ထူးထူးဆန်းဆန်း ချစ်ဖူးစာ

By Thwin2004

21.4K 966 13

BL စာရေးဆရာလေးXZနဲ့ LGBTလက်မခံသူလေးWYBတို့ကြားက အချစ်ချိုချိုလေး More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
စာလေးဆုံးသည်အထိ ဖတ်ပေးပါ

Part 17

505 28 0
By Thwin2004

    မားလည်းညက ဆေးသွင်းပြီးအနားယူလိုက်လို့ထင်ပါရဲ့

ဒီမနက်အတော်လေးသက်သာနေပါ၏

မနက်စာစားပွဲဝိုင်းလေးကတော့ တိတ်ဆိတ်မှူနဲ့စစ်တိုက်နေပေသည်

ဝမ်မား " သားကျန့်လေး ခါချဉ်ကိုက်လိုက်ပြန်ပြီလား "

အဟွတ်! အဟွတ်!

မားစကားကြောင့် စားလတ်စရှမ်းခေါက်ဆွဲတောင်နင်သွားရပါသည်

မနက်မိုးလင်းလို့ သွားတိုက်ခါနီးမှန်ထဲမှာကြည့်လိုက်မိမှမိမိ နှုတ်ခမ်းပေါက်နေမှန်းသိခဲ့ရတာပါ

ဟိုတခါခံထားရဖူးတာကြောင့် ဘာအကောင်ကိုက်လည်းဆိုတာတွေးကြည့်စရာပင်မလို

ဒါ့ကြောင့် ညကသူ့မှာအသက်ရှူ ကျပ်တယ်လို့ခံစားရတာကိုး

ရှောင်းကျန့် " ဟုတ်တယ်မား အဲ့ခါချဉ်ကအကျင့်မကောင်ဘူးမားရဲ့ ကျန့်ကျန့်အိပ်ပျော်နေတာကိုအခွင့်ကောင်းယူပြီးကိုက်သွားတာ ခါချဉ်နှာဘူးနဲ့တူတယ်"

.
ရိပေါ်ကိုသေချာကြည့်ပြီး နှာဘူးလို့ထည့်ပြောလိုက်တဲ့ကျန့်ကျန့်ကြောင့် ဝမ်မား မသိမသာပြုံးမိပါသည်

သူမလည်း Company ကြီးတစ်ခုလုံးကိုအုပ်ချူ ပ်လာတဲ့သူပဲမဟုတ်လား ငယ်ရာကနေကြီးလာသူမလို့ ချက်ဆို နားခွက်ကမီးတောက်ပဲလေ

.
ရိပေါ် " မေမေနေသာရဲ့လား တစ်ခုခုဆိုသားကိုပြောနော်"

ဝမ်မား " သားက ဒီနေ့အလုပ်မသွားဘူးလား "

ရိပေါ် " မသွားလို့မရဘူးမေမေ ဒီနေ့ Wang  Centre အသစ်အတွက်စာချူ ပ်ချူပ်ရမှာမလို့ သားသွားရမယ် နေ့လည်ဆိုသားပြန်လာမယ်လေ"

.
ဝမ်မား " ရပါတယ်သားရဲ့ မားသားကျန့်လေးရှိနေတာပဲ သားအေးဆေးသွားပါ"

ရိပေါ် " ဟုတ်ကဲ့မေမေ"

ရိပေါ် မေမေရဲ့ပါးလေးကိုအာဘွားပေးလိုက်ပြီး

ရိပေါ် " အဲ့တာဆို သားcompany သွားဖို့ပြင်လိုက်ဦးမယ် ကျန့်ကျန့်နောက်ကလိုက်ခဲ့"

မေမေ့ကိုပြောပြီး စိတ်ကောက်နေတဲ့ကောင်လေးကိုပါခေါ်လိုက်တော့ မျက်စောင်းလေးထိုးရင်း မကျေမချမ်းနဲ့ နောက်ကလိုက်လာပါ၏

.

.

ရိပေါ် မိမိအခန်းထဲရောက်တာနဲ့ အင်္ကျီချွတ်လိုက်ပြီး ရေချိုးခန်းဆီဝင်သွားလိုက်၏

မဝင်မှီပြောသွားခဲ့ပါသည်

ရိပေါ် " ကိုယ်ဝတ်ဖိူ့အင်္ကျီထုတ်ထားပေး"
တဲ့လေ။

ကျန့်ကျန့် မှာရန်တောင်ပြန်မတွေ့လိုက်ရခင် ကိုကိုကရေချိုးခန်းတံခါးကိုပိတ်သွားလေပြီ

ရှောင်းကျန့် " ဟွန့် ငါကဘာလို့အဲ့လိုလုပ်ပေးနေရမှာလည်း သူမိန်မမှမဟုတ်တာ "

ပွစိပွစိသာပြောနေပေမယ့် လူကတော့အဝတ်ဗီဒိုနားရောက်နေပါပြီ

ဘယ်လိုပဲရန်တွေ့တွေ့ ကိုကို့ကိုသူကြောက်ပါ၏ မတော်လို့ထပ်နမ်းမှဖြင့် မဖြစ်ဘူးခါချဉ်ခဏခဏကိုက်ခံနေရရင်မားသံသယဝင်လိမ့်မယ်

.

ရိပေါ်ရေချိုးခန်းမှထွက်လာတော့ ကုတင်ပေါ်မှာနှုတ်ခမ်းလေးဆူရင်းထိုင်နေတဲ့အကောင်ပေါက်

ရိပေါ် ရေခြောက်အောင်သုတ်ရင်း အကောင်ပေါက်ကိုကြည့်လိုက်မိတော့

အမယ်မျက်စိမှိတ်ထားလေရဲ့ ဒင်းလေးကသူ့ကို အခုရှက်နေတာတဲ့လား

ရိပေါ်  " အတင်းကိုမျက်စိတွေမှိတ်ထားတာပဲကွာ"

ရိပေါ်ကျန့်ကျန့်လက်ထဲက အကျီ်လေးကိုယူပြီး ဝတ်လိုက်ကာပြောလိုက်တာပင်

ရှောင်းကျန့် " ကိုကိုခိုင်းစရာမရှိတော့ရင် ကျန့်ကျန့်မားဆီသွားတော့မယ်နော်"

အခန်းထဲမှပြေးဖို့ကြံနေတဲ့ကောင်လေးကို တံခါးနားမရောက်မီ ရိပေါ် ထိုကောင်လေးရဲ့ခါးမှကိုင်၍ သူ့အရှေ့သို့ဆွဲခေါ်လိုက်၏

ရိပေါ်  " ဘယ်ပြေးဖို့တွေးနေတာလည်း ကိုကိုကသွားလို့မပြောမိပါဘူးနော် "

ရှောင်းကျန့် " ကျန့်ကျန့်ကိုလွှတ်ပါ အခုလိုကြီးမနေတတ်ဘူး "

မတ်တပ်ရပ်အနေထားဖြင့် ရိပေါ်ရင်ခွင်ထဲရောက်နေတာမလို့ အကောင်ပေါက်က တွန့်လိမ်ကာရုန်းကန်နေ၏

ရိပေါ်  " အတင်းမရုန်းနဲ့လေ ကိုကိုခိုင်းစရာရှိသေးတယ် "

ထိုအခါမှ ငြိမ်ကျသွားပြီး မကျေနပ်တဲ့အကြည့်လေးနဲ့မေးလာသည်

ရှောင်းကျန့်  " ကိုကိုဘာခိုင်းမလို့လည်း "

ရိပေါ် " necktie ချည်ပေး "

ရှောင်းကျန့် " ဘာ!"

အဟက်!

ရိပေါ် စကားကြောင့်ဒေါပွသွားတဲ့အကောင်ပေါက် မျက်နှာကိုကြည့်ရင်း ရိပေါ်လက်ထဲက necktie ကြိုးလေးကို ပေးလိုက်သည်

ခါးထက်ကသူ့လက်တွေကိုတော့မဖယ်ပေးမိသေးပေ

ရှောင်းကျန့် " ကိုကို့ဘာသာချည်ပါလား ဘာလို့ကျန့်ကျန့်ကဒါတွေလုပ်ပေးရမှာလည်း  ကိုကိုယူထားတဲ့မိန်းမလည်းမဟုတ်ပဲနဲ့"

ရိပေါ် " ကိုကိုမိန်းမလုပ်ချင်လို့လား"

ရှောင်းကျန့် " မလုပ်ချင်ပါဘူး ဘယ်သူကလုပ်မယ်ပြောလို့လည်း "

ရိပေါ် ဟိုလိုလည်းမဟုတ် ဒီလိုလည်းမဟုတ်ပြောနေတဲ့ အကောင်ပေါက်နားနားကပ်ကာ တိုးတိုးလေးပြောလိုက်ပါ၏

ထို့နောက်တွင်တော့ သူ့လည်တိုင်လေးဆီ necktie ကြိုးလေးရောက်လာပါတော့သည်

ရိပေါ်ပြောလိုက်တာက

" necktie ချည်ပေးမလား ဒါမှမဟုတ် necktie ကြိုးနဲ့ချည်ပြီးနမ်းတာခံမလား ကြိုက်တာရွေး " တဲ့။

.

.
.
ကြာရင်ကိုကို့ကြောင့် ကျန့်ကျန့်နှလုံးရောဂါရတော့မည်ထင်ပါရဲ့

အခုတောင် ကိုကိုက အလုပ်သွားနေတာမလို့သူ့မှာအသက်ဝဝရှူ ရဲတာ

မားကိုစောင့်ရှောက်ဖို့သူ့ကိုထားခဲ့တာဆိုတော့ သူတာဝန်ကျေအောင်လုပ်ရမည်

ဒါကသူ့တာဝန်မလို့ဆိုတာထက် သူမားကိုတကယ်ချစ်လို့ပါ

အခုလည်း တစ်မနက်လုံးစကားတွေအများကြီး သူနဲ့ပြောနေတဲ့မားက ဆေးသောက်ပြီးလို့တစ်ရေးတစ်မောအိပ်ပျော်နေ၏

ကျန့်ကျန့်မားအနားမှာနေရင်း စောင့်ပေးနေတုန်း ဖုန်းဝင်လာတာမလို့ မားမနိုးအောင် အပြင်ထွက်ပြောလိုက်သည်

ရှောင်းကျန့် " ဟယ်လို အကိုမုန့်ယောင် "

ရှောင်းကျန့် " ဟုတ်လားအကို ကောင်းပါပြီ ဒါဆိုညနေကျရင်တွေ့ကြမယ် "

ကျန့်ကျန့်ကျသွားတဲ့ဖုန်းလေးကိုကြည့်ပြီး တစ်ချက်ပြုံးလိုက်မိပါတယ်

ဒီနေ့သူ့စာအုပ်လေး ပထမအကြိမ်အနေနဲ့အုပ်၄၀၀၀ ဖြန့်မည်တဲ့လေ ။

ရိပေါ် " ဘယ်သူမလို့အဲ့လောက်ပျော်နေတာလည်း ကျန့်ကျန့်. "

ရုတ်တရက် ကြီးကြားလိုက်ရတဲ့ကိုကိူ့အသံကြောင့်သူ့မှာ ယောင်ရမ်းပြီးအော်မိသည်အထိ

ရှောင်းကျန့်. " လန့်လိုက်တာကိုကိုရယ် အသံမပေးဘာမပေးနဲ့"

ရင်ဘတ်လေးကိုဖိရင်း ကျန့်ကျန့်ပြောလိုက်တာကို ကိုကိုကဘာတွေသဘောမကျလည်းမသိ

မျက်နှာကြီးတင်းပြီးစိုက်ကြည့်နေ၏

ရိပေါ် " မေးတာအရင်ဖြေ ဘယ်သူနဲ့ပြောနေတာလည်း "

ဒေါသထွက်နေပုံရတဲ့ကိုကို့ကြောင့် ခြေထောက်လေးတွေကုတ်ထားမိတဲ့ကျန့်ကျန့်

ကိုကိုကသူ့အနားတဖြည်းဖြည်းတိုးလာတာမလို့ သူ့လည်းယောင်ပြီးနောက်သို့ဆုတ်လိုက်မိသည်

ဘုတ်!

ကျန့်ကျန့်မှာနံရံနဲ့ကျောတစ်သားတည်းဖြစ်သွားပြီး ဆက်ပြီးဆုတ်ဖို့အခွင့်မသာ

ရိပေါ် ကျန့်ကျန့်နဲ့အနီးဆုံးသို့နေရာယူလိုက်ပြီး နံရံတွေကိုလက်ဖြင့်ထောက်ကာ ကျန့်ကျန့်ကိုအုပ်မိုးထားလေတယ်

ရှောင်းကျန့် " ကိုကို! "

သူ့မျက်နှာအနားကပ်လာတဲ့ရိပေါ်ကြောင့် ကျန့်ကျန့်လန့်ဖြန့်သွားကာခေါ်လိုက်မိသည်

ရိပေါ် " မကြိုက်ဘူး "

ဟင်!

ကိုကိုဘာကိုပြောတာလည်းသူနားမလည်  ဘာကိုမကြိုက်တာလည်း သူဒီမှာနေတာမကြိုက်တာလား ဒါမှမဟုတ် မားအနားမှာရှိတာကိုလား

အတွေးလွန်နေတဲ့ကျန့်ကျန့်ကို ရိပေါ်ကမွတ်သိပ်သောအနမ်းတို့ဖြင့် အနိုင်ကျင့်ခဲ့ပါသည်

ကျန့်ကျန့်ကိုယ်တိုင်ကလည်း ဘာလို့များတားဆီးဖို့ခွန်အားတွေမဲ့နေရတာလည်းကိုကို

အချိန်တစ်ခုကြာတဲ့အထိပြင်းရှနေတဲ့ကိုကို့ရဲ့ အနမ်းတွေကိုကျန့်ကျန့်တုံ့ပြန်ပေးလိုက်မိပါတယ်

အနာဂတ်ကိုကျန့်ကျန့်မေ့ထားချင်တယ် အခုလက်ရှိမှာကျန့်ကျန့်ကိုကို့ကို စိတ်ချမ်းသာစေချင်မိတယ်

ကိုကိုနမ်းလို့ကျန့်ကျန့် နှုတ်ခမ်းလေးတွေနာကျင်တာမှန်ပေမယ့် ဘာကြောင့်မှန်းမသိ ကျန့်ကျန့်ပျော်နေမိတယ်ကိုကို

မျက်လုံးလေးမှိတ်ကာ သူ့အနမ်းတွေကိုခံယူနေတဲ့ကောင်လေးကိုရိပေါ်ကြည့်ပြီး ဖွင့်ပြောလိုက်မိတယ်

ရိပေါ်. " ကိုကိုသဘောမကျဘူး ကိုကိုမဟုတ်တဲ့တခြားတစ်ယောက်နဲ့ကျန့်ကျန့်ပျော်နေတာ ကိုကိုကြောင့်မဟုတ်ဘဲတခြားသူကြောင့်ကျန့်ကျန့်စိတ်ချမ်းသာနေတာကို ကျန့်ကျန့် အတွေးထဲမှာကိုကိုကလွဲရင်ဘာမှကိုရှိမနေစေချင်ဘူး "

ရိပေါ်ရဲ့စကားတွေကိုမျက်လုံးလေးအဝိုင်းသားနဲ့ကြည့်နေတဲ့ ကလေးငယ်ကတကယ်ပဲဖြူ စင်လှပါ၏

ရိပေါ် " ဒါ့ကြောင့်တောင်းဆိုပါတယ် ကျန့်ကျန့်ကိုကို့အတွက်ပဲပြုံးနေပေးပါ ကိုကိုမဟုတ်တဲ့ဘယ်သူ့ရှေ့မှာမှ ချစ်စရာကောင်းအောင်မနေနဲ့ကိုကိုမကြိုက်ဘူးကျန့်ကျန့်"

ပြောပြီး ကျန့်ကျန့်ကိုကျောခိုင်းကာ အခန်းထဲဝင်ဖို့လုပ်နေတဲ့ကိုကို့ကို သူမေးလိုက်ပါသည်

ရှောင်းကျန့် " ဘာလို့လည်းကိုကို "

ကျန့်ကျန့်စကားကြောင့် ကိုကို့ခြေလှမ်းတို့ကအခန်းဝမှာရပ်တန့်သွားသည်

ရှောင်းကျန့် " ဘာလို့အခုလိုကျန့်ကျန့်ကို အမိန့်တွေပေးနေတာဘာလို့လည်းဟင် "

.....ကျန့်ကျန့်ကြားချင်တယ်ကိုကို ကိုကို့ဆီက ကျန့်ကျန့်ကိုချစ်တယ်ဆိုတဲ့စကားကို......

ရိပေါ် နောက်ကိုတစ်ချက်လှန်ကြည့်ပြီး ပြန်ဖြေခဲ့ပါသည် ထို့နောက်တွင်တော့အခန်းထဲသို့ဝင်သွားတဲ့ကိုကို့ရဲ့ပုံရိပ်လေးကိုကြည့်ရင်း

ကျန့်ကျန့်ထိုနေရာလေးမှာထိုင်ချမိလိုက်ပြီး ငိုကြွေးမိတော့တယ်

" ကိုကို ကျန့်ကျန့်မေးတဲ့အမေးရဲ့အဖြေကိုမပေးနိုင်သေးဘူး ကျန့်ကျန့် ကိုကိုတောင်းပန်ပါတယ် "

တဲ့လေ။

အခန်းပြင်မှငိုကြွေးနေတဲ့ကောင်လေးလည်းရှိသလိုအလန်းထဲမှအကြိမ်ကြိမ်တောင်းပန်နေမိတဲ့ကောင်လေးလည်းရှိနေခဲ့ပါသည်

........ကိုကိုတောင်းပန်ပါတယ် ကျန့်ကျန့် အခုကိုကို့စိတ်တွေရှုပ်ထွေးနေသေးတယ် ကိုကိုဘာဖြစ်နေလည်းဆိုတာသေချာသိဖိူ့ ကိုကို့ကိူအချိန်တစ်ခုတော့ပေးပါ အဲ့နေ့ရောက်ရင်ကိုကို အကျယ်ကြီးပြောပြမယ် ကိုကိုမင်းကို.......အရမ်းချစ်တယ်လို့။

.

.
ကျန့်ကျန့်ဒီညနေတော့ အိမ်မပြန်မီ စာအုပ်တိုက်ကိုခဏသွားလိုက်ပါသေးသည်

အကိုမုန့်ယောင်ကစာအုပ်ကို ပထမအကြိမ်နဲ့မလောက်ရင်ဒုတိယအကြိမ်ထုတ်ဖို့ပြောပြီး

မုန့်ယောင် " အကိုကတော့ကျန့်ကျန့်သဘောကိုမေးဦးမယ်လို့ပြောလိုက်ပါတယ် ကျန့်ကျန့်ဘယ်လိုသဘောရလည်း"

ဝန်းနင်တို့လာရှာတဲ့အကြောင်းနဲ့ ဝေ့ရင်းရဲ့ဆန္ဒကိုသူမေးပေးပါ့မယ်ဆိုတဲ့အကြောင်းပြောပြလေတယ်

ရှောင်းကျန့် " အကိုအခုလိုပဲဆက်ပြီးငြင်းပေးပါဦးဗျာ ကျွန်တော်ပရိတ်သတ်ရှေ့ထွက်ပြဖို့အဆင်မပြေသေးလိူ့ပါ"

မုန့်ယောင် ခေါင်းလေးကုတ်ကာရယ်ရင်း

မုန့်ယောင် " ဟုတ်ပါပြီ ဒါနဲ့နောက်ထပ်အသစ်လေးရောစနေပြီလား ကျန့်ကျန့်. "

ရှောင်းကျန့် " အမှန်တိုင်းပြောရရင် အခုထိကိုမရေးရသေးဘူးဗျ ဒါပေမယ့် ဒီတစ်ပုဒ်ကိုတော့ ကျေးလက်သဘာဝကိုအခြေခံပြီးရေးဖို့တွေးထားတယ်အကို"

မုန့်ယောင် " ဒါဆိုအကိုမျှော်နေပြီနော် သြော်ဒါနဲ့ကျန့်ကျန့်အတွက်စာအုပ်အသစ်လေး လက်ဆောင်ပေးဖို့လုပ်ထားတယ် "

လို့ပြောပြီးဆွဲအံထဲက ပန်းနုရောင်အဖုံးလေးနဲ့ ဝေ့ရင်းရဲ့ မနက်ဖြန် ထွက်မယ့်စာအုပ်အသစ်လေးကိုသူ့ကိုပေးလေ၏

ကျန့်ကျန့် စာအုပ်လေးကိုယူပြီးအဖုံးလေးပေါ်မှ သွားစွယ်လေးတွေပေါ်အော်ရယ်နေပြီး လူကြီးကိုကြည့်နေတဲ့ ကောင်လေးနှစ်ယောက်ရဲ့ပုံကိုကြည့်လိုက်ပြီး ပြုံးလိုက်မိပါသည်

မုန့်ယောင် " ဒီအပြင်မျက်နှာဒီဇိုင်းလေးကိုကြိုက်ရဲ့လားကျန့်ကျန့် "

ရှောင်းကျန့် " အင်းအကို ပထမပုံကြမ်းအပြာလေးကလည်းလှသလို ဒါလေးကလည်းကြည့်ကောင်းပါတယ် "

မုန့်ယောင် " ဟုတ်တယ်ကျန့်ကျန့်ရေ ပုံကြမ်းကအပြာရောင်ဖြစ်ပြီးလရောင်အောက်ကကောင်လေးနှစ်ယောက်ရဲ့နောက်ခိုင်းပုံဆိုတော့ နည်းနည်းမှောင်နေသလားလို့တွေးမိပြီးအကိုပုံစံနှစ်မျိုးထုတ်လိုက်တာ"

ရှောင်းကျန့် " ရပါတယ်အကိုအဆင်ပြေသလိုသာလုပ်ပါ ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦးအကို"

မုန့်ယောင် " ကောင်းပါပြီ"

ကျန့်ကျန့် mask အနက်လေးကိုတပ်ပြီးစာအုပ်တိုက်ထဲမှထွက်လာလိုက်သည်

ဒါပေမယ့်သူမသိလိုက်တာကို သူ့ကိုတစ်နေရာမှချောင်းပြီးဓာတ်ပုံရိုက်လိုက်တယ်ဆိုတာပါပဲ

.

.

.
ဝန်းနင် နိုင်ငံခြားမှမိတ်ဆွေတစ်ယောက်နဲ့ဖုန်းပြောပြီး သူ့ရဲ့ message boxထဲဝင်လာတဲ့စာကြောင့်သူကြည့်လိုက်မိသည်

ဟင်!z

သူချက်ချင်းပင် ကားသော့ဆွဲကာဝရောသောပါးနှင့်ထိုနေရာမှမောင်းထွက်သွားပါတော့သည်

.

.
ဝန်းနင် " မင်းတိူ့ပြောတာသေချာလား သူကဝေရင်းဆိုတာ"

အကိုရှီးချန်ရဲ့magazine တိုက်ကိုသူရောက်နေတာဖြစ်ပြီး အခုလူတွေကလည်းအကို့ရဲ့လူယုံတွေပင်

ညီဇ " သေချာပါတယ် အကို သူ့လက်ထဲမှာလည်းသေချာပေါက် ဝေ့ရင်းရဲ့စာအုပ်ကိုကိုင်ထားပါတယ်ပြီးတော့အဲ့စာအုပ်က အခုထိစျေးကွက်ထဲမဖြန့်ရသေးတဲ့ စာအုပ်ပါ အကိုရှီးချန်ကိုပေးတဲ့စာအုပ်နဲ့ပုံစံတူပါတယ်"

ဝန်းနင် " မင်းတို့သူ့ကိုမြင်လိုက်သေးလား သူကဘယ်လိုပုံမျိုးလည်း"

ဝန်းနင်အမေးကို သူတို့ကဖုန်းပေါ်ကဓာတ်ပုံတွေနဲ့အဖြေပေးကြသည်

ညီခ " ကျွန်တော်တို့လည်း ဓာတ်ပုံရိုက်ခဲ့ပါတယ် ဒါပေမယ့်သူကအရမ်းပါးနပ်တယ် maskကိုအမြဲတပ်ထားတော့သူ့မျက်နှာကိုမမြင်ခဲ့ရဘူး'

ညီဇ နဲ့ ညီခ စကားကြောင့်ဝန်းနင်ခေတ္တစဉ်းစားပြီး

ဝန်းနင် " ဒါဆိုကားနံပါတ်ရော "

ညီဇ " သူက taxi နဲ့လာတာအကို Taxi နံပါတ်က..&@@@"

ဝန်းနင် " ဒါဆိုအဲ့နံပါတ်အတိုင်းဘယ်နေရာမှာဆင်းလည်းသိရအောင်ဆက်ရှာ"

ဝန်းနင်ဖုန်းပေါ်က ပုံရိပ်တွေကိုကြည့်ရင်း ငါဘယ်နေရာမှာမြင်ဖူးပါလိမ့် ဟုသောအတွေးတို့ဖြင့်

.

.
Part 18 🙆
ဒီအပိုင်းသိပ်ပြီး သဘောမကျပါ😔
ကောရဲ့သတင်းကြားပြီးစိတ်ပူနေတာ ဘာမှမဖြစ်ဘူးဆိုမှပဲစိတ်အေးရတော့တယ် လူလည်းစိတ်နဲ့ကိုယ်နဲ့မကပ်မိ😪

.................

Zawgyi






အဟွတ်! အဟွတ်!






.


.



.

ရိပေါ် " ဟုတ်ကဲ့မေမေ"




.

.



ရိပေါ် " ကိုယ်ဝတ်ဖို့အင်္ကျီထုတ်ထားပေး"
တဲ့လေ။





.















ရှောင်းကျန့် " ဘာ!"

အဟက်!








ရိပေါ်ပြောလိုက်တာက


.

.
.











ရုတ်တရက် ကြီးကြားလိုက်ရတဲ့ကိုကို့အသံကြောင့်သူ့မှာ ယောင်ရမ်းပြီးအော်မိသည်အထိ







ဘုတ်!



ရှောင်းကျန့် " ကိုကို! "


ရိပေါ် " မကြိုက်ဘူး "

ဟင်!



















တဲ့လေ။


........ကိုကိုတောင်းပန်ပါတယ် ကျန့်ကျန့် အခုကိုကို့စိတ်တွေရှုပ်ထွေးနေသေးတယ် ကိုကိုဘာဖြစ်နေလည်းဆိုတာသေချာသိဖို့ ကိုကို့ကိုအချိန်တစ်ခုတော့ပေးပါ အဲ့နေ့ရောက်ရင်ကိုကို အကျယ်ကြီးပြောပြမယ် ကိုကိုမင်းကို.......အရမ်းချစ်တယ်လို့။

.

.




ရှောင်းကျန့် " အကိုအခုလိုပဲဆက်ပြီးငြင်းပေးပါဦးဗျာ ကျွန်တော်ပရိတ်သတ်ရှေ့ထွက်ပြဖို့အဆင်မပြေသေးလို့ပါ"














.

.

.

ဟင်!z


.

.
ဝန်းနင် " မင်းတို့ပြောတာသေချာလား သူကဝေရင်းဆိုတာ"


ညီဇ " သေချာပါတယ် အကို သူ့လက်ထဲမှာလည်းသေချာပေါက် ဝေ့ရင်းရဲ့စာအုပ်ကိုကိုင်ထားပါတယ်ပြီးတော့အဲ့စာအုပ်က အခုထိဈေးကွက်ထဲမဖြန့်ရသေးတဲ့ စာအုပ်ပါ အကိုရှီးချန်ကိုပေးတဲ့စာအုပ်နဲ့ပုံစံတူပါတယ်"









.

.
Part 18 🙆

Continue Reading

You'll Also Like

1.1M 35.9K 62
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
1.9M 85.4K 192
"Oppa", she called. "Yes, princess", seven voices replied back. It's a book about pure sibling bond. I don't own anything except the storyline.
433K 10.9K 60
𝐋𝐚𝐝𝐲 𝐅𝐥𝐨𝐫𝐞𝐧𝐜𝐞 𝐇𝐮𝐧𝐭𝐢𝐧𝐠𝐝𝐨𝐧, 𝐝𝐚𝐮𝐠𝐡𝐭𝐞𝐫 𝐨𝐟 𝐭𝐡𝐞 𝐰𝐞𝐥𝐥-𝐤𝐧𝐨𝐰𝐧 𝐚𝐧𝐝, 𝐦𝐨𝐫𝐞 𝐢𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭𝐥𝐲, 𝐰𝐞𝐥𝐥-𝐫...
608K 30.8K 59
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...