တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​က...

By phyolay1991

128K 14.3K 132

💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ... More

တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 93
chapter 94
chapter 95
chapter 96
chapter 97
chapter 98
chapter 99
chapter 100
chapter 101
chapter 102
chapter 103
chapter 104
chapter 105
chapter 106
chapter 107
chapter 108
chapter 109
chapter 110
chapter 111
chapter 112
chapter 113
chapter 114
chapter 115
chapter 116

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

1.1K 120 0
By phyolay1991

Chapter 16

ဝပြီးကျန်းမာ

ကျန်းကျန့်က မြွေသားဟင်းဝါးကျည်တောက်နှစ်ခုယူလာပေမဲ့ ကျောက်ကျင်းကောကို တစ်ခုမှချက်ချင်းမပေးလိုက်ပါချေ။

သူ အခုကျောက်ကျင်းကောကို ဝါးကျည်တောက်တစ်ခုပေးလိုက်ပါက သူတို့နှစ်ဦးက ဝါးကျည်တောက်တစ်ခုစီကိုင်ကာ တိတ်ဆိတ်စွာစားနေရပေလိမ့်မည်။ထိုသို့ဆိုလျှင် အဘယ်သို့ ခံစားချက်တွေတိုးပွားလာလိမ့်မည်နည်း။

ကျောက်ကျင်းကောနှင့်အတူတူ သူတို့မနေကထိုင်ခဲ့သည့်နေရာမှာပဲ ထိုင်ချလိုက်ကြသည်။ကျန်းကျန့်က ဝါးကျည်တောက်တစ်ခုကိုဖွင့်ကာ တူတစ်စုံထုတ်၍ ကျောက်ကျင်းကောကို မြွေသားတစ်ဖတ်ကျွေးလိုက်သည်။

ယနေ့ ကျန်းကျန့်က ဖယောင်းတိုင်မီးထွန်းမထားခဲ့ပါချေ။ပတ်ဝန်းကျင်က ယခင်ထက်များစွာပိုမှောင်နေသော်လည်း ကျောက်ကျင်းကော သူ့ဘေးမှာရှိသည့်လူကိုရှင်းရှင်းလင်းလင်းခံစားနိုင်၏။

"ဒီအသားကို ကိုယ်ချက်ထားတာ...စားကြည့်"

ကျန်းကျန့်၏အသံထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် အသားတစ်ဖတ်က ကျောက်ကျင်းကော၏ပါးစပ်နားရောက်ရှိလာသည်။

မြွေသား၏အနံ့က အတော်လေးဆွဲဆောင်မှုရှိပေမဲ့ ကျောက်ကျင်းကော ခုခံနိုင်သည့်အတိုင်းအတာအတွင်းမှာရှိနေဆဲဲဖြစ်သည်။သည်မတိုင်ခင်က ဟယ်ချိုးရှန့်သည် ကျန်းကျန့်ဆီက မြွေတောင်းခဲ့သော်လည်း ကျန်းကျန့်က သူစားရန်မပေးခဲ့သည့် အကြောင်း သူ ပြန်တွေးမိလိုက်သည်။ရုတ်ချည်း သူမြွေသားကိုစားရန်မစောင့်နိုင်ဖြစ်သွားသည်။

ကျောက်ကျင်းကော ပါးစပ်ဖွင့်ပြီးမြွေသားကိုစားလိုက်၏။ထို့နောက် ကျန်းကျန့်က သူ့ဘာသူတစ်ဖတ်စားလိုက်သည်ကို သူမြင်လိုက်ရသည်။

မြွေသားကအတော်လေးမာသည်။ကျောက်ကျင်းကော ခဏလောက်ဝါးပြီးနောက် လက်ဖြင့်အထဲကအရိုးကိုဖယ်လိုက်သည်။ထို့နောက်သူ ရှက်သွားသလိုခံစားလိုက်ရ၏။

ကျောက်တဟူ၏ကလေးများကို သူတို့လက်ဖြင့်စားခွင့်မပေးထားပါချေ။

ကျန်းကျန့်က ထိုအပြုအမူသေးသေးလေးကိုဂရုမစိုက်ပေ။ကျောက်ကျင်းကော စားပြီးသည်ကိုမြင်သောအခါ သူက နောက်တစ်ဖတ်ယူပြီးခွံ့လိုက်သည်။

"အရသာရှိလား"

"အရသာရှိတယ်"

သူ အရင်တုန်းကလည်း မြွေသားစားဖူးပေမဲ့ ဤမျှအရသာရှိသည့်မြွေသားကိုတစ်ခါမှမစားဖူးပေ။

ကျောင်ကျင်းကော၏စကားများကိုကြားသောအခါ ကျန်းကျန့်က သူ့နားရွက်နားကို တမင်တကာတိုးကပ်၍ပြောလိုက်သည်။

"မနက်ဖြန်ကျရင်လည်း ကိုယ်မင်းကို ထပ်ပေးမယ်"

ကျောက်ကျင်းကော  သူ့နားပေါ်တွင်တိုက်ခတ်နေသည့် လေနွေးနွေးကိုခံစားလိုက်ရပြီး ယင်းက သူ့ခြေလက်များကိုအနည်းကယ်တုန်ရီလာစေသည်။သူတည်ငြိမ်သွားချိန်မှာ နောက်ဆုံးတွင် သူ့ပါးစပ်ထဲကမြွေသားကိုဝါးရန် ခွန်အားရရှိလာ၏။ထို့နောက် သူ့အချိန်အတော်ကြာအောင် ပဟေဠိဖြစ်နေသည့်မေးခွန်းကိုမေးလိုက်သည်။

"ခုန ဟယ်ချိုးရှန့်က ခင်ဗျားဆီကမြွေတောင်းတယ်မလား... ဘာလိုမပေးခဲ့တာလဲ"

"ဟယ်ချို့ရှန့်က ကိုယ့်ဆီကမြွေတောင်းမှန်းမင်းဘယ်လိုသိတာလဲ"

ကျန်းကျန့်က မေးလိုက်သည်။သို့ပေမဲ့ သူ့နှလုံးခုန်သံက အနည်းငယ် ရွှင်ပျနေ၏။သူ့မှာ အစကတည်းက သူ့ပတ်ဝန်းကျင်ကိုစစ်ဆေးတတ်သည့်အကျင့် ရှိပြီးသားဖြစ်သည်။ထိုအချိန်တုန်းက ကျောက်ကျင်းကောက သစ်ပင်နောက်မှာပုန်းနေခဲ့ရာ သဘာဝအတိုင်း သူ သူ့ကိုရှာတွေ့ပေသည်။မည်သို့ပင်ဖြစ်စေ ဤကမ္ဘာမှာ သူ့အရင်းနှီဆုံးက ကျောက်ကျင်းကောဖြစ်သည်ပင်။

သို့ပေမဲ့ သူထိုသည်ကို အစောကြီးမဖော်ထုတ်ချင်ခဲ့ပါချေ။မည်သို့ပင်ဖြစ်စေ ယင်းက ပြပွဲကောင်းတစ်ခုဖြစ်၏။မှန်သည်ပင်၊ကျောက်ကျင်းကော ထိုနေရာမှာမရှိလျှင်ပင် သူက ကောင်းကောင်းလုပ်ဆောင်လိမ့်ဦးမည်ဖြစ်သည်။ ထိုကဲ့သို့သော ပိန်ပါးပါးကောမျိုးက တကယ်ကို သူ့အကြိုက်မဟုတ်ပါချေ။

"ကျွန်တော်...ကျွန်တော် ကြားခဲ့တာ"

ကျောက်ကျင်းကောက ခေါင်းငုံ့ထားပြီး

ထိုစကားပြောနေသည့်အချိန်မှာ သူ့ကိုယ်သူ ယုံကြည်ချက်မရှိပါချေ။

အနှီအမျိုးသားက မုသားစကားတစ်ခုလေးကိုပင်မပြောနိုင်ပေ။သို့ပေမဲ့ ထိုသည်ကိုလည်း ကျန်းကျန့်ကြိုက်သည်။

"အဲဒီဟယ်ချိုးရှန့်က မင်းလောက်မကောင်းဘူးလေ...ကိုယ်က အဲလိုလူမျိုးလည်း မဟုတ်ဘူး...ဒါကြောင့် သေချာပေါက် ကိုယ်သူ့ကို မင်းရဲ့မြွေပေးမှာမဟုတ်ဘူး...နောင်ကျရင် ကိုယ်ပိုင်သမျှက မင်းအပိုင်တွေချည်းပဲ"

ကျန်းကျန့်က သစ္စာတရားကိုပြသနေသော်လည်း ကျောက်ကျင်းကောကမူ သူက အဓိပ္ပါယ်မရှိလျှောက်ပြောနေသည်ဟုထင်သည်။

သည်လူက မမျှော်လင့်ပါဘဲ ဟယ်ချိုးရှန့်က သူ့လောက်ကြည့်မကောင်းဘူးဟုပြောလာသည်...သူမျက်လုံးရောကောင်းရဲ့လား...သို့ပေမဲ့ နောက်ဆုံးစာကြောင်းကမှန်သည်။

ဟယ်ချိုးရှန့်က ကျန်းကျန့်ကိုထိုပုံစံမျိုးနှင့်မမြင်ပေ။ထို့ကြောင့် ဟယ်ချိုးရှန့်က ကျန်းကျန့်အတွက်ဖြစ်လာမှာ မဟုတ်ပေ...ကောင်းပြီ၊ကျန်းကျန့်က ထိုသည်ကိုသိသည့်အတွက် သူ့ကိုမြွေမပေးသည်က ပုံမှန်ဖြစ်လေသည်။

သူ ပင်ပင်ပန်းပန်းခက်ခက်ခဲခဲယူထားရသည့်အရာကို လဲလှယ်ရမည်ဆိုပါက စာသင်သားတစ်ယောက်ဖြစ်လာမည်ဟု အသိအမှတ်ပြုခံထားရသည့် ကျောက်တဟူ၏သား သူ့ဆီလာတောင်းလျှင်ပင်... ထိုသူက ဟယ့်ရှီရွာမှာစွမ်းဆောင်နိုင်စွမ်းအရှိဆုံူသူဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူငြင်းဆန်မိမှာဖြစ်သည်။

ထိုအတိုင်းစဥ်းစားပြီးနောက် သူအဖြေရှာနိုင်သွားပြီး ကျောက်ကျင်းကော ၎င်းကိုစိုးရိမ်စရာမလိုတော့ပေ။မြွေသားအဖတ်အနည်းငယ်စားပြီးနောက် သူ ကျန်းကျန့်ထံတစ်စုံတစ်ခုပို့ပေးလျှင်ကောင်းမည်ဟုစဥ်းစားမိသည်။

"ရက်အနည်းငယ်အတွင် ကျွန်တော်ငါးရှဥ့်ဖမ်းပြီးခင်ဗျားဆီပို့ပေးမယ်"

သူ့အစ်ကို မဆုံးခင်က သူတို့မိသားစုမှာ စားစရာအလုံးအလောက်မရှိမှာကို စိတ်ပူစရာမလိုခဲ့ပေ။ထိုစဥ်က သူအဖေက သူတို့ကို ငါးရှဥ့်ဖမ်းရန် မကြာခဏခေါ်သွားလေ့ရှိသည့်။

ထိုသည်က အချိန်အချို့ယူရပြီး သူတို့သွားဖမ်းမည့်အချိန်ဆိုပါက မကြာခဏ

စောစောထရပြီး ငါးရှဥ့်နှစ်ကောင်သုံးကောင်လောက်ဖမ်းမိရန်အတွက် မြစ်ကမ်းပါးမှာ နေ့တဝက်လောက်ကြာအောင်နေရသည်။

သူတို့မှာ အားလပ်ချိန်နှင့် ပျော်စရာအချိန်ကောင်းလေးတွေရှိခဲ့ကြပေမဲ့ ထိုနေ့ရက်များက ကုန်လွန်သွားခဲ့ပြီဖြစ်၏။

"မင်းက အလုပ်လုပ်ရဦးမှာလေ...အဲဒါကို မလုပ်ပါနဲ့... ကိုယ်ပဲဖမ်းလိုက်ပါ့မယ်"

ကျန်းကျန့်က ပြောလိုက်သည်။

"ခင်ဗျားဖမ်းမှာလား"

ကျောက်ကျင်းကောက မေးလိုက်၏။ငါးရှဥ့်ဖမ်းခြင်းက ကျွမ်းကျင်မှုအတော်လေးလိုအပ်သည်။

"ဖြည်းဖြည်းချင်း သင်မှာပေါ့...ကိုယ် ရေမြောင်းတွေအရင်တူးဦးမယ်"

ကျန်းကျန့်က နောက်ထပ် မြွေသားတစ်ဖတ်ကိုစားလိုက်သည်။ဤနေရာရှိ လယ်ကွင်းအများစုက စပါးခင်းတွေဖြစ်သည်။သူတို့အားလုံးက စပါးတွေစိုက်ပျိုးကြသည့်အတွက် လယ်ကွင်းအများစု၏အစွန်မှာ ရေမြောင်းတွေရှိနေခြင်းဖြစ်သည်။

လယ်ကွင်းတွေထဲမှာ ရေချိုငါးတွေရှိသလို လယ်ကွင်းတစ်လျှောက် ရေမြောင်းတွေထဲမှာလည်း သူတို့မရှိဘဲမနေပါချေ။လူတွေက ငါးသို့မဟုတ်ရေချိုငါးဖမ်းချင်သည့်အခါ အစွန်းနှစ်ဖက်လုံးကို ရွှံ့နှင့်ပိတ်ထားသည့်ရေမြောင်းတစ်ပိုင်းကို ရွေ့လေ့ရှိကြသည်။ထို့နောက် သူတို့က ဘူးသီးမှုတ်များသုံးကာ ရေမြောင်းထဲကရေကိုခပ်ထုတ်ကြသည်။ပြီးလျှင် သူတို့ ငါး၊ပုဇွန်၊ရေချိုငါး၊ငါးရှဥ်စသည်တို့ကို အလွယ်တကူဖမ်း၍ရပြီဖြစ်သည်။တစ်ခါတစ်ရံဆို အခွံပျော့လိပ်ကိုပင်တွေ့တတ်ကြသည်။

အနှီသဘာဝဖြစ်ပြီး ညစ်ညမ်းမှုကင်းစင်သောအရာတွေက မော်ဒန်ခေတ်မှာဆိုလျှင် အလွန်စျေးကြီးကြသည်။သို့ပေမဲ့ ယင်းတို့က ယခုခေတ်မှာ သိပ်တန်ဖိုးမရှိပါချေ။တချို့ငါးတွေက အိမ်ပြန်ယူသွားရန်သေးလွန်းသဖြင့် ဘဲစာအဖြစ်နှင့်သာဖမ်းကြသည်။

ကျန်းကျန့်မှာ ဤအကြံရှိနေသည်မှာကြာပြီဖြစ်သော်လည်း ယခင်ကအကောင်အထည်ဖော်ရန်အချိန်မရှိခဲ့ပေ။

"ခင်ဗျားက ကျန်းမာရေးမကောင်းဘူးလေ..."

"ကိုယ်ကျန်းမာရေးကောင်းပါတယ်...မင်းစစ်ဆေးကြည့်ချင်လား"

ကျန်းကျန့် မနေနိုင်ဘဲ ကျောက်ကျင်းကောနှင့် ပရောပရည်လုပ်မိပြန်သည်။

ကျောက်ကျင်းကောက နားမလည်ပေ။

"ဘာကို စစ်ဆေးရမှာလဲ"

ကျန်းကျန့်က ရယ်မောလိုက်၏။ သူရယ်လိုက်ချိန်တွင် သူ့ဝင်သက်ထွက်သက်တို့က ကျောက်ကျင်းကော၏နားရွက်ကို ရိုက်ခတ်လာပြီး သူ့အား ထပ်ပြီးရှက်သွေးဖြာမိစေသည်။တစ်ချိန်တည်းမှာပင် သူထိုသည်ကိုပိုတွေးလေလေ ကျန်းကျန့်၏စကားလုံးတွေနှင့်ပတ်သက်ပြီးတစ်ခုခုမှားနေသည်ဟု ခံစားရလေလေဖြစ်သည်။

ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့ ဝါးကျည်တောက်နှစ်ခုထဲက မြွေသားတွေကိုအတူတကွစားခဲ့ကြသည်။သူတို့ ထွက်ခွာသွားသည့်အချိန်မှာ ကျန်းကျန့်က ကျောက်ကျင်းကော၏ဝါးခြင်းတောင်းကိုချန်ထားခဲ့သည်။

ကျောက်မိသားစုမှာ စားစရာများများစားစားမရှိပါချေ။ယခုက နွေဦးရာသီဖြစ်နေသဖြင့် စားစရာအတော်များများပြတ်လပ်သည့်အချိန်လည်းဖြစ်လေသည်။သူက ညဘက်မှာဗိုက်ဆာဆာနှင့်အိပ်ရာဝင်နေကျဖြစ်ပေမဲ့ ယနေ့မှာ ဗိုက်ထဲမှာမြွေသားရှိနေသောကြောင့် အိပ်ပျော်သွားချိန်တွင် အတော်လေးကျေနပ်အားနေခဲ့သည်။

သို့တိုင် သူက ဗိုက်ပြည့်နေသော်လည်း သူ့မိဘတွေကဆာလောင်ကြသဖြင့် ကျောက်ကျင်းကော အပြစ်ရှိသလိုခံစားရသည်။

ထိုအပြစ်ရှိစိတ်ကြောင့် နောက်တစ်နေ့တွင် သူ အစောကြီးထပြီးသည့်နောက်မှာ ဆန်ပြုတ်ကို အရည်ပဲခပ်ယူလိုက်ပြီး အိုးထဲမှာထမင်းစေ့တွေအားလုံးချန်ထားခဲ့လိုက်သည်။

တစ်ချိန်တည်းမှာပဲ ကျန်းကျန့်တစ်ယောက် အိုးထဲကထမင်းစေ့တွေကိုထုတ်ယူရင်းအလုပ်များနေကာ ဆန်ပြုတ်အိုးထဲကနေ ထမင်းအလွတ်ချည်းရရန် စိတ်အားထက်သန်စွာ မျှော်လင့်နေသည်။

ထိုအကြောင်းပြောရပါလျှင် ရှေးခေတ်ဆန်ပြုတ်က မော်ဒန်ခေတ်လျှပ်စစ်ပေါင်းအိုးသို့မဟုတ်အိုးထဲမှာအလုံပိတ်ပြီး ချက်ထားသည့်ဆန်ပြုတ်နှင့်ပင် လုံးဝကွဲပြားခြားနားသည်။

ပေါင်းအိုးသို့မဟုတ် တစ်စုံတစ်ခု ထမင်းစေ့များကိုဆူတက်လာစေနိုင်ပေမဲ့ လယ်ထဲက သာမန်သံအိုးတစ်အိုးကဲ့သို့ဖြစ်သည်။၎င်းကို ချက်ပြုတ်ရန် အချိန်အကြာကြီး ကြာရုံသာမက အချိန်တစ်ခုလောက်ကြာအောင် ဝေတက်နေသေးသည်။

မည်သူ့ဆီမှာ ဆန်ပြုတ်ချက်ရန် ဤမျှအချိန်အများကြီးရှိပါမည်နည်း။ပြီးလျှင် ထင်းလည်းအများကြီးကုန်မှာဖြစ်၏။ရလဒ်အနေဖြင့် ဟယ့်ရှီရွာကလူတွေချက်သည့်ဆန်ပြုတ်က မကြာခဏဆိုသလို ဆူတက်နေသောထမင်းစေ့တွေများစွာပါဝင်သည့် ဆန်စွပ်ပြုတ်အိုးတစ်အိုးဖြစ်နေတတ်သည်။

အတိတ်တုန်းကဆိုလျှင် အကြီးဆုံးကျန်းက ထမင်းစေ့အနည်းငယ်ပဲပါသည့်ဆန်စွပ်ပြုတ်တစ်ခွက်ကိုအမြဲသောက်ခဲ့ရသည်။သို့ပေမဲ့ ယခုအချိန်မှာ ကျန်းကျန့်က ထမင်းစေ့တွေကိုပဲ သီးသန့်ရွေးစားနေခြင်းဖြစ်သည်။

မနက်ခင်းမှာ ဝအောင်စားပြီးနောက် ကျန်းကျန့်တစ်ယောက် ငါးဖမ်းရန်ရေမြောင်းသွားတူးခဲ့သည်။သို့ပေမဲ့ အဘွားကြီးကျန်းကမူ ဒေါသထွက်လွန်း၍ သူမ၏အကြီးဆုံးသားကို သတ်ပစ်ချင်နေသည်။

သူမက သည်အတိုင်းရွာသူတစ်ယောက်မျှသာဖြစ်သည့်အတွက် လူတွေကို ဆူပူရဲရိုက်နှက်ရဲသော်လည်း သူမမှာလူတစ်ယောက်ကိုသတ်ရဲသည့်သတ္တိမရှိသောကြောင့်သာဖြစ်သည်။ရွာသူတစ်ယောက်ဖြစ်တဲ့သူမမှာ ဘာစွမ်းရည်များရှိလို့ ကျန်းကျန့်ကိုသတ်နိုင်မှာတဲ့လဲ...

လက်ရှိမှာ ရာသီဥတုကအေးနေဆဲဖြစ်ပြီး ရွာထဲရှိကလေးများက ပိုက်ကွန်များခြင်းတောင်းများဖြင့် ငါးဖမ်းရန်ကြိုးစားကြလိမ့်မည်ဖြစ်သော်လည်း

ထိုသို့လုပ်သည့်လူက အနည်းငယ်ပဲရှိနေသေးသည်။ထို့ကြောင့် ရွာရှိရေမြောင်းများမှာ ထိခိုက်ပျက်စီးခြင်းမရှိသေးပါချေ။ကျန်းကျန့်၏ မနက်ခင်းရိတ်သိမ်းမှုကလည်း အတော်လေးကောင်းသည်။သို့ပေမဲ့ မြောင်းထဲတွင် ငါးကြီးများမရှိပေ။အများအားဖြင့် လက်သန်းလောက်ရေချိုငါးတွေပဲရှိလေသည်။ကျန်းကျန့် နေ့တစ်ဝက်လောက်ကြာအောင်အလုပ်ရှုပ်နေခဲ့ပြီး နောက်ဆုံးမှာ သူဖမ်းမိသမျှထဲကအကြီးငါးမှာ လက်နှစ်လုံးအကျယ်လောက်ငါးကြင်းမြီးကွက်အနည်းငယ်သာဖြစ်သည်။

ငါးကြင်းမြီးကွက်များက သေးပေမဲ့ ပေါင်းလိုက်လျှင် အရသာတကယ်ကောင်းပြီး အလွန်နူးညံ့သည်။တခြားငါးအသေးလေးတွေကမူ...သူတို့ကိုဆီထည့်ပြီးကြော်လျှင်အကောင်းဆုံးဖြစ်သည်။သို့ပေမဲ့ ဤရက်တွေမှာ မိသားစုတိုင်းမှာဆီပြတ်လပ်နေကြသည်။သူတို့တွေက ငါးကိုပေါင်းရာတွင်ဆီစက်အနည်းငယ်ထည့်ရန်ပင်တွန့်ဆုတ်နေကြပြီဖြစ်သည်။ထို့သို့ဖြစ်ရာ မည်သူက အဖိုးမရှိသော ငါးသေးသေးလေးများကြော်ရာတွင်ဆီသုံးရန်ဆန္ဒရှိမည်နည်း။

ကျန်းကျန့် တွက်ချေမကိုက်သောငါးများကို မြောင်းထဲပြန်လွှတ်လိုက်သည်။

သူ ရေမြောင်းကိုရွှံ့ဖြင့်ပိတ်ခဲ့သည့်နေရာကို ပြန်တူးလိုက်ပြီး ငါးသေးသေးလေးတွေနှင့်ပုဇွန်သေးသေးလေးတွေထည့်ထားသည့်ခြင်းတောင်းကို ရေမြောင်းဘေးက ဝါးခြုံပုတ်ထဲမှာထားလိုက်သည်။

အဘွားကြီးကျန်း ချက်ပြုတ်နေချိန်မှာ ကျန်းကျန့် အိုးထဲကထမင်းနှစ်ပန်းကန်ခူးပြီး ကြက်ဥနှစ်လုံးကို အင်္ကျီလက်များထဲထည့်လိုက်သည်။သို့ပေမဲ့ သူ၎င်းတို့ကို မစားခဲ့ပါချေ။မနေ့ညက သူမစားရသေးသည့်မြွေသားဟင်းကိုယူကာ ကျောက်ကျင်းကောကိုရှာပြီးအတူတူစားရန်ထွက်လာခဲ့သည်။

ကျန်းကျန့် တူးမြောင်းနားကိုဝါးကျည်တောက်တွေအများကြီးနှင့် ရောက်လာချိန်မှာ ကျောက်ကျင်းကောက သူ့ကိုစောင့်နေနှင့်သည်ကိုတွေ့လိုက်ရသည်။

ကျောက်ကျင်းကောက အလဟသတ်ထိုင်ပြီး ကျန်းကျန့်ကိုစောင့်နေခြင်းမဟုတ်ပေ။ ကျန်းကျန့်ရောက်လာချိန်တွင် သူက ထင်းခုတ်နေပြီး သူ၏သန်မာသောခန္ဓာကိုယ်ကို သူ့လှုပ်ရှားမှုများအတိုင်း ကျန်းကျန့်ကို အထင်းသားဖော်ပြလျက်ရှိ၏။

အမှန်တွင် ကျောက်ကျင်းကောမှာ ကြွက်သားသိပ်ပြီးမရှိပါချေ။သူက ပရိိုတိန်းဓာတ်လုံလုံလောက်လောက်မရရှိခဲ့သလို ကြွက်သားတည်ဆောက်ခြင်းလေ့ကျင့်ရေးများလည်း အထူးပြုလေ့ကျင့်ထားခြင်းမရှိခဲ့ပေ။

သို့ပေမဲ့ သူ့ခန္ဓာကိုယ်မှာ မည်သည့်အဆီပိုမှမရှိဘဲ ရှင်းရှင်းလင်းလင်းကိုပဲ သန်မာသည့်ခွန်အားတစ်ခုလည်း ထိုထဲမှာပုန်းကွယ်နေသေးသည်။

"ခင်ဗျားရောက်ပြီပဲ"

ကျန်းကျန့်ကိုမြင်လျှင် ကျောက်ကျင်းကောက ချက်ချင်း ထရပ်ပြီး သူ့အကြည့်တို့က ကျန်းကျန့်ပေါ်မှာသံမှိုစွဲသွား၏။

ကျန်းကျန့်တစ်ယောက် ကျောက်ကျင်းကော၏အကြည့်နှင့်ဆုံလိုက်ရသည့်အခါ အနည်းငယ်စိတ်လှုပ်ရှားလာသည်။သူ ကျောက်ကျင်းကောထက် ပို၍အထိန်းအကွပ်မဲ့စွာ ပြင်းပြင်းပြပြစိုက်ကြည့်လိုက်ပြီး ကျောက်ကျင်းကော၏အကြည့်များကို ဖယ်ခွာသွားစေသည်။

ကျန်းကျန့်မှာ တောရိုင်းထဲတွင်အေးစက်နေသောစားစရာများကို သာမန်ကာလျှံကာစားဖူးသည့်အတွေ့အကြုံများစွားရှိသည်။ သူမစ်ရှင်တစ်ခုပြုလုပ်သည့်အခါတိုင်း သူ့သွေးသောက်ရဲဘော်ရဲဖက်တွေနှင့် အစာခြောက်တွေကိုစားရသည်အား ကျင့်သားရနေပြီဖြစ်သည်။သို့ပေမဲ့ ယခုလိုမျိုး သူတစ်ခါမှ မပျှော်ရွှင်ခဲ့ဖူးပေ။

စားစရာက လုံးဝကိုမကောင်းပေမဲ့ ယင်းက အရသာရှိသည်ဟုသူတွေးမိနေတုန်းပါပင်။

ကျောက်ကျင်းကောက ပုံမှန်အတိုင်းဆိုလျှင် ကျန်းကျန့်က အများကြီးယူလာပေငြား သူကျန်းကျန့်၏နေ့လည်စာကိုစားမချင်ပေ။သူက အမြဲတမ်း ဆန်ပြုတ်လေးပန်းကန်သောက်ခဲ့ပြီး ကျန်းကျန်းက တစ်ယောက်တည်း ထမင်းနှစ်ပန်းကန်ကို ကုန်အောင်စားနိုင်၏။

သို့ပေမဲ့ ကျန်းကျန့်က အမြဲတစေ သူ့ကိုစားအောင်လုပ်ရန်နည်းလမ်းတစ်ခုရှိနေသည်။

ကျောက်ကျင်းကောက သူ သူ့ကိုပေးသည့်ကြက်ဥကိုမစားချင်သောအခါ ကျန်းကျန့်ကရုတ်ချည်းပြောလိုက်သည်။

"မင်းများများစားပြီး မင်းကိုယ်မင်းဝအောင်လုပ်သင့်တယ်...တင်ပါးကြီးတဲ့ကောတွေက ကလေးမွေးလို့ကောင်းတယ်တဲ့"

ကျောက်ကျင်းကော၏တင်ပါးကို ကြည့်နေရင်း သူက ပြောလိုက်ခြင်းဖြစ်သည်။

ထိုအချိန်မှာ ကျောက်ကျင်းကော၏အမည်းရောင်မျက်နှာက အနီရောင်ပြောင်းသွားတော့၏။

Continue Reading

You'll Also Like

58.9K 2.9K 46
ស្នេហាកើតចេញពីការជំនួសមនុស្សម្នាក់ដែលគេស្រឡាញ់ព្រោះតែមានមុខមាត់ប្រហាក់ប្រហែលគ្នា មុនដំបូងគិតថាយកមកលេងសើចតែចៃដន្យអីជាប់ស្នេហ៍គេមែនទែនដកចិត្តមិនរួច និព...
20.8K 1.8K 19
Cover Photo From Pinterest. Credit to Original Uploader. "စာမရီ ကဘယ်အခြေအနေ ဘယ်ဘဝရောက်ရောက်မောင်မောင့်အပိုင်ပဲ။ ဒါကိုကံကြမ္မာကတားမြစ်ရင်တောင်မရနိုင...
1.3M 35.7K 60
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...
615K 48.9K 52
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}