မိုးရေစက်တွေမေးသောပဟေဠိ(Compl...

Da NwayAriven12400

19.3K 609 14

မိုးရေစက်လေးတွေရယ် ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ရယ် ရင့်ကျက်တည်ငြိမ်လွန်းတဲ့ မမတစ်ယောက်ရယ် IQမြင့်လွန်းတဲ့ ကလေး... Altro

Part(1)
Part(2)
Part(3)
Part(4)
Part(5)
Part(6)
Part(7)
Part(8)
Part(9)
Part(10)
Part(11)
Part(12)
Part(13)
Part(15)
Part(16)
Part(17)
Part(18)
Part(19)
Part(20)
Final Part

Part(14)

673 28 0
Da NwayAriven12400

"မိုးရေစက်တွေမေးသော ပဟေဠိ"

Part (14)
----------
----------

"မေမေ!!"

တိုးရှရှခေါ်သံလေးကြောင့် တန်ခူး ထိုင်နေရာကနေ သားသားကိုချက်ချင်း ထကြည့်လိုက်မိသည်။

"သားသား သားသား ဘယ်နားနာနေသေးလဲဟင်!!မေမေ့ကိုပြော...မေမေ ဆရာဝန်ခေါ်ပေးမယ်နော်!!"

"မေမေ ဖေဖေရော!!"

"ဟင်!!"

သားသားကိုစိတ်ပူလွန်းလို့ယောက်ယတ်ခတ်နေတဲ့ တန်ခူး သားသားစကားကြောင့် အံ့ဩသွားရသည်.။

■သားသား ဘာကိုပြောချင်နေတာလဲ!!

"ဖေဖေ့ကို သားသားကတွေ့လိုက်လို့လား!"

"ဟုတ်တယ် မေမေ!!ဖေဖေကလေ မေမေပြောတဲ့ မင်းသားချောချောလေးလို သားသားက နေမကောင်းတော့ ဖေဖေက လာကယ်တာတဲ့!!သားသားကမျက်လုံးမဖွင့်နိုင်ပေမဲ့ ဖေဖေ့ဆီကနေ သားသား ရေမွှေးနံ့မွှေးမွှေးလေးရလိုက်တယ်!!ဖေဖေက သားသားဆီလာသွားတာလားဟင်!!"

သားသားက သတိရရချင်းစကားတွေပြောနေပေမဲ့
ထိုစကားတွေရဲ့အဓိပ္ပါယ်ကို တန်ခူး နားမလည်တာအမှန်..။.
ဒါပေမဲ့
နေမကောင်းတဲ့သားသားကို တန်ခူးစိတ်ချမ်းသာအောင်ထားရမယ်မှတ်လား။

"ဖေဖေက သားသားနေမကောင်းတုန်းကလာသွားတာ!!"

"အခုဖေဖေရော!!ဘယ်မှာလဲဟင်!!"

သားသားအမေးကြောင့် တန်ခူး ဘာပြောရမယ်မှန်းမသိ ရုတ်တရက်ဆွံအသွားခဲ့ရသည်။

"ဖေဖေက အလုပ်ရှိလို့ ပြန်သွားတာ သားသားရဲ့!!သားသားကနေကောင်းသွားပြီဆိုတော့ ဖေဖေက မပြီးသေးတဲ့အလုပ်တွေဆက်လုပ်ရမယ်လေ!!"

"အာ့ဆို ဖေဖေက ပြန်မလာတော့ဘူးလား!"

"လာမှာပေါ့ သားသားရဲ့...သားသား သာနေကောင်းအောင်နေနော်...ဖေဖေပြန်လာလိမ့်မယ်သိလား!!"

"ဟုတ်ကဲ့ မေမေ!!"

"မေမေ့သားသားက လိမ္မာလိုက်တာ!!"

တန်ခူး သားသားရဲ့နဖူးလေးကိုနမ်းလိုက်ပြီး ဘေးက nurseခေါ်တဲ့ bellလေးကိုနှိပ်လိုက်သည်.။
သားသားသတိရလာပြီဆိုတော့ တန်ခူး ဆရာဝန်ခေါ်ရမ​​ည် လေ.။
VIPအခန်းဆိုတော့ အရာရာကတကယ်ကောင်းလွန်းသည်..။ဘာမဆိုင် ညာမဆိုင်
သားသားကို ဆေးရုံရဲ့ VIPအခန်းမှာ ထားပေးတဲ့ ဓီရာဇ်သိုလ်ကို ကျေးဇူးလှမ်းတင်မိသည်က
သားသားကြောင့်သာ....။

■■■■■■■■■■■■■■■■■■■

သိုလ် ညစာစားပြီးထဲက ဖုန်းကိုသာကြည့်နေမိသည်
ကလေးသတိရပြီလား သိချင်သောကြောင့်
ကျောင်းကနေ ကလေးအမေ ဖုန်းနံပါတ်လှမ်းတောင်းပြီး ဆက်လိုက်လို့ရပေမဲ့ မကောင်းတတ်၍ သိုလ် ဖုန်းမဆက်ချင်...။

■ဟာ...မေ့နေတာပဲ!!
နှိုင်းကိုလှမ်းမေးလို့ ရတာပဲကို!!

သိုလ် ဖုန်းScreenပေါ်လက်ကိုရွေ့လျားရင်း

"Hello နှိုင်း!!"

"-------------"

"ငါ သိချင်တာလေးရှိလို့...နေ့လည်က ငါလာပို့တဲ့ ကလေးလေး သတိရပြီလား သိချင်တာ!!"

"-----------"

"ကျောင်းကနေ ကလေးအမေph noတောင်းပြီး မေးတာကမေးလို့ရပါတယ်!!ဒါပေမဲ့ မကောင်းဘူးလေကွာ...ငါက သူတို့နဲ့ဘာမှ မပတ်သတ် မသက်ဆိုင်ဘူးလေ!!"

"-----------"

"ကလေးသတိရလာပြီ ဆိုရင်ပဲ  အဆင်ပြေပါတယ်ကွာ!!"

သိုလ် နှိုင်းဖုန်းကိုချလိုက်ပေမဲ့ ph screenပေါ်ရောက်နေတဲ့ အကြည့်တွေက နေရာမရွေ့သေး.။

■ဘာလို့ ရေစက်လေးအမေ သူ့ကိုဖုန်းမဆက်ရတာလဲ!!
သူ cardပေးခဲ့တာပဲ...။
တကယ်ဆို ကလေးသတိရတာနဲ့ပတ်သတ်တဲ့ အကျိုးအကြောင်းလေးကိုတော့ သူ့ကိုဖုန်းဆက်ပြီးပြောသင့်တာပေါ့...။

ရေစက်လေးအမေက တမျိုးပဲ...။မဟုတ်ဘူး....။
သူ့ကိုစတွေ့တုန်းကလဲ ဓီရာဇ်သိုလ်ဆိုပြီး တအံ့တဩနဲ့သူ့နမည်ကိုခေါ်ခဲ့သေးတယ်မဟုတ်လား။
ရေစက်လေး အမေက သူ့ကိုသိနေခဲ့တဲ့ပုံစံမျိုး။

■ရေစက်လေးအမေက ဘာလဲ။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

"ဟုတ်ကဲ့ပါ!!ကျေးဇူးတင်ပါတယ် ဆရာရယ်!! တန်ခူးကလဲ သားသားဆေးရုံက မဆင်းရသေးတော့လေ....."

"-------"

"ဟုတ်ကဲ့ ဆရာ!!သားသားဆေးရုံဆင်းတာနဲ့ တန်ခူးအချိန်တွေကို အစားထိုးပြန်ဝင်ပေးပါ့မယ် ဆရာ!!"

"----------"

"ရပါတယ် ဆရာ!!ဆရာလဲ စာသင်ချိန်တွေရှိနေတော့ အားနာစရာကြီးရယ်!!"

"--------"

"ဟုတ်ကဲ့ပါ ဆရာ!!"

တန်ခူး ဆရာ့ကိုကျေးဇူးတင်စကားတွေပြောကာ ဖုန်းချလိုက်သည်နှင့်

"သမီး ဆရာက ဘာတဲ့လဲ!!အဆင်ပြေရဲ့လား!!"

"ပြေပါတယ် အမေ!!ဆရာကတော့ တခြားဆရာတွေ ဆရာမတွေနဲ့ လှည့်ပြီး အချိန်အစားထိုးပေးထားမယ်တဲ့!!"

"ကောင်းတာပေါ့သမီးရယ်!!အမေ့တပည့်တွေထဲမှာ မောင်ဝန်း ကတကယ်စိတ်ကောင်းရှိတယ်!!"

အမေ့စကားကြောင့်တန်ခူးပြုံးလိုက်မိသည်.။
တန်ခူး အခု စာသင်နေတဲ့ ဝိုင်းက ဆရာကိုဖုန်းဆက်ကာ သားသားအကြောင်း အကျိုးအကြောင်းပြောပြီး တန်ခူးရဲ့စာသင်ချိန်တွေကိုလှည့်ခိုင်းလိုက်ခြင်းပါ.။
ဆရာကလဲ တကယ်သဘောကောင်းတဲ့သူပဲလေ.။
ကျောင်းဆရာ မို့လို့သာ တန်ခူးကဆရာလို့ခေါ်နေပေမဲ့ ဆရာနဲ့တန်ခူးက အသက်အတူတူပင်.။
ပြီးတော့ ဆရာက အမေ့တပည့်။
နမည်က "ဝန်း" တဲ့
တစ်လုံးထဲပဲ..။

"အမေ ဆေးရုံမှာကြာကြာမနေပါနဲ့...ဆေးနံ့တွေနဲ့နေရတာ ခေါင်းကိုက်နေမှာစိုးလို့!!"

"ရပါတယ် သမီးရယ်...အမေ့မြေးလေး ဒီလိုဖြစ်နေတာ အမေက ဘယ်လိုလုပ်အိမ်မှာအေးဆေးနေနိုင်ပါ့မလဲ!!"

"အမေ တစ်ယောက်ထဲအိမ်မှာနေရတာ အဆင်ပြေရဲ့လား!!"

"အမေကအကုန်အဆင်ပြေတယ်!!ဘေးအိမ်က မိဝါလဲ  အမေလိုအပ်တာ လာလုပ်ပေးတယ်လေ!!အမေက သမီးနဲ့အမေ့မြေးကိုပဲ စိတ်မချတာ!!"

"သမီးက အဆင်ပြေပါတယ်...သားသားက ကျောင်းမှာ သူ့သူငယ်ချင်းအသစ် ကျွေးတဲ့မုန့်ကိုစားမိသွားတာတဲ့!!အာ့ကြောင့်ဆီးချို တက်သွားတာ!!ကလေးတွေဆိုတော့လဲ တည့်တာမတည့်တာတွေ ဘယ်သိပါ့မလဲလေ!!"

တန်ခူး ကုတင်ပေါ်အိပ်နေတဲ့ သားသားကိုကြည့်ရင်း အမေ့ကို ထိုစကားလေးပြောလိုက်မိသည်...။
အမေကတော့ အသက်ကြီးနေပေမဲ့ ဆေးရုံမှာတန်ခူးတို့လိုအပ်တာတွေ လိုက်ပို့ပေးရှာသည်..။
အခုတောင် VIPအခန်းမို့ ကလေးအတွက် ဆေးရုံက အစားအသောက်တွေပေးပေမဲ့ တန်ခူးကတော့ အမေ ဆေးရုံလာတဲ့အချိန် ဆေးရုံဘေးက ဆိုင်ကနေဝယ်စားဖြစ်သည်.။
အမေ့ကိုတော့ အိမ်ကနေ ထမင်းဟင်းတွေတကူးတကချက်ပြီး မယူလာစေချင်ပါ...။အမေကအသက်ကြီးပြီလေ...။
ပြီးတော့တန်ခူး ဓီရာဇ်သိုလ်အကြောင်းလဲ အမေ့ကိုမပြောမိပါ...။
ဘာလို့ဆို သူကတန်ခူးကိုမသိချင်ယောင်ဆောင်နေသည်မို့ အမေစိတ်ဆင်းရဲအောင် တန်ခူးတကူးတကတွေ မပြောချင်တော့...။

■■■■■■■■■■■■■■■■■■■

"တန္ခူး!!သားသား!!"

သားသားကိုအင်္ကျီလဲပေးနေရင်း ခေါ်သံကြောင့် တန်ခူးလှည့်ကြည့်မိတော့ တံခါးဝမှာ အထုတ်တွေအပိုးတွေနဲ့ ရပ်နေတာက 'ဆရာ'...။

"ဟယ်!!ဆရာ လာပါရှင့်!!"

တန်ခူး သားသားအင်္ကျီကို သေချာနေရာပြန်ချပေးရင်း ဆရာ့ကိုခေါ်လိုက်သည်။

"တန်ခူးတို့သားအမိကိုလာကြည့်တာ အဆင်ပြေရဲ့လားလို့!!ဒါက သားသားအတွက် သားသားနဲ့တည့်တာတွေ အကိုရွေးဝယ်လာတာ!!"

"အားနာစရာတွေ ဆရာရယ်!!"

"အားမနာပါနဲ့!!အကို ကတန်ခူးနဲ့သားသားအတွက်လမ်းကြုံတာနဲ့ဝယ်လာတာ!!"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ!!"

တန်ခူး ဆရာကမ်းပေးတဲ့ မုန့်ထုတ်တွေကိုယူရင်း ဘေးကခုံပေါ်တင်လိုက်သည်။

"သားသား နေကောင်းရဲ့လား!!"

"ဟုတ်ကဲ့ ဦးဦး!!သားသား နေကောင်းပါတယ် ဦးဦး!!ဦးဦးရော နေကောင်းလားခင်မျ!!"

"နေကောင်းပါတယ်ဗျာ!!ဦးဦးက သားသားနေမကောင်းဖြစ်နေလို့စိုးရိမ်နေတာ!!"

"မေမေကသားသားကိုဂရုစိုက်တယ်လေ!!ပြီးတော့ သားသားကိုဒီလိုဆေးရုံကြီးမှာ သဘောကောင်းတဲ့ ဦးဦးဆရာဝန်တွေ တီတီသူနာပြုတွေနဲ့ ထားတော့ သားသားကမြန်မြန်နေကောင်းသွားတာပေါ့!!"

သားသားစကားကြောင့် ဝန်း ပြုံးလိုက်မိသည်...။

"အဟက်!!တန်ခူးရဲ့သားသားက အတတ်လေးပဲ!!"

"ဟုတ်တယ် ဆရာ!!သားသားကအရမ်းစကားတတ်တာ!!"

ဝန်းတစ်ဆက်ထဲ တွေးလိုက်မိသည်က
IQ146ရှိတဲ့ ကလေးတစ်ယောက်က ဒီလောက်စကားတတ်တယ်ဆိုတာ ဖြစ်သင့်တာပဲလေ...။
ရေစက်လေးက တကယ် ဥာဏ်ကောင်းလွန်းတဲ့ကလေးလေးပါ။

"ဝိုင်းအတွက်စိတ်မပူနဲ့!! အကို အဆင်ပြေအောင်လုပ်ပေးထားတယ်!!တန်ခူး သားသားကိုသာဂရုစိုက်ပါ"

"ဟုတ်ကဲ့ ဆရာ !!ကျေးဇူးတင်ပါတယ်!!"

"သားသားကို အကိုမုန့်ကျွေးလို့ရလား တန်ခူး!!"

"ဟုတ်ကဲ့ !!ရပါတယ်အကို!!"

"သားသားရေ ဦးဦးနဲ့မုန့်စားကြရအောင်ကွ!!"

"ဟုတ်ကဲ့ ဦးဦး!!"

ဝန်း ယူလာတဲ့မုန့်ထုပ်တွေထဲက မုန့်တစ်ထုပ်ကိုယူကာ သားသားကိုမုန့်ခွံကျွေးနေမိသည်။

"သားသား စားကောင်းလား!!"

"စားလို့အရမ်းကောင်းတယ် ဦးဦး!!"

"အာ့ဆို များများစားနော်!!"

ဆရာနဲ့ သားသား မုန့်စားနေကြတာကို ကြည့်ပြီး တန်ခူးပြုံးလိုက်မိသည်။သားက တကယ်အချစ်ခံကလေးလေးတစ်ယောက်။
တန်ခူးအတွက်ယောက်ျားဆိုတာလဲ မလိုအပ်သလို
သားသားအတွက်  အဖေဆိုတာလဲ မလိုအပ်ပဲ သားသားကကောင်းကောင်းကြီး ကြီးပြင်းခဲ့တာပဲလေ။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

မနေ့က
သိုလ် ကျောင်းကိုလှမ်းမေးပေမဲ့ ကလေးကကျောင်းမတက်သေးဘူးတဲ့လေ။
နှိုင်းပြောတာကတော့ တနေ့ကထဲက ကလေးဆေးရုံဆင်းသွားတာဆိုပဲ...။
ရေစက်လေးအမေက သူ့ကို ဖုန်းမဆက် အကြောင်းမကြား။
တိုင်မှတ်လို့ နှပ်တောင်မသုတ်ပေ...။သားသားကချစ်ဖို့ကောင်းသလောက်
သားသားအမေက တကယ်လူမှုရေးခေါင်းပါးတဲ့အမျိုးသမီးပဲ။
တကယ်ဆို ကိုယ့်သားကို ဆေးရုံကိုခေါ်ခဲ့တဲ့သူ
ပြီးတော့ ဆေးရုံစရိတ်တွေအကုန်ရှင်းပေးတဲ့ လူကိုဆို သာမန်လူတွေက ကျေးဇူးရှင်အနေနဲ့ ကျေးဇူးတင်လို့ဆုံးမည်မဟုတ်။
သူလဲ တကူးတက ကျေးဇူးတင်ခံချင်နေလို့ပြောတာမဟုတ်ပဲ
ဘာပဲဖြစ်ဖြစ် ကလေးအကြောင်းလောက်ဖြစ်ဖြစ်ပြောပြဖို့တော့ သူ့ကိုဖုန်းလေးတော့ဆက်သင့်သည်။
သူကလဲ ဆေးရုံကိုတကူးတကသွားမေးရအောင်လဲ မာနက သိပ်လက်မခံချင်....။
ဟိုမိန်းမက ချေမိုးနေတာကို
ကိုယ်က မနေနိုင်တိုင်တက်တော့ မလုပ်ချင်ပါ...။

"ဟူး...
ခံစားချက်ကြီးက မကောင်းလိုက်တာ"

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

တန်ခူး မနက်ဖြန် သားသာကိုကျောင်းပို့မှာမို့လို့ ဒီနေ့ အမေနဲ့သားသားအတွက်လိုအပ်တဲ့ဆေးတွေဝယ်ရင်း တစ်ခါထဲShopping centerမှာ ကျောင်းသွားရင် သားသားထည့်သွားဖို့ မုန့်တွေ နဲ့ အမေ့အတွက် သစ်သီးတချို့လာဝယ်ခြင်းဖြစ်သည် ။

"မေမေ!!"

"ရှင်!!ရှင်!!"

"သားသားလေ b.e.a.r ဘီးယား ဝက်ဝံရုပ်လေး လိုချင်တယ်!!"

သားသားက  အင်္ဂလိပ်စာ စာလုံးပေါင်းကိုသေချာပေါင်းပြပြီး သူလိုချင်တာကိုပူဆာနေတာက တကယ့်ချစ်စရာလေးပင်...။

"အိမ်မှာ သားသားအတွက်အရုပ်တွေ မေမေဝယ်ပေးထားတယ်လေ!!"

"အဲ့ထဲမှာ bearလေးမှမပါတာ!!t.i.g.e.r တိုက်ဂါး ကျားလေးရယ် r.a.b.b.i.t ရတ်ပစ် ယုန်လေးရယ် ပြီးတော့ တခြားဟာတွေပဲပါတယ်လေ b.e.a.r ဘီးယား ဝက်ဝံလေး မပါဘူးလေ မေမေ!!"

"ဟုတ်ပါပြီကွယ်!!အာ့ဆို မေမေbearလေး သားသားကိုဝယ်ပေးမယ်...သားသားက မေမေ့ကို သချာင်္ဂဏန်းတွေတွက်ပေးရမယ် ဘယ်လိုလဲ တွက်မှာလား!!"

"တွက်မယ် မေမေ...သားသားကိုbearလေးဝယ်ပေးနော်!!"

သားသားက အလွယ်တကူပဲကတိပေးလိုက်သည်မို့ တန်ခူးပြုံးလိုက်မိသည်။

"သားသား လိုချင်တဲ့ အရုပ်တစ်ရုပ်သွားရွေးယူလာခဲ့!!"

ပြောလိုက်သည်နှင့် သားသားက တန်ခူးလက်ကိုဖြုတ်ကာ အရုပ်လေးတွေ စုပြီးပုံထားတဲ့ အရုပ်စင်ရှိရာဆီပြေးသွားလေတော့သည် ။

"သားသားဖြေးဖြေးသွား!!ချော်လဲမယ်လေ!!!ဟာ....သားသား!!"

တန်ခူး စကားပင်မဆုံးလိုက် Shopping centerကြွေပြားမှာခြေချော်သွားသည်က သားသားပင်...။
တန်ခူး သားသားချော်လဲပြီဆိုတဲ့အသိနဲ့ သားသားဆီအပြေးသွားမိတော့
ကြွေပြားပေါ် မှောက်ရက်လဲတော့မည့် သားသားကို လှမ်းဖမ်းလိုက်သည်က လက်တစ်စုံ....။

"ဦးဦး!!"

သိုလ်နဲ့မဟေ Shopping center ၆လွှာက Tai Foodမှာ နေ့လည်စာ  လာစားရင်း အောက်ဆုံးထပ်က အရုပ်စင်နားအရောက်မှာ ပြေးလာတဲ့ကလေးတစ်ယောက်က သူ့အရှေ့တည့်တည့်မှာခြေချော်သွားသည်မို့ သိုလ် လှမ်းဖမ်းလိုက်မိစဉ်

"ရေစက်လေး!!"

သိုလ် ရေစက်လေးကိုယ် ကို ပြန်မတ်ပေး လိုက်တော့

"ကိုကိုနဲ့သိတဲ့ကလေးလား!!"

"အွန်း ဟုတ်တယ် မဟေ!!"

"သားသား!!"

အရေးကြီးသုတ်ပြာခေါ်သံနဲ့အတူ သူမတို့အနားရောက်လာတဲ့ မိန်းမကို မဟေ ကြည့်မိတော့ နိုင်းမာန် ဆရာမ....။

"မေမေ!!"

"ဆရာမ!!"

တန်ခူး သားသားကို ပွေ့ချီလိုက်ရင်း ကြည့်မိတော့ ဓီရာဇ်သိုလ်နဲ့ ဓီရာဇ်သိုလ် လက်ကိုချိတ်ထားတဲ့ နိုင်းမာန် အမ မဟေ ပင်...။

"Babeနဲ့သိတာလား!!"

"အယ်...ကိုကို မသိဘူးလား...နိုင်းမာန်ဆရာမလေ!!ဒီကလေးက ဆရာမ ကလေးလား!!"

ရေစက်လေးကိုကြည့်ပြီး မေးခွန်းထုတ်နေတဲ့ မဟေကြောင့်

"ဟုတ်တယ်...သားသားက တို့ကလေးပါ!!"

"မေမေ!!"

"ရှင်!!"

"ဟိုနေ့က သားသားဆေးရုံရောက်တော့လေ ဖေဖေ့ရေမွှေးနံ့ရတာလေ...အဲ့ဖေဖေ့ရေမွှေးနံ့ကိုလေ ဒီဦးဦးဆီကနေ သားသားရတယ်!!"

"ဟင်!!"

"ဘယ်လို!!"

သားသားစကားကြောင့် တန်ခူးအပါအဝင်
သိုလ်ရော မဟေပါအံ့ဩသွားရသလို
မဟေရဲ့ ခပ်စူးစူးမျက်ဝန်းတွေကလဲ သိုလ်နဲ့တန်ခူးဆီကို ကျရောက်လာလေတော့သည်....။

#Author-နွေ

Continua a leggere

Ti piacerà anche

19.8K 289 7
Wattpad မှာတင်ပေးပါဆိုလို့...🥰 မျက်မမြင်ကောင်မလေးကိုချစ်မိသွားတဲ့ကောင်လေးတစ်ယောက် အကြောင်းတစ်ခုကြောင့် ဝေးကွာသွားရကနေ ပြန်တွေ့တော့ တစ်ယောက်နဲ့တစ်ယော...
3.6M 361K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
273K 14.1K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
338K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...