မှူးခင်ဗျာ့ ကျွန်တော်- "
RENJUN ပြောနေတာတွေကိုမကြားတော့ဘဲ ကားပေါ်ကနေဆင်းသွားပြီး ဧည့်ကြိုကောင်လေးတစ်ယောက်နဲ့စကားတွေပြောနေတယ်
ကားပေါ်ကဆင်းမလာသေးတဲ့ RENJUN ကို ပြန်လှည့်ပြီး ကားတံခါးဖွင့်ပေးကာ သွားခေါ်ရသည်
" RENJUN ဆင်းလေ သွားရအောင်"
အဖွဲ့မှူးက အနောက်တိုင်းဆန်တဲ့စတိုင်မျိုးလား......
TBC....