ထူးထူးဆန်းဆန်း ချစ်ဖူးစာ

By Thwin2004

23.3K 1K 13

BL စာရေးဆရာလေးXZနဲ့ LGBTလက်မခံသူလေးWYBတို့ကြားက အချစ်ချိုချိုလေး More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 34
စာလေးဆုံးသည်အထိ ဖတ်ပေးပါ

Part 33

454 20 0
By Thwin2004

   ရှီးချန် " အားယောင် အခုတလောကိုယ့်ကိုပစ်ထားသလိုပဲနော်"

ဖုန်းထဲက အကို့ရဲ့စကားကြောင့်စာရင်းလေးတွေ စစ်နေရင်း မုန့်ယောင်ပါးချိုင့်လေးနစ်ဝင်သွားသည်အထိ ပြုံးလိုက်မိသည်

မုန့်ယောင် " တောင်းပန်ပါတယ် အကို ကျွန်တော်ဒီရက်ပိုင်း စာမူတွေစစ်နေတာနဲ့မအားလို့ပါဗျ"

တခြားချစ်သူစုံတွဲတွေနဲ့ကွဲပြားတဲ့ အချက်ကတော့ မုန့်ယောင်တို့၂ယောက်လုံးကအနေအေးပြီး တစ်ဦးကိုတစ်ဦးရိုသေကြခြင်းပါ

ရှီးချန် " ကိုယ်က အားယောင်လေးကိုလွမ်းလို့ဒီအတိုင်းပြောလိုက်တာပါ စိတ်ထဲမထားနဲ့နော်"

မုန့်ယောင် " ကျွန်တော်လည်းလွမ်းပါတယ်ဗျ အလုပ်ပြီးတဲ့အချိန်အကို့ကိုဖုန်းခေါ်ဖို့လုပ်ပြန်တော့ အကိုအိပ်ရေးပျက်မှာစိုးတာနဲ့မခေါ်ဖြစ်တာ "

ရှီးချန် " အကိုနားလည်ပါတယ် အားယောင်ကအကို့ထက်အလုပ်ပိုများတဲ့သူပဲလေ ဒါနဲ့စာမူတွေကရောစစ်ပြီးပြီလား ဒီလရောဘယ်လောက်ထုတ်မှာလည်း"

ရှီးချန် အမေးကိုစစ်လက်စ စာမူစာရင်းလေးအားဘေးချကာ ဂရုတစိုက် အလေးထားပြန်ဖြေလိုက်၏

မုန့်ယောင် " အင်း ကျန့်ကျန့်ရဲ့စာမူရရင်ပြီးပါပြီ ဒီလကို၇ယောက်ရဲ့စာမူကိုထုတ်ပေးမယ် ၄ယောက်ကတော့ Shadow ကျန်တာတော့မူရင်းတွေပဲ"

ရှီးချန် " ကျန့်ကျန့်က နောက်ကျတာလား ခါတိုင်းစောတယ်နော်"

မုန့်ယောင် " ဟုတ်တယ်အကိုရဲ့မနေ့ကသူလာမယ်လို့ပြောပြီးမလာဖြစ်ကြောင်းဖုန်းဆက်တယ် "

ရှီးချန် " ဟုတ်ပါပြီ ဒါဆိုအကိုလည်းလုပ်စရာလေးတွေရှိလို့ ဖုန်းချလိုက်မယ်နော် အကူညီတခုခုလိုရင်အကို့ကို အချိန်မရွေးပြောပါအားယောင်"

မုန့်ယောင် " စိတ်ချပါအကို ကျွန်တော်မှတ်ထားပါ့မယ် "

ရှီးချန် " ကောင်းပါပြီဗျာ"

မုန့်ယောင် " အကို..."

ရှီးချန်ဖုန်းချဖို့လုပ်ခါနီး ကြားလိုက်ရတဲ့ချစ်သူလေးရဲ့ ခေါ်သံကြောင့် ဖုန်းမချဘဲပြန်ထူးလိုက်သည်

ရှီးချန်  " ခင်ဗျာ "

မုန့်ယောင် " ချစ်တယ် နော်"

တဖက်မှခတ္တတိတ်ဆိတ်သွားပြီး ပြန်ပြောလာတဲ့ချစ်တယ်ဆိုတဲ့ စကားသံလေးကြောင့် ရှီးချန်တစ်ယောက် သကာရည်လောင်းချခံရသလိုချိုမြိန်သွားရပါ၏

ရှီးချန်  " အင်း အကိုလည်းအားယောင်ကိုအရမ်းချစ်တယ်"

ဒါပါပဲ ချစ်သူဖြစ်လာတဲ့ကာလတစ်လျှောက်လူံး တစ်ဦးကိုတစ်ဦး ဘယ်လောက်ချစ်ကြောင်းမထုတ်ပြတတ်တဲ့ သူတို့အတွက်အခုလိုအချိန်လေးက မင်္ဂလာအဖြာဖြာပင်

.
.
.

"ယနေ့ ရာသီဥတုသာယာမည်"

ဟု မိုးလေဝသဌာနကကြေငြာထားသော်လည်း လောလောလတ်လတ်ထဖောက်တဲ့ အကြောင်းအနည်းငယ်ကြောင့်ရိပေါ်တစ်ယောက်တည်း ကွက်ပြီးမိုးအုံ့နေ၏

အလုပ်နားရက်မလို့ စာမူအပ်ပြီးကျန့်ကျန့်နဲ့ ဒိတ်မယ်လို့တွေးထားပေမယ့် ဆိုင်ထဲရောက်မှ ဝေ့ရင်းfanတွေနဲ့လာတွေ့နေတယ်

အဆိုးလေးကလည်း သူ့fanတွေနဲ့တွေ့တာနဲ့ လူကိုမေ့ပစ်ပြီး အပြုံးလှလှလေးတွေနဲ့ ဖောဖောသီသီတွေချိုသာပြနေတော့၏

ယောက်ျားများအနားကပ်ရင် ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ တစ်ခါတစ်လေစာမူအပ်မယ့်ရက်နီးနေလို့ဆိုပြီး စာကြည့်ခန်းထဲမှာညလုံးပေါက်မယ့်အထိ

ရိပေါ် ဟော့ပေါ့ထဲသို့လိုအပ်သည့်အဆာပလာများထည့်ရင်း ကလေးလေးအားစိုက်မချစွာနဲ့ကြည့်နေမိသည်

ကျစ်!

ဘာလည်း အခုလိုလက်မှတ်ထိုးတာ ကလေးပြုံးပြတာကိုမြင်ရရုံကိုတောင်တော်တော်လေးလွန်နေတဲ့ဟာကို အခုဓာတ်ပုံပါတွဲရိုက်နေတာလား

ရိပေါ် ထိုင်နေရာမှထကာ ကျန့်ကျန့်အနားသို့သွားလိုက်ပြီး

ရိပေါ် " တောင်းပန်ပါတယ် ကလေးကဓာတ်ပုံမရိုက်ပါဘူး ဒီလောက်နဲ့ပဲ ကျေနပ်ကြပါ သူလည်းနားချင်နေပြီ"

ထိုသို့ပြောပြီး ကျန့်ကျန့်လက်ကိုမလွှတ်တမ်းဆွဲခေါ်လာသူကြောင့် သူတို့ကိုပါးစပ်လေးအဟောင်းသားနဲ့ ကြည့်နေတဲ့ fan girls လေးတွေကိုကျန့်ကျန့်အားနာနေမိ၏

ရှောင်းကျန့် " ကိုကိုကလည်း အားနာစရာကြီး "

စားပွဲဝိုင်းပြန်ရောက်တာနဲ့ စတင်လာတဲ့မကျေနပ်သံလေး

ရိပေါ် ဂရုမစိုက်စွာနဲ့ပဲ ပန်းကန်ထဲစားစရာတွေထည့်ပြီး ကျန့်ကျန့်ရှေ့ချပေးလိုက်၏

ရှောင်းကျန့် " ကလေးလားပြော ဓာတ်ပုံလေးရိုက်တာနဲ့စိတ်ကောက်ရအောင်"

ထိုသို့ပြောပြီး ရိပေါ်ရဲ့နှာခေါင်းလုံးလုံးလေးအားဆွဲညှစ်လိုက်၏

ရိပေါ် " ကလေးနဲ့ပတ်သတ်ရင် ဘာမဆိုသဝန်တိုတယ် လက်မှတ်ထိုးပေးရင်တော်ရောပေါ့ ဘာကိစ္စ ပြုံးပြနေရတာလည်း"

ကလေးဆိုးကြီးလိုအမေးမြန်းထူနေတဲ့ရိပေါ်ကြောင့် ကျန့်ကျန့်မှာအသံတိတ်ရယ်ရင်း ပြန်ချော့မိပါသည်

ရှောင်းကျန့် " အာ ယောကျာ်းကလည်း ကိုယ့်ကိုသဘောကျလို့အားပေးတဲ့ပရိတ်သတ်ကို ပြုံးမပြလို့ မျက်နှာကြီးတင်းပြီးဒေါသထွက်ပြနေရမှာလား မကောင်းဘူးလေ"

ရိပေါ် " မသိဘူးကွာ ကလေးအဲ့လိုတစိမ်းတွေကိုပြုံးပြတာမကြိုက်ဘူး "

ရှောင်းကျန့် " ကိုကို့ကိုလေ ကျန့်ကျန့်တကယ်မနိုင်တော့ဘူးသိလား အူပုတ်ကြီး"

ပါးဖောင်းဖောင်းလေး တွေကိုဖျစ်ပြီးစလိုက်တော့ မျက်ခုံးကြီးနှစ်ခုကထိလုမတက်တွန့်ချိုးသွားပါတော့၏

သူ့ကိုရွဲ့တယ်လို့တွေးပြန်ပြီနေမယ်

ရိပေါ် " အူပုတ်တယ်ဘာဖြစ်လည်းကိုယ့်ယောကျာ်းကိုယ်ပုတ်တာ အဲ့လိုအူပုတ်ရင်ရောမချစ်ဘူးလား"

ရိပေါ်ရဲ့ကလေးဆန်ဆန်မေးခွန်းကြောင့် ကျန့်ကျန့်မနိုင်ဘူးဆိုတဲ့သဘောနဲ့သာ ပြုံးလိုက်ပြီး ရှေ့ကမုန့်လေးကိုတူဖြင့်ယူစားလိုက်တော့၏

ဒါကို အနားကနေမဖြေမချင်း ကပ်မေးနေတဲ့လူသားလေးကြောင့် ပါးစပ်ထဲကမုန့်တောင်ကောင်းကောင်းမစားရ

ရိပေါ် " ကလေး ကိုယ်မေးနေတယ်လေ မချစ်ဘူးလားလို့"

ရှောင်းကျန့် " ချစ်တယ် အူပုတ်လေးဖြစ်လည်းချစ်တယ် အူပုတ်ကြီးဖြစ်လည်းချစ်တယ် ဘာတွေပဲဖြစ်ဖြစ်ဟော့ဒီက အမျိုးသားကဝမ်ရိပေါ်ဖြစ်နေရင်ကို ချစ်နေမှာ"

လက်ထဲကတူကိုချပြီး ရိပေါ်မျက်နှာသေချာကြည့်ကာဖြေလိုက်တဲ့ရှောင်းကျန့်ကြောင့် ရိပေါ်တစ်ယောက် လိုချင်တာရသွားတဲ့ကလေးလိုပြုံးပျော်သွားတော့၏

ကျန့်ကျန့်မှာလည်း ထိုအပြုံးလေးတွေမြင်မှစိတ်ချမ်းသာစွာဖြစ်တော့မလိုနဲ့ နောက်ဆက်တွဲရိပေါ်အပြောကြောင့် စောနကမှကိုင်ထားတဲ့လက်ထဲကတူလေး ပြုတ်ကျသွားရတော့၏
ရိပေါ် ပြောလိုက်တာက

" ကိုယ့်ကိုချစ်တယ်ဆိုရင် ဆိုင်ထဲမှာပဲ Public Kiss ပေးပါ " တဲ့။

ကျန့်ကျန့်မှာ ကိုယ့်စကားနဲ့ကိုယ်အခုမှချောင်ပိတ်မိတော့သည်

မနမ်းဘူးပြောရင်လည်း သူ့ကိုမချစ်လို့လို့ပြောဦးမည်

နမ်းပြန်ရင်လည်း ဝေ့ရင်းတစ်ယောက်ဆိုင်ထဲမှာတောင်မရှောင်ဘူးတော်တော်ကဲတယ်ဆိုပြီး
HS တောင်တက်သွားနိုင်သည်

ရိပေါ် " အခုချိန်နမ်းရင်အချိန်မှီသေးတယ်နော် ပြီးမှကိုယ့်ဘက်ကနမ်းရရင်တော့ နမ်းယုံနဲ့ပြီးမှာမဟုတ်ဘူး ဒီဆိုင်ထဲမှာတင် Wpတစ်ပုဒ်ဖြစ်သွားလိမ့်မယ်😎"

လူယုတ်မာလေသံကြီးနဲ့ နားနားကပ်ကာပြောလာတဲ့ ကိုကို့ကြောင့်ကျန့်ကျန့်မှာကိုယ်လေးကျုံ့ထားမိ၏

ရှောင်းကျန့် " ဘယ်သူကမနမ်းဘူးပြောလို့လည်း"

ရိပေါ် " ဒါဆိုလည်း နမ်းလေ😗"

ပြောပြီးအရံသင့်နှုတ်ခမ်းလေးပါထော်ပေးလာတဲ့ ရိပေါ်ကြောင့်ဆိုင်ထဲကလူတွေရဲ့ အာရုံစိုက်ခြင်းကိုခံရတော့သည်

အချိန်အတော်ကြာထိ နှုတ်ခမ်းပေါ်လိုချင်တဲ့ အထိအတွေ့လေးမရောက်လာသဖြင
ရိပေါ်မကျေမချမ်းဖြစ်လာရ၏

ရိပေါ် " မနမ်းဘူးလား ရတယ်..."

ရှောင်းကျန့် "နမ်းမယ် နမ်းပြီမလို့ကိုကိုဆက်မပြောနဲ့တော့ "

ရိပေါ်စကားကိုဖြတ်ပြောကာ တွန့်ဆုတ်တွန့်ဆုတ်နဲ့ အနားကပ်လာတဲ့အဆိုးလေးကြောင့်

စိတ်မရှည်တတ်သူပီပီရိပေါ် ခါးမှဆွဲကာအနားကပ်လိုက်၏
ရုတ်တရက် လန့်သွားလို့ဝိုင်းစက်သွားတဲ့မျက်ဝန်းကျယ်ကျယ်လေးနဲ့အတူ ရင်ဘတ်ပေါ်ကအင်္ကျီကိုဆုပ်ကိုင်လျက်သားဖြစ်နေတဲ့ကျန့်ကျန့်

ဆိုင်ထဲကလူတွေကလည်း မျက်တောင်မခတ်တမ်းငေးကာ vdခိုးရိုက်ကြတော့၏

ရိပေါ်ကမျက်လုံးလေးဝင့်ကာ ဘယ်လိုလည်းဆိုတဲ့အကြည့်ကြောင့် ကျန့်ကျန့်မှာမရှိတဲ့တံတွေးမျိုချကာ ရိပေါ်နှုတ်ခမ်းပါးဆီဦးတည်လိုက်၏

ရွှတ် !

ထိရုံနဲ့ပြန်လည်ဆုတ်ခွာဖို့လုပ်နေသူကြောင့် ရိပေါ်အားနေတဲ့ညာဘက်လက်ဖြင့် အဆိုးလေးလည်တိုင်လေးအားထိန်းကိုင်ရင်း ချိုမြိန်တဲ့အနမ်းတို့ကို ပြန်လည်အသက်သွင်းခဲ့ပြန်သည်

" ဝါး အိုး!"

ဆိုင်ထဲကလူတွေရဲ့ အော်သံတွေကြောင့်အရှက်သည်းသူလေးက ရင်ဘတ်တွေကိုတွန်းလှန်ခဲ့ပေမယ့် ခွန်အားချင်းမမျှတဲ့ ပြိုင်ပွဲတစ်ခုဖြစ်လို့

လက်လျော့ကာ နောက်ဆုံးတော့ အနမ်းတွေကိုလိုလိုလားလားနဲ့ ပြန်လည် တုံပြန်ပေးခဲ့သည်

အဆုံးသတ်အနမ်းလေးကိုရိပေါ်ဘက်က ပေးသည့်အနေနဲ့နှုတ်ခမ်းအောက်ကမှည့်နက်လေးအားစုပ်ယူပြီးအနမ်းတို့အားရပ်ဆဲလိုက်၏

မျက်နှာတစ်ခုလုံးပေါက်ထွက်မတက်ရဲကာ ရှက်နေတဲ့အဆိုးလေးကြောင့်ရိပေါ်မှာ ရင်ခွင်ထဲထည့်ကာ ကွယ်ပေးလိုက်ရပြီး နှုတ်ခမ်းထက်မှာတော့မူပိုင်အပြုံးနဲ့ဂုဏ်ဆာနေခဲ့ပါသည်

I't me😎

ကျန့်ကျန့်ခဗျာ ရှက်တာရော မောတာရောကြောင့်ခေါင်းပင်မဖော်ရဲဘဲ ကိုကို့ရင်ခွင်ထဲကိုပိုတိုးလို့ဝင်နေမိတော့တယ်

..... ကိုကိုအရမ်းဆိုးတယ် လူကိုအမျိုးမျိုးအကျပ်ကိုင်ပြီးတော့ လန့်အောင်လုပ်တဲ့လူဆိုးကြီး ကျန့်ကျန့်ကိုကိုက တကယ်ဆိုးတယ်....
.

.
.
တောက်!

ဒေါသတကြီးနဲ့ခုံကိုလက်သီးဆုပ်ဖြင့် ထုချလိုက်တဲ့မြစ်ဖျားထိပ်

မြူ ခိုးဝေဝေ " အလန့်တကြားနဲ့ထိပ်ရယ် ဘာဖြစ်တာလဲ "

ခိုးမေးလည်းမေး ထိပ်လက်ထဲကဖုန်းကိုဆွဲယူကာကြည့်လိုက်တော့

ထိပ်ဘာကိုဒေါသထွက်သွားလည်းဆိုတာသဘောပေါက်လိုက်သည်

ဟူး..သက်ပြင်းမောလေးချရင်း
ထိပ်နဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်၏

ထိပ်ကသူ့မိသားစုနေတဲ့အိမ်မှာစုနေတာ မဟုတ်ဘဲခိုးဝယ်ပေးထားတဲ့တိုက်ခန်းမှာနေခြင်းပင်

မြူ ခိုးဝေဝေ " ငါလုံးဝမကျေနပ်ဘူး ငါ့ကျတော့လူတွေကဝိုင်းလှောင်ရယ်ပြီး မကောင်းတဲ့သူလို့သိကြတယ် သူတို့ကျတော့ ချစ်သူခင်သူတွေပေါများပြီး ရွှေလက်မြဲဖို့ဆုတောင်းပေးခံရတယ်ဒါတရားလို့လား"

မြူ ခိုးဝေဝေ " ဖြစ်လာတဲ့ကံကြမ္မာကိုငါတို့မှမပြောင်းလဲနိုင်တာထိပ်ရယ် ပြီးတော့ရှောင်းကျန့်ကအရင်ထဲက လူသိများတဲ့သူလေ အခုတင်တဲ့post ကလည်းသူ့fanတွေတင်တာဆိုတော့သူတိူ့ကောင်းကြောင်းပဲပါမှာပေါ့"

မြစ်ဖျားထိပ် " အဲ့ကံကြမ္မာကိုငါရအောင်ပြောင်းလဲပစ်မယ်ခိုး ဝမ်ရိပေါ်ကိုချစ်လို့ငါအခုလိုဖြစ်ရတာ သူ့ကိုချစ်မိလို့ငါတို့ဘဝတွေဒုက္ခရောက်ရတာ ဒါ့ကြောင့် သူအရမ်းချစ်တဲ့ရှောင်းကျန့်ကိုလည်းငါ့ကိုမျိုး  နာကျင်မှုဆိုတာဘာလည်းသိရအောင် လုပ်ပြမယ်"

မီးဝင်းဝင်းတောက်မျက်လုံးတွေနဲ့ပြောလာတဲ့ ထိပ်ကြောင့်ခိုးမှာ ထိတ်လန့်သွားရသည်

မြူ ခိုးဝေဝေ " အချစ်ကချစ်နေရရင်ပြည့်စုံပါတယ်ထိပ်ရယ် နင်ကတကယ်တော့ရိပေါ်ကိုချစ်တာမဟုတ်ဘူးဟ နင့်ကိုယ်နင်ချစ်တာ နင့်အပိုင်ဆိုတဲ့အတ္တကြောင့်နင်ရိပေါ်အနားကလူတွေကိုမုန်းနေတာ တကယ်ဆိုနင်လည်းရိပေါ်ကိုရှောင်းကျန့်လောက်မှမချစ်နိုင်တာ"

မြစ်ဖျားထိပ် " တော်လိုက်တော့ မြူ ခိုး ငါ့ကိုဝေဖန်မယ့်အစား ငါနဲ့အတူလက်တွဲပြီးငါ့ဆန္ဒတွေကိုသာဖြည့်ဆည်းပေးပါ ဒါဆိုငါနင့်ကိုကျေးဇူးတင်မိမှာ"

မြူ ခိုးဝေဝေ " ကျန်တဲ့အရာဆိုငါကူညီချင်ပေမယ့် အခုဟာကနင့်ဘဝပျက်မယ့်ကိစ္စဆိုတော့ငါမကူညီပါရစေနဲ့ထိပ်ရယ် "

မြစ်ဖျားထိပ် " ကာယံကံရှင်ဖြစ်တဲ့ငါက လိုလားလို့တောင်းတဲ့အကူညီမလို့နင်စိတ်သန့်သန့်နဲ့ကူညီပါ ဒါကငါ့အတွက်ရိပေါ်တို့နဲ့နီးစပ်ဖို့အကောင်းဆုံးအခွင့်ရေးပဲ"

COOL ရဲ့ဌာနမှူးဦးမင်းမြတ်မောင် နဲ့ရင်းနှီးမှူယူပြီး Wang Company ကိုသွားနိုင်ဖို့အစီစဉ်ပင်

ခိုး ဒယ်ဒီ့ရဲ့အကူညီနဲ့ဦးမင်းမြတ်မောင်နဲ့ ထိပ်ကိုမိတ်ဆက်ပေးခဲ့ပေမယ့် ယခုအခါ ထိပ်က COOL ရဲ့စာရင်းအင်းဆိုင်ရာ fileတွေ
တွေကို Wang company ဆီအပတ်စဉ်သွားပို့နေတဲ့ ဦးမင်းမြတ်ရဲ့လူရုံဖြစ်ဖို့အရေးဘာပဲလုပ်ရလုပ်ရ လုပ်မည်တဲ့လေ

ဦးမင်းမြတ်ဆိုတဲ့စားဘဲကြီးက. ထိပ်လိုမိန်းမလှလေးကိုလက်လွတ်ပေးမည်ဆိုတာဘယ်နည်းနဲ့မှ မဖြစ်နိုင်

သူလိုချင်တာယူလိမ့်မယ်မဟုတ်လား
ခိုးကတော့အတွေးနဲ့တင် ကျက်သီးတဖျန်းဖျန်းထရ၏

မြူ ခိုးဝေဝေ " နင်တကယ်ပဲအဲ့လိုလုပ်မှာသေချာလားထိပ် ဦးမင်းမြတ်အကြောင်းနင့်သိပါတယ် သူနင့်ကိုလက်လွှတ်ပေးမှာမဟုတ်ဘူး ပြီးမှနင်နောင်တမရနဲ့နော်"

ခိုးရဲ့စကားကို ရယ်စရာပြက်လုံးတစ်ခုလိုသဘောထားပြီး အားရပါးရရယ်လိုက်တဲ့ထိပ်ကြောင့် ခိုးဘာမှဆက်မပြောတော့ပေ။

......နောင်တဆိုတာ နောက်မှရတတ်တဲ့အရာမလို့ နင်အခုချိန်မှာရယ်နေနိုင်တာပါ ကိုယ်တိုင်ဒုက္ခကြုံလာရရင်နင်အခုလိုရော ရယ်နေနိုင်ပါ့မလား သူငယ်ချင်းရယ်...

.

.

.
ကျန်းချန် " စကားပြောရအောင် မောင်"

ကျန်းချန်သည်းမခံနိုင်တော့သည့်အဆုံး ဝန်းနင်ရုံးခန်းအထိလာကာ ပြောလိုက်ခြင်းဖြစ်သည်

မနေ့ညထဲက ဘာတွေစိတ်ကူးပေါက်ပြီးပြောလာမှန်းမသိဘူး

လက်ထပ်ကြမယ်တဲ့အချိန်ကြာကြီးမစောင့်နိုင်တော့ဘူးတဲ့

ကျန့်ကျန့်တို့လက်ထပ်ထားတာပဲ၄လကျော်ပြီတဲ့သူလည်းလက်ထပ်ချင်ပြီဆိုပြီး ဂျီကျနေတာကြောင့်ကျန်းချန်ဆူလိုက်တာ မနက်ကလည်းစကားမပြော နံနက်စာလည်းမစားဘဲအလုပ်ကိုတန်းလာခဲ့တဲ့လူဆိုးကောင်

လူကိုအဖတ်လည်းမလုပ်တဲ့အပြင် ဂရုမစိုက်စွာနဲ့ရှောင်ဖယ်ဖယ်လုပ်နေ၏

အစကတော့ ကျန်းချန်ထိုသို့ကလေးဆန်ဆန်အပြုအမူတွေကိုသဘောမကျပေမယ့် ထိုသိူ့ပြုမူနေသူကချစ်ရတဲ့သူဖြစ်နေတာကြောင့် သူ့မှာချော့ဖိူ့လာလိုက်ပါသည်

ဝန်းနင် " ဒါအလုပ်ချိန်နော်ကျန်းချန် အလုပ်နဲ့ကိုယ်ရေးကိုယ်တာခွဲခြားထားပါ"

လူကိုတစ်ချက်သာမော့ကြည့်ပြီး Laptop ကိုသာကြည့်မြဲအတိုင်းအာရုံစိုက်နေတဲ့ဝန်းနင်ကြောင့် ကျန်းချန်စိတ်ထဲမတင်မကျ

အရင်ကဆိုကိုယ်ကသွားပါတော့လို့ဆိုရင်တောင် အနားမှာတောက်တဲ့လိုကပ်နေတဲ့ကောင်လေးက အခုတော့ ကိုယ့်ကိုအလိုမရှိဘူးဆိုတာလောက်ခံစားရတာမရှိဘူး

အဲ့လိုတွေးပြန်တော့လည်း မဆီမဆိုင်ရင်ဘတ်ကအောင့်လာပြီးဝမ်းနည်းရပြန်တယ်

ကျန်းချန် " ငါ့ကိုတကယ်ပဲအလိုမရှိတာလားဝန်းနင် "

ခပ်အတ်အတ်အသံနဲ့ပြောလေတဲ့ကျန်းချန်စကားကို မော့မကြည့်ဘြဲပန်ဖြေလာတဲ့ဝန်းနင်

ဝန်းနင် " မင်းအတွက်မောင်ကရော အရေးပါဘူးလို့လား "

ကျန်းချန် " တကယ်ပဲငါ့ကို..မလိုလားတော့ဘူးပဲ"

ဝန်းနင် " မောင့်အချစ်ကိုမင်းမှတန်ဖိုးမထား.. ဟာ အချစ်!"

ဝန်းနင် ခံစားရသမျှတွေပြောပြနေတုန်း မြင်လိုက်ရတဲ့မျက်ဝန်းညို့ညို့လေးတွေနဲ့ ပါးပြင်ပေါ်ကမျက်ရည်စတစ်ချို့ကြောင့် ဝန်းနင်လန့်ကာကျန်းချန်အနားဘယ်လိုရောက်လာမှန်းတောင်မသိ

ဝန်းနင် " ဘာလို့ငိုတာလဲကွာ မောင်ကစိတ်ဆိုးလို့ပြောမိတာလေ မငိုပါနဲ့ "

ပါးပေါ်ကမျက်ရည်စတွေအား သုတ်ပေးရင်းပြောလိုက်ပေမယ့်ချစ်ရသူကပိုတိုးလို့ငိုလာပါ၏

ကျန်းချန် " မင်းမှငါ့ကိုမချစ်တော့တာ ငါဝမ်းနည်းတာပေါ့😭"

ဝန်းနင် "မငိုပါနဲ့ကွာ မောင်ကမချစ်ဘူးလို့ ဘာလို့ပြောရတာလည်း ချစ်လွန်းလို့ပိုင်ဆိုင်ချင်တာရူးမတက်ဘဲ"

ကျန်းချန် " မင်းမှငါ့ကိုမလိုအပ်တော့ဘူးဆိုတော့ မချစ်တာပေါ့"

ဝန်းနင် " ဒီမှာမောင့်ကိုကြည့် မောင်ကလေကျန်းချန်ဆိုတဲ့မောင့်အချစ်ကို အရမ်းချစ်တာသိလား ပြောမပြတတ်အောင် ချစ်တာကွ ဒါ့ကြောင့်အချစ်ကနောက်ဆိုမောင့်ကိုမချစ်ဘူးလို့မတွေးနဲ့ အဲ့ဒါကမောင့်ရင်ဘတ်ကိုနာကျင်စေတယ်"

ကျန်းချန်လက်တစ်ဖက်ကိုဆွဲယူကာ သူ့ရင်ဘတ်ပေါ်တင်ပြီးပြောလိုက်တော့ မျက်ရည်အပြည့်နဲ့မျက်ဝန်းလေးတွေကမော်ကြည့်လာ၏

ကျန်းချန် " ငါလည်းမင်းကိုချစ်တယ်မောင် မခွဲနိုင်လောက်အောင်ငါမင်းကိုချစ်မိနေပြီမလို့ ငါ့ကိုထားခဲ့ဖို့မတွေးပါနဲ့ ငါမင်းပြောတဲ့အတိုင်းလက်ထပ်ပါ့မယ် အဲ့အစားငါ့ကိုပိုချစ်ပေးပါ ပိုဂရုစိုက်ပေးပါ မင်းဆီကအဲ့လိုဂရုစိုက်မှုတွေရတာငါပျော်လို့"

ဝန်းနင် ရင်ခွင်ထဲတိုးဝင်ကာဆိုလာ
တဲ့ချစ်ရသူကြောင့် ဝန်းနင်ပျော်ရွှင်သွားလေသည်

ဝန်းနင် " စိတ်ချပါ မောင်ကမင်းကိုအများကြီးပိုချစ်ပါ့မယ် မင်းမနေတတ်လောက်တဲ့အထိ အဆုံးမဲ့ချစ်ခြင်းတွေနဲ့ပေါ့"

ကျန်းချန် " ချစ်တယ်မောင် အရမ်းပဲ"

ထိုသို့ပြောပြီး ဝန်းနင်နှုတ်ခမ်းဆီဖိကပ်လာတဲ့အနမ်းတစ်စုံနဲ့အတူ ရင်ခုန်သံတို့ဝုန်းဒိုင်းကျဲလျက်

.

.

.
မိုးစန္ဒာဝင်း "ဟဲ့ကြားပြီးကြပြီလား "

ဝင်းလဲ့လဲ့မိုး " ဘာကိုလည်းဟ"

မိုးသန္တာဝင်း " အသစ်ထွက်မယ့်အကိုကျန့်ရဲ့စာအုပ်မလား မပြောနဲ့ငါတို့သိပြီးပြီနောက်၃ရက်နေ့ရင် ဝယ်လို့ရပြီ"

မိုးစန္ဒာဝင်း " ငနာမလေး ငါပြောတာလည်းဆုံးအောင်နားထောင်ပေးပါဦးဟ ငါပြောမှာကျန့်ကျန့်စာအုပ်အကြောင်းမဟုတ်ဘူး မြစ်ဖျားထိပ်အကြောင်း"

မိုးသန္တာဝင်း " ဘာ! "

ဝင်းလဲ့လဲ့မိုး " မြစ်ဖျားထိပ်ဟုတ်လား!"

အရောင်းဌာနအတွင်း စာရင်းမလုပ်ဘဲစကားစုပြောနေတဲ့အဖွဲ့ကဖြစ်တဲ့စန္ဒာတို့ရဲ့စကားဝိုင်းပါ

ကျန်တဲ့နေရာမှာသာ ၃ယောက်သားမတည့်ချင်နေမယ်

မြစ်ဖျားထိပ်ကိစ္စနဲ့ပတ်သတ်ရင်လုံးဝရဲဘော်ရဲဘတ်တွေပဲ

မိုးစန္ဒာဝင်း " အေး အခုမြစ်ဖျားထိပ်ကဘာလုပ်နေလည်းသိလား"

မိုးသန္တာဝင်း " ဘာလုပ်နေတာလဲ "

မိုးစန္ဒာဝင်း " ဟိုနေ့ကငါစျေးထွက်ဝယ်ရင်း မြစ်ဖျားထိပ်နဲ့ COOL စက်ရုံကဌာနမှူးကိုသိတယ်မလား"

ဝင်းလဲ့လဲ့မိုး " အသက်ကြီးကြီးခပ်ဖြောင့်ဖြောင့်နဲ့လူမလား "

ဝိုးတိုးဝါးတားဖြစ်နေတဲ့ မိုးစကားကိုစန္ဒာခေါင်းညှိမ့်ကာအတည်ပြုလိုက်၏

မိုးသန္တာဝင်း " အဲ့တာဘာများထူးဆန်းလို့လည်း ဦးမြတ်မင်းမောင်က မြစ်ဖျားထိပ်တို့အလုပ်ကယာယီခေါင်းဆောင်ပဲမလား "

မိုးစန္ဒာဝင်း " ထူးဆန်းတာပေါ့ဟ အခုဟာက Hotel တစ်ခုတည်းပုခုံးဖက်ပြီးဝင်သွားတာဟ ခေါင်းဆောင်နဲ့ငယ်သားကအဲ့လို  Hotel ကိုသွားမလားဟဲ့"

ဝင်းလဲ့လဲ့မိုး " မြစ်ဖျားထိပ်က ငါတို့bossကို ကြွေနေတာမဟုတ်ဘူးလား ဘာလိူ့သူကဦးမြတ်မင်းနဲ့တွဲရတာလည်း"

မိုးမေးတာလည်း သဘာဝကျနေသဖြင့် စန္ဒာခေါင်းကုပ်ကာစဉ်းစားနေပေသည်

မိုးသန္တာဝင်း " သူတစ်ခုခုကြံစည်နေတာများလား "

မိုးစန္ဒာဝင်း " ဦးမြတ်မင်းကိုကပ်ရင်သူ့အတွက် ဘာရမှာမလို့လည်း "

ရှင်းလေရှုပ်လေဖြစ်နေတဲ့ သူတို့၃ယောက် ကျန်းချန် လာမှစကားပြောခန်းရပ်စဲပြီး ဟန်မပျက်အလုပ်သာဆက်လုပ်နေကြ၏

ကျန်းချန် " ဟိတ်! အမယ်အလုပ်တွေကြိုးစားနေလို့ပါလား "

မိုးသန္တာဝင်း " အကိုကျန်းချန်ကလည်း ညီမတို့ကအမြဲအလုပ်ကြိုးစားနေသူပါနော်"

ကျန်းချန် " အံမယ်ငါမသိဘူးမှတ်နေလား ငါမရှိရင်စကားခိုးပြောနေတာဘယ်သူတွေလည်း "

ဝင်းလဲ့လဲ့မိုး " ဟီး😁 တစ်ခါတစ်လေပါအကိုကလည်း"

မိုးစန္ဒာဝင်း " ဒါနဲ့ လက်ထဲကဘာတွေလည်း အကို"

ကျန်းချန်လက်ထဲကိုင်ထားတဲ့ အထုပ်လေးအားကြည့်ကာမေးလိုက်တဲ့ စန္ဒာကြောင့်ကျန်းချန်လာရင်းကိစ္စကိုသတိရသွားသည်

ကျန်းချန် " ဟုတ်သားပဲ မေ့တော့မလို့ဒါလေးလာပေးတာ "

စာအိတ်အနီလေး၃အိတ်ကို တစ်ယောက်တစ်အိတ်ပေးကာဆိုလေတဲ့ ကျန်းချန်

မိုးသန္တာဝင်း " အကိုဒါက!"

အံ့အားသင့်ကာမေးလာတဲ့ သန္တာ့ကိုခေါင်းညိမ့်ကာ ရှက်ပြီးလည်တိုင်လေးပွတ်နေတဲ့ကျန်းချန်ပါ

ကျန်းချန် " ဟုတ်တယ် အကိုတို့လက်ထပ်ကြတော့မယ် သဘက်ခါကျရင်လေ အဲ့တာညီမတို့ကိုလာဖိတ်တာ

မိုးစန္ဒာဝင်း " စိတ်ချပါ ညီမတို့ဆက်ဆက်လာမယ် ပြေးကြည့်မှဒီဌာနကအပျိုကြီးပဲရှိတာကို"

ဝင်းလဲ့လဲ့မိုး " ဟုတ်တယ်အကိုကျန်းချန် အကို့ကိုယ်အပျိုကြီးဖြစ်မယ်လို့ပြောတဲ့သူတွေကို ပတ်ကြွားပစ်လိုက် ငါလင်ရပြီလို့"

ရင်ဘတ်ကိုလက်မလေးနဲ့ထိုးကာ ဟန်ပါပါပြောလာတဲ့ မိုးကြောင့်ကျန်းချန်မှာ စိတ်မဆိုးတဲ့အပြင်ရီပါရီမိတော့၏

ကျန်းချန် " တော်ပြီငါ့ကိုတော်ယုံပဲနှိမ် ဒါဆိုဟိုဘက်ကိုလည်းသွားဖိတ်လိုက်ဦးမယ် ဆက်ဆက်လာနော်"

All " Yes! sir"

ရိပေါ်တစ်ယောက် ဒီရက်ပိုင်းCompany မှာအလုပ်တွေစုပုံနေ၏

အကြောင်းကတော့ ချစ်သယ်ရင်းကြီးဝန်းနင်နဲ့ ချစ်လှစွာသောခင်ပွန်းလေးရဲ့သူငယ်ချင်း ကျန်းချန်တို့ရဲ့ Wedding ကြောင့် သူတို့အလုပ်မလာတော့ ကိုယ်တစ်ယောက်တည်းတိုင်ပတ်နေရသည်

ရှောင်းကျန့် " ကိုကို"

ရိပေါ် " ဟင်ကလေး ဘယ်သူနဲ့လာတာလည်း "

ကျန့်ကျန့် ရိပေါ်အမေးကိုမဖြေဘဲနှုတ်ခမ်းလေးဆူကာ ဆိုဖာမှာသွားထိုင်လိုက်တော့

ရိပေါ်ကောက်သွားပြီဖြစ်တဲ့အဆိုးလေးကြောင့်ပြုံးမိသွားရသည်

ရိပေါ် " ကိုကို့ကလေးလေးက စိတ်ကောက်သွားတာလားပြောပါဦး"

ထိုသို့ပြောပြီး ကျန့်ကျန့်အနားသို့လာကာ ပုခုံးလေးဖက်လိုက်တော့ လက်ကိုဖယ်ချလိုက်၏

ရိပေါ် " ဟောဗျာ ယောကျာ်းကိုတောင်အထိမခံတော့ပါလား ပြဿသ နာကကြီးတယ်ထင်တယ်"

ပါးလေးကိုဆွဲကာစလိုက်တာ့ ပေကပ်ကပ်လေးပြန်ကြည့်ကာရန်တွေ့တော့တယ်

ရှောင်းကျန့် " ကိုကို့ကိုယ်ပြောထားတယ်လေ ကျန်းချန်တို့Wedding သွားဖို့အဲ့တာအင်္ကျီသွားရွေးမယ် နေ့လယ်ပြန်လာပါလို့ အခုလူလည်းမလာစာလည်းမရတော့ ကျွန်တော်ကပဲလိုက်လာရတာပေါ့"

ရိပေါ်အခုမှ သူအလုပ်ပိပြီးမေ့နေတဲ့အကြောင်းကိုသတိရသွားပြီး အသံတိတ်ရယ်မိတော့၏

ကျယ်ကျယ်ရီမိရင်ပြဿသ နာပိုကြီးသွားနိုင်သည်မလား

ရိပေါ် " sorry ကွာကိုယ်အလုပ်တွေအရမ်းများလို့မေ့သွားတာ ဖုန်းကလည်းslient ဖြစ်နေတယ်ထင်တယ် ကလေးခေါ်တာမကြားလိုက်ဘူး "

ရှောင်းကျန့် " ဟွန့်😒"

အခုထိဆူထားသေးတဲ့ နှုတ်ခမ်းလေးကြောင့်ရိပေါ်အသည်းယားမိ၏

နောက်ပြီးစိတ်တိုနေလို့ပြောတဲ့ပုံကိုက ကျွန်တော်တဲ့

အရင်ကဆိုသူ့ကိုယ်သူကျန့်ကျန့်လို့သုံးနေကျကောင်လေးကလေ

ရိပေါ် " ကလေးကရက်စက်လိုက်တာကွာ သူ့သူငယ်ချင်းမင်္ဂလာဆောင်သွားရင်ဝတ်ဖို့ အင်္ကျီရွေးမှာကို တစ်နေ့လုံး အလုပ်ပုံထဲခေါင်းစိုက်နေရတဲ့ ယောက်ျားကမေ့သွားတာကိုစိတ်ကောက်ရတယ်လို့ ယောက်ျားကိုပြောတဲ့ပုံကကျန့်ကျန့်တောင်မဟုတ်တော့ဘူး ကျွန်တော်တဲ့လား စိတ်မကောင်းဘူးကွာ"

ရိပေါ်အကဲလေးပိုကာ ချွဲလိုက်ပြီးကျန့်ကျန့်ပုခုံးပေါ်မှီလိုက်တော့
ထိုကလေးကစိတ်ကောက်နည်းနည်းပြေပုံရသည်

ဒါ့ကြောင့်
လက်သေးသေးသွယ်သွယ်လေးက ခေါင်းပေါ်ရောက်လာပြီး ပွတ်သတ်ပေးတော့တာပေါ့

ရှောင်းကျန့် " စိတ်ကောက်တာမဟုတ်ဘူး စိတ်မကောင်းတာ "

ရုတ်တရက် ထွက်ပေါ်လာတဲ့အသံပိစိလေးကြောင့် ရိပေါ်ခေါင်းလေးငဲ့ကာ ပြန်ကြည့်လိုက်၏

ရှောင်းကျန့် " ကျန့်ကျန့်ကိုမေ့ထားတဲ့ အလေးမထားတဲ့ကိုကို့ကြောင့် မအားလို့မလာနိုင်ကြောင်းဖုန်းလေးတောင်မဆက်တဲ့ကိုကို့ကြောင့် စိတ်မကောင်းဖြစ်မိတာ "

ရိပေါ် " ကလေး!"

ရိပေါ် ခေါင်းပေါ်ကလက်ကလေးကိုဆွဲကာသူ့ရင်ဘတ်ပေါ်တင်လိုက်ပြီးဆုပ်ကိုင်ထားလိုက်၏

ရိပေါ် " အလေးမထားတာမဟုတ်ဘူး သွားလေရာခေါ်ချင်လောက်တဲ့အထိကို အနားမှာထားချင်တာ မေ့ထားတာမဟုတ်ဘူး ကလေးနဲ့ကိုယ့်အတွက်ဝတ်စုံကို ကြိုမှာထားပြီးသား ပြန်ရောက်ရင်Surprise လုပ်မလို့တွေးထားလို့ဖုန်းမဆက်တော့တာ ကိုယ့်ကြောင့်ကလေးစိတ်မကောင်းဖြစ်သွားရတာပေါ့ ကိုယ်တောင်းပန်တယ်နော် နောက်ကိုကလေးဘက်လည်းကိုယ်တွေးပေးမယ်"

ရိပေါ်စကားကြောင့် ကျန့်ကျန့်မျက်ဝန်းအိမ်မှ မျက်ရည်ဥလေးတွေလိမ့်ကာ ပါးပြင်ထက်သို့ကျဆင်းလာရ၏

ရှောင်းကျန့် " အင့်! ကျန့်ကျန့်ကအဲ့သဘောမျိုးပြောတာမဟုတ်ပါဘူးကိုကို ကျန့်ကျန့်တကယ်မသိတာပါ အဝတ်စားကို ကိုကိုကြိုပြီးစီစဉ်ထားတယ်ဆိုတာ စိတ်မဆိုးပါနဲ့နော်ကိုကို ကျန့်ကျန့်တောင်းပန်ပါတယ်"

မျက်ဝန်းငယ်လေးတွေနဲ့တောင်းပန်နေတဲ့ ချစ်ရသူကြောင့်ရိပေါ်မှာ အကြင်နာပိုရပြန်တယ်

ရိပေါ် " တောင်းပန်ဖို့မလိုပါဘူးကွာ ကိုကိုကဗွေမယူပါဘူး"

ရှောင်းကျန့် " ဟီး😁 ကျန့်ကျန့်အရမ်းပျော်တာပဲ"

ရိပေါ် " ဘာလို့လည်းကလေး "

ချက်ခြင်းအပြောင်းအလဲမြန်လွန်းတဲ့ ကလေးလေးအားအချစ်ပိုစွာ ဖြင့်
ရိပေါ်အဆိုးလေးကိုပွေ့ကာ ပေါင်ပေါ်တင်လိုက်ပြီး ခါးလေးဖက်ထားကာမေးလေ၏

ရှောင်းကျန့် " ဟုတ်တယ်လေ ဒီလောက်ချောမောခန့်ညားတဲ့ အမျိုးသားကကျန့်ကျန့်ယောက်ျားဖြစ်နေလို့လေ ကျန့်ကျန့်အရမ်းပျော်တယ် ပြီးတော့ကိုကိုကကျန့်ကျန့်ကိုလည်းအများကြီးချစ်ပေးတယ် ယောက်ျားပင်ပန်းတာကိုဂရုမစိုက်ဘဲစိတ်ကောက်တာမဟုတ်ပါဘူး ကျန့်ကျန့်တကယ်မသိလိုက်လို့ပါ ကိုကိုအလုပ်တွေပိနေတာကိုလေ စိတ်ချပါနောက်ဆိုကျန့်ကျန့်က ယောက်ျားအလုပ်တွေကိုအရင်လိုဝိုင်းကူပေးမယ်နော်"

ရိပေါ် " ကလေးတကယ်ပြောတာလား! "

ရိပေါ်အမေးကို ကျန့်ကျန့်ရိပေါ်ပါးလေးကိုအနမ်းခြွေကာ ခေါင်းညိမ့်လိုက်၏

ရိပေါ် " ကျေးဇူးပါ ကလေး မင်းလေးကကိုယ့်အတွက်အနွေးဓာတ်ပေးမယ့်နေရောင်ခြည်နဲ့တူသလို အေးမြစေတဲ့စိမ့်စမ်းရေနဲ့လည်းတူတယ် ပြီးတော့ကိုယ်ဘယ်နေရာပဲရောက်ရောက်အမြဲသတိရနေစေတဲ့ မေတ္တာအိမ်လေးနဲ့လည်း တူတယ် ဒါ့ကြောင့်မင်းလေးသာကိုယ့်ဘေးနားမှာမရှိရင် ဘဝဆိုတာကိုယ့်အတွက် ဗလာနတ္ထိဖြစ်နေတဲ့ ပင်လယ်ကြီးလိုပဲ ငြိမ်သက်နေလိမ့်မယ် "

ရိပေါ်စကားကို ကျန့်ကျန့်ပြုံးပျော်စွာနားထောင်ရင်း
ရိပေါ်ပါးပြင်လေးကို လက်နဲ့ပွတ်သတ်ကာကျီစယ်နေသည်

ရှောင်းကျန့် " စိတ်ချပါကိုကို ကိုကိုရဲ့ရင်ခွင်ပင်လယ်ကြီးကိုငြိမ်သက်မနေအောင် အချစ်လှိုင်းလေးတွေနဲ့ကျန့်ကျန့်တိုက်စားပေးပါ့မယ် ဒါပေမယ့် ခံနိုင်ရည်မရှိတဲ့ကျောက်ဆောင်တွေလိုတော့ကြာရင် အချစ်တွေလျော့ပြီးပျက်စီးမသွားပါနဲ့နော် အဲ့အခါပင်လယ်ကြီးမှာမျက်ရည်လှိုင်းတွေထန်လိမ့်မယ်"

ရိပေါ် စကားတတ်လွန်းတဲ့ စာရေးဆရာလေးအားနှုတ်ခမ်းရဲရဲလေးကို ပြွတ်ခနဲမြည်အောင်ဆွဲနမ်းလိုက်ပြီး

ရိပေါ် " စိတ်သာချ ကြာကြာတိုက်စားယုံနဲ့ပြိုကျသွားရအောင် ကိုယ့်အချစ်ကကျောက်ဆောင်တစ်ခုလည်းမဟုတ်သလို လွယ်လွယ်နဲ့ပျက်စီးတတ်တဲ့ကြေမွစာတွေလည်းမဟုတ်ဘူးလေ ဘဝအဆက်ဆက်ကဆုတေခဲ့ဖူးတယ့် တောင်းဆုနဲ့ နှစ်ပေါင်းများစွာက အတူတူချခဲ့ဖူးတယ့်ရေစက်တွေကြောင့်ဖြစ်တည်လာတဲ့ နှလုံးသားဖူးစာမလို့ ဘယ်လိုအခက်အခဲပြဋ္ဌာန်းချက်နဲ့မှ ဖျက်စီးလို့မရဘူး အဲ့တာကိုယုံ "

ရှောင်းကျန့် " အွန်း ယောက်ျားကိုယုံပြီးသား"

ကျန့်ကျန့် ယုန်သွားလေးတွေပေါ်သည်အထိပြုံးကာ ကျေနပ်သွားပြီး ရိပေါ်ပုခုံးပေါ်မေးတင်လျက်တင်းကျပ်စွာ ဖက်ထားလိုက်ပြီး ကိုယ်သင်းနံ့လေးအားခိုးရှူ လိုက်တော့၏

သေချာတယ် CEO Wang စကားတွေတတ်လာတာ ခင်ပွန်းသည်စာရေးဆရာလေး ဝေ့ရင်းကြောင့်ဖြစ်ရမည်

.

.
.
Part 34🙆‍♂️🙆
love u all ❤💚

.................

Zawgyi















မုန့်ယောင် " အကို..."


ရှီးချန်  " ခင်ဗျာ "





.
.
.

"ယနေ့ ရာသီဥတုသာယာမည်"






ကျစ်!























ရိပေါ် ပြောလိုက်တာက

















ရွှတ် !


" ဝါး အိုး!"





I't me😎


.

.
.
တောက်!








မြူ ခိုးဝေဝေ " ဖြစ်လာတဲ့ကံကြမ္မာကိုငါတို့မှမပြောင်းလဲနိုင်တာထိပ်ရယ် ပြီးတော့ရှောင်းကျန့်ကအရင်ထဲက လူသိများတဲ့သူလေ အခုတင်တဲ့post ကလည်းသူ့fanတွေတင်တာဆိုတော့သူတို့ကောင်းကြောင်းပဲပါမှာပေါ့"














.

.

.




ကျန့်ကျန့်တို့လက်ထပ်ထားတာပဲ၎လကျော်ပြီတဲ့သူလည်းလက်ထပ်ချင်ပြီဆိုပြီး ဂျီကျနေတာကြောင့်ကျန်းချန်ဆူလိုက်တာ မနက်ကလည်းစကားမပြော နံနက်စာလည်းမစားဘဲအလုပ်ကိုတန်းလာခဲ့တဲ့လူဆိုးကောင်


အစကတော့ ကျန်းချန်ထိုသို့ကလေးဆန်ဆန်အပြုအမူတွေကိုသဘောမကျပေမယ့် ထိုသို့ပြုမူနေသူကချစ်ရတဲ့သူဖြစ်နေတာကြောင့် သူ့မှာချော့ဖို့လာလိုက်ပါသည်























.

.

.




မိုးသန္တာဝင်း " ဘာ! "







မိုးစန္ဒာဝင်း " ဟိုနေ့ကငါဈေးထွက်ဝယ်ရင်း မြစ်ဖျားထိပ်နဲ့ COOL စက်ရုံကဌာနမှူးကိုသိတယ်မလား"





ဝင်းလဲ့လဲ့မိုး " မြစ်ဖျားထိပ်က ငါတို့bossကို ကြွေနေတာမဟုတ်ဘူးလား ဘာလို့သူကဦးမြတ်မင်းနဲ့တွဲရတာလည်း"




















All " Yes! sir"



ရှောင်းကျန့် " ကိုကို"












ရှောင်းကျန့် " ဟွန့်😒"






ဒါ့ကြောင့်




ရိပေါ် " ကလေး!"





















.

.
.
Part 34🙆🙆
love u all

Continue Reading

You'll Also Like

673K 21.9K 80
Follow the story of Cathy Potter as she and the entire school of Hogwarts sees what their future has in store for them... Best Rankings: #3 - Lily Ev...
381K 12.1K 88
"I have a secret, a well-kept secret for the last almost seven years. The real reason why I went into hiding." After years in a complicated relatio...
1M 33.7K 80
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...
796K 48K 120
Y/N L/N is an enigma. An outgoing, cheerful, smiley teenage boy. Happy, sociable, excitable. A hidden gem in the rough of Japan's younger soccer pl...