A chance to change the past (...

By Maihsu-97

111K 6.8K 233

ဟမ်!!.. ငါ​​သေသွားပြီမဟုတ်ဘူးလား... ဘယ်လို​ဖြစ်ပြီးဒီအိမ်ကိုပြန်ရောက်နေတာလည်း!! ဘုရားသခင်က ဝမ်ရိပေါ်ဆိုတဲ့လူမ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-23
Part-24
Part-25 (Final)

Part-22

3.1K 221 8
By Maihsu-97

ရှောင်းကျန့်နှင့်သားတို့ မနက်ကတည်းကအိမ်ကထွက်သွားလိုက်တာ ညနေလောက်ရောက်မှ အိမ်သို့ပြန်လာခဲ့လေသည်။

ရောက်ရောက်ချင်းမှာပဲ အိမ်ရှေ့လမ်းကိုဘယ်လျှောက်လိုက်ညာလျှောက်လိုက်နှင့် လက်ထဲကဖုန်းတစ်လုံးကိုင်ကာ တစ်​ယောက်ထဲအလုပ်ရှုပ်နေတဲ့ရိပေါ်ကိုတွေ့ရလေသည်။

ရှောင်းကျန့်တို့ကိုမြင်သွားတာနဲ့ ရိပေါ်က​ရှောင်းကျန့်တို့​အနားကိုအမြန်နှုန်းနှင့်ရောက်လာလေသည်....

"ရှောင်းကျန့်!!! ဘယ်တွေလျှောက်သွားနေတာလည်းဟမ်! ဘာလို့ကျွန်တော့်ဖုန်းကိုမကိုင်တာလည်း ကျွန်တော်ဘယ်လောက်စိတ်ပူနေမလည်းဆိုတာခင်ဗျားမစဥ်းစားတာလား ရှောင်းကျန့်!"

"ဟို...ငါ..ငါတောင်းပန်ပါတယ် ရိပေါ်"

"ကျစ်! ခင်ဗျားဗျာ...ကျွန်တော်တောင်းပန်တာကိုလိုချင်တာမဟုတ်ဘူး ခင်ဗျားမနက်ကဘာဖြစ်တာလည်း ကျွန်တော့်ကိုပွင့်ပွင့်လင်းလင်းပြောပြရမှာလေ ကျွန်တော်စိတ်ပူနေမယ်ဆိုတာလည်းခင်ဗျားမစဥ်းစားပေးဘူး"

"ငါ..ငါလည်းဘာဖြစ်သွားမှန်းမသိဘူးရိပေါ်..ငါတောင်းပန်ပါတယ် "

"ကျစ်! ထားလိုက်တော့ဗျာ..အခုကောညနေစာစားလာပြီးကြပြီလား"

"အင်း..ငါနဲ့သားစားခဲ့ပြီးပြီ မင်းရော"

"ကျွန်​တော်ကဘယ်စားရသေးမှာလည်း ကျွန်တော့်မှာယောကျာ်းပူရ သားပူရနဲ့ ဇောကြီးနေတာ"

"ငါထပ်တောင်းပန်ပါတယ် ငါမင်းအတွက်ညနေစာပြင်ပေးမယ်နော်"
ရော့ သားကိုချီထားပေး...
ရှောင်းကျန့်ကသားကိုရိပေါ်လက်ထဲထည့်ပေးခဲ့ကာ သူကအိမ်ထဲဝင်သွားလေသည်။

ရှောင်းကျန့်ဝင်သွားမှ ကျန်ခဲ့တဲ့ရိပေါ်ကသားကိုမေးလေသည်။
"သားရေ..မင်းပါပါးဘာဖြစ်နေတာလဲ သားတို့ဘယ်တွေသွားကြတာလဲ"

"သားလည်းသိဘူးဒယ်ဒီ မနက်ကတော့ပါပါးစိတ်ဆိုးနေတာ ဘာစိတ်ဆိုးလည်းတော့သားသိဘူး ပြီးတော့သားတို့ပန်းခြံသွားလည်ကြတာ ညနေရောက်မှပါပါးကပြန်မယ်ဆိုလို့ပြန်လာတာ"

"အင်း ဒယ်ဒီလည်းမင်းပါပါးဘာဖြစ်နေလည်းမသိတော့ပါဘူးကွာ"
လာ အိမ်ထဲဝင်ရအောင်...

.....................

"မင်းညနေစာလာစားလို့ရပြီ ရိပေါ်"

မီးဖိုထဲကရှောင်းကျန့်ရဲ့ခေါ်သံအကြားမှာတော့ ရိပေါ်သားကိုသန့်ရှင်းရေးလုပ်ပေးအပြီးလဲဖြစ်တော့ တစ်ခါထဲညနေစာစားဖို့ဝင်သွားလိုက်လေသည်။

"စားတော့ ရိပေါ် "

"အင်း ခင်ဗျားရော ကျွန်တော်နဲ့လိုက်စားပါလား "

"ငါစားခဲ့ပြီးပြီလေ ရိပေါ်"

"မဟုတ်ဘူးလေဗျာ ကျွန်တော်တစ်ယောက်ထဲစားရမှာအထီးကျန်လို့ ကျွန်တော်နဲ့အတူနဲနဲလောက်ထပ်လိုက်စားပါလို့ပြောချင်တာပါဗျာ လာစား"

"ငါမင်းကိုစားခဲ့ပြီးပြီလို့ပြောနေတယ်နော် ရိပေါ် ငါ့ကိုအတင်းအကျပ်လာမတိုက်တွန်းနဲ့ မင်းဘာသာမင်းစား"

ပြောပြီးရှောင်းကျန့်ကစိတ်ဆိုးသည့်ပုံစံနှင့် မီးဖိုခန်းအပြင်ဖက်ကိုထွက်သွားလေသည်။

ဒီတစ်ခါလဲမနက်ကလိုဘဲ ​ကြောင်ပြီးကျန်ခဲ့ရသူမှာရိပေါ်ဖြစ်လေသည်။ ရှောင်းကျန့်ဘာဖြစ်နေတာလည်း သူတကယ်နားမလည်နိုင်တော့ပေ....

.....................

ရိပေါ်ညစာစားပြီးသိမ်းစရာရှိတာသိမ်းကာအပြင်ထွက်လာတော့ သားနှင့်ရှောင်းကျန့်က ဧည့်ခန်းထဲမှာထိုင်ကာ TV ကြည့်နေလေသည်။

"ဒယ်ဒီလာလေ သားတို့ကာတွန်းကြည့်နေကြတာ"
သားကသူ့ကို​မြင်​တော့အတူလာကြည့်ဖို့ခေါ်လေသည်။

ရိပေါ်လည်း ရှောင်းကျန့်တို့ထိုင်နေတဲ့ဆိုဖာအနားကိုသွားလိုက်ပြီ ရှောင်းကျန့်ဘေးမှာဘဲဝင်ထိုင်လိုက်လေသည်။
သူဝင်ထိုင်လိုက်ပင်မဲ့ ရှောင်းကျန့်ကသူ့ကိုတစ်ချက်တောင်ကြည့်မလာပေ....

ဒါကြောင့်သူထိုင်နေရင်းဘေးက ရှောင်းကျန့်ရဲ့လက်ကိုဖွဖွဆုပ်ကိုင်လိုက်လေသည်။

"ကျစ်! "
ရှောင်းကျန့်ကတစ်ချက်ငြီးကာ ချက်ချင်းရိပေါ်ရဲ့လက်ကိုဖယ်ထုတ်ပြစ်လေသည်။

ရိပေါ်တကယ်ကိုနားမလည်နိုင်တော့ပေ...
ဒါပင်မဲ့ဒီတစ်ကြိမ်လည်း သူအရဲစွန့်ပြီးရှောင်းကျန့်ရဲ့လက်ကိုဆုပ်ကိုင်လိုက်လေသည်။

"ကျစ်! မင်းဘာဖြစ်နေတာလည်း ရိပေါ် အေးဆေးနေနော်"

ရှောင်းကျန့်အသံနဲနဲကျယ်သွားတာကြောင့် ဘေးကTVကြည့်နေတဲ့သားပါလန့်သွားရလေသည်။

"ပါ...ပါပါး"

"ဘာမှမဖြစ်ဘူးသား လာ..သားအိပ်ချိန်ရောက်ပြီ နောက်မှဆက်ကြည့်တော့"

ပြောပြီးရှောင်းကျန့်ကသားကိုချီကာအခန်းထဲဝင်သွားလေသည်။

................

"ကျစ်! ရှောင်းကျန့်ဘာတွေဖြစ်နေတာလည်းကွာ"
ရိပေါ်တွေးပြီး ခေါင်းရှုပ်စွာနဲ့ ဆံပင်တွေကြားထဲလက်ထိုးဖွလိုက်ကာ ဆိုဖာပေါ်မှာတစ်ယောက်ထဲငိုင်ငိုင်ကြီးထိုင်နေမိလေသည်။

ခဏအကြာမှာတော့ ရှောင်းကျန့်တစ်ယောက်သားကိုသိပ်ပြီးလို့ထင်သည်။ အပြင်ပြန်ထွက်လာလေသည်။

"ငါတို့သေချာဆွေးနွေးရအောင် ရိပေါ်"

ရုတ်တရက်ကြီးရှောင်းကျန့်ကရိပေါ်ကိုဆွေးနွေးရအောင်လို့ပြောလေသည်။

"ပြောလေရှောင်းကျန့် ခင်ဗျားဘာဖြစ်နေလဲကျွန်တော်လည်းတကယ်နားမလည်တော့ဘူး"

"မနက်ဖြန် ဘာနေ့လည်းမင်းသိလား"

"မနက်ဖြန် ဘာနေ့လဲ သောကြာနေ့လေ"

ဟမ့်!
ရိ​ပေါ်ဖြေတဲ့အဖြေကြားတော့ ရှောင်းကျန့်ခြောက်ကပ်စွာတစ်ချက်ရီမိလေသည်။

"ဘာလည်း ဘာရီတာလည်းရှောင်းကျန့်"

"မင်းတကယ်ကိုအဖေကောင်းပီသပါပေတယ်ရိပေါ် ကိုယ့်သားမွေးနေ့တောင်ကိုယ်မသိဘူး ရီရတယ်"

"ဒါ..ဒါဆိုမနက်ဖြန် ဝမ်ကျန့်လေးရဲ့မွေးနေ့..."

"ဟမ့်!ထားလိုက်ပါတော့ မင်းကိုပြောလဲအပိုပဲ ဒီကလေးကမင်းလိုချင်လို့ရခဲ့တဲ့ကလေးမှမဟုတ်တာ မှတ်မထားတာမင်းမမှားပါဘူး လာပြောမိတဲ့ငါကိုကမှားတာ "

"မဟုတ်ဘူးရှောင်းကျန့် ကျွန်တော်တကယ်တောင်းပန်ပါတယ် ကျွန်တော်ဒီနေ့ခင်ဗျားတို့ကိုစိတ်ပူနေတာနဲ့ဘာကိုမှမတွေးလိုက်မိဘူးဖြစ်သွားတယ် ကျွန်တော်ထပ်ပြီးတောင်းပန်ပါတယ် မနက်ဖြန်သားမွေးနေ့မှာကျွန်တော်တို့သားအတွက်ဘာတွေလုပ်ပေးကြမလည်းဟင်"

"ထားလိုက်ပါ ဝမ်ကျန့်လေးကငါ့သားလေ မင်းသားမှမဟုတ်တာ အဲ့ဒီအတွက်မင်းဘာမှလုပ်ပေးစရာမလိုပါဘူး ငါ့ဘာသာငါ့သားအတွက်လုပ်ပေးမယ်"

"ရှောင်းကျန့်!!!! ခင်ဗျားတကယ်ဘာဖြစ်နေတာလည်း ကျွန်တော်တောင်းပန်ပါတယ်လို့ပြောပြီးပြီလေ"

"မင်းငါ့ကိုလာမအော်နဲ့ရိပေါ် ဝမ်ကျန့်လေးကလဲမင်းသားမဟုတ်ဘူးငါတစ်​ယောက်ထဲရဲ့သား ပြီးတော့ငါကိုယ်တိုင်လည်းမင်းကိုတော်တော်စိတ်ပျက်လာပြီ ငါမင်းနဲ့ပက်သက်ပြီးအရာအားလုံးကိုလက်လျှော့လိုက်ပြီရိပေါ် ငါဘာမှမမျှော်လင့်တော့ဘူး"

"ကျစ်! ရှောင်းကျန့်ခင်ဗျားဘာဖြစ်နေတာလဲကျွန်တော့်ကိုပွင့်ပွင့်လင်းလင်းပြော"

"ငါမင်းနဲ့ကွာရှင်းချင်တယ် ရိပေါ် ငါလက်လျှော့လိုက်ချင်ပြီ"

ရှောင်းကျန့်!!!!!!!!!!!
ခင်ဗျားဒီစကားကို ဒီလိုလွယ်လွယ်ပြောတယ်ပေါ့ ကျွန်တော်ပြောတာရှင်းရှင်းလေး ခင်ဗျားဘာဖြစ်နေတာလည်း ကျွန်တော့်ကိုပွင့်ပွင့်လင်းလင်းပြော ရှောင်းကျန့်ရဲ့ပွင့်ပွင့်လင်းလင်းပြော! !!
ရိပေါ်ရှောင်းကျန့်ပြောတဲ့စကားကိုကြားပြီးစိတ်ဆိုးလွန်းသဖြင့် ရှောင်းကျန့်အနားသွားကာ လက်မောင်းသားတွေကိုအားနှင့်ဆုပ်ကိုင်ထားလေသည်။

"ငါ့ကိုလွှတ်စမ်းရိပေါ်ပြီးတော့ငါ့ကိုလာမအော်နဲ့ မင်းကိုမုန်းတယ်"

"ငါ့ကိုလွှတ် အွန့်!.အင့်!.."

အမုန်းစကားတွေတန်းစီထွက်လာတဲ့ရှောင်းကျန့်ရဲ့နှုတ်ခမ်းပါးဆီကထပ်ထွက်လာမဲ့စကားသံတွေကို ရိပေါ်မကြားချင်တော့တာကြောင့် သူ့နှုတ်ခမ်းနှင့်ထပ်တူကြစေကာ နှုတ်ပိတ်လိုက်လေသည်။

"အွန့် အင့်! အွန့် ပြွတ်စ် "
နောက်ဆုံးတစ်ချက်နှုတ်ခမ်းကိုအားရပါးရတစ်ချက်စုပ်နမ်းလိုက်ပြီးမှ ရှောင်းကျန့်နှုတ်ခမ်းကို ရိပေါ်လွှတ်ပေးလိုက်လေသည်။

နမ်းရတာမောပြီးရှောင်းကျန့်တစ်ယောက်ကတော့ ရိပေါ်ကိုရန်တောင်ပြန်မတွေ့နိုင်ဘဲ အသက်လုရူနေရလေသည်။

ရိပေါ် အသက်လုရူနေရတဲ့ရှောင်းကျန့်ကိုသူ့ရင်ခွင်ထဲဆွဲထည့်ကာ ခေါင်းလုံးလေးကိုတစ်ချက်နမ်းလိုက်လေသည်။

"နောက်တစ်ခါဘယ်လောက်စိတ်ဆိုးစရာရှိရှိ ကျွန်တော့်ကိုမုန်းတယ်မပြောနဲ့ရှောင်းကျန့် ကွာရှင်းတဲ့အကြောင်းလဲဟမလာနဲ့ ဘယ်တော့မှအဲ့လိုဖြစ်ခွင့်ပေးမှာမဟုတ်ဘူး"

ပြီးတော့မနက်ဖြန် သားမွေးနေ့ကိုကျွန်တော်တို့ဂေဟာတစ်ခုမှာသွားပြီးအလှူလုပ်ရအောင် ပြီးရင်သားကိုမနက်ဖြန်လက်ဆောင်လေးတွေပေးမယ် သားသွားချင်တဲ့နေရာတွေလိုက်ပို့မယ် ညနေကြရင်တော့ မားတို့ကိုခေါ်ပြီးအိမ်မှာပဲမိသားစုတွေပျော်ပျော်ပါးပါးစားသောက်ကြမယ် ဟုတ်ပြီလား"

"..............."
ရှောင်းကျန့်လဲ သူ့ကိုသူနားမလည်နိုင်တော့ပေ..အမှန်ဆိုဒီကိစ္စကစိတ်ဆိုးစရာမှမဟုတ်တာ..သူဘာလို့အဲ့လိုပြောလိုက်မိလည်းသူနားမလည်ပေ...ခုနကတော့စိတ်ဆိုးနေပင်မဲ့ ရိပေါ်သူ့ကိုနမ်းလိုက်တော့ ဆိုးနေတဲ့စိတ်တွေကလုံးဝအနည်ထိုင်သွားရလေသည်။

"ကျွန်တော်တို့ရန်မဖြစ်တော့ဘူးနော်ရှောင်းကျန့် အချိန်မစောတော့ဘူးအိပ်ကြရအောင် "

"အင်း...ငါတောင်းပန်ပါတယ်ရိပေါ်"

"ရပါတယ် ကျွန်တော်လဲတောင်းပန်ပါတယ်ဗျာ..ချစ်တယ်နော်ကျွန်တော့်အမျိုးသားလေး"

"အင်း ငါလည်းချစ်တယ် ရိပေါ်"

...................

"ဘယ်လိုလည်းရှင်းရှင်း အခြေအနေ"

"မဆိုးဘူးလို့တော့ပြောရမယ် ကြယ်စင်"
ငါစုံစမ်းထားသလောက်ကတော့ ရှောင်းကျန့်ဒီနေ့မနက်ထဲကရိပေါ်နဲ့ရန်ဖြစ်ပြီးအိမ်ကထွက်သွားတာ ညနေမှပြန်ရောက်တယ်တဲ့"

"ဟဲ့ ဘယ်ဆိုးလို့လည်းအစီအရင်ကစွမ်းသားဘဲ"

"ဟုတ်တယ် ဒီလိုအခြေအနေအတိုင်းဆက်သွားမယ်ဆို မကြာခင်မှာ သူတို့အိမ်ထောင်ရေးပျက်စီးတော့မှာကို ငါကပျော်ပျော်ကြီးထိုင်ကြည့်နေရုံပဲ ဟားးဟားးဟားး"
ငါအရမ်းမြင်ချင်နေတဲ့မြင်ကွင်းကို မ​ကြာခင်ငါမြင်ရတော့မှာ..ကြယ်စင်ရဲ့

"အေးပါဟယ် နင်ဖြစ်ချင်သလိုဖြစ်ခွင့်ရနေတဲ့အတွက် ငါဝမ်းသာတယ်နော်သူငယ်ချင်း"

"အေးပါသူငယ်ချင်း နင့်ကိုလည်းကျေးဇူးတင်ပါတယ် ငါဖုန်းချပြီနော်"

"အေးအေး ဟုတ်ပြီ"

ရှင်းရှင်းတစ်ယောက်ကတော့ဖုန်းချပြီးချိန်မှာ အတွေးနဲ့သိပ်ကိုပျော်နေခဲ့ပြီး မကြာခင်ဖြစ်လာတော့မဲ့အရာတွေကို ကြိုမြင်နိုင်စွမ်းမရှိခဲ့ပါပေ.....

TBC....
ဖတ်ပေးကြတဲ့သူတွေ Vote ပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင့် စောင့်ပြီးဖတ်ပေးကြလို့ကျေးဇူးလည်းတင်သလို အားလည်းနာရပါတယ်ရှင်🥀

▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

Zawgyi....



ရှောင်းကျန့်တို့ကိုမြင်သွားတာနဲ့ ရိပေါ်ကရှောင်းကျန့်တို့အနားကိုအမြန်ရောက်လာကာ....








ရော့ သားကိုချီထားပေး...



လာ အိမ်ထဲဝင်ရအောင်...

.....................



"စားတော့ ရိပေါ် "







.....................





"ကျစ်! "




"ပါ...ပါပါး"



................








ဟမ့်!











ရှောင်းကျန့်!!!!!!!!!!!









"..............."





...................






"အေးပါသူငယ်ချင်း နင့်ကိုကျေးဇူးတင်ပါတယ် ငါဖုန်းချပြီနော်"

"အေးအေး ဟုတ်ပြီ"


TBC....

▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫


Continue Reading

You'll Also Like

954K 21.8K 49
In wich a one night stand turns out to be a lot more than that.
112K 3.3K 31
"she does not remind me of anything, everything reminds me of her." lando norris x femoc! social media x real life 2023 racing season
215K 4.5K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
238K 11K 32
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...