ငါ့ခင်ပွန်းကို နေ့တိုင်း အလို...

By NyeinHlaingZin123

193K 15.3K 151

Title - Pampering My Husband Every Day Type - Web Novel (CN) Genre - Romance , Slice of Life Author - Grumpy... More

Description
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
paid gp
အပိုင်း ၄
promotion
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
ပရိုမိုးရှင်း
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
လျော့စျေး
အပိုင်း ၄၁
အပိုင်း ၄၂
gp ပြီးဆုံးခြင်း
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
၃ နှစ်ပြည့် 😍😘😘
အပိုင်း ၅၃
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄

အပိုင်း ၅၄

1.7K 143 1
By NyeinHlaingZin123

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၅၄

ဝူထုန်က သူမသူငယ်ချင်း လီမင်ကို လမ်းဘေး ဘူ​ဖေး စားသောက်ဆိုင်မှာ ကျွေးဖို့ ဖိတ်ခဲ့သည်။ လီမင်ရဲ့ အသံကျယ်ကျယ်ကို ထည့်သွင်းစဉ်းစားရင်း ဝူထုန်က သီးသန့်အခန်းငယ်တစ်ခုကို တောင်းဆိုခဲ့သည်။

နှစ်ယောက်သား နေ့လယ်စာစားပြီး စကားစမြည်ပြောဖြစ်ကြသည်။

"ဒါဆို နင်ဆိုလိုတာက ရှောင်ယွမ်အတွက် ဒီအိမ်ထောင်ဖက်ကို အရင်ဆုံး လက်ထပ်ခဲ့ပေမဲ့ အခု အဆင်ပြေတော့ ဒီအိမ်ထောင်ရေးကို ကောင်းကောင်းလည်ပတ်ဖို့ စီစဉ်နေတယ်ပေါ့ " လီမင် ကောက်ချက်ချလိုက်သည်။

"ဟုတ်တယ် " ဝူထုန် ပြုံးပြီး လီမင်ရဲ့ လက်ဖက်ရည်ခွက်အလွတ်ကို ဖြည့်ပေးလိုက်သည်။

"သခင်လေး ချင်ကောက အရမ်းကျက်သရေရှိပြီး နင့်ကို နှစ်လအတွင်း သေသွားစေခဲ့တာလား?" လီမင် သံသယဖြစ်မိသည်။

"သာမန်ပဲ ချစ်မိသွားရင် ဒီလောက်မြန်မှာ မဟုတ်ဘူး"  ဝူထုန်က "ဒါပေမယ့် လူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးဖို့ ကြိုးစားရင် သဘာဝအတိုင်းဆိုတာက ပိုလွယ်လိမ့်မယ်"

"ကောင်းပါတယ်၊ ငါနဲ့တော့မတူဘူး။ ငါဒီ အကောင်ကို သုံးနှစ်လောက် ချစ်မိသွားခဲ့ပြီး နောက်ဆုံးတော့ လူကို ကြောက်သွားခဲ့ပြီ "  လီမင်က ဝူထုန်တို့ကိုကြည့်ပြီး သူမ ချစ်နေတဲ့ လျိုယွမ် အကြောင်းကို တွေးမိကာ ပင်ပန်းလွန်းလှသည်။

"နင် အနာဂတ်မှာ ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ" ဝူထုန်က "နင်က အစကတည်းက KISSရဲ့ စီနီယာပဲလေ "

"ဒါကို အရင်လုပ်ရအောင်။ နှစ်တွေလည်းကြာပြီဆိုတော့ KISSအတွက် ငါ့မှာခံစားချက်တွေ ရှိနေတုန်းပဲ။ ငါမနေချင်တော့တဲ့အထိ စောင့်ရမှာပေါ့ " လို့လီမင် ပြောလိုက်သည်။

ဝူထုန်က ပြုံးပြီး စကားမပြောခဲ့ပေမယ့် လီမင်ရဲ့ စကားကနေ သူမ လက်မလျှော့သေးဘူးဆိုတာ သိလိုက်ရသည်။

"စကားမစပ်၊ အဲဒီနေ့က ငါ အနီးကပ် ကြည့်ခဲ့ရတာတော့မဟုတ်ပေမယ့် နင့်ယောကျ်ားရဲ့ ခန္ဓာကိုယ်ကအမိုက်စားပဲ သူ့မှာ ဝမ်းဗိုက်ကြွက်သား ရှစ်ခု ရှိလား"  ချင်ကောက ဝူထုန်ရဲ့ယောကျ်ားဖြစ်ကြောင်း လီမင် လက်ခံပြီးနောက် ခေါင်းစဉ်ပြောင်းသွားခဲ့သည်။

"နင်က ငါ့ယောက်ျားကို ဘာလို့ အရမ်းစိတ်ဝင်စားနေရတာလဲ"  ဝူထုန်က လီမင်ကို လှုပ်ယမ်းလိုက်သည်။

"အိုး၊ ငါလည်း အစားအသောက်တွေကို ဂရုစိုက်တယ်လေ။ ကျောင်းတုန်းက စီနီယာ ရှန်က နင်လိုမျိုး ငါ့ကို ဂရုစိုက်ပေးတာကို မတွေ့ခဲ့ဖူးဘူး" လီမင်က စနောက်ခဲ့ပြီး ဝူထုန် မျက်နှာ အနည်းငယ် သဘာဝမကျနေတာကို တွေ့လိုက်ရမှ ရုတ်တရက် ရှက်ရှက်နဲ့ အကြောင်းအရာကို ပြောင်းပစ်လိုက်သည်။ "ဘာပါလိမ့် အဲ့ဒီအသေးလေးလေ၊ အဲ့တာ နင်ပြောတယ်လေ သခင်လေးချင်ကော ရဲဘော်ရဲဘက်ရဲ့ ကလေးဆိုလား "

"အင်း"  ဝူထုန် ခေါင်းညိတ်လိုက်သည်။

"သူက နင့်စကားကို နာခံရဲ့လား"

"အရမ်းနာခံတယ်"ဖေးဖေးကို တွေးလိုက်မိတော့ ဝူထုန်မနေနိုင်ဘဲ အပြုံးကိုဖော်ထုတ်ခဲ့သည်။ ဖေးဖေးလို ဥာဏ်ရည်ထက်မြက်ပြီး ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်က အလွန်နာကျင်နေပေမယ့်လည်း သူဘယ်အချိန်စကားပြောချင်လာမလဲဆိုတာကို မသိရတော့ ဝူထုန် အမြဲစိုးရိမ်နေမိသည်။

ကောင်မလေး နှစ်ယောက် ဒီလိုမျိုး စကားမပြောရတာ ကြာပြီ ဆိုတော့ သူတို့ နှစ်ယောက် နေ့လည်ခင်း စကားစမြည် ပြောဖြစ်ကြပြီး စီနီယာ ရှန်အကြောင်းကို ဘယ်သူမှ ထပ်မပြောခဲ့ကြပေ။

မျက်စိတစ်မှိတ်အတွင်း အချိန် တစ်ပတ်ကုန်သွားခဲ့ပြီး ဒီအပတ်က ဝူထုန်အတွက် အထူးမြန်ဆန်နေပေမယ့် မိန်းမဖြစ်သူက နေ့တိုင်းအိမ်မှာမရှိတဲ့ ချင်ကောအတွက်တော့ အဲ့တာက အနည်းငယ်ခက်ခဲသည်။

ဒီနေ့က ရှားရှားပါးပါး ပိတ်ရက်ပင်။ နံနက်ခင်း လေ့ကျင့်ခန်းလုပ်အပြီးမှာ အရင်ဆုံး သခင်လေးချင်က ဒီအပတ်မှာ ဆုံးရှုံးခဲ့တဲ့ဟာအတွက် ပြင်ဆင်ဖို့ သူ့မိန်းမနဲ့ တစ်နေကုန် ကုန်ဆုံးမယ်လို့ သူ တွေးခဲ့သည်။ ဒါပေမယ့် မနက်စာစားနေချိန် မိန်းမဖြစ်သူက ထပ်ပြီးပျောက်သွားခဲ့သည်။

ချင်ကော မျက်မှောင်ကြုတ်ပြီး အိမ်ရှေ့ခြံ၊ နောက်ခြံနဲ့ မာစတာအိပ်ခန်းမှာရှာကြည့်ခဲ့တာတောင် သူမ မရှိဘူး။  နောက်ဆုံး သူ ဖေးဖေးကို ငုံ့ကြည့်ပြီး မေးလိုက်သည်။"အမေ ဘယ်မှာလဲ"

ဖေးဖေး ခေါင်းမမော့လာဘဲ သူက လက်ညိုးနဲ့ စာကြည့်ခန်းရဲ့ဘေးအခန်းကို ညွှန်ပြခဲ့သည်။ ချင်ကော လှည့်ပြီးလျှောက်သွားခဲ့သည်။  သူတံခါး ဖွင့်လိုက်တော့ ဝူထုန် က အပ်ချုပ်စက်နဲ့ တစ်ခုခု ချုပ်နေခဲ့သည်။

သခင်လေးချင်  စိတ်မပျော်မရွှင်ဖြင့် လျှောက်သွားလိုက်ပြီး အထည်၏အခြားအဆုံးတစ်ဖက်ကို လှမ်းဆွဲလိုက်သည်။  အောက်ဘက်က ချည်ကြိုးအားလုံး ရှုပ်သွားကြောင်း ဝူထုန် မြင်လိုက်သည်။ သူမ အပ်ချုပ်စက်ကို ချက်ချင်းပိတ်လိုက်ပြီး ထိုလူအား ပြောစရာစကားမဲ့စွာ ကြည့်လိုက်သည်။ "ရှင် ဘာလုပ်နေတာလဲ"

"ဒီနေ့က ပိတ်ရက်လေ"  ချင်ကော သတိပေးလိုက်သည်။

"ကျွန်မသိတယ်လေ "ဝူထုန် ပဟေဠိဖြစ်သွားသည်။

"အဲ့တာကို အလုပ်လုပ်နေသေးတာလား" အမျိုးသားက နစ်နာစွာပြောခဲ့သည်။

"အိုး... ကျွန်မ ကလေးအဝတ်အစားအသစ်လေးတွေ မကြာသေးခင်ကမှ ဒီဇိုင်းထုတ်ထားတာ၊ ဒါပေမယ့် အဲ့တာတွေကို အဲ့ဒီပစ္စည်းတွေနဲ့လုပ်တာက ပိုကောင်းမလားဆိုတာတော့ မသိဘူး။ အဲ့ဒါကြောင့် ပိတ်ရက်တွေမှာ အချိန်ရတုန်း တစ်ထည်နှစ်ထည်လောက် လုပ်ကြည့်ချင်လို့ "လို့ ဝူထုန်ပြောလိုက်သည်။ "ဒီ ဒီတစ်ထည်ကို ဖေးဖေးရဲ့အတိုင်းနဲ့ လုပ်ထားတာ ပြီးရင် သူ့ကိုဝတ်ပေးမို့"

ဝူထုန်က ​​သူမ ကလေးမွေးရင် သူ့အတွက် ဝတ်စရာအဝတ်အစားတွေ ဒီဇိုင်းထုတ်ရမယ်လို့ တွေးထားခဲ့ပေမယ့် မကြာခင်မှာ ဒီလိုဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။

"ဖေးဖေးလား"  သခင်လေးချင်က သူ့လက်အောက်က အထည်ကို ကြည့်ပြီး မေးလိုက်သည်။

"ဟုတ်​တယ်​ ဒါရှပ်အင်္ကျီ​လေ" ဝူထုန်က တစ်ဖက်က ဒီဇိုင်းမူကြမ်းကိုယူပြ်ိး ချင်ကောကို ပြခဲ့သည်။  "ဒီရှပ်အင်္ကျီ ပြီးသွားရင် နေ့လည်ကျရင်ဒီဟာနဲ့အတွဲဖြစ်တဲ့ ဘောင်းဘီ ချုပ်မယ်။ ကျွန်မတို့ ဒါကိုဝတ်ပေးလိုက်ပြီးတာနဲ့ ကျွန်မ ဖေးဖေးက လူကြီးလူကောင်းလေးဖြစ်သွားမှာ "

သခင်လေးချင်က ဒီဇိုင်းပုံကြမ်းထဲက လက်ရာမြောက်ပြီး ချစ်စစရာကောင်းသော ကလေးအဝတ်အစားတွေကို ကြည့်ပြီး ပြောလိုက်သည်။ "ကိုယ် ကိုယ့်အတွက် အဝတ်အစားဝယ်တဲ့အချိန် ဖေးဖေး  အတွက်လည်း တစ်ထည် ဝယ်ပေးတယ် "

"ဟမ်။ ဒါအရမ်းကောင်းတာပေါ့"  ဝူထုန် အဲ့တာကို လက်ခံသည်။

"ဒါဆို မင်း ဖေးဖေးအတွက် အဝတ်အစား ချုပ်တဲ့အချိန် ကိုယ့်အတွက် ဘာလို့ တစ်ထည်မချုပ်ပေးတာလဲ"  ထိုလူက လေးလေးနက်နက်ပြောခဲ့သည်။

"......."

ဝူထုန် - သူမ အသက်ငါးနှစ်အရွယ် IQရှိတဲ့ ကလေးပြောတဲ့စကားကို သဘာဝအတိုင်းပြောနိုင်သည့် ယောက်ျားကြီးတစ်ယောက်ရှိတာကို ဘာကြောင့် မသိရတာလဲ။ ပိုပြီး ပြောစရာမရှိတာက သူ့မှာ မနာခံမှုဆိုတဲ့ ခံစားချက်မျိုး မခံစားရသေးဘူး။

အဆုံးတွင် ဝူထုန့် မိသားစုရဲ့ အလုပ်ရုံဆွေးနွေးပွဲက ပြီးဆုံးသွားခဲ့သည်။  မိသားစုက သခင်လေးဆန္ဒနဲ့အညီ ခြံဝင်းထဲ သွားခဲ့ကြသည်။

ဝူထုန်က ဖေးဖေး ဉာဏ်စမ်းပဟေဠိရုပ်ဆက်ကို လှဲပြီး ကစားလို့ရအောင် ဖျာတစ်ချပ်ယူကာ မြေပြင်ပေါ် ခင်းပေးလိုက်သည်။  သူမက စာအုပ်တစ်အုပ်ကိုယူပြီး ဖတ်ဖို့ ထိုင်ခုံပေါ်ထိုင်လိုက်သည်။ သူမဘေးနားက လက်နဲ့ခြေပါတဲ့ တစ်စုံတစ်ယောက်ကို လျစ်လျူရှုဖို့ ကြိုးစားရင် ဒီအားလပ်ရက်က အလွန်သာယာလွန်းသည်။

"စာအုပ်က အရမ်းကြည့်လို့ကောင်းလား"မိန်းမက စာအုပ်ကို မိနစ် ၂၀ ကြာ ဖတ်ပြီး သူ့ကို လျစ်လျူရှုခဲ့တော့ ချင်ကော မနာလိုဖြစ်သွားခဲ့သည်။

"လှတယ် ဇာတ်လမ်းက အရမ်းထိတယ်"  ဝူထုန် မေးလိုက်သည်။ "ရှင်ဖတ်ချင်လား။ ကျွန်မ အခန်းထဲမှာ ဒီစာရေးဆရာရဲ့ နောက်ထပ်စာအုပ်တစ်အုပ်ရှိသေးတယ်"

"ဆယ်နှစ်ကျော်ဖတ်ခဲ့တာတောင် ဖတ်လို့ကိုမဝဘူး။ အခုထိဖတ်နေတုန်းပဲ" ချင်ကော ဖေးဖေးကို ညွှန်ပြပြီး စကားပြောခဲ့သည်။  "မင်းမြင်လား ဖေးဖေးက အရမ်းတိတ်ဆိတ်တယ်။ ကိုယ်တို့သုံးယောက်အတွက် အချိန်ကရခဲတယ်။ တစ်ယောက်နဲ့တစ်ယောက် သက်ရောက်မှုရှိဖို့ လှုပ်ရှားမှုလေးတစ်ခုလုပ်ကြရင်ကော။း"

"ဒါဆို ပန်းခြံကို ပျော်ပွဲစားထွက်ရအောင်"  ဝူထုန် အကြံပြုလိုက်သည်။

"ဒါက မြက်တစ်ပင်၊ ဖျာနဲ့ စာအုပ် မဟုတ်ဘူး" သခင်လေးချင် မတက်လာဘူး။

"ဒါဆို ရှင့်မှာ ပိုကောင်းတဲ့ အကြံပြုချက်တွေ ရှိလို့လား"  လို့ ဝူထုန် မေးလိုက်သည်။

လူသုံးယောက်စလုံးပါဝင်နိုင်သည့်ဂိမ်းအတွက် သခင်လေးချင်က အဲ့တာကို ခဏအကြာ လေးလေးနက်နက်စဉ်းစားပြီး "မြေပိုင်ရှင်ဂိမ်း ကစားရအောင်" ဟုပြောခဲ့သည်။
**မြေပိုင်ရှင်ဂိမ်း မိုနိုပိုလီလိုဆော့ရတဲ့ဟာပါ။

"မြေပိုင်ရှင်ဂိမ်း ကစားမယ်"  ဝူထုန် ထိုလူကို အံ့သြစွာဖြင့် ကြည့်ပြီးနောက် ဖေးဖေး ကိုကြည့်လိုက်သည်။  "က​လေး​တွေကို မ​ကောင်းတာမ​သင်​နဲ့"

"မြေပိုင်ရှင်ဂိမ်း ကစားတာက လောင်းကစားမဟုတ်ပါဘူး၊ ဒါက ဂိမ်းတစ်ခုပဲ၊ ပြီးတော့ ..." ချင်ကော ဖေးဖေး ကို လက်ညှိုးထိုးပြပြီး "ဒီကလေး လေးနှစ်သားထဲက ကစားနိုင်တယ်"

ဒီတစ်ခါတော့ ဝူထုန် အံ့အားသင့်သွားသည်။

ထို့ကြောင့် ချင်ကော အိမ်ထဲပြန်ဝင်သွားပြီး ကတ်တွေ ရှာခဲ့ကာ  မိသားစုသုံးယောက်သား ဖျာပေါ်မှာ ထိုင်ပြီး ဂိမ်းကို စတင်ခဲ့ကြသည်။

ဆောင်းဦးလေတိုက်ခတ်လာပြီး သစ်ရွက်တွေ တရှဲရှဲမြည်ကာ ရံဖန်ရံခါ သဖန်းပိုးစာရွက် အနည်းငယ် ကြွေကျလာကာ၊ အမြဲလိုလို ကွဲလွဲနေသော လေသံအနည်းငယ်ကလည်း ယှဥ်တွဲလျက်ရှိနေသည်။

"ကိုယ်နိုင်ပြီ၊ ကိုယ့်မှာ ကတ်တစ်ကတ်ရှိသေးတယ်"  ချင်ကောက အောင်ပွဲခံသလို ပြောလိုက်သည်။

ဝူထုန် သူ့လက်ထဲက ကတ်နှစ်ကတ်ကို ကြည့်ပြီး  နာမည်ကြီးပေမယ့် သေတဲ့အထိရိုက်ခံရတဲ့ ခံစားချက်ကို သူမတကယ် မုန်းသွားသည်။

"ရှင်နိုင်တယ် "ဝူထုန်က သူမလက်ထဲက ကတ်တွေကို လွှင့်ပစ်လိုက်သည်။

"ဒါဆို ကိုယ်နိုင်တယ်ဆိုတော့ ဆုရမှာလား" သခင်လေးချင်က ပြုံးလိုက်သည်။

"ရှင် ဆုလိုချင်လို့လား"  ဝူထုန် မေးလိုက်သည်။

"ဟုတ်တယ်လေ မဟုတ်ရင် ပျင်းစရာကောင်းသွားမှာပေါ့ " သခင်လေးချင် သဘာဝဆန်စွာ ပြောလိုက်သည်။

ဝူထုန်က မေးလိုက်သည်။ "ရှင် ဘာလိုချင်လဲ" 

"ရိုးရိုးလေးပဲ၊ ကိုယ်တို့ တစ်ယောက်ကိုတစ်ယောက် မေးခွန်းတစ်ခုမေးမယ် ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် တောင်းဆိုမှုတစ်ခု လုပ်မယ်"  သခင်လေးချင်ရဲ့ စိတ်ထဲ တောင်းဆိုချက်များစွာရှိနေခဲ့သည်။

ဝူထုန်က ထိုလူသား၏ ဦးနှောက်ထဲ ကိုင်တွယ်ဖို့ ခက်ခဲတဲ့ လိုအပ်ချကိတွေနဲ့ မေးခွန်းတွေ မပါနိုင်ဘူးလို့ ခံစားမိတာကြောင့် သူမ မေးလိုက်သည်။ "ဖေးဖေးကကော"

နှစ်ယောက်သား ဖေးဖေးကို တစ်ပြိုင်နက် ကြည့်လိုက်ကြပြီး ဖေးဖေးလည်း မိဘနှစ်ပါးကို မော့ကြည့်ကာ အဖြေကို စောင့်ဆိုင်းနေပုံရသည်။ "ဒီလိုဆိုရင်ကော ဖေးဖေး တစ်ကြိမ်နိုင်ရင် သူ့ကို ပဟေဠိတစ်ခု ဝယ်ပေးမယ်"

  ချင်ကော ဖေးဖေးကို "သဘောတူလား" လို့ မေးလိုက်သည်။

ဖေးဖေး ခေါင်းညိတ်ပြပြီး တောက်ပတဲ့ မျက်လုံးတွေနဲ့ ကတ်များကို ကြည့်ကာ ကုဗတုံးကို သူ့ခြေရင်းဆီ တိတ်တဆိတ် ပြန်ရွှေ့လိုက်သည်။

"ဒါဆို ပြန်စမယ်"  ဝူထုန် ကတ်တွေကိုကစားပြီးပြောလိုက်သည်။

"ကိုယ့်ရဲ့ တောင်းဆိုချက်ကို မပြောရသေးဘူး" ချင်ကောက သူမကို တားလိုက်သည်။ "ဒီတစ်ခုကို အခု လျစ်လျူရှုချင်နေတာလား"

"ဒါဆို မြန်မြန်လုပ်"  ဝူထုန်က သူမအမျိုးသားရဲ့ ကလေးဆန်တဲ့ အပြုအမူကြောင့် သဘောကျသွားခဲ့သည်။

" အဲ့တစ်ခုက ဒီမနက် ... ဖေးဖေး အတွက် မင်းလုပ်ထားတဲ့ အဝတ်အစားတွေကို ကိုယ်လည်း လိုချင်တယ်"  ချင်ကောက မတိကျသေးဘူးလို့ ခံစားမိတာကြောင့် ထပ်ပေါင်းပြောလိုက်သည်။ "မင်း ဖေးဖေးအတွက်ချုပ်ပေးရင် ကိုယ့်အတွက်လည်း ချုပ်ပေးရမယ်"

"ချုပ်ပေးမယ်။ အဲ့တာက ကလေးအဝတ်အစားတွေလေ "  ဝူထုန် ပြောစရာစကားမရှိဖြစ်နေသည်။

"ဒါဆို ပိုကြီးအောင်ချုပ်ပေး " ချင်ကောက စိတ်မဝင်စားသလို ပြောလိုက်သည်။

"ရှင်ဝတ်ဖို့ အဝါရောင် ဘဲပုံ ပရင့်ထုတ်ပေးရမလား "  လို့ ဝူထုန် မေးလိုက်သည်။

"ဘာပဲဖြစ်ဖြစ်။ ကိုယ့်ကိုပေးဖို့ပဲ။ ကိုယ် ဝတ်တာ မဝတ်တာက ကိုယ့်ရဲ့ကိစ္စ " လို့ ချင်ကောက ပြန်ဖြေခဲ့သည်။

......

ဂိမ်း၏ရည်ရွယ်ချက်မှာ တတ်နိုင်သမျှ ကြွယ်ဝချမ်းသာစေရန်ဖြစ်ပြီး ဂိမ်းအဆုံးတွင် ငွေသား၊ ကတ်များနှင့် အိမ်အများဆုံးရှိသည့် ကစားသမားသည် အနိုင်ရသူ သို့မဟုတ် သန်းကြွယ်သူဌေးဖြစ်သည်။ ကတ်တိုင်းနှင့် အိမ်တိုင်းသည် ဂိမ်းအဆုံးတွင် ကိုင်ဆောင်သူ သို့မဟုတ် ပိုင်ဆိုင်မှု 100 ကို ရေတွက်သည် 
from- google

•••••••••••

Zawgyi

ငါ့င္ပြန္းကို ေန႔တိုင္း အလိုလိုက္ေနရယ္

အပိုင္း ၅၄

ဝူထုန္က သူမသူငယ္ခ်င္း လီမင္ကို လမ္းေဘး ဘူ​ေဖး စားေသာက္ဆိုင္မွာ ေကြၽးဖို႔ ဖိတ္ခဲ့သည္။ လီမင္ရဲ႕ အသံက်ယ္က်ယ္ကို ထည့္သြင္းစဥ္းစားရင္း ဝူထုန္က သီးသန္႔အခန္းငယ္တစ္ခုကို ေတာင္းဆိုခဲ့သည္။

ႏွစ္ေယာက္သား ေန႔လယ္စာစားၿပီး စကားစျမည္ေျပာျဖစ္ၾကသည္။

"ဒါဆို နင္ဆိုလိုတာက ေ႐ွာင္ယြမ္အတြက္ ဒီအိမ္ေထာင္ဖက္ကို အရင္ဆုံး လက္ထပ္ခဲ့ေပမဲ့ အခု အဆင္ေျပေတာ့ ဒီအိမ္ေထာင္ေရးကို ေကာင္းေကာင္းလည္ပတ္ဖို႔ စီစဥ္ေနတယ္ေပါ့ " လီမင္ ေကာက္ခ်က္ခ်လိုက္သည္။

"ဟုတ္တယ္ " ဝူထုန္ ျပဳံးၿပီး လီမင္ရဲ႕ လက္ဖက္ရည္ခြက္အလြတ္ကို ျဖည့္ေပးလိုက္သည္။

"သခင္ေလး ခ်င္ေကာက အရမ္းက်က္သေရ႐ွိၿပီး နင့္ကို ႏွစ္လအတြင္း ေသသြားေစခဲ့တာလား?" လီမင္ သံသယျဖစ္မိသည္။

"သာမန္ပဲ ခ်စ္မိသြားရင္ ဒီေလာက္ျမန္မွာ မဟုတ္ဘူး"  ဝူထုန္က "ဒါေပမယ့္ လူႏွစ္ေယာက္က တစ္ေယာက္နဲ႔တစ္ေယာက္ ပိုရင္းႏွီးဖို႔ ႀကိဳးစားရင္ သဘာဝအတိုင္းဆိုတာက ပိုလြယ္လိမ့္မယ္"

"ေကာင္းပါတယ္၊ ငါနဲ႔ေတာ့မတူဘူး။ ငါဒီ အေကာင္ကို သုံးႏွစ္ေလာက္ ခ်စ္မိသြားခဲ့ၿပီး ေနာက္ဆုံးေတာ့ လူကို ေၾကာက္သြားခဲ့ၿပီ "  လီမင္က ဝူထုန္တို႔ကိုၾကည့္ၿပီး သူမ ခ်စ္ေနတဲ့ လ်ိဳယြမ္ အေၾကာင္းကို ေတြးမိကာ ပင္ပန္းလြန္းလွသည္။

"နင္ အနာဂတ္မွာ ဘာလုပ္ဖို႔ အစီအစဥ္႐ွိလဲ" ဝူထုန္က "နင္က အစကတည္းက KISSရဲ႕ စီနီယာပဲေလ "

"ဒါကို အရင္လုပ္ရေအာင္။ ႏွစ္ေတြလည္းၾကာၿပီဆိုေတာ့ KISSအတြက္ ငါ့မွာခံစားခ်က္ေတြ ႐ွိေနတုန္းပဲ။ ငါမေနခ်င္ေတာ့တဲ့အထိ ေစာင့္ရမွာေပါ့ " လို႔လီမင္ ေျပာလိုက္သည္။

ဝူထုန္က ျပဳံးၿပီး စကားမေျပာခဲ့ေပမယ့္ လီမင္ရဲ႕ စကားကေန သူမ လက္မေလွ်ာ့ေသးဘူးဆိုတာ သိလိုက္ရသည္။

"စကားမစပ္၊ အဲဒီေန႔က ငါ အနီးကပ္ ၾကည့္ခဲ့ရတာေတာ့မဟုတ္ေပမယ့္ နင့္ေယာက်္ားရဲ႕ ခႏၶာကိုယ္ကအမိုက္စားပဲ သူ႕မွာ ဝမ္းဗိုက္ႂကြက္သား ႐ွစ္ခု ႐ွိလား"  ခ်င္ေကာက ဝူထုန္ရဲ႕ေယာက်္ားျဖစ္ေၾကာင္း လီမင္ လက္ခံၿပီးေနာက္ ေခါင္းစဥ္ေျပာင္းသြားခဲ့သည္။

"နင္က ငါ့ေယာက်္ားကို ဘာလို႔ အရမ္းစိတ္ဝင္စားေနရတာလဲ"  ဝူထုန္က လီမင္ကို လႈပ္ယမ္းလိုက္သည္။

"အိုး၊ ငါလည္း အစားအေသာက္ေတြကို ဂ႐ုစိုက္တယ္ေလ။ ေက်ာင္းတုန္းက စီနီယာ ႐ွန္က နင္လိုမ်ိဳး ငါ့ကို ဂ႐ုစိုက္ေပးတာကို မေတြ႕ခဲ့ဖူးဘူး" လီမင္က စေနာက္ခဲ့ၿပီး ဝူထုန္ မ်က္ႏွာ အနည္းငယ္ သဘာဝမက်ေနတာကို ေတြ႕လိုက္ရမွ ႐ုတ္တရက္ ႐ွက္႐ွက္နဲ႔ အေၾကာင္းအရာကို ေျပာင္းပစ္လိုက္သည္။ "ဘာပါလိမ့္ အဲ့ဒီအေသးေလးေလ၊ အဲ့တာ နင္ေျပာတယ္ေလ သခင္ေလးခ်င္ေကာ ရဲေဘာ္ရဲဘက္ရဲ႕ ကေလးဆိုလား "

"အင္း"  ဝူထုန္ ေခါင္းညိတ္လိုက္သည္။

"သူက နင့္စကားကို နာခံရဲ႕လား"

"အရမ္းနာခံတယ္"ေဖးေဖးကို ေတြးလိုက္မိေတာ့ ဝူထုန္မေနႏိုင္ဘဲ အျပဳံးကိုေဖာ္ထုတ္ခဲ့သည္။ ေဖးေဖးလို ဥာဏ္ရည္ထက္ျမက္ၿပီး ခ်စ္စရာေကာင္းတဲ့ ကေလးတစ္ေယာက္က အလြန္နာက်င္ေနေပမယ့္လည္း သူဘယ္အခ်ိန္စကားေျပာခ်င္လာမလဲဆိုတာကို မသိရေတာ့ ဝူထုန္ အၿမဲစိုးရိမ္ေနမိသည္။

ေကာင္မေလး ႏွစ္ေယာက္ ဒီလိုမ်ိဳး စကားမေျပာရတာ ၾကာၿပီ ဆိုေတာ့ သူတို႔ ႏွစ္ေယာက္ ေန႔လည္ခင္း စကားစျမည္ ေျပာျဖစ္ၾကၿပီး စီနီယာ ႐ွန္အေၾကာင္းကို ဘယ္သူမွ ထပ္မေျပာခဲ့ၾကေပ။

မ်က္စိတစ္မွိတ္အတြင္း အခ်ိန္ တစ္ပတ္ကုန္သြားခဲ့ၿပီး ဒီအပတ္က ဝူထုန္အတြက္ အထူးျမန္ဆန္ေနေပမယ့္ မိန္းမျဖစ္သူက ေန႔တိုင္းအိမ္မွာမ႐ွိတဲ့ ခ်င္ေကာအတြက္ေတာ့ အဲ့တာက အနည္းငယ္ခက္ခဲသည္။

ဒီေန႔က ႐ွား႐ွားပါးပါး ပိတ္ရက္ပင္။ နံနက္ခင္း ေလ့က်င့္ခန္းလုပ္အၿပီးမွာ အရင္ဆုံး သခင္ေလးခ်င္က ဒီအပတ္မွာ ဆုံး႐ႈံးခဲ့တဲ့ဟာအတြက္ ျပင္ဆင္ဖို႔ သူ႕မိန္းမနဲ႔ တစ္ေနကုန္ ကုန္ဆုံးမယ္လို႔ သူ ေတြးခဲ့သည္။ ဒါေပမယ့္ မနက္စာစားေနခ်ိန္ မိန္းမျဖစ္သူက ထပ္ၿပီးေပ်ာက္သြားခဲ့သည္။

ခ်င္ေကာ မ်က္ေမွာင္ၾကဳတ္ၿပီး အိမ္ေ႐ွ႕ျခံ၊ ေနာက္ျခံနဲ႔ မာစတာအိပ္ခန္းမွာ႐ွာၾကည့္ခဲ့တာေတာင္ သူမ မ႐ွိဘူး။  ေနာက္ဆုံး သူ ေဖးေဖးကို ငုံ႔ၾကည့္ၿပီး ေမးလိုက္သည္။"အေမ ဘယ္မွာလဲ"

ေဖးေဖး ေခါင္းမေမာ့လာဘဲ သူက လက္ညိဳးနဲ႔ စာၾကည့္ခန္းရဲ႕ေဘးအခန္းကို ၫႊန္ျပခဲ့သည္။ ခ်င္ေကာ လွည့္ၿပီးေလွ်ာက္သြားခဲ့သည္။  သူတံခါး ဖြင့္လိုက္ေတာ့ ဝူထုန္ က အပ္ခ်ဳပ္စက္နဲ႔ တစ္ခုခု ခ်ဳပ္ေနခဲ့သည္။

သခင္ေလးခ်င္  စိတ္မေပ်ာ္မ႐ႊင္ျဖင့္ ေလွ်ာက္သြားလိုက္ၿပီး အထည္၏အျခားအဆုံးတစ္ဖက္ကို လွမ္းဆြဲလိုက္သည္။  ေအာက္ဘက္က ခ်ည္ႀကိဳးအားလုံး ႐ႈပ္သြားေၾကာင္း ဝူထုန္ ျမင္လိုက္သည္။ သူမ အပ္ခ်ဳပ္စက္ကို ခ်က္ခ်င္းပိတ္လိုက္ၿပီး ထိုလူအား ေျပာစရာစကားမဲ့စြာ ၾကည့္လိုက္သည္။ "႐ွင္ ဘာလုပ္ေနတာလဲ"

"ဒီေန႔က ပိတ္ရက္ေလ"  ခ်င္ေကာ သတိေပးလိုက္သည္။

"ကြၽန္မသိတယ္ေလ "ဝူထုန္ ပေဟဠိျဖစ္သြားသည္။

"အဲ့တာကို အလုပ္လုပ္ေနေသးတာလား" အမ်ိဳးသားက နစ္နာစြာေျပာခဲ့သည္။

"အိုး... ကြၽန္မ ကေလးအဝတ္အစားအသစ္ေလးေတြ မၾကာေသးခင္ကမွ ဒီဇိုင္းထုတ္ထားတာ၊ ဒါေပမယ့္ အဲ့တာေတြကို အဲ့ဒီပစၥည္းေတြနဲ႔လုပ္တာက ပိုေကာင္းမလားဆိုတာေတာ့ မသိဘူး။ အဲ့ဒါေၾကာင့္ ပိတ္ရက္ေတြမွာ အခ်ိန္ရတုန္း တစ္ထည္ႏွစ္ထည္ေလာက္ လုပ္ၾကည့္ခ်င္လို႔ "လို႔ ဝူထုန္ေျပာလိုက္သည္။ "ဒီ ဒီတစ္ထည္ကို ေဖးေဖးရဲ႕အတိုင္းနဲ႔ လုပ္ထားတာ ၿပီးရင္ သူ႕ကိုဝတ္ေပးမို႔"

ဝူထုန္က ​​သူမ ကေလးေမြးရင္ သူ႕အတြက္ ဝတ္စရာအဝတ္အစားေတြ ဒီဇိုင္းထုတ္ရမယ္လို႔ ေတြးထားခဲ့ေပမယ့္ မၾကာခင္မွာ ဒီလိုျဖစ္လာလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားခဲ့မိဘူး။

"ေဖးေဖးလား"  သခင္ေလးခ်င္က သူ႕လက္ေအာက္က အထည္ကို ၾကည့္ၿပီး ေမးလိုက္သည္။

"ဟုတ္​တယ္​ ဒါ႐ွပ္အက်ႌ​ေလ" ဝူထုန္က တစ္ဖက္က ဒီဇိုင္းမူၾကမ္းကိုယူျပ္ိး ခ်င္ေကာကို ျပခဲ့သည္။  "ဒီ႐ွပ္အက်ႌ ၿပီးသြားရင္ ေန႔လည္က်ရင္ဒီဟာနဲ႔အတြဲျဖစ္တဲ့ ေဘာင္းဘီ ခ်ဳပ္မယ္။ ကြၽန္မတို႔ ဒါကိုဝတ္ေပးလိုက္ၿပီးတာနဲ႔ ကြၽန္မ ေဖးေဖးက လူႀကီးလူေကာင္းေလးျဖစ္သြားမွာ "

သခင္ေလးခ်င္က ဒီဇိုင္းပုံၾကမ္းထဲက လက္ရာေျမာက္ၿပီး ခ်စ္စစရာေကာင္းေသာ ကေလးအဝတ္အစားေတြကို ၾကည့္ၿပီး ေျပာလိုက္သည္။ "ကိုယ္ ကိုယ့္အတြက္ အဝတ္အစားဝယ္တဲ့အခ်ိန္ ေဖးေဖး  အတြက္လည္း တစ္ထည္ ဝယ္ေပးတယ္ "

"ဟမ္။ ဒါအရမ္းေကာင္းတာေပါ့"  ဝူထုန္ အဲ့တာကို လက္ခံသည္။

"ဒါဆို မင္း ေဖးေဖးအတြက္ အဝတ္အစား ခ်ဳပ္တဲ့အခ်ိန္ ကိုယ့္အတြက္ ဘာလို႔ တစ္ထည္မခ်ဳပ္ေပးတာလဲ"  ထိုလူက ေလးေလးနက္နက္ေျပာခဲ့သည္။

"......."

ဝူထုန္ - သူမ အသက္ငါးႏွစ္အ႐ြယ္ IQ႐ွိတဲ့ ကေလးေျပာတဲ့စကားကို သဘာဝအတိုင္းေျပာႏိုင္သည့္ ေယာက်္ားႀကီးတစ္ေယာက္႐ွိတာကို ဘာေၾကာင့္ မသိရတာလဲ။ ပိုၿပီး ေျပာစရာမ႐ွိတာက သူ႕မွာ မနာခံမႈဆိုတဲ့ ခံစားခ်က္မ်ိဳး မခံစားရေသးဘူး။

အဆုံးတြင္ ဝူထုန္႔ မိသားစုရဲ႕ အလုပ္႐ုံေဆြးေႏြးပြဲက ၿပီးဆုံးသြားခဲ့သည္။  မိသားစုက သခင္ေလးဆႏၵနဲ႔အညီ ျခံဝင္းထဲ သြားခဲ့ၾကသည္။

ဝူထုန္က ေဖးေဖး ဉာဏ္စမ္းပေဟဠိ႐ုပ္ဆက္ကို လွဲၿပီး ကစားလို႔ရေအာင္ ဖ်ာတစ္ခ်ပ္ယူကာ ေျမျပင္ေပၚ ခင္းေပးလိုက္သည္။  သူမက စာအုပ္တစ္အုပ္ကိုယူၿပီး ဖတ္ဖို႔ ထိုင္ခုံေပၚထိုင္လိုက္သည္။ သူမေဘးနားက လက္နဲ႔ေျခပါတဲ့ တစ္စုံတစ္ေယာက္ကို လ်စ္လ်ဴ႐ႈဖို႔ ႀကိဳးစားရင္ ဒီအားလပ္ရက္က အလြန္သာယာလြန္းသည္။

"စာအုပ္က အရမ္းၾကည့္လို႔ေကာင္းလား"မိန္းမက စာအုပ္ကို မိနစ္ ၂၀ ၾကာ ဖတ္ၿပီး သူ႕ကို လ်စ္လ်ဴ႐ႈခဲ့ေတာ့ ခ်င္ေကာ မနာလိုျဖစ္သြားခဲ့သည္။

"လွတယ္ ဇာတ္လမ္းက အရမ္းထိတယ္"  ဝူထုန္ ေမးလိုက္သည္။ "႐ွင္ဖတ္ခ်င္လား။ ကြၽန္မ အခန္းထဲမွာ ဒီစာေရးဆရာရဲ႕ ေနာက္ထပ္စာအုပ္တစ္အုပ္႐ွိေသးတယ္"

"ဆယ္ႏွစ္ေက်ာ္ဖတ္ခဲ့တာေတာင္ ဖတ္လို႔ကိုမဝဘူး။ အခုထိဖတ္ေနတုန္းပဲ" ခ်င္ေကာ ေဖးေဖးကို ၫႊန္ျပၿပီး စကားေျပာခဲ့သည္။  "မင္းျမင္လား ေဖးေဖးက အရမ္းတိတ္ဆိတ္တယ္။ ကိုယ္တို႔သုံးေယာက္အတြက္ အခ်ိန္ကရခဲတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ သက္ေရာက္မႈ႐ွိဖို႔ လႈပ္႐ွားမႈေလးတစ္ခုလုပ္ၾကရင္ေကာ။း"

"ဒါဆို ပန္းျခံကို ေပ်ာ္ပြဲစားထြက္ရေအာင္"  ဝူထုန္ အၾကံျပဳလိုက္သည္။

"ဒါက ျမက္တစ္ပင္၊ ဖ်ာနဲ႔ စာအုပ္ မဟုတ္ဘူး" သခင္ေလးခ်င္ မတက္လာဘူး။

"ဒါဆို ႐ွင့္မွာ ပိုေကာင္းတဲ့ အၾကံျပဳခ်က္ေတြ ႐ွိလို႔လား"  လို႔ ဝူထုန္ ေမးလိုက္သည္။

လူသုံးေယာက္စလုံးပါဝင္ႏိုင္သည့္ဂိမ္းအတြက္ သခင္ေလးခ်င္က အဲ့တာကို ခဏအၾကာ ေလးေလးနက္နက္စဥ္းစားၿပီး "ေျမပိုင္႐ွင္ဂိမ္း ကစားရေအာင္" ဟုေျပာခဲ့သည္။
**ေျမပိုင္႐ွင္ဂိမ္း မိုႏိုပိုလီလိုေဆာ့ရတဲ့ဟာပါ။

"ေျမပိုင္႐ွင္ဂိမ္း ကစားမယ္"  ဝူထုန္ ထိုလူကို အံ့ၾသစြာျဖင့္ ၾကည့္ၿပီးေနာက္ ေဖးေဖး ကိုၾကည့္လိုက္သည္။  "က​ေလး​ေတြကို မ​ေကာင္းတာမ​သင္​နဲ႔"

"ေျမပိုင္႐ွင္ဂိမ္း ကစားတာက ေလာင္းကစားမဟုတ္ပါဘူး၊ ဒါက ဂိမ္းတစ္ခုပဲ၊ ၿပီးေတာ့ ..." ခ်င္ေကာ ေဖးေဖး ကို လက္ညိႇဳးထိုးျပၿပီး "ဒီကေလး ေလးႏွစ္သားထဲက ကစားႏိုင္တယ္"

ဒီတစ္ခါေတာ့ ဝူထုန္ အံ့အားသင့္သြားသည္။

ထို႔ေၾကာင့္ ခ်င္ေကာ အိမ္ထဲျပန္ဝင္သြားၿပီး ကတ္ေတြ ႐ွာခဲ့ကာ  မိသားစုသုံးေယာက္သား ဖ်ာေပၚမွာ ထိုင္ၿပီး ဂိမ္းကို စတင္ခဲ့ၾကသည္။

ေဆာင္းဦးေလတိုက္ခတ္လာၿပီး သစ္႐ြက္ေတြ တ႐ွဲ႐ွဲျမည္ကာ ရံဖန္ရံခါ သဖန္းပိုးစာ႐ြက္ အနည္းငယ္ ေႂကြက်လာကာ၊ အၿမဲလိုလို ကြဲလြဲေနေသာ ေလသံအနည္းငယ္ကလည္း ယွဥ္တြဲလ်က္႐ွိေနသည္။

"ကိုယ္ႏိုင္ၿပီ၊ ကိုယ့္မွာ ကတ္တစ္ကတ္႐ွိေသးတယ္"  ခ်င္ေကာက ေအာင္ပြဲခံသလို ေျပာလိုက္သည္။

ဝူထုန္ သူ႕လက္ထဲက ကတ္ႏွစ္ကတ္ကို ၾကည့္ၿပီး  နာမည္ႀကီးေပမယ့္ ေသတဲ့အထိ႐ိုက္ခံရတဲ့ ခံစားခ်က္ကို သူမတကယ္ မုန္းသြားသည္။

"႐ွင္ႏိုင္တယ္ "ဝူထုန္က သူမလက္ထဲက ကတ္ေတြကို လႊင့္ပစ္လိုက္သည္။

"ဒါဆို ကိုယ္ႏိုင္တယ္ဆိုေတာ့ ဆုရမွာလား" သခင္ေလးခ်င္က ျပဳံးလိုက္သည္။

"႐ွင္ ဆုလိုခ်င္လို႔လား"  ဝူထုန္ ေမးလိုက္သည္။

"ဟုတ္တယ္ေလ မဟုတ္ရင္ ပ်င္းစရာေကာင္းသြားမွာေပါ့ " သခင္ေလးခ်င္ သဘာဝဆန္စြာ ေျပာလိုက္သည္။

ဝူထုန္က ေမးလိုက္သည္။ "႐ွင္ ဘာလိုခ်င္လဲ" 

"႐ိုး႐ိုးေလးပဲ၊ ကိုယ္တို႔ တစ္ေယာက္ကိုတစ္ေယာက္ ေမးခြန္းတစ္ခုေမးမယ္ ဒါမွမဟုတ္ တစ္ေယာက္နဲ႔တစ္ေယာက္ ေတာင္းဆိုမႈတစ္ခု လုပ္မယ္"  သခင္ေလးခ်င္ရဲ႕ စိတ္ထဲ ေတာင္းဆိုခ်က္မ်ားစြာ႐ွိေနခဲ့သည္။

ဝူထုန္က ထိုလူသား၏ ဦးေႏွာက္ထဲ ကိုင္တြယ္ဖို႔ ခက္ခဲတဲ့ လိုအပ္ခ်ကိေတြနဲ႔ ေမးခြန္းေတြ မပါႏိုင္ဘူးလို႔ ခံစားမိတာေၾကာင့္ သူမ ေမးလိုက္သည္။ "ေဖးေဖးကေကာ"

ႏွစ္ေယာက္သား ေဖးေဖးကို တစ္ၿပိဳင္နက္ ၾကည့္လိုက္ၾကၿပီး ေဖးေဖးလည္း မိဘႏွစ္ပါးကို ေမာ့ၾကည့္ကာ အေျဖကို ေစာင့္ဆိုင္းေနပုံရသည္။ "ဒီလိုဆိုရင္ေကာ ေဖးေဖး တစ္ႀကိမ္ႏိုင္ရင္ သူ႕ကို ပေဟဠိတစ္ခု ဝယ္ေပးမယ္"

  ခ်င္ေကာ ေဖးေဖးကို "သေဘာတူလား" လို႔ ေမးလိုက္သည္။

ေဖးေဖး ေခါင္းညိတ္ျပၿပီး ေတာက္ပတဲ့ မ်က္လုံးေတြနဲ႔ ကတ္မ်ားကို ၾကည့္ကာ ကုဗတုံးကို သူ႕ေျခရင္းဆီ တိတ္တဆိတ္ ျပန္ေ႐ႊ႕လိုက္သည္။

"ဒါဆို ျပန္စမယ္"  ဝူထုန္ ကတ္ေတြကိုကစားၿပီးေျပာလိုက္သည္။

"ကိုယ့္ရဲ႕ ေတာင္းဆိုခ်က္ကို မေျပာရေသးဘူး" ခ်င္ေကာက သူမကို တားလိုက္သည္။ "ဒီတစ္ခုကို အခု လ်စ္လ်ဴ႐ႈခ်င္ေနတာလား"

"ဒါဆို ျမန္ျမန္လုပ္"  ဝူထုန္က သူမအမ်ိဳးသားရဲ႕ ကေလးဆန္တဲ့ အျပဳအမူေၾကာင့္ သေဘာက်သြားခဲ့သည္။

" အဲ့တစ္ခုက ဒီမနက္ ... ေဖးေဖး အတြက္ မင္းလုပ္ထားတဲ့ အဝတ္အစားေတြကို ကိုယ္လည္း လိုခ်င္တယ္"  ခ်င္ေကာက မတိက်ေသးဘူးလို႔ ခံစားမိတာေၾကာင့္ ထပ္ေပါင္းေျပာလိုက္သည္။ "မင္း ေဖးေဖးအတြက္ခ်ဳပ္ေပးရင္ ကိုယ့္အတြက္လည္း ခ်ဳပ္ေပးရမယ္"

"ခ်ဳပ္ေပးမယ္။ အဲ့တာက ကေလးအဝတ္အစားေတြေလ "  ဝူထုန္ ေျပာစရာစကားမ႐ွိျဖစ္ေနသည္။

"ဒါဆို ပိုႀကီးေအာင္ခ်ဳပ္ေပး " ခ်င္ေကာက စိတ္မဝင္စားသလို ေျပာလိုက္သည္။

"႐ွင္ဝတ္ဖို႔ အဝါေရာင္ ဘဲပုံ ပရင့္ထုတ္ေပးရမလား "  လို႔ ဝူထုန္ ေမးလိုက္သည္။

"ဘာပဲျဖစ္ျဖစ္။ ကိုယ့္ကိုေပးဖို႔ပဲ။ ကိုယ္ ဝတ္တာ မဝတ္တာက ကိုယ့္ရဲ႕ကိစၥ " လို႔ ခ်င္ေကာက ျပန္ေျဖခဲ့သည္။

......

ဂိမ္း၏ရည္႐ြယ္ခ်က္မွာ တတ္ႏိုင္သမွ် ႂကြယ္ဝခ်မ္းသာေစရန္ျဖစ္ၿပီး ဂိမ္းအဆုံးတြင္ ေငြသား၊ ကတ္မ်ားႏွင့္ အိမ္အမ်ားဆုံး႐ွိသည့္ ကစားသမားသည္ အႏိုင္ရသူ သို႔မဟုတ္ သန္းႂကြယ္သူေဌးျဖစ္သည္။ ကတ္တိုင္းႏွင့္ အိမ္တိုင္းသည္ ဂိမ္းအဆုံးတြင္ ကိုင္ေဆာင္သူ သို႔မဟုတ္ ပိုင္ဆိုင္မႈ 100 ကို ေရတြက္သည္ 
from- google

#3.9.2023

Continue Reading

You'll Also Like

1.5M 32.7K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
547K 14.8K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
244K 4.9K 36
ဟန်ဆောင်မယ်ဆိုပြီးကြွေးကြော်ထားတဲ့ ဦးနေ တစ်ယောက်လိပ်ပြာကိုချစ်မိသွားတဲ့အချိန် ဘာဖြစ်လာမလဲ... အချေကိုယ်တော်ကြီးက သဝန်တိုတဲ့နေရာမှာလဲပထမ😑😑 ဟန်ဆောင်မယ...
399K 11.6K 29
တော်ဝင်ဂုဏ် + ရှေးဆန်သူ