ထူးထူးဆန်းဆန်း ချစ်ဖူးစာ

By Thwin2004

21.6K 967 13

BL စာရေးဆရာလေးXZနဲ့ LGBTလက်မခံသူလေးWYBတို့ကြားက အချစ်ချိုချိုလေး More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
စာလေးဆုံးသည်အထိ ဖတ်ပေးပါ

Part 23

477 24 0
By Thwin2004


       ရှောင်းကျန့်တို့လည်း ကြီးတော်တင်တို့ရှိရာကိုလည်းရောက်ရော ဘုရားပေါ်မှာလူတွေကစုရုံးနေကြပြီ

တစ်ချို့ကလည်း လောင်းလှူမယ့်ပစ္စည်းလေးတွေကို လင်ဗန်းလေးထဲမှာအစီအရီထည့်ရင်း ရဟန်းတို့ကိုမျှော်နေကြ၏

ကြီးတော်တင် " သားတို့ပြန်မလာသေးတော့ ကြီးတော်ဖြင့်စိတ်ပူသွားတာပဲ "

ကြီးတော်တင်က အိတ်ထဲမှာရာတန်အုတ်ကလေးတွေကိုထုတ်ရင်း စိုးရိမ်စွာနဲ့ပြောတော့ ဦးစိုင်းကပါဝင်ထောက်၏

ဦးစိုင်းလုံလုံ " တစ်နှစ်မှာ အခုလိုတပေါင်းလပြည့်နေ့တစ်ရက်တည်းသာ ဆွမ်းကြီးလောင်းလှူခွင့်ရတာမလို့ သားတို့ကို မမှီလိုက်မှာစိုးနေတာ "

ကျန်းချန်လည်း YumYum စက္ကူ ပုံးလေးကို တိတ်ခွာရင်း ပြန်ဖြေ၏

ကျန်းချန် "ဟုတ် ကျွန်တော်တို့က ဂေါပကလူကြီးနဲ့မော်တင်ဘုရားသမိုင်းအကြောင်းမေးနေလို့ပါဗျ"

ခေါက်ဆွဲခြောက်က ပုံးနဲ့ဆိုတော့ တစ်ထုပ်စီယူလောင်းရုံပဲလေ

ကျန့်ကျန့်လည်း Nabati ပုံးလေးကိုဖွင့်ပြီး ကြီးတော်တင်အနားသွားရပ်လိုက်၏

တစ်ဖြည်းဖြည်းနဲ့ လူတွေက ဘုရားကြီးကိုပတ်လည်ဝန်းရံရင်း လောင်းလှူဖို့အသင့်ဖြစ်နေကြတော့ သိပ်မကြာခင်မှာပဲတရားကတ်စက်သံနဲ့အတူ ဂေါပကလူကြီးတစ်ချို့က ရှေ့ဆုံးမှ အလံတိုင်ကိုင်ရင်း ထွက်လာကြ၏

နောက်မှာတော့ ဘုရားအဆူအသေးလေးကိုင်တဲ့သူနှင့်အလှူခံတဲ့လူက ပါပြီး ထို့နောက်တွင်တော့

သိမ်ဆင်းရဟန်းတို့က တန်းစီပြီး အလှူခံလိုက်ပါလာကြ၏

သိမ်ဆင်းသံဃာတို့နောက်တွင်တော့ ရပ်ရွာအနီးကဘုန်းကြီးများနှင့်အတူ မြို့မှဧည့်သည်ဘုန်းကြီးများ ထို့နောက် သီလရှင်များပါ ပါလေ၏.

.( ဒီနှစ်ကတော့ ရောဂါအခြေနေကြောင့်လူသိပ်မလာနိုင်ြကပါဘူး)

.
ကျန့်ကျန့်တို့လည်း လောင်းလှူလို့အပြီးမှာတော့ ပီတိအပြုံးတိူ့ဝေဆာလျက်

ရှောင်းကျန့် " ဆွမ်းလောင်းပွဲကအရမ်းကိုကြည်နူးဖို့ကောင်းတာပဲနော် "

ကြီးတော်တင် " ဒါပေါ့ အခူလိုလှူခွင့်ရတာကြောင့် စိတ်ကိုကြည်လင်အေးမြစေတယ်လေ"

ကျန်းချန် " နေတောင်အတော်ပူလာပြီနော်"

မနက်၉နာရီကျော်လာပြီဆိုတော့နေက တဖြည်းဖြည်း အုပ်မိုးလာပါ၏

ဦးစိုင်လုံလုံ " ဒါဆိူ နေသိပ်မပြင်းခင် တို့တွေပြန်ကြမလား "

ကြီးတော်တင် " ကောင်းပြီလေ ပြန်ကြတာပေါ့ အိမ်ပြန်ရင်ထမင်းချက်ရဦးမယ်"

မနက်ကအစောကြီးထလာရတာမလို့ ထမင်းမချက်အားပါ

ဧည့်သည်တွေကတော့ တည်းခိုခန်းတွေမှာအနားယူပြီး ညဘက်ဆိုထပ်ပြီးလာဖူးနိုင်ပါသည်

ကျန့်ကျန့်တို့လည်း မော်တင်ဘုရားကြီးအား ရှီခိုးပြီးကားဖြင့် မိမိတို့နေရပ် ဆင်ရွာလေးသို့ပြန်လှည့်ခဲ့ကြပါ၏

.

.

.

.
မိုးသန္တာဝင်း " ကြီးတင် ကြီးတင်!"

အသံကျယ်ကျယ်နဲ့အော်ပြီး ခြံဝိုင်းလေးထဲဝင်လာတဲ့ သန္တာတို့၃ယောက်

မိုးစန္ဒာဝင်း " ကြီးတင်ရေ ချစ်တူမလေးတွေလာတယ်"

အထုပ်တွေသယ်ရင်း အိမ်ရှေ့ကကွပ်ပျစ်ပေါ်ချလိုက်၏

ဝင်းလဲ့လဲ့မိုး " ဟင် အိမ်တံခါးလည်းသော့ခတ်ထားတယ် ကြီးတင်ဘယ်သွားပါလိမ့်? "

ကွပ်ပျစ်ပေါ်ထိုင်ရင်း ခေါင်းရင်းကအိမ်ကိုကြည့်လိုက်တော့

မိုးသန္တာဝင်း " ဟင် လူပျိုကြီးအိမ်ကလည်းသော့ပိတ်ထားတယ်😳"

မိုးစန္ဒာဝင်း " ဧကန ကြီးတင်တို့ခိုးပြေးသွားကြတာလား🙄"

အဟွတ်အဟွတ်💥

စန္ဒာစကားကြောင့် ရေနွေးသောက်နေတဲ့ မိုးရေနွေးသည်းရသည်အထိ

မိုးသန္တာဝင်း " ဘယ်သူမှလုမသောက်ပါဘူးအေ"

ဝင်းလဲ့လဲ့မိုး " ရူးနေလို့ခိုးပြေးရမလား သူတိူ့ကိုသဘောမတူမယ့်မိဘတွေမှမရှိတာ"

မိုးစန္ဒာဝင်း " အဲ့တာလည်းဟုတ်တာပဲ😄"

မိုးသန္တာဝင်း " ထူးတော့ထူးဆန်းတယ်ဟ အကိုကျန့်တို့လည်းမရှိဘူးဆိုတော့ "

တစ်ယောက်တစ်ပေါက် ထင်ရာတွေပြောနေကြရင်း အဝတ်စားအသစ်တွေနဲ့ တောက်တောက်ပြောင်ပြောင်နဲု့ခြံထဲဝင်လာတဲ့ ကြီးတော်တင်တို့ကိုတွေ့တော့
၃ယောက်သား အပြေးလွှားနဲ့သွားကြိုလိုက်၏

မိုးစန္ဒာဝင်း " ကြီးတင်ဘယ်အလှူကပြန်လာတာလည်း "

မိုးသန္တာဝင်း " လက်ထဲမှာလည်း ခေါက်ဆွဲကြော်ဘူးနဲ့ပါလား"

ဝင်းလဲ့လဲ့မိုး " ငါတို့ကြီးတင်ကတော့ ပိုင်တယ်ကွာ အလှူမှာစားလာသေးတဲ့အပြင် ပါဆယ်ပါသယ်လာနိုင်တယ်😊"

ဒေါက်!

အ💥

မိုးရဲ့ထိပ်ကိုခေါက်လိုက်တဲ့ကြီးတော်တင်ကြောင့် နှာဖူးထိပ်လေးကိုပွတ်ရင်း

ဝင်းလဲ့လဲ့မိုး " ကြီးတင်တိူ့များ အခုမှပြန်လာတဲ့တူမလေးကို နှိပ်ဆက်တယ်🥴"

ကြီးတော်တင် " ခေါက်မှာပေါ့ ပေါက်ကရတွေပြောနေတာကို ဘယ်အလှူကမှပြန်လာတာမဟုတ်ဘူး မော်တင်ကဆွမ်းလောင်းပြီးပြန်လာတာ ဒီခေါက်ဆွဲကြော်ဘူးကလည်း ဟိုကအလှူရှင်တွေကမ်းလိုက်တာ "

All " aww. ."

ကြီးတော်တင်လည်းမနိုင်စိန်လေးတွေကို ဘာမှမပြောဘဲ ကွပ်ပျစ်ဆီသာသွားနားလိုက်၏

ဦးစိုင်းတို့လည်း ကွပ်ပျစ်မှာဝင်ထိုင်ကြတော့ အခုဆိုလူအတော်စုံနေသည်

ကြီးတော်တင် " ပြောပါဦးဘယ်ကဘယ်လို ပြန်ရောက်လာတာလည်း မြို့မှာအလုပ်လုပ်တယ်ဆို "

အမေးစကားကိုမဖြေမီ ကျန့်ကျန့်တို့ကိုအရင်ကြည့်ပြီး ဟိုလိုလိုဒီလိုလိုလုပ်နေ၏

ကြီးတော်တင် " မေးတာဖြေလေ"

မိုးစန္ဒာဝင်း " အား ဖြေးဖြေးသာသာမေးပါ ကြီးတင်ရာ စန္ဒာတို့ကအခုရွာကိုခွင့်နဲ့ပြန်လာတာ"

ဖြေသာဖြေတယ်မျက်နှာတွေကမူမမှန်တော့ ကျန်းချန်တို့သတိထားမိ၏

မိုးသန္တာဝင်း " သန္တာတို့က ဟိုင်းကြီးမှာတောင်မနေဘဲ အမေတို့ကိုပြောပြီးကြီးတင်ဆီလာတာနော်"

တကယ်တမ်းတော့ ကြီးတော်တင်လို့ခေါ်တဲ့ ဒေါ်မေတင်က သူတို့၃ယောက်နဲ့ ဘာသွေးသားမှမတော်စပ်ပါ

ဒါပေမယ့် သူတို့မိဘတွေနဲ့ကြီးတင်က ငယ်သူငယ်ချင်းတွေဆိုတော့ သူတိူ့လေးတွေကကိုယ့်တူမ ကိုယ့်သားသမီးလိုဖြစ်နေပါပြီ

ကြီးတော်တင်လိုပဲ လူပျိူကြီးဦးစိုင်းကလည်း ရှောင်းကျန့်နဲ့ကျန်းချန်ကို ကိုယ့်တူကိုယ့်သားလိုခံစားမိနေမှာတော့ တောဓလေ့ရဲ့မလွဲသော စိတ်ကောင်းရှိမှူပင်တည်း။

ကျန့်ကျန့်တို့လည်း ဒီအုပ်စုဘာလို့ရွာပြန်လာရလည်း အကြောင်းကိုသိချင်နေသည့်ဟန်

ဒါ့ကြောင့် အခြေနေကိုပြောပြဖို့ ကြီးတင်ကိုပထုတ်လိုက်၏

ဝင်းလဲ့လဲ့မိုး " ကြီးတင် မိုးတို့ကခရီးပန်းလာလို့ဗိုက်တွေဆာနေပြီ ဘာချက်လည်းဟင်"

ကြီးတော်တင် " အဲ့တာမှ ဒုက္ခပဲမနက်ကကြီးတင်အစောကြီးထလို့ဘာမှမချက်ဖြစ်လိုက်ဘူး "

ဝင်းလဲ့လဲ့မိုး " အွန့်😌"

ကြီးတော်တင် " အိမ်မှာ မျှစ်တော့ရှိတယ် ခြံထဲကချဉ်ပေါင်လေးနဲ့ရောပြီး ကြော်ကျွေးမယ် "

ဦးစိုင်းလုံလုံ " မတင် အိမ်မှာ မနေ့ကဝယ်ထားတဲ့ပုစွန်ကြော်ရှိတယ် ကျွန်တော်ယူလာပေးမယ်"

ကြီးတော်တင် " ကျေးဇူးပါရှင် ဒါဆို ကြက်သွန်မြိတ်ဟင်းချိုလေးပါချက်ပေးမယ် "

မိုးစန္ဒာဝင်း " ဟာ စားကောင်းပြီ😁"

ကြီးတော်တင်လည်း ထမင်းဟင်းချက်ဖို့အိမ်ဘေးကိုထွက်သွားပြီး ဦးစိုင်းကလည်း ဟင်းသွားနွှေးဖို့ပြန်သွားတော့ ကျန့်ကျန့်တို့နဲ့သူတိူ့သာကျန်ခဲ့၏

ရှောင်းကျန့် " ဘယ်လိုလုပ်ပြန်ရောက်လာတာလည်း အခုချိန် Company ကခွင့်မပေးလောက်ပါဘူး"

မိုးသန္တာဝင်း " မပြောချင်တော့ပါဘူး အကိုကျန့်ရေ ညီမတို့တွေအလုပ်ပြုတ်လာကြတာ"

ကျန်းချန် " ဘယ်လို😳၃ယောက်လုံးလား"
.

မိုးစန္ဒာဝင်း " ဟုတ်တယ် ၃ယောက်လုံးကို ၃လစာပေးပြီးထုတ်လိုက်တာ bossကသိပ်ရက်စက်တယ်"

ကျန့်ကျန့်တို့လည်းအခုထိဇာတ်ရည်မလည်သေးပါ

ရှောင်းကျန့် " ဘာအမှားလုပ်မိလို့ ကိုကိုက၃ယောက်လုံးကိုတစ်ပြိုင်တည်းထုတ်ရတာလည်း"

ဝင်းလဲ့လဲ့မိုး " အကိုကျန့်ဘယ်မှာလည်းမေးတယ် ညမတို့ကမသိဘူးလို့ပြောလို့ Black card ပေးပြီးမေးတယ် နောက်တော့မပြောလို့ဆိုပြီး အလုပ်ထုတ်ရော"

ရှောင်းကျန့် " ကိုကိုကလည်းဗျာ ဘာလို့အခုလိုကလေးဆန်ဆန်တွေလုပ်နေရတာလည်းမသိဘူး မဆိုင်တွေလူတွေကိုပါဒုက္ခပေးမိပြီ "

ကျန်းချန် " ဒါဆို ငါတို့ဘာဆက်လုပ်ကြမလည်းကျန့်ကျန့် ရိပေါ်ကဒီအတိုင်းထားမှာမဟုတ်ဘူးနော် အခုတောင်လိုက်လာရင်လိုက်လာမှာ"

မိုးသန္တာဝင်း " အဲ့တွက်တော့မပူနဲ့ ခေါင်းဆောင် ညမတို့ကသူတို့မသိအောင် ဟိုင်းကြီးမှာမနေဘဲ ဒီမှာလာနေတာ သူတို့မသိလောက်ဘူး "

ရှောင်းကျန့် " ကျေးဇူးပါဗျာ ကျွန်တော့ကြောင့်အားလုံးအလုပ်ပြုတ်ရပြီ တောင်းပန်ပါတယ် "

မိုးစန္ဒာဝင်း " တောင်းပန်စရာမလိုပါဘူးမောင်လေးရာ နောက်ထွက်မယ့်စာအုပ်ကြရင်သာ အမတို့ကိုလက်ဆောင်ပေး😁"

ကျန်းချန် " အရေးထဲ 😏"

ရှောင်းကျန့် " စိတ်ချပါ ကျွန်တော်လက်ဆောင်ပေးမှာပါ ကျွန်တော့်သတင်းတွေငြိမ်သွားရင် ကိုကို့ကိုပြောပေးပါ့မယ် အမတို့ကိုပြန်အလုပ်ခန့်ဖို့ ဒါ့ကြောင့်စိတ်မကောင်းမဖြစ်ပါနဲ့နော်"

မိုးစန္ဒာဝင်း " စိတ်မကောင်းကတော့မဖြစ်ဘူးစိတ်ချ အရင်ကဆိုတလမှ ၃သိန်းရတာ အခုက၁လထဲ ၉သိန်းရလာတယ် အလုပ်နားရတုန်းဒီရွာမှာပတ်မွှေလိုက်ဦးမယ်😁😄"

ကျန့်ကျန့်တကယ်ပဲ အားကျမိပါသည် အလုပ်ပြုတ်လာတာတောင် ရီမောပြီးပျော်ရွှင်နေတဲ့ဒီအဖွဲ့က တကယ်ပဲစိတ်ချမ်းသာဖို့ကောင်း၏

ကိုယ့်မှာသာ ဆုပ်လည်းဆူးစားလည်းရူးနိုင်မည့်အနေထားကြီး

.

.

.

ဒီရက်ပိုင်း ရိပေါ် Company အလုပ်တွေကိုအာရုံမစိုက်အားပါ

သူကျန့်ကျန့်အတွက် အမှန်တရားကိုဖော်ထုတ်ပေးနိုင်ဖို့အတွက် မချစ်သော်လည်းအောင့်ကာနမ်း ဆိုသလို မြစ်ဖျားထိပ်နဲ့နီးစပ်အောင်ကြိုးစားနေမိသည်

အခုလည်း club မှာတွေ့ကြရအောင်လို့ချိန်းလို့ သူသွားလိုက်ရသည်

မြစ်ဖျားထိပ် " ဟာရိပေါ် လာပြီလား 😊"

ရိပေါ်လက်အားအတင်းဆွဲ၍သူနဲ့အနီးဆုံးခုံမှာထိုင်စေသည်

မြစ်ဖျားထိပ် " မိတိဆက်ပေးရဦးမယ် ခိုး ဒါကငါနဲ့လက်ထပ်မယ့်ငါ့ရဲ့သတို့သားလောင်း ရိပေါ်တဲ့ ရိပေါ် ဒါကထိပ်ရဲ့အချစ်ဆူံးသူငယ်ချင်း မြူ ခိုးဝေဝေတဲ့ "

ပိုင်စိုးပိုင်နင်း မိတ်ဆက်ပေးပုံကြောင့်ရိပေါ် တကယ်ပဲစိတ်တိုမိ၏

သူ့မိဘတွေကသာမေမေ့ဆီလာပြီး ပေးစားဖို့ကမ်းလှမ်းတာလေ ကိုယ့်ဘက်ကဘာမှတောင်အကြောင်းမပြန်ရသေးဘူး

ဒါကိုသူ့သတို့သားလောင်းဆိုပြီးပြောနေ၏

ကျန့်လောက်လည်း ချစ်စရာမကောင်းဘဲနဲ့ လာမူပြနေသေးတယ် ဝေါ့

ရိပေါ်စိတ်ထဲမှ မကျေနပ်ချက်များကိုပြောရင်း အတွေးလွန်နေ၏

မြူ ခိုးဝေဝေ " တွေ့ရတာဝမ်းသာပါတယ် ခိုးကိုလည်းထိပ်လိုခင်နိုင်ပါတယ်"

ရိပေါ် " ငါကတွေ့ကရာလူကိုမခင်တတ်ဘူး "

စိတ်ထဲမှပြောတာဖြစ်သော်လည်း ပါးစပ်ကလွှတ်ကနဲထွက်သွား၏

ဒါတောင်အပြုံးအရယ်မပျက်ဒင်းတို့က

မြစ်ဖျားထိပ် " အဟား😃 ရိပေါ်ကအဲ့လိုပဲနောက်တတ်တယ် စိတ်ထဲမထားနဲ့နော်ခိုး "

မြူ ခိုးဝေဝေ " မထားပါဘူး နင့်ရဲ့ခင်ပွန်းလောင်းကိူ ငါကစိတ်ဆိုးစရာလား😏"

ဒီထက်ပိုပြီး ပြောနေရင် ရန်ပွဲဖြစ်တော့မှာကြောင့် ထိပ်ကပဲအခြေနေကိုထိန်းလိုက်၏

မြစ်ဖျားထိပ် " စကားတွေကောင်းနေတာနဲ့ ရိပေါ်ကိုခေါ်ရင်းကိစ္စကိုမေ့နေတာ ဒီညက ထိပ်ရဲ့မွေးနေ့လေ အဲ့ဒါထိပ်နဲ့အတူသောက်ဖို့ ရိပေါ်ကိုခေါ်လိုက်တာ "

ရိပေါ် " ငါမသောက်တော့ဘူး "

မြစ်ဖျားထိပ် " တစ်ခွက်တည်းပါ နော် ရိပေါ်ကလည်းတစ်ခွက်တည်းပါဆို "

.
ရိပေါ်သူ့ရဲ့ဘေးဘီကို အကဲခတ်လိုက်တော့ သူတို့ဝိုင်းနဲ့မနီးမဝေးမှာ ထိုင်ပြီးသူ့ကိုလက်ပြတဲ့ ဝန်းနင်နဲ့ ရှီးချန်

မြစ်ဖျားထိပ် ကတော့နောက်ခိုင်းဆိုတော့မြင်မှာမဟုတ်

ရိပေါ် " ကောင်းပြီလေ "

ရိပေါ် မြစ်ဖျားထိပ်တိုက်တဲ့ ယမကာတစ်ခွက်သောက်လိုက်တော့ သူမကသဘောကျသွားသည့်ဟန်

သူမက ခုံကိုရွှေ့ရင်း ရိပေါ်အနားသို့ကပ်လာ၏

လက်သွယ်သွယ်တို့ကလည်း ရိပေါ်ပေါင်သို့ထိတွေ့ရင်း ပွတ်သပ်နေတော့

ရိပေါ် " ဟို ထိပ်ငါ Toliet ခဏသွားဦးမယ် "

သူမက အရှိန်ပျက်သွားသည့်အလား နှုတ်ခမ်းလေးဆူကာ ခေါင်းငြိမ့်ပြ၏

မြူ ခိုးဝေဝေ " ထိပ် သူကမလွယ်ဘူးနော် နင်အကြံအောင်ပါ့မလား"

မြစ်ဖျားထိပ် " သူ့ရဲ့ပုံမှန်စိတ်နဲ့သာဆို ငါမျှော်မှန်းသလိုမဖြစ်ပေမယ့် သူ့ရဲ့စိတ်တွေကို မထိန်းချူ ပ်နိုင်အောင်ဒါလေးသာသူံးလိုက်ရင်...😎😎"

ပြောရင်း ပိုက်ဆံအိတ်ထဲမှ ဆေးထုတ်လေးအား ထုတ်ပြလိုက်တော့ ခိုးတစ်ယောက်အံ့သြသွားရသည်

မြူ ခိုးဝေဝေ " နင်တကယ်ပဲသူ့ကိုဆေးခတ်မလို့လား "

မြစ်ဖျားထိပ် " နင်ဘာတွေကြောက်နေတာလည်းခိုး ရိပေါ်ဆိုတာငါ့အပိုင်ပဲ သူ့ဘေးနားကအရှုပ်ထုတ်တွေကိုလည်းငါရှင်းပြီးပြီ အခုသူ့ကိုငါကလွဲပြီး ဘယ်သူ့မှမပိုင်စေရဘူး "

ခိုးကတော့ ပင့်သက်မောကိုချရင်း လက်ကျန်ခွက်ကိုမော့လိုက်၏

ထိပ်ကတော့ ရိပေါ်သောက်တဲ့ခွက်လေးထဲကို ဆေးဖြူ မှုန့်လေးများရောရင်း အကြံပိုင်သူတစ်ယောက်လို ပြုံးလိုက်ပါတော့၏

....ရှင်ဒီနေ့တော့ ကျွန်မကိုဆွဲလမ်းသွားစေရမယ် ရိပေါ်.....

သူမမသိလိုက်တာက သူမတို့ရဲ့အစဆုံးပုံရိပ်တို့အား ဓာတ်ပုံရိုက်တဲ့လူတစ်စုကိုပင်

သူမအကြံက တကယ်ပဲပိုင်နိုင်ပါ့မလား

.

.

.

.
အိပ်ခန်းတစ်ခုရဲ့ ကုတင်ထက်ဝယ် 
ရိပေါ် က မြစ်ဖျားထိပ်အားအုပ်မိုးပြီး နမ်းရှုက်နေ၏

နမ်းရှိုက်ရာမှ ထွက်ပေါ်လာတဲ့အသံတို့ကား ရွာသွန်းနေတဲ့မိုးသံတို့ကို လွှမ်းမိုးလျက်

ရှောင်းကျန့် " ကိုကို 💥"

တံခါးဝမှာခြေစုံရပ်ရင်း မျက်ဝန်းအိမ်၌မျက်ရည်ကြည်တို့ကနေရာအပြည့်ယူရင်း အားတင်းခေါ်လိုက်တဲ့အသံကြောင့် လှုပ်ရှားမှူတွေအားလုံးရပ်တန့်လျက်

ရိပေါ် " ကျန့် ကိုကိုရှင်းပြပါရစေ ကိုကိုရှင်းပြမယ် "

တောင်းပန်နေတဲ့ စကားသံတို့အား ရွာသွန်းနေတဲ့မိုးတို့က လှောင်ပြောင်နေသယောင်

သူ့လက်ကိုဆွဲကာ ရှင်းပြဖို့ကြိုးစားနေတဲ့ သူအားစေ့စေ့ကြည့်ရင်း

ရှောင်းကျန့် " ကျန့်ကျန့် ကိုကို့ကိုမုန်းတယ် ကိုကို့ကို အရမ်းမုန်းတယ်💥"

တိတ်ဆိတ်တဲ့ညလယ်မှာ ဘေးဘီမှစူးစူးဝါးဝါးအော်သံကြောင့် ကျန်းချန်လန့်နိုးသွားရ၏

ဟင်

ကျန်းချန် " ကျန့်ကျန့်သတိထားဦးလေ ကျန့်ကျန့် "

သူလှုပ်နှိုးကာ ပြောနေသည့်တိုင်အောင်ကျန့်ကျန့်နှုတ်မှ ရေရွတ်နေသည်ကား

" ကိုကို့ကိုမုန်းတယ် "

တဲ့။

ကျန်းချန် " ကျန့်ကျန့် ဘာမှမဖြစ်ဘူးလေ ကျန့်ကျန့် "

ရှောင်းကျန့် " ကျန်းချန်"

သတိကပ်ကာနိုးနိုးချင်း သူ့ကိုဖတ်ကာငိုနေတဲ့ကျန့်ကျန့်ကြောင့် သူဘာလုပ်ရမှန်းပင်မသိ

ကျန်းချန် ကျောလေးကိုသပ်ပေးရင်း

ကျန်းချန် " ဘယ်လိုအိမ်မက်တွေမက်လို့ ငါတို့ကျန့်ကျန့်လေးကအခုလိုဝမ်းနည်းနေရတာတုန်း "

ရှောင်းကျန့် " အင့် အိမ်မက်ထဲမှာလေ ကိုကိုနဲ့မြစ်ဖျားထိပ်နဲ့က အင့်😪 သူတို့ကနမ်းနေကြတယ်😭"

ကျန်းချန် " ဒါကအိမ်မက်လေကျန့်ကျန့်ရဲ့ တကယ်မဟုတ်ပါဘူး ပြီးတော့bossက အဲ့လိုလူမှမဟုတ်တာ "

ရှောင်းကျန့် " ကိုကို့ကိုယုံပါတယ် ဒါပေမယ့်ငါကြောက်တယ်ကျန်းချန် ကိုကို့ကိုဆုံးရှုံးရမှာ ကြောက်တယ် "

ကျန်းချန် " ဒါဆို ငါတို့တွေဘာလို့ဒီမှာပုန်းနေရမှာလည်း သွားမယ်လေရိပေါ်ဆီ"

ရှောင်းကျန့် " ငါ့ကြောင့်ကိုကို့ကို ထိခိုက်မှာစိုးတယ် အခုချိန်မှာငါကနာမည်ပျက်နဲ့ လူလေ ကိုကိုသာငါနဲ့တူတူတူရှိရင်သူပါရောပြီး နာမည်ပျက်မှာလေ ပြီးတော့ငါမဖြေရှင်းရသေးဘူး"

ကျန်းချန်လည်း ဘာပြောရမှန်းတောင်မသိတော့ပေ

တစ်ယောက်ကလည်း ဒေါသအိူး နောက်တစ်ယောက်ကျပြန်တော့လည်း ဂရုဏာအိုး

ကြားထဲက ကိုယ်ကစိတ်ပိန်ရတယ် ဟူး...

.

.

.

.
ဝန်းနင် " မင်းဘာဆက်လုပ်မှာလည်း မြစ်ဖျားထိပ်"

Club ရဲ့ Pravite room ထဲမှာ ရိပေါ်တို့နဲ့ မြစ်ဖျားထိပ်တို့နှစ်ယောက်

မြစ်ဖျားထိပ် " ငါက ဘာဆက်လုပ်ရမှာလည်း ငါဘာမှမလုပ်ထားဘူး"

ရှီးချန် " သေချာလား မြစ်ဖျားထိပ် မင်းရိပေါ်ကိုဆေးခတ်ဖို့ကြံနေတာလေ "

မြူ ခိုးဝေဝေ " ရှင်တို့မှာဘာသက်သေရှိလို့လည်း သက်သေမရှိဘဲလာမစွပ်စွဲနဲ့ "

ရိပေါ် လည်းဖုန်းကိုသူရှေ့ချပေးကာ

ရိပေါ် " ဒီမှာ မင်းတို့လိုချင်တဲ့သက်သေ "

ရိပေါ်ချပေးတဲ့ဖုန်းထဲမှာ မြစ်ဖျားထိပ် စောစောကအရက်ခွက်ထဲဆေးထည့်နေပုံ

မြစ်ဖျားထိပ် " ဘာတွေလာပြောနေတာလည်းရိပေါ် ဒီပုံအရမ်းမှောင်နေတယ်လေ ဒီလောက်ပုံလေးနဲ့ထိပ်ကိုရဲတိုင်လို့ရမယ်ထင်နေတာလား"

မြစ်ဖျားထိပ် ရဲ့စကားကြောင့် ရိပေါ်မဲ့ပြုံးပြုံးလျက်

ရိပေါ် " ငါသိတာပေါ့ဒီပုံလေးနဲ့မင်းကိုချူ ပ်ကိုင်လို့မရမှန်း ဒါပေမယ့်ငါ့မှာဒီထက်ပိုပြင်းတဲ့သက်သေရှိတယ် "

ထိုအခါဝန်းနင်က သူ့ဖုန်းထဲမှသူ့လူတွေပို့ပေးတဲ့ video file တစ်ခုကိုဖွင့်ပြလိုက်၏

မြစ်ဖျားထိပ် " ဟင်😳 "

ထိုvideo ကိုမြင်ပြီးထိပ် သွေးပျက်သွား၏

သူမအဖေရဲ့လောင်းကစားကြွေးတွေဆပ်နိုင်ဖို့အတွက်  သူမအသိတစ်ချို့နဲ့ဆက်သွယ်ပြီး ဆေးဖြူတစ်ချို့ရောင်းခဲ့သည်

ဒါကိုသူမအချစ်ဆုံးသူငယ်ချင်း ခိုးတောင်မသိပါ

မြစ်ဖျားထိပ် " ရှင်တို့ ဘယ်လိုလုပ်.."

ဝန်းနင် " မင်းသေချာစဉ်းစားနော် ဒီvdသာ ရဲတွေလက်ထဲရောက်သွားရင် မြတ်ထိပ်ခေါင် Company ပိုင်ရှင် ရဲ့သမီးမြစ်ဖျားထိပ်က ဆေးဖြူ တွေရောင်းလို့ထောင်ကျတယ်ဆိုတဲ့သတင်းက ဝေ့ရင်း သတင်းထက်ပိုနာမည်ကြီးမှာကြိမ်းသေတယ် "

မြစ်ဖျားထိပ် " ဘာလိုချင်တာလည်း ကျွန်မဆီကဘာလိုချင်တာလည်း"

မသက်သာသည့်အဆုံးသူမမေးလိုက်တော့ သူတို့ထံမှအပြုံးတွေချိတ်ဆွဲလျက်

ရိပေါ် " media တွေရှေ့မှာတောင်းပန်ပေး ရှောင်းကျန့်က Wang Company ကိုလာပြီးပိုင်းလုံးလုပ်ပါတယ်ဆိုတဲ့မင်းတင်တဲ့သတင်းကိုဖြေရှင်းပေး ပြီးတော့သူ့ကိုတောင်းပန် "

ရိပေါ်စကားကိုကြားပြီး မြစ်ဖျားထိပ်ဟားတိုက်ရီမိပါ၏

ဟား😃😃

မြစ်ဖျားထိပ် " ဝမ်ရိပေါ် လတ်စသတ်တော့ရှင်ကသူ့ကိုကာကွယ်ဖို့ထိပ်ကို အသုံးချတာပေါ့ ဟုတ်လား "

သူမရဲ့စကားတွေကို ရီစရာတစ်ခုအလားစိုက်ကြည့်ရင်း

ရိပေါ် " မင်းလူမှားထိတာကိုး ကျန့်ကျန့်ကငါ့အပိုင် သူ့ကိုမင်းမှမဟုတ်ဘူး တခြားဘယ်သူကမှထိခိုက်အောင်လုပ်ခွင့်မရှိဘူး အဲ့လိုမှမဟုရင် အဲ့လူရဲ့ဘဝစုတ်ပြတ်သွားအောင်ငါလုပ်ရလိမ့်မယ် "

နောက်ဆုံးတော့ သူမတောင်းပန်ဖို့ကိုသာရွေးချယ်လိုက်ပါ၏

သူမအရွယ်နဲ့ထောင်မကျချင်ဘူး

ဒါပေမယ့် သူမဘဝရဲ့ပြိုင်ပွဲမှာတော့ သူမအပြီးတိုင်ရှုံးနိမ့်သွားပါပြီ

.

.

.
ဒီနေ့လေးမှာတော့ ကျန့်ကျန့်တို့ အုပ်စုကြီးတော်တင်အိမ်မှာစုရုံးလိုက်၏

အကြောင်းကတော့ ကြီးတော်တင်ရဲ့၄၃နှစ်ပြည့်မွေးနေ့ကြောင့်ပင်

ရွာဆိုတော့ မြို့မှာလို Birthday Cake တွေဘာတွေမရနိုင်တာမလို့ မနက်စောစော ရွာထိပ်က ဒေါ်မယ်အုန်းဆီမှာ မုန့်စိမ်းပေါင်းတစ်လုံးဝယ်ပြီး မွေးနေ့ကိတ်အဖြစ်အသုံးပြုလိုက်၏

မိုးသန္တာဝင်း " ဟဲ့ မွေးနေ့ကိတ်မှာတင်ထွန်းဖို့ ဖယောင်းတိုင်ရော "

ဝင်းလဲ့လဲ့မိုး " ဘုရားစင်မှာရှိမှာပေါ့ "

မိုးစန္ဒာဝင်း " ငါဝယ်လာတယ် ဒီမှာ "

စန္ဒာပေးတဲ့ဖယောင်းတိုင် အတိုင်ကြီးကြောင့် အားလုံးလန့်သွားရ၏

ကျန်းချန် " စန္ဒာရယ် နင့်ဖယောင်းတိုင်ကလည်း ကြီးလိုက်တာအသေးလေးတွေဝယ်လာတာမဟုဘူး"

မိုးစန္ဒာဝင်း " အဟီး😁 မုန့်စိမ်းပေါင်းနဲ့လိုက်မယ့်အရွယ်ရွေးလာတာ"

ရှောင်းကျန့် " ဒါနဲ့ကိတ်ခွဲဖို့ ဓားရော "

ဝင်းလဲ့လဲ့မိုး " ဒီမှာပါ🗡"

နောက်ဖေးက ဝါးခုတ်တဲ့ဓားကိုဆွဲလာတဲ့ မိုးကြောင့် ကျန်းချန်အငြိမ်မနေနိုင်စွာပြောမိပြန်သည်

ကျန်းချန် " ကိတ်မုန့်ခွဲဖို့လား လူသတ်ဖို့လား"

ဝင်းလဲ့လဲ့မိုး " စတီးဓားနဲ့ဆို ဒီမုန့်စိမ်းပေါင်းကြီးက ခွဲလို့မရမှာစိုးလို့ တွေ့ရာယူလာတာ"

ရှောင်းကျန့် " ထားပါတော့ ဒါနဲ့ဦးစိုင်းနဲ့ကြီးတင်က ဆွမ်းချိုင့်သွားပို့တာပြန်မလာသေးဘူးလား "

မိုးသန္တာဝင်း " ဟုတ်ပါ့ ချိန်းများတွေ့နေကြတာလားမသိဘူး😁"

ကျန်းချန် " ပြောရင်းဆိုရင်းပြန်လာပြီ "

ကျန့်ကျန့်တိူ့လည်း ကြီးတော်တင်အတွက် မွေးနေ့သီချင်းလေးဆိုရင်း ကိတ်ခွဲလိုက်၏

ကြီးတော်တင် " ပေါက်ပေါက်ရှာရှာအေ မုန့်စိမ်းပေါင်းနဲ့ မွေးနေ့လုပ်ရတယ်လို့ "

မိုးစန္ဒာဝင်း " ဒါကတော့ ထွင်တာပေါ့ကြီးတင်ရဲ့ ကြီးတင်တို့မင်္ဂလာဆောင်ရင်လည်း မုန့်စိမ်းပေါင်းကျွေးလေ😁"

.
ကြီးတော်တင် " ပေါက်ပေါက်ရှာရှာအေ ဒီအသက်ရွယ်ရောက်မှယူစရာလား"

ဦးစိုင်းလုံလုံ " အဲ့လိုမပြောပါနဲ့မတင်ရယ် မတင်ကအသက်ကြီးပေမယ့် မပျက်စီးသေးပါဘူး "

All " 😄😄"

ဦးစိုင်းအပြောကြောင့် လူငယ်တွေအားလုံးဝိုင်းရီကြသော်လည်း ကြီးတော်တင်ကတော့ ရှက်နေ၏

မိုးသန္တာဝင်း " ငါတို့ကြီးတင်ကတော့ရှက်နေတယ်ဝေ့"

မိုးစန္ဒာဝင်း " ဟုတ်ပါ့ အခုတော့ကြီးတင်က မူနေမှာပေါ့ နောက်မှဟိုသီချင်းထဲကလိုလေ 'အားကိုးထိုက်တဲ့မောင်ရယ် တင်ချစ်တယ် မိဘထက်ပိုတောင်ပိုသေးတယ် 'ဆိုသလိုပေါ့ 😃😃"

ဒေါက်!

အ💥

စကားများလွန်းတဲ့စန္ဒာအား ကြီးတော်တင်လက်ဆစ်ကျွေးလိုက်ပါ၏

ကြီးတော်တင် " လူကြီးနောက်ရဲတယ် ငရဲကြီးနေမယ်"

ွမိုးစန္ဒာဝင်း " ဟွန့်😌"

ဦးစိုင်းလုံလုံ " ဒါနဲ့သဘက်ခါကျရင် အိမ်တက်တစ်ခု သွားရမယ်နော်"

ကျန်းချန် " ဘယ်မှာလည်းဗျ"

ကြီးတော်တင် " ရွာမြောက်ပိုင်းကချောင်းနားကအိမ်လေ "

ရှောင်းကျန့် " အော် တံတားပေါ်ကနေသွားရတဲ့အိမ်မလား"

ဦးစိုင်းလုံလုံ " အင်း "

ဝင်းလဲ့လဲ့မိုး " ဒါဆိုသမီးတို့ပါလိုက်မယ်နေိာ "

မိုးသန္တာဝင်း " ဒါနဲ့မနက်ကပြောတော့ဆရာတော်က တရားပွဲတစ်ခုကိုကြွမှာဆို"

ဦးစိုင်းလုံလုံ " ဟုတ်တယ်တူမရဲ့ ဆရာတော်မရှိဘူး ဟိုတလောကကိုရင်ဝတ်တဲ့ကိုရင်သံချောင်းကတရားဟောမှာ"

နည်းနည်းခေါင်တဲ့နေရာမလို့ ဘုန်းကြီးရှားပါ၏

မိုးစန္ဒာဝင်း " ဟင် သူကအရင်ကရွာတွေမှာလူရွှင်တော်လုပ်တာမဟုတ်လား သူကဘယ်လိုလုပ်တရားဟောမလည်း ရီစရာတွေလုပ်နေမှဖြင့်"

ကြီးတော်တင် " ဘယ်တက်နိုင်မလည်း ဒီမှာကဘုန်းကြီးတွေမှမရှိတာ"

စန္ဒာတို့လည်း သဘက်ခါတရားပွဲကို ဘာတွေဖြစ်လာမလည်းရင်မောလျက်

.

.

.

Part 24🙆
အားလုံးကိုကြပြီးတောင်းပန်ပါရစေရှင့်
စာလေးကိုဆုံးအောင်ဖတ်ပေးကြပါနော်🙏
.
သာသာဒိficလေးကို ဆက်ပြီးတင်ပေးဖို့ကမဖြစ်နိုင်တော့ပါဘူး

ဘာလို့လည်းဆို ၃ရက်နေ့ကျရင် ဆုရဲ့အမေကမျက်စိခွဲမှာမလို့အမေနဲ့အတူလိုက်သွားရမှာပါ

ခရီးကပြန်လာရင်လည်း သာသာတရားစခန်း၇ရက်ဝင်မှာမလို့ ဒီကြားထဲမှာရက်၂၀လောက်တင်လို့မရပါဘူး

ဒါ့ကြောင့်သာသာအသစ်တစ်ခုနဲ့ပြန်လာခဲ့ပါ့မယ် ဒါလေးကိုတော့ ဒီလောက်နဲ့ရပ်လိုက်ပါပြီရှင့်

သာသာ့ကိုယုံကြည်ပြီးဖတ်ပေးကြလို့ကျေးဇူးပါ😍😘

မှတ်ချက် #အားလုံးပြီးရင်ပြန်တင်ပေးပါ့မယ်ဒီficလေးကို finalထိဆက်ရေပေးမှာပါနော် စောင့်ပေးကြမယ်မလား❤💚🙆

................

Zawgyi














.( ဒီနှစ်ကတော့ ရောဂါအခြေနေကြောင့်လူသိပ်မလာနိုင်ကြပါဘူး)

.
ကျန့်ကျန့်တို့လည်း လောင်းလှူလို့အပြီးမှာတော့ ပီတိအပြုံးတို့ဝေဆာလျက်





ဦးစိုင်လုံလုံ " ဒါဆို နေသိပ်မပြင်းခင် တို့တွေပြန်ကြမလား "





.

.

.

.








အဟွတ်အဟွတ်



ဝင်းလဲ့လဲ့မိုး " ရူးနေလို့ခိုးပြေးရမလား သူတို့ကိုသဘောမတူမယ့်မိဘတွေမှမရှိတာ"







ဒေါက်!


ဝင်းလဲ့လဲ့မိုး " ကြီးတင်တို့များ အခုမှပြန်လာတဲ့တူမလေးကို နှိပ်ဆက်တယ်"


All " aww. ."










ဒါပေမယ့် သူတို့မိဘတွေနဲ့ကြီးတင်က ငယ်သူငယ်ချင်းတွေဆိုတော့ သူတို့လေးတွေကကိုယ့်တူမ ကိုယ့်သားသမီးလိုဖြစ်နေပါပြီ

ကြီးတော်တင်လိုပဲ လူပျိုကြီးဦးစိုင်းကလည်း ရှောင်းကျန့်နဲ့ကျန်းချန်ကို ကိုယ့်တူကိုယ့်သားလိုခံစားမိနေမှာတော့ တောဓလေ့ရဲ့မလွဲသော စိတ်ကောင်းရှိမှူပင်တည်း။





ဝင်းလဲ့လဲ့မိုး " အွန့်😌"





ကြီးတော်တင်လည်း ထမင်းဟင်းချက်ဖို့အိမ်ဘေးကိုထွက်သွားပြီး ဦးစိုင်းကလည်း ဟင်းသွားနွှေးဖို့ပြန်သွားတော့ ကျန့်ကျန့်တို့နဲ့သူတို့သာကျန်ခဲ့၏



.










ကျန်းချန် " အရေးထဲ 😏"





.

.

.

















မြူ ခိုးဝေဝေ " မထားပါဘူး နင့်ရဲ့ခင်ပွန်းလောင်းကို ငါကစိတ်ဆိုးစရာလား😏"





.


ရိပေါ် " ကောင်းပြီလေ "
















.

.

.

.


ရှောင်းကျန့် " ကိုကို "







ဟင်



" ကိုကို့ကိုမုန်းတယ် "

တဲ့။












တစ်ယောက်ကလည်း ဒေါသအိုး နောက်တစ်ယောက်ကျပြန်တော့လည်း ဂရုဏာအိုး


.

.

.

.












မြစ်ဖျားထိပ် " ဟင်😳 "










ဟား😃😃







.

.

.

















ကျန့်ကျန့်တို့လည်း ကြီးတော်တင်အတွက် မွေးနေ့သီချင်းလေးဆိုရင်း ကိတ်ခွဲလိုက်၏



.


All " 😄😄"




ဒေါက်!



ွမိုးစန္ဒာဝင်း " ဟွန့်😌"





ဦးစိုင်းလုံလုံ " အင်း "








.

.

.

Part 24🙆
.






Continue Reading

You'll Also Like

81.1K 1.8K 33
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...
164K 5.7K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
80K 3.5K 20
Grosvenor Square, 1813 Dearest reader, the time has come to place our bets for the upcoming social season. Consider the household of the Baron Feathe...
376K 13.5K 58
𝐈𝐍 𝐖𝐇𝐈𝐂𝐇 Ellie Sloan reunites with her older brother when her hospital merges with his jackson avery x ellie sloan (oc) season six ━ season se...