ထူးထူးဆန်းဆန်း ချစ်ဖူးစာ

By Thwin2004

21.4K 966 13

BL စာရေးဆရာလေးXZနဲ့ LGBTလက်မခံသူလေးWYBတို့ကြားက အချစ်ချိုချိုလေး More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
စာလေးဆုံးသည်အထိ ဖတ်ပေးပါ

Part 34

1.1K 22 4
By Thwin2004


  ကျန်းချန်တို့မင်္ဂလာပွဲသွားဖို့ပြင်ဆင်နေတဲ့ ကိုကိုကသူ့ကိုယ်သူမင်းသားများမှတ်နေသည့်အလား

လေလေးတချွန်ချွန်နဲ့ ဆံပင်ကိုသနေတာက ကျန့်ကျန့်ကိုမျက်စိနောက်စေ၏

ရှောင်းကျန့် " မပြီးသေးဘူးလားကိုကို ကိုယ့်ကိုကိုယ်လည်းပြန်ကြည့်အုံး ဒီပွဲကအကိုဝန်းနင်တို့ပွဲနော် မသိရင်သူကသတို့သားလောင်းကျနေတာပဲ ဟွန့်"

ဟုတ်တယ် ရင်ထဲမှာရှိနေတာကိုအဲ့လိုပြောပစ်ရမှကျေနပ်သွားတာ

ဘယ့်နှယ့်သူ့ကိုယ်သူလူပျိုများထင်နေတာလား

တွေ့မယ်ပွဲထဲမှာကောင်မတွေနဲ့ တရုန်းရုန်းလုပ်လို့ကတော့ ကျန့်ကျန့်အကြောင်းသိသွားမယ်မှတ်

ရိပေါ် " ဟောဗျာ ခါတိုင်းလည်းဒီလိုပဲပြင်နေကျလေကလေးရယ် နေပါအုံး ဒီရက်ပိုင်းစိတ်ပိုဆတ်နေသလားလို့ ပြောပါအုံး ယောက်ျားကိုဘာတွေစိတ်ခုနေသလည်းဆိုတာ "

နာရီဝတ်ရင်း ကျန့်ကျန့်ရှိရာဆိုဖာဆီလာကာမေးလိုက်တော့ မလုံမလဲဖြစ်သွားတဲ့အဆိုးလေး

ရှောင်းကျန့် " ဘယ်သူကစိတ်ခုနေလို့လည်း မဟုတ်တာတွေလျှောက်မပြောနဲ့"

အမှန်တော့ ကိုကိုပြောတာလည်းမမှား

ဒီရက်ပိုင်းကျန့်ကျန့်စိတ်တွေက တကယ်ကိုပုံမှန်မဟုတ်တာ

အရင်ကဆို ကိုကို့အပေါ်အမြဲနားလည်ပေးဖို့ပဲတွေးနေပေမယ့် အခုနောက်ပိုင်းအလိုမကျကိုဖြစ်နေတာ

နည်းနည်းဆို စိတ်မရှည်တတ်တဲ့အကျင့်လေးကပါကပ်ပါလာပြန်တယ်

ငါတကယ်ပဲဘာတွေဖြစ်နေတာလည်း.....

ရိပေါ် " ကလေး ဘာတွေတွေးနေတာလည်း ကိုယ်မေးတာဖြေအုံးလေ"

ရှောင်းကျန့် " ဟင်! ဘာမေးလိုက်တာလည်းကိုကို"

ရိပေါ် " ဟောဗျာ!ယောက်ျားကိုစိတ်ခုတာတင်မဟုတ်ဘူး စကားပါနားမထောင်တော့တာပဲ အဆိုးလေး ကိုယ်ပြောတာက အခုမင်္ဂလာပွဲသွားတော့မလားမေးတာ"

ရှောင်းကျန့် " လူကိုစကားနာတွေထိုးမနေနဲ့ သွားကြမယ်နောက်ကျနေပြီ"

ရိပေါ် " အမိန့်တော်မြတ်အတိုင်းပါ"

ရိပေါ်ရွှတ်နောက်နောက်နဲ့ဆိုလာတော့ ကျန့်ကျန့်မျက်စောင်းလေးထိုးကာအခန်းထဲမှ ထွက်သွား၏

ရိပေါ်ကတော့ ခပ်ဟဟရယ်ပြီးသာနောက်ကလိုက်သွားလိုက်တော့သည်

..တကယ်ပဲအဆိုးလေးက ဘာဖြစ်ချင်နေတာတုန်း...

.

.

.

ကျန်းချန် " မင်းကိုငါဖိတ်မထားမိဘူးနော် မြစ်ဖျားထိပ်"

ခမ်းမထဲလည်းအပေါင်းသင်းမိတ်ဆွေတော်တော်များများ စုံလင်နေကြပြီး ခမ်းမရှေ့မှာတော့အပေါက်ဆိုးတဲ့သတို့သားလေးကစောင့်ပါ၏

မြစ်ဖျားထိပ် " ထိပ်ကအကိုဝန်းနင်မျက်နှာကြောင့်လာခဲ့တာပါ ပြီးတော့ထိပ်ကိုရန်သူတစ်ယောက်လိုမသတ်မှတ်ပါနဲ့ ထိပ်အရင်ကလိုမဟုတ်တော့ပါဘူး"

ကျန်းချန် " ငါ့ယောက်ျားမျက်နှာကြောင့်လည်းမင်းလာစရာမလိုဘူး ဘာလို့လည်းဆိုတော့ ငါ့မင်္ဂလာပွဲမှာဘယ်အနှောင့်အယှက်မှမလိုချက်လို့ မင်းပြန်တော့"

ကျန်းချန် နှင်ထုတ်နေတော့ စန္ဒာတို့အပြေးလာကာအကြောင်းစုံမေးတော့၏

မိုးစန္ဒာဝင်း " ဘာတွေဖြစ်ကြတာလည်းအကို"

မိုးသန္တာဝင်း " မြစ်ဖျားထိပ် ရောက်လာတာကို"

ဝင်းလဲ့လဲ့မိုး " သူ့ကိုဘယ်သူဖိတ်ထားတာလည်းမသိဘူး"

ကျန်းချန် " ဘယ်သူဖိတ်လည်းတော့မသိပေမယ့်ငါတော့လုံးဝမဖိတ်ထားဘူး"

စုရုံးစုရုံးဖြစ်နေတော့ ပွဲထဲကလူတွေကလည်းတစ်စတစ်စအာရုံစိုက်လာကြသည်

ဝန်းနင် " ဘာဖြစ်လို့လည်း အချစ်"

ဝန်းနင် ဆူပုတ်နေတဲ့ကျန်းချန်ကိုမေးရင်း ရှေ့ကမြစ်ဖျားထိပ်ကိုတွေ့သွား၏

ဝန်းနင် " အော် ထိပ်ရောက်လာပြီကိုး အထဲဝင်လေ အပြင်မှာရပ်မနေနဲ့"

မြစ်ဖျားထိပ် " ကျေးဇူးပဲဝန်းနင် ပြီးတော့ Congratulations ပါနော်"

ထိုသိူ့ပြောပြီး ခမ်းမထဲဝင်သွားတဲ့မြစ်ဖျားထိပ်က စန္ဒာတို့ကိုလည်းအောင်နိုင်သူတစ်ယောက်လိုသေချာကြည့်သွားဖို့မမေ့ခဲ့ပါ။

ကျန်းချန် " ဘာသဘောလဲ မောင် ငါသူ့ကိုဖိတ်ဖို့မပြောခဲ့ဘူးနော်"

ဝန်းနင် " သူလည်းတစ်ချိန်ကမောင့်အသိဖြစ်ဖူးလို့ပါ ပြီးတော့သူလာလိမ့်မယ်လို့လည်းတကယ်မထင်ထားဘူး "

ကျန်းချန် " အခုတော့ကောင်းရော သူကမျက်နှာပြောင်တိုက်ပြီးတောင် ဂုဏ်ပြုစကားပြောသွားသေးတယ် "

ဝန်းနင်လည်းဒေါသထွက်နေတဲ့ချစ်ရသူအား လက်ကလေးဆုပ်ကိုင်ရင်းနှစ်သိမ့်လိုက်၏

ဝန်းနင် " ဟုတ်ပြီမောင်မှားသွားတာသူ့ကိုမဖိတ်ခဲ့သင့်ဘူး ဒါပေမယ့် အခုကဧည့်သည်တွေလည်းကြည့်နေတော့မကောင်းဘူးလေ ဒါ့ကြောင့်အချစ်က စိတ်ကိုလျော့နော် "

ကျန်းချန် " ထားပါတော့ ဒါပေမယ့် ပွဲကိုသူ့ကြောင့်ဘာမှမဖြစ်အောင်တော့မောင် မင်းတာဝန်ယူ"

ဝန်းနင် " စိတ်ချပါ မောင်တာဝန်ယူတယ်"

ဒီလိုနဲ့ပဲ ကျန်းချန်ကိုချော့မောကာ ပွဲထဲပြန်ခေါ်သွားလိုက်တဲ့ဝန်းနင်

ဝင်းလဲ့လဲ့မိုး " သူကတကယ်ပဲအကိုကျန့်ပြောသလိုနောင်တရနေပြီလား "

မိုးသန္တာဝင်း " ခွေးမြှီးကောက် ကျည်ထောက်စွတ်သလို ခဏပဲနေမှာပါအချိန်တန်ရင်ပြန်ကောက်သွားမှာပဲ"

မိုးစန္ဒာဝင်း " သူ့အကြောင်းပြောနေရင်အသက်တိုတာပဲ အဖတ်တင်လိမ့်မယ် ဒါနဲ့Bossတို့ကမလာသေးဘူးနော်"

ပြောရင်းဟိုရှာဒီကြည့်လုပ်လိုက်တဲ့စန္ဒာ

မိုးသန္တာဝင်း " ခဏနေလာမှာပေါ့"

ဝင်းလဲ့လဲ့မိုး " ဒါဆိုငါတို့လည်း အထဲမှာလိုအပ်တာဝိုင်းကူကြရအောင်"

မိုးစန္ဒာဝင်း " အေးအေး "

.

.

.
ရိပေါ် " နေမကောင်းဘူးလားကလေး "

ရိပေါ်ပြောလည်းပြောလက်ကလည်း ကျန့်ကျန့်နှာဖူးပေါ်ရောက်သွား၏

မနက်ထဲကမျက်နှာလေးမလန်းတာသတိထားမိပေမယ့် အခုပွဲထဲရောက်မှပိုဆိုးလာသယောင်

ရှောင်းကျန့် " ဟင့်အင်း ကျန့်ကျန့်ရင်ထဲနေလို့မကောင်းဘူး အန်ချင်သလိုဖြစ်နေတာ"

ရိပေါ် " ဝိုင်တွေသောက်လိုက်သေးလားကလေး "

ရိပေါ်မှာချစ်ရသူကိုမြင်ပြီး ရင်ထဲမှာမိုးပြိုမလိုဖြစ်နေရပြီ

ရှောင်းကျန့် " ကျန့်ကျန့်မသောက်ရသေးပါဘူး "

ကျန်းချန် " ကျန့်ကျန့် ဘာဖြစ်လို့လည်း"

စိုးရိမ်တကြီးနဲ့အနားရောက်လာတဲ့ကျန်းချန်

ရှောင်းကျန့် " မသိဘူးဟ ဒီရက်ပိုင်းနေလို့သိပ်မကောင်းဘူး ရင်ထဲအင်တင်တင်နဲ့အန်ချင်သလိုဖြစ်နေတာ"

ရင်ဘတ်လေးကိုလက်ဖြင့်ပွတ်ရင်းပြန်ဖြေလာတဲ့ကျန့်ကျန့်ကြောင့် ကျန်းချန်တစ်ချက်တွေသွားရသည်

ရိပေါ် " ဆရာဝန်ခေါ်လိုက်မယ်"

ရိပေါ်စကားကိုလက်ဆွဲကာခေါင်းခါပြတဲ့ကျန့်ကျန့်

ဝင်းလဲ့လဲ့မိုး " ဟင် အကိုကျန်းချန်ဘာဖြစ်ကြတာလည်း စုပြီး"

အနားသို့ထပ်မံရောက်လာတဲ့ မိုးတို့၃ယောက်အပါအဝင် မြစ်ဖျားထိပ်

မြစ်ဖျားထိပ် " ဘာဖြစ်ကြတာလဲရိပေါ်"

အားလုံးရဲ့အမေးကိုပြန်ဖြေမလို့ ကျန့်ကျ့န့်အားယူနေတုန်း ကောက်ကာငင်ကာဝင်ပြောလိုက်တဲ့ ကျန်းချန်

ကျန်းချန် " ဆရာဝန်ခေါ်လိုက်သန္တာ မိုးကကျန့်ကျန့်ဆေးအေးလှဲဖို့အခန်းပြင်ထားပေး စန္ဒာ ဧည့်သည်တွေကိုကိုယ်စားကြည့်ပေးထား"

ကျန်းချန်စကားကြောင့် အားလုံးကြောင်အအဖြစ်သွားကြပြီး ငြိမ်သက်သွားမိသည်

ရှောင်းကျန့် " ငါဘာမှမဖြစ်ဘူးကျန်းချန် မင်းမင်္ဂလာပွဲကိုသာဆက်လုပ် ငါခဏအန်ချင်သလိုပဲဖြစ်တာဆရာဝန်ခေါ်စရာမလိုဘူး"

ကျန်းချန် " မဟုတ်ဘူးကျန့်ကျန့် ငါထင်တာမမှားဘူးဆိုရင်မင်းမှာ ကိုယ်ဝန်ရှိနေတာထင်တယ်"

ရိပေါ် " ရူးနေလားကျန်းချန် ကျန့်ကျန့်ကယောက်ျားလေးလေ ဘယ်လိုလုပ်ကိုယ်ဝန်ရှိနိုင်မှာလည်း"

ဒီတစ်ခါတော့ရိပေါ်ဝင်ပြောခြင်းပင် ကျန့်ကျန့်ကတော့မျက်ဝန်းဝိုင်းလေးနဲ့သာကြည့်နေမိ၏

ကျန်းချန် " ရှိနိုင်တာပေါ့ ကျန့်ကျန့်မှာမွေးရာပါ ကလေးနေနိုင်တယ့်သားအိမ်ရှိတယ်"

All " ဘာ!! "

.

.

.
At 8pm

ဝမ်မားတစ်ယောက် စိပ်ပုတီးလေးလက်မှာစွဲပြီး ဧည့်ခန်းမှာဟိုသွားဒီသွားရင်းပုတီးစိပ်နေ၏

ကားသံကြားတာကြောင့် ဝမ်မားအပြင်ထွက်လာလိုက်သည်

ဝမ်မား " ဟောသားဝမ်တို့ပြန်တောင်ရောက်လာကြပြီပဲ မေမေကနောက်ကျဦးမယ်ထင်နေတာ "

ဝမ်မားအမေးကို မဖြေမီရိပေါ် ကျန့်ကျန့်ကိုဂရုတစိုက်ကားပေါ်မှဆင်းစေ၏

ရိပေါ် " ဟုတ်တယ်မေမေ သားတို့စောစောပြန်လာတာ"

ရိပေါ်စကားကြောင့် ကျန့်ကျန့်မှာမလုံမလဲနဲ့ရှက်သွေးဖြာနေမိသည်

ဝမ်မား " သားကျန့်လေး နေမကောင်းဘူးလား မျက်နှာလေးမလန်းဘူးလားလို့"

ရိပေါ် " မေမေ ကျွန်တော်ပြောတာသေချာလေးနားထောင်ပေးပါနော် အခုကျန့်ကျန့်မှာ.."

ရှောင်းကျန့် " ကိုကို!"

ရိပေါ်စကားကိုဖြတ်ကာ တားဆီးလိုက်တဲ့ကျန့်ကျန့်က ရိပေါ်လက်ကိုလည်းဆုပ်ကိုင်ထားသေးသည်

ရိပေါ် " ကလေး ဒီကိစ္စကရှက်စရာမဟုတ်ဘူးလေကွာ ပြီးတော့ မေမေ့ကိုလည်းမပြောလို့မရဘူးလေ"

ဝမ်မားကတော့ သူ့ရှေ့ကသားဖြစ်သူတို့ပြောနေသမျှနားထောင်ရင်း နားမလည်မိ

ဝမ်မား " အခုဘာတွေဖြစ်နေကြတာလည်း မားနားလည်အောင်ပြောပါဦး သားကျန့်လေး"

ရိပေါ် " ဧည့်ခန်းထဲသွားရအောင်မေမေ သားအေးဆေးရှင်းပြမယ်"

ရိပေါ်မေမေ့လက်ကိုရော ကျန့်ကျန့်ကိုပါလက်ဆွဲပြီး ဧည့်ခန်းဆီခေါ်လာလိုက်၏

ရိပေါ် " ကျန့်ကျန့်မှာရင်သွေးလေးရှိနေပြီမေမေ မေမေမြေးချီရတော့မယ်"

ဝမ်မား " ဘယ်လို!  မေမေနားကြားမှားတာတော့မဟုတ်ဘူးမလား သားကျန့်လေးတကယ်လားဟင် မားတကယ်ပဲမြေးချီရတော့မှာလား"

ကျန့်ကျန့်လက်ကလေးကိုဆုပ်ကိုင်ရင်း အားကိုးတကြီးမေးလာတဲ့မားကြောင့် ကျန့်ကျန့်မှာခေါင်းညိမ့်ကာပြုံးပြလိုက်၏

ဝမ်မား " ဝမ်းသာလိုက်တာ သားရယ်"

ကျန့်ကျန့်ကိုယ်လေးကို ဖက်ပြီးငိုကြွေးလာတဲ့မားကြောင့် ကျန့်ကျန့်မှာလည်းစိတ်မကောင်းသလိုရှိမိ၏

ရှောင်းကျန့် " မငိုပါနဲ့မား ကျန့်ကျန့်မှာကလေးလေးရှိတာမပျော်ဘူးလား"

ထိုအခါမှ မားကကျန့်ကျန့်မျက်နှာလေးကိုမော့ကြည့်ရင်းပြန်ဖြေလာ၏

ဝမ်မား " ဘယ်လိုပြောလိုက်တာလဲသားကျန့်ရယ် မားကအရမ်းပျော်တာပေါ့ မားအရမ်းကိုပျော်တာပဲသိလား"

ရိပေါ် သူ့ရှေ့ဖက်လိုက်ငိုလိုက်နဲ့အပျော်လွန်နေတဲ့ လူသားလေးနှစ်ဦးကိုကြည့်ရင်း ကြည်နူးနေမိသည်

.....အခုလိုအချိန်မှာ ဖေဖေသာအနားမှာရှိရင် ကျွန်တော်တို့မိသားစုလေးဒီထက်မကပိုပျော်နေမိမှာပဲ ဖေဖေ......

.

.

.
အင်္ကျီအဝတ်စားလဲပြီးကုတင်ပေါ်မှာငုတ်တုတ်ထိုင်ကာ ဗိုက်ကလေးကိုပွတ်နေတဲ့ကျန့်ကျန့်

ကိုကိုကတော့ ပူလို့ဆိုပြီးရေနောက်တစ်ခါသွားချိုးနေပြန်တယ်

ရှောင်းကျန့် " ကလေးလေး ပါးပါးတို့ဆီလာခဲ့ပေးလို့ကျေးဇူးပါနော် မင်းကိုအကောင်းဆုံးမေတ္တာတွေနဲ့ပါးတို့ချစ်ပေးပါ့မယ် "

ပြားကပ်ကပ်ဗိုက်လေးကိုပွတ်ရင်း တစ်ဦးတည်းရေရွတ်နေတဲ့ကျန့်ကျန့်က မင်္ဂလာပွဲတုန်းက Doctor ပြောခဲ့တဲ့စကားတွေကိုအခုထိနားထဲမထွက်သေးပေ

Doctor " ဒါမျိုးကယုံဖို့ခက်ခဲတယ်ဆိုတာသိပေမယ့် တကယ်ပဲ Mr. Xiao Zhan ရဲ့ဗိုက်ထဲမှာရင်သွေးလေးရှိနေတာအမှန်ပါပဲ Mr.Wang"

အဲ့အချိန်ကပြုံးပျော်ပြီး မယုံနိုင်ဖြစ်နေတဲ့ကိုကို့မျက်နှာကို ကျန့်ကျန့်အခုထိမမေ့သေး

ကိုကိုကတကယ်ကိုပျော်နေတာပင် ကျန့်ကျန့်လည်းပျော်ပါတယ် ဒါပေမယ့် နည်းနည်းတော့ကြောက်နေမိတယ်

ကျန့်ကျန့်ရဲ့ဗိုက်သေးသေးလေးထဲမှာ သက်ရှိလူသားလေးတစ်ဦးရှိနေသည်သတဲ့လား။

ကျန့်ကျန့်မယုံနိုင်မှုများနဲ့ကျန်းချန်ကိုမေးလေတော့

ရှောင်းကျန့် " ကျန်းချန်မင်းကဘယ်လိုလုပ် ငါ့မှာကလေးလေးရှိတယ်ဆိုတာကြိုသိနေရတာလည်း "

ကျန်းချန် " ဟုတ်တယ်ကျန့်ကျန့် မင်းက ကလေးမွေးနိုင်တဲ့ သူဆိုတာကိုငါ့ကိုရှောင်မားမဆုံးခင်ပြောပြခဲ့တာ ဒါ့ကြောင့်ဝမ်ရိပေါ်မင်းကို မတရားအနိုင်ကျင့်တုန်းကငါအရမ်းစိတ်ပူပြီးဒေါသထွက်မိတာပေါ့ မင်းကိုWang Company မှာအလုပ်မလုပ်ဖို့တားခဲ့တာလည်း မင်းလွန်လွန်ကြူ းကြူ းဖြစ်မှာကြောက်လို့ "

ရှောင်းကျန့် " အဟင့် ကျေးဇူးပါကျန်းချန် ငါ့ကိုစိတ်ပူပေးလို့ရော ဂရုစိုက်ပေးတဲ့အတွက်ပါတကယ်ကျေးဇူးတင်ပါတယ် "

ကျန့်ကျန့် ကျန်းချန်ကိုဖက်ပြီးပြောလေတော့ အရူးလေးဆိုပြီးမျက်စောင်းလေးထိုးကာပြန်ဖက်လာတဲ့ကျန်းချန်ပါ

ဟင်း....

ညကအဖြစ်အပျက်တွေကိုပြန်တွေးပြီး ကျန့်ကျန့်သက်ပြင်းလေးချလိုက်မိသည်

ရေချိုးခန်းမှထွက်လာတဲ့ကိုကိုကလည်း သတိထားမိသွားပုံရတယ် အမြန်အဝတ်တွေကောက်ဝတ်ကာအနားရောက်ချလာ၏

ရိပေါ် " ဘာတွေတွေးပြီးသက်ပြင်းချနေရတာလည်းကလေး "

ကျန့်ကျန့်လက်ဖဝါးလေးကိုပွတ်ကာမေးလာတဲ့ကိုကို့ကြောင့် အလိုလိုပြုံးလိုက်မိသည်

ရှောင်းကျန့် " ကျန့်ကျန့်ဆီမှာကလေးလေးရှိတယ်ဆိုတာ မယုံနိုင်လို့ပါကိုကို ပြီးတော့ကြောက်လည်းကြောက်တယ် "

ရိပေါ် " ကိုကိုပြောတာသေချာနားထောင်နော်ကျန်းချန် ပြောပြထားသလိုပဲလေ ကျန့်ကျန့်က သားသမီးမွေးပေးနိုင်တဲ့ယောက်ျားလေးဖြစ်လို့ အနည်းနဲ့အများတော့ကြောက်တာ ကိုကိုနားလည်ပါတယ် ဒါပေမယ့် ကျေးဇူးပြုပြီး ကိုယ့်ကိုအတ္တကြီးခွင့်ပေးပါကလေး ကိုယ်မင်းမွေးပေးမယ့်ရင်သွေးလေးကိူလိုချင်တယ်"

ရိပေါ်ပြောရင်းကျန့်ကျန့်လက်ဖဝါးလေးကိုဖျစ်ညှစ်လိုက်၏

တကယ်ပါ ကလေးမှာကိုယ်ဝန်ရှိတယ်လို့ပြောတုန်းကဆို ကိုယ့်မှာအသက်ရှူ ဖို့ပင်မေ့သွားရတဲ့အထိကိုအံ့အားသင့်သွားတာ

ရှောင်းကျန့် " ကိုကိုစိတ်ချပါ ကျန့်ကျန့်ဒီကလေးကိုအကောင်းဆုံးဂရုစိုက်ပြီးလူ့လောကထဲခေါ်လာမှာပါ ဒါပေမယ့် တစ်ခုတော့ကတိပေးပါကိုကို "

ရိပေါ် " ဘာများလဲ ကလေး"

ရှောင်းကျန့် " ကျန့်ကျန့်ထက်ဒီကလေးကိုပိုမချစ်ပါနဲ့ ကျန့်ကျန့်ကဒီကလေးကိုအကောင်းဆုံးအချစ်တွေပေးမှာမလို့ ကိုကိုယောက်ျားက ကျန့်ကျန့်ကိုပဲဂရုစိုက်ပေးပါ ချစ်ပေးပါ တခြားဘယ်သူ့ကိုမှကျန့်ကျန့်ထက်ပိုမချစ်ပါနဲ့ အဲ့ဒီလူက ကျန့်ကျန့်တို့ရင်သွေးလေးဖြစ်ရင်တောင်မှပေါ့..."

ရိပေါ် " ကလေးရာ..."

ကလေးပြောလိုက်တဲ့စကားကြောင့် ရိပေါ်မှာမချင့်မရဲဖြစ်ပြီး ကျန့်ကျန့်ကိုယ်လုံးလေးကိုဆွဲပွေ့ထားလိုက်မိသည်

တကယ်ပါဒီကလေးက စာရေးဆရာလို့မပြောရဘူး လူကိုဘယ်လိုအကျပ်ကိုင်ရမလည်း ဘယ်လိုစကားလုံးလှလှလေးတွေနဲ့သတ်ရမလည်းအကုန်သိတယ်

ရိပေါ် " ကိုယ့်ကိုအဲ့လောက်အထိတောင် ချစ်တာလားကွာ"

မချင့်မရဲလေသံနဲ့မေးလိုက်တဲ့ရိပေါ်မှာ ပြန်ဖြေလိုက်တဲ့ချစ်ရသူကြောင့် စကားလုံးတို့ပျောက်ရှလျက်

ရှောင်းကျန့် " ချစ်တယ်ကိုကို ဝေ့ရင်းဘဝမှာကတည်း ရူးသွပ်ခဲ့ရတဲ့ Character ကလန့်ဝမ်ကျီးဖြစ်ခဲ့တာမလို့ ရှောင်းကျန့်ဆိုတဲ့ စိတ္တဇနာမ်လေးကဝမ်ရိပေါ်ဆိုတဲ့အမျိုးသားကို သည်းသည်းလှုပ်ဖြစ်တာမဆန်းတော့ပါဘူး ကိုကိုက ကျန့်ကျန့်ဘဝအတွက် ကလိုရိုဖီးလေးပဲ သန့်စင်တဲ့အောက်စီဂျင်ရဖို့အတွက်  ကာဗွန်ဒိုင်အောက်ဆိုဒ်ဆိုတဲ့ အန္တာရာယ်တွေကို အစိမ်းရောင်ကလိုရိုဖီးလေးကသန့်စင်ပေးသလို ကိုကိုဆိုတဲ့အမျိုးသားလေးကလည်း ကျန့်ကျန့်တို့ရဲ့အချစ်တွေမြဲဖို့ အန္တရာယ်ဆိုတဲ့ပတ်ဝန်းကျင်ဆိုးကို ဖယ်ရှားသန့်စင်ပေးနေကျလေ ကျန့်ကျန့်ဘဝအတွက်ကိုကိုကအောက်စီဂျင်ထက်ပိုအရေးပါတဲ့ နှစ်ယောက်မရှိနိုင်တဲ့ အစိမ်းရောင်ဝင်္ကပါလေးပါပဲ"

ရိပေါ် " ဒါဆိုကိုယ်တို့အချစ်တွေကိုနာမည်တစ်ခုပေးရအောင်"

ရှောင်းကျန့် " ဘာများပေးမှာလည်းကိုကို"

ရင်ခွင်ထဲမှမော့ကြည်ကာ မေးလာတဲ့လူသားပေါက်လေးအား နွေးထွေးတဲ့အနမ်းငွေ့ငွေ့ပေးရင်း နားနားကပ်ကာခပ်တိုးတိုးလေးဆိုလိုက်ပါ၏

ရိပေါ် " ကလိုရိုဖီး 💚🍀"

.

.

.
အနီရောင်အိပ်ယာခင်းတစ်ခုက တွန့်ကြေပြီးမညီမညာပေ

ထိုအိပ်ယာခင်းထက်မှာတော့ လူနှစ်ယောက်ကနှစ်ခြိုက်စွာအနားယူမိန်းမောနေ၏

တစ်ဦးကတော့ အတွေးတို့လွန်ဆွဲနေတုန်းပင်

....... ဖြစ်နိုင်ပါ့မလား ရှောင်းကျန့်လိုယောက်ျားတစ်ယောက်ကကိုယ်ဝန်ဆောင်နိုင်တယ်ဆိုတာတကယ်ရောသေချာရဲ့လား.....

သူမအတွေးထဲမှာထပ်တလဲလဲမေးနေမိပေမယ့် ထိုအကြောင်းအရာတွေကိုသူမကိုယ်တိုင်မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရတာမလို့ မယုံလို့မရ

ဦးမြတ်မင်းမောင် " ဘာတွေတွေးနေတာလည်း သဲလေး"

လက်မောင်းကိုခေါင်းအုံးကာမေးလိုက်တဲ့သူ၏ ရင်ဘတ်ပေါ်သို့အတွေးလွန်နေတဲ့ အမျိုးသမီးကခေါင်းအုံးလိုက်ပြန်သည်

မြစ်ဖျားထိပ် " အတွေးလွန်နေတာမဟုတ်ပါဘူးကိုကြီးရဲ့ ကိုကြီးပင်ပန်းပြီးအိပ်နေလို့ငြိမ်ငြိမ်လေးနေပေးတာပါ"

ဦးမြတ်မင်းမောင် " လိမ္မာလိုက်တာကွာ"

မြစ်ဖျားထိပ် " ဒါနဲ့လေကိုကြီး ဟိုထိပ်ကိုလပတ်စာရင်းဇယားဖိုလ်တွေ Wang Company ကိုပို့ခွင့်ပေးပါလား"

ဦးမြတ်မင်းမောင် " ဟင် ဘာလို့လည်းသဲလေးရဲ့ အခုနေရာကရောအဆင်မပြေလို့လား"

မြစ်ဖျားထိပ် " ထိပ်အဆင်ပြေပါတယ် ဒါပေမယ့် ထိပ်Wang Company ကို ပြောင်းချင်လို့အဲ့တာ boss မျက်မှန်းတန်းမိအောင်သွားပို့ချင်တာ ကူညီပါနော်"

ဦးမြတ်မင်းမောင် " ခက်တာက အဲ့အလုပ်အတွက်သီးသန့်လူကရှိပြီးသားလေ ဒါပေမယ့် စိတ်ချပါသဲလေးသာလိုချင်ရင် ကိုကြီးကဖြစ်အောင်လုပ်ပေးမှာပေါ့ ဒါမဲ့အဲ့လိုလုပ်ပေးရင်ကိုကြီးကဘာပြန်ရမှာလည်း"

နားသယ်စပ်လေးကိုနှုတ်ခမ်းဖြင့်ပွတ်ဆွဲကာမေးလာတဲ့ဦးမြတ်မင်းမောင်ကြောင့် ထိပ်တစ်ယောက်မခိုးတရို့လေးရယ်မိသည်

မြစ်ဖျားထိပ် " ကိုကြီးကလည်းလေ ကိုကြီးလိုချင်တာပေးမှာပေါ့လို့ ဟွန့်လူဆိုးကြီး"

ဦးမြတ်မင်းမောင် " ဟား ဟုတ်ပါပြီကွာ ကိုကြီးတော့စားရချည်ရဲ့ ဟားဟား"

ဗလာကျင်းဖြစ်နေတဲ့ကိုယ်နှစ်ခုက ကြားလေမတိုးအောင်ပွေ့ဖက်ထားမှုမှာတင်းကျပ်နေဆဲ

မြစ်ဖျားထိပ်ကတော့ ရယ်သံတွေကိုမျက်ကွယ်ပြုရင်း အတွင်းဘက်နံရံတွေကိုကြည့်ကာ နှုတ်ခမ်းတစ်ဖက်တွန့်ချိုးလျက် အတွေးရေယာဉ်၌ဝယ်ကြိမ်းဝါးလိုက်၏

....... အစကတော့ ရိပေါ်ကိုချဉ်းကပ်ပြီးရှောင်းကျန့်ကိုနာကျင်အောင်လုပ်ဖို့တွေးထားပေမယ့် အခုတော့အတွေးပြောင်းသွားပြီ ဒီထက်ပိုပျော်စရာကောင်းအောင်လုပ်ပြမယ် နင်စောင့်ကြည့်နေလိုက်ရှောင်းကျန့် နင်ရောနင့်ဗိုက်ထဲက ကလေးကိုပါငါဘယ်လိုရက်စက်ပြမလဲဆိုတာ.......

.

.

.
Part 35🙆
hello သဲလေးတို့ဒီအပိုင်းနည်းနည်းတိုသွားတယ်ရှင့်😊
Star In My mind လေးကြည့်ရင်း သရေကျနေယို့😅

................

Zawgyi























.

.

.















ထိုသို့ပြောပြီး ခမ်းမထဲဝင်သွားတဲ့မြစ်ဖျားထိပ်က စန္ဒာတို့ကိုလည်းအောင်နိုင်သူတစ်ယောက်လိုသေချာကြည့်သွားဖို့မမေ့ခဲ့ပါ။















မိုးစန္ဒာဝင်း " အေးအေး "

.

.

.
























All " ဘာ!! "

.

.

.
At 8pm









ရှောင်းကျန့် " ကိုကို!"

















.

.

.













ဟင်း....






ရိပေါ် " ကိုကိုပြောတာသေချာနားထောင်နော်ကျန်းချန် ပြောပြထားသလိုပဲလေ ကျန့်ကျန့်က သားသမီးမွေးပေးနိုင်တဲ့ယောက်ျားလေးဖြစ်လို့ အနည်းနဲ့အများတော့ကြောက်တာ ကိုကိုနားလည်ပါတယ် ဒါပေမယ့် ကျေးဇူးပြုပြီး ကိုယ့်ကိုအတ္တကြီးခွင့်ပေးပါကလေး ကိုယ်မင်းမွေးပေးမယ့်ရင်သွေးလေးကိုလိုချင်တယ်"




ရိပေါ် " ဘာများလဲ ကလေး"


ရိပေါ် " ကလေးရာ..."









ရိပေါ် " ကလိုရိုဖီး "

.

.

.



















.

.

.
Part 35🙆

Continue Reading

You'll Also Like

268K 9.3K 106
She was a capitol elite. He was the youngest victor in history. Their friendship was frowned upon, but their love was forbidden. Extended Summary Ins...
1.8M 49.2K 71
𝐅𝐑𝐎𝐙𝐄𝐍 | ❝Ye a cute little thin', aren't ya? I think ye will be mine now...❞ ❆❅❄❆❅ ʙᴏʀɴ ᴏғ ᴄᴏʟᴅ ᴀɴᴅ ᴡɪɴᴛᴇʀ ᴀɪʀ ᴀɴᴅ ᴍᴏᴜɴᴛᴀɪɴ ʀᴀɪɴ ᴄᴏᴍʙɪɴɪɴɢ...
217K 6.3K 73
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
526K 8.1K 83
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...