My Harukyu, My OTP( one shot...

By Meh_jane

3K 277 44

Harukyu one shot collection More

Yes to Heaven
Be Mine
Wanna live 24/7 with KOKO
I'm in love with hyper boy
My protector "Kim Junkyu"
Sunflower
I'm willing to be by your side
ကြော်ညာ

You Da One

275 34 4
By Meh_jane

Unicode....

"အကိုပဲကျနော့်ကိုရူးအောင်လုပ်နေတာ!!!"

သူ့လက်ကိုဖိညစ်ထားတဲ့ဟာရုတိုရဲ့လက်အားကပြင်းထန်တာကြောင့်ဂျွန်ဂယူရုန်းထွက်လို့မရပေ။

"ငါ့ကိုမင်းပဲမမြင်ချင်၊မတွေ့ချင်ဖြစ်နေလို့အမြဲရှောင်နေတာမဟုတ်ဖူးလား အခုငါ့ကိုထပ်ရှောင်စရာလဲမလိုတော့ဖူးလေ တကယ်ပဲမင်းငါ့ကိုဘာဖြစ်စေချင်နေတာလဲ"

ဟာရုတို့ကိုအသံကုန်အော်ဟစ်နေတဲ့အကိုကြောင့်ဒေါသတွေဟာငယ်ထိပ်ပေါ်အထိအထွတ်အထိပ်ရောက်နေကာ စိတ်ထဲကစိုးရိမ်ရေမှတ်ကလဲပိုတိုးလာလေသည်။

ဟာရုတိုကအစွဲအလမ်းကြီးတဲ့သူမို့လို့ အတတ်နိုင်ဆုံးအချစ်မကြူးမိအောင်လို့နေထိုင်ရင်းနဲ့မှအကိုဟာမေတ္တာတွေကိုရေစီးကမ်းပြိုယူဆောင်လာလေသည်။နောက်ဆုံးမှာတော့ဟာရုတိုကပဲပူလောင်ရတယ်။

"လက်ကိုလွှတ်!!"

ဟာရုတိုရဲ့လက်ထဲကနေရုန်းထွက်ဖို့ကြိုးစားနေပေမဲ့ စိတ်ဆောင်နေတဲ့ဟာရုတိုရဲ့အားကိုဂျွန်ဂယူမလွန်ဆန်နိုင်ခဲ့။

"ကျနော့်ဆီကနေထွက်သွားလို့ရမယ်ထင်နေလား!"

မျက်လုံးတွေကနီရဲနေပြီးအသက်ရှုသံတွေပြင်းထန်နေတဲ့ဟာရုတိုကအတော်ကိုဒေါသထွက်နေပုံရသည်။အခက်မသင့်ရင်ဂျွန်ဂယူကိုတက်ခုန်အုပ်တော့မဲ့အနေအထား။

"ရူးနေ...အွန်း!"

ဂျွန်ဂယူရဲ့မျက်နှာကိုလက်ဖဝါးခပ်ကြီးကြီးတဖက်ကအုပ်မိုးထားပြီးကျန်လက်တဖက်ဖြင့်ဂုတ်ပိုးကနေဆွဲယူကာအတင်းနှုတ်ခမ်းတွေအားနမ်းရှိုက်စုပ်ယူနေတော့သည်။

သူ့ကိုထုရိုက်နေတဲ့လက်ကလေးတွေကိုလက်တဖက်ထဲနဲ့ဖမ်းချုပ်လိုက်ပြီး နံရံမှာအတင်းမှီကပ်ကာချုပ်ထားလိုက်ရင်း စိတ်ရှိတဲ့အတိုင်းကြမ်းရမ်းမိုက်မဲနေမိတော့သည်။

စိတ်တိုတယ်။ကိုယ့်ဘက်ကခြေတလှမ်းတိုးလာဖို့လုပ်တိုင်း အနောက်ကိုတလှမ်းဆုတ်ဆုတ်သွားတတ်တဲ့အကို့ကိုကြောင့်ဟာရုတိုတကယ်အသက်တိုရတယ်။

"အွန်း!"

အသက်ရှုကြပ်သိပ်လာကာ မခံနိုင်တော့လို့ကြံရာမရတဲ့အဆုံးခြေထောက်အားတက်နင်းချလိုက်တော့မှ လွတ်မြောက်ခွင့်ရတဲ့နှုတ်ခမ်းဖူးဖူးလေး။

သူ့အပေါ်ကိုဟာရုတိုကဘယ်လိုသဘောထားနေခဲ့တာလဲ။အခုလိုမျိုးသူ့စိတ်တိုင်းကျကြမ်းရမ်းပစ်နေတာ၊သိပ်စိတ်ကုန်စရာကောင်းသည်။ဂျွန်ဂယူဝမ်းနည်းလွန်းတာမို့အသံထွက်တဲ့အထိငိုချမိလိုက်တော့တယ်။

"ဟင့်!!"

"ကျနော့်ကိုကြည့်စမ်း!!ဒီပွဲကိုအကိုအရင်စခဲ့တာ အကိုစခဲ့တဲ့ပွဲကိုအဆုံးသတ်မဲ့လူကဟာရုတိုဆိုတဲ့ကောင်ပဲရှိတယ်"

နံရံမှာကျောကပ်နေတဲ့ဂျွန်ဂယူမှာငိုရလွန်းလို့ ဂျွတ်တွေထိုးကာနှာခေါင်းတရှုံ့ရှုံ့။

"မှတ်ထားလိုက် အခုကစပြီးတော့အကိုကကျနော့်အပိုင်ပဲ"

"မင်းကစောက်ရူးပဲဟာရုတို!!"

ဂျွန်ဂယူရှိစုမဲ့စုအားလေးနဲ့အော်လိုက်တော့ ဟာရုတိုကတဟားဟားနဲ့အော်ရီလေတယ်။
ထို့နောက်ကျလာတဲ့မျက်ရည်တွေကိုတချက်ဖိသုတ်လိုက်ရင်း...။

"ဟုတ်တယ်ရူးနေတာ အကို့ကြောင့်ကျနော်ရူးသွားတာ"

"အာ့တာကြောင့်အကိုကျနော့်အပေါ်တာဝန်မမဲ့နဲ့ ကျနော့်ကိုဂရုမစိုက်ပဲနေလို့မရဖူး"

မျက်ရည်တွေလျှံကျလာတဲ့ဟာရုတိုကဂျွန်ဂယူအားရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး အသံထွက်တဲ့အထိငိုကြွေးနေမိတော့တယ်။

သူဒီခေါင်းဝါလေးကိုဘယ်လောက်ချစ်မိခဲ့သလဲဆိုတာကိုနားလည်ပေးရင်ကောင်းမည်။သူနဲ့ဝေးရမည်ဆိုတဲ့အတွေးအားတွေးမိလိုက်ရုံနဲ့ပင်ပူလောင်ရပါတယ်ဆိုမှ အမှန်တကယ်ပင်ဟာရုတိုနဲ့ဝေးရာကိုထွက်ပြေးဖို့ကြိုးစားနေခဲ့တော့ရင်ဘတ်ကြီးတခုလုံးကွဲထွက်တော့မည့်အတိုင်းပင်။

အာ့သလောက်အထိကိုသူ့ဘက်ကစတင်လေးနက်လာပြီဆိုမှဂျွန်ဂယူဟာသူ့အပေါ်ကိုရက်စက်ချင်သေးသည်။

ဂရုစိုက်ခံရတဲ့ခံစားချက်၊အတူရှိနေစဉ်ကရခဲ့တဲ့ပျော်ရွှင်မှုအစရှိတာတွေကို သဘောရှိပြန်သိမ်းချင်တိုင်းသိမ်းလို့ရနိုင်မည်တဲ့လား။

"ကျနော်အကို့ကိုချစ်တယ် ဟင့်~ ကျနော့်ကိုထားမသွားပါနဲ့ ကျ~ကျနော်ကြောက်လို့ပါ"

သူ့အားဖက်တွယ်ရင်းရှိုက်ကာရှိုက်ကာငိုနေတဲ့ဟာရုတိုကြောင့်ဂျွန်ဂယူပါဝမ်းနည်းလာရတော့သည်။ဟာရုတိုဟာအဆုံးအထိတောင် သူ့ရဲ့စိတ်ကိုစိုးမိုးထားနိုင်တုန်းပါပဲလား။

"ငါလဲစောက်ရူးပဲထင်တယ်ဟာရုတို စောက်ကျင့်မကောင်းတဲ့မင်းကိုအခုထိချစ်နေတုန်းပဲ"

နှစ်ယောက်သားလေတိုးမပေါက်တဲ့အထိတယောက်ကိုတယောက်အချိန်အတော်ကြာပွေ့ဖက်ထားကာ နားလည်မှုဆိုတဲ့အရာကိုတိတ်တဆိတ်ပုံဖော်နေခဲ့ကြသည်။

************************************

"မင်းနှုတ်ခမ်းတွေဘာလို့ညိုလာတာလဲ"

"ဆေးလိပ်သောက်လို့ထင်တယ် ဘာလို့လဲအကိုမကြိုက်ဖူးလား"

"အင်း"

ရာသီဉတုက တောင်ကိုရီးယားမှာအပြင်တောင်ထွက်မရတဲ့အထိအေးစက်နေတဲ့အခြေအနေမို့နှစ်ယောက်သားကုမ္ပဏီတောင်မသွားနိုင်ပဲအိမ်ကနေပဲစီမံနေရသည်။

အအေးကြိုက်တဲ့ဟာရုတိုတောင်မှခြေအိတ်၊လက်အိတ်စွတ်ထားရတဲ့အထိ။ဂျွန်ဂယူဆိုမပြောလေနဲ့။အလုံထုတ်ပိုးထားတာမို့မျက်လုံးဝိုင်းဝိုင်းအစ်အစ်လေးနဲ့နှာခေါင်းရဲရဲကိုသာမြင်ရသည်။

ဟာရုတိုရဲ့နှုတ်ခမ်းတွေကိုကြည့်ပြီးအမေးထူနေတဲ့အကိုကစကားတွေအများကြီးဆက်မပြောတော့ပဲသူ့ရင်ထဲကိုခေါင်းမှီလာသည်။

"တနေ့တလိပ်ပဲသောက်ရင်ကော?"

"အာ့တာကျတော့..."

"ဘာလို့လဲ"

ရင်ခွင်ထဲကနေခေါင်းမော့ပြီး ဘာလို့လဲလို့မေးနေတဲ့အကိုဟာသိပ်ချစ်စရာကောင်းသည်။အမှန်တော့ဟာရုတိုကတမင်အကိုဘာများပြောမလဲဆိုတာသိချင်လို့သာရစ်နေတာ။အာ့တာကိုအကိုကဘာလို့လဲဆိုပြီးဆူထော်နေတော့ သိမ်းကျုံးနမ်းပစ်ချင်တော့တာပဲ။

"ဆေးလိပ်ကမင်းနဲ့လိုက်တယ် မှတ်မိလားမင်းနဲ့စသိတုန်းကဆေးလိပ်ကိုမင်းနှုတ်ခမ်းမှာခဲထားတာလေ"

ဆေးလိပ်ခဲထားလျက်နဲ့ဂျွန်ဂယူဆီမှာမီးခြစ်တောင်းခဲ့တဲ့ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ရဲ့ပုံရိပ်ကမျက်လုံးထဲထင်ဟပ်လာလေသည်။

သိပ်ကိုရေစက်ပါလိုက်ပုံများ။

"ဆေးလိပ်ခဲထားတဲ့မင်းပုံစံကအရမ်းမိုက်လွန်းတယ် မင်းနဲ့လိုက်ဖက်တယ်"

"မင်းနဲ့လိုက်ဖက်တဲ့အရာဆိုလို့တကမ္ဘာလုံးမှာငါတယောက်ထဲပဲဖြစ်ချင်တယ် မင်းနှုတ်ခမ်းညိုညိုကငါ့အတွက်ပဲဖြစ်သင့်တာလေ"

ဟာရုတိုမျက်ခုံးအပင့်သားနဲ့ရင်ခွင်ထဲကလူသားအားငုံ့ကြည့်လိုက်သည်။
ဒီနေ့မှစကားအတော်တတ်နေတဲ့အကို့ကြောင့်ဟာရုတိုစိတ်ထဲမရိုးမယွဖြစ်လာရသည်။

"အကိုဗျာ"

ခပ်တင်းတင်းပွေ့ဖက်ထားလိုက်တော့ အင့်ခနဲအသံနဲ့အတူရင်ခွင်ထဲကကိုယ်လုံးလေးကလှုပ်ယွလာသည်။

"ချစ်လိုက်တာ"

လာဗင်ဒါအနံ့ထုံသင်းနေတဲ့လည်တိုင်လေးအားအနမ်းတချက်ပေးလိုက်တော့ ကိုယ်လုံးလေးကတွန့်သွားသည်။သေချာပေါက်ဟာရုတိုရဲ့နှာခေါင်းချွန်ချွန်ဟာလဲအအေးဓာဏ်လွှမ်းမိုးမှုကြောင့်အေးစက်နေလေသည်မလား။

"ရာသီဉတုကဘာလို့အာ့လောက်တောင်အေးနေတာလဲမသိဖူး"

"ဒီဇင်ဘာမို့လို့လေ အရူးလေးရဲ့"

"ဟုတ်ပါ့နော် ဒီလိုရာသီမျိုးမှာသွေးပူလေ့ကျင့်ခန်းလေးဘာလေးလုပ်နေရမှာ"

သူဘာပြောချင်လဲဆိုတာသိသွားတဲ့အကိုကရင်ခွင်ထဲကနေမျက်လုံးအဝိုင်းသားနဲ့ကြောင်ကြည့်လာလေသည်။ဟာရုတိုမျက်ခုံးပင့်ပြလိုက်ကာ မိုက်ကြည့်ကြည့်ပေးလိုက်တော့ အတန်ငယ်ယောက်ယက်ခတ်သွားတဲ့မျက်စံတွေနဲ့အတူ ရင်ခွင်ထဲကနေထပြေးဖို့လုပ်တော့သည်။

ဒီလိုတော့ဘယ်ရမလဲလေ။လူလည်ပတ်ကားလုပ်ချင်သည့်အကို့အားရုန်းလို့မရအောင်ဆွဲဖက်ထားလိုက်ရင်း လည်တိုင်ဖြူဖြူလေးအား အနမ်းတွေဖြန့်ကျဲနေလိုက်သည်။

ရင်ခွင်အောက်မှာထွန့်ထွန့်လူးနေတဲ့အကို့ရဲ့ပုံစံလေးကသူ့ရဲ့စိတ်ကိုပိုပြီးထိန်းရခက်စေသည်မို့ ချက်ချင်းထိုင်ရာကထကာရင်ခွင်ထဲကကိုယ်လေးကိုဆွဲပွေ့လိုက်တော့သည်။

"အား!!!ငါ့ကိုလွှတ်ပေး!"

"လေးလာတယ်နော် အစားပုတ်လေး"

ဂျွန်ဂယူ သူ့ကိုပွေ့ချီထားပြီး ပြုံးစိစိလုပ်နေတဲ့ သမင်အယောင်ဆောင်ကျားကြီးရဲ့ရင်ဘတ်အားကိုက်ချလိုက်တော့သည်။

"အား!!အကိုနော် ကလေးကိုဘာလို့နှိပ်စက်နေတာလဲ"

"အင့်!ဟေ့ကောင်လွှတ်ပေးလို့ဆိုနေ ငါအားမရှိရတဲ့အထဲ"

လွှတ်ပေးလို့သာပြောနေတာ။တစက်ကလေးမှတောင်ရုန်းမနေပဲ လူကိုဟိုကိုက်၊ဒီရိုက်နဲ့။

သူအာ့လိုလုပ်လေ၊ဟာရုတိုပိုဆိုးချင်လေဆိုတာမသိတာလဲမဟုတ်ပဲ။

"အကိုအားမရှိလဲရတယ် ကျနော့်ဘာသာကြည့်ကြပ်လိုက်မယ်"

အိပ်ခန်းထဲအထိပွေ့ချီခေါ်လာခဲ့ပြီး ကုတင်ပေါ်အသာချပေးလိုက်တော့ အကိုဟာရင်ဘတ်ပေါ်လက်ကလေးတဖက်တင်ပြီး မျက်စံလေးတွေဂဏာမငြိမ်။
ခဏခဏဒီအခြေအနေကြုံဖူးလဲအကိုဟာအခုချိန်အထိရှက်တတ်သေးတာတဲ့လေ။

"အကိုကကျနော့်အပိုင် ကြားလားဝါတာနာဘယ်ဂျွန်ဂယူ"

"အာ့လိုမခေါ်နဲ့"

ရှက်နေတဲ့အကို့အားပိုတိုးလို့စချင်တာမို့ လည်တိုင်လေးအားငုံခဲထားရာကနေလွှတ်ပေးကာမျက်နှာတည့်တည့်ကိုကြည့်လိုက်သည်။

"ဘယ်လိုခေါ်ရမလဲ ယောကျာ်းလို့လား"

"ဟာ့!ဟာရုတို"

အပေါ်ဝတ်အကျီအထူကိုဖြည်းဖြည်းချင်းချွတ်လိုက်တော့ supremy hoddieအနက်ရောင်လေးကအရှင်းသား။

လည်တိုင်တလျှောက်မှာလဲဟာရုတိုရဲ့စနက်ကြောင့်ခရမ်းရင့်ရောင်အမှတ်အသားတွေကဟိုတကွက်ဒီတကွက်။သိပ်ကိုလှရက်လွန်းတဲ့အကိုကြောင့်ဟာရုတိုမှာအပေါ်စီးကနေရီဝေဝေဖြစ်နေရတော့တယ်။

"ကျနော့်နှုတ်ခမ်းညိုညိုကအကို့လည်တိုင်နဲ့မှသွားလိုက်ဖက်နေတယ်ဗျာ"

ထိုသို့မချင့်မရဲပြောတော့ အကိုဟာခပ်ပြုံးပြုံးနဲ့သူ့အားစိန်ခေါ်သလိုလေးမျက်ခုံးပင့်ပြလာသည်။

"အာ့တာဆိုပြောကြည့်လေ"

"ကောင်းပါပြီ တရက်တလိပ်ဆိုလဲတလိပ်ပဲပေါ့"

တိုးဝင်လာတဲ့လက်တွေကဂျွန်ဂယူရဲ့အသွေးအသားတွေကိုစုတ်ယူစားသုံးပစ်နေတဲ့အလား။အောက်နှုတ်ခမ်းကိုခပ်ဖွဖွကိုက်ရင်းချွေးတွေစို့လာတဲ့အကို့ရဲ့နဖူးရဲရဲလေးပေါ်ကဆံပင်တွေကိုသပ်တင်ပေးလိုက်သည်။

ဖြူဖွေးဖွေးကိုယ်လုံးလေးကိုကြည့်ရင်း ချစ်စိတ်တွေလျှံကျလာတဲ့အခါမှာ ဟာရုတိုအချိန်ဆက်ဆွဲမနေတော့ပဲ အကို့အားတယုတယချစ်ပစ်လိုက်ဖို့သာတွေးလိုက်ရင်းဟာရုတိုရဲ့ကိုယ်ပေါ်ကအကျီခပ်ထူထူကိုချွတ်ပစ်လိုက်တော့သည်။

တယောက်နဲ့တယောက်အသွေးအသားဆန္ဒတွေရဲ့အလိုအတိုင်းပူနွေးတဲ့အထိအတွေ့တွေနဲ့အတူ အချစ်တွေကိုကြင်နာစွာပုံဖော်နေလျက်ရှိသည်။

ဆောင်းလေအေးနေပေမဲ့ အကိုနဲ့ဟာရုတိုရဲ့အိမ်လေးကတော့အနွေးဓာတ်နဲ့ရနံ့တချို့ကနေရာအနှံ့ထုံသင်းပြန့်နှံ့နေလေရဲ့။

****************************************

ဆောင်းတွင်းမှာတယောက်ထဲရှိတဲ့singleတွေကတော့ စောင်ထူထူပဲခြုံကြပါရှင့်။

The End....


Zawgyi....

Continue Reading

You'll Also Like

1.1M 20K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
589K 9.1K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
159K 5.7K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
75.7K 1.7K 32
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...