DADDY BROTHER (Complete)

By Hlwann-97

7.6K 550 92

ငါ့ပိုင်နက်ထဲရောက်နေတဲ့ မင်းက..ငါ့အပိုင် More

Introduction
Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (8)
Part (9)
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
Part (16) Final
Special Episode

Part (7)

421 33 19
By Hlwann-97

အိမ်က အရင်တိုင်းလေလိုပင် ၊
သို့သော် မေမေ Nagoya က ပြန်လာမယ်ဆိုတဲ့အသိကတော့ ပျောက်ဆုံးမသွားပေ။

မေမေ သိလား ? မေမေ့သားက ဘဝတစ်ကွေ့မှာ မထင်မှတ်ထားတဲ့သူနဲ့တွေ့ဆုံခဲ့ရတယ် ၊ မေမေ့ရန်သူတစ်ဖြစ်လဲ ပေါ့ ၊

ဒါပေမဲ့ သားအပေါ်တော့ကောင်းတယ် မေမေ ။

ကို့အတ္တတစ်ခုထဲကိုသာကြည့်ပီး စိတ်လိုလက်ရ ထင်ဒိုင်းကြဲတဲ့ သူမျိုးနဲ့လဲ ကျွန်တော်ဆုံတွေ့ခဲ့ရပီးပီ ။

သားလေ လူမှုပတ်ဝန်းကျင်ကိုကောင်းကောင်းလေ့လာတတ်ပီ။ သား ရင့်ကျက်ပီလို့ထင်တာပဲ။

မေမေရော ကောင်းကောင်းမွန်မွန်နေထိုင်နေတယ်မလားဟင်။

အိမ်ရှေ့ကွပ်ပစ်လေးမှာထိုင်ရင်း ကောင်းကင်က တိမ်စိုင်လေးတွေကိုငေးကြည့်ကာ စိတါထဲတွင်ပြောနေခြင်းပင်

ညမိုးရွာသွန်းထားတဲ့ အအေးဒဏ်အရှိန်ကြောင့်နာကျင်ကိုက်ခဲသည့် ရှရာအား ခြေဖမိုးကတစ်ဆင့် ပတ်တီးဖြူလေးအားရစ်ပတ်၍ ခြေဖဝါး၌ ရစ်နွယ်ပီးဆုံးသည်။

ခြေထောက်လေးအားစုံမရပ်နိုင်တာကြောင့် ထော့နဲ့နဲ့ ဖြင့် မီးဖိုချောင်ထဲဝင်ကာ မနက်စာပြင်လိုက်သည်။

ခပ်ချိုချိုအရသာရှိသည့် Miso ဟင်းချိုလေး ၊
Saba ငါးကင်စားချင်သော်ငြားလဲ.. မဝယ်ရသေးတာကြောင့် ဟင်းချိုလေးထဲ ထမင်းမြုပ်သည်အထိမွှေကာ ဒီတိုင်းပင် စားလိုက်ရသည်။

ခန္ဓာကိုယ်အောက်ပိုင်းတစ်ပိုင်းလုံး နုံးချိနေသော်လည်း တာဝန်ကတော့ ရှိတာမို့ ပျက်ကွက်လို့မဖြစ်ပြန်။

ခဏကြာတော့ Daddy ခိုင်းထားသည့် အလုပ်က််ိုသတိရ၍ Laptop အိပ် အမြန်ဆွဲကာ သခင်ကြီးအိမ်သို့ပင် ။

" တီး တောင် "

" ဂျိန်းးးး "

"Yoon San "

" Hai "

" So Junghwan ရော "

" ခုနကတင် , Hoshi နဲ့ ရုံးသွားပီ သား "

" ဟုတ်ကဲ့ "

" စာရွက်စာတန်းတွေ Daddy က ပို့ပေးဖို့ပြောထားလို့ပါ , အဲ့ဒါသူ့အခန်းထ ဝင်ခွင့်ပြုပါနော် "

" သားရယ် Daddy နဲ့ ပြောထားတဲ့ကိစ္စပဲကို ၊ Yoon ကိုခွင့်တောင်းဖို့လိုသေးလို့လား "

ယိုရှီတစ်ယောက်ပြုံးရုံမျှပြုံးလိုက်လေသည်။

( Yoshi ဆိုသည့် နာမည်ကို ဆိုးဂျောင်ဟွမ်အားထုတ်ပြောလိုက်ပြီဖြစ်တာကြောင့် တစ်ချို့နေရာတွေမှာ Jaden ဇာတ်ကောင်အား ယိုရှီ
တစ်ဖြစ်ပြန်ပြောင်းပါမည်)

လိုအပ်တဲ့စာရွက်စာတန်းတွေယူပီး Company သို့လာခဲ့လေသည်။

ဥက္ကဌ ရာထူးအပ်နှင်းပွဲ ကျင်းပမည်ဆိုသော်ငြားလည်း So Junghwan တစ်ယောက် အရှုပ်အယှက်တွေအား မလိုလားတာကြောင့်
ဒီ‌တိုင်း ရင်းနှီးမြှပ်နှံသူတွေနဲ့ သူ့ရဲ့ ကြား သိရင်ရပီ ဖြစ်သညိ။

" ‌ဒေါက် ဒေါက် ဒေါက် "

" ဝင်ခဲ့ "

အကျည်းတန်‌လှတဲ့မြင်ကွင်းတစ်ခု ၊

So Junghwan ပေါင်ပေါ် မကြောက်မလန့်တက်ထိုင်နေတဲ့ Hoshi San တစ်နည်းအားဖြင့်မီးငယ်

ဒေါသဟာထောင်းခနဲ့ထွက်သွားပီး So Junghwan အားစိုက်ကြည့်၍

" Hoshi San ခဏလောက် ထွက်ပေးပါ , အလုပ်ကိစ္စပြောစရာလေးရှိလို့ "

So Junghwan က မီးငယ်အား မျက်စပစ်ပြ၍ သွားဆိုသည့်သဘောပင်

ထွက်ခါနီး So Junghwan ရဲ့ Necktie အား ဆွဲ၍ ဖိကပ်နမ်းလိုက်လျှင်

ယိုရှီတစ်ယောက် မသိမသာဟိုဘက်လှည့်လိုက်သည်။

" See you soon "

So Junghwan က ပြုံး၍ ခေါင်းသာညိပ်ပြသည်။

" ဒီ Client ရဲ့ စာရွက်စာတန်းတေကို Daddy က
မင်းကို တစ်ချက်ပြလိုက်ဆိုလို့ "

" ညက ဘယ်သွားဝာာလဲ ? "

ပြောလိုက်တဲ့စကားနဲ့ ပြန်မေးခံလိုက်ရတဲ့စကားဟာ လားလားမှ မအက်စပ် ။

ယိုရှီဟာ..ထိုစကားအားမကြားချင်ယောင်ဆောင်၍ အလုပ်ကိစ္စသာဆက်ပြောနေသည်။

So Junghwan က သူ့စကားအားအလေးမထားတာကြောင့် ခုံမှ ချက်ချင်းထလာကာ ယိုရှီရှေ့မက်တပ်ရပ်လိုက်လေသည်။

" ကျုပ်ပြောတာ ကြားလား ? "

" ဘာကိုလဲ "

ကျစ်....

စုပ်သက်၍

" ဘာလို့ မသိချင်ယောင်ဆောင်နေတာလဲ "

" ငါတို့ ကိုယ်ရေးကိုယ်တာကိစ္စတွေထားပီး ၊ အလုပ်အကြောင်းပဲပြောရအောင် ဆိုးဂျောင်ဟွမ် "

" ဘယ်သူ့ အမိန့်နဲ့လဲ "

" တော်တော့.. ငါမင်းနဲ့စကားမ‌များချင်ဘူး "

" ကျုပ်မေးနေတယ်လေ... ကျုပ်ကိုဘယ်သူထင်လို့အမိန့်လာပေးနေတာလဲ "

စာရေးဆရာကြီးတစ်ယောက်ပြောတာမှန်သည်။
လူတစ်ယောက်ရဲ့ $ ချိုးကိုသိချင်လျှင် အဲ့ဒီလူကို အာဏာ ပေးကြည့်လိုက်ဆိုသည့် စကား ။

အခုတော့ အဲ့စကားနဲ့ ထပ်တူညီပီး လိုက်ဖက်နေသည့်သူဟာ သူ့အရှေ့မှာ ရပ်နေတဲ့ ဆိုးဂျောင်ဟွမ်ဆိုသူပင်။

ဂျောင်ဟွမ်က ယိုရှီစကားအားနားမထောင်တဲ့အပြင် ခြေလှမ်းတွေအား တဖြည်းဖြည်းအရှေ့တိုးလာတာကြောင့် ယိုရှီရဲ့ခြေလှမ်းတွေဟာလဲ နောက်သို့ ဆုတ်သွားသည်။

ဂျောင်ဟွမ်တစ်လှမ်းတိုးတိုင်း သူတစ်လှမ်းနောက်ဆုတ်မိသည်။

နောက်ဆုံး ယိုရှီက ‌နံရံနဲ့ပိတ်မိသွားသည်။

" အ "

‌ယိုရှီအော်လိုက်မိတဲ့အသံကြောင့်  ဆိုးဂျောင်ဟွမ်က ကြောင်အအ နှင့်

" ဘာဖြစ်တာလဲ ငါမင်းကိုဘာမှမလုပ်ရသေးဘူးလေ ၊ အဲ့လောက်အဖြစ် သည်းပြမနေနဲ့ "

" ခြေ ခြေထောက်... "

ရုတ်တရက် ဂျောင်ဟွမ်က ယိုရှီ ခြေထောက်အား ငုံကြည့်မိလိုက်ရင်း

သူသိသည်။ ညက သူ့လုပ်ရပ်ကြောင့် ဒီ‌လိုခြေအနေမျိုးဖြစ်နေတယ်ဆိုတာကို ယိုရှိ‌မပြောပြရင်တောင် သူလုံးဝရိပ်မိသည်။

ကျစ်...

" ဖယ်.. လွှတ် ဘာလုပ်တာလဲ "

" ခင်ဗျားငြိမ်ငြိမ်မနေရင် ပြုတ်ကျလိမ့်မယ်နော် "

ယိုရှီ့ကို ခါးကနေဆွဲရင်း တင်ပါးကနေပင့်လျှက်

ထိုအခါမှ ယိုရှီက ဂျောင်ဟွမ်ရဲ့ ပုခုံးနဲ့လည်ပင်းအား သူ့လက်နှစ်ဖက်နဲ့ချိတ်လိုက်လေသည်။

" ခြေထောက်ပြ... ကြည့်ရအောင် "

ခြေထောက်ကို သူ့ပေါင်ပေါ်တင် တော့ ယိုရှီက ချက်ချင်းရုန်းဖို့ကြိုးစားသည်။

" ဖယ်စမ်းပါ... $ရေးမပါတာတေ "

" ငြိမ်ငြိမ်နေမလား..ကြိုးတုတ်ရမလား "

ဟွမ့်မျက်နှာ တအားခက်ထန်နေသည်။

တကယ်ဆို ဒါက သူလုပ်တာလေ ၊ သူကပဲခြိမ်းခြောက်ရတယ်ရှိသေး ။

" ရေမွှေးပုလင်းပြန်‌ ဝယ်ပေး "

" ဘာ "

" ဟုတ်တယ်... ငါ့မှာ ရှားရှားပါးပါးအဲ့နှစ်ပုလင်းပဲရှိတာ "

" ဒီမှာ... ကျုပ်ကိုဘာထင်နေလဲ  ခင်ဗျားပိုက်ဆံ နဲ့ခင်ဗျားဝယ်ပါ့လား ၊ ဒါမှမဟုတ် ခင်ဗျား သိပ်ချစ်လှတဲ့ Daddy ကိုဝယ်ခိုင်းလေ "

" မင်း.... အွင့် "

ပြောခွင့်တောင်မပေးတော့ပဲ ဟွမ်နဲ့ သူ့နှုတ်ခမ်းတွေနဲ့ ယိုရှီ့နှုတ် အား ငုံခဲလိုက်ပီး
နှုတ်ခမ်း တစ်ခုလုံး ပူနွေးကျစ်လစ်၍ အာငွေ့များမှာ အရမ်းနွေးနေတာကြောင့် အပူရှိန်ရှိနေတာကိုသိလိုက်ရတယ်

နှုတ်ခမ်းချင်း ခဏတာ ဆွဲခွာပီးလျှင်

" ဘာလုပ်တာလဲ ... "

" ကိုယ်အပူရှိန်ရှိလား သေချာအောင် အတည်ပြုတာပါ "

"... ဘာ "

" ခင်ဗျားဖျားနေတာပဲ "

" ငါဖျားတာသိချင်ရင် .... မင်း တခြားနေရာစမ်းလို့မရလို့လား "

ထိုစဉ် စကားအခြေအတင်ဖြစ်နေတုန်း

Shizuka Chan တစ်ယောက် တံခါးမခေါက်ပဲ
ဥက္ကဌ အခန်းထဲဝင်လာ‌လေသည်။

" ဟို... အကိုလေး "

ဟွမ်က ထိုမိန်းမအားမျက်ထောက်နီကြီးနဲ့ ကြည့်နေရင်း

" မင်း Ethics မရှိဘူးလား "

" ရှင် "

" တံခါးခေါက်ရမယ်ဆိုတာမသိဘူးလားလို့ ငါမေးနေတာ "

" ‌ဟို..."

" ငါ့ ကို ဘာဆင်ခြေပေးဦးမလို့လဲ ၊ နောက်တစ်ခါ ငါမခေါ်ပဲ မလာနဲ့ ၊ ပီးတော့ ကိုယ်က အခြား တစ်ယောက်ရဲ့အခန်းထဲဝင်ချင်ရင် တံခါးခေါက်ရတယ်ဆိုတာ မင်းမိဘတွေဆီသင်ပြခိုင်းဦး "

ထိုအခါမှ ခေါင်းလေးငုံ့ကာ မျက်နှာငိုက်စိုက်ကျ၍ ထွက်သွားလေသည်။

" မင်း လွန်တယ်လို့မထင်ဘူးလား "

" ဘာ "

" မိန်းခလေးတစ်ယောက်ကိုအဲ့လိုရိုင်းရိုင်းစိုင်းစိုင်းပြောစရာလား ၊ သေချာ ဂျက်ကျလက်ကျ ရှင်းပြလိုက်လဲရနေတာကို.....ဖယ်တော့ "

ဟွမ့် ပေါက်ပေါ်တင်ခံထားရတဲ့ သူ့ခြေထောက်အား ရုန်းလိုက်လေသည်။

" ကျုပ် ဘာမှားလို့လဲ "

" အင်းပါ..မင်းမမှားဘူး မင်းအကုန်မှန်တယ် "

ထိုစဉ် ယိုရှီကထော့နဲ့ထော့နဲ့ နဲ့‌ ကုန်းထလိုက်တာကြောင့် ဟွမ်က လက်ဖြန်ကပြန်ဆွဲချပစ်သည်။

" ပလုပ်တုတ် "

ဟွမ့်ရင်ခွင်ထဲတန်းခနဲပင်

" ခင်ဗျား ခန္ဓာကိုယ်လေးက ရေမွှေး မဆွတ်ထားတာတောင်.. မွှေးနေတာပဲနော် ၊ ဘာ Lotion လိမ်းတာလဲ "

" ငါဘာလိမ်းလိမ်း မင်းအလုပ်လား "

" အော်.. ဘာရယ်မဟုတ်ပါဘူး ၊ မီးလေးကိုလဲဝယ်ပေးမလို့လေ ၊ သူ က ကျုပ်အနား ခဏခဏလာတော့ အဲ့အနံ့လေး သူလိမ်းထားရင် ရင်ခုန်သံပိုမြန်မယ်ထင်လို့ပါ "

" Vaseline "

ယိုရှီက ပြေပြေလည်လည်ပြန်ပြောပြလာတော့ ဟက်ဟက်ပတ်ပတ်ထရီသည်။

" ခင်ဗျားက ခလေးလား Vaseline လိမ်းရအောင် "

" ခလေးမှ Vaseline လိမ်းရတယ်လို့မင်းကိုဘယ်သူပြောလဲ "

အဟက်

" ဖယ်စမ်းပါကွာ.. စာရွက်စာတန်းတေသေချာစစ်ထား ၊ Daddy ဆီ report ပြန်တင်ရမှာ "

"အင်း ခဏစောင့် ဒီမှာ "

ပြောရင်းဆိုရင်း.. ဟွမ်က စားပွဲပေါ်က ကား‌သော့သွားဆွဲယူသည်။

"လာ"

မသိလိုက်အချိန်အတွင်းမှာ ဟွမ်က ယ်ုရှီ့ကို တင်ပါးကပွေ့၍ ရုံးခန်းထဲက ထွက်သွားသည်။

အပွေ့ခံရတဲ့သူကတော့ Company ကော်ရစ်တာတောက်လျှောက် ရှက်လွန်းလို့ မျက်နှာကိုလက်တစ်ဖက်နဲ့ အုပ်ချင်ပေမဲ့ ပြုတ်ကျမှာဆိုးတာကြောင့် ဟွမ့်လည်ပင်းအားသိုင်းဖက်ထားရသည်။

" မင်းဘယ်လိုဖြစ်နေတာလဲ ဆိုးဂျောင်ဟွမ် "

" ကျစ်.. ငြိမ်ငြိမ်နေစမ်းပါ... "

ကားရဲ့ ခေါင်းခန်းက ခုံမှာထိုင်စေပီး သူကိုယ်တိုင်ခါးပတ်ပတ်ပေးလိုက်သည်။

" ဘယ်သွားနေတာလဲလို.. "

" ငြိမ်ငြိမ်နေစမ်းပါ... "

" အရာအားလုံးက မင်းသဘောပဲနော် ဂျောင်ဟွမ် "

" အရင်‌လို ဟွမ် လို့ပြန်ခေါ်လေ "

"....."

" မင်း ကားကိုအခုရပ်လိုက်လို့ ငါပြောနေတယ်

" ယိုရှီ.. ခင်ဗျားပါးစပ်ကို ကျုပ်နှုတ်ခမ်းနဲ့ပိတ်စေချင်ရင် အသံဆက်ထွက်လိုက် "

ထိုအခါမှ ယိုရှီက မျက်နှာငယ်နဲ့ငြိမ်ကျသွားသည်။

ဟွမ်က ဆိုင်တစ်‌ဆိုင်ယောက်တော့ ယိုရှီအားမထွက်စေပဲ တံခါးလော့ချခဲ့သည်။

" အိုနဲစံ... ဒါတွေအကုန်ထည့်ပေးပါ "

" အ အကုန် ??? "

" ခင်ဗျား...နားမပါဘူးလား ၊ ကျုပ်ကိုမဝယ်နိုင်ဘူးထင်နေတဲ့ပုံပဲ အကြည့်က "

" မ မဟုတ် "

" မင်း မန်နေဂျာသွားခေါ် "

" ဟုတ် ဟုတ်ကဲ့ "

" ဟုတ် သခင်လေး ဆိုင်ကို ဘာကိစ္စရှိလို့လဲ မသိဘူး "

" ငါ့ကို ဒါတွေအကုန်ထည့်ပေး "

" ဟုတ်ကဲ့ "

" ပီးတော့ ဒီဝန်ထမ်းကိုဖြုတ် ၊ အဲ့လို သံသယအကြည့်မျိူးနဲ့ Customer တိုင်းကိုကြည့်နေရင် ငါ့ဆိုင် အနှေးနဲ့အမြန် နာမည်ပျက်မှာ , နောက်တစ်ခါလာရင် ငါသူ့ကိုမမြင်ချင်ဘူး "

" တောင်း ပန်ပါတယ် ... အဟင့် အီးဟီး "

ဟွမ်က ဂရုမစိုက်ပေ ၊ သူပြောစရာရှိတာသာဆက်ပြောနေသည်။

" ငါသွားမယ် .. Rin San "

" Hai , Boss "

ကားထဲရောက်တော့ COCO " CHANEL "ရေမွေးလေးငါးပုလင်းအား ယိုရှီဆီသို့တိုက်ရိုက်မပေးသေးပဲ ကားနောက်ခန်းသို့ပို့လိုက်သည်။

" ဆေးရုံဝင်ရအောင် "

" ဂျောင်ဟွမ် .. ဒီနေ့ တစ်နေကုန်မင်းဘာဖြစ်နေတာ လဲ "

ထိုစဉ်..

" ကလင်.. ကလင် ..ကလင် "

" Moshi Moshi "

" Yoshinori San "

" Hai... ပြောနေပါတယ် "

" ငါလေကွာ.. Mahiro "

" humm ? "

" Mahiro.. မင်းသူငယ်ချင်း Mahiro"

" ဘယ်မှာလဲ..မင်းက "

" အိမ်မှာ... ငါ မနေ့ကမှ Paris က ပြန်ရောက်တာ ၊မင်းအတွက်လက်ဆောင်ပါတယ် "

" ဘာကြီးလဲဟင်.. "

" မင်း အကြိုက်ဆုံးProductထဲကတစ်ခု "

" ရေမွှေးမလား "

" ဟဲဟဲ...."

" ငါ့အကြိုက်ကိုမင်းအပြင်ဘယ်သူမှမသိဘူး ၊ ကျေးဇူးနော် "

" ညနေ ၆နာရီလောက် လာခဲ့၊ မင်းကြိုက်တာတွေလုပ်ထားမယ် "

" အန်တီရောနေကောင်းတယ်မလား "

" အင်း ဒီလိုပါပဲ .. "

" ဗုတ် "

ယိုရှီ့လက်ထဲက ဖုန်းအား ဟွမ်က လု၍ ကားခြေနင်းပြားဆီသို့လွှင့်ပစ်ပလိုက်သည်။

" ဆင်းတော့.. "

" ဘာ.. "

" ဆင်းတော့လို့ပြောနေတာ နားမပါဘူးလား "

" ဘူတာနဲ့အဝေးကြီးလိုသေးတယ်လေ ၊ မင်းမညစ်ပတ်နဲ့ ခေါ်တုန်းကခေါ်လာပီး ၊ အခုဆေးရုံသွားမှာဆို ၊ ဘာလို့အခုမှ တစ်မျိုးပြောင်းပြောတာလဲ "

" ပြောချင်းမပြောချင်းက ကျုပ်$လုပ်ပါ ၊ အခု ဆင်းတော့ "

ဘူတာက တော်တော်လေးက်ိုဝေးသည်။ သူဘယ်လိုလုပ်ရမယ်မှန်းမသိအကြံအိုက်နေပြနါသည်။

Taxi စီးဖို့ကျပြန်တော့လဲ ကိုကပ်စေးနဲလေးက မစီးချင်ပြန် ၊ Taxi ခကြည့်ပြန်တော့လဲ အကျီတစ်ထည်စာလောက်ကိုရှိသည်။

အနာကလဲ ကိုက်နေပီး ၊ အဲ့ဒီဒဏ်ကြောင့်ပဲ လူက နုံးချိနေလေပြီ ၊ အပြင်မှာ လေစိမ်းတွေတိုက်နေတာကြောင့် နီးစပ်ရာ စင်တာတစ်ခုထဲမှာ ဝင်ထိုင်နေလိုက်၏

" ဟေ့ "

သူ့ရှေ့ခြေစုံကျ လာရပ်နေသူက Hoshi ပင်

" Jaden.. "

" Hai , "

" ဘာထိုင်လုပ်နေတာလဲ ဟင် "

" ဟို.. ကိစ္စလေးရှိလို့ပါ "

" အာ.. ပီးရင် ကိုကို့ ကိုလာကြိုဖို့ ဖုန်းဆက်ထားလို့ ၊ ကိုကိုကလဲ ဒီနားတစ်ဝိုက်က ဆိုက် ထဲမှာ ရှိတယ်ဆိုလို့လေ ၊ လာဝင်ခေါ်မယ်တဲ့ ၊ Jaden ရောလိုက်ခဲ့ပါလား "

" ရပါတယ်.. မလိုက်တော့ပါဘူး "

" ဒါနဲ့ ခြေထောက်ကော သက်သာလား "

" သက်သာပါတယ်.. "

" သက်သာတယ်သာ ပြောတာ ရောင်နေတယ်ထင်တယ်.. ‌တစ်ဖက်နဲ့တစ်ဖက်မတူဘူး ဒီဘက်ကနဲနဲဖောင်းနေတယ် "

" ရပါတယ်.. "

" ဆေးရုံသွားလိုက်ပါလား ၊ ကိုကိုလာရင် တစ်ခါထဲလိုက်ခဲ့ လိုက်ပို့ပေးမယ် "

" နေပါစေ "

" ကို့ အကိုပဲကို Jaden ရယ် "

Hoshi တမင်တကာရွဲ့ပြောမှန်း ယိုရှိသိသည်။

" သွားလိုက်ပါဦးမယ် "

" ဟုတ်ကဲ့ Jaden "

ယိုရှိက ပြောပြောဆိုဆို ထော့နဲ့ထော့နဲ့ နဲ့ စင်တာထဲက ထွက်သွားသည်။

ဟွမ် နဲ့ကပ်သီးလေးတော့လွဲသွားတာကြောင့်မတွေ့လိုက်ရ။

ထိုစဉ်

" ကိုကို "

" မီးလေး လာလေ အဲ့ဘက်မှာ ဘာလုပ်နေတာလဲ "

" ဟို Jaden နဲ့စကားပြောနေတာ "

Jaden ? Jaden ဆိုတာ ယိုရှီလား ? မဟုတ်လောက်ပါဘူးလေ ။

" အော် "

" ကိုကို့.. အကိုလား ၊။ Daddy ရဲ့ အငယ်အနှောင်းလေ ၊ သူကအရမ်းခေါင်းမာတယ်နော် "

" ဘာလို့လဲ "

" ဟိုနေ့ညက ကိုကိုအခန်းထဲမှာ ဖြစ်ပျက်သွားတဲ့ကိစ္စလေ ၊ အဲ့တာ ခြေထောက်က ပိုးဝင်နေလားမသိဘူး ၊ ရောင်ကိုင်းနေတာ "

" Hoshi ... "

" Hai "

" ‌Daddy ရဲ့ စီးပွားရေး အားလုံးနီးပါးကို ဘာကိစွနဲ့ ရှယ်ယာ တွေ စွပ်ထည့်နေတာလဲ "

" ရှင် "

မလုံမလဲမျက်လုံးနဲ့ မျက်တောင်ခက်လျှက် ဟိုဘက်လှည့်သွားသည်။

" Daddy မကျန်းမာသေးဘူနော် ၊ အခွင့်အရေးကို ရတဲ့ဘက်ကယူနေတာဆိုရင်တော့ အခုထဲနောက်ဆုတ်ထားပေးပါ "

" အဲ့လို မဟုတ်ဘူးကိုကို "

" ဒီမှာ.. Company ဒေဝါလီခံသွားရင်။ အပေးအယူတွေလာတော့မှာကို ငါကြိုမြင်နေလို့ပြောတာ.. ငါ့ကိုလျှော့မတွက်နဲ့နော် Hoshi "

" ဟို.. ကိုကို့ကို မီးလေးးကချစ် ချစ်လို့လုပ် မိတာပါ ၊ အဲ့တာကြောင့် ဖေဖေ့ အကြံတွေနောက်လိုက်ခဲ့ရတာပါ ကိုကို "

" အချစ်? ငါမချစ်တတ်ဘူး Hoshi , အချစ်ဆိုတာဘာမှန်းတောင်ငါမသိဘူး ၊ ရည်းစားထားဖို့အချိန်လဲ ငါ့မှာမရှိဘူး "

" ဒါဆို မီးငယ်နဲ့ စေ့စပ်ပွဲကို ဘာဆက်လုပ်မှာလဲ "

" မင်း ဘယ်လိုလုပ်ချင်လဲ "

" အချစ်မပါပဲ‌နဲ့ မီးငယ်ရှေ့ဆက်ရအောင် $အ မဟုတ်ဘူး ကိုကို "

" ဒါဆို မီးငယ်သဘော "

"......."

" အိမ်ရောက်ပီ.. ဆင်းတော့ ၊ ငါ အလုပ်ကိစ္စရှိသေးတယ် "

" အင်း "

_____________________

စင်တာ အနီးတဝိုက် ယိုရှီ့ကို ရှာနေသော်လဲမတွေ့ပေ။

အင်းလေ ထွက်သွားဝာာလဲ တစ်နာရီလောက်ကွာဟနေတာကို ဘယ်လိုလုပ်ဒီနားမှာရှိပါတော့မဘဲ ၊ ဖုန်းဆက်ရအောင်လဲ ခုနကကားပေါ်မီာလုပ်လိုက်မိတဲ့လုပ်ရပ်ကြောင့် ယိုရှီ့ဖုန်းက သူ့ကားထဲမှ ကျန်နေခဲ့သည်။

ညရီမှောင်စပျိုးလာတော့ လက်လျှော့ဖို့‌ကားပေါ်တက်လိုက်ရင်း အဝေးကနေမှိန်းမှိန်းလေးတွေ့ နေရသည့် ယိုရှီ ..

တစ်လှမ်းခြင်းဖြည်းဖြည်းလေး ၊ လိပ်လိုလျှောက်လှမ်းနေတာမြင်တော့ ပလက်ဖောင်းဘေးကနေ ကားကို တရွေ့ရွေနဲ့ သူ့နောက်က ကပ်ရပ်လိုက်စေသည်။

မြေအောက်ဘူတာထဲဆငိးတော့မယ်အလုပ် ဟွမ်က ကားပေါ်က ချက်ချင်းဆင်းပီး သူ့နောက်ကိုလိုက်သည်။ ကားကိုတော့ ပလက်ဖောင်းဘေးနားကပ်ရပ်ထားခဲ့သည်။

ရထားစီးဖို့ကောင်လေးတစ်ယောက်
ရထားစောင့်ရင်း သူ့ဘေးနားမသိမသာကပ်နေတာကိုသိသည်။

ဒါပေမဲ့ကြောက်စိတ်ကြောင့်လှည့်မကြည့်ဖြစ် ။

လက်ဖျားတွေက တုန်ရီအေးစက်လာသည်။

ရထားလာဝောာ့ ယိုရှီနောက်အလျှင်အမြန်လိုက်ရင်း တူတူပြေးတက်၍

ထင်တဲ့အတိုင်း ရထားဟာ ကြပ်သည်။

တိုးရင်းတိုးရင်းနဲ့ ဟွမ့် ရင်ခွင်ထဲ ယိုရှီက အလိုလိုရောက်သွားတာကြောင့် နှာဖူးကချွေးစေးတွေကြလာတော့သည်။

ထိုစဉ် နားသို့ နှုတ်ခမ်းတစ်စုံကပ်လာတာကိုသတိထားမိတော့ ကြက်သီးဖြန်းခနဲထ၍ မျက်လုံးကို စုံမှတ်ချလိုက်သည်။

ဒါကိုမြင်တဲ့ ဘေးက ဘိုးတော်တစ်ဦးက မတော်တရော်ပြုတယ်အထင်နဲ့ထအော်သည်။

" ဟိတ်ကောင် .. မင်းတဖက်လူကို ဘယ်လိုအပြုအမူမျိုးလုပ်နေတာလဲ ၊ မင်းနဲ့ ဒီကောင်လေး က သိပုံမပေါ်ပဲ ၊ အတင်းအကြပ်ဘာလို့လိုက်လုပ်နေတာလဲ "

" ဘာ.. ဒါ ကျုပ်ချစ်သူဗျ "

အသံ ကြောင့် ယိုရှီက လန့်ဖြန့်သွားပီး မျက်လုံးဖွင့်မောကြည့်တော့ ဆိုးဂျောင်ဟွမ်ပင် ။

" ဟွမ် " စိတ်ထဲကနေရေရွတ်လိုက်ရင်း

မော့ကြည့်ပြန်တော့ ဟွမ်က ယိုရှီကို Wink ပြသည်။

ရင်ခုန်သံတွေဟာဝုန်းဒိုင်းကြဲပင် ။

"ကိုကို .. မောင့်ကိုဖြေရှင်းပေးပါဦး , ဒီဘိုးတော်က ကိုကို့ ကိုမသိပဲနှောက်ယှက်နေတာတဲ့ မောင်က "

သူဘာဆက်ပြောကမှန်းမသိတဲ့အခြေအနေမှာ ယိုရှီကိုငုံ့ကြည့်နေတဲ့ဆိုးဂျောင်ဟွမ်ရဲ့အကြည့်တေဟာ ခက်ထန်နေသည်။

မျက်လုံးကိုဝေ့ပြရင်း ရှင်းပြလိုက်ဆိုသည့်ပုံစံ

" ဟုတ် ဟုတ်ပါတယ် အဘိုး .. သူက ကျွန်တော့်ချစ်သူပါ "

အဲ့လိုမှ မရှင်းပြရင်လဲ ရထားပေါ်က လူတွေရှေ့အရှက်ဗြန်းဗြန်းကွဲပေလိမ့်ဦးးမည်။

" အင်း ပီးတာပဲ ၊ အဖိုးက သားကိုစိုးရိမ် လို့ပါ "

" ဟုတ် ရပါတယ် အဘိုး ၊ ဒီမှာ နေရာလွတ်ပီ ဝင်ထိုင်ပါ ဗျ "

" လူရည်မွန်လေးပဲ.. ချစ်ဖို့ကောင်းလိုက်တာ "

"ဟုတ်"

" ဒါနဲ့ သားက ဘယ်မှာနေ "

" ဒီမှာအဘိုး ၊ အဘိုး ကျုပ်ကိုကိုနဲ့ အမျိုးလား "

" မဟုတ်ပါဘုး "

" မဟုတ်ရင် ဘာလို့ သူများ Privacy ကိုဝင်စွက်ဖက်နေတာလဲ "

" တော်တော့ ဆိုးဂျောင်ဟွမ် ၊ ရောက်ပီ ငါဆင်းတော့မှာ ဖယ် "

" ကျုပ်လဲဆင်းမှာလေ "

" မင်းက ဘာကိစ္စ .. မဟုတ်မှ လွဲကော မင်းငါ့နောက်လိုက်နေတာလား "

" ဖြစ်ရတယ် ၊ ခင်ဗျား ဘယ်လိုထင်လဲ "

"ဖယ်စမ်းပါ "

" ကျုပ်လဲလိုက်မယ် ခဏစောင့် ၊ ဟဲ့ ကိုကို ,
မောင့်ကို ခဏစောင့်လို့ "

ရှက်ရှက်နဲ့ ခြေလှမ်းသုပ်သုပ် လျှောက်ချင်သော်လဲ အနာကြောင့်မရပေ။

ဟွမ်ခေါ်နေသည့် နာမ်စားတွေအားရှက်တာကြောင့် ဟွမ့်ပါးစပ်အားဆွဲအုပ်လိုက်လေသည်။

" ဘယ်လိုဖြစ်နေတာလဲ .. ခင်ဗျား မကြီးမငယ်နဲ့ "

" ကျုပ်ကခေါ်ချင်နေတယ်များထင်နေလား ဟိုဘိုးတော်ကြောင့် "

" တော်စမ်းပါ..ဟိုဘိုးတော်က သွားလို့ နောက်ဘူတာပဲရောက်တော့မယ် "

" အဟက် " ဟွမ်က ရှက်ရှက်နဲ့ မျက်နှာအနည်းငယ်နီးမြန်းသွားသည်။

ယိုရှိတစ်ယောက် ဟွမ့်အား ဘယ်လိုနည်းနဲ့မှ စိတ်နာနိုင်ပုံမပေါ် ၊ ဒါကလဲ သူငယ်ငယ်လေးထဲ ရင်ထဲထည့်ပီး ခိုးခိုးချစ်ခဲ့ရတဲ့ ဂျစ်တူးလေးပဲမလား ??

အိမ်ရှေ့တော့ ဟွမ်လုံးဝမထင်ထားတဲ့အိမ်လေးပင် ၊ အိမ်လေးက ရှေးရိုးရိုးဆန်ဆန် ကွပ်ပစ်လေးလဲရှ်နေ၍ ဆာကူရာပန်းခြောက်လေးတွေနဲ့ ဖုံးလွှမ်းနေတာကြောင့် အရမ်းလှသည်။

" ယိုရှီ ဒါ ဘယ်သူ့အိမ်လဲ ? "

" ငါ့အိမ်လေ "

" ခင်ဗျားမှာ  အိမ်ရှိတယ်လား "

အဝင်ဝမှာ .. မျိုးရိုးနာမည်စာတန်းထွင်းထုထားတွေ့တော့ ဟွမ် က အံ့ဩတကြီး ကြည့်နေမိသည်။

"KANEMOTO? "

ကြားဖူးသလို မြင်ဖူးတယ် ဆိုသည့်အကြည့်မျိုးနဲ့စိုက်ကြည့်နေမိသည်။

" ဒိန်း... အုံး "

အဝင်ဝ တံခါးက ပုပီးနှိမ့်နေတာကြောင့် ဟွမ်ကလွတ်သည်အထင်နဲ့ ဝင်လိုက်တာကြောင့် တိုက်မိသည်။

" ရရဲ့လား.. ဟွမ် "

ဟွမ်ဆိုသည့်နာမ်စားဟာ လွှတ်ခနဲ

" ပြန်ခေါ်ပါဦး ဟွမ်လို့ "

ဘာမှမပြောပဲ.အရှေ့သို့ပြန်လှည့်ကာ အိမ်ထဲဝင်မည်အလုပ် လက်ကိုဆောင့်ဆွဲချလိုက်သည်။

" ဒါကျုပ်အိမ်နော် မဟုတ်တာလုပ်လို့ကတော့ အခ်ျန်မရွေး မောင်းထုတ်လိုက်မယ် "

" ဘာမှမလုပ်ပါဘူး.. "

ပြောပီး ယိုရှီရဲ့ ပါးမို့မို့လေးအား နှာခေါင်းလေးနစ်ဝင်သည်အထိ နမ်းလိုက်လေသည်။

ယိုရှီက ရုတ်တရက် သူ့ပါးလေးကိုသူပြန်စမ်းခါ နွေးခနဲ

" ဘာ ဘာလုပ်တာလဲ "

" မသိဘူး... မင်းပါးလေးတွေက နူးညံ့အိစက်လို့ ငါသဘောကျတယ် "

" ဘာ.. "

ရုတ်တရက်မက်တပ် ထရပ်လိုက်ပီး

" ငါ့ကို ပေါပေါပဲပဲ‌များထင်နေသလား "

" ကျုပ်ပြောမိလို့လား "

ထိုစဉ်

" ဂွီ.? " ဆိုးဂျောင်ဟွမ် ရဲ့ဗိုက်ထဲက လာသည့်အသံ

ထိုအသံကြားတော့ ယိုရှီက ဟိုဘက်လှည့်ကာ ပြုံးသည်။ 

" ကျုပ် ဗိုက်ဆာတယ် "

" အိမ်ပြန်စားလေ ..မင်း ကောင်မလေး ချက်ပေးထားမှာပေါ့ "

" ဟင့်အင်း.. အဲ့ထိမစောင့်နိုင်ဘူး "

" မစောင့်နိုင်တော့ ငါကလုပ်ပေးရမယ်ပေါ့ "

" အင်း "

ကွပ်ပစ်ပေါ်ကနေ အိမ်ထဲသို့မ‌ပြောမဆိုတန်းဝင်သွားလေသည်။

အိမ်ထဲရောက်တော့ ဖိနပ်ချွတ်၍ သက်တောင့်သက်သာထ်ုင်၍ အမောဖြေနေတုန်း စားပွဲပေါ်က Yoshi နဲ့ သု့မေမေ ဖက်ရိုက်ထားတဲ့ပုံလေးကို ကြည့်နေမိပြန်သည်။

မီးဖိုချောင်ထဲက ဟွမ်စားရန်ချက်ပြုတ်နေသည့် ယိုရှီက မအားပေ ။

" ယိုရှီ.. ခဗျားက အမေရှိတာလား ? "

" အင်း "

" အဖေကရော "

" မေမေက ငါ့ကို‌ ငယ်ငယ်ထဲကပြောတာတော့ ဆုံးသွားပီတဲ့ "

" ဒါဆို မမြင်ဖူးဘူးပေါ့ "

" အင်း "

ထိုစဉ် ဓာတ်ပုံလေးကိုင်ရင်း အိမ်ပေါက်ဝက ထွင်းထားတဲ့ KANEMOTO စကားလုံးကို စဉ်းစားမိလေသည်။

ဟုတ်တယ်.. တံဆိပ်တုံး ... Daddy တံဆိပ်တုံး ၊ ယိုရှီ .. ခင်ဗျား ကဘယ်သူလဲ ၊ ဘယ်သူများလဲ ၊ တကယ်ပဲ Daddy သားအရင်းလား ? အငယ်အနှောင်းလို့ထင်နေတဲ့ ခင်ဗျား က Daddy နဲ့ဘယ်လို ပတ်သက်နေသလဲ ။

ရင်ခုန်သံတွေဟာ တားမရစီးမရ ဒေါသတွေ‌ပါရောနှော‌ပီး ပေါက်ထွက်လာ၍ ဖိနပ်ကို မြန်မြန်စီးကာ အိမ်ထဲက ပြေးထွက်သွားသည်။

ယိုရှီ ထမင်းစားဖို့ခေါ်တော့ ဧည့်ခန်းထဲမှာ ဟွမ်မရှိတော့ပေ။

ဘယ်သွားပြန်ပီလဲ ၊ သူ့စိတ်တိုင်းကျကို လုပ်ချင်‌တိုင်းလုပ်နေတော့တာ

မဟုတ်လောက်ဘူးမလား... Daddy ,
မဟုတ်ဘူးပဲပြောပေးပါ။ ကျွန်တော် ရူးသွားလိမ့်မယ် Daddy ရာ ၊

လမ်းလျှောက်ရင်း စိတ်တွေဟာ ဆောက်တည်ရာမရဖြစါနေတော့သည်။

ဘဝမှာ တစ်ကြိမ်တစ်ခါမျှ မျက်ရည်ကျလေ့မရှိတဲ့ ဟွမ်က  အခုတော့ အရည်ကြည်တွေက မျက်လုံးမှာ မသိမသာစိမ့်ထွက်လာတာကို သူ့ကိုသူတောင်သတိထားမိမှာမဟုတ်ပေ။

ငါတို့သာ ညီအကိုဆိုရင် အဲ့နေ့ညက အဖြစ်ပျက်ကြီးက ၊ အားးးးး ကျုပ်ရူးတော့မယ် ခင်ဗျားရာ

ဘာဆက်လုပ်ရပါတော့မလဲ ၊ Daddy ကြိုပြောခဲ့သင့်တာ ... အခုတော့

Taxi ငှား၍သာ အိမ်ကို ရောက်လာပီး သူ့ကားဆီသို့ပြနိမသွားနိုင်

" ယွနိး.... အိမ်တော်ထိန်းယွန်း "

" သားငယ် ဘာဖြစ်လာတာလဲ မျက်ရည်တွေနဲ့ "

" အိမ်တော်ထိန်းယွန်း..Daddy နဲ့ Jaden ကြားက အမှန်တရားကို သိတယ်မလား "

" ဟမ်.. ဟို "

" ဝေ့လည်ကြောင်ပတ်လုပ်မနေပါနဲ့ ပြောပြပါ "

" အင်း... Jaden က Daddy သားအရင်းပါ "

ခြေထောက်တွေဟာမခိုင်ချင်တော့ မြေပြင်ပေါ်သို့ ပျော့ခွေကျသွားလေသည်။

" သားငယ်.. စိတ်ကို ထိန်းပါဦး "

" ဒါဆို... ကျွန်တော်တို့က ဖအေတူ မအေကွဲ ညီကိုအရင်းတွေပေါ့ ဟုတ်လား ယွန်း ၊ ဟုတ်လားလို့ အမြန်ဖြေပေးပါ ၊ ကျွန်တော်ရူးတော့မယ် "

သူ Jaden ကို တစ်ချိန်လုံး မုန်းနေခဲ့တာမဟုတ်ဘူးလား ၊ ဘာလို့အခုမှ ?

" သားငယ်က Jaden နဲ့ ညီအကို ဖြစ်ရတာကိုမုန်းတာလား "

" မုန်းတယ် ယွန်း .. ၊ သိပ်ကိုမုန်းတယ် "

" အဲ့တာဆို အခုလဲ သူလဲ တခြားမှာခွဲနေနေပီပဲကွာ ၊ ဘာတွေပူပန်နေသလဲ ၊ အမွေ ကိစ္စဆိုလဲ သူ အမွေကိူယူမှာမဟုတ် ... "

စကားတောင်မဆုံးသေးပဲ အေးစက်စက်အသံတစ်ခုထွက်လာသည်။

" ကျွန်တော်သူ့အပေါ် စည်းကျော်လိုက်မိပီ ယွန်း "

ယွန်းက နားမလည်ဟန်နဲ့ ဟွမ့်အားပြန်မေးသည်။

" သားငယ်.. ဘာပြောတာလဲ ၊ မဟုတ်မှလွဲရော မင်း..? "

" ဟုတ်တယ် ယွန်း "

" မင်းကွာ..မိုက်မဲလိုက်တာ "

မျက်ရညိများဝဲလျှက် တုံလှုပ်ခြောက်ခြားသည့်အပြုအမူနဲ့

" ဟင့်အင်း.. ကျွန်တော့ကိုအဲ့လိုအကြည်မျိုးနဲ့မကြည့်ပါနဲ့ ယွန်း "

" ‌စိတ်ငြိမ်ငြိမ်ထား သားငယ် "

" သားငယ်.. သူ့ကိုချစ်လား "

" ကျွန်တော်မသိဘူး.. ယွန်း "

" မသိလို့မရဘူး.. ပွင့်ပွင့်လင်းလင်းပြော "

" သူနဲ့တွေ့တိုင်းရင်ခုန်တယ် ၊ သူ့နှုတ်ခမ်းတွေကိုကြိုက်သလိူ ၊ သူ့အသားကို ကျစ်လစ်နေအောင်ဖတ်ထားရတာလဲ သဘောကျတယ် ၊ ပီးတော့ သူ့နား ရောက်ရင် အလိုလိုနွေးထွေး‌တယ်ခံစားရတယ် ယွန်း "

" ဟုတ်ပီ.. ဒါဆိုငါပြောသင့်တာပြောရတော့မယ် "

" အခုတော့ မင်း အခန်းထဲသွားနားတော့ "

" .... "

" ယွန်း.. မင်း Daddy နဲ့ဖုန်းပြောပီးတာနဲ့ မင်းသိသင့်သိထိုက်တာကိုပြောပြမယ် ၊ ပြောပြဖို့လဲ အချိန်တန်ခဲ့ပီ "

ယွန်းကို နားမလည်စွာ ကြည့်နေသည့် ဟွမ်က
လက်တွေ တုန်ရီနေသည်။

ဟုတ်သည်။ ဒီနေ့မှာပဲ သူ့ရဲ့ခံစားချက်ကို အတည်ပြုလိုက်နိုင်ပြီလေ ။

_________________________

စောင့်မျှော်ပေးကြလို့ ကျေးဇူးပါ ။ 💕

စာလုံးပေါင်း ၄၀၀၀ကျော်ရေးပေးထားပါတယ်နော် ဖတ်ရတာ အဆင်ပြေအောင်လို့ပါ 💛🤭

Continue Reading

You'll Also Like

203K 7.1K 97
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
89K 3.1K 52
"𝐓𝐫𝐮𝐭𝐡, 𝐝𝐚𝐫𝐞, 𝐬𝐩𝐢𝐧 𝐛𝐨𝐭𝐭𝐥𝐞𝐬 𝐘𝐨𝐮 𝐤𝐧𝐨𝐰 𝐡𝐨𝐰 𝐭𝐨 𝐛𝐚𝐥𝐥, 𝐈 𝐤𝐧𝐨𝐰 𝐀𝐫𝐢𝐬𝐭𝐨𝐭𝐥𝐞" 𝐈𝐍 𝐖𝐇𝐈𝐂𝐇 Caitlin Clark fa...
193K 4K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
100K 3K 31
"she does not remind me of anything, everything reminds me of her." lando norris x femoc! social media x real life 2023 racing season