တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​က...

By phyolay1991

122K 13.6K 130

💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ... More

တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 93
chapter 94
chapter 95
chapter 96
chapter 97
chapter 98
chapter 99
chapter 100
chapter 101
chapter 102
chapter 103
chapter 104
chapter 105
chapter 106
chapter 107
chapter 108
chapter 109
chapter 110
chapter 111
chapter 112
chapter 113

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

1.2K 124 0
By phyolay1991

CHAPTER 8

- လူများကို ရိုက်ခြင်းနှင့် ကြက်သတ်ခြင်း

ဟယ့်ရှီရွာက ငါးနှင့် ဆန်စပါး ပေါကြွယ်ဝသောမြေပေါ်တွင် တည်ရှိသည်။ ၎င်းက အမြဲတမ်း ကြွယ်ဝချမ်းသာနေပြီး သဘာဝ သို့မဟုတ် လူလုပ် ကပ်ဘေးများ မရှိပေ။ စီရင်စုမြို့နှင့်လည်း အလွန် နီးကပ်နေသေးသည်။ ဤနေရာ၌ နေထိုင်ကြသူများမှာ အကြမ်းမဖက်တတ်ကြ။ ရွာသားများ အချင်းချင်း ရန်ဖြစ်ကြလျှင်လည်း "မင်းငါ့ကို တွန်းရင် ငါလည်း ပြန်တွန်းမယ်"ဟူသော ပုံစံမျိုးသာ ဖြစ်သည်။

ကျန်းကျန့်က ရောက်ချလာပြီး ဂုဏ်သိက္ခာကြီးသည့် သူ့ဒုတိယဦးလေးကို ရိုက်ချလိုက်သည်။ ထိုလူများ ကြောင်ကြောင်အအ ဖြစ်သွားကြသည် ။

ကျန်းကျန့်က လူသန်ကြီးတစ်ယောက်၏ ခွကြားကို ကန်လိုက်ပြီး ထိုလူ အော်ဟစ်ညီးညူလိုက်သောအခါ သူတို့အားလုံး၏ မျက်နှာများက ဖြူစုတ်သွားကြလေတော့သည်။

ကျန်းကျန့်၏ ခန္ဓါကိုယ်က ယခုထက်ထိ အပြည့်အဝ ပြန်မကောင်းသေး။ သို့သော်လည်း ယခင်ဘဝက မစ်ရှင်တစ်ခုတွင်လည်း သေနတ်ပစ်ခံရပြီးနောက် မူးယစ်ရာဇာများနှင့် တိုက်ခိုက်နိုင်ခဲ့ဆဲ ဖြစ်သည်။ ယခုတွင် သူက လယ်သမားတစ်စုနှင့် ရင်ဆိုင်နေရပေသည်။ ဘယ်လောက်ကြီး ခက်မှာမို့လို့လဲ...

သူခပ်ပြင်းပြင်း မတိုက်ခိုက်နိုင်ရင်တောင် အခြားသူတွေရဲ့ အားနည်းချက်ကို စွန့်စားပြီး လက်ဦးမှုယူထားလို့ ရတာပဲ... ဥပမာ ခွကြားလိုမျိုးပေါ့... ဟုတ်တယ်မလား...

ကျန်းကျန့်က အပြောနှင့်အညီ ထိုလူများထံ လျှောက်လာနေသည်။ သူ့လက်ထဲကဓါးက အေးစက်စက် အလင်းရောင်အောက်တွင် တလက်လက် တောက်နေခဲ့သည်။ လူများမှာ မသိလိုက်မသိဘာသာဖြင့် နောက်သို့ တစ်လှမ်းဆုတ်မိလုနီးပါး ဖြစ်သွားသည်။

သူတို့၏ ရှင်သန်ရာ နည်းလမ်းများက နူးညံ့လွယ်ပြီး သူတို့က နာကျင်ရမည်ကို စိုးရွံ့ကြကာ သေရမည်ကိုလည်း ကြောက်ကြသည်။ ယခုလက်ရှိ ကျန်းကျန့်က သေစေနိုင်လောက်သည်။

ထိုလူများမှာ အဘွားကြီးကျန်းထံမှ အကြီးဆုံးကျန်းကို အပြစ်တင်ပြောဆိုရန်အတွက် ခေါ်ထားခံရခြင်း ဖြစ်သော်လည်း သူတို့က သူနှင့် မတိုက်ခိုက်လိုကြ။ ကျန်းကျန့်၏ လက်ထဲမှ ဓါးကို တွေ့လိုက်ရသောအခါ သူတို့အားလုံးက ထွက်ပြေးချင်သွားလေသည်။

"အကြီးဆုံးကျန်း... မင်းရူးသွားပြီလား"

ကျန်းဖျင်က ရွာလူကြီး ဖြစ်သဖြင့် ထုတ်ပြောရန် သတ္တိအနည်းငယ် ရှိနေဆဲ ဖြစ်သည်။

"ကျုပ်မရူးဘူး... ဒါပေမယ့် ခင်ဗျားတို့သာ ကျုပ်ကို အသက်ရှင်ဖို့ လမ်းမပေးရင် ခင်ဗျားတို့နဲ့ ဒီလို ငရဲရောက်တဲ့အထိ တိုက်ခိုက်ရလိမ့်မယ်"

ကျန်းကျန့်က ထိုလူများကို ပြုံးပြလိုက်သော်လည်း နောက်တစ်စက္ကန့်တွင် ယခင်က အကြီးဆုံးကျန်းကို အနိုင်ကျင့်ခဲ့သည့်လူတစ်ယောက်ကို တွေ့လိုက်ရပြီး ထိုသူ၏ ခွကြားကို ကန်ကျောက်လိုက်သည်။ ထိုလူက အခြားသူများ ခံလိုက်ရသည်ကို တွေ့ခဲ့သော်လည်း စိတ်လှုပ်ရှားလွန်း၍ ထွက်မပြေးနိုင်ခဲ့။ ရလဒ်အနေဖြင့် ကျန်းကျန့်က သူ့ခြေထောက်ကို ပြန်ချ၍ ထိုအနိုင်ကျင့်သူ၏ လည်ပင်းအနောက်ဘက်ကို ဆေးတံမှ ပြာများ ခါချလိုက်လေသည်။

ဒုတိယဦးလေး၏ ဆေးတံက လက်မတစ်ခုစာ ထူသော ဝါးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထပ်ပြီးတော့ ၎င်း၏ အောက်ခြေကိုလည်း မာကြောလာစေရန် အထူးတလှယ် ပုံသွင်ထားခြင်း ဖြစ်ပေသည်။ ကျန်းကျန့်က ဆေးတံကို ဖွာရှိုက်လိုက်ပြီးနောက် အခြားတစ်ယောက်၏ မေ့ကြောကို ဆေးတံဖြင့် ရိုက်ချလိုက်ရာ ထိုသူမှာ မြေပေါ်သို့ လဲကျသွားခဲ့လေသည်။

"မင်း... မင်း... ပြဿနာ တက်တော့မှာပဲ" ကျန်းဖျင်သည်ပင် ထိတ်လန့်သွားခဲ့ရသည်။

ကျန်းကျန့်က စကားမပြောဘဲ သူတို့ဆီကိုသာ ဆက်လျှောက်လာနေခဲ့သည်။ သူက မြေပေါ်သို့ လဲကျသွားသူကို သတ်ခဲ့ခြင်း မဟုတ်ပေ။ မတိုင်မီက ပိုးစာခွံများ ခွာနေရင်းဖြင့် သူ့ခန္ဓါကိုယ်၏ ခွန်အားနှင့် ကိုက်ညီမည့် အကြံကောင်းတစ်ခု ရခဲ့သည်။ ယခုလက်ရှိ ထိုသူ၏ လည်ပင်းနောက်ကျောကို ထိုးလိုက်ခြင်းက မေ့မျောသွားစေရုံသာ ဖြစ်ပြီး မသေစေနိုင်ပေ။

ယောကျ်ားသားအားလုံး ဆုတ်ခွာသွားကြလေသည်။

"မျိုးမစစ်ကောင်"

သားသတ်သမားကျန်းက တံခါးမင်းတုံးကို ကိုင်ဆွဲ၍ ရုတ်တရက်ပင် ကျန်းကျန့်ထံ ပြေးလာခဲ့ပြီး သူ့ကို ထိုအရာဖြင့် ရိုက်နှက်ရန် ကြိုးပမ်းလိုက်သည်။

ကျန်းကျန့်က သူ့ဘေးနားပတ်ဝန်းကျင်မှ အခြေအနေများကို အာရုံစူးစိုက်ထားနေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သားသတ်သမားကျန်း၏ လှုပ်ရှားမှုများကို သူ့အတွက် မသိနိုင်စရာ အကြောင်းမရှိပေ။ သူက ဆေးတံနှင့် ဓါးကို မြေပြင်ပေါ်သို့ ပစ်လွှင့်လိုက်သည်။ သူက ပထမဆုံး တံခါးမင်းတုံးကို ရှောင်၍ ဘေးသို့ ရွှေ့ကာ ၎င်းကို ဆုတ်ကိုင်လိုက်ပြီးနောက် တွန်း၍ ပြန်ဆွဲယူလိုက်ကာ ထိုတံခါးမင်းတုံးကို သားသတ်သမားကျန်း၏ လက်ထဲမှ တိုက်ရိုက်ပင် ဆတ်ကနဲ ဆွဲယူလိုက်သည်။

သူက သားသတ်သမားကျန်းကို တံခါးမင်းတုံးဖြင့် ထိုးလိုက်ရာ မြေပေါ်သို့ လဲကျသွားလေသည်။

ကျန်းကျန့်က တံခါးမင်းတုံးကို လက်ထဲတွင် ကိုင်၍ သူ့ဘေးမှ လူအများကို လှောင်ရယ်ကာ မိုက်တိမိုက်ကန်း ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

"ကျုပ်နဲ့ ထပ်ပြီး တိုက်ခိုက်ချင်သေးလား"

သေချာပေါက် မတိုက်ချင်ဘူးပေါ့... သူ့ဘေးမှ လူအများက သူတို့၏ ခေါင်းကို ခါယမ်းပြလိုက်သည်။

"အကြီးဆုံးကျန်း... မင်း ပြစ်မှု ကျုးလွန်လို့ မရဘူးလေ"

ကျန်းဖျင်၏ အသံက တုန်လှုပ်နေပေသည်။

"ဘယ်သူကမှ ကျုပ်ကို လာမစရင် သေချာပေါက် ကျုပ်လည်း ဘာမှ လုပ်မှာ မဟုတ်ဘူး... တစ်ယောက်ယောက်ကသာ ကျုပ်ကို လာဆွလို့ကတော့ ညရောက်ရင် သူတို့ရဲ့ အိမ်ထဲကို ဝင်သွားရလိမ့်မယ်... သန့်ရှင်းတဲ့ဓါး ဝင်သွားပြီးရင် အနီရောင်ဓါးတွေပဲ ပြန်ထွက်လာလိမ့်မယ်"

ကျန်းကျန့်က ဘေးဘီဝဲယာကို ကြည့်လိုက်ပြီးနောက် သူ့အကြည့်များက အဆုံးတွင် အဘွားကြီးကျန်းပေါ်သို့ ကျရောက်သွားလေသည်။

"ခင်ဗျားရဲ့ လည်ပင်းက ကြည့်ရတာ ဝက်လည်ပင်း ထက်တောင် ဖြတ်ရလွယ်မဲ့ပုံပဲ"

အဘွားကြီးကျန်းက လူအများကို အော်ခေါ်ခဲ့ပြီး ယောကျ်ားကြီး အချို့ကို သွားခေါ်လာခဲ့စဥ်က အမျိုးသမီးအချို့မှာ တွန်းလိုက်ထိုးလိုက် ကိစ္စရပ်များကို ကြည့်ရန်အတွက် ကျန်းမိသားစုအိမ်သို့ သူတို့၏ ကလေးများကိုပါ ခေါ်လာခဲ့သည်။ ထိုအချိန်မှာပင် ကလေးများစွာက ကြောက်လန့်သွားကြပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာလေတော့သည်။

ကျန်းကျန့်၏ အရှေ့မှ လူများကလည်း ငိုချင်နေကြပါ၏။

ဒီအကြီးဆုံးကျန်းက လုံးဝရူးသွပ်သွားပြီ။ သူတို့သာ သူ့ကို ဆန့်ကျင်လိုက်ရင် သူသတ်တာ ခံရတော့မှာပဲ...

သူတို့မှာ ဘဝကောင်းလေး ရှိရဲ့သားနဲ့ ဘယ်သူကများ အခြားသူတွေ ကောင်းစားဖို့ ရူးနေတဲ့ ယောကျ်ားတစ်ယောက်ကို ဆန့်ကျင်ရဲကြမှာလဲ... ကျန်းဖျင်၏ အနောက်တွင် ပုန်းနေသော ကြောက်တတ်သည့် လူတစ်ယောက်က အစပြုကာ ပြေးထွက်သွားသည်။ ထို့နောက် ကျန်းမိသားစု၏ နောက်ထပ် ဦးလေးများကလည်း ထွက်ပြေးကြလေသည်။ နောက်တွင် ရွာလူကြီးကျန်းဖျင်က ခပ်မြန်မြန် ထွက်သွားလေတော့သည်။ သူ့ထံတွင်လည်း ဇနီးနှင့် ကလေး ရှိနေသည်။ သူက မိသားစုကို ဂရုစိုက်ရဦးမည် ဖြစ်သည်။

ဂွကြားကို ကာထားပြီး နာကျင်မှုကြောင့် ငိုကြွေးနေသော ယောက်ျားသားက ကျန်းမိသားစု၏ အိမ်နီးချင်း တစ်ယောက် ဖြစ်သည်။ သူ့ကိုလည်း သူ့အဖေက လာသယ်သွားခဲ့လေသည်။ ဒုတိယဦးလေးသည်ပင် ကျန်းကျန့် မြေပေါ် ပစ်ချလိုက်သော ဆေးတံကိုပင် ပြန်မကောက်ရဲတော့ဘဲ သုတ်ခြေတင်ကာ ပြေးသွားလေတော့သည်။

ကျန်းကျန့်က မြေပေါ်မှ ဓါးကို ကောက်ယူလိုက်ပြီး တံခါးမင်းတုံးနှင့် အတူကိုင်ယူလိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင် မေ့မျောနေသော ယောကျ်ားကို လျစ်လျူရှု၍ အိမ်ထဲသို့ ဝင်သွားသည်။

သူက ဟောခန်းကျယ်ကြီးကို ဖြတ်၍ အိပ်ရန်အတွက် သိုလှောင်ခန်းဆီ ပြန်သွားလိုက်သည်။ သူက အကြီးဆုံးကျန်း၏ အင်္ကျီစုတ်များကို ညှပ်၍ ခြံဝင်းထဲသို့ လွှင့်ပစ်ထားသည်ကို တွေ့လိုက်ရလေသည်။

ကျန်းကျန့်က မျက်ခုံးကြုံ့၍ ထပ်ပြီး ထွက်လာပြန်သည်။ ထို့နောက် သူက တံခါးမင်းတုံးကို အဘွားကြီးကျန်းရှေ့တွင် ဝှေ့ယမ်းလိုက်သည်။

"တတိယအိမ်ရဲ့ သော့က ဘယ်မှာလဲ... ထုတ်လိုက်စမ်း"

အဘွားကြီးကျန်းက ကြောက်ရွံ့သွားပြန်သည်။ သူမက မသိစိတ်အရ သော့ကို ထုတ်ပေးတော့မည် ပြုသော်လည်း ချက်ချင်းပင် ရပ်တန့်သွားလေသည်။

"နင် ဘာလုပ် မလို့လဲ... မင်း တတိယရဲ့ အိမ်ထဲကို ဝင်သွားလို့ မရဘူး"

ကျန်းကျန့်က စိတ်မရှည်လက်မရှည် ဖြစ်လာသည်။ သူက ဓါးကို သူမ၏ ခေါင်းထက်မှ နံရံတွင် ထောက်၍ ပြောလိုက်သည်။

"ပေးမှာလား... မပေးဘူးလား"

အဘွားကြီးကျန်းက မြေပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး ခြေထောက်များ ပျော့ခွေ၍ နေလေသည်။ သူမက တုန်ယင်၍ အော်ပြောလိုက်သည်။

"အငယ်ဆုံးသမီး... အငယ်ဆုံးသမီး... အမေ့အိပ်ရာဘေးက သော့ကို ထုတ်လာခဲ့..."

ကျေးလက်ပြည်သူများက သူတို့၏ အိမ်ကို သော့မခတ်ဘဲ ထားလေ့ ရှိကြသည်။ နေ့အချိန်တွင် တံခါးများကို ဖွင့်ထားပြီး ညအချိန် အခန်းသို့ ပြန်လာသောအခါ တခါးမင်းတုံး ထိုးထားလေ့ ရှိကြပေသည်။ သို့သော်လည်း ကျန်းတတိယသားက ဇီဇာကြောင်လွန်းပြီး သူ့အိမ်ကိုလည်း အမြဲတမ်းပင် ကြေးသော့နှင့် ခတ်ထားလေ့ရှိသည်ပင်။

ကျန်းရှောင်မိန်က သော့ကို ယူလာသည်နှင့် ကျန်းကျန့်က ဆွဲယူကာ ကျန်းချောင်ရှန့်၏ အိမ်တံခါးကို ဖွင့်၍ သန့်ရှင်းသပ်ရပ်နေသော အိမ်အသစ်လေး အတွင်းသို့ ဝင်လာခဲ့သည်။

ဝက်ရိုးခုတ်သော ဓါးက အတော်လေး လေးလံလှပေသည်။ ကျန်းကျန့်က အခန်းထဲသို့ ဝင်လာသည်နှင့် ဓါးကို မြေပေါ်သို့ ပစ်ချကာ လက်ကောက်ဝတ်ကို လှည့်ရင်းဖြင့် အခန်းထဲကို ကြည့်ရှုနေခဲ့သည်။

ကျူးရှုဖန်၏ အသွင်းပစ္စည်းများမှာ မြို့တွင် ထားထားသော်လည်း ကျန်းချောင်ရှန့်၏ အိမ်က အံဆွဲစင်ကြီးတစ်လုံး၊ အိပ်ရာတစ်ခု၊ သေတ္တာနှစ်လုံးနှင့် တိုလီမုတ်စအချို့ပါ ရှိနေသေးသည်။

အဘွားကြီးကျန်းက အစောပိုင်းက အိပ်ရာခင်းများကို သန့်ရှင်းရေး ဝင်လုပ်ထားသဖြင့် အိပ်ရာပေါ်မှ အိပ်ရာခင်းများမှာ မရှိတော့ပေ။ ကျန်းကျန့်က သေတ္တာထဲမှ အဝတ်အစားတစ်စုံကို ဆွဲထုတ်လိုက်ပြီး အိပ်ရာပေါ်တွင် ခင်းလိုက်သည်။ သူက အဝတ်များကို ချွတ်ကာ ကျန်းချောင်ရှန့်၏ အဝတ်များကို ရှာလိုက်ပြီးနောက် ဝတ်ဆင်လိုက်လေသည်။ ထို့နောက် အိပ်ရာဝင်အနားယူလေတော့သည်။

ဂွမ်းထိုး အင်္ကျီများမှာ အခြားသူများ ဝတ်ဆင်ထားပြီးသားဖြစ်သော်လည်း ကျန်းကျန့်က မယူခဲ့။ သူဂရုစိုက်မနေပေ။ အနာဂါတ်တွင် ပိုက်ဆံရှိလာပါက ဝတ်ဆင်ရန်အတွက် အဝတ်သစ်များ သေချာပေါက် ဝယ်မည်သာ ဖြစ်သည်။

ဟယ့်ရှီရွာ၏ ရွာသားများက ပိုးစာကောင်များ မွေးမြူသည်။ ကျန်းချောင်ရှန့်၏ အိပ်ရာလွှမ်းက ပေါ့ပါးပြီး နူးညံ့သော ပိုးသားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းက အလွန် နွေးထွေးပေသည်။ ကျန်းကျန့်က ခေါင်းချပြီး မကြာမီမှာပင် အိပ်ပျော်သွားခဲ့သည်။ နောက်ဆုံးအကြိမ် ဗိုက်ဆာလွန်း၍ နိုးလာသည့်အခါတွင် ကောင်းကင်ကြီးက မဲမှောင်၍ နေလေပြီ။

ကျန်းချောင်ရှန့်၏ အိမ်က အရှေ့ဘက်တွင် ဝင်ပေါက်တစ်ခု ရှိပြီး အနောက်တွင် တံခါးသေးလေး တစ်ခု ရှိနေသေးသည်။ ထိုတံခါးလေးမှ တဆင့် ခြံဝင်းထဲသို့ ရောက်သွားနိုင်သည်။

ကျန်းကျန့်က ဓါးအကြီးကိုမယူခဲ့ဘဲ ဝက်သတ်ရန် သုံးသည့် ဓါးချွန်လေးကို ကိုင်၍သာ ခြံဝင်းထဲသို့ ထွက်သည့် တံခါးလေးထဲမှ ထွက်လာခဲ့သည်။ သူက တစ်ခုခု စားရန် မီးဖိုချောင်ထဲသို့ သွားခဲ့ပါသော်လည်း ရလဒ်အနေဖြင့် မီးဖိုထဲတွင် ထမင်းတစ်စိမှ ရှိမနေပါပေ။

သိသိသာသာပင် အဘွားကြီးကျန်းက သူစားနိုင်သည့် အရာအားလုံးကို ဖွက်ထားခြင်းပါပင်။

ထိုမြင်ကွင်းက နောက်ကျသည်အထိ အလုပ်လုပ်ရလေ့ ရှိသော အကြီးဆုံးကျန်းနှင့် မရင်းနှီးခြင်းတော့ မဟုတ်။ သူအိမ်ပြန်လာလျှင် ထိုပြောင်သလင်းခါနေသော မီးဖိုချောင်နှင့် ကြုံတွေ့နေကျပင် ဖြစ်သည်။ အဆုံးတွင် သူက ဆလတ်ရွက်နှင့် မုန်လာဥနီ အချို့ ရှာရန် စိုက်ခင်းထဲသို့ သွားပြီးနောက် အိပ်ရန်အတွက် သိုလှောင်ခန်းသို့ ပြန်သွားခြင်း မဟုတ်လျှင် ဗိုက်ဟောင်းလောင်းဖြင့် အိပ်လိုက်ရသည်ချည်းသာ။

ကျန်းကျန့် ထိုအကြောင်းကို ပြန်လည် သတိရမိသည့်အခါ သူ့နှလုံးသားက ဝမ်းနည်းမှုတို့ ပြည့်လျှံသွားလေသည်။

အကြီးဆုံးကျန်းက သူ့မှတ်ဥာဏ်များကို သူ့အတွက် ထားပေးခဲ့ရုံသာမက သူ့အသိစိတ်ကပါ ယခုထိ ထွက်ခွာသွားသေးဟန်မတူ။ တစ်ယောက်ယောက်ပေါ်လာသည်နှင့် ထိုလူက စိတ်လှုပ်ရှားလာခဲ့ပုံရသည်။ ကျန်းကျန့်က ထိုအကြောင်းကို အလေးအနက် မမှတ်ယူလိုက်ပေ။ သူက ရင်ဘတ်ကို ခပ်ဖွဖွ ပုတ်ကာ ကျန်းတို့၏ ကြက်ခြံဘက်သို့ သွားလိုက်သည်။

ကျန်းမိသားစုက ကြက်များ မွေးမြူထားသည်။ အဘွားကြီးကျန်းက မူလတွင် ကြက်ခြောက်ကောင် မွေးထားခြင်း ဖြစ်သော်လည်း တတိယသား၏ မင်္ဂလာပွဲအတွက် ကြက်လေးကောင် သတ်လိုက်ရသဖြင့် ယခုလက်ရှိတွင် ဥဝပ်တော့မည့် ကြက်မနှစ်ကောင်သာ ကျန်တော့သည်။

ရွာသားများ ကြက်မွေးပါက ခြံစည်းရိုး ခတ်၍သာ မွေးလေ့ရှိသည်။ ရွာထဲတွင် လူများ ပြည့်နေပြီး ကြက်သတ်ပြီး အသားစားကြသော အိမ်ထောင်စုတိုင်းက အခြားသူများထံမှ ဖုံးကွယ် မထားနိုင်သဖြင့် တစ်ယောက်ယောက် ခိုးသွားမည်ကိုလည်း စိတ်ပူစရာ မလိုပေ။

ညနေပိုင်းတွင် လူတိုင်းက ကြက်များကို ကြက်ခြံထဲသို့ သွင်းထားကြပြီး မြွေပါများ၊ တောကြောင်များ ညတွင် လာဖမ်းကြမည်ကြောင့် လွှတ်မထားပေးခဲ့ပေ။ ယခုတွင် ကျန်းမိသားစု၏ ကြက်နှစ်ကောင်က ကြက်ခြံထဲတွင် ရှိနေသည်။

အမှောင်ထု ကျရောက်လာပြီးနောက် ကြက်များက တိတ်ဆိတ်သွားတတ်သဖြင့် ဖမ်းရလွယ်သည်။ ကျန်းကျန့်က ကြက်ခြံကို ဖွင့်ကာ ကြက်တစ်ကောင်ကို ဖမ်းလိုက်ပြီး လည်ကို ချိုးလိုက်သည်၊

မီးဖိုဆောင်တွင် သူက မီးမွှေးကာ ရေနွေးအိုး တည်လိုက်သည်။ ကျန်းကျန့်က ကြက်ကို အမွှေးနှုတ်နေခဲ့သည်။ ထိုစဥ် သူ့နောက်ပါးမှ အဘွားကြီးကျန်း လှုပ်ရှားနေသည်ကို ကြားလိုက်ရသည်။ အပြင်ဘက်တွင် မှောင်မဲနေပြီ ဖြစ်သော်လည်း မီးဖိုထဲတွင် မီးမွှေးထားပြီး ၎င်းက အတော်လေး တောက်လောင်နေခဲ့သည်။ ထိုအလင်းဖြင့်ပင် အဘွားကြီးကျန်းက အထဲတွင် ကျန်းကျန့် တစ်ယောက် ကြက်မွှေးနှုတ်နေသည်ကို တွေ့လိုက်ရသည်။

အဘွားကြီးကျန်းက စိတ်ညစ်ညူးစွာ အော်ရင်း ကျန်းကျန့်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။

"ကြက်ကို ဘယ်က ရတာလဲ"

"ကြက်ခြံထဲက ဖမ်းထားတာ" ကျန်းကျန့်က မဒမ်ကျန်းကို ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။

"နင်... နင်... ကြက်ကို သတ်လိုက်တယ်..."

အဘွားကြီးကျန်းက ရင်ဘတ်ပေါ်တွင် လက်တင်၍ ကျန်းကျန့်ကို လက်ညှိုးထိုးလိုက်သည်။ ကျန်းမိသားစုတွင် သူတို့က ကြက်ဥများ စားချင်လျင်တောင် သူမ၏ ခွင့်ပြုချက်ကို တောင်းရသည်။ ကျန်းကျန့်က သူမ ကြက်ဥဝပ်ရန် ထားထားသည့် ကြက်မတစ်ကောင်ကို သတ်လိုက်လေသည်။

သူရူးသွားပြီ...

အဘွားကြီးကျန်းက ဆဲဆိုတော့မည် အပြုတွင် ရုတ်တရက်ပင် နေ့လည်ပိုင်းက ကျန်းကျန့် လုပ်ခဲ့သမျှကို သတိရသွားပြီးနောက် ပါးစပ်ပိတ်သွားလေသည်။

သူမရဲ့ အကြီးဆုံးသားက တကယ်ရူးသွားပြီ... ဆန်များကို သိမ်းထားရန်သာ သတိရပြီး ကြက်နှစ်ကောင်ကို မေ့သွားခဲ့သည့် သူမ အပြစ်သာပင်။

'"နောက်ဆို မီးဖိုချောင်ထဲမှာ အစားအသောက်တွေ ချန်ထားတာ ပိုကောင်းမယ်... မဟုတ်ရင်.. နောက်တစ်ကြိမ် ကျုပ် ဗိုက်ဆာလာလို့ စားစရာ ကြက်မရှိရင် နောက်ဖေးက ဝက်ကို သတ်စားလိုက်မှာ"

ကျန်းကျန့်က ဆိုလိုက်သည်။

အဘွားကြီးကျန်း အေးခဲသွားလေသည်။ သူမက အစားအသောက်များနှင့် ကြက်များကို အိမ်ထဲသို့ သွင်းထားပြီး တံခါးပိတ်ထားနိုင်ပါသော်လည်း... ဝက်နှစ်ကောင်ကိုတော့ အိမ်ထဲကို သွင်းလို့ မရဘူးလေ... ဟုတ်တယ်မလား...

ဒယ်အိုးထဲမှ မီးတစ်ဖြတ်က ကျန်းကျန့်၏ မျက်နှာကို အလွန် မဲမှောင်သွားစေသည်။ အဘွားကြီးကျန်းက ရုတ်တရက်ပင် သူမ၏ ခြေထောက်များကို သတိရသွားပြီး ပြေးထွက်သွားလေတော့သည်။

များမကြာမီမှာပင် သူမက ပြန်ရောက်လာပြီး ဆန်တစ်အိတ် ပစ်ချကာ ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်သည်။

"နင် ကြက်သားတွေ အားလုံး စားလိုက်လို့ မရဘူး"

"ကောင်းပြီလေ... ကျုပ်လည်း ကြက်သားချည်းပဲ မစားချင်ဘူး"

ကျန်းကျန့်က ဆန်ထုပ်ကို ယူကာ ရေပွက်ပွက်ဆူနေသည့်အထဲသို့ ပန်ကန်လုံးတစ်လုံး ကော်ထည့်လိုက်ပြီးနောက် ထိုင်ချကာ ကြက်မွှေးဆက်နှုတ်နေခဲ့သည်။

သူ့ရင်ဘတ်ထဲတွင် တွယ်ငြိနေသည့် ဝမ်းနည်းမှူတို့ ပျောက်ကွယ်သွားလေပြီ။ ကျန်းကျန့်က ကြက်သားကို ကြည့်ကာ သူသဘောကျရသည့် ကျောက်ကျင်းကောကို တွေးလိုက်မိသည်။

မနက်ဖြန်ကျရင် အဲ့လူကို ကြက်ခြေထောက် တစ်ချောင်း သွားပေးဦးမှ...

Continue Reading

You'll Also Like

307K 16.5K 53
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
5.3M 717K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
117K 11.4K 36
အိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ ...
122K 13.6K 113
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...