မိုးမြေရပ်ကြည့်နေမည်ဆိုတာသိတာ
ကြောင့် ရောင်လွင် က club ထဲဝင်
ဟန်ပြကာ အသာချောင်းကြည့်ပေမယ့်
သူ club ထဲဝင်သွားတာမြင်တဲ့ ကိုနိုင်း
ကတော့ အလိုက်မသိစွာနှင့် ဖုန်းတွေ
ဆက်တိုက်ခေါ်နေလေသည်။
အခုနောက်ပိုင်း ကိုနိုင်းကအရမ်းကို
ဇွတ်တရွတ်ပိုဆန်လာပြီး သူ့ဘက်ကို
နည်းနည်းလေးတောင်မကြည့်ပေ။
ကိုယ်ဖြစ်ချင်တာကိုသာ ဦးစားပေး
လွန်း၏။ သူ့ရဲ့သည်းခံမှုကလည်း
တော်တော်လေး ကုန်ဆုံးနေပြီဖြစ်တယ်။
(၇)နှစ်နီးပါးရှိပြီ သူသည်းခံလာတာ။
အချစ်တစ်ခုအနောက်ကိုလိုက်ပြီး
သူငယ်ချင်းတွေကိုလိမ်ထားမိရုံမက
မိုးမြေကိုဆို နောက်ကျောကဓားနဲ့ထိုး
နေသလိုတောင် ဖြစ်နေတယ်။
ကိုယ့်ဘဝကိုလည်း အပျက်သာသာ
အဆင့်အရောက်ခံလို့။ ဒီယောက်ျား
တစ်ယောက်အတွက်နဲ့ သူဘယ်လောက်
အထိများ ပေးဆပ်ရအုံးမှာလဲ။
ဒီယောက်ျားကရော ဘယ်တော့များမှ
သူ့ကို တန်ဖိုးထားပြီးချစ်လာမှာလဲ။
သူဆက်ပြီးမျှော်လင့်သင့်ရဲ့လား။
"အာ့"
ဝဲတက်လာတဲ့မျက်ရည်စကိုမျက်တောင်
များ ပုတ်ခတ်လို့ သိမ်းဆည်းနေတုန်း
ဆောင့်ဆွဲခံလိုက်ရတဲ့လက်ကြောင့်
နာသွားသဖြင့်ကြည့်လိုက်ရာ ကိုနိုင်း
ဖြစ်နေပြီး သူ့ကိုတစ်ရွက်တိုက်ဆွဲခေါ်
သွားလေသည်။
"လွှတ်ပေး...နာနေပြီ"
"ငါ့ကိုဘယ်လိုလေသံနဲ့ပြောနေတာလဲ"
"ကိုနိုင်းကြားတဲ့အတိုင်းပဲ"
"ခက်ရောင်လွင်!"
သူ့နာမည်ကိုကျယ်လောင်စွာအော်
ခေါ်လာသံနဲ့အတူလေပေါ်မြောက်လာ
တဲ့လက်ဖဝါးကြောင့် ရောင်လွင်က
ရိုက်ချင်ရိုက်လိုက်ဆိုသည့် ပုံစံနှင့်
ခပ်ပေပေ ပြန်ကြည့်လိုက်တယ်။
"တောက်ခ်"
"မင်းငါလုပ်ရင်သေတော့မယ်"
ပြောနေကျစကားတစ်ခွန်းပြောပြီး
သူ့မျက်နှာရှေ့လက်ညိုးငေါက်ငေါက်
ထိုးလျက် ကြိမ်းဝါးသည်။
ပြီးနောက် လက်ကောက်ဝတ်ကိုတဖန်
ဆုပ်ကိုင်ကာ ကားအနားသို့ဆွဲခေါ်လာ
ပြီး ကားထဲသို့အတင်းထည့်ကာ ထိုင်စေသည်။
"ကိုနိုင်း ဘယ်လိုဖြစ်နေလဲ"
"မင်းပါးစပ်ကိုပိတ်ထားလိုက်"
ကိုနိုင်း၏အသံမှာခပ်သြသြနှင့်ဒေါသံ
ပါနေ၍ ကလပ်ထဲကထွက်လာသူများ
ကတောင် သူတို့ကားရှိကိုလှမ်းကြည့်
သွားကြသည်။
သူနဲ့ပတ်သတ်မှုကိုလူသိမှာကြောက်
လွန်းတာလည်း ကိုနိုင်းပဲ။ လမ်းလယ်ခေါင်မှာအော်ဟစ်နေတာလည်း
ကိုနိုင်းပဲ။ သူ့ကိုယ်သူ ပြည့်စုံ group
ဥက္ကဌ ဆိုသည်ကိုပင်မေ့နေပုံပေါ်၏။
အပြုမှုများက ကြမ်းတမ်းလွန်းသည်။
"ကိုနိုင်း"
"မင်းအသံကိုငါမကြားချင်ဘူး"
ထိုစကားကြောင့်ရောင်လွင်ကသူ့မျက်
နှာကိုသူ သပ်ချလိုက်ပြီး သက်ပြင်း
တစ်ချက်ရှိုက်သည်။
နိုင်းကတော့ မောင်းနှင်သူနေရာမှာ
ဝင်ထိုင်ပြီး club အရှေ့မှ အရှိန်ပြင်းစွာမောင်းထွက်လာခဲ့သည်။
"ငါစောင့်နေမယ်ပြောတာကို မင်းက
ဘာကိစ္စ club ထဲ ပြန်ဝင်သွားတာလဲ"
"မိုးမြေလှမ်းကြည့်နေလို့လေ"
"သူသိမှာအဲ့လောက်တောင်ကြောက်
လား"
"ကိုနိုင်း ကရော မကြောက်ဘူးလား"
နိုင်းဘက်သို့ မျက်နှာသေနှင့်လှည့်
ကြည့်ကာမေးလိုက်တော့ ကိုနိုင်းက
တောက်ခတ်ပြန်တယ်။
"တောက်ခ်"
"အမေးကို အမေးမထပ်နဲ့"
ရောင်လွင်လည်းဘာမှဆက်မပြောချင်
တော့တာကြောင့် မျက်နှာကိုလွှဲကာ
အကြည့်တို့ကို လမ်းမထက်ပို့လိုက်ချိန် အုတ်ခုံတစ်ခုပေါ်မှာထိုင်နေတဲ့ မိုးမြေ
ကို လှမ်းတွေ့လိုက်တာကြောင့် လျှင်မြန်
စွာဘဲ ကိုယ်ကိုလျောချလို့ ပုံးကွယ်
လိုက်တယ်။ ပြီးနောက် နိုင်း၏ပေါင်
ကို ပုတ်ကာ မြန်မြန်မောင်းဖို့ပြောတယ်။
"မြန်မြန်မောင်းပါ မြန်မြန်လေးမောင်း
ပေးပါ ကိုနိုင်း"
"ဘာဖြစ်တာလဲကွ"
"အလန့်တကြား"
ထိုင်ခုံအောက်ခြေကြားထဲအတင်းတိုး
ထိုင်ကာအမြန်မောင်းခိုင်းနေတာ
ကြောင့် နိုင်းက ငုံကြည့်ကာမေးလိုက်
တော့ သူ့ကိုမော့ကြည့်ကာ လက်အုပ်
ချီလျက် ငိုချတော့မည့်မျက်နှာနှင့်
တောင်းဆိုနေတာကြောင့် ကျစ်သပ်ရင်း
လီဗာကိုဆောင်းနင်းကာ အရှိန်တင်
လိုက်တယ်။
မိုးမြေကတော့စီးကရက်ကိုခေါင့်မော့
ကာဖွာရှိုက်ရင်း လက်ထဲကပုလင်းကို
မော့နေသည်ကြောင့် အရှိန်ပြင်းစွာနှင့်
သူ့အရှေ့မှ မောင်းထွက်သွားသော
ကားကို အာရုံမစိုက်လိုက်နိုင်ပေ။
အကယ်၍များအာရုံစိုက်မိလိုက်လျှင်
ရင်းနှီးပြီးသား ကားနံပါတ်ကြောင့်
သူ့ရင်ထဲမှာအစိုင်အခဲတစ်ခုဖြစ်သွား
မှာသေချာပါ၏။
ရောင်လွင်က မိုးမြေထိုင်နေသည့်
နေရာကိုကျော်လာမှ အသာထလို့
ကားမှန်ကိုချကာ အပြင်သို့လည်ပြန်
ခေါင်းထွက်လို့ကြည့်သည်။
ဝိုးတိုးဝါးတားမြင်ရသည့်မိုးမြေ၏
ပုံရိပ်လေးမှာ နွမ်းလျသည့်အသွင်ကို
ဆောင်နေ၍ ရင်ထဲမကောင်းဖြစ်သွားရ၏။
"ဘာဖြစ်နေလဲ"
"ကားရပ်ပေးပါ ကိုနိုင်း"
"မရပ်ပေးတော့ဘာဖြစ်ချင်လဲ"
"ကျွန်တော်တောင်းဆိုနေတာပါ"
"ဘယ်ကောင်ကိုတွေ့လို့ မင်းက
အဲ့လောက်ဖြစ်နေတာလဲ"
"မိုးမြေ"
သူ့စကားကြားတော့ ကိုနိုင်းက ကား
ကို လမ်းဘေးချရပ်ပြီး သူ့ဘက်ကို
လှည့်ကာ ရင်ဘတ်မှ အင်္ကျီစကိုဆွဲဆုပ်လာတယ်။
"မင်းငါ့ညီကိုကြိုက်နေတာလား"
"ကိုနိုင်း ဒါပဲတွေးတတ်တာလား"
"ဘာကွ!"
"အာ့..."
လည်ပင်းကိုညစ်လိုက်တာကြောင့်
ရောင်လွင်က နိုင်း၏လက်ကိုဆုပ်ကိုင်
ကာ ဖယ်ချသော်လည်းမရ။
"အာ့...နာနေပြီ"
ကိုနိုင်းကသူ့ကိုဆိုအမြဲညှာတာမှုမရှိ
ကြမ်းတမ်းလွန်းသည်။
"အဟွတ်...အဟွတ်"
"မိုးမြေကသူငယ်ချင်း...အဟွတ်"
ကိုနိုင်းသူ့လည်ပင်းကိုလွှတ်ပေးပြီး
သည်နှင့် ရောင်လွင်ကအလုအယက်
ပြောသည်။
"သူထပ်သောက်နေတယ် ကျွန်တော်
စိတ်မချဘူး ကိုနိုင်းနဲ့မလိုက်နိုင်တော့
ဘူး မိုးမြေဆီသွားမှဖြစ်မယ်"
"တောက်ခ်...မင်းစောက်ကြောင်း
ကြီးပဲ"
"နောက်ဆို ကျွန်တော့်ကိုကြိုမပြောဘဲ
မလာပါနဲ့"
အရဲကိုးကာပြောလိုက်ပြီးကားပေါ်မှ
ဆင်းရန်ပြင်လိုက်ပေမယ့် ကိုနိုင်းက
သူ့အင်္ကျီလည်ဂုတ်ကိုဆွဲဆောင့်လိုက်
သည်ကြောင့် ကိုနိုင်း၏ရင်ဘတ်နှင့်
သူ့ကျောပြင်မှာထိစပ်သွားသည်။
"မင်းအဆင့်နဲ့များ ငါ့ကိုမလာနဲ့လို့
ပြောတာလား"
"အာ့...မဟုတ်ပါဘူး"
မေးဖျားကိုဆုပ်ကိုင်ကာ သူ့ဘက်
အတင်းလှည့်စေပြီးပြောတော့
ရောင်လွင့်မှာ နီးကပ်လွန်းနေသည့်
မျက်နှာကြောင့် မနမ်းမိအောင်မျက်နှာ
ကို အတင်းမော့ထားရသည်။
"မင်းဘယ်ကောင့်အားကိုးနဲ့ငါ့ကို
ပြန်ပြောနေတာလဲ ဟမ်!"
"မဟုတ်...ပါဘူး ကျွန်တော့်သူငယ်ချင်း
တစ်ယောက်တည်းဖြစ်နေလို့ သွားခွင့်
ပေးပါ"
ကိုနိုင်းကို အာခံပြီးပြောဆိုခဲ့တာမရှိ
ပေမယ့် ဒီတစ်ခါတော့မရပါ။
မိုးမြေကို စိတ်မချတာကြောင့်သူမရ
ရအောင် သွားမှဖြစ်မယ်လေ။
ကိုနိုင်း ကို သူဘယ်လောက်ချစ်ချစ်
ဘုရားကလက်ဆောင်အဖြစ်ပေးသနား
ထားတဲ့ သူငယ်ချင်းကိုတော့ လျစ်လျူ
မရှုနိုင်ပါ။
"မင်းပြောနေတဲ့သူငယ်ချင်းဆိုတာ
ငါ့ညီပါ...မင်းကားပေါ်က ဆင်းတော့
ငါ့ညီကို ငါခေါ်ပြီးပြန်မယ် မင်းစိတ်ပူ
စရာမလိုဘူး"
"ဟုတ်...ဟုတ်ကဲ့"
နိုင်း၏စကားကိုသူခပ်မြန်မြန်ပဲ
လာခံလိုက်ပြီး ကားပေါ်မှဆင်းလိုက်
တယ်။
"မိုးမြေကို အများကြီးမဆူပါနဲ့နော်"
"မင်းအကြောင်းမဟုတ်ဘူး ပါးစပ်
ပိတ်ထား!"
ဂငယ်ကွေ့ကာ အရှိန်ပြင်းစွာမောင်း
ထွက်သွားတဲ့ကားကိုကြည့်ရင်း
သက်ပြင်းရှိုက်လျက် အကွယ်တစ်
နေရာမှာအသာပြေးပုံးလိုက်တယ်။
ဒီလမ်းကပဲ မိုးမြေတို့ကပြန်မှာလေ။
သူ့ကိုမြင်သွားလို့မဖြစ်ဘူး။
ကိုနိုင်း မိုးမြေကို သေချာပြန်ခေါ်ရဲ့
လားသူစောင့်ကြည့်ချင်သေးတယ်။
သူ့ညီကိုသူ သိပ်ချစ်တာသိပေမယ့်
ခန့်မှန်းရခက်လွန်းတဲ့ ကိုနိုင်းရဲ့ စိတ်
တစ်စုံကြောင့် သူစောင့်ကြည့်ဖို့ ရွေး
ချယ်လိုက်ခြင်းဖြစ်တယ်။
သိပ်မကြာလိုက်ခင်မှာပဲ သူ့အရှေ့မှ
ဖြတ်သွားတဲ့ကားအဖြူလေးထဲမှာ
မျက်လုံးစုံမှိတ်ကာထိုင်နေတဲ့မိုးမြေကို တွေ့တော့မှစိတ်ချစွာပြုံးရင်း စီးကျနေ
တဲ့ မျက်ရည်များကို သုတ်ဖယ်လို့
အကွယ်နေရာမှထွက်လာကာ အိမ်ပြန်
လမ်းကိုဦးတည်လိုက်၏။
"ငမူးကောင် အိမ်တန်းပါဆိုတာကို
သောက်သေးတယ်"
မိုးမြေအပေါ် ငြူစူစကားကိုရေရွတ်
ရင်း ကျောပိုးအိတ်ကိုသေချာပြင်
လွယ်လိုက်တော့ ကြိုးမှာညှိနေတဲ့
stick တစ်ခုနှင့်တွဲလျက်ကြိုးတစ်
ချောင်းကိုတွေ့လိုက်ရသည်။
"ကိုနိုင်း ကားပေါ်ကနေညှိပြီးပါ
လာတာထင်တယ်"
ညှိပြီးပါလည်းပါချင်စရာ။ ကားပေါ်မှာ
ဒီလောက်ရုန်းရင်းဆန်ခက်ဖြစ်နေတာ
ခဲ့တာကို။
ရောင်လွင်လည်း နောက်မှပြန်ပေး
လိုက်မည်တွေးရင်း ကျောပိုးအိတ်ထဲ
ထည့်သိမ်းကာ အိမ်သို့ပြန်လာခဲ့၏။
.
.
.
မနက်ခင်းမှာသူ့မျက်နှာကိုစူးနေအောင်
ထိုးနေတဲ့နေရောင်ကြောင့် မိုးမြေက
အိပ်ယာမှထလာပြီး ထိုးကိုက်နေတဲ့
ခေါင်းကိုဖိထားလေသည်။
ညကသောက်တာများသွားသည်လေ။
ပုံမှန်ဆို ရောင်ရောင် နဲ့ ယက္ခကသာ
သောက်တာများတတ်ပြီး သူတို့နှစ်
ကောင်ကို ထိန်းဖို့အတွက် သူက
အများကြီးသောက်လေ့မရှိပေ။
မနေ့ညက သူ့ကို ကိုကိုကလမ်းကြုံ
တွေ့လို့ အိမ်ကိုခေါ်လာခဲ့သည်။
အခုမနက်တော့ဆူတော့မလားတွေး
ရင်း ခေါင်းကိုတဗြင်းဗြင်ကုတ်လျက်
ရေချိုးခန်းထဲသို့ ဝင်သွားသည်။
နိုင်းကတော့ ရုံးနောက်ကျနေပေမယ့်
အခုထိဆင်းမလာသေးတဲ့ ညီငယ့်ကို
ကော်ဖီသောက်ရင်း စောင့်နေသည်။
ရေမိုးချိုးပြင်ဆင်ပြီး ဆင်းလာတဲ့
ညီငယ်ကသူ့ကိုပင်မမြင် မျက်လုံးမှိတ်
ကာ နားထင်ကိုဖိကိုင်လျက် လျှောက်
ဝင်လာသည်။ နိုင်းကခေါင်းခါရမ်း
လျက် black coffee မှာ သံပုရာသီး
တစ်စိပ်ညစ်ပြီး မွှေနေသည်။
"ကိုကို"
"သောက်လိုက်"
"ဟီး...ကျေးဇူး"
ကိုကိုကမ်းပေးတဲ့ black coffee ကို
သောက်လိုက်မှ အနည်းငယ် နေလို့
ကောင်းသွားသည်။ အဆူခံရန်အသင့်
အနေအထားနဲ့ သတင်းစာဖတ်နေတဲ့
ကိုကို့ ကိုမော့ကြည့်လိုက်တော့ ကိုကို
ကလည်း မျက်မှန်အကြည်လေးကို
နှာရိုးပေါ် ပင့်တင်ရင်း သူ့ကိုကြည့်လာ
သည်။
"နောက်ရက် အများကြီးသောက်တာ
မလိုချင်ဘူး"
"အင်းပါ ကိုကိုရ"
"ခါတိုင်း မနေ့ညကလောက်မသောက်
ပါဘူး ဘယ်လိုဖြစ်တာလဲ ပြီးတော့
လမ်းဘေးမှာထိုင်သောက်တာမျိုး
ကိုကို မကြိုက်ဘူး"
"ဟုတ်ပါ့ ကျွန်တော်လည်းဘယ်လို
ဖြစ်သွားလည်းမသိဘူး"
မိုးမြေက စကားကိုရောချပြောပြီး
ကိုကို့ကိုပြုံးရင်းသာကြည့်နေလိုက်
တယ်။
"အသဲကွဲနေလို့လား"
"အာ...အသည်းကွဲရအောင်
ကျွန်တော့်မှာ ချစ်သူမှ မရှိတာ"
"ချစ်ရသူရောရှိနေပြီလား"
"ဟားဟား...ကိုကိုကလည်းဘာတွေ
မေးနေတာလဲ"
နိုင်းကညီငယ်၏လှုပ်ခတ်သွားတဲ့
မျက်စံများကိုကြည့်ရင်း မျက်လုံးတစ်
စုံမှာ မြှင့်တက်သွားသည်။
"မရှိရင် ကိုကို့ မိတ်ဆွေတွေမှာ
သမီးချောလေးတွေရှိတယ် ညီငယ့်ကို
မိတ်ဆက်ပေးမယ်"
"မလိုပါဘူး ကျွန်တော့်ကအချစ်က
ကိုယ်တိုင်ပဲရှာဖွေမှာ"
"ဘဝအတွက် အရေးမပါတဲ့အချစ်ကို
များ ညီငယ်ရယ် အရေးတယူလုပ်လို့"
ထိုစကားကြောင့် မိုးမြေကတစ်ချက်
ပြုံးလိုက်ပြီး နိုင်းကိုတည့်တည့်စိုက်
ကြည့်ပြီး အမေးရှိလိုက်တယ်။
"ဒါဆို ချိန်းဟေသာကို ကိုကိုမချစ်
ဘူးပေါ့"
"ဒီလောက်အဖိုးတန်တဲ့မိန်းကလေးကို
မချစ်ရအောင် ကိုကို ရူးမနေဘူး
ညီငယ်"
ကိုကို က ကိုယ့်စိတ်ကိုယ်ညာနေတာပဲ။
ကိုကို့ ရင်ထဲမှာ အမှန်တကယ် ဘယ်သူ
ရှိနေတာလဲ။ အဖိုးတန်တဲ့မိန်းကလေး
ဆိုတဲ့စကားက ကိုကိုက ချိန်းဟေသာ
ကို တန်ဖိုးထားလို့မဟုတ်ဘဲ ချိန်းဟေ
သာရဲ့ နောက်ခံက တန်ဖိုးရှိကြောင်း
ကိုကိုပြောနေတာပဲ။
"ညီအစ်ကိုချင်းချစ်လို့ သတိပေး
လိုက်မယ်ကိုကို"
သူ့စကားကြောင့်ကိုကိုက မျက်ခုံး
တစ်ဖက်ပင့်လို့ကြည့်လာတယ်။
"လောကမှာ ကိုယ့်စိတ်ကိုယ်ညာတဲဲ့
လူက ဒဏ်ရာအများဆုံးရတတ်တယ်"
"ဟက်...ကိုကို ဟေသာ့ကိုချစ်တယ်
ပြောတာကို ညီငယ်ကမယုံတာလား"
"မဟုတ်ရပါဘူးဗျာ"
"ကိုကို့သဘောပါ ကျွန်တော်ကကိုကို့လောက် မထက်မြက်တော့ အချစ်အနောက်ပဲ အရူးလိုလိုက်ပါရစေ"
နိုင်းကခေါင်းခါရမ်းလျက်ပြုံးရင်း
သတင်းစာကိုချကာ မီးဖိုခန်းထဲမှ
မထွက်ခင်ပြောသွားတဲ့စကားကြောင့်
မိုးမြေ၏မျက်ခုံးတန်းများဟာ စုကုတ်
သွား၏။
"ညီငယ်တို့အဖွဲ့က အချစ်ရူးတွေပဲ"
ယက္ခကိုရည်ညွှန်းပြီးပြောသွားသလား
ဖြည့်တွေးရင်းသာ coffee ကိုငုံသောက်
လိုက်တယ်။ ရုတ်တရက် ညက ကိုကို့
ကားပေါ်တက်တက်ချင်း ရောင်ရောင့်
၏ အနံ့ကို ရလိုက်သည်ကို သတိရ
သွားကာ အောက်နှုတ်ခမ်းကို ဖိကိုက်
လိုက်မိတယ်။
မူးမူးရူးရူးနဲ့ ကိုယ်စွဲလမ်းရာရနံ့ကိုများ
စိတ်ထဲစွဲနေတာများလား။
ကိုကို့ ကားထဲမှာဘာအကြောင်းနဲ့မှ
ရောင်လွင်နဲ့ ပတ်သက်တာရှိရမှာလဲ။
ငါ့အတွေးတွေတော့ မူမမှန်တော့ဘူးဘဲ။
စိတ်ပေါက်ပေါက်နှင့်ရောင်လွင်ဆီ
ဖုန်းခေါ်လိုက်တော့ ဖုန်းကမအားပေ။
မိုးမြေလည်း ထရပ်လိုက်ပြီး ကားသော့
ဆွဲကာ ထွက်လာလိုက်တယ်။
ဒီနေ့မနက်ပိုင်းမှာ ရောင်ရောင်မှာ
အလုပ်ချိန်မရှိဘူးလေ။ အိမ်ကိုလိုက်
သွားရင်တော့ မိမှာပဲအရှုပ်ထုတ်လေးကို။
ရောင်လွင်ကတော့ ကိုနိုင်း၏ဖုန်းကို
ဆက်ပြီး stick ပါလာကြောင်းပြော
မိရာကုမ္ပဏီကို အရေးကြီးလို့အခုချက်ချင်းလာပို့ပေးဆိုသည့်စကား
ကြောင့် လေးကန်သောခြေလှမ်းများ
ဖြင့် ထွက်လာရသည်။
တစ်လမ်းလုံးချိန်းဟေသာဆိုသည့်
မိန်းကလေး မရှိပါစေနဲ့ဟုဆုတောင်း
နေမိ၏။ မဟုတ်ရင်သူပဲ နာကျင်ခံစား
ရမှာလေ။ ကိုနိုင်းက သူ့အရှေ့ရောက်
မှ အပိုတွေလုပ်ပြတတ်လွန်းလို့
သူတော်တော်လေးကြောက်နေပြီ။
အကြိမ်ကြိမ်ကြုံရတာတောင် နေသား
မကျသေးသည့်အပြင် ပိုပိုပြီးဒဏ်ရာက
နက်လာတာမျိုး။
"စိတ်ညစ်လို့သေမှာပဲ"
ဝန်ထမ်းတစ်ယောက်နဲ့ပေးခိုင်းရ
မလားမေးတာကို ဟိုးအပေါ်အထိ
ကိုယ်တိုင်လာပို့ခိုင်းတဲ့ ကိုနိုင်း ကို
သူတကယ်စိတ်ဆိုးပါသည်။
အနိုင်ကျင့်တာတော်ရုံပဲကောင်းတယ်
မဟုတ်လား။
နိုင်းကတော့ စားပွဲကိုတတောက်
တောက်ခေါက်ရင်း ရောင်လွင့်ကိုသပ်
သပ်အနိုင်ကျင့်လို့ အရေးမကြီးတဲ့
stick ကို အသည်းသန်လာပို့ခိုင်းခဲ့
သည်ကို တွေးရင်း ပြုံးနေမိ၏။
အဲ့ဒီကောင်လေးမှာ မနက်ပိုင်းအလုပ်
ချိန်မှ မရှိတာ။သူ့ဆီလာပြီး သူနဲ့တွေ့
လို့ရသည်လေ။ ပဲများနေတဲ့ ကောင်
လေးကိုသူကအကြောင်းပြချက်ပေး
ပြီး ခေါ်တွေ့တာပဲ ကျေးဇူးတင်ရအုံး
မည်။
ထိုစဥ် တံခါးခေါက်သံကြောင့်
ခုံတွင်လျော့တိလျော့ရဲကျောမှီချပြီး
ခြေချိတ်ကာ မျက်မှန်ကိုပင့်တင်လျက်
လပ်တော့ပ်ကို ဟန်နှင့်နှိပ်လိုက်တယ်။
"ဝင်ခဲ့"
ဘောက်ဆတ်ဆတ်ခြေသံအစား
ဒေါက်ဖိနပ်သံကိုကြားလိုက်တာ
ကြောင့် ဆတ်ခနဲမော့ကြည့်လိုက်၏။
"နိုင်း"
ရှုပ်ထွေးလွန်းသွားတဲ့စိတ်အစုံကြောင့်
ပြန်တောင်မထူးနိုင် သူ့အနားလျှောက်
လာနေတဲ့ဟေသာ့ကို မျက်မှောင်ကုတ်
လို့ အလိုမကျဟန် အပြည့်နှင့် ကြည့်
နေမိ၏။
"နိုင်း...နေမကောင်းဘူးလား"
"အလုပ်တွေရှုပ်နေလို့လား"
ဟေသာ့၏အသံကြောင့် နိုင်းက
သူ့စိတ်ကိုသူ အမိအရဖမ်းဆုပ်လိုက်
ပြီး အောက်နှုတ်ခမ်းအတွင်းသားကို
ဖိကိုက်လိုက်သည်။
"မ...ရှုပ်ပါဘူး ဟေသာရောက်လာ
မှာတော့ ဘာအလုပ်ရှုပ်စရာမှ
မရှိပါဘူး"
ဒီခဏအတွင်းသူဘာဖြစ်သွားတာလဲ။ ဟေ့သာကို မလိုလားတဲ့ဟန်
ဘာကြောင့်ဖြစ်သွားရတာလဲ။
မဟုတ်ဘူး။အဲ့လိုဘယ်တော့မှမဖြစ်
ရဘူး။
"သိပါဘူး နိုင်းကဆူပုတ်နေလို့
ဟေသာဖြင့်စိတ်ပူသွားတာ"
သူ့ထိုင်နေရာခုံအနားသို့ရောက်လာ
ပြီး အနောက်မှာရပ်ကာ စုကျုံ့နေတဲ့
မျက်ခုံးတန်းများကို ဟေသာ က
အသာ ဖြေလျော့ပေးလာသည်။
"ကိုယ် နည်းနည်းစိတ်ရှုပ်သလို
ဖြစ်နေလို့ပါ"
"ဟေသာ့ကို ပြောပြလို့ရင်ပြောပြလေ
နားထောင်ပေးမယ်"
ဘယ်တော့မှ နိုင်းဆီကနေ ရင်ဖွင့်
တာမျိုးမကြားဖူး၍ ဟေသာကပြော
လိုက်တယ်။ ထုံးစံအတိုင်း ခေါင်းဖြေး
ညှင်းစွာခါလာတဲ့ နိုင်းကြောင့် သူမ
လည်းဘာမှမမေးတော့ဘဲ နိုင်း၏
လည်တိုင်ကိုသာ အနောက်မှသိုင်းဖက်
လိုက်တယ်။
လွယ်အိတ်ထဲက stick ကိုထုတ်ပြီး
လက်ဖဝါးထဲထည့်ကာ လက်ညိုး
ငေါက်ငေါက်ထိုးရန်တွေ့ရင်း နိုင်း၏
ရုံးခန်းရှေ့သို့ ရောင်လွင်ရောက်လာခဲ့သည်။ တံခါးခေါက်ဖို့မေ့ကာ
ကိုယ့်သဘောနဲ့ကိုယ် ဖွင့်ဝင်မိလိုက်ချိန် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူ့ရင်ထဲ
ထိတ်ခနဲဖြစ်သွား၏။
ဆက်မဝင်မသွားဘဲ အနည်းငယ်
ဟလျက်ဖြစ်နေသည့် တံခါးကြားမှာ
ရပ်ရင်း ချိန်းဟေသာကို နမ်းနေသော
ကိုနိုင်းကိုကြောင်ကြောင်ကြီးကြည့်
နေမိသည်။
သူ့ပခုံးကိုလာပုတ်တဲ့လူတစ်ယောက်
ကြောင့် အသိဝင်လာပြီးဆတ်ခနဲ
လှည့်ကြည့်လိုက်တယ်။ ကိုနိုင်း၏
PA ကိုထက် မှာသူ့ကိုစကားပြောဟန်
ပြင်နေသည်ကြောင့် တံခါးကိုလျှင်မြန်
စွာ ကျောပေးကာ နှုတ်ခမ်းပေါ်
လက်ညိုးတင်လို့ တိတ်တိတ်နေရန်
အချက်ပြလိုက်တယ်။
မင်းထက်ကတော့ သူ့ကိုတိတ်တိတ်
နေရန်ပြောပြီး မျက်ရည်များစီးကျ
နေတဲ့ကောင်လေးကို ကြည့်ရင်း
ကြောင်နေတုန်း ထိုကောင်လေးဟာ
သူ့လက်ထဲ stick တစ်ခုကိုထည့်ပေးပြီး
ဥက္ကဌ၏ရုံးခန်းအရှေ့မှာ လှည့်ထွက်
သွားလေသည်။
အချစ်ကိုကိုးကွယ်မိလို့ ငါ့အနာဂတ်
က မှောင်မိုက်သွားခဲ့ပြီ။ အခုငါရဲ့
ပစ္စုပ္ပန် ကပါ ရေးရေးမှအရာမထင်
တာ ငါသိသွားခဲ့ပြီ။ ဒီဘဝမှာငါ့ရဲ့
ရှင်သန်မှုက ဘာလဲ။
(N.အပိုင်းက ၁၀ ပဲရှိသေးလို့
မိုးမြေမသိတာပါနော်။ သိစေချင်
ကြပြီလားဗျ။ မမျှတအောင်းရေးတာ
မဟုတ်ပါဘူး။ ရောင်လွင်က နိုင်း
ပြန်ချစ်လာမှာကိုမျှော်လင့်ပြီး
ကပ်တွယ်နေတဲ့ပုံစံမျိုးဖြစ်နေတာပါ
သူအမြင်မှန်ရအောင် ရေးနေရလို့
ဇာတ်နာသလိုဖြစ်နေတာပါ)
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
Zawgyi ...
မိုးေျမရပ္ၾကည့္ေနမည္ဆိုတာသိတာ
ေၾကာင့္ ေရာင္လြင္ က club ထဲဝင္
ဟန္ျပကာ အသာေခ်ာင္းၾကည့္ေပမယ့္
သူ club ထဲဝင္သြားတာျမင္တဲ့ ကိုနိုင္း
ကေတာ့ အလိုက္မသိစြာႏွင့္ ဖုန္းေတြ
ဆက္တိုက္ေခၚေနေလသည္။
အခုေနာက္ပိုင္း ကိုနိုင္းကအရမ္းကို
ဇြတ္တ႐ြတ္ပိုဆန္လာၿပီး သူ႕ဘက္ကို
နည္းနည္းေလးေတာင္မၾကည့္ေပ။
ကိုယ္ျဖစ္ခ်င္တာကိုသာ ဦးစားေပး
လြန္း၏။ သူ႕ရဲ႕သည္းခံမႈကလည္း
ေတာ္ေတာ္ေလး ကုန္ဆုံးေနၿပီျဖစ္တယ္။
(၇)ႏွစ္နီးပါးရွိၿပီ သူသည္းခံလာတာ။
အခ်စ္တစ္ခုအေနာက္ကိုလိုက္ၿပီး
သူငယ္ခ်င္းေတြကိုလိမ္ထားမိ႐ုံမက
မိုးေျမကိုဆို ေနာက္ေက်ာကဓားနဲ႕ထိုး
ေနသလိုေတာင္ ျဖစ္ေနတယ္။
ကိုယ့္ဘဝကိုလည္း အပ်က္သာသာ
အဆင့္အေရာက္ခံလို႔။ ဒီေယာက္်ား
တစ္ေယာက္အတြက္နဲ႕ သူဘယ္ေလာက္
အထိမ်ား ေပးဆပ္ရအုံးမွာလဲ။
ဒီေယာက္်ားကေရာ ဘယ္ေတာ့မ်ားမွ
သူ႕ကို တန္ဖိုးထားၿပီးခ်စ္လာမွာလဲ။
သူဆက္ၿပီးေမွ်ာ္လင့္သင့္ရဲ႕လား။
"အာ့"
ဝဲတက္လာတဲ့မ်က္ရည္စကိုမ်က္ေတာင္
မ်ား ပုတ္ခတ္လို႔ သိမ္းဆည္းေနတုန္း
ေဆာင့္ဆြဲခံလိုက္ရတဲ့လက္ေၾကာင့္
နာသြားသျဖင့္ၾကည့္လိုက္ရာ ကိုနိုင္း
ျဖစ္ေနၿပီး သူ႕ကိုတစ္႐ြက္တိုက္ဆြဲေခၚ
သြားေလသည္။
"လႊတ္ေပး...နာေနၿပီ"
"ငါ့ကိုဘယ္လိုေလသံနဲ႕ေျပာေနတာလဲ"
"ကိုနိုင္းၾကားတဲ့အတိုင္းပဲ"
"ခက္ေရာင္လြင္!"
သူ႕နာမည္ကိုက်ယ္ေလာင္စြာေအာ္
ေခၚလာသံနဲ႕အတူေလေပၚေျမာက္လာ
တဲ့လက္ဖဝါးေၾကာင့္ ေရာင္လြင္က
ရိုက္ခ်င္ရိုက္လိုက္ဆိုသည့္ ပုံစံႏွင့္
ခပ္ေပေပ ျပန္ၾကည့္လိုက္တယ္။
"ေတာက္ခ္"
"မင္းငါလုပ္ရင္ေသေတာ့မယ္"
ေျပာေနက်စကားတစ္ခြန္းေျပာၿပီး
သူ႕မ်က္ႏွာေရွ႕လက္ညိုးေငါက္ေငါက္
ထိုးလ်က္ ႀကိမ္းဝါးသည္။
ၿပီးေနာက္ လက္ေကာက္ဝတ္ကိုတဖန္
ဆုပ္ကိုင္ကာ ကားအနားသို႔ဆြဲေခၚလာ
ၿပီး ကားထဲသို႔အတင္းထည့္ကာ ထိုင္ေစသည္။
"ကိုနိုင္း ဘယ္လိုျဖစ္ေနလဲ"
"မင္းပါးစပ္ကိုပိတ္ထားလိုက္"
ကိုနိုင္း၏အသံမွာခပ္ၾသၾသႏွင့္ေဒါသံ
ပါေန၍ ကလပ္ထဲကထြက္လာသူမ်ား
ကေတာင္ သူတို႔ကားရွိကိုလွမ္းၾကည့္
သြားၾကသည္။
သူနဲ႕ပတ္သတ္မႈကိုလူသိမွာေၾကာက္
လြန္းတာလည္း ကိုနိုင္းပဲ။ လမ္းလယ္ေခါင္မွာေအာ္ဟစ္ေနတာလည္း
ကိုနိုင္းပဲ။ သူ႕ကိုယ္သူ ျပည့္စုံ group
ဥကၠဌ ဆိုသည္ကိုပင္ေမ့ေနပုံေပၚ၏။
အျပဳမႈမ်ားက ၾကမ္းတမ္းလြန္းသည္။
"ကိုနိုင္း"
"မင္းအသံကိုငါမၾကားခ်င္ဘူး"
ထိုစကားေၾကာင့္ေရာင္လြင္ကသူ႕မ်က္
ႏွာကိုသူ သပ္ခ်လိဳက္ၿပီး သက္ျပင္း
တစ္ခ်က္ရွိုက္သည္။
နိုင္းကေတာ့ ေမာင္းႏွင္သူေနရာမွာ
ဝင္ထိုင္ၿပီး club အေရွ႕မွ အရွိန္ျပင္းစြာေမာင္းထြက္လာခဲ့သည္။
"ငါေစာင့္ေနမယ္ေျပာတာကို မင္းက
ဘာကိစၥ club ထဲ ျပန္ဝင္သြားတာလဲ"
"မိုးေျမလွမ္းၾကည့္ေနလို႔ေလ"
"သူသိမွာအဲ့ေလာက္ေတာင္ေၾကာက္
လား"
"ကိုနိုင္း ကေရာ မေၾကာက္ဘူးလား"
နိုင္းဘက္သို႔ မ်က္ႏွာေသႏွင့္လွည့္
ၾကည့္ကာေမးလိုက္ေတာ့ ကိုနိုင္းက
ေတာက္ခတ္ျပန္တယ္။
"ေတာက္ခ္"
"အေမးကို အေမးမထပ္နဲ႕"
ေရာင္လြင္လည္းဘာမွဆက္မေျပာခ်င္
ေတာ့တာေၾကာင့္ မ်က္ႏွာကိုလႊဲကာ
အၾကည့္တို႔ကို လမ္းမထက္ပို႔လိုက္ခ်ိန္ အုတ္ခုံတစ္ခုေပၚမွာထိုင္ေနတဲ့ မိုးေျမ
ကို လွမ္းေတြ႕လိုက္တာေၾကာင့္ လွ်င္ျမန္
စြာဘဲ ကိုယ္ကိုေလ်ာခ်လိဳ႕ ပုံးကြယ္
လိုက္တယ္။ ၿပီးေနာက္ နိုင္း၏ေပါင္
ကို ပုတ္ကာ ျမန္ျမန္ေမာင္းဖို႔ေျပာတယ္။
"ျမန္ျမန္ေမာင္းပါ ျမန္ျမန္ေလးေမာင္း
ေပးပါ ကိုနိုင္း"
"ဘာျဖစ္တာလဲကြ"
"အလန့္တၾကား"
ထိုင္ခုံေအာက္ေျခၾကားထဲအတင္းတိုး
ထိုင္ကာအျမန္ေမာင္းခိုင္းေနတာ
ေၾကာင့္ နိုင္းက ငုံၾကည့္ကာေမးလိုက္
ေတာ့ သူ႕ကိုေမာ့ၾကည့္ကာ လက္အုပ္
ခ်ီလ်က္ ငိုခ်ေတာ့မည့္မ်က္ႏွာႏွင့္
ေတာင္းဆိုေနတာေၾကာင့္ က်စ္သပ္ရင္း
လီဗာကိုေဆာင္းနင္းကာ အရွိန္တင္
လိုက္တယ္။
မိုးေျမကေတာ့စီးကရက္ကိုေခါင့္ေမာ့
ကာဖြာရွိုက္ရင္း လက္ထဲကပုလင္းကို
ေမာ့ေနသည္ေၾကာင့္ အရွိန္ျပင္းစြာႏွင့္
သူ႕အေရွ႕မွ ေမာင္းထြက္သြားေသာ
ကားကို အာ႐ုံမစိုက္လိုက္နိုင္ေပ။
အကယ္၍မ်ားအာ႐ုံစိုက္မိလိုက္လွ်င္
ရင္းႏွီးၿပီးသား ကားနံပါတ္ေၾကာင့္
သူ႕ရင္ထဲမွာအစိုင္အခဲတစ္ခုျဖစ္သြား
မွာေသခ်ာပါ၏။
ေရာင္လြင္က မိုးေျမထိုင္ေနသည့္
ေနရာကိုေက်ာ္လာမွ အသာထလို႔
ကားမွန္ကိုခ်ကာ အျပင္သို႔လည္ျပန္
ေခါင္းထြက္လို႔ၾကည့္သည္။
ဝိုးတိုးဝါးတားျမင္ရသည့္မိုးေျမ၏
ပုံရိပ္ေလးမွာ ႏြမ္းလ်သည့္အသြင္ကို
ေဆာင္ေန၍ ရင္ထဲမေကာင္းျဖစ္သြားရ၏။
"ဘာျဖစ္ေနလဲ"
"ကားရပ္ေပးပါ ကိုနိုင္း"
"မရပ္ေပးေတာ့ဘာျဖစ္ခ်င္လဲ"
"ကြၽန္ေတာ္ေတာင္းဆိုေနတာပါ"
"ဘယ္ေကာင္ကိုေတြ႕လို႔ မင္းက
အဲ့ေလာက္ျဖစ္ေနတာလဲ"
"မိုးေျမ"
သူ႕စကားၾကားေတာ့ ကိုနိုင္းက ကား
ကို လမ္းေဘးခ်ရပ္ၿပီး သူ႕ဘက္ကို
လွည့္ကာ ရင္ဘတ္မွ အကၤ်ီစကိုဆြဲဆုပ္လာတယ္။
"မင္းငါ့ညီကိုႀကိဳက္ေနတာလား"
"ကိုနိုင္း ဒါပဲေတြးတတ္တာလား"
"ဘာကြ!"
"အာ့..."
လည္ပင္းကိုညစ္လိုက္တာေၾကာင့္
ေရာင္လြင္က နိုင္း၏လက္ကိုဆုပ္ကိုင္
ကာ ဖယ္ခ်ေသာ္လည္းမရ။
"အာ့...နာေနၿပီ"
ကိုနိုင္းကသူ႕ကိုဆိုအၿမဲညွာတာမႈမရွိ
ၾကမ္းတမ္းလြန္းသည္။
"အဟြတ္...အဟြတ္"
"မိုးေျမကသူငယ္ခ်င္း...အဟြတ္"
ကိုနိုင္းသူ႕လည္ပင္းကိုလႊတ္ေပးၿပီး
သည္ႏွင့္ ေရာင္လြင္ကအလုအယက္
ေျပာသည္။
"သူထပ္ေသာက္ေနတယ္ ကြၽန္ေတာ္
စိတ္မခ်ဘဴး ကိုနိုင္းနဲ႕မလိုက္နိုင္ေတာ့
ဘူး မိုးေျမဆီသြားမွျဖစ္မယ္"
"ေတာက္ခ္...မင္းေစာက္ေၾကာင္း
ႀကီးပဲ"
"ေနာက္ဆို ကြၽန္ေတာ့္ကိုႀကိဳမေျပာဘဲ
မလာပါနဲ႕"
အရဲကိုးကာေျပာလိုက္ၿပီးကားေပၚမွ
ဆင္းရန္ျပင္လိုက္ေပမယ့္ ကိုနိုင္းက
သူ႕အကၤ်ီလည္ဂုတ္ကိုဆြဲေဆာင့္လိုက္
သည္ေၾကာင့္ ကိုနိုင္း၏ရင္ဘတ္ႏွင့္
သူ႕ေက်ာျပင္မွာထိစပ္သြားသည္။
"မင္းအဆင့္နဲ႕မ်ား ငါ့ကိုမလာနဲ႕လို႔
ေျပာတာလား"
"အာ့...မဟုတ္ပါဘူး"
ေမးဖ်ားကိုဆုပ္ကိုင္ကာ သူ႕ဘက္
အတင္းလွည့္ေစၿပီးေျပာေတာ့
ေရာင္လြင့္မွာ နီးကပ္လြန္းေနသည့္
မ်က္ႏွာေၾကာင့္ မနမ္းမိေအာင္မ်က္ႏွာ
ကို အတင္းေမာ့ထားရသည္။
"မင္းဘယ္ေကာင့္အားကိုးနဲ႕ငါ့ကို
ျပန္ေျပာေနတာလဲ ဟမ္!"
"မဟုတ္...ပါဘူး ကြၽန္ေတာ့္သူငယ္ခ်င္း
တစ္ေယာက္တည္းျဖစ္ေနလို႔ သြားခြင့္
ေပးပါ"
ကိုနိုင္းကို အာခံၿပီးေျပာဆိုခဲ့တာမရွိ
ေပမယ့္ ဒီတစ္ခါေတာ့မရပါ။
မိုးေျမကို စိတ္မခ်တာေၾကာင့္သူမရ
ရေအာင္ သြားမွျဖစ္မယ္ေလ။
ကိုနိုင္း ကို သူဘယ္ေလာက္ခ်စ္ခ်စ္
ဘုရားကလက္ေဆာင္အျဖစ္ေပးသနား
ထားတဲ့ သူငယ္ခ်င္းကိုေတာ့ လ်စ္လ်ဴ
မရႈနိုင္ပါ။
"မင္းေျပာေနတဲ့သူငယ္ခ်င္းဆိုတာ
ငါ့ညီပါ...မင္းကားေပၚက ဆင္းေတာ့
ငါ့ညီကို ငါေခၚၿပီးျပန္မယ္ မင္းစိတ္ပူ
စရာမလိုဘူး"
"ဟုတ္...ဟုတ္ကဲ့"
နိုင္း၏စကားကိုသူခပ္ျမန္ျမန္ပဲ
လာခံလိုက္ၿပီး ကားေပၚမွဆင္းလိုက္
တယ္။
"မိုးေျမကို အမ်ားႀကီးမဆူပါနဲ႕ေနာ္"
"မင္းအေၾကာင္းမဟုတ္ဘူး ပါးစပ္
ပိတ္ထား!"
ဂငယ္ေကြ႕ကာ အရွိန္ျပင္းစြာေမာင္း
ထြက္သြားတဲ့ကားကိုၾကည့္ရင္း
သက္ျပင္းရွိုက္လ်က္ အကြယ္တစ္
ေနရာမွာအသာေျပးပုံးလိုက္တယ္။
ဒီလမ္းကပဲ မိုးေျမတို႔ကျပန္မွာေလ။
သူ႕ကိုျမင္သြားလို႔မျဖစ္ဘူး။
ကိုနိုင္း မိုးေျမကို ေသခ်ာျပန္ေခၚရဲ႕
လားသူေစာင့္ၾကည့္ခ်င္ေသးတယ္။
သူ႕ညီကိုသူ သိပ္ခ်စ္တာသိေပမယ့္
ခန့္မွန္းရခက္လြန္းတဲ့ ကိုနိုင္းရဲ႕ စိတ္
တစ္စုံေၾကာင့္ သူေစာင့္ၾကည့္ဖို႔ ေ႐ြး
ခ်ယ္လိုက္ျခင္းျဖစ္တယ္။
သိပ္မၾကာလိုက္ခင္မွာပဲ သူ႕အေရွ႕မွ
ျဖတ္သြားတဲ့ကားအျဖဴေလးထဲမွာ
မ်က္လုံးစုံမွိတ္ကာထိုင္ေနတဲ့မိုးေျမကို ေတြ႕ေတာ့မွစိတ္ခ်စြာၿပဳံးရင္း စီးက်ေန
တဲ့ မ်က္ရည္မ်ားကို သုတ္ဖယ္လို႔
အကြယ္ေနရာမွထြက္လာကာ အိမ္ျပန္
လမ္းကိုဦးတည္လိုက္၏။
"ငမူးေကာင္ အိမ္တန္းပါဆိုတာကို
ေသာက္ေသးတယ္"
မိုးေျမအေပၚ ျငဴစူစကားကိုေရ႐ြတ္
ရင္း ေက်ာပိုးအိတ္ကိုေသခ်ာျပင္
လြယ္လိုက္ေတာ့ ႀကိဳးမွာညွိေနတဲ့
stick တစ္ခုႏွင့္တြဲလ်က္ႀကိဳးတစ္
ေခ်ာင္းကိုေတြ႕လိုက္ရသည္။
"ကိုနိုင္း ကားေပၚကေနညွိၿပီးပါ
လာတာထင္တယ္"
ညွိၿပီးပါလည္းပါခ်င္စရာ။ ကားေပၚမွာ
ဒီေလာက္႐ုန္းရင္းဆန္ခက္ျဖစ္ေနတာ
ခဲ့တာကို။
ေရာင္လြင္လည္း ေနာက္မွျပန္ေပး
လိုက္မည္ေတြးရင္း ေက်ာပိုးအိတ္ထဲ
ထည့္သိမ္းကာ အိမ္သို႔ျပန္လာခဲ့၏။
.
.
.
မနက္ခင္းမွာသူ႕မ်က္ႏွာကိုစူးေနေအာင္
ထိုးေနတဲ့ေနေရာင္ေၾကာင့္ မိုးေျမက
အိပ္ယာမွထလာၿပီး ထိုးကိုက္ေနတဲ့
ေခါင္းကိုဖိထားေလသည္။
ညကေသာက္တာမ်ားသြားသည္ေလ။
ပုံမွန္ဆို ေရာင္ေရာင္ နဲ႕ ယကၡကသာ
ေသာက္တာမ်ားတတ္ၿပီး သူတို႔ႏွစ္
ေကာင္ကို ထိန္းဖို႔အတြက္ သူက
အမ်ားႀကီးေသာက္ေလ့မရွိေပ။
မေန႕ညက သူ႕ကို ကိုကိုကလမ္းႀကဳံ
ေတြ႕လို႔ အိမ္ကိုေခၚလာခဲ့သည္။
အခုမနက္ေတာ့ဆူေတာ့မလားေတြး
ရင္း ေခါင္းကိုတျဗင္းျဗင္ကုတ္လ်က္
ေရခ်ိဳးခန္းထဲသို႔ ဝင္သြားသည္။
နိုင္းကေတာ့ ႐ုံးေနာက္က်ေနေပမယ့္
အခုထိဆင္းမလာေသးတဲ့ ညီငယ့္ကို
ေကာ္ဖီေသာက္ရင္း ေစာင့္ေနသည္။
ေရမိုးခ်ိဳးျပင္ဆင္ၿပီး ဆင္းလာတဲ့
ညီငယ္ကသူ႕ကိုပင္မျမင္ မ်က္လုံးမွိတ္
ကာ နားထင္ကိုဖိကိုင္လ်က္ ေလွ်ာက္
ဝင္လာသည္။ နိုင္းကေခါင္းခါရမ္း
လ်က္ black coffee မွာ သံပုရာသီး
တစ္စိပ္ညစ္ၿပီး ေမႊေနသည္။
"ကိုကို"
"ေသာက္လိုက္"
"ဟီး...ေက်းဇူး"
ကိုကိုကမ္းေပးတဲ့ black coffee ကို
ေသာက္လိုက္မွ အနည္းငယ္ ေနလို႔
ေကာင္းသြားသည္။ အဆူခံရန္အသင့္
အေနအထားနဲ႕ သတင္းစာဖတ္ေနတဲ့
ကိုကို႔ ကိုေမာ့ၾကည့္လိုက္ေတာ့ ကိုကို
ကလည္း မ်က္မွန္အၾကည္ေလးကို
ႏွာရိုးေပၚ ပင့္တင္ရင္း သူ႕ကိုၾကည့္လာ
သည္။
"ေနာက္ရက္ အမ်ားႀကီးေသာက္တာ
မလိုခ်င္ဘူး"
"အင္းပါ ကိုကိုရ"
"ခါတိုင္း မေန႕ညကေလာက္မေသာက္
ပါဘူး ဘယ္လိုျဖစ္တာလဲ ၿပီးေတာ့
လမ္းေဘးမွာထိုင္ေသာက္တာမ်ိဳး
ကိုကို မႀကိဳက္ဘူး"
"ဟုတ္ပါ့ ကြၽန္ေတာ္လည္းဘယ္လို
ျဖစ္သြားလည္းမသိဘူး"
မိုးေျမက စကားကိုေရာခ်ေျပာၿပီး
ကိုကို႔ကိုၿပဳံးရင္းသာၾကည့္ေနလိုက္
တယ္။
"အသဲကြဲေနလို႔လား"
"အာ...အသည္းကြဲရေအာင္
ကြၽန္ေတာ့္မွာ ခ်စ္သူမွ မရွိတာ"
"ခ်စ္ရသူေရာရွိေနၿပီလား"
"ဟားဟား...ကိုကိုကလည္းဘာေတြ
ေမးေနတာလဲ"
နိုင္းကညီငယ္၏လႈပ္ခတ္သြားတဲ့
မ်က္စံမ်ားကိုၾကည့္ရင္း မ်က္လုံးတစ္
စုံမွာ ျမႇင့္တက္သြားသည္။
"မရွိရင္ ကိုကို႔ မိတ္ေဆြေတြမွာ
သမီးေခ်ာေလးေတြရွိတယ္ ညီငယ့္ကို
မိတ္ဆက္ေပးမယ္"
"မလိုပါဘူး ကြၽန္ေတာ့္ကအခ်စ္က
ကိုယ္တိုင္ပဲရွာေဖြမွာ"
"ဘဝအတြက္ အေရးမပါတဲ့အခ်စ္ကို
မ်ား ညီငယ္ရယ္ အေရးတယူလုပ္လို႔"
ထိုစကားေၾကာင့္ မိုးေျမကတစ္ခ်က္
ၿပဳံးလိုက္ၿပီး နိုင္းကိုတည့္တည့္စိုက္
ၾကည့္ၿပီး အေမးရွိလိုက္တယ္။
"ဒါဆို ခ်ိန္းေဟသာကို ကိုကိုမခ်စ္
ဘူးေပါ့"
"ဒီေလာက္အဖိုးတန္တဲ့မိန္းကေလးကို
မခ်စ္ရေအာင္ ကိုကို ႐ူးမေနဘူး
ညီငယ္"
ကိုကို က ကိုယ့္စိတ္ကိုယ္ညာေနတာပဲ။
ကိုကို႔ ရင္ထဲမွာ အမွန္တကယ္ ဘယ္သူ
ရွိေနတာလဲ။ အဖိုးတန္တဲ့မိန္းကေလး
ဆိုတဲ့စကားက ကိုကိုက ခ်ိန္းေဟသာ
ကို တန္ဖိုးထားလို႔မဟုတ္ဘဲ ခ်ိန္းေဟ
သာရဲ႕ ေနာက္ခံက တန္ဖိုးရွိေၾကာင္း
ကိုကိုေျပာေနတာပဲ။
"ညီအစ္ကိုခ်င္းခ်စ္လို႔ သတိေပး
လိုက္မယ္ကိုကို"
သူ႕စကားေၾကာင့္ကိုကိုက မ်က္ခုံး
တစ္ဖက္ပင့္လို႔ၾကည့္လာတယ္။
"ေလာကမွာ ကိုယ့္စိတ္ကိုယ္ညာတဲဲ့
လူက ဒဏ္ရာအမ်ားဆုံးရတတ္တယ္"
"ဟက္...ကိုကို ေဟသာ့ကိုခ်စ္တယ္
ေျပာတာကို ညီငယ္ကမယုံတာလား"
"မဟုတ္ရပါဘူးဗ်ာ"
"ကိုကို႔သေဘာပါ ကြၽန္ေတာ္ကကိုကို႔ေလာက္ မထက္ျမက္ေတာ့ အခ်စ္အေနာက္ပဲ အ႐ူးလိုလိုက္ပါရေစ"
နိုင္းကေခါင္းခါရမ္းလ်က္ၿပဳံးရင္း
သတင္းစာကိုခ်ကာ မီးဖိုခန္းထဲမွ
မထြက္ခင္ေျပာသြားတဲ့စကားေၾကာင့္
မိုးေျမ၏မ်က္ခုံးတန္းမ်ားဟာ စုကုတ္
သြား၏။
"ညီငယ္တို႔အဖြဲ႕က အခ်စ္႐ူးေတြပဲ"
ယကၡကိုရည္ၫႊန္းၿပီးေျပာသြားသလား
ျဖည့္ေတြးရင္းသာ coffee ကိုငုံေသာက္
လိုက္တယ္။ ႐ုတ္တရက္ ညက ကိုကို႔
ကားေပၚတက္တက္ခ်င္း ေရာင္ေရာင့္
၏ အနံ႕ကို ရလိုက္သည္ကို သတိရ
သြားကာ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္
လိုက္မိတယ္။
မူးမူး႐ူး႐ူးနဲ႕ ကိုယ္စြဲလမ္းရာရနံ႕ကိုမ်ား
စိတ္ထဲစြဲေနတာမ်ားလား။
ကိုကို႔ ကားထဲမွာဘာအေၾကာင္းနဲ႕မွ
ေရာင္လြင္နဲ႕ ပတ္သက္တာရွိရမွာလဲ။
ငါ့အေတြးေတြေတာ့ မူမမွန္ေတာ့ဘူးဘဲ။
စိတ္ေပါက္ေပါက္ႏွင့္ေရာင္လြင္ဆီ
ဖုန္းေခၚလိုက္ေတာ့ ဖုန္းကမအားေပ။
မိုးေျမလည္း ထရပ္လိုက္ၿပီး ကားေသာ့
ဆြဲကာ ထြက္လာလိုက္တယ္။
ဒီေန႕မနက္ပိုင္းမွာ ေရာင္ေရာင္မွာ
အလုပ္ခ်ိန္မရွိဘူးေလ။ အိမ္ကိုလိုက္
သြားရင္ေတာ့ မိမွာပဲအရႈပ္ထုတ္ေလးကို။
ေရာင္လြင္ကေတာ့ ကိုနိုင္း၏ဖုန္းကို
ဆက္ၿပီး stick ပါလာေၾကာင္းေျပာ
မိရာကုမၸဏီကို အေရးႀကီးလို႔အခုခ်က္ခ်င္းလာပို႔ေပးဆိုသည့္စကား
ေၾကာင့္ ေလးကန္ေသာေျခလွမ္းမ်ား
ျဖင့္ ထြက္လာရသည္။
တစ္လမ္းလုံးခ်ိန္းေဟသာဆိုသည့္
မိန္းကေလး မရွိပါေစနဲ႕ဟုဆုေတာင္း
ေနမိ၏။ မဟုတ္ရင္သူပဲ နာက်င္ခံစား
ရမွာေလ။ ကိုနိုင္းက သူ႕အေရွ႕ေရာက္
မွ အပိုေတြလုပ္ျပတတ္လြန္းလို႔
သူေတာ္ေတာ္ေလးေၾကာက္ေနၿပီ။
အႀကိမ္ႀကိမ္ႀကဳံရတာေတာင္ ေနသား
မက်ေသးသည့္အျပင္ ပိုပိုၿပီးဒဏ္ရာက
နက္လာတာမ်ိဳး။
"စိတ္ညစ္လို႔ေသမွာပဲ"
ဝန္ထမ္းတစ္ေယာက္နဲ႕ေပးခိုင္းရ
မလားေမးတာကို ဟိုးအေပၚအထိ
ကိုယ္တိုင္လာပို႔ခိုင္းတဲ့ ကိုနိုင္း ကို
သူတကယ္စိတ္ဆိုးပါသည္။
အနိုင္က်င့္တာေတာ္႐ုံပဲေကာင္းတယ္
မဟုတ္လား။
နိုင္းကေတာ့ စားပြဲကိုတေတာက္
ေတာက္ေခါက္ရင္း ေရာင္လြင့္ကိုသပ္
သပ္အနိုင္က်င့္လို႔ အေရးမႀကီးတဲ့
stick ကို အသည္းသန္လာပို႔ခိုင္းခဲ့
သည္ကို ေတြးရင္း ၿပဳံးေနမိ၏။
အဲ့ဒီေကာင္ေလးမွာ မနက္ပိုင္းအလုပ္
ခ်ိန္မွ မရွိတာ။သူ႕ဆီလာၿပီး သူနဲ႕ေတြ႕
လို႔ရသည္ေလ။ ပဲမ်ားေနတဲ့ ေကာင္
ေလးကိုသူကအေၾကာင္းျပခ်က္ေပး
ၿပီး ေခၚေတြ႕တာပဲ ေက်းဇူးတင္ရအုံး
မည္။
ထိုစဥ္ တံခါးေခါက္သံေၾကာင့္
ခုံတြင္ေလ်ာ့တိေလ်ာ့ရဲေက်ာမွီခ်ၿပီး
ေျခခ်ိတ္ကာ မ်က္မွန္ကိုပင့္တင္လ်က္
လပ္ေတာ့ပ္ကို ဟန္ႏွင့္ႏွိပ္လိုက္တယ္။
"ဝင္ခဲ့"
ေဘာက္ဆတ္ဆတ္ေျခသံအစား
ေဒါက္ဖိနပ္သံကိုၾကားလိုက္တာ
ေၾကာင့္ ဆတ္ခနဲေမာ့ၾကည့္လိုက္၏။
"နိုင္း"
ရႈပ္ေထြးလြန္းသြားတဲ့စိတ္အစုံေၾကာင့္
ျပန္ေတာင္မထူးနိုင္ သူ႕အနားေလွ်ာက္
လာေနတဲ့ေဟသာ့ကို မ်က္ေမွာင္ကုတ္
လို႔ အလိုမက်ဟန္ အျပည့္ႏွင့္ ၾကည့္
ေနမိ၏။
"နိုင္း...ေနမေကာင္းဘူးလား"
"အလုပ္ေတြရႈပ္ေနလို႔လား"
ေဟသာ့၏အသံေၾကာင့္ နိုင္းက
သူ႕စိတ္ကိုသူ အမိအရဖမ္းဆုပ္လိုက္
ၿပီး ေအာက္ႏႈတ္ခမ္းအတြင္းသားကို
ဖိကိုက္လိုက္သည္။
"မ...ရႈပ္ပါဘူး ေဟသာေရာက္လာ
မွာေတာ့ ဘာအလုပ္ရႈပ္စရာမွ
မရွိပါဘူး"
ဒီခဏအတြင္းသူဘာျဖစ္သြားတာလဲ။ ေဟ့သာကို မလိုလားတဲ့ဟန္
ဘာေၾကာင့္ျဖစ္သြားရတာလဲ။
မဟုတ္ဘူး။အဲ့လိုဘယ္ေတာ့မွမျဖစ္
ရဘူး။
"သိပါဘူး နိုင္းကဆူပုတ္ေနလို႔
ေဟသာျဖင့္စိတ္ပူသြားတာ"
သူ႕ထိုင္ေနရာခုံအနားသို႔ေရာက္လာ
ၿပီး အေနာက္မွာရပ္ကာ စုက်ဳံ႕ေနတဲ့
မ်က္ခုံးတန္းမ်ားကို ေဟသာ က
အသာ ေျဖေလ်ာ့ေပးလာသည္။
"ကိုယ္ နည္းနည္းစိတ္ရႈပ္သလို
ျဖစ္ေနလို႔ပါ"
"ေဟသာ့ကို ေျပာျပလို႔ရင္ေျပာျပေလ
နားေထာင္ေပးမယ္"
ဘယ္ေတာ့မွ နိုင္းဆီကေန ရင္ဖြင့္
တာမ်ိဳးမၾကားဖူး၍ ေဟသာကေျပာ
လိုက္တယ္။ ထုံးစံအတိုင္း ေခါင္းေျဖး
ညွင္းစြာခါလာတဲ့ နိုင္းေၾကာင့္ သူမ
လည္းဘာမွမေမးေတာ့ဘဲ နိုင္း၏
လည္တိုင္ကိုသာ အေနာက္မွသိုင္းဖက္
လိုက္တယ္။
လြယ္အိတ္ထဲက stick ကိုထုတ္ၿပီး
လက္ဖဝါးထဲထည့္ကာ လက္ညိုး
ေငါက္ေငါက္ထိုးရန္ေတြ႕ရင္း နိုင္း၏
႐ုံးခန္းေရွ႕သို႔ ေရာင္လြင္ေရာက္လာခဲ့သည္။ တံခါးေခါက္ဖို႔ေမ့ကာ
ကိုယ့္သေဘာနဲ႕ကိုယ္ ဖြင့္ဝင္မိလိုက္ခ်ိန္ ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ သူ႕ရင္ထဲ
ထိတ္ခနဲျဖစ္သြား၏။
ဆက္မဝင္မသြားဘဲ အနည္းငယ္
ဟလ်က္ျဖစ္ေနသည့္ တံခါးၾကားမွာ
ရပ္ရင္း ခ်ိန္းေဟသာကို နမ္းေနေသာ
ကိုနိုင္းကိုေၾကာင္ေၾကာင္ႀကီးၾကည့္
ေနမိသည္။
သူ႕ပခုံးကိုလာပုတ္တဲ့လူတစ္ေယာက္
ေၾကာင့္ အသိဝင္လာၿပီးဆတ္ခနဲ
လွည့္ၾကည့္လိုက္တယ္။ ကိုနိုင္း၏
PA ကိုထက္ မွာသူ႕ကိုစကားေျပာဟန္
ျပင္ေနသည္ေၾကာင့္ တံခါးကိုလွ်င္ျမန္
စြာ ေက်ာေပးကာ ႏႈတ္ခမ္းေပၚ
လက္ညိုးတင္လို႔ တိတ္တိတ္ေနရန္
အခ်က္ျပလိုက္တယ္။
မင္းထက္ကေတာ့ သူ႕ကိုတိတ္တိတ္
ေနရန္ေျပာၿပီး မ်က္ရည္မ်ားစီးက်
ေနတဲ့ေကာင္ေလးကို ၾကည့္ရင္း
ေၾကာင္ေနတုန္း ထိုေကာင္ေလးဟာ
သူ႕လက္ထဲ stick တစ္ခုကိုထည့္ေပးၿပီး
ဥကၠဌ၏႐ုံးခန္းအေရွ႕မွာ လွည့္ထြက္
သြားေလသည္။
အခ်စ္ကိုကိုးကြယ္မိလို႔ ငါ့အနာဂတ္
က ေမွာင္မိုက္သြားခဲ့ၿပီ။ အခုငါရဲ႕
ပစၥဳပၸန္ ကပါ ေရးေရးမွအရာမထင္
တာ ငါသိသြားခဲ့ၿပီ။ ဒီဘဝမွာငါ့ရဲ႕
ရွင္သန္မႈက ဘာလဲ။
(N.အပိုင္းက ၁၀ ပဲရွိေသးလို႔
မိုးေျမမသိတာပါေနာ္။ သိေစခ်င္
ၾကၿပီလားဗ်။ မမွ်တေအာင္းေရးတာ
မဟုတ္ပါဘူး။ ေရာင္လြင္က နိုင္း
ျပန္ခ်စ္လာမွာကိုေမွ်ာ္လင့္ၿပီး
ကပ္တြယ္ေနတဲ့ပုံစံမ်ိဳးျဖစ္ေနတာပါ
သူအျမင္မွန္ရေအာင္ ေရးေနရလို႔
ဇာတ္နာသလိုျဖစ္ေနတာပါ)
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫