Oh My Doctor🌚(Complete)

By Uhtwemg

7.4K 530 116

‌ကလေးလေးတို့ကိုယ်တိုင်တီထွင်ခဲ့တဲ့ ဒေါက်တာနဲ့ ဆေးရုံအမိုက်သိမ်းသမားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးကို အခိုင်စိတ်ကူ... More

Intro💕
2🌚
3🌚
4🌚
5🌚
6🌚
7(final)🌚

1🌚

1.1K 75 16
By Uhtwemg

ကောင်းကင်ကြီးကအရမ်းကိုလှပနေခဲ့သည်
တိမ်ဖြူတွေဟာလည်းလေနှင်ရာသို့တရွေ့‌ေရွ့သွားနေကြသည်
တချို့တွေက တိမ်တောင်အကြီးကြီးတွေမို့လေဟာသူတို့ကို ရွေ့သွားအောင်မတိုက်ခတ်နိုင်ခဲ့ဘူး

သူဘဝဟာတော့တစ်စုတစ်စုကွဲကာ လေနှင်ရာသွားနေရတဲ့ မိသားစုမရှိတဲ့တိမ်တောင်လေးတွေလိုပဲ

ကံကြမ္မာနှင်ရာသွားနေရသည် သူ့ဘဝကြီးဟာ တကောင်ကြွက်မိဘမဲ့ မွေးကတည်းကကိုယ့်ဝမ်းကိုကျောင်းဖို့ကြုံရာအလုပ်ကိုရှာလုပ်ခဲ့ရသည်

ကျောင်းစရိတ်အတွက်ပင်ပင်ပန်းပန်းလုပ်ခဲ့ရပြီးအထက်တန်းအောင်လာခဲ့ရသည်

အခုလည်း Uniအတွက်ဆက်လက်ကြိုးစားနေရပြန်သည်

LION ဆေးရုံရဲ့ သန့်ရှင်းရေး အမိုက်သိမ်းသမားလေးအဖြစ်နဲ့ပေါ့

ဒီအလုပ်ဟာ သူများတွေအမြင်တော့ အမိုက်တွေကိုင်ရတာကိုညစ်ပတ်တယ်၊ရွံတယ် တွေးကြမှာပေါ့

သူကတော့ဒီအလုပ်ဟာ မွန်မြတ်တယ်၊သန့်ရှင်းတယ်လို့ပဲမြင်သည်

[အမှိုက် တစ်စမြင်တစ်စကောက်] ဆိုတဲ့ ကျောင်းအုဈပ်ကြီးသင်ပေးလိုက်တဲ့ဆောင်ပုဒ်ကိုသူကတော့မှတ်သားထားသည်

တချို့တွေရှိသည်
[အမှိုက် တစ်စမြင်တစ်စချ] ဆိုပြီးကျောင်းအုပ်ကိုပြောင်ဆိုကြသေးသည်

သူဟာတော့ လူလိမ္မာလေးမို့ကျောင်းအုပ်စကားကိုနားထောင်ပါသည်

"Fourth အမှိုက်တွေစုနေပြီ သွားသိမ်းကြစို့ဟေ့ ထတော့ Nong"

Fourth‌တစ်ယောက်သစ်ပင်အောက်မှာလှဲပြီးကောင်းကင်ကြီးကို့မော့ကြည့်ကာ သူ့ဘဝအကြောင်းသူတွေးနေတုံး
သူနဲ့အလုပ်တူစီနီယာ
ကိုရီးDunkက နားချိန်ကုန်ကြောင်းလှမ်းပြောတာမို့
ထလာခဲ့ရတော့သည်

"လာပြီ ကိုရီး"

"မင်းမယ်လည်းနော်
မင်းအတွက်နားဖို့‌ေရမီးအပြည့်စုံနဲ့ အခန်းကောင်းကောင်းရှိရဲ့နဲ့
ဆေးရုံနောက်ကသစ်ပင်မှာပဲလာလာအိပ်နေရတယ်လို့ကွာ"

Fourthအနားကိုရောက်တော့ကိုရီးDunkကသူ့ကိုအားမရစွာဆီးကာပြောလာခဲ့သည်

"ကိုရီးကလည်း ဒီမှာကအရိပ်လဲရှိတယ်၊ကောင်းကင်ကြီးကိုလဲကြည့်ရတယ်၊သဘာဝလေလေးကလည်းလတ်ဆတ်နေတာ ၊ဘယ်လောက်အမောပြေလဲ"

"ကဲ ဟုပ်ပါပီလာလာသွားစို့"

Fourthအပြောကိုမနိုင်ဘူးဟုခေါင်းခါကာအရှေ့မှထွက်သွားတဲ့ ကိုရီးDunkနောက်သူပါလိုက်ရတော့သည်

**********

"ဒီနေ့ အလုပ်သင်ဆရာဝန်အသစ်တွေရောက်တယ်တဲ့"

Dunkကပြောလာခဲ့တော့Fourthပြန်မေးလိုက်သည်

"ဘယ်နှစ်ယောက်တဲ့လဲ ကိုရီး"

"၃ယောက်လို့ပြောတာပဲ
ကိုရီးလည်း Dr.Joongပြောပြလို့သိတာ"

Dunkက ဂုတ်ပိုးကိုကုပ်ကာ အရှက်သဲစွာပြောလာခဲ့သည်

"ကိုရီးလည်းနော် သတိထားနေ Dr.Joongကကိုရီးကိုကြိုက်နေတာဆေးရုံက လူတိုင်းသိတယ်"

"ဘာကိုသတိထားရမှာလည်းဟ"

"အောင်းးးကိုရီးကမကြိုက်ဘူးမဟုတ်လား"

"ဘယ်သူကပြောလဲ မကြိုက်ဘူးလို့"

"ဒါဆိုကိုရီးကကြိုက်တယ်ပေါ့"

"Dr.လိုလူကိုငါကဘာလို့မကြိုက်ရမှာလဲ ငါကြိုက်တာပေါ့"

"တကယ်လားDunk ကိုယ့်ကိုတကယ်ကြိုက်တယ်ပေါ့"

Fourthနဲ့Dunkစကားပြောနေကြတုံးဘယ်ချိန်ကတည်းကရောက်လာမှန်းမသိတဲ့Joongကဝင်ပြောလာသည်

Joongစိတ်ထဲမှာတော့မေးပေးတဲ့Fourthကိုကျေးဇူးတင်နေတော့သည်

*သူမမေးရဲဖြစ်နေခဲ့တာအခုတော့ညီလေးကြောင့်အဆင်ပြေသွားပြီ ကျေးဇူးပဲညီလေးရေ*

Joongစိတ်ထဲမှFourthကိုကျေးဇူးတင်နေလိုက်သည်

"ဒါဆို ကိုရီးကျွန်တော်ဟိုဘက်ခန်းသွားရှင်းလိုက်အုံးမယ်နော်"

Dunkဆီကစကားပြန်ကိုမစောင့်တော့ဘဲFourthထွက်လာခဲ့လိုက်သည်

အတွဲတွေကြားနေရတာ ဒီကလူပျိုနုနုလေးက မျက်နှာပူပါသည်

**********

Fourthတစ်ယောက်အခန်းနံပါတ်၁၀၁၈မှာရှင်းခဲ့ပြီးစင်ကြံလမ်းပေါ်ကိုအမိုက်လှဲနေသည်

လှဲနေတုန်းလူကခေါင်းထဲမှာမူးနောက်နောက်ဖြစ်လာကာ အမြင်တွေဟာလည်းဝိုးတဝါးဖြစ်နေခဲ့သည်

သေချာပြီသူညကUniတွက် စာတွေကြိုတင်လေ့လာနေတာနဲ့ညည့်နက်မှအိပ်လိုက်တာ‌ေကြာင့်ဖြစ်မည်

မနက်ကတည်းကတော့နှာခေါင်းတေ၊မျက်လုံးတွေပူနေတာသိသည်

အမှုမဲ့အမှတ်မဲ့နေလိုက်တာအခုတော့ဖြစ်ပြီ

အခြေနေဟာပိုဆိုးလာခဲ့သည် ခန္ဓာကိုယ်ကိုတောင်မထိန်းနိုင်တော့တဲ့အဖြစ်
သို့ရောက်ကာယိုင်လှဲလာတော့သည် ။

ထိုအချိန်မှာပဲတစ်စုံတစ်ဦးလာပွေ့တာကိုတော့Fourthသိလိုက်သည်

ထို့နောက်တော့ ကမ္ဘာကြီးဟာအမှောင်အတိဖြစ်ခဲ့‌ေတာ့သည်

**********

"‌ေဟ့ Nongသတိရလာပြီလား"

Fourthနိုးလာတော့အရင်ဆုံးကြားရတဲ့အသံဟာစိမ်းနေခဲ့သည်

သူကြားဖူးတဲ့အသံမဟုတ်ဘဲဩရှရှနဲ့‌နားထောင်လို့ကောင်းပြီးယောက်ျားပီသတဲ့အသံတစ်ခု

အသံလေးကြားရုံနဲ့တင်ဒီလူဟာ အတော်ရုပ်ရည်ချောမောသူလို့ခန့်မှန်းနိုင်သည်

သူမျက်လုံးများဖွင့်ကြည့်မိတော့ မြင်ရသူဟာ
ဆရာဝန်ကုတ်ကိုဝတ်ထားပြီးအတော်ချောတဲ့အမျိုးသားတစ်ဦးဖြစ်သည်

ကုတ်ပေါ်ကရင်ဘတ်နားမှာထိုးထားတဲ့နာမည်ကိုကြည့်မိတော့ အတော်ချမ်းသာတယ်ဟုနာမည်ကြီးနေတဲ့မိသားစုကဖြစ်‌ေနသည်

ထိုးထားတဲ့နာမည်က

Gemini Norawitတဲ့

**********

ကဲအပ်ပေးလိုက်ပြီနော်ထုံးစံအတိုင်း ဗွီ အို တီ အီး အမ် ဖီး ဘက် လေးလုပ်ကြပါလို့🥰🥰🥰

အမှားစာလုံးပိတိဖုံးလို့အပြုံးနဲ့သာပြင်ဖတ်ပါ
😍😍😍😍😍😍😍😍

Loveနာမားးးးထုခွန်ခ😘




















**********




















**********









**********









**********


😍😍😍😍😍😍😍😍


Continue Reading

You'll Also Like

18.9K 1.5K 18
2.7K 106 4
➟ 𝐖𝐡𝐞𝐧 An object can caused several chaos. - •☆•- Record of Ragnarok x FemReader
157K 11.3K 61
BOOK #2 They say love heals scars, but Seokmin's scars were lessons-bitter reminders that twisted him into a creature of darkness. His life was a ser...
2.1K 62 9
An AU where both Jiang Cheng and Wei Wuxian were adopted by Jiang FengMian and Yu Ziyuan. However, Wei Wuxian is favoured by both Jiang FengMian and...