ကျန်းချန်တို့အုပ်စုနေ့လည်စာတောင်သွားမစားနိုင်ဘဲ မနက်ထဲကအခုချိန်ထိ အခန်းထဲမှထွက်မလာသေးတဲ့ မိမိတို့သူဌေးနဲ့ အပြစ်သားလေးကျန့်ကျန့်ကိုစိတ်ပူနေမိသည်
.
ဝင်းလဲ့လဲ့မိုး " အခုလောက်ဆိုပြန်ထွက်လာဖို့ကောင်းနေပြီ"
မိုးသန္တာဝင်း " အေးလေ အထဲမှာဘာတွေဖြစ်နေပြီလည်းမသိဘူး"
မိုးစန္ဒာဝင်း " ဧကန bossက ကျန့်ကျန့်ကိုလည်ပင်းတွေဘာတွေညှစ်နေတာလား🙄"
အစထဲကစိတ်ပူပြီးခြေမကိုင်မိလက်မကိုင်မိဖြစ်နေတဲ့ကျန်းချန်ခဗျာ ထိုစကားများတစုရဲ့စကားကြောင့် စိုးရိမ်ရေအမှတ်သိူ့တိုးသွားရ၏
မဟုတ်လောက်ပါဘူး bossကအဲ့လိုလုပ်မယ့်လူစားမျိုးမဟုတ်ဘူး
.
ချလောက်!
အခန်းတံခါးလေးပွင့်လာပြီးအပြင်သို့ နွမ်းနယ်စွာနဲ့ထွက်လာတဲ့ကျန့်ကျန့်ကို တွေ့ကာမှ ကျန်းချန်တို့အနားအပြေးသွားမိသည်
ကျန်းချန် " ကျန့်ကျန့် ဘာဖြစ်တာလဲ bossကဘာလုပ်လိုက်တာလည်းမင်းကို"
ဝင်းလဲ့လဲ့မိုး မိုးသန္တာဝင်း " အကိုကျန့်အဆင်ပြေရဲ့လားဟင်"
မိုးစန္ဒာဝင်း '" ဘာမှမပူနဲ့အမတို့မောင်လေးဘက်မှာရှိတယ်"
ကျန့်ကျန့်ထိုစကားများကြောင့် ပင်ပန်းနေတဲ့ကြားမှရီမိသေးတယ်
ရှောင်းကျန့် " ကျွန်တော်ဘာမှမဖြစ်ပါဘူးစိတ်မပူနဲ့ "
ကျန်းချန် " သေချာရဲ့လားကျန့်ကျန့်"
မယုံသေးတဲ့ကျန်းချန်ကြောင့်ကျန့်ကျန့် ခေါင်းလေးညှိမ့်ပြလိုက်ပါ၏
ရှောင်းကျန့် " ငါဘာမှမဖြစ်ဘူး အော်ဒါနဲ့ ကျွန်တော့ကိုတစ်ခုလောက်ကူညီပေးပါ"
Fujoshi တစ်သိုက်လည်းသူတို့ကိုတောင်းနေတာကြောင့်ဘာများကူညီနိုင်မလည်း မေးမိသည်
All " ဘာများလည်း "
ရှောင်းကျန့် " ........."
All "😳😱🙄"
.
.
.
.
ကျန်းချန်နဲ့ကျန့်ကျန့် မိမိတိူ့ condo သို့ရောက်အောင်မနည်းရှောင်ပတ်ပြီးလာခဲ့ရသည်
ယခုအချိန်မှာ ကျန့်ကျန့်ကဝေ့ရင်းဆိုတာသိသွားကြတော့ သတင်းသမားတွေကနေရာအပြည့်
ကျန်းချန်နဲ့ကျန့်ကျန့် အဝတ်စားတွေကို luggage ထဲထည့်နေရင်း ကျန့်ကျန့်ဖြစ်သမျှအကြောင်းစုံရှင်းပြနေမိသည်
သူနဲ့ကျန်းချန်ကမိသားစုတွေမလို့ဘာမှဖုံးကွယ်ထားဖို့မလိုဘူးမလား
.
ကျန်းချန် " ဒါဆို bossက မင်းကိုအနိုင်ကျင့်ခဲ့တာပေါ့ တောက်!"
ကျန်းချန် ကျန့်ကျန့်ကိုကြည့်ရင်း စိတ်မကောင်းမိသလိုဒေါသထွက်ကာ တောက်ခေါက်လိုက်မိသည်
ရှောင်းကျန့် " ငါလည်းမှားပါတယ်ကွာ ကိုကိုကစိတ်ဆိုးလို့အခုလိုလုပ်"
ကျန်းချန် " မဆိုင်ဘူးကျန့်ကျန့် မင်းကယောက်ျားလေးဆိုပြီးဗိုက်မကြီးဘူးလိူ့မတွေးနဲ့ မင်းမှာလည်းသိက္ခာရှိတယ် ဝမ်ရိပေါ်အခုလိုလုပ်တာငါလက်မခံနိုင်ဘူး ငါမင်းပါးနဲ့မားကိုကတိပေးခဲ့ပြီးသား မင်းကိုသေချာစောင့်ရှောက်ပါမယ်လို့"
ကျန့်ကျန့် ကျန်းချန်စကားကြောင့် ပြုံးလိုက်မိပါသည်
ရှောင်းကျန့် " ကျေးဇူးပါကျန်းချန် ငါ့ကိုအခုလိုတွေးပေးလို့"
ကျန့်ကျန့် ကျန်းချန်ကိုဖက်ထားလိုက်ပြီး ငြိမ်နေမိသည်
ကျန်းချန်လည်း ကျန့်ကျန့်ကျောလေးကိုပုတ်ပေးရင်း
ကျန်းချန် " မင်းနောင်တရနေပြီလား "
ရှောင်းကျန့် " ဘာကိုလည်း "
ကျန်းချန် " boss အနားကိုသွားမိတာကိုလေ "
ရှောင်းကျန့် " ဟင့်အင်း ငါကိုကို့ကိုစိတ်မဆိုးပါဘူး"
ကျန့်ကျန့်ဖက်ထားလျက်သာပြန်ဖြေပေး၏
ကျန်းချန် " ဒါဆိုဘာလို့ထွက်သွားဖို့လုပ်နေတာလည်း "
ထိုအခါမှ ကျန့်ကျန့် မျက်နှာချင်းဆိုင်အနေအထားပြောင်းလိုက်ပြီး
ရှောင်းကျန့် " ငါကိုကို့ကိုစိတ်ဆိုးလို့ထွက်သွားဖို့လုပ်တာမဟုတ်ဘူး ငါ့စိတ်ကိုခဏအနားပေးချင်တာ ငါကိုကိုနဲ့မျက်နှာချင်းမဆိုင်ချင်သေးဘူး အခုကိစ္စတွေကိုငါဖြေရှင်းပြီးမှကိုကိုနဲ့ပြန်ဆုံချင်တာ ပြီးတော့ငါနောက်ရေးမယ့် လုံးချင်းဝတ္ထုအတွက်လည်း အဲ့ကိုငါသွားမှာ"
ကျန်းချန် " အင်းပါမင်းဘယ်သွားသွားငါလိုက်မယ် မင်းကိူဘယ်သူကမှ ထိခိုက်အောင်လုပ်ခွင့်မပေးဘူး ငါကာကွယ်ပေးမယ်"
ရှောင်းကျန့် " ကျေးဇူးပါအပျိုကြီး😁"
.
.
.
ရိပေါ်တစ်ယောက်စိတ်မကြည်စွာနဲ့အိမ်သို့ပြန်လာခဲ့သည်
သူနိုးနိုးလာချင်း ရင်ခွင်ထဲကအကောင်ပေါက်ကိုရှာပေမယ့် ဝန်ထမ်းတွေရဲ့ပြောပြချက်အရ ကျန်းချန်ရောကျန့်ကျန့်ပါ ထွက်စာတင်သွားသည်တဲ့
ကိုကို့ကိုစိတ်ဆိုးသွားတာလား ကျန့်ကျန့်ရယ်
ဝမ်မား " သားမျက်နှာလည်းမကောင်းပါလား"
ရိပေါ် " မေမေ "
ရိပေါ် မေမေရှိရာဧည့်ခန်းဆီသို့သွားလိုက်ပြီး တစ်ခုခုကိုပြောပြဖို့အရှိန်ယူနေ၏
ဝမ်မား " သားကျန့်လေးနဲ့ပတ်သတ်ပြီးပြောချင်တာလားသား"
ရိပေါ် " မေမေသိနေတာလား"
ရိပေါ်အံသြမိပေမယ့်မေမေကတော့ ပြုံးလျက်ပင်သာ
ဝမ်မား " မေမေသိတယ်သား သားနဲ့သားကျန့်လေးက တစ်ဦးကိုတစ်ဦးစိတ်ယိုင်နေတယ်ဆိုတာ ပြီးတော့အခုထွက်နေတဲ့သတင်းတွေက မေမေ့စိတ်ထင်သားကျန့်ကိုမလိုလားတဲ့သူတစ်ယောက်ယောက်က ရေးတာနေမယ် "
ရိပေါ် " သားသူ့ကို ချစ်နေမိပြိမေမေ သားသူ့ကိုအဆုံးရှုံးမခံချင်ဘူး ဒါပေမယ့်ကျန့်ကျန့်က သားအနားကထွက်သွားပြီမေမေ"
ရိပေါ်မေမေ့ရင်ခွင်ထဲခေါင်းတိုးကာ ကလေးတစ်ယောက်လိုငိုနေမိတော့သည်
ဝမ်မား သားရဲ့ကျောပြင်လေးကိုပွတ်သပ်ပေးရင်း ပြုံးလိုက်မိပါသည်
ဝမ်မား " နောက်ဆုံးတော့မေမေ့သားလေး ချစ်တတ်သွားပြီပေါ့😊"
.
.
.
.
ကျန်းချန် နဲ့ကျန့်ကျန့် express ကားဖြင့် ရုံးကစန္ဒာတို့ပြောတဲ့ ရွာကလေးကိုဦးတည်သွားခဲ့သည်
ပုသိမ်ကနေ ရေလမ်းရောကုန်းလမ်းကပါ ဟိုင်းကြီးကျွန်းမြို့ကိုသွားနိုင်တာမလို့ သူတို့ရေလမ်းကိုရွေးမိသည်
ရေလမ်းတွင် အမြန်ယာဉ်(ရှက်ပြေး)နဲ့ အနှေးယာဉ် (သင်္ဘောကြီး) ဆိုပြီး၂မျိုးရှိပါ၏
ကျန့်ကျန့်တို့လည်း အမှတ်၁ တံတားနေ အထုပ်တွေဆွဲရင်း သဘောင်္လက်မှတ်မေးနေကြသည်
ကျန်းချန် " အကိုဗျ အမြန်ယာဉ်နဲ့သွားရင်ဟိုင်းကြီးကို ဘယ်အချိန်ရောက်မှာလည်းဗျ '
အလုပ်သမားအကိုတစ်ယောက်အားမေးလေတော့ ထိုသူကပြန်ဖြေပေး၏
Worker " ရှက်ပြေးနဲ့ဆို မနက်၃နာရီကျော်လောက်ဆိုရောက်မယ် အဲ့လိုမှမဟုတ်သဘောင်္ကြီးနဲ့ဆို မနက်၆နာရီ၈နာရီလောက်ရောက်မယ် သိပ်တော့မသေချာဘူး ရေစုန်ရေဆန်ရှိလို့"
ကျန်းချန် " ကျေးဇူးပါဗျ"
ကျန်းချန်ကျေးဇူးတင်စကားဆိုပြီး ကျန့်ကျန့်ဘက်လှည့်ကာမေးလေ၏
ကျန်းချန် " ဘာနဲ့သွားမှာလည်း"
ရှောင်းကျန့် " မနက်အစောကြီးကအဆင်မပြေဘူး သဘောင်္ကြီးနဲ့ပဲသွားမယ်လေ"
ကျန်းချန် " ဒါဆိုငါတို့အခန်းငှါးကြမယ်"
ရှောင်းကျန့် " အေး"
ကျန်းချန်သဘောင်္ပေါ်တက်ပြီး လက်မှတ်ဝယ်လိုက်၏
ကျန်းချန် " ညီလေးရေ အကို့ကိုသဘောင်္လက်မှတ်၂စောင်နဲ့အခန်းတခန်းပေးပါ'
ညီ " ဒီမှာပါ လက်မှတ်ကတစောင်၂၅၀၀ ပါ အခန်းခက ၅၀၀၀ပါ "
ကျန်းချန်လည်းအိတ်ထဲက ပိုက်ဆံ၁၀၀၀၀တန် တစ်ရွက်ထုတ်ပေးလိုက်၏
ကျန်းချန် " ကျေးဇူးပါ"
(ယခုကာလစျေးနှုန်းဖြစ်လို့ စျေးကြီးတာပါ ယခင်ကသဘောင်္ကြီးခက ၁၀၀၀တည်းပါ)
.
ကျန့်ကျန့်တို့အခန်းထဲဝယ် ပစ္စည်းတွေထားပြီး စားဖို့သောက်ဖို့အတွက် ရေပေါ်စျေးဘက်ကိုသွားလိုက်၏
ညဘက်မှာသာရောင်းချတဲ့ရေပေါ်စျေးကား လူတန်းစားမျိုးစုံ စားသုံးနိုင်လောက်တဲ့ပမာဏဖြင့်ရောင်းချပေးပါ၏
မြန်မာ့ရိုးရာစားစရာ ဖြစ်တဲ့ (ထမဲနဲ. ရွှေကျီ. ခေါပြင်. )
တို့ အသုတ်စုံတို့ အကင်တို့ ကိုရီးယားကြော်တို့ကအစုံပင်
ကျန်းချန်နဲ့ကျန့်ကျန့် လည်းမုန့်မျိုးစုံဝယ်ပြီး ည၇နာရီတွင်သဘောင်္ဆီသို့ပြန်သွားကြ၏
.
.
.
ရိပေါ် တစ်ညလုံးအိပ်မပျော်ဘဲဟိုလှိမ့်ဒီလှိမ့်နဲ့ဖြစ်နေ၏
အတွေးတွေကအရမ်းများလို့ ဆက်ပြီးမအိပ်နိုင်လို့ ထ ထိုင်မိလိုက်သည်အထိ
ဟူး....
စိတ်ရှုပ်ရှုပ်နဲ့ဆံပင်တွေကိုထိုးဖွရင်း တီးတိုးရေရွတ်မိသည်
ရိပေါ် " အခုတော့ပြေးထားအုန်းပေါ့ မိလို့ကတော့သေပြီသာမှတ် ကျန့်ကျန့်"
မကျေမချမ်းရေရွတ်ပြီးနောက် မွေ့ယာအောက်ကအဖုံးအပြာနဲ့စာအုပ်လေးဆီအကြည့်ရောက်သွား၏
ထိုစာအုပ်လေးကိုလျင်မြန်စွာဆွဲယူပြီး စာအုပ်အဖုံးကအမည်လေးကို အခေါက်ခေါက်အခါခါရေရွတ်နေမိသည်
ဝေ့ရင်း...
သူဒီစာအုပ်လေးကို ဒေါသတို့ပုံချဖို့အရင်ကကြိုးစားခဲ့ဖူးသည်မဟုတ်လား
ဒါပေမယ့် ထိူနာမည်လေးကြောင့်ပဲသူမလုပ်ရက်ဘဲ သိမ်းထားမိခဲ့သည်
ထိုနေ့ကကျန်းချန်ကိုသူပြောခဲ့တာကတော့ ထ်ုစာအုပ်လေးကိုဖျက်စီးခဲ့တယ်လို့လေ
ဒါပေမယ့် တကယ်တမ်းတော့စာအုပ်လေးက သူနဲ့အနီးဆုံးနေရာမှာပဲရှိနေခဲ့ပါ၏
.
.
.At 6am
တစ်ညလုံးသဘောင်္စီးရင်းအိပ်လိုက်လာတာမလို့ လူလည်းတောတော်လန်းနေပါပြီ
အနှေးယာဉ်ဖြစ်တာကြောင့် အခုထိဟိုင်းကြီးသို့မဆိုက်သေး
အတွေ့အကြုံအသစ်ကတော့ သဘောင်္ဦးကနေကြည့်ရင် နေလုံးကြီးကပင်လယ်ထဲမှထွက်ပေါ်လာတဲ့မြင်ကွင်းကြောင့် ပင်ပန်းမှုတွေပျေပျောက်စေပါတယ်
ကျန်းချန် " လှလိုက်တာကွာ "
ကျန်းချန်လည်းကျန့်ကျန့်ဘေးမှာရပ်ကြည့်နေရင်းမှ ပြောလိုက်တာ ပင်။
ရှောင်းကျန့် " လေတွေကလည်းအရမ်းကို လတ်ဆတ်တယ် ငါတော့သဘောကျနေပြီ "
တဟူးဟူးတိုက်ခတ်နေတဲ့လေတိုးမှုကြောင့် ဝတ်ထားတဲ့အင်္ကျီစလေးတွေကလည်း လေနှင်ရာသို့ယိမ်းနွဲ့လျက်
ဆံနွယ်တိူ့ကလည်း တစ်စုတစည်းထဲမရှိဘဲ လေဒဏ်ကြောင့်ဖွားနေ၏
သဘောင်္စီးရတဲ့ခံစားချက်က တကယ်ပဲ ရိုလာကိုစတာစီးရသလိုပင်
At 7am
ဟိုင်းကြီးကျွန်းမြို့မှ ကြိုဆိုပါ၏
ဆိုတဲ့ဆိုင်းပုဒ်လေးနှင့်အတူ သဘောင်္မှုတ်သံ တို့ကလည်းတစ်ချိန်တည်းထွက်ပေါ်လာလေပြီ
ပေါ်ပေါ်🔊🔊
သဘောင်္မှုတ်ပြီးမကြာမီပင် ဟိုင်းကြီးဆိပ်ကမ်းသို့ သဘောင်္လေးကပ်သွားပါသည်
ခရီးသည်တစ်ချို့နှင့်အတူ ကျန့်ကျန့်တိူ့လည်းဆင်းသပ်လိုက်ပါ၏
ကျန်းချန် " ကဲ ဟိုင်းကြီးမြေပေါ်လည်းရောက်ပြီ ဘယ်အရင်သွားကြမလည်း "
ရှောင်းကျန့် " တစ်ယောက် ယောက်ကိူမေးပြီး အမစန္ဒာတို့နေတဲ့နေရာကိုပြောလိုက်လေ"
ကျန်းချန်တို့လည်း စျေးသည်တစ်ချို့ကိုမေးရင်း နောက်ဆုံးတော့ စန္ဒာတို့ညွှန်ပေးလိုက်တဲ့ လူပျိုကြီး ဦးစိုင်းလုံလုံတို့အိမ်ရောက်လာခဲ့ပါသည်
.
ဦးစိုင်းလုံလုံ " ထိုင်ကြကွယ် လူလေးတို့"
တကယ်ပဲလူပျိုကြီးကသဘောကောင်းလွန်းပါတယ် ရောက်ရောက်ချင်းအိမ်ရှေ့ကွပ်ပျစ်လေးမှာထိုင်စေပြီး အခါးရည်နှင့်ဧည့်ခံ၏
ဦးစိုင်းလုံလုံ " ဒါဆိုလူလေးတိူ့က မြို့ကစာရေးဆရာလေးပေါ့ဟုတ်လားကွဲ့"
ရှောင်းကျန့် " ဟုတ်ပါတယ် ဦးလေး ကျွန်တော်တို့ဒါ့ကြောင့်ဒီမှာရက်နည်းနည်းလောက်တည်းလို့ရမလားဗျ "
ဦးစိုင်းလုံလုံ " လူလေးတိူ့နေချင်ရင် ကြိုက်သလောက်နေလို့ရတယ်ကွယ့် ဦးလေးတို့ကအသက်ကြီးပြီဆိုတော့ သိပ်ပြီးတော့ ဒီခေတ်အကြောင်းတွေနားမလည်ပါဘူးကွယ် "
ကျန်းချန် " ဟုတ်ကဲ့အခုလိုတည်းခွင့်ပေးလို့ကျေးဇူးပါဗျ "
ဦးစိုင်းလုံလုံ "ကဲ လူလေးတိူ့လည်းခရီးပန်းလာရောပေါ့ နားလိုက်ပါဦး"
လူပျိုကြီးက သူ့အိမ်ပေါ်သို့ခေါ်သွားပြီး အခန်းတစ်ခန်းသို့ပို့ပေး၏
ဦးစိုင်းလုံလုံ " အခန်းကတော့ တစ်အိမ်လုံးမှာ၂ခန်းပဲရှိတယ် ဒီတစ်ခန်းတည်းမှာ လူလေးတိူ့၂ယောက်နေလို့အဆင်ပြေပါ့မလား "
ရှောင်းကျန့် " ပြေပါတယ်ဦးလေး ကျေးဇူးပါ"
ဦးစိုင်းလုံလုံ " ရပါတယ်ကွယ် အခုတော့နားဦး ခနနေမနက်စာစားဖို့ လာခေါ်မယ် "
ရှောင်းကျန့် " ဟုတ်ကဲ့ "
တောသူတောင်သားပီပီရိုးသားလွန်းတဲ့ ဦးစိုင်းကြောင့်ကျန့်ကျန့်တကယ်ပဲစိတ်အေးသွားရပါသည်
ကျန်းချန် " တော်သေးတယ်နော် အခုတည်းတဲ့အိမ်က၍ဦးလေးက social medical တွေဘာတွေနားမလည်တဲ့လူရိုးကြီးမလို့ မဟုတ်ရင်ငါတို့အတွက်မလွယ်ဘူး "
ရှောင်းကျန့် " ဘာပဲဖြစ်ဖြစ် အမစန္ဒာတို့ ၃ယောက်ကိုကျေးဇူးတင်ရမယ် သူတို့ပေးတဲ့လိပ်စာကြောင့်ငါတို့ကိုလူတွေမရိပ်မိတာ "
ကျန့်ကျန့်က ဝေ့ရင်းဆိုတာသိသွားပြီးတဲ့နောက်လူအများရဲ့အာရုံစိုက်ခြင်းကို ခံနေရပြီလေ ဒါ့ကြောင့်ဟိုင်းကြီးကျွန်းမြို့ထဲမှာဆို သူ့အတွက်မလုံခြုံမှာစိုးလို့ အနည်းငယ်ခေါင်တဲ့ " ဆင်ရွာ" မှာလာနေခြင်းပါ
( အပြင်လောကနှင့်ကွဲပြားတာကတော့ ဆင်ရွာပါပဲ တကယ်တမ်းအပြင်လောကမှာမရှိပေမယ့် တောဓလေ့ကိုဖော်ညွှန်းချင်တာမလို့ ဟိုင်းကြီးကျွန်းနဲ့အနည်းငယ်ဝေးတဲ့နေရာမှာ ဆင်ရွာရှိတယ်လို့ပဲ မှတ်ထားပေးပါရှင့် ကျန်တာကတော့ အားလုံးပြင်ပအတိုင်းပါပဲနော်)
ကျန်းချန် " အခုလောက်ဆိူသတင်းထောက်တွေ ငါတိူ့ဘယ်မှာရှိလည်းမရိပ်မိလောက်ဘူး"
ရှောင်းကျန့် " ငါလည်း ဒီရွာလေးမှာနေရင်း ဝတ္ထုလေးရေးရတာပေါ့ အခုလောလောဆယ် ငါတို့ဝမ်းအရင်ဖြည့်ရမယ်😄"
ကျန်းချန် " ဒါဆိုလည်း သွားမယ်မျက်နှာသစ်ဖို့ "
ကျန်းချန်တို့ သွားတိုက်ဆေးနဲ့သွားတိုက်တံလေးယူပြီး အိမ်ရှေ့ထွက်လာတော့ ထမင်းစားဝိုင်းပေါ်မှာစားစရာတွေပြင်နေတဲ့ ဦးစိုင်ကိုတွေ့ရ၏
ဦးစိုင်းလုံလုံ " မျက်နှာသစ်မလို့လားလူလေးတို့ အိမ်ဘေးမှာရေစည်ရှိတယ်ကွဲ့"
ကျန်းချန် " အော်ဟုတ်ကဲ့"
ကျန်းချန် နဲ့ကျန့်ကျန့်အဝတ်စားလဲလို့အပြီး မနက်စာစားဖို့ခေါ်လို့အခန်းထဲမှအထွက်
ရှောင်းကျန့် " ဟင်😳"
ကျန်းချန် " ဟိုက် 😨"
အိမ်ပေါ်မှာရောက်နေတဲ့လူအုပ်ကြီးကြောင့် သူတို့လန့်မိတာပင်
မဟုတ်မှသူကဝေ့ရင်းဆိုတာသိသွားလို့လာကြတာများလား?
စောစောကတောင်ဦးစိုင်းကိုပဲတွေ့ခဲ့တာပါ အခုခဏလေးအတွင်း လူတွေအများကြီးကအိမ်ထဲဘယ်လိုရောက်နေတာပါလိမ့်
သူတို့အတွေးကိုသိနေတဲ့အလား ဦးစိုင်းကရှင်းပြလေ၏
ဦးစိုင်းလုံလုံ " မြို့ကဧည့်သည်လာတယ်ဆိုလို့ လာကြည်ြ့ကရင်း စားစာရာတွေပါယူလာကြတာကွဲ့ လာထိုင်လေလူလေးတို့"
ကျန့်ကျန်တို့့လည်းအခုမှတောသဘာဝကိုသဘောပေါက်သွားကာ ဦးစိုင်းခေါ်ရာသိူ့သွားလိုက်၏
စားပွဲခုံပေါ်မှဥိးစိုင်းဝယ်ထားတဲ့မုန့်ဟင်းခါးအပြင် ရွာသားတွေယူလာပေးတဲ့ ဗရာကျော် ဘူးသီးကျော် ကောက်ညှင်းငချိတ် ထိုးမုန့် စသည့်စားစရာတို့ကားအစုံအလင်
ပထမဆုံးရောက်တဲ့နေ့မှာပင် ကျန့်ကျန့်တို့ရလိုက်တဲ့ခံစားမှုကား တောဓလေ့၏ ရိုးသားဖြူ စင်မှုနှင့်သဒ္ဒါတရားပင်တည်း။
.
.
.
Part 21 🙆
အားလုံးစောင့်ပေးလို့ ကျေးဇူးပါနော်
.............
Zawgyi
.
အစထဲကစိတ်ပူပြီးခြေမကိုင်မိလက်မကိုင်မိဖြစ်နေတဲ့ကျန်းချန်ခဗျာ ထိုစကားများတစုရဲ့စကားကြောင့် စိုးရိမ်ရေအမှတ်သို့တိုးသွားရ၏
.
ချလောက်!
All " ဘာများလည်း "
ရှောင်းကျန့် " ........."
All "😳😱🙄"
.
.
.
.
ကျန်းချန်နဲ့ကျန့်ကျန့် မိမိတို့ condo သို့ရောက်အောင်မနည်းရှောင်ပတ်ပြီးလာခဲ့ရသည်
.
ကျန်းချန် " မဆိုင်ဘူးကျန့်ကျန့် မင်းကယောက်ျားလေးဆိုပြီးဗိုက်မကြီးဘူးလို့မတွေးနဲ့ မင်းမှာလည်းသိက္ခာရှိတယ် ဝမ်ရိပေါ်အခုလိုလုပ်တာငါလက်မခံနိုင်ဘူး ငါမင်းပါးနဲ့မားကိုကတိပေးခဲ့ပြီးသား မင်းကိုသေချာစောင့်ရှောက်ပါမယ်လို့"
ကျန်းချန် " အင်းပါမင်းဘယ်သွားသွားငါလိုက်မယ် မင်းကိုဘယ်သူကမှ ထိခိုက်အောင်လုပ်ခွင့်မပေးဘူး ငါကာကွယ်ပေးမယ်"
.
.
.
ရိပေါ် " မေမေ "
ရိပေါ် " မေမေသိနေတာလား"
.
.
.
.
ရှောင်းကျန့် " အေး"
ကျန်းချန် " ကျေးဇူးပါ"
(ယခုကာလဈေးနှုန်းဖြစ်လို့ ဈေးကြီးတာပါ ယခင်ကသဘောင်္ကြီးခက ၁၀၀၀တည်းပါ)
.
ကျန့်ကျန့်တို့အခန်းထဲဝယ် ပစ္စည်းတွေထားပြီး စားဖို့သောက်ဖို့အတွက် ရေပေါ်ဈေးဘက်ကိုသွားလိုက်၏
ညဘက်မှာသာရောင်းချတဲ့ရေပေါ်ဈေးကား လူတန်းစားမျိုးစုံ စားသုံးနိုင်လောက်တဲ့ပမာဏဖြင့်ရောင်းချပေးပါ၏
.
.
.
ဟူး....
ဝေ့ရင်း...
ဒါပေမယ့် ထိုနာမည်လေးကြောင့်ပဲသူမလုပ်ရက်ဘဲ သိမ်းထားမိခဲ့သည်
.
.
.At 6am
ဆံနွယ်တို့ကလည်း တစ်စုတစည်းထဲမရှိဘဲ လေဒဏ်ကြောင့်ဖွားနေ၏
At 7am
ပေါ်ပေါ်
ခရီးသည်တစ်ချို့နှင့်အတူ ကျန့်ကျန့်တို့လည်းဆင်းသပ်လိုက်ပါ၏
ရှောင်းကျန့် " တစ်ယောက် ယောက်ကိုမေးပြီး အမစန္ဒာတို့နေတဲ့နေရာကိုပြောလိုက်လေ"
ကျန်းချန်တို့လည်း ဈေးသည်တစ်ချို့ကိုမေးရင်း နောက်ဆုံးတော့ စန္ဒာတို့ညွှန်ပေးလိုက်တဲ့ လူပျိုကြီး ဦးစိုင်းလုံလုံတို့အိမ်ရောက်လာခဲ့ပါသည်
.
ဦးစိုင်းလုံလုံ " ဒါဆိုလူလေးတို့က မြို့ကစာရေးဆရာလေးပေါ့ဟုတ်လားကွဲ့"
ဦးစိုင်းလုံလုံ " လူလေးတို့နေချင်ရင် ကြိုက်သလောက်နေလို့ရတယ်ကွယ့် ဦးလေးတို့ကအသက်ကြီးပြီဆိုတော့ သိပ်ပြီးတော့ ဒီခေတ်အကြောင်းတွေနားမလည်ပါဘူးကွယ် "
ဦးစိုင်းလုံလုံ "ကဲ လူလေးတို့လည်းခရီးပန်းလာရောပေါ့ နားလိုက်ပါဦး"
ဦးစိုင်းလုံလုံ " အခန်းကတော့ တစ်အိမ်လုံးမှာ၂ခန်းပဲရှိတယ် ဒီတစ်ခန်းတည်းမှာ လူလေးတို့၂ယောက်နေလို့အဆင်ပြေပါ့မလား "
ရှောင်းကျန့် " ဟုတ်ကဲ့ "
ကျန်းချန် " အခုလောက်ဆိုသတင်းထောက်တွေ ငါတို့ဘယ်မှာရှိလည်းမရိပ်မိလောက်ဘူး"
ရှောင်းကျန့် " ဟင်😳"
ကျန်းချန် " ဟိုက် 😨"
ကျန့်ကျန်တို့လည်းအခုမှတောသဘာဝကိုသဘောပေါက်သွားကာ ဦးစိုင်းခေါ်ရာသို့သွားလိုက်၏
.
.
.
Part 21 🙆