ထူးထူးဆန်းဆန်း ချစ်ဖူးစာ
Thwin2004
21.6K 967 13
BL စာရေးဆရာလေးXZနဲ့ LGBTလက်မခံသူလေးWYBတို့ကြားက အချစ်ချိုချိုလေး Еще
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
စာလေးဆုံးသည်အထိ ဖတ်ပေးပါ
Part 13
584 29 0
Thwin2004
.... ကျန့်ကျန့်တစ်ယောက် အိမ်မှာပြင်းနေတာနဲ့ပဲ သီချင်းလေးဖွင့်ပြီး လိုက်ညီးကာ အိမ်သန့်ရှင်းရေးလုပ်နေ၏
.
🎤🎼 စိတ်တွေ မင်းဘက်ယိမ်းနေတယ် အဆင့်ကျော်ဖို့အတွက်တော့ မလုံမလည်း
ငါမင်းရှေ့ရောက်ရင် ယုန်ကလေးဖြစ်သွားတယ်🐰
နင်ရဲ့အကျဉ်းသားတစ်ယောက်လိုပဲ အချစ်မှာရုန်းမရညိတွယ်ခဲ့
အမှန်တိုင်းပြောရရင် သူငယ်ချင်းဘဝနဲ့မရောင်ရဲ
မနေနိုင်အောင် ငါ့ရဲ့ဘက်ကချစ်နေပြီ
မင်းလေးကတော့ တစ်ချက်မှမသိ မျက်လွှာလေးကိုချပြီး မင်းကြည့်တဲ့အကြည့်လေးတွေ
ငါရဲ့...🎤
.
ရှောင်းကျန့် " မြတ်စွာဘုရား ဝမ်ရိပေါ်နဲ့ငါနဲ့ညား"
ကျန့်ကျန့်တစ်ယောက် ဂေါ်ပြားအရှည်ကိုမိုက်လုပ်ပြီး အဆုကောင်းနေတုန်း နောက်မှာရောက်နေတဲ့ ကျန်းချန်ကိုတွေ့ပြီး လန့်ကာယောင်သွားရခြင်း
.
ကျန်းချန် " ဟားဟား ငကျန့်မင်းခုနက ဘယ်လိုယောင်လိုက်တာ ဘာတဲ့ဝမ်ရိပေါ်နဲ့ အွန့်လွှတ်"
ကျန်းချန်စကားဆက်မပြောနိုင်အောင် လက်နဲ့ပါးစပ်ကိုလှမ်းပိတ်လိုက်တဲ့ကျန့်ကျန့်ပါ
ရှောင်းကျန့် " ကျန်းချန်နော် ငါကသူ့ကိုကြည့်မရတာနဲ့စိတ်ထဲစွဲသွားလို့ အဲ့လိုပြောမိတာ မစနဲ့"
ကျန်းချန်လည်း အခုမှလေဝဝရှူ ရလို့ရန်ပြန်မတွေ့နိုင်
ကျန်းချန် " ငါကစတာပါကွာ မင်းကဘာတွေနာနေတာလည်း "
.
ရှောင်းကျန့် " မနာပါဘူး ဘယ်သူကနာလို့လည်း "
.ပြောင်လိမ်လိုက်တဲ့ ကျန့်ကျန့်ကိုကြည့်ရင်း ကျန်းချန်ခိုးရီမိ၏
.
ကျန်းချန် " ငါတိူ့ကျန့်ကျန့်လေးက လိမ္မာလိုက်တာကွာ အိမ်သန့်ရှင်းရေးတွေဘာတွေလုပ်လို့ "
ဆိုဖာမှာဝင်ထိုင်ရင်းပြောလိုက်တဲ့ ကျန်းချန်အပြောကို တံမြက်စည်းနဲ့ဂေါ်ပြားကိုနေရာတကျပြန်ထားရင်း ကျန့်ကျန့်  ဖြေပေးလိုက်သည်
ရှောင်းကျန့် " အပိုတွေပြောမနေနဲ့ ဒါကငါစိတ်လိုရင်အမြဲလုပ်နေကျ 😏"
ပြောပုံက ထရိုက်ချင်စရာ သူစိတ်လိုတာက ၁လမှာ၁ခါလောက် ကျန်တဲ့၂၉ရက်လုံးက ကိုယ်ပဲလုပ်နေရတာကို
.
ကျန့်ကျန့်လည်း ကျန်းချန်ရဲ့ အနီးဆုံးနေရာမှာဝင်ထိုင်ရင်း နေ့လည်ကအကိုမုန့်ယောင်အကူညီတောင်းထားကိစ္စကို
ပြောပြလိုက်၏
ရှောင်းကျန့် " နောက်ဆုံးတော့ အဲ့လိုဖြစ်သွားတယ် ဒါ့ကြောင့်မင်းဆီကစာအုပ်ကို ငါ့ကိုခဏပြန်ပေး "
ကျန့်ကျန့်ပြောလိုက်တဲ့စကားက ကျန်းချန်ခေါင်းကိုမိုးကြိုးပစ်ချလိုက်သလိုပင်
.
ဒုက္ခပါပဲ အစွာလေးကျန့်ကျန့်က သူ့စာအုပ်ကိုသာboss ကဖျက်စီးလိုက်မှန်းသာသိရင်
မိုးမီးလောင်တော့မည်
.
ကျန့်ကျန့်တစ်ယောက် ငတုတ်ကြီးမေ့နေတဲ့ ကျန်းချန်ကို ပေါင်ကိုရိုက်ရင်းခေါ်လိုက်၏
.
ရှောင်းကျန့် " ကျန်းချန် ငါပြောတာကြားလား "
ကျန်းချန် " ဟိူ ကြားကြားပါတယ်ကွာ "
.
နှာဖူးမှချွေးစတိူ့ကို သုတ်ရင်းကျန်းချန်ဂဏာမငြိမ်ဖြစ်နေလျက်
.
ရှောင်းကျန့် " ဟာကြားရင်လည်း ပေးတော့လေ ငါအကိုမုန့်ယောင်ဆီပို့ပေးရမှာ "
.
ကျန်းချန် " ဟိုလေကျန့်ကျန့် အဲ့စာအုပ်ကပြန်မပေးလို့မရဘူးလား "
.
ရှောင်းကျန့် " မင်းဘာတွေဖြစ်နေတာလည်း ကျန်းချန် ဘာလို့ပြန်မပေးချင်ရတာလည်း ငါမင်းကိုစာအုပ်ဖြန့်ပြီးရင်အစားပြန်ပေးမှာပါ "
.
ကျန်းချန် ကျန့်ကျန့်ရဲ့မျက်နှာကိုကြည့်ရင်း မျက်နှာလွှဲလိုက်မိသည်
ကျန်းချန် " ငါ့ဆီမှာ အဲ့စာအုပ်မရှိတော့ဘူးကျန့်ကျန့် "
.
ရှောင်းကျန့် "ဘာ💥"
ကျန့်ကျန့်ရဲ့အော်သံကြောင့် ကျန်းချန်ခေါင်းနပန်းကြီးသွားရသည်
.
ကျန်းချန် " အရမ်းလည်းဒေါသမထွက်ပါနဲ့ကျန့်ကျန့်ရာ ဟို bossကစိတ်တိူပြီးဖြဲလိုက်မိတာပါ တမင်လုပ်တာမဟုတ်ပါဘူး "
.
ရှောင်းကျန့် " ဒီမှာကျန်းချန် ငါဒီစာအုပ်ဖြစ်လာနိုင်ဖိူ့ နေ့မအားညမနား ကြိုးစားခဲ့ရတာကွ သူအခုလိုဖြဲပစ်ဖိူ့မဟုဘူး😠 ပြီးတော့ မင်းကသူ့ဝန်ထမ်းဖြစ်နေစေအုန်းတော့ သူ့မှာအဲ့လိူလုပ်ပိုင်ခွင့် သူများပစ္စည်းကိုဖျက်စီးပိုင်ခွင့်မရှိဘူး😡"
.
ကျန်းချန် " ငါ့အမှားပါကွာ အလုပ်ချိန်မှာခိုးဖတ်မိတဲ့ငါ့အမှားကြောင့်လည်း အများကြီးပါပါတယ် ငါတောင်းပန်ပါတယ်ကွာနော် bossအစားငါပဲတောင်းပန်ပါတယ်"
.
ကျန်းချန်ဘယ်လိုပဲပြောပြော လက်လျော့မှာမဟုတ်တဲ့ကျန့်ကျန့်ကတော့ တကယ့်ဒေါသအိုးလေးပင်
.
ကျန့်ကျန့်ဆိုတာ မဟုတ်ရင်မခံတတ်တဲ့အဆိပ်ပြင်းတဲ့မြွေဟောက်လေးဆိုတာ ခင်ဗျားသိစေရမယ် ဝမ်ရိပေါ်
.ဟု
စိတ်ထဲမှကြိမ်းဝါးရင်း လက်သီးကိုကျစ်နေအောင်ဆုပ်ထားမိသည်
.
ရှောင်းကျန့် " ဘုန်းကြီးခေါင်းခေါက်ပြီးမှ ဘွာတေးလုပ်လို့ရမလား ကျန်းချန် မင်းစောင့်ကြည့်နေလိုက် မင်းတိူ့ရဲ့ဖြောင့်လှပါချည်ရဲ့ဆိုတဲ့ bossကို ကွေးအောင်ငါလုပ်ပြမယ် သူငါ့ကိုအရူးအမူးဖြစ်သွားစေရမယ်ကွာ ဒါမှ bL ဆိုတာဘာလည်းသူနားလည်မှာ ငါ့စာအုပ်ကိုဖြဲပစ်တဲ့အတွက် သူလည်းကွေးစေရမယ်"
မျက်နှာလေးကိုမော်ချီလျက် confidence အပြည့်နဲ့ပြောလာတဲ့ ငကျန့်ကြောင့်ကျန်းချန် နည်းနည်းတွေဝေသွားရ၏
.
ကျန်းချန် " မင်းဘာတွေလုပ်ဦးမလို့လည်း ကျန့်ကျန့်"
ရှောင်းကျန့် " မင်းတို့boss ကိုငါ့ကိုကြိုက်လာအောင်မြှူ ဆွယ်မလို့ရှင်းပြီလား "
အခုထိ ပိန်းနေတဲ့ကျန်းချန်ကို စိတ်တိုတိုနဲ့ပြန်ပြောမိသည်
.
ကျန်းချန် " ကောင်းကင်ကိုမီးမရှို့့ချင်စမ်းပါနဲ့ကျန့်ကျန့်ရာ bossကမင်းထင်သလောက်လွယ်မှာမဟုဘူးကွ လက်လျော့လိုက်ပါကွာနော်"
ရှောင်းကျန့် " ရှောင်းကျန့်ရဲ့ဘဝမှာ လက်လျော့တယ်ဆိုတဲ့ ရာဇဝင်မရှိဘူး "
ကျန်းချန်လည်းဘယ်လိုပြောပြောမရမယ့် အတူတူလက်မြှောက်လိုက်တော့သည်
Wang Company ရဲ့ CEO ကိုဘယ်လိုများသူ့ဘက်ယိမ်းအောင်လုပ်မလည်းဆိုတာတော့ မကြာမီမျှော်ပဲပေါ့....
.
.
.
.
ဝမ်မား " ဟယ်သားကျန့်လေး မလာတာကြာလို့မားကစိုးရိမ်နေတာ "
ဝမ်မားအလှပန်းအိုးထိုးနေရင်း ဧည့်ခန်းထဲဝင်လာတဲ့ ကျန့်ကျန့်ကိုပြောလိုက်ခြင်းပါ
ကျန့်ကျန့်လည်း မားကိုပြေးဖက်ရင်းအချွဲလေးလုပ်လိုက်၏
ရှောင်းကျန့် " မား ကျန့်ကျန့်လည်းမားကိုသတိရလွန်းလို့လာလည်တာ အင့်😪"
ဝမ်မား " ဟုတ်ပါပြီ မားသားလေးရယ် မားကလည်းလွမ်းနေတာပါ"
ကျန့်ကျန့်မားကိုဖက်ထားရင်း သူရိပေါ်နဲ့နီးစပ်အောင်အမျိုးမျိုးကြံနေမိသည်
ဝမ်မား " သားအိမ်မှာထမင်းစားသွားနော် မားသားကြိုက်တာချက်ပေးမယ်"
ဟာ ကျန့်ကျန့်တိူ့တော့ပွတာပဲ ပုစွန်ထုပ်ကြီးစားရတော့မယ်ဟိ😁
ရှောင်းကျန့် " ဟုတ်မား "
မားကိုဖက်ထားရာမှာ ခွာလိုက်ပြီးမားရဲ့ပါးလေးကိုနမ်းကာကပ်ချွဲလိုက်တဲ့ ယုန်လေးပါ
ရှောင်းကျန့် တစ်အိမ်လုံးကိုမျက်လုံးကစားပြီးမနေနိုင်တဲ့အဆုံး ဟင်းကိုကိုယ်တိုင်ဝင်ချက်နေတဲ့မားကိုမေးလိုက်၏
ရှောင်းကျန့် " မား ကိုကိုရော"
ကျန့်ကျန့်ရဲ့အမေးကို မားကဟင်းလေးမြည်းရင်းပြန်ဖြေလေတယ်
ဝမ်မား " သားကိူကိုက ဒီနေ့သူ့သူငယ်ချင်းနဲ့အပြင်ခဏသွားတယ်သားရဲ့ သိတယ်မလား"
ရှောင်းကျန့် " ဟုတ်လား ဒါဆိုသားတို့ပဲနေ့လည်စာစားရမှာပေါ့နော်".
စိတ်မကောင်းတဲ့လေသံနဲ့လည်းပြောရော မားကမနေနိုင်တော့ပေ
ဝမ်မား " စိတ်မကောင်းမဖြစ်ပါနဲ့ မားသားဝမ်ကိုဖုန်းဆက်ပြီး နေ့လည်စာအတူစားဖို့ပြောလိုက်မယ် ဟုတ်ပြီလား "
ရှောင်းကျန့် " ဟီး😁 ဟုတ်မား အဲ့တာကြောင့်မားကိုချစ်တာဟဲ"
ချက်ချင်းပျော်မြူ းသွားတဲ့ ကျန့်ကျန့်ကိုကြည့်ရင်း မားလည်းပျော်မိပါသည်
သားကျန့်လေးက တကယ်ပဲမိမိသားကို ခင်တွယ်နေရှာတာပဲဆိုပြီးပေါ့
.
.
.
.
ဝမ်ရိပေါ် ဝန်းနင်နဲ့ဟိုတလောက ဝေ့ရင်းရှာပုံတော်ကိစ္စပြောနေကြရင်း မေမေ့ဆီက ဖုန်းဝင်လာပြီး အိမ်ပြန်လာဖို့ပြောလို့ သူပြန်လာလိုက်ရပါတယ်
ဝမ်ရိပေါ် " မေမေသားပြန်ရောက်ပြီ"
အိမ်ပြန်ရောက်တော့ တွေ့လိုက်ရတဲ့မေမေ့ဘေးက အကောင်ပေါက်
အိမ်မလာတာ ၁ပတ်နီးနီးရှိနေပြီအခုမှရောက်လာခြင်း
သူ့လိုတစ်သီးတခြားနေတတ်တဲ့လူကလည်း ထူးဆန်းစွာပင်ထိုအကောင်ပေါက်ရှိနေခြင်းကို စိတ်မကွက်မိ
ဝမ်မား " အင်္ကျီသွားလဲလိုက်သား ပြီးရင်ထမင်းစားကြမယ် မေမေခရမ်းသီးလေးနှပ်ထားလို့ "
ဝမ်ရိပေါ် လည်းမေမေ့စကားကိုနားထောင်ပြီး အပေါ်ထပ်ကမိမိအခန်းဆီသာတက်လာလိုက်၏
.
ရိပေါ် အပေါ်ထပ်တက်သွားတာကိုကြည့်ရင်း ကျန့်ကျန့်အကြံတစ်ခုရသွား၏
ရှောင်းကျန့် " မား ကျန့်ကျန့်အပေါ်ထပ်က piano ကိုခဏတီးကြည့်ချင်တယ် "
ပထမအကြိမ်သူလာတုန်းက မားလိုက်ပြရင်းအပေါ်ထပ်မှာတွေ့ခဲ့တဲ့ piano ကိုပြောခြင်းပါ
ဝမ်မား " သားကျန့်လေးက pianoတီးတက်တာလား "
ရှောင်းကျန့် " ဟီး😁 မတီးတက်ပါဘူး တီးကြည့်ချင်လို့"
ဝမ်မား " ဟုတ်ပါပြီ သားကိုကိုကိုသင်ခိုင်း သူကကျွမ်းတယ်"
ရှောင်းကျန့် " ကိုကိုကသင်ပေးပါ့မလား "
ဝမ်မား " သားဝမ်ကမပုတ်စပ်ပါဘူး သင်ပေးမှာပါ သားသွားရင်းခဏနေထမင်းစားဖို့သားကိုကို ကိုပါခေါ်ခဲ့နော်"
ရှောင်းကျန့် " ဟုတ်မား "
ကျန့်ကျန့်လည်း မားကိုကျောခိုင်းရင်း လှေကားဆီသွက်လက်စွာခြေလှမ်းလိုက်တော့သည်
.
တကယ်ကိုပဲ ခမ်နားထည်ဝါတဲ့အိမ်ကြိးရဲ့အလှက လူကိုရှိန်းတိမ်းဖိန်းတိန်း ဖြစ်သွားစေပါတယ်
ကိုယ့်အကြံနဲ့ကိုယ်မလို့သာ အရဲစွန့်ပြီးတက်လာရတာ တကယ်တမ်းတော့သူလည်း boss Wangကြောက်မိပါသည်
အပေါ်တက်တက်ခြင်းဘယ်ဘက်အခန်းက ဝမ်ရိပေါ်ရဲ့အခန်းပင်
ထိုအခန်းရဲ့မျက်စောင်းထိုးမှာကား piano ရှိနေပါသည်
..
.
ရိပေါ် အပြင်ကပြန်လာတာမလို့လူကညီးစိစိဖြစ်နေလို့ ရေချိုးလိုက်၏
ခါးမှာတဘက်တစ်ထည်ပတ်ရင်း ရေချိုးခန်းထဲမှထွက်လာတော့ ကြားလိုက်ရတဲ့ ဆူညံသံ
ဒေါင် ဒင် ဒန်💫💫💫✨✨🌟
ဟင် ဒီအသံက မဟုတ်မှသူ့ရဲ့ piano ဆီကမလား?
.
.
... ရိပေါ် အသံကြားရာသို့ထွက်လာလိုက်တော့ တွေ့လိုက်ပါပြီ
Piano ကိုစုံနှိပ်ရင်းသဘောတွေကျနေတဲ့ အကောင်ပေါက်လေး
ကျန့်ကျန့်လက်ကသာ piano တီးနေတာ စိတ်ကတော့နောက်မှာရပ်ကြည့်နေတဲ့လူကြီးဆီမှာပင်
.
း...ကျန့်ကျန့်စိတ်မပျော့လိုက်နဲ့ သူလည်းလူငါလည်းလူပဲလေ ဘာမှကြောက်စရာမလိုဘူး တစ်ခူခုဆိုမားကိုတိုင်လို့ရတယ်......
ကိုယ့်ကိုကိုယ်ပြန်ပြီးအားပေးနေရင်း ရုတ်တရက် piano တီးနေတဲ့မိမိလက်တစ်ဖက်က အေးခနဲ
ရှောင်းကျန့် " ဟင်😳"
တဒေါင်ဒေါင်တဒင်ဒင်နဲ့ စုံတီးနေတဲ့ကျန့်ကျန့်ရဲ့လက်ကလေးကား ရိပေါ်မိမိလက်ဖြင့်ဆုပ်ကိုင်လိုက်သောကြောင့်ပင်
ရေချိုးပြီးခါစမလို့ လက်တွေကအေးနေသဖြင့် ရုတ်တရက်ဆိူတော့ အကောင်ပေါက်ကလန့်သွားပုံပါ
ရှောင်းကျန့် " ဘာ ဘာလုပ်တာလည်း."
အလန့်တကြားဖြစ်ပြီး စကားတောင်ထစ်ထစ်အအနဲ့ကျန့်ကျန့်ပြောလိုက်မိတယ်
ရိပေါ် " ရှူ း တိတ်တိတ်နေ စိတ်ကိုလက်ပေါ်မှာအာရုံစိုက်ထား "
တည်ငြိမ်လွန်းတဲ့အသံရဲ့စွဲဆောင်မှုကြောင့် ကျန့်ကျန့်မှာအသက်ပင် ဝအောင်မရှူ ရဲခဲ့
သူကအခု ဝမ်ရိပေါ်ရဲ့ရင်ခွင်ထဲရောက်နေတာလား
သပတ်တစ်ထည်တည်းသာအောက်ပိုင်းကိုပတ်ထားတဲ့ သူရဲ့ရင်ခွင်ထဲမှာလေ
အတွေးနဲ့တင် နှာဖူးမှာချွေးတို့ကစို့ပြီး လူကဂဏာမငြိမ်တော့
မနေနိုင်တဲ့အဆုံး သူ့လက်တွေကိုကိုင်ကာ piano တီးသင်ပေးနေတဲ့လူရဲ့ လက်ထဲမှ ရုန်းထွက်လိုက်၏
ဒေါင်
ရှောင်းကျန့် " အင်္ကျီအရင်သွားဝတ်လိုက်ပါလား ကိုကြီး "
တစ်ချိန်လုံးရင်ခွင်ထဲမှာငြိမ်နေပြီးမှ လက်တွေကိုအတင်းရုတ်သိမ်းသွားကာ ပြောလာတဲ့စကား.
ရိပေါ် " မေမေ့ရှေ့မှာခေါ်တော့ကိုကိုဆို "
ရှောင်းကျန့် " အဲ့တာက မားကခေါ်ခိုင်းလို့"
ရိပေါ် " ဒါဆိုကိုယ်လည်း ခေါ်ခိုင်းမယ် အခုကစပြီး ကျန့်ကျန့်က ကိုယ့်ကို ကိုကိုလို့ပဲခေါ်ရမယ် "
ရှောင်းကျန့် " မခေါ်ချင်ပါဘူး "
ပြောပြီး ကျန့်ကျန့်ခုံမှထလိုက်ကာ အောက်ထပ်ဆင်းဖို့ပြင်လိုက်လျှင်ပဲ
ရှောင်းကျန့် " အမေ့! "
ရုတ်တရက် ခါးမှဆွဲကာ နံရံကိုကပ်လိုက်တဲ့ ရိပေါ်ပါ
ကိုယ့်စကားဆို နားမထောင်တတ်ပဲရန်ုပြန်တွေ့တတ်တဲ့ အကောင်ပေါက်ကိုအသဲယားလွန်းလို့ ရိပေါ်အခုလိုလုပ်မိလိုက်ခြင်းဖြစ်ပုံရသည်
ရှောင်းကျန့် "ကိုကြိးဒါဘာလုပ်တာလည်း ကျန့်ကျန့်ကိုလွှတ် "
.
နံရံနဲ့ရိပေါ်ကိုယ်ကြားမှာ အကောင်ပေါက်လေးရဲရဲမရုန်းရဲ လူကသာငြိမ်နေတာ ပါးစပ်ကတော့အခုထိစွာနေတုန်း
ရိပေါ် " ကိုကိုလို့ခေါ် "
တဖြည်းဖြည်းနဲ့ ခေါင်းကြီးစိုက်ကျလာတဲ့ ရိပေါ်ကြောင့် ကျန့်ကျန့်အလန့်တကြားပြောလိုက်မိသည်
ရှောင်းကျန့် " ကိုကို မားကနေ့လည်စာစားဖို့ခေါ်နေပြီ အင်္ကျီသွားလဲတော့လေ "
သူ့ကိုကြောက်ပြီး ခေါ်လာတဲ့ကိုကိုဆိုတဲ့အခေါ်ဝေါ်လေးကို ဘာကြောင့်ရယ်မသိ သူသဘောကျနေမိသည်
ရိပေါ် " အင်း ကိုယ်လိုက်လာခဲ့မယ် သွားတော့ "
ရှောင်းကျန့် " ဟုတ် "
.
ရိပေါ် လွှတ်ပေးလိုက်တာနဲ့ အကောင်ပေါက်ကတစ်ချိုးတည်း အောက်ကိုပြေးဆင်းပါလေရော
ထွက်ပြေးသွားတဲ့ ယုန်ပေါက်ကိုကြည့်ရင်း ရိပေါ်ပြုံးလိုက်မိသည်
ရိပေါ် " ဟက် ဘာလေးမှန်းကိုမသိဘူး "
..
.
ဝမ်မား " ဟယ် သားကျန့်လေးဘာဖြစ်လာတာတုန်း အမောတကောနဲ့"
အပေါ်ထပ်မှပြေးဆင်းလာတဲ့ ကျန့်ကျန့်ကိုမားကမေးလိုက်တာပင်
ရှောင်းကျန့် " ကျန့်ကျန့်ဗိုက်ဆာလာလို့ပါ😁 "
ဝမ်မား " ဆာပြီလား သားကိုကိုရောခေါ်ခဲ့လားသား "
ရှောင်းကျန့် " ကျန့်ကျန့်ခေါ်ခဲ့ပါတယ် ကိုကိုကလိုက်လာမယ်တဲ့ "
ဝမ်မား " ဟုတ်ပါပြီ ဒါဆိုမားတို့ထမင်းပွဲပြင်ထားကြတာပေါ့ "
ရှောင်းကျန့် " ဟုတ်မား "
..
.
.
.
.
ဝန်းနင် နဲ့ရှီးချန် ဆိုင်တစ်ခုမှာထိုင်ရင်း စကားစမြည်ပြောကြသည်
ရှီးချန် " ညီအကူညီတောင်းလို့သာအကိုကူညီရတာ ရိပေါ်သာသိရင်မလွယ်ဘူး "
( လန်ရှီးချန်က ရိပေါ်ရဲ့ ဝမ်းကွဲအကိုပါ)
ဝန်းနင် " မလွယ်လို့လည်း ကျွန်တော်ကြိုးစားနေရတာပေါ့ဗျာ အကို့ကိုအခုလို CQLနဲ့စာချုပ် ချုပ် ခိုင်းရတာကလည်း ဝေ့ရင်းရဲ့သဲလွန်စကို ရှာချင်လို့ပါ "
ဝန်းနင်ရဲ့စကားကိုကြားပြီး လန်ရှီးချန်ပြုံးမိသွားရသည်
ဒီအကူညီကြောင့်ပဲ တစ်ယောက်သောသူကိုသူတွေ့ခွင့်ရခဲ့သည်မဟုတ်လား
လန်ရှီးချန် " တကယ်ပဲတွေးထားတာလား ရိပေါ်ကအဲ့တစ်ယောက်ကိုစိတ်ဝင်စားမယ်လို့လေ "
ဝန်းနင် " ကျွန်တော်သူ့စာအုပ်တွေဖတ်ထားဖူးတယ်အကို ဝေ့ရင်းကအချစ်ကိုပိုင်နိုင်စွာကစားပြသွားတယ် ဒါ့ကြောင့်ကျွန်တော်ယုံတယ် သူရိပေါ်ရဲ့အချစ်ကိုလည်း ရယူနိုင်မယ်လို့ "
ဝန်းနင်ရဲ့စကားကိုကြားပြီး ရှီးချန်သက်ပြင်းချလိုက်မိတယ်
ကိုယ့်ညီက ဘူးဆိုသခွားမသီးတတ်တဲ့သူဆိုတာ သူမသိဘဲနေပါ့မလား?
လန်ရှီးချန် " ဝေ့ရင်း သူကတကယ်ပဲအဲ့လောက်တောင်စွမ်းတာလား "
ဝန်းနင် " သူကဘယ်သူဘယ်ဝါဆိုတာချမပြတာတောင် လူပေါင်းများစွာကသူ့ကိုစိတ်ဝင်စားနေရင် သူ့ကိုသာကျွန်တော်တို့ရှာတွေ့လို့ရှိရင် ရိပေါ်ကရောသတိမထားမိဘဲနေပါ့မလား ပြီးတော့ သူက COOL အတွက်လည်း အရေးပါတဲ့လူလေ"
လန်ရှီးချန် " အင်းပါ အကိုတက်နိုင်သလောက် မုန့်ယောင်ဆီကနေသူ့သတင်းတွေ check်ကြည့်ပါမယ် "
ဝန်းနင် " ကျေးဇူးပါအကိုရှီးချန်  "
ဝန်းနင်အောင်နိုင်သူပမာ ပြုံးလိုက်ပြီး ဇိမ်ကျကျနဲ့ coffee လေးသောက်လိုက်ပါ၏
.
.
.
.
ဝမ်မား " သားကျန့်လေး စားမကောင်းဘူးလား ပြောတော့ဗိုက်ဆာလို့ဆို "
ထမင်းကိုထိုးလိုက်ဆွလိုက် လုပ်နေတဲ့ကျန့်ကျန့်ကိုမားကမေးလိုက်တာပါ
ကျန့်ကျန့် မျက်နှာလေးကိုချက်ချင်း ငယ်လိုက်ပြီး
ရှောင်းကျန့် " မား အမှန်တော့လေ ကျန့်ကျန့်အရမ်းအားငယ်နေတာပါ "
ကျန့်ကျန့်စကားကြောင့် မားတင်မက ရိပေါ်ပါစိတ်ဝင်စားမိသည်
တစ်လောကလုံးကို ရန်ပတ်တွေ့နိုင်တယ့် အကောင်ပေါက်လေးက ဘာတွေများအားငယ်စရာရှိပါလိမ့်
ဝမ်မား " ပြောပါအုံး မားရဲ့ကျန့်ကျန့်လေးကဘာတွေအားငယ်နေပါလိမ့်"
မားအမေးကို စားလက်စဇွန်းနဲ့ခရင်းကို ပန်းကန်ပြားပေါ်ချရင်းပြန်ဖြေလိုက်၏
ရှောင်းကျန့် " ကျန်းချန်ပေါ့မားရဲ့ သူကအလုပ်ရှိတယ်ဆိုပြီးကျန့်ကျန့်ကိုအမြဲနှိမ်တယ်  အလုပ်မရှိအကိုင်မရှိဆိုပြီးလည်းပြောတယ် ဟင့်😪"
ကျန့်ကျန့်စကားကြောင့် ရိပေါ်ကျန်းချန်ကိုမေတ္တာပို့နေမိသည်
ငါ့ကလေးကိုများ😁
ဝမ်မား " ကျန်းချန်က အဲ့လိုပဲပြောတာလားသားကျန့်လေး "
ရှောင်းကျန့် " ဟုတ်မား အဲ့တာကြောင့်သားသူပြောတာမခံချင်လို့ သားကိုသူ့ထက်မြင့်တဲ့အလုပ်ပေးပါနော်မား "
ရိပေါ် "😳😳"
ရိပေါ် အကောင်ပေါက်ရဲ့စကားကြောင့်တကယ်ပဲအသည်းယားမိပါသည်
သူ့ရဲ့အတွင်းရေးမှူး ကျန်းချန်ထက်မြင့်တဲ့ရာထူးကော Wang Company မှာရှိပါ့ဦးမလား
ဝမ်မား " သားကျန့်လေးက ဘယ်ဌာနမှာလုပ်ချင်တာလည်း "
ရှောင်းကျန့် " ကျန့်ကျန့်ဘယ်ဌာနမှာမှမလုပ်ချင်ပါဘူး ကိုကို့အလုပ်တွေပဲဝိုင်းလုပ်ပေးချင်တာပါ နော်ကိုကို ကျန့်ကျန့်ကိုအလုပ်ပေးမယ်မလားဟင်🙄"
မေမေ့ကိုသာမက သူ့ကိုပါအားကိုးတကြီးနဲ့တောင်းဆိုလာတဲ့ ကလေးငယ်ကြောင့် ရိပေါ်တွေဝေနေမိသည်
ကျန်းချန်က ဘယ်လိုပြောရမလဲ သူရဲ့အလုပ်ကိစ္စတွေကို လက်လွှဲရလောက်တဲ့အထိ လုပ်ငန်းကျွမ်းကျင်နေပြီပဲ
အကောင်ပေါက်ကအခုမှ ဝန်ထမ်းစလုပ်မှာစိုတော့
ဝမ်မား " သားဝမ် သားဘေးမှာသားကျန့်ကိုထားဖို့အဆင်ပြေပါ့မလား "
ရိပေါ် " ကျန့်ကျန့်လုပ်ချင်တယ်ဆိုရင် မေမေ့သဘောပဲလေ "
ဝမ်မား " ဟုတ်ပြီ ဒါဆိုသားကျန့်လေးကို လက်ထောက်အတွင်းရေးမှူးခန့်မယ် နောက်တစ်ပတ်ကစပြီးသားကိုကိုရဲ့ ဝေယျာဝစ္စတွေကို သားကိုပဲအပ်လိုက်တော့မယ် "
ရှောင်းကျန့် " မားတကယ်ပြောတာနော် 😁😁ကျေးဇူးပါမား ကိုကိုကျေးဇူးပါ"
ကျန့်ကျန့် တစ်ယောက် ရိပေါ်ကိုသေချာလေးစိုက်ကြည့်ပြီး စိတ်ထဲမှပြောလိုက်မိပါတယ်
....သိပ်မကြာခင်ကိုကို့ရဲ့အတွေးတွေကို ကျန့်ကျန့်ပြောင်းလဲပစ်မယ်ကိုကို.....LGBT ဆိုတာကိုကိုထင်သလိုမုန်းစရာမကောင်းဘူးဆိုတာကိုကိုသိပါလိမ့်မယ်.......
.
.
.
.
ကျန်းချန် " ဒါဆိုမင်းက အလုပ်ရလာတယ်ပေါ့ "
အကြောင်းစုံပြောပြပြီးနောက် ကြားလိုက်ရတဲ့ကျန်းချန်ရဲ့ ဘဝင်မကျသံကြီး
ရှောင်းကျန့် " အေး နောက်တစ်ပတ်နေရင်ငါအလုပ်ဆင်းရပြီ "
ကျန်းချန် မယုံကြည်နိုင်ခြင်းများစွာနဲ့ ကြည့်ရင်း
ကျန်းချန် " ကျန့်ကျန့်မင်းက bossကိုပြန်ဖဲ့ဖို့အတွက် ဝါသနာမပါတဲ့အလုပ်ကိူလုပ်မယ်ပေါ့လေ ဟုတ်လား"
ရှောင်းကျန့် " မင်းဘာမှတရားလာမချနဲ့ကျန်းချန် အရာရာတိုင်းက ကိုကိုကိုယ်တိုင်ဖန်တီးလိုက်လို့ဖြစ်လာရတာ သူသာငါ့စာအုပ်ကိုမဖျက်စီးခဲ့ရင် ငါဆိုတာလည်း Wang Company မှာအလုပ်လုပ်စရာဘာအကြောင်းမှမရှိဘူး"
ကျန်းချန် " အေးပါကွာ ဒါနဲ့မင်းခုနက bossကို ကိုကိုလို့ခေါ်လိုက်တာလား "
ကျန်းချန်ရဲ့အမေးကြောင့် ကျန့်ကျန့်ချော်လဲရောထိုင်လုပ်လိုက်ရ၏
ရှောင်းကျန့် " ငါကခေါ်ချင်လွန်းလို့ခေါ်တာမဟုပါဘုး မားကခေါ်ခိုင်းလို့ "
ကျန်းချန် " အပိုတွေမပြောနဲ့. အန်တီမြသစ်ကခေါ်ခိုင်းလည်းမင်းကမခေါ်ချင်ရင်ရတာပဲကို "
ဒေါက်
ကျန်းချန် "အ! ကျန့်ကျန့်မင်း😤"
စိတ်ပေါက်ပေါက်နဲ့ကျန်းချန်ထိပ်ကိုခေါက်လိုက်တဲ့ ကျန့်ကျန့်ပါ
ရှောင်းကျန့် " မင်းအဲ့လိုတုန်းနေလို့လည်း အခုထိအပျိုကြီးဖြစ်နေတာ ငါကသူ့ကိုကွေးအောင်လုပ်နေပါတယ်ဆိုမှ အခုလိုခေါ်တာဆန်းသလား နှစ်ချိူ့faတွေ တကယ်ကိုပိန်းလွန်းတယ်".
ကျန်းချန် " ငါမင်းထက်အသက်ကြီးတယ်နော်ကျန့်ကျန့် လေးလေးစားစားဆက်ဆံ "
ရှောင်းကျန့် " 😝😝"
.
.
.
စားပွဲခုံအပြည့်တင်လာတဲ့ အိတ်တွေကြောင့် မုန့်ယောင်နားမလည်မိ
မုန့်ယောင် " ဒါတွေကဘာလည်းအကိုရှီးချန် "
ရှီးချန် " ဒီပစ္စည်းတွေက ဝေ့ရင်းအတွက်ပါ အကိုတို့magazine နဲ့အခုလိုလက်တွဲပေးလို့ကျေးဇူးတင်တဲ့အနေနဲ့ပေးတာပါ ပြီးတော့ ဒါတွေကတော့ မုန့်ယောင်အတွက်ပါအကိုကိုယ်တိုင်ရွေးလာတာ"
အထုတ်တွေကိုနှစ်ပုံခွဲပြီး ပြောလာတဲ့လန်ရှီးချန်ကြောင့် မုန့်ယောင်ပြုံးလိုက်မိသည်
မုန့်ယောင် " အကိုရှီးချန်ကတော့အားနာစရာတွေလုပ်ပြီဗျာ ဒါတွေမလိုပါဘူး ☺"
ရှီးချန် " အားနာစရာမလိုပါဘူး အကို့ကိုမုန့်ယောင်ရဲ့အကိုလိုသဘောထားပေးရင်ရပါပြီ "
မုန့်ယောင် " ဟုတ်😊"
ပါးချိုင့်လေးတွေပေါ်အောင်ပြုံးရယ်ပြတဲ့ မုန့်ယောင်ကိုကြည့်ရင်း လန်ရှီးချန်ပြောလိုက်မိပါသည်
ရှီးချန် " အခုလိုပြုံးနေရင် မုန့်ယောင်ကသိပ်လှတာပဲ "
ရှီးချန်ရဲ့အပြောကြောင့် မုန့်ယောင်ဆက်ပြိးတောင်မပြုံးရဲတော့ဘဲခေါင်းငုံ့ထားမိသည်
......အကိုရှီးချန်ကအရမ်းဆိုးတာပဲ လူကိုအဲ့လိုပြောတော့ ရှက်တာပေါ့☺......
.
ရှီးချန် " ဒါနဲ့လေ ဝေ့ရင်းကဘယ်လိုပုံမျိူ းလည်းဆိုတာအကိုလည်းမသိလို့ အဝတ်စားဝယ်လာတာအဆင်ပြေပါ့မလားမသိဘူး "
မုန့်ယောင် " အားတော့နာပါတယ်အကိုရှီးချန် ကျန့်..ဝေ့ရင်းကအဲ့လိုပေးတဲ့လက်ဆောက်တွေမယူဘူးဗျ "
ကျန့်ကျန့်လို့ခေါ်မိခါနီး ပြန်ပြင်လိုက်လို့အကိုရှိးချန်မရိပ်မိလောက်ဘူးမလား
လို့
မုန့်ယောင်ကိုယ့်ကိုကို ပြန်မေးမိလိုက်သည်
လန်ရှီးချန် " အကိုက Magazine ကြော်ငြာချင်တာဆိုတော့လေ သူ့အကြောင်းလေးဒီထက်နည်းနည်းပိုသိခွင့်ရရင် အဆင်ပြေမှာ မုန့်ယောင်နည်းနည်းကူညီပေးလို့မရဘူးလား"
မုန့်ယောင် " ခက်တော့နေပြီအကိုရှီးချန်ရယ် "
ခေါင်းလေးကုတ်ကာပြန်ဖြေတဲ့မုန့်ယောင်ရဲ့လက်ကလေး တစ်ဖက်ကိုရှီးချန်ဆုပ်ကိုင်လိုက်ရင်း
ရှီးချန် " မုန့်ယောင်ကူညီပေးလိမ့်မယ်လို့အကိုမျှော်လင့်နေပ့ါမယ်"
တည်ကြည်လေးနက်တဲ့အကြည်တွေ့နဲ့ အမိန့်မပါတဲ့အသံဖျဖျတို့ရဲ့ တိုက်ခိုက်မှုကို မုန့်ယောင်ရင်ဆိုင်ရင်း တကယ်ပဲရှောင်လွှဲနိုင်ပါ့မလား?
.
.
.
.
Part 14 🙆
.ကဲအရှည်ကြီးရေးပေးလိုက်ပြီနော် 😘.
.
သာသာဒီ ficနဲ့ပတ်သတ်ပြီးတစ်ခုပြောချင်ပါတယ်
ကျန့်ကျန့်က ရိပေါ်ကိုမုန်းနေတာမဟုတ်ပါဘူးနော် တစ်ချို့ကအဲ့လိုထင်မှာစိုးလို့ပါ 🙄
အစထဲကကျန်ကျန့်က ကလေးစိတ်လို cute type ပုံစံလေးပါ 😍
သူရိပေါ်ကိုကွေးအောင်လုပ်မယ်လို့ပဲပြောတာပါနော်အသည်းခွဲဖို့မဟုတ်ပါဘူးရှင့် အငြှိုးထားတဲ့သဘောမျိးလို့ထင်မှာစိုးလို့ရှင်းပြတာပါရှင့် ကျေးဇူးပါ 💚💚❤❤🤗
............
Zawgyi
.
ငါရဲ့...
.
.
.
.
ကျန်းချန် " ငါတို့ကျန့်ကျန့်လေးက လိမ္မာလိုက်တာကွာ အိမ်သန့်ရှင်းရေးတွေဘာတွေလုပ်လို့ "
.
ပြောပြလိုက်၏
.
မိုးမီးလောင်တော့မည်
.
.
ကျန်းချန် " ဟို ကြားကြားပါတယ်ကွာ "
.
နှာဖူးမှချွေးစတို့ကို သုတ်ရင်းကျန်းချန်ဂဏာမငြိမ်ဖြစ်နေလျက်
.
.
.
.
.
ရှောင်းကျန့် "ဘာ"
.
ကျန်းချန် " အရမ်းလည်းဒေါသမထွက်ပါနဲ့ကျန့်ကျန့်ရာ ဟို bossကစိတ်တိုပြီးဖြဲလိုက်မိတာပါ တမင်လုပ်တာမဟုတ်ပါဘူး "
.
ရှောင်းကျန့် " ဒီမှာကျန်းချန် ငါဒီစာအုပ်ဖြစ်လာနိုင်ဖို့ နေ့မအားညမနား ကြိုးစားခဲ့ရတာကွ သူအခုလိုဖြဲပစ်ဖို့မဟုဘူး😠 ပြီးတော့ မင်းကသူ့ဝန်ထမ်းဖြစ်နေစေအုန်းတော့ သူ့မှာအဲ့လိုလုပ်ပိုင်ခွင့် သူများပစ္စည်းကိုဖျက်စီးပိုင်ခွင့်မရှိဘူး😡"
.
.
.
.ဟု
.
ရှောင်းကျန့် " ဘုန်းကြီးခေါင်းခေါက်ပြီးမှ ဘွာတေးလုပ်လို့ရမလား ကျန်းချန် မင်းစောင့်ကြည့်နေလိုက် မင်းတို့ရဲ့ဖြောင့်လှပါချည်ရဲ့ဆိုတဲ့ bossကို ကွေးအောင်ငါလုပ်ပြမယ် သူငါ့ကိုအရူးအမူးဖြစ်သွားစေရမယ်ကွာ ဒါမှ bL ဆိုတာဘာလည်းသူနားလည်မှာ ငါ့စာအုပ်ကိုဖြဲပစ်တဲ့အတွက် သူလည်းကွေးစေရမယ်"
.
.
ကျန်းချန် " ကောင်းကင်ကိုမီးမရှို့ချင်စမ်းပါနဲ့ကျန့်ကျန့်ရာ bossကမင်းထင်သလောက်လွယ်မှာမဟုဘူးကွ လက်လျော့လိုက်ပါကွာနော်"
.
.
.
.
ဟာ ကျန့်ကျန့်တို့တော့ပွတာပဲ ပုစွန်ထုပ်ကြီးစားရတော့မယ်ဟိ😁
ရှောင်းကျန့် " ဟုတ်မား "
ဝမ်မား " သားကိုကိုက ဒီနေ့သူ့သူငယ်ချင်းနဲ့အပြင်ခဏသွားတယ်သားရဲ့ သိတယ်မလား"
.
.
.
.
.
ရှောင်းကျန့် " ဟုတ်မား "
.
..
.
ဒေါင် ဒင် ဒန်
.
.
.
ရှောင်းကျန့် " ဟင်😳"
ရေချိုးပြီးခါစမလို့ လက်တွေကအေးနေသဖြင့် ရုတ်တရက်ဆိုတော့ အကောင်ပေါက်ကလန့်သွားပုံပါ
ဒေါင်
ရှောင်းကျန့် " အမေ့! "
.
ရှောင်းကျန့် " ဟုတ် "
.
..
.
ရှောင်းကျန့် " ဟုတ်မား "
..
.
.
.
.
.
.
.
.
ငါ့ကလေးကိုများ😁
ရိပေါ် "😳😳"
.
.
.
.
ကျန်းချန် " ကျန့်ကျန့်မင်းက bossကိုပြန်ဖဲ့ဖို့အတွက် ဝါသနာမပါတဲ့အလုပ်ကိုလုပ်မယ်ပေါ့လေ ဟုတ်လား"
ဒေါက်
ရှောင်းကျန့် " မင်းအဲ့လိုတုန်းနေလို့လည်း အခုထိအပျိုကြီးဖြစ်နေတာ ငါကသူ့ကိုကွေးအောင်လုပ်နေပါတယ်ဆိုမှ အခုလိုခေါ်တာဆန်းသလား နှစ်ချို့faတွေ တကယ်ကိုပိန်းလွန်းတယ်".
ရှောင်းကျန့် " 😝😝"
.
.
.
မုန့်ယောင် " ဟုတ်😊"
.
ရှီးချန် " ဒါနဲ့လေ ဝေ့ရင်းကဘယ်လိုပုံမျိုးလည်းဆိုတာအကိုလည်းမသိလို့ အဝတ်စားဝယ်လာတာအဆင်ပြေပါ့မလားမသိဘူး "
လို့
.
.
.
.
Part 14 🙆
.
Продолжить чтение
Вам также понравится
470K 31.7K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
429K 25.9K 85
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...
147K 4.9K 100
'How I obsessively adore you' ˏˋ°•*⁀➷ started➛30/03/2024 finished➛ ˏˋ°•*⁀➷ cover by me x
222K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...