လောကသုံးပါးသခင် ေလာကသုံးပါးသ...

By KazunoMora

8.8K 657 16

Uni& Zawgyi အပိုင်း​ 1 မှ​ 440 + PDF files link (1 to 1500) အပိုင်း 1501 မှ 1530..... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
1---5
6--10
11--20
21--30
31---40
41---50
51---60
61---70
71---80
81--90
91---100
101---110
111---120
121----130
131-----140
141---145
146----150
151----155
156----160
161----165
166-----170
171---180
181----190
191-----200
201----205
206---210
211-----220
221-----230
231-------240
241--------250
256--------260
261--------265
266-------270
271------280
281------285
286-------290
291------295
296-------300
301------305
306-------310
311-------315
316-------320
321-----325
326------330
331-------335
336------340
341------350
351------355
356--------360
361----365
366------370
371-----380
381------390
391---------400
401------410
411--------420
421---------430
431-------440
🛑 Notice
PDF Link
1501-------1510
1511-----1515
1515------1520
1521-------1525
1526-------1530

151-------255

62 10 0
By KazunoMora

ဘာသာပြန်သူပြောတဲ့စကားတွေမဖျက်တော့ဘူးနော်
Eg. စာစဉ်အသစ်ဘယ်တော့ထွက်မယ် ဘာညာဘာညာပေါ့


လောကသုံးပါးသခင်
…………………………
Chapter 251:
         ဂုရူ တစ်ခုခု ဖြစ်ပြီလော

အကြီးအကဲရှန်က နိုင်ငံဆယ့်ခြောက်ခုနဲ့ လုံး၀ မနှိုင်းစာအပ်သော နောက်ခံ ရှိသော်ငြားလည်း မိုးကောင်းကင်ရဲ့ ဥပဒေသကို လေးစားပါတယ်။ အဲ့ဒါမို့ နတ်ဘုရားဟောကိန်းကို မယုံမကြည် သွားမလုပ်ရဲပါဘူး။

အဲ့ဒါကြောင့် ဂျန်ချန် အပေါ် သူ မျှော်မှန်းထားတာက အရမ်းကို မြင့်မားလွန်းနေတာပါ။ နိ်ုင်ငံဆယ့်ခြောက်ခု လုံးမှာ ဘယ်သူကမှ (၃) နှစ်ကနေ (၅) နှစ် အတွင်း ထွဋ်မြတ်မူလ နယ်ပယ်ချိုးဖောက် ၀င်ရောက်နိုင်ခြင်း မရှိနိုင်ပါဘူး။

အဲ့ဒါ အပထားဦး.. လျို့ဝှက်အဖွဲ့အစည်းတွေ အားလုံးပေါင်းရင်တောင်မှ ထွဋ်မြတ်မူလ အဆင့်က အရေအတွက် နည်းနည်းပဲရှိပါတယ်။

အောင်နိုင်ခြင်းကောင်းကင်နိုင်ငံက ဆရာသခင် ရီချောင်လုံတောင်မှပဲ စိတ်ဝိညာဉ်ထိပ်ဆုံးအဆင့် သာမန် စိတ်ဝိညာဉ်ဘုရင်ပဲ ရှိပါသေးတယ်။

စ်ိတ်ဝိညာဉ်ဘုရင်ဆိုတာက ထွဋ်မြတ်မူလ နယ်ပယ်ကို ချိုးဖောက်၀င်ရောင်နိုင်ဖို့ အဆင့်တစ်ခုပဲ လိုပါတယ်။ အဲ့ဒီ တစ်ဆင့်ကိုပဲ တစ်သက်လုံး မတက်နိုင်ကြတဲ့ ကျင့်ကြံသူတွေက ဒုနဲ့ဒေးပါ။

ဉာဏ်အလင်းတစ်ချို့သာ ပွင့်ပြီးသားဖြစ်ခဲ့ရင် သူတို့တွေကို ထွဋ်မြတ်မူလ တစ်ပိုင်း အဆင့်လို့ သတ်မှတ်နိ်ုင်ပေမယ့် တကယ်တမ်း သူတို့တွေက အမှန်တကယ် ထွဋ်မြတ်မူလ နယ်ပယ်ကို ချိုးဖောက် ၀င်ရောက်သွားတာမျိုး မဟုတ်ပါဘူး။

လေးစားစရာကောင်း လှပါတယ် ဆိုပြီး တစ်နိုင်ငံလုံး ကိုးကွယ်နေကြတဲ့ ပညာရှင် ရီချောင်လုံက ထွဋ်မြတ်မူလအဆင့်ကို မရောက်နိုင်သေးတာ ကာလကြာရှည်ခဲ့ပြီးသားမို့ ဂျန်ချန် ကို နှစ်တိုလေးအတွင်း ချိုးဖောက်၀င်ရောက်နိုင်ဖို့ မျှော်လင့်တာက ဂျန်ချန် အကြောင်း သူလေ့လာထားမိသလောက်နဲ့ ချိန်ထိုးထားတာပါ။ နောက်ပြီး ဟန်းအာ ဆိုတဲ့ မိန်းမလှလေး အခြေအနေ။

အဲ့ဒါကြောင့် အကြီးအကဲရှန်ရဲ့ အဆိုက အဓိပ္ပါယ်တော့ ရှိသလိုနှယ်ပါပဲ။

အကယ်၍ ဂျန်ချန်ကသာ သူတို့ရှာဖွေနေတဲ့ ပါရမီရှင်လေး ဖြစ်ခဲ့ရင် သူက သူ့ မျိုးဆက်မှာ အထွန်းတောက်ဆုံးတွေရဲ့ ထိပ်ဖြစ်ရမှာ မလွဲပါဘူး။

သမိုင်းမှာ မရှိခဲ့ဘူးဆိုတိုင်းလည်း မဖြစ်နိုင်ဘူးလို့ ဆိုလိုတာမှ မဟုတ်ဘဲ။ သူက ပထမဆုံး သမိုင်းတွင် မယ့် လူငယ်တစ်ယောက် ဖြစ်သွားနိုင်တယ်လေ။

သာမန် ကျင့်ကြံသူတွေ အတွက် အကန့်အသတ်တွေ ဆိုတာလည်း သူ့အတွက် အကန့်အသတ် ဖြစ်မှာ မဟုတ်ပါဘူး။

စစ်မှန်သော ပါရမီရှင်တွေက တူညီတဲ့ ပတ်၀န်းကျင်ကနေ မွေးဖွားလာကြတယ်ဆိုသော်ငြားလည်း ထိုထိုသော တူညီတဲ့ မျိုးဆက်လူငယ်တွေကြားမှာ ထိပ်ဆုံးကနေ ရပ်တည်ပြီး မတူညီတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်စွမ်းရှိသူကို ဆိုလိုပါတယ်။

ဒိုသိုင်းပညာကမ္ဘာမှာ လေ့ကျင့်သူတိုင်းက အဆင့်တူတူဆိုရင် ပါရမီ ဆိုတာ ဘယ်မှာ သွားအသုံး ကျပါတော့မလဲလေ။ အဲ့လို သူမတူတဲ့ အရည်အချင်း အစွမ်းသတ္တိမျိုး ရှိသူတွေကသာ ဒဏ္ဍာရီဆန်ဆန် ဖြစ်တည်ကြတာပါ။ ကျော်ကြားကြတာပါ။

အကြီးအကဲရှန်ရဲ့ အဆင့်အတန်းအရ သူ့ရဲ့ ကျင့်ကြံသူတွေအပေါ် စိစစ်အကဲဖြတ် စံသတ်မှတ်ခြင်းက နိုင်ငံ ဆယ့်ခြောက်ခုက သူတွေနဲ့ ကွဲပြားပါတယ်။

သူ့ မျက်လုံးထဲမှာ ရီချောင်လုံကတောင်မှ နိုင်ငံဆယ့်ခြောက်ခုထဲမှာမှ မဆိုးရုံ အနေအထားထဲပဲ ယိုင်နဲ့နဲ့ နဲ့ ၀င်ပါတယ်။

တကယ့် ကမ္ဘာမှာ လူငယ်ပါရမီရှင် မျိုးဆက်တွေကတောင် ဆရာသခင်ကို နှိပ်ကွက်နိုင်စွမ်းရှိကြပါတယ်။

ဒိုသိုင်းပညာလမ်းစဉ်က ခက်ခဲကြမ်းတမ်းလွန်းပါတယ်။

များသောအားဖြင့်တော့ ကျင့်ကြံသူတွေက နိမ့်ကျပြီးသာမန် နေရာမှာ မွေးဖွားလာခဲ့ကြပြီး နိမ့်ကျစွာပဲ သေဆုံးသွားကြရတာပါ။ ပါရမီ မရှိတာလည်းပါ အရင်းအမြစ်လည်း ရှားပါတာကြောင့် စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဒီလိုပဲ ဘ၀က အဆုံးသတ်ခဲ့ရတာပါ။

သူတို့ရဲ့ နိမ့်ကျတဲ့ မွေးဖွားခြင်း အခြေအနေမျိုးကနေ လွတ်မြောက်အောင် ရုန်းထွက်လာနိ်ုင်တဲ့ သူမျိုးတွေကတော့လည်း ပါရမီရှင်တွေရဲ့ ထိပ်သီး ထူးချွန်လွန်းသော ပါရမီရှင်တွေ ဖြစ်လာကြပါတယ်။

အကြီးအကဲရှန်က ဂျန်ချန်ရဲ့ လှုပ်ရှားဆောင်ရွက်ချက်တွေ အားလုံးကို အခုထိတိုင် သဘောအကျကြီး ကျနေဆဲပါ။

နိုင်ငံငယ်လေးမှာ မွေးဖွားလာတဲ့ ဂျန်ချန် မှာ ပြစ်ချက်ဆိုလို့ မတွေ့ရသလောက်ပါပဲ။

ဂျန်ချန်က ထူးခြားတဲ့ အသွင်အပြင်ရှိပြီး တစ်ဖက်သားကို လွှမ်းမိုးနိုင်တဲ့ အော်ရာနဲ့ အငွေ့အသက် ပိုင်ဆိုင်ထားပါတယ်။

အကြီးအကဲရှန်လို အဆင့်နဲ့တောင် မမြင်နိုင်သေးတဲ့ လျို့ဝှက်ဆန်းကျယ်မှု တစ်ချိုလည်း ရှိနေပါသေးတယ်။

ဒါကလည်း အကြီးအကဲရှန်ကို ပိုလို့ ပိုလို့ စိတ်၀င်စားမှု မြင့်တက်စေပါတယ်။ ဒီလူငယ်လေးမှာ ဘယ်လောက်တောင် ထူးခြားတဲ့ အရာတွေ ပြည့်နှက်နေသေးတာလဲ။

အနိမ့်ဆုံးပြောရရင် ဆေးဖော်စပ်နည်း အညွှန်းတွေ အများကြီး ရှိနေတာနဲ့တင်ကို သူ့ကို အကြီးအကျယ် အံ့အားသင့်စေဖို့ လုံလောက်ပါတယ်။ ဒီလို နိုင်ငံငယ်လေးက လူငယ်လေး တစ်ယောက်က အခုလောက် ကြီးကျယ်တဲ့ အရာတွေ လုပ်ပြနိုင်တာကိုက လွန်လွန်းနေပါပြီ။

…………………

ဂျန်ဂေဟာမှာ ရှိနေတဲ့ ဂျန်ချန်ကတော့ အဲ့ဒီ လျို့ဝှက်ဆန်းကျယ်တဲ့ မြေးအဘိုးနှစ်ယောက် ရှိနေတာကို တစ်စက်ကလေးမှတောင် သတိမထားမိပဲ အေးချမ်းစွာပဲ ရှိနေလေရဲ့။

သူ့ အလုပ်ကိုပဲ အာရုံစိုက်လို့ လေ့ကျင့်လိုက် ဆေးဖော်စပ်သန့်စင်လိုက်ပါပဲ။

လက်ရှိ သူ စုထားဆောင်းထားသမျှသော ဆေးအမယ်တွေက ရွှေတောင်ပံဓားငှက်တွေ အတွက် လုံလောက်ပါတယ်။

ဒီဓားငှက်တွေကိုသာ အဆင့်တက်အောင် လုပ်ပေးနိုင်ခဲ့ရင် ရွှေတောင်ပံဓားငှက်ဆိုတာ သူ့ ဝှက်ဖဲအသစ် တွေ ဖြစ်လာဦးမှာပါပဲ။

အခုလိုသာ ဖြစ်လာခဲ့မယ် ဆိုရင်တော့ သူ့ ရဲ့ အင်အားက တစ်ဆင့်မြင့်သွားခဲ့ပြီလို့ ဆိုနိုင်ပြီး မတော်တဆ ဖြစ်လာနိုင်တာတွေ အတွက် ဖြေရှင်းဖို့ အရာတစ်ခု ပေါ်လာခဲ့ပါပြီ။

အမှောင်ထဲက လက်တစ်စုံလို အဖွဲ့မျိုး နောက်ဆုံးတစ်ခေါက် ခြိမ်းခြောက်လာတာမှာ သူ အတော်လေး အကြပ်ရိုက်သွားခဲ့ရပြီး လက်အောက်ငယ်သား မလုံလောက်သေးဘူးလို့ စတင်ခံစားလာရစေပါတယ်။

ဒါကြောင့်ပဲ အခုလောက် လုံးပန်းနေရတာပါ။

ခုနစ်ရက် ကျော်သွားခဲ့ပါပြီ။

ဂျန်ချန် လည်း အတော်လေး ဂနာမငြိမ်ဖြစ်လာရပါတယ်။

ဓမ္မဓိဌာန်ကျကျ ပြောရရင် နဂါးစွယ်အစောင့်အကြပ်တပ်က စစ်သည်တွေက လက်ရွေးစင်တွေ ဖြစ်သလို အောင်နိုင်ခြင်းကောင်းကင်နိုင်ငံမှာ အတော်လေး ကျွမ်းကျင်တဲ့ထဲပါလေရဲ့။ ဒီတစ်ခေါက် ခရီးထွက်သွားတာမှာ ပြန်ရောက်ဖို့ သင့်ပါပြီ။

သာမန် အခြေအနေမျိုးမှာ ဘာပြဿနာမှ မကြုံရင် ငါးရက်က အသွားအပြန်အတွက် လုံလောက်ပါတယ်။

ခုနစ်ရက်ကြာတာတောင် ဂုရူနဲ့ အဖွဲ့တို့ ပြန်မရောက်ပုံထောက်တော့ နည်းနည်း ထူးဆန်းနေပါပြီ။

သူ့ အသိစိတ်က တစ်ခုခု မှားနေကြောင်း အချက်ပေးနေပါပြီ။ ဂုရူ ရဲ့ အကျင့်နဲ့ဆို ဒီကို အမြန်ဆုံး ပြန်ရောက်အောင် လောလာခဲ့မှာပါ။ တီယန်ရှောင် ဆိုရင်လည်း တည်ငြိမ်ပြီး တွေးခေါ်နိုင်စွမ်းကြီးမားတာမို့ ဘာမှ ဒုက္ခဖြစ်စရာ အကြောင်းမရှိပါဘူး။

အဲ့ဒါအပြင် အောင်နိုင်ခြင်းကောင်းကင်နိုင်ငံမှာ လက်ရှိအနေအထားမျိုးနဲ့ နဂါးစွယ်အစောင့်အကြပ်တပ်ကို ဘယ်သူကများ လာရန်စရဲလို့လဲ။

မြောက်ပိ်ုင်းနန်းတော် !!

မြောက်ပိုင်းနန်းတော် အကြောင်းတွေးလိုက်မိပေမယ့် နဂါးစွယ်အစောင့်အကြပ်တပ်ကို သတ်ဖြတ်တာ ရန်စတာက ပြင်းထန်ကြီးလေးတဲ့ ဒဏ်ထိမှာမို့ မလုပ်ရဲနိုင်ပါဘူး။

မြောက်ပိုင်းနန်းတော်ဆိုတာ အဖိုးတန်သစ်ပင်အဖွဲ့အစည်း နောက်ခံရှိသော်ငြားလည်း အခုလိုမျိုး နဂါးစွယ်အစောင့်အကြပ်တပ်ကို သွားကျူးလွန်ခဲ့ရင် သေချာပေါက်ကို အထိနာပါလိမ့်မယ်။ ဘာလို့ဆို သူတို့တွေက မှားခဲ့သည်ကိုး။

“ငါ ထပ်ပြီးစောင့်နေလို့ မဖြစ်တော့ဘူး။ တစ်ချက် သွားကြည့်ရလိမ့်မယ် ”
ဂျန်ချန် ထိုင်မနေနိုင်တော့ပါဘူး

ရွှေဖျက်ကြွက်ဘုရင်ကို ခေါ်ထုတ်လိုက်ပြီး ဂျန်ဂေဟာကနေ နယ်စပ်ကို ထွက်လာခဲ့ပါတယ်

ဒီတစ်ခေါက် သူ့ ကိုယ်ရံတော်ရှဏ်ယောက်ကို ခေါ်မသွားတော့ပါဘူး။

တီယန်ရှောင်နဲ့ ဂုရူ တို့လို စိတ်ဝိညာဉ်အဆင့် ပညာရှင်တွေတောင် ဒုက္ခရောက်သွားရတယ် ဆိုရင် သူ့ကိုယ်ရံတော်ရှစ်ယောက်ကို ခေါ်သွားခဲ့ရင်လည်း အသုံး၀င်မှာ မဟုတ်ပါဘူး။

ရွှေဖျက်ကြွက်တွေက မြေပြင်မှာ လှုပ်ရှားလိုက်ပါလာပြီး ဂျန်ချန်ကတော့ ရွှေတောင်ပံဓားငှက်ပေါ်ကနေ ပျံသန်းထွက်ခွာပါတယ်။

ရွှေတောင်ပံဓားငှက်တွေက ခရီးတိုအတွက် အရမ်းကို လျှင်မြန်ပြီး ပြိုင်ဘက်ကင်းလွန်းလှပါတယ်။ ကောင်းလွန်းတဲ့ ဆေးတွေ တိုက်ကျွေးထားတော့ သူ မြို့တော်ကို ခေါ်လာတဲ့ ရွှေတောင်ပံဓားငှက်တွေက စိတ်ဝိညာဉ်အဆင့်ကို ချိုးဖောက် ၀င်ရောက်သွားဖို့ တည်းတည်းလေးပဲ လိုပါတော့တယ်။ ဒါကြောင့် အမြန်နှုန်းကတော့ အံ့မခန်းပါပဲ။

အချိန်ကို အကောင်းဆုံးချုံ့နိုင်ဖို့ ဂျန်ချန် အရှိန်ကို အမြင့်ဆုံး မြှင့်လိုက်ပါတယ်။ ခရီးထွက်ခဲ့တဲ့ တစ်လျောက်မှာ အမြန်ဆုံးပါပဲ။

ချင်ယန်တောင်ကြားချိုင့်ဝှမ်းကို ဖြတ်ကျော်ရင်း နှစ်နာရီလောက် မနားတမ်း ပျံသန်းပြီးတဲ့နောက်မှာ မြောက်ပိုင်းနန်းတော် နယ်မြေကို ၀င်ရောက်လာခဲ့ပါပြီ။

နယ်စပ်ကို ရောက်လာတာနဲ့ ဘာတွေ စဖြစ်လာလဲဆိုတာကို အသေးစိတ်စတင် လေ့လာစစ်ဆေးပါတော့တယ်။

ဒီအချိန်မှာ မြောက်ပိုင်းနန်းတော်က တစ်စုံတစ်ယောက်ကသာ သူ့ကို လာနှောက်ယှက်ခဲ့ရင် ရန်ငြိုးဟောင်းရော အသစ်ရော ပေါင်းပြီး ခြေမွပစ်မိမှာပါပဲ။

လမ်းတစ်လျောက်လုံးမှာ ဘာအနှောက်အယှက်မှ မတွေ့ရတာ ကောင်းတယ်ဆိုပေမယ့် ဒါကကိုပဲ သူ့ကို အံ့အားသင့်စေရပြန်ပါတယ်။

တကယ်ဆို မြောက်ပိုင်းနန်းတော်က လူလိမ္မာလေးတွေမှ မဟုတ်ဘဲ ဓားပြမှု ၊ လုယက်မှုတွေနဲ့ ရမ်းရမ်းကားကား ပြုမူလို့ ထင်ရှားနေတဲ့ သူတွေက သူ့ ခရီးစဉ်တစ်လျောက်လုံး ငြိမ်သက်ပြီး လူမှားးပြီး ရန်ပြုတာမျိုး တစ်ပါးသူကို နှောက်ယှက်တာမျိုး တစ်စုံတစ်ရာတောင် မတွေ့ရတာ မဆန်းကျယ်လွန်းဘူးလား။

တိုက်ပွဲဖြစ်တဲ့ လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရတဲ့ အပြင် လူတစ်ဦးတစ်ယောက်ရဲ့ အရိပ်အယောင် တောင် မတွေ့ရပါဘူး။

သူထားခဲ့တဲ့ ထောင်ချီသော ရွှေတောင်ပံ ဓားငှက်တွေဆိုလည်း အငွေ့အသက်လေးတောင် မတွေ့ရပါဘူးလေ။ ဂုရူနဲ့ တီယန်ရှောင် တို့တစ်တွေ ကလည်း သဲလွန်စ တစ်စုံတစ်ရာတောင် မတွေ့ရဘဲ ပျောက်ကွယ်နေလေရဲ့။

“တစ်ခုခုတော့ ဆိုးဆိုးရွားရွားကို မှားနေပြီ ”
ဂျန်ချန် နတ်ဘုရားမျက်လုံးကို အမြင့်ဆုံးသုံးလို့ အရပ်မျက်နှာစုံ ကြည့်လိုက်ပါတယ်။ ချိုင့်ဝှမ်းတစ်ခုလုံး လူသား အရိပ်အယောင် မတွေ့ရပါဘူးလေ။

“ဒီအောင်နိုင်ခြင်းကောင်းကင်နိုင်ငံက မငြိမ်းချမ်းတဲ့ နယ်မြေတစ်ခုမှန်း သိသိကြီးနဲ့ ငါကလည်း ဂုရူကို လွှတ်လိုက်မိသေးတယ် ကျွတ်.. ”
ဂျန်ချန် တစ်ယောက် တီယန်ရှောင်နဲ့ ဂုရူတို့တစ်တွေကို လွှတ်လိုက်မိတာ နောင်တရချင်သလိုလို ရှိလာရပါတယ်

တီယန်ရှောင်က ဗိုလ်ချုပ်တစ်ယောက်မို့ အောင်နိုင်ခြင်းကောင်းကင်နိုင်ငံမှာ တစ်ချို့သော မဖြေရှင်းနိုင်တဲ့ အရာမရှိနိုင်ဘူးလို့ တွေးဆခဲ့မိပါတယ်

နယ်စပ်မှာ နဂါးစွယ်အစောင့်အကြပ်ကို မကြောက်တဲ့ တစ်စုံတစ်ယောက် ရှိနေလိမ့်မယ်လို့တော့ မတွက်ဆခဲ့မိပါဘူး။ သူ ခေါင်းခဲသွားရပါပြီ။

ကျားခေါင်းကို လာပုတ်ရဲတဲ့ သူတွေ ရှိနေခဲ့ပြီလေ။

ဂျန်ချန် လည်း လက်မလျှော့စတမ်း လီ(၁၀၀) အ၀န်းအဝိုင်း သတ်မှတ်လို့ နယ်မြေကို ချုံ့ပြီး စေ့စေ့စပ်စပ် ရှာဖွေပါတယ် ဒါပေမယ့် နာရီ အနည်းငယ်သာ ကြာသွားတယ် အချည်းနှီးပါပဲ။

ဒီ ဧရိယာကတောင် ရှာဖွေဖို့ အတော်ကြာနေတာ။ နယ်မြေ ကျယ်၀န်းလာလေ ရှာဖွေဖို့ ကြာချိန် ပိုလာသလို ရှာဖွေရလည်း ပိုလို့ခက်ခဲလာပါလိမ့်မယ်။

သူ ခေါင်းခြောက်နေစဉ်မှာပဲ ရွှေဖျက်ကြွက်အုပ်ကြီးက ရွှေဖျက်ကြွက်ဘုရင်ရဲ့ ခေါင်းဆောင်မှု နဲ့ရောက်လာပါပြီ။

ရွှေဖျက်ကြွက်တွေရဲ့ အင်အားကြောင့် သူတို့တွေ ရှာဖွေနိုင်တဲ့ နယ်မြေက ပိုကျယ်ပြောလာခဲ့ပါတယ်။

ဂျန်ချန် ရွှေဖျက်ကြွက်ဘုရင်ကို ခေါ်လိုက်ပြီး
“ကြွက်ဘုရင်ကြီး.. မြောက်ပိုင်းနန်းတော် နယ်မြေထဲကို ကျုပ်က စေ့စေ့စပ်စပ် ပေါ်တင်သွားရှာဖွေလို့ မရဘူး။ ဒီကိစ္စက သူတို့နဲ့မဆိုင်ဘူးဆိုရင်တောင် နည်းနည်းတော့ ပါ၀င်ပတ်သက်လိမ့်မယ်။ ခင်ဗျားနဲ့ ကျွန်တော် သူတို့ မြောက်ပိုင်းနန်းတော် အတွင်းပိုင်းကို စေ့စေ့စပ်စပ်လေး သွားစစ်ဆေးကြတာပေါ့ ”

မြေအောက်ကသာ မသွားခဲ့ရင် မြောက်ပိုင်းနန်းတော်ရဲ့ အဓိက နေရာတွေကို ၀င်ရောက်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။

ဂျန်ချန်ကသာ အခုလို မစီစဉ်ခဲ့ရင်ဖြင့် သူတို့တွေ ပြထားတဲ့ တံခါးကိုပဲ မြင်နိုင်ပါလိမ့်မယ်။ အတွင်းပိ်ုင်းထဲထိတော့ ရောက်ဖို့ မလွယ်ကူလှပါဘူးလေ။

ရွှေဖျက်ကြွက်ဘုရင်ကြီးက ဒီစစ်ဆင်ရေးနဲ့ လုံး၀ သင့်လျော်ပါတယ်။

သူတို့တွေက အသံတိတ် စစ်ဆင်ရေးသဏ္ဍာန်နဲ့ မြောက်ပိုင်းနန်းတော် အတွင်းပိုင်းထဲထိ ၀င်ရောက် စစ်ဆေးနိုင်ပါလိမ့်မယ်။

နောက်ဆုံး အကြိမ်တုန်းက ဂျန်ချန်က ရွှေဖျက်ကြွက်ဘုရင်ကို အသုံးပြုလို့ ယန်ဂျောင်နဲ့ လူဝူဂျီ တို့ရဲ့ အထောက်အထားတွေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ အခုတစ်ခေါက်မှာလည်း တူညီတဲ့ ပုံစံကို ခင်းလိုက်တာပါ။

အကယ်၍ မြောက်ပိုင်းနန်းတော်ကသာ တစ်ခုခု သွယ်ဝိုက်ပတ်သက်နေတာ သိလာခဲ့ရင် ဂျန်ချန်က နည်းနည်းလေးမှ မဆိုင်းဘဲ သတ်ဖြတ်ပြီး အကြွေးဆပ်ရပါလိမ့်မယ်။

ရွှေဖျက်ကြွက်မျိုးနွယ်စုက အများတကာနဲ့ မတူပဲ ပြိုင်ဘက်ကင်း အားသာချက်တွေကို ပိုင်ဆိုင်ထားပါတယ်။ မြေပြင်ကို တူးဆွတယ်ဆိုတာ သူတို့တွေ အတွက် ထမင်းစား ရေသောက်သလောက်ကို လွယ်ကူလွန်းတာပါပဲ။ ဒါကြောင့် ခဏချင်းနဲ့မြောက်ပိုင်းနန်းတော် ဗဟိုလေကျင့်ရေးစခန်းထဲထိ ရောက်သွားပါပြီ။

မြောက်ပိုင်းနန်းတော် အတွင်းပိုင်းထဲမှာလည်း ဘာမှ ပုံမှန်မဟုတ်တာ မတွေ့ရပါဘူး။

သာမန် တပည့်တွေက ပုံမှန် လေ့ကျင့်ရေး ဆင်းနေကြပါတယ်။

“ဒီသာမန် ကျင့်ကြံသူတွေက ပါ၀င်ပတ်သက်ဖို့ အဆင့်မမှီဘူး။ ကြွက်ဘုရင်ကြီး တစ်ခြား ပါရမီရှင် လူငယ်သုံးယောက်ဘက် သွားကြတာပေါ့။ သူတို့နဲ့လည်း မပတ်သက်ဘူဆိုရင် ငါတို့ လျူချန်းဖန် ကိုပဲ စစ်ဆေးဖို့ လိုတော့မယ် ”
ဂျန်ချန်က ရွှေဖျက်ကြွက်ဘုရင်ကို တိုးညှဉ်းစွာ ပြောလိုက်ပါတယ်။

ရွှေဖျက်ကြွက်ဘုရင်က ဂျန်ချန် ပြောသမျှကို အကြွင်းမဲ့ နားလည် လက်ခံယုံကြည်ပါတယ်။

သို့ပေတည့်လည်း ပါရမီရှင် သုံးယောက်ဆိုတာက အမြဲတမ်း တပူးတွဲတွဲ ရှိနေနိုင်တာမှ မဟုတ်ဘဲ။ ဂျန်ချန် တစ်ယောက် ဦးစွာပဏာမ အနေနဲ့ ရှောင်ယုကို အတွင်းပိုင်းခြံ၀န်းမှာ ရှာတွေ့ခဲ့ပါတယ်။

ရှောင်ယုက တောင်းရမ်းလက်ထပ်ဖို့ အသွားမှာ အရှုံးနဲ့ လှည့်ပြန်လာရတာကို ခံစားနေရပုံ ပေါ်ပြီး ဓားတစ်လက်နဲ့ လေ့ကျင့်ဖော် ပစ်မှတ်တွေ အားလုံးကို ဒေါသတကြီး ချေမွဖျက်ဆီးပစ်နေပါတယ်။ ဓားချက်တိုင်းက ရက်စက်ကြမ်းတမ်းပြီး အရာခပ်သိမ်း ခြေမွနိုင်စွမ်း ရှိပုံပါပဲ။

“စီနီယာ အစ်ကို ရှောင်.. ဆရာက ခေါ်ခိုင်းလိုက်ပါတယ် ခင်ဗျ ”
တပည့်တစ်ယောက်က မ၀င့်မရဲနဲ့ ရူးသွပ်ပုံပေါ်နေသူ ရှောင်ယုကို လှမ်းအော်ပြောပါတယ်။

ရှောင်ယု ရဲ့ ခံစားချက်တွေက ရှုပ်ထွေးနေပေမယ့် သတိတော့ ရှိသေးပုံရပါတယ်။ သူ့ နှဖူးထက်က ချွေးတွေကို သုတ်လိုက်ပြီး အေးစက်စွာနဲ့။
“ဘာကိစ္စလဲ ”

“ကျွန်တော်.. ကျွန်တော် လည်း မ မသိ ပါ ဘူး။ ဆရာက အဖိုးတန် သစ်ပင်အဖွဲ့အစည်းကလူတွေ ရောက်နေတယ်လို့ ပြောသံ ကြားမိတာပဲ ခင်ဗျ ”
ရှောင်ယုကို ကြောက်ရွံ့ရွံ့ ကြည့်ရင်း တပည့်ဖြစ်သူက ဆိုပါတယ်

ရှောင်ယုရဲ့ မျက်၀န်းတွေ တောက်ပလာခဲ့ပါပြီ
“ကောင်းတယ်.. အဖွဲ့အစည်းက စီနီယာတွေ နောက်ဆုံးတော့ ရောက်လာပြီပဲ။ အချိန်က အခုချိန်မှာ အရမ်းကို တန်ဖိုးကြီးတယ်။ ဒါက သိပ်နောက်မကျသေးဖို့ မျှော်လင့်ပါတယ် ”

......................................................................

လောကသုံးပါးသခင်
…………………………
Chapter 252:
        ခရမ်းရောင်နေ အဖွဲ့အစည်း ပေါ်လာပြီ

“ကြွက်ဘုရင်.. ရှောင်ယုနောက် လိုက်ကြမယ် ”
ဂျန်ချန် အရေးကြီးဟန်နဲ့အမိန့်ပေးပါတယ်

သူတို့တွေက မြေအောက်ကနေ လှုပ်ရှားနေကြပေမယ့် ကြွက်ဘုရင် အစွမ်းကြောင့် သူတို့တွေ သက်သက် သာသာပဲ ရှောင်ယု သွားရာကို လိုက်ပါနိုင်ပါတယ်

“ယုအာ.. လာ လာ မင်း စီနီယာ အစ်ကိုတွေကို နှုတ်ဆက်လိုက်ဦး ”
လျူချန်းဖန် အသံက မြေပြင်ထက်ကနေ ထွက်ပေါ်လာပါတယ်

ရှောင်ယု လည်း အမြန်၀င်လာပြီး
“ဂျီနီယာ ညီငယ် ရှောင်ယုက စီနီယာအစ်ကိုတွေကို ဂါရဝပြုပါတယ် ”

“အင်း.. မင်းက ရှောင်ယုလား။ မဆိုးဘူး ”
တိုးညှဉ်းတဲ့ အသံတစ်ချက် လွင့်လာပါတယ်

လျူချန်းဖန်က အဲ့ဒီ အသံပိုင်ရှင်ကို တလေးတစား ရှိနေတာ သိသိသာသာပါပဲ
“ယုအာ.. ဒါက ဂျောင်ရီ.. စီနီယာအစ်ကို ဂျောင်က အကြီးအကဲ သံမဏိရဲ့ လက်ရင်း တပည့် တစ်ယောက်ပဲ။ သူက အခုမှ အသက် (၃၀) တောင်မပြည့်သေးဘူး မြေကမ္ဘာစိတ်ဝိညာဉ်နယ်ပယ်ကို ရောက်နေပြီ။ သူ့ အနာဂါတ်က အကန့်အသတ်မဲ့ပဲ။ နောင်မှာ မင်း စီနီယာ အစ်ကိုရဲ့ စကားကို တစ်သွေမတိမ်းနားထောင်ပါ ”

တစ်ဖက်လူက သူ့ထက်လည်း ငယ်သေးတယ် မြေကမ္ဘာစိတ်ဝိညာဉ်နယ်ပယ်ကို ရောက်နေပြီဆိုတော့ ခြောက်ခြားစိတ်ကြောင့် တုန်ခါသွားရင်း တရိုတသေ အမူအရာ ပြောင်းသွားပါတယ်
“စီနီယာ အစ်ကို ဂျောင်ရဲ့ ပါရမီက ညီလေးကို အံ့အားသင့်တာထက်တောင် ပိုစေတာပဲ ခင်ဗျ။ ကျွန်တော်ဆို သာမန်နိုင်ငံငယ်လေးမှာ လေ့ကျင့်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ထူးချွန်လှပြီ အောက်မေ့နေတော တစ်ချို့တွေက ပါရမီရှင် လုိ့ ခေါင်းစဉ်တပ်ကြတဲ့အပေါ် သာယာနေလိုက်တာများ။ အခုမှ ရေတွင်းထဲက ဖားလေး တစ်ကောင် ဖြစ်မှန်းမသိ ဖြစ်နေမှန်း သဘောပေါက်သွားတော့တယ်။ စီနီယာ အစ်ကိုဂျောင် က မှ တကယ့် ပါရမီရှင် ဆိုတဲ့ ခေါင်းစဉ်တပ်သင့်တာ ”

လျူချန်းဖန်က ဒီစကားတွေနဲ့ ပတ်သက်လို့ နည်းနည်း အလိုမကျ ဖြစ်မိပေမယ့် အတော်လေး ဂုဏ်ယူနေပါတယ်။ ရှောင်ယုက သတို့သမီး သွားတောင်းရာကနေ ပြန်လာကတည်းက စိတ်ပိုင်းဆိ်ုင်ရာ အခြေအနေ မကောင်းခဲ့ပါဘူး။ အခုကြည့်ရတာ နည်းနည်းတော့ နလန် ပြန်ထလာသလိုပါ။

အနည်းဆုံးတော့ သူ့ အသံက အတော်လေး ချောမွေ့နေခဲ့ပါပြီ။ အရင် ရှောင်ယု ပုံစံဆို အခုလို စကားမျိုး ပြောဖို့ ဝေးလို့ မာန တစ်ခွဲသားနဲ့ နေပါလိမ့်မယ်။

အခုတော့ ကြည့်ရတာ ရှောင်ယု ရင့်ကျက်လာပြီလို့ ဆိုနိုင်ပါတယ်။

လျူချန်းဖန်က ဒီ တပည့်လေးအပေါ် အားအထားဆုံးဖြစ်ပြီး တိုးတက်စေချင်တာပါ။

ရှောင်ယု ရဲ့ စကားလုံးတွေက ပစ်မှတ်ကို တည့်တည့်ထိသွားပုံရပါတယ်။ သူက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး မြှောက်ပေးခြင်းလည်း မမည်အောင် နှိုင်းယှဉ်ပြီး ပြောခဲ့တာမို့ ဂျောင်ရီ လို အေးစက်စက်နဲ့ လူတောင် ပြုံးတုံးတုံး ဖြစ်လာပါတယ်
“ရှောင်ယု .. မင်းတို့ မြောက်ပိုင်းနန်းတော်ကလည်း ငါ့ ဆရာရဲ့ လူယုံတွေထဲက တစ်ခုပဲဟာ။ မိသားစု တစ်ခုတည်းလို့တောင် ပြောလို့ရတယ်။ အခုလောက်ကြီး ယဉ်ကျေးနေစရာ မလိုဘူး။ ဆရာက ဒီတစ်ခေါက် လျို့ဝှက်ပေးပို့တဲ့ သတင်းရလို့ ငါတို့အဖွဲ့ကို ဒီနေရာ ချက်ချင်းသွားဆိုပြီး လွှတ်လိုက်တာ။ ဘယ်လို လုပ်ငန်းကြီးမျိုးမို့ မြောက်ပိုင်းနန်းတော်တောင် မကိုင်တွယ်ရဲရတာလဲ ”

လျူချန်းဖန် လည်း ချွေးတစ်ချို့သုတ်ပြီး
“ကျုပ်အနောက်မှာ အဖွဲ့အစည်းက အကြီးအကဲတွေ ရှိနေမယ်လို့ ထည့်တွက်ထားလို့သာပေါ့။ မဟုတ်ရင် ဒီဆုံးဖြတ်ချက်ချဖို့ ရဲမှာမဟုတ်ဘူး။ အဖြစ်က ဒီလို.. နဂါးစွယ်အစောင့်အကြပ်တပ်က တီယန်ရှောင်နဲ့ အမျိုးသမီးတစ်ယောက်တို့ နယ်စပ်ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရောက်လာတယ်။ အဲ့ဒါနဲ့ သူတို့နောက်ကို လူတစ်ချို့လွှတ်ပြီး တိတ်တိတ်လေး လိုက်ခိုင်းတော့ ဘာတွေ့ရတယ် ထင်လဲ။ မော်တယ်ထိပ်ဆုံးအဆင့် ရွှေတောင်ပံဓားငှက် ထောင်ဂဏန်းလောက်ကို တွေ့လိုက်ရတာဗျို့ ”

“မော်တယ်ထိပ်ဆုံးအဆင့် !! ထောင်ဂဏန်းတောင် !! ”
ဂျောင်ရီ အသံ လှိုက်ခါသွားပါတယ်

“အမှန်ပဲ.. မော်တယ်ထိပ်ဆုံးအဆင့် မျိုးကောင်းမျိုးသန့်တွေ။ အဲ့ကောင်တွေက ကျုပ်တို့ဆီမှာ ရှိတဲ့ အဝါရောင်လင်းဒ ငှက်တွေထက်ရော နဂါးစွယ်အစောင့်အကြပ်တပ်က နဂါးငယ်တွေ ထက်ပါ အများကြီး အရည်အသွေးကောင်းတယ်။ အဲ့ဒါထက် ကျုပ် မြောက်ပိုင်းနန်းတော်မှာ နေလာတာ ကြာပြီ အခုလောက် များပြားတဲ့ အရေအတွက်မျိုး တစ်ခါမှ မမြင်ဖူးခဲ့ဘူး ”

အဝါရောင်လင်းဒ တွေက ငွေတောင်ပံဓားငှက်တွေနဲ့ အဆင့်တူတူပါပဲ။ ဒါပေမယ့် သူတို့တွေကို ပြုစုပျိုး ထောင်ဖို့အတွက် စိတ်ရောကိုယ်ပါ နှစ်မြုတ်ပြီး အပင်ပန်းခံ ရပါတယ်။

ပထမ အကြိမ် ဂျန်ချန်တို့ မြောက်ပိုင်းနန်းတော် ပိုက်နက်ကနေ ဖြတ်သွားတော့ အယောင်ဆောင် နှစ်ယောက်က သူတို့ အစီးအနင်း နှစ်ကောင်ကို ခိုးသွားလို့ လိုက်ဖမ်းကြတဲ့ အချိန်ပါ။ အဲ့ လူလိမ်တွေက နဂါးစွယ်အစောင့်အကြပ် အသွင်ယူပြီး မြောက်ပိုင်းနန်းတော် တပည့်တွေ ထိန်းသိမ်းထားတဲ့ လင်းဒ နှစ်ကောင်ကို ယူပြီး ထွက်သွားကြတာမို့ လိုက်ကြရင်း ဂျန်ချန် တို့ တစ်တွေနဲ့ တွေ့တာလေ။

သူတို့တွေက ဂျန်ချန်နဲ့ အဖွဲ့ စီးနင်းလာတဲ့ ရွှေတောင်ပံဓားငှက်တွေကို မြင်တာနဲ့ တစ်ခြား အရာတွေ မေ့လို့ ရယူအပိုင်စီးချင်စိတ်တွေပဲ ပြည့်နှက်လာပါတယ်။

ဒါကြောင့်ပဲ မြောက်ပိုင်းနန်းတော်နဲ့ ဂျန်ချန် တို့ အကြား ရန်ငြိုးတစ်ခု ပေါ်ပေါက်လာရတာပါ။

သူတို့ အဝါရောင် လင်းဒ ငှက်တွေက မွေးမြူရတာ အရမ်းကို ခက်ခဲလွန်းပါတယ်။

အခုလို သူတို့ အစီးအနင်းတွေထက် အများကြီး အရည်အသွေးပိုကောင်းတဲ့ စိတ်ဝိညာဉ်သားရဲတွေ ထောင်ကျော်တာကို မြင်တာမို့ မြောက်ပိုင်းနန်းတော် သွေးတွေပွက်ပွက်ဆူလာပြီး ဘာဆက်လုပ်ရမယ် မသိလောက်အောင် လမ်းပျောက်သွားရပါတယ်။

ဒါတွေက ဂျန်ချန်နဲ့ ပတ်သက်နေတာ သိပေတည့်လည်း လောဘကြောင့် စွန့်စားဖို့ ဆုံးဖြတ် လိုက်ရပါတယ်။

နောက်တစ်ချက်ရှိတာက ဂျန်ချန်နဲ့ သူတို့ နန်းတော် အကြားမှာ မပြေနိုင်တဲ့ ရန်ငြိုးတွေလည်း ရှိနေပြီးသားဆိုမှတော့ ထပ်တိုးလို့လည်း သိပ်မထူးခြားနိုင်တော့ပါဘူး။

လျူချန်းဖန်က မြောက်ပိုင်းနန်းတော်ရဲ့ အင်အားကို ကောင်းကောင်းကြီး သုံးသပ်မိပါတယ်။ သူတို့တွေ ဘယ်နည်းနဲ့မှ ဂျန်ချန် နဲ့ ထိပ်တိုက် ရင်ဆိုင်နိုင်ခြင်း မရှိပါဘူး။

ဒါကြောင့် အကြီးအကဲ သံမဏိဆီ သတင်းပို့လို့ အရေးပေါ် ညွှန်ကြားချက်တွေ စောင့်ဆိုင်းခဲ့ပါတယ်။

တကယ်လို့ အဖွဲ့အစည်းကသာ အထောက်အပံ့ပေးနိုင်ခဲ့ရင် လျူချန်းဖန်က ဂျန်ချန်ကော နဂါးစွယ်အစောင့်အကြပ်တပ်ကော ဂရုစိုက်နေမှာ မဟုတ်ပါဘူး။

လျူချန်းဖန်ရဲ့ စကားတွေကို ကြားလိုက်တာနဲ့ ဂျောင်ရီ ဆံပင်တွေတောင် ထောင်ထလာသလိုပါ
“သူတို့တွေက တကယ်ပဲ မော်တယ် ထိပ်ဆုံးအဆင့်ဆိုရင် တိုက်ပွဲ၀င်စွမ်းအားက စစ်မှန်သော ချီဆရာသခင် တစ်ယောက်နဲ့ အတူတူပဲ။ လူသား ကျင့်ကြံသူတွေက မရှားပါးဘူး။ ဒါပေမယ့် စိတ်ဝိညာဉ် သားရဲကတော့ မတူတော့ဘူး။ နန်းတော်ခေါင်းဆောင် လျူ ဒီတစ်ခေါက် ခင်ဗျား အများကြီး စွမ်းဆောင်နိုင်ခဲ့တာပဲ ”

ဂျောင်ရီ ရဲ့ အခုလို ချီးမွမ်းစကားးဆိုခြင်းက လျူချန်းဖန် ကို အတော်လေး ပျော်ရွှင်သွားစေပါတယ်
“မဟုတ်တာ.. ကျွန်တော်တို့က အကြီးအကဲ သံမဏိ အတွက် လုပ်နေကြတာပဲ။ ကျုပ်က သူ့အတွက်ဆို နည်းနည်းလေးမှတောင် စောဒက မတက်ဘဲ လုပ်ပေးမယ့် သူပါ ”

“အင်း.. ဒါဆို စိတ်ဝိညာဉ်သားရဲတွေက ဘယ်မှာလဲ ”
ဂျောင်ရီ မေးမြန်းပါတယ်

မြေပြင်အောက်ခြေမှာ ရှိနေတဲ့ ဂျန်ချန် က ဇက်ပါနား အစွမ်းကို အဆုံးစွန်ထိ သုံးပြီး စကားတစ်ခွန်း တစ်လေ လွတ်ထွက်သွားမှာကိုတောင် အသေအလဲ စိုးရိမ်တကြီးနဲ့ နားထောင်နေပါတယ်။ တစ်လျောက်လုံးမှာ သူ ဒေါသတွေ အကြီးအကျယ် ထွက်နေခဲ့တာပါ။ ဒါတွေ အားလုံးက မြောက်ပိုင်း နန်းတော်နဲ့ လုံးလုံး မသက်ဆိုင်နိုင်ဘူးလို့ ထင်မှတ်ထားခဲ့တာ မှားသွားတာပဲ။

မြောက်ပိုင်းနန်းတော်က လောဘတက်ရဲတယ်ပေါ့လေ။

လျူချန်းဖန် သက်ပြင်းချလိုက်ပါတယ်
“ကျုပ် သူတို့ကို ကိုယ့်နယ်ထဲမှာပဲ ခြုံခိုတိုက်ခိုက်ခဲ့ရတယ်။ တီယန်ရှောင် က လူတွေ အများကြီး မခေါ် လာဘဲ မိန်းမ တစ်ယောက်နဲ့ အတူလာတာမို့ တော်သွားတယ်။ သူတို့ကို အေးအေးသက်သာ တိုက်ခိုက် နိုင်နေတဲ့အချိန်ကျမှ မမျှော်လင့်ဘဲ ကြီးမားတဲ့ မတော်တဆ ဖြစ်ရပ် တစ်ခု ဖြစ်သွားခဲ့တယ် ”

ကြီးမားတဲ့ မတော်တဆ ဖြစ်ရပ်

ဂျောင်ရီက စိတ်လှုပ်ရှားသွားသလို အမောင် ဂျန်ချန် လည်း တုန်တက်သွားပါတယ်

ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ

“ဘာဖြစ်ခဲ့တာလဲ.. မြန်မြန် ပြောစမ်း ”

“ကျုပ် နန်းတော်က တပည့်တွေက သူတို့ကို လမ်းတစ်လျှောက်လုံး သေချာ စောင့်ကြည့်နေတာ။ သူတို့ အပြန်မှာ ခြုံခိုတိုက်ခိုက်မယ်ပေါ့။ အဲ့လို အရှေ့ကို မဲနေတုန်းမှာ အနောက်က အန္တရာယ်ကို မေ့သွားခဲ့တယ်။ ဖြစ်လာနိုင်တာကို ကြိုမစဉ်းစားခဲ့မိဘူး။ တီယန်ရှောင် တို့တွေ အပြန်လမ်းမှာ ကျုပ်တို့ အရင် တစ်ခြား အဖွဲ့တစ်ခုက လက်ဦးမှု ရယူပြီး တိ်ုက်ခိုက်သွားခဲ့တယ် ”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းက လွဲလို့ အောင်နိုင်ခြင်းကောင်းကင်နိုင်ငံရဲ့ နဂါးစွယ်အစောင့်အကြပ် တပ်ကို ဘယ်သူကများ အခုလို လုပ်ရဲမှာလဲ ”
ဂျောင်ရီ အတွက် ယုံကြည်ဖို့ ခဲယဉ်းနေခဲ့ပါတယ်

“သူတို့တွေက အောင်နိုင်ခြင်းကောင်းကင်နိုင်ငံက မဟုတ်ဘူး။ ဓားငှက်တွေ ပြည့်နှက်နေတဲ့ တောင်ကြား ချိုင့်ဝှမ်းက ကျုပ်တို့ နိုင်ငံရဲ့ နယ်နိမိတ်ထဲ မပါဘူး။ ဒါက အိမ်နီးချင်း ယန်မန် နိုင်ငံ နယ်နိမိတ်ထဲမှာ ပါတယ်။ ခင်ဗျားလည်း သိသားနဲ့ ယန်မန် နိ်ုင်ငံက ကျုပ်တို့နိ်ုင်ငံနဲ့ သိပ် အစေးကပ်လှတာ မဟုတ်ဘူး။ နောက်ပြီး သူတို့တွေက ခရမ်းရောင်နေ အဖွဲ့အစည်း ကာကွယ်မှု အောက်မှာ ရှိတာမို့ တီယန်ရှောင် တို့ တစ်တွေကို ရဲရဲကြီး ဖမ်းခေါ်သွားနိုင်ကြတာ ခရမ်းရောင်နေ အဖွဲ့အစည်းက တပည့်တွေပဲ ဖြစ်ရမယ် ”

“ခရမ်းရောင်နေ အဖွဲ့အစည်း!! ”
ဂျောင်ရီ ရဲ့ နှဖူးက တွန့်ကွေးလို့ သွားပါပြီ။
“သူတို့တွေ ၀င်ပါလာတာပေါ့ ”

“ဟုတ်တယ်.. ကြည့်ရတာ ထောင်ဂဏန်းလောက်ရှိတဲ့ စိတ်ဝိညာဉ်သားရဲတွေကြောင့် သူတို့တွေလည်း တောင့်မခံနိုင်ရှာဘူးထင်တယ်။ ”
လျူချန်းဖန် သက်ပြင်း တစ်ချက်ချရင်း
“ကျုပ် အစွမ်းက သေးနုပ်နုပ်မို့ အကြီးအကဲ သံမဏိ ဆီ အကူအညီ တောင်းလိုက်ရတာ ”

“ခရမ်းရောင်နေ အဖွဲ့အစည်းက စိတ်ဝိညာဉ်သားရဲတွေ ရသွားပြီပေါ့ ”

“မရသေးဘူး.. မရသေးဘူး ”
လျူချန်းဖန် အလျင်စလို ပြောပါတယ်
“ခရမ်းရောင်နေ အဖွဲ့အစည်းက တကယ့်ကို အင်အားကောင်းတယ်။ တစ်ချို့ တပည့်တွေဆို မြေကမ္ဘာ စိတ်ဝိညာဉ်နယ်ပယ် တောင် ရောက်နေပြီ။ တစ်ချို့က ကနဦးစိတ်ဝိညာဉ်နယ်ပယ်ကို ရောက်နေပြီ။ သူတို့တွေက အင်အားကောင်းပေမယ့် တီယန်ရှောင် တို့တွေဘက်မှာလည်း အားကောင်းတဲ့ စိတ်ဝိညာဉ် သားရဲအုပ်ကြီး ရှိနေတာကြောင့် သရေပွဲပဲ။ ခရမ်းရောင်နေ အဖွဲ့အစည်းကလည်း သိသိသာသာပဲ စိတ်ဝိညာဉ်သားရဲတွေကို ထိခိုက်စေချင်ပုံ မရဘူး။ အဲ့ဒါကြောင့်လည်း သရေပွဲ ဖြစ်တာ ”

“သေရပြဲ !! ”
ဂျောင်ရီက ရီမောလိုက်ပါတယ်
“အဲ့ဒါကောင်းတယ်.. အဟား ဒါက ငါတို့ လိုချင်တဲ့ အရာပဲ။ လာ ငါတို့ သွားကြည့်ကြရအောင်။ အလျင်မလိုသေးပါဘူး။ အကောင်းဆုံးကတော့ နှစ်ဖက်လုံး အကြီးအကျယ် အထိနာသွားဖို့ပဲ။ ဒါဆို လုပ်ရကိုင်ရတာ ပိုလွယ်တာပေါ့ ”

လျူချန်းဖန် လည်း ခပ်မဲ့မဲ့ ပြုံးလိုက်ပါတယ်
“ကျုပ်လည်း အဲ့ဒီအတိုင်းပဲ တွေးနေတာ ”

အကြီးအကဲ သံမဏိရဲ့ လက်ရင်း တပည့်တွေ ရောက်နေမှတော့ လျူချန်းဖန် စိတ်အေးသွားရပါပြီ

“ကောင်းတယ်.. ငါတို့ သိပ်ကြန့်ကြာလို့ မကောင်းဘူး။ တီယန်ရှောင် နဲ့ အဖွဲ့က အဲ့မှာ ရောက်တာ ကြာသွားပြီ။ ကျုပ် စိုးရိမ်တာက သူတို့ ရောက်မလာတာ ကြာလာတာနဲ့ အမျှ ဂျန်ချန် ရောက်လာဖို့ များသွားပြီ။ သူ ရောက်လာရင် ကိုင်တွယ်ရ ခက်သွားလိမ့်မယ် ”

“ဂျန်ချန် !! ”
ဂျောင်ရီ အသံက ဒီနာမည်ကြောင့် အေးခဲသွားခဲ့ပါပြီ
“သူက ဘာမို့လို့လဲ။ ဆရာ့ကိုတောင် ပြန်ပြောခဲ့သေးတယ်ဆိုတော့ အရမ်းကို အတင့်ရဲလွန်းတယ်။ ငါနဲ့ မတွေ့ခင်တော့ နေနှင့်ဦးပေါ့။ တွေ့လို့ကတော့ ချက်ချင်းဖမ်းပြီး ဆရာ့ဆီ ခေါ်သွားလိုက်မယ် ”

လျူချန်းဖန် ရင်ထဲကနေ သက်ပြင်းမောကြီး ချလိုက်မိပါတယ်
“အင်း သူက မြေကမ္ဘာနယ်ပယ်ကို ရောက်နေပြီမို့ သန်မာတာ မှန်ပေမယ့် ဂျန်ချန်ကို သွား အထင်မသေး သင့်ဘူး။ သူ့ ဆရာတောင် မြေကမ္ဘာ အထွဋ်အထိပ် အဆင့်ပဲ။ ဒါကို ဂျန်ချန်နဲ့တွေ့တော့ ဘာများ တတ်နိုင်ခဲ့လဲ ”

ဂျောင်ရီ က လျူချန်းမင် အတွေးကို ဖမ်းဆုပ်မိဟန်နဲ့
“လူအိုကြီးလျူ ပွင့်ပွင့်လင်းလင်းပြောရရင် ခင်ဗျားကို ဂျန်ချန် က ခြောက်လှန့်လိုက်တာနဲ့ ကြောက်နေပြီ မလား။ ဂျန်ချန်က အင်အား ငှားသုံးတာမှာ အရမ်းကို ကျွမ်းကျင်ပုံပဲ။ နောက်ဆုံး တစ်ခေါက်တုံးက ဆရာသခင်ရီသာ ပေါ်မလာခဲ့ရင် ကျွန်တော့် ဆရာက ဂျန်ချန်ကို သေအောင် ရိုက်စုတ်ပြီး နေလောက်ပြီ။ နောက်ပြီး လူအိုကြီးဖိန်သာ ပေါ်မလာခဲ့ရင်လည်း ဂျန်ချန်က သတို့သမီးတောင်းရမ်းကတည်းက သေလောက်ပြီ။ သူ ကံကောင်းနေတာပါ ”

“ဟုတ်တယ်.. ဟုတ်တယ်။ ဂျန်ချန်က အင်အားကို အငှားသုံးတာမှာ ကျွမ်းကျင်တယ် ”
လျူချန်းဖန် အလျင်စလိုပဲ ခေါင်းငြိမ့်ထောက်ခံလိုက်ရပါတယ်.. ဒါပေမယ့် စိတ်ထဲမှာတော့ ဂျန်ချန် ပေါ်မလာစေဖို့ပဲ ကြိတ် ဆုတောင်းနေရပါတယ်။ ဂျောင်ရီက ဆရာကြီး အထာဖမ်းနေပေမယ့် ဂျန်ချန် ဘက်က ရှုံးမယ်လို့ လုံးလုံး စိတ်ချထားလို့ မရဘဲ ဖြစ်နေပါတယ်။

ဂျန်ချန် ထက် သန်မာ အားကောင်း လှပါချည်ရဲ့ ဆိုသူတွေ အားလုံးလည်း သူ့ရှေ့အရောက်မှာ ရင်ဆိုင်အပြီးမှာ ဖုန်မှုန့်တွေလို လွင့်ပါးသွားကြရတာပဲလေ။ ယန်ဂျောင်ကိုပဲ ဥပမာ ကြည့်ပေါ့။

သူက တစ်ဖက်သား အင်အားကို အသုံးချရာမှာ တော်လို့ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲ့လို အင်အားကို ပေးငှားပြီး အသုံးချစေတဲ့ လူတွေကရော ဘာလို့ ပျော်ပျော်ကြီး ဖြစ်နေကြတာလဲ။

အဲ့ဒီ မေးခွန်းကို လျူချန်းဖန် အကြေအလည် တွေးတောခဲ့ပါတယ်။ ဒါပေမယ့် ဂျန်ချန်မှာ တကယ်ပဲ သူတို့တွေ ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးတဲ့ ခမ်းနားတဲ့ အစွမ်းမျိုး ရှိနေတာ သေချာပါတယ်။

“ကောင်းပြီလေ.. ကောင်းတာတွေ ဖြစ်လာတော့မှာမို့ အချိန် မဆွဲတာ့ဘူး။ လူအိုကြီး လျူ.. ကျုပ်တို့ကို ရှေ့က လမ်းပြ။ ခရမ်းရောင်နေ အဖွဲ့အစည်းပါ ပါလာမှတော့ ကျွန်တော့်မှာ ပိုကောင်းတဲ့ အစီအစဉ်တစ်ချို့ ရှိတယ် ”
ဂျောင်ရီ ရဲ့ အသံထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုတွေ ပြည့်နှက်နေပါတယ်

မြေပြင် အောက်ကနေ နားထောင်နေတဲ့ ဂျန်ချန် တစ်ယောက် ခရမ်းရောင်နေအဖွဲ့အစည်းက တပည့်တွေ ပါ၀င် ပတ်သက်လာလိမ့်မယ်လို့ တကယ့်ကို တွေးထင်ထားခြင်း မရှိပါဘူး။ ဒါက ပြဿ     နာ။

“ခရမ်းရောင်နေ အဖွဲ့အစည်း!! ”
ဒီ နာမည်ကို ရေရွတ်လိုက်ရင်း မျက်၀န်းတွေထဲကနေ ထက်ရှရှ အလင်းတန်းတစ်ချို့ ပေါ်ထွက်လာရပါတယ်
“လောင်ဂျုဇူး.. နင့် လက်ရှိ ခွန်အားက ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်။ မဟုတ်ရင်တော့ သတ်ရမှာ ရင်ထဲ မကောင်း ဖြစ်တော့မယ် ”

ခရမ်းရောင်နေအဖွဲ့အစည်း ပါ၀င်ပတ်သက်လာခြင်းက ဂျန်ချန့်ကို အရှေ့စီရင်စုနိုင်ငံက အဖြစ်အပျက်တွေ ပြန်လည် မြင်ယောင်လာစေပါတယ်။ လောင်ဂျုဇူးနဲ့ အဖွဲ့တွေ.. ဒုတိယ တောင်ကြား..

အဲ့ဒီနေ့တုန်းက ချူရှိန်ဟန်ရဲ့ သန်မာလွန်းသော တိုက်ခိုက်မှုကို ခြေဖျက်လို့ သူ့ကို ကယ်ခဲ့တဲ့ လွှမ်းမိုးနိုင်စွမ် ကြီးမားသော လူရဲ့ မျက်နှာကို သူ မမြင်တွေ့ခဲ့ရပါဘူး

အဲ့ဒါကို မကြာခဏ စဉ်းစာအဖြေရှာကြည့်ပေမယ့် နတ္ထိ။

တစ်ခါ တစ်ရံကျတော့လည်း အဲ့ဒီလူက အရှေ့စီရင်စု ကလန်က ဘိုးဘေးတစ်ယောက်များလားလို့ တွေးကြည့်ပေမယ့် မဖြစ်နိုင်တာကို နားလည်ထားပါတယ်

ချူရှိန်ဟန်က မြေကမ္ဘာစိတ်ဝိညာဉ်နယ်ပယ်ကို ရောက်နေနှင့်ပြီးသားမို့ အရှေ့စီရင်စုကလန်က ဘိုးဘေးက အဲ့ဒီ အဆင့်ကို မရောက်နိုင်တာ အသေအချာပါ.. တံခါးပိတ်ပြီး စိတ်ဝိညာဉ်အဆင့် ချိုးဖောက် ၀င်ရောက်ဖို့ ပြင်နေတဲ့ သူက ဒီအဆင့်ကို ခုန်တက်သွားဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားလို့

အဲ့ဒါအပြင်.. အရှေ့စီရင်စုရဲ့ တော်၀င်ကလန်က ဘိုးဘေးက သူ့ကို ကယ်မယ့် အကြောင်းပြချက် မရှိပါဘူး

တကယ်လို့ ကယ်ချင်ခဲ့ရင်တောင် ဘာလို့ သူ့ကိုယ်သူ ကွယ်ဝှက်ပြီး လုပ်နေစရာလိုမလဲ

တစ်ကွေ့မဟုတ် တစ်ကွေ့ ခရမ်းရောင်နေအဖွဲ့အစည်းနဲ့ တွေ့ရမယ် မျှော်လင့်ထားသော်ငြားလည်း အခုတော့ စောလွန်းမနေဘူးလား။ အသက်ကို မနှမြောကြဘူး ထင်ပါ့။

…………………………………………………………………………

ဒီနေ့ စာစဉ် အသစ် ထွက်မယ်နော်။
ညနေပိုင်းလောက် ဖြစ်ပါ့မယ်။

Book 21 (301-315)
စောင့်မျှော်နေသူများ

အပတ်စဉ် ကြာသပတေးနေ့တိုင်း ပုံမှန် ထွက်ရှိနေပါပြီ။

.....................................................................

လောကသုံးပါးသခင်
…………………………
Chapter 253:
        လိပ်ခဲတည်းတည်း အခြေအနေ.. မီးတောက်စိမ်းဓားအလင်း

ယန်မန်မြို့တော်က အိမ်နီးချင်းနိုင်ငံဆယ့်ခြောက်ခုထဲက တစ်ခုဖြစ်ပြီး အောင်နိုင်ခြင်းကောင်းကင်နိုင်ငံနဲ့ ကပ်လျက်မှာ တည်ရှိပါတယ်။ သို့ပေတည့်လည်း ယန်မန်နိုင်ငံက အောင်နိုင်ခြင်းကောင်းကင်နိုင်ငံလောက် အင်အား မကောင်းပါဘူး။

အလွန်ဆုံး အရှေ့စီရင်စုနိုင်ငံလောက်ပဲ အဆင့်မှီမှာပါ။ ဒုတိယ အဆင့်.. သို့တည်းမဟုတ် တတိယအဆင့် နိုင်ငံလောက်က အင်အားကြီးနိုင်ငံလေးခုနဲ့ လုံး၀ မယှဉ်သာပါဘူးလေ

အောင်နိုင်ခြင်းကောင်းကင်နိုင်ငံက အင်အားကြီးနိုင်ငံ လေးခုထဲက တစ်ခုမို့ အင်အားအရာမှာ သာလွန်တာ မဆန်းကျယ်လှပါဘူး။

ယန်မန်နိုင်ငံမှာတော့ ရှိန်းယန် နိ်ုင်ငံရဲ့ ကာကွယ်မှုကို လိုအပ်ပါတယ်။

ရှိန်းယန် နိုင်ငံက အောင်နိုင်ခြင်းကောင်းကင်နိုင်ငံလိုပဲ အင်အားကြီးနိုင်ငံလေးခု ထဲမှာ ပါ၀င်ပါတယ်။

ခရမ်းရောင်နေအဖွဲ့အစည်းရဲ့ ရှိန်းယန်နိုင်ငံ နဲ့ ဆက်စပ်မှုက အဖိုးတန်သစ်ပင်အဖွဲ့အစည်းနဲ့ အောင်နိုင်ခြင်းကောင်းကင်နိုင်ငံလိုပဲ သဏ္ဍာန်တူပါတယ်။ ဒီနိုင်ငံတွေကို အဲ့ဒီ အဖွဲ့အစည်းတွေက အထောက်အပံ့ပေးထားပါတယ်။

ယန်မန် နိုင်ငံက ရှိန်းယန်နိုင်ငံရဲ့ အကာအကွယ်အောက်မှာ ရှိနေတဲ့ လက်အောက်ခံနိုင်ငံတစ်ခုမို့ သူတို့တွေကိုလည်း ခရမ်းရောင်နေ အဖွဲ့အစည်းက သွယ်ဝိုက်ပြီး အကာအကွယ်ပေးထားတယ်လို့ ဆိုနိ်ုင်ပါတယ်။ ဒါကြောင့် အောင်နိုင်ခြင်းကောင်းကင်နိ်ုင်ငံကလည်း ယန်မန် နိုင်ငံကို သွားအနိုင်ကျင့်ပြီး စစ်မီးထွန်းချင်စိတ် မရှိပါဘူး။

ခြုံပြောရရင် ယန်မန်နိ်ုင်ငံက ချိနဲ့ပျော့ညံ့တယ်ဆိုပေတည့်လည်း အောင်နိုင်ခြင်းကောင်းကင် နိုင်ငံက လွယ်လင့်တကူသွားရန်မစ အနိုင်မကျင့်ခဲ့တာ ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ အထိတိုင်အောင်ပါပဲ။

အဲ့ဒီလိုပဲ ယန်မန် နိ်ုင်ငံကလည်း သူတို့နယ်နဲ့သူတို့ လိမ်လိမ်မာမာနဲ့ နေထိုင်ခဲ့ကြသလို အောင်နိုင်ခြင်း ကောင်းကင်နိုင်ငံကို ရန်စစော်ကားခြင်း မပြုခဲ့ပါဘူး။

လက်ရှိမှာ အောင်နိုင်ခြင်းကောင်းကင်နိုင်ငံ နယ်စပ်နဲ့ လီပေါင်း (၅၀၀) လောက် အဝေးမှာရှိတဲ့ တောင်ကြား ချိုင့်ဝှမ်းတစ်ခုမှာ တီယန်ရှောင်နဲ့ ဂုရူ တို့တစ်တွေ ဒဏ်ရာအပြည့်နဲ့ ရှိနေကြပါတယ်။ တီယန်ရှောင် ခေါ်လာတဲ့ စစ်သည်တွေ အားလုံးလည်း တိုက်ပွဲမှာ သေကုန်ကြပြီးပါပြီ။

အခုဆို သူတို့ စိတ်ဝိညာဉ်အဆင့် ပညာရှင်နှစ်ယောက်နဲ့ ရွှေတောင်ပံ ဓားငှက်အုပ်ကြီးပဲ ကျန်ရစ်ခဲ့တော့ တာပါ။ တိုက်ရင်း တိုက်ရင်းနဲ့ ဘယ်လိုမှကို မနိုင်တော့လို့ တစ်ဖြည်းဖြည်း ဆုတ်ခွာလာခဲ့ကြတာ ဒီ တောင်ကြားချိုင့်ဝှမ်း ရောက်သည်အထိပဲလေ။

“တီယန်ရှောင်.. အဲ့ဒီ အမျိုးသမီးကို ငါတို့ လက်ထဲ ထည့်ပေးပြီး ထွက်သွားရင် အဆင်ပြေနေတာကို ဘာလို့ ခက်ခဲအောင် လုပ်ချင်နေရတာလဲ.. ငါ မင်းကို မသတ်ဘူးလို့ ကတိပေးတယ် ”

အထက်စီးဆန်လှတဲ့ အသံတစ်သံက ယုံကြည်ခြင်းတွေ ပြည့်နှက်စွာပဲ ထွက်ပေါ်လာပါတယ်။

တီယန်ရှောင် က အေးစက်စွာပဲ တစ်ချက် နှာခေါင်းရှုံ့လိုက်ရင်း စိတ်ပျက်နေတဲ့ အမူအရာ တစ်ချို့လည်း ပေါ်လာပါတယ်။ သူတို့တွေက မိတ်ဆွေ အရင်းတစ်ယောက်ကို သစ္စာဖောက်ပြီး ထားရစ်ခဲ့ဖို့ လာဆွယ်ရဲတယ်ပေါ့။ သောက်ရေးမပါတာတွေ။

ဂုရူက အတည်ငြိမ်ဆုံး အနေအထားမျိုးနဲ့ရှိနေဆဲပါ
“ဗိုလ်ချုပ်တီယန်.. သူတို့ပြောတာကို သဘောတူလိုက်ပါ။ အခုလောက်ထိ ကျွန်မ နဲ့ အတူရှိနေပေးတာကိုက အရမ်း ဂုဏ်ယူစရာ ကောင်းလှပြီ။ အခု ထွက်သွားပြီး သခင်လေးချန်ကို သွားပြောလိုက်။ ဒီကိစ္စရဲ့ နောက်ကွယ်က လက်သည်တရားခံက ခရမ်းရောင်နေ အဖွဲ့အစည်းပဲ။ သူ ကျွန်မ အတွက် လက်စားချေပေးလိမ့်မယ် ”

တီယန်ရှောင်က အခြေအနေကို သဘောပေါက်ပါတယ်
“မိန်းကလေးဂုရူ အကြံက တကယ် ကောင်းတယ်.. ဒါပေမယ့် ကျုပ်မှာ သံမဏိနှလုံးသား ရှိနေရင်တောင် ကိုယ်နဲ့ အတူတူ အသက်ဘေး ရင်ဆိုင်နေရတဲ့ သူငယ်ချင်းကို ဘယ်တော့မှ သစ္စာမဖောက်ဘူး.. ဘယ်တော့မှ ထားခဲ့ပြီး ထွက်မပြေးဘူး.. ထွက်သွားဖို့ကို မေ့ထားလိုက်တော့ ”

ဂုရူလည်း တီယန်ရှောင် ဆိုတာ အဲ့လို လူစားမျိုး မဟုတ်ဘူးဆိုတာ ခန့်မှန်းထားပြီးသားပါ။ အဲ့ဒါကြောင့် ဘာမှ ဆက်မပြောတော့ဘဲ သက်ပြင်းတစ်ချက်ချလို့ အတွေးတွေ နက်နေပါတယ်။

“ဂျန်ချန်.. ငါသာ ဒီနေ့တိုက်ပွဲမှာ သေသွားခဲ့ရင် နင့်နှလုံးသားထဲမှာ ငါ့ကို ကြာကြာလေး သတိရနေပေးပါဟာ.. ငါ့မှာ နောက်တစ်ကြိမ် ထပ်ပြီး ရွေးချယ်ခွင့်ကြုံခဲ့ရင်တောင် နင့် အနောက်ကိုပဲ လိုက်ဖို့ ရွေးချယ်မှာပဲ.. အကြိမ် တစ်ရာလောက်သေရမယ် ငရဲကို အကြိမ် တစ်ထောင်လောက် သွားရမယ်ဆိုရင်တောင် ငါ နောင်တမရဘူး ”

ရက်စက်ပြတ်သားတဲ့ အသံက အပြင်ကနေ တစ်ဖန် ပျံ့လွင့်လာပြန်ပါတယ်
“တီယန်ရှောင်.. ငါ မင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်.. အဲ့ဒါကိုမှ တန်ဖိုး မထားသေးရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့ ”

“ဟား.. ဟား.. ဟား.. မင်းတို့ ခရမ်းရောင်နေ အဖွဲ့အစည်းက တပည့်တွေအားလုံး မင်းလိုပဲလား.. သွေး မကြောင်ရင် လာခဲ့စမ်း. ငါ ကြောက်တာဆိုလို့ ဘာမှ မရှိသေးဘူး.. မင်းတို့ ခရမ်းရောင်နေ အဖွဲ့အစည်းက ကြွက်တွေကိုများ ကြောက်နေရမှာလား.. ဟား.. ဟား.. လာစမ်း မအိမ်လုံးတွေ.. အကုန် မသတ်နိုင်ရင်တောင် ငါ မသေခင် နိုင်သလောက် ခေါ်သွားရမယ် ”

“အင်း .. အဲ့လောက် သေချင်နေမှတော့လဲ.. .. ”
အေးစက်စက်အသံက ပျံ့လွင့်လာပြန်ပါတယ်
“ငရဲကို ပို့ပေးရတော့မှာပေါ့ ”

အဝါရောင် ပေါ်မှာ မက်မွန်သီးရောင် ဆေးချယ်ထားတဲ့ ၀တ်ရုံဆင်မြန်းထားတဲ့ လူငယ်တစ်ယောက်က လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူ့ဓားပြားကြီးကို ကောင်းကင်ထက် ညွှန်ပြလိုက်ပါတယ်။

ဓားပြားကြီး ဆီကနေ ပျံ့လွင့်လာတဲ့ စိမ်းရွှေရောင် အလင်းတန်းက မီးပြင်းဖို ဆီက အပူလှိုင်းတွေလို ခက်ထန်တဲ့ အရာအားလုံးလောင်ကျွမ်းစေတဲ့ အငွေ့အသက်တွေ ပါ၀င်နေပါတယ်။ လူငယ်နားက မြက်တွေ သစ်ပင်တွေဟာလည်း သိသိသာသာကို ညှိုးရော်ခြောက်သွေ့လာပြီး ကျယ်၀န်းတဲ့ အ၀န်းအဝိုင်း တစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ။

“စီနီယာအစ်ကို လျောင်.. ကျုပ်တို့တွေ သူတို့ကို တကယ် သတ်ပစ်တော့မှာလား ”
တစ်ခြား တပည့်တစ်ယောက်က အသံတိုးတိုးနဲ့ လူငယ်ကို ကပ်မေးရှာပါတယ်

“သူတို့တွေက ပေးထားတဲ့ လမ်းကြောင်းပေါ် မလျှောက်ချင်ကြပဲကိုး.. ငါတို့တွေအတွက် ဒါတစ်ခုပဲ ကျန်တော့တယ်.. မင်းမှာ တစ်ခြား ပိုကောင်းတဲ့ အကြံရှိသေးလို့လား ”
လျောင်မျိုးရိုးနဲ့ လူငယ်လေး မျက်မှောင်ကြုတ်ရင်း ပြန်မေးခွန်းထုတ်ပါတယ်

“ဟီး.. ဟီး … အစ်ကိုလျောင် အဲ့ဒီ မိန်းမက ဂျူနီယာ ညီမလေး လောင်ဂျုဇူးရဲ့ ရန်သူတစ်ယောက်ပဲလေ.. သူမကို အသက်ရှင်လျက် ဖမ်းခေါ်သွားနိုင်ရင် ပိုကောင်းတာပေါ့.. ဂျူနီယာ ညီမလေးက အစ်ကိုလျောင် ကို အများကြီး ကျေးဇူးတင်မှာ ”
အဲ့ဒီလို ပြောလာခဲ့သူကတော့ ဒုတိယတောင်ကြားမှာ တစ်ခါပေါ်လာဖူးတဲ့ ယုဂျီ ပါ။

လျောင်ဟောင်း က အဖွဲ့အစည်းရဲ့ ပါရမီရှင် တစ်ယောက်ပါ။

သို့ပေတည့်လည်း သူက ဇန်ယန် ရဲ့ တပည့်တစ်ယောက်လေ အဲ့ဒါကြောင့် ယုဂျီ လို ရွှမ်ရယ်ရဲ့ တပည့် တစ်ယောက်နဲ့ သိပ်ပြီး ပတ်သက်ဆက်နွယ်ခြင်း မရှိပါဘူး။

“လောင်ဂျုဇူး ”
လျောင်ဟောင် ပြုံးလိုက်ပါတယ်
“သူမက အဇူရာဖီးနစ် ကိုယ်ခန္ဓာဖွဲ့စည်းပုံ ပိုင်ဆိုင်ထားတဲ့ တစ်ယောက် မဟုတ်လား.. မင်းတို့ ရွှမ်ရယ် အဖွဲ့က ရတနာ တစ်ပါး ကောက်ရထားတာပဲ.. ကောင်းပြီလေ မင်းက အဲ့လို ပြောနေမှတော့ ဂျူနီယာ ညီမလေး မျက်နှာ ထောက်ရတော့မှာပေါ့.. ဒါပေမယ့် သူမကိုပဲ အာမခံမယ်နော်.. စတိုက်ခိုက်ပြီ ဆိုတာနဲ့ ဓားငှက်တွေ အနည်းနဲ့ အများ ထိခိုက်မှာပဲ.. အဲ့ဒီ အမျိုးသမီးကိုတော့ ဂရုစိုက်လိုက်မယ် ”

ယုဂျီ သက်ပြင်းတစ်ချက် ချလိုက်ပါတယ်
“ဟူး.. ငါတို့သာ အဲ့ဒီ ဓားငှက်တွေကို အသုံးချနိုင်ရင် သိပ်ကောင်းမယ်.. ဒါဆို အကောင်းဆုံးပဲ.. ဝိညာဉ်ကမ္ဘာ အဖွဲ့အစည်းနဲ့ အဖိုးတန်သစ်ပင်အဖွဲ့အစည်း တို့တောင် ပျံသန်းခြင်းသားရဲ တွေအရေးမှာ ငါတို့ကို ဘယ်နည်းနဲ့မှ ယှဉ်နိုင်တော့မှာ မဟုတ်ဘူး.. ဓားငှက်တွေ သေသွားရင် နှမြောစရာပဲ ”

သို့ပေတည့်ငြားလည်း.. ယုဂျီ တစ်ယောက် သဘောပေါက်နေတာက မြေကမ္ဘာအဆင့် စိတ်ဝိညာဉ် နယ်ပယ်က ပညာရှင်တစ်ယောက် စပြီး တိုက်ခိုက်လာပြီဆိုတာနဲ့ ဓားငှက်တွေ အနည်းနဲ့ အများ သေကြေ ကြပါလိမ့်မယ်။ ဒီလို တိုက်ခိုက်မှု အော်ရာတွေက အရမ်းကို ပြင်းထန်လွန်းသည်ကိုး။

ဓားငှက်တွေကို မသေအောင်လည်း ဂရုစိုက်ရမယ်။ တီယန်ရှောင်ကိုလည်း သတ်ရမယ်ဆိုတာက လုံးလုံး မဖြစ်နိုင်ပါဘူးလေ။

ဒါ့အပြင် အဲ့ဒီ ဓားငှက်တွေက ယဉ်ပါးအောင် လုပ်ဖို့ ခဲယဉ်းပါတယ်။ လွန်ခဲ့တဲ့ ရက်တွေတုန်းက သူတို့တွေ နည်းလမ်းပေါင်းစုံ သုံးခဲ့ပြီးပါပြီ။ ဒါပေမယ့် အဲ့ဒီ ဓားငှက်တွေကို သူတို့ ထိန်းချုပ်မှုအောက်မှာ ထားဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် ပါပဲ။

ခရမ်းရောင်နေအဖွဲ့အစည်းမှာလည်း ပျံသန်းခြင်း သားရဲသခင်တွေ အများကြီး ရှိပေမယ့် လျောင်ဟောင်း တစ်ယောက် အကြာကြီး ထပ်မစောင့်နိုင်တော့ဘူးလေ။

“စီနီယာအစ်ကိုလျောင်.. ကျွန်တော်တို့ ထပ်စောင့်လိုက်ကြမလား.. အဖွဲ့အစည်းက သားရဲသခင်တွေသာ ရောက်လာခဲ့ရင် အဲ့ဒီ ဓားငှက်တွေကို ယဉ်ပါးအောင်လုပ်ဖို့ နည်းလမ်းတစ်ခုခု တွေ့မယ်ထင်တယ်.. အဲ့ဒါဆို ကျွန်တော်တို့တွေ အများကြီး အကျိုးအမြတ်ရမှာ ”

ယုဂျီက လျောင်ဟောင်းနဲ့ ကွဲပြားပါတယ်။

လျောင်ဟောင်းက ခရမ်းရောင်နေ အဖွဲ့အစည်းက ပထမတန်း၀င် ပါရမီရှင် လူငယ်တစ်ယောက်လေ။ တပည့်ရင်းတွေ ကြားထဲမှာတောင် တန်း၀င်တဲ့ တပည့်တစ်ယောက်ပါ။ အနာဂါတ်မှာ အဖွဲ့အစည်းရဲ့ မဏ္ဍိုင်တစ်ရပ် ဖြစ်လာမယ်လို့တောင် ထင်ကြေးပေးထားပါတယ်။

ယုဂျီကတော့ လျောင်ဟောင်းရဲ့ အဆင့်နဲ့ သီးခြားဆန်ပါတယ်။ အဲ့ဒါကြောင့် ကျင့်ကြံခြင်းလမ်းစဉ်မှာ မပေါက်မြောက်တာကို တစ်ချို့သော ကိစ္စတွေမှာ စွမ်းဆောင်ပြီး အခွင့်အရေး ယူချင်တာပါ။ အဖွဲ့အစည်းထဲ နေရာတစ်ခု ရဖို့ဆိုတာ ကျင့်ကြံခြင်းလမ်းစဉ်နဲ့ မဖြစ်နိုင်ရင် တစ်ချို့သော အကျိုးပြုလမ်းစဉ်နဲ့ သွားရပါလိမ့်မယ်။

“မဟုတ်သေးဘူး.. ”
လျူဟောင်းမျက်ခုံးတွေ တွန့်ကွေးသွားခဲ့ပါပြီ
“ငါတို့ ထပ်စောင့်နေရင် အဖိုးတန်သစ်ပင်အဖွဲ့အစည်းက လူတွေ ရောက်လာတော့မယ် ”

“အဖိုးတန်သစ်ပင်အဖွဲ့အစည်း ”
ယုဂျီ အံ့အားသင့်သွားပါတယ်

“ငါတို့တွေပဲ တီယန်ရှောင် တို့ကို သတိထားမိပြီး အမဲလိုက်နေတယ်လို့ ထင်နေရင်တော့ မင်း တုံးလွန်း သွားပြီ.. ငါတို့တွေကို ထောက်လှမ်းနေတဲ့ လူတစ်ချို့ ရှိနေတာ ကြာခဲ့ပြီ.. ရန်သူတွေကို တပ်လှန့်လိုက်သလို ဖြစ်သွားမှာမို့လို့သာ ဘာမှ လှုပ်လှုပ်ရှားရှား သွားမလုပ်လိုက်တာ.. အခုက အဖိုးတန်သစ်ပင် အဖွဲ့အစည်းက လူတွေ ရောက်ချိန်ကျပြီ ”

“ဒါ.. ”
ယုဂျီ က ဒါမျိုး ကိစ္စ ဘယ်တော့မှ မဖြစ်လာနိုင်တဲ့အတိုင်း အံ့အားသင့်သွားပါတယ်
“ဒါပေမယ့် ဒါက ယန်မန် နိုင်ငံရဲ့ နယ်နိမိတ်ထဲမှာပဲလေ.. ငါတို့ အဖွဲ့အစည်းရဲ့ အထိန်းအကွပ် အောက်မှာ ရှိနေတာပဲ ”

“ဓမ္မဓိဌာန်ကျကျ ပြောရရင်တော့ ဟုတ်တယ်.. ဒါပေမယ့် တီယန်ရှောင်က အောင်နိုင်ခြင်း ကောင်းကင်နိုင်ငံက မဟုတ်လား.. အဖိုးတန်သစ်ပင်အဖွဲ့အစည်းက ငါတို့တွေကို လာရန်စရင် တီယန်ရှောင်ကနေ စောဒက တက်လာလိမ့်မယ်.. ငါက သူတို့တွေကို မကြောက်ပေမယ့် အဖွဲ့အစည်း လေးခု အကြားမှာ ပဋိပက္ခတွေ ဖြစ်လာလိမ့်မယ် ”

လျောင်ဟောင်းက ပါရမီရှင် လူငယ်တစ်ယောက် ဆိုပေမယ့် မိုးကောင်းကင်အောက်မှာ သူသာလျင် နံပါတ် တစ် ဆိုတဲ့ စိတ်မျိုး မရှိပါဘူး။

ဆန့်ကျင်ဘက်အနေနဲ့ သူ ဘာလုပ်နေလဲဆိုတဲ့ အချက်အပေါ်မှာ လက်တွေ့ကျကျ စဉ်းစားတွေးခေါ်ပြီး အင်အားချင်း ချိန်ဆ အတွေးအခေါ်တွေ ပြည့်၀ပါတယ်။

“နောက်တစ်ရက်ပဲ.. နောက်တစ်ရက်အတွင်းမှာ ငါတို့ အဖွဲ့အစည်းက သားရဲသခင်တွေ ရောက်လာမယ်လို့ ကျွန်တော်ထင်တယ် ”

လျောင်ဟောင်း မျက်မှောင်ကြုတ်မိပါတယ်
“ငါ တွက်ချက်ထားရသလောက်.. အဖိုးတန်သစ်ပင်အဖွဲ့အစည်းက တစ်ရက်အတွင်း ငါတို့ကို ရှာတွေ့ သွားမှာပဲ.. မင်း တကယ်ပဲ ဆက်စောင့်ဖို့ ဆန္ဒရှိလား ”

လျောင်ဟောင်းက ယုဂျီကို သိပ်အလေးမထားဘူး ဆိုပေတည့်လည်း သူတို့တွေက အဖွဲ့အစည်း တစ်ခုထဲကမို့ မေးသင့်တယ်လို့ ယူဆထားပါတယ်။

“စီနီယာ အစ်ကိုလျောင်.. ကျွန်တော်တို့တစ်တွေသာ ဓားငှက်တွေကို အဖွဲ့အစည်းထဲ အတူတူ ခေါ်သွားနိုင်ခဲ့ရင် အစ်ကိုက ရလာမယ့် အကျိုးအမြတ်ရဲ့ (၄၀) ရာခိုင်နှုန်း ယူ.. ကျွန်တော်က (၂၀) ရာခိုင်နှုန်းပဲ ယူမယ်.. တစ်ခြားသူတွေကတော့ ကျန်တာ ခွဲဝေယူကြလိမ့်မယ်.. ဘယ်လိုလဲ ”

ကျန်တဲ့ ခရမ်းရောင်နေ အဖွဲ့အစည်းက တပည့်တွေက လျောင်ဟောင်းထက် ပိုပြီး ပျော့ညံ့ပါတယ်.. ယုဂျီ ထက် အားကောင်းတဲ့ သူ တစ်ယောက် နှစ်ယောက် ပါနိုင်ပါတယ်။

ဒါပေမယ့် ယုဂျီ က ပိုလို့ အကျိုးအမြတ် တွက်ချက်ထားတယ်ဆိုတာ ရွှေတောင်ပံဓားငှက်တွေကို ခြေရာကောက် နိုင်သူက သူမို့လို့ပါ။ နောက်ပြီး ဂုရူနဲ့ ဂျန်ချန် တို့ တစ်တွေရဲ့ ပတ်သက်ဆက်နွယ်မှုကိုလည်း သိထားသူပဲလေ။

အဲ့ဒီ အချက်တွေက တစ်ခြားသူတွေမှာ မရှိနိုင်တဲ့ အရာ။

ပြီးတော့ သူက (၂၀) ရာခိုင်နှုန်းကိုပဲ ယူမယ်လို့ ဆိုထားပြီး ပမာဏ ကြီးကြီးမားမား ပေးဆွယ်ထားသည်ကိုး။

လျောင်ဟောင်း က တစ်ချက် စဉ်းစားလိုက်ပြီးမှ
“ငါ (၅၀) ရာခိုင်နှုန်းယူမယ်.. မင်းက (၂၀) ရာခိုင်နှုန်းပဲယူ.. ကျန်တဲ့သူတွေကို (၃၀) ရာခိုင်နှုန်း ခွဲပေးလိုက်.. အဲ့လိုပဲ သဘောတူမယ်.. မဟုတ်ရင် ငါ စပြီး တိုက်ပြီ ”

ယုဂျီနဲ့ ကျန်လူတွေ အားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြပါတယ်။ ဘယ်သူကမှ ကန့်ကွက်စကား မဆိုရဲကြပါဘူး။

သန်မာတဲ့သူရဲ့ စကားက အတည်ဖြစ်ပါတယ်။ သူတို့တွေက မြေကမ္ဘာအဆင့် စိတ်ဝိညာဉ်နယ်ပယ်က ပညာရှင်တစ်ယောက်နဲ့ သွားပြီး ငြင်းခုန်ဖို့ဆိုတာ မစွမ်းသာဘူး မဟုတ်လား။

တစ်ယောက်ကမှ သူနဲ့ မငြင်းခုန်တာကို မြင်တော့ လျောင်ဟောင်း လည်း သူ့ ဓားပြားကြီးကို ကျောမှာ ပြန်ချိတ်လိုက်ပြီး တောင်ထိပ်တစ်ခုမှာ သွားပြီး တိတ်ဆိတ်စွာပဲ ထိုင်ချလိုက်ပါတယ်။
“သူတို့တွေကို သေချာ စောင့်ကြည့်ထားကြ.. တလွဲမဖြစ်စေနဲ့.. တစ်ခုခုဆို ငါ့ကို ချက်ချင်း သတင်းပို့ ”

သူက ဒီနေရာမှာ အားအကောင်းဆုံးလို့ ဆိုနိ်ုင်တာမို့ ခုလို စကားပြောဖို့ အခွင့်အရေးရှိပါတယ်။

ယုဂျီ ခေါင်းငြိမ့်ပါတယ်
“ကျွန်တော်တို့ သေချာ စောင့်ကြည့်ထားလိုက်မယ် ”

သူ မျှော်လင့်နေတာတစ်ခုက အဖွဲ့အစည်းကို လွှတ်လိုက်တဲ့ သူတို့လူတွေက သားရဲသခင်တွေကို အမြန်ဆုံး ခေါ်ပြီး ပြန်လာဖို့ပါပဲ။ ဓားငှက်တွေကိုသာ သူတို့တွေ အဖွဲ့အစည်းဆီ ခေါ်သွားနိ်ုင်ခဲ့ရင် သူ့ နာမည်က တစ်ခုခု ထူးခြားလာပါလိမ့်မယ်။

နောက်ပြီး ဂုရူ။ သူမကိုပါ ဖမ်းခေါ်သွားနိုင်ပြီး ဂျူနီယာ ညီမလေး လောင်ဂျုဇူးဆီ အပ်နိုင်ကြည့်.. သူမက မျက်နှာသာ ပေးလာပါလိမ့်မယ်။ ဒါက ခဲတစ်လုံးနဲ့ ငှက်တွေ အများကြီး သတ်နိုင်ခဲ့တာပဲလေ။

“စီနီယာ အစ်ကို လျောင်ဟောင်း နဲ့ လိုက်လာရတာ ကောင်းသွားတယ်.. မဟုတ်လို့ တစ်ခြား စီနီယာတွေ ပါလာရင် သူတို့တွေက ငါ့စကား နားထောင်မှာ မဟုတ်ဘူး။ အစ်ကိုလျောင်က သန်မာပြီး တစ်ဖက်သားရဲ့ အကြံကို နားထောင်ပေးတာ တော်သေးတယ်။ တစ်နေ့မှာ သူက ခရမ်းရောင်နေ အဖွဲ့ အစည်းရဲ့ ခမ်းနားတဲ့ ပုံရိပ်တစ်ခု ဖြစ်လာလိမ့်မယ်။ ငါလည်း ဒီနေ့မှာ သူ့ကို ကူပြီး အကျိုးအမြတ် ပေးခဲ့ တာမို့ မျက်နှာသာရလိမ့်မယ် ”

ဒီလို တွေးရင်း ယုဂျီ ပိုလို့ ပိုလို့ စိတ်လှုပ်ရှားလာပါတယ်။

ရုတ်တရက် တင်ပျဉ်ခွေထိုင်နေတဲ့ လျောင်ဟောင်း မျက်လုံးတွေ ဖျတ်ခနဲ ပွင့်လာပါတယ်။ သူ့ မျက်လုံးတွေက လျှပ်စီးလို ထက်ရှလာပြီး သက်တန့် သဏ္ဍာန် ကွေးညွှတ်လာလေရဲ့။

“ဘယ်သူလဲ?? ”

စကားဆုံးတာနဲ့ လျောင်ဟောင်း တစ်ကိုယ်လုံးက ရိပ်ခနဲ လေထဲ ဝဲတက်သွားသလို သူ့ ကျောထက်က ဓားပြားကြီးကလည်း လေထုထဲကို ခုတ်ပိုင်းသွားခဲ့ပါပြီ။

“ဝှမ်း .. ”

ဓားအလင်းတန်းက လေထုနဲ့ မြေပြင်ပါ အက်ကွဲသွားစေပါတယ်။

သူ့ မျက်လုံးအစုံက တောက်လောင်နေတဲ့ နေနှစ်စင်းလို အနောက်ဘက်ကို အရပ်ကို စူးရဲစွာ ကြည့်နေပါတယ်။

မမျှော်လင့်ဘဲ ဖြစ်တည်လာတဲ့ ပြောင်းလဲမှုကြောင့် ယုဂျီနဲ့ တစ်ခြားသူတွေကို အကြီးအကျယ် စိတ်လှုပ် ရှားသွားစေပါတယ်။

“မီးတောက်စိမ်း ဓားအလင်း.. စီနီယာ အစ်ကိုလျောင်က သေချာလေ့ကျင့်ခဲ့တာပဲ.. အရမ်း လန်းတယ် ”

“မီးတောက်စိမ်း ဓားအလင်းက အမှောင်ထဲမှာ ပုန်းနေတဲ့ ရန်သူဖြစ်ဖြစ်.. အရိပ်ထဲမှာ ပုန်းနေတဲ့ ရန်သူဖြစ်ဖြစ် အားလုံးကို ပိုင်းဖြတ်နိုင်စွမ်းရှိတယ် ”

လျောင်ဟောင်းက လေထုကို တစ်ချက်ခုတ်ပိုင်းပြီး တည်တည်ငြိမ်ငြိမ် ကြည့်နေပုံက နတ်ဘုရား တစ်ပါးနှယ်ပါပဲ။ သူ့ တစ်ကိုယ်လုံးကနေ ထွက်ပေါ်လာတဲ့ စိတ်ဝိညာဉ်ချီတွေက အရပ်မျက်နှာအသီးသီး ကို ပျံ့လွင့်နေပါတယ်။

“အဟက်.. ရောက်လာခဲ့ပြီးမှတော့ ပုန်းမနေနဲ့ ”
စူးရှလွန်းတဲ့ အကြည့်တွေက အနောက်ဘက်အရပ်ကို လေးလေး နက်နက် ကြည့်နေပါတယ်။

“မီးတောက်စိမ်း ဓားအလင်း ထုတ်သုံးနိုင်တဲ့ သူငယ်ချင်းက လျောင်ဟောင်း ထင်ပါရဲ့.. မင်း အမြင်က အခုလောက် အားကောင်းတာ မထူးဆန်းတော့ဘူး ”
ခြုံပုတ် တစ်ခု နောက်ကွယ်ကနေ အားကောင်းတဲ့ ရီမောသံတစ်ချက်နဲ့ အတူ စကားသံတွေပါ ထွက်ပေါ် လာလေရဲ့။

ရီမောလိုက်သူက ရီသံနဲ့အတူ မုန်တိုင်းတစ်စင်းလို ချီလှိုင်းလုံးတွေကို လျောင်းဟောင် တို့ဆီ ထုတ်လွှတ်လိုက်ပုံပါပဲ။ လမ်းတလျောက်က မြက်တွေ သစ်ပင်တွေလည်း တဝုန်းဝုန်း လဲကျကုန်ပါတယ်။

……………………………………………………………………………………………………………………………..…လောကသုံးပါးသခင်
…………………………
Chapter 254:
         အဖွဲ့အစည်းနှစ်ခုကြားက ပါရမီရှင်တွေ တိုက်ပွဲ

“ဘန်း.. ဘန်း.. ဘန်း.. ”

အနီရောင်အလင်းတန်းနဲ့ အစိမ်းရောင်အလင်းတန်းနှစ်ခုက လေထဲမှာ ထိပ်တိုက် တွေ့ဆုံပေါက်ကွဲ ထွက်ကုန်ကြပြီး မျက်တောင် တစ်ခါခတ်စာအတွင်းမှာပဲ ဆယ်ကြိမ်ထက်မနည်း တိုက်ခိုက်ပြီးသွားကြပါပြီ။

ရုတ်တရက် ပုံရိပ်နှစ်ခုက အပြင်းထန်ဆုံး တိုက်ခိုက်လိုက်ကြပြီး အလင်းတန်း နှစ်ခု အဖြစ် စတင် အနောက်ကို လွင့်စင်သွားကြပါတယ်။

မြေပေါ် ဝုန်းခနဲ ခြေချရင်း နှစ်လှမ်းလောက် ဆက်ဆုတ်သွားရတဲ့ အနီရောင်ပုံရိပ်ကတော့ လျောင်ဟောင်း ပါ။ သူ့ အစိမ်းရောင် တောက်နေတဲ့ မျက်၀န်းတွေက သူ တိုက်ခိုက်ခဲ့ရာ နေရာ တည့်တည့်ကို စိုက်ကြည့်နေပြီး အပူငွေ့တွေ တရှိန်ရှိန်ထွက်နေပါတယ်။ ဓားချက်တော်တော်များများက သူ့ ကိုယ်ပေါ်က တိုက်ပွဲ၀င်၀တ်စုံပေါ်မှာ လှီးဖြတ်ခံထားရလေရဲ့။

တစ်ဖက်မှာ အလားတူ မြေပြင်ထက် ကျသွားတဲ့ အစိမ်းရောင် ပုံရိပ်တစ်ခုရှိပါတယ်။ သူကတော့ အဖိုးတန်သစ်ပင် အဖွဲ့အစည်းက ဂျောင်ရီ ပါပဲ။ သူကိုယ်တိုင်ကလည်း လျောင်ဟောင်း ထက် ပိုကောင်း တဲ့ အခြေအနေမျိုး မရှိခဲ့ပါဘူးလေ။ ဓားချက်ကြောင့် စုတ်ပြဲနေတဲ့ အ၀တ်တွေက မီးကျွမ်းထားတဲ့ အလား အပူငွေ့တွေ ဟပ်နေဆဲပါ။

“မင်းက လေနှင်တိမ်ဓားအဖွဲ့က ဂျောင်ရီ ဖြစ်မယ်နဲ့တူတယ် ”
လျောင်ဟောင်းက ဂျောင်ရီကို ကောင်းကောင်းသိပုံပါပဲ။

“အဟဲ.. မင်းက မီးတောက်စိမ်း ဓားအလင်း အဖွဲ့က မဟုတ်လား.. အထင်ကြီးစရာပဲ.. မဆိုးပါဘူး.. ငါက အဖိုးတန်သစ်ပင်အဖွဲ့အစည်းက တပည့်ရင်း ဂျောင်ရီ ”
ဒီစကားနဲ့အတူ ဂျောင်ရီ အနောက်ကနေ လူတစ်စု ပေါ်ထွက်လာပါတယ်။ သူတို့တွေကတော့ အဖွဲ့အစည်းက တပည့်တွေနဲ့ လျူချန်းဖန်နဲ့ ရှောင်ယု အပါအ၀င် မြောက်ပိ်ုင်းနန်းတော်က လူတစ်ချို့ပါပဲ။

ဒါကိုကြည့်ရင် အဖိုးတန်သစ်ပင်အဖွဲ့အစည်းက လူ အင်အား အသာရနေပါပြီ။

“ဂျောင်ရီ ငါ သိသလောက်တော့ ဒါက အောင်နိုင်ခြင်းကောင်းကင်နိုင်ငံ နယ်နိမိတ်ထဲ မပါပါလား.. မင်း ဘောင်ကျော်နေပြီလို့ မထင်ဘူးလား ”
လျောင်ဟောင်း အသံက အေးစက်စက် နိုင်လွန်းပါတယ်။

“လျောင်ဟောင်း.. လူဖြောင့် လူမှန်တွေက ကွေ့ဝိုက်စောင်းမြောင်း ပြောမနေသင့်ဘူးလေကွာ.. မင်းတို့ ခရမ်းရောင်နေ အဖွဲ့အစည်းက ငါတို့ အောင်နိုင်ခြင်းကောင်းကင် နိုင်ငံသားတွေကို အနိုင်ကျင့်လို့ ငါတို့က ၀င်ပါလာရသေးတယ်.. ငါတို့ကိုပဲ ပိုင်နက်ကျူးလွန်တယ်လို့ စွပ်စွဲနေသေးတယ်.. ဘယ်လိုကြည့်ကြည့် မင်းပြောနေပုံကြီးက အဓိပ္ပါယ်ကို မရှိပါလား ”

လျောင်ဟောင်း က အေးစက်စက် ပြုံးလာပါတယ်
“မင်းတို့ နိ်ုင်ငံသားတွေ တဲ့လား?? ဟား ဟား .. သောက်ပိုတွေ.. အဲ့လူတွေက မင်းတို့နဲ့ မတူတဲ့ လမ်းကို လျှောက်နေကြတာ လူတိုင်းသိတယ်.. အဲ့လို လူတွေက မင်းတို့ အကာအကွယ်အောက်မှာ ရှိနေတယ် လို့ ပြောရဲသေးတယ်ပေါ့ ”

“ငါတို့တွေက မတည့်ဘူးဆိုရင်တောင် ဒါ ငါတို့ အတွင်းရေးပဲ.. မင်းတို့ အဖွဲ့အစည်းက ၀င်စွက်ဖက်ခွင့် မရှိဘူး ”
လျောင်ဟောင်း တို့ လူစုက သူတို့တွေထက် နည်းပါးတာကို သိထားပြီးတဲ့နောက်မှာ ဂျောင်ရီ နောက် မတွန့်တော့ပါဘူး။

လျောင်ဟောင်း ဒေါပွသွားပါတယ်
“ဘယ်သူက ၀င်စွက်ဖက်တာလဲ!! အဲ့ဒီ မိန်းမက ငါတို့ အဖွဲ့အစည်းက ဂျူနီယာ ညီမလေး လောင်ဂျုဇူး နဲ့ ရန်ငြိုးရှိတယ်ကွ ”

“ကောင်းပြီလေ.. မင်းက အဲ့လိုပြောလာမှတော့ ငါ မျက်နှာသာ ပေးရမှာပေါ့.. အဲ့ဒီ မိန်းမကို ခေါ်သွားနိုင်တယ် ”
ဂျောင်ရီက အတော်လေး ရက်လျောပုံနဲ့ ဆိုပါတယ်။

“အဟက်.. ငါ့ကို မျက်နှာသာ ပေးတယ်!! ပွင့်ပွင့်လင်းလင်း ပြောရရင် ဂျောင်ရီ မင်းက ခရမ်းရောင်နေ အဖွဲ့အစည်း နယ်မြေမှာပဲ ရှိနေသေးတယ်နော်.. မျက်နှာသာ ပေးချင်း ပေးရရင် ငါကပဲ မင်းကို ပေးရမှာ မို့လား.. တီယန်ရှောင်က မင်းတို့ လူမို့ ပြန်ခေါ်သွားနိုင်တယ်.. ကျန်တာ မေ့လိုက်တော့ ”

နှစ်ဦးနှစ်ဖက်လုံးက ရွှေတောင်ပံဓားငှက်တွေကို ယူချင်နေကြတာ အသိသာကြီးပါပဲ။

တီယန်ရှောင်အတွက် သက်သက်သာဆိုရင် ဂျောင်ရီက ဘာလို့ ဒီနေရာအထိ အပင်ပန်းခံ လိုက်လာနေပါ့မလဲ။

“သူငယ်ချင်းလျောင်.. မင်း ပြောတာ အဓိပ္ပါယ်မရှိလိုက်တာကွာ.. သိုင်းပညာလမ်းစဉ်မှာ လက်သီးမာတဲ့လူပဲ အဲ့လို ပြောဖို့ အခွင့်အရေးရှိတာ ”
ဂျောင်ရီ အသံနဲ့အတူ ရက်စက်တဲ့ အကြည့်တွေက အရိုင်းဆန်စွာပဲ တစ်ဖက်လူကို ရှိန်ဖိန် သွားစေပါတယ်.. ဒါက တည့်တိုး ခြိမ်းခြောက်လိုက်တာပါပဲ။

လျောင်ဟောင်းရဲ့ အကြည့်တွေက ကျဥ်းမြောင်းသွားပြီး စတင် ရီမောပါတော့တယ်
“ဟား.. ဟား.. ဟား.. ဟား.. လူ များတာလေးနဲ့များ!! အဲ့လောက် လေးနဲ့.. ဂျောင်ရီ မင်းက အမြင် ကျဉ်းလွန်းတယ်.. မင်းက မြန်တယ်ဆိုတာ ငါ ၀န်ခံတယ်.. ဒါပေမယ့် ငါသာ အားကုန်ထုတ်တိုက်ရင် မင်းတို့ အရေအတွက် အသာဆိုတာ တဒင်္ဂပဲ ဆိုတာ အာမခံတယ် ”

“အခွင့်အရေးမရှိဘူး.. ဘယ်မှာလဲ မင်း နောက်လိုက်!! ”

“ငါနဲ့ တိုက်ပွဲ၀င်လိုစိတ် ရှိရင် ပြည့်စုံပြီ ”

ယုဂျီ လည်း ဒီတိုင်းငြိမ်နေလို့ မရတော့တာ သဘောပေါက်ပါတယ်
“ဂျောင်ရီ.. ငါ့ စီနီယာ အစ်ကို လျောင်က အဖွဲ့အစည်းထဲမှာ အထွဋ်အထိပ်ပါရမီရှင်ကွ.. သူ လေ့ကျင့်တဲ့ ‘ကောင်းကင်ဘုံဆူတရာမီးတောက်’ ကျင့်စဉ်မှာ မီးတောက်စိမ်းဓားအလင်းကို အပြည့်အ၀ နားလည် သဘောပေါက်ထားပြီးပြီ.. ဒါက ငါတို့ အဖွဲ့အစည်းရဲ့ ရတနာ ကျင့်စဉ်တွေထဲက တစ်ခုပဲ.. စပြီး သုံးလိုက်တာနဲ့ သူ့ ချီကောတွေက မီးတောက်တွေအဖြစ် ပြောင်းလဲပြီး တိုက်ပွဲ၀င်စွမ်းအားကို မြေကမ္ဘာ အထွဋ်အထိပ်အဆင့် စိတ်ဝိညာဉ်နယ်ပယ်က လူတစ်ယောက်နဲ့ ထပ်တူ ကျသွားလိမ့်မယ်.. မင်းမှာ လူပိုများတာ မှန်တယ်.. ဒါပေမယ့် လူများတိုင်း အနိုင်ရမယ်လို့ မဆိုလိုဘူး..ဒါကို မင်းလည်း သိပါတယ် ”

“ကောင်းကင်ဘုံဆူတရာမီးတောက်! ”
ဂျောင်ရီ မျက်နှာက ပြောင်းလဲသွားခဲ့ပါပြီ။ ဒီနာမည်က သူ့နှလုံးသားထဲမှာ ခဲဆွဲထားသလို လေးလံသွားစေပါတယ်။

ဒီနာမည်ကို သူ ကြားဖူးထားပြီးသားလေ။ ပြိုင်ဘက်တွေအနေနဲ့ အဖိုးတန်သစ်ပင်အဖွဲ့အစည်းက ခရမ်းရောင်နေအဖွဲ့အစည်းရဲ့ အခြေအနေတွေကို အမြဲတမ်း အကဲခတ်နေခဲ့တာပါ။ ခရမ်းရောင်နေ အဖွဲ့အစည်းကလည်း ထိုနည်းလည်းကောင်းပါပဲ။

ရတနာပိုင်းဆိုင်ရာတွေမှာ နှိ်ုင်းယှဉ်ကြည့်လိုက်ရင် ကျင့်စဉ်အရေအတွက်မှာ ခရမ်းရောင်နေအဖွဲ့အစည်း က အင်အားကြီး အဖွဲ့အစည်း (၄)ခုရဲ့ ထိပ်မှာ ရှိပါတယ်။

အဖိုးတန်သစ်ပင်အဖွဲ့အစည်းမှာလည်း ပညာရပ်တွေ စုံလင်အောင် ရှိပေမယ့် အဓိက အာရုံစိုက်တဲ့ အရာက သိုင်းပညာရပ် မဟုတ်ခဲ့ဘဲ ဆေးပညာ လမ်းစဉ်ပဲ လိုက်စားခဲ့တာပါ။ ဆေးပညာမှာတော့ အဖိုးတန် သစ်ပင်အဖွဲ့အစည်းက ထိပ်တန်းရောက်ပါတယ်။

အဖွဲ့အစည်းကြီးလေးခုက သူတို့ရဲ့ ကိုယ်ပိုင်လမ်းစဉ်တွေမှာ အသီးသီး အားကောင်းကြပါတယ်။

အဖိုးတန်သစ်ပင်အဖွဲ့အစည်းက ထိပ်သီးပါရမီရှင်တွေနဲ့ တိုက်ပွဲမျိုးမှာ အခြေပျက်လောက်အောင် မဖြစ်ပေမယ့် တစ်ဦးချင်း သိုင်းပညာ ယှဉ်ပြိုင်ရတဲ့ တိုက်ပွဲမျိုးမှာတော့ သူတို့်က ထင်သလောက် မဟုတ်ခဲ့ပါဘူး။

အထူးသဖြင့်.. ‘ကောင်းကင်ဘုံဆူတရာမီးတောက်’ ။ အတော်လေး ရင်းနှီးတဲ့ နာမည်က ဂျောင်ရီကို တွန့်ဆုတ်သွားစေမိတာ အမှန်ပါ။ ယုဂျီကတော့ မညာနိုင်ပါဘူး။

“ ‘ကောင်းကင်ဘုံဆူတရာမီးတောက်’ .. ဟွန့် လျောင်ဟောင်း မင်းက ငါ့ကို ခြောက်နေတာလား? ”
ဒီစကားသာ ဆိုလိုက်ရပေမယ့် သူ့ စိတ်ထဲမှာ လွန်ဆွဲတွက်ချက်နေပါပြီ
“ ကောင်းကင်ဘုံဆူတရာမီးတောက် ကျင့်စဉ်က အတော်လေး ကောင်းတာ ငါ ၀န်ခံတယ်.. ဒါပေမယ့် တစ်ဖက်လူကို ထိခိုက်စေတဲ့ အပြင် မင်း ကိုယ်တိုင်ရဲ့ ချီကြောတွေကိုလည်း လောင်မြိုက်စေတယ် မဟုတ်လား.. တစ်ခုခု မှားလို့ မင်း ချီကြောတွေသာ ပျက်စီးသွားခဲ့ရင် ကျင့်စဉ်ကတော့ လုံး၀ ထိခိုက်သွားမှာပဲ ကျွတ် ကျွတ်.. သေတောင် သေသွားနိုင်သေးတယ်.. စွန့်စားပြီး ထုတ်သုံးဖို့ ဆိုတာ.. အဟက် ”

ဒီ ကောင်းကင်ဘုံမီးတောက်ဆူတရာ က အထင်ကြီးစရာကောင်းပေမယ့် တစ်စုံတစ်ယောက်ကို လောင်ကျွမ်းသွားစေဖို့ မစွမ်းပါဘူး။ ဒါက နှစ်ဖက်သွားဓားကျင့်စဉ်တစ်ခု ဖြစ်ပြီး အမြင့်ဆုံးစွမ်းအားကို အသုံးချနိုင်ရင် တိုက်ပွဲ၀င်စွမ်းအားကို တစ်ဝုန်းဝုန်း ပေါက်ကွဲတိုးတက်လာစေတာပါ။

သို့ပေတည့်လည်း တန်ပြန် ဂယက်ရိုက်မှုကလည်း မယုံနိုင်စရာကောင်းလှပါတယ်။

လအနည်းငယ်လောက် အိပ်ရာပေါ် လဲနေရမယ့် ပြင်းထန်တဲ့ ဒဏ်ရာမျိုးဆိုရင် အကောင်းဆုံးသော ဖြစ်ရပ်ပါပဲ။

ဆိုးရွားလာ ပြီဟေ့ဆိုရင် ချီကြောတွေ ပျက်စီးသွားပြီး တစ်သက်လုံး ကျင့်ကြံလို့မရတော့ဘဲ မသန်မစွမ်း နေသွားရပါလိမ့်မယ်။

အဲ အဆိုးဆုံး အခြေအနေမျိုးကတော့ ဒီပညာရပ်ကို ထုတ်သုံးပြီးတာနဲ့ နေရာတင် သေသွားရမှာပါ။

လျောင်ဟောင်း အမူအရာက လုံးဝပြောင်းလဲသွားခြင်း မရှိပါဘူး။ သူ ပြုံးနေရင်းပဲ
“ကျင့်ကြံသူတစ်ယောက်အနေနဲ့ စခြေလှမ်းပါပြီ ဆိုကတည်းက ငါ သေဖို့ ပြင်ထားပြီးသား.. အဟီး ငါသေရင် လူအများကြီး ခေါ်သွားနိုင်ခဲ့လည်း နည်းလား.. နောက်ပြီး မင်း အဆင့်လောက်က ငါ့ကို ဒီပညာ အဆုံးစွန်ထိ ထုတ်သုံးရလောက်အောင် မထိုက်တန်ဘူး.. မင်းတို့ အားလုံးကို သတ်ဖို့ မီးတောက် နည်းနည်းပဲ ထုတ်သုံးရမယ်ထင်တယ်.. အလွန်ဆုံး (၃) လကနေ (၅) လလောက် အိပ်ရာထဲ လှဲနေရုံပေါ့ ”

“ဟား.. ဟား.. ဟား.. ဟား.. မင်းက အန္တရာယ်ကြီးတဲ့ ကစားပွဲ စချင်နေတယ်ပေါ့ ”

“ဒါက မင်းအပေါ် မူတည်တယ် ဂျောင်ရီ.. ”
လျောင်ဟောင်း အသံက တည်ငြိမ်နေဆဲပါပဲ
“မင်းသာ အကျိုးအမြတ် နည်းနည်းလေးအတွက် သေမှာ မကြောက်ခဲ့ဘူးဆိုရင် အဲ့ဒီ လမ်းကို လျှောက်လှမ်းဖို့ ငါက ဒဏ်ရာနည်းနည်းနဲ့ ရင်းပေးရမှာပေါ့ ”

“မင်းကိုယ်မင်း သိပ် ယုံကြည်နေတယ်ပေါ့။ လျောင်ဟောင်း မင်းမှာပဲ ဝှက်ဖဲနဲ့ ကျင့်စဉ်ရှိနေတယ် ထင်ရင် မှားသွားပြီ။ ငါ့ကို သတ်နိုင်ချင် သတ်နိုင်လိမ့်မယ်။ ဒါပေမယ့် ပြန်ပေးဆပ်ရမယ့် တန်ဖိုးကတော့ အိပ်ရာထဲ (၅) ရက်လောက် လှဲနေရုံ ကမှာ မဟုတ်ဘူး။ ပြီးတော့ ခမ်းနားတဲ့ လူရွေးပွဲကလည်း စတော့မယ်။ ဒီတစ်ခေါက် လူရွေးပွဲက အဆင့်နိမ့်တပည့်တွေ ပါနိုင်မှာ မဟုတ်ဘူး။ ငါတို့လို တပည့်ရင်းတွေထဲကတောင် သန်မာတဲ့ လူတွေပဲ ၀င်ရောက် ပါ၀င်ခွင့်ရှိလိမ့်မယ်။ ဒါက နှစ် (၁၀၀) လောက်နေမှ တစ်ကြိမ် ကျင်းပတဲ့ပွဲမို့ ပါ၀င်ခွင့်ရဖို့ဆိုတာ အရမ်းကို ရှားပါးသွားခဲ့ပြီ။ မင်းက လွဲချော်သွားချင်တာလား?? ”

အဖွဲ့အစည်းက ပါရမီရှင်တစ်ယောက် အနေနဲ့ လျောင်ဟောင်း လည်း ဒီပွဲအကြောင်းကို သိထားပြီး လုံး၀ လက်မလွှတ်ချင်တဲ့ အရာတစ်ခုထဲမှာ ပါပါတယ်။

သို့ပေတည့်လည်း သူ့ရဲ့ အားအကောင်းဆုံးသော ကိုယ်ရည်ကိုယ်သွေးကတော့ ခိုင်မာတဲ့ နှလုံးသား တစ်စုံရှိတာပါပဲ။

ဆုံးဖြတ်ချက် တစ်ခု ချပြီးတာနဲ့ သူက ဘယ်တော့မှ ပြန်ပြင်ရိုးထုံးစံ မရှိခဲ့ပါဘူး။

“ခမ်းနားတဲ့ လူရွေးပွဲ အကြောင်း ငါသိထားပြီးသားပါ။ ဒီနေ့မှာ ကိစ္စသေးသေးလေးကိုတောင် မကျော်ဖြတ်နိုင်ခဲ့ရင် ခမ်းနားတဲ့ လူရွေးပွဲ ပါသွားခဲ့ရင်တောင် ရင်ထဲမှာ အရိပ်မည်းကြီး ကျန်နေခဲ့လိမ့်မယ်။ ဂျောင်ရီ ငါ့ကို လာခြောက်နေတာတွေက အလကားပဲမို့ တီယန်ရှောင်ကို ခေါ်ပြီး ဒီနေရာကနေ ထွက်သွားမလား။ တစ်ယောက်ချင်း တိုက်ကြမလား။ နိုင်သူ ဘုရင်ပဲ။ ဘယ်လိုလဲ ”

လျောင်ဟောင်း က ဂျောင်ရီ ရဲ့ စိုးရိမ်စိတ်နဲ့ သူ့ကို လာခြောက်ခဲ့တာ သဘောပေါက်တာမို့ ဒီအချက်နဲ့ပဲ သူ့ကို ပြန်ခြောက်ပါတယ်။

ဂျောင်ရီက ရှေ့ဆက်မတိုးရဲခဲ့ရင် သူ့ တည်ရှိမှုက သေးသိမ်သွားခဲ့ပါလိမ့်မယ်။

သူက တကယ်ပဲ လျောင်ဟောင်းနဲ့ တိုက်ခိုက်လာခဲ့ရင်လည်း လျောင်ဟောင်း အနေနဲ့ အနိုင်ယူဖို့ ယုံကြည်ချက် ရှိပါတယ်။ သူ တတ်ကျွမ်းထားတဲ့ ‘ကောင်းကင်ဘုံဆူတရာမီးတောက်’ ကျင့်စဉ်အပေါ်မှာ လည်း ယုံကြည်ချက် ရှိပါတယ်။

လျောင်ဟောင်းရဲ့ တုန့်ပြန်စကားတွေက ဂျောင်ရီကို အေးစက်သွားစေပါတယ်
“လျောင်ဟောင်း.. မင်းက ငါ့ကို လာနောက်နေတာလား။ ငါ့မှာ လူတွေ အများကြီး ပါလာနေသားနဲ့ ဘာလို့ မင်းနဲ့ တစ်ယောက်ချင်း တိုက်ရမှာလဲ။ ”

လျောင်ဟောင်း လှောင်ပြောင်လိုတဲ့ မျက်နှာပေးမျိုး ပြောင်းသွားပါတယ်
“အဟဲ.. ကြောက်ရင် ကြောက်တယ်ပေါ့။ အဲ့ဒါဆိုလည်း အုပ်စုလိုက် တက်ခဲ့ကြလေ။ လူများများ ပိုသတ်ရလေ.. ငါ ပိုပျော်ရလေပေါ့။ မင်းတို့ အားလုံးကို သတ်ပြီးရင် ငါ အဆင့်တောင် တက်ချင် တက်သွားဦးမယ် ”

“အရူး!! ”
ဂျောင်ရီ တစ်ယောက် ပြောစရာ စကားလုံး မဲ့သွားရပါတယ်။ ဒီ လျောင်ဟောင်း ဆိုတဲ့ ကောင်က တကယ့်ကို အရူးတစ်ယောက်ပါပဲ။ တစ်ခြားလူ တစ်ယောက်ယောက်သာဆိုရင် လူရွေးပွဲအကြောင်း ကြားလိုက်တာနဲ့ ချိန်ဆပြီး နောက်တစ်လှမ်းဆုတ်ဖို့ စဉ်းစားပါလိမ့်ဦးမယ်။

ဒါပေမယ့် လျောင်ဟောင်းကတော့ သောက်ဂရု လုံးလုံး မစိုက်ခဲ့ပါဘူး။
ပြောရရင် ဂျောင်ရီက လျောင်ဟောင်းကို နည်းနည်းလေးမှ မကြောက်ပေမယ့် လျောင်ဟောင်းနဲ့ ယှဉ်လိုက်ရင် သူက နည်းနည်းတော့ မှိန်နေသလိုပါပဲ။ နှစ်ဖက်လုံးက တစ်ဦးချင်းတိုက်ပွဲ စလိုက်တာနဲ့ ပြင်းထန်တဲ့ ဒဏ်ရာကိုယ်စီ ရသွားကြပါလိမ့်မယ်။

အကယ်၍ လျောင်ဟောင်းကသာ ဆူတရာကို အဆုံးစွန်ထိ အသုံးပြုလာခဲ့ရင် သူ ဂျောင်ရီက သေသွားဖို့ လမ်းစများနေသည်လေ။

သို့ပေတည့်လည်း ဂျောင်ရီ ကိုယ်တိုင်မှာ ဝှက်ဖဲတစ်ချို့ပါလာပါသေးတယ်။

“လူအိုကြီးလျူ နဲ့ ငါက လျောင်ဟောင်းကို ပူးပေါင်းတိုက်မယ်။ ကျန်တဲ့လူတွေက တစ်ခြား ခရမ်းရောင် နေအဖွဲ့အစည်းက တပည့်တွေကို အမြန်ဆုံး သတ်ကြ။ တိ်ုက်ပွဲကို အတတ်နိုင်ဆုံး မြန်မြန် အဆုံးသတ်ဖို့ ကြိုးစား ”

မြောက်ပိုင်းနန်းတော် ခေါင်းဆောင် လျူချန်းဖန်က စိတ်ဝိညာဉ်စတုတ္ထအဆင့် ပါ။ သူက အင်အားစုကြီး လေးခုထဲက တစ်ခုရဲ့ ခေါင်းဆောင် ဆိုသော်ငြားလည်း သူ့ ခွန်အားက အဖွဲ့အစည်းက ပါရမီရှင် လူငယ်တွေနဲ့ ကွာဟချက် ရှိနေပါသေးတယ်။ ဒါပေမယ့် သူ့မှာ တိ်ုက်ပွဲ၀င်အတွေ့အကြုံကတော့ လူငယ်လေးတွေထက် အပုံကြီးကို သာတာပေါ့။

လျူချန်းဖန် ခေါင်းညိမ့်လိုက်ရင်း
“ကောင်းပြီလေ.. မြန်မြန် အဆုံးသတ်လိုက်ကြတာပေါ့ ”

လျောင်ဟောင်းတစ်ယောက် ဂျောင်ရီနဲ့ လျူချန်းဖန်တို့ ခေါင်းချင်းဆိုင် စကားတိုးတိုး ပြောနေတာကို မြင်လိုက်တာနဲ့ တစ်ခုခု လုပ်တော့မယ် ဆိုတာကို သိလိုက်ပါတယ်။

အဲ့ဒါကြောင့် သူ့ အော်ရာတွေကို တိုးမြှင့်လိုက်ပြီး တိ်ုက်ပွဲအတွက် အဆင်သင့် ပြင်ထားလိုက်ပါပြီ။

အချိန်မရွေးပေါက်ကွဲတော့မယ့် မီးတောင် တစ်ခုလို ဖြစ်နေချိန်မှာပဲ ခရမ်းရောင်နေ အဖွဲ့အစည်းက တပည့်တစ်ယောက်က တစ်နေရာကို လက်ညှိုးထိုးပြလိုက်ရင်း
“စီနီယာအစ်ကိုလျောင်.. အဲ့ အဲ့ဒီ လူ နှစ်ယောက် မရှိတော့ဘူး ”

လျောင်ဟောင်း တစ်ယောက် အားကုန် တိ်ုက်ခိုက်တော့မယ်လို့ ပြင်နေကာမှ ဒီစကားလုံးတွေကြောင့် ဒေါသတွေ တဟုန်းဟုန်း ထွက်လာရပါတယ်
“မင်း ဘာပြောလိုက်တာလဲ?? ”

“ဟို နှစ်ယောက် မရှိတော့ဘူး ”
သူ့ မျက်နှာက တစ္ဆေတစ်ကောင်ကို နေ့ခင်းကြောင်တောင် မြင်လိုက်ရသူလို ကြောင်တက်တက် ဖြစ်နေပါတယ်။

“မင်း သူတို့နှစ်ယောက်ကို တစ်ချိန်လုံး စောင့်ကြည့်နေတာ မဟုတ်ဘူးလား ”
လျောင်ဟောင်း အသားကုန် အော်ဟစ်လိုက်ပါတယ်။

“ကျွန်.. ကျွန်တော် ဒီဘက်ကို ခဏလှည့်ကြည့်ပြီး ပြန်လှည့်လာတော့ မရှိတော့တာ။ တောင်ကြား ချိုင့်ဝှမ်းမှာ တစ်ခြားလမ်းလည်း မရှိပါဘူး ”

“အဲ့ဒါဆို သူတို့တွေက ဘယ်ပျောက်သွားကြတာလဲ ”
လျောင်ဟောင်းက အဲ့ဒီ ကောင်ကို ချက်ချင်း ပါးပြေးရိုက်လိုက်ချင်တာပါ။ ဒါပေမယ့် အဖိုးတန်သစ်ပင် အဖွဲ့အစည်းက လူတွေ ရှိနေသေးတယ်လေ။ ဒါကြောင့် စိတ်ကို အများကြီး ဖြေလျော့လိုက်ရပါတယ်။

ဂျောင်ရီ က ဒီအသံတွေကြားတော့ ဟားတိုက်ရယ်မောပါတယ်
“လျောင်ဟောင်း.. မင်းက သန်မာပေမယ့် မင်း အဖွဲ့ကတော့ ၀က်လို ငတုံးတွေချည်းပါလား ”

လျောင်ဟောင်းက ဂျောင်ရီကို ရက်စက်တော့မယ့် အကြည့်တွေ ပို့လွှတ်လိုက်ပြီး တောင်ကြားချိုင့်ဝှမ်း ဆီကို ဓားချက်တွေ ခုတ်ပိုင်းထည့်လိုက်ပါတယ်။

တောင်ကြားချိုင့်ဝှမ်းဆီကနေ သစ်ပင်တွေ ပြိုလဲကျသံတွေ ထွက်ပေါ်လာပြီး ရွှေတောင်ပံ ဓားငှက်အုပ် ကြီးက ကောင်ကင်ထက် တဟုန်ထိုး ပျံသန်းဖို့ ပြင်ကြပါတယ်။

“မဟုတ်သေးဘူး.. ဒီ ဓားငှက်တွေက ထွက်ပြေးဖို့ ပြင်နေကြပြီ ”
လျောင်ဟောင်း တစ်ကိုယ်လုံး တောင်ကြားချိုင့်ဝှမ်းဆီ ရိပ်ခနဲပြေးထွက်သွားပါတယ်။

ဂျောင်ရီလည်း လျူချန်းဖန်ကို တစ်ချက် ကြည့်လိုက်ရင်း
“ငါတို့လည်း သွားကြည့်ကြစို့ ”

တောင်ကြားချိုင့်ဝှမ်းမှာရှိတဲ့ ရွှေတောင်ပံဓားငှက်အုပ်ကြီး တိမ်ထုကို ထိုးခွဲပျံသန်းသွားကြတဲ့ အရှိန်က တကယ့်ကို မြန်ဆန်လွန်းလှပါတယ်။ များပြားလွန်းတဲ့ ဓားငှက်တွေ နေရာစုံ ပျံသန်းထွက်ခွာသွားလိုက်ကြတာ မြေကမ္ဘာစိတ်ဝိညာဉ်နယ်ပယ်က ကျင့်ကြံသူတွေ ဆောက်တည်ရာ မရ ဖြစ်ကုန်ကြပါတယ်။ သူတို့တွေက ဓားငှက်တွေကို ဖမ်းဆီးဖို့ပဲ စိတ်ကူးပြီး သတ်ဖြတ်ဖို့ မကြံရွယ်ထားခဲ့ တာ ပိုဆိုးသွားပုံရပါတယ်။

ဖမ်းဆီးပြီး တစ်နေရာမှာ ပြန်သုံးလို့်ရအောင် ကြံရွယ်ထားပေမယ့်လည်း အခုလို နေရာစုံ ခွဲပျံသွားကြတာမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိကြတော့ပါဘူး။ လူတိုင်းက တစ်ယောက် တစ်ကောင်စီ ဖမ်းမိအောင် ကြိုးစားကြရင်တောင် ဘယ်နှစ်ကောင် ဖမ်းနိုုင်မှာ မို့လို့လဲလေ။

ယီးလိုမှပဲ..

ဒီကောင်တွေကလည်း အခုမှ ဘာထဖြစ်ကြတာလဲ။
………………………………………………………………………

စာစဉ် (၂၁) ထွက်နေပါပြီနော်။.. ..လောကသုံးပါးသခင်
…………………………
Chapter 255:
         စွမ်းအားမြင့်မီးရေခဲကြာပန်းရဲ့ အင်အား

“ကြွက်ဘုရင်ကြီး.. သူတို့တွေအားလုံးကို တစ်ချီတည်း သတ်ပစ်နိုင်ဖို့ ယုံကြည်ချက်ရှိလား ”
ဂျန်ချန် မေးလိုက်ပါတယ်။

ရွှေဖျက်ကြွက်ဘုရင်ကြီး သက်ပြင်းချလိုက်ရင်း
“ဟင်း.. ငါတို့ ရွှေဖျက်ကြွက်မျိုးနွယ်စုရဲ့ အကြီးမားဆုံးအားနည်းချက်က မပျံသန်းနိ်ုင်တာပဲ။ မျိုးဆက်သွေး နိုးထလာလို့ တောင်ပံတွေ ပေါက်မလာသေးခင်အထိ ရွှေဖျက်ကြွက်တွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက အကန့်အသတ် ရှိနေဦးမှာပဲ။ သူတို့တွေသာ တစ်စု တစ်စည်းထဲ ရှိနေမယ်ဆိုရင် အချိန်ယူပြီး သတ်ပစ်နိုင်ဦးမယ်။ ဒါပေမယ့် သူတို့တွေထွက်ပြေးသွားခဲ့ရင်တော့ အာမမခံနိုင်ဘူး။ အထူးသဖြင့် ဂျောင်ရီပေါ့။ သူက မြန်လွန်းတယ်။ ဖမ်းမိဖို့ တကယ် မလွယ်တာ ”

အဲ့ဒီလို စကားတွေကြောင့် ဂျန်ချန် စိတ်ပျက်လက်ပျက် ဖြစ်သွားရပါတယ်
“အဲ့လိုဆိုရင် သူတို့ထဲက တစ်ချို့တစ်၀က်ကို အငိုက်ဖမ်း လုပ်ကြံ သတ်ဖြတ်နိုင်တယ် မလား ”

“ဟီး.. ဟီး.. ငါ့ အကောင်းဆုံး ပစ်မှတ်က လျူချန်းဖန်ပဲ။ သခင်လေးချန်.. အရိုးသားဆုံးပြောရရင် မင်းရဲ့ စွမ်းအားမြင့် မီးရေခဲကြာပန်းက လက်ရှိမှာ လုပ်ကြံသတ်ဖြတ်ဖို့ အကောင်းဆုံး လက်နှက်ပဲ။ မင်း ကြာပန်းရဲ့ လက်ရှိ အစွမ်းနဲ့ဆို စိတ်ဝိညာဉ် ဒုတိယအဆင့် လေးယောက်လောက်ကို တစ်ချက်ထဲနဲ့ ဝါးမြိုပစ်လိုက်လို့ ရနေပြီ။ နွယ်လေးပင် လူလေးယောက်ပေါ့”

ဂျန်ချန် မျက်လုံးတွေ အရောင် လက်လာပါတယ်။

“သခင်လေးချန်.. ကြာပန်းရဲ့ ဝါးမြိုနိုင်တဲ့ အစွမ်းက အရမ်းကို သန်မာလွန်းတယ်။ ခရမ်းရောင်နေ အဖွဲ့အစည်းက တပည့်တွေက အသင့်တော်ဆုံး ပစ်မှတ်တွေပဲ။ သူတို့တွေက မီးသဘာ၀နဲ့ ရေသဘာ၀ကို ကျင့်ကြံကြတယ်။ အဲ့တော့ သူတို့တွေကိုသာ ဝါးမြိုပစ်လိုက်နိုင်ခဲ့ရင် သူတို့တွေရဲ့ စိတ်ဝိညာဉ်ပင်လယ်ထဲက စွမ်းအားတွေက ကြာပန်း အစွမ်းကို အများကြီး တိုးပွားလာစေမှာပဲ။ တစ်ပြိုင် နက်တည်းမှာပဲ မင်း စိတ်ဝိညာဉ်ပင်လယ်လည်း သန်မာလာလိမ့်မယ် ”

ရွှေဖျက်ကြွက်ဘုရင်ရဲ့ အကြံပြုချက်က ဂျန်ချန် နှလုံးသားကို တုန်ခါသွားစေပါတယ်။

လျောင်ဟောင်း တို့ အပေါင်းအပါ တစ်စုက မီးအခြေပြု ကျင့်စဉ်တွေ လေ့ကျင့်ကြပြီး ယုဂျီတို့ တစ်တွေက ကျတော့ ရေစွမ်းအား ကျင့်စဉ်ကို လေ့ကျင့်ကြပါတယ်။ အဲ့ဒါကို သူ ဒုတိယ တောင်ကြားတိုက်ပွဲမှာ ကတည်းက သိထားခဲ့သည်လေ။

ယုဂျီ အကြောင်း တွေးမိတော့ ဒုတိယ တောင်ကြားတိုက်ပွဲ အခြေအနေက ဂျန်ချန် စိတ်ကို တစ်ဖန်ပြန်လို့ နွှေးပေးသလို ဖြစ်လာလေရဲ့။

“ကောင်းပြီလေ.. ဒီလိုပဲ ဆုံးဖြတ်လိုက်ကြတာပေါ့။ ခင်ဗျားက အခွင့်သာတာနဲ့ တိုက်ခိုက်စားသောက်ပစ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ ဖောက်ခွဲ မပစ်လိုက်ပါနဲ့။ အချိန်မကျသေးဘူး ”

ကြွက်ဘုရင်မျိုးနွယ်စုရဲ့ သဘာ၀ကိုက သူရဲဘောကြောင်တဲ့ အထဲမှာ ပါတာမို့ ဂျန်ချန် သတိမပေးလည်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်မှာ မဟုတ်ပါဘူး။ သူတို့တွေက အလစ်အငိုက်ဖမ်းပြီး ခိုးဆိုး သောင်းကျန်းရတာကိုပဲ နှစ်ခြိုက်ကြပါတယ်။ သူတို့မှာ အားကောင်းတဲ့ အရေအတွက်နဲ့ အသာစီးရနေရင်တောင် သူတို့က နှိမ့်ချတဲ့ ပုံစံနဲ့ပဲ ရှိတတ်တာပါ။

လျောင်ဟောင်းနဲ့ ဂျောင်ရီ တို့တစ်တွေက တောင်ကြားချိုင့်ဝှမ်းကို ကိုယ့်အဖွဲ့ကိုယ် ဦးဆောင်လို့ အမြန်ဆုံး ပြေးသွားကြပါတယ်။

လျူချန်းဖန်က သူတို့နဲ့ အနီးကပ်ဆုံး လိုက်ပါသွားနိုင်ပါတယ်။

ကျန်တဲ့ လူတွေကတော့ တောင်ကြားချိုင့်ဝှမ်းကို ကိုယ် အစွမ်းဆုံးနှုန်းထားနဲ့ပဲ လိုက်ပါနေကြလေရဲ့။

ဂျန်ချန်က မြေပြင် အောက်ခြေကနေ တိတ်ဆိတ်စွာပဲ ရေတွက်ပြီး ကြာပန်းနွယ်လေးပွင့်ကို ဖြည်းညှဉ်းစွာပဲ ပေါက်ဖွားလာစေပါတယ်။

သူ့ ပထမဆုံး ပစ်မှတ်ကတော့ ယုဂျီ ပါ။

သကောင့်သားက ဒုတိယတောင်ကြားမှာတုန်းက မောက်မာရိုင်းစိုင်းစွာ ပြုမူဆက်ဆံခဲ့တယ်လေ။ ဂျန်ချန်က သူ့ကို နက်နက်ရှိုင်းရှိုင်း မုန်းတီးနေတာ ဖြစ်သင့်ပါတယ်။

သူ့ ကြောင့်သာ မဟုတ်ခဲ့ရင် ဂျန်ချန်က လောင်ဂျုဇူးကို အဲ့ဒီ အချိန်ကတည်းက သတ်နိုင်ခဲ့လောက်ပါတယ်။

“သူက အခုထိ စိတ်ဝိညာဉ်ဒုတိယအဆင့်မှာပဲ ရှိသေးတယ်။ သူ့ကို အရင်ဆုံး ဖျက်ဆီးပစ်ရမယ်။ "

" ကြာပန်း နိုးထစမ်း! သူ့နောက်လိုက်မယ် ”

ယုဂျီကို သတ်ပစ်လိုက်ဖို့က အရမ်းကြီး ခက်ခဲလွန်းတာ မဟုတ်ပေမယ့် မလိုအပ်ဘဲ တစ်ခြားသူတွေ အားလုံးကို သတိပေးလိုက်သလို ဖြစ်သွားမှာတော့ ဂျန်ချန် မလိုလားပါဘူး။

ကံကောင်းတဲ့ တစ်ချက်က အားလုံးပဲ တောင်ကြားချိုင့်ဝှမ်းအတွင်းပိုင်း ရောက်ဖို့အရေး အလေးပေးနေကြပါတယ်။ ဒါပေမယ့် အချိန်အတော်ကြာတဲ့အထိ သူ အခွင့်အရေးမရခဲ့သေးပါဘူး။

ခြုံပုတ်တွေ သစ်ပင်ကြီးတွေက တောင်ကြောတစ်လျောက် ကြီးထွားလွန်းတာမို့ သဘာ၀အရ အကာအကွယ် ကောင်းကောင်းကြီးပေးနေပြီး ဂျန်ချန်အတွက် တကယ့် အခွင့်အရေးကြီး တစ်ရပ် ဖြစ်တည်နေစေခဲ့ပါပြီ။

သူ ဇက်ပါနားကို သုံးလို့ မြေပြင်ထက်က ယုဂျီရဲ့ ခြေလှမ်းသံတွေကို အသေအချာ နားစွန့်ထားပါတယ်။ အဲ့ဒီလိုပဲ သူနဲ့ တစ်ခြားလူတွေရဲ့ အကွာအဝေးကိုလည်း တွက်ချက် ချိန်ဆနေလေရဲ့။

“အင်း.. ဒါ အခွင့်အရေးပဲ။ ကြာပန်း ဖမ်းချုပ် ”

“ဝုန်း ”

ယုဂျီက အရှေ့ကို အားသွန်ခွန်စိုက်ပြေးနေပေမယ့် သူ့ ခြေထောက်အောက်က မြေပြင် လှုပ်ရှားလာတာ ခံစားမိတာမို့ ငုံ့အကြည့်ခိုက်မှာပဲ သန်မာတဲ့ အားတစ်ခုက သူ့ကို မြေအောက် ဆွဲခေါ်သွားခြင်းခံလိုက်ရပါပြီ။

"လခွမ်း.. ဘ.. "

စကားတောင် မဆုံးလိုက်ပါဘူး။ မြေပင်အောက်ကနေ ထိုးတက်လာတဲ့ ကြီးမားလွန်းတဲ့ ရေခဲကြာပန်းက ရုတ်ချည်း ဖြစ်ပေါ်လာပြီး ပွင့်ချပ်တွေက အာလို့ ဧရာမ ပါးစပ်ကြီးအသွင်နဲ့ ယုဂျီကို ဝါးမြိုသွားပါတယ်။

“ဖတ်.. ဖတ်.. ဖတ် ”

ရန်သူကို ပွင့်ချပ်ထဲ လှောင်ပိတ်ဝါးမြိုပြီးတာနဲ့ ရေခဲကြာပန်းက တမုဟုတ်ချင်း မြေပြင်အောက်ကို ငုတ်လျိုးသွားခဲ့ပြန်ပါပြီ။

ယုဂျီ လည်း ဘာဖြစ်လိုက်မှန်း မသိလိုက်ခင်မှာပဲ ကြာပန်းပွင့်ချပ်ထဲ ဖမ်းချုပ်ခံလိုက်ရတာမို့ အကြောက်အကန် ရုန်းကန် ပါတော့တယ်။

ဒါတွေအားလုံးက တစ်စက္ကန့်လောက်ပဲ ကြာခဲ့ပြီး မြေမျက်နှာပြင်အထက်မှာ ဘာသဲလွန်စ အငွေ့အသက်မှ မကျန်ရစ်ခဲ့ပါဘူး။

ပထမဆုံး တစ်ယောက်.. အောင်မြင် ။

ဒီအတွေ့အကြုံနဲ့ ဂျန်ချန်က ရေထဲက ငါးတစ်ကောင်လို ဆက်တိုက် တိုက်ခိုက်မှုတွေ လုပ်ဖို့ တက်ကြွလာခဲ့ပါပြီ။ သူ့ရဲ့ ဒုတိယ ပစ်မှတ်ကတော့ ရှောင်ယုပါ။ ဒီအကောင်ကလည်း ရေခဲကျင့်စဉ်တစ်ခုခုကို လေ့ကျင့်ထားပုံရပါတယ်။ ဒါကြောင့် နောက် ရေခဲကြာပန်းပွင့်တစ်ခုကို ထုတ်ပြီး ဝါးမြိုပစ်လိုက် ပြန်ပါတယ်။

ရှောင်ယုရဲ့ ခွန်အားကလည်း ယုဂျီ လောက်ပဲမို့ နည်းနည်းလေးမှတောင် အားစိုက်ထုတ်လိုက်ရခြင်း မရှိဘူးလေ။ လွယ်လင့်တကူပဲ အောင်မြင်ခဲ့ပါတယ်။

ဂျောင်ရီ မှာ သူတို့ အဖွဲ့အစည်းက လူတွေ အတော်များများ ပါလာတာမို့ ရှောင်ယု ပျောက်ဆုံးသွားတာကို တစ်ယောက်မှ သတိမပြုမိလိုက်ကြပါဘူး။ နောက်ပြီး တကယ်တမ်း ရှောင်ယုကို အလေးအနက်ထား ဂရုစိုက်တာဆိုလို့ သူ့ ဆရာ လျူချန်းဖန်ပဲ ရှိတယ် မလား။

ရှောင်ယု ကို ဝါးမြိုပြီးတဲ့နောက် တစ်ခြား မီးကြာပန်းနှစ်ပွင့်က ခရမ်းရောင်နေ အဖွဲ့အစည်းက တပည့်နှစ်ယောက်ကို ဖမ်းဆီးဝါးမြိုစားလောက်ဖို့ ပစ်မှတ်ထားလိုက်ပါတယ်။

အဲ့ဒီ နှစ်ယောက်က လျောင်ဟောင်းရဲ့ ဂျူနီယာ ညီလေးတွေ ဖြစ်ပြီး ယုဂျီလောက်ပဲ အစွမ်းအစ ရှိပါတယ်။

သို့ပေတည့်လည်း ဒီနှစ်ယောက်က အတော်လေး သတိကြီးပုံရသလို ဉာဏ်ကောင်းပုံလည်းပေါ်ပါတယ်။ ဘာလို့ဆို သူတို့တွေ အဖွဲ့ထဲကနေ ခွဲထွက်ဖို့ မကြိုးစားပဲ အမှီလိုက်နေကြလို့ပါပဲ။

“ဒါဆို အဲ့ဒီ နှစ်ယောက်အလှည့်ပေါ့ ”

ဂျန်ချန် လည်း စိတ်ရှည်ရှည်နဲ့ သူတို့ ခြေသံတွေကို နားစွန့်ရင်း မြေအောက်ကနေ ပတ်၀န်းကျင်ကို လေ့လာနေပါတယ်။ သူတို့ နှစ်ယောက် တစ်ခြားသူတွေနဲ့ နည်းနည်းဝေးကွာသွားတာနဲ့ ချက်ချင်း မီးကြာပန်းနှစ်ပွင့်ကို မြေပြင်အထက် စေလွှတ်လိုက်ပါတယ်။

ကြာပန်းနှစ်ပွင့်က လျှပ်စီးလက်လိုက်တဲ့ အလား မြေပြင်ကို ထိုးခွဲလို့ လူနှစ်ယောက်ကို တမုဟုတ်ချင်း မြေပြင်အောက် ဆွဲချလာနိုင်ခဲ့ပါတယ်။

ပွင့်ချပ်တွေကလည်း အခုဆို ပိတ်လို့သွားခဲ့ပါပြီ။

ကြာပန်းပွင့်ချပ်တွေထဲ ပိတ်မိသွားခဲ့တဲ့ သူတွေက ဘယ်လိုမှ လွတ်မြောက်ဖို့လမ်း မရှိပါဘူး။ ဘာလို့ဆို ကြာပန်းရဲ့ အဆင့်က မိုးကောင်းကင်အောက်မှာ ပထမအဆင့် တန်း၀င် လို့ပါ။ သာမန်ကျင့်ကြံသူ တစ်ယောက်က ဖောက်ထွက်လို့ရမယ် ထင်နေရင်တော့ ရီချင်စရာ ကောင်းလွန်းလှပါတယ်။

ဂျန်ချန်ရဲ့ လက်ရှိ အင်အားနဲ့ ကြာပန်း ရဲ့ အစွမ်းကို အသုံးချနိုင်စွမ်းက သိပ်လွှမ်းမိုးနိုင်စွမ်း မကြီးမားသေးပေမယ့် ကြာပန်းရဲ့ ပင်ကိုယ် ခွန်အားပါ၀င်နေတာကြောင့် အားအနည်းဆုံး အနေအထားနဲ့တောင် စိတ်ဝိညာဉ်ဒုတိယအဆင့်လောက်က လွတ်မြောက်အောင် ကြိုးစားဖို့ဆိုတာ လုံး၀ မဖြစ်နိုင်ပါဘူး။

ရေခဲကြာပန်းတစ်ပွင့်ထဲမှာ ရှိနေတဲ့ ယုဂျီ တစ်ယောက် အသက်ရှူလို့မရအောင် ဖြစ်နေပါပြီ။ ရုတ်တရက် ကြာပန်းပွင့်ချပ်တစ်ခုက လေရှူပေါက်တစ်ခု ရဖို့ နည်းနည်း ဖြေလျော့ပေးလိုက်တာနဲ့ သူ လေကို တစ်ရှိုက်မက်မက် ရှူသွင်းလိုက်ပါတယ်။

သူ့မျက်လုံးရှေ့မှာ အရာအားလုံးက မှောင်မိုက်နေသလို ကြွက်သားတွေကလည်း တစ်စက်ကလေးတောင် လှုပ်ရှားလို့ မရပါဘူး။ လက်ရှိမှာ သူ ဘယ်နေရာကို ရောက်နေလဲ စဉ်းစားဖို့ထက် လေကို လောဘတကြီး ရှုရှိုက်ဖို့ပဲ ကြိုးစားလိုက်ပါတယ်။
အတန်ကြာ အသက်ကို ရှူရှိုက်လိုက်ပြီးနောက်မှာ သူ ရေခဲကြာပန်းတစ်ပွင့်ထဲ ရောက်နေတာကို သိလိုက်ရပါပြီ။

တစ်ချို့သော ပွင့်ချပ်တွေက သူ့ ကိုယ်ကို မလှုပ်နိုင်အောင် ရစ်ပတ်ထားပြီး မယုံကြည်နိုင်လောက်အောင် စုတ်ယူနေပါတယ်။ သူ ဘယ်လောက်ပဲ ရုန်းကန်နေပါစေ နည်းနည်းလေးမှတောင် လှုပ်လို့ မရခဲ့ပါဘူး။

“သောက်ကျိုးနည်း.. ဘယ်လို ငရဲရောက်နေတာလဲဟ ”
ယုဂျီ အကြီးအကျယ် ခြောက်ခြားသွားပြီး လက်တစ်ဖက်ကို အားကုန်ထုတ်ပြီး သူ့နောက်ကျောက လက်နှက်ကို ဖြုတ်ယူဖို့ ကြိုးစားလိုက်ပါတယ်။ လက်နှက်ကို ဆုပ်ကိုင်မိဖို့ အနည်းငယ်လောက် အလိုမှာပဲ နှိုင်းဆလို့ မရလောက်တဲ့ အားတစ်ခုက သူ့ ညာဘက်လက်ကို လှီးဖြတ်သွားခဲ့ပါပြီ။

ညာဘက် လက်တစ်ဖက် လေထဲကို လှစ်ခနဲ လွင့်လို့ သွေးတွေ ရွှန်းရွှန်းစိုလို့။

“အား !! ”
ယုဂျီ အသံပြာလုအောင် အော်ဟစ်လိုက်မိပါတယ်။ ကြောက်ရွံ့ခြင်းက နှလုံးသားတစ်ခုလုံးကို အမှောင်ဖုံး သွားမတတ်ပါပဲ။

သူ့ ဘ၀တစ်လျောက်လုံး အခုလောက် ထူးဆန်းလွန်းတဲ့ အဖြစ်အပျက်မျိုး မကြုံခဲ့ရဖူးပါဘူး။

“မင်း ကြိုက်သလိုအော်စမ်း။ တကယ် နား၀င်ချိုတာပဲ။ အဟဲ ယုဂျီ ဟုတ်လား.. အော်လေ.. ဆက်အော် ”
တည်ငြိမ်လွန်းတဲ့ အသံတစ်ခုက အမှောင်ထုထဲကနေ ရုတ်ချည်း ထွက်ပေါ်လာပါတယ်။

“ဘယ်သူလဲ.. မင်း ဘယ်သူလဲ ”
နာကျင်မှုကြောင့် နှဖူးထက်ကနေ ချွေးစေးတွေ ပုတီးစေ့လောက် ထွက်ပေါ်လာနေပေမယ့် လူသံ ကြားလိုက်ရတာမို့ ရေနစ်နေတဲ့ အချိန် သစ်တုံးတစ်ခု တွေ့လိုက်ရသူလို စိတ်သက်သာရာ ရသွားပါတယ်။

“ငါ ဘယ်သူလဲ မှန်းကြည့်လေ ”
ဂျန်ချန် အသံက အမှောင်ထုထဲကနေ မှန်မှန် ထွက်ပေါ်လာနေပါတယ်။

“မင်း.. မင်းဘယ်သူလဲသာ ပြောစမ်းပါကွာ ”
ယုဂျီ အလျင်အမြန်စဉ်းစားလိ်ုက်ရင်း
“ညီအစ်ကို မင်းဘယ်သူဖြစ်ဖြစ် အရေးမကြီးဘူး.. ကျေး ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါကွာ.. ငါ တောင်းပန်ပါတယ်။ ငါ့ကို ဒီ မကောင်းဆိုးရွားအရာကြီးက ဖမ်းထားတာ.. လှုပ်လို့တောင် မရဘူး။ ငါ .. ငါ ”
ယုဂျီ တစ်ယောက် တစ်ဖက်သားကို တောင်းပန်နေရင်း မျက်လုံးတွေ ပြူးလာပြီး အသံက တိမ်၀င်သွားပါတယ်။

ဘာလို့ဆို အမှောင်ထဲက တစ်ဖက်လူရဲ့ မျက်နှာကို မြင်လိုက်ရလို့ပါပဲ။

“မင်း.. မင်းက ဂျန်ချန် ”
ယုဂျီ သွားတွေ ကြောက်လန့်မှုကြောင့် တဂတ်ဂတ် ရိုက်လာပါတယ်။ ရေခဲချောက်ကမ်းပါးထဲကို အထိန်းအကွပ်မရှိ ကျသွားသူလို တုန်လှုပ်ခြင်းကြီးစွာ ဖြစ်တည်လို့ နေလေရဲ့။

“အယ်.. မင်းက ဉာဏ်ကောင်းသားပဲ။ မဆိုးဘူး ”
ဂျန်ချန် က မကောင်းဆိုးရွားဆန်ဆန် ပြုံးလိ်ုက်ပြီး
“အင်း.. အဲ့ဒါက နာတယ် မို့လား ”

ယုဂျီက ချွေးပြန်နေပေမယ့် အလျင်စလို မေးခွန်းထုတ်လိုက်ပါတယ်
“ဂျန်ချန်.. မင်း မင်း ဒီမှာ ဘာလုပ်နေတာလဲ ”

ဂျန်ချန် မျက်နှာက မည်းမှောင်သွားရပါတယ်
“ငါ ဒီမှာ ဘာလုပ်နေတာလဲ ဟုတ်လား။ မင်းက ငါ့ကို မေးတော့ ငါလည်း ပြန်မေးရပါဦးမယ်။ မင်း ဒီမှာ ဘာလာလုပ်နေတာလဲ။ ငါ့ ရွှေတောင်ပံဓားငှက်တွေကို ဖမ်းခေါ်သွားချင်သေးတယ်။ ဟမ့်.. ငါ့ နောက်လိုက် တစ်ယောက်ကိုတောင် ဖမ်းခေါ်ပြီး ဟို ခွေးမ လောင်ဂျုဇူးဆီ အပ်မယ်ပေါ့ ”

ယုဂျီ မျက်နှာက အကျည်းတန်သွားခဲ့ပါပြီ
“ငါ.. ငါ.. ဟိုဟာလေ။ ဂျန်ချန် မင်း နားလည်မှု လွဲနေပြီ။ တကယ့်ကို နားလည်မှုလွဲနေပြီ။ ငါနဲ့ မင်းနဲ့ ဘာရန်ငြိုးမှ မရှိပါဘူးကွာ။ ငါက ဆရာ့ အမိန့်ကို နာခံရတာပဲ ရှိတာပါ။ ငါ့ကို လွှတ်ပေးလိုက်။ ငါ ကျိန်ဆိုတယ် နောင်မှာ မင်း နောက်လိုက်ခွေးပဲ ဖြစ်စေရမယ်။ မင်း ငါ့ကို တိုက်ခိုက်ရင် ဘာပဲ ဖြစ်နေပါစေ တိုက်ခိုက်မယ်။ ငါ့ကို ကိုက်ခိုင်းရင်လည်း ဘာကောင်ကြီးပဲ ဖြစ်နေပါစေ ကိုက်မယ်လေကွာ။ နော်.. နော် ”

ဂျန်ချန် အကြည့်က တစ်မျိုးဖြစ်သွားပါတယ်။

သူ လူမှားပြီး ဖမ်းလာမိတာများလား လို့တောင် သံသယ ဖြစ်မိပါတယ်။ အနီးကပ်ကြည့်တော့လည်း ဒါက ယုဂျီ မှ ယုဂျီ အစစ်ပါ။

ဒုတိယ တောင်ကြား တိုက်ပွဲမှာ တုန်းကတော့ သူ့လောက် မြင့်မြတ်တဲ့သူ မရှိတော့သယောင် လေတစ်လုံး မိုးတစ်လုံးနဲ့ ထိပ်ဆုံးကနေ မဆင်းခဲ့ဘဲ။ အခုတော့လည်း ယုဂျီ က ဒီလို စကားမျိုးတွေလည်း ပြောတတ်သေးသားပဲ။ အခုကျတော့ အရမ်းကို နှိမ့်ချ ပြောဆိုနေလိုက်တာ သာမန် ကျင့်ကြံသူလေးတွေထက်တောင် နိမ့်ကျနေသယောင်။

ဂျန်ချန် အဲ့ဒီ အမူအကျင့် နှစ်ရပ်ကို သွားဆက်စပ်ကြည့်မိပါတယ်။ အဖွဲ့အစည်းက တပည့် တစ်ယောက်က သေရမှာ ကြောက်လို့ တောင်းပန်နေလိုက်တာများ တကယ်ပဲ တရားကျစဖွယ်။

ဂျန်ချန် သက်ပြင်းချမိပါတယ်
“ယုဂျီ.. ငါ အဖွဲ့အစည်းထဲက လောဘကြီးတဲ့ ကောင်တွေ.. အနိုင်ကျင့်တဲ့ ကောင်တွေ.. ကြောင်သူတော် ယောင်ဆောင်တွေ.. မောက်မာတဲ့ ကောင်တွေ အများကြီး တွေ့ဖူးတယ်။ ဒါပေမယ့် ရဲရဲကြီး မသေရဲဘဲ အသက်ရှင်ဖို့ အရေး အကျည်းတန်လောက်အောင် တောင်းပန်နေတဲ့ ကောင်မျိုးတော့ ဒီတစ်ကြိမ်ပဲ တွေ့ဖူးသေးတယ်။ မင်းက ငါ့ကို သင်ခန်းစာ တစ်ခု ပေးလိုက်တာပဲ။ အဖွဲ့အစည်းက တပည့်တွေအားလုံးက ဒီအတိုင်းချည်းပဲပေါ့။ သေခါနီးရင် ခွေးတစ်ကောင်လို တောင်းပန်နေတတ်လိုက်ကြတာ။ အဖွဲ့အစည်း အနာဂါတ်အတွက် ရင်လေးပါဘိတော့ ”

ယုဂျီက ဒီလို စကားမျိုး ဆိုလာတဲ့ အတွက် မရှက်ပါဘူး
“အဖွဲ့အစည်းက တပည့်တွေကလည်း လူသားတွေပဲကွ။ လူသားတွေပါဆို သေမှာ ကြောက်တာပဲပေါ့။ ဂျန်ချန် မင်းသာ ငါ့ကို လွှတ်ပေးလိုက်ရင် မင်း လုပ်ခိုင်းသမျှအားလုံး လုပ်ပေးမယ်။ ငါက ဂျူနီယာ ညီမလေး လောင်ဂျုဇူးနဲ့ ရင်းနှီးတယ်ကွ။ မင်းက သူမကို မုန်းတီးတယ် မဟုတ်လား။ အဲ့ဒီတော့ သူမကို ငါ လှည့်စားပြီး မင်းဆီ ခေါ်လာခဲ့မယ် ဆိုရင်ရာ။ လောင်ဂျုဇူးက ခွေးမ တစ်ကောင် ဆိုပေမယ့် အပျိုစင် စစ်စစ်လေးပဲ ရှိသေးတယ်။ ဂျန်ချန် မင်း မင်းသာ စိတ်၀င်စားရင် သူမကို အရင်ဆုံး စားလိုက်။ ပြီးမှ သတ်လို့ ရတယ်။ မင်းစိတ်ကြိုက်လုပ်။ ငါက ငါက မင်းအတွက် အသုံး၀င်ပါတယ်ကွာ ”

ဂျန်ချန် ပြုံးလိုက်ပါတယ်။ အဖွဲ့အစည်းက တပည့်တွေက အခုလိုလည်း ပြောဖို့ ၀န်မလေးကြပါလား။

အရင် အားကောင်းနေတုန်းကတော့ အခုလို မဟုတ်ပါလား။ သူ မျက်လုံးကို ဖြည်းညှဉ်းစွာ ဖွင့်လိုက်ပြီး
“ယုဂျီ.. မင်းက ငါ့ကို စိတ်ပျက်စေတာပဲကွာ။ ဒုတိယ တောင်ကြားတုန်းကလို မင်းကို မြင်ချင်ခဲ့မိတာ။ အဲ့တုန်းကတော့ ငါ့ကို ဘယ်သူမှ မကယ်နိ်ုင်တော့ဘူး ဆိုပြီး မောက်မာနေတာ မဟုတ်ဘူးလား။ ငါ့ကို ဖျက်ဆီးပစ်ဖို့လက်တစ်ချောင်းပဲ လိုအပ်တယ်ဆို။ ငါ မင်းကို အခု ပြန်ရွတ်ပြရမလား။ မင်း ငါ့ ရွှေတောင်ပံ ဓားငှက် ဘယ်နှစ်ကောင်တောင် သတ်ခဲ့လဲ မှတ်မိသေးလား။ အဲ့ဒီနေ့တုန်းက စိတ်ဝိညာဉ် ဒုတိယအဆင့် အင်အားလေးနဲ့ ငါ့အပေါ် မောက်မောက်မာမာ ပြောဆိုခဲ့တယ်။ ဟော အခုတော့လည်း ခွင့်လွှတ်ဖို့ တောင်းပြန်နေပါရောလား ”

ယုဂျီ မျက်နှာထက်မှာ ရောင်စုံအလင်းတန်းတွေ ယှဉ်ပြေးနေပြီး ကြောက်ရွံ့ခြင်းက တစ်ကိုယ်လုံး တုန်တက်နေစေပါတယ်။

……………………………………………………………………………………………………………………………….

ဘာသာျပန္သူေျပာတဲ့စကားေတြမဖ်က္ေတာ့ဘူးေနာ္
Eg. စာစဥ္အသစ္ဘယ္ေတာ့ထြက္မယ္ ဘာညာဘာညာေပါ့

ေလာကသုံးပါးသခင္
…………………………
Chapter 251:
         ဂု႐ူ တစ္ခုခု ျဖစ္ၿပီေလာ

အႀကီးအကဲ႐ွန္က ႏိုင္ငံဆယ့္ေျခာက္ခုနဲ႔ လုံး၀ မႏိႈင္းစာအပ္ေသာ ေနာက္ခံ ႐ွိေသာ္ျငားလည္း မိုးေကာင္းကင္ရဲ႕ ဥပေဒသကို ေလးစားပါတယ္။ အဲ့ဒါမို႔ နတ္ဘုရားေဟာကိန္းကို မယုံမၾကည္ သြားမလုပ္ရဲပါဘူး။

အဲ့ဒါေၾကာင့္ ဂ်န္ခ်န္ အေပၚ သူ ေမွ်ာ္မွန္းထားတာက အရမ္းကို ျမင့္မားလြန္းေနတာပါ။ နိ္ဳင္ငံဆယ့္ေျခာက္ခု လုံးမွာ ဘယ္သူကမွ (၃) ႏွစ္ကေန (၅) ႏွစ္ အတြင္း ထြဋ္ျမတ္မူလ နယ္ပယ္ခ်ိဳးေဖာက္ ၀င္ေရာက္ႏိုင္ျခင္း မ႐ွိႏိုင္ပါဘူး။

အဲ့ဒါ အပထားဦး.. လ်ိဳ႕ဝွက္အဖြဲ႕အစည္းေတြ အားလုံးေပါင္းရင္ေတာင္မွ ထြဋ္ျမတ္မူလ အဆင့္က အေရအတြက္ နည္းနည္းပဲ႐ွိပါတယ္။

ေအာင္ႏိုင္ျခင္းေကာင္းကင္ႏိုင္ငံက ဆရာသခင္ ရီေခ်ာင္လုံေတာင္မွပဲ စိတ္ဝိညာဥ္ထိပ္ဆုံးအဆင့္ သာမန္ စိတ္ဝိညာဥ္ဘုရင္ပဲ ႐ွိပါေသးတယ္။

စ္ိတ္ဝိညာဥ္ဘုရင္ဆိုတာက ထြဋ္ျမတ္မူလ နယ္ပယ္ကို ခ်ိဳးေဖာက္၀င္ေရာင္ႏိုင္ဖို႔ အဆင့္တစ္ခုပဲ လိုပါတယ္။ အဲ့ဒီ တစ္ဆင့္ကိုပဲ တစ္သက္လုံး မတက္ႏိုင္ၾကတဲ့ က်င့္ၾကံသူေတြက ဒုနဲ႔ေဒးပါ။

ဉာဏ္အလင္းတစ္ခ်ိဳ႕သာ ပြင့္ၿပီးသားျဖစ္ခဲ့ရင္ သူတို႔ေတြကို ထြဋ္ျမတ္မူလ တစ္ပိုင္း အဆင့္လို႔ သတ္မွတ္နိ္ဳင္ေပမယ့္ တကယ္တမ္း သူတို႔ေတြက အမွန္တကယ္ ထြဋ္ျမတ္မူလ နယ္ပယ္ကို ခ်ိဳးေဖာက္ ၀င္ေရာက္သြားတာမ်ိဳး မဟုတ္ပါဘူး။

ေလးစားစရာေကာင္း လွပါတယ္ ဆိုၿပီး တစ္ႏိုင္ငံလုံး ကိုးကြယ္ေနၾကတဲ့ ပညာ႐ွင္ ရီေခ်ာင္လုံက ထြဋ္ျမတ္မူလအဆင့္ကို မေရာက္ႏိုင္ေသးတာ ကာလၾကာ႐ွည္ခဲ့ၿပီးသားမို႔ ဂ်န္ခ်န္ ကို ႏွစ္တိုေလးအတြင္း ခ်ိဳးေဖာက္၀င္ေရာက္ႏိုင္ဖို႔ ေမွ်ာ္လင့္တာက ဂ်န္ခ်န္ အေၾကာင္း သူေလ့လာထားမိသေလာက္နဲ႔ ခ်ိန္ထိုးထားတာပါ။ ေနာက္ၿပီး ဟန္းအာ ဆိုတဲ့ မိန္းမလွေလး အေျခအေန။

အဲ့ဒါေၾကာင့္ အႀကီးအကဲ႐ွန္ရဲ႕ အဆိုက အဓိပၸါယ္ေတာ့ ႐ွိသလိုႏွယ္ပါပဲ။

အကယ္၍ ဂ်န္ခ်န္ကသာ သူတို႔႐ွာေဖြေနတဲ့ ပါရမီ႐ွင္ေလး ျဖစ္ခဲ့ရင္ သူက သူ႕ မ်ိဳးဆက္မွာ အထြန္းေတာက္ဆုံးေတြရဲ႕ ထိပ္ျဖစ္ရမွာ မလြဲပါဘူး။

သမိုင္းမွာ မ႐ွိခဲ့ဘူးဆိုတိုင္းလည္း မျဖစ္ႏိုင္ဘူးလို႔ ဆိုလိုတာမွ မဟုတ္ဘဲ။ သူက ပထမဆုံး သမိုင္းတြင္ မယ့္ လူငယ္တစ္ေယာက္ ျဖစ္သြားႏိုင္တယ္ေလ။

သာမန္ က်င့္ၾကံသူေတြ အတြက္ အကန္႔အသတ္ေတြ ဆိုတာလည္း သူ႕အတြက္ အကန္႔အသတ္ ျဖစ္မွာ မဟုတ္ပါဘူး။

စစ္မွန္ေသာ ပါရမီ႐ွင္ေတြက တူညီတဲ့ ပတ္၀န္းက်င္ကေန ေမြးဖြားလာၾကတယ္ဆိုေသာ္ျငားလည္း ထိုထိုေသာ တူညီတဲ့ မ်ိဳးဆက္လူငယ္ေတြၾကားမွာ ထိပ္ဆုံးကေန ရပ္တည္ၿပီး မတူညီတဲ့ ခံစားခ်က္မ်ိဳး ေပးစြမ္းႏိုင္စြမ္း႐ွိသူကို ဆိုလိုပါတယ္။

ဒိုသိုင္းပညာကမ႓ာမွာ ေလ့က်င့္သူတိုင္းက အဆင့္တူတူဆိုရင္ ပါရမီ ဆိုတာ ဘယ္မွာ သြားအသုံး က်ပါေတာ့မလဲေလ။ အဲ့လို သူမတူတဲ့ အရည္အခ်င္း အစြမ္းသတၱိမ်ိဳး ႐ွိသူေတြကသာ ဒ႑ာရီဆန္ဆန္ ျဖစ္တည္ၾကတာပါ။ ေက်ာ္ၾကားၾကတာပါ။

အႀကီးအကဲ႐ွန္ရဲ႕ အဆင့္အတန္းအရ သူ႕ရဲ႕ က်င့္ၾကံသူေတြအေပၚ စိစစ္အကဲျဖတ္ စံသတ္မွတ္ျခင္းက ႏိုင္ငံ ဆယ့္ေျခာက္ခုက သူေတြနဲ႔ ကြဲျပားပါတယ္။

သူ႕ မ်က္လုံးထဲမွာ ရီေခ်ာင္လုံကေတာင္မွ ႏိုင္ငံဆယ့္ေျခာက္ခုထဲမွာမွ မဆိုး႐ုံ အေနအထားထဲပဲ ယိုင္နဲ႔နဲ႔ နဲ႔ ၀င္ပါတယ္။

တကယ့္ ကမ႓ာမွာ လူငယ္ပါရမီ႐ွင္ မ်ိဳးဆက္ေတြကေတာင္ ဆရာသခင္ကို ႏွိပ္ကြက္ႏိုင္စြမ္း႐ွိၾကပါတယ္။

ဒိုသိုင္းပညာလမ္းစဥ္က ခက္ခဲၾကမ္းတမ္းလြန္းပါတယ္။

မ်ားေသာအားျဖင့္ေတာ့ က်င့္ၾကံသူေတြက နိမ့္က်ၿပီးသာမန္ ေနရာမွာ ေမြးဖြားလာခဲ့ၾကၿပီး နိမ့္က်စြာပဲ ေသဆုံးသြားၾကရတာပါ။ ပါရမီ မ႐ွိတာလည္းပါ အရင္းအျမစ္လည္း ႐ွားပါတာေၾကာင့္ စသည္ျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒီလိုပဲ ဘ၀က အဆုံးသတ္ခဲ့ရတာပါ။

သူတို႔ရဲ႕ နိမ့္က်တဲ့ ေမြးဖြားျခင္း အေျခအေနမ်ိဳးကေန လြတ္ေျမာက္ေအာင္ ႐ုန္းထြက္လာနိ္ဳင္တဲ့ သူမ်ိဳးေတြကေတာ့လည္း ပါရမီ႐ွင္ေတြရဲ႕ ထိပ္သီး ထူးခြၽန္လြန္းေသာ ပါရမီ႐ွင္ေတြ ျဖစ္လာၾကပါတယ္။

အႀကီးအကဲ႐ွန္က ဂ်န္ခ်န္ရဲ႕ လႈပ္႐ွားေဆာင္႐ြက္ခ်က္ေတြ အားလုံးကို အခုထိတိုင္ သေဘာအက်ႀကီး က်ေနဆဲပါ။

ႏိုင္ငံငယ္ေလးမွာ ေမြးဖြားလာတဲ့ ဂ်န္ခ်န္ မွာ ျပစ္ခ်က္ဆိုလို႔ မေတြ႕ရသေလာက္ပါပဲ။

ဂ်န္ခ်န္က ထူးျခားတဲ့ အသြင္အျပင္႐ွိၿပီး တစ္ဖက္သားကို လႊမ္းမိုးႏိုင္တဲ့ ေအာ္ရာနဲ႔ အေငြ႕အသက္ ပိုင္ဆိုင္ထားပါတယ္။

အႀကီးအကဲ႐ွန္လို အဆင့္နဲ႔ေတာင္ မျမင္ႏိုင္ေသးတဲ့ လ်ိဳ႕ဝွက္ဆန္းက်ယ္မႈ တစ္ခ်ိဳလည္း ႐ွိေနပါေသးတယ္။

ဒါကလည္း အႀကီးအကဲ႐ွန္ကို ပိုလို႔ ပိုလို႔ စိတ္၀င္စားမႈ ျမင့္တက္ေစပါတယ္။ ဒီလူငယ္ေလးမွာ ဘယ္ေလာက္ေတာင္ ထူးျခားတဲ့ အရာေတြ ျပည့္ႏွက္ေနေသးတာလဲ။

အနိမ့္ဆုံးေျပာရရင္ ေဆးေဖာ္စပ္နည္း အၫႊန္းေတြ အမ်ားႀကီး ႐ွိေနတာနဲ႔တင္ကို သူ႕ကို အႀကီးအက်ယ္ အံ့အားသင့္ေစဖို႔ လုံေလာက္ပါတယ္။ ဒီလို ႏိုင္ငံငယ္ေလးက လူငယ္ေလး တစ္ေယာက္က အခုေလာက္ ႀကီးက်ယ္တဲ့ အရာေတြ လုပ္ျပႏိုင္တာကိုက လြန္လြန္းေနပါၿပီ။

…………………

ဂ်န္ေဂဟာမွာ ႐ွိေနတဲ့ ဂ်န္ခ်န္ကေတာ့ အဲ့ဒီ လ်ိဳ႕ဝွက္ဆန္းက်ယ္တဲ့ ေျမးအဘိုးႏွစ္ေယာက္ ႐ွိေနတာကို တစ္စက္ကေလးမွေတာင္ သတိမထားမိပဲ ေအးခ်မ္းစြာပဲ ႐ွိေနေလရဲ႕။

သူ႕ အလုပ္ကိုပဲ အာ႐ုံစိုက္လို႔ ေလ့က်င့္လိုက္ ေဆးေဖာ္စပ္သန္႔စင္လိုက္ပါပဲ။

လက္႐ွိ သူ စုထားေဆာင္းထားသမွ်ေသာ ေဆးအမယ္ေတြက ေ႐ႊေတာင္ပံဓားငွက္ေတြ အတြက္ လုံေလာက္ပါတယ္။

ဒီဓားငွက္ေတြကိုသာ အဆင့္တက္ေအာင္ လုပ္ေပးႏိုင္ခဲ့ရင္ ေ႐ႊေတာင္ပံဓားငွက္ဆိုတာ သူ႕ ဝွက္ဖဲအသစ္ ေတြ ျဖစ္လာဦးမွာပါပဲ။

အခုလိုသာ ျဖစ္လာခဲ့မယ္ ဆိုရင္ေတာ့ သူ႕ ရဲ႕ အင္အားက တစ္ဆင့္ျမင့္သြားခဲ့ၿပီလို႔ ဆိုႏိုင္ၿပီး မေတာ္တဆ ျဖစ္လာႏိုင္တာေတြ အတြက္ ေျဖ႐ွင္းဖို႔ အရာတစ္ခု ေပၚလာခဲ့ပါၿပီ။

အေမွာင္ထဲက လက္တစ္စုံလို အဖြဲ႕မ်ိဳး ေနာက္ဆုံးတစ္ေခါက္ ၿခိမ္းေျခာက္လာတာမွာ သူ အေတာ္ေလး အၾကပ္႐ိုက္သြားခဲ့ရၿပီး လက္ေအာက္ငယ္သား မလုံေလာက္ေသးဘူးလို႔ စတင္ခံစားလာရေစပါတယ္။

ဒါေၾကာင့္ပဲ အခုေလာက္ လုံးပန္းေနရတာပါ။

ခုနစ္ရက္ ေက်ာ္သြားခဲ့ပါၿပီ။

ဂ်န္ခ်န္ လည္း အေတာ္ေလး ဂနာမၿငိမ္ျဖစ္လာရပါတယ္။

ဓမၼဓိဌာန္က်က် ေျပာရရင္ နဂါးစြယ္အေစာင့္အၾကပ္တပ္က စစ္သည္ေတြက လက္ေ႐ြးစင္ေတြ ျဖစ္သလို ေအာင္ႏိုင္ျခင္းေကာင္းကင္ႏိုင္ငံမွာ အေတာ္ေလး ကြၽမ္းက်င္တဲ့ထဲပါေလရဲ႕။ ဒီတစ္ေခါက္ ခရီးထြက္သြားတာမွာ ျပန္ေရာက္ဖို႔ သင့္ပါၿပီ။

သာမန္ အေျခအေနမ်ိဳးမွာ ဘာျပႆနာမွ မၾကဳံရင္ ငါးရက္က အသြားအျပန္အတြက္ လုံေလာက္ပါတယ္။

ခုနစ္ရက္ၾကာတာေတာင္ ဂု႐ူနဲ႔ အဖြဲ႕တို႔ ျပန္မေရာက္ပုံေထာက္ေတာ့ နည္းနည္း ထူးဆန္းေနပါၿပီ။

သူ႕ အသိစိတ္က တစ္ခုခု မွားေနေၾကာင္း အခ်က္ေပးေနပါၿပီ။ ဂု႐ူ ရဲ႕ အက်င့္နဲ႔ဆို ဒီကို အျမန္ဆုံး ျပန္ေရာက္ေအာင္ ေလာလာခဲ့မွာပါ။ တီယန္ေ႐ွာင္ ဆိုရင္လည္း တည္ၿငိမ္ၿပီး ေတြးေခၚႏိုင္စြမ္းႀကီးမားတာမို႔ ဘာမွ ဒုကၡျဖစ္စရာ အေၾကာင္းမ႐ွိပါဘူး။

အဲ့ဒါအျပင္ ေအာင္ႏိုင္ျခင္းေကာင္းကင္ႏိုင္ငံမွာ လက္႐ွိအေနအထားမ်ိဳးနဲ႔ နဂါးစြယ္အေစာင့္အၾကပ္တပ္ကို ဘယ္သူကမ်ား လာရန္စရဲလို႔လဲ။

ေျမာက္ပိ္ဳင္းနန္းေတာ္ !!

ေျမာက္ပိုင္းနန္းေတာ္ အေၾကာင္းေတြးလိုက္မိေပမယ့္ နဂါးစြယ္အေစာင့္အၾကပ္တပ္ကို သတ္ျဖတ္တာ ရန္စတာက ျပင္းထန္ႀကီးေလးတဲ့ ဒဏ္ထိမွာမို႔ မလုပ္ရဲႏိုင္ပါဘူး။

ေျမာက္ပိုင္းနန္းေတာ္ဆိုတာ အဖိုးတန္သစ္ပင္အဖြဲ႕အစည္း ေနာက္ခံ႐ွိေသာ္ျငားလည္း အခုလိုမ်ိဳး နဂါးစြယ္အေစာင့္အၾကပ္တပ္ကို သြားက်ဴးလြန္ခဲ့ရင္ ေသခ်ာေပါက္ကို အထိနာပါလိမ့္မယ္။ ဘာလို႔ဆို သူတို႔ေတြက မွားခဲ့သည္ကိုး။

“ငါ ထပ္ၿပီးေစာင့္ေနလို႔ မျဖစ္ေတာ့ဘူး။ တစ္ခ်က္ သြားၾကည့္ရလိမ့္မယ္ ”
ဂ်န္ခ်န္ ထိုင္မေနႏိုင္ေတာ့ပါဘူး

ေ႐ႊဖ်က္ႂကြက္ဘုရင္ကို ေခၚထုတ္လိုက္ၿပီး ဂ်န္ေဂဟာကေန နယ္စပ္ကို ထြက္လာခဲ့ပါတယ္

ဒီတစ္ေခါက္ သူ႕ ကိုယ္ရံေတာ္႐ွဏ္ေယာက္ကို ေခၚမသြားေတာ့ပါဘူး။

တီယန္ေ႐ွာင္နဲ႔ ဂု႐ူ တို႔လို စိတ္ဝိညာဥ္အဆင့္ ပညာ႐ွင္ေတြေတာင္ ဒုကၡေရာက္သြားရတယ္ ဆိုရင္ သူ႕ကိုယ္ရံေတာ္႐ွစ္ေယာက္ကို ေခၚသြားခဲ့ရင္လည္း အသုံး၀င္မွာ မဟုတ္ပါဘူး။

ေ႐ႊဖ်က္ႂကြက္ေတြက ေျမျပင္မွာ လႈပ္႐ွားလိုက္ပါလာၿပီး ဂ်န္ခ်န္ကေတာ့ ေ႐ႊေတာင္ပံဓားငွက္ေပၚကေန ပ်ံသန္းထြက္ခြာပါတယ္။

ေ႐ႊေတာင္ပံဓားငွက္ေတြက ခရီးတိုအတြက္ အရမ္းကို လွ်င္ျမန္ၿပီး ၿပိဳင္ဘက္ကင္းလြန္းလွပါတယ္။ ေကာင္းလြန္းတဲ့ ေဆးေတြ တိုက္ေကြၽးထားေတာ့ သူ ၿမိဳ႕ေတာ္ကို ေခၚလာတဲ့ ေ႐ႊေတာင္ပံဓားငွက္ေတြက စိတ္ဝိညာဥ္အဆင့္ကို ခ်ိဳးေဖာက္ ၀င္ေရာက္သြားဖို႔ တည္းတည္းေလးပဲ လိုပါေတာ့တယ္။ ဒါေၾကာင့္ အျမန္ႏႈန္းကေတာ့ အံ့မခန္းပါပဲ။

အခ်ိန္ကို အေကာင္းဆုံးခ်ံဳ႕ႏိုင္ဖို႔ ဂ်န္ခ်န္ အ႐ွိန္ကို အျမင့္ဆုံး ျမႇင့္လိုက္ပါတယ္။ ခရီးထြက္ခဲ့တဲ့ တစ္ေလ်ာက္မွာ အျမန္ဆုံးပါပဲ။

ခ်င္ယန္ေတာင္ၾကားခ်ိဳင့္ဝွမ္းကို ျဖတ္ေက်ာ္ရင္း ႏွစ္နာရီေလာက္ မနားတမ္း ပ်ံသန္းၿပီးတဲ့ေနာက္မွာ ေျမာက္ပိုင္းနန္းေတာ္ နယ္ေျမကို ၀င္ေရာက္လာခဲ့ပါၿပီ။

နယ္စပ္ကို ေရာက္လာတာနဲ႔ ဘာေတြ စျဖစ္လာလဲဆိုတာကို အေသးစိတ္စတင္ ေလ့လာစစ္ေဆးပါေတာ့တယ္။

ဒီအခ်ိန္မွာ ေျမာက္ပိုင္းနန္းေတာ္က တစ္စုံတစ္ေယာက္ကသာ သူ႕ကို လာေႏွာက္ယွက္ခဲ့ရင္ ရန္ၿငိဳးေဟာင္းေရာ အသစ္ေရာ ေပါင္းၿပီး ေျခမြပစ္မိမွာပါပဲ။

လမ္းတစ္ေလ်ာက္လုံးမွာ ဘာအေႏွာက္အယွက္မွ မေတြ႕ရတာ ေကာင္းတယ္ဆိုေပမယ့္ ဒါကကိုပဲ သူ႕ကို အံ့အားသင့္ေစရျပန္ပါတယ္။

တကယ္ဆို ေျမာက္ပိုင္းနန္းေတာ္က လူလိမၼာေလးေတြမွ မဟုတ္ဘဲ ဓားျပမႈ ၊ လုယက္မႈေတြနဲ႔ ရမ္းရမ္းကားကား ျပဳမူလို႔ ထင္႐ွားေနတဲ့ သူေတြက သူ႕ ခရီးစဥ္တစ္ေလ်ာက္လုံး ၿငိမ္သက္ၿပီး လူမွားးၿပီး ရန္ျပဳတာမ်ိဳး တစ္ပါးသူကို ေႏွာက္ယွက္တာမ်ိဳး တစ္စုံတစ္ရာေတာင္ မေတြ႕ရတာ မဆန္းက်ယ္လြန္းဘူးလား။

တိုက္ပြဲျဖစ္တဲ့ လကၡဏာ တစ္စုံတစ္ရာ မေတြ႕ရတဲ့ အျပင္ လူတစ္ဦးတစ္ေယာက္ရဲ႕ အရိပ္အေယာင္ ေတာင္ မေတြ႕ရပါဘူး။

သူထားခဲ့တဲ့ ေထာင္ခ်ီေသာ ေ႐ႊေတာင္ပံ ဓားငွက္ေတြဆိုလည္း အေငြ႕အသက္ေလးေတာင္ မေတြ႕ရပါဘူးေလ။ ဂု႐ူနဲ႔ တီယန္ေ႐ွာင္ တို႔တစ္ေတြ ကလည္း သဲလြန္စ တစ္စုံတစ္ရာေတာင္ မေတြ႕ရဘဲ ေပ်ာက္ကြယ္ေနေလရဲ႕။

“တစ္ခုခုေတာ့ ဆိုးဆိုး႐ြား႐ြားကို မွားေနၿပီ ”
ဂ်န္ခ်န္ နတ္ဘုရားမ်က္လုံးကို အျမင့္ဆုံးသုံးလို႔ အရပ္မ်က္ႏွာစုံ ၾကည့္လိုက္ပါတယ္။ ခ်ိဳင့္ဝွမ္းတစ္ခုလုံး လူသား အရိပ္အေယာင္ မေတြ႕ရပါဘူးေလ။

“ဒီေအာင္ႏိုင္ျခင္းေကာင္းကင္ႏိုင္ငံက မၿငိမ္းခ်မ္းတဲ့ နယ္ေျမတစ္ခုမွန္း သိသိႀကီးနဲ႔ ငါကလည္း ဂု႐ူကို လႊတ္လိုက္မိေသးတယ္ ကြၽတ္.. ”
ဂ်န္ခ်န္ တစ္ေယာက္ တီယန္ေ႐ွာင္နဲ႔ ဂု႐ူတို႔တစ္ေတြကို လႊတ္လိုက္မိတာ ေနာင္တရခ်င္သလိုလို ႐ွိလာရပါတယ္

တီယန္ေ႐ွာင္က ဗိုလ္ခ်ဳပ္တစ္ေယာက္မို႔ ေအာင္ႏိုင္ျခင္းေကာင္းကင္ႏိုင္ငံမွာ တစ္ခ်ိဳ႕ေသာ မေျဖ႐ွင္းႏိုင္တဲ့ အရာမ႐ွိႏိုင္ဘူးလို႔ ေတြးဆခဲ့မိပါတယ္

နယ္စပ္မွာ နဂါးစြယ္အေစာင့္အၾကပ္ကို မေၾကာက္တဲ့ တစ္စုံတစ္ေယာက္ ႐ွိေနလိမ့္မယ္လို႔ေတာ့ မတြက္ဆခဲ့မိပါဘူး။ သူ ေခါင္းခဲသြားရပါၿပီ။

က်ားေခါင္းကို လာပုတ္ရဲတဲ့ သူေတြ ႐ွိေနခဲ့ၿပီေလ။

ဂ်န္ခ်န္ လည္း လက္မေလွ်ာ့စတမ္း လီ(၁၀၀) အ၀န္းအဝိုင္း သတ္မွတ္လို႔ နယ္ေျမကို ခ်ံဳ႕ၿပီး ေစ့ေစ့စပ္စပ္ ႐ွာေဖြပါတယ္ ဒါေပမယ့္ နာရီ အနည္းငယ္သာ ၾကာသြားတယ္ အခ်ည္းႏွီးပါပဲ။

ဒီ ဧရိယာကေတာင္ ႐ွာေဖြဖို႔ အေတာ္ၾကာေနတာ။ နယ္ေျမ က်ယ္၀န္းလာေလ ႐ွာေဖြဖို႔ ၾကာခ်ိန္ ပိုလာသလို ႐ွာေဖြရလည္း ပိုလို႔ခက္ခဲလာပါလိမ့္မယ္။

သူ ေခါင္းေျခာက္ေနစဥ္မွာပဲ ေ႐ႊဖ်က္ႂကြက္အုပ္ႀကီးက ေ႐ႊဖ်က္ႂကြက္ဘုရင္ရဲ႕ ေခါင္းေဆာင္မႈ နဲ႔ေရာက္လာပါၿပီ။

ေ႐ႊဖ်က္ႂကြက္ေတြရဲ႕ အင္အားေၾကာင့္ သူတို႔ေတြ ႐ွာေဖြႏိုင္တဲ့ နယ္ေျမက ပိုက်ယ္ေျပာလာခဲ့ပါတယ္။

ဂ်န္ခ်န္ ေ႐ႊဖ်က္ႂကြက္ဘုရင္ကို ေခၚလိုက္ၿပီး
“ႂကြက္ဘုရင္ႀကီး.. ေျမာက္ပိုင္းနန္းေတာ္ နယ္ေျမထဲကို က်ဳပ္က ေစ့ေစ့စပ္စပ္ ေပၚတင္သြား႐ွာေဖြလို႔ မရဘူး။ ဒီကိစၥက သူတို႔နဲ႔မဆိုင္ဘူးဆိုရင္ေတာင္ နည္းနည္းေတာ့ ပါ၀င္ပတ္သက္လိမ့္မယ္။ ခင္ဗ်ားနဲ႔ ကြၽန္ေတာ္ သူတို႔ ေျမာက္ပိုင္းနန္းေတာ္ အတြင္းပိုင္းကို ေစ့ေစ့စပ္စပ္ေလး သြားစစ္ေဆးၾကတာေပါ့ ”

ေျမေအာက္ကသာ မသြားခဲ့ရင္ ေျမာက္ပိုင္းနန္းေတာ္ရဲ႕ အဓိက ေနရာေတြကို ၀င္ေရာက္ဖို႔ဆိုတာ မလြယ္ကူလွပါဘူး။

ဂ်န္ခ်န္ကသာ အခုလို မစီစဥ္ခဲ့ရင္ျဖင့္ သူတို႔ေတြ ျပထားတဲ့ တံခါးကိုပဲ ျမင္ႏိုင္ပါလိမ့္မယ္။ အတြင္းပိ္ဳင္းထဲထိေတာ့ ေရာက္ဖို႔ မလြယ္ကူလွပါဘူးေလ။

ေ႐ႊဖ်က္ႂကြက္ဘုရင္ႀကီးက ဒီစစ္ဆင္ေရးနဲ႔ လုံး၀ သင့္ေလ်ာ္ပါတယ္။

သူတို႔ေတြက အသံတိတ္ စစ္ဆင္ေရးသ႑ာန္နဲ႔ ေျမာက္ပိုင္းနန္းေတာ္ အတြင္းပိုင္းထဲထိ ၀င္ေရာက္ စစ္ေဆးႏိုင္ပါလိမ့္မယ္။

ေနာက္ဆုံး အႀကိမ္တုန္းက ဂ်န္ခ်န္က ေ႐ႊဖ်က္ႂကြက္ဘုရင္ကို အသုံးျပဳလို႔ ယန္ေဂ်ာင္နဲ႔ လူဝူဂ်ီ တို႔ရဲ႕ အေထာက္အထားေတြကို ႐ွာေဖြေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။ အခုတစ္ေခါက္မွာလည္း တူညီတဲ့ ပုံစံကို ခင္းလိုက္တာပါ။

အကယ္၍ ေျမာက္ပိုင္းနန္းေတာ္ကသာ တစ္ခုခု သြယ္ဝိုက္ပတ္သက္ေနတာ သိလာခဲ့ရင္ ဂ်န္ခ်န္က နည္းနည္းေလးမွ မဆိုင္းဘဲ သတ္ျဖတ္ၿပီး အေႂကြးဆပ္ရပါလိမ့္မယ္။

ေ႐ႊဖ်က္ႂကြက္မ်ိဳးႏြယ္စုက အမ်ားတကာနဲ႔ မတူပဲ ၿပိဳင္ဘက္ကင္း အားသာခ်က္ေတြကို ပိုင္ဆိုင္ထားပါတယ္။ ေျမျပင္ကို တူးဆြတယ္ဆိုတာ သူတို႔ေတြ အတြက္ ထမင္းစား ေရေသာက္သေလာက္ကို လြယ္ကူလြန္းတာပါပဲ။ ဒါေၾကာင့္ ခဏခ်င္းနဲ႔ေျမာက္ပိုင္းနန္းေတာ္ ဗဟိုေလက်င့္ေရးစခန္းထဲထိ ေရာက္သြားပါၿပီ။

ေျမာက္ပိုင္းနန္းေတာ္ အတြင္းပိုင္းထဲမွာလည္း ဘာမွ ပုံမွန္မဟုတ္တာ မေတြ႕ရပါဘူး။

သာမန္ တပည့္ေတြက ပုံမွန္ ေလ့က်င့္ေရး ဆင္းေနၾကပါတယ္။

“ဒီသာမန္ က်င့္ၾကံသူေတြက ပါ၀င္ပတ္သက္ဖို႔ အဆင့္မမွီဘူး။ ႂကြက္ဘုရင္ႀကီး တစ္ျခား ပါရမီ႐ွင္ လူငယ္သုံးေယာက္ဘက္ သြားၾကတာေပါ့။ သူတို႔နဲ႔လည္း မပတ္သက္ဘူဆိုရင္ ငါတို႔ လ်ဴခ်န္းဖန္ ကိုပဲ စစ္ေဆးဖို႔ လိုေတာ့မယ္ ”
ဂ်န္ခ်န္က ေ႐ႊဖ်က္ႂကြက္ဘုရင္ကို တိုးညႇဥ္းစြာ ေျပာလိုက္ပါတယ္။

ေ႐ႊဖ်က္ႂကြက္ဘုရင္က ဂ်န္ခ်န္ ေျပာသမွ်ကို အႂကြင္းမဲ့ နားလည္ လက္ခံယုံၾကည္ပါတယ္။

သို႔ေပတည့္လည္း ပါရမီ႐ွင္ သုံးေယာက္ဆိုတာက အၿမဲတမ္း တပူးတြဲတြဲ ႐ွိေနႏိုင္တာမွ မဟုတ္ဘဲ။ ဂ်န္ခ်န္ တစ္ေယာက္ ဦးစြာပဏာမ အေနနဲ႔ ေ႐ွာင္ယုကို အတြင္းပိုင္းျခံ၀န္းမွာ ႐ွာေတြ႕ခဲ့ပါတယ္။

ေ႐ွာင္ယုက ေတာင္းရမ္းလက္ထပ္ဖို႔ အသြားမွာ အ႐ႈံးနဲ႔ လွည့္ျပန္လာရတာကို ခံစားေနရပုံ ေပၚၿပီး ဓားတစ္လက္နဲ႔ ေလ့က်င့္ေဖာ္ ပစ္မွတ္ေတြ အားလုံးကို ေဒါသတႀကီး ေခ်မြဖ်က္ဆီးပစ္ေနပါတယ္။ ဓားခ်က္တိုင္းက ရက္စက္ၾကမ္းတမ္းၿပီး အရာခပ္သိမ္း ေျခမြႏိုင္စြမ္း ႐ွိပုံပါပဲ။

“စီနီယာ အစ္ကို ေ႐ွာင္.. ဆရာက ေခၚခိုင္းလိုက္ပါတယ္ ခင္ဗ် ”
တပည့္တစ္ေယာက္က မ၀င့္မရဲနဲ႔ ႐ူးသြပ္ပုံေပၚေနသူ ေ႐ွာင္ယုကို လွမ္းေအာ္ေျပာပါတယ္။

ေ႐ွာင္ယု ရဲ႕ ခံစားခ်က္ေတြက ႐ႈပ္ေထြးေနေပမယ့္ သတိေတာ့ ႐ွိေသးပုံရပါတယ္။ သူ႕ ႏွဖူးထက္က ေခြၽးေတြကို သုတ္လိုက္ၿပီး ေအးစက္စြာနဲ႔။
“ဘာကိစၥလဲ ”

“ကြၽန္ေတာ္.. ကြၽန္ေတာ္ လည္း မ မသိ ပါ ဘူး။ ဆရာက အဖိုးတန္ သစ္ပင္အဖြဲ႕အစည္းကလူေတြ ေရာက္ေနတယ္လို႔ ေျပာသံ ၾကားမိတာပဲ ခင္ဗ် ”
ေ႐ွာင္ယုကို ေၾကာက္႐ြံ႕႐ြံ႕ ၾကည့္ရင္း တပည့္ျဖစ္သူက ဆိုပါတယ္

ေ႐ွာင္ယုရဲ႕ မ်က္၀န္းေတြ ေတာက္ပလာခဲ့ပါၿပီ
“ေကာင္းတယ္.. အဖြဲ႕အစည္းက စီနီယာေတြ ေနာက္ဆုံးေတာ့ ေရာက္လာၿပီပဲ။ အခ်ိန္က အခုခ်ိန္မွာ အရမ္းကို တန္ဖိုးႀကီးတယ္။ ဒါက သိပ္ေနာက္မက်ေသးဖို႔ ေမွ်ာ္လင့္ပါတယ္ ”

......................................................................

ေလာကသုံးပါးသခင္
…………………………
Chapter 252:
        ခရမ္းေရာင္ေန အဖြဲ႕အစည္း ေပၚလာၿပီ

“ႂကြက္ဘုရင္.. ေ႐ွာင္ယုေနာက္ လိုက္ၾကမယ္ ”
ဂ်န္ခ်န္ အေရးႀကီးဟန္နဲ႔အမိန္႔ေပးပါတယ္

သူတို႔ေတြက ေျမေအာက္ကေန လႈပ္႐ွားေနၾကေပမယ့္ ႂကြက္ဘုရင္ အစြမ္းေၾကာင့္ သူတို႔ေတြ သက္သက္ သာသာပဲ ေ႐ွာင္ယု သြားရာကို လိုက္ပါႏိုင္ပါတယ္

“ယုအာ.. လာ လာ မင္း စီနီယာ အစ္ကိုေတြကို ႏႈတ္ဆက္လိုက္ဦး ”
လ်ဴခ်န္းဖန္ အသံက ေျမျပင္ထက္ကေန ထြက္ေပၚလာပါတယ္

ေ႐ွာင္ယု လည္း အျမန္၀င္လာၿပီး
“ဂ်ီနီယာ ညီငယ္ ေ႐ွာင္ယုက စီနီယာအစ္ကိုေတြကို ဂါရဝျပဳပါတယ္ ”

“အင္း.. မင္းက ေ႐ွာင္ယုလား။ မဆိုးဘူး ”
တိုးညႇဥ္းတဲ့ အသံတစ္ခ်က္ လြင့္လာပါတယ္

လ်ဴခ်န္းဖန္က အဲ့ဒီ အသံပိုင္႐ွင္ကို တေလးတစား ႐ွိေနတာ သိသိသာသာပါပဲ
“ယုအာ.. ဒါက ေဂ်ာင္ရီ.. စီနီယာအစ္ကို ေဂ်ာင္က အႀကီးအကဲ သံမဏိရဲ႕ လက္ရင္း တပည့္ တစ္ေယာက္ပဲ။ သူက အခုမွ အသက္ (၃၀) ေတာင္မျပည့္ေသးဘူး ေျမကမ႓ာစိတ္ဝိညာဥ္နယ္ပယ္ကို ေရာက္ေနၿပီ။ သူ႕ အနာဂါတ္က အကန္႔အသတ္မဲ့ပဲ။ ေနာင္မွာ မင္း စီနီယာ အစ္ကိုရဲ႕ စကားကို တစ္ေသြမတိမ္းနားေထာင္ပါ ”

တစ္ဖက္လူက သူ႕ထက္လည္း ငယ္ေသးတယ္ ေျမကမ႓ာစိတ္ဝိညာဥ္နယ္ပယ္ကို ေရာက္ေနၿပီဆိုေတာ့ ေျခာက္ျခားစိတ္ေၾကာင့္ တုန္ခါသြားရင္း တ႐ိုတေသ အမူအရာ ေျပာင္းသြားပါတယ္
“စီနီယာ အစ္ကို ေဂ်ာင္ရဲ႕ ပါရမီက ညီေလးကို အံ့အားသင့္တာထက္ေတာင္ ပိုေစတာပဲ ခင္ဗ်။ ကြၽန္ေတာ္ဆို သာမန္ႏိုင္ငံငယ္ေလးမွာ ေလ့က်င့္ခဲ့ၿပီး ကိုယ့္ကိုယ္ကိုယ္ ထူးခြၽန္လွၿပီ ေအာက္ေမ့ေနေတာ တစ္ခ်ိဳ႕ေတြက ပါရမီ႐ွင္ လုိ႕ ေခါင္းစဥ္တပ္ၾကတဲ့အေပၚ သာယာေနလိုက္တာမ်ား။ အခုမွ ေရတြင္းထဲက ဖားေလး တစ္ေကာင္ ျဖစ္မွန္းမသိ ျဖစ္ေနမွန္း သေဘာေပါက္သြားေတာ့တယ္။ စီနီယာ အစ္ကိုေဂ်ာင္ က မွ တကယ့္ ပါရမီ႐ွင္ ဆိုတဲ့ ေခါင္းစဥ္တပ္သင့္တာ ”

လ်ဴခ်န္းဖန္က ဒီစကားေတြနဲ႔ ပတ္သက္လို႔ နည္းနည္း အလိုမက် ျဖစ္မိေပမယ့္ အေတာ္ေလး ဂုဏ္ယူေနပါတယ္။ ေ႐ွာင္ယုက သတို႔သမီး သြားေတာင္းရာကေန ျပန္လာကတည္းက စိတ္ပိုင္းဆိ္ဳင္ရာ အေျခအေန မေကာင္းခဲ့ပါဘူး။ အခုၾကည့္ရတာ နည္းနည္းေတာ့ နလန္ ျပန္ထလာသလိုပါ။

အနည္းဆုံးေတာ့ သူ႕ အသံက အေတာ္ေလး ေခ်ာေမြ႕ေနခဲ့ပါၿပီ။ အရင္ ေ႐ွာင္ယု ပုံစံဆို အခုလို စကားမ်ိဳး ေျပာဖို႔ ေဝးလို႔ မာန တစ္ခြဲသားနဲ႔ ေနပါလိမ့္မယ္။

အခုေတာ့ ၾကည့္ရတာ ေ႐ွာင္ယု ရင့္က်က္လာၿပီလို႔ ဆိုႏိုင္ပါတယ္။

လ်ဴခ်န္းဖန္က ဒီ တပည့္ေလးအေပၚ အားအထားဆုံးျဖစ္ၿပီး တိုးတက္ေစခ်င္တာပါ။

ေ႐ွာင္ယု ရဲ႕ စကားလုံးေတြက ပစ္မွတ္ကို တည့္တည့္ထိသြားပုံရပါတယ္။ သူက ကိုယ့္ကိုယ္ကိုယ္ ႏွိမ့္ခ်ၿပီး ေျမႇာက္ေပးျခင္းလည္း မမည္ေအာင္ ႏိႈင္းယွဥ္ၿပီး ေျပာခဲ့တာမို႔ ေဂ်ာင္ရီ လို ေအးစက္စက္နဲ႔ လူေတာင္ ျပဳံးတုံးတုံး ျဖစ္လာပါတယ္
“ေ႐ွာင္ယု .. မင္းတို႔ ေျမာက္ပိုင္းနန္းေတာ္ကလည္း ငါ့ ဆရာရဲ႕ လူယုံေတြထဲက တစ္ခုပဲဟာ။ မိသားစု တစ္ခုတည္းလို႔ေတာင္ ေျပာလို႔ရတယ္။ အခုေလာက္ႀကီး ယဥ္ေက်းေနစရာ မလိုဘူး။ ဆရာက ဒီတစ္ေခါက္ လ်ိဳ႕ဝွက္ေပးပို႔တဲ့ သတင္းရလို႔ ငါတို႔အဖြဲ႕ကို ဒီေနရာ ခ်က္ခ်င္းသြားဆိုၿပီး လႊတ္လိုက္တာ။ ဘယ္လို လုပ္ငန္းႀကီးမ်ိဳးမို႔ ေျမာက္ပိုင္းနန္းေတာ္ေတာင္ မကိုင္တြယ္ရဲရတာလဲ ”

လ်ဴခ်န္းဖန္ လည္း ေခြၽးတစ္ခ်ိဳ႕သုတ္ၿပီး
“က်ဳပ္အေနာက္မွာ အဖြဲ႕အစည္းက အႀကီးအကဲေတြ ႐ွိေနမယ္လို႔ ထည့္တြက္ထားလို႔သာေပါ့။ မဟုတ္ရင္ ဒီဆုံးျဖတ္ခ်က္ခ်ဖို႔ ရဲမွာမဟုတ္ဘူး။ အျဖစ္က ဒီလို.. နဂါးစြယ္အေစာင့္အၾကပ္တပ္က တီယန္ေ႐ွာင္နဲ႔ အမ်ိဳးသမီးတစ္ေယာက္တို႔ နယ္စပ္ကို လြန္ခဲ့တဲ့ ရက္အနည္းငယ္က ေရာက္လာတယ္။ အဲ့ဒါနဲ႔ သူတို႔ေနာက္ကို လူတစ္ခ်ိဳ႕လႊတ္ၿပီး တိတ္တိတ္ေလး လိုက္ခိုင္းေတာ့ ဘာေတြ႕ရတယ္ ထင္လဲ။ ေမာ္တယ္ထိပ္ဆုံးအဆင့္ ေ႐ႊေတာင္ပံဓားငွက္ ေထာင္ဂဏန္းေလာက္ကို ေတြ႕လိုက္ရတာဗ်ိဳ႕ ”

“ေမာ္တယ္ထိပ္ဆုံးအဆင့္ !! ေထာင္ဂဏန္းေတာင္ !! ”
ေဂ်ာင္ရီ အသံ လိႈက္ခါသြားပါတယ္

“အမွန္ပဲ.. ေမာ္တယ္ထိပ္ဆုံးအဆင့္ မ်ိဳးေကာင္းမ်ိဳးသန္႔ေတြ။ အဲ့ေကာင္ေတြက က်ဳပ္တို႔ဆီမွာ ႐ွိတဲ့ အဝါေရာင္လင္းဒ ငွက္ေတြထက္ေရာ နဂါးစြယ္အေစာင့္အၾကပ္တပ္က နဂါးငယ္ေတြ ထက္ပါ အမ်ားႀကီး အရည္အေသြးေကာင္းတယ္။ အဲ့ဒါထက္ က်ဳပ္ ေျမာက္ပိုင္းနန္းေတာ္မွာ ေနလာတာ ၾကာၿပီ အခုေလာက္ မ်ားျပားတဲ့ အေရအတြက္မ်ိဳး တစ္ခါမွ မျမင္ဖူးခဲ့ဘူး ”

အဝါေရာင္လင္းဒ ေတြက ေငြေတာင္ပံဓားငွက္ေတြနဲ႔ အဆင့္တူတူပါပဲ။ ဒါေပမယ့္ သူတို႔ေတြကို ျပဳစုပ်ိဳး ေထာင္ဖို႔အတြက္ စိတ္ေရာကိုယ္ပါ ႏွစ္ျမဳတ္ၿပီး အပင္ပန္းခံ ရပါတယ္။

ပထမ အႀကိမ္ ဂ်န္ခ်န္တို႔ ေျမာက္ပိုင္းနန္းေတာ္ ပိုက္နက္ကေန ျဖတ္သြားေတာ့ အေယာင္ေဆာင္ ႏွစ္ေယာက္က သူတို႔ အစီးအနင္း ႏွစ္ေကာင္ကို ခိုးသြားလို႔ လိုက္ဖမ္းၾကတဲ့ အခ်ိန္ပါ။ အဲ့ လူလိမ္ေတြက နဂါးစြယ္အေစာင့္အၾကပ္ အသြင္ယူၿပီး ေျမာက္ပိုင္းနန္းေတာ္ တပည့္ေတြ ထိန္းသိမ္းထားတဲ့ လင္းဒ ႏွစ္ေကာင္ကို ယူၿပီး ထြက္သြားၾကတာမို႔ လိုက္ၾကရင္း ဂ်န္ခ်န္ တို႔ တစ္ေတြနဲ႔ ေတြ႕တာေလ။

သူတို႔ေတြက ဂ်န္ခ်န္နဲ႔ အဖြဲ႕ စီးနင္းလာတဲ့ ေ႐ႊေတာင္ပံဓားငွက္ေတြကို ျမင္တာနဲ႔ တစ္ျခား အရာေတြ ေမ့လို႔ ရယူအပိုင္စီးခ်င္စိတ္ေတြပဲ ျပည့္ႏွက္လာပါတယ္။

ဒါေၾကာင့္ပဲ ေျမာက္ပိုင္းနန္းေတာ္နဲ႔ ဂ်န္ခ်န္ တို႔ အၾကား ရန္ၿငိဳးတစ္ခု ေပၚေပါက္လာရတာပါ။

သူတို႔ အဝါေရာင္ လင္းဒ ငွက္ေတြက ေမြးျမဴရတာ အရမ္းကို ခက္ခဲလြန္းပါတယ္။

အခုလို သူတို႔ အစီးအနင္းေတြထက္ အမ်ားႀကီး အရည္အေသြးပိုေကာင္းတဲ့ စိတ္ဝိညာဥ္သားရဲေတြ ေထာင္ေက်ာ္တာကို ျမင္တာမို႔ ေျမာက္ပိုင္းနန္းေတာ္ ေသြးေတြပြက္ပြက္ဆူလာၿပီး ဘာဆက္လုပ္ရမယ္ မသိေလာက္ေအာင္ လမ္းေပ်ာက္သြားရပါတယ္။

ဒါေတြက ဂ်န္ခ်န္နဲ႔ ပတ္သက္ေနတာ သိေပတည့္လည္း ေလာဘေၾကာင့္ စြန္႔စားဖို႔ ဆုံးျဖတ္ လိုက္ရပါတယ္။

ေနာက္တစ္ခ်က္႐ွိတာက ဂ်န္ခ်န္နဲ႔ သူတို႔ နန္းေတာ္ အၾကားမွာ မေျပႏိုင္တဲ့ ရန္ၿငိဳးေတြလည္း ႐ွိေနၿပီးသားဆိုမွေတာ့ ထပ္တိုးလို႔လည္း သိပ္မထူးျခားႏိုင္ေတာ့ပါဘူး။

လ်ဴခ်န္းဖန္က ေျမာက္ပိုင္းနန္းေတာ္ရဲ႕ အင္အားကို ေကာင္းေကာင္းႀကီး သုံးသပ္မိပါတယ္။ သူတို႔ေတြ ဘယ္နည္းနဲ႔မွ ဂ်န္ခ်န္ နဲ႔ ထိပ္တိုက္ ရင္ဆိုင္ႏိုင္ျခင္း မ႐ွိပါဘူး။

ဒါေၾကာင့္ အႀကီးအကဲ သံမဏိဆီ သတင္းပို႔လို႔ အေရးေပၚ ၫႊန္ၾကားခ်က္ေတြ ေစာင့္ဆိုင္းခဲ့ပါတယ္။

တကယ္လို႔ အဖြဲ႕အစည္းကသာ အေထာက္အပံ့ေပးႏိုင္ခဲ့ရင္ လ်ဴခ်န္းဖန္က ဂ်န္ခ်န္ေကာ နဂါးစြယ္အေစာင့္အၾကပ္တပ္ေကာ ဂ႐ုစိုက္ေနမွာ မဟုတ္ပါဘူး။

လ်ဴခ်န္းဖန္ရဲ႕ စကားေတြကို ၾကားလိုက္တာနဲ႔ ေဂ်ာင္ရီ ဆံပင္ေတြေတာင္ ေထာင္ထလာသလိုပါ
“သူတို႔ေတြက တကယ္ပဲ ေမာ္တယ္ ထိပ္ဆုံးအဆင့္ဆိုရင္ တိုက္ပြဲ၀င္စြမ္းအားက စစ္မွန္ေသာ ခ်ီဆရာသခင္ တစ္ေယာက္နဲ႔ အတူတူပဲ။ လူသား က်င့္ၾကံသူေတြက မ႐ွားပါးဘူး။ ဒါေပမယ့္ စိတ္ဝိညာဥ္ သားရဲကေတာ့ မတူေတာ့ဘူး။ နန္းေတာ္ေခါင္းေဆာင္ လ်ဴ ဒီတစ္ေခါက္ ခင္ဗ်ား အမ်ားႀကီး စြမ္းေဆာင္ႏိုင္ခဲ့တာပဲ ”

ေဂ်ာင္ရီ ရဲ႕ အခုလို ခ်ီးမြမ္းစကားးဆိုျခင္းက လ်ဴခ်န္းဖန္ ကို အေတာ္ေလး ေပ်ာ္႐ႊင္သြားေစပါတယ္
“မဟုတ္တာ.. ကြၽန္ေတာ္တို႔က အႀကီးအကဲ သံမဏိ အတြက္ လုပ္ေနၾကတာပဲ။ က်ဳပ္က သူ႕အတြက္ဆို နည္းနည္းေလးမွေတာင္ ေစာဒက မတက္ဘဲ လုပ္ေပးမယ့္ သူပါ ”

“အင္း.. ဒါဆို စိတ္ဝိညာဥ္သားရဲေတြက ဘယ္မွာလဲ ”
ေဂ်ာင္ရီ ေမးျမန္းပါတယ္

ေျမျပင္ေအာက္ေျခမွာ ႐ွိေနတဲ့ ဂ်န္ခ်န္ က ဇက္ပါနား အစြမ္းကို အဆုံးစြန္ထိ သုံးၿပီး စကားတစ္ခြန္း တစ္ေလ လြတ္ထြက္သြားမွာကိုေတာင္ အေသအလဲ စိုးရိမ္တႀကီးနဲ႔ နားေထာင္ေနပါတယ္။ တစ္ေလ်ာက္လုံးမွာ သူ ေဒါသေတြ အႀကီးအက်ယ္ ထြက္ေနခဲ့တာပါ။ ဒါေတြ အားလုံးက ေျမာက္ပိုင္း နန္းေတာ္နဲ႔ လုံးလုံး မသက္ဆိုင္ႏိုင္ဘူးလို႔ ထင္မွတ္ထားခဲ့တာ မွားသြားတာပဲ။

ေျမာက္ပိုင္းနန္းေတာ္က ေလာဘတက္ရဲတယ္ေပါ့ေလ။

လ်ဴခ်န္းဖန္ သက္ျပင္းခ်လိုက္ပါတယ္
“က်ဳပ္ သူတို႔ကို ကိုယ့္နယ္ထဲမွာပဲ ျခဳံခိုတိုက္ခိုက္ခဲ့ရတယ္။ တီယန္ေ႐ွာင္ က လူေတြ အမ်ားႀကီး မေခၚ လာဘဲ မိန္းမ တစ္ေယာက္နဲ႔ အတူလာတာမို႔ ေတာ္သြားတယ္။ သူတို႔ကို ေအးေအးသက္သာ တိုက္ခိုက္ ႏိုင္ေနတဲ့အခ်ိန္က်မွ မေမွ်ာ္လင့္ဘဲ ႀကီးမားတဲ့ မေတာ္တဆ ျဖစ္ရပ္ တစ္ခု ျဖစ္သြားခဲ့တယ္ ”

ႀကီးမားတဲ့ မေတာ္တဆ ျဖစ္ရပ္

ေဂ်ာင္ရီက စိတ္လႈပ္႐ွားသြားသလို အေမာင္ ဂ်န္ခ်န္ လည္း တုန္တက္သြားပါတယ္

ဘာေတြ ျဖစ္ပ်က္ခဲ့တာလဲ

“ဘာျဖစ္ခဲ့တာလဲ.. ျမန္ျမန္ ေျပာစမ္း ”

“က်ဳပ္ နန္းေတာ္က တပည့္ေတြက သူတို႔ကို လမ္းတစ္ေလွ်ာက္လုံး ေသခ်ာ ေစာင့္ၾကည့္ေနတာ။ သူတို႔ အျပန္မွာ ျခဳံခိုတိုက္ခိုက္မယ္ေပါ့။ အဲ့လို အေ႐ွ႕ကို မဲေနတုန္းမွာ အေနာက္က အႏၲရာယ္ကို ေမ့သြားခဲ့တယ္။ ျဖစ္လာႏိုင္တာကို ႀကိဳမစဥ္းစားခဲ့မိဘူး။ တီယန္ေ႐ွာင္ တို႔ေတြ အျပန္လမ္းမွာ က်ဳပ္တို႔ အရင္ တစ္ျခား အဖြဲ႕တစ္ခုက လက္ဦးမႈ ရယူၿပီး တိ္ဳက္ခိုက္သြားခဲ့တယ္ ”

“ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ။ မင္းက လြဲလို႔ ေအာင္ႏိုင္ျခင္းေကာင္းကင္ႏိုင္ငံရဲ႕ နဂါးစြယ္အေစာင့္အၾကပ္ တပ္ကို ဘယ္သူကမ်ား အခုလို လုပ္ရဲမွာလဲ ”
ေဂ်ာင္ရီ အတြက္ ယုံၾကည္ဖို႔ ခဲယဥ္းေနခဲ့ပါတယ္

“သူတို႔ေတြက ေအာင္ႏိုင္ျခင္းေကာင္းကင္ႏိုင္ငံက မဟုတ္ဘူး။ ဓားငွက္ေတြ ျပည့္ႏွက္ေနတဲ့ ေတာင္ၾကား ခ်ိဳင့္ဝွမ္းက က်ဳပ္တို႔ ႏိုင္ငံရဲ႕ နယ္နိမိတ္ထဲ မပါဘူး။ ဒါက အိမ္နီးခ်င္း ယန္မန္ ႏိုင္ငံ နယ္နိမိတ္ထဲမွာ ပါတယ္။ ခင္ဗ်ားလည္း သိသားနဲ႔ ယန္မန္ နိ္ဳင္ငံက က်ဳပ္တို႔နိ္ဳင္ငံနဲ႔ သိပ္ အေစးကပ္လွတာ မဟုတ္ဘူး။ ေနာက္ၿပီး သူတို႔ေတြက ခရမ္းေရာင္ေန အဖြဲ႕အစည္း ကာကြယ္မႈ ေအာက္မွာ ႐ွိတာမို႔ တီယန္ေ႐ွာင္ တို႔ တစ္ေတြကို ရဲရဲႀကီး ဖမ္းေခၚသြားႏိုင္ၾကတာ ခရမ္းေရာင္ေန အဖြဲ႕အစည္းက တပည့္ေတြပဲ ျဖစ္ရမယ္ ”

“ခရမ္းေရာင္ေန အဖြဲ႕အစည္း!! ”
ေဂ်ာင္ရီ ရဲ႕ ႏွဖူးက တြန္႔ေကြးလို႔ သြားပါၿပီ။
“သူတို႔ေတြ ၀င္ပါလာတာေပါ့ ”

“ဟုတ္တယ္.. ၾကည့္ရတာ ေထာင္ဂဏန္းေလာက္႐ွိတဲ့ စိတ္ဝိညာဥ္သားရဲေတြေၾကာင့္ သူတို႔ေတြလည္း ေတာင့္မခံႏိုင္႐ွာဘူးထင္တယ္။ ”
လ်ဴခ်န္းဖန္ သက္ျပင္း တစ္ခ်က္ခ်ရင္း
“က်ဳပ္ အစြမ္းက ေသးႏုပ္ႏုပ္မို႔ အႀကီးအကဲ သံမဏိ ဆီ အကူအညီ ေတာင္းလိုက္ရတာ ”

“ခရမ္းေရာင္ေန အဖြဲ႕အစည္းက စိတ္ဝိညာဥ္သားရဲေတြ ရသြားၿပီေပါ့ ”

“မရေသးဘူး.. မရေသးဘူး ”
လ်ဴခ်န္းဖန္ အလ်င္စလို ေျပာပါတယ္
“ခရမ္းေရာင္ေန အဖြဲ႕အစည္းက တကယ့္ကို အင္အားေကာင္းတယ္။ တစ္ခ်ိဳ႕ တပည့္ေတြဆို ေျမကမ႓ာ စိတ္ဝိညာဥ္နယ္ပယ္ ေတာင္ ေရာက္ေနၿပီ။ တစ္ခ်ိဳ႕က ကနဦးစိတ္ဝိညာဥ္နယ္ပယ္ကို ေရာက္ေနၿပီ။ သူတို႔ေတြက အင္အားေကာင္းေပမယ့္ တီယန္ေ႐ွာင္ တို႔ေတြဘက္မွာလည္း အားေကာင္းတဲ့ စိတ္ဝိညာဥ္ သားရဲအုပ္ႀကီး ႐ွိေနတာေၾကာင့္ သေရပြဲပဲ။ ခရမ္းေရာင္ေန အဖြဲ႕အစည္းကလည္း သိသိသာသာပဲ စိတ္ဝိညာဥ္သားရဲေတြကို ထိခိုက္ေစခ်င္ပုံ မရဘူး။ အဲ့ဒါေၾကာင့္လည္း သေရပြဲ ျဖစ္တာ ”

“ေသရၿပဲ !! ”
ေဂ်ာင္ရီက ရီေမာလိုက္ပါတယ္
“အဲ့ဒါေကာင္းတယ္.. အဟား ဒါက ငါတို႔ လိုခ်င္တဲ့ အရာပဲ။ လာ ငါတို႔ သြားၾကည့္ၾကရေအာင္။ အလ်င္မလိုေသးပါဘူး။ အေကာင္းဆုံးကေတာ့ ႏွစ္ဖက္လုံး အႀကီးအက်ယ္ အထိနာသြားဖို႔ပဲ။ ဒါဆို လုပ္ရကိုင္ရတာ ပိုလြယ္တာေပါ့ ”

လ်ဴခ်န္းဖန္ လည္း ခပ္မဲ့မဲ့ ျပဳံးလိုက္ပါတယ္
“က်ဳပ္လည္း အဲ့ဒီအတိုင္းပဲ ေတြးေနတာ ”

အႀကီးအကဲ သံမဏိရဲ႕ လက္ရင္း တပည့္ေတြ ေရာက္ေနမွေတာ့ လ်ဴခ်န္းဖန္ စိတ္ေအးသြားရပါၿပီ

“ေကာင္းတယ္.. ငါတို႔ သိပ္ၾကန္႔ၾကာလို႔ မေကာင္းဘူး။ တီယန္ေ႐ွာင္ နဲ႔ အဖြဲ႕က အဲ့မွာ ေရာက္တာ ၾကာသြားၿပီ။ က်ဳပ္ စိုးရိမ္တာက သူတို႔ ေရာက္မလာတာ ၾကာလာတာနဲ႔ အမွ် ဂ်န္ခ်န္ ေရာက္လာဖို႔ မ်ားသြားၿပီ။ သူ ေရာက္လာရင္ ကိုင္တြယ္ရ ခက္သြားလိမ့္မယ္ ”

“ဂ်န္ခ်န္ !! ”
ေဂ်ာင္ရီ အသံက ဒီနာမည္ေၾကာင့္ ေအးခဲသြားခဲ့ပါၿပီ
“သူက ဘာမို႔လို႔လဲ။ ဆရာ့ကိုေတာင္ ျပန္ေျပာခဲ့ေသးတယ္ဆိုေတာ့ အရမ္းကို အတင့္ရဲလြန္းတယ္။ ငါနဲ႔ မေတြ႕ခင္ေတာ့ ေနႏွင့္ဦးေပါ့။ ေတြ႕လို႔ကေတာ့ ခ်က္ခ်င္းဖမ္းၿပီး ဆရာ့ဆီ ေခၚသြားလိုက္မယ္ ”

လ်ဴခ်န္းဖန္ ရင္ထဲကေန သက္ျပင္းေမာႀကီး ခ်လိုက္မိပါတယ္
“အင္း သူက ေျမကမ႓ာနယ္ပယ္ကို ေရာက္ေနၿပီမို႔ သန္မာတာ မွန္ေပမယ့္ ဂ်န္ခ်န္ကို သြား အထင္မေသး သင့္ဘူး။ သူ႕ ဆရာေတာင္ ေျမကမ႓ာ အထြဋ္အထိပ္ အဆင့္ပဲ။ ဒါကို ဂ်န္ခ်န္နဲ႔ေတြ႕ေတာ့ ဘာမ်ား တတ္ႏိုင္ခဲ့လဲ ”

ေဂ်ာင္ရီ က လ်ဴခ်န္းမင္ အေတြးကို ဖမ္းဆုပ္မိဟန္နဲ႔
“လူအိုႀကီးလ်ဴ ပြင့္ပြင့္လင္းလင္းေျပာရရင္ ခင္ဗ်ားကို ဂ်န္ခ်န္ က ေျခာက္လွန္႔လိုက္တာနဲ႔ ေၾကာက္ေနၿပီ မလား။ ဂ်န္ခ်န္က အင္အား ငွားသုံးတာမွာ အရမ္းကို ကြၽမ္းက်င္ပုံပဲ။ ေနာက္ဆုံး တစ္ေခါက္တုံးက ဆရာသခင္ရီသာ ေပၚမလာခဲ့ရင္ ကြၽန္ေတာ္႕ ဆရာက ဂ်န္ခ်န္ကို ေသေအာင္ ႐ိုက္စုတ္ၿပီး ေနေလာက္ၿပီ။ ေနာက္ၿပီး လူအိုႀကီးဖိန္သာ ေပၚမလာခဲ့ရင္လည္း ဂ်န္ခ်န္က သတို႔သမီးေတာင္းရမ္းကတည္းက ေသေလာက္ၿပီ။ သူ ကံေကာင္းေနတာပါ ”

“ဟုတ္တယ္.. ဟုတ္တယ္။ ဂ်န္ခ်န္က အင္အားကို အငွားသုံးတာမွာ ကြၽမ္းက်င္တယ္ ”
လ်ဴခ်န္းဖန္ အလ်င္စလိုပဲ ေခါင္းၿငိမ့္ေထာက္ခံလိုက္ရပါတယ္.. ဒါေပမယ့္ စိတ္ထဲမွာေတာ့ ဂ်န္ခ်န္ ေပၚမလာေစဖို႔ပဲ ႀကိတ္ ဆုေတာင္းေနရပါတယ္။ ေဂ်ာင္ရီက ဆရာႀကီး အထာဖမ္းေနေပမယ့္ ဂ်န္ခ်န္ ဘက္က ႐ႈံးမယ္လို႔ လုံးလုံး စိတ္ခ်ထားလို႔ မရဘဲ ျဖစ္ေနပါတယ္။

ဂ်န္ခ်န္ ထက္ သန္မာ အားေကာင္း လွပါခ်ည္ရဲ႕ ဆိုသူေတြ အားလုံးလည္း သူ႕ေ႐ွ႕အေရာက္မွာ ရင္ဆိုင္အၿပီးမွာ ဖုန္မႈန္႔ေတြလို လြင့္ပါးသြားၾကရတာပဲေလ။ ယန္ေဂ်ာင္ကိုပဲ ဥပမာ ၾကည့္ေပါ့။

သူက တစ္ဖက္သား အင္အားကို အသုံးခ်ရာမွာ ေတာ္လို႔ ျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ အဲ့လို အင္အားကို ေပးငွားၿပီး အသုံးခ်ေစတဲ့ လူေတြကေရာ ဘာလို႔ ေပ်ာ္ေပ်ာ္ႀကီး ျဖစ္ေနၾကတာလဲ။

အဲ့ဒီ ေမးခြန္းကို လ်ဴခ်န္းဖန္ အေၾကအလည္ ေတြးေတာခဲ့ပါတယ္။ ဒါေပမယ့္ ဂ်န္ခ်န္မွာ တကယ္ပဲ သူတို႔ေတြ ႐ွင္း႐ွင္းလင္းလင္း မျမင္ႏိုင္ေသးတဲ့ ခမ္းနားတဲ့ အစြမ္းမ်ိဳး ႐ွိေနတာ ေသခ်ာပါတယ္။

“ေကာင္းၿပီေလ.. ေကာင္းတာေတြ ျဖစ္လာေတာ့မွာမို႔ အခ်ိန္ မဆြဲတာ့ဘူး။ လူအိုႀကီး လ်ဴ.. က်ဳပ္တို႔ကို ေ႐ွ႕က လမ္းျပ။ ခရမ္းေရာင္ေန အဖြဲ႕အစည္းပါ ပါလာမွေတာ့ ကြၽန္ေတာ္႕မွာ ပိုေကာင္းတဲ့ အစီအစဥ္တစ္ခ်ိဳ႕ ႐ွိတယ္ ”
ေဂ်ာင္ရီ ရဲ႕ အသံထဲမွာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္စိတ္ခ်မႈေတြ ျပည့္ႏွက္ေနပါတယ္

ေျမျပင္ ေအာက္ကေန နားေထာင္ေနတဲ့ ဂ်န္ခ်န္ တစ္ေယာက္ ခရမ္းေရာင္ေနအဖြဲ႕အစည္းက တပည့္ေတြ ပါ၀င္ ပတ္သက္လာလိမ့္မယ္လို႔ တကယ့္ကို ေတြးထင္ထားျခင္း မ႐ွိပါဘူး။ ဒါက ျပႆ     နာ။

“ခရမ္းေရာင္ေန အဖြဲ႕အစည္း!! ”
ဒီ နာမည္ကို ေရ႐ြတ္လိုက္ရင္း မ်က္၀န္းေတြထဲကေန ထက္႐ွ႐ွ အလင္းတန္းတစ္ခ်ိဳ႕ ေပၚထြက္လာရပါတယ္
“ေလာင္ဂ်ဳဇူး.. နင့္ လက္႐ွိ ခြန္အားက ငါ့ကို စိတ္မပ်က္ေစဖို႔ ေမွ်ာ္လင့္တယ္။ မဟုတ္ရင္ေတာ့ သတ္ရမွာ ရင္ထဲ မေကာင္း ျဖစ္ေတာ့မယ္ ”

ခရမ္းေရာင္ေနအဖြဲ႕အစည္း ပါ၀င္ပတ္သက္လာျခင္းက ဂ်န္ခ်န္႔ကို အေ႐ွ႕စီရင္စုႏိုင္ငံက အျဖစ္အပ်က္ေတြ ျပန္လည္ ျမင္ေယာင္လာေစပါတယ္။ ေလာင္ဂ်ဳဇူးနဲ႔ အဖြဲ႕ေတြ.. ဒုတိယ ေတာင္ၾကား..

အဲ့ဒီေန႔တုန္းက ခ်ဴ႐ွိန္ဟန္ရဲ႕ သန္မာလြန္းေသာ တိုက္ခိုက္မႈကို ေျခဖ်က္လို႔ သူ႕ကို ကယ္ခဲ့တဲ့ လႊမ္းမိုးႏိုင္စြမ္ ႀကီးမားေသာ လူရဲ႕ မ်က္ႏွာကို သူ မျမင္ေတြ႕ခဲ့ရပါဘူး

အဲ့ဒါကို မၾကာခဏ စဥ္းစာအေျဖ႐ွာၾကည့္ေပမယ့္ နတၳိ။

တစ္ခါ တစ္ရံက်ေတာ့လည္း အဲ့ဒီလူက အေ႐ွ႕စီရင္စု ကလန္က ဘိုးေဘးတစ္ေယာက္မ်ားလားလို႔ ေတြးၾကည့္ေပမယ့္ မျဖစ္ႏိုင္တာကို နားလည္ထားပါတယ္

ခ်ဴ႐ွိန္ဟန္က ေျမကမ႓ာစိတ္ဝိညာဥ္နယ္ပယ္ကို ေရာက္ေနႏွင့္ၿပီးသားမို႔ အေ႐ွ႕စီရင္စုကလန္က ဘိုးေဘးက အဲ့ဒီ အဆင့္ကို မေရာက္ႏိုင္တာ အေသအခ်ာပါ.. တံခါးပိတ္ၿပီး စိတ္ဝိညာဥ္အဆင့္ ခ်ိဳးေဖာက္ ၀င္ေရာက္ဖို႔ ျပင္ေနတဲ့ သူက ဒီအဆင့္ကို ခုန္တက္သြားဖို႔ဆိုတာ ျဖစ္ႏိုင္ပါ့မလားလို႔

အဲ့ဒါအျပင္.. အေ႐ွ႕စီရင္စုရဲ႕ ေတာ္၀င္ကလန္က ဘိုးေဘးက သူ႕ကို ကယ္မယ့္ အေၾကာင္းျပခ်က္ မ႐ွိပါဘူး

တကယ္လို႔ ကယ္ခ်င္ခဲ့ရင္ေတာင္ ဘာလို႔ သူ႕ကိုယ္သူ ကြယ္ဝွက္ၿပီး လုပ္ေနစရာလိုမလဲ

တစ္ေကြ႕မဟုတ္ တစ္ေကြ႕ ခရမ္းေရာင္ေနအဖြဲ႕အစည္းနဲ႔ ေတြ႕ရမယ္ ေမွ်ာ္လင့္ထားေသာ္ျငားလည္း အခုေတာ့ ေစာလြန္းမေနဘူးလား။ အသက္ကို မႏွေျမာၾကဘူး ထင္ပါ့။

…………………………………………………………………………

ဒီေန႔ စာစဥ္ အသစ္ ထြက္မယ္ေနာ္။
ညေနပိုင္းေလာက္ ျဖစ္ပါ့မယ္။

Book 21 (301-315)
ေစာင့္ေမွ်ာ္ေနသူမ်ား

အပတ္စဥ္ ၾကာသပေတးေန႔တိုင္း ပုံမွန္ ထြက္႐ွိေနပါၿပီ။

.....................................................................

ေလာကသုံးပါးသခင္
…………………………
Chapter 253:
        လိပ္ခဲတည္းတည္း အေျခအေန.. မီးေတာက္စိမ္းဓားအလင္း

ယန္မန္ၿမိဳ႕ေတာ္က အိမ္နီးခ်င္းႏိုင္ငံဆယ့္ေျခာက္ခုထဲက တစ္ခုျဖစ္ၿပီး ေအာင္ႏိုင္ျခင္းေကာင္းကင္ႏိုင္ငံနဲ႔ ကပ္လ်က္မွာ တည္႐ွိပါတယ္။ သို႔ေပတည့္လည္း ယန္မန္ႏိုင္ငံက ေအာင္ႏိုင္ျခင္းေကာင္းကင္ႏိုင္ငံေလာက္ အင္အား မေကာင္းပါဘူး။

အလြန္ဆုံး အေ႐ွ႕စီရင္စုႏိုင္ငံေလာက္ပဲ အဆင့္မွီမွာပါ။ ဒုတိယ အဆင့္.. သို႔တည္းမဟုတ္ တတိယအဆင့္ ႏိုင္ငံေလာက္က အင္အားႀကီးႏိုင္ငံေလးခုနဲ႔ လုံး၀ မယွဥ္သာပါဘူးေလ

ေအာင္ႏိုင္ျခင္းေကာင္းကင္ႏိုင္ငံက အင္အားႀကီးႏိုင္ငံ ေလးခုထဲက တစ္ခုမို႔ အင္အားအရာမွာ သာလြန္တာ မဆန္းက်ယ္လွပါဘူး။

ယန္မန္ႏိုင္ငံမွာေတာ့ ႐ွိန္းယန္ နိ္ဳင္ငံရဲ႕ ကာကြယ္မႈကို လိုအပ္ပါတယ္။

႐ွိန္းယန္ ႏိုင္ငံက ေအာင္ႏိုင္ျခင္းေကာင္းကင္ႏိုင္ငံလိုပဲ အင္အားႀကီးႏိုင္ငံေလးခု ထဲမွာ ပါ၀င္ပါတယ္။

ခရမ္းေရာင္ေနအဖြဲ႕အစည္းရဲ႕ ႐ွိန္းယန္ႏိုင္ငံ နဲ႔ ဆက္စပ္မႈက အဖိုးတန္သစ္ပင္အဖြဲ႕အစည္းနဲ႔ ေအာင္ႏိုင္ျခင္းေကာင္းကင္ႏိုင္ငံလိုပဲ သ႑ာန္တူပါတယ္။ ဒီႏိုင္ငံေတြကို အဲ့ဒီ အဖြဲ႕အစည္းေတြက အေထာက္အပံ့ေပးထားပါတယ္။

ယန္မန္ ႏိုင္ငံက ႐ွိန္းယန္ႏိုင္ငံရဲ႕ အကာအကြယ္ေအာက္မွာ ႐ွိေနတဲ့ လက္ေအာက္ခံႏိုင္ငံတစ္ခုမို႔ သူတို႔ေတြကိုလည္း ခရမ္းေရာင္ေန အဖြဲ႕အစည္းက သြယ္ဝိုက္ၿပီး အကာအကြယ္ေပးထားတယ္လို႔ ဆိုနိ္ဳင္ပါတယ္။ ဒါေၾကာင့္ ေအာင္ႏိုင္ျခင္းေကာင္းကင္နိ္ဳင္ငံကလည္း ယန္မန္ ႏိုင္ငံကို သြားအႏိုင္က်င့္ၿပီး စစ္မီးထြန္းခ်င္စိတ္ မ႐ွိပါဘူး။

ျခဳံေျပာရရင္ ယန္မန္နိ္ဳင္ငံက ခ်ိနဲ႔ေပ်ာ့ညံ့တယ္ဆိုေပတည့္လည္း ေအာင္ႏိုင္ျခင္းေကာင္းကင္ ႏိုင္ငံက လြယ္လင့္တကူသြားရန္မစ အႏိုင္မက်င့္ခဲ့တာ ဟိုးလြန္ခဲ့တဲ့ ဆယ္စုႏွစ္ေပါင္းမ်ားစြာ အထိတိုင္ေအာင္ပါပဲ။

အဲ့ဒီလိုပဲ ယန္မန္ နိ္ဳင္ငံကလည္း သူတို႔နယ္နဲ႔သူတို႔ လိမ္လိမ္မာမာနဲ႔ ေနထိုင္ခဲ့ၾကသလို ေအာင္ႏိုင္ျခင္း ေကာင္းကင္ႏိုင္ငံကို ရန္စေစာ္ကားျခင္း မျပဳခဲ့ပါဘူး။

လက္႐ွိမွာ ေအာင္ႏိုင္ျခင္းေကာင္းကင္ႏိုင္ငံ နယ္စပ္နဲ႔ လီေပါင္း (၅၀၀) ေလာက္ အေဝးမွာ႐ွိတဲ့ ေတာင္ၾကား ခ်ိဳင့္ဝွမ္းတစ္ခုမွာ တီယန္ေ႐ွာင္နဲ႔ ဂု႐ူ တို႔တစ္ေတြ ဒဏ္ရာအျပည့္နဲ႔ ႐ွိေနၾကပါတယ္။ တီယန္ေ႐ွာင္ ေခၚလာတဲ့ စစ္သည္ေတြ အားလုံးလည္း တိုက္ပြဲမွာ ေသကုန္ၾကၿပီးပါၿပီ။

အခုဆို သူတို႔ စိတ္ဝိညာဥ္အဆင့္ ပညာ႐ွင္ႏွစ္ေယာက္နဲ႔ ေ႐ႊေတာင္ပံ ဓားငွက္အုပ္ႀကီးပဲ က်န္ရစ္ခဲ့ေတာ့ တာပါ။ တိုက္ရင္း တိုက္ရင္းနဲ႔ ဘယ္လိုမွကို မႏိုင္ေတာ့လို႔ တစ္ျဖည္းျဖည္း ဆုတ္ခြာလာခဲ့ၾကတာ ဒီ ေတာင္ၾကားခ်ိဳင့္ဝွမ္း ေရာက္သည္အထိပဲေလ။

“တီယန္ေ႐ွာင္.. အဲ့ဒီ အမ်ိဳးသမီးကို ငါတို႔ လက္ထဲ ထည့္ေပးၿပီး ထြက္သြားရင္ အဆင္ေျပေနတာကို ဘာလို႔ ခက္ခဲေအာင္ လုပ္ခ်င္ေနရတာလဲ.. ငါ မင္းကို မသတ္ဘူးလို႔ ကတိေပးတယ္ ”

အထက္စီးဆန္လွတဲ့ အသံတစ္သံက ယုံၾကည္ျခင္းေတြ ျပည့္ႏွက္စြာပဲ ထြက္ေပၚလာပါတယ္။

တီယန္ေ႐ွာင္ က ေအးစက္စြာပဲ တစ္ခ်က္ ႏွာေခါင္း႐ႈံ႕လိုက္ရင္း စိတ္ပ်က္ေနတဲ့ အမူအရာ တစ္ခ်ိဳ႕လည္း ေပၚလာပါတယ္။ သူတို႔ေတြက မိတ္ေဆြ အရင္းတစ္ေယာက္ကို သစၥာေဖာက္ၿပီး ထားရစ္ခဲ့ဖို႔ လာဆြယ္ရဲတယ္ေပါ့။ ေသာက္ေရးမပါတာေတြ။

ဂု႐ူက အတည္ၿငိမ္ဆုံး အေနအထားမ်ိဳးနဲ႔႐ွိေနဆဲပါ
“ဗိုလ္ခ်ဳပ္တီယန္.. သူတို႔ေျပာတာကို သေဘာတူလိုက္ပါ။ အခုေလာက္ထိ ကြၽန္မ နဲ႔ အတူ႐ွိေနေပးတာကိုက အရမ္း ဂုဏ္ယူစရာ ေကာင္းလွၿပီ။ အခု ထြက္သြားၿပီး သခင္ေလးခ်န္ကို သြားေျပာလိုက္။ ဒီကိစၥရဲ႕ ေနာက္ကြယ္က လက္သည္တရားခံက ခရမ္းေရာင္ေန အဖြဲ႕အစည္းပဲ။ သူ ကြၽန္မ အတြက္ လက္စားေခ်ေပးလိမ့္မယ္ ”

တီယန္ေ႐ွာင္က အေျခအေနကို သေဘာေပါက္ပါတယ္
“မိန္းကေလးဂု႐ူ အၾကံက တကယ္ ေကာင္းတယ္.. ဒါေပမယ့္ က်ဳပ္မွာ သံမဏိႏွလုံးသား ႐ွိေနရင္ေတာင္ ကိုယ္နဲ႔ အတူတူ အသက္ေဘး ရင္ဆိုင္ေနရတဲ့ သူငယ္ခ်င္းကို ဘယ္ေတာ့မွ သစၥာမေဖာက္ဘူး.. ဘယ္ေတာ့မွ ထားခဲ့ၿပီး ထြက္မေျပးဘူး.. ထြက္သြားဖို႔ကို ေမ့ထားလိုက္ေတာ့ ”

ဂု႐ူလည္း တီယန္ေ႐ွာင္ ဆိုတာ အဲ့လို လူစားမ်ိဳး မဟုတ္ဘူးဆိုတာ ခန္႔မွန္းထားၿပီးသားပါ။ အဲ့ဒါေၾကာင့္ ဘာမွ ဆက္မေျပာေတာ့ဘဲ သက္ျပင္းတစ္ခ်က္ခ်လို႔ အေတြးေတြ နက္ေနပါတယ္။

“ဂ်န္ခ်န္.. ငါသာ ဒီေန႔တိုက္ပြဲမွာ ေသသြားခဲ့ရင္ နင့္ႏွလုံးသားထဲမွာ ငါ့ကို ၾကာၾကာေလး သတိရေနေပးပါဟာ.. ငါ့မွာ ေနာက္တစ္ႀကိမ္ ထပ္ၿပီး ေ႐ြးခ်ယ္ခြင့္ၾကဳံခဲ့ရင္ေတာင္ နင့္ အေနာက္ကိုပဲ လိုက္ဖို႔ ေ႐ြးခ်ယ္မွာပဲ.. အႀကိမ္ တစ္ရာေလာက္ေသရမယ္ ငရဲကို အႀကိမ္ တစ္ေထာင္ေလာက္ သြားရမယ္ဆိုရင္ေတာင္ ငါ ေနာင္တမရဘူး ”

ရက္စက္ျပတ္သားတဲ့ အသံက အျပင္ကေန တစ္ဖန္ ပ်ံ႕လြင့္လာျပန္ပါတယ္
“တီယန္ေ႐ွာင္.. ငါ မင္းကို ေနာက္ဆုံးအခြင့္အေရးေပးမယ္.. အဲ့ဒါကိုမွ တန္ဖိုး မထားေသးရင္ ငါ့ကို ရက္စက္တယ္ဆိုၿပီး အျပစ္မတင္နဲ႔ ”

“ဟား.. ဟား.. ဟား.. မင္းတို႔ ခရမ္းေရာင္ေန အဖြဲ႕အစည္းက တပည့္ေတြအားလုံး မင္းလိုပဲလား.. ေသြး မေၾကာင္ရင္ လာခဲ့စမ္း. ငါ ေၾကာက္တာဆိုလို႔ ဘာမွ မ႐ွိေသးဘူး.. မင္းတို႔ ခရမ္းေရာင္ေန အဖြဲ႕အစည္းက ႂကြက္ေတြကိုမ်ား ေၾကာက္ေနရမွာလား.. ဟား.. ဟား.. လာစမ္း မအိမ္လုံးေတြ.. အကုန္ မသတ္ႏိုင္ရင္ေတာင္ ငါ မေသခင္ ႏိုင္သေလာက္ ေခၚသြားရမယ္ ”

“အင္း .. အဲ့ေလာက္ ေသခ်င္ေနမွေတာ့လဲ.. .. ”
ေအးစက္စက္အသံက ပ်ံ႕လြင့္လာျပန္ပါတယ္
“ငရဲကို ပို႔ေပးရေတာ့မွာေပါ့ ”

အဝါေရာင္ ေပၚမွာ မက္မြန္သီးေရာင္ ေဆးခ်ယ္ထားတဲ့ ၀တ္႐ုံဆင္ျမန္းထားတဲ့ လူငယ္တစ္ေယာက္က လက္တစ္ဖက္ကို ေျမႇာက္လိုက္ၿပီး သူ႕ဓားျပားႀကီးကို ေကာင္းကင္ထက္ ၫႊန္ျပလိုက္ပါတယ္။

ဓားျပားႀကီး ဆီကေန ပ်ံ႕လြင့္လာတဲ့ စိမ္းေ႐ႊေရာင္ အလင္းတန္းက မီးျပင္းဖို ဆီက အပူလိႈင္းေတြလို ခက္ထန္တဲ့ အရာအားလုံးေလာင္ကြၽမ္းေစတဲ့ အေငြ႕အသက္ေတြ ပါ၀င္ေနပါတယ္။ လူငယ္နားက ျမက္ေတြ သစ္ပင္ေတြဟာလည္း သိသိသာသာကို ညိႇဳးေရာ္ေျခာက္ေသြ႕လာၿပီး က်ယ္၀န္းတဲ့ အ၀န္းအဝိုင္း တစ္ခု ျဖစ္ေပၚလာခဲ့ပါၿပီ။

“စီနီယာအစ္ကို ေလ်ာင္.. က်ဳပ္တို႔ေတြ သူတို႔ကို တကယ္ သတ္ပစ္ေတာ့မွာလား ”
တစ္ျခား တပည့္တစ္ေယာက္က အသံတိုးတိုးနဲ႔ လူငယ္ကို ကပ္ေမး႐ွာပါတယ္

“သူတို႔ေတြက ေပးထားတဲ့ လမ္းေၾကာင္းေပၚ မေလွ်ာက္ခ်င္ၾကပဲကိုး.. ငါတို႔ေတြအတြက္ ဒါတစ္ခုပဲ က်န္ေတာ့တယ္.. မင္းမွာ တစ္ျခား ပိုေကာင္းတဲ့ အၾကံ႐ွိေသးလို႔လား ”
ေလ်ာင္မ်ိဳး႐ိုးနဲ႔ လူငယ္ေလး မ်က္ေမွာင္ၾကဳတ္ရင္း ျပန္ေမးခြန္းထုတ္ပါတယ္

“ဟီး.. ဟီး … အစ္ကိုေလ်ာင္ အဲ့ဒီ မိန္းမက ဂ်ဴနီယာ ညီမေလး ေလာင္ဂ်ဳဇူးရဲ႕ ရန္သူတစ္ေယာက္ပဲေလ.. သူမကို အသက္႐ွင္လ်က္ ဖမ္းေခၚသြားႏိုင္ရင္ ပိုေကာင္းတာေပါ့.. ဂ်ဴနီယာ ညီမေလးက အစ္ကိုေလ်ာင္ ကို အမ်ားႀကီး ေက်းဇူးတင္မွာ ”
အဲ့ဒီလို ေျပာလာခဲ့သူကေတာ့ ဒုတိယေတာင္ၾကားမွာ တစ္ခါေပၚလာဖူးတဲ့ ယုဂ်ီ ပါ။

ေလ်ာင္ေဟာင္း က အဖြဲ႕အစည္းရဲ႕ ပါရမီ႐ွင္ တစ္ေယာက္ပါ။

သို႔ေပတည့္လည္း သူက ဇန္ယန္ ရဲ႕ တပည့္တစ္ေယာက္ေလ အဲ့ဒါေၾကာင့္ ယုဂ်ီ လို ႐ႊမ္ရယ္ရဲ႕ တပည့္ တစ္ေယာက္နဲ႔ သိပ္ၿပီး ပတ္သက္ဆက္ႏြယ္ျခင္း မ႐ွိပါဘူး။

“ေလာင္ဂ်ဳဇူး ”
ေလ်ာင္ေဟာင္ ျပဳံးလိုက္ပါတယ္
“သူမက အဇူရာဖီးနစ္ ကိုယ္ခႏၶာဖြဲ႕စည္းပုံ ပိုင္ဆိုင္ထားတဲ့ တစ္ေယာက္ မဟုတ္လား.. မင္းတို႔ ႐ႊမ္ရယ္ အဖြဲ႕က ရတနာ တစ္ပါး ေကာက္ရထားတာပဲ.. ေကာင္းၿပီေလ မင္းက အဲ့လို ေျပာေနမွေတာ့ ဂ်ဴနီယာ ညီမေလး မ်က္ႏွာ ေထာက္ရေတာ့မွာေပါ့.. ဒါေပမယ့္ သူမကိုပဲ အာမခံမယ္ေနာ္.. စတိုက္ခိုက္ၿပီ ဆိုတာနဲ႔ ဓားငွက္ေတြ အနည္းနဲ႔ အမ်ား ထိခိုက္မွာပဲ.. အဲ့ဒီ အမ်ိဳးသမီးကိုေတာ့ ဂ႐ုစိုက္လိုက္မယ္ ”

ယုဂ်ီ သက္ျပင္းတစ္ခ်က္ ခ်လိုက္ပါတယ္
“ဟူး.. ငါတို႔သာ အဲ့ဒီ ဓားငွက္ေတြကို အသုံးခ်ႏိုင္ရင္ သိပ္ေကာင္းမယ္.. ဒါဆို အေကာင္းဆုံးပဲ.. ဝိညာဥ္ကမ႓ာ အဖြဲ႕အစည္းနဲ႔ အဖိုးတန္သစ္ပင္အဖြဲ႕အစည္း တို႔ေတာင္ ပ်ံသန္းျခင္းသားရဲ ေတြအေရးမွာ ငါတို႔ကို ဘယ္နည္းနဲ႔မွ ယွဥ္ႏိုင္ေတာ့မွာ မဟုတ္ဘူး.. ဓားငွက္ေတြ ေသသြားရင္ ႏွေျမာစရာပဲ ”

သို႔ေပတည့္ျငားလည္း.. ယုဂ်ီ တစ္ေယာက္ သေဘာေပါက္ေနတာက ေျမကမ႓ာအဆင့္ စိတ္ဝိညာဥ္ နယ္ပယ္က ပညာ႐ွင္တစ္ေယာက္ စၿပီး တိုက္ခိုက္လာၿပီဆိုတာနဲ႔ ဓားငွက္ေတြ အနည္းနဲ႔ အမ်ား ေသေၾက ၾကပါလိမ့္မယ္။ ဒီလို တိုက္ခိုက္မႈ ေအာ္ရာေတြက အရမ္းကို ျပင္းထန္လြန္းသည္ကိုး။

ဓားငွက္ေတြကို မေသေအာင္လည္း ဂ႐ုစိုက္ရမယ္။ တီယန္ေ႐ွာင္ကိုလည္း သတ္ရမယ္ဆိုတာက လုံးလုံး မျဖစ္ႏိုင္ပါဘူးေလ။

ဒါ့အျပင္ အဲ့ဒီ ဓားငွက္ေတြက ယဥ္ပါးေအာင္ လုပ္ဖို႔ ခဲယဥ္းပါတယ္။ လြန္ခဲ့တဲ့ ရက္ေတြတုန္းက သူတို႔ေတြ နည္းလမ္းေပါင္းစုံ သုံးခဲ့ၿပီးပါၿပီ။ ဒါေပမယ့္ အဲ့ဒီ ဓားငွက္ေတြကို သူတို႔ ထိန္းခ်ဳပ္မႈေအာက္မွာ ထားဖို႔ဆိုတာ မျဖစ္ႏိုင္ေလာက္ေအာင္ ပါပဲ။

ခရမ္းေရာင္ေနအဖြဲ႕အစည္းမွာလည္း ပ်ံသန္းျခင္း သားရဲသခင္ေတြ အမ်ားႀကီး ႐ွိေပမယ့္ ေလ်ာင္ေဟာင္း တစ္ေယာက္ အၾကာႀကီး ထပ္မေစာင့္ႏိုင္ေတာ့ဘူးေလ။

“စီနီယာအစ္ကိုေလ်ာင္.. ကြၽန္ေတာ္တို႔ ထပ္ေစာင့္လိုက္ၾကမလား.. အဖြဲ႕အစည္းက သားရဲသခင္ေတြသာ ေရာက္လာခဲ့ရင္ အဲ့ဒီ ဓားငွက္ေတြကို ယဥ္ပါးေအာင္လုပ္ဖို႔ နည္းလမ္းတစ္ခုခု ေတြ႕မယ္ထင္တယ္.. အဲ့ဒါဆို ကြၽန္ေတာ္တို႔ေတြ အမ်ားႀကီး အက်ိဳးအျမတ္ရမွာ ”

ယုဂ်ီက ေလ်ာင္ေဟာင္းနဲ႔ ကြဲျပားပါတယ္။

ေလ်ာင္ေဟာင္းက ခရမ္းေရာင္ေန အဖြဲ႕အစည္းက ပထမတန္း၀င္ ပါရမီ႐ွင္ လူငယ္တစ္ေယာက္ေလ။ တပည့္ရင္းေတြ ၾကားထဲမွာေတာင္ တန္း၀င္တဲ့ တပည့္တစ္ေယာက္ပါ။ အနာဂါတ္မွာ အဖြဲ႕အစည္းရဲ႕ မ႑ိဳင္တစ္ရပ္ ျဖစ္လာမယ္လို႔ေတာင္ ထင္ေၾကးေပးထားပါတယ္။

ယုဂ်ီကေတာ့ ေလ်ာင္ေဟာင္းရဲ႕ အဆင့္နဲ႔ သီးျခားဆန္ပါတယ္။ အဲ့ဒါေၾကာင့္ က်င့္ၾကံျခင္းလမ္းစဥ္မွာ မေပါက္ေျမာက္တာကို တစ္ခ်ိဳ႕ေသာ ကိစၥေတြမွာ စြမ္းေဆာင္ၿပီး အခြင့္အေရး ယူခ်င္တာပါ။ အဖြဲ႕အစည္းထဲ ေနရာတစ္ခု ရဖို႔ဆိုတာ က်င့္ၾကံျခင္းလမ္းစဥ္နဲ႔ မျဖစ္ႏိုင္ရင္ တစ္ခ်ိဳ႕ေသာ အက်ိဳးျပဳလမ္းစဥ္နဲ႔ သြားရပါလိမ့္မယ္။

“မဟုတ္ေသးဘူး.. ”
လ်ဴေဟာင္းမ်က္ခုံးေတြ တြန္႔ေကြးသြားခဲ့ပါၿပီ
“ငါတို႔ ထပ္ေစာင့္ေနရင္ အဖိုးတန္သစ္ပင္အဖြဲ႕အစည္းက လူေတြ ေရာက္လာေတာ့မယ္ ”

“အဖိုးတန္သစ္ပင္အဖြဲ႕အစည္း ”
ယုဂ်ီ အံ့အားသင့္သြားပါတယ္

“ငါတို႔ေတြပဲ တီယန္ေ႐ွာင္ တို႔ကို သတိထားမိၿပီး အမဲလိုက္ေနတယ္လို႔ ထင္ေနရင္ေတာ့ မင္း တုံးလြန္း သြားၿပီ.. ငါတို႔ေတြကို ေထာက္လွမ္းေနတဲ့ လူတစ္ခ်ိဳ႕ ႐ွိေနတာ ၾကာခဲ့ၿပီ.. ရန္သူေတြကို တပ္လွန္႔လိုက္သလို ျဖစ္သြားမွာမို႔လို႔သာ ဘာမွ လႈပ္လႈပ္႐ွား႐ွား သြားမလုပ္လိုက္တာ.. အခုက အဖိုးတန္သစ္ပင္ အဖြဲ႕အစည္းက လူေတြ ေရာက္ခ်ိန္က်ၿပီ ”

“ဒါ.. ”
ယုဂ်ီ က ဒါမ်ိဳး ကိစၥ ဘယ္ေတာ့မွ မျဖစ္လာႏိုင္တဲ့အတိုင္း အံ့အားသင့္သြားပါတယ္
“ဒါေပမယ့္ ဒါက ယန္မန္ ႏိုင္ငံရဲ႕ နယ္နိမိတ္ထဲမွာပဲေလ.. ငါတို႔ အဖြဲ႕အစည္းရဲ႕ အထိန္းအကြပ္ ေအာက္မွာ ႐ွိေနတာပဲ ”

“ဓမၼဓိဌာန္က်က် ေျပာရရင္ေတာ့ ဟုတ္တယ္.. ဒါေပမယ့္ တီယန္ေ႐ွာင္က ေအာင္ႏိုင္ျခင္း ေကာင္းကင္ႏိုင္ငံက မဟုတ္လား.. အဖိုးတန္သစ္ပင္အဖြဲ႕အစည္းက ငါတို႔ေတြကို လာရန္စရင္ တီယန္ေ႐ွာင္ကေန ေစာဒက တက္လာလိမ့္မယ္.. ငါက သူတို႔ေတြကို မေၾကာက္ေပမယ့္ အဖြဲ႕အစည္း ေလးခု အၾကားမွာ ပဋိပကၡေတြ ျဖစ္လာလိမ့္မယ္ ”

ေလ်ာင္ေဟာင္းက ပါရမီ႐ွင္ လူငယ္တစ္ေယာက္ ဆိုေပမယ့္ မိုးေကာင္းကင္ေအာက္မွာ သူသာလ်င္ နံပါတ္ တစ္ ဆိုတဲ့ စိတ္မ်ိဳး မ႐ွိပါဘူး။

ဆန္႔က်င္ဘက္အေနနဲ႔ သူ ဘာလုပ္ေနလဲဆိုတဲ့ အခ်က္အေပၚမွာ လက္ေတြ႕က်က် စဥ္းစားေတြးေခၚၿပီး အင္အားခ်င္း ခ်ိန္ဆ အေတြးအေခၚေတြ ျပည့္၀ပါတယ္။

“ေနာက္တစ္ရက္ပဲ.. ေနာက္တစ္ရက္အတြင္းမွာ ငါတို႔ အဖြဲ႕အစည္းက သားရဲသခင္ေတြ ေရာက္လာမယ္လို႔ ကြၽန္ေတာ္ထင္တယ္ ”

ေလ်ာင္ေဟာင္း မ်က္ေမွာင္ၾကဳတ္မိပါတယ္
“ငါ တြက္ခ်က္ထားရသေလာက္.. အဖိုးတန္သစ္ပင္အဖြဲ႕အစည္းက တစ္ရက္အတြင္း ငါတို႔ကို ႐ွာေတြ႕ သြားမွာပဲ.. မင္း တကယ္ပဲ ဆက္ေစာင့္ဖို႔ ဆႏၵ႐ွိလား ”

ေလ်ာင္ေဟာင္းက ယုဂ်ီကို သိပ္အေလးမထားဘူး ဆိုေပတည့္လည္း သူတို႔ေတြက အဖြဲ႕အစည္း တစ္ခုထဲကမို႔ ေမးသင့္တယ္လို႔ ယူဆထားပါတယ္။

“စီနီယာ အစ္ကိုေလ်ာင္.. ကြၽန္ေတာ္တို႔တစ္ေတြသာ ဓားငွက္ေတြကို အဖြဲ႕အစည္းထဲ အတူတူ ေခၚသြားႏိုင္ခဲ့ရင္ အစ္ကိုက ရလာမယ့္ အက်ိဳးအျမတ္ရဲ႕ (၄၀) ရာခိုင္ႏႈန္း ယူ.. ကြၽန္ေတာ္က (၂၀) ရာခိုင္ႏႈန္းပဲ ယူမယ္.. တစ္ျခားသူေတြကေတာ့ က်န္တာ ခြဲေဝယူၾကလိမ့္မယ္.. ဘယ္လိုလဲ ”

က်န္တဲ့ ခရမ္းေရာင္ေန အဖြဲ႕အစည္းက တပည့္ေတြက ေလ်ာင္ေဟာင္းထက္ ပိုၿပီး ေပ်ာ့ညံ့ပါတယ္.. ယုဂ်ီ ထက္ အားေကာင္းတဲ့ သူ တစ္ေယာက္ ႏွစ္ေယာက္ ပါႏိုင္ပါတယ္။

ဒါေပမယ့္ ယုဂ်ီ က ပိုလို႔ အက်ိဳးအျမတ္ တြက္ခ်က္ထားတယ္ဆိုတာ ေ႐ႊေတာင္ပံဓားငွက္ေတြကို ေျခရာေကာက္ ႏိုင္သူက သူမို႔လို႔ပါ။ ေနာက္ၿပီး ဂု႐ူနဲ႔ ဂ်န္ခ်န္ တို႔ တစ္ေတြရဲ႕ ပတ္သက္ဆက္ႏြယ္မႈကိုလည္း သိထားသူပဲေလ။

အဲ့ဒီ အခ်က္ေတြက တစ္ျခားသူေတြမွာ မ႐ွိႏိုင္တဲ့ အရာ။

ၿပီးေတာ့ သူက (၂၀) ရာခိုင္ႏႈန္းကိုပဲ ယူမယ္လို႔ ဆိုထားၿပီး ပမာဏ ႀကီးႀကီးမားမား ေပးဆြယ္ထားသည္ကိုး။

ေလ်ာင္ေဟာင္း က တစ္ခ်က္ စဥ္းစားလိုက္ၿပီးမွ
“ငါ (၅၀) ရာခိုင္ႏႈန္းယူမယ္.. မင္းက (၂၀) ရာခိုင္ႏႈန္းပဲယူ.. က်န္တဲ့သူေတြကို (၃၀) ရာခိုင္ႏႈန္း ခြဲေပးလိုက္.. အဲ့လိုပဲ သေဘာတူမယ္.. မဟုတ္ရင္ ငါ စၿပီး တိုက္ၿပီ ”

ယုဂ်ီနဲ႔ က်န္လူေတြ အားလုံး တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္မိၾကပါတယ္။ ဘယ္သူကမွ ကန္႔ကြက္စကား မဆိုရဲၾကပါဘူး။

သန္မာတဲ့သူရဲ႕ စကားက အတည္ျဖစ္ပါတယ္။ သူတို႔ေတြက ေျမကမ႓ာအဆင့္ စိတ္ဝိညာဥ္နယ္ပယ္က ပညာ႐ွင္တစ္ေယာက္နဲ႔ သြားၿပီး ျငင္းခုန္ဖို႔ဆိုတာ မစြမ္းသာဘူး မဟုတ္လား။

တစ္ေယာက္ကမွ သူနဲ႔ မျငင္းခုန္တာကို ျမင္ေတာ့ ေလ်ာင္ေဟာင္း လည္း သူ႕ ဓားျပားႀကီးကို ေက်ာမွာ ျပန္ခ်ိတ္လိုက္ၿပီး ေတာင္ထိပ္တစ္ခုမွာ သြားၿပီး တိတ္ဆိတ္စြာပဲ ထိုင္ခ်လိုက္ပါတယ္။
“သူတို႔ေတြကို ေသခ်ာ ေစာင့္ၾကည့္ထားၾက.. တလြဲမျဖစ္ေစနဲ႔.. တစ္ခုခုဆို ငါ့ကို ခ်က္ခ်င္း သတင္းပို႔ ”

သူက ဒီေနရာမွာ အားအေကာင္းဆုံးလို႔ ဆိုနိ္ဳင္တာမို႔ ခုလို စကားေျပာဖို႔ အခြင့္အေရး႐ွိပါတယ္။

ယုဂ်ီ ေခါင္းၿငိမ့္ပါတယ္
“ကြၽန္ေတာ္တို႔ ေသခ်ာ ေစာင့္ၾကည့္ထားလိုက္မယ္ ”

သူ ေမွ်ာ္လင့္ေနတာတစ္ခုက အဖြဲ႕အစည္းကို လႊတ္လိုက္တဲ့ သူတို႔လူေတြက သားရဲသခင္ေတြကို အျမန္ဆုံး ေခၚၿပီး ျပန္လာဖို႔ပါပဲ။ ဓားငွက္ေတြကိုသာ သူတို႔ေတြ အဖြဲ႕အစည္းဆီ ေခၚသြားနိ္ဳင္ခဲ့ရင္ သူ႕ နာမည္က တစ္ခုခု ထူးျခားလာပါလိမ့္မယ္။

ေနာက္ၿပီး ဂု႐ူ။ သူမကိုပါ ဖမ္းေခၚသြားႏိုင္ၿပီး ဂ်ဴနီယာ ညီမေလး ေလာင္ဂ်ဳဇူးဆီ အပ္ႏိုင္ၾကည့္.. သူမက မ်က္ႏွာသာ ေပးလာပါလိမ့္မယ္။ ဒါက ခဲတစ္လုံးနဲ႔ ငွက္ေတြ အမ်ားႀကီး သတ္ႏိုင္ခဲ့တာပဲေလ။

“စီနီယာ အစ္ကို ေလ်ာင္ေဟာင္း နဲ႔ လိုက္လာရတာ ေကာင္းသြားတယ္.. မဟုတ္လို႔ တစ္ျခား စီနီယာေတြ ပါလာရင္ သူတို႔ေတြက ငါ့စကား နားေထာင္မွာ မဟုတ္ဘူး။ အစ္ကိုေလ်ာင္က သန္မာၿပီး တစ္ဖက္သားရဲ႕ အၾကံကို နားေထာင္ေပးတာ ေတာ္ေသးတယ္။ တစ္ေန႔မွာ သူက ခရမ္းေရာင္ေန အဖြဲ႕ အစည္းရဲ႕ ခမ္းနားတဲ့ ပုံရိပ္တစ္ခု ျဖစ္လာလိမ့္မယ္။ ငါလည္း ဒီေန႔မွာ သူ႕ကို ကူၿပီး အက်ိဳးအျမတ္ ေပးခဲ့ တာမို႔ မ်က္ႏွာသာရလိမ့္မယ္ ”

ဒီလို ေတြးရင္း ယုဂ်ီ ပိုလို႔ ပိုလို႔ စိတ္လႈပ္႐ွားလာပါတယ္။

႐ုတ္တရက္ တင္ပ်ဥ္ေခြထိုင္ေနတဲ့ ေလ်ာင္ေဟာင္း မ်က္လုံးေတြ ဖ်တ္ခနဲ ပြင့္လာပါတယ္။ သူ႕ မ်က္လုံးေတြက လွ်ပ္စီးလို ထက္႐ွလာၿပီး သက္တန္႔ သ႑ာန္ ေကြးၫႊတ္လာေလရဲ႕။

“ဘယ္သူလဲ?? ”

စကားဆုံးတာနဲ႔ ေလ်ာင္ေဟာင္း တစ္ကိုယ္လုံးက ရိပ္ခနဲ ေလထဲ ဝဲတက္သြားသလို သူ႕ ေက်ာထက္က ဓားျပားႀကီးကလည္း ေလထုထဲကို ခုတ္ပိုင္းသြားခဲ့ပါၿပီ။

“ဝွမ္း .. ”

ဓားအလင္းတန္းက ေလထုနဲ႔ ေျမျပင္ပါ အက္ကြဲသြားေစပါတယ္။

သူ႕ မ်က္လုံးအစုံက ေတာက္ေလာင္ေနတဲ့ ေနႏွစ္စင္းလို အေနာက္ဘက္ကို အရပ္ကို စူးရဲစြာ ၾကည့္ေနပါတယ္။

မေမွ်ာ္လင့္ဘဲ ျဖစ္တည္လာတဲ့ ေျပာင္းလဲမႈေၾကာင့္ ယုဂ်ီနဲ႔ တစ္ျခားသူေတြကို အႀကီးအက်ယ္ စိတ္လႈပ္ ႐ွားသြားေစပါတယ္။

“မီးေတာက္စိမ္း ဓားအလင္း.. စီနီယာ အစ္ကိုေလ်ာင္က ေသခ်ာေလ့က်င့္ခဲ့တာပဲ.. အရမ္း လန္းတယ္ ”

“မီးေတာက္စိမ္း ဓားအလင္းက အေမွာင္ထဲမွာ ပုန္းေနတဲ့ ရန္သူျဖစ္ျဖစ္.. အရိပ္ထဲမွာ ပုန္းေနတဲ့ ရန္သူျဖစ္ျဖစ္ အားလုံးကို ပိုင္းျဖတ္ႏိုင္စြမ္း႐ွိတယ္ ”

ေလ်ာင္ေဟာင္းက ေလထုကို တစ္ခ်က္ခုတ္ပိုင္းၿပီး တည္တည္ၿငိမ္ၿငိမ္ ၾကည့္ေနပုံက နတ္ဘုရား တစ္ပါးႏွယ္ပါပဲ။ သူ႕ တစ္ကိုယ္လုံးကေန ထြက္ေပၚလာတဲ့ စိတ္ဝိညာဥ္ခ်ီေတြက အရပ္မ်က္ႏွာအသီးသီး ကို ပ်ံ႕လြင့္ေနပါတယ္။

“အဟက္.. ေရာက္လာခဲ့ၿပီးမွေတာ့ ပုန္းမေနနဲ႔ ”
စူး႐ွလြန္းတဲ့ အၾကည့္ေတြက အေနာက္ဘက္အရပ္ကို ေလးေလး နက္နက္ ၾကည့္ေနပါတယ္။

“မီးေတာက္စိမ္း ဓားအလင္း ထုတ္သုံးႏိုင္တဲ့ သူငယ္ခ်င္းက ေလ်ာင္ေဟာင္း ထင္ပါရဲ႕.. မင္း အျမင္က အခုေလာက္ အားေကာင္းတာ မထူးဆန္းေတာ့ဘူး ”
ျခဳံပုတ္ တစ္ခု ေနာက္ကြယ္ကေန အားေကာင္းတဲ့ ရီေမာသံတစ္ခ်က္နဲ႔ အတူ စကားသံေတြပါ ထြက္ေပၚ လာေလရဲ႕။

ရီေမာလိုက္သူက ရီသံနဲ႔အတူ မုန္တိုင္းတစ္စင္းလို ခ်ီလိႈင္းလုံးေတြကို ေလ်ာင္းေဟာင္ တို႔ဆီ ထုတ္လႊတ္လိုက္ပုံပါပဲ။ လမ္းတေလ်ာက္က ျမက္ေတြ သစ္ပင္ေတြလည္း တဝုန္းဝုန္း လဲက်ကုန္ပါတယ္။

……………………………………………………………………………………………………………………………..…ေလာကသုံးပါးသခင္
…………………………
Chapter 254:
         အဖြဲ႕အစည္းႏွစ္ခုၾကားက ပါရမီ႐ွင္ေတြ တိုက္ပြဲ

“ဘန္း.. ဘန္း.. ဘန္း.. ”

အနီေရာင္အလင္းတန္းနဲ႔ အစိမ္းေရာင္အလင္းတန္းႏွစ္ခုက ေလထဲမွာ ထိပ္တိုက္ ေတြ႕ဆုံေပါက္ကြဲ ထြက္ကုန္ၾကၿပီး မ်က္ေတာင္ တစ္ခါခတ္စာအတြင္းမွာပဲ ဆယ္ႀကိမ္ထက္မနည္း တိုက္ခိုက္ၿပီးသြားၾကပါၿပီ။

႐ုတ္တရက္ ပုံရိပ္ႏွစ္ခုက အျပင္းထန္ဆုံး တိုက္ခိုက္လိုက္ၾကၿပီး အလင္းတန္း ႏွစ္ခု အျဖစ္ စတင္ အေနာက္ကို လြင့္စင္သြားၾကပါတယ္။

ေျမေပၚ ဝုန္းခနဲ ေျခခ်ရင္း ႏွစ္လွမ္းေလာက္ ဆက္ဆုတ္သြားရတဲ့ အနီေရာင္ပုံရိပ္ကေတာ့ ေလ်ာင္ေဟာင္း ပါ။ သူ႕ အစိမ္းေရာင္ ေတာက္ေနတဲ့ မ်က္၀န္းေတြက သူ တိုက္ခိုက္ခဲ့ရာ ေနရာ တည့္တည့္ကို စိုက္ၾကည့္ေနၿပီး အပူေငြ႕ေတြ တ႐ွိန္႐ွိန္ထြက္ေနပါတယ္။ ဓားခ်က္ေတာ္ေတာ္မ်ားမ်ားက သူ႕ ကိုယ္ေပၚက တိုက္ပြဲ၀င္၀တ္စုံေပၚမွာ လွီးျဖတ္ခံထားရေလရဲ႕။

တစ္ဖက္မွာ အလားတူ ေျမျပင္ထက္ က်သြားတဲ့ အစိမ္းေရာင္ ပုံရိပ္တစ္ခု႐ွိပါတယ္။ သူကေတာ့ အဖိုးတန္သစ္ပင္ အဖြဲ႕အစည္းက ေဂ်ာင္ရီ ပါပဲ။ သူကိုယ္တိုင္ကလည္း ေလ်ာင္ေဟာင္း ထက္ ပိုေကာင္း တဲ့ အေျခအေနမ်ိဳး မ႐ွိခဲ့ပါဘူးေလ။ ဓားခ်က္ေၾကာင့္ စုတ္ၿပဲေနတဲ့ အ၀တ္ေတြက မီးကြၽမ္းထားတဲ့ အလား အပူေငြ႕ေတြ ဟပ္ေနဆဲပါ။

“မင္းက ေလႏွင္တိမ္ဓားအဖြဲ႕က ေဂ်ာင္ရီ ျဖစ္မယ္နဲ႔တူတယ္ ”
ေလ်ာင္ေဟာင္းက ေဂ်ာင္ရီကို ေကာင္းေကာင္းသိပုံပါပဲ။

“အဟဲ.. မင္းက မီးေတာက္စိမ္း ဓားအလင္း အဖြဲ႕က မဟုတ္လား.. အထင္ႀကီးစရာပဲ.. မဆိုးပါဘူး.. ငါက အဖိုးတန္သစ္ပင္အဖြဲ႕အစည္းက တပည့္ရင္း ေဂ်ာင္ရီ ”
ဒီစကားနဲ႔အတူ ေဂ်ာင္ရီ အေနာက္ကေန လူတစ္စု ေပၚထြက္လာပါတယ္။ သူတို႔ေတြကေတာ့ အဖြဲ႕အစည္းက တပည့္ေတြနဲ႔ လ်ဴခ်န္းဖန္နဲ႔ ေ႐ွာင္ယု အပါအ၀င္ ေျမာက္ပိ္ဳင္းနန္းေတာ္က လူတစ္ခ်ိဳ႕ပါပဲ။

ဒါကိုၾကည့္ရင္ အဖိုးတန္သစ္ပင္အဖြဲ႕အစည္းက လူ အင္အား အသာရေနပါၿပီ။

“ေဂ်ာင္ရီ ငါ သိသေလာက္ေတာ့ ဒါက ေအာင္ႏိုင္ျခင္းေကာင္းကင္ႏိုင္ငံ နယ္နိမိတ္ထဲ မပါပါလား.. မင္း ေဘာင္ေက်ာ္ေနၿပီလို႔ မထင္ဘူးလား ”
ေလ်ာင္ေဟာင္း အသံက ေအးစက္စက္ ႏိုင္လြန္းပါတယ္။

“ေလ်ာင္ေဟာင္း.. လူေျဖာင့္ လူမွန္ေတြက ေကြ႕ဝိုက္ေစာင္းေျမာင္း ေျပာမေနသင့္ဘူးေလကြာ.. မင္းတို႔ ခရမ္းေရာင္ေန အဖြဲ႕အစည္းက ငါတို႔ ေအာင္ႏိုင္ျခင္းေကာင္းကင္ ႏိုင္ငံသားေတြကို အႏိုင္က်င့္လို႔ ငါတို႔က ၀င္ပါလာရေသးတယ္.. ငါတို႔ကိုပဲ ပိုင္နက္က်ဴးလြန္တယ္လို႔ စြပ္စြဲေနေသးတယ္.. ဘယ္လိုၾကည့္ၾကည့္ မင္းေျပာေနပုံႀကီးက အဓိပၸါယ္ကို မ႐ွိပါလား ”

ေလ်ာင္ေဟာင္း က ေအးစက္စက္ ျပဳံးလာပါတယ္
“မင္းတို႔ နိ္ဳင္ငံသားေတြ တဲ့လား?? ဟား ဟား .. ေသာက္ပိုေတြ.. အဲ့လူေတြက မင္းတို႔နဲ႔ မတူတဲ့ လမ္းကို ေလွ်ာက္ေနၾကတာ လူတိုင္းသိတယ္.. အဲ့လို လူေတြက မင္းတို႔ အကာအကြယ္ေအာက္မွာ ႐ွိေနတယ္ လို႔ ေျပာရဲေသးတယ္ေပါ့ ”

“ငါတို႔ေတြက မတည့္ဘူးဆိုရင္ေတာင္ ဒါ ငါတို႔ အတြင္းေရးပဲ.. မင္းတို႔ အဖြဲ႕အစည္းက ၀င္စြက္ဖက္ခြင့္ မ႐ွိဘူး ”
ေလ်ာင္ေဟာင္း တို႔ လူစုက သူတို႔ေတြထက္ နည္းပါးတာကို သိထားၿပီးတဲ့ေနာက္မွာ ေဂ်ာင္ရီ ေနာက္ မတြန္႔ေတာ့ပါဘူး။

ေလ်ာင္ေဟာင္း ေဒါပြသြားပါတယ္
“ဘယ္သူက ၀င္စြက္ဖက္တာလဲ!! အဲ့ဒီ မိန္းမက ငါတို႔ အဖြဲ႕အစည္းက ဂ်ဴနီယာ ညီမေလး ေလာင္ဂ်ဳဇူး နဲ႔ ရန္ၿငိဳး႐ွိတယ္ကြ ”

“ေကာင္းၿပီေလ.. မင္းက အဲ့လိုေျပာလာမွေတာ့ ငါ မ်က္ႏွာသာ ေပးရမွာေပါ့.. အဲ့ဒီ မိန္းမကို ေခၚသြားႏိုင္တယ္ ”
ေဂ်ာင္ရီက အေတာ္ေလး ရက္ေလ်ာပုံနဲ႔ ဆိုပါတယ္။

“အဟက္.. ငါ့ကို မ်က္ႏွာသာ ေပးတယ္!! ပြင့္ပြင့္လင္းလင္း ေျပာရရင္ ေဂ်ာင္ရီ မင္းက ခရမ္းေရာင္ေန အဖြဲ႕အစည္း နယ္ေျမမွာပဲ ႐ွိေနေသးတယ္ေနာ္.. မ်က္ႏွာသာ ေပးခ်င္း ေပးရရင္ ငါကပဲ မင္းကို ေပးရမွာ မို႔လား.. တီယန္ေ႐ွာင္က မင္းတို႔ လူမို႔ ျပန္ေခၚသြားႏိုင္တယ္.. က်န္တာ ေမ့လိုက္ေတာ့ ”

ႏွစ္ဦးႏွစ္ဖက္လုံးက ေ႐ႊေတာင္ပံဓားငွက္ေတြကို ယူခ်င္ေနၾကတာ အသိသာႀကီးပါပဲ။

တီယန္ေ႐ွာင္အတြက္ သက္သက္သာဆိုရင္ ေဂ်ာင္ရီက ဘာလို႔ ဒီေနရာအထိ အပင္ပန္းခံ လိုက္လာေနပါ့မလဲ။

“သူငယ္ခ်င္းေလ်ာင္.. မင္း ေျပာတာ အဓိပၸါယ္မ႐ွိလိုက္တာကြာ.. သိုင္းပညာလမ္းစဥ္မွာ လက္သီးမာတဲ့လူပဲ အဲ့လို ေျပာဖို႔ အခြင့္အေရး႐ွိတာ ”
ေဂ်ာင္ရီ အသံနဲ႔အတူ ရက္စက္တဲ့ အၾကည့္ေတြက အ႐ိုင္းဆန္စြာပဲ တစ္ဖက္လူကို ႐ွိန္ဖိန္ သြားေစပါတယ္.. ဒါက တည့္တိုး ၿခိမ္းေျခာက္လိုက္တာပါပဲ။

ေလ်ာင္ေဟာင္းရဲ႕ အၾကည့္ေတြက က်ဥ္းေျမာင္းသြားၿပီး စတင္ ရီေမာပါေတာ့တယ္
“ဟား.. ဟား.. ဟား.. ဟား.. လူ မ်ားတာေလးနဲ႔မ်ား!! အဲ့ေလာက္ ေလးနဲ႔.. ေဂ်ာင္ရီ မင္းက အျမင္ က်ဥ္းလြန္းတယ္.. မင္းက ျမန္တယ္ဆိုတာ ငါ ၀န္ခံတယ္.. ဒါေပမယ့္ ငါသာ အားကုန္ထုတ္တိုက္ရင္ မင္းတို႔ အေရအတြက္ အသာဆိုတာ တဒဂၤပဲ ဆိုတာ အာမခံတယ္ ”

“အခြင့္အေရးမ႐ွိဘူး.. ဘယ္မွာလဲ မင္း ေနာက္လိုက္!! ”

“ငါနဲ႔ တိုက္ပြဲ၀င္လိုစိတ္ ႐ွိရင္ ျပည့္စုံၿပီ ”

ယုဂ်ီ လည္း ဒီတိုင္းၿငိမ္ေနလို႔ မရေတာ့တာ သေဘာေပါက္ပါတယ္
“ေဂ်ာင္ရီ.. ငါ့ စီနီယာ အစ္ကို ေလ်ာင္က အဖြဲ႕အစည္းထဲမွာ အထြဋ္အထိပ္ပါရမီ႐ွင္ကြ.. သူ ေလ့က်င့္တဲ့ ‘ေကာင္းကင္ဘုံဆူတရာမီးေတာက္’ က်င့္စဥ္မွာ မီးေတာက္စိမ္းဓားအလင္းကို အျပည့္အ၀ နားလည္ သေဘာေပါက္ထားၿပီးၿပီ.. ဒါက ငါတို႔ အဖြဲ႕အစည္းရဲ႕ ရတနာ က်င့္စဥ္ေတြထဲက တစ္ခုပဲ.. စၿပီး သုံးလိုက္တာနဲ႔ သူ႕ ခ်ီေကာေတြက မီးေတာက္ေတြအျဖစ္ ေျပာင္းလဲၿပီး တိုက္ပြဲ၀င္စြမ္းအားကို ေျမကမ႓ာ အထြဋ္အထိပ္အဆင့္ စိတ္ဝိညာဥ္နယ္ပယ္က လူတစ္ေယာက္နဲ႔ ထပ္တူ က်သြားလိမ့္မယ္.. မင္းမွာ လူပိုမ်ားတာ မွန္တယ္.. ဒါေပမယ့္ လူမ်ားတိုင္း အႏိုင္ရမယ္လို႔ မဆိုလိုဘူး..ဒါကို မင္းလည္း သိပါတယ္ ”

“ေကာင္းကင္ဘုံဆူတရာမီးေတာက္! ”
ေဂ်ာင္ရီ မ်က္ႏွာက ေျပာင္းလဲသြားခဲ့ပါၿပီ။ ဒီနာမည္က သူ႕ႏွလုံးသားထဲမွာ ခဲဆြဲထားသလို ေလးလံသြားေစပါတယ္။

ဒီနာမည္ကို သူ ၾကားဖူးထားၿပီးသားေလ။ ၿပိဳင္ဘက္ေတြအေနနဲ႔ အဖိုးတန္သစ္ပင္အဖြဲ႕အစည္းက ခရမ္းေရာင္ေနအဖြဲ႕အစည္းရဲ႕ အေျခအေနေတြကို အၿမဲတမ္း အကဲခတ္ေနခဲ့တာပါ။ ခရမ္းေရာင္ေန အဖြဲ႕အစည္းကလည္း ထိုနည္းလည္းေကာင္းပါပဲ။

ရတနာပိုင္းဆိုင္ရာေတြမွာ ႏွိ္ဳင္းယွဥ္ၾကည့္လိုက္ရင္ က်င့္စဥ္အေရအတြက္မွာ ခရမ္းေရာင္ေနအဖြဲ႕အစည္း က အင္အားႀကီး အဖြဲ႕အစည္း (၄)ခုရဲ႕ ထိပ္မွာ ႐ွိပါတယ္။

အဖိုးတန္သစ္ပင္အဖြဲ႕အစည္းမွာလည္း ပညာရပ္ေတြ စုံလင္ေအာင္ ႐ွိေပမယ့္ အဓိက အာ႐ုံစိုက္တဲ့ အရာက သိုင္းပညာရပ္ မဟုတ္ခဲ့ဘဲ ေဆးပညာ လမ္းစဥ္ပဲ လိုက္စားခဲ့တာပါ။ ေဆးပညာမွာေတာ့ အဖိုးတန္ သစ္ပင္အဖြဲ႕အစည္းက ထိပ္တန္းေရာက္ပါတယ္။

အဖြဲ႕အစည္းႀကီးေလးခုက သူတို႔ရဲ႕ ကိုယ္ပိုင္လမ္းစဥ္ေတြမွာ အသီးသီး အားေကာင္းၾကပါတယ္။

အဖိုးတန္သစ္ပင္အဖြဲ႕အစည္းက ထိပ္သီးပါရမီ႐ွင္ေတြနဲ႔ တိုက္ပြဲမ်ိဳးမွာ အေျခပ်က္ေလာက္ေအာင္ မျဖစ္ေပမယ့္ တစ္ဦးခ်င္း သိုင္းပညာ ယွဥ္ၿပိဳင္ရတဲ့ တိုက္ပြဲမ်ိဳးမွာေတာ့ သူတို႔္က ထင္သေလာက္ မဟုတ္ခဲ့ပါဘူး။

အထူးသျဖင့္.. ‘ေကာင္းကင္ဘုံဆူတရာမီးေတာက္’ ။ အေတာ္ေလး ရင္းႏွီးတဲ့ နာမည္က ေဂ်ာင္ရီကို တြန္႔ဆုတ္သြားေစမိတာ အမွန္ပါ။ ယုဂ်ီကေတာ့ မညာႏိုင္ပါဘူး။

“ ‘ေကာင္းကင္ဘုံဆူတရာမီးေတာက္’ .. ဟြန္႔ ေလ်ာင္ေဟာင္း မင္းက ငါ့ကို ေျခာက္ေနတာလား? ”
ဒီစကားသာ ဆိုလိုက္ရေပမယ့္ သူ႕ စိတ္ထဲမွာ လြန္ဆြဲတြက္ခ်က္ေနပါၿပီ
“ ေကာင္းကင္ဘုံဆူတရာမီးေတာက္ က်င့္စဥ္က အေတာ္ေလး ေကာင္းတာ ငါ ၀န္ခံတယ္.. ဒါေပမယ့္ တစ္ဖက္လူကို ထိခိုက္ေစတဲ့ အျပင္ မင္း ကိုယ္တိုင္ရဲ႕ ခ်ီေၾကာေတြကိုလည္း ေလာင္ၿမိဳက္ေစတယ္ မဟုတ္လား.. တစ္ခုခု မွားလို႔ မင္း ခ်ီေၾကာေတြသာ ပ်က္စီးသြားခဲ့ရင္ က်င့္စဥ္ကေတာ့ လုံး၀ ထိခိုက္သြားမွာပဲ ကြၽတ္ ကြၽတ္.. ေသေတာင္ ေသသြားႏိုင္ေသးတယ္.. စြန္႔စားၿပီး ထုတ္သုံးဖို႔ ဆိုတာ.. အဟက္ ”

ဒီ ေကာင္းကင္ဘုံမီးေတာက္ဆူတရာ က အထင္ႀကီးစရာေကာင္းေပမယ့္ တစ္စုံတစ္ေယာက္ကို ေလာင္ကြၽမ္းသြားေစဖို႔ မစြမ္းပါဘူး။ ဒါက ႏွစ္ဖက္သြားဓားက်င့္စဥ္တစ္ခု ျဖစ္ၿပီး အျမင့္ဆုံးစြမ္းအားကို အသုံးခ်ႏိုင္ရင္ တိုက္ပြဲ၀င္စြမ္းအားကို တစ္ဝုန္းဝုန္း ေပါက္ကြဲတိုးတက္လာေစတာပါ။

သို႔ေပတည့္လည္း တန္ျပန္ ဂယက္႐ိုက္မႈကလည္း မယုံႏိုင္စရာေကာင္းလွပါတယ္။

လအနည္းငယ္ေလာက္ အိပ္ရာေပၚ လဲေနရမယ့္ ျပင္းထန္တဲ့ ဒဏ္ရာမ်ိဳးဆိုရင္ အေကာင္းဆုံးေသာ ျဖစ္ရပ္ပါပဲ။

ဆိုး႐ြားလာ ၿပီေဟ့ဆိုရင္ ခ်ီေၾကာေတြ ပ်က္စီးသြားၿပီး တစ္သက္လုံး က်င့္ၾကံလို႔မရေတာ့ဘဲ မသန္မစြမ္း ေနသြားရပါလိမ့္မယ္။

အဲ အဆိုးဆုံး အေျခအေနမ်ိဳးကေတာ့ ဒီပညာရပ္ကို ထုတ္သုံးၿပီးတာနဲ႔ ေနရာတင္ ေသသြားရမွာပါ။

ေလ်ာင္ေဟာင္း အမူအရာက လုံးဝေျပာင္းလဲသြားျခင္း မ႐ွိပါဘူး။ သူ ျပဳံးေနရင္းပဲ
“က်င့္ၾကံသူတစ္ေယာက္အေနနဲ႔ စေျခလွမ္းပါၿပီ ဆိုကတည္းက ငါ ေသဖို႔ ျပင္ထားၿပီးသား.. အဟီး ငါေသရင္ လူအမ်ားႀကီး ေခၚသြားႏိုင္ခဲ့လည္း နည္းလား.. ေနာက္ၿပီး မင္း အဆင့္ေလာက္က ငါ့ကို ဒီပညာ အဆုံးစြန္ထိ ထုတ္သုံးရေလာက္ေအာင္ မထိုက္တန္ဘူး.. မင္းတို႔ အားလုံးကို သတ္ဖို႔ မီးေတာက္ နည္းနည္းပဲ ထုတ္သုံးရမယ္ထင္တယ္.. အလြန္ဆုံး (၃) လကေန (၅) လေလာက္ အိပ္ရာထဲ လွဲေန႐ုံေပါ့ ”

“ဟား.. ဟား.. ဟား.. ဟား.. မင္းက အႏၲရာယ္ႀကီးတဲ့ ကစားပြဲ စခ်င္ေနတယ္ေပါ့ ”

“ဒါက မင္းအေပၚ မူတည္တယ္ ေဂ်ာင္ရီ.. ”
ေလ်ာင္ေဟာင္း အသံက တည္ၿငိမ္ေနဆဲပါပဲ
“မင္းသာ အက်ိဳးအျမတ္ နည္းနည္းေလးအတြက္ ေသမွာ မေၾကာက္ခဲ့ဘူးဆိုရင္ အဲ့ဒီ လမ္းကို ေလွ်ာက္လွမ္းဖို႔ ငါက ဒဏ္ရာနည္းနည္းနဲ႔ ရင္းေပးရမွာေပါ့ ”

“မင္းကိုယ္မင္း သိပ္ ယုံၾကည္ေနတယ္ေပါ့။ ေလ်ာင္ေဟာင္း မင္းမွာပဲ ဝွက္ဖဲနဲ႔ က်င့္စဥ္႐ွိေနတယ္ ထင္ရင္ မွားသြားၿပီ။ ငါ့ကို သတ္ႏိုင္ခ်င္ သတ္ႏိုင္လိမ့္မယ္။ ဒါေပမယ့္ ျပန္ေပးဆပ္ရမယ့္ တန္ဖိုးကေတာ့ အိပ္ရာထဲ (၅) ရက္ေလာက္ လွဲေန႐ုံ ကမွာ မဟုတ္ဘူး။ ၿပီးေတာ့ ခမ္းနားတဲ့ လူေ႐ြးပြဲကလည္း စေတာ့မယ္။ ဒီတစ္ေခါက္ လူေ႐ြးပြဲက အဆင့္နိမ့္တပည့္ေတြ ပါႏိုင္မွာ မဟုတ္ဘူး။ ငါတို႔လို တပည့္ရင္းေတြထဲကေတာင္ သန္မာတဲ့ လူေတြပဲ ၀င္ေရာက္ ပါ၀င္ခြင့္႐ွိလိမ့္မယ္။ ဒါက ႏွစ္ (၁၀၀) ေလာက္ေနမွ တစ္ႀကိမ္ က်င္းပတဲ့ပြဲမို႔ ပါ၀င္ခြင့္ရဖို႔ဆိုတာ အရမ္းကို ႐ွားပါးသြားခဲ့ၿပီ။ မင္းက လြဲေခ်ာ္သြားခ်င္တာလား?? ”

အဖြဲ႕အစည္းက ပါရမီ႐ွင္တစ္ေယာက္ အေနနဲ႔ ေလ်ာင္ေဟာင္း လည္း ဒီပြဲအေၾကာင္းကို သိထားၿပီး လုံး၀ လက္မလႊတ္ခ်င္တဲ့ အရာတစ္ခုထဲမွာ ပါပါတယ္။

သို႔ေပတည့္လည္း သူ႕ရဲ႕ အားအေကာင္းဆုံးေသာ ကိုယ္ရည္ကိုယ္ေသြးကေတာ့ ခိုင္မာတဲ့ ႏွလုံးသား တစ္စုံ႐ွိတာပါပဲ။

ဆုံးျဖတ္ခ်က္ တစ္ခု ခ်ၿပီးတာနဲ႔ သူက ဘယ္ေတာ့မွ ျပန္ျပင္႐ိုးထုံးစံ မ႐ွိခဲ့ပါဘူး။

“ခမ္းနားတဲ့ လူေ႐ြးပြဲ အေၾကာင္း ငါသိထားၿပီးသားပါ။ ဒီေန႔မွာ ကိစၥေသးေသးေလးကိုေတာင္ မေက်ာ္ျဖတ္ႏိုင္ခဲ့ရင္ ခမ္းနားတဲ့ လူေ႐ြးပြဲ ပါသြားခဲ့ရင္ေတာင္ ရင္ထဲမွာ အရိပ္မည္းႀကီး က်န္ေနခဲ့လိမ့္မယ္။ ေဂ်ာင္ရီ ငါ့ကို လာေျခာက္ေနတာေတြက အလကားပဲမို႔ တီယန္ေ႐ွာင္ကို ေခၚၿပီး ဒီေနရာကေန ထြက္သြားမလား။ တစ္ေယာက္ခ်င္း တိုက္ၾကမလား။ ႏိုင္သူ ဘုရင္ပဲ။ ဘယ္လိုလဲ ”

ေလ်ာင္ေဟာင္း က ေဂ်ာင္ရီ ရဲ႕ စိုးရိမ္စိတ္နဲ႔ သူ႕ကို လာေျခာက္ခဲ့တာ သေဘာေပါက္တာမို႔ ဒီအခ်က္နဲ႔ပဲ သူ႕ကို ျပန္ေျခာက္ပါတယ္။

ေဂ်ာင္ရီက ေ႐ွ႕ဆက္မတိုးရဲခဲ့ရင္ သူ႕ တည္႐ွိမႈက ေသးသိမ္သြားခဲ့ပါလိမ့္မယ္။

သူက တကယ္ပဲ ေလ်ာင္ေဟာင္းနဲ႔ တိုက္ခိုက္လာခဲ့ရင္လည္း ေလ်ာင္ေဟာင္း အေနနဲ႔ အႏိုင္ယူဖို႔ ယုံၾကည္ခ်က္ ႐ွိပါတယ္။ သူ တတ္ကြၽမ္းထားတဲ့ ‘ေကာင္းကင္ဘုံဆူတရာမီးေတာက္’ က်င့္စဥ္အေပၚမွာ လည္း ယုံၾကည္ခ်က္ ႐ွိပါတယ္။

ေလ်ာင္ေဟာင္းရဲ႕ တုန္႔ျပန္စကားေတြက ေဂ်ာင္ရီကို ေအးစက္သြားေစပါတယ္
“ေလ်ာင္ေဟာင္း.. မင္းက ငါ့ကို လာေနာက္ေနတာလား။ ငါ့မွာ လူေတြ အမ်ားႀကီး ပါလာေနသားနဲ႔ ဘာလို႔ မင္းနဲ႔ တစ္ေယာက္ခ်င္း တိုက္ရမွာလဲ။ ”

ေလ်ာင္ေဟာင္း ေလွာင္ေျပာင္လိုတဲ့ မ်က္ႏွာေပးမ်ိဳး ေျပာင္းသြားပါတယ္
“အဟဲ.. ေၾကာက္ရင္ ေၾကာက္တယ္ေပါ့။ အဲ့ဒါဆိုလည္း အုပ္စုလိုက္ တက္ခဲ့ၾကေလ။ လူမ်ားမ်ား ပိုသတ္ရေလ.. ငါ ပိုေပ်ာ္ရေလေပါ့။ မင္းတို႔ အားလုံးကို သတ္ၿပီးရင္ ငါ အဆင့္ေတာင္ တက္ခ်င္ တက္သြားဦးမယ္ ”

“အ႐ူး!! ”
ေဂ်ာင္ရီ တစ္ေယာက္ ေျပာစရာ စကားလုံး မဲ့သြားရပါတယ္။ ဒီ ေလ်ာင္ေဟာင္း ဆိုတဲ့ ေကာင္က တကယ့္ကို အ႐ူးတစ္ေယာက္ပါပဲ။ တစ္ျခားလူ တစ္ေယာက္ေယာက္သာဆိုရင္ လူေ႐ြးပြဲအေၾကာင္း ၾကားလိုက္တာနဲ႔ ခ်ိန္ဆၿပီး ေနာက္တစ္လွမ္းဆုတ္ဖို႔ စဥ္းစားပါလိမ့္ဦးမယ္။

ဒါေပမယ့္ ေလ်ာင္ေဟာင္းကေတာ့ ေသာက္ဂ႐ု လုံးလုံး မစိုက္ခဲ့ပါဘူး။
ေျပာရရင္ ေဂ်ာင္ရီက ေလ်ာင္ေဟာင္းကို နည္းနည္းေလးမွ မေၾကာက္ေပမယ့္ ေလ်ာင္ေဟာင္းနဲ႔ ယွဥ္လိုက္ရင္ သူက နည္းနည္းေတာ့ မွိန္ေနသလိုပါပဲ။ ႏွစ္ဖက္လုံးက တစ္ဦးခ်င္းတိုက္ပြဲ စလိုက္တာနဲ႔ ျပင္းထန္တဲ့ ဒဏ္ရာကိုယ္စီ ရသြားၾကပါလိမ့္မယ္။

အကယ္၍ ေလ်ာင္ေဟာင္းကသာ ဆူတရာကို အဆုံးစြန္ထိ အသုံးျပဳလာခဲ့ရင္ သူ ေဂ်ာင္ရီက ေသသြားဖို႔ လမ္းစမ်ားေနသည္ေလ။

သို႔ေပတည့္လည္း ေဂ်ာင္ရီ ကိုယ္တိုင္မွာ ဝွက္ဖဲတစ္ခ်ိဳ႕ပါလာပါေသးတယ္။

“လူအိုႀကီးလ်ဴ နဲ႔ ငါက ေလ်ာင္ေဟာင္းကို ပူးေပါင္းတိုက္မယ္။ က်န္တဲ့လူေတြက တစ္ျခား ခရမ္းေရာင္ ေနအဖြဲ႕အစည္းက တပည့္ေတြကို အျမန္ဆုံး သတ္ၾက။ တိ္ဳက္ပြဲကို အတတ္ႏိုင္ဆုံး ျမန္ျမန္ အဆုံးသတ္ဖို႔ ႀကိဳးစား ”

ေျမာက္ပိုင္းနန္းေတာ္ ေခါင္းေဆာင္ လ်ဴခ်န္းဖန္က စိတ္ဝိညာဥ္စတုတၳအဆင့္ ပါ။ သူက အင္အားစုႀကီး ေလးခုထဲက တစ္ခုရဲ႕ ေခါင္းေဆာင္ ဆိုေသာ္ျငားလည္း သူ႕ ခြန္အားက အဖြဲ႕အစည္းက ပါရမီ႐ွင္ လူငယ္ေတြနဲ႔ ကြာဟခ်က္ ႐ွိေနပါေသးတယ္။ ဒါေပမယ့္ သူ႕မွာ တိ္ဳက္ပြဲ၀င္အေတြ႕အၾကဳံကေတာ့ လူငယ္ေလးေတြထက္ အပုံႀကီးကို သာတာေပါ့။

လ်ဴခ်န္းဖန္ ေခါင္းညိမ့္လိုက္ရင္း
“ေကာင္းၿပီေလ.. ျမန္ျမန္ အဆုံးသတ္လိုက္ၾကတာေပါ့ ”

ေလ်ာင္ေဟာင္းတစ္ေယာက္ ေဂ်ာင္ရီနဲ႔ လ်ဴခ်န္းဖန္တို႔ ေခါင္းခ်င္းဆိုင္ စကားတိုးတိုး ေျပာေနတာကို ျမင္လိုက္တာနဲ႔ တစ္ခုခု လုပ္ေတာ့မယ္ ဆိုတာကို သိလိုက္ပါတယ္။

အဲ့ဒါေၾကာင့္ သူ႕ ေအာ္ရာေတြကို တိုးျမႇင့္လိုက္ၿပီး တိ္ဳက္ပြဲအတြက္ အဆင္သင့္ ျပင္ထားလိုက္ပါၿပီ။

အခ်ိန္မေ႐ြးေပါက္ကြဲေတာ့မယ့္ မီးေတာင္ တစ္ခုလို ျဖစ္ေနခ်ိန္မွာပဲ ခရမ္းေရာင္ေန အဖြဲ႕အစည္းက တပည့္တစ္ေယာက္က တစ္ေနရာကို လက္ညိႇဳးထိုးျပလိုက္ရင္း
“စီနီယာအစ္ကိုေလ်ာင္.. အဲ့ အဲ့ဒီ လူ ႏွစ္ေယာက္ မ႐ွိေတာ့ဘူး ”

ေလ်ာင္ေဟာင္း တစ္ေယာက္ အားကုန္ တိ္ဳက္ခိုက္ေတာ့မယ္လို႔ ျပင္ေနကာမွ ဒီစကားလုံးေတြေၾကာင့္ ေဒါသေတြ တဟုန္းဟုန္း ထြက္လာရပါတယ္
“မင္း ဘာေျပာလိုက္တာလဲ?? ”

“ဟို ႏွစ္ေယာက္ မ႐ွိေတာ့ဘူး ”
သူ႕ မ်က္ႏွာက တေစၧတစ္ေကာင္ကို ေန႔ခင္းေၾကာင္ေတာင္ ျမင္လိုက္ရသူလို ေၾကာင္တက္တက္ ျဖစ္ေနပါတယ္။

“မင္း သူတို႔ႏွစ္ေယာက္ကို တစ္ခ်ိန္လုံး ေစာင့္ၾကည့္ေနတာ မဟုတ္ဘူးလား ”
ေလ်ာင္ေဟာင္း အသားကုန္ ေအာ္ဟစ္လိုက္ပါတယ္။

“ကြၽန္.. ကြၽန္ေတာ္ ဒီဘက္ကို ခဏလွည့္ၾကည့္ၿပီး ျပန္လွည့္လာေတာ့ မ႐ွိေတာ့တာ။ ေတာင္ၾကား ခ်ိဳင့္ဝွမ္းမွာ တစ္ျခားလမ္းလည္း မ႐ွိပါဘူး ”

“အဲ့ဒါဆို သူတို႔ေတြက ဘယ္ေပ်ာက္သြားၾကတာလဲ ”
ေလ်ာင္ေဟာင္းက အဲ့ဒီ ေကာင္ကို ခ်က္ခ်င္း ပါးေျပး႐ိုက္လိုက္ခ်င္တာပါ။ ဒါေပမယ့္ အဖိုးတန္သစ္ပင္ အဖြဲ႕အစည္းက လူေတြ ႐ွိေနေသးတယ္ေလ။ ဒါေၾကာင့္ စိတ္ကို အမ်ားႀကီး ေျဖေလ်ာ့လိုက္ရပါတယ္။

ေဂ်ာင္ရီ က ဒီအသံေတြၾကားေတာ့ ဟားတိုက္ရယ္ေမာပါတယ္
“ေလ်ာင္ေဟာင္း.. မင္းက သန္မာေပမယ့္ မင္း အဖြဲ႕ကေတာ့ ၀က္လို ငတုံးေတြခ်ည္းပါလား ”

ေလ်ာင္ေဟာင္းက ေဂ်ာင္ရီကို ရက္စက္ေတာ့မယ့္ အၾကည့္ေတြ ပို႔လႊတ္လိုက္ၿပီး ေတာင္ၾကားခ်ိဳင့္ဝွမ္း ဆီကို ဓားခ်က္ေတြ ခုတ္ပိုင္းထည့္လိုက္ပါတယ္။

ေတာင္ၾကားခ်ိဳင့္ဝွမ္းဆီကေန သစ္ပင္ေတြ ၿပိဳလဲက်သံေတြ ထြက္ေပၚလာၿပီး ေ႐ႊေတာင္ပံ ဓားငွက္အုပ္ ႀကီးက ေကာင္ကင္ထက္ တဟုန္ထိုး ပ်ံသန္းဖို႔ ျပင္ၾကပါတယ္။

“မဟုတ္ေသးဘူး.. ဒီ ဓားငွက္ေတြက ထြက္ေျပးဖို႔ ျပင္ေနၾကၿပီ ”
ေလ်ာင္ေဟာင္း တစ္ကိုယ္လုံး ေတာင္ၾကားခ်ိဳင့္ဝွမ္းဆီ ရိပ္ခနဲေျပးထြက္သြားပါတယ္။

ေဂ်ာင္ရီလည္း လ်ဴခ်န္းဖန္ကို တစ္ခ်က္ ၾကည့္လိုက္ရင္း
“ငါတို႔လည္း သြားၾကည့္ၾကစို႔ ”

ေတာင္ၾကားခ်ိဳင့္ဝွမ္းမွာ႐ွိတဲ့ ေ႐ႊေတာင္ပံဓားငွက္အုပ္ႀကီး တိမ္ထုကို ထိုးခြဲပ်ံသန္းသြားၾကတဲ့ အ႐ွိန္က တကယ့္ကို ျမန္ဆန္လြန္းလွပါတယ္။ မ်ားျပားလြန္းတဲ့ ဓားငွက္ေတြ ေနရာစုံ ပ်ံသန္းထြက္ခြာသြားလိုက္ၾကတာ ေျမကမ႓ာစိတ္ဝိညာဥ္နယ္ပယ္က က်င့္ၾကံသူေတြ ေဆာက္တည္ရာ မရ ျဖစ္ကုန္ၾကပါတယ္။ သူတို႔ေတြက ဓားငွက္ေတြကို ဖမ္းဆီးဖို႔ပဲ စိတ္ကူးၿပီး သတ္ျဖတ္ဖို႔ မၾကံ႐ြယ္ထားခဲ့ တာ ပိုဆိုးသြားပုံရပါတယ္။

ဖမ္းဆီးၿပီး တစ္ေနရာမွာ ျပန္သုံးလို႔္ရေအာင္ ၾကံ႐ြယ္ထားေပမယ့္လည္း အခုလို ေနရာစုံ ခြဲပ်ံသြားၾကတာမွာ ဘာလုပ္လို႔ ဘာကိုင္ရမွန္းေတာင္ မသိၾကေတာ့ပါဘူး။ လူတိုင္းက တစ္ေယာက္ တစ္ေကာင္စီ ဖမ္းမိေအာင္ ႀကိဳးစားၾကရင္ေတာင္ ဘယ္ႏွစ္ေကာင္ ဖမ္းႏိုုင္မွာ မို႔လို႔လဲေလ။

ယီးလိုမွပဲ..

ဒီေကာင္ေတြကလည္း အခုမွ ဘာထျဖစ္ၾကတာလဲ။
………………………………………………………………………

စာစဥ္ (၂၁) ထြက္ေနပါၿပီေနာ္။.. ..ေလာကသုံးပါးသခင္
…………………………
Chapter 255:
         စြမ္းအားျမင့္မီးေရခဲၾကာပန္းရဲ႕ အင္အား

“ႂကြက္ဘုရင္ႀကီး.. သူတို႔ေတြအားလုံးကို တစ္ခ်ီတည္း သတ္ပစ္ႏိုင္ဖို႔ ယုံၾကည္ခ်က္႐ွိလား ”
ဂ်န္ခ်န္ ေမးလိုက္ပါတယ္။

ေ႐ႊဖ်က္ႂကြက္ဘုရင္ႀကီး သက္ျပင္းခ်လိုက္ရင္း
“ဟင္း.. ငါတို႔ ေ႐ႊဖ်က္ႂကြက္မ်ိဳးႏြယ္စုရဲ႕ အႀကီးမားဆုံးအားနည္းခ်က္က မပ်ံသန္းနိ္ဳင္တာပဲ။ မ်ိဳးဆက္ေသြး ႏိုးထလာလို႔ ေတာင္ပံေတြ ေပါက္မလာေသးခင္အထိ ေ႐ႊဖ်က္ႂကြက္ေတြရဲ႕ တိုက္ခိုက္ေရးစြမ္းအားက အကန္႔အသတ္ ႐ွိေနဦးမွာပဲ။ သူတို႔ေတြသာ တစ္စု တစ္စည္းထဲ ႐ွိေနမယ္ဆိုရင္ အခ်ိန္ယူၿပီး သတ္ပစ္ႏိုင္ဦးမယ္။ ဒါေပမယ့္ သူတို႔ေတြထြက္ေျပးသြားခဲ့ရင္ေတာ့ အာမမခံႏိုင္ဘူး။ အထူးသျဖင့္ ေဂ်ာင္ရီေပါ့။ သူက ျမန္လြန္းတယ္။ ဖမ္းမိဖို႔ တကယ္ မလြယ္တာ ”

အဲ့ဒီလို စကားေတြေၾကာင့္ ဂ်န္ခ်န္ စိတ္ပ်က္လက္ပ်က္ ျဖစ္သြားရပါတယ္
“အဲ့လိုဆိုရင္ သူတို႔ထဲက တစ္ခ်ိဳ႕တစ္၀က္ကို အငိုက္ဖမ္း လုပ္ၾကံ သတ္ျဖတ္ႏိုင္တယ္ မလား ”

“ဟီး.. ဟီး.. ငါ့ အေကာင္းဆုံး ပစ္မွတ္က လ်ဴခ်န္းဖန္ပဲ။ သခင္ေလးခ်န္.. အ႐ိုးသားဆုံးေျပာရရင္ မင္းရဲ႕ စြမ္းအားျမင့္ မီးေရခဲၾကာပန္းက လက္႐ွိမွာ လုပ္ၾကံသတ္ျဖတ္ဖို႔ အေကာင္းဆုံး လက္ႏွက္ပဲ။ မင္း ၾကာပန္းရဲ႕ လက္႐ွိ အစြမ္းနဲ႔ဆို စိတ္ဝိညာဥ္ ဒုတိယအဆင့္ ေလးေယာက္ေလာက္ကို တစ္ခ်က္ထဲနဲ႔ ဝါးၿမိဳပစ္လိုက္လို႔ ရေနၿပီ။ ႏြယ္ေလးပင္ လူေလးေယာက္ေပါ့”

ဂ်န္ခ်န္ မ်က္လုံးေတြ အေရာင္ လက္လာပါတယ္။

“သခင္ေလးခ်န္.. ၾကာပန္းရဲ႕ ဝါးၿမိဳႏိုင္တဲ့ အစြမ္းက အရမ္းကို သန္မာလြန္းတယ္။ ခရမ္းေရာင္ေန အဖြဲ႕အစည္းက တပည့္ေတြက အသင့္ေတာ္ဆုံး ပစ္မွတ္ေတြပဲ။ သူတို႔ေတြက မီးသဘာ၀နဲ႔ ေရသဘာ၀ကို က်င့္ၾကံၾကတယ္။ အဲ့ေတာ့ သူတို႔ေတြကိုသာ ဝါးၿမိဳပစ္လိုက္ႏိုင္ခဲ့ရင္ သူတို႔ေတြရဲ႕ စိတ္ဝိညာဥ္ပင္လယ္ထဲက စြမ္းအားေတြက ၾကာပန္း အစြမ္းကို အမ်ားႀကီး တိုးပြားလာေစမွာပဲ။ တစ္ၿပိဳင္ နက္တည္းမွာပဲ မင္း စိတ္ဝိညာဥ္ပင္လယ္လည္း သန္မာလာလိမ့္မယ္ ”

ေ႐ႊဖ်က္ႂကြက္ဘုရင္ရဲ႕ အၾကံျပဳခ်က္က ဂ်န္ခ်န္ ႏွလုံးသားကို တုန္ခါသြားေစပါတယ္။

ေလ်ာင္ေဟာင္း တို႔ အေပါင္းအပါ တစ္စုက မီးအေျချပဳ က်င့္စဥ္ေတြ ေလ့က်င့္ၾကၿပီး ယုဂ်ီတို႔ တစ္ေတြက က်ေတာ့ ေရစြမ္းအား က်င့္စဥ္ကို ေလ့က်င့္ၾကပါတယ္။ အဲ့ဒါကို သူ ဒုတိယ ေတာင္ၾကားတိုက္ပြဲမွာ ကတည္းက သိထားခဲ့သည္ေလ။

ယုဂ်ီ အေၾကာင္း ေတြးမိေတာ့ ဒုတိယ ေတာင္ၾကားတိုက္ပြဲ အေျခအေနက ဂ်န္ခ်န္ စိတ္ကို တစ္ဖန္ျပန္လို႔ ေႏႊးေပးသလို ျဖစ္လာေလရဲ႕။

“ေကာင္းၿပီေလ.. ဒီလိုပဲ ဆုံးျဖတ္လိုက္ၾကတာေပါ့။ ခင္ဗ်ားက အခြင့္သာတာနဲ႔ တိုက္ခိုက္စားေသာက္ပစ္။ ဒါေပမယ့္ ကိုယ့္ကိုယ္ကိုယ္ေတာ့ ေဖာက္ခြဲ မပစ္လိုက္ပါနဲ႔။ အခ်ိန္မက်ေသးဘူး ”

ႂကြက္ဘုရင္မ်ိဳးႏြယ္စုရဲ႕ သဘာ၀ကိုက သူရဲေဘာေၾကာင္တဲ့ အထဲမွာ ပါတာမို႔ ဂ်န္ခ်န္ သတိမေပးလည္း ကိုယ့္ကိုယ္ကိုယ္ ေဖာက္ခြဲပစ္မွာ မဟုတ္ပါဘူး။ သူတို႔ေတြက အလစ္အငိုက္ဖမ္းၿပီး ခိုးဆိုး ေသာင္းက်န္းရတာကိုပဲ ႏွစ္ၿခိဳက္ၾကပါတယ္။ သူတို႔မွာ အားေကာင္းတဲ့ အေရအတြက္နဲ႔ အသာစီးရေနရင္ေတာင္ သူတို႔က ႏွိမ့္ခ်တဲ့ ပုံစံနဲ႔ပဲ ႐ွိတတ္တာပါ။

ေလ်ာင္ေဟာင္းနဲ႔ ေဂ်ာင္ရီ တို႔တစ္ေတြက ေတာင္ၾကားခ်ိဳင့္ဝွမ္းကို ကိုယ့္အဖြဲ႕ကိုယ္ ဦးေဆာင္လို႔ အျမန္ဆုံး ေျပးသြားၾကပါတယ္။

လ်ဴခ်န္းဖန္က သူတို႔နဲ႔ အနီးကပ္ဆုံး လိုက္ပါသြားႏိုင္ပါတယ္။

က်န္တဲ့ လူေတြကေတာ့ ေတာင္ၾကားခ်ိဳင့္ဝွမ္းကို ကိုယ္ အစြမ္းဆုံးႏႈန္းထားနဲ႔ပဲ လိုက္ပါေနၾကေလရဲ႕။

ဂ်န္ခ်န္က ေျမျပင္ ေအာက္ေျခကေန တိတ္ဆိတ္စြာပဲ ေရတြက္ၿပီး ၾကာပန္းႏြယ္ေလးပြင့္ကို ျဖည္းညႇဥ္းစြာပဲ ေပါက္ဖြားလာေစပါတယ္။

သူ႕ ပထမဆုံး ပစ္မွတ္ကေတာ့ ယုဂ်ီ ပါ။

သေကာင့္သားက ဒုတိယေတာင္ၾကားမွာတုန္းက ေမာက္မာ႐ိုင္းစိုင္းစြာ ျပဳမူဆက္ဆံခဲ့တယ္ေလ။ ဂ်န္ခ်န္က သူ႕ကို နက္နက္႐ိႈင္း႐ိႈင္း မုန္းတီးေနတာ ျဖစ္သင့္ပါတယ္။

သူ႕ ေၾကာင့္သာ မဟုတ္ခဲ့ရင္ ဂ်န္ခ်န္က ေလာင္ဂ်ဳဇူးကို အဲ့ဒီ အခ်ိန္ကတည္းက သတ္ႏိုင္ခဲ့ေလာက္ပါတယ္။

“သူက အခုထိ စိတ္ဝိညာဥ္ဒုတိယအဆင့္မွာပဲ ႐ွိေသးတယ္။ သူ႕ကို အရင္ဆုံး ဖ်က္ဆီးပစ္ရမယ္။ "

" ၾကာပန္း ႏိုးထစမ္း! သူ႕ေနာက္လိုက္မယ္ ”

ယုဂ်ီကို သတ္ပစ္လိုက္ဖို႔က အရမ္းႀကီး ခက္ခဲလြန္းတာ မဟုတ္ေပမယ့္ မလိုအပ္ဘဲ တစ္ျခားသူေတြ အားလုံးကို သတိေပးလိုက္သလို ျဖစ္သြားမွာေတာ့ ဂ်န္ခ်န္ မလိုလားပါဘူး။

ကံေကာင္းတဲ့ တစ္ခ်က္က အားလုံးပဲ ေတာင္ၾကားခ်ိဳင့္ဝွမ္းအတြင္းပိုင္း ေရာက္ဖို႔အေရး အေလးေပးေနၾကပါတယ္။ ဒါေပမယ့္ အခ်ိန္အေတာ္ၾကာတဲ့အထိ သူ အခြင့္အေရးမရခဲ့ေသးပါဘူး။

ျခဳံပုတ္ေတြ သစ္ပင္ႀကီးေတြက ေတာင္ေၾကာတစ္ေလ်ာက္ ႀကီးထြားလြန္းတာမို႔ သဘာ၀အရ အကာအကြယ္ ေကာင္းေကာင္းႀကီးေပးေနၿပီး ဂ်န္ခ်န္အတြက္ တကယ့္ အခြင့္အေရးႀကီး တစ္ရပ္ ျဖစ္တည္ေနေစခဲ့ပါၿပီ။

သူ ဇက္ပါနားကို သုံးလို႔ ေျမျပင္ထက္က ယုဂ်ီရဲ႕ ေျခလွမ္းသံေတြကို အေသအခ်ာ နားစြန္႔ထားပါတယ္။ အဲ့ဒီလိုပဲ သူနဲ႔ တစ္ျခားလူေတြရဲ႕ အကြာအေဝးကိုလည္း တြက္ခ်က္ ခ်ိန္ဆေနေလရဲ႕။

“အင္း.. ဒါ အခြင့္အေရးပဲ။ ၾကာပန္း ဖမ္းခ်ဳပ္ ”

“ဝုန္း ”

ယုဂ်ီက အေ႐ွ႕ကို အားသြန္ခြန္စိုက္ေျပးေနေပမယ့္ သူ႕ ေျခေထာက္ေအာက္က ေျမျပင္ လႈပ္႐ွားလာတာ ခံစားမိတာမို႔ ငုံ႔အၾကည့္ခိုက္မွာပဲ သန္မာတဲ့ အားတစ္ခုက သူ႕ကို ေျမေအာက္ ဆြဲေခၚသြားျခင္းခံလိုက္ရပါၿပီ။

"လခြမ္း.. ဘ.. "

စကားေတာင္ မဆုံးလိုက္ပါဘူး။ ေျမပင္ေအာက္ကေန ထိုးတက္လာတဲ့ ႀကီးမားလြန္းတဲ့ ေရခဲၾကာပန္းက ႐ုတ္ခ်ည္း ျဖစ္ေပၚလာၿပီး ပြင့္ခ်ပ္ေတြက အာလို႔ ဧရာမ ပါးစပ္ႀကီးအသြင္နဲ႔ ယုဂ်ီကို ဝါးၿမိဳသြားပါတယ္။

“ဖတ္.. ဖတ္.. ဖတ္ ”

ရန္သူကို ပြင့္ခ်ပ္ထဲ ေလွာင္ပိတ္ဝါးၿမိဳၿပီးတာနဲ႔ ေရခဲၾကာပန္းက တမုဟုတ္ခ်င္း ေျမျပင္ေအာက္ကို ငုတ္လ်ိဳးသြားခဲ့ျပန္ပါၿပီ။

ယုဂ်ီ လည္း ဘာျဖစ္လိုက္မွန္း မသိလိုက္ခင္မွာပဲ ၾကာပန္းပြင့္ခ်ပ္ထဲ ဖမ္းခ်ဳပ္ခံလိုက္ရတာမို႔ အေၾကာက္အကန္ ႐ုန္းကန္ ပါေတာ့တယ္။

ဒါေတြအားလုံးက တစ္စကၠန္႔ေလာက္ပဲ ၾကာခဲ့ၿပီး ေျမမ်က္ႏွာျပင္အထက္မွာ ဘာသဲလြန္စ အေငြ႕အသက္မွ မက်န္ရစ္ခဲ့ပါဘူး။

ပထမဆုံး တစ္ေယာက္.. ေအာင္ျမင္ ။

ဒီအေတြ႕အၾကဳံနဲ႔ ဂ်န္ခ်န္က ေရထဲက ငါးတစ္ေကာင္လို ဆက္တိုက္ တိုက္ခိုက္မႈေတြ လုပ္ဖို႔ တက္ႂကြလာခဲ့ပါၿပီ။ သူ႕ရဲ႕ ဒုတိယ ပစ္မွတ္ကေတာ့ ေ႐ွာင္ယုပါ။ ဒီအေကာင္ကလည္း ေရခဲက်င့္စဥ္တစ္ခုခုကို ေလ့က်င့္ထားပုံရပါတယ္။ ဒါေၾကာင့္ ေနာက္ ေရခဲၾကာပန္းပြင့္တစ္ခုကို ထုတ္ၿပီး ဝါးၿမိဳပစ္လိုက္ ျပန္ပါတယ္။

ေ႐ွာင္ယုရဲ႕ ခြန္အားကလည္း ယုဂ်ီ ေလာက္ပဲမို႔ နည္းနည္းေလးမွေတာင္ အားစိုက္ထုတ္လိုက္ရျခင္း မ႐ွိဘူးေလ။ လြယ္လင့္တကူပဲ ေအာင္ျမင္ခဲ့ပါတယ္။

ေဂ်ာင္ရီ မွာ သူတို႔ အဖြဲ႕အစည္းက လူေတြ အေတာ္မ်ားမ်ား ပါလာတာမို႔ ေ႐ွာင္ယု ေပ်ာက္ဆုံးသြားတာကို တစ္ေယာက္မွ သတိမျပဳမိလိုက္ၾကပါဘူး။ ေနာက္ၿပီး တကယ္တမ္း ေ႐ွာင္ယုကို အေလးအနက္ထား ဂ႐ုစိုက္တာဆိုလို႔ သူ႕ ဆရာ လ်ဴခ်န္းဖန္ပဲ ႐ွိတယ္ မလား။

ေ႐ွာင္ယု ကို ဝါးၿမိဳၿပီးတဲ့ေနာက္ တစ္ျခား မီးၾကာပန္းႏွစ္ပြင့္က ခရမ္းေရာင္ေန အဖြဲ႕အစည္းက တပည့္ႏွစ္ေယာက္ကို ဖမ္းဆီးဝါးၿမိဳစားေလာက္ဖို႔ ပစ္မွတ္ထားလိုက္ပါတယ္။

အဲ့ဒီ ႏွစ္ေယာက္က ေလ်ာင္ေဟာင္းရဲ႕ ဂ်ဴနီယာ ညီေလးေတြ ျဖစ္ၿပီး ယုဂ်ီေလာက္ပဲ အစြမ္းအစ ႐ွိပါတယ္။

သို႔ေပတည့္လည္း ဒီႏွစ္ေယာက္က အေတာ္ေလး သတိႀကီးပုံရသလို ဉာဏ္ေကာင္းပုံလည္းေပၚပါတယ္။ ဘာလို႔ဆို သူတို႔ေတြ အဖြဲ႕ထဲကေန ခြဲထြက္ဖို႔ မႀကိဳးစားပဲ အမွီလိုက္ေနၾကလို႔ပါပဲ။

“ဒါဆို အဲ့ဒီ ႏွစ္ေယာက္အလွည့္ေပါ့ ”

ဂ်န္ခ်န္ လည္း စိတ္႐ွည္႐ွည္နဲ႔ သူတို႔ ေျခသံေတြကို နားစြန္႔ရင္း ေျမေအာက္ကေန ပတ္၀န္းက်င္ကို ေလ့လာေနပါတယ္။ သူတို႔ ႏွစ္ေယာက္ တစ္ျခားသူေတြနဲ႔ နည္းနည္းေဝးကြာသြားတာနဲ႔ ခ်က္ခ်င္း မီးၾကာပန္းႏွစ္ပြင့္ကို ေျမျပင္အထက္ ေစလႊတ္လိုက္ပါတယ္။

ၾကာပန္းႏွစ္ပြင့္က လွ်ပ္စီးလက္လိုက္တဲ့ အလား ေျမျပင္ကို ထိုးခြဲလို႔ လူႏွစ္ေယာက္ကို တမုဟုတ္ခ်င္း ေျမျပင္ေအာက္ ဆြဲခ်လာႏိုင္ခဲ့ပါတယ္။

ပြင့္ခ်ပ္ေတြကလည္း အခုဆို ပိတ္လို႔သြားခဲ့ပါၿပီ။

ၾကာပန္းပြင့္ခ်ပ္ေတြထဲ ပိတ္မိသြားခဲ့တဲ့ သူေတြက ဘယ္လိုမွ လြတ္ေျမာက္ဖို႔လမ္း မ႐ွိပါဘူး။ ဘာလို႔ဆို ၾကာပန္းရဲ႕ အဆင့္က မိုးေကာင္းကင္ေအာက္မွာ ပထမအဆင့္ တန္း၀င္ လို႔ပါ။ သာမန္က်င့္ၾကံသူ တစ္ေယာက္က ေဖာက္ထြက္လို႔ရမယ္ ထင္ေနရင္ေတာ့ ရီခ်င္စရာ ေကာင္းလြန္းလွပါတယ္။

ဂ်န္ခ်န္ရဲ႕ လက္႐ွိ အင္အားနဲ႔ ၾကာပန္း ရဲ႕ အစြမ္းကို အသုံးခ်ႏိုင္စြမ္းက သိပ္လႊမ္းမိုးႏိုင္စြမ္း မႀကီးမားေသးေပမယ့္ ၾကာပန္းရဲ႕ ပင္ကိုယ္ ခြန္အားပါ၀င္ေနတာေၾကာင့္ အားအနည္းဆုံး အေနအထားနဲ႔ေတာင္ စိတ္ဝိညာဥ္ဒုတိယအဆင့္ေလာက္က လြတ္ေျမာက္ေအာင္ ႀကိဳးစားဖို႔ဆိုတာ လုံး၀ မျဖစ္ႏိုင္ပါဘူး။

ေရခဲၾကာပန္းတစ္ပြင့္ထဲမွာ ႐ွိေနတဲ့ ယုဂ်ီ တစ္ေယာက္ အသက္႐ွဴလို႔မရေအာင္ ျဖစ္ေနပါၿပီ။ ႐ုတ္တရက္ ၾကာပန္းပြင့္ခ်ပ္တစ္ခုက ေလ႐ွဴေပါက္တစ္ခု ရဖို႔ နည္းနည္း ေျဖေလ်ာ့ေပးလိုက္တာနဲ႔ သူ ေလကို တစ္႐ိႈက္မက္မက္ ႐ွဴသြင္းလိုက္ပါတယ္။

သူ႕မ်က္လုံးေ႐ွ႕မွာ အရာအားလုံးက ေမွာင္မိုက္ေနသလို ႂကြက္သားေတြကလည္း တစ္စက္ကေလးေတာင္ လႈပ္႐ွားလို႔ မရပါဘူး။ လက္႐ွိမွာ သူ ဘယ္ေနရာကို ေရာက္ေနလဲ စဥ္းစားဖို႔ထက္ ေလကို ေလာဘတႀကီး ႐ႈ႐ိႈက္ဖို႔ပဲ ႀကိဳးစားလိုက္ပါတယ္။
အတန္ၾကာ အသက္ကို ႐ွဴ႐ိႈက္လိုက္ၿပီးေနာက္မွာ သူ ေရခဲၾကာပန္းတစ္ပြင့္ထဲ ေရာက္ေနတာကို သိလိုက္ရပါၿပီ။

တစ္ခ်ိဳ႕ေသာ ပြင့္ခ်ပ္ေတြက သူ႕ ကိုယ္ကို မလႈပ္ႏိုင္ေအာင္ ရစ္ပတ္ထားၿပီး မယုံၾကည္ႏိုင္ေလာက္ေအာင္ စုတ္ယူေနပါတယ္။ သူ ဘယ္ေလာက္ပဲ ႐ုန္းကန္ေနပါေစ နည္းနည္းေလးမွေတာင္ လႈပ္လို႔ မရခဲ့ပါဘူး။

“ေသာက္က်ိဳးနည္း.. ဘယ္လို ငရဲေရာက္ေနတာလဲဟ ”
ယုဂ်ီ အႀကီးအက်ယ္ ေျခာက္ျခားသြားၿပီး လက္တစ္ဖက္ကို အားကုန္ထုတ္ၿပီး သူ႕ေနာက္ေက်ာက လက္ႏွက္ကို ျဖဳတ္ယူဖို႔ ႀကိဳးစားလိုက္ပါတယ္။ လက္ႏွက္ကို ဆုပ္ကိုင္မိဖို႔ အနည္းငယ္ေလာက္ အလိုမွာပဲ ႏိႈင္းဆလို႔ မရေလာက္တဲ့ အားတစ္ခုက သူ႕ ညာဘက္လက္ကို လွီးျဖတ္သြားခဲ့ပါၿပီ။

ညာဘက္ လက္တစ္ဖက္ ေလထဲကို လွစ္ခနဲ လြင့္လို႔ ေသြးေတြ ႐ႊန္း႐ႊန္းစိုလို႔။

“အား !! ”
ယုဂ်ီ အသံျပာလုေအာင္ ေအာ္ဟစ္လိုက္မိပါတယ္။ ေၾကာက္႐ြံ႕ျခင္းက ႏွလုံးသားတစ္ခုလုံးကို အေမွာင္ဖုံး သြားမတတ္ပါပဲ။

သူ႕ ဘ၀တစ္ေလ်ာက္လုံး အခုေလာက္ ထူးဆန္းလြန္းတဲ့ အျဖစ္အပ်က္မ်ိဳး မၾကဳံခဲ့ရဖူးပါဘူး။

“မင္း ႀကိဳက္သလိုေအာ္စမ္း။ တကယ္ နား၀င္ခ်ိဳတာပဲ။ အဟဲ ယုဂ်ီ ဟုတ္လား.. ေအာ္ေလ.. ဆက္ေအာ္ ”
တည္ၿငိမ္လြန္းတဲ့ အသံတစ္ခုက အေမွာင္ထုထဲကေန ႐ုတ္ခ်ည္း ထြက္ေပၚလာပါတယ္။

“ဘယ္သူလဲ.. မင္း ဘယ္သူလဲ ”
နာက်င္မႈေၾကာင့္ ႏွဖူးထက္ကေန ေခြၽးေစးေတြ ပုတီးေစ့ေလာက္ ထြက္ေပၚလာေနေပမယ့္ လူသံ ၾကားလိုက္ရတာမို႔ ေရနစ္ေနတဲ့ အခ်ိန္ သစ္တုံးတစ္ခု ေတြ႕လိုက္ရသူလို စိတ္သက္သာရာ ရသြားပါတယ္။

“ငါ ဘယ္သူလဲ မွန္းၾကည့္ေလ ”
ဂ်န္ခ်န္ အသံက အေမွာင္ထုထဲကေန မွန္မွန္ ထြက္ေပၚလာေနပါတယ္။

“မင္း.. မင္းဘယ္သူလဲသာ ေျပာစမ္းပါကြာ ”
ယုဂ်ီ အလ်င္အျမန္စဥ္းစားလိ္ဳက္ရင္း
“ညီအစ္ကို မင္းဘယ္သူျဖစ္ျဖစ္ အေရးမႀကီးဘူး.. ေက်း ေက်းဇူးျပဳၿပီး ငါ့ကို ကယ္ပါကြာ.. ငါ ေတာင္းပန္ပါတယ္။ ငါ့ကို ဒီ မေကာင္းဆိုး႐ြားအရာႀကီးက ဖမ္းထားတာ.. လႈပ္လို႔ေတာင္ မရဘူး။ ငါ .. ငါ ”
ယုဂ်ီ တစ္ေယာက္ တစ္ဖက္သားကို ေတာင္းပန္ေနရင္း မ်က္လုံးေတြ ျပဴးလာၿပီး အသံက တိမ္၀င္သြားပါတယ္။

ဘာလို႔ဆို အေမွာင္ထဲက တစ္ဖက္လူရဲ႕ မ်က္ႏွာကို ျမင္လိုက္ရလို႔ပါပဲ။

“မင္း.. မင္းက ဂ်န္ခ်န္ ”
ယုဂ်ီ သြားေတြ ေၾကာက္လန္႔မႈေၾကာင့္ တဂတ္ဂတ္ ႐ိုက္လာပါတယ္။ ေရခဲေခ်ာက္ကမ္းပါးထဲကို အထိန္းအကြပ္မ႐ွိ က်သြားသူလို တုန္လႈပ္ျခင္းႀကီးစြာ ျဖစ္တည္လို႔ ေနေလရဲ႕။

“အယ္.. မင္းက ဉာဏ္ေကာင္းသားပဲ။ မဆိုးဘူး ”
ဂ်န္ခ်န္ က မေကာင္းဆိုး႐ြားဆန္ဆန္ ျပဳံးလိ္ဳက္ၿပီး
“အင္း.. အဲ့ဒါက နာတယ္ မို႔လား ”

ယုဂ်ီက ေခြၽးျပန္ေနေပမယ့္ အလ်င္စလို ေမးခြန္းထုတ္လိုက္ပါတယ္
“ဂ်န္ခ်န္.. မင္း မင္း ဒီမွာ ဘာလုပ္ေနတာလဲ ”

ဂ်န္ခ်န္ မ်က္ႏွာက မည္းေမွာင္သြားရပါတယ္
“ငါ ဒီမွာ ဘာလုပ္ေနတာလဲ ဟုတ္လား။ မင္းက ငါ့ကို ေမးေတာ့ ငါလည္း ျပန္ေမးရပါဦးမယ္။ မင္း ဒီမွာ ဘာလာလုပ္ေနတာလဲ။ ငါ့ ေ႐ႊေတာင္ပံဓားငွက္ေတြကို ဖမ္းေခၚသြားခ်င္ေသးတယ္။ ဟမ့္.. ငါ့ ေနာက္လိုက္ တစ္ေယာက္ကိုေတာင္ ဖမ္းေခၚၿပီး ဟို ေခြးမ ေလာင္ဂ်ဳဇူးဆီ အပ္မယ္ေပါ့ ”

ယုဂ်ီ မ်က္ႏွာက အက်ည္းတန္သြားခဲ့ပါၿပီ
“ငါ.. ငါ.. ဟိုဟာေလ။ ဂ်န္ခ်န္ မင္း နားလည္မႈ လြဲေနၿပီ။ တကယ့္ကို နားလည္မႈလြဲေနၿပီ။ ငါနဲ႔ မင္းနဲ႔ ဘာရန္ၿငိဳးမွ မ႐ွိပါဘူးကြာ။ ငါက ဆရာ့ အမိန္႔ကို နာခံရတာပဲ ႐ွိတာပါ။ ငါ့ကို လႊတ္ေပးလိုက္။ ငါ က်ိန္ဆိုတယ္ ေနာင္မွာ မင္း ေနာက္လိုက္ေခြးပဲ ျဖစ္ေစရမယ္။ မင္း ငါ့ကို တိုက္ခိုက္ရင္ ဘာပဲ ျဖစ္ေနပါေစ တိုက္ခိုက္မယ္။ ငါ့ကို ကိုက္ခိုင္းရင္လည္း ဘာေကာင္ႀကီးပဲ ျဖစ္ေနပါေစ ကိုက္မယ္ေလကြာ။ ေနာ္.. ေနာ္ ”

ဂ်န္ခ်န္ အၾကည့္က တစ္မ်ိဳးျဖစ္သြားပါတယ္။

သူ လူမွားၿပီး ဖမ္းလာမိတာမ်ားလား လို႔ေတာင္ သံသယ ျဖစ္မိပါတယ္။ အနီးကပ္ၾကည့္ေတာ့လည္း ဒါက ယုဂ်ီ မွ ယုဂ်ီ အစစ္ပါ။

ဒုတိယ ေတာင္ၾကား တိုက္ပြဲမွာ တုန္းကေတာ့ သူ႕ေလာက္ ျမင့္ျမတ္တဲ့သူ မ႐ွိေတာ့သေယာင္ ေလတစ္လုံး မိုးတစ္လုံးနဲ႔ ထိပ္ဆုံးကေန မဆင္းခဲ့ဘဲ။ အခုေတာ့လည္း ယုဂ်ီ က ဒီလို စကားမ်ိဳးေတြလည္း ေျပာတတ္ေသးသားပဲ။ အခုက်ေတာ့ အရမ္းကို ႏွိမ့္ခ် ေျပာဆိုေနလိုက္တာ သာမန္ က်င့္ၾကံသူေလးေတြထက္ေတာင္ နိမ့္က်ေနသေယာင္။

ဂ်န္ခ်န္ အဲ့ဒီ အမူအက်င့္ ႏွစ္ရပ္ကို သြားဆက္စပ္ၾကည့္မိပါတယ္။ အဖြဲ႕အစည္းက တပည့္ တစ္ေယာက္က ေသရမွာ ေၾကာက္လို႔ ေတာင္းပန္ေနလိုက္တာမ်ား တကယ္ပဲ တရားက်စဖြယ္။

ဂ်န္ခ်န္ သက္ျပင္းခ်မိပါတယ္
“ယုဂ်ီ.. ငါ အဖြဲ႕အစည္းထဲက ေလာဘႀကီးတဲ့ ေကာင္ေတြ.. အႏိုင္က်င့္တဲ့ ေကာင္ေတြ.. ေၾကာင္သူေတာ္ ေယာင္ေဆာင္ေတြ.. ေမာက္မာတဲ့ ေကာင္ေတြ အမ်ားႀကီး ေတြ႕ဖူးတယ္။ ဒါေပမယ့္ ရဲရဲႀကီး မေသရဲဘဲ အသက္႐ွင္ဖို႔ အေရး အက်ည္းတန္ေလာက္ေအာင္ ေတာင္းပန္ေနတဲ့ ေကာင္မ်ိဳးေတာ့ ဒီတစ္ႀကိမ္ပဲ ေတြ႕ဖူးေသးတယ္။ မင္းက ငါ့ကို သင္ခန္းစာ တစ္ခု ေပးလိုက္တာပဲ။ အဖြဲ႕အစည္းက တပည့္ေတြအားလုံးက ဒီအတိုင္းခ်ည္းပဲေပါ့။ ေသခါနီးရင္ ေခြးတစ္ေကာင္လို ေတာင္းပန္ေနတတ္လိုက္ၾကတာ။ အဖြဲ႕အစည္း အနာဂါတ္အတြက္ ရင္ေလးပါဘိေတာ့ ”

ယုဂ်ီက ဒီလို စကားမ်ိဳး ဆိုလာတဲ့ အတြက္ မ႐ွက္ပါဘူး
“အဖြဲ႕အစည္းက တပည့္ေတြကလည္း လူသားေတြပဲကြ။ လူသားေတြပါဆို ေသမွာ ေၾကာက္တာပဲေပါ့။ ဂ်န္ခ်န္ မင္းသာ ငါ့ကို လႊတ္ေပးလိုက္ရင္ မင္း လုပ္ခိုင္းသမွ်အားလုံး လုပ္ေပးမယ္။ ငါက ဂ်ဴနီယာ ညီမေလး ေလာင္ဂ်ဳဇူးနဲ႔ ရင္းႏွီးတယ္ကြ။ မင္းက သူမကို မုန္းတီးတယ္ မဟုတ္လား။ အဲ့ဒီေတာ့ သူမကို ငါ လွည့္စားၿပီး မင္းဆီ ေခၚလာခဲ့မယ္ ဆိုရင္ရာ။ ေလာင္ဂ်ဳဇူးက ေခြးမ တစ္ေကာင္ ဆိုေပမယ့္ အပ်ိဳစင္ စစ္စစ္ေလးပဲ ႐ွိေသးတယ္။ ဂ်န္ခ်န္ မင္း မင္းသာ စိတ္၀င္စားရင္ သူမကို အရင္ဆုံး စားလိုက္။ ၿပီးမွ သတ္လို႔ ရတယ္။ မင္းစိတ္ႀကိဳက္လုပ္။ ငါက ငါက မင္းအတြက္ အသုံး၀င္ပါတယ္ကြာ ”

ဂ်န္ခ်န္ ျပဳံးလိုက္ပါတယ္။ အဖြဲ႕အစည္းက တပည့္ေတြက အခုလိုလည္း ေျပာဖို႔ ၀န္မေလးၾကပါလား။

အရင္ အားေကာင္းေနတုန္းကေတာ့ အခုလို မဟုတ္ပါလား။ သူ မ်က္လုံးကို ျဖည္းညႇဥ္းစြာ ဖြင့္လိုက္ၿပီး
“ယုဂ်ီ.. မင္းက ငါ့ကို စိတ္ပ်က္ေစတာပဲကြာ။ ဒုတိယ ေတာင္ၾကားတုန္းကလို မင္းကို ျမင္ခ်င္ခဲ့မိတာ။ အဲ့တုန္းကေတာ့ ငါ့ကို ဘယ္သူမွ မကယ္နိ္ဳင္ေတာ့ဘူး ဆိုၿပီး ေမာက္မာေနတာ မဟုတ္ဘူးလား။ ငါ့ကို ဖ်က္ဆီးပစ္ဖို႔လက္တစ္ေခ်ာင္းပဲ လိုအပ္တယ္ဆို။ ငါ မင္းကို အခု ျပန္႐ြတ္ျပရမလား။ မင္း ငါ့ ေ႐ႊေတာင္ပံ ဓားငွက္ ဘယ္ႏွစ္ေကာင္ေတာင္ သတ္ခဲ့လဲ မွတ္မိေသးလား။ အဲ့ဒီေန႔တုန္းက စိတ္ဝိညာဥ္ ဒုတိယအဆင့္ အင္အားေလးနဲ႔ ငါ့အေပၚ ေမာက္ေမာက္မာမာ ေျပာဆိုခဲ့တယ္။ ေဟာ အခုေတာ့လည္း ခြင့္လႊတ္ဖို႔ ေတာင္းျပန္ေနပါေရာလား ”

ယုဂ်ီ မ်က္ႏွာထက္မွာ ေရာင္စုံအလင္းတန္းေတြ ယွဥ္ေျပးေနၿပီး ေၾကာက္႐ြံ႕ျခင္းက တစ္ကိုယ္လုံး တုန္တက္ေနေစပါတယ္။

……………………………………………………………………………………………………………………………….

Continue Reading

You'll Also Like

552 75 8
စုန်းမတစ်ယောက်အား ပြောင်းဖူးလေးလို လှည့်စားမိသည့်အတွက် ချစ်မိလေတိုင်း ချစ်သူ့လက်ချက်နှင့်ပင် သေဆုံးရသူ။ အဆုံးမဲ့ ပြန်မွေးဖွားမှု သံသရာ၌ ရှိရှိသမျှ...
26.6K 2.4K 114
Chapter 401-600 I don't own this story!! All credit goes to Original Author! ✍️
2.7K 264 35
အင်မော်တယ် တာအို ဆိုသည်မှာ ထာဝရ တည်ရှိသော်လည်း အင်မော်တယ် များအား ရှာရအလွန်ခက်ခဲပေသည်။ လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြေ...
216K 7.2K 38
After years of abuse Anastasia has shut herself within emotionless walls. Even if the physical and mental abuse have broken her to the high extent, h...