ထူးထူးဆန်းဆန်း ချစ်ဖူးစာ
By Thwin2004
21.6K 967 13
BL စာရေးဆရာလေးXZနဲ့ LGBTလက်မခံသူလေးWYBတို့ကြားက အချစ်ချိုချိုလေး More
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
စာလေးဆုံးသည်အထိ ဖတ်ပေးပါ
Part 26
482 22 0
By Thwin2004
  ကျန်းချန် ဝန်းနင် လက်ကိုဆွဲကာအိမ်ရှေ့က ဘုရားခန်းရှေ့ခေါ်လာလိုက်ပြီး
ကျန်းချန် " ဘာလို့ ကျန့်ကျန့်တို့ကို သွားရှုပ်ချင်ရတာလည်း "
ဟု ဘုဆတ်ဆတ်ပြောလိုက်တော့ ဆူပုတ်ပုတ်လေးဖြင့် ပြန်ဖြေ၏
ဝန်းနင် " သူတို့ပဲ အိပ်ချင်ရမှာလား မောင်တို့လည်း အိပ်ချင်တာပဲ".
ကျန်းချန် " ဒီမှာရော အိပ်လို့မရလို့လား "
ဝန်းနင် " ဘုရားရှေ့ကြီးမှာလေ မတော်လို့ အား!. .".
ဆက်ပြောမယ့် ဝန်းနင် ဗိုက်ခေါက်အား အားပါပါနဲ့ဆွဲလိမ်လိုက်တဲ့ ကျန်းချန်ကြောင့် ဝန်းနင်ငယ်သံပါအောင်အော်မိ၏
ကျန်းချန် " သူများတွေကြားသွားမယ် တိတ်တိတ်နေ. "
ဝန်းနင် " ချစ်ကလည်း နာတာကိုအော်မှာပေါ့ "
အိမ်ထဲက ကျီစားနေတဲ့လူနှစ်ယောက်ကတော့မသိပေမယ့် အိမ်ပြင်ထရံမှ နားစွင့်နေတဲ့ ၃ယောက်ကတော့ အဓိပ္ပါယ်တွေကောက်နေကြ၏
မိုးစန္ဒာဝင်း " ဟင်😳 အပျိုကြီး ကtop လား"
မိုးသန္တာဝင်း " ငါပြောပါတယ် သူကtop ပါလို့"
ဝင်းလဲ့လဲ့မိုး " ငါက အကိုဝန်းနင်ထင်နေတာ အခုတော့ 😌"
ဒီလိုနဲ့ပဲ ထို၃ယောက်လည်း အသီးသီးအတွေးတွေနဲ့ အိမ်ပြန်လှည့်လိုက်ကြ၏
.
.
.
ကျန့်ကျန့်တစ်ယောက် လွမ်းနေခဲ့ရတဲ့ရက်တွေကို အတိုးချပြီး ရိပေါ်ရင်ခွင်ထဲဝင်ကာ ချွဲနေလိုက်သည်
သူသတိရနေတဲ့ ကိုကို့ရဲ့ကိုယ်သင်းနံ့လေးကိုလည်းခိုးရှူ ဖို့မမေ့
ရိပေါ် သူ့လက်မောင်းကိုခေါင်းအုံးကာ ရင်ခွင်ထဲမှာ ငြိမ်နေတဲ့ကောင်လေးကြောင့် နှာဖူးကဆံစပြေပြေလေးအား မွှေးကြူ ရင်းအာရုံပြောင်းလိုက်၏
ရိပေါ် " ပြောပါဦး ဘာတွေစဉ်းစားနေတာလည်း "
ရှောင်းကျန့် " ကိုကို ကျန့်ကျန့်ကိစ္စကိုဖြေရှင်းပေးနိုင်ဖို့ မမြစ်ဖျားထိပ်နဲ့ ပတ်သတ်ခဲ့ရတာပေါ့နော်"
ခပ်တိုးတိုးအသံလေးက တကယ်ပဲစိတ်မကောင်းဖြစ်နေပုံပင်
ရိပေါ် " ဘာတွေတွေးနေတာလည်းကွာ ကိုကိုကသူနဲ့ပတ်သတ်တော့မှာမှမဟုတ်တာ မင်းလေးကဘာမှစိုးရိမ်မနေနဲ့ ကိုကိုက ဟောဒီကအဆိုးလေးကိုပဲ တုန်နေအောင်ချစ်တာ "
ရှောင်းကျန့် " ဟီး😁"
ထိုအခါမှ ရင်ခွင်ထဲမှမော့ကာပြုံးပြဖော်ရတဲ့ အဆိုးလေးကျန့်ကျန့်ပါ
ရိပေါ် ရင်ခွင်ထဲကအကောင်ပေါက်ကို ခပ်တင်းတင်းလေးတစ်ချက်ဖတ်ထားလိုက်၏
ရှောင်းကျန့် " ကိုကို့ကို ကျန့်ကျန့်ချစ်တယ် "
ရုတ်တရက် ထွက်ပေါ်လာသောစကားသံကြောင့် ရိပေါ်မှိတ်ထားတဲ့မျက်လုံးတွေတောင် ပြူ းကျယ်သွားရသည်
ရိပေါ် " ကျန့်ကျန့် ဘာပြော.."
ရှောင်းကျန့် " ကျန့်ကျန့်က ကိုကို့ကိုအရမ်းချစ်တာမလို့ ကိုကိုဒီရွာမှာကျန့်ကျန့်နဲ့နေစရာမလိုပါဘူး ကျန့်ကျန့်ကိုကိုနဲ့ပြန်လိုက်ခဲ့မယ် ကိုကို့အလုပ်ကပစ်ထားလို့မရဘူးမလား ပြီးတော့မားကိုလည်း တွေ့ချင်နေပြီ "
ရိပေါ်အလိုက်သိလွန်းတဲ့ ချစ်သူလေးအား အနမ်းရှည်ကြီးပေးကာ အသိမှတ်ပြုလိုက်၏
ရင်ခွင်ထဲကအကောင်ပေါက်ကလည်း အလိုက်တသိလေးငြိမ်နေပေးပါသည်
ရိပေါ် စိတ်လိုလက်ရနမ်းနေမိပြီးမှ ငြိမ်နေတဲ့အကောင်ပေါက်ကြောင့် နှာဖူးလေးတစ်ချက်နမ်းကာ ရပ်ပေးလိုက်၏
ရိပေါ် " မောသွားပြီလား sorry ကိုကိုသတိလွတ်သွားလို့ "
ရိပေါ်စကားကို ကျန့်ကျန့်ခေါင်းလေးခါပြလိုက်ပြီး
ရှောင်းကျန့် " ကိုကိုပေးတဲ့အနမ်းတွေကို ကျန့်ကျန့်သဘောကျတာမလို့ ကိုကို့စိတ်ကြိုက်ယူလို့ရပါတယ် ကျန့်ကျန့်အသက်ရှူ ကျပ်သွားရတဲ့အထိ ကိုကိုယူပါ"
အသံချိုချိုလေးနဲ့ စကားတတ်လွန်းတဲ့အကောင်ပေါက်ကြောင့် ထိန်းထားရိပေါ်စိတ်တွေအစိုးမရတော့
အကောင်ပေါက်လေးရဲ့ ကိုယ်ပေါ်အုပ်မိုးလိုက်ပြီး
ရိပေါ် " ဒါဆို ကိုကိုအခုကျန့်ကျန့်ကိုလိုချင်တယ်ဆိုရင်ရော "
ရှောင်းကျန့် " ကျန့်ကျန့်က ကိုကို့အပိုင်မလို့ ကိုကိုသဘောပါပဲ"
နှစ်ဦးသားရဲ့အကြည့်တွေက ပန်းတိုင်တစ်ခုကိုတွေ့နေသယောင်
အလွန်နီးစပ်လွန်းတဲ့အနေအထားက အသက်ရှူ ထုတ်လိုက်တဲ့လေငွေ့လေးတို့အား ပေါင်းဆုံသွားသယောင်နှင့်
နှစ်ဦးသဘောကျထိုညလေးကို အလွမ်းအစားထိုးကာ ဖြတ်သန်းကြည်နူး လိုက်ကြ၏
အိမ်ရှေ့က နှစ်ယောက်ကတော့ တစ်ညလူံးအခန်းထဲက အသံမျိုးစုံကြောင့် အိပ်မရခဲ့ကြ
..
.မိုးစန္ဒာဝင်း " အကိုကျန်းချန်ရေ ကျန့်ကျန့် ရေ!"
ခြံဝိုင်းထဲကို အသံတဆာဆာနဲ့ဝင်လာတဲ့စန္ဒာတို့ အုပ်စု
နှစ်အိမ်ကျော်က မင်္ဂလာဆောင်မှလည်း တူနှစ်ဖြာအစချီကာ တေးသံတို့ဖွင့်လှစ်နေကြပြီ
ညကအိပ်ရေးပျက်ခဲ့လို့လားမသိ အခုထိကျန့်ကျန့်တို့သာမက ဝန်းနင်တို့ပါမထနိုင်ကြသေး
စန္ဒာ တို့အိမ်ပေါ်တက်သွားကြတော့ဘုရားခန်းရှေ့မှာအိပ်နေကြသေးတဲ့အတွဲ
မိုးသန္တာဝင်း " ဟင် ခုထိမနိုးကြသေးဘူးလား"
ဝင်းလဲ့လဲ့မိုး " ခါတိုင်းဆိုနိုးနေကြပါဒီအချိန်ဆို ".
မိုးစန္ဒာဝင်း " လင်ရှိတဲ့သူတွေကဒီအတိုင်းပါပဲအေ ဖြည့်တွေးပေးလိုက်😁"
မိုးသန္တာဝင်း " အကိုကျန့်ရေ အကိုကျန့် "
အခန်းပြင်မှခေါ်သံကြောင့် ကျန့်ကျန့်အိပ်တဝက်နိုးတဝက်နဲ့ပြန်ထူးမိ၏
ရှောင်းကျန့် " ဗျ "
ဝင်းလဲ့လဲ့မိုး " ခဏနေ ဘိတ်သိတ်ဆရာလာတော့မှာ အကိုပဲကြည့်ချင်တယ်ဆို"
ရှောင်းကျန့် " အင်း အင်းအကိုလိုက်လာခဲ့မယ်"
မိုးစန္ဒာဝင်း " ဒါဆိုအမတို့သွားပြီနော်"
ရှောင်းကျန့် " ဟုတ် ".
.
စန္ဒာတို့အဖွဲ့ ထွက်သွားမှာကျန့်ကျန့် ကိုကို့ကိုနှိုးလိုက်၏
ရှောင်းကျန့် " ကိုကိုထတော့ မင်္ဂလာဆောင်ကိုသွားရတော့မယ် ထတော့ကိုကို"
ခေါင်းအုံးလေးကိုလက်ထောက်ပြီး ကျန့်ကျန့်ရိပေါ်ကိုနှိုးလိုက်သော်လည်း ကိုကိုက တုတ်တုတ်မျှမလှုပ်
ကျန့်ကျန့် ငုတ်တုတ်လေးထထိုင်လိုက်ကာ ရိပေါ်ပုခုံးအားလှုပ်နှိုးလိုက်ပြန်၏
ရှောင်းကျန့် " ထတော့ကိုကိုရာ ညကဘယ်သူကပိုပင်ပန်းတာလည်းဖြေအုံး "
အ!
ထိုသို့ဆူပုတ်ပုတ်ပြောနေသောကျန့်ကျန့်အား ရိပေါ်လက်မောင်းကဆွဲကာ သူ့ကိုယ်ပေါ်ဆွဲဖက်ထားလ်ုက်တော့ အကောင်ပေါက် နာသွားပုံပင် ။
ရှောင်းကျန့် " ကိုကိုလွှတ်ပေးအုံး ကျန့်ကျန့်နာတယ် "
ညက သောင်းကျန်းထားတဲ့ဒဏ်ကြောင့် ကျန့်ကျန့်တကိုယ်လုံးမလှုပ်ချင်အောင်ကို နာကျင်နေပါသည်
ရိပေါ်. စန္ဒာတို့အိမ်ပေါ်တက်လာတည်းထဲနိုးနေတာပါ အကောင်ပေါက်ကိုစချင်တာကြောင့် တမင်ပေကပ်ပြီးအိပ်ချင်ယောင်ဆောင်နေခြင်းပင်
ရိပေါ် " မိုးတောင်မလင်းသေးဘူး ဘာတွေပွစိပွစိနဲ့လုပ်နေတာလည်း အဆိုးလေး စောသေးလို့ကိုကိုက ပြန်အိပ်ခိုင်းနေတာကို ညကလည်းညဉ့်နက်မှအိပ်ရတာမလား "
ကိုကို့စကားကြောင့် ကျန့်ကျန့်မျက်နှာလေးမချိုမချဉ်လေးဖြစ်သွားရပါ၏
ရှောင်းကျန့် " မင်္ဂလာဆောင်ကမသွားလို့မကောင်းဘူးကိုကိုရဲ့ ကိုကိုပါလိုက်ခဲ့နော် "
ရိပေါ် " ပြွတ် 😘 ကောင်းပါပြီဗျာ အဆိုးလေးသဘောပါ "
ရိပေါ် အဆိုးလေးရဲ့နှုတ်ခမ်းသေးသေးလေးကိုတစ်ချက်နမ်းပြီး ပြောလိုက်တော့ သဘောတွေကျနေလေရဲ့
ရှောင်းကျန့် " ကိုကို့အရမ်းချစ်တယ်"
.
.
စန္ဒာတို့၃ယောက်ကတော့ ဧည့်သည်တွေစားဖို့ထမင်းပွဲပြင် လိုအပ်သည့်ပစ္စည်းများကိုနေရာချပေးရင်း အလုပ်ရှုပ်လျက်
ကျန့်ကျန့်တို့လည်း မင်္ဂလာဆောင်ကိုရောက်လာရော ရွာသူရွာသားတွေက အထူးအဆန်းဖြစ်ကာကြည့်နေကြ၏
မကြည့်ဆို ကိုကိုရော အကိုဝန်းနင်ကပါ ကျန့်ကျန့်နဲ့ကျန်းချန်အားလက်တွဲထားပြီး ဝင်လာခြင်းကြောင့်ပင်
မိုးသန္တာဝင်း " အကိုကျန့် boss တို့ဒီဘက်ကိုကြွပါရှင့်"
သန္တာစကားကြောင့် ရွာသားတွေလည်းသူ့အလုပ်သူဆက်လုပ်ကာ မကြည့်ကြတော့ပေ
ဘိတ်သိက်ဆရာကလည်း ဟိုဘက်ရွာမှသွားပင့်ရတာဆိုတော့ အနည်းငယ်ခရီးပင့်နေ၏
At 10am
သတို့သမီး သတိူ့သားတို့လည်းလက်ချင်းချိတ်ကာ မင်္ဂလာအိမ်ဂေဟာထဲသို့ဝင်ရောက်လာ၏
ရွာ၏ဓလေ့ထုံးတမ်းအရ ဝင်ရောက်လာသူအကြင်လင်မယားတို့အား ဖဲကြိုးတားကာ မင်္ဂလာလက်ဆောင်မွန်တောင်းကြ၏
သတို့သားဘက်ကလည်း အသင့်ပြင်ဆင်ထားသော
မင်္ဂလာခန်းဝင်လက်ဆောင်ဖြစ်တဲ့ ပုဝါနှင့်စာအိတ်လေးတို့အားပြန်ပေးကြသည်
တစ်ဖက်နှင့်တစ်ဖက်အပေးအယူပြီးစီးသည့်နောက်တွင်တော့ သတို့သားနဲ့သတို့သမီးတိူ့ အိမ်ပေါ်တက်ခွင့်ရပြီး ဘိတ်သိတ်ဆရာဆီမှ မေတ္တာဆုမွန်တောင်းခွင့်ရကြ၏
ကျန့်ကျန့်တိူ့လည်း စန္ဒာတို့နှင့်အတူ အိမ်ဝင်ပေါက်အနားတွင်ထိုင်ရင်း မင်္ဂလာတည်ခင်းစာများကို စားကာ အောင်စည်အောင်မောင်းဖြင့်လာမည့်ဘိတ်သိတ်ဆရာကိုအောင်ထူးကိုစောင့်မျှော်နေကြတာပေါ့
မိုးစန္ဒာဝင်း " အမယ်လေးဟယ် ဘိတ်သိတ်ဆရာတစ်ခါလာဖိူ့အရေး စည်ကလည်းတီးရသေးတယ်"
သန္တာတိူ့အနားကပ်ကာ အတင်းပြောနေတဲ့စန္ဒာကြောင့်
တံတောင်ဆစ်နဲ့တိူ့ကာ သတိပေးရသေးတယ်
တော်ကြာကြားသွားမှဟုတ်ပေ့ဖြစ်နေမယ်
ဝင်းလဲ့လဲ့မိုး " တိုးတိုးပြောဟဲ့ ဟိူမှာဘိတ်သိတ်ဆရာလာနေပြီ"
အချက်ပေးစည်တော်သံနှင့်အတူ တစ်လှမ်းချင်းလျှောက်လှမ်းလာတဲ့ဘိတ်သိတ်ဆရာက အိနြေ္ဒအပြည့်ဖြင့်
လှေကားထစ်ဝယ် ဖိနပ်လေးချွတ်ရင်း သတို့သားတို့ရှိရာ မင်္ဂလာခမ်းဝသို့ဆက်သွားရန် အိမ်ပေါ်သို့အလှမ်း
အုမ်း!
ဂလွမ်း!
All " ဟာ😱"
မိုးစန္ဒာဝင်း " ဘုရားရေ😳"
ကျန့်ကျန့် ကျန်းချန် " ဟိုက်"
အားလုံး၏ အာမေဋိတ်အသံတိူ့က ပလူံစီလျက်
အကြောင်းကတော့ အိမ်ပေါ်တက်လာတဲ့ ဘိတ်သိတ်ဆရာ တစ်စုံတစ်ရာကိုခလုတ်တိုက်ပြီး ဂဗန်းနဲ့နှာဖူးမိတ်ဆတ်သွားလို့ပင်
မိုးသန္တာဝင်း " သွားပြီ နင်ဘယ်လိုလုပ်လိုက်တာလည်း "
သန္တာတစ်ယောက် အမဖြစ်သူအားအပြစ်တင်စကားဆိုလေ၏
မိုးစန္တာဝင်း " ငါကတမင်လုပ်တာမှမဟုတ်တာ ညောင်းလို့ခြေထောက်လေးဆန့်လိုက်မိတာကို"
စန္ဒာပြောတာလည်းမမှားပါ
သူခြေထောက်ညောင်းလို့ဆန့်လိုက်တဲ့အချိန်နဲ့ ရှေ့တည့်တည့်ကြည့်ပြီးလျှောက်လာတဲ့ ဘိတ်သိတ်ဆရာရဲ့ခြေမျက်စိ တိုက်မိပြီး အခုတော့ နာမည်တလုံးနဲ့နေလာတဲ့ ဘိတ်သိတ်ဆရာအောင်ထူး တစ်ယောက်သတိမေ့သွားရပြီ
ဝင်းလဲ့လဲ့မိုး " လုပ်ကြပါဦး ဘိတ်သိတ်ဆရာသတိပြန်မရသေးဘူး ရွာကဆေးခန်းခေါ်သွားကြပါ"
ရွာသားတိူ့လည်း ကြောင်အနေရာမှ ဘိတ်သိတ်ဆရာအားပွေ့ကာခန်းစင်ပေါ်တင်လျက် ရွာဆေးခန်းသို့ခေါ်သွားကြလေ၏
သတို့သား " ဒုက္ခပါပဲဗျာ အခုဘိတ်သိတ်မြှောက်မယ့်လူမရှိတော့ ဘယ်လိုလုပ်ကြမှာလည်း "
စိတ်ညစ်ညစ်နဲ့ပြောလာတဲ့ သတို့သားလေးရဲ့စကားကြောင့် ကျန့်ကျန့်တိူ့အပါအဝင်အားလုံး ဗျာများသွားရ၏
နောက်ဆုံးတော့ မသက်သာတဲ့အဆုံး ရွာကလူကြီးတစ်ယောက်ကိုပဲ ဘိတ်သိတ်ဆရာတင်ပြီး ပြောတတ်သလိုကြည့်ပြောကာ မြှောက်လိုက်ကြရ၏
ဒါကတော့ ဆင်ရွာလေးရဲ့မရိုးနိုင်တဲ့ပျော်စရာအဖြစ်အပျက်လေးတွေထဲကတစ်ခုပေါ့
မင်္ဂလာပွဲပြီးလို့ ကျန့်ကျန့်တိူ့အားလုံး ဦးစိုင်းတို့အိမ်မှာစုရင်း မနက်ဖြန်ပြန်တော့မယ့်အကြောင်းပြောကြလေ၏
ကြီးတော်တင် " သားတို့ကပြန်ကြတော့မှာလားကွယ် ဖြစ်နိုင်ရင်ဒီတစ်ပတ်တော့နေကြပါဦးလား ကျောက်ကလပ်က ရှင်စောပုစေတီကိုလိုက်ပြချင်သေးလို့ကွယ့်"
မိန်းမပီပီဝမ်းနည်းတတ်သူ ကြီးတော်တင် ကစပြီးတားလေ၏
ကျန့်ကျန့်တိူ့လည်းစိတ်မကောင်းစွာနဲ့ပဲငြင်းလိုက်ရပါသည်
ရှောင်းကျန့် " နောက်ကြုံမှပဲသွားကြတာပေါ့ ကြီးတော်တင်ရယ် ပြီးတော့ကိုကို့အလုပ်ကလည်းအကြာကြီးပစ်ထားလို့မရလို့ပါ"
ကျန့်ကျန့်စကားကြောင့် ရိပေါ်ကျန့်ကျန့်ရဲ့ လက်ကလေးကိုဆုပ်ကိုင်ထားရင်းကျေနပ်နေမိသည်
ဦးစိုင်းလုံလုံ " အေးပေါ့ကွာ ဧည့်သည်ဆိုတော့လည်းအချိန်တန်အိမ်ပြန်ရမှာ သဘာဝပဲမလား ငါ့တူတိူ့နောက်ကိုအချိန်မရွေးလာလို့ရတယ်နော် "
ကျန်းချန် " ကျေးဇူးပါဦးစိုင်း ကျွန်တော်တို့အားလုံး ဒီရွာလေးနဲ့ရွာသူရွာသားတွေအားလုံးကိုအမြဲအမှတ်ရနေမှာပါ "
ကြီးတော်တင် " ကြီးတင်တို့လည်းသားတို့ကိုအမြဲသတိရနေမှာပါကွယ်😥"
ကြီးတင်ငိုတော့ ဦးစိုင်းကကျောလေးသပ်ရင်းနှစ်သိမ့်လေ၏
ရှောင်းကျန့် " အမစန္ဒာတို့ကိုလည်း ကိုကိုကအလုပ်ပြန်ခန့်လိုက်ပြီနော်"
All "ရှမ်😳!!"
ကျန့်ကျန့်စကားကြောင့် ၃ယောက်သားနားကြားလွဲသလိုပြန်ကြည့်နေကြ၏
ရှောင်းကျန့် " ဟုတ်တယ် နော်ကိုကို"
ရိပေါ် " မင်းတို့ကိုအလုပ်ပြန်ခန့်လိုက်တာ ဒါပေမယ့် company ရဲ့စည်းကမ်းကိုတော့လိုက်နာပေး"
All " yes boss! "
၃ယောက်သားအပြုံးကိုယ်စီဖြင့် ကျန့်ကျန့်တို့ကိုကျေးဇူးတင်ကြ၏
ကျန့်ကျန့်တို့လည်း တကယ်တမ်းဒီရွာလေးနဲ့မခွဲနိုင်ကြပေမယ့် နောက်တစ်ချိန်ပြန်လာမယ်ဆိုတဲ့အတွေးလေးနဲ့ ယနေ့နောက်ဆုံးညရဲ့နေဝင်ဆည်းဆာလေးကို ဝါးရုံပင်နားကခုံတန်းလျားလေးကနေ ခံစားလိုက်ကြသည်
နှုတ်ဆက်ပါတယ် ဆင်ရွာလေး နှုတ်ဆက်ပါရစေ ဟိုင်းကြီးမြေ
.
.
Part 27🙆‍♂️
သာသာ စာပြန်မစစ်ထားလို့သည်းခံပေးပါရှင့်😘
ကြားထဲမှာပျက်ကွက်ခဲ့တာတွေအတွက်အရမ်းအားနာရပါတယ်🙏
..........
Zawgyi
အိမ်ထဲက ကျီစားနေတဲ့လူနှစ်ယောက်ကတော့မသိပေမယ့် အိမ်ပြင်ထရံမှ နားစွင့်နေတဲ့ ၃ယောက်ကတော့ အဓိပ်ပါယျတှကေောကျနကွေ၏
.
.
.
ရှောင်းကျန့် " ဟီး😁"
..
ရှောင်းကျန့် " ဗျ "
ရှောင်းကျန့် " ဟုတ် ".
.
အ!
.
.
At 10am
သတို့သမီး သတို့သားတို့လည်းလက်ချင်းချိတ်ကာ မင်္ဂလာအိမ်ဂေဟာထဲသို့ဝင်ရောက်လာ၏
တစ်ဖက်နှင့်တစ်ဖက်အပေးအယူပြီးစီးသည့်နောက်တွင်တော့ သတို့သားနဲ့သတို့သမီးတို့ အိမ်ပေါ်တက်ခွင့်ရပြီး ဘိတ်သိတ်ဆရာဆီမှ မေတ္တာဆုမွန်တောင်းခွင့်ရကြ၏
ကျန့်ကျန့်တို့လည်း စန္ဒာတို့နှင့်အတူ အိမ်ဝင်ပေါက်အနားတွင်ထိုင်ရင်း မင်္ဂလာတည်ခင်းစာများကို စားကာ အောင်စည်အောင်မောင်းဖြင့်လာမည့်ဘိတ်သိတ်ဆရာကိုအောင်ထူးကိုစောင့်မျှော်နေကြတာပေါ့
မိုးစန္ဒာဝင်း " အမယ်လေးဟယ် ဘိတ်သိတ်ဆရာတစ်ခါလာဖို့အရေး စည်ကလည်းတီးရသေးတယ်"
သန္တာတို့အနားကပ်ကာ အတင်းပြောနေတဲ့စန္ဒာကြောင့်
တံတောင်ဆစ်နဲ့တို့ကာ သတိပေးရသေးတယ်
ဝင်းလဲ့လဲ့မိုး " တိုးတိုးပြောဟဲ့ ဟိုမှာဘိတ်သိတ်ဆရာလာနေပြီ"
အုမ်း!
ဂလွမ်း!
All " ဟာ😱"
အားလုံး၏ အာမေဋိတ်အသံတို့က ပလူံစီလျက်
ရွာသားတို့လည်း ကြောင်အနေရာမှ ဘိတ်သိတ်ဆရာအားပွေ့ကာခန်းစင်ပေါ်တင်လျက် ရွာဆေးခန်းသို့ခေါ်သွားကြလေ၏
စိတ်ညစ်ညစ်နဲ့ပြောလာတဲ့ သတို့သားလေးရဲ့စကားကြောင့် ကျန့်ကျန့်တို့အပါအဝင်အားလုံး ဗျာများသွားရ၏
မင်္ဂလာပွဲပြီးလို့ ကျန့်ကျန့်တို့အားလုံး ဦးစိုင်းတို့အိမ်မှာစုရင်း မနက်ဖြန်ပြန်တော့မယ့်အကြောင်းပြောကြလေ၏
ကျန့်ကျန့်တို့လည်းစိတ်မကောင်းစွာနဲ့ပဲငြင်းလိုက်ရပါသည်
ဦးစိုင်းလုံလုံ " အေးပေါ့ကွာ ဧည့်သည်ဆိုတော့လည်းအချိန်တန်အိမ်ပြန်ရမှာ သဘာဝပဲမလား ငါ့တူတို့နောက်ကိုအချိန်မရွေးလာလို့ရတယ်နော် "
All "ရှမ်😳!!"
All " yes boss! "
.
.
Part 27🙆
Continue Reading
You'll Also Like
958K 21.8K 49
In wich a one night stand turns out to be a lot more than that.
218K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
664K 33.4K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
481K 14.6K 98
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...