The Challenge of Love
Part (10)
"တွယ်တာ ဒါကရောဘယ်လဲ ညည်းလည်းအိမ်ကိုမကပ်ဘူးနော် ကျောင်းဖွင့်တော့လည်းကျောင့်ဖွင့်လို့ကျောင်းပိတ်တော့လည်းပိတ်လို့"
အနက်ရောင်ဂျင်းဘောင်းဘီအတိုကလေးထဲသို့တီရှပ်ပွပွကြီးကိုထည့်ဝတ်ထားသောတွယ်တာက ကားသော့ကိုင်ပြီးအိမ်ထဲကနေထွက်တဲ့အခါမာမားက ပါပါးကိုကော်ဖီဖျော်ပေးရင်းနဲ့လှမ်းအော်သည်။
"သမီး Gym ကစားတော့မလို့လေ ညနေတိုင်းသွားကစားမှာဒီနေ့ကစပြီးတော့"
တွယ်တာက အိမ်ထဲပြန်ဝင်လာပြီးမာမားကိုသူမဘယ်သွားမလဲဆိုတာပြောလေသည်။ မာမားကကော်ဖီခွက်ကိုပါပါးဆီသို့ယူလာပေး၏။
"ပါပါးသမီးသွားတော့မယ်နော်"
"အေး အေး ဂရုစိုက်သွား"
ပါပါးက တွယ်တာဘာလုပ်လုပ်သိပ်ပြောတာမဟုတ်။ အလိုလိုက်တတ်တဲ့အဖေမျိုးဖြစ်သည်။ မာမားကတွယ်တာ့ကိုအလိုမကျတဲ့မျက်နှာနဲ့ကြည့်လည်းတွယ်တာ့ဘက်မှာပါပါးရှိနေတာမို့တွယ်တာအေးဆေးပဲအိမ်ထဲကနေထွက်သွားသည်။
ဒီနေ့ကပိတ်ရက်စနေနေ့ဆိုတော့အိမ်မှာလူစုံသည်။ မာမားကတော့အချိန်ပြည့်ပါပါးနားကပ်နေပြီး ကိုကြီးကတော့ တစ်ဖက်မှာရုံးဝန်ထမ်းဖြစ်နေပေမဲ့တစ်ဖက်မှာတော့သူဝါသနာပါတဲ့Game Stream တာကိုလုပ်သည်။ ညရောက်မှသူ့ဘော်ဒါတွေနဲ့ဘီယာဆိုင်သွားမည်ထင်၏။ ကိုကြီးကနေ့တိုင်းအရက်၊ ဘီယာတစ်ခုခုတော့သောက်ကိုသောက်သည်။
အခုက ညနေ၄နာရီခွဲဆိုတော့ ကိုကြီး Gameကစားနေတာဖြစ်ရမည်။ မဟုတ်လျှင်တွယ်တာGymကစားမယ်ဆိုတဲ့အသံကြားတာနဲ့ သူ့သူငယ်ချင်းကိုဒုက္ခသွားပေးဦးမလားဆိုပြီးစကားများရဦးမှာဖြစ်သည်။
တွယ်တာ လွန်ခဲ့တဲ့၂နှစ်ကတည်းက Gym ကစားဖို့ ကိုရန်ကြီးအားခဏခဏပူဆာခဲ့ပေမဲ့ ကိုရန်ကြီးကမလာခဲ့နဲ့မကစားနဲ့ငယ်သေးတယ်ဆိုပြီးအမြဲတားလေ့ရှိသည်။
အခုတော့ကိုရန်ကြီးတားလည်းတွယ်တာလက်မခံတော့ပါ။ အခုတွယ်တာက ပထမနှစ်တောင်ပြီးတော့မည့်တက္ကသိုလ်ကျောင်းသူဖြစ်နေပြီ။ အသက်လည်း၁၈နှစ်ပြည့်ပြီ။ ကျောင်းကလည်းပိတ်တော့မှာလပိုင်းပဲလိုတော့တာဆိုတော့ ကိုရန်ကြီးတွယ်တာ့ကိုတားလို့မရတော့ပါ။ ဒီချိန်ဆိုကိုရန်ကြီးသေချာပေါက် Gymမှာရှိနေလိမ့်မည်။ တွယ်တာလာမယ်ဆိုတာကိုကြိုပြောမထားတာမို့ Suprise ဖြစ်သွားမလားမသိ။
တွယ်တာ ကိုရန်ကြီး ကစားနေကျGym ကိုရောက်တော့ကိုရန်ကြီးရဲ့ SUV ကားအဖြူရောင်ကိုတွေ့ရသဖြင့်ထိုကားရဲ့နောက်မှာသူမရဲ့ကားကိုရပ်လိုက်ပါသည်။
ဆောင်းကုန်ခါနီးမို့အတော်နဲ့နေမဝင်ဘဲနေ့တာကရှည်လာသည်။ တွယ်တာကားပေါ်ကဆင်းပြီးကားကိုရီမုဖြင့်လော့ချလိုက်ကာ Gym ထဲသို့ဝင်လာလိုက်သည်။
ဒါကဒီGymကို ဒုတိယတစ်ခေါက်ရောက်တာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့အားလုံးကကိုယ့်အာရုံနဲ့ကိုယ်ကစားနေကြ၍တွယ်တာ့ကိုဘယ်သူမှသတိမထားမိကြချေ။ ပထမတစ်ခေါက်တုန်းကသာကိုရန်ကြီးကလက်ဆွဲခေါ်လာတာမို့လူတိုင်းကစိတ်ဝင်စားကြတာထင်ပါရဲ့။
တွယ်တာ Gym ထဲရောက်လျှင်ရောက်ချင်း The Weekend ရဲ့ Star Boy သီချင်းကိုကြားရသည်။ ခါးလှည့်နေကြသူများ၊ ကာဒီရိုကစားပြီးခုန်နေကြသူများ၊ အလေးမနေကြသူများ၊ အခြားအားကစားစက်များပေါ်မှာလည်းသူ့နည်းသူ့ဟန်နဲ့သူကစားနေကြသည်။ အဲ့ဒီအထဲမှာ တွယ်တာလိုက်ရှာနေသောကိုရန်ကြီးကိုမတွေ့။
ရှေ့မှာကားကြီးရှိရဲ့သားနဲ့လူကဘယ်ရောက်နေတာပါလိမ့်ဟုတွယ်တာGymထဲမှာ မျက်လုံးလျင်လျင်ထားပြီးရှာနေမိသည်။
လက်ဝှေ့သမားတစ်ယောက်တောင်လာကစားတဲ့Gymဆိုတော့ ခပ်ကျဥ်းကျဥ်းမဟုတ်။ အတော်လေးကျယ်ပြီးလူလည်းများသည်။ တွယ်တာGymရဲ့ ဘယ်ဘက်အခြမ်း၊ ယောက်ျားတွေပိုများတဲ့ဘက်သို့ ခပ်တည်တည်နဲ့လျှောက်သွားတော့ ဘီယာဗိုက်နဲ့ဦးလေးကြီးတွေလည်းတွေ့ရသလို၊ ဗလတောင့်တဲ့လူရွယ်ပိုင်းယောက်ျားတွေအပြင် တွယ်တာတို့လို၁၀ ကျော်သက်အရိုးပဲရှိတဲ့ကောင်လေးတွေကိုလည်းတွေ့ရသည်။
ဟော....အားလုံးထဲမှာ အမိုက်ဆုံးနဲ့မျက်လုံးထဲသို့တန်းကနဲမြင်လိုက်ရတာကတော့ စွတ်ကျယ်အဖြူရောင်နဲ့အားကစားဘောင်းဘီအတိုကိုဝတ်ထားလျှက် ဘားဆွဲနေသောဘဲကြီးကိုပင်ဖြစ်သည်။
ချွေးတွေစိုနေတဲ့ စွတ်ကျယ်ရယ် အညိုရောင်လက်ပျဥ်ကကြွက်သားတွေရယ် ခိုစီးချင်စရာလက်မောင်းကြီးရယ် နောက်ကနေကကျောပဲမြင်ရတာတောင်မှ ကိုရန်ကြီးကမိုက်လိုက်တာလူတွေရယ်။
တွယ်တာ ရန်ကြီးကိုငေးနေရင်းစိတ်ထဲကနေပြောနေမိတုန်း ဘားကွင်းတွေကိုလွှတ်ပြီးခုန်ဆင်းလိုက်သောကိုရန်ကြီးက စွတ်ကျယ်အင်္ကျီကို လှန်တင်ပြီးမျက်နှာကချွေးတွေကိုသုတ်ရင်းတွယ်တာ့ဘက်သို့လှည့်လာခိုက်....ဗိုက်ကကြွက်သားအမြှောင်း၆ခုက တောင့်တင်းနေတာကိုတစ်ဝက်တစ်ပြတ်မြင်နေရ၏။
ဒါမျိုးဘဲကြီးကိုမှတွယ်တာရတနာမကြိုက်ရင်ဘယ်သူ့ကိုသွားကြိုက်မလဲ။
"ဟာ....တွယ်တာ! "
ရန်ကြီးက တွယ်တာ့ကိုမြင်တော့ စွတ်ကျယ်ကိုလက်ကနေပြန်ချပြီးတွယ်တာ့ဆီသို့လှမ်းလာသည်။
"ဘယ်လိုရောက်လာတာလဲ "
တွယ်တာ့အနားသို့ကပ်ရပ်လိုက်တော့ တွယ်တာ့မှာသူ့အရပ်အရှည်ကြီးကိုမော့ကြည့်ရပါတော့သည်။
"ဟို Gym လာကစားတာလေ "
"ဟမ်...အခုကိုလား"
ကိုရန်ကြီးက ခါးထောက်ထားလျှက်တွယ်တာ့ကိုငုံ့ကြည့်ပြီးမေးတော့ တွယ်တာကမော့ကြည့်နေလျှက်ခေါင်းညိတ်ပြသည်။
"ဘာလို့ ကြိုမပြောတာလဲ ငါကခဏနေရင်ပြန်တောင်ပြန်တော့မှာ "
ရန်ကြီးက တွယ်တာ့ကို ကျောဘက်ကနေအသာလေးကိုင်ပြီး မိန်းကလေးတွေရှိတဲ့ဘက်သို့ခေါ်လာသည်။
"နောက်ရက်ကျရင်အတူတူလာမယ်နော် "
"ငါက အားတဲ့အချိန်လာတာ တွယ်တာရဲ့ ဘယ်အချိန်လာတယ်လို့သတ်မှတ်လို့မရတော့ဘူး အခုက Training ကာလလည်းဖြစ်နေလို့ "
တွယ်တာက နှုတ်ခမ်းကလေးဆူသွားပေမဲ့ ဘာပဲဖြစ်ဖြစ် Gym မှာအတူကစားရဖို့ကအဓိကမို့
"ရပါတယ် အတူမလာရလည်း တွယ်တာတို့Gymမှာနေ့တိုင်းတွေ့ရမှာပဲကို "
"ဆရာ ဒါ ကျွန်တော့်ညီမလေး ဒီနေ့ကစပြီးကစားမှာမို့သေချာ Train ပေးပါဦးဗျ "
ရန်ကြီးအောင်သည် ဒီGymရဲ့ပိုင်ရှင်လည်းဖြစ်၊ သူ၏ဆရာအရင်းခေါက်ခေါက်ဖြစ်တဲ့ အရပ်ပုပုBodyတောင့်တောင့်နဲ့ Trainer အားတွယ်တာ့ကိုအပ်ပေးသည်။
"မင်းညီမအရင်းလား ညီမရှိတယ်လို့တစ်ခါမှမပြောဖူးဘူးနော် တူလည်းမတူဘူး မင်းညီမကဖွေးစွတ်လို့ "
အေးလေ....ဒီလောက်အသားအရေချင်းကွာနေတာကို ညီမလေးလို့မိတ်ဆက်ပေးနေသေးတယ် ဘယ်သူကယုံမှာလဲ ဘဲကြီးအရမ်းတုံးတာပဲ။
"ဗျာ....အရင်းတော့ဘယ်ဟုတ်မလဲဗျာ ကျွန်တော့်ရဲ့ညီမလေးလိုမျိုးသဘောထားရတဲ့ကျွန်တော့်သူငယ်ချင်းညီမ တရုတ်ကြီးညီမလေ "
တရုတ်ကြီးလို့ပြောလိုက်တော့ Trainer က ခေါင်းညိတ်သည်။
"သြော်....အေး...အဲ့တာကြောင့်ဒီလိုရုပ်မျိုးမြင်ဖူးပါတယ်လို့ အစ်ကိုကိုလာကစားခိုင်းတာအစ်ကိုကလာမတော့ဘဲညီမကရောက်လာတယ် "
တွယ်တာက Trainer ပြောတာကိုသိပ်နားမလည်တော့ရန်ကြီးကိုမော့ကြည့်သည်။ ရန်ကြီးက တွယ်တာနားမလည်တာသိလို့ပြန်ရှင်းပြ၏။
"ဆရာက တရုတ်ကြီးကိုရောငထူးကိုရောသိတယ် ငါတို့ငယ်ငယ်က၃ယောက်စလုံးဒီမှာကစားကြဖူးတယ်လေ အဲ့ဒီ၂ကောင်ကထွက်သွားကြလို့ ပြီးတော့ငါTrainingဆင်းတဲ့ဆီလည်းအဲ့ဒီ၂ကောင်ကခဏခဏလိုက်လာဖူးတော့ ဆရာနဲ့ပါဘော်ဒါတွေဖြစ်နေတာ "
"သြော်......"
"Training ကာလဆိုတော့ ငါက မင်းကိုသေချာဂရုမစိုက်နိုင်ဘဲနေမှာစိုးလို့ ဆရာနဲ့အပ်ထားတာ ဆရာ့ကိုအားမနာနဲ့ ဆရာ့နာမည်ကိုဘိုဘိုလွင်တဲ့ ဆရာလွင်လို့ခေါ်တယ် ဆရာ သူ့နာမည်ကတွယ်တာတဲ့"
"အိုခေ...အိုခေ....ငါသေချာဂရုစိုက်ပေးပါ့မယ် မင်းလည်းနောက်ပွဲအတွက်သာအာရုံစိုက် "
ကိုရန်ကြီးက ပြိုင်ပွဲအတွက်အသေTrainနေရပုံရှိသည်။ ဒီတိုင်းဆိုရင် တွယ်တာဒီကိုလာပြီးမလုပ်ရှုပ်မိပြီလား။ ဒီလိုတွေးမိပြီးအနည်းငယ်စိတ်မကောင်းဖြစ်သွား၏။
"ဒီနေ့က မိန်းကလေးTrainer ဆရာမကခွင့်ယူထားလို့နောက်ရက်မှမိတ်ဆက်ပေးတော့မယ် "
"ဟုတ် ရပါတယ် ကိုရန်ကြီး လုပ်စရာရှိတာဆက်လုပ်ပါ တွယ်တာကရတယ်"
"အင်း တစ်ခုခုဆို ဆရာမရှိရင်ငါ့ခေါ်လိုက်နော်"
"ဟုတ်"
ရန်ကြီးက တွယ်တာ့ကိုမှာစရာရှိတာမှာပြီး သူကစားဖို့ကျန်နေသောအပိုင်းကိုဆက်ကစားသည်။
အစကGymကိုသူ့မပြောဘဲလာရင် နည်းနည်းတော့အဆူခံရမယ်ထင်ထားတာ။ အခုတော့မဆူဘဲနဲ့သူမအားတဲ့ကြားကနေဆရာနဲ့သေချာအပ်ပေးနေသည်။ ကိုရန်ကြီးက တွယ်တာလုပ်ချင်တာကိုပိတ်ပင်တဲ့အထဲမှာမပါ။
တွယ်တာ ဆံပင်ရှည်တွေကိုလက်မှာစွပ်ထားတဲ့ခေါင်းစည်းကွင်းနဲ့မြှောက်စည်းလိုက်ပါသည်။ ဒီနေ့ကပထမဆုံနေ့မို့သေချာမပြင်ဆင်ခဲ့ရပေမဲ့နောက်ရက်တော့ တခြားမမတွေလိုမျိုး Sportwear နဲ့လာရမည်။
"သမီး ဒီဘက်လာ "
ဆရာက အသက်၄၀နီးပါးရှိပြီဖြစ်ကာ တွယ်တာ့အားသမီးဟုခေါ်သည်။
"ဟုတ်ကဲ့ "
"အရင်ဆုံး စက်ဘီးနင်းကြမယ်နော် ၁၀မိနစ် စက်ဘီးနင်းမယ်"
ဆရာက တွယ်တာ့အား လမ်းေလျှာက်စက်တွေဘေးက စက်ဘီးဆီသို့လိုက်ပို့ပြီး နံရံမှာကပ်ထားသော နာရီသို့လက်ညှိုးထိုး၍၁၀မိနစ်ပြည့်ရင်ရပ်ဖို့ပြောသည်။
တွယ်တာလည်း စက်ဘီးပေါ်သို့တက်ခွလိုက်ပြီး ဆရာပြောတဲ့အတိုင်း၁၀မိနစ်ပြည့်အောင်နင်းလိုက်ပါသည်။
တွယ်တာစက်ဘီးနင်းနေရင်း Gym ထဲကလူတွေကိုလိုက်ကြည့်နေမိသည်။
"ဒီနေ့မှရောက်တာလားညီမလေး "
"ရှင်... ဟုတ်..အခုပဲရောက်တာ"
တွယ်တာ့ဘေးကစက်ဘီးပေါ်သို့ရောက်လာသောအသက်လတ်ပိုင်းမိန်းကလေးတစ်ယောက်ကတွယ်တာ့ကိုမေးတော့တွယ်တာပြန်မေးလိုက်သည်။
"အစ်မကရော"
"အစ်မကဒီမှာကစားတာကြာပြီ၃လ ကျော်ပြီ"
"သြော်...အဲ့တာဆို အစ်မတော်တော်သိနေရောပေါ့"
"အင်း ညီမကဒီနေ့မှရောက်တယ်ဆိုမှ ဒီနေ့ ဆရာမချယ်ရီကခွင့်ယူတယ်တဲ့ "
"ဟုတ် စောနကဆရာနဲ့ကိုရန်ကြီးကပြောပြတယ်"
"ကိုရန်ကြီး...ကိုရန်ကြီးအောင်နဲ့အသိလား"
"ဟုတ်ကဲ့ တွယ်တာ့အစ်ကိုနဲ့ကိုရန်ကြီးနဲ့သူငယ်ချင်းတွေ"
"သြော်...ကိုရန်ကြီးအောင်နဲ့သိတယ်ဆိုရင် ကိုရန်ကြီးအောင်ကိုပြခိုင်းရင်တောင်ရတယ် တစ်ခါတစ်လေTrainerတွေမအားရင် ကိုရန်ကြီးအောင်ကပဲပြပေးတာ"
"ဟုတ်လား ဒီမှာTrainer ဘယ်နှယောက်ရှိတာလဲ"
"ဆရာလွင်ရယ် ဆရာမချယ်ရီရယ် ဆရာနေထက်ရယ် ဟိုမှာဟိုဦးလေးကြီးကိုအလေးကူမပေးနေတဲ့တစ်ယောက် "
"သြော်....၃ယောက်ပေါ့"
"ဟုတ်တယ်...ဆရာလွင်က အရင်ကတော့သူပဲTrainပေးလေ့ရှိပေမဲ့ ခုနောက်ပိုင်းတော့သိပ်မကြည့်ပေးတော့ဘူးတဲ့ သူကပိုင်ရှင်ဆိုတော့လေ"
တွယ်တာကအခုမှရောက်တဲ့အတွက်ဘေးကအစ်မပြောပြသမျှသေချာလေ့လာပြီးနားထောင်နေသည်။
စက်ဘီးနင်းပြီးတော့ တွယ်တာ့အားပထမဆုံး Chest ပိုင်းကိုကစားခိုင်းသည်။ ပထမဆုံးနေ့ဆိုတော့အများကြီးလည်းမခိုင်းဘဲ ၃မျိုး၄မျိုးလောက်ပဲကစားခိုင်း၏။
တွယ်တာ Bicep အတွက် ကြိုးဆွဲရတဲ့အခါဒါပြီးရင်နားလို့ရပြီဟုဆရာကပြောသွားသည်။ တွယ်တာလည်း အိမ်မှာဘာအလုပ်မှမလုပ်ရတဲ့လူမို့လို့နည်းနည်းလောက်ပင်ပန်းတာနဲ့လူကညောင်းနေပြီဖြစ်သည်။ ဒီတစ်ခုပြီးရင်ပြီးပြီဆိုတော့ပျော်သွားတာ။
အဲ့ဒီထက်လေ အနောက်ထဲကနေမျက်နှာသစ်အဝတ်စားလဲပြီးသူ့အိတ်ကိုကိုင်၍ထွက်လာသောကိုရန်ကြီးက တွယ်တာ့အနားက အိပ်ထလုပ်တဲ့ခုံမှာထိုင်ပြီးတွယ်တာ့ကိုစောင့်ပေးနေတာကပိုပြီးရင်ခုန်စေသည်။
ခြေချိတ်ပြီးလက်ပိုက်၍တွယ်တာကစားတာထိုင်ကြည့်နေရာမှရုတ်တရက်ထလာပြီး ကြိုး၂ခုကိုဆုပ်ကိုင်ထားတဲ့တွယ်တာ့လက်တွေအပေါ်ကနေသူ့လက်အကြီးကြီးကအုပ်ကိုင်လိုက်သည်။
"အဲ့ဒီလိုမဟုတ်ဘူး...ခြေထောက်နည်းနည်းကား.... လက်က 90° ပဲထား အပေါ်ထိဆန့်တက်မသွားနဲ့ လက်မောင်းကိုပဲအားပြုထား "
ပြောလည်းပြောပြီး တွယ်တာ့အနောက်ကနေလာရပ်လိုက်တော့ တွယ်တာအခုကိုရန်ကြီးရင်ခွင်ထဲရောက်သွားပြီဖြစ်သည်။
တွယ်တာ့ရဲ့လက်တွေအပေါ်ကနေကြိုးကိုအုပ်ကိုင်ထားလျှက် ဘယ်လိုကစားရလဲဆိုတာသူကလိုက်ကစားပြနေသည်။
"ဒီလို...လက်မောင်းကိုအားပြုညှစ်ပြီးအောက်ကိုဆွဲချမယ်....ပြီးရင်...ဒီလိုလက်ကို90°ထိပဲ ကွေးတင်မယ် "
ဒီလိုသာနေ့တိုင်းသင်ပြပေးနေရင် တွယ်တာတို့ဘယ်လောက်ပင်ပန်းပင်ပန်းခြေထောက်တွေမထောက်နိုင်တဲ့အထိကိုလာကစားပစ်မယ်။
Shitt...နေပါဦး....ဒီကကောင်မလေးတိုင်းကိုဒီလိုမျိုးရင်ခွင်ထဲထည့်ပြီးတော့ သင်ပေးမနေလောက်ပါဘူးနော်။
တွယ်တာ မပိုင်ရသေးတဲ့အစ်ကိုကြီးအားသဝန်တိုနေမိရင်း ပူလောင်နေရသည်။
"ရပြီလား....လုပ်ကြည့် "
ရန်ကြီးက တွယ်တာ့နောက်ကနေဖယ်ပေးလိုက်ပြီး တွယ်တာ့ကစားတာကိုဘေးကနေလက်ပိုက်ကြည့်နေသည်။
"ဒီလိုလား"
"အင်းဟုတ်တယ်....မှန်သွားပြီ "
တွယ်တာ့ကို ဆရာလုပ်ခိုင်းခဲ့အတိုင်း ၁၀ကြိမ်၄ခါကစားပြီးနောက် ကြိုးကိုလွှတ်ချလိုက်ပြီး လေပူတစ်ချက်မှုတ်ထုတ်ကာလက်နှစ်ဖက်လုံးကိုဆန့်ထုတ်လိုက်ပါသည်။
"လက်တွေနာနေပြီလား"
"နာတာပေါ့ ကိုရန်ကြီးကလည်း"
"အကြောလျှော့ရအောင် ဟိုဘက်လှည့်ပြီး လက်နှစ်ကိုနောက်ဆန့်ထား "
ကိုရန်ကြီးကတွယ်တာ့ကိုယ်လေးကိုဟိုဘက်လှည့်ခိုင်းပြီးသူကအနောက်မှနေ၍ တွယ်တာ့လက်နှစ်ဖက်ကိုစုကိုင်လိုက်သည်။
"ခါးကော့ထား"
တွယ်တာခါးကော့လိုက်တော့ ကိုရန်ကြီးကတွယ်တာ့လက်နှစ်ဖက်ကိုသူ့လက်တစ်ဖက်တည်းနဲ့စုကိုင်ထားလျှက် ကျန်လက်တစ်ဖက်နဲ့တွယ်တာ့ကျောကိုတွန်းထုတ်လိုက်သည်။
"အ..အား..."
ဂျွတ်ကနဲနေအောင် အသံမြည်ပြီး နည်းနည်းအောင့်တက်သွားပေမဲ့ နေလို့တော့ကောင်းသွားသည်။
"ရပြီလား...ညောင်းနေသေးရင် လက်နှစ်ဖက်ကိုအပေါ်မြှောက်လိုက် "
"ဟင့်အင်း...ရပြီ.."
ဂျွတ်ကနဲမြည်သွားတဲ့အသံကိုကြောက်နေပုံရတဲ့တွယ်တာ့ကြောင့်ရန်ကြီးက ပြုံးလိုက်၏။
"မင်းရဲ့အရိုးတွေမကျိုးပါဘူး "
"ဒါပေမဲ့နာတယ်လေ "
"အဲ့တာမှ မင်းအညောင်းပြေမှာပေါ့ မဟုတ်ရင်မင်းညကျရင်တအားညောင်းမှာ မနက်ကျရင်ထတောင်ထနိုင်မှာမဟုတ်ဘူး ကိုယ်တွေလက်တွေအရမ်းကိုက်နေမှာ "
တွယ်တာလည်း ကိုရန်ကြီးစကားနားထောင်ပြီး လက်နှစ်ဖက်ကိုအပေါ်သို့ဆန့်တင်ပေးလိုက်တော့ ကိုရန်ကြီးက ထပ်ပြီးခါးကိုနှိပ်ကာဆန့်တင်ထားတဲ့လက်နှစ်ဖက်ကိုဆွဲဆောင့်လိုက်သည်။
"အ...အား..."
ဒီတစ်ခါမှာလည်းဂျွတ်ကနဲမြည်ပြီး အကြောအချဥ်တွေအားလုံးပြေသွားစေသည်။
"ကျိုးကုန်ရင်တော့ကိုရန်ကြီးကြောင့်ပဲနော် "
"မကျိုးပါဘူးဆို...လာ... ပြန်ကြစို့"
ရန်ကြီးက ရယ်ပြီး သူ့အိတ်ကိုကောက်ကိုင်လျှက်တွယ်တာ့ကိုပုခုံးကနေအသာလေးကိုင်ခေါ်လိုက်တော့တွယ်တာက ရန်ကြီးလက်ထဲကအိတ်မှာချိတ်ထားသောသူမပေးတဲ့Key Chain လေးကိုတွေ့သွားသည်။
"ဟယ်...ကိုရန်ကြီးလည်း ဒီမှာချိတ်ထားတာလားတွယ်တာလည်းအဲ့တာလေးကိုတွယ်တာ့ကျောင်းလွယ်အိတ်မှာချိတ်ထားတယ်"
ရန်ကြီးက သူ့အိတ်က Boxing လက်အိတ် Key Chain အနီကလေးကိုငုံ့ကြည့်ပြီး
"အင်း ဟုတ်တယ် ဒီအိတ်မှာပဲ ချိတ်စရာရှိတာကို"
ဟုပြန်ပြောလိုက်ပါသည်။
"ဒါနဲ့ အိမ်မှာ ဆေးလိမ်းစရာရှိလား "
ကားထဲဝင်ခါနီးမှ တွယ်တာ့ကိုလှည့်မေးတော့ တွယ်တာခေါင်းရမ်းပြသည်။
"ဘာဆေးလဲ "
"မင်း ညရောက်ရင်သေချာပေါက် ကိုယ်တွေလက်တွေကိုက်နေတာမှာ မနက်ကျကျောင်းသွားဖို့မထနိုင်ပဲနေမှာစိုးလို့"
"ဆေးလိမ်းအိပ်ရမှာလား"
"အင်း လိမ်းအိပ်ရင်ပိုကောင်းတယ်"
"အိမ်မှာ မာမားရဲ့ပရုတ်ဆီတော့ရှိတယ် ဒါပေမဲ့ပရုတ်ဆီကြီးမကြိုက်ဘူး"
ရန်ကြီးဟာ သူ့အိတ်ကိုဇစ်ဖွင့်ပြီး ဗော့တက်စ်လိမ်းဆေးညှစ်ဘူးကလေးကို ထုတ်ကာတွယ့်တာဆီသို့ပစ်ပေးလိုက်သည်။
"အဲ့တာလိမ်းအိပ် "
"ကိုရန်ကြီးကရော မလိမ်းတော့ဘူးလား"
"ငါက ကစားနေကျဖြစ်နေပြီမနာတော့ဘူး မင်းကအခုမှစလို့ "
တွယ်တာက ဆေးဘူးကိုကြည့်ပြီးသွားတန်းကလေးပေါ်အောင်ပြုံးလိုက်တော့ ရန်ကြီးအောင်ပါလိုက်ပြုံးမိသည်။
"အဲ့တာဆို ပြန်ပြီနော် ကားကိုသေချာမောင်း "
"ဟုတ်ကဲ့ တာ့တာ "
တွယ်တာက လက်ကလေးဝေ့ရမ်းပြီးတာ့တာပြတဲ့အခါ ရန်ကြီးက ခေါင်းညိတ်ပြီးကားထဲဝင်သွားလေသည်။
တွယ်တာက ရန်ကြီးပေးသွားတဲ့ဆေးဘူးကိုကြည့်မဝဖြစ်ကာကားထဲရောက်တဲ့အထိသဘောကျနေမိသည်။
ကိုရန်ကြီးက တွယ်တာ့ကိုဂရုစိုက်တာပဲ။
ရည်းစားဖြစ်တဲ့နေ့ရောက်မှာအာဘွားတွေပေးပစ်လိုက်ဦးမယ်။
***********************************
အမှားပါရင်ခွင့်လွှတ်ပါ။
Part (11) ဆက်ရန်
Zawgyi Version
The Challenge of Love
Part (10)
"တြယ္တာ ဒါကေရာဘယ္လဲ ညည္းလည္းအိမ္ကိုမကပ္ဘူးေနာ္ ေက်ာင္းဖြင့္ေတာ့လည္းေက်ာင့္ဖြင့္လို႔ေက်ာင္းပိတ္ေတာ့လည္းပိတ္လို႔"
အနက္ေရာင္ဂ်င္းေဘာင္းဘီအတိုကေလးထဲသို႔တီရွပ္ပြပြႀကီးကိုထည့္ဝတ္ထားေသာတြယ္တာက ကားေသာ့ကိုင္ၿပီးအိမ္ထဲကေနထြက္တဲ့အခါမာမားက ပါပါးကိုေကာ္ဖီေဖ်ာ္ေပးရင္းနဲ႕လွမ္းေအာ္သည္။
"သမီး Gym ကစားေတာ့မလို႔ေလ ညေနတိုင္းသြားကစားမွာဒီေန႕ကစၿပီးေတာ့"
တြယ္တာက အိမ္ထဲျပန္ဝင္လာၿပီးမာမားကိုသူမဘယ္သြားမလဲဆိုတာေျပာေလသည္။ မာမားကေကာ္ဖီခြက္ကိုပါပါးဆီသို႔ယူလာေပး၏။
"ပါပါးသမီးသြားေတာ့မယ္ေနာ္"
"ေအး ေအး ဂ႐ုစိုက္သြား"
ပါပါးက တြယ္တာဘာလုပ္လုပ္သိပ္ေျပာတာမဟုတ္။ အလိုလိုက္တတ္တဲ့အေဖမ်ိဳးျဖစ္သည္။ မာမားကတြယ္တာ့ကိုအလိုမက်တဲ့မ်က္ႏွာနဲ႕ၾကည့္လည္းတြယ္တာ့ဘက္မွာပါပါးရွိေနတာမို႔တြယ္တာေအးေဆးပဲအိမ္ထဲကေနထြက္သြားသည္။
ဒီေန႕ကပိတ္ရက္စေနေန႕ဆိုေတာ့အိမ္မွာလူစုံသည္။ မာမားကေတာ့အခ်ိန္ျပည့္ပါပါးနားကပ္ေနၿပီး ကိုႀကီးကေတာ့ တစ္ဖက္မွာ႐ုံးဝန္ထမ္းျဖစ္ေနေပမဲ့တစ္ဖက္မွာေတာ့သူဝါသနာပါတဲ့Game Stream တာကိုလုပ္သည္။ ညေရာက္မွသူ႕ေဘာ္ဒါေတြနဲ႕ဘီယာဆိုင္သြားမည္ထင္၏။ ကိုႀကီးကေန႕တိုင္းအရက္၊ ဘီယာတစ္ခုခုေတာ့ေသာက္ကိုေသာက္သည္။
အခုက ညေန၄နာရီခြဲဆိုေတာ့ ကိုႀကီး Gameကစားေနတာျဖစ္ရမည္။ မဟုတ္လွ်င္တြယ္တာGymကစားမယ္ဆိုတဲ့အသံၾကားတာနဲ႕ သူ႕သူငယ္ခ်င္းကိုဒုကၡသြားေပးဦးမလားဆိုၿပီးစကားမ်ားရဦးမွာျဖစ္သည္။
တြယ္တာ လြန္ခဲ့တဲ့၂ႏွစ္ကတည္းက Gym ကစားဖို႔ ကိုရန္ႀကီးအားခဏခဏပူဆာခဲ့ေပမဲ့ ကိုရန္ႀကီးကမလာခဲ့နဲ႕မကစားနဲ႕ငယ္ေသးတယ္ဆိုၿပီးအၿမဲတားေလ့ရွိသည္။
အခုေတာ့ကိုရန္ႀကီးတားလည္းတြယ္တာလက္မခံေတာ့ပါ။ အခုတြယ္တာက ပထမႏွစ္ေတာင္ၿပီးေတာ့မည့္တကၠသိုလ္ေက်ာင္းသူျဖစ္ေနၿပီ။ အသက္လည္း၁၈ႏွစ္ျပည့္ၿပီ။ ေက်ာင္းကလည္းပိတ္ေတာ့မွာလပိုင္းပဲလိုေတာ့တာဆိုေတာ့ ကိုရန္ႀကီးတြယ္တာ့ကိုတားလို႔မရေတာ့ပါ။ ဒီခ်ိန္ဆိုကိုရန္ႀကီးေသခ်ာေပါက္ Gymမွာရွိေနလိမ့္မည္။ တြယ္တာလာမယ္ဆိုတာကိုႀကိဳေျပာမထားတာမို႔ Suprise ျဖစ္သြားမလားမသိ။
တြယ္တာ ကိုရန္ႀကီး ကစားေနက်Gym ကိုေရာက္ေတာ့ကိုရန္ႀကီးရဲ႕ SUV ကားအျဖဴေရာင္ကိုေတြ႕ရသျဖင့္ထိုကားရဲ႕ေနာက္မွာသူမရဲ႕ကားကိုရပ္လိုက္ပါသည္။
ေဆာင္းကုန္ခါနီးမို႔အေတာ္နဲ႕ေနမဝင္ဘဲေန႕တာကရွည္လာသည္။ တြယ္တာကားေပၚကဆင္းၿပီးကားကိုရီမုျဖင့္ေလာ့ခ်လိဳက္ကာ Gym ထဲသို႔ဝင္လာလိုက္သည္။
ဒါကဒီGymကို ဒုတိယတစ္ေခါက္ေရာက္တာျဖစ္ၿပီး ဒီတစ္ႀကိမ္မွာေတာ့အားလုံးကကိုယ့္အာ႐ုံနဲ႕ကိုယ္ကစားေနၾက၍တြယ္တာ့ကိုဘယ္သူမွသတိမထားမိၾကေခ်။ ပထမတစ္ေခါက္တုန္းကသာကိုရန္ႀကီးကလက္ဆြဲေခၚလာတာမို႔လူတိုင္းကစိတ္ဝင္စားၾကတာထင္ပါရဲ႕။
တြယ္တာ Gym ထဲေရာက္လွ်င္ေရာက္ခ်င္း The Weekend ရဲ႕ Star Boy သီခ်င္းကိုၾကားရသည္။ ခါးလွည့္ေနၾကသူမ်ား၊ ကာဒီရိုကစားၿပီးခုန္ေနၾကသူမ်ား၊ အေလးမေနၾကသူမ်ား၊ အျခားအားကစားစက္မ်ားေပၚမွာလည္းသူ႕နည္းသူ႕ဟန္နဲ႕သူကစားေနၾကသည္။ အဲ့ဒီအထဲမွာ တြယ္တာလိုက္ရွာေနေသာကိုရန္ႀကီးကိုမေတြ႕။
ေရွ႕မွာကားႀကီးရွိရဲ႕သားနဲ႕လူကဘယ္ေရာက္ေနတာပါလိမ့္ဟုတြယ္တာGymထဲမွာ မ်က္လုံးလ်င္လ်င္ထားၿပီးရွာေနမိသည္။
လက္ေဝွ႕သမားတစ္ေယာက္ေတာင္လာကစားတဲ့Gymဆိုေတာ့ ခပ္က်ဥ္းက်ဥ္းမဟုတ္။ အေတာ္ေလးက်ယ္ၿပီးလူလည္းမ်ားသည္။ တြယ္တာGymရဲ႕ ဘယ္ဘက္အျခမ္း၊ ေယာက္်ားေတြပိုမ်ားတဲ့ဘက္သို႔ ခပ္တည္တည္နဲ႕ေလွ်ာက္သြားေတာ့ ဘီယာဗိုက္နဲ႕ဦးေလးႀကီးေတြလည္းေတြ႕ရသလို၊ ဗလေတာင့္တဲ့လူ႐ြယ္ပိုင္းေယာက္်ားေတြအျပင္ တြယ္တာတို႔လို၁၀ ေက်ာ္သက္အရိုးပဲရွိတဲ့ေကာင္ေလးေတြကိုလည္းေတြ႕ရသည္။
ေဟာ....အားလုံးထဲမွာ အမိုက္ဆုံးနဲ႕မ်က္လုံးထဲသို႔တန္းကနဲျမင္လိုက္ရတာကေတာ့ စြတ္က်ယ္အျဖဴေရာင္နဲ႕အားကစားေဘာင္းဘီအတိုကိုဝတ္ထားလွ်က္ ဘားဆြဲေနေသာဘဲႀကီးကိုပင္ျဖစ္သည္။
ေခြၽးေတြစိုေနတဲ့ စြတ္က်ယ္ရယ္ အညိုေရာင္လက္ပ်ဥ္ကႂကြက္သားေတြရယ္ ခိုစီးခ်င္စရာလက္ေမာင္းႀကီးရယ္ ေနာက္ကေနကေက်ာပဲျမင္ရတာေတာင္မွ ကိုရန္ႀကီးကမိုက္လိုက္တာလူေတြရယ္။
တြယ္တာ ရန္ႀကီးကိုေငးေနရင္းစိတ္ထဲကေနေျပာေနမိတုန္း ဘားကြင္းေတြကိုလႊတ္ၿပီးခုန္ဆင္းလိုက္ေသာကိုရန္ႀကီးက စြတ္က်ယ္အကၤ်ီကို လွန္တင္ၿပီးမ်က္ႏွာကေခြၽးေတြကိုသုတ္ရင္းတြယ္တာ့ဘက္သို႔လွည့္လာခိုက္....ဗိုက္ကႂကြက္သားအျမႇောင္း၆ခုက ေတာင့္တင္းေနတာကိုတစ္ဝက္တစ္ျပတ္ျမင္ေနရ၏။
ဒါမ်ိဳးဘဲႀကီးကိုမွတြယ္တာရတနာမႀကိဳက္ရင္ဘယ္သူ႕ကိုသြားႀကိဳက္မလဲ။
"ဟာ....တြယ္တာ! "
ရန္ႀကီးက တြယ္တာ့ကိုျမင္ေတာ့ စြတ္က်ယ္ကိုလက္ကေနျပန္ခ်ၿပီးတြယ္တာ့ဆီသို႔လွမ္းလာသည္။
"ဘယ္လိုေရာက္လာတာလဲ "
တြယ္တာ့အနားသို႔ကပ္ရပ္လိုက္ေတာ့ တြယ္တာ့မွာသူ႕အရပ္အရွည္ႀကီးကိုေမာ့ၾကည့္ရပါေတာ့သည္။
"ဟို Gym လာကစားတာေလ "
"ဟမ္...အခုကိုလား"
ကိုရန္ႀကီးက ခါးေထာက္ထားလွ်က္တြယ္တာ့ကိုငုံ႕ၾကည့္ၿပီးေမးေတာ့ တြယ္တာကေမာ့ၾကည့္ေနလွ်က္ေခါင္းညိတ္ျပသည္။
"ဘာလို႔ ႀကိဳမေျပာတာလဲ ငါကခဏေနရင္ျပန္ေတာင္ျပန္ေတာ့မွာ "
ရန္ႀကီးက တြယ္တာ့ကို ေက်ာဘက္ကေနအသာေလးကိုင္ၿပီး မိန္းကေလးေတြရွိတဲ့ဘက္သို႔ေခၚလာသည္။
"ေနာက္ရက္က်ရင္အတူတူလာမယ္ေနာ္ "
"ငါက အားတဲ့အခ်ိန္လာတာ တြယ္တာရဲ႕ ဘယ္အခ်ိန္လာတယ္လို႔သတ္မွတ္လို႔မရေတာ့ဘူး အခုက Training ကာလလည္းျဖစ္ေနလို႔ "
တြယ္တာက ႏႈတ္ခမ္းကေလးဆူသြားေပမဲ့ ဘာပဲျဖစ္ျဖစ္ Gym မွာအတူကစားရဖို႔ကအဓိကမို႔
"ရပါတယ္ အတူမလာရလည္း တြယ္တာတို႔Gymမွာေန႕တိုင္းေတြ႕ရမွာပဲကို "
"ဆရာ ဒါ ကြၽန္ေတာ့္ညီမေလး ဒီေန႕ကစၿပီးကစားမွာမို႔ေသခ်ာ Train ေပးပါဦးဗ် "
ရန္ႀကီးေအာင္သည္ ဒီGymရဲ႕ပိုင္ရွင္လည္းျဖစ္၊ သူ၏ဆရာအရင္းေခါက္ေခါက္ျဖစ္တဲ့ အရပ္ပုပုBodyေတာင့္ေတာင့္နဲ႕ Trainer အားတြယ္တာ့ကိုအပ္ေပးသည္။
"မင္းညီမအရင္းလား ညီမရွိတယ္လို႔တစ္ခါမွမေျပာဖူးဘူးေနာ္ တူလည္းမတူဘူး မင္းညီမကေဖြးစြတ္လို႔ "
ေအးေလ....ဒီေလာက္အသားအေရခ်င္းကြာေနတာကို ညီမေလးလို႔မိတ္ဆက္ေပးေနေသးတယ္ ဘယ္သူကယုံမွာလဲ ဘဲႀကီးအရမ္းတုံးတာပဲ။
"ဗ်ာ....အရင္းေတာ့ဘယ္ဟုတ္မလဲဗ်ာ ကြၽန္ေတာ့္ရဲ႕ညီမေလးလိုမ်ိဳးသေဘာထားရတဲ့ကြၽန္ေတာ့္သူငယ္ခ်င္းညီမ တ႐ုတ္ႀကီးညီမေလ "
တ႐ုတ္ႀကီးလို႔ေျပာလိုက္ေတာ့ Trainer က ေခါင္းညိတ္သည္။
"ေၾသာ္....ေအး...အဲ့တာေၾကာင့္ဒီလို႐ုပ္မ်ိဳးျမင္ဖူးပါတယ္လို႔ အစ္ကိုကိုလာကစားခိုင္းတာအစ္ကိုကလာမေတာ့ဘဲညီမကေရာက္လာတယ္ "
တြယ္တာက Trainer ေျပာတာကိုသိပ္နားမလည္ေတာ့ရန္ႀကီးကိုေမာ့ၾကည့္သည္။ ရန္ႀကီးက တြယ္တာနားမလည္တာသိလို႔ျပန္ရွင္းျပ၏။
"ဆရာက တ႐ုတ္ႀကီးကိုေရာငထူးကိုေရာသိတယ္ ငါတို႔ငယ္ငယ္က၃ေယာက္စလုံးဒီမွာကစားၾကဖူးတယ္ေလ အဲ့ဒီ၂ေကာင္ကထြက္သြားၾကလို႔ ၿပီးေတာ့ငါTrainingဆင္းတဲ့ဆီလည္းအဲ့ဒီ၂ေကာင္ကခဏခဏလိုက္လာဖူးေတာ့ ဆရာနဲ႕ပါေဘာ္ဒါေတြျဖစ္ေနတာ "
"ေၾသာ္......"
"Training ကာလဆိုေတာ့ ငါက မင္းကိုေသခ်ာဂ႐ုမစိုက္နိုင္ဘဲေနမွာစိုးလို႔ ဆရာနဲ႕အပ္ထားတာ ဆရာ့ကိုအားမနာနဲ႕ ဆရာ့နာမည္ကိုဘိုဘိုလြင္တဲ့ ဆရာလြင္လို႔ေခၚတယ္ ဆရာ သူ႕နာမည္ကတြယ္တာတဲ့"
"အိုေခ...အိုေခ....ငါေသခ်ာဂ႐ုစိုက္ေပးပါ့မယ္ မင္းလည္းေနာက္ပြဲအတြက္သာအာ႐ုံစိုက္ "
ကိုရန္ႀကီးက ၿပိဳင္ပြဲအတြက္အေသTrainေနရပုံရွိသည္။ ဒီတိုင္းဆိုရင္ တြယ္တာဒီကိုလာၿပီးမလုပ္ရႈပ္မိၿပီလား။ ဒီလိုေတြးမိၿပီးအနည္းငယ္စိတ္မေကာင္းျဖစ္သြား၏။
"ဒီေန႕က မိန္းကေလးTrainer ဆရာမကခြင့္ယူထားလို႔ေနာက္ရက္မွမိတ္ဆက္ေပးေတာ့မယ္ "
"ဟုတ္ ရပါတယ္ ကိုရန္ႀကီး လုပ္စရာရွိတာဆက္လုပ္ပါ တြယ္တာကရတယ္"
"အင္း တစ္ခုခုဆို ဆရာမရွိရင္ငါ့ေခၚလိုက္ေနာ္"
"ဟုတ္"
ရန္ႀကီးက တြယ္တာ့ကိုမွာစရာရွိတာမွာၿပီး သူကစားဖို႔က်န္ေနေသာအပိုင္းကိုဆက္ကစားသည္။
အစကGymကိုသူ႕မေျပာဘဲလာရင္ နည္းနည္းေတာ့အဆူခံရမယ္ထင္ထားတာ။ အခုေတာ့မဆူဘဲနဲ႕သူမအားတဲ့ၾကားကေနဆရာနဲ႕ေသခ်ာအပ္ေပးေနသည္။ ကိုရန္ႀကီးက တြယ္တာလုပ္ခ်င္တာကိုပိတ္ပင္တဲ့အထဲမွာမပါ။
တြယ္တာ ဆံပင္ရွည္ေတြကိုလက္မွာစြပ္ထားတဲ့ေခါင္းစည္းကြင္းနဲ႕ျမႇောက္စည္းလိုက္ပါသည္။ ဒီေန႕ကပထမဆုံေန႕မို႔ေသခ်ာမျပင္ဆင္ခဲ့ရေပမဲ့ေနာက္ရက္ေတာ့ တျခားမမေတြလိုမ်ိဳး Sportwear နဲ႕လာရမည္။
"သမီး ဒီဘက္လာ "
ဆရာက အသက္၄၀နီးပါးရွိၿပီျဖစ္ကာ တြယ္တာ့အားသမီးဟုေခၚသည္။
"ဟုတ္ကဲ့ "
"အရင္ဆုံး စက္ဘီးနင္းၾကမယ္ေနာ္ ၁၀မိနစ္ စက္ဘီးနင္းမယ္"
ဆရာက တြယ္တာ့အား လမ္းေလျှာက်စက်တွေဘေးက စက္ဘီးဆီသို႔လိုက္ပို႔ၿပီး နံရံမွာကပ္ထားေသာ နာရီသို႔လက္ညွိုးထိုး၍၁၀မိနစ္ျပည့္ရင္ရပ္ဖို႔ေျပာသည္။
တြယ္တာလည္း စက္ဘီးေပၚသို႔တက္ခြလိုက္ၿပီး ဆရာေျပာတဲ့အတိုင္း၁၀မိနစ္ျပည့္ေအာင္နင္းလိုက္ပါသည္။
တြယ္တာစက္ဘီးနင္းေနရင္း Gym ထဲကလူေတြကိုလိုက္ၾကည့္ေနမိသည္။
"ဒီေန႕မွေရာက္တာလားညီမေလး "
"ရွင္... ဟုတ္..အခုပဲေရာက္တာ"
တြယ္တာ့ေဘးကစက္ဘီးေပၚသို႔ေရာက္လာေသာအသက္လတ္ပိုင္းမိန္းကေလးတစ္ေယာက္ကတြယ္တာ့ကိုေမးေတာ့တြယ္တာျပန္ေမးလိုက္သည္။
"အစ္မကေရာ"
"အစ္မကဒီမွာကစားတာၾကာၿပီ၃လ ေက်ာ္ၿပီ"
"ေၾသာ္...အဲ့တာဆို အစ္မေတာ္ေတာ္သိေနေရာေပါ့"
"အင္း ညီမကဒီေန႕မွေရာက္တယ္ဆိုမွ ဒီေန႕ ဆရာမခ်ယ္ရီကခြင့္ယူတယ္တဲ့ "
"ဟုတ္ ေစာနကဆရာနဲ႕ကိုရန္ႀကီးကေျပာျပတယ္"
"ကိုရန္ႀကီး...ကိုရန္ႀကီးေအာင္နဲ႕အသိလား"
"ဟုတ္ကဲ့ တြယ္တာ့အစ္ကိုနဲ႕ကိုရန္ႀကီးနဲ႕သူငယ္ခ်င္းေတြ"
"ေၾသာ္...ကိုရန္ႀကီးေအာင္နဲ႕သိတယ္ဆိုရင္ ကိုရန္ႀကီးေအာင္ကိုျပခိုင္းရင္ေတာင္ရတယ္ တစ္ခါတစ္ေလTrainerေတြမအားရင္ ကိုရန္ႀကီးေအာင္ကပဲျပေပးတာ"
"ဟုတ္လား ဒီမွာTrainer ဘယ္ႏွေယာက္ရွိတာလဲ"
"ဆရာလြင္ရယ္ ဆရာမခ်ယ္ရီရယ္ ဆရာေနထက္ရယ္ ဟိုမွာဟိုဦးေလးႀကီးကိုအေလးကူမေပးေနတဲ့တစ္ေယာက္ "
"ေၾသာ္....၃ေယာက္ေပါ့"
"ဟုတ္တယ္...ဆရာလြင္က အရင္ကေတာ့သူပဲTrainေပးေလ့ရွိေပမဲ့ ခုေနာက္ပိုင္းေတာ့သိပ္မၾကည့္ေပးေတာ့ဘူးတဲ့ သူကပိုင္ရွင္ဆိုေတာ့ေလ"
တြယ္တာကအခုမွေရာက္တဲ့အတြက္ေဘးကအစ္မေျပာျပသမွ်ေသခ်ာေလ့လာၿပီးနားေထာင္ေနသည္။
စက္ဘီးနင္းၿပီးေတာ့ တြယ္တာ့အားပထမဆုံး Chest ပိုင္းကိုကစားခိုင္းသည္။ ပထမဆုံးေန႕ဆိုေတာ့အမ်ားႀကီးလည္းမခိုင္းဘဲ ၃မ်ိဳး၄မ်ိဳးေလာက္ပဲကစားခိုင္း၏။
တြယ္တာ Bicep အတြက္ ႀကိဳးဆြဲရတဲ့အခါဒါၿပီးရင္နားလို႔ရၿပီဟုဆရာကေျပာသြားသည္။ တြယ္တာလည္း အိမ္မွာဘာအလုပ္မွမလုပ္ရတဲ့လူမို႔လို႔နည္းနည္းေလာက္ပင္ပန္းတာနဲ႕လူကေညာင္းေနၿပီျဖစ္သည္။ ဒီတစ္ခုၿပီးရင္ၿပီးၿပီဆိုေတာ့ေပ်ာ္သြားတာ။
အဲ့ဒီထက္ေလ အေနာက္ထဲကေနမ်က္ႏွာသစ္အဝတ္စားလဲၿပီးသူ႕အိတ္ကိုကိုင္၍ထြက္လာေသာကိုရန္ႀကီးက တြယ္တာ့အနားက အိပ္ထလုပ္တဲ့ခုံမွာထိုင္ၿပီးတြယ္တာ့ကိုေစာင့္ေပးေနတာကပိုၿပီးရင္ခုန္ေစသည္။
ေျခခ်ိတ္ၿပီးလက္ပိုက္၍တြယ္တာကစားတာထိုင္ၾကည့္ေနရာမွ႐ုတ္တရက္ထလာၿပီး ႀကိဳး၂ခုကိုဆုပ္ကိုင္ထားတဲ့တြယ္တာ့လက္ေတြအေပၚကေနသူ႕လက္အႀကီးႀကီးကအုပ္ကိုင္လိုက္သည္။
"အဲ့ဒီလိုမဟုတ္ဘူး...ေျခေထာက္နည္းနည္းကား.... လက္က 90 ပဲထား အေပၚထိဆန့္တက္မသြားနဲ႕ လက္ေမာင္းကိုပဲအားျပဳထား "
ေျပာလည္းေျပာၿပီး တြယ္တာ့အေနာက္ကေနလာရပ္လိုက္ေတာ့ တြယ္တာအခုကိုရန္ႀကီးရင္ခြင္ထဲေရာက္သြားၿပီျဖစ္သည္။
တြယ္တာ့ရဲ႕လက္ေတြအေပၚကေနႀကိဳးကိုအုပ္ကိုင္ထားလွ်က္ ဘယ္လိုကစားရလဲဆိုတာသူကလိုက္ကစားျပေနသည္။
"ဒီလို...လက္ေမာင္းကိုအားျပဳညွစ္ၿပီးေအာက္ကိုဆြဲခ်မယ္....ၿပီးရင္...ဒီလိုလက္ကို90ထိပဲ ေကြးတင္မယ္ "
ဒီလိုသာေန႕တိုင္းသင္ျပေပးေနရင္ တြယ္တာတို႔ဘယ္ေလာက္ပင္ပန္းပင္ပန္းေျခေထာက္ေတြမေထာက္နိုင္တဲ့အထိကိုလာကစားပစ္မယ္။
Shitt...ေနပါဦး....ဒီကေကာင္မေလးတိုင္းကိုဒီလိုမ်ိဳးရင္ခြင္ထဲထည့္ၿပီးေတာ့ သင္ေပးမေနေလာက္ပါဘူးေနာ္။
တြယ္တာ မပိုင္ရေသးတဲ့အစ္ကိုႀကီးအားသဝန္တိုေနမိရင္း ပူေလာင္ေနရသည္။
"ရၿပီလား....လုပ္ၾကည့္ "
ရန္ႀကီးက တြယ္တာ့ေနာက္ကေနဖယ္ေပးလိုက္ၿပီး တြယ္တာ့ကစားတာကိုေဘးကေနလက္ပိုက္ၾကည့္ေနသည္။
"ဒီလိုလား"
"အင္းဟုတ္တယ္....မွန္သြားၿပီ "
တြယ္တာ့ကို ဆရာလုပ္ခိုင္းခဲ့အတိုင္း ၁၀ႀကိမ္၄ခါကစားၿပီးေနာက္ ႀကိဳးကိုလႊတ္ခ်လိဳက္ၿပီး ေလပူတစ္ခ်က္မႈတ္ထုတ္ကာလက္ႏွစ္ဖက္လုံးကိုဆန့္ထုတ္လိုက္ပါသည္။
"လက္ေတြနာေနၿပီလား"
"နာတာေပါ့ ကိုရန္ႀကီးကလည္း"
"အေၾကာေလွ်ာ့ရေအာင္ ဟိုဘက္လွည့္ၿပီး လက္ႏွစ္ကိုေနာက္ဆန့္ထား "
ကိုရန္ႀကီးကတြယ္တာ့ကိုယ္ေလးကိုဟိုဘက္လွည့္ခိုင္းၿပီးသူကအေနာက္မွေန၍ တြယ္တာ့လက္ႏွစ္ဖက္ကိုစုကိုင္လိုက္သည္။
"ခါးေကာ့ထား"
တြယ္တာခါးေကာ့လိုက္ေတာ့ ကိုရန္ႀကီးကတြယ္တာ့လက္ႏွစ္ဖက္ကိုသူ႕လက္တစ္ဖက္တည္းနဲ႕စုကိုင္ထားလွ်က္ က်န္လက္တစ္ဖက္နဲ႕တြယ္တာ့ေက်ာကိုတြန္းထုတ္လိုက္သည္။
"အ..အား..."
ဂြၽတ္ကနဲေနေအာင္ အသံျမည္ၿပီး နည္းနည္းေအာင့္တက္သြားေပမဲ့ ေနလို႔ေတာ့ေကာင္းသြားသည္။
"ရၿပီလား...ေညာင္းေနေသးရင္ လက္ႏွစ္ဖက္ကိုအေပၚျမႇောက္လိုက္ "
"ဟင့္အင္း...ရၿပီ.."
ဂြၽတ္ကနဲျမည္သြားတဲ့အသံကိုေၾကာက္ေနပုံရတဲ့တြယ္တာ့ေၾကာင့္ရန္ႀကီးက ၿပဳံးလိုက္၏။
"မင္းရဲ႕အရိုးေတြမက်ိဳးပါဘူး "
"ဒါေပမဲ့နာတယ္ေလ "
"အဲ့တာမွ မင္းအေညာင္းေျပမွာေပါ့ မဟုတ္ရင္မင္းညက်ရင္တအားေညာင္းမွာ မနက္က်ရင္ထေတာင္ထနိုင္မွာမဟုတ္ဘူး ကိုယ္ေတြလက္ေတြအရမ္းကိုက္ေနမွာ "
တြယ္တာလည္း ကိုရန္ႀကီးစကားနားေထာင္ၿပီး လက္ႏွစ္ဖက္ကိုအေပၚသို႔ဆန့္တင္ေပးလိုက္ေတာ့ ကိုရန္ႀကီးက ထပ္ၿပီးခါးကိုႏွိပ္ကာဆန့္တင္ထားတဲ့လက္ႏွစ္ဖက္ကိုဆြဲေဆာင့္လိုက္သည္။
"အ...အား..."
ဒီတစ္ခါမွာလည္းဂြၽတ္ကနဲျမည္ၿပီး အေၾကာအခ်ဥ္ေတြအားလုံးေျပသြားေစသည္။
"က်ိဳးကုန္ရင္ေတာ့ကိုရန္ႀကီးေၾကာင့္ပဲေနာ္ "
"မက်ိဳးပါဘူးဆို...လာ... ျပန္ၾကစို႔"
ရန္ႀကီးက ရယ္ၿပီး သူ႕အိတ္ကိုေကာက္ကိုင္လွ်က္တြယ္တာ့ကိုပုခုံးကေနအသာေလးကိုင္ေခၚလိုက္ေတာ့တြယ္တာက ရန္ႀကီးလက္ထဲကအိတ္မွာခ်ိတ္ထားေသာသူမေပးတဲ့Key Chain ေလးကိုေတြ႕သြားသည္။
"ဟယ္...ကိုရန္ႀကီးလည္း ဒီမွာခ်ိတ္ထားတာလားတြယ္တာလည္းအဲ့တာေလးကိုတြယ္တာ့ေက်ာင္းလြယ္အိတ္မွာခ်ိတ္ထားတယ္"
ရန္ႀကီးက သူ႕အိတ္က Boxing လက္အိတ္ Key Chain အနီကေလးကိုငုံ႕ၾကည့္ၿပီး
"အင္း ဟုတ္တယ္ ဒီအိတ္မွာပဲ ခ်ိတ္စရာရွိတာကို"
ဟုျပန္ေျပာလိုက္ပါသည္။
"ဒါနဲ႕ အိမ္မွာ ေဆးလိမ္းစရာရွိလား "
ကားထဲဝင္ခါနီးမွ တြယ္တာ့ကိုလွည့္ေမးေတာ့ တြယ္တာေခါင္းရမ္းျပသည္။
"ဘာေဆးလဲ "
"မင္း ညေရာက္ရင္ေသခ်ာေပါက္ ကိုယ္ေတြလက္ေတြကိုက္ေနတာမွာ မနက္က်ေက်ာင္းသြားဖို႔မထနိုင္ပဲေနမွာစိုးလို႔"
"ေဆးလိမ္းအိပ္ရမွာလား"
"အင္း လိမ္းအိပ္ရင္ပိုေကာင္းတယ္"
"အိမ္မွာ မာမားရဲ႕ပ႐ုတ္ဆီေတာ့ရွိတယ္ ဒါေပမဲ့ပ႐ုတ္ဆီႀကီးမႀကိဳက္ဘူး"
ရန္ႀကီးဟာ သူ႕အိတ္ကိုဇစ္ဖြင့္ၿပီး ေဗာ့တက္စ္လိမ္းေဆးညွစ္ဘူးကေလးကို ထုတ္ကာတြယ့္တာဆီသို႔ပစ္ေပးလိုက္သည္။
"အဲ့တာလိမ္းအိပ္ "
"ကိုရန္ႀကီးကေရာ မလိမ္းေတာ့ဘူးလား"
"ငါက ကစားေနက်ျဖစ္ေနၿပီမနာေတာ့ဘူး မင္းကအခုမွစလို႔ "
တြယ္တာက ေဆးဘူးကိုၾကည့္ၿပီးသြားတန္းကေလးေပၚေအာင္ၿပဳံးလိုက္ေတာ့ ရန္ႀကီးေအာင္ပါလိုက္ၿပဳံးမိသည္။
"အဲ့တာဆို ျပန္ၿပီေနာ္ ကားကိုေသခ်ာေမာင္း "
"ဟုတ္ကဲ့ တာ့တာ "
တြယ္တာက လက္ကေလးေဝ့ရမ္းၿပီးတာ့တာျပတဲ့အခါ ရန္ႀကီးက ေခါင္းညိတ္ၿပီးကားထဲဝင္သြားေလသည္။
တြယ္တာက ရန္ႀကီးေပးသြားတဲ့ေဆးဘူးကိုၾကည့္မဝျဖစ္ကာကားထဲေရာက္တဲ့အထိသေဘာက်ေနမိသည္။
ကိုရန္ႀကီးက တြယ္တာ့ကိုဂ႐ုစိုက္တာပဲ။
ရည္းစားျဖစ္တဲ့ေန႕ေရာက္မွာအာဘြားေတြေပးပစ္လိုက္ဦးမယ္။
***********************************
အမွားပါရင္ခြင့္လႊတ္ပါ။
Part (11) ဆက္ရန္