ထူးထူးဆန်းဆန်း ချစ်ဖူးစာ

By Thwin2004

21.6K 967 13

BL စာရေးဆရာလေးXZနဲ့ LGBTလက်မခံသူလေးWYBတို့ကြားက အချစ်ချိုချိုလေး More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
စာလေးဆုံးသည်အထိ ဖတ်ပေးပါ

Part 19

529 26 0
By Thwin2004

.     ဝန်းနင်တစ်ယောက် ဖုန်းထဲမှ ဝေ့ရင်းရဲ့mask တပ်ထားတဲ့ပုံကိုကြည့်ရင်း သံသယဝင်မိ၏.

ဝန်းနင် " သေချာကြည့်လေ တစ်ယောက်ယောက်နဲ့တူလေပဲ ဘယ်သူနဲ့တူတာများပါလိမ့်"

ဝန်းနင် ဖုန်းကိုကြည့်ရင်းသာအဖြေရှာနေမိတော့သည်

.ရုတ်တရက် ဝင်လာတဲ့ဖုန်းကြောင့် အတွေးတွေကိုဖြတ်ကာ ဖုန်းနားထောင်လိုက်၏

ဝန်းနင် " ဘယ်လို😳 ဝေ့ရင်းရဲ့ အိမ်နံပါတ်သိပြီဟုတ်လား "

ဝန်းနင်တစ်ဖက်က သူ့လူတွေရဲ့အပြောကြောင့် ထိုင်ရာမှထရပ်လိုက်မိသည်အထိ

ဝန်းနင် " ကောင်းပြီ ငါအခုလာခဲ့မယ်"

ဖုန်းချပြီး ဝန်းနင်ဟန်ပါပါနဲ့တစ်ချက်ပြုံးလိုက်ပါ၏

ဝန်းနင် " နောက်ဆုံးတော့မင်းကိုငါရှာတွေ့တော့မယ်ဝေ့ရင်း မင်းထပ်ပြီးမပြေးနဲ့တော့နော် ငါကရိပေါ်အတွက်မင်းကို အမိဖမ်းပေးရမှာမလို့ ငါတို့မကြာခင်ဆုံကြရမှာပါ"

.

.

.
ကျန့်ကျန့်ဒီမနက် အိပ်ယာနိုးထဲက စိတ်ထဲကတစ်ခုခုကိုအလိုမကျဖြစ်နေမိသည်

ကျန်းချန်နဲ့အလုပ်လာရာလမ်းတစ်လျှောက်လုံးလည်း ဘာစကားမှမပြောဘဲ ငြိမ်နေတော့ကျန်းချန်ပါ သတိထားမိလာ၏

ကျန်းချန်ကားမောင်းနေရင်းမေးရတော့သည်

ကျန်းချန် " ဘာတွေဖြစ်နေတာလဲ ကျန့်ကျန့် အရမ်းငြိမ်နေပါလား"

ဟုတ်တယ်လေ အရင်တုန်းကဆို စကားများလွန်းတဲ့သာလိကာလေးက အခုမနက်ထူးထူးဆန်းဆန်း ငြိမ်နေတယ်ဆိုတော့

ရှောင်းကျန့် " ငါ့စိတ်တွေလေးနေတယ်ကျန်းချန် "

ကျန်းချန် " ဘာလို့လည်း"

ရှောင်းကျန့် " ဘာလို့လည်းဆိုတာတော့ငါလည်းမသိဘူး ဒါပေမယ့်တစ်ခုခုကိုစိုးရိမ်နေသလိုပဲ"

ကျန်းချန် " သိပ်လည်းမစိုးရိမ်ပါနဲ့ကွာ မင်းအိပ်ရေးပျက်သွားတာလည်းပါပါလိမ့်မယ်"

ကျန်းချန် ကျန့်ကျန့်ပုခုံးလေးကိုပုတ်ပြီးနှစ်သိမ့်ပေးလိုက်၏

.

.

.

မြူ ခိုးဝေဝေ " ဒါဆိုနင်က အဲ့အကြောင်းတွေကိုတင်လိုက်တဲ့တရားခံပေါ့"

ခိုးနဲ့ထိပ် မနက်စာဆိုင်တစ်ခုမှာစားကြရင်း စကားပြောဖြစ်ကြခြင်း။

မြစ်ဖျားထိပ် " ဟုတ်တယ်လေ ဒါကသူ့ရဲ့အပစ်ပဲ ငါ့ကိစ္စတွေမှာဝင်ရှုပ်တဲ့အတွက်သူပြန်ပေးဆပ်ရမယ်"

ထိပ်ရဲ့လုပ်ရက်တွေကို ခိုးတကယ်ပဲလန့်ရပါသည်

အခုလောက်ဆို တစ်ဖက်သားကဝေဖန်မှူတွေဘယ်လောက်များခံနေရပြီလည်းဆိုတာ မသိနိုင်

ခိုးမသက်သာစွာသက်ပြင်းလေးချရင်း သူငယ်ချင်းကိုတွေတွေလေးငေးနေမိတော့သည်

.

.

.
ကျန်းချန် နဲ့ကျန့်ကျန့် Company ထဲစဝင်ထဲက Reception မှစ၍ဝန်ထမ်းများက တီးတိုးစကားဆိုနေကြ၏

ပုံမှန်ဆို ကိုယ်နဲ့မဆိုင်သလိုနေလို့ရပေမယ့် အခုဟာကကျန့်ကျန့်ကိုကြည့်ပြီးပြောနေကြတာမလို့ သူတကယ်ပဲစိတ်ရှုပ်မိရသည်

ဝန်ထမ်း " ဟဲ့ ရုပ်ကလေးကြည့်တော့သနားကမားနဲ့ အရှက်မဲ့လိုက်တာနော် "

ဝန်ထမ်း၂ " အေးပါဟာ အစကတော့ငါလည်းသူ့ကို crush မိတာ အခုတော့အရမ်းရွံမိတယ်"

ဝန်ထမ်း ၃" အခုလည်းမျက်နှာပြောင်တိုက်ပြီး Company လာရဲသေးတယ်နော် bossကိုသူမလို့ကြံရဲတယ်"

ကျန့်ကျန့်နဲ့ကျန်းချန် အခြေအနေ တွေကိုနားမလည်စွာနဲ့ပဲ ရုံးခန်းထဲသာဝင်လာလိုက်ကြသည်

ဝင်းလဲ့လဲ့မိုး " ခေါင်းဆောင်! "

ရုံးခန်းဆီမဝင်မိ အရောင်းဌာနမှပြေးလာကာခေါ်သံကြောင့် ကျန်းချန်မဝင်ဘဲရပ်စောင့်နေလိုက်၏

ကျန့်ကျန့်ကတော့ စိတ်မကြည်ဖြစ်နေလို့ အခန်းထဲဝင်သွားခဲ့သည်

ကျန်းချန် " ဘာဖြစ်လာတာလဲ မိုး အလန့်တကြားနဲ့"

အမောတကောနဲ့အသက်လုရှူ နေတဲ့သူမက လက်ထဲမှာလည်းဖုန်းတစ်လုံးနှင့်

ဝင်းလဲ့လဲ့မိုး " ပြဿ    နာတော့တက်ပြီ ခေါင်းဆောင် ဒီမှာကြည့်"

ကျန်းချန် မိုးပေးတဲ့ဖုန်းကိုကြည့်လိုက်မိတော့

ကျန်းချန် " ဟင်😱"

သူခေါင်းမီးတောက်သလိုတောင်ခံစားလိုက်ရ၏

ကျန့်ကျန့်ဟာ ဝေ့ရင်းဖြစ်ကြောင်းနဲ့ Wang Company ရဲ့ CEO ဝမ်ရိပေါ် အနားသို့ရည်ရွယ်ချက်ရှိရှိချည်းကပ်ခဲ့သည်တဲ့။

ဝင်းလဲ့လဲ့မိုး " အခုဆိုသတင်းတွေကအရမ်းပြန့်နေပြီခေါင်းဆောင် အကိုကျန့်ကိုမကောင်းပြောတဲ့သူတွေပါရှိနေပြီ "

ကျန်းချန် " ဒီcompany ကဘယ်သူတွေသိပြီးကြပြီလည်း "

ဝင်းလဲ့လဲ့မိုး " Company ရဲ့ဝန်ထမ်းအကုန်လုံးနီးပါးသိသွားကြပြီခေါင်းဆောင် မတော်လို့bossသာသိသွားခဲ့ရင်...."

ကျန်းချန် " မဖြစ်ဘူး ကျန့်ကျန့်ကို ဒီကခေါ်ထုတ်မှဖြစ်..ဟင်😳"

ကျန်းချန် ရုံးခန်းထဲပြန်သွားဖို့အလှည့်မှာပဲ ဘယ်ချိန်ထဲကရောက်နေမှန်းမသိတဲ့ boss

ကျန်းချန် " Boss! "

ဝမ်ရိပေါ် မျက်နှာတည်တည်နဲ့သာရုံးခန်းထဲဝင်သွားလေတယ်

ကျန်းချန်လည်း ဘာလုပ်ရမှန်းမသိအောင်ကိုစိတ်တွေမွန်းကျပ်စွာဖြင့် bossနောက်လိုက်သွားလိုက်၏

ရှောင်းကျန့် " ကိုကိုတောင်လာပြီပဲ ဒီနေ့စောတယ်နော်ကိုကို"

ကျန့်ကျန့်မနေ့က လက်ကျန်အလုပ်လေးတွေလက်စသတ်နေတုန်း တံခါးကိုစောင့်ပိတ်လိုက်သံကြောင့် ကိုယ်လေးတစ်ချက်တုန်သွားပြီး ယခုလိုနှုတ်ဆက်လိုက်ပါသည်

ဒါပေမယ့် ကိုကိုကဘာကိုအလိုမကျလည်းမသိ သူ့ကိုမကြည့်ဘဲ သူ့နေရာသူသွားလေတယ်

ကျန်းချန်လည်းအခန်းထဲဝင်လာပြီး bossနဲ့ကျန့်ကျန့်အခြေအနေကို အကဲခတ်လိုက်မိသည်

ကျန်းချန် " ဟိုလေboss ကျွန်တော်ရှင်းပြပါရစေ ကျန့်ကျန့်မှာအဲ့လိုရည်ရွယ်..."

ဝမ်ရိပေါ် " အခန်းထဲကထွက်သွား ကျန်းချန်😡"

ကျန်းချန် " ဗျာ!"

ဝမ်ရိပေါ် " ထွက်သွား💥"

ရိပေါ်ရဲ့အသံကြောင့် ကျန့်ကျန့်ပါလန့်သွားရပါ၏

ကျန်းချန်လည်း bossဒေါသထွက်နေပြီမှန်းသိလို့ စိတ်မချခြင်းများစွာနဲ့ပဲ အခန်းထဲမှထွက်လာလိုက်တော့သည်

..

.....ငါပြောသားပဲကျန့်ကျန့်ရယ် ကောင်းကင်ကိုမီးမရှို့ချင်စမ်းပါနဲ့လို့ အခုတော့ကွာ.....။

.

.

.
ရှောင်းကျန့် " ကိုကိုဘာဖြစ်နေတာလည်းဟင်"

ဝမ်ရိပေါ် " ပျော်ရဲ့လားရှောင်းကျန့် ငါ့ကိုလှည့်စားရလို့😠"

ကိုကို့စကားကို နားမလည်တဲ့ကျန့်ကျန့်က နေရာမှာတင်ဆွံ့အနေမိတော့ ကိုကိုကသူ့အနားကို လျှောက်လာကာ လက်ထဲက ipadကိုသူ့ရှေ့ပစ်ချပေး၏

ကိုကိုရဲ့လုပ်ရက်ကိုနားမလည်ပေမယ့် သူထို ipad ကိုယူကြည့်လိုက်မိတော့

ရှောင်းကျန့် " ဟင်😳"

သူနဲ့မုန့်ယောင်ရဲ့ပုံတွေနှင့် သူဟာဝေ့ရင်းဖြစ်ကြောင်းရေးသားထားသောစာများ

နောက်ပြီး ကိုကိုနဲ့သူ့ရဲ့နီးကပ်လွန်းတဲ့ပုံတစ်ချို့နဲ့

Wang Company ရဲ့ CEOအား ရည်ရွယ်ချက်ရှိရှိဖြင့် ကွေးအောင်လုပ်မည်ဟူသောစာသားများ နောက်ပြီးဝေ့ရင်းဟာအရှက်မဲ့စွာဖြင့် Wang ရဲ့ဥက္ကဌကြီးအား ဖားယားပြီးလုပ်ဇာတ်ထွင်ခြင်းတဲ့လေ။

ကျန့်ကျန့် comment တွေကိုဆက်ပြီးမကြည့်ရဲလောက်အောင်ကိုထိတ်လန့်သွားမိပါတယ်

ဘယ်သူကများအခုလို ရေးပြီးသူ့ကိုပညာပေးရပါလိမ့်?
ဘယ်သူကများသူ့အကြောင်းတွေကို အခုလိုစွတ်စွဲရေးသားရပါလိမ့်?

ဘာလိုချင်တာလည်း ထိုလူကရောဘယ်သူလည်း?

အတွေးများနေတဲ့ကျန့်ကျန့်ကိုကြည့်ရင်း ရိပေါ်မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိပါသည်

ရိပေါ် " ဘယ်လိုလည်း သက်သေတွေကအရမ်းခိုင်လုံနေလို့ ဘာမှတောင်မပြောနိုင်တော့ဘူးလား အရင်လိုစွာပါအုန်း ရှောင်းကျန့်. အဲမဟုတ်ပါဘူး  ဝေ့ရင်း"

ကျန့်ကျန့် ကိုကို့ရဲ့ခနဲ့တဲ့တဲ့စကားတွေကြောင့် မျက်ရည်ပင်ဝဲမိကာစိတ်မကောင်းဖြစ်ရပါတယ်

ရှောင်းကျန့် " ကိုကိုကအဲ့လိုထင်တာလား ကျန့်ကျန့်ကိုတကယ်ပဲအဲ့လိုလူလို့တွေးနေတာလား😥"

ရိပေါ် " တွေးတာမတွေးတာက မင်းရဲ့အပေါ်ပဲမူတည်တယ်ရှောင်းကျန့် မင်းကရော ငြင်းချင်သေးလား ငါနဲ့အခုလိုနီးစပ်ဖို့ကြိုးစားတာက ငါ့ရဲ့စိတ်ကိုကွေးအောင် လုပ်မယ်လို့မင်းရည်ရွယ်ခဲ့လား"

ရှောင်းကျန့် " ကျန့်ကျန့်မငြင်းပါဘူးကိုကို ဒါပေမယ့် ကိုကိုထင်သလိုမျိူးး မားအပေါ်မှာပါမရိုးသားခဲ့တာမဟုတ်ပါဘူး😥 ကျန့်ကျန့်ကျိန်ပြောရဲပါတယ်ကိုကို ကျန့်ကျန့်မားကိုအရမ်းချစ်တာပါ ပြီးတော့မားအနားကိုရည်ရွယ်ရှိရှိနဲ့သွားခဲ့တာမဟုတ်ပါဘူး"

ကျန့်ကျန့် ကိုကို့လက်ကိုဆုပ်ကိုင်ရင်းပြောနေပေမယ့် ကိုကိုကသူ့ကိုအခုထိအထင်မြင်သေးသလိုကြည့်နေဆဲပါ

ရိပေါ် " မင်းသိပ်တော်ပါတယ် ဟုတ်တယ်မင်းထင်သလိုပဲငါအခုမင်းကိုစွဲလမ်းမိနေပြီ မင်းပျော်တယ်မလား ဒီပွဲမှာ မင်းနဲ့ကျန်းချန်ရဲ့ကစားပွဲဖစ်တဲ့ဒီပွဲမှာ မင်းနိုင်သွားပြီလေ ငါကတော့မင်းကိုမေတ္တာတွေထားခဲ့မိတဲ့ စောက်ရူးကြီးလုံးလုံးဖြစ်နေပြီရှောင်းကျန့်💥"

ရှောင်းကျန့် " ကျန့်ကျန့်တောင်းပန်ပါတယ်ကိုကို 😭 မရည်ရွယ်ပါဘူးအခုလိုဖြစ်ဖို့မရည်ရွယ်ပါဘူး တောင်းပန်ပါတယ် ကျန့်ကျန့် ကိုကို့ကိုလှောင်ချင်တာမဟုတ်ပါဘူး ကိုကို့ကိုအမြင်မှန်ရစေချင်တာပါ အချစ်မှာယောက်ျား မိန်းမ ခွဲခြားမှူမရှိဘူး LGBT ကကိုကိုထင်သလိုမျိုး ရွံစရာမဟုဘူးဆိုတာ ကိုကို့ကိုသိစေချင်ယုံပါ တစ်ခြားဘာရည်ရွယ်ချက်မှ ကျန့်ကျန့်မှာမရှိပါဘူး😭"

ကျန့်ကျန့်လက်အုပ်လေးချီရင်းတောင်းပန်နေမိသည်

ရိပေါ် " မင်းကစားခဲ့သမျှကို ဒီကစောက်ရူးကြီးကအစစ်မှန်တွေပဲထင်နေမိလောက်အောင်ကို ငါရူးနေပြီရှောင်းကျန့် "

ရှောင်းကျန့် " ကျန့်ကျန့်လည်း ကိုကို့အပေါ်ဘယ်တုန်းကမှ ဟန်ဆောင်မှုတွေမုသားတွေမပါခဲ့ပါဘူးကိုကို ကိုကို့အနားမှာရှိနေတဲ့တစ်ချိန်လုံးက ကျန့်ကျန့်ရဲ့ စိတ်ရင်းအမှန်တွေနဲ့ပဲဆက်ဆံခဲ့တာပါ အဲ့တာဘာလို့လည်းကိုကိုသိလား... ကျန့်ကျန့်ကိုကို့ကို ချစ်လို့ပါ😔"

ရိပေါ် " ဟား😄😄 ငါကရောထပ်ပြီးယုံကြည်မယ်ထင်လို့လား ငါမယုံဘူးမင်းကိုငါမယုံဘူးရှောင်းကျန့်😢"

ရိပေါ်ထိုစကားကို မျက်ရည်တွေကိုထိန်းချူ ပ်ရင်းပြောမိသည်

ဒါကိုတော့ခေါင်းငုံ့ထားတဲ့ကောင်လေးကမသိခဲ့ပေ။

.

.

.

.

ကျန်းချန်တစ်ယောက် အရောင်းဌာနရှေ့မှာ ထိုင်မရထမရဖြစ်နေ၏

ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ကျန့်ကျန့်ကိုစိတ်ပူနေမိသည်

အသံလုံအခန်းမလို့ ဘာဖြစ်နေမှန်းခန့်မှန်းလို့မရ

မိုးသန္တာဝင်း " အကိုကျန့်ဘာမှမဖြစ်လောက်ပါဘူးနော်"

မိုးစန္ဒာဝင်း " ငါလည်းမသိဘူးလေ စိတ်ပူတာပဲသိတယ် bossရဲ့အကြောင်းလည်းအသိပဲမလား အစထဲကblကိုမုန်းနေတာ အခုသူ့ကိုလိမ်လို့ခွင့်လွှတ်ပါ့မလား"

ဝင်းလဲ့လဲ့မိုး " ဘာပဲဖစ်ဖစ် ဆိုးဆိုးဝါးဝါးတွေမဖြစ်ဖိူ့ငါတို့ဆုတောင်းရမှာပေါ့😔"

ကျန်းချန်လည်းထိုသို့ဆုတောင်းနေမိပါသည်

.

.

.
ကျန့်ကျန့် ကိုကို့ကိုမျှော်လင့်ချက်မဲ့စွာကြည့်မိပါသည်

ကိုကိုကသူ့ကိူတကယ်ပဲ ရွံသွားတာလား သူ့အချစ်ကိုမယုံကြည်နိုင်လောက်တဲ့အထိကိုသူ့ကိုမုန်းသွားတာလား

ကိုကို့အပေါ်မုသားတွေသုံးချင်သုံးခဲ့လိမ့်မယ် ဒါပေမယ့် ကိုကို့အတွက်ဖြစ်တည်လာတဲ့ကျန့်ကျန့်ရဲ့ ခံစားချက်တွေကတော့ဘာမုသားမှမပါခဲ့ဘူးကိုကို

ရှောင်းကျန့် " ကောင်းပါပြီ ကိုကိုကကျန့်ကျန့်ရဲ့အချစ်ကိုပါလိမ်နေတယ်လို့တွေးမှတော့ ကျန့်ကျန့်ဆက်ပြီးမတုပချင်တော့ပါဘူး ကျန့်ကျန့်လုပ်ခဲ့တဲ့အရာအာလုံးအတွက်လည်း တောင်းပန်ပါတယ် ကိုကို ဒီနေ့ဒီအချိန်ကစပြီး ကိုကိုမမြင်ချင်တဲ့ကျန့်ကျန့်ကို မမြင်စေရပါဘူး ကျန့်ကျန့်ကိုကို့အနားကနေထွက်သွားမှာပါ "

ကျန့်ကျန့် သူ့ကိုနောက်ခိုင်းထားတဲ့ရိပေါ်ကို အနောက်မှတင်းကျပ်စွာသိုင်းဖက်လိုက်ပြီး

ရှောင်းကျန့် " ဒါပေမယ့်ကိုကိုတစ်ခုတော့သိထားပေး ကိုကို့နဲ့မားအပေါ်ထားတဲ့ကျန့်ကျန့်ရဲ့ အချစ်တွေကတော့ဘာအရောင်မှမပါခဲ့ပါဘူး "

ရိပေါ် သူ့နောက်ကျောကိုဖက်ရင်းရှိုက်နေတဲ့ကလေးကို ထွေးပွေ့ကာနှစ်သိမ့်ပေးချင်ပေမယ့် မလုပ်မိပါ

မနေ့ကညထဲက ဝန်းနင်ပြောပြလို့ ကျန့်ကျန့်ကဝေ့ရင်းဆိုတာသူသိခဲ့ပါတယ်

ကြားကြားချင်း သူမယုံနိုင်ပေမယ့် တကယ့်အမှန်တရားဖြစ်လို့သူလက်မခံလို့မရ

ဒါပေမယ့် သူဒီကောင်လေးကိုမမုန်းမိခဲ့ပါ

အခုမနက်ကျတော့အဲ့လိုမဟုတ်တော့ဘဲ သိလိုက်ရတဲ့သူ့အနားကိုရည်ရွယ်ချက်ရှိရှိချဉ်းကပ်ခဲ့တယ်ဆိုတဲ့အတွေးက သူ့ကိုနာကျင်စေပါ၏

သူ့ဘက်ကစစ်မှန်တဲ့မေတ္တာတွေပေးသလောက် ဒီကောင်လေးကသူ့အပေါ်ကစားနေတာပါလား။

အခုလည်းကြည့်လေ သူ့အနားကထွက်သွားဖို့ကြံနေပြန်ပြီ

ငါခွင့်မပြုဘူး ရှောင်းကျန့် မင်းငါ့အနားကိုဘယ်လိုအကြောင်းနဲ့ပဲရောက်လာရောက်လာ ငါမင်းကိုပြန်ထွက်သွားခွင့်မပြုနိုင်ဘူး

ကျစ်!

ရိပေါ် သူ့ကိုမျက်ကွယ်ပြုကာခုံပေါ်ကပစ္စည်းတွေကိုသိမ်းပြီး ထွက်သွားဖိူ့ပြင်နေသူအား စိတ်မကြည်စွာဖြင့် ကျစ်ခနဲစုတ်သတ်လိုက်မိပါသည်

ရှောင်းကျန့် " ကျန့်ကျန့်ကို သွားခွင့်ပြုပါအုန်းကိုကို"

သူ့ကိုနှုတ်ဆက်ပြီး ထွက်သွားဖို့ပြင်နေသူအား ရိပေါ်စိတ်မထိန်းနိုင်စွာပဲ လှမ်းဆွဲထားလိုက်မိပါသည်

ရိပေါ် " ငါမင်းကိုထွက်သွားခွင့်မပေးနိုင်ဘူးရှောင်းကျန့် မင်းမပစ်တွေအတွက်မင်းပေးဆပ်ရမယ် "

ရိပေါ်ရုတ်တရက် သူ့အနားကထွက်သွားဖို့ကြိုးစားနေသူကြောင့် သူ့စိတ်တွေကအစိုးမရခဲ့

ငါမင်းကိုပိုင်ဆိုင်ချင်တယ်ကျန့် ငါမင်းကိုအဆူံးရှူံးမခံနိုင်ဘူးကွာ

ရိပေါ် သူ့ကိုအလန့်တကြားကြည့်နေတဲ့ကောင်လေးရဲ့ မျက်နှာတစ်ခုလုံးကို အနမ်းတိူ့ပေးနေမိသည်

ရှောင်းကျန့် " ကိုကို ကျန့်ကျန့်ကိုလွှတ်ပေး လွှတ်"

ရင်ခွင်ထဲကကောင်လေးက သူ့ကိူအတင်းငြင်းဆန်နေတာကြောင့် သူ့စိတ်တွေ ပိုပြီးထိန်းချူ ပ်မရခဲ့

သူလိုချင်တယ် ဒီကောင်လေးရဲ့အရာရာတိုင်းကို သူပိုင်ဆိုင်တယ်

ရိပေါ် သူ့ကိုငြင်းဆန်နေမှန်းသိသိရက်နဲ့ ရှေ့ဆက်မိခဲ့ပါသည်

ရင်ခွင်အောက်ကကောင်လေးရဲ့ တားမြစ်သံတွေ ငိုယိုသံတွေကိုဥပေက္ခာပြုရင်း သူ့ဆန္ဒကိုသာရှေ့ဆန်းတင်မိခဲ့ပါ၏

အရာအားလုံးကမင်းကိုချစ်တဲ့ ကိုယ့်အချစ်တွေကြောင့်ဖြစ်တည်လာတာမလို့ မင်းစိတ်မပျက်လိုက်ပါနဲ့

.
ရိပေါ် " ချစ်တယ်ကျန့် ကိုကိုမင်းကိုအဆုံးရှုံးမခံနိုင်လောက်တဲ့အထိကို စွဲလမ်းမိနေပြီ ကိုကို့အနားထွက်မသွားပါနဲ့ "

ရိပေါ် ရင်ခွင်ထဲကကောင်လေးရဲ့နှာဖူးလေးကိူနမ်းရှိုက်ပြိး သူလည်းပင်ပန်းနေပြီမလို့ဆိုဖာငယ်လေးမှာပဲအိပ်စက်လိုက်တော့သည်

ကျန့်ကျန့်သူ့ကို လွတ်ထွက်သွားမှာစိူးသည့်အလာဖက်ထားတဲ့ ကိုကို့ရဲ့မျက်နှာလေးကိုငေးရင်းအတွေးလွန်နေမိပါသည်

......ဒီကိစ္စကသာမာန်မဟုတ်ဘူး အစကတော့ငါ့ကိုထိခိုက်စေချင်တာလို့ပဲတွေးနေမိတာ အခုတော့သေချာသွားပြီး ဒါကကိုကို့အနားကနေငါ့ကိုတွန်းထုတ်နေတာ ဒီလူကဘာကိုလိုချင်တာလည်း ပြီးတော့ရောဘယ်သူလည်း.....

ရှောင်းကျန့်အနည်းငယ်ရုန်းပြီး ကိုကို့မျက်နှာလေးကိုလက်ကလေးဖြင့်ထိတွေ့လိုက်ပါ၏

ရှောင်းကျန့် " ဟွန့် သူများကိုအနိုင်ကျင့်ပြီး သူကပဲပင်ပန်းနေရသေးတယ် ကျန့်ကျန့် လည်းကိုကို့ကို ချစ်တယ်နော် ဒါပေမယ့် ကျန့်ကျန့်ကိုကို့အနားကနေခဏတော့ထွက်သွားပါရစေ ကျန့်ကျန့်သိချင်တယ် ဘယ်သူကကျန့်ကျန့်တို့နှစ်ယောက်ကိုကွဲစေချင်တာလည်းဆိုတာ ဒါကြောင့်ကိုကိုက ကျန့်ကျန့်ကိုစိတ်မဆိုးပါနဲ့နော် 😘"

ကျန့်ကျန့် ရိပေါ်ရဲ့နှာဖူးလေးကိုအနမ်းဖွဖွပေးရင်းပြောနေမိပါသည်

တကယ်လို့ ရိပေါ်သာနိုးလာလို့ကျန့်ကျန့်မရှိတော့တာသိရင် ဘယ်တွေများဖြစ်လာနိုင်ဦးမလည်း......?

.

.

.Part 20 🙆
သာသာဒီfic လေးကိုအမြန်ဆုံး complete ဖြစ်အောင်ရေးနေပါတယ်ရှင့်😘
နောက်လ၉ရက်နေ့ဆိုသာသာ သင်္ကြန်တရားစခန်းဝင်မှာမလို့ ရက်အကြာကြီးမစောင့်ခိုင်းချင်ပါဘူး ဒါ့ကြောင့်ပြီးအောင်ရေးပေးမယ်နော်🤗

.....................

Zawgyi










.

.

.






ကျန်းချန် " ဘာလို့လည်း"




.

.

.







.

.

.













ကျန်းချန် " ဟင်😱"








ကျန်းချန် " Boss! "









ကျန်းချန် " ဗျာ!"

ဝမ်ရိပေါ် " ထွက်သွား"



..


.

.

.




ရှောင်းကျန့် " ဟင်😳"












ရှောင်းကျန့် " ကျန့်ကျန့်မငြင်းပါဘူးကိုကို ဒါပေမယ့် ကိုကိုထင်သလိုမျိုးး မားအပေါ်မှာပါမရိုးသားခဲ့တာမဟုတ်ပါဘူး😥 ကျန့်ကျန့်ကျိန်ပြောရဲပါတယ်ကိုကို ကျန့်ကျန့်မားကိုအရမ်းချစ်တာပါ ပြီးတော့မားအနားကိုရည်ရွယ်ရှိရှိနဲ့သွားခဲ့တာမဟုတ်ပါဘူး"










.

.

.

.






ဝင်းလဲ့လဲ့မိုး " ဘာပဲဖစ်ဖစ် ဆိုးဆိုးဝါးဝါးတွေမဖြစ်ဖို့ငါတို့ဆုတောင်းရမှာပေါ့😔"


.

.

.

ကိုကိုကသူ့ကိုတကယ်ပဲ ရွံသွားတာလား သူ့အချစ်ကိုမယုံကြည်နိုင်လောက်တဲ့အထိကိုသူ့ကိုမုန်းသွားတာလား













ကျစ်!

ရိပေါ် သူ့ကိုမျက်ကွယ်ပြုကာခုံပေါ်ကပစ္စည်းတွေကိုသိမ်းပြီး ထွက်သွားဖို့ပြင်နေသူအား စိတ်မကြည်စွာဖြင့် ကျစ်ခနဲစုတ်သတ်လိုက်မိပါသည်






ရိပေါ် သူ့ကိုအလန့်တကြားကြည့်နေတဲ့ကောင်လေးရဲ့ မျက်နှာတစ်ခုလုံးကို အနမ်းတို့ပေးနေမိသည်


ရင်ခွင်ထဲကကောင်လေးက သူ့ကိုအတင်းငြင်းဆန်နေတာကြောင့် သူ့စိတ်တွေ ပိုပြီးထိန်းချူ ပ်မရခဲ့





.

ရိပေါ် ရင်ခွင်ထဲကကောင်လေးရဲ့နှာဖူးလေးကိုနမ်းရှိုက်ပြိး သူလည်းပင်ပန်းနေပြီမလို့ဆိုဖာငယ်လေးမှာပဲအိပ်စက်လိုက်တော့သည်

ကျန့်ကျန့်သူ့ကို လွတ်ထွက်သွားမှာစိုးသည့်အလာဖက်ထားတဲ့ ကိုကို့ရဲ့မျက်နှာလေးကိုငေးရင်းအတွေးလွန်နေမိပါသည်






.

.

.Part 20 🙆

Continue Reading

You'll Also Like

1.1M 20.1K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
961K 21.9K 49
In wich a one night stand turns out to be a lot more than that.
1.8M 60.5K 73
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...
482K 14.6K 98
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...