ထူးထူးဆန်းဆန်း ချစ်ဖူးစာ

By Thwin2004

21.6K 967 13

BL စာရေးဆရာလေးXZနဲ့ LGBTလက်မခံသူလေးWYBတို့ကြားက အချစ်ချိုချိုလေး More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 32
Part 33
Part 34
စာလေးဆုံးသည်အထိ ဖတ်ပေးပါ

Part 31

362 18 0
By Thwin2004

    ဒီနေ့တော့ ရွာမှာ မျက်လှည့်ဆရာလာသဖြင့်တစ်ရွာလုံးနီးပါး အိမ်မှာမရှိကြ

ဆင်ရွာလေးရဲ့ ကျေးလက်သဘာဝအတိုင်း မြေပြင်ကျယ်မှာ စည်းတားပြီး မျက်လှည့်ဆရာက အလယ်မှနေ၍ ကြည့်ရှု့သူတို့က ဘေးမှဝိုင်းကာ စိတ်ဝင်စားဖွယ်ပြကွက်များကိုတအံ့တသြအားပေးနေကြ၏

မိုးစန္ဒာဝင်း " မျက်လှည့်သွားမကြည့်ဘူးလား ကြီးတင် "

တစ်ရွာလုံးနီးပါးသွားပေမယ့် ကြီးတော်တင်နဲ့ဦးစိုင်းတို့အိမ်ကတော့ တုတ်တုတ်မျှမလှုပ်

မိုးသန္တာဝင်း " ပြောမနေပါနဲ့တော့ ငါတို့ကြီးတင်က ဘယ်တုန်းကအဲ့တာတွေကြည့်လို့တုန်း "

ဆန်ပြာနေရင်း ဘေးမှပွစိပွစိလုပ်နေတဲ့ မျောက်၃ကောင်ကြောင့် ကြီးတော်တင်သက်ပြင်းချလျက်

ကြီးတင် " ညည်းတို့ကြည့်ချင်ရင် သွားကြည့်ကြအေ အနားလာပြီးစကားမများစမ်းနဲ့ "

ဝင်းလဲ့လဲ့မိုး " သမီးတို့သွားကြည့်နေတုန်း အိမ်မှာကြီးတင် တစ်ယောက်ပဲကျန်ခဲ့မှာပေါ့ မဟုတ်မှ ဦးစိုင်းနဲ့ချိန်းထားလို့ ပ လွှတ်နေတာလားအဟိ😁"

ဒေါက်!

အ!

မိုးစန္ဒာဝင်း " ကြီးတင် သမီးမပြောဘဲနဲ့ဘာလို့လာခေါက်ရတာလည်း ထိပ်ပေါက်ပြီးလားမသိဘူး"

ကြီးတင် " လက်မအားလို့ အနားရှိသူကိုခေါက်တာ အခေါက်မခံချင်ရင် ဝေးဝေးသွားနေ "

မိုးစန္ဒာဝင်း " ဟွန့် နှင်ပဲလွှတ်နေသိလား စန္ဒာတို့မြို့ပြန်မှ လွမ်းလို့ငိုမနေနဲ့ "

မိုးသန္တာဝင်း " ဟုတ်တယ် ပြီးမှရွာကိုသတိရလို့ပြန်လာပါအုန်းလာမလုပ်နဲ့"

ဝင်းလဲ့လဲ့မိုး " အဲ့အခါကျရင် လုံးဝမလာဘူးနော် sorryပဲ"

ကြီးတင် " အေးအေး မလာကြနဲ့ နားအေးတယ်"

ကြီးတော်တင်လည်း ပြီးပြီးရောပြောကာ ဆန်ဗန်းလေးကိုနောက်ဖေးဆီယူသွားလိုက်၏

ဝင်းလဲ့လဲ့မိုး " ငါတို့လည်း မျက်လှည့်သွားကြည့်ရအောင် နောက်ရက်မြို့တက်ရမှာဆိုတော့"

မိုးသန္တာဝင်း " အေး ခဏလေးငါခေါင်းလေးဖြီးချင်လို့"

မိုးစန္ဒာဝင်း " အမလေး လှတာလည်းမဟုတ်ဘဲ ပြင်မနေနဲ့ ရွာမှာနင့်ကိုကြည့်မယ့်လူမရှိဘူး "

မိုးသန္တာဝင်း " သေနာမ"

ဝင်းလဲ့လဲ့မိုး "😃😃"

စကြနောက်ကြရင်း မျက်လှည့်သွားကြည့်ဖို့ အိမ်ရှေ့အထွက် ရပ်ထားတဲ့ကားတစ်စီးကြောင့် စန္ဒာတို့မှာအံ့သြသွားရသည်

မိုးစန္ဒာဝင်း " ဘယ်သူ့ကားလည်းမသိဘူးနော် "

မိုးသန္တာဝင်း " အေးဟ "

စပ်စုနေကြတုန်း ကားပေါ်မှဟန်ပါပါနဲ့ဆင်းလာတဲ့ အမျိုးသားတစ်ဦး

အရပ်၅ပေ၄က မပုပေမယ့် ယောက်ျားလေးတစ်ဦးမလို့ပုနေတာတော့အမှန်

ဝင်းလဲ့လဲ့မိုး " ဟင် အကိုရှောင်ချီ "

ရိပေါ်ရဲ့ လူယုံရှောင်ချီကိုတွေ့လိုက်ရတာကြောင့် အံ့သြမိတာမဆန်း

ရှောင်ချီ " မင်္ဂလာပါ ကျွန်တော်အမတို့၃ယောက်ကို လာခေါ်တာပါ"

မိုးစန္ဒာဝင်း " မောင်လေး အမတို့ကသဘက်ခါမှမြို့ကိုတက်မှာလေ "

ရှောင်ချီ " ဟုတ်ပါတယ် ဒါပေမယ့် bossက အကိုလေးကျန့်စိတ်ချမ်းသာအောင် အမတို့ကိုစောစောလာခေါ်ခိုင်းလိုက်တာပါ ကျေးဇူးပြု ပြီးလိုက်ခဲ့ပေးပါ"

ဝင်းလဲ့လဲ့မိုး " bossတို့များနော် ကဲချက်က သူ့ဟာလေးစိတ်ချမ်းသာအောင်လာခေါ်ခိုင်းရတယ်လို့"

မိုးသန္တာဝင်း " ဟုတ်ပါ့ ငါတို့ကအဝတ်ထုပ်တောင်မပြင်ရသေးတာကို"

မိုးစန္ဒာဝင်း " ဒီလိုလုပ်ပါလားမောင်လေး မောင်လေးလည်းခရီးပန်းလာမှာပေါ့ မနက်ဖြန်မှအမတိူ့ အေးဆေးသွားကြမယ်လေနော်"

စန္ဒာရဲ့စကားကအလုပ်ဖြစ်ပုံမရ ကောင်လေးကခေါင်းကုပ်ပြီး ငြင်းလေရဲ့

ရှောင်ချီ " မရပါဘူးဗျ bossကဒီနေ့ပဲချက်ချင်းပြန်လာဖို့မှာထားလို့ပါ အမတို့ကိုလည်း ဘောက်ဆူးပေးချင်လို့တဲ့"

All " ဘာ!! ဘောက်ဆူးဟုတ်လား?"

၃ယောက်သားတပြိုင်တည်းအော်သံကြောင့် ရှောင်ချီ တစ်ယောက် လန့်သွားရ၏

ဘုရားစူးမိန်းကလေးတွေ အသံကလည်းအောင်ပါ့ တကယ်ကိုအိနြေ္ဒရှင်ကြီးတွေပါ

ရှောင်ချီ " ဟုတ်ကဲ့ bossက မင်္ဂလာပွဲမတိုင်မီစောလာရင်ပေးဖိူ့တဲ့"

မိုးစန္ဒာဝင်း " မောင်လေးကလည်းစောစောကမပြောဘူး😁 မမအခုပဲအထုပ်ပြင်တော့မယ်ခဏပဲစောင့်"

All " ဟီး😁😁"

ရှောင်ချီတစ်ယောက်ပြောင်းလဲသွားတဲ့သူတို့ပုံကိုကြည့်ရင်း ခပ်သော့သော့ရီမိသည်

တကယ်ပဲဘယ်လိုလေးတွေလည်း

.

.

.

.
ဝင်းလဲ့လဲ့မိုး " လိုက်ခဲ့ပါကြီးတင်ရယ် အကိုကျန့်ကစိတ်မကောင်းဖြစ်နေမှာ"

နေ့လည်ထဲက ကြီးတင်ကိုမြို့ကိုလိုက်ဖို့ခေါ်နေပေမယ့် မရ

အကိုကျန့်မင်္ဂလာပွဲမလို့ မရမကခေါ်ပေမယ့် ဒီရွာလေးကနေ ဘယ်မှမသွားချင်တဲ့ကြီးတင်ကြောင့် နောက်ဆုံးတော့ မိုးတို့လက်လျော့လိုက်ရပါ၏

မိုးသန္တာဝင်း " ဒါဆိုလည်း သန္တာတို့သွားမယ်ကြီးတင် ကိုယ့်ကိုကိုယ်လည်းဂရုစိုက်နော်"

ကြီးတင် " အေးပါ သမီးတို့လည်းဂရုစိုက်ကြနော် သားကျန့်လေးကိုလည်းပြောလိုက်ပါ ကြီးတင်မလာနိုင်လို့တောင်းပန်တယ်လို့ စိတ်မကောင်းမဖြစ်ဘဲပျော်ပျော်နေလို့ကြားလား"

မိုးစန္ဒာဝင်း " ဟုတ်ကြီးတင် သွားပြီနော်တာ့တာ့"

စန္ဒာတို့လည်း ကြီးတော်တင်ကိုနှုတ်ဆက်ကာ အထုပ်ကိုယ်စီပိုက်၍ ကားပေါ်နေရာယူလိုက်ကြ၏

သန္တာနဲ့မိုးကတော့နောက်ခန်းမှာထိုင်ပြီး စန္ဒာကတော့ရှေ့ခန်းကရှောင်ချီရဲ့နဘေးမှာ သွားထိုင်လိုက်တော့ ဟို၂ယောက်ကပြုံးစိစိ

....ဟွန့် ကောင်မစုတ်တွေ ငါကbထိုင်ရမယ့်ဂျပုရုပ်ကို ကြိုက်စရာလား.....

.

ရိပေါ် " ကလေး ကလေးထတော့လေ"

ရှောင်းကျန့် " အွန်း အိပ်အုံးမယ်ကိုကိုရာ ညကပင်ပန်းထားတဲ့ဟာကို"

တင်ပါးလေးပုတ်ကာနှိုးနေတဲ့ရိပေါ်အား မျက်လုံးမဖွင့်ပဲ ပြန်ဖြေလာတဲ့အဆိုးလေး

ဟုတ်ပါတယ် ညကရိပေါ်နည်းနည်းများသွားတယ်မလား

အဟက်!

ရိပေါ် " ခဏလေးပဲထပါဦးအဆိုးလေးရာ နော်"

ရိပေါ် ကလေးကိုယ်လေးအားဆွဲထူကာ ရင်ခွင်မှာ မှီစေလိုက်တယ်

ထိုအခါမျက်လုံးလေးပေကပ်ကပ်လုပ်ကာ ပြန်ပြောလေ၏

ရှောင်းကျန့် " ကိုကိုယောက်ျားတို့များနော် သူမခံရတိုင်း သူများကိုမညှာမတာလုပ်ပြီး အခုလည်းကောင်းကောင်းမအိပ်ခိုင်းပြန်ဘူး "

နှုတ်ခမ်းလေးဆူကာရန်တွေ့နေတဲ့ အဆိုးလေးကြောင့်ရိပေါ်အသည်းယားကာ နှာခေါင်းလေးအားဆွဲကိုက်လိုက်၏

ရှောင်းကျန့် " နာတယ် ကိုကိုရ"

ရိပေါ် " အောက်မှာ စန္ဒာတို့ရောက်နေတယ် "

ရှောင်းကျန့် " ဟင် အမစန္ဒာတို့ ကဘယ်လိုဖြစ်ပြီးမြန်မြန်ရောက်လာရတာလည်း ကိုကို"

ဆတ်ခနဲရင်ခွင်ထဲက ထကာရိပေါ်ကိုလည်ပြန်ငေးပြီးမေးလာတဲ့ ကလေးငယ်အား ပါးလေးကိုတစ်ချက်မွှေးကြူ လိုက်ပြီး

ရိပေါ် " ကလေးပဲ သူတို့ကိုပါမင်္ဂလာပွဲမှာရှိစေချင်တယ်ဆို ဒါ့ကြောင့်ကိုယ်ရှောင်ချီကို သွားခေါ်ခိုင်းလိုက်တာ "

ရှောင်းကျန့် " Wow ကိုကိုယောက်ျားကအကောင်းဆုံးပဲ😁"

မျက်လုံးလေးဝိုင်းကာ လက်မလေးထောင်ပြပြီးချီးကျူ းနေတဲ့ အကောင်ပေါက်ကို ရိပေါ်ခါးလေးအားခပ်တင်းတင်းလေးဖျစ်ညှစ်မိတော့သည်

တစ်နေ့တစ်နေ့ ဒါလေးကိုအသည်းယားလွန်းလို့ ရိပေါ်ကိုက်ကိုက်သာဆွဲချင်မိတော့တယ်

ရိပေါ် " ချစ်လိုက်တာကွာ လာပါဦး ကိုယ့်ကိုနမ်းပါအုံး"

ရွှတ်

အနားတိုးကာ ပါးလေးကိုနမ်းလိုက်တဲ့ ကျန့်ကျန့်ကြောင့် ရိပေါ်ကျေနပ်သွား၏

ရှောင်းကျန့် " ကိုကို ကျန့်ကျန့်အောက်သွားလိုက်ဦးမယ်"

ရိပေါ် " နေပါအုံး မျက်နှာအရင်သစ်အုံးလေ ညစ်ပတ်အိုးလေးရဲ့"

ချက်ချင်း အောက်ထပ်သွားဖိူ့လုပ်နေတဲ့အဆိုးလေးကြောင့် ရိပေါ်ပြန်ဆွဲထားကာ ပြောလိုက်ရသည်

ရှောင်းကျန့် " ဘာလည်း ကျန့်ကျန့်ကညစ်ပတ်တော့ကိုကိုက ချစ်တော့ဘူးလား ဟွန့်"

ချက်ချင်းဆိုသလို နှုတ်ခမ်းကိုက်ကာကောက်ဖို့ဟန်ပြင်နေတဲ့ အဆိုးလေးအားရိပေါ်ပါးလေးကိုကိုင်ကာ မျက်လုံးချင်းဆုံစေလိုက်ပြီး

ရိပေါ် " ညစ်ပတ်အိုးလေးဖြစ်လည်း ကိုကိုကချစ်ပါတယ်ကွာ ချစ်လွန်းလို့လေ အာခံတွင်းထဲမှာငုံထားချင်တာ"

ရှောင်းကျန့် "သူများတွေများ ချစ်လွန်းလို့အိတ်ကပ်လေးထဲထည့်ထားချင်တာတို့ နှလုံးသားထဲမှာသော့ခတ်ပြီးဖွက်ထားချင်တာတို့ဆိုပြီး roကြတာ ဘယ်နှယ့်သူ့အလှည့်ကျမှ အာခံတွင်းထဲထည့်ချင်ရတာလည်း "

ဆူပုတ်ပုတ်လေးလုပ်ကာ ရစ်နေပြန်တဲ့ဟာလေးကြောင့် ရိပေါ် မက်မွန်သီးလေးကို တစ်ချက်ဖျစ်လိုက်ပြီး ပါးပြင်နုနုကိုကိုက်လိုက်၏

ရိပေါ် " ဘယ်လိုတွေတောင် စကားတွေတတ်နေတာတုန်းစာရေးဆရာကြီးရဲ့ ဒီလူကိုနှလုံးရောဂါရပြီး သေစေချင်နေတာလားပြောပါဦး"

ရှောင်းကျန့် " ကိုကိုနော် စောစောစီးစီး နိမိတ်မရှိတာတွေမပြောနဲ့ ဘာလို့သေရမှာလည်း ကျန့်ကျန့်မကြိုက်ဘူးနော် နောက်ကိုအဲ့လိုမပြောနဲ့"

ရိပေါ် " သခင်လေးသဘောပါဗျာ "

ရှောင်းကျန့် " ကျန့်ကျန့်အောက်ခဏသွားဦးမယ် ကြာနေပြီမလားအမစန္ဒာတို့မျှော်နေအုန်းမယ်"

ခါးထက်ကရိပေါ်လက်တွေကိုဖြုတ်ချပြီး ထွက်သွားဖို့လုပ်နေတဲ့သူအား မလွှတ်ပေးဘဲ မွေ့ယာပေါ်လှဲချလိုက်ပြန်တယ်

ရှောင်းကျန့် " ကိုကိုဘာလုပ်ဦးမှာလည်း ဖယ်ပေး "

ရိပေါ် " နေပါဦးကွာ ယောကျာ်းက Morning Kiss လေးပေးမလို့ကို"

ရှောင်းကျန့် " စောစောကပေးပြီးပြီလေ အောက်မှာစောင့်နေကြပါတယ်ဆို "

ရိပေါ် " မတူဘူး စောစောကကလေးကကိုယ့်ကိုပေးတာ အခုကကိုယ်က ကလေးကိုပြန်ပေးမှာ"

ရှောင်းကျန့် " ဟွန်း လူလည်ကြီး...အွန့်"

ထိုနေ့က အမောင်ကျန့်တစ်ယောက် အတော်ကြာတဲ့အထိ အပေါ်ထပ်ကဆင်းမလာနိုင်ခဲ့ပါ

.

.

.

မင်္ဂလာပွဲကို ဝမ်အိမ်တော်မှာပဲပြုလုပ်တာဆိုတော့ လူများများစားစားသိပ်မဖိတ်ဖြစ်ခဲ့

ကိုကို့အသိမိတ်ဆွေတစ်ချို့နဲ့ ကျန့်ကျန့်အသိတစ်ချို့ နောက်ပြီး လုပ်ငန်းရှင်အနည်းငယ်သာ

Media တွေကိုတော့ ကျန့်ကျန့်စိတ်ရှုပ်မှာစိုးလို့ ကိုကိုကလာခွင့်ပြုမထားပေ..

မိုးစန္ဒာဝင်း " အား မောင်လေးကအရမ်းလှတာပဲ "

မိတ်ကပ်အနည်းငယ်ပြင်ဆင်နေတဲ့ အခန်းထဲမှာ အမစန္ဒာတို့၃ယောက်ရောက်နေကာ မိတ်ကပ်ဆရာအား ဟိုဟာလိုတယ် ဒီဟာများတယ်ဖြင့် ဆရာလုပ်နေကြခြင်း

အခုလည်းကြည့်လေ မိတ်ကပ်နဲ့အင်္ကျီတွေပြင်ဆင်ပြီးလို့ ဆံပင်ပုံသွင်းဖို့လုပ်နေတုန်း ကျန့်ကျန့်အား လှတယ်ပြောကာ ငြင်းခုန်နေကြ၏

မိုးသန္တာဝင်း " ဟဲ့ ယောက်ျားလေးကို လှတယ်လိုမပြောရဘူး ခန့်တယ်လို့ပြောရတယ်"

မိုးစန္ဒာဝင်း " ဘာကိုခန့်တာလည်း ငါတို့bossသာခန့်တာ ငါတို့ကျန့်ကျန့်လေး အလှဆုံးလေး "

ဝင်းလဲ့လဲ့မိုး " boss ကချောတာပါဟယ် ပြီးတော့တည်ကြည်တဲ့ပုံပါ ခန့်တာတော့မဟုတ်ဘူး "

မိုးသန္တာဝင်း " ပြိုင်မလား boss နဲ့ အကိုကျန့် ဘယ်သူပိုချောလည်းဆိုတာ "

မိုးစန္ဒာဝင်း " မောင်လေးကျန့်ကလှတာ "

ဝင်းလဲ့လဲ့မိုး " boss ကချောတာ"

မိုးသန္တာဝင်း " ခန့်တာပါဆို "

ရှောင်းကျန့် " ကဲ တော်ကြပါတော့ ဘယ်သူမှအမှားဘူး ကျန့်ကျန့်ရော ကိုကိုရောက ချောလည်းချောတယ် လှလည်းလှတယ် ခန့်လည်းခန့်တယ် ဟုတ်ပြီလား"

All " ဒါပေါ့😁"

ကြားထဲက ကျန့်ကျန့်ဝင်ဖြေရှင်းလိုက်မှ ဆဆင်ပြေသွားကြသည့်ပုံ

ဟူး...

ခက်ပါတယ် အမတို့နဲ့တော့ အသက်သာကြီးလာတာ အခုထိ အငြင်းသန်ကြတုန်း

ပြီးရင်သူတို့၃ယောက် မတည့်တာလည်းမဟုတ် မတည့်အတူနေတွေ

ရိပေါ် " ပြီးပြီလားကလေး "

အဝတ်စားလဲပြီးလို့ အခန်းထဲဝင်လာတဲ့ရိပေါ်ကြောင့် စန္ဒာတို့နေရာဖယ်ပေးလိုက်ကြ၏

ရိပေါ် " ချစ်စရာကောင်းလိုက်တာကွာ ကိုယ့်သတို့သားလေးက"

ရိပေါ်စကားကို ကြားပြီး ထို၃ယောက်စောနက သူတို့ငြင်းခုန်ခဲ့တဲ့ အဖြေကိုသိလိုက်ရပြီ
ကျန့်ကျန့်က လှတဲ့သူလည်းမဟုတ်သလိုချောတဲ့သူလည်းမဟုတ် ခန့်တာမဟုတ် သေချာတာကတော့ သူ့ကိုမြင်နေရရင်ကိုချစ်ချင်လာအောင် ဆွဲဆောင်နိုင်တဲ့ ချစ်စရာလူသားလေးပင်။

ဝင်းလဲ့လဲ့မိုး " ဒါဆို မိုးတို့အောက်မှာဝိုင်းကူပေးလိုက်ဦးမယ်နော် "

ရိပေါ် " အင်း "

သူ့အမျိုးသားကိုဝါးစားမတက်စိုက်ကြည့်နေတဲ့ Boss Wang ကြောင့် အလိုက်သိစွာထွက်သွားပေးလိုက်ကြ၏

လင်လင်နှစ်ယောက်အရမ်းကဲလွန်းတယ်လို့ မထင်ကြဘူးလား

ရိပေါ် " လာပါဦး ကိုယ့်အမျိုးသားလေးကို သေချာလေးငေးပါရစေဦး"

ရှောင်းကျန့် " ကိုကိုကတော့လေ ပိုကိုပိုလွန်းတယ် "

ကျန့်ကျန့် ကိုကိုနဲ့မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး ရိပေါ်ပုခုံးလေးပေါ် လက်နှစ်ဖက်ယှက်ကာ ဖက်ထားလိုက်တော့ ရိပေါ်ကသူ့ခါးလေးကို ပြန်လည်သိုင်းဖက်ထားပြန်တယ်

ရိပေါ် " မပိုပါဘူးဗျာ လိုတောင်လိုသေးတယ် ဒီလောက်ချစ်စရာကောင်းတဲ့ကောင်လေးကို သူများတွေမမြင်အောင်သာ ဖွက်ထားချင်မိနေပြီ"

ရှောင်းကျန့် " ယောက်ျားစိတ်ချပါ ကျန့်ကျန့်ကလေ ယောက်ျားတစ်ယောက်ထဲကိုပဲချစ်တာမလို့ ဘာမှစိတ်ပူမနေနဲ့နော် "

ရွှတ်

နှာဖူးပြင်လေးအား ရိပေါ်ငုံ့နမ်းလိုက်ပြီး ချစ်အားပိုနေမိပြန်သည်

ရိပေါ် " ကိုကို့အနားမှာပဲနေနော် ပွဲမှာလူတွေများတယ် "

ရှောင်းကျန့် " အွန်း ချစ်တယ်ကိုကို အရမ်းပဲ "

ကျန့်ကျန့်ခြေဖျားလေးထောက်ပြီး ရိပေါ်ပုခုံးပေါ်မေးတင်ကာ ဖက်ထားလိုက်၏

.

.
မိုးသန္တာဝင်း " နင်ကဒီကိုဘာလာလုပ်တာလည်း "

သန္တာတို့ ဧည့်သည့်တွေကို လိုအပ်တာတွေဖြည့်ပေးနေတုန်း ပွဲထဲရောက်လာတဲ့ မြစ်ဖျားထိပ်နဲ့မြူ ခိုးဝေဝေကိုမေးလိုက်၏

ကျန့်ကျန့်အပေါ် မကောင်းတာတွေလုပ်ထားတဲ့သူက ဒီပွဲကိုဘယ်လိုမျက်နှာနဲ့ လာရဲတာလည်း

မြစ်ဖျားထိပ် " တို့ဒီပွဲကို လာတာမလာတာ မင်းတို့နဲ့မဆိုင်ဘူးထင်တယ် ပြီးတော့ ဒီလိုမေးပိုင်ခွင့်ရောရှိလို့လား "

ဝင်းလဲ့လဲ့မိုး " မေးပိုင်ခွင့်သိပ်ရှိတာပေါ့  ရှင့်လိုယုတ်မာတဲ့အတွေးရှိတဲ့လူက ဒီပွဲကိုလာရဲတယ်ဆိုတော့ သေချာတယ်မကောင်းတဲ့အကြံအစည်နဲ့လာတာ ဒါ့ကြောင့် ငါတို့ကနင့်ရဲ့အကြံတွေမအောင်မြင်အောင် ကာကွယ်ရမယ်"

ဟား..ဟား

မိုးစကားကို ဟာသတစ်ခုလိုအသံထွက်အောင် ရယ်နေတဲ့ထိပ်ကြောင့် မိုးတို့ နားမလည်နိုင်

မိုးစန္ဒာဝင်း " ငါတို့ပြောတဲ့အထဲမှာ ရီစရာဘာမှမပါဘူးနော်မြစ်ဖျားထိပ် "

မြစ်ဖျားထိပ် " ရီရတာပေါ့ နင်တို့လိုဘာမဟုတ်တဲ့အမှိုက်လေးတွေကို ငါကကြောက်မယ်ထင်နေလား ငါလိုချင်တဲ့အရာဆိုရင်ငါမရရအောင်ယူတတ်တယ် အေးအဲ့လိုပဲငါမပိုင်ဆိုင်ရဘူးဆိုရင်လည်း ငါအားလုံးကိုဖျက်စီးပစ်ဖို့ဝန်မလေးဘူး "

ပွဲထဲကလူတွေကို ရယ်မောကာလိုက်လံဧည့်ခံနေတဲ့ ရိပေါ်နဲ့ကျန့်ကျန့်ကိုကြည့်ပြီး ပြောလာတဲ့မြစ်ဖျားထိပ်ကြောင့် စန္ဒာတို့လန့်နေမိသည်

မဟုတ်မှ သူဒီပွဲကိုဖျက်မလို့လား?

စိုးရိမ်စိတ်တွေမြင့်တက်နေတဲ့ စန္ဒာတို့အားမထီမဲ့ပြင်ပြုကာ ပုခုံးကိုတွန်းတိုက်ပြီး ပွဲထဲဝင်သွားတဲ့မြစ်ဖျားထိပ်

ဝင်းလဲ့လဲ့မိုး " ငါ့စိတ်ထဲတစ်ခုခုကိုအလိုမကျသလိုဖြစ်နေတယ်ဟ"

မိုးသန္တာဝင်း " ငါရောပဲ"

မိုးစန္ဒာဝင်း " ငါတို့ ကျန့်ကျန့်ကိုဂရုစိုက်ဖို့သွားပြောကြမလား "

မိုးသန္တာဝင်း " အခုနေမပြောနဲ့ဦးဟ သူတို့လည်းဧည့်သည်တွေကိုဧည့်ခံနေရတာနဲ့အလုပ်ရှုပ်နေမာ စိုးရိမ်ရအောင်မလုပ်တာအကောင်းဆုံးပဲလေ"

ဝင်းလဲ့လဲ့မိုး " ဟုတ်တယ်ဟ တော်ကြာအကိုကျန့်စိတ်အနှောင့်ယှက်ဖြစ်သွားဦးမယ်"

မိုးစန္ဒာဝင်း " အေးပါ ငါနောက်မှပဲပြောတော့မယ် အခုတော့ သူ့အခြေနေကိုစောင့်ကြည့်လိုက်ဦးမယ်"

မြစ်ဖျားထိပ်ကတော့ ပွဲထဲရောက်တာနဲ့ မခုတ်တတ်တဲ့ ကြောင်မလေးစတိုလ်ဖမ်းပြီး ဝိုင်းကူနေရဲ့

ဝမ်မားလည်း မြစ်ဖျားထိပ်ရဲ့အပြုအမူလေးကြောင့် သဘောကျစွာရှိနေ၏

.
ကျန်းချန်တစ်ယောက် မင်္ဂလာပွဲမှာဖြစ်တာကြောင့်စိတ်ကိုအတက်နိုင်ဆုံးထိန်းချူ ပ်ကာ ပွဲပြီးတာနဲ့ ကားယူပြီးအရောသောပါးပြန်လာခဲ့လိုက်၏

တောက်!

ကားစတီယာတိုင်ကို ထုပြီးတောက်တစ်ချက်ပြင်းပြင်းခေါက်လိုက်၏

ယောက်ျားတွေမျက်နှာများတယ်လို့ ဆိုပြန်ရင်လည်း မိမိကိုယ်တိုင်ကယောက်ျားတစ်ဦးမလို့ အခက်တွေ့ရပေမယ်

ဒါပေမယ့် ဝန်းနင်ဆိုတဲ့ယောက်ျားကတော့ သေချာပေါက်ကို မျက်နှာများတဲ့ ခေါင်းဆယ့်တစ်လုံးဘီလူးပါ

ဒဿသ ဂီရိထက် ခေါင်းတစ်လုံးပိုပေါက်နေတဲ့လူရှုပ်ပင်

ကျန့်ကျန့်တို့ပွဲမှာ ကိုယ်တစ်ယောက်လုံးငုတ်တုတ်ရှိနေတာတောင်မှ ဒင်းက မြူ ခိုးဝေဝေနဲ့မြစ်ဖျားထိပ်တို့ဆီရောက်ကာ ခေါင်းပုတ်လိုက် လက်ကိုင်လိုက်ဖြင့် သာယာနေ၏

ဒါတင်မကသေးဘူး ဘီယာကိုခွက်မလွှတ်တမ်းပြိုင်ကသောက်နေသေးတယ်

မကျေနပ်ဘူး လုံးဝမကျေနပ်ဘူး ကိုယ့်ကိုတော့ခွေးစားစားကျီးထိုးထိုးပစ်ထားပြီး ပြန်ခါနီးကျမှ မောင့်ကိုစိတ်မဆိုးနဲ့ဆိုပြီးလာချော့နေတဲ့လူ

ကျန်းချန်တို့က ဟင်ဆိုရင်ကရင်ထက်ဆိုးတယ် တွေ့မယ်လုံးဝကိုမခေါ်ဘဲပစ်ထားပလိုက်မယ် ဘာမှတ်နေလဲ

ကျန်းချန်တစ်ယောက် ပွစိပွစိရေရွတ်ရင်း အခန်းတံခါးကိုသေချာပိတ်ထားလိုက်၏

လူကနည်းနည်းငြီးစိစိဖြစ်လာလို့ ရေပါတစ်ခါတည်းချိုးပလိုက်တယ်

ကျန်းချန် " ဟင် မင်းငါ့အခန်းထဲဘယ်လိုလုပ်ပြီး ရောက်.."

ရေချိုးခန်းထဲကထွက်ထွက်ချင်း ကုတင်ပေါ်မှာ ခြေဆင်းထိုင်ကာ အခန်းဝကိုစိုက်ကြည့်နေသူအားတွေ့လိုက်ရတာကြောင့် ကျန်းချန်ဒေါသထွက်သွား၏

ကျန်းချန် " မင်းဘယ်လိုဝင်လာတာလည်း "

အံ့တသြဖြင့်မေးသူအား အဖြေမပေးမှီ ဝန်းနင် ထိုလူသားလေးအားပြေးဖက်ထားလိုက်မိ၏

ကျန်းချန် " ဖယ်စမ်း လွှတ် အရက်စော်ဆိုမွှန်ထူနေတာပဲ ဖယ်ပေး"

ကျောပြင်အား လက်သီးဆုပ်ဖြင့်ထုရိုက်ပါသော်လည်း ချော့သိပ်နေတဲ့အလား တုတ်တုတ်မျှမလှုပ်

ရွှတ်

ဝန်းနင် " မင်းကိုမတွေ့တော့ မောင်အရမ်းလန့်သွားတာ"

ရေချိုးပြီးခါမလို့ ရေစက်တို့တွဲခိုရာ လည်တိုင်လေးအား နွေးထွေးတဲ့နှုတ်ခမ်းတစ်စုံကျရောက်လာပြီး ခပ်သြသြအသံတစ်ခု

Barthrole ဝတ်ထားတာမလို့ ကျန်းချန်သိပ်မလှုပ်ရှားရဲဘဲငြိမ်သက်နေမိသည်

ကျန်းချန် " တော်တော့ ဖယ်လူကိုပစ်တုန်းကပစ်ထားပြီး အခုမှလာကပ်မနေနဲ့"

တတိတိဖြင့်ကိုက်နေတဲ့ ခေါင်းအားတွန်းကာပြောလိုက်တော့ ထိုလူ့ဆီကရယ်သံသော့သော့ကထွက်ပေါ်လာပြန်တယ်

ဝန်းနင် " မောင့်ကိုသဝန်တိုနေတာလားအချစ် "

ကျန်းချန် " ရူးနေလို့သဝန်တိုရမှာလား ဝေးသေး "

အနားကပ်နေတဲ့ကိုယ်လုံးအားတွန်းတိုက်ကာ ကုတင်နားဆီထွက်သွားတဲ့ကျန်းချန် ဝတ်ထားတဲ့ Barthrole ကြိုးစကိုလည်းပြန်လည်ချည်နှောက်လိုက်၏

ဟင်!

ရုတ်တရက် ခါးကိုအနောက်မှတင်းကျပ်ကျပ်သိုင်းဖတ်ကာ ချည်လက်စကြိုးကိုဖြည်ဖို့ကြိုးစားနေသူကြောင့် ကျန်းချန်လန့်သွားမိ၏

ကျန်းချန် " ဖယ်ပေးနော် လူကိုလာမရမ်းကားနဲ့ သွားစောစောကမိန်းမတွေဆီ"

ဝန်းနင် " ဘယ်မိန်းမဆီမှလည်းမသွားဘူး ဘယ်မိန်းမကိုမှလည်းစိတ်မပါဘူး မင်းကိုပဲစိတ်ပါတာ "

ပြောလည်းပြော ကြိုးကိုလည်းအားနဲ့စောင့်ဖြည်လိုက်တော့ ကျန်းချန်တစ်ယောက် ဝတ်ထားတဲ့ Barthrole လေးအောက်သို့ပုံကျသွားတော့သည်

ကျန်းချန် " ဝန်းနင် ငါစိတ်တိုနေတယ်နော် ဖယ်ပေး "

ဝန်းနင် " မဖယ်ဘူး မောင်ပြောပြီးသားလေ မောင်သူတို့ကိုစိတ်မပါဘူးလို့ ပြီးတော့မောင်ချစ်တာမင်းပဲ သူတို့နဲ့ရီမောသောက်စားတယ်ဆိုတာ ဘာစိတ်မှမရှိလို့ပဲ မင်းနဲ့ကျတော့မတူဘူး
မင်းရှေ့မှာသောက်စားအော်ဟစ်ဖို့အထိ မောင်သတ္တိမကောင်းဘူး နောက်ပြီးမင်းနဲ့အတူမရှိချင်တာမဟုတ်ဘူး သောက်စားပြီးရင်သွေးဆိုးတတ်တဲ့မောင့်ကြောင့် မင်းသိက္ခာကျမှာစိုးလို့"

ဝန်းနင်စကားအဆူံး ရုတ်ချည်းငြိမ်ကျသွားတဲ့ကိုယ်လုံးလေးကြောင့် အမျက်တို့ပြေလျော့ပြီလို့ထင်လိုက်မိသည်

ဘုတ်!

ကုတင်ပေါ်သို့ ထပ်ရပ်သားကျသွားတဲ့ကိုယ်လေးနှစ်ခုနဲ့အတူ လန့်သွားတဲ့မျက်ဝန်းကျယ်ကျယ်လေး

အုပ်မိုးထားတဲ့ဝန်းနင်ရဲ့လက်မောင်းလေးကို အားဖြင့်ညှစ်ထားလိုက်တဲ့ လက်ချောင်းသွယ်သွယ်

ကျန်းချန် " အစောကြီးထဲကအဲ့လိုတွေးရင်လည်း ဘာလို့သောက်နေသေးလည်း "

ဝန်းနင် " ကျစ်! မောင်ရှင်းပြပြီးပြီလေ မင်းရှေ့မှာမသောက်စားချင်လို့လို့ ဒါတောင်စိတ်ဆိုးမပြေသေးတာလား "

အနည်းငယ်မာသွားတဲ့ဝန်းနင်စကားကြောင့် ကျန်းချန်မျက်ဝန်းလေးတွေအရည်ကြည်ရစ်ဝိုင်းသွား၏

ဝန်းနင် " ဘာမဟုတ်တာလေးနဲ့ မျက်ရည်ကျဖို့မတွေးနဲ့နော်အချစ် မောင်လူသတ်မိလိမ့်မယ် မကြိုက်ဘူးဆိုလည်းပွင့်ပွင့်လင်းလင်းမောင့်ကိုပြော မောင်ပြင်ပေးမယ် မျက်ရည်ကျဖို့မတွေးနဲ့"

ကျန်းချန် " ဘယ်သူ့မှမျက်ရည်မကျဘူး လူကိုလည်းလာမထိနဲ့ ဖယ်ပေးမဟုတ်ရင်စိတ်ဆိုးတော့မယ်"

ရင်ဘတ်ကိုလက်ဖြင့်တွန်းကာ ရုန်းကန်နေတဲ့ချစ်ရသူကြောင့် ဝန်းနင်မခြိမ်းခြောက်ချင်ဘဲ ခြိမ်းခြောက်လိုက်၏

ဝန်းနင်  " မထိဘဲမနေနိုင်ဘူးအချစ် မင်းစိတ်ဆိုးမယ်ဆိုလည်း မောင်မနက်ဖြန်ပြန်လျော့မယ် အခုတော့မောင်လုပ်စရာရှိတာဆက်လုပ်မယ် ဒါကိုမှထပ်ငြင်းအုန်းမယ်ဆိုရင် မောင်ဟိုမိန်းမနှစ်ယောက်ကို သွားသတ်ရလိမ့်မယ်"

ဝန်းနင်ခြိမ်းခြောက်သံအဆုံး ငြိမ်သက်သွားတဲ့ခန္ဓာကိုယ်လေးနဲ့အတူ  လက်မောင်းကိုဆုပ်ကိုင်းထားတဲ့လက်သွယ်သွယ်လေးကပါ ပြေလျော့သွား၏

ဝန်းနင် ဟက်ခနဲသဘောကျစွာရီမိတော့အောက်ကပုံရိပ်လေးက မျက်စောင်းဝေ့ကာရန်ပြန်တွေ့ပြန်၏

ကျန်းချန် " မင်းကိုအရမ်းတွေခွင့်ပြုချင်လွန်းလို့ လို့မတွေးလိုက်နဲ့ အလကားသက်သက် တခြားသူတွေထိခိုက်မှာစိုးလို့ငြိမ်နေတာ လူကိုကြောက်တယ်လို့မထင်နဲ့"

ထိုအခါဝန်းနင် အသံထွက်သည်အထိရီမောလိုက်ပြီး ပါးပြင်လေးအားရှူ းခနဲမြည်အောင်နမ်းကြူလိုက်ပြီး

ဝန်းနင် " ဟုတ်ပါပြီကွာ အချစ်ကသတ္တိခဲကြီးပါ ချစ်လိုက်တာ"

ကျန်းချန် " မရွဲ့နဲ့ အွန့် "

ကျန်းချန်ဆက်မပြောနိုင်အောင် ဝန်းနင်ကအနမ်းရိုင်းရိုင်းပြင်းရှရှဖြင့်တားဆီးလိုက်ပြီး အချစ်အမှတ်သားတွေပေးလိုက်၏

..... ငါကိုယ်တိုင်က မင်းဆီမှာညံ့သက်ဖို့ဆန္ဒရှိနေမှတော့ အရာရာမင်းသဘောပေါ့......

ထိုညကအချစ်ငှက်နှစ်ကောင် ညဉ့်နက်သည်အထိ ချစ်ခရီးနှင်ခဲ့ကြပေ၏

သေချာတယ် မနက်မိုးသောက်တာနဲ့ ဝန်းနင်ချော့ရတော့မည်ဆိုတာ

အချစ်ကတစ်ခါတစ်လေ အဲ့လိုလေးလည်း မောင့်အပေါ်ဆိုးတတ်သေးတာ

.

.

.
Part 32 မျှော်🙆
.ကဲသာသာ အရှည်ကြီး up ပေးလိုက်ပြီနော်

..................

Zawgyi









ဒေါက်!

အ!











မိုးသန္တာဝင်း " သေနာမ"

ဝင်းလဲ့လဲ့မိုး "😃😃"



မိုးသန္တာဝင်း " အေးဟ "










မိုးစန္ဒာဝင်း " ဒီလိုလုပ်ပါလားမောင်လေး မောင်လေးလည်းခရီးပန်းလာမှာပေါ့ မနက်ဖြန်မှအမတို့ အေးဆေးသွားကြမယ်လေနော်"






ရှောင်ချီ " ဟုတ်ကဲ့ bossက မင်္ဂလာပွဲမတိုင်မီစောလာရင်ပေးဖို့တဲ့"


All " ဟီး😁😁"



.

.

.

.









.





အဟက်!















ရွှတ်




ချက်ချင်း အောက်ထပ်သွားဖို့လုပ်နေတဲ့အဆိုးလေးကြောင့် ရိပေါ်ပြန်ဆွဲထားကာ ပြောလိုက်ရသည်

















.

.

.















All " ဒါပေါ့😁"


ဟူး...








ရိပေါ် " အင်း "








ရွှတ်





.

.





ဟား..ဟား















.

တောက်!

















ရွှတ်









ဟင်!








ဘုတ်!





















.

.

.
Part 32 မျှော်🙆

Continue Reading

You'll Also Like

282K 9.5K 107
She was a capitol elite. He was the youngest victor in history. Their friendship was frowned upon, but their love was forbidden. Extended Summary Ins...
198K 19.2K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
620K 18.7K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...
470K 31.7K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...