ထူးထူးဆန်းဆန်း ချစ်ဖူးစာ

By Thwin2004

21.6K 967 13

BL စာရေးဆရာလေးXZနဲ့ LGBTလက်မခံသူလေးWYBတို့ကြားက အချစ်ချိုချိုလေး More

Part 1
Part 2
Part 3
Part 4
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
စာလေးဆုံးသည်အထိ ဖတ်ပေးပါ

Part 5

660 33 0
By Thwin2004


ကျန်းချန် " မထိပ် ရောက်နေပါတယ်boss "

ကျန်းချန်စကားကို laptop တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ bossက မျက်ခုံးတွန့်ချိုးရင်း

ရိပေါ် " ဝင်လာခိုင်းလိုက် "

အခုလို မကြာခဏ company ကိုလာတတ်တာကို သဘောမကျပေမယ့် မိဘချင်းရင်းနှီးတဲ့ မျက်နှာကြောင့် ရိပေါ်မျက်နှာလွှဲမလုပ်ခဲ့

မြစ်ဖျားထိပ် " ရိပေါ် "

မင်းသမီးရှုံးလောက်အောင် ပြင်ဆင်ခြယ်သလာတဲ့ ထိပ်က စကားပြောလည်း အရမ်းချို၏

သာမာန် ယောကျာ်းတွေကိုဆိုအထင်မကြီးတတ်တဲ့ သူမက boss ကိုတော့ အတော်ပင်အထင်ကြီးပြီး ကြွေတဲ့အဆင့်ထိရောက်နေ၏

ကျန်းချန် အရိုသေလေးပြုရင်း အခန်းထဲမှ ထွက်လာလိုက်၏

ရိပေါ် " ဘာကိစ္စလဲ ထိပ် "

မေးသာမေးနေတာ မျက်လုံးကတော့ laptopဆီမှမခွာ

မြစ်ဖျားထိပ် " ရိပေါ်နဲ့အတူ နေ့လည်စာစားချင်လို့လာတာလေ သွားရအောင်နော် ထိပ်အရသာရှိတဲ့ ဆိုင်တစ်ခုတွေ့ထားတယ် "

ခပ်နွဲ့နွဲ့အမူအယာနဲ့ ရိပေါ်လက်မောင်းလေးကို လှုပ်ကာပြောနေပုံက တခြားသူတွေအဖို့ ရင်ဖိုဖွယ်ဖြစ်ချင်ဖြစ်လိမ့်မည်

ရိပေါ်အတွက်တော့ မဟုတ်

ရိပေါ် သူ့လက်ကို ကိုင်ထားတဲ့ ထိပ်ရဲ့လက်တွေကိုဖယ်ချရင်း မျက်လုံးချင်းဆုံကာပြောလိုက်၏

ရိပေါ် " ထိပ်ဘာသာပဲ သွားစားလိုက်ပါ "

မြစ်ဖျားထိပ် " အာ ရိပေါ်ကလည်း ထိပ်ကတစ်ယောက်တည်းစားရမှာ စားမဝင်လို့ပါနော် လိုက်ခဲ့ပါ "

ရိပေါ် " ဟယ်လို ကျန်းချန်မင်းထိပ်ကိုငါ့အခန်းမှာလာခေါ်ပြီး သူနဲ့အတူ နေ့လည်စာသွားစားပေးလိုက်ပါ "

ဖုန်းပြောနေတဲ့ ရိပေါ်ကိုကြည့်ရင်း ထိပ်လက်သီးဆုပ်မိသည်

သူ့လို နတ်သမီးတစ်ပါးကို မျက်နှာလွှဲခဲပစ်လုပ်ရက်တာလား

ရိပေါ်ကတော့ သူနဲ့မဆိုင်သလိုနေရင်း အလုပ်သာဆက်လုပ်နေ၏

သူမနဲနေ့လည်စာအတူစားရလောက်တဲ့အထိ သူမအားပါ

ဒါ့ကြောင့် မကောင်းကျောင်းပို့ဆိုသလို သူမသွားနိုင်တော့ ကျန်းချန်လက်ထဲလွှဲအပ်ရတော့တာပေါ့😁

ထိပ်ကတော့ မသက်မသာပင် ကျန်းချန်နောက်လိုက်သွားရတော့သည်

..

.

.
ကျန်းချန် " ကျန့်ကျန့်ရေ "

ကျန်းချန်လက်ထဲမှ စားစရာအထုပ်ကြီးအထုပ်ငယ်သယ်လာရင်း အိမ်ထဲမှာစိတ်ကောက်နေတဲ့ ကလေးငယ်ကိုချော့ဖို့ကြံနေ၏

ကျန်းချန် " ကျန့်ကျန့်လေးရေ "

ကိုယ်ကသာတစ်ကြော်ကြော်ခေါ်နေတာ သူကတော့အသံပင်မပြု

ကျန်းချန် ကျန့်ကျန့်အခန်းလေးဖွင့်ပြီးဝင်သွားလိုက်တော့ စောင်ပုံထဲမှာဝင်ခွေနေတဲ့ ကျန့်ကျန့်

ကျန်းချန် စောင်လေးကိုဆွဲဖယ်လိုက်ပြီး လက်ကလေးကိုဆွဲကာ ထစေလိုက်သည်

ကျန်းချန် " အိုက်ယား ကျန့်ကျန့်လေးကလည်း စိတ်မဆိုးပါနဲ့ကွာ ငါကတကယ်အလုပ်ကိစ္စနဲ့မသွားမဖြစ်လို့ overseas သွားရတာပါကွာ "

အရင်အပတ်က ရှယ်ယာရှင်တွေနဲ့စျေးကစားမှုပေါ်လာလို့ bossနဲ့အတူနိင်ငံခြား ပြုန်းစားကြီးလိုက်သွားရတာ

ဒါကိုအမောင်ကျန့်တို့က ထုံးစံအတိုင်း သူ့ကိုထားပစ်ခဲ့ပြီး bossနောက်လိုက်သွားလို့ဆိုပြီး စိတ်ကောက်နေလေရဲ့

ရှောင်းကျန့် " သွား အခုမှလာမခေါ်နဲ့ ပြောတော့မော်တင်မသွားပဲ အိမ်မှာပဲစာရေးရင် အချက်အလက်တွေကိုရှာပေးမယ်ပြောပြီး ပျောက်သွားတယ်ဟွန့် သွားမင်းbossဆီကိုပဲ သွား ငါ့ဆီမလာနဲ့" 

ပြောလည်းပြောအနားမှာရှိတဲ့ ဖက်လုံးနဲ့ကောက်ထုလေပါရော

ကျန်းချန်လည်း လက်နဲ့ကာနိုင်သမျှကာရင်း ကျေနပ်အောင်နေပေးလိုက်၏

စိတ်ကြိုက်ထုရိုက်ပြီးကာမှ စိတ်ဆိုးပြေသွားပုံပင်
ကျန့်ကျန့်ဆိုတာကလည်းအဲ့လိုပါ စိတ်ဆိုးစိတ်ကောက်တာကလွဲရင် သူလည်းကျန်းချန်အပေါ်နာနာကျင်ကျင်မလုပ်ရက်

..

ကျန့်ကျန့်ကြိုက်တဲ့ သဘော်သီးထောင်းနဲ့ ရှမ်းခေါက်ဆွဲတွေ ဘာဂါ တွေဝယ်လာပြီးထပ် ချော့လိုက်တော့ သိပ်မကြာလိုက်ပါဘူး စိတ်ဆိုးပြေသွားပါသည်

ကျန်းချန် " ဖြည်းဖြည်းစား အစာမကြေဖြစ်နေမယ် "

သူကသာပြောနေတာ ကျန့်ကျန့်ကတော့ ခေါင်းပင်မဖော်

အမောင်ကျန့်တို့ကတော့ အစားအသောက်မီးလိုတောက် အဖွဲ့ကပင်

ကျန်းချန် " ဒါဆို မင်းရဲ့စာမူကို မနက်ဖြန်သွားအပ်ရမှာပေါ့ "

ရှောင်းကျန့် " အေး ငါ့fanတွေကလည်း အမြန်ထွက်ဖို့တောင်းဆိုနေကြပြီကွ ဒါ့ကြောင့်အကိုမုန့်ယောင်က မြန်မြန်လက်စသတ်ခိုင်းနေတာ "

ကျန်းချန် " အေးနော် ၄လတောင်ကြာသွားပြီပဲ မင်းစာရံယူတုန်းကနဲ့ဆို "

ရှောင်းကျန့် " ငါကလာဘ်ကောင်လေးကွ အခုဆိုအကိုမုန့်ယောင် ငါ့ကြောင့်မျက်နှာပွင့်သွားပြီ အရင်ကဆိူ သူတို့စာအုပ်တိုက်လေးက ဘယ်media မှအရေးမစိုက်ခဲ့ဘူး အခုဆိုဖုန်းတွေတဂွမ်ဂွမ်ဆက်အားကြီးလို့ ပိတ်ထားရတဲ့အထိပဲ နောက်ပြီး sponsors တွေလည်ပေးကြတယ် ဟိဟိ😁"

ကျန်းချန် " အေးပါကွာ စာအုပ်ပုံကြမ်းထွက်ရင်ငါ့ကိုလည်း အရင်ပေးဖတ်အုံး မဝယ်ချင်လို့အပိုကုန်တယ်လေ"

ရှောင်းကျန့် " အေးပါကွာ စာအုပ်ဖိုး၁၀၀၀၀လောက်ကို များ bossရဲ့လူယုံတော်ကြီးက ညည်းပြနေသေးတယ် ဟွန့်😏"

ကျန်းချန် " ကျန့်ကျန့်နော်အကောင်းပြောနေတာ ထမဖောက်လာနဲ့ bossကသူ့ဘာသူအေးဆေးနေတတ်တာပါကွာ "

ရှောင်းကျန့် " အော် သူကအေးဆေးနေတတ်တယ်ဆိုတော့ မင်းတို့company ကလူတွေက ကင်းမြှီးကောက်ထောင်နေကြလို့လား တကယ်ပဲ ငါပြောရင်လည်း လွန်အုန်းမယ် "

ကျန်းချန် " ပြောပြီးပြီလေ မင်းဆိူသည်မှာလည်း bossကိုဘယ်လိုမှိုချို းမျှစ်ချိုးပြောရမလည်းဆိုတာပဲ တွေးနေတယ် ဘာလည်းမဟုတ်မှ မင်း...bossကို..."

ကျန်းချန် လက်ညှိုးလေးထိုးကာ စလေတော့ ကျန့်ကျန့်နှုတ်ခမ်းတထော်ထော်နဲ့ရန်တွေ့လေတော့တယ်

ရှောင်းကျန့် " ဘာ ငါကမင်းbossလို လွတ်လပ်ရေးကျောက်တိုင်ကြီးကို ကြိုက်စရာလား ကဲဟာ ဖြန်း"

ကျန့်ကျန့်တစ်ယောက် ကျန်းချန်လက်မောင်းကိုစော်ပလော်တီးလေတော့သည်

.

.

မုန့်ယောင်တစ်ယောက် ကျန့်ကျန့်ရဲ့စာမူကိုဖတ်ပြီး အတော့်သဘောကျနေ၏

မုန့်ယောင် " ဟာ ကျန့်ကျန့်ရေ မင်းfanတွေတော့မသိဘူး အကိုကတော့တော်တော်သဘောကျနေပြီ ဇာတ်လမ်းလေးက ဘောက်ဆက်ဆက်နဲ့နော် ukeလေးကတော်တော်ဆိုးတဲ့ ငဂျစ်လေး😁"

ရှောင်းကျန့် " ဟုတ်တယ်အကို ကျွန်တော်လိုချင်တဲ့ typeလေးကိုပဲထွင်ရေးထားတာ"

မုန့်ယောင် " အကိုတောင်တွေးနေတာ ဒီukeလေးက ကျန့်ကျန့်ပုံစံလေးလားလို့😄 ဒါနဲ့ semeက တော်တော်လေး ခန့်တယ်နော် ချေလည်းချေတယ် ဘယ်လိုစဉ်းစားမိလည်းကျန့်ကျန့် "

ကျန့်ကျန့် ကော်ဖီလေးသောက်ရင်းပြုံးကာပြန်ဖြေလေတယ်

ရှောင်းကျန့် " ဒီလိုပါပဲ မတော်တဆတွေ့ခဲ့တဲ့လူပါ သူရဲ့typeကိုရေးချင်လာလို့ "

ပြောရင်း မသိစိတ်ထဲပေါ်လာတဲ့ လူကြီးကြောင့်နှုတ်ခမ်းလေးမဆိူသလောက်လေးဆူမိ၏

မုန့်ယောင် " ဒါနဲ့ အကိုမေးပါရစေ ကျန့်ကျန့်က ကောင်လေးတွေကိုသဘောကျတတ်တာလား အကိုမသိလို့ပါ"

.ရှောင်းကျန့် ခပ်ဟဟလေးရယ်ရင်း သဘောတကျပြုံးလိုက်မိသည်

ရှောင်းကျန့် " လောလောဆယ်တော့ ကျွန်တော်မဖြေတတ်သေးဘူး ဒါပေမယ့် ကောင်မလေးဖြစ်ဖြစ် ကောင်လေးဖြစ်ဖြစ် ကျွန်တော်သာသဘောကျရင် တွဲမှာပါ သူဘယ်လိုလူမျိုးပဲဖစ်ဖစ်ပေါ့ "

မုန့်ယောင် ကျန့်ကျန့်ပြောသမျှကိုနားထောင်ရင်း ခေါင်းတညှိမ့်ညှိမ့်နဲ့ထောက်ခံ၏

မုန့်ယောင် " ဒါဆို အကို စာအုပ်ပုံကြမ်းထုတ်ဖြစ်ရင်ပို့ပေးလိုက်မယ်နော် "

ရှောင်းကျန့် " ဟုတ် ကျေးဇူးပါ အကို "

မုန့်ယောင် " ဒါနဲ့ ဟိုတစ်ယောက်မပါဘူးလား "

ရှောင်းကျန့် " အော် ကျန်းချန်လား သူဒီနေ့အလုပ်မပိတ်လို့ company သွားတယ်အကို အကိုကဘာလို့မေးတာလည်း "

မုန့်ယောင် " အော် အဲ့ဒါ အဲ့ဒါကဒီအတိုင်းမေးလိုက်တာပါ ဘာမှမဟုတ်ပါဘူး "

ရှောင်းကျန့်လည်း စာရေးသူပီပီအကိုမုန့်ယောင်အပြောကို မသိခြင်ထောင်ထောင်ပြီး နေလိုက်ပါတယ်

အမယ် ကျန်းချန်ဆိုတာက လူကသာရုပ်ဆိုးဆိုးဒေါသအိုး crush တွေကတော့ရှိနေတုန်းပါလား😁😁

ရှောင်းကျန့်  " ဟုတ်အကို ဒါဆိုခွင့်ပြုပါဦး "

မုန့်ယောင် " ကောင်းပါပြီ "

..

.

..

.
ဝမ်မား " သမီးထိပ် "

ဧည့်သည်ရောက်နေတယ်လို့ပြောလို့ ဝမ်မားဆင်းလာတာ သမီးမြစ်ဖျားထိပ်ဖြစ်နေ၏

မြစ်ဖျားထိပ် " ဟုတ်အန်တီ သမီးတို့အိမ်မှာ ကြက်ဆီထမင်းလုပ်လို့ အန်တီ့တို့အတွက်သမီးလာပို့တာ "

ချိုင့်လေးကို ခုံပေါ်တင်ရင်းပြောလေ၏

ဝမ်မား ထိပ်ရဲ့လက်ကလေးကိုကိုင်ကာ ပြုံးလိုက်မိသည်

ဝမ်မား " သမီးလေးက သိတတ်လိုက်တာ သားဝမ်ကလည်း ကြက်ဆီထမင်းဆိုအရမ်းကြိုက်တာသမီးရဲ့ "

မြစ်ဖျားထိပ် " ရိပေါ် ကိုကိုယ်တိုင်သွားပေးချင်ပေမယ့်  ရိပေါ်ကသမီးကိုအရေးမစိုက်ဘူးလေအန်တီရဲ့ "

ဝမ်မား " သားကအဲ့လိုပဲ သမီးရဲ့ နည်းနည်းအနေတည်တော့သမီးလေးစိတ်မသက်သာဖြစ်မိတာပါကွယ် သားကိုစိတ်မဆိုးနဲ့နော်သမီး "

မြစ်ဖျားထိပ် " သမီးစိတ်မဆိုးပါဘူးအန်တီရဲ့ ဒါပေမယ့် သမီးကိုတစိမ်းမဆန်ဖို့ရိပေါ်ကို အန်တီပြောပေးပါလားဟင် သမီးကသူနဲ့ရင်းနှီးချင်တာသူကအရမ်း အေးလွန်းတယ် "

ဝမ်မား " စိတ်ချပါ အန်တီသားကိုပြောလိုက်မယ် သမီးလေးလိုချစ်စရာကောင်းပြီး စိတ်ထားကောင်းတဲ့ သမီးလေးကို သားကမချစ်ပဲမနေပါဘူး "

မြစ်ဖျားထိပ် " အန်တီကလည်း😊 "

ထိပ်ရှက်သွေးဖြာပြီး အန်တီ့ကိုဖက်ထားလိုက်၏

စောစောက ပြုံးနေတဲ့မျက်နှာနဲ့မတူဘဲ တစ်ခုခုကိုအပိုက်ရဖို့ဆိုတဲ့အတွေးနဲ့ မဲ့ပြုံးလေးပြုံးလိုက်၏ 😏

...ဝမ်ရိပေါ်ကိုပိုင်ဆိုင်ရဖို့ ငါဘာမဆိုလုပ်ရမှာပဲ ....

..

.

..

ကျန်းချန် " boss အန်တီအောက်မှာရောက်နေပါတယ် "

ရိပေါ်  files တွေကိုလက်မှတ်ထိုးရင်းပြောလာတဲ့ ကျန်းချန်စကားကြောင့် အံ့သြမိ၏

ရိပေါ် " မေမေကအခုလို မလာတတ်ပါဘူး ဘာများဖြစ်လို့လည်းမသိဘူး သွားရအောင် "

ရိပေါ်နဲ့ကျန်းချန် company ရဲ့မြေညီထပ်ကိုသွားပြီး ဝမ်မားကိုသွားကြိုလိုက်သည်

ကျန်းချန်ကတော့ လက်ထဲကချိုင့်ကိုယူပြီးနောက်ကလိုက်လာ၏

..

.

ရိပေါ် " မေမေ ကိစ္စရှိလို့လား မလာစဖူးလို့ပါ"

မေမေ့ဘေးမှာဝင်ထိုင်ရင်းမေးလိုက်တော့ မေမေကနဂိုအတိုင်းပြုံးပြကာ သူ့ကိုခေါင်းလေးပွတ်ပေး၏

ဝမ်မား " သားအတွက် ကြက်ဆီထမင်းလာပို့တာ "

ရိပေါ် " ဗျာ😊 သားအရမ်းစားချင်နေတာ "

ဝမ်မား " ဒါဆို စားလိုက်တော့လေ သားကျန်းချန်လည်း တစ်ခါတည်းဝင်စားလိုက် အန်တီပိုထည့်လာတယ် "

ရိပေါ်ကတော့ ချိုင့်ဖွင့်နေပြီးပြီ

ကျန်းချန် " နေပါစေအန်တီ ရပါတယ် ကျွန်တော်အလုပ်ချိန်မလို့ပါ "

ရိပေါ် " အပိုလုပ်မနေနဲ့ လာစားပြီးမှဗိုက်ဆာလို့ မဲ့ရှုံ့မနေနဲ့ "

ကျန်းချန် " ဟီး😁 ဟုတ်ဒါဆို အားမနာတော့ဘူးနော်boss "

ဝမ်မားကတော့ သားဖြစ်သူတို့အားရပါးရ စားသောက်ကြတာကိုကြည့်ရင်း ပီတိဖြစ်နေ၏

သူသာမရှိတော့ရင် သူမရဲ့သားလေးကိုအချက်အပြုတ်နိုင်နင်းတဲ့ သမီးထိပ်နဲ့အကြောင်းပါစေချင်မိသည်

ကျန်းချန် အဲ့တာကြောင့် bossကိုလေးစားပြီးချစ်တာ

Bossက အပြောသာဆိုးတာ တကယ်တော့အရမ်းနွေးထွေးပြီး သဘောကောင်းသူပါ

အခုလည်းကြည့်လေ သူ့ပန်းကန်ထဲကိုကြက်သားတွေချည်း ထည့်ပေးနေတာ

ကျန်းချန် " တော်ပြီ boss များနေပြီ ကျွန်တော့်ပန်းကန်ထဲမှာအသားတွေ "

ရိပေါ် " စားစမ်းပါ "

ကျန်းချန် bossနဲ့သူစားတဲ့ပန်းကန်တွေကိုသိမ်းပြီး Kichen roomဆီ ယူသွားလိုက်၏

ရိပေါ် " အရမ်းစားလို့ကောင်းတယ်မေမေ "

ဝမ်မား " ကောင်းမှာပေါ့ သမီးထိပ်ရဲ့လက်ရာလေ "

ရိပေါ် " ဗျာ😳"

ဝမ်မား " မဗျာနဲ့ သူများပင်ပန်းခံပြီးချက်ထားတဲ့ အစားအစာတွေစားပြီး ကျေးဇူးတင်ကြောင်းပြောလိုက်ဦး တစ်ခူခူဝယ်ကျွေးလိုက်ပြန်ပြီး "

ရိပေါ် " မေမေ ကျွန်တော့်ကို သူနဲ့အတင်းတွန်းပို့နေတာလား "

ဝမ်မား " ပိူ့ရမယ်လေ မေမေမြေးချီချင်တယ်သား ပြီးတော့သမီးထိပ်လေးက လှလည်းလှတယ်ထက်လည်းထက်မြက်တယ် သားနဲ့သင့်တော်တယ်လို့မေမေထင်တာပဲ "

ရိပေါ် " မေမေက သူ့ကောင်းကြောင်းတွေပဲသိတာကို "

ဝမ်မား " ဒါဆို မကောင်းတာတွေရှိလို့လား "

ရိပေါ် " သိတော့ဘူးမေမေရာသူများအကြောင်းမပြောချင်ဘူး "

ဝမ်မား " ဖြစ်ရမယ် 😊"

မြစ်ဖျားထိပ် ဆိုတာထက်မြက်တာထက်ပိုလည်နေတဲ့မိန်းကလေးပါ

Club တက်လိုက် high bossတွေနဲ့သာရွေးပေါင်းပြီး မာနကြီးလွန်းသူ

ပြီးတော့ အများအမြင်မှာသာ စီးပွားရေးပြေလည်ပုံထင်ရပေမယ့် တကယ်တမ်းယိုင်လဲနေတဲ့ စီးပွားရေးကို မနည်းထိန်းထားရတာမဟုတ်လား

ရိပေါ် အခုလိုမရိုးသားတဲ့လူကိုမုန်းတယ် ကြည့်မရဘူး

ဖြူစင်ပြီးချစ်စရာကောင်းမည့် သူကိုသာသူလက်တွဲဖော်အဖြစ်အပ်နှင်းချင်သည်

အတွေးလေးနဲ့ ကျေနပ်နေတုန်း အာရုံထဲဝင်လာတဲ့ကောင်သေးသေးလေး

မတွေ့တာ ၅လပင်ပြည့်တော့မှာဆိုပေမယ့် ထူးဆန်းစွာနဲ့ပဲ သူ့ရဲ့မသိစိတ်ကိုခဏခဏလာနှောင့်ယှက်တတတ်သည်

ရိပေါ် ခေါင်းကဆံပင်တွေကို ဖွလိုက်ရင်း

ရိပေါ် " မင်းလေးက ငါ့အာရုံကိုလာနှောင့်ယှက်ရဲရအောင် ဘယ်သူမို့လို့ လည်းကွာ"

ညည်းညူရင်း စိတ်မပါတဲ့ အလုပ်ထဲအာရုံပြန်နှစ်လိုက်၏

.

Part 6 🙆
.
စာမစစ်ထားပါဘူးရှင့်😘အမှားပါရင်သွေ့ပုချီပါ😁

............

Zawgyi





မြစ်ဖျားထိပ် " ရိပေါ် "




ရိပေါ် " ဘာကိစ္စလဲ ထိပ် "















..

.

.







အရင်အပတ်က ရှယ်ယာရှင်တွေနဲ့ဈေးကစားမှုပေါ်လာလို့ bossနဲ့အတူနိင်ငံခြား ပြုန်းစားကြီးလိုက်သွားရတာ






..








ရှောင်းကျန့် " ငါကလာဘ်ကောင်လေးကွ အခုဆိုအကိုမုန့်ယောင် ငါ့ကြောင့်မျက်နှာပွင့်သွားပြီ အရင်ကဆို သူတို့စာအုပ်တိုက်လေးက ဘယ်media မှအရေးမစိုက်ခဲ့ဘူး အခုဆိုဖုန်းတွေတဂွမ်ဂွမ်ဆက်အားကြီးလို့ ပိတ်ထားရတဲ့အထိပဲ နောက်ပြီး sponsors တွေလည်ပေးကြတယ် ဟိဟိ😁"





ကျန်းချန် " ပြောပြီးပြီလေ မင်းဆိုသည်မှာလည်း bossကိုဘယ်လိုမှိုချိုးမျှစ်ချိုးပြောရမလည်းဆိုတာပဲ တွေးနေတယ် ဘာလည်းမဟုတ်မှ မင်း...bossကို..."




.

.







ပြောရင်း မသိစိတ်ထဲပေါ်လာတဲ့ လူကြီးကြောင့်နှုတ်ခမ်းလေးမဆိုသလောက်လေးဆူမိ၏














..

.

..

.
ဝမ်မား " သမီးထိပ် "














..

.

..






..

.
















ရိပေါ် " စားစမ်းပါ "




ရိပေါ် " ဗျာ😳"



ဝမ်မား " ပို့ရမယ်လေ မေမေမြေးချီချင်တယ်သား ပြီးတော့သမီးထိပ်လေးက လှလည်းလှတယ်ထက်လည်းထက်မြက်တယ် သားနဲ့သင့်တော်တယ်လို့မေမေထင်တာပဲ "




ဝမ်မား " ဖြစ်ရမယ် 😊"











.

Part 6 🙆
.

Continue Reading

You'll Also Like

604K 9.4K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
80.3K 3.6K 20
Grosvenor Square, 1813 Dearest reader, the time has come to place our bets for the upcoming social season. Consider the household of the Baron Feathe...
663K 33.4K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
240K 11.1K 32
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...