နတ်နဂါးစစ်သည်

By purefeather199

17.2K 1.5K 21

နတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရ... More

အခန်း 1+2 (ငါ ပြန်လာခဲ့မယ်)
အခန်း 3+4 (အရင်းနှီးဆုံး သူစိမ်း)
အခန်း 5+6(အခန်းဖော်)
အခန်း 7+8(အလှနတ်သမီး၏အခြွေံအရံများ)
အခန်း 9+10(ရှောင်ဖို့ပဲတတ်တာလား)
အခန်း 11+12(အဓိပ္ပါယ်မရှိတဲ့ အောက်ဆုံးစည်း)
အခန်း 13+14(အားလုံးကို ထိန်းသိမ်း)
အခန်း 15+16(ရှေ့နေများ၏အဝိုင်းခံရခြင်း)
အခန်း 17+18(ပျားရည်ထောင်ချောက်များပင် အလုပ်မဖြစ်)
အခန်း 19+20(ဒီခန္ဓာကတော့တစ်ခုခုမှားနေပြီ)
အခန်း 21+22(ချောင်ပိတ်မိခြင်း)
အခန်း 25+26(ရုတ်တရက်ရောက်လာသောသတင်းထောက်များ)
အခန်း 27+28(အနည်းငယ်ခံစားသွားရခြင်း)
အခန်း 29+30(မထိန်းချုပ်နိုင်သောစွမ်းအားများ)
အခန်း 31+32(ဂိုဏ်းလေးဂိုဏ်း၏နောက်ခံ)
အခန်း 33+34(၅ မိနစ်တည်းနဲ့ အမှောက်သိပ်မယ်)
အခန်း 35+36 (သူ့ကို ခေါ်သွားချင်ရင် ငါတို့ စည်းကမ်းအတိုင်း လုပ် ))
အခန်း 37+38( ပြဿနာဒုတ်ထိုးရှာသူ )
အခန်း 39+40(အကြီးအကဲများ)
အခန်း 41+42(ခွန်အား စမ်းသပ်မှု )
အခန်း 43+44(အမှတ်မထင် တိုက်ပွဲတခု )
အခန်း 45+46(အမျိုးသမီး နှစ်ဦးကြားမှ အလောင်းအစား )
အခန်း 47+48 (ငါ မဖမ်းရဲတဲ့သူ မရှိဘူး )
အခန်း 49+50 ( ပန်းကလေး၏ စောင့်ရှောက်သူများ ဒေါသထွက်ခြင်း )
အခန်း 51+52( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )
အခန်း 53+54 (သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )
55+56 (သေမင်းတမန် ထိုးသတ်ပွဲအား လက်ခံခြင်း )
57+58( ကြိုတင်ပြင်ဆင်ခြင်း )
59+60( အကဲဖြတ်မှု ( ၁ ) ( တုံ့ပြန်မှု အမြန်နှုန်း )
61+62(မျက်လုံးအုပ်၍ ပစ်ခတ်ခြင်း )
63+64(အားကုန်သုံးပြီး ငါ့ကို ထိုးစမ်းပါ...)
65+66(လုံးဝ အကြံပြုတယ်...)
67+68( စောင့်နေရတာ တန်ရဲ့လား.... )
69+70(အခြေအနေ)
71+72(သူ ငါ့ရည်းစားဖြစ်လာရစေမယ်)
73+74( မတူညီသော အတွေးကိုယ်စီ )
75+76(မခူးဆွတ်ရက်သောပန်းတစ်ပွင့်)
77+78(ဒီအရူးကောင်ကတော့)
79+80(ကြောက်မက်ဖွယ်ရာတို့၏အစ)
အခန်း ၈၁ (ငါတို့ မစ်ရှင်ကို နင်ဘယ်လိုသိတာလဲ)
အခန်း ၈၂ (ငါမင်းနဲ့ကစားမယ်)
အခန်း ၈၃ (လှည့်စားမှု)
အခန်း ၈၄ - ငါ့မှာ သဘောကျတဲ့သူ ရှိပြီးသား
အခန်း ၈၅ ( ရှုချန်း လုပွဲ )
အခန်း ၈၆( လင်ချူရွယ်အား ပိုးပန်းနေသူ )
အခန်း ၈၇ ( တဲဗက်စ် မိသားစုပိုင် ကာစီနိုသို့ အလည်တခေါက် )
အခန်း ၈၈( လောင်းကစားဟူသည် အနုပညာတမျိုး...)
အခန်း ၈၉(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )
အခန်း ၉၀ (အလောင်းအစား)
အခန်း ၉၁ ( ဒီကောင်လေး ပြောင်းလဲသွားပြီ )
အခန်း ၉၂ (စာစဥ် ၇) (အချစ်လေး... ကိုယ့်ကို ဖဲဆော့ဖို့ ပိုက်ဆံ နည်းနည်းချေး )
အခန်း ၉၃ (မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )
အခန်း ၉၄ ( အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု )
အခန်း ၉၅(ဒီခံစားချက်ကို လွမ်းတာ ကြာပြီ )
အခန်း ၉၆(ခေါင်းဆောင် ရဲ့ အမိန့်ကို နာခံ )
အခန်း ၉၇
အခန်း ၉၈ +၉၉
အခန်း ၁၀၀+၁၀၁
102+103
104+105
106+107
108+109
110+111
112+113
114+115
116+117
118+119
120+121
122+123
124+125
126+127
128+129
131+132
133+134
အခန်း ၁၃၅ ( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )
အခန်း ၁၃၆ ( ပုန်းလျှိုးကွယ်လျှိုး )
အခန်း ၁၃၇ ( မယုံနိုင်ဖွယ် ဖြစ်ရပ် )
အခန်း ၁၃၈ ( ရှန်ဝမ်ဆန်း )
အခန်း ၁၃၉ ( အဲဒီ ရှုချန်း အစစ်ပဲ... )
အခန်း ၁၄၀
အခန်း ၁၄၁
၁၄၂( အထီးဖြစ်ဖြစ် အမ ဖြစ်ဖြစ် ဂရုမစိုက်ဘူး )
၁၄၃( ဒီကလေးက ငယ်လွန်းသေးပါတယ်... )
၁၄၄( အသန်မာဆုံး B အဆင့် )
၁၄၅( လင်လဲ့ နေထိုင်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက် )
၁၄၆( လီတ့ဟွမ်၏ အဆုံးသတ် )
၁၄၇( ကျုပ်မသွားခင် တံခါးဝဂိုဏ်း လေးခုလုံးကို ရှင်းသွားမယ်...)
၁၄၈( လုပ်ရိုးလုပ်စဥ် အတိုင်း စစ်ဆေးမယ် )
၁၄၉( ဟဲထျန်း ၏ ဗျူဟာ )
၁၅၀( အားလုံးကို ဖမ်းဆီးထိန်းသိမ်းခြင်း )
၁၅၁( ကျုပ်တို့ သူဌေးက ခင်ဗျားကို စကား တစ်ခွန်းလောက် ပြောချင်လို့တဲ့... )
၁၅၂( ကျုပ်ကို ခြိမ်းခြောက်ခဲ့တဲ့သူတွေ အခု ဘာဖြစ်နေလဲ သိလား... )
၁၅၃( ညီလေး... စားနော်...)
၁၅၄( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )
၁၅၅( တကယ်ကို ထိုက်တန်ပါတယ်... )
၁၅၆(နောက်ယောင်ခံ လိုက်ခြင်း )
၁၅၇( ကျုပ် ရှာဖွေရေး ဝရမ်း လိုတယ် )
၁၅၈(ဖော်ထုတ်ခံရပြီ )
၁၅၉(အင်အားသုံး )
၁၆၀( ဟာကွက် အပြည့်နှင့် )
၁၆၁( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )
၁၆၂( အနာဂတ်မှာ မင်းဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ငါ တကယ်ကိုမြင်ချင်ပါတယ်...)
၁၆၃( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )
၁၆၄
၁၆၅( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)
၁၆၆( နင့်သူငယ်ချင်းက နင့် ယောက်ျားကို ဖွင့်ပြောလိုက်ပြီ...
၁၆၇( ရှန်ယောင် ချန်ခဲ့သော စာတစ်စောင် )
၁၆၈( ကတိ )
၁၆၉( ငါပြန်လာပြီ )
၁၇၀( မောက်မာသော လူသစ် )
၁၇၁( စီနီယာများနှင့် ဂျူနီယာများ အကြားမှ စစ်ရေးလေ့ကျင့်မှု )
၁၇၂( တစ်ကိုယ်တော် အစွမ်း )
၁၇၃( ဒီကောင် ဘာ အခွင့်အရေးမှ မရစေရဘူး )
၁၇၄( ပြည့်စုံသော လမ်းကြောင်း )
၁၇၅( မခုတ်တတ်တဲ့ကြောင် )
၁၇၆( စိတ်လှုပ်ရှားစရာ မရှိသလောက်ပါပဲ... )
၁၇၇( ငါတို့ TV အစီအစဥ် တစ်ခုမှ ပါရမယ် )
၁၇၈( ငါ လုပ်နိုင်တယ် )
၁၇၉( လင်ချူရွယ် )
၁၈၀( လေးလေးနက်နက် တွေးတောခြင်း )
အခန်း ၁၈၁( ထပ်ပြီးတော့ ရှုချန်းပဲလား... )
၁၈၂ + ၁၈၃( စစ်ဒေသ ငါးတွင် လူသစ်ကလေး ထင်တိုင်းကြဲရမည့် အလှည့် မရောက်သေးချေ...)
အခန်း ၁၈၄( အသက်တွေလည်း ကြီးပါပြီ... လှေကားက ဆင်းတာပဲ ကောင်းပါတယ်...)
အခန်း ၁၈၅ + ၁၈၆( မင်း မျက်ခွက် )
အခန်း ၁၈၇ + ၁၈၈(တစ်လောကလုံး နဲ့ စစ်ပြိုင်မယ် )
အခန်း ၁၈၉ + ၁၉၀( အရှက်မရှိ... )
အခန်း ၁၉၁ + ၁၉၂ + ၁၉၃( အမျိုးသမီး စစ်ယူနီဖောင်း )
အခန်း ၁၉၄ + ၁၉၅( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)
၁၉၆ + ၁၉၇( ခင်ဗျား ရုပ်ရှင် ရိုက်ရင်လည်း ဒီလို အက်ရှင်ကားမျိုး ရိုက်စမ်းဗျာ... )
အခန်း ၁၉၈+၁၉၉( နဖူးပြင်ထက်မှ အနမ်းပန်း တစ်ပွင့် )
အခန်း ၂၀၀+၂၀၁( ခေါင်းမာသူ )
အခန်း ၂၀၂ + ၂၀၃( အဲဒါ ငါ့အိပ်မက်ပဲ... )
အခန်း ၂၀၄ (မင်းက ဆရာကြီးပဲ... )
အခန်း ၂၀၅+၂၀၆( ပြင်းထန်သော ပြိုင်ဆိုင်မှု )
အခန်း ၂၀၇+၂၀၈( ပြည့်စုံသော အစပြုခြင်း တစ်ခု )
အခန်း ၂၀၉+၂၁၀(ပစ်ချက် )
၂၁၁ + ၂၁၂( အသံမထွက်အောင် ဘယ်လို လျှောက်လာတာလဲ... )
အခန်း ၂၁၃ + ၂၁၄( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)
အခန်း ၂၁၅ + ၂၁၆( သောက်ရမ်း မိုက်ချက်ပဲ )
အခန်း ၂၁၇ + ၂၁၈( ဒါဆို ငါ စ လှုပ်ရှားပြီ )
အခန်း ၂၁၉ + ၂၂၀( လူယုတ်မာ )
အခန်း ၂၂၁ + ၂၂၂(ခက်ခဲတဲ့ ပြိုင်ဘက် )
အခန်း ၂၂၃ + ၂၂၄(အရှက်မရှိ )
အခန်း ၂၂၅(မင်း ထပ်ပစ်ချင်သေးရင် ပစ်လေ )
အခန်း ၂၂၆ + ၂၂၇(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )
အခန်း ၂၂၈ + ၂၂၉(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ခြင်း )
အခန်း ၂၃၀ + ၂၃၁(ထိပ်တန်းအထူးအဖွဲ့ )
အခန်း ၂၃၂ + ၂၃၃(အဖွဲ့ နှစ်ခု အကြား ကွာြခားချက် )
အခန်း ၂၃၄ +​၂၃၅(ဆုပေးပွဲ )
အခန်း ၂၃၆ +​၂၃၇(ကျွန်မရဲ့ သခင်ကြီး ကာနယ် )
အခန်း ၂၃၈ +​၂၃၉ + ၂၄၀(ရည်ရွယ်ချက် ရှိရှိ )
အခန်း ၂၄၁ + ၂၄၂(ငါ သူ့ကို ယုံတယ် )
အပိုင်း - ၂၄၃ +၂၄၄(ဖယ်ရှားပစ်မယ် ( ၂ )
အပိုင်း - ၂၄၅ + ၂၄၆ + ၂၄၇( ငါ တောင်းပန်ဖို့ ရွေးချယ်တယ် )
အပိုင်း - ၂၄၈ + ၁၄၉(ငြင်းပယ်ခြင်း )
အပိုင်း - ၂၅၀ + ၂၅၁(ဒီကောင်လေး မဆိုးဘူးပဲ )
အပိုင်း ၂၅၂ + ၂၅၃( ကျုပ်က နဂါးတပ်ဖွဲ့ကို ကိုယ်စားပြုတယ် )
အပိုင်း ၂၅၄ + ၂၅၅( အရိပ်လက်သီး )
စာရေးသူ မှ ပြန်ကြားလွှာ
အပိုင်း ၂၅၆ + ၂၅၇( နှစ်လေး )
အခန်း ၂၅၈ + ၂၅၉( ငါ့ဇနီးလောင်းနဲ့ တစ်ခြားလူ လက်ထပ်သွားတော့ ငါဘယ်လို ခံစားရမလဲ )
အပိုင်း ၂၆၀ + ၂၆၁( တတိယမင်းသား၏ မဖြစ်စလောက် အကြံ )
အပိုင်း ၂၆၂ + ၂၆၃( စစ်ဆင်ရေးအောင်မြင်ခြင်း )
အပိုင်း ၂၆၄ + ၂၆၅( ကြားဖြတ်ခံရခြင်း )
အပိုင်း ၂၆၆ +​၂၆၇( ငါ ဒီမြို့က မပြန်တော့ဘူး )
အပိုင်း ၂၆၈ +​၂၆၉ + ၂၇၀( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )
အပိုင်း ၂၇၁ + ၂၇၂( ငါ့ကို သောက်ရှက်ခွဲနေတာလား )
အပိုင်း ၂၇၃ + ၂၇၄ + ၂၇၅( အဘိုးကြီးတောင် မင်းလောက် ချော့မသွင်းတတ်ဘူး )
အပိုင်း ၂၇၆ + ၂၇၇ + ၂၇၈(သူ့ကို ဒီမှာ ထိန်းသိမ်းထား )
အပိုင်း ၂၇၉ + ၂၈၀ + ၂၈၁( ညစာစားပွဲ )
အခန်း ၂၈၂ + ၂၈၃( ခင်ဗျားတို့ ဘယ်လောက်ရောင်းမှာလဲ... ကျုပ် အကုန်ဝယ်မယ်... )
အခန်း ၂၈၄ + ၂၈၅( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)
အခန်း ၂၈၆ + ၂၈၇ + ၂၈၈(နောက်ဆုံး )
အခန်း ၂၈၉ + ၂၉၀( သူမကိုယ်သူမ အပြစ်တင်ခြင်း )
အခန်း ၂၉၁ + ၂၉၂(မင်း သန္ဓေပြောင်းလူသား ဖြစ်လာလိမ့်မယ် )
အခန်း ၂၉၃ + ၂၉၄ + ၂၉၅( ကျုပ်လက်သီး တွေကို လုံးဝ ရပ်မရတော့ဘူး... )
အခန်း ၂၉၆ + ၂၉၇ + ၂၉၈( ချောက်ချခြင်း.... )
အခန်း ၂၉၉ + ၃၀၀( လျှိုထားမယ်.... )
အခန်း ၃၀၁+၃၀၂( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )
အခန်း ၃၀၃ + ၃၀၄( ရင်ဆိုင်ရန် မဖြစ်နိုင်သော )
အခန်း ၃၀၅+၃၀၆( ရှုချန်း ခြေရာ လိုက်နင်းဖို့ဆိုတာ...)
အခန်း ၃၀၇+၃၀၈( ခြိမ်းခြောက်ခြင်း )
အခန်း ၃၀၉+၃၁၀( ပွဲပြီးသွားပြီ )
၃၁၁+၃၁၂+၃၁၃( ရှုံးသူ ချီးစားကြေး )
အခန်း ၃၁၄+၃၁၅( ကျေးဇူးနော် ချူရွယ် )

အခန်း 23+24(လိမ္မာပါးနပ်တဲ့ရဲ)

144 17 0
By purefeather199

နတ်နဂါးစစ်သည်
အပိုင်း ၂၃
( လိမ္မာပါးနပ်တဲ့ရဲ )

ရွှေဆွဲကြိုးနှင့်လူက သူ့လူများကို ဖြည်းဖြည်းချင်း ပြန်ထူလိုက်၏။ လူတစ်ဦးက စိုးရိမ်နေဟန်နှင့် မေးလိုက်သည်။

"အကိုမင် ... အကိုပေါင်ကို ကျွန်တော်တို့ ဘယ်လို ရှင်းပြကြမလဲ။ သခင်လေးယွမ်တို့ ကျေနပ်သွားအောင် ဒီနေ့ည အဲဒီငနဲ တစ်ကိုယ်လုံး ဒဏ်ရာဗရပွနဲ့ ဖြစ်အောင် ဆော်ခဲ့ဖို့ ကျွန်တော်တို့ကို အမိန့်ပေးထားတာ။ အခုကျတော့ ကျွန်တော်တို့က ပိုက်ဆံပဲ ယူပြီး ဘာမှ မလုပ်ဘူးလို့ သူ ထင်သွားတော့မယ်"

ရွှေဆွဲကြိုးနှင့်လူသည်လည်း နှာဝတွင် ခပ်နွေးနွေး အထိအတွေ့ကို ခံစားနေရ၏။ သူ နှာခေါင်းကို သုတ်လိုက်သည်။ သူ မကြည့်ဘဲနှင့် နှာခေါင်းသွေးထွက်နေမှန်း သိသည်. သူ ကျိန်ဆဲလိုက်၏။

"ဒီငနဲက အတော်ကြမ်းတယ်။ အကိုပေါင်ကို ပြောလိုက် ... အဲဒီလူက အကြမ်းနည်းသုံးလို့ မရဘူး။ အနုနည်းနဲ့ ထိန်းသိမ်းမှ ရမယ့်လူလို့။ ပြီးတော့ အခု တောင်ပိုင်းတံခါးဝ ပိုင်နက်မှာ ပတ်တရောင် လှည့်နေတာ။ သူတို့ကို ကြိုပြောထားလိုက် ... အဲဒါက ငါတို့ အခမဲ့ လုပ်ပေးနိုင်တာပဲ"

ရှုချန်းက ပင်လယ်ကမ်းစပ်ရှိ ပင်လယ်စာဆိုင်တစ်ဆိုင်သို့သွားကာ အားဖြည့်အချိုရည် တစ်ဗူး ဝယ်လိုက်၏။ တစ်ဗူးလုံး တစ်ကျိုက်တည်း မော့သောက်လိုက်မှ အတော်ကလေး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ မကြာခင်က ပြီးဆုံးခဲ့သော တိုက်ပွဲကြောင့် သူ့ကိုယ်သူ အံ့မခန်း ခံစားနေရသလို သူ့ခွန်အား အဘယ်မျှအထိ ကျဆင်းခဲ့ကြောင်းကိုပါ သတိမူမိခဲ့၏။ အနိမ့်ဆုံး စွမ်းအား၊ လျှင်မြန်မှုနှင့် တုံ့ပြန်ပုံ အရှိန်နှုန်းတို့အား ပြောရလျှင် သူ့အဆင့်က A မှ C သို့ ထိုးကျခဲ့ပြီဟု ဆိုရနိုင်သည်။ အဆင့်ကြီးနှစ်ဆင့် ကျဆင်းသွားသည့်တိုင် သူ့ဦးနှောက်က အချက်အလက်များကို မြန်မြန်ဆန်ဆန် လေ့လာနိုင်ပြီး ဆုံးဖြတ်ချက် ချနိုင်သေး၏။ သို့သော် သူ့ခန္ဓာကိုယ်ကမူ စိတ်သွားတိုင်း မလိုက်နိုင်တော့ချေ။ ယခုတော့ မရှင်းပြတတ်သော မသိစိတ်၏ စေ့ဆော်ထိန်းချုပ်မှုကြောင့်သာ မဟုတ်ပါက လိပ်ပြာဓားမြှောင်က သူ့နောက်ကျောထဲ စိုက်ဝင်နေမည် ဖြစ်၏။

ထိုနည်းတူ သူ့အကြားအာရုံနှင့် ပတ်သက်၍ တစ်ခုခု ပြောင်းလဲနေမှန်းလည်း ရှုချန်း ခံစားနေရ၏။ သူ့နားသည် အလွန်အမင်း အာရုံခံကောင်းလာ၏။ သို့သော် ထိုသို့ ဖြစ်ရသည့် အကြောင်းရင်းကို သူ မသိသေးချေ။ ထပ်ပြောရလျှင် မသိစိတ်၏ စေခိုင်းမှုကြောင့် ထွက်ပေါ်လာသည့် ခန္ဓာကိုယ်၏ ခွန်အားနှင့် အမြန်နှုန်းကိုလည်း ရှုချန်းတစ်ယောက် အံ့ဩနေရပြန်သည်။

"ကြည့်ရတာတော့ ငါ ဆေးရုံသွားပြီး ကျန်းမာရေး စစ်ကြည့်မှပဲ။ ဒါတွေက ငါ့ခန္ဓာကိုယ်ထဲက သွေးရည်ကြည်တွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်နိုင်တယ်"

ရှုချန်း တစ်ကိုယ်တည်း ရေရွတ်မိလိုက်သည်။

ရှုချန်းတစ်ယောက် အတွေးကြောထဲ နစ်မျောနေစဉ် သခင်လေးလင်းနှင့် အဖွဲ့သားများတို့၏ ပြိုင်ကားများ ရောက်လာပြီး သူ့ရှေ့တွင် ရပ်လိုက်ကြ၏။

"သွားသောက်ကြမလား"

"ငါ့ တာဝန်ချိန် ... စိတ်မဝင်စားဘူး"
ရှုချန်းက ပြန်ပြောလိုက်သည်။

သခင်လေးလင်း၏ ညီဖြစ်သည့် လင်းတုန် လည်း ကားပေါ်မှ ဆင်းလာပြီး ရှုချန်းအား စိတ်ဝင်စားမှု အပြည့်ဖြင့် ကြည့်ရှုနေလေသည်။

"ဘယ်လိုတိုက်ခိုက်ရမလဲ ကျုပ်ကို သင်ပေးပါလား"

ရှုချန်းမှာ ထိုသူဌေးသားအဖွဲ့အား အာရုံစိုက်ရမည်ကို အတော်ကလေး ပျင်းရိနေ၏။ သူရောက်နေသည့် နေရာသည် ပင်လယ်ကမ်းခြေတစ်ခု ဖြစ်သလို ဈေးကြီးသည့် ပင်လယ်စာလမ်းမဈေးတန်း အဖြစ်လည်း နာမည်ကျော်၏။ ရှုချန်း၏ လစာငွေက ထိုဈေးကြီးသည့် ပင်လယ်စာများကို မတတ်နိုင်၍ ကမ်းစပ်တွင် လာပြီး အားဖြည့် အချိုရည် သောက်နေခြင်း ဖြစ်သည်။ ထို့အပြင် သောက်စားရမည်ကိုလည်း သူ စိတ်မဝင်စား။ လက်ရှိ သူ့တာဝန်ချိန် မကုန်ဆုံးသေး၍ ယခုနေရာတစ်ဝိုက်အား ပတ်ကင်း လှည့်ကြည့်ရပေဦးမည်။

ထိုအချိန်၌ အနက်ရောင် အော်ဒီ အေဆစ်ကား သုံးစီးက သူတို့ထံ မောင်းလာ၏။ ကားပေါ်မှ လူလေးယောက် ဆင်းလာသည်။ ထိုသူတို့က သခင်လေးလင်းတို့အား ဖြတ်ကျော်လာရင်း ပြောလိုက်သည်။

"တောင်ပိုင်းတံခါးဝဂိုဏ်းက အခု အလုပ်ကို ကိုင်တွယ်လိုက်ပြီ။ ကျေးဇူးပြုပြီး ဘေးဖယ်နေပါ"

တောင်ပိုင်းတံခါးဝဂိုဏ်းသားမှန်း သိလိုက်ရသည်နှင့် သခင်လေးလင်းမှာ အလိုလို ညီငယ်ဖြစ်သူ လင်းတုန်အား နဘေးသို့ ဆွဲယူလိုက်၏။

ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် လူလေးဦးက ရှုချန်းရှေ့တွင် ရပ်ရင်း ပြောလိုက်သည်။

"ကျုပ်တို့ရဲ့ မန်နေဂျာက ခင်ဗျားနဲ့ တွေ့ချင်လို့ပါ။ မစ္စတာရှု ... ကျေးဇူးပြုပြီး"

ထို့နောက် သူတို့နှင့် မလှမ်းမကမ်းတွင် ရှိနေသော ကမ်းစပ်တစ်နေရာမှ ကော်ဖီဆိုင်တစ်ဆိုင်ကို ညွန်ပြလိုက်၏။ ရှုချန်း ဘာမှပြန်မပြောရသေးခင်မှာပင် ရွှေအိုရောင်ဆံပင်နှင့် လင်းတုန်က မျက်မှောင်ကြုတ်ရင်း ဝင်ပြောလိုက်၏။

"မသွားနဲ့"

ဝတ်စုံနက်နှင့် လူလေးဦးစလုံး လင်းတုန်အား ကြည့်လိုက်၏။ တစ်ယောက်ဆိုလျှင် လက်ကို မြှောက်ပြီး ထိုလူငယ်လေးအား ပါးရိုက်ရန်ပင် ပြင်လိုက်၏။ ရှုချန်းက ထိုလူ၏ လက်မောင်းကို ဖမ်းကိုင်ရင်း ပြုံးလျက် ပြောလိုက်သည်။

"ဒီကလေး ပြောတဲ့ စကားကို စိတ်ထဲ ထားမနေပါနဲ့။ ကျုပ် ခင်ဗျားတို့နဲ့အတူ လိုက်ခဲ့မယ်။ ကျုပ် ဘယ်ကိုပဲ ပတ်တရောင်လှည့်လှည့် အဲဒီနယ်ကို အပိုင်စားတဲ့ သူဌေးမင်းတွေနဲ့ တစ်ချိန်မဟုတ် တစ်ချိန် တွေ့ရမှာပဲ မဟုတ်လား"

ထို့နောက် ရှုချန်းက တဖက်လူ၏ လက်ကို လွှတ်ပေးပြီး လေဟာပြင် ကော်ဖီဆိုင်သို့ လျှောက်သွားလေသည်။

(လေဟာပြင် ကော်ဖီဆိုင် ဆိုသည်မှာ အမိုးအကာ ရှိသည့် အဆောက်အဦးထဲတွင် မဟုတ်ဘဲ အပြင်ဘက်တွင် ထိုင်ခုံလေးများ ချထားသည့် လွတ်လပ်ပေါ့ပါးသည့် ဆိုင်မျိုးကို ခေါ်သည်။)

တောင်ပိုင်းတံခါးဝဂိုဏ်းသားမှာ အံ့အားသင့်မှုကြောင့် သူ့လက်ကိုသူ ပြန်ပွတ်သပ်မိလိုက်၏။

"ဘာဖြစ်တာလဲ"

"အဲဒီလူရဲ့ အစွမ်းက နည်းနည်းတော့ ကောင်းတယ်။ သတိထားကြ"

ထိုလူက လက်ကို ပွတ်ရင်း ရှုချန်း၏ နောက်ကျောကို ကြည့်ကာ ပြောလိုက်သည်။

"မြောက်ပိုင်းတံခါးဝဂိုဏ်းသားတွေ သူ့ကို မယှဉ်နိုင်တာ မအံ့ဩတော့ဘူး။ ဒီလူက တစ်ခုခုတော့ တစ်ခုခုပဲ"

ရှုချန်း ကော်ဖီဆိုင်သို့ ရောက်သည်နှင့် ချည်သားအင်္ကျီ၊ ပုတီးစေ့လက်ကောက်နှင့် ကျောက်စိမ်းလည်ဆွဲ ဝတ်ထားသည့် လူတစ်ဦးထံ တစ်စုံတစ်ယောက်က ခေါ်သွားပေးလေသည်။ ထိုသူက လက်ဖက်ရည် ပြုလုပ်ခြင်းကို တခဲတနက် အာရုံစိုက် နေ၏။

ခေါင်းလောင်း လိုက်ကာစကို ရှုချန်း ဖွင့်လိုက်သည်နှင့် ထိုလူ၏ ခေါင်းမော့လာပြီး သူ့အား ပြုံးပြလေသည်။

"ထိုင်ပါဦး"

"ရပါတယ်"

ရှုချန်းက ပြန်ပြောလိုက်သည်။

"ကျုပ်က အခု ယူနီဖောင်းဝတ်ထားတာ။ ဒီမှာ ထိုင်လိုက်ရင် ခင်ဗျားတို့နဲ့ တစ်ဖွဲ့တည်းလို့ ထင်သွားနိုင်လို့ပါ"

"ဉာဏ်ကောင်းသားပဲ"

ထိုလူ ပြုံးလေသည်။ အလွန်အမင်း သတိထားကာ အသင့်အနေအထား ပြင်ထားသည့် ရှုချန်းကို ကြည့်ရင်း အံ့အားသင့်သွား၏။ ထိုလူ့မျက်နှာတစ်ခုလုံး မည်းနက်သွားပြီး ဒေါသတကြီးနှင့် ...

"မင်းက ငါတို့ကို အထင်သေးတာလား"

ထိုသူ၏ ရည်ရွယ်ချက်က အမှောင်ထုအောက်မှ အဖွဲ့အစည်းဝင်များကို ရှုချန်းအနေဖြင့် အထင်သေးခြင်း ရှိ၊ မရှိ စစ်ဆေးမေးမြန်းလိုခြင်း ဖြစ်သည်။

ရှုချန်းက ...

"ကျုပ်က ရဲအရာရှိတစ်ယောက်ပဲ"

ထိုလူက ရယ်မောလေသည်။

"ဟုတ်တယ် ... စိတ်မြန်လက်မြန်ရှိတဲ့ အရာရှိတစ်ယောက်"

ထိုလူက သူကိုယ်တိုင်ဖျော်ထားသည့် လက်ဖက်ရည်ကို တစ်ကျိုက်သောက်လိုက်၏။ ပြီးမှ စကားဆက်သည်။

"လူငယ်တွေ စိတ်အားတက်ကြွတာ ကောင်းတဲ့ ကိစ္စပါ။ ဒါပေမဲ့ သူတို့က ရန်လိုပြီး ခေါင်းမာတာမျိုးတော့ မဖြစ်သင့်ဘူး။ ကျုပ်အောက်က လူတွေလိုပဲ။ သူတို့ရဲ့ အနာဂတ်လေးတွေ ကောင်းမွန်ပါစေလို့ ကျုပ်က မျှော်လင့်တယ်။ ဒါပေမဲ့ ကျုပ်တို့ မျိုးဆက် အနားမယူကြသေးချိန်မှာတော့ သူတို့မျိုးဆက်သားတွေ မျှော်မှန်းချက်ကြီးကြီး ထားတာမျိုး မဖြစ်စေချင်ဘူး။ ဒါမှလည်း မျိုးဆက်သစ် လူငယ်တွေ အနေနဲ့ အခက်အခဲ ပြဿနာ အမြောက်အမြားနဲ့ မရင်ဆိုင်ရမှာပေါ့ မဟုတ်ဘူးလား"

ထိုသူက ရှုချန်းအား ကြည့်ကာ ...

"ကျုပ်စကားကို မောင်ရင် သဘောပေါက်ရဲ့လား မသိဘူး"

ရှုချန်းက တစ်ခွန်းမှ ပြန်မပြောဘဲ ထိုလူ့ကိုသာ စိုက်ကြည့်နေလေ၏။

ထိုလူက လက်ကျန်လက်ဖက်ရည်ကို မော့သောက်လိုက်ပြန်သည်။ သူ့အမေးကို ရှုချန်း မဖြေမှန်း သိ၍ သူ့စကားဆိုလိုရင်းကို ရှုချန်း နားလည်မှန်း သဘောပေါက်လိုက်သည်။ ထိုမှ သူက စကားဆက်လေ၏။

"မောင်ရင် လုပ်သင့်တဲ့အလုပ်ကို လုပ်ပါ။ ပြီးတော့ ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စတွေမှာ ဝင်မပါမိပါစေနဲ့။ တစ်စုံတစ်ယောက်က မောင်ရင့်နဲ့ စကားပြောကြည့်ဖို့ ကျုပ်ကို တောင်းဆိုလာတယ်။ ကျုပ်အနေနဲ့လည်း မောင်ရင့်ကို အခက်အခဲ မဖြစ်စေချင်ဘူး။ မောင်ရင်က ရဲအရာရှိတစ်ယောက် ဆိုပေမယ့် မဖမ်းသင့်တဲ့ လူတစ်ယောက်ကို ဖမ်းထားတယ်။ လူငယ်မျိုးဆက်တွေကတော့ ... စကားလေးပြောပြီး အေးအေးဆေးဆေး မဆွေးနွေးတတ်ကြတော့ဘူးလား မသိပါဘူး။ စိတ်ခံစားချက်တွေ ပါစရာမှ မလိုတာ"

ထိုလူ စကားဆုံးသွားသည်နှင့် ရှုချန်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူက ထိုလူ့ထံ လျှောက်သွားပြီး လက်ဖက်ရည်ခွက်ကို ယူကာ မော့သောက်လိုက်၏။ ပြီးမှ မေးမြန်းလိုက်သည်။

"အရင်ဆုံး ကျုပ်နဲ့ ဆွေးနွေးကြည့်ချင်လို့လား"

ထိုလူ မျက်မှောင်ကြုတ်သွား၏။ ရှုချန်းအား စူးစူးရဲရဲ ကြည့်ကာ ...

"အခုချက်ချင်း မောင်ရင့်ကို ပါးရိုက်လိုက်လို့ ရတယ်။ ပြီးမှ စိတ်ဒဏ်ရာ ကုစားဖို့အတွက် ဆိုပြီး ဆေးဖိုးဝါးခ လျော်ကြေး ယွမ် ၃ သိန်း ပေးလိုက်မယ်။ ဒီလို ဆွေးနွေးချက်ကိုရော မောင်ရင် ဘယ်လိုထင်သလဲ"

ရှုချန်း၏ မျက်နှာပေါ်တွင်တော့ အန္တရာယ်ကင်းသော အပြုံးတစ်ခုကို ဆင်မြန်းထားလေသည်။ ထိုလူ၏ မျက်နှာ ရုတ်ချည်း မည်းနက်သွားလေ၏။

"အဲဒါဆိုရင် မောင်ရင့်အတွက် ပျော်စရာ ဘယ်ကောင်းတော့မလဲ။ ကျုပ်တို့က ဒီမှာ လူကြီးလူကောင်းဆန်ဆန် စကားပြောနေကြတာ။ ကျုပ်က မောင်ရင့်ကို တလေးတစား ဆက်ဆံပေမယ့် မောင်ရင်က ကျုပ်ကို မလေးစားဘူးဆိုရင်တော့ ကျုပ် တောင်းပန်ထားရလိမ့်မယ်။ ကျုပ်ကို မလေးစားတဲ့ လူတွေကို ကျုပ်က သားရိုင်းတွေကို ဆက်ဆံသလိုမျိုးပဲ ဆက်ဆံတတ်တယ်။ ဒါမှသာ အစာကွင်းဆက်ရဲ့ထိပ်ဆုံးမှာ ဘယ်သူ ရှိနေသလဲဆိုတာ အဲဒီ သားရိုင်းလေးက နားလည်မှာပေါ့။ ရိုက် ... အဲဒီ သားရဲ မကြောက်မချင်း ကျုပ်က ရက်ရက်စက်စက် ဆက်ရိုက်နေမှာ"

ရှုချန်းက တစ်ဖက်သို့ လှည့်သွားပြီး ပင်လယ်ကြီးကို မျက်နှာမူလိုက်သည်။

"စစ်သင်တန်းမှာတုန်းက နည်းပြက ကျုပ်တို့အနေနဲ့ ပြည်သူတွေ ဥပဒေကို နားလည်လက်ခံလာအောင် စိတ်ရှည်လက်ရှည်နဲ့ သင်ကြားပေးသင့်တယ်တဲ့။ ဒါပေမဲ့ ခေါင်းမာတဲ့ လူတွေနဲ့ တွေ့ရင်တော့ ကျုပ်တို့အနေနဲ့ အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ပဲ တုံ့ပြန်ရမယ်လို့ ပြောခဲ့တယ်"

ထိုလူက စားပွဲအား လက်ဝါးနှင့် ဝုန်းခနဲမြည်အောင် ရိုက်ချလိုက်၏။ ထိုလူ၏ မျက်လုံးများမှာ မီးတဝင်းဝင်း တောက်လောက်နေသည်။

"အခု မောင်ရင် ဘယ်သူ့ပိုင်နက်ထဲ ရောက်နေမှန်းရော သိရဲ့လား"

"ဒီတစ်ခုတော့ မမေ့နဲ့ဗျာ"

ရှုချန်းက တည်တည်ငြိမ်ငြိမ်နှင့် ထိုလူ့ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။

"ခင်ဗျားလူတွေ ခေါ်တဲ့အတိုင်း ဒီကိုလာတုန်းက ယူနီဖောင်းဝတ်ထားတဲ့ ကျုပ် ခင်ဗျားနဲ့ ရပ်ပြီး စကားပြောနေတာကို အနည်းဆုံး လူ ၂၄ ယောက်ထက်မက မြင်ခဲ့ကြတယ်။ ကျုပ် တစ်ခုခု ဖြစ်သွားရင် ခင်ဗျား မပြောနဲ့ ... ဒီလမ်းမတစ်လျှောက်မှာ ရှိသမျှ ဆိုင်တန်းအကုန် ပိတ်လိုက်ရလိမ့်မယ်"

ရှုချန်းကလည်း ကော်ဖီစားပွဲအား လက်နှစ်ဖက်နှင့် ခပ်ပြင်းပြင်း ဖိရင်း ထိုလူနှင့် နီးကပ်အောင် ကိုယ်ကို ရှေ့သို့ ကိုင်းရင်း ပြောလိုက်သည်။

"ဒါ ဒီနိုင်ငံရဲ့ အာဏာ ဆိုတာပဲ"

ရှုချန်း စကားဆုံးသည်နှင့် နှာခေါင်းရှုံ့ရင်း တဖက်သို့ လှည့်ကာ ထွက်သွားရန် ပြင်လိုက်၏။ ဝတ်စုံနက်နှင့် လူလေးဦး သူ့ရှေ့ရောက်လာပြီး ကာဆီးလိုက်၏။ သို့သော် ဒေါသကြောင့် ခက်ထန်တင်းမာနေသည့် ထိုလူက လက်ကို မြှောက်ပြကာ ရှုချန်းအား ထွက်သွားခွင့် ပေးလိုက်လေသည်။

ရှုချန်း ထွက်သွားသည်နှင့် တောင်ပိုင်းတံခါးဝဂိုဏ်းသား လေးဦးက သူတို့၏ မန်နေဂျာ ဖြစ်သူအား ကြည့်လိုက်ကြသည်။

"ဒီအတိုင်း လွှတ်ပေးလိုက်မလို့လား"

မန်နေဂျာက ...

"သူက လိမ္မာပါးနပ်တဲ့ ရဲတစ်ယောက်ပဲ"

အပိုင်း ၂၃ ပြီး

နတ်နဂါးစစ်သည်
အပိုင်း ၂၄
( ဟယ်လို )

ကောင်းကင်တွင် အာရုဏ်ဦးရောင်ခြည် ပျိုးလာသည်နှင့် ရှုချန်းမှာ ရဲစခန်းသို့ ပြန်လာပြီး ယူနီဖောင်းကို လဲလှယ်လိုက်သည်။ ဂျူတီပြောင်းချိန် ဖြစ်၍ ဝန်ထမ်း အဝတ်လဲခန်းမှ ထွက်ပေါ်လာသော ဆူဆူညံ့ညံ့ အသံများကြောင့် အချုပ်ခန်းအတွင်းမှ သခင်လေးယွမ်နှင့် အပေါင်းအပါ လူငယ်အားလုံး နိုးလာကြသည်။ ရှုချန်းအား အိပ်မှုန်စုံမွှား မျက်လုံးများနှင့် မြင်လိုက်ရသည်နှင့် ထိတ်လန့်ပြီး ရုတ်တရက် ထခုန်မိလိုက်ကြသည်။

ရှုချန်းလည်း အရပ်ဝတ်လဲပြီးနှင့် သူဌေးသားလူပေါ်ကြော့များ၏ အံ့အားသင့်နေသော မျက်နှာများကို ကြည့်ရင်း ဟာသ လုပ်လိုက်သည်။

"မင်းတို့က သရဲတစ်ကောင်ကို မြင်လိုက်ရလို့လား"

သူ ထွက်သွားသည်နှင့် သခင်လေးယွမ်က သံတိုင်ကို ကိုင်ရင်း ပြောလိုက်သည်။

"မြောက်ပိုင်းတံခါးဝဂိုဏ်းက ခွေးမသားတွေ။ ငါနဲ့ လာနောက်ရဲတယ် ဟုတ်လား။ အဲဒီ လှည့်ကင်းရဲလေးကို ဂရုစိုက်ပေးဖို့ ငါ ပြောခဲ့တယ် မဟုတ်ဘူးလား။ အခုတော့ မျက်နှာမှာတောင် ဘာဒဏ်ရာမှ မရလာဘူး"

တခြားသော လူချမ်းသာ ဒုတိယမျိုးဆက်သားလေးများသည်လည်း အလားတူ မျက်နှာအမူအရာမျိုးနှင့် ပြောလိုက်ကြ၏။

"မြောက်ပိုင်းတံခါးဝဂိုဏ်းသားတွေက အတော်ကလေး စိတ်ပျက်စရာကောင်းတာပဲ။ အကို့ပိုက်ဆံ ပေးတာနဲ့ ပြဿနာဖြေရှင်းပေးမယ်လို့ အမြဲတမ်း ပြောနေတဲ့ကောင်တွေ။ ဒီလှည့်ကင်းအရာရှိလောက်ကို မနိုင်ကြဘူး။ ရှန်ချန်း မြို့ရဲ့ မြေအောက်လောကမှာ မြောက်ပိုင်းတံခါးဝဂိုဏ်းဟာ အစားထိုးခံရတော့မယ်နဲ့ တူတယ်"

အလုပ်ပြီးသည်နှင့် ရှုချန်းလည်း အိမ်သို့ တန်းမပြန်ဘဲ ဆေးရုံသို့ သွားလိုက်သည်။ ပြည်သူ့ဆေးရုံ၏ ခုံတန်းလျားတွင် ထိုင်ရင်း သွေးနှင့် ခန္ဓာကိုယ်ဆေးစစ်ချက် အဖြေလွှာကို စောင့်ဆိုင်းနေသည်။

ဆရာဝန်က ဆေးစစ်ချက် မှတ်တမ်းအား ရှုချန်းထံ ကမ်းပေးလိုက်သည်။

"ဆေးစစ်ချက် ထွက်လာပြီ။ သွေးနမူနာရယ် ခန္ဓာကိုယ်ရယ်ကို စစ်ဆေးတာတော့ ရလဒ်ကောင်းတယ်။ ခင်ဗျားခန္ဓာကိုယ်ထဲမှာ ကျန်နေသေးတဲ့ သွေးရည်ကြည်ကိုလည်း ကျုပ်တို့ စစ်ဆေးကြည့်တယ်။ ဘာမှ မဖြစ်ဘူး။ အားလုံး ပုံမှန်ပါပဲ"

ရှုချန်း မျက်မှောင်ကြုတ်သွားပြီး မတ်တပ်ရပ်လိုက်သည်။

"ဆရာ ... ဆေးစစ်ချက်အဖြေက ခဏလေးနဲ့ ထွက်လာတာဆိုတော့ ရလဒ်မှာ တစ်ခုခု လွဲချော်သွားတာမျိုးရော ရှိနိုင်လား"
ရှုချန်း၏ စကားကြောင့် ယခုတစ်ကြိမ် မျက်မှောင်ကြုတ်သွားသူမှာ ဆရာဝန် ဖြစ်နေသည်။

ဆရာဝန်က ...
"ခင်ဗျားက ကျုပ်ကို သံသယဝင်နေတာလား"

"မဟုတ်ပါဘူး ... ဒီလိုပါ ... ကျွန်တော့် ခန္ဓာကိုယ် အတွင်းအင်္ဂါတွေနဲ့ သွေးဆဲလ်တွေကိုပါ စစ်ဆေးကြည့်ရမလားလို့ပါ"
ရှုချန်းက ကပျာကယာ ရှင်းပြလိုက်၏။

"ဒါက ခင်ဗျားခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးထားတဲ့ ရလဒ်ပဲလေ"
ဆရာဝန်က ဆေးစစ်ချက်အား အသေအချာ ညွန်ပြရင်း ရှုချန်းအား ပြောလိုက်သည်။

"ရလဒ်ကို ကြည့်ဗျာ။ အားလုံး ပုံမှန်ပဲ။ ပြဿနာ မရှိဘူး။ ကျုပ်ပြောတာ ခင်ဗျား နားလည်ရဲ့လား"

"ဒါပေမဲ့ ကျွန်တော် တစ်ချို့နေရာတွေမှာ နေလို့မကောင်းဘူး။ ကျွန်တော့်နားဆိုရင် တစ်ခါတလေ အရမ်း အာရုံခံကောင်းနေတယ်။ ကျွန်တော့် ပတ်ပတ်လည်က ပြောနေသမျှကို ကြားနေရလို့ပါ"
ရှုချန်းက ထပ်ပြောလိုက်သည်။

"အဲဒီလိုကြားနေရတာ တစ်နေ့လုံးနီးပါးလည်း ဖြစ်နေလို့ ..."
ဆရာဝန်က ရှုချန်းအား ကြည့်ရင်း သက်ပြင်းချလိုက်သည်။

"ခင်ဗျား စစ်ဆေးသင့်တဲ့ အရာတစ်ခုတော့ ရှိသေးတယ်"

"ကျွန်တော့် စကား မှန်တယ်ပေါ့ ဟုတ်လား ဆရာ"
ရှုချန်းလည်း ချက်ချင်း ပြောလိုက်၏။

"ကျွန်တော်ပြောနေတာလည်း အဲဒါပဲ ဆရာ။ မြန်မြန်ပြောပါ ... ကျွန်တော် ဘယ်နေရာတွေ စစ်ဖို့ ကျန်နေသေးလဲ ဆိုတာ"

"ခင်ဗျား ဦးနှောက်ကို စစ်ဖို့ စိတ်ကျန်းမာရေးဆေးရုံကို သွားသင့်တယ်လို့ ကျုပ် အကြံပေးချင်တယ်။ ဒါမှမဟုတ်လည်း ခင်ဗျားရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအတွက် စိတ်ရောဂါကု ဆရာဝန် တစ်ယောက်ယောက်နဲ့ သွားတွေ့သင့်တယ်။ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေတဲ့ လူတစ်ယောက်က နေမကောင်းပါဘူးလို့ ထပ်တလဲလဲ ပြောနေရင်တော့ သူ သွားစရာနေရာဆိုလို့ အဲဒီ တစ်နေရာတည်း ကျန်တော့တယ်"

ဆရာဝန်လည်း စကားဆုံးသည်နှင့် လှည့်ထွက်သွားလေ၏။

"ဆရာ ... ကျွန်တော့် ခန္ဓာကိုယ် တစ်ခုခု ပြောင်းလဲနေသလို ခံစားရတယ်။ တကယ်လို့ ဆရာသာ ဘဝတစ်လျှောက်လုံး ဆေးပါရဂူတစ်ဦးအနေနဲ့ သရဖူဆောင်းပြီး ကျော်ကြားချင်တယ်ဆိုရင် ကျွန်တော့် ခန္ဓာကိုယ်ကို လေ့လာခွင့် ပေးနိုင်ပါတယ်။ အဲဒါဆိုရင်ကော ဆရာ"
ရှုချန်းက ထွက်သွားလုဆဲဆဲ ဆရာဝန်၏ အင်္ကျီလက်မောင်းကို ဆွဲရင်း ပြောလိုက်သည်။

သူ့ခန္ဓာကိုယ် တစ်စုံတခု မှားယွင်းနေမှန်း အသေအချာ သိနေသည်။ နောက်ဆုံးမစ်ရှင်ကို ထမ်းရွက်စဉ်က ဓာတ်ခွဲခန်းအတွင်း၌ သူ့ခန္ဓာကိုယ်အတွင်း ထိုးသွင်းခံခဲ့ရသည့် သွေးရည်ကြည်ကြောင့် မျိုးရိုးဗီဇ ပြောင်းလဲမှုများ ဖြစ်နေခြင်းလောဟု သူ သံသယဝင်နေမိသည်။

ဆရာဝန်လည်း အရပ်ရှည်ရှည် ရင်အုပ်ကျယ်ကျယ်နှင့် ဗလတောင့်တောင့် ရှုချန်းဆိုသော လူအား ကြည့်လိုက်၏။ ပြီးလျှင် ခေါင်းကို ခါယမ်းရင်း ရှုချန်း၏ ဖမ်းကိုင်ထားသော သူ့လက်ကို အတင်းရုန်းကာ အော်ပြောလိုက်၏။

"ဒီက ထွက်သွားစမ်းဗျာ။ ခင်ဗျားဘာပြောပြော ကျုပ် လုံးဝ စိတ်မဝင်စားဘူး"

ထို့နောက် ဆရာဝန်မှာ မုဒိန်းကောင်နှင့် တွေ့လိုက်ရသည့် အပြစ်ကင်းသည့် မိန်းကလေးငယ်တစ်ဦးအလား ထွက်ပြေးသွားလေတော့၏။

ရှုချန်းမှာ ဦးခေါင်းထက် ကျီးကန်းတစ်အုပ် ပျံဝဲနေသလို ခံစားလိုက်ရတော့သည်။

ကွန်ဒိုတိုက်ခန်းသို့ ရှုချန်း ပြောရောက်ချိန် အိမ်တံခါးဝနား မရောက်သေးခင်မှာပင် ထက်မြက်နေသော သူ၏ အကြားအာရုံကြောင့် အိမ်ခန်းအတွင်းမှ အသံများကို ဆီးကြို ကြားလိုက်ရလေ၏။ အခန်းထဲ၌ သူ ၂ ယောက်ထက်မက ရှိနေ၏။ တိတိကျကျပြောရလျှင် လူ ၃ ယောက် ရှိနေသည်။

အိမ်သို့ သူ့မိတ်ဆွေများ အလည်ရောက်နေခြင်းလော။ မဟုတ်သေး ... အသံသစ်အား သူ အလွန် ရင်းနှီးနေသည်။

ရှုချန်းလည်း အခန်းတွင်း ဝင်လာလိုက်၏။ ဆိုဖာပေါ်တွင် စကားလက်ဆုံကျရင်း ရယ်မောနေသော မိန်းကလေးသုံးယောက်အား တွေ့လိုက်ရသည်။ ကျက်သရေ အိန္ဒြေအပြည့်နှင့် ရယ်မောနေသော တတိယမြောက် မိန်းကလေးကို မြင်သည်နှင့် သူ့ခြေလှမ်းများ ရုတ်ခြည်း ရပ်တန့်သွားသည်။

ထိုမိန်းကလေးသည်လည်း ရှုချန်းအား မြင်သည်နှင့် အတန်ကြာ မှင်တက်သွားလေ၏။ သူမ၏ ပြစ်မျိုးမှဲ့မထင် ချောမောလွန်းသော မျက်နှာလေးတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တို့အား အတိုင်းသား မြင်နေရသည်။

သူမ သူငယ်ချင်းအား မြင်လိုက်သည်နှင့် ဖြစ်ပျက်သွားသော ရှုချန်း၏ အပြုအမူများကို ရှန်ယောင် လည်း မြင်လိုက်ရသည်။ မိန်းမလှချင်း ယှဉ်ပြိုင်လိုသော သူမ၏ ဣတ္ထိယစိတ်ထားတို့က အနည်းငယ် စိတ်ပျက်သွားလေ၏။ သို့နှင့် သူမ လှောင်ပြောင်လိုက်လေသည်။

"ကြည့်လေ ... မိန်းမလှလေးတစ်ယောက်ကို တွေ့လိုက်ရတော့လည်း အဲဒီလူ နောက်ဆုံး ကျောက်ရုပ်တရုပ်လို ဖြစ်သွားတာပဲ မဟုတ်လား။ ငါ ဘာပြောခဲ့လဲ။ သူက မိန်းမလျာ မဟုတ်ပါဘူးလို့။ သူမြင်ခဲ့တဲ့ မိန်းမတွေက သူ့ကို ဆွဲဆောင်နိုင်လောက်တဲ့အထိ မလှသေးလို့ပါလို့"

သို့သော် ယန်ကျင်း က ရယ်မောရင်း ပြန်ပြောလိုက်၏။

"ရှုချန်းက ချူရွယ် ရဲ့ အမာခံ ပရိသတ်တစ်ယောက် ဆိုတာ ရှင် မသိသေးလို့ပါ"
ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံ၍ ချောမောလှပသော ထိုမိန်းမပျိုလေးမှာ တခြားသူ မဟုတ် ...

ဖျော်ဖြေရေးကဏ္ဍ၏ မင်းသမီးချောလေး တစ်ဖြစ်လဲ ရှန်ယောင် ၏ အချစ်ဆုံး သူငယ်ချင်းလည်း ဖြစ်သူ လင်ချူရွယ် ဖြစ်လေသည်။

ယန်ကျင်း စကားကို ကြားလိုက်ရမှ ရှန်ယောင် လည်း အနည်းငယ် နေသာထိုင်သာ ရှိသွားတော့၏။ သို့သော် လင်ချူရွယ် အား မြင်လိုက်ရသည့် ရှုချန်းနှင့် သူမအား မြင်လိုက်ရသည့် ရှုချန်းတို့ နှစ်ဦးကြား ကွာခြားချက်ကိုလည်း စဉ်းစားနေလေသည်။

"ဒါကြောင့်ကိုး ... ခစ် ခစ်"
သူမက ရယ်မောရင်း ပြောလိုက်သည်။

ယန်ကျင်း ကလည်း ရယ်မောရင်း ဝင်ပြောလိုက်သည်။

"အရင်တုန်းက လင်ချူရွယ် ကို သူ့မိန်းမဆိုပြီးပါ ပြောဖူးသေးတယ်။ ကျွန်မလည်း ပြောပါတယ်။ လင်ချူရွယ် ကို မိန်းမတော်ချင်တာ ယောက်ျားတိုင်းရဲ့ ပုံမှန်အိပ်မက်တစ်ခုပါလို့"

လင်ချူရွယ် မှာ ရှုချန်းကို ငေးကြည့်နေ၏။ ရှုချန်းသည်လည်း သူမအား ငေးကြည့်နေလေသည်။

ဖျော့တော့တော့ အပြုံးလေးတစ်စုံ သူမ မျက်နှာလေးထက် တွဲခိုသွား၏။ သို့သော် သူမအား ဇနီးမယား အဖြစ် ရှုချန်း ပြောခဲ့သည် ဆိုသော ယန်ကျင်း ၏ စကားကို ကြားလိုက်ရချိန် သူမမျက်လုံးလေး ဖျတ်ခနဲ လင်းလက်သွားလေသည်။

အိမ်အဝင်ဝ တံခါးရှေ့တွင် မလှုပ်မယှက် ရပ်ရင်း လင်ချူရွယ် အား ငေးကြည်နေသော ရှုချန်းအား ကြည့်ရင်း ယန်ကျင်း က အနားသို့ လျှောက်သွားကာ အရှက်ထပ်မကွဲစေလိုတော့သည့် အလား ရှုချန်း၏ ပခုံးအား ပုတ်လိုက်၏။

"ဆွံအသွားတာလား။ ဒါမှမဟုတ် မမျှော်လင့်ထားလို့လား။ ရှင်ကြိုက်တဲ့ လင်ချူရွယ် ဆိုတဲ့ မိန်းကလေးက အခု ရှင့်ရှေ့မှာ ရောက်နေသလို ရှန်ယောင် နဲ့လည်း အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး မဟုတ်လား။ ဒီလို အခွင့်အရေး ဖန်တီးပေးတဲ့ ရှန်ယောင် ကို မျက်နှာသာပေးတဲ့ အနေနဲ့ အိမ်လခ မတောင်းသင့်တော့ဘူးနဲ့ တူတယ်နော်"

ရှန်ယောင် လည်း အခြေအနေရ စကားဝိုင်းထဲသို့ အလိုက်သင့် ဝင်ပြောလိုက်ရတော့၏။

"ဟုတ်တယ် ... အိမ်ငှားခအတွက် ပေးထားတဲ့ ကျွန်မပိုက်ဆံကို ပြန်ပေးရမယ်နော်။ ဒီလိုမှ ကျွန်မလည်း မတတ်သာဘဲ လင်ချူရွယ် နဲ့ အတူတူ ဓာတ်ပုံရိုက်ချင်တဲ့ ရှင့်ဆန္ဒကို ခွင့်ပြုပေးနိုင်မှာ"

ယန်ကျင်း လည်း ရှုချန်းအား ဆွဲခေါ်လာပြီး ထိုင်ခိုင်းလိုက်၏။ မျက်နှာပူဖွယ် ကောင်းလှသော အခြေအနေကြောင့် ရေငတ်နေသည့်ဟန်နှင့် စားပွဲပေါ်မှ ရေခွက်ကို ကောက်ယူကာ မော့သောက်နေလိုက်သည်။

လင်ချူရွယ် သည်လည်း သူမနည်းတူ စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကိုသာ တစ်ငုံနှစ်ငုံ သောက်နေလသည်။ ထိုအခိုက် ယန်ကျင်း ၏ ရှုချန်းအား လှောင်ပြောင်လိုက်သည့် စကားသံကို ကြားလိုက်ရသည်။

"ကျွန်မ သူ့ကို ပြောပါသေးတယ်။ လင်ချူရွယ် က ရှင့်မိန်းမ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့။ ဟုတ်ခဲ့ရင် ကျွန်မ လိုက်ဖ်လွှင့်ပြီး လေလည်ပြမယ်လို့ ပြောလိုက်သေးတယ်"

"ဖူး"
"ဖူး"

ရှုချန်းနှင့် လင်ချူရွယ် တို့နှစ်ဦး၏ ပါးစပ်မှရေများ တပြိုင်နက် ပန်းထွက်သွားတော့သည်။

ရှန်ယောင် နှင့် ယန်ကျင်း တို့လည်း သူတို့နှစ်ဦးအား ထူးဆန်းသလို ကြည့်မိလိုက်ကြ၏။

"ရှင်တို့နှစ်ယောက်က ဘာဖြစ်တာလဲ"

"ဘာမှမဖြစ်ပါဘူး"

ရှုချန်းမှာ ဘာမှမဖြစ်သလိုနှင့် ပါးစပ်ကို သုတ်ရင်း စားပွဲပေါ်မှ တစ်သျှူးထုပ်အား လင်ချူရွယ် ထံ ကမ်းပေးလိုက်၏။

"ကျေးဇူးပဲ"

တစ်သျှူးကမ်းပေးသည့် အပြုအမူလေးက ရှုချန်းတို့နှစ်ဦးအား နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ကြသည့် မိတ်ဆွေရင်းများအဖွယ် ပေါ်လွင်စေသည်။ သို့တိုင် "ကျေးဇူးပဲ" ဆိုသော စကားလုံးမှာ နှစ်ဦးကြားမှ ခင်မင်ရင်းနှီးလိုသော စိတ်ဆန္ဒနှင့် အနေ နီးစပ်လိုမှုတို့အား စည်းခြားပေးလိုက်လေတော့၏။

ရှန်ယောင် လည်း ရှုချန်းတို့မှာ တစ်ဦးနှင့်တစ်ဦး မသိကျွမ်းသေးဟု တွေးမိ၍ မိတ်ဆက်ပေးလိုက်လေသည်။

"ချူရွယ် ... ဒါ ငါ့တိုက်ခန်း ပိုင်ရှင် ရှုချန်းတဲ့"

"ဒေါသအိုး လူဆိုးကြီးဆိုပြီး နင်ပြောပြတဲ့ တိုက်ခန်းပိုင်ရှင်ဆိုတာ သူလား"
လင်ချူရွယ် က ပြုံးရင်း ရှုချန်းအား ကြည့်ကာ ပြန်မေးလိုက်သည်။

ရှန်ယောင် ကလည်း ခေါင်းညိတ်ပြလေ၏။

"ဟုတ်တယ်... အဲဒါ သူပဲ"

လင်ချူရွယ် မှာ သူမလက်ကလေးကို ဆန့်တန်းရင်း အပြုံးလေးနှင့် ...

"မင်္ဂလာပါ ... ကျွန်မက ယောင်ယောင် ရဲ့ အချစ်ဆုံးသူငယ်ချင်းပါ"

ရှုချန်းမှာ ခေတ္တမျှ တုံ့ဆိုင်းနေသေး၏။ အတန်ကြာမှ သူ့လက်ကို ဆန့်တန်းရင်း "ကျွန်တော်တို့တစ်ယောက်နဲ့ မသိကြသေးဘူး" ဆိုသော သူစိမ်းဆန်သည့် အမူအရာမျိုးဖြင့် ပြန်လည် နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ"

"ချူရွယ် ... နင့်ကြည့်ရတာ ဒီနေ့ ထူးဆန်းနေသလိုပဲ။ ပုံမှန်ဆိုရင် အခုမှ တွေ့ဖူးတဲ့ လူတစ်ယောက်ကို လက်ပေးပြီး နှုတ်ဆက်နေကြ မဟုတ်ပါဘူး"
ရှန်ယောင် က ဝင်ကာ ဆေးထိုးလိုက်၏။

"အိုး ဟုတ်လား"
လင်ချူရွယ် လည်း ဘာဆက်လုပ်ရမှန်း မသိသလို ဖြစ်သွားသည်။

"တကယ်လို့ နင့်တိုက်ခန်းပိုင်ရှင် ဖြစ်တဲ့ မစ္စတာရှုကို ကောင်းကောင်းမွန်မွန် မနှုတ်ဆက်ရင် နင်နဲ့ငါ တွေ့ဖို့ မလွယ်တော့မှာ စိုးလို့ပါဟာ"

"စိတ်မပူပါနဲ့"
ရှုချန်းက ပြန်ပြောလိုက်၏။

"ဒါပေမဲ့ ခင်ဗျားကို ရှန်ယောင် ရဲ့ သူငယ်ချင်း ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိတာတော့ တကယ် အမှန်ပဲ"

လင်ချူရွယ် လည်း ရင်ထဲမှ ခံစားချက်တစ်ချို့ ထုတ်ပြောလိုနေသည့် မျက်ဝန်းမျိုးဖြင့် ရှုချန်းအား ကြည့်လေသည်။ အတန်ကြာမှ သူမ စကားဆိုလိုက်၏။

"ကျွန်မကိုယ်တိုင်လည်း အတော် အံ့အားသင့်သွားတာ"

သူမ၏ နှလုံးသားထဲတွင် ...
"ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ရှင်သိနေတာကို အံ့အားသင့်သွားမိတယ်ရှင်"
ဟု ပြောဆိုမိလိုက်တော့၏။

အခန်း ၂၄ ပြီး

Continue Reading

You'll Also Like

66.9K 2.5K 14
WARNING: This book contains attempted suicide. Don't read if you're sensitive to that sort of thing. Makoto Naegi hadn't meant to drive Sayaka Maizon...
2.9K 272 35
အင်မော်တယ် တာအို ဆိုသည်မှာ ထာဝရ တည်ရှိသော်လည်း အင်မော်တယ် များအား ရှာရအလွန်ခက်ခဲပေသည်။ လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြေ...
18.5K 2.2K 133
သင့်ကိုအစားထိုးသင်ခိုင်းရုံနဲ့ဘာလို့တစ်ခန်းလုံးဗြောင်းဆန်ကုန်တာလဲ
23.7K 539 15
what happens when the queen dies, causing tension within the royal family? HE becomes king [ ALL CHARACTERS BELONG TO CASEY MCQUISTON ]