ငါ့ခင်ပွန်းကို နေ့တိုင်း အလို...
By NyeinHlaingZin123
157K 13.5K 139
Title - Pampering My Husband Every Day Type - Web Novel (CN) Genre - Romance , Slice of Life Author - Grumpy... More
Description
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
paid gp
အပိုင်း ၄
promotion
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
ပရိုမိုးရှင်း
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
လျော့စျေး
အပိုင်း ၄၁
အပိုင်း ၄၂
gp ပြီးဆုံးခြင်း
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
၃ နှစ်ပြည့် 😍😘😘
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄
အပိုင်း ၆၁
1.5K 166 5
By NyeinHlaingZin123
Unicode
ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်
အပိုင်း ၆၁
Filter bar ၌
သူ ပျောက်ကွယ်နေတာ နှစ်နှစ်နီးပါးရှိနေပေမယ့် လျိုယွမ်က မီးမှိန်မှိန်မှိန်အောက်က ရှန်းရှီမင်ကို အကြည့် တစ်ချက်တည်းနဲ့ တွေ့ရှိခဲ့သေးသည်။ ဘာဖြစ်လို့လဲဆိုတော့ သူသွားတဲ့နေရာတိုင်းမှာ လူတွေရဲ့အာရုံကိုဆွဲဆောင်နိုင်တဲ့ စွမ်းရည်က သူ့မှာရှိနေလို့ပင်။ သူ့ကိုရှာချင်တယ်ဆိုရင် မိန်းမတွေရဲ့အစွဲအလမ်းကြီးတဲ့ အကြည့်နောက်ကိုသာ လိုက်ကြည့်လို့ရသည်။
ရှန်းရှီမင်က လက်ရန်းအနီးရှိ ဒုတိယထပ်တွင်ထိုင်ကာ ဝိုင်နီတစ်ခွက် ကိုင်ထားပြီး နက်ကတိုင်ကို အနည်းငယ်ဖြည်ထားကာ သူ့မျက်လုံးတွေက ဆွဲဆောင်မှုအပြည့်ရှိနေသည်။
" ရှန်းရှီမင် မမျှော်လင့်စွာဘဲ မင်းကို တစ်ရက်လောက် စောင့်ခိုင်းထားရမှာ "  လျိုယွမ်က ရယ်မောပြီး စားပွဲဘေးမှာ ရပ်ကာ သူ့ကို ပွေ့ဖက်ပေးဖို့ သူ့လက်နှစ်ဖက်ကို ဖွင့်ဟလိုက်သည်။  "ပြန်လည် ကြိုဆိုပါတယ်"
ရှန်းရှီမင်က သူ့ကို အေးစက်စက်ကြည့်ကာ ခွက်ချပြီး ပြောလိုက်သည်။  "ထိုင်"
" ဘာမှမထူးခြားဘူးလား။ ငါ မင်းကို ကြိုဆိုပွေ့ဖက်ပေးချင်လို့ဟာကို "  လျိုယွမ်က အနည်းငယ် စိတ်ပျက်လက်ပျက်နဲ့ ထိုင်လိုက်သည်။
ရှန်းရှီမင်က ဝိုင်ဖန်ခွက်ကို ဖြည့်ပေးရင်း နှစ်ယောက်သားခွက်ပြိုင်တူမြှောက်ကာ ဖန်ခွက်ချင်းတိုက်ခဲ့ကြသည်။
လျိုယွမ် - "မင်း အင်ပါယာမြို့တော်ရဲ့ အိမ်ခြံမြေအသိုင်းအဝိုင်းမှာ ပါဝင်ဖို့ စီစဉ်နေတယ်လို့ ငါကြားတယ်" 
ရှန်းရှီမင် -"ဒီကိစ္စကြောင့် မင်းကို ငါရှာနေတာမဟုတ်ဘူး မင်း သိတယ်မလား" 
လျိုယွမ် ခေတ္တရပ်တန့်ပြီး သူ့လက်ထဲက ဝိုင်ဖန်ခွက်ကို ချလိုက်ကာ "မင်း ဝူထုန် အတွက် အဲ့တာကိုလုပ်ပေးနေတာ ငါသိပါတယ်။ ဒါပေမယ့် ဝူထုန် အိမ်ထောင်ပြုသွားပြီလို့ မင်းကို ငါပြောထားပြီးသား။ နူးညံ့သိမ်မွေ့တဲ့ မိန်းမတစ်ယောက်ဖြစ်တာ ကောင်းပေမဲ့ တခြားလူတွေရဲ့ ဇနီးမယားတွေကိုတော့ အဲ့လို မလုပ်ဘူး။ ဒါပေမယ့် မင်းအနားမှာ မိန်းမ မရှိဘူး"
ရှန်းရှီမင်က လျိုယွမ်ကို စကားမပြောဘဲ ကြည့်လိုက်သည်။
"ငါ့ကိုအဲ့လို မကြည့်နဲ့၊ အရမ်းကြောက်ဖို့ကောင်းတယ်"
လျိုယွမ် - "တကယ်တော့ ငါမင်းကိုမေးချင်နေတာကြာပြီ မင်းကိုယ်မင်း ထူးဆန်းတယ်လို့ မထင်ဘူးလား။ မင်း ဝူထုန်ကို ကြိုက်တယ်ဆိုရင် မင်း ဘာလို့ နှစ်ပေါင်းများစွာကတည်းက စပြီးလက်ဦးမှုမယူခဲ့တာလဲ။ မင်း သူနဲ့ဆက်သွယ်ချင်ရင် အရင်က သင့်တော်တဲ့ အခွင့်အရေးမရှိခဲ့ဘူးလို့ ပြောတာကမှ ကောင်းဦးမယ်။ ရှောင်ယွမ် မကြာသေးခင်က နာမကျန်းနေတဲ့ချိန်မှာ နိုင်ငံခြားက ရိုးတွင်းခြင်ဆီဘဏ်တွေကို ဆက်သွယ်ခဲ့တဲ့သူက မင်းပဲ။ မင်း သူ့ကိုမပြောပြချင်ခဲ့ဘူး"
"မင်း သူ့ကို မကြိုက်​ပါဘူးလို့ ပြောဦးမယ်မဟုတ်လား။ မင်း သူ့ကို ဂရုစိုက်ဖို့ ငါ့ကို တောင်းဆိုခဲ့တာတွေ၊ သူ့ လုပ်စရာတစ်ခုခုရှိတိုင်း မင်း သူ့ကို တိတ်တိတ်လေး ကူညီပေးတာတွေ " လျိုယွမ် တကယ်နားမလည်နိုင်တော့ဘူး။  "မင်း သူ့ကို ကြိုက်တာလား၊ မကြိုက်ဘူးလား"
"မင်း ဘယ်လိုထင်လဲ " ရှန်းရှီမင် မေးလိုက်သည်။
လျိုယွမ် ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။ "မင်း ကောလိပ်မှာတုန်းကပဲ ကြိုက်ခဲ့တာ၊ ဒါပေမယ့် အခုက...... သေချာပေါက် မဟုတ်တော့ဘူး"
လျိုယွမ်က သူ့အနားမကပ်နိုင်လောက်အောင် ဟန်ဆောင်ထားသည့် သူ့ အတန်းဖော်ဟောင်းကို ကြည့်လိုက်သည်။  ရှည်လျားကျဉ်းမြောင်းတဲ့ ဖီးနစ်မျက်လုံးတွေနဲ့ သူပြုံးပြလိုက်တဲ့ အပြုံးက နားမလည်နိုင်တဲ့ အဓိပ္ပါယ်ရှိနေခဲ့သည်။
ရှန်းရှီမင်က လျိုယွမ်ရဲ့ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ သူ့နောက်မှ ဖိုင်တွဲတစ်ခုကို ထုတ်ကာ လျိုယွမ်ကို ပေးလိုက်သည်။  လျိုယွမ်က အံ့အားသင့်စွာ ယူလိုက်ပြီး အခြားသူရဲ့ အချက်ပြမှုအောက်မှာ ဖတ်ဖို့ ဖွင့်လိုက်သည်။
  “ဒါက…” စာတမ်းပါ အကြောင်းအရာတွေကို ဖတ်ပြီးနောက် လျိုယွမ်က သူ့မျက်လုံးတွေထဲ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့သည် “ဒါဆို ဝူထုံက တွန်းအားပေးခံရတာလား"
"လက်ထပ်တာကိုလား" ရှန်းရှီမင်က ပြန်မေးလိုက်သည်။
"ဒါဆို မင်းဘာဆက်လုပ်မှာလဲ" လျိုယွမ် မေးလိုက်သည်။
ရှန်းရှီမင်က လှည့်ပြီး ဘားက ယောက်ျားတွေ မိန်းမတွေကို ကြည့်လိုက်သည်။  သူ့စိတ်ထဲမှာ ပေါ်လာတာက တက္ကသိုလ်စာကြည့်တိုက်ထဲက စာအုပ်စင်နောက်မှာ ပုန်းနေတဲ့ မိန်းကလေးရဲ့ ရှက်ပြုံးလေး။
ရှန်းရှီမင် -  "ငါ သူ့ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပေးချင်တယ်" 
"ဒါဆို... " သူမကို ပြန်ပြီးပိုးပန်းမယ့်အစား ဝူထုန်ကိုရွေးချယ်ခွင့်ပေးမယ်။ လျိုယွမ်က ရှန်းရှီမင်ရဲ့ စကားကနေသိလိုက်ရသည်။ "မင်း ဝူထုန်ကို မကြိုက်တော့ဘူး "
ရှန်းရှီမင် ပြုံးလိုက်ပြီး ဘေးနားကစားပွဲမှ အလှလေးကို အသက်ရှုကြပ်သွားစေခဲ့သည်။ "ဝူထုန်ကို ကြိုက်ခဲ့တဲ့ငါက တက္ကသိုလ်တက်နေတဲ့အချိန်ကငါပဲ၊ အခု ငါ........ ငါကိုယ်တိုင်လည်း မသိတော့ဘူး" 
လျိုယွမ် မေးလိုက်သည်။ " ဒါဆို ဝူထုန်ကို ဘာလို့ ထပ်ပြီး စုံစမ်းနေတာလဲ"
"သူမက ငါ့ရဲ့ မှတ်ဉာဏ်ထဲက လှပတဲ့ အစိတ်အပိုင်းတစ်ခုမလို့ပဲ"  ရှန်းရှီမင်က "ငါတို့ မပေါင်းနိုင်ရင်တောင်မှ သူကောင်းကောင်းမွန်မွန်နေနိုင်ဖို့ ငါမျှော်လင့်တယ်"
" ဒါဆို မင်းဘာဆက်လုပ်မှာလဲ" လို့ လျိုယွမ် မေးလိုက်သည်။
"ဝူထုန် ယရဲ့ ဒုတိယဦးလေးနဲ့ ဆက်သွယ်ဖို့ တစ်ယောက်ယောက်ကို ငါရှာမယ်။ လိုအပ်ရင် ချင်ရဲ့ ထိန်းချုပ်မှုကနေ ဝူ မိသားစု ရုန်းထွက်နိုင်အောင် အရင်းအနှီး ပြန်သွင်းမယ်"  လို့ ရှန်းရှီမင်က ပြောလိုက်သည်။
"ဒါက သန်း ၅၀၀နော် အဲ့တာ ချင် မိသားစုကို စော်ကားလိုက်တာပဲ"  လျိုယွမ်က အံ့အားသင့်စွာ ပြောလိုက်သည်။ "မင်း ဝူထုန်ကို တကယ် မကြိုက်ဘူးလား"
ရှန်းရှီမင် ပြုံးပြီး ဘာမှပြန်မပြောခဲ့ပေ။ သူကြိုက်တာ၊ မကြိုက်တာထက် တကယ်တော့ သူအဲ့တာနဲ့ပတ်သတ်ပြီး သိပ်မရှင်းလင်းနေတာ။ ၅ နှစ်ကြာဝေးကွာခြင်းက ကိစ္စများစွာကို ပြောင်းလဲစေနိုင်သည်။ အရင်က သူကြိုက်ခဲ့ပေမယ့် အခုချိန်မှာက မတူတော့ဘူး။ အခုထိ သူ ကြိုက်နေသေးတယ်ဆိုရင်တောင်မှ အခု သူမကကြိုက်တော့မှာ မဟုတ်ဘူး။
==
ချင်မိသားစုရဲ့ သားအဖနှစ်ယောက်က ဝူထုန်ကိုယ်တိုင်ချုပ်ထားတဲ့ ရှပ်အင်္ကျီတွေကိုလဲကာ ဝူထုန်ရှေ့မှာ ဘေးချင်းကပ်ရပ် ရပ်နေခဲ့သည်။
ဖေးဖေး အဲ့တာကို ဝတ်ပြီးနောက်မှာ ဝူထုန် စိတ်ကူးထားသည့်အတိုင်း ချောမောပြီး ချစ်စရာကောင်းနေသည်။ သူ့ရင်ဘတ်ပေါ်က အဝါရောင် ဘဲကလေးက ကလေးတစ်ယောက်ရဲ့ အသက်ဝင်မှုနဲ့ အပြစ်ကင်းစင်မှုကို အပြည့်အဝ ထုတ်ဖော်နေခဲ့သည်။ ချင်ကော ဘက်တွင်မူ ဝူထုန်က သဘာဝအတိုင်း အဝါရောင် ဘဲတစ်ကောင်ကို နောက်ပြောင်မှုအဖြစ် မချယ်လှယ်ဘဲ လည်ပင်းအဟိုက်နဲ့ လက်ထိပ်များတွင် အရောင်တူပိုးချည်ဖြင့် ဆင်တူလုပ်ပေးထားသည်။
"ဒီနေရာက နည်းနည်းတော့ ရှုပ်နေတယ်"  ဝူထုန်က ချင်ကော ရှေ့မှာခြေဖျားထောက် မတ်တပ်ရပ်လိုက်ပြီး ထိုလူရဲ့ အနည်းငယ်တွန့်နေတဲ့ ပခုံးနှင့် ကော်လာကို ဖြောင့်သွားစေဖို့ ဂရုတစိုက် ကူညီပေးခဲ့သည်။
သခင်လေး ချင်က သူ့မိန်းမ သူ့အဝတ်အစားတွေကို သပ်ရပ်အောင် ကူညီပေးတာက စိတ်နှလုံးထဲတွင် ပူဖောင်းတွေပလုံစီပြီး မျက်လုံးတွေထဲ ကျေနပ်မှုတွေနဲ့ နာခံခဲ့သည်။
"ရှပ်အင်္ကျီနဲ့ ရှင့်ကိုကြည့်ရတာ ချောနေတာပဲ "  ဝူထုန်က ချင်ကော ဝတ်ထားတဲ့ စွပ်ကျယ်နဲ့ တီရှပ်ကလွဲလို့ တခြားဟာကိုဝတ်တာ ဒါ ပထမဆုံးမြင်ဖူးတာဘဲ။
"ဒါဆို အခုကစပြီး ကိုယ် ဒါကို နေ့တိုင်းဝတ်မယ်"  ချင်ကောက သူ့ထင်မြင်ချက်ကို ချက်ချင်းထုတ်ဖော်ခဲ့သည်။
"ပေါတောတောနဲ့"  ဝူထုန်က ပြုံးရင်းပြောလိုက်သည်။ "အရေးကြီးဆုံးက သက်တောင့်သက်သာရှိတဲ့အဝတ်အစားတွေဝတ်ဖို့နဲ့ ရှင်ကြိုက်တဲ့ပုံစံဝတ်ဖို့ပဲ"
"ကိုယ့် မိန်းမလုပ်ထားတဲ့ အဝတ်အစားတွေက ဝတ်ရတာ အဆင်အပြေဆုံးပဲ"
သူ့ဘေးနားက ဖေးဖေးကိုကြည့်လိုက်တော့ ဖေးဖေးက သူ့ရင်ဘတ်ပေါ်က အဝါရောင်ဘဲလေးကို တို့ထိနေတာတွေ့လိုက်ရသည်။ "ဖေးဖေး လည်း ဒါကိုသဘောကျနေတာပဲ"
" ဒီနေ့ကလွဲလို့ ဘယ်တုန်းက ဒီလိုမျိုးအဝတ်အစားတွေ ဝတ်ခဲ့လို့လဲ။  အဲဒါတွေကို ဝတ်ခိုင်းဖို့ ကိုယ့်ကိုယ်ကို အတင်းအကြပ်ကြီးတွန်းအားမပေးနဲ့။ ကျွန်မကတော့ ရှင်တို့တွေ ဒါကို ကြိုက်မှန်းသိလိုက်ရလို့ အရမ်းပျော်တယ်"  ဝူထုန်က သူမပြောလိုက်တဲ့စကားကြောင့် နေ့တိုင်း ရှပ်အင်္ကျီတစ်ထည်ကိုပြီး သူ့ကိုယ်သူ အတင်းအကြပ်တွန်းအားပေးပြီး ဝတ်နေမှာကို ကြောက်ရွံ့နေခဲ့သည်။
  "မိန်းမ မင်း ကိုယ့်ကို ကောင်းကောင်းမသိသေးပါဘူး"  ချင်ကောက နောက်ကိုခြေလှမ်း အနည်းငယ်ဆုတ်ကာ သူ့ခန္ဓာကိုယ်ကို ဘောင်းဘီအိတ်ထဲထည့်ပြီး ချောမောတဲ့ ကိုယ်ဟန်အနေအထားနဲ့ ပိုစ့်ပေးကာ မျက်ခုံးပင့်ပြီးစကားပြောလိုက်သည်။ "ကိုယ် စစ်သားမဖြစ်ခင်တုန်းက ကိုယ်က အင်ပါယာမြို့တော်ရဲ့ မင်းမျိုးမင်းနွယ်အသိုင်းအဝိုင်းက ညစာစားပွဲတွေမှာ ပုံမှန်ဧည့်သည်တစ်ယောက်ပဲ" 
".........." ဟုတ်တယ်၊ ချင်ကော အထူးစစ်သားမဖြစ်လာခင်မှာ သူက ချင် မိသားစုရဲ့ အမွေဆက်ခံသူဖြစ်ပြီး ချင် မိသားစုရဲ့ အမွေဆက်ခံတဲ့သူက အနောက်တိုင်းဝတ်စုံနဲ့ ရှပ်အင်္ကျီ မဝတ်ဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မလဲ။ တကယ်လို့ သူသာ စစ်တပ်ထဲမ၀င်ခဲ့ရင် အခု ချင်ဟွိုက်လိုမျိုး ဖြစ်နေလိမ့်မည်။
••••••••••••
Zawgyi
ငါ့င်ပွန်းကို နေ့တိုင်း အလိုလိုက်နေရယ်
အပိုင်း ၆၁
Filter bar ၌