ထူးထူးဆန်းဆန်း ချစ်ဖူးစာ

By Thwin2004

21.6K 967 13

BL စာရေးဆရာလေးXZနဲ့ LGBTလက်မခံသူလေးWYBတို့ကြားက အချစ်ချိုချိုလေး More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 30
Part 31
Part 32
Part 33
Part 34
စာလေးဆုံးသည်အထိ ဖတ်ပေးပါ

Part 29

398 19 0
By Thwin2004

     ဒီနေ့ ထိပ်နဲ့တွေ့ဖို့ချိန်းထားတာဖြစ်လို့ မြူ ခိုးဝေဝေ စားသောက်ဆိုင်တစ်ခုရှေ့တွင်ကားရပ်ပြီး သွက်လပ်စွာပင် ဝင်သွားလိုက်၏

မြစ်ဖျားထိပ်  " ငါဒီမှာ ခိုး"

သူမလက်လှမ်းပြတာကိုမြင်ပြီး ခိုးပြုံးပြကာ ရောက်လာတော့သည်

မြစ်ဖျားထိပ် " ဘာစားမလည်းခိုး ငါမှာထားတွေမကြိုက်ရင် ထပ်မှာလေ "

စားပွဲခုံပေါ်က မှာထားပြီးသားစားစရာတွေကိုကြည့်ရင်း ခိုးမသက်မသာနဲ့သက်ပြင်းမောလေးချလိုက်၏

မြူ ခိုးဝေဝေ " ငါက တစိမ်းမှမဟုတ်တာ ငါ့ကိုဖားမနေနဲ့ ပြောဘာအကူညီလိုချင်တာလည်း "

ထိပ်တို့အခြေနေသူမမသိတာမှ မဟုတ်ဘဲ
နေ့ချင်းညချင်းပြောင်းလဲသွားတယ့် စီးပွားရေးကြောင့် ခိုးမှာစိတ်မကောင်းမိ

သူငယ်ချင်းဖြစ်သူကတော့ အခုထိသူဌေးသမီးလေးဘဝကို မက်မောနေတုန်း

မြစ်ဖျားထိပ် " ငါ့သူငယ်ချင်း လေးကအလိုက်သိဆုံး ငါပြောမှာပါ အခုတော့ စားလိုက်ဦး "

ခိုးလည်း ထိပ်ကျေနပ်အောင်အနည်းငယ်စားသောက်ရင်း ဆက်မေးလိုက်သည်

မြူ ခိုးဝေဝေ " ဒါနဲ့ငါ့ကိုဒီကိုခေါ်တာ ဘာပြောမလို့လဲ "

မြစ်ဖျားထိပ် " ငါအလုပ်လိုချင်လို့ "

မြူ ခိုးဝေဝေ " ငါ့ဆီမှာ လုပ်မလား ငါနဲ့အတူတူ"

မြစ်ဖျားထိပ် " မဟုတ်ဘူး ငါလိုချင်တာ COOL မှာ"

မြူ ခိုးဝေဝေ " ဟင်😳"

ထိပ်စကားကြောင့် အလန့်တကြားမော့ကြည့်လာတဲ့ခိုး

မြူ ခိုးဝေဝေ " နင်ဘာတွေကြံနေပြန်ပြီလည်း ထိပ် သူတို့ကိုသွားမရှုပ်ပါနဲ့တော့ဟာ "

သူမသူငယ်ချင်းဖြစ်သူကိုတားရမည်မဟုတ်လား
Wang Company ပိုင်COOL Brand မှာအလုပ်ဝင်ချင်တဲ့ ထိပ်ကထင်သလောက်မရိုးဘူးလေ

မြစ်ဖျားထိပ် " ငါကနင့်သူငယ်ချင်းနော်ခိုး ငါ့ဘဝကိုစုတ်ပြတ်သတ်ပြီး သူများတွံတွေးခွက်ပက်လက်မျောအောင် လုပ်ခဲ့တဲ့သူတွေကို ပြန်ယုတ်မာတာငါမှားလား"

ထိပ်ရဲ့စကားနာထိုးမှုကြောင့် ခိုးသက်ပြင်းရှည်ကြီးချမိတော့သည်

မြူ ခိုးဝေဝေ " အဲ့လိုပြန်ကလဲ့စားချေတော့ရော နင်ပျော်နိုင်မှာမလို့လားထိပ်ရယ် ဒေါသကိုဒေါသနဲ့ပြန်တိုက်ရင် နင်ကိုယ်တိုင်အရင်လောင်ကျွမ်းလိမ့်မယ်"

မြစ်ဖျားထိပ် " ငါ့ကိုဘာမှ တရားချမနေနဲ့ခိုး နင်မကူညီဘူးဆိုရင် ငါတခြားသူကိုပဲအကူညီတောင်းမယ်"

ထိပ်ရဲ့ ခြိမ်းခြောက်ဟန်စကားကြောင့် ခိုးမတက်သာတော့ဘဲ လက်ခံလိုက်၏

မြူ ခိုးဝေဝေ " ကောင်းပြီ ငါကူညီပါမယ် ဒါပေမယ့်ကတိတစ်ခုတော့ပေးပါ "

ခိုးစကားကို ပြောဆိုသောသဘောနဲ့မေးဆတ်ပြလိုက်တဲ့ထိပ်

မြူ ခိုးဝေဝေ " နင်ဘာပဲလုပ်ဖို့ကြံစည်ကြံစည် ငါနဲ့တိုင်ပင်ပေးပါ"

မြစ်ဖျားထိပ် " စိတ်ချပါ ခိုး"

ထိပ်တစ်ယောက် လိုချင်တာရသွားတဲ့ကလေးတစ်ယောက်နှယ် ပြုံးပျော်သွားပြီး တစ်ခုခုကိုကြံစည်နေမိသည်

ခိုးကတော့ သူငယ်ချင်းဖြစ်သူအမြင်မှန်ရသွားဖို့သာ မျှော်လင့်မိပါ၏

.

.

.

.
နောက်တစ်ပတ်ဆိုရင် ကျန့်ကျန့်နဲ့ကိုကိုလက်ထပ်ရတော့မည်

အင်တာဗျူးး မှာကိုကိုကကြေငြာပြီးထဲက အလောတကြီးထစီစဉ်လိုက်မှူကြောင့် ကျန့်ကျန့်မှာဟင်ခနဲ ဟာကနဲ

ကိုကိုနဲ့ချစ်သူဖြစ်ပြီးထဲက တစ်နေ့လက်ထပ်ရမယ်ဆိုတာ သိပေမယ့် အခုလိုခပ်မြန်မြန်ကြီး လက်ထပ်ရမယ်လို့တော့မတွေးမိခဲ့

အဆိုးဆုံးကတော့ ကျန့်ကျန့်ကိုတစ်ခွန်းတစ်စမျှမပြောဘဲ မင်္ဂလာဝတ်စုံပါ မှာပြီးနေတာပင်

အရာရာကို သူ့သဘောကျ စိတ်တိုင်းကျလုပ်တတ်တဲ့ကိုကို့ကို ဒီတစ်ခါတော့ကျန့်ကျန့်စိတ်ဆိူးမိပါ၏

ကျန်းချန် " ဒါဆို အခုမင်းက မင်းလင်အိမ်မပြန်တော့ဘူးပေါ့ ဟုတ်လား"

ကျန်းချန်နဲ့အရင်နေခဲ့တဲ့ တိုက်ခန်းလေးကိုပြန်ရောက်နေသော ကျန့်ကျန့် ကိုမထိတထိစနေသောကျန်းချန်ပါ

ရှောင်းကျန့် " ဘာငါ့လင်လည်း ငါ့လင်မဟုတ်ဘူး "

ဆင်တစ်ကောင်လုံးမြင်နေတာတောင် ဆိတ်ပါဟုပြောင်ငြင်းချင်တဲ့ကျန့်ကျန့်

ယောက်ျားလေးမလို့ မိန်းကလေးသာဆို ဗိုက်ကြီးနေပြီဟုပြောလိုက်ချင်ပေမယ့် မပြောဖြစ်တော့တဲ့ကျန်းချန် မျက်စောင်းလှလှလေးသာထိုးလိုက်ပါတော့၏

ရှောင်းကျန့်. " အကိုဝန်းနင်ကလည်း ကြာလိုက်တာ ငါဗိုက်ဆာနေပါပြီဆိုမှ"

အစားသရဲလေးလို့မပြောရဘူး ရောက်လာထဲကဗိုက်ဆာလို့ဆိုပြီး ဝန်းနင်ကို စားစရာတွေဝယ်ခိုင်းလိုက်ရတဲ့အထိ

ကျန်းချန် " အခုစိတ်ပြေလက်ပျောက်နေချင်ရင် နေရတယ်  ဒါပေမယ့် ညနေကျရင်အိမ်ပြန်ရမယ်နော်ကျန့်ကျန့်"

လေပြေလေးနဲ့ရမလားပြောကြည့်တဲ့ကျန်းချန်စကားကိုပြန်ချေပလိုက်တဲ့ယုန်ဆိုးလေးကျန့်

ရှောင်းကျန့် " ရူးနေလား ဒါကငါ့အိမ်လေ ငါကဘယ်အိမ်ကိုပြန်ရမှာလည်း "

နှုတ်ခမ်းလေးဆူရင်း ပြန်ရန်တွေ့လေတဲ့ကျန့်ကျန့်ကြောင့် ကျန်းချန်လက်မြှောက်လိုက်ရပါတော့သည်

ပြီးမှ ရိပေါ်ကိုဖုန်းဆက်ပြီးလာခေါ်ခိုင်းလိုက်လည်း ရတာပဲလေ

ဒင်းလေးက သူ့လင်မှကြောက်တာ ငါတို့ဆိုမတရားနိုင်စားလွန်းတယ်

.

.

ဝမ်မား " သားရယ် သွားချော့လိုက်ပါ သားကျန့်လေးကအငယ်ပဲလေ သားကအလျော့ပေးရမှာပေါ့ "

မင်္ဂလာပွဲအတွက် ပြင်ဆင်နေသူများအား ကြီးကြပ်နေတုန်း ပြောလာတဲ့မေမေ့စကားကြောင့် ရိပေါ်မသိမသာလေး ပြုံးလိုက်မိသည်

ရိပေါ် မေမေ့ကိုစကားအေးဆေးပြောလို့မယ့် ခြံထဲက ခုံဝိုင်းလေးဆီခေါ်သွားပြီး ထိုင်စေလိုက်၏

ရိပေါ် " ကျန့်ကျန့်က အရမ်းဆိုးတယ်မေမေ "

ရိပေါ်ရဲ့စကားကို ဒေါ်မြသစ်သွင်သဘောကျစွာပြုံးရင်း

ဝမ်မား " သားကျန့်လေးကလိမ္မာပါတယ်သားရယ် အခုဟာက သူလည်းငယ်သေးတော့အိမ်ထောင်သည်ဘဝကိုမလိုချင်သေးတာနေမာပါ သားကနားလည်ပေးလိုက်ပါ"

ရိပေါ် " သားဒီတစ်ခါတော့ အလိုမလိုက်နိုင်ဘူးမေမေ သားသာချော့လိုက်ရင် ကျန့်ကျန့်က မင်္ဂလာပွဲကိုနောက်ဆုတ်ခိုင်းလိမ့်မယ်"

ရိပေါ်ပြောတာလည်း မှန်နေတာကြောင့်ဝမ်မား ဘယ်လိုနားချရမလည်းမသိတော့

ဝမ်မား " သားကျန့်လေးကို မချော့ချင်လည်း အိမ်တော့ပြန်ခေါ်လာခဲ့ပါသားရယ် တော်ကြာဟိူမှာပဲနေမယ်လုပ်မှ မေမေရောသားပါ လွမ်းနေရမယ်"

ရိပေါ် " မေမေစိတ်မပူပါနဲ့ ကျန့်ကျန့်ကိုအခုစိတ်ပျော်အောင်ခဏလွှတ်ထားယုံပါ ညနေကျရင်သားကိုယ်တိုင်ပြန်ခေါ်လာပေးပါ့မယ် "

ဝမ်မား " အင်းပါသား ဒါဆို မေမေဘုရားရှီခိုးဖို့သွားလိုက်ဦးမယ် "

ရိပေါ် " ဟုတ်မေမေ"

မေမေထွက်သွားတော့မှ ရိပေါ်မသက်မသာလေးလေပူတစ်ချက်မှုတ်ထုတ်လိုက်၏

........ ဘာလို့အရမ်းဆိုးနေရတာလည်း ကိုကို့ကလေးရယ်.......

.

.

.

ကျန်းချန်တစ်ယောက် မိမိကိုတစ်မျိုးပြီးတစ်မျိုးမရိုးရအောင် လုပ်ခိုင်းနေတဲ့ ကျန့်ကျန့်အား သိပ်ကြည့်မရတော့

မနက်အိမ်ရောက်လာထဲက ဝန်းနင်ကလည်းဟိုဟာသွားဝယ်ရလိုက် ဒီဟာသွားဝယ်ရလိုက် ဖင်မထိုင်ရ

သူကိုယ်တိုင်လည်း မီးဖိုချောင်မှာ အသုတ်သုတ်ပေးရ တော်ကြာသစ်သီးဖျော်ပေးရ အခုလည်းကြည့်လေ ကြာဇံချက် စားချင်ပါတယ်ဂျီကျတာကြောင့် ကျန်းချန်မှာအောင့်သက်သက်နဲ့ လုပ်ပေးရပြန်တယ်

မလုပ်ပေးလို့လည်းမရဘူးလေ ဒင်းလေးကသူ့လင်နဲ့ပြန်တည့်သွားလို့ ကျန်းချန်ကအနိုင်ကျင့်ပါတယ်လို့ မူယာမာယာတွေနဲ့ တိုင်လိုက်မှတော်ကြာ company မှာအလုပ်ပုံထဲခေါင်းနစ်နေရလိမ့်မယ်

ဝန်းနင် " ပင်ပန်းနေပြီလား ချစ်လေး "

Apron လေးဝတ်ထားပြီးပါးစပ်ကဘာတွေရေရွတ်နေမှန်းမသိတဲ့ ကျန်းချန်အား နောက်မှခါးလေးအားဖက်ပြီး ဝန်းနင်မေးလိုက်တော့

ချက်ချင်း ရုန်းကန်ရင်းတုန့်ပြန်ပါ၏

ကျန်းချန် " ဘာလိုတွေဖြစ်နေတာလည်း ဒီမှာကြာဇံချက်ချက်နေတယ်လေ "

ကျန်းချန်ရုန်းလေ မလွှတ်ပေးလေလုပ်တတ်တဲ့ဝန်းနင်ကြောင့် ဒေါသကိုထိန်းရင်းပြောလိုက်၏

ဝန်းနင်  ကျန်းချန်၏ ပုခုံးလေးပေါ်မေးလေးတင်ကာမျက်လုံးလေးမှိတ်ပြီးငြိမ်နေလိုက်သည်

ကျန်းချန် " ဟူး...ဘဝကလည်းမလွယ်လိုက်တာ တစ်ခုပြီးတစ်ခုခိုင်းနေတဲ့ ဟိုဟာလေးနဲ့ တောက်တဲ့လိုအမြဲကပ်နေတဲ့ ဒီဟာလေးကြောင့် ငါဘယ်မှာသွားပုန်းနေမှန်းကိူမသိတော့ဘူး"

ကျန်းချန်မကျေနပ်ချက်များအား ရေရွတ်ရင်းငရုတ်ကောင်းမှုန့်လေးများအား အိုးထဲထည့်ကာမွှေလိုက်၏

ဝန်းနင် " လက်ထပ်ကြရအောင် "

ကျန်းချန် " ဟမ်😳"

အိုးထဲမှအရည်အနည်းငယ်ခပ်ပြီး မြည်းကြည့်နေတုန်း နောက်ကပြောလာတဲ့သူကြောင့် ကျန်းချန်ယောင်အအနဲ့ပြန်မေးလိုက်မိသည်

ဝန်းနင် " ဝန်းနင် လက်ထပ်ကြမယ်လို့"

ဒီတစ်ခါတော့ ပီပီသသကြားလိုက်ရတဲ့ဝန်းနင်စကားကြောင့် ကျန်းချန်လက်ထဲဇွန်းပါလွတ်ကျမိတဲ့အထိ

အေမ့!

ရုတ်တရက် ကိုယ်ကိုဆွဲလှည့်လိုက်ပြီး ထမင်းစားခုံနဲ့သူ့ကိုယ်ကြားညှပ်လိုက်တဲ့ဝန်းနင်ကြောင့် ကျန်းချန်လန့်ဖြတ်ကာ ဝန်းနင်အင်္ကျီစကိုဆုပ်ထားမိသည်

ဝန်းနင် ". ရိပေါ်တို့လို အမြန်ဆုံးလက်ထပ်ကြမယ် ကိုယ်မင်းကိုပိုင်ဆိုင်ချင်ပြီ "

နီးကပ်လွန်းတဲ့အနေအထားနဲ့ တည်ကြည်လေးနက်စွာပြောလာတဲ့ဝန်းနင်ကြောင့် ကျန်းချန်တစ်ယောက် လက်ထဲကအင်္ကျီ စကိုခပ်တင်းတင်းပိုဆုပ်ထားမိသည်

အပ်ကျသံမျှတောင်မကြားရတဲ့ မီးဖိုခန်းမှာကြာဇံချက်အိုးလေးက
တဗွမ်းဗွမ်းမြည်ကာ အသံပေးနေပါ၏

ကျန်းချန် " ဖယ်တော့ ကြာဇံချက်တွေကျက်နေပြီ"

ဝန်းနင် " လက်ထပ်မှာလား "

လိုချင်တာမရမချင်း လွှတ်ပေးဖို့အစီအစဉ်မရှိတဲ့ဝန်းနင်ကြောင့် ကျန်းချန်စိတ်ရှုပ်လာရ၏

ဟင်းရည်အိုးကလည်းဆူနေပြီ မကြာခင်ဝေကျတော့မယ့်အနေအထားကြီး

ကျန်းချန် " အဲ့ကိစ္စကို နောက်မှဆက်ပြောကြမယ် အခုတော့ဖယ်ပေးတော့ဟိုမှာဝေကျတော့မယ်"

ကျန်းချန် ဝန်းနင်ကိုယ်ကြီးကိုတွန်းဖယ်ကာ ထွက်သွားဖို့လုပ်တော့လည်း မဖယ်ပေးပြန်

ရှောင်းကျန့် " ကျန်းချန်ရေ မရသေးဘူးလား ငါဗိုက်ဆာလို့သေတော့မယ် "

ဧည့်ခန်းထဲမှထွက်ပေါ်လာတဲ့ ကျန့်ကျန့်ရဲ့အသံကြောင့် ကျန်းချန်ကိုယ်လေးတောင့်သွားရ၏

ကျန်းချန် " ဖယ်တော့ ကျန့်ကျန့်လာလို့မြင်သွားအုန်းမယ်"

ဝန်းနင် " မြင်ပလေ့စေ  ကိုယ်တို့ကချစ်သူတွေပဲ "

ကျန်းချန်တစ်ယောက် စိတ်တိူတိူနဲ့အတင်းတွေရုန်းကန်နေတုန်း

ရှောင်းကျန့် " ကျန်းချန်ရေ...."

တဖြည်းဖြည်း နီးကပ်လာတဲ့ကျန့်ကျန့်ရဲ့အသံကြောင့် ကျန်းချန်လှုပ်ရှားမှုတွေရပ်လိုက်ပြီး

ကျန်းချန် " ငါမင်းကိုလက်ထပ်မယ် "

ဝန်းနင် " တကယ်လား "

ကျန်းချန် " တကယ် အခုလွှတ်ပေး"

ပြွတ်စ် 😘

ဝန်းနင် ဝမ်းသာအားရနဲ့ပါးလေးနမ်းကာလွှတ်ပေးလိုက်တော့ ကျန်းချန်ရဲ့မျက်စောင်းလှလှလေးက ဒိုင်းကနဲ

.

ရှောင်းကျန့် " ကျန်းချန် မကျက်သေးဘူးလားခုထိ"

မီးဖိုခန်းထဲဝင်လာပြီး မေးလေတဲ့ကျန့်ကျန့်ကို ကျန်းချန်ဘု့ကြည့်ကြည့်ရင်း

ကျန်းချန် " ကျက်ပါပြီအကိုလေး မြန်မြန်စားပြီးမြန်မြန်ကြွပါတော့ "

ရှောင်းကျန့် " ဟွန့် ငါကဘယ်ကိုကြွရမှာလည်း ဒီညဒီမှာပဲအိပ်မှာပါဆို နော်အကိုဝန်းနင်"

သူ့ဘာသူပြောရုံအားမရလို့ ဘေးမှာထိုင်နေတဲ့ဝန်းနင်ကိုပါ စစ်ကူခေါ်လိုက်တဲ့ကျန့်ကျန့်ကြောင့် ဝန်းနင်ယောင်ရမ်းကာ အင်းလုပ်မိသည်

ကျန်းချန်ကတော့ ဝန်နင်ဘက်ကိုသတိထားဆိုတဲ့အကြည့်နဲ့ကြည့်ရင်း

ကျန်းချန် " ဒီမှာအိပ်မယ်ဆိုလည်း မင်းလင်ကိုဖုန်းဆက်လိုက်ဦး တော်ကြာငါတို့ပါကြားထဲက ပုံးဖောက်ခံနေရမယ်"

ရှောင်းကျန့် " ငါ့ဘာသာအိပ်ချင်အိပ်မှာပေါ့ ဘယ်သူ့ခွင့်ပြုချက်ယူရအုန်းမှာလည်း "

ကျန့်ကျန့်တစ်ယောက် ပြောရင်းကြာဇံချက်ကိုအားရပါးရစားနေလိုက်၏

ကျန်းချန် " မင်းတကယ်ပဲ မပြောဘူးပေါ့ "

ကျန်းချန်ကလုပ်ရဲသလားဆိုတဲ့သဘောနဲ့ကြည့်ရင်းမေးလေတော့ အနိုင်မခံတဲ့ကျန့်ကျန့်ကပြန်ဖြေပြန်တယ်

ရှောင်းကျန့် " ငါပြောပြီးပြီလေ ငါ့သဘောနဲ့ငါပါဆိုနေ မင်းကြည့်နေလိုက် ငါဘယ်သူ့ကိုမှမကြောက်...😱ကိုကို"

ကျန့်ကျန့် ဟန်ပါပါနဲ့ပြောရင်း အပေါက်ဝကနေသူ့ကိုမျက်ထောင့်နီနီကြီးနဲ့ ကြည့်နေတဲ့ရိပေါ်ကိုတွေ့ပြီး ဆက်ပြောမယ့်စကားတွေပါ ရပ်တန့်သွား၏

ရိပေါ် " ရှောင်းကျန့်💥"

.

.

.

ကျန့်ကျန့်ခဗျာ lover seat မှာထိုင်ရင်း ရိပေါ်ဘက်မသိမသာခိုးခိုးကြည့်နေမိသည်

ဒေါသတကြီးနဲ့လက်ကိုဆွဲကာ ခေါ်လာတဲ့ကိုကိုကအခုထိဘာစကားမှမပြောသေး

ကားမောင်းနေတာတောင် မျက်ခုံးထူထူကြီးတွေကိုတွန့်ချိုးထားပုံကြောင့် သေချာတယ် ဒီနေ့ကျန့်ကျန့်ဘုရားစာရွတ်ရတော့မည်

ရှောင်းကျန့် " ကိုကို ကျန့်ကျန့်ကလေ.."

ရိပေါ် " တစ်လုံးမှမပြောနဲ့💥"

ကျန့်ကျန့်စကားကို ဖြတ်ပြောလိုက်တဲ့ကိုကို့ကြောင့် ကျန့်ကျန့်ကိုယ်လေးကျူံ ့သွားရပါ၏

ကိုကိုပြောသလို ငြိမ်ငြိမ်လေးနေပြီးသာ အိမ်ပြန်လာခဲ့ပါ၏

ဒုန်း!

ကားတံခါးကိုဆောင့်ပိတ်ပြီး ရှေ့ဆုံးကနေခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားတဲ့ကိုကို့နောက်ကို ကျန့်ကျန့်အသာလေး လိုက်ပါသွားလိုက်သည်

ရိပေါ် အိပ်ခန်းထဲက ကုတင်ပေါ်မှာထိုင်နေတော့ အကောင်ပေါက်ကသူ့ရှေ့မှာခြေစုံလေးရပ်ပြီး လက်ကလေးနှစ်ဖက်ကို ပွတ်ကာဆင်ခြေပေးဖို့စဉ်းစားနေ၏

ရိပေါ် " ရေမချိုးရသေးဘူးမလား သွားချိုး "

ပုံမှန်ထက်မာတဲ့အသံကြောင့် ကိုကိုစိတ်ဆိုးနေသေးမှန်းသိလိုက်ပါတယ်

ရှောင်းကျန့် " ကိုကို ကျန့်ကျန့်ကိုစိတ်ဆိုးနေသေးတာလား "

ခါးလေးကိုင်းကာ ကိုကို့မျက်နှာလေးကိုကြည့်ရင်းမေးလိုက်ပေမယ့်ကိုကို့ဆီမှ တုံ့ပြန်မှုမရ

...

ရှောင်းကျန့် " ကျန့်ကျန့်က သူတို့နဲ့မတွေ့တာကြာလို့ အဲ့အိမ်မှာခဏနေချင်ရုံပါ"

ရိပေါ် " မင်္ဂလာပွဲရှိနေတာကိုတောင် အဲ့အိမ်မှာအိပ်ဖို့တွေးနေတာလား ဟုတ်မာပါ မင်းကမှလက်မထပ်ချင်တာ ငါကပဲလက်ထပ်ဖို့လောနေတာကို"

ရှောင်းကျန့် " ကိုကိုအဲ့စကားမပြောပါနဲ့"

ကျန့်ကျန့်တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ် ကိုကိုကသူ့ကိုလက်မထပ်ချင်သေးဘူးလို့ ဘာလို့တွေးနေရတာလည်း

ရှောင်းကျန့် " ကျန့်ကျန့်ကိုကို့ကို လက်မထပ်ချင်တာမဟုတ်ပါဘူး မင်္ဂလာပွဲကိုမတိုင်ပင်ဘဲလုပ်လို့ စိတ်ဆိုးတာပါ ဒါ့ကြောင့် ကျန့်ကျန့်လျောက်ပြောလိုက်မိတာ ကိုကိုထင်သလိုမျိူ းလက်မထပ်ချင်လို့မဟုတ်ဘူး"

ရိပေါ် " ဒါဆို ဘာလို့အိမ်ကနေထွက်သွားတာလည်း ကိုကိုစိတ်ပူနေမယ်ဆိုတာ မသိဘူးလား စားချင်တာစားလာခဲ့တယ်မလား မတည့်တာတွေရောလေ"

ဒေါသထွက်နေတာတောင် ကျန့်ကျန့်အတွက်စိတ်ပူပေးနေတဲ့ ကိုကို့ကြောင့် ဝမ်းနည်းစိတ်လေးတောင်ပျောက်သွားရသည်

ကိုကိုလူဆိုးကြီး ဒေါသထွက်နေတာတောင်ချောမောပြီး ယောက်ျားဆန်နေတုန်း😁

ရှောင်းကျန့် " ကျန့်ကျန့်မှားသွားပါတယ် နောက်ကိုအခုလိုမလုပ်တော့ပါဘူး ကိုကိုစိတ်မဆိူးပါနဲ့တော့နော် "

ကိုကို့ကိုယ်အရမ်းချစ်တာကြောင့် ကျန့်ကျန့်ဘက်ကအလျော့ပေးရမယ်ဆိုရင်လည်း ဖြစ်တယ်ကိုကို

အချစ်မှာ ဘယ်သူမှားတယ်ဘယ်သူမှန်တယ် ဆိုတာမရှိသလို အနိုင်အရှုံးဆိုတာလည်း အရေးမပါပါဘူး

ရှောင်းကျန့် " ကိုကိုယောက်ျားကလည်းကွာ စိတ်ကောက်မယ်ဆိုတာကြီးပဲ ကလေးလားပြော😊"

ရိပေါ်ကိုယ်ပေါ်ခွပြီး ပါးနှစ်ဖက်ကို ညှစ်ကာလှုပ်ရမ်းပြီးမေးလာတဲ့ အဆိူးလေးကြောင့် ကြာကြာစိတ်မဆိုးရက်

ရိပေါ် " ရေသွားချိုးတော့ နေမကောင်းဖြစ်အုန်းမယ်"

ရှောင်းကျန့် " မချိူ းဘူး ကိုကိုယောကျာ်းပါးစပ်ကစိတ်ဆိုးပြေပါပြီပြောမှ ချိုးမယ်"

ရိပေါ် ကိုယ်ပေါ်ကနေ အငြိမ်မနေတဲ့အဆိုးလေးကြောင့်ပြုတ်ကျမှာစိုးပြီး ခါးလေးကိုလက်နှစ်ဖက်နဲ့ဖက်ထားလိုက်သည်

ဒါကိုအဆိုးလေး သဘောကျပြီးတမင်လှုပ်ရမ်းနေပြန်၏

ရိပေါ် " အခုသွားချိုးရင် အချိန်မှီသေးတယ်နော် မဟုတ်ရင် ကိုကိုအာမမခံနိုင်ဘူး "

လူကိုအမျိုးမျိုး ရူးအောင်လုပ်နေတဲ့အဆိုးလေးကို တားလိုက်ပေမယ့် ထပ်ကြားလိုက်ရတဲ့စကားတွေကြောင့် လူကမူမမှန်ချင်တော့

ရှောင်းကျန့် " ဟီး😁 ကျန့်ကျန့်ကိုကို့ချစ်တယ် ရေချိုးနောက်ကျလည်းဘာမှမဖြစ်ဘူး ကိုကိုလိုချင်ရင် ကျန့်ကျန့်ကိုယူပါ"

ရိပေါ် " ပြီးမှ နောင်တမရနဲ့နော်"

အဆိုးလေးမေးဖျားလေးကိုမော့ကာ နမ်းရင်းမေးလိုက်တော့ သဘောတကျရယ်မောရင်း ခေါင်းလေးခါပြ၏

ရှောင်းကျန့် " ယောက်ျားသဘော"

အဆိုးလေးရဲ့ မျိုးစုံချွဲနွဲမှုကြောင့် ရိပေါ်ဆက်ပြီးဟန်မဆောင်နိုင်တော့

စကားတတ်လွန်းတဲ့ နှုတ်ခမ်းရဲရဲလေးကိုအရင်သိမ်းပိုက်လိုက်၏

အပူအစပ်တွေဘယ်လောက်တောင်စားထားလည်းမသိ နှုတ်ခမ်းလေးကအခုထိစပ်သျှားသျားအရသာလေးကျန်ရစ်နေတုန်း

ဒါပေမယ့် အဆိုးလေးဆီကရတဲ့ရသလေးမလို့ ရိပေါ်သဘောတကျနဲ့ရှေ့ဆက်မိသည်

ရိပေါ် " ချစ်တယ်ကလေး"

ရှောင်းကျန့် " ကျန့်ကျန့်ရောပဲ"

ထိုညနေကတော့ အမောင်ကျန့်တစ်ယောက် နောင်တအကြီးကျယ်ရလိုက်ပါ၏

ကိုကိုကတကယ်ပဲ ပြောရင်ပြောသလိုပါပဲ

ကျန့်ကျန့်ခဗျာ သတိမမေ့ရုံတမယ်ဖြစ်မှ အနားယူခွင့်ရတဲ့အထိ ကိုကိုကကျားဆိုးလေးလုပ်နေပြန်ပါတယ်

.....ကိုကို့ကိုယ် ချစ်ရတာမလို့ နာကျင်မှုမှန်သမျှကို ရင်ဆိုင်ဖို့အသင့်ပါပဲ. ဝေးကွာသွားရတဲ့အချိန်ခဏလေးမှာတောင် ကျန့်ကျန့်အာရုံထဲမှာ ကိုကိုကကျက်စားနေတုန်းပါ....

.

.

.
Part 30🙆
ဒီ fic လေးကိုသာသာဇာတ်မသိမ်းချင်သေးလို့ ဆက်ရေးလိုက်တယ်နော်😘
.
နောက်ရေးမယ့် fic က yizhan မဟုတ်ဘဲချိုခါးလေးမလို့ ဖတ်ပေးကြပါဦး
intro လေးကတော့တင်ပေးပြီးပါပြီ
Gp တွေထဲတော့ မရှယ်ပေးတော့ဘူးနော်😍🤗

............

Zawgyi















မြူ ခိုးဝေဝေ " ဟင်😳"















.

.

.

.




အရာရာကို သူ့သဘောကျ စိတ်တိုင်းကျလုပ်တတ်တဲ့ကိုကို့ကို ဒီတစ်ခါတော့ကျန့်ကျန့်စိတ်ဆိုးမိပါ၏














.

.









ဝမ်မား " သားကျန့်လေးကို မချော့ချင်လည်း အိမ်တော့ပြန်ခေါ်လာခဲ့ပါသားရယ် တော်ကြာဟိုမှာပဲနေမယ်လုပ်မှ မေမေရောသားပါ လွမ်းနေရမယ်"



ရိပေါ် " ဟုတ်မေမေ"



.

.

.











ကျန်းချန် " ဟူး...ဘဝကလည်းမလွယ်လိုက်တာ တစ်ခုပြီးတစ်ခုခိုင်းနေတဲ့ ဟိုဟာလေးနဲ့ တောက်တဲ့လိုအမြဲကပ်နေတဲ့ ဒီဟာလေးကြောင့် ငါဘယ်မှာသွားပုန်းနေမှန်းကိုမသိတော့ဘူး"



ကျန်းချန် " ဟမ်😳"




အေမ့!






ဝန်းနင် " လက်ထပ်မှာလား "









ကျန်းချန်တစ်ယောက် စိတ်တိုတိုနဲ့အတင်းတွေရုန်းကန်နေတုန်း




ဝန်းနင် " တကယ်လား "


ပြွတ်စ် 😘


.














ရိပေါ် " ရှောင်းကျန့်"

.

.

.








ဒုန်း!







...





ရှောင်းကျန့် " ကျန့်ကျန့်ကိုကို့ကို လက်မထပ်ချင်တာမဟုတ်ပါဘူး မင်္ဂလာပွဲကိုမတိုင်ပင်ဘဲလုပ်လို့ စိတ်ဆိုးတာပါ ဒါ့ကြောင့် ကျန့်ကျန့်လျောက်ပြောလိုက်မိတာ ကိုကိုထင်သလိုမျိုးလက်မထပ်ချင်လို့မဟုတ်ဘူး"




ရှောင်းကျန့် " ကျန့်ကျန့်မှားသွားပါတယ် နောက်ကိုအခုလိုမလုပ်တော့ပါဘူး ကိုကိုစိတ်မဆိုးပါနဲ့တော့နော် "




ရိပေါ်ကိုယ်ပေါ်ခွပြီး ပါးနှစ်ဖက်ကို ညှစ်ကာလှုပ်ရမ်းပြီးမေးလာတဲ့ အဆိုးလေးကြောင့် ကြာကြာစိတ်မဆိုးရက်


ရှောင်းကျန့် " မချိုးဘူး ကိုကိုယောကျာ်းပါးစပ်ကစိတ်ဆိုးပြေပါပြီပြောမှ ချိုးမယ်"













ရိပေါ် " ချစ်တယ်ကလေး"






.

.

.
Part 30🙆
.

Continue Reading

You'll Also Like

332K 9.9K 110
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
966K 22K 49
In wich a one night stand turns out to be a lot more than that.
621K 18.7K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...
223K 4.7K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...