ငါ့ခင်ပွန်းကို နေ့တိုင်း အလို...
By NyeinHlaingZin123
156K 13.5K 139
Title - Pampering My Husband Every Day Type - Web Novel (CN) Genre - Romance , Slice of Life Author - Grumpy... More
Description
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
paid gp
အပိုင်း ၄
promotion
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
ပရိုမိုးရှင်း
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
လျော့စျေး
အပိုင်း ၄၁
အပိုင်း ၄၂
gp ပြီးဆုံးခြင်း
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
၃ နှစ်ပြည့် 😍😘😘
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄
အပိုင်း ၅၈
1.1K 121 4
By NyeinHlaingZin123
Unicode
ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်
အပိုင်း ၅၈
ဝူထုန်က ရုတ်တရက်ကြီး အဟွန်းလို့လုပ်ကာပေါ်လာတဲ့ လူကို ကြည့်ပြီး ပြောလိုက်သည်။ "ဖေးဖေးရဲ့ ရှပ်အင်္ကျီ အဆင်သင့်ဖြစ်နေပြီ၊ ရှင့်အတွက်က ရက်နည်းနည်းလောက် စောင့်ရလိမ့်မယ်။ ကျွန်မမှာ အစအလုံအလောက် မရှိဘူး"
ချင်ကောက ဝူထုန်ကို ပြန်မဖြေဘဲ သူမကို နံရံဘက် တိုက်ရိုက်ဆွဲကပ်လိုက်ပြီး လက်ထောက်ထားကာ ဝူထုန်ကို မပြတ်မသား ကြည့်လိုက်ပေမယ့် တကယ်တမ်းမှာတော့ မျက်လုံးက နက်ရှိုင်းပြီး ခဏလောက်ခေါင်းငုံ့ထားကာ နမ်းလိုက်သည်။
ချီး ငါ့မိန်းမကို နမ်းရတဲ့ ဖီလင်က အရမ်းကောင်းတယ်၊ ငါ မခွဲချင်ရင် ဘာလုပ်ရမလဲ၊ အရင်ဆုံး အနမ်းကိုပြီးအောင်လုပ်ရမယ်။
ဝူထုန် မောဟိုက်လာကာ ထိုလူကို တွန်းထုတ်လိုက်ပြီး "ရှင် ဘာလုပ်နေတာလဲ" ဟု မေးလိုက်သည်။
"မိန်းမ မင်းက အရမ်းချိုလိုက်တာ"  စကားပြောပြီးနောက် သခင်လေး ချင် ထပ်ပြီးအဆက်မပြတ်နမ်းခဲ့သည်။ အွန်း ဒီတစ်ခါတော့ မခွဲရင် သူမ သေတော့မယ်။
ထို့ကြောင့် ဝူထုန် အသက်ရှုကြပ်လာတဲ့အခါ သူကိုသာ ရိုက်နှက်နိုင်ခဲ့ပြီး နောက်ဆုံးတွင် ထိုလူကို ကျောခိုင်းသွားစေဖို့ ကိုက်လိုက်သည်။ “ရှင်ဘာလို့ နေ့လယ်ခင်းကြီးမှာ အရူးထနေတာလဲ”  သခင်လေးချင်က သူ့မိန်းမရဲ့ ဒေါသထွက်နေတဲ့ မျက်နှာကို မြင်လိုက်ရသည်။
သူ ဘယ်လိုမျိုး အနမ်းကို အပြီးသတ်ခဲ့တာလဲ။
ပိုပြီးတောင်ကြီးသထက်ကြီးလာပြီ။ မည်းမှောင်နေတဲ့ မျက်နှာနဲ့ အခန်းကို ပြန်သွားခဲ့ပြီး ဝဘ်စာမျက်နှာကို ဆက်ကြည့်ခဲ့သည်။
ပို့ပိုင်ရှင် - လုံးဝအဆင်မပြေဘူး ပြီးတော့ ငါ့မိန်းမ  ပိုလို့တောင် ဒေါသထွက်နေပြီ
180L - သေစမ်း ပို့ပိုင်ရှသ် မင်းဘေးနားက မင်းမိန်းမက မမှန်ဘူး။
ပို့စ်ပိုင်ရှင် - Next door
188L- ပို့စ့်ပိုင်ရှင်၊ မင်းရဲ့လစာကတ်ကို လွှဲပေးလိုက်
ပို့စ်ပိုင်ရှင် - လွှဲပြောင်းပေးပြီးပြီ
200L- ထောင်ပေါင် စျေးဝယ်လှည်းမှာ ဗလာဖြစ်နေပြီ
ပို့စ့်ပိုင်ရှင် - အဲဒါက ပြန်ပို့ဖို့ ရက်တော်တော်ကြာလိမ့်မယ်၊ အဲ့ဒါက အရမ်းနှေးတယ်။
219L- ပို့စ်ပိုင်ရှင် အိမ်မှုကိစ္စလုပ်ဖို့ အစပြုလိုက်။
ပို့စ်ပိုင်ရှင် - ငါ့မိန်းမ ဘယ်တော့မှ အိမ်မှုကိစ္စမလုပ်ဖူးဘူး။
230L- သူမကိုခေါ်ပြီး ခရီးထွက်။
ပို့စ်ပိုင်ရှင်  - နိုင်ငံခြားက တစ်လကြာ ခရီးထွက်ပြီး ပြန်လာတာ။
256L- ပို့စ်ပိုင်ရှင်၊ မင်း သူ့ကို တိုက်ရိုက်မေးလို့ရတာပဲ။ အကြောင်းပြချက်မရှိဘဲ ငါ့ကို ဘာလို့ စိတ်ဆိုးနေတာလဲ၊ ပြီးတော့ တစ်ဖက်လူ စိတ်ရှုပ်နေတဲ့အချိန် အသည်းကွဲတဲ့လေသံနဲ့ "မင်းကို လှတယ်၊ နူးညံ့တယ်၊ ကြင်နာတတ်တယ်၊ ချစ်စရာကောင်းတယ်လို့ ငါမမြင်ခဲ့ဘူးဆိုရင်၊ ငါ မင်းနဲ့ လမ်းခွဲပစ်လိုက်တာ ကြာပြီ! လို့ပြောလိုက် "
260L- နည်းလမ်းက ရိုးရှင်းပေမယ့် အဲ့တာကို စမ်းကြည့်လို့ရတာပဲ
ပို့စ်ပိုင်ရှင် - ငါစမ်းကြည့်လိုက်မယ်။
စတူဒီယိုထဲမှာတော့ နောက်ဆုံး အသက်ပြန်ရှုလို့ရလာတဲ့ ဝူထုန်က ကတ်ကြေးနဲ့ အစတွေ ဖြတ်နေသည်။  လှည့်ကြည့်လိုက်တော့ အဲဒီလူက သူမနောက်မှာ ငြိမ်သက်စွာ ရပ်နေတာကို တွေ့လိုက်ရပြန်သည်။ ထိတ်လန့်နေတဲ့ နှလုံးသားကို ဖုံးဖိကာ “ရှင့်မှာ ဘာကိစ္စရှိလို့လဲ"လို့မေးလိုက်သည်။
"မင်းကိုယ့်ကို ဘာလို့စိတ်ဆိုးနေတာလဲ"  ချင်ကော ရှုံ့မဲ့နေတဲ့ မျက်နှာနဲ့ မေးလိုက်သည်။
"ကျွန်မ..."
"မင်းကို လှတယ်၊ နူးညံ့တယ်၊ ကြင်နာတတ်တယ်၊ ချစ်စရာကောင်းတယ်လို့ ကိုယ်မမြင်ခဲ့ဘူးဆိုရင် မင်းနဲ့ လမ်းခွဲပစ်လိုက်တာကြာပြီ!"  ချင်ကောက သူ့ရဲ့အသည်းကွဲနေတယ်လို့ ထင်တဲ့အမူအရာကို အသုံးပြုခဲ့သည်။
"ရှသ် ဆေးမှားသောက်လာတာလား"  ဝူထုန်က မေးလိုက်သည်။
ချင်ကော ရှုံးသွားပြီး အွန်လိုင်းမှာ ပြန်ပြောခဲ့သည်- ငါ့မိန်းမက ငါ ဆေးမှားသောက်လာတာလားလို့ မေးတယ်။
ဒါနဲ့ ဟားဟား တွေတသီတစ်တန်းလိုက်ကြီးပေါ်လာခဲ့သည်။
321L- နေမကောင်းတဲ့ယောကျ်ား - မင်းက နေမကောင်းဘူး၊ အဲ့လူက မင်းကိုကြိုက်တုန်းပဲ၊ ပို့စ်ပိုင်ရှင်က ငတုံးပဲ၊ မင်းမှာ တိုင်ကြားနိုင်တဲ့ အရည်အချင်းရှိရင် ငါ ထပ်ပြီး မှတ်ပုံတင်လိုက်မယ်
ချင်ကောက ပြတ်ပြတ်သားသား တိုင်ကြားလိုက်သည်။
330L- ပို့စ်ပိုင်ရှင်၊ မင်းရဲ့ဇနီးကို ပျော်ရွှင်စေခဲ့တဲ့ နှစ်ယောက်အတူ လုပ်ခဲ့ဖူးတဲ့အရာတွေ ရှိလား။
မူရင်းပိုစတာ- ငါတို့ skydive၊ dive၊ အတူတူခရီးသွားကြပြီး အိမ်မှာ ငါpush-up လုပ်တဲ့အခါ သူမက ငါ့ကျောပေါ်မှာ ထိုင်ရတာကြိုက်တယ်။
336L- ငါပြောပါရစေ၊ ပိုစ့်ပိုင်ရှင်က ပုံစံကောင်းရမယ်၊ မင်းမှာ ဗိုက်ကြွက်သားရှစ်ခုရှိလား။
338L- ရေသူမ လိုင်းကော ဘယ်လိုလဲ။
ပို့စ်ပိုင်ရှင် - နှစ်ခုလုံး၊ အမ်း၊ ငါ့မိန်းမလည်း ငါ့ရဲ့ရင်ဘတ်ကြွက်သားတွေကို ထိရတာကြိုက်တယ်။
356L - အားးးးးးးးး ၊ ဒီလောက်ကောင်းတဲ့ရုပ်သွင်နဲ့ မင်းဘာကိုစောင့်နေတာလဲ၊ အဲဒါကိုဖယ်လိုက်ပြီး မိန်းမကိုထိခွင့်ပေးလိုက်။
358L - မဟုတ်ဘူး၊ မဟုတ်ဘူး၊ အရိုင်းဆန်ပြီး ဆွဲဆောင်မှုရှိရှိနဲ့ မိန်းမရှေ့မှာ အဲဒါကိုပြလိုက်...
ပို့စ်ပိုင်ရှင် - ငါ စမ်းကြည့်လိုက်မယ်
  နောက်တစ်မျိုးရှိသေးတယ် အားးးးးးးးးးးးးးးးးး
တတိယအကြိမ်မြောက် ရုတ်တရက်ပေါ်လာတဲ့ သခင်လေးချင်ကို ဝူထုန် မြင်လိုက်ရပြီး တည်ငြိမ်စွာနဲ့မေးလိုက်သည်။ "ရှင် ဘာထပ်လုပ်ချင်လို့လဲ"
သခင်လေးချင်က ဝူထုန်ရဲ့အကြည့်က သူ့ခန္ဓာကိုယ်ပေါ်ရောက်လာမယ့်အချိန်ကို စောင့်ဆိုင်းပြီးနောက် သူ့ တီရှပ်အင်္ကျီကို လက်နှစ်ဘက်ဖြင့် ဆုတ်ဖြဲကာ ကြေးဝါရောင် အသားအရည်ကို ဖော်ထုတ်လိုက်သည်။ နောက်ဆုံး သူ့မိန်းမလက်ကို ဆုပ်ကိုင်ကာ သူ့ ရင်ဘတ်ကြွက်သားတွေကို ဖိထားစေခဲ့သည်။  သူ့မိန်းမရဲ့ အံ့အားသင့်တဲ့ အကြည့်အောက် မပြတ်မသားပြောခဲ့သည်။ “ထိလိုက်၊ စိတ်မဆိုးပါနဲ့”
“ရှင်......ရှင်....... "ဝူထုန် လွတ်ထွက်သွားပြီး "ရှင့်ရဲ့ရင်ဘတ်ကြွက်သားတွေကို ဘယ်သူကထိချင်လို့လဲ" လို့ ဒေါသတကြီးပြောလိုက်သည်။
ပိုစ့်ပိုင်ရှင် - အသုံးမဝင်သေးဘူး။
501L- စိတ်ဓာတ်မကျပါနဲ့၊ ပိုစ့်ပိုင်ရှင် ၊ နောက်လှည့်ကွက်တစ်ခုရှိသေးတယ်၊ အမျိုးသမီးတွေက foodies တွေပဲ သူမကို အရသာရှိတဲ့ အစားအစာတွေကို ကျွေးဖို့ ခေါ်သွားလိုက်။
502L- မှန်တယ်၊ ဖယောင်းတိုင်မီးလေးထွန်းပြီး ညစာစားတာက ပိုကောင်းတယ်။
ပိုစ့်ပိုင်ရှင်  - ဘယ်က ပိုသင့်တော်လဲ။
520L- ပိုစ့်ပိုင်ရှင်မှာ စျေးနှုန်းကန့်သတ်ချက်ရှိလား။
ပိုစ့်ပိုင်ရှင် - မိန်းမပျော်နေသရွေ့ ပိုက်ဆံကဘယ်လောက်ဖြစ်ဖြစ် ပြဿနာမရှိဘူး။
530L- ငါတကယ် ပိုစ့်ပိုင်ရှင်ကို လက်ထပ်ချင်တယ်။
531L- ငါတကယ် ပိုစ့်ပိုင်ရှင်ကို လက်ထပ်ချင်တယ် +1
560L- ပိုစ့်ပိုင်ရှင်က ချမ်းသာတယ်၊ ရုပ်ရည်ချောမောပြီး သူ့မိန်းမကို ချစ်တယ်၊ ငါ တကယ်လက်ထပ်ချင်လာပြီ
ပိုစ့်ပိုင်ရှင်  - ငါ့မှာ မိန်းမရှိတယ်။
580 - ငါ ပိုပြီးတောင် လက်ထပ်ချင်လာပြီ ...
နောက်တော့ ပိုစ့်ပိုင်ရှင်ကို လက်ထပ်ဖို့ ယောက်ျားကော မိန်းမကော အောက်ဘက်မှာ အော်ပြောလာကြသည်။  သခင်လေးချင်က အလွန်စိတ်ဓာတ်ကျနေသဖြင့် လမ်းမှားမသွားဖို့ သတိပေးတော့မယ့်အချိန် ဝူထုန်က သူ့နောက်မှ ရုတ်တရက်ပေါ်လာပြီး တိုးလျတဲ့နေသံနဲ့ပြောလိုက်သည်။ "ရှင် ဘာလုပ်နေတာလဲ"
အထူးစစ်သားဟောင်းတစ်ယောက် ချင်ကောက သူ့ဇနီးကို သတိမထားမိဘဲ  IPAD ကိုကိုင်ထားပြီး အာရုံစိုက်နေခဲ့တဲ့ သူ့လက်က တောင့်တင်းသွားခဲ့သည်။
ဝူထုန်က လက်ဆန့်ပြီး IPAD ယူလိုက်ကာ ပိုစ့်ပိုင်ရှင်ရဲ့ အထပ် ရာနဲ့ချီတဲ့ အင်တာနက် စာမျက်နှာတွေကို လှန်ကြည့်ခဲ့ပြီး နောက်ဆုံး ထိုလူရဲ့ ဆက်တိုက် သူမဆီ လာရခြင်း အကြောင်းရင်းကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
မနေ့က ညသန်းခေါင်မှာ ဝူထုန်က ​​အနည်းငယ် စိတ်ဓာတ်ကျနေတာကြောင့် ဒီလိုမေးခွန်းမျိုး မေးဖို့ မကူညီနိုင်ခဲ့ဘူး။  အဲဒီလူက ဒါကို ဂရုမစိုက်ဘူးလို့ သူမ ထင်ခဲ့ပေမယ့် ဒီကိစ္စအတွက် အထပ်ရာနဲ့ချီပြီး ဆောက်ဖို့ ဒီလူက အွန်လိုင်းတက်လိမ့်မယ်လို့တောင် သူမ မမျှော်လင့်ထားခဲ့ပေ။
ဝူထုန် ရယ်စရာကောင်းတာကို တွေ့ခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ သူမနှလုံးသားကို နွေးထွေးသွားစေသည်။  သူလည်း သူမကို ဂရုစိုက်တယ်ဆိုတာ ပေါ်ထွက်လာသည်။
"မိန်းမ"  သခင်လေးချင်က သတိကြီးကြီးနဲ့ ခေါ်လိုက်သည်။
"အစားအသောက်ပွဲအကြီးကြီး စားဖို့ ကျွန်မကိုမခေါ်သွားတော့ဘူးလား "  ဝူထုန် IPAD ကို သူမလက်ထဲတွင် မြှောက်လိုက်သည်။
"အိုကေ၊ အိုကေ  ဘယ်မှာစားမှာလဲ"  ဒီလှည့်ကွက်က တကယ်ပဲ အလုပ်ဖြစ်တယ်ဆိုတာ သိလိုက်ရတော့ သခင်လေးချင်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။
ဝူထုန်က ဖိုရမ်က သူမယောက်ျားရဲ့ replyကို တွေးလိုက်ပြီး "ငါ့မိန်းမက အိမ်မှုကိစ္စတွေကိုမလုပ်ဘူး"အဲ့တာကို ခဏလောက်စဉ်းစားပြီးမှ ဒီအချိန်အတွင်းမှာ သူမတကယ် ဘာမှ မလုပ်ရသေးတာကို သိလိုက်ရသည်။ ဒါပေမယ့်  အိမ်က အရမ်းသန့်တယ်လေ။ ဖြစ်နိုင်တာက အဲ့တာ ...
"ဟင်းသီးဟင်းရွက်သွားဝယ်ရအောင်၊ ညကျရင် ကိုယ်တိုင်ချက်စားမယ်"  ဝူထုန် ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။
"ကောင်းပြီ၊ အဆင်ပြေတယ်"  သခင်လေးချင်က သူ့ဘေးနားက ဉာဏ်စမ်းရုပ်ဆက် အနည်းငယ်ကို စုစည်းထားပြီးဖြစ်တဲ့ ဖေးဖေးကို မလိုက်ပြီး သူ့လက်ထဲက ဉာဏ်စမ်းရုပ်ဆက်အပိုင်းအစများကို ကြမ်းပြင်ပေါ် ပြန်ပစ်ချလိုက်ပြီး "သွားကြရအောင်" လို့ပြောလိုက်သည်။
ဖေးဖေးက ကြမ်းပြင်ပေါ်က ဉာဏ်စမ်းရုပ်ဆက်ကို ကြည့်နေပြီး သူ့ မျက်နှာကစိတ်ဓာတ်ကျနေခဲ့သည်။
လမ်းမှာ ဝူထုန်က "အောက်ဘက်မှာ ရှင့်ကိုလက်ထပ်ဖို့ အော်နေတာတွေ့တယ်။ ရှင်ကတော်တော်ဆွဲဆောင်မှုရှိတာပဲ"
သခင်လေးချင်က ချက်ချင်း ပြောလိုက်သည်။ "မင်းတစ်ယောက်တည်းကိုပဲ ကိုယ့်ရဲ့မိန်းမလုပ်စေချင်တာ"
ဝူထုန် သူ့ပြုံးပြီး ပြောလိုက်သည်။ "ဒီနေ့ ကျွန်မတကယ် ဉာဏ်အလင်းရသွားပြီ"
သခင်လေးချင်က ကားကို ရွှင်မြူးစွာ မောင်းနှင်ခဲ့ပြီး သူ့ဇနီးလေး စိတ်မဆိုးတော့တာကို သူ့ကို အလိုလို ပြောပြခဲ့သည်။  သူမ ဘာကြောင့် စိတ်ဆိုးမှန်း သူ မသိသေးပေမယ့် နောက်တစ်ကြိမ်တွင် ဖိုရမ်ကို ဆက်သုံးနိုင်သည်။
ဝူထုန်က သူမ အစကတည်းက ချင်ကောနဲ့ အရမ်းရင်းနှီးနေတာကြောင့် ဖြစ်နိုင်တယ်လို့ထင်ခဲ့သည်။ ဒါကြောင့် တခြားသူတွေရဲ့အမြင်မှာ သူမ ယောက်ျားက ခင်ပွန်းကောင်းဆိုတာကိုလည်း သူဘယ်တုန်းကမှ မသိခဲ့ဘူး။
သူမ ရှာမတွေ့ခဲ့တဲ့ နေရာတွေမှာ သူမ အတွက် အများကြီး လုပ်ခဲ့တယ်။
"ရှင် ဘာစားချင်လဲ"  လို့ ဝူထုန် မေးလိုက်သည်။
"ဝက်သားနှပ်"
"နောက်ကျ ရှင့်အတွက် လုပ်ပေးမယ်"
••••••••••
Zawgyi
ငါ့င်ပွန်းကို နေ့တိုင်း အလိုလိုက်နေရယ်
အပိုင်း ၅၈
200L- ထောင်ပေါင် ဈေးဝယ်လှည်းမှာ ဗလာဖြစ်နေပြီ
"ကျွန်မ..."
321L- နေမကောင်းတဲ့ယောက်ျား - မင်းက နေမကောင်းဘူး၊ အဲ့လူက မင်းကိုကြိုက်တုန်းပဲ၊ ပို့စ်ပိုင်ရှင်က ငတုံးပဲ၊ မင်းမှာ တိုင်ကြားနိုင်တဲ့ အရည်အချင်းရှိရင် ငါ ထပ်ပြီး မှတ်ပုံတင်လိုက်မယ်
520L- ပိုစ့်ပိုင်ရှင်မှာ ဈေးနှုန်းကန့်သတ်ချက်ရှိလား။
"ဝက်သားနှပ်"
#17.9.2023
Continue Reading
You'll Also Like
175K 23.8K 117
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
433K 10.4K 86
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
2.4M 155K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
324K 8K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်