ထူးထူးဆန်းဆန်း ချစ်ဖူးစာ

By Thwin2004

21.6K 967 13

BL စာရေးဆရာလေးXZနဲ့ LGBTလက်မခံသူလေးWYBတို့ကြားက အချစ်ချိုချိုလေး More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
စာလေးဆုံးသည်အထိ ဖတ်ပေးပါ

Part 8

567 31 0
By Thwin2004


.
ကျန်းချန် တစ်ယောက်အားနေတဲ့အချိန်အတွင်း ကျန့်ကျန့်ပေးခဲ့တဲ့စာအုပ်လေးကို ဖတ်နေလိုက်၏

.
နေ့လည်စာ သွားစားတဲ့ bossက ကိုယ်တိုင်များchef ဝင်လုပ်နေသလား အောက်မေ့ရသည်အထိကို ကြာနေပါသည်
.

ကျန်းချန်လည်း စာရင်းဇယားအသစ်တွေကို စစ်ပြီးလို့အားတဲ့အချိန်ကိုအကျိုးရှိရှိအသုံးချပစ်လိုက်တာပေါ့
.

ကျန်တဲ့နေရာမှာသာ အပြင်းထူတတ်တဲ့ငပျင်းလေးက အလုံးပေါင်းများစွာရှိတဲ့ စာကိုတော့လက်ညောင်းတယ်လို့တစ်ချက်မျှမညည်းဘဲ ရေးခဲ့တယ်မဟုလား

.
" ချစ်ခြင်းကဖန်ဆင်းတဲ့ နှလုံးသားလိပ်ပြာငယ်"

ဆိုတဲ့ ကျန့်ကျန့်ရဲ့လက်ရာလေးက တကယ်ကိုပဲထမင်းမေ့ဟင်းမေ့ဖြစ်အောင်ကို ဆွဲဆောင်လွန်းနေ၏

ကျန်းချန် ဝတ္ထုထဲစိတ်ရောက်နေပြီး boss ပြန်ရောက်လာတာကိုပင်သတိမထားမိ

ရိပေါ် " ကျန်းချန် "
.

ကျန်းချန် " မြတ်စွာဘုရား 😳 ဟင် boss ပြန်ရောက်ပြီလား "
.

ရိပေါ် " ဒါအလုပ်ချိန်နော် သွားprotect အသစ်အတွက် Meeting စီစဉ်လိုက် "
.

ကျန်းချန် " ဟုတ်ကဲ့ပါ boss "
.

ကျန်းချန် လက်ထဲကစာအုပ်လေးကို ချပြီး bossခိုင်းတာကို အရင်လုပ်လိုက်၏

မဟုတ်ရင် ဘာဖြစ်မယ်မှန်းမခန့်မှန်းတတ်

.
.
ကျန်းချန် ထွက်သွားမှရိပေါ်လည်း ခုံမှာပြန်ထိုင်ရင်း laptop တစ်လုံးနဲ့အလုပ်ရှုပ်နေပါတော့သည်

အညောင်းပြေအညာပြေ လက်ကလေးဆန့်ရင်း မျက်စိရှေ့မှာရောက်လာတဲ့ စာအုပ်လေး
.

ဘာရယ်မဟုတ်စာအုပ် နာမည်လေးကိုနှုတ်မှခပ်ဖွဖွရေရွတ်မိလိုက်၏

" ဝေ့ရင်း"

စာရေးသူနာမည်က ဝေ့ရင်းတဲ့လား

အလုပ်ထဲမှာပဲနစ်မြုပ်ထားတဲ့ ကိုယ့်အဖို့ အပြင်းပျေဖတ်ဝတ္ထုဆိုတာ ဘယ်နေမှန်းမသိခဲ့တာကြာပေါ့
.

အထူးသဖြင့် အခုလက်ရှိနာမည်ကြီးနေတဲ့ သူတွေဆိုပိုဆိုးသည်

လုံးဝကိုမသိခဲ့တာကိုရှိတာ

.
ကျန်းချန် " အားလုံးအဆင်သင့်ဖြစ်ပါပြီ boss"

ကိုယ့်အတွေးနဲ့ကိုယ်မြောနေတုန်း ကျန်းချန်လာပြောမှ သတိကပ်ကာ

ရိပေါ် " ကောင်းပြီ"

ပြောပြီး Meeting room ရှိရာကို ဦးတည်သွားလိုက်၏

.
.
.

ရိပေါ် " ဒီနေ့ရှယ်ယာရှင်တွေကို ခေါ်လိုက်ရတာက COOL ရဲ့ဒီနှစ်ဆောင်းရာသီ fashion အတွက် အသိပေးဆွေးနွေးချင်လို့ပါ "

ဦးတည် " အန်ကယ်ကတော့ အရင်နှစ်တွေနဲ့မတူအောင် လတ်တလောရေပန်းစားနေတဲ့ အနုပညာရှင်တစ်ယောက်ယောက်နဲ့ ကြော်ငြာပြီး ထုတ်ကုန်ကို ဖြန့်မယ်ဆိုရင်ပိုပြီး အကျိုးမြတ်များမယ်ထင်တယ် "
.

ဦးနေ " မှန်သင့်သလောက်တော့မှန်ပါတယ် ဒါပေမယ့် COOL brand ကအရင်ထဲက အောင်လံလွှင့်ချီနဲ့ပဲ လက်တွဲလာခဲ့တာလေ အခုသူနာမည်ကျသွားမှ တခြားတစ်ယောက်ပြောင်းမယ်ဆိုတော့ COOL ရဲ့အမာခံတွေက ဘယ်လိုသတ်မှတ်ကျမလည်း "
.

တစ်ယောက် တစ်ခွန်းထင်မြင်ချက်တွေကို နားထောင်ရင်း ရိပေါ် ဝင်ပြောလိုက်သည်

ရိပေါ် " ဝန်းနင် မင်းဘယ်လိုသဘောရလည်း "
.

ဝန်းနင်က ကျောင်းနေဖတ်သူငယ်ချင်းလည်းဟုတ်သလို ရှယ်ယာပါတနာဆိုလည်း ဟုတ်၏

ဝန်းနင် " ငါ့အမြင်ကိုပြောရရင်တော့ ဦးတည်ပြောတာသဘာဝကျတယ် ထင်တယ် ငါတို့ကအမြဲတမ်းဒီ model နဲ့ပဲလက်တွဲရမယ်လို့ သတ်မှတ်ထားတာမှမဟုတ်တာ ပြီးတော့ငါတို့က စည်းကမ်းဖောက်တာမှမဟုတ်တာ သူ့ရဲ့image ကိုသူကိုယ်တိုင်ဖျက်စီးခဲ့တာလေ "
.

ရိပေါ် " ဒါဆို သင့်တော်တဲ့ model တစ်ယောက်ယောက်များမင်းသိထားလို့လား "
.

ဝန်းနင် " ငါသိတဲ့လူတစ်ယောက်တော့ရှိတယ် ဒါပေမယ့်သူက model လည်းမဟုတ်သလို အနုပညာအသိုင်းဝိုင်းကလည်းမဟုတ်ဘူး "
.

ဦးနေ " ဒါဆို ဘယ်ကလည်း "

ဝန်းနင် " စာပေလောက ကပါ"
.

ရိပေါ် " ဘယ်လို😳"

ဝန်းနင် " ဟုတ်ပါတယ် သူကအခုလတ်တလောအရမ်းကို ရေပန်းစားနေတဲ့ သူဖြစ်လို့ပါ မိန်းကလေးတွေကြားမှာတင်မက ယောက်ျားလေးတွေကပါ သူ့ကိုအရမ်းသဘောကျနေကျတယ် ပြီးတော့...LGBT တွေရောပဲ "

ဝန်းနင် နောက်ဆုံးစကားလေးကိုတော့ ရိပေါ်ကိုသေချာကြည့်ပြီး ပြောလိုက်၏
.

ဝန်းနင်ပြောသမျှကို ငြိမ်ပြီးနားထောင်နေတဲ့ရိပေါ် အဆုံးသတ်စကားကိုကြားပြီး မျက်ခုံးများတွန့်ချိုးမိတော့၏

ရိပေါ် " သူကဘယ်လိုလူမလို့လဲ "
.

ရိပေါ်ဘေးမှာရပ်နေတဲ့ ကျန်းချန်ကလည်းတကယ်ပဲသိချင်နေသည့်ဟန်

ဝန်းနင် " သူဘယ်သူလည်းဆိုတာတော့ငါလည်းမသိဘူး ဒါပေမယ့် သူကယောက်ျားလေးတစ်ယောက်ဆိုတာတော့ သေချာတယ် "
.

ဦးတည် " ဒါဆို အန်ကယ်တိူ့က သူ့ကိုဘယ်လိုကမ်းလှမ်းရမလည်း မောင်ရင်"
.

ဝန်းနင် " သူ့ကိုကမ်းလှမ်းဖို့က နည်းနည်းတော့ခက်ခဲမယ်ထင်တယ် ဘာလို့ဆို သူကPublic show တွေတစ်ခါမှ မချပြဘူးဖူး "
.

ရိပေါ် " သူ့နာမည်က ဘာလည်း "
.

ရိပေါ် စိတ်မရှည်ဆန်စွာမေးလာတော့ ဝန်းနင် ရယ်ချင်မိသည်

ဝန်းနင် " သူ့နာမည် က ဝေ့ရင်း တဲ့ "

"ဗျာ! ! "
.

ဝန်းနင်စကားအဆူံး အော်လိုက်တဲ့အသံတစ်ခု

သေချာတာကတော့ ရိပေါ်ဆီမှမဟုတ်ဘဲ သူ့ဘေးမှာရပ်နေတဲ့ ကျန်းချန်ဆီကပင်
.

ရိပေါ် " ဘာဖြစ်တာလည်း ကျန်းချန် "

ကျန်းချန် " တောင်းပန်ပါတယ် boss ကျွန်တော် ယောင်သွားလို့ပါ "

ရိပေါ် ကျပ်ကျပ်သတိထားဆိုသည့်သဘော နဲ့တစ်ချက်ကြည့်ပြီး စကားဝိုင်းကိုဆက်လှည့်သွား၏

ရိပေါ် " ပြောပါဦး စောစောက စကားအဆက်"
.

ဝန်းနင် သက်ပြင်းလေးတစ်ချက်ချကာ

ဝန်းနင် " သူ့ကလောင်နာမည်က ဝေ့ရင်း သူကBL ဝတ္ထုရေးတဲ့စာရေးဆရာတစ်ယောက် ပြီးတော့ သူ့အကြောင်းတွေအားလုံးကို ဖုံးကွယ်ထားတယ်ကွာ ရှင်းရှင်းပြောရရင် interview တောင်မဖြေဘူး "

ရိပေါ် ထိုနာမည်ကိုရင်းနှီးနေသလိုခံစားမိနေ၏

ဝေ့ရင်း သူဘယ်နေရာမှာကြားခဲ့ဖူးပါလိမ့်

ရိပေါ် " တော်တော့ ဝန်းနင် တခြားတစ်ယောက်ရှာ "

ဝန်းနင် " မင်းသေချာစဉ်းစားနော်ရိပေါ် ဝေ့ရင်းဆိူတာ လူတိုင်းစိတ်ဝင်စားနေတဲ့ ဝှက်ဖဲ ဒါကိုငါတို့ COOL ကလှန်ပေးနိုင်ခဲ့ရင် ဒီနှစ်ဆောင်းfashionကလည်း  အလိုလိုနာမည်ကြီးသွားသလို ရောင်းအားကလည်းထိုးတက်သွားလိမ့်မယ် မင်းရဲ့စိတ်ကိုငါနားလည်တယ် ဒါပေမယ့် အလုပ်နဲ့ personal ကိုတော့ မရောထွေးနဲ့လေ "

ရိပေါ် စိတ်ပျက်သလို ကျွတ်တချက်စုပ်သပ်ရင်း

ရိပေါ် " ကောင်းပြီလေ ဒါဆိုသူ့ကိုကမ်းလှမ်းဖို့ မင်းတာဝန်ယူဝန်းနင် "
.

ဝန်းနင် " ok လေ ဒါပေမယ့် ငါ့ကို ကူပေးဖို့ ကျန်းချန်ကိုခဏငှါးရမယ် "

.
ဝန်းနင်စကားကြောင့် နဂိုထဲကပြူးချင်နေတဲ့ မျက်လုံးများအလိုလိုပြူ းသွားရသည့်ကျန်းချန်ပါ
.

ရိပေါ် " သဘောပဲ "
.

Bossရဲ့ စကားကိုကြားပြီး ကျန်းချန်အရှင်လတ်လတ်သေချင်သွားမိ၏

တစ်အိမ်ထဲနေနေတဲ့ ကျန့်ကျန့်အကြောင်းကို သိသိလျှက်နဲ့စုံစမ်းပေးရမယ့်အပြင်
.

ဟိုမျက်နှာရူးနဲ့ပါ အလုပ်တွဲလုပ်ရမယ်ဆိုတာကြောင့် တကယ်ပင် ရူးချင်သွားပါဘိ
.

ဟူး ရုပ်ချောရတဲ့ဘဝကလည်း မလွယ်ကူပါလား.......

.

.

.

Part 9 🙆

Tag ခိုင်းထားတဲ့သဲလေးတွေရေ ဆက်ပြီးတွဲပေးရမယ်ဆိုရင်ပြောပါအုံးနော်🤷‍♀️

သာသာဒီရက်ပိုင်းတွေမအားလို့ နည်းနည်းတိုသွားပါတယ်ရှင့်

အိုက်နီပါသဲလေးတွေ❤

............

Zawgyi

.

.
.

.


.



ရိပေါ် " ကျန်းချန် "
.

.

.

.



.
.

.


" ဝေ့ရင်း"


.



.


ရိပေါ် " ကောင်းပြီ"


.
.
.


.

.


.


.

.

.

ဦးနေ " ဒါဆို ဘယ်ကလည်း "

ဝန်းနင် " စာပေလောက ကပါ"
.

ရိပေါ် " ဘယ်လို😳"


.


.


.

ဦးတည် " ဒါဆို အန်ကယ်တို့က သူ့ကိုဘယ်လိုကမ်းလှမ်းရမလည်း မောင်ရင်"
.

.

.



"ဗျာ! ! "
.


.




.






ဝန်းနင် " မင်းသေချာစဉ်းစားနော်ရိပေါ် ဝေ့ရင်းဆိုတာ လူတိုင်းစိတ်ဝင်စားနေတဲ့ ဝှက်ဖဲ ဒါကိုငါတို့ COOL ကလှန်ပေးနိုင်ခဲ့ရင် ဒီနှစ်ဆောင်းfashionကလည်း  အလိုလိုနာမည်ကြီးသွားသလို ရောင်းအားကလည်းထိုးတက်သွားလိမ့်မယ် မင်းရဲ့စိတ်ကိုငါနားလည်တယ် ဒါပေမယ့် အလုပ်နဲ့ personal ကိုတော့ မရောထွေးနဲ့လေ "


.


.
.

ရိပေါ် " သဘောပဲ "
.


.

.


.

.

.

Part 9 🙆



အိုက်နီပါသဲလေးတွေ

Continue Reading

You'll Also Like

620K 18.7K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...
147K 4.9K 100
'How I obsessively adore you' ˏˋ°•*⁀➷ started➛30/03/2024 finished➛ ˏˋ°•*⁀➷ cover by me x
429K 25.9K 85
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...
328K 9.8K 105
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...