ဇာတ်လိုက်မဟုတ်တဲ့ဇာတ်လိုက်

Від Bloodwood90

122 9 0

ကျင့်ကြံရေးလောကBL Більше

P2
P3

P1

69 2 0
Від Bloodwood90

ဖန့်ရန်အရင်ဘဝတုန်းကမ​သေရုံတမယ်ရုန်းကန်လှုပ်ရှားနေရတဲ့အောက်ခြေဝန်ထမ်းဖြစ်သည်။
သူဘယ်လိုကူးပြောင်းလာမှန်းမရေမရာဖြစ်ပေမယ့်ကူးပြောင်းလာတဲ့အတွက်တကယ်ပျော်သည်။

ကူးပြောင်းလာပြီးမှဖန့်ရန်ဘဝကလိုလေသေးမရှိပြည့်ပြည့်စုံစုံနေရပြီးလွတ်လပ်​ပေါ့ပါးတယ်။လူတိုင်းကရိုသေလေးစားခြင်းခံရသည်။

ဒါပေမယ့်သူ့လွတ်လပ်ပေါ့ပါးတဲ့ဘဝကကြာကြာမခံပါဘူးကျန်းမင်ကျိဆိုတဲ့မြေးတပည့်လေးရောက်လာပြီးနောက်သူ့ဘဝကအမြှီးတန်းလန်းနဲ့အဖိုးအိုဘဝကိုရောက်ရှိသွားတယ်။ဟုတ်တယ်မင်းတို့မှန်တယ်မြေးတပည့်လေးမှားမရေးမိဘူး

ကျောက်စိမ်းတောင်တန်းဂိုဏ်းကိုရောက်ချိန်မှာဖန့်ရန်ကဆရာတူဦးလေးဘွဲ့ကိုရရှိလိုက်သည်။ထိုအချိန်တွင်ကူးပြောင်းခါစဖန့်ရန်ဟာ၃နှစ်အရွယ်ကလေးငယ်တစ်ဦးဖြစ်သည်။

တောင်ခြေရွာလေးမှာဘု့မသိဘာမသိနိုးထလာပြီးယောင်လည်လည်ဖြစ်နေတဲ့ဖန့်ရန်ကိုဆံပင်ဖြူမုတ်ဆိတ်ဖြူအဖိုးကြီးတစ်ဦးကတပည့်လုပ်မလားလို့မေးတယ်။သူ့တပည့်လုပ်ရင်စားကောင်းသောက်ဖွယ်နဲ့အေးဆေးတဲ့ဘဝဖြင့်နေထိုင်ရမည်ဟုပြောလာတော့ဖန့်ရန်ကမငြင်းဘဲချက်ချင်းလက်ခံလိုက်တယ်။

အဲ့ဆံ​ဖြူအဖိုးကြီးကဖန့်ရန်ကိုကျောက်စိမ်းတောင်တန်းဂိုဏ်းကိုခေါ်လာခဲ့ပြီးတရားဝင်တပည့်ဖြစ်စေသည်။အဲ့ဒီနောက်ဖန့်ရန်ကို​လေဟာနယ်ခုန်ကူး​ခြင်းပညာ၏လျှို့ဝှက်ချက်သင်ကြားပေး​ပြီးနတ်ဘုရားလောကဆိုတဲ့သာလွန်လောကကြီးဆီထွက်ခွာသွားတယ်။

ဖန့်ရန်သိလိုက်ရသည်ကားထိုအဖိုးအိုသည်ကျောက်စိမ်းတောင်တန်းဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်ပြီးအနှစ်တစ်သိန်းအတွင်းနတ်ဘုရားလောကသို့ခြေချသွားနိုင်တဲ့တစ်ဦးတည်းသောတန်ခိုးရှင်ဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင်အသက်ဟာသင့်ရဲ့ကျင့်ကြံဆင့်အတိုင်းတိုးမြှင့်နိုင်သည်ပင်။ကျင့်ကြံဆင့်မြင့်လာရင်မြင့်လာသလိုအသက်ရှင်ချိန်ဟာလည်းကြာမြင့်လာသည်။ကျင့်ကြံဆင့်ရပ်တန့်သွားရင်တော့နေထိုင်နိုင်သည့်ပမာဏအထိသာအသက်ရှင်နေနိုင်သည်။

ကျင့်ကြံရေးအဆင့်ကိုးဆင့်မှာဟိုထျန်၊ဇင်ထျန်၊ဇီဖူ၊ဝမ်ရှင်းသူတော်စင်၊တာအိုသူတော်စင်၊မြေကမ္ဘာသူတော်စင်၊ကောင်းကင်သူတော်စင်၊အနတ္တသူတော်စင်တို့ဖြစ်ပြီးကနဦးပိုင်း၊အလယ်အလတ်နဲ့အထွပ်အထိပ်ဟူ၍သုံးပိုင်းရှိသည်

အနတ္တသူတော်စင်အထွပ်အထိပ်ကိုကျော်လွန်သွားရင်တော့ဖန့်ရန်ရဲ့ဆရာလိုနတ်ဘုရားလောကသို့အခြေချနိုင်ပြီဖြစ်သည်။

အဲ့အဖိုးကြီးအကြောင်းကထားလိုက်တော့ဖန့်ရန်အကြောင်းကိုဆက်ကြမယ်။အဖိုးကြီးကရုတ်တရက်ကြီးထွက်သွားတာကြောင့်ဖန့်ရန်ရဲ့ဂိုဏ်းတူအကိုကြီးကဂိုဏ်းချုပ်ဖြစ်လာခဲ့တယ်။ဂိုဏ်းတူအကိုကြီးမှာအလုပ်တာဝန်တွေတပုံကြီးရှိနေတာကြောင့်ဖန့်ရန်ကိုဂရုမစိုက်နိုင်ပေ။သူ့ရဲ့အကြီးဆုံးတပည့်ဖြစ်သူကျန်းယန်ကဖန့်ရန်ကိုစောင့်ရှောက်ပေးရသည်။

ဝါစဥ်အရဆိုရင်ဖန့်ရန်ဟာကျန်းယန်၏ဆရာတူဦးလေးဖြစ်ပေမယ့်အသက်အားဖြင့်ဆိုဖန့်ရန်ထက်အသက်သုံးဆယ်ကျော်မျှကြီးသည်။ကျန်းယန်ကအထူးချွန်ဆုံးတပည့်မဖြစ်သော်ငြားစိတ်ရင်းတကယ်ကောင်းသည်။

ဖန့်ရန်ကိုသေချာဂရုစိုက်ပေးသည်။ကျင့်ကြံရေးအခြေခံအုတ်မြစ်တည်ဆောက်နိုင်အောင်လေ့ကျင့်ပေးတယ်။သူတတ်မြောက်ထားတဲ့ဆေးလုံးဖော်စပ်နည်းတွေသင်ပေးတယ်။

ဖန့်ရန်ကသူ့ဒန်ထျန်ထဲမှာအခြေခံအုတ်မြစ်တည်ဆောက်ပြီးနောက်အချိန်ယူပြီးတရားကျင့်ရန်မလိုအပ်ပေ။သူ့ဒန်ထျန်ကအလိုလိုပတ်ဝန်းကျင်ကစွမ်းအင်တွေကိုစုပ်ယူနိုင်သည်။တစ်ခြားလူတွေမှာသာဒီလိုခန္ဓာကိုယ်မျိုးပိုင်ဆိုင်ရင်ပိုပြီးကြိုးစားမှာဆိုပေမယ့်ငါးဆားနူတစ်ယောက်သာဖြစ်ချင်တဲ့ဖန့်ရန်ကသူ့ဘဝကိုအိပ်ရင်းစားရင်းကုန်ဆုံးခဲ့သည်။

အစားအသောက်ကကျင့်ကြံတဲ့လူတွေအတွက်မသန့်စင်စေဘူးဆိုပေမယ့်တစ်နေ့ထမင်းသုံးနပ်ပြည့်အောင်စားတဲ့ဖန့်ရန်အတွက်ကတော့မစားရမနေနိုင်ပါ။ဒါကြောင့်သူ့ဆရာအဖိုးကြီးသင်ပေးတဲ့လေဟာနယ်ခုန်ကူးခြင်းပညာရပ်ကိုအသုံးပြုပြီးသေမျိုးလို့ခေါ်တဲ့လူတွေရဲ့မြို့တွေမှာအစားအသောက်သွားဝယ်လေ့ရှိတယ်...

ဂိုဏ်းတူဦးလေးဖြစ်သည့်ဖန့်ရန်ပူပန်စရာမလိုတဲ့အထဲမှာငွေကြေးလည်းပါဝင်သည်။သူ့သိုလှောင်အိတ်ထဲမှာငွေတုံးနဲ့ရွှေသေတ္တာကြီးများစွာရှိသည်။သူလိုချင်တာမှန်သမျှတုန့်ဆိုင်းနေဖို့မလိုဘူးဝယ်လိုက်ရုံဘဲ

ထိုလေဟာနယ်ခုန်ကူးခြင်းပညာရပ်ကိုလူတိုင်းတတ်မြောက်နိုင်တာမဟုတ်လို့ဒီလို​​နေရာမှာအသုံးပြုနေမှန်းသူ့ဆရာတူအကိုကြီးသာသိသွားရင်နာကျင်နေလောက်တယ်။

ကျန်းယန်ကသေမျိုးအစားအစာတွေမစားစေချင်တာကြောင့်ဖန့်ရန်မှာမတတ်နိုင်ဘဲနှစ်ကြိမ်လျော့ချပြီးတစ်နေ့တစ်ကြိမ်သာစားသည်။ဖန့်ရန်ကအပျင်းထူပေမယ့်သူ့ကိုစောင့်ရှောက်ပေးတဲ့ကျန်းယန်စကားကိုနားထောင်သည်။

တစ်နေ့ကုန်တစ်နေခမ်းအိပ်နေတတ်တဲ့ဖန့်ရန်ဟာကျန်းယန်စကားအတိုင်းဆေးလုံးတစ်လုံးအမြဲဖော်စပ်သည်။အားစိုက်ရမှာပျင်းတဲ့ဖန့်ရန်ကအမြဲတမ်းမြန်မြန်ပြီးလွယ်တဲ့အဆင့်တစ်ဆေးလုံးကိုသာဖော်စပ်လေ့ရှိသည်။ဖန့်ရန်ရဲ့ပျင်းရိပုံကိုကျန်းယန်လုံးဝစိတ်တိုင်းမကျပေမယ့်ဝါစဥ်ကြီးတဲ့ဖန့်ရန်ကိုသူ့မှာဆုံးမပိုင်ခွင့်မရှိဘူးလေသူလုပ်နိုင်တာကဖြောင်းဖျဖို့ဘဲ

''ဆရာတူဦလေး ဒီနေ့အဆင့်နှစ်ဆေးလုံးကို ဖော်စပ်ကြည့်ရင်ဘယ်လိုလဲ''
ကျန်းယန်စကားစလာထဲကသူဒီနေ့အဆင့်နှစ်ဆေးလုံးမဖော်စပ်ရင်အိပ်လို့မရနိုင်မှန်းဖန့်ရန်သိသည်။

''အင်း''
တကယ်တော့အဆင့်တစ်နဲ့နှစ်ဆိုတာတစ်ပါးသူတွေအတွက်ကွာခြားပေမယ့်ဖန့်ရန်အတွက်ကစက္ကန့်ပိုင်းလောက်အချိန်ကြာသွားသည်မှလွဲပြီးဘာမှမထူးခြားပေ။

ဖန့်ရန်ကသူ့သိုလှောင်အိတ်ထဲကဆေးမီးဖိုကိုထုတ်ယူကာအဆင့်နှစ်ဆေးလုံးကိုချက်ချင်း​ဖော်စပ်လိုက်သည်။ပထမဆုံးအကြိမ်အဖြစ်အဆင့်နှစ်ဆေးလုံးကို​ဖော်စပ်တယ်ဆိုပေမယ့်ရလဒ်ကအသန့်စင်ဆုံးအဆင့်နှစ်ဆေးလုံးဖြစ်သည်။

အဆင့်နှစ်ဆေးလုံးကိုဆေးလုံးသိမ်းတဲ့သေတ္တာလေးထဲထည့်လိုက်ပြီးဖန့်ရန်ကသမ်းတဝါးဝါးဖြင့်ဆေးခန်းမဆောင်မှသူ့ကိုယ်ပိုင်နှင်းပြာတောင်သို့အနားယူရန်ပြန်သွားသည်။

ထွက်သွားတဲ့ဖန့်ရန်ကျောပြင်သေးသေးလေးအားကြည့်ကာကျန်းယန်မှာသက်ပြင်းသာချနိုင်သည်။အသက်ငါးနှစ်အရွယ်ကလေးတစ်ယောက်ကဟိုထျန်အထွပ်အထိပ်အဆင့်ရောက်ပြီးအဆင့်နှစ်ဆေးလုံးကိုမျက်စိတစ်မှတ်အတွင်းဖော်နိုင်သည်ကိုလက်ခံနိုင်ဖို့ရာခဲယဥ်းသည်။

အချိန်နှစ်နှစ်ကြာပြီးမှထိုရလဒ်ကိုရသည်ဟုထင်ရင်မှားလိမ့်မယ်။ဖန့်ရန်စတင်ကျင့်ကြံသည့်မှာနှစ်ဝက်မျှသာရှိသေးသည်။ကျန်တဲ့တစ်နှစ်ခွဲကိုငယ်သေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မကျင့်ကြံဘဲထွက်ပြေးမနေခဲ့ရင်ဇင်ထျန်အဆင့်ကိုရောက်နေလောက်ပြီ။ဒါမှမဟုတ်ဒီထက်မြင့်ရင်မြင့်နေမှာပေါ့...

''ဘာကြောင့်များ ဒီလိုပါရမီရှိတဲ့ ခန္ဓာကိုယ်မျိုးကို ငါမပိုင်ခဲ့ရတာလဲ''လို့ ကျန်းယန်ရေရွတ်မိသည်။

ဖန့်ရန်အိပ်ရင်း၊စားရင်း၊ဆေးဝါးဖော်စပ်ရင်းဖြင့်ကုန်ဆုံးလာခဲ့သည်မှာအသက်ခုနှစ်နှစ်သို့ရောက်လာခဲ့ပြီ။​ပြိုင်ပွဲဝင်လို့ရတဲ့တရားဝင်အသက်ကိုရောက်လာပြီမို့ဖန့်ရန်ကကျောက်စိမ်းတောင်တန်းဂိုဏ်း၏နှစ်စဥ်ကျင်းပတဲ့ဂိုဏ်းအတွင်းသိုင်းပြိုင်ပွဲမှာဝင်ရောက်ယှဥ်ပြိုင်ရသည်။

ဖန့်ရန်ကအဲ့လိုပွဲတွေဝင်ပြိုင်တာဘာညာမလုပ်ချင်ဘူးဒါပေမယ့်ကျန်းယန်ကဝင်ပြိုင်စေချင်တယ်။ကျန်းယန်ကဘယ်လောက်ထိ​ငါ့ကိုပြိုင်ပွဲဝင်ခိုင်းဖို့ဆန္ဒစောနေလဲဆိုရင်ငါ့ကိုနှင်းပြာတောင်မှာလာမရှာတော့ဘဲကြိုက်သလိုအေးဆေးနေခွင့်ပေးမယ်၊ဆေးဖော်စပ်ဖို့အတင်းမတိုက်တွန်းဘူးလို့ဂတိနှစ်ခုတောင်မှပေးသွားသည်။

ပြိုင်ပွဲဝင်ဖို့ဘဲပြောထားတာလေငါ့ကိုအနိုင်ယူရမယ်လို့ပြောထားတာမှမဟုတ်တာဒီတိုင်းအရှုံးပေးပြီးထွက်လိုက်ရင်လဲပြိုင်ပွဲဝင်တယ်လို့သတ်မှတ်လို့ရတယ်မဟုတ်လား...

ပြိုင်ပွဲနေ့ကအရမ်းစည်ကားပြီးအပြင်စည်းတပည့်တွေ၊အတွင်းစည်းတပည့်တွေအစုံအလင်တွေ့ရတဲ့အပြင်ဖန့်ရန်ရဲ့ဂိုဏ်းတူမောင်နှမတွေအကုန်လုံးအတူတူရှိနေကြသည်။

ဖန့်ရန်သိုင်းကွင်းပြင်ကိုရောက်တော့လူငယ်တစ်စုစကားသံကိုကြားလိုက်ရသည်

''မင်းတို့ဆရာတူဦးလေးဆိုတဲ့လူအကြောင်းသိပြီးပြီလား''

''ဟမ် ငါကြားထားတာရှိတယ် သူကမိဘမဲ့ကလေကချေတဲ့''

ဖန့်ရန်ကအရင်ဘဝနဲ့အခုဘဝနှစ်ခုလုံးမှာတကယ်မိဘမရှိတဲ့အတွက်သူတို့စကားကိုစိတ်မဆိုးဘူး

''ပြီးတော့ ဂိုဏ်းရဲ့ငွေတွေကိုသုံးဖြုန်းနေတာတဲ့''

ဒီစကားကိုလည်းဖန့်ရန်ကလက်ခံသည်။သူစားနေတဲ့အစားအစာ၊အဝတ်အထည်မှန်သမျှဂိုဏ်းရဲ့ပိုက်ဆံတွေဟုတ်တာကိုး

''သိုင်းပညာကလည်းစုတ်ပြတ်နုံချာနေတာဘဲ''

ဒါကတော့သူ့ကျင့်ကြံဆင့်ကိုတစ်ခြားလူတွေဆီထုတ်မပြဖူးတာကြောင့်ဖြစ်နိုင်သည်။
တပည့်တွေပြောသမျှသူ့အတင်းအဖျင်းတွေကိုဖန့်ရန်ဒေါသမထွက်ဘဲနားထောင်နေခဲ့ပေမယ့်စကားတစ်ခွန်းကြောင့်သူစိတ်ဆိုးသွားသည်

''အဲ့လိုအသုံးမကျတဲ့လူဖျင်းတစ်ယောက်ကဒီလိုမျိုးကျောက်စိမ်းတောင်တန်းဂိုဏ်းရဲ့အထောက်အပံ့နဲ့မထိုက်တန်ဘူးအဲ့သေမျိုးကမ္ဘာမှာခက်ခက်ခဲခဲရုန်းကန်ပြီးသေသွားရမှာ''

ခက်ခက်ခဲခဲနဲ့ရုန်းကန်ဆိုတဲ့စကားလုံးတွေကဖန့်ရန်ရဲ့စိတ်အခြေအနေဆိုးရွားစေသည်

''မင်းတို့ဘာပြောနေကြတာလဲ ပြန်ပြောစမ်း''

အတင်းပြောနေတဲ့လူတစ်စုကသူတို့စကားဝိုင်းအဖြတ်ခံရလို့ဒေါသတကြီးဖြင့်လှည့်ကြည့်လိုက်တော့ကလေးတစ်ယောက်ကိုမြင်ပြီးပိုဒေါသထွက်သွားတယ်။

ဓား​ကြီးကိုကျောမှလွယ်ထားတဲ့ကောင်လေးကဖန့်ရန်ကိုအော်ပြောသည်။

''ဟမ့် မင်းလိုကလေးတစ်ယောက်က ဝင်ပြောရမယ့်နေရာမဟုတ်ဘူး...အကိုကြီးရှန့်ရှေ့မှာတောင် မောက်မာနေရဲတယ်ပေါ့''

ဓား​ကြီးနဲ့ကောင်လေးပြောတဲ့အကိုကြီးရှန့်ဆိုတဲ့မောက်မာတဲ့ပုံစံနဲ့ကောင်လေးကိုကြည့်လိုက်ပြီးဖန့်ရန်ကနှာခေါင်းရှုံ့လိုက်သည်။

''အကိုကြီးရှန့်တွေဘာတွေငါနားမလည်ဘူး...မင်းတို့ခုနကဆရာတူဦးလေးကဘယ်လိုဘဝမျိုးနေသင့်တယ်လို့ပြောလိုက်တာလဲ''

အကိုကြီးရှန့်ဆိုတဲ့ကောင်လေးကခပ်ပြုံးပြုံးနဲ့သူပြောခဲ့တဲ့စကားကိုပြန်ပြောပြသည်

''သူကသေမျိုးကမ္ဘာမှာခက်ခက်ခဲခဲနဲ့---''

သူ့အပေါ်ဖိအားပေးလာသည့်အရှိန်အဝါကြောင့်ရှန့်ဝေစကားဆက်မပြောနိုင်ဘဲချွေးစေးတွေထွက်လာသည်။

ဖန့်ရန်အရှိန်အဝါကိုရှန့်ဝေတစ်ဦးထဲအပေါ်မှာဖိအားပေးထားတာကြောင့်ဘေးမှာရှိတဲ့လူငယ်လေးတွေကဘာဖြစ်နေမှန်းမသိကြပေ

ရှန့်​ဝေသူ့အပေါ်ကဖိအားကိုခုခံဖို့ရာနည်းမျိုးစုံကြိုးစားပေမယ့်မရခဲ့ဘူး။အချိန်ကြာလာလေဖိအားကတောင်ပမာကြီးမားလာလေဖြစ်ပြီးမတ်တပ်ရပ်ဖို့ရန်ပင်ခဲယဥ်းလာသည်။

ရှန့်ဝေမျက်နှာကဖြူဖျော့နေပြီမို့သူ့အရှိန်အဝါကိုဖယ်ပေးလိုက်ပြီးသတိပေးစကားပြောလိုက်သည်။

''နောက်တစ်ခါ အဲ့စကားမျိုး ထပ်မပြောမိစေနဲ့ မဟုတ်ရင် ငါသည်းခံမှာမဟုတ်ဘူး''

ဖန့်ရန်လှည့်ထွက်ခါနီးမှာရှန့်ဝေကိုမြှောက်ပင့်နေတဲ့ကောင်လေးတစ်ယောက်ကဖန့်ရန်ကိုဒေါသတကြီးပြောသည်။

''မင်းကဘယ်သူမို့လို့ အကိုကြီးရှန့်ကို လာဆုံးမနေရတာလဲ အကိုကြီးရှန့်က ဆရာတူဒေါ်လေး လုရှန့်ရှန့်ရဲ့ တန်ဖိုးအထားဆုံးတပည့်ကွ ဆရာတူဒေါ်လေးလုကို ပြန်ပြောလိုက်ရင် မင်းဘာဖြစ်သွားမလဲ သိရဲ့လား''

''စကားကို ဖြစ်သလိုပြောဆိုတတ်တဲ့ တပည့်တစ်ယောက်ကို ဆုံးမပေးလို့ ဆရာတူအမက ငါ့ကိုကျေးဇူးတင်ပါမှာ''

''ဒါ...ဒါဆို မင်းက ''

အံ့သြနေတဲ့လူငယ်တစ်စုကိုပြိုင်ကွင်းပြင်မှာချန်ရစ်ခဲ့ပြီးအကြီးအကဲတွေထိုင်သည့်စင်မြင့်အပေါ်တတ်သွားသည်။ဖန့်ရန်ကဂိုဏ်းချုပ်ထိုင်ခုံ​ဘေးဘယ်ဘက်​ခြမ်းတွင်ဝင်ထိုင်လိုက်တော့ထိုလူငယ်တစ်စုမျက်နှာကအမူအယာအမျိုးမျိုးပြောင်းလဲကုန်ကြသည်။

ဓားကြီးလွယ်ထားတဲ့ကောင်လေးကတံထွေးကိုဒေါသတကြီးထွေးထုတ်လိုက်ပြီးနှိမ်ပြောသည်

''ဆရာတူဦးလေးဖြစ်တော့ရော သူ့လိုကလေးတစ်ယောက်က ဘယ်အချိန်ထိ မာနကြီးနိုင်မလဲ ကြည့်ကြသေးတာပေါ့ အကိုကြီးရှန့် စိတ်မပူနဲ့ အင်အားကသာ အရာရာဖြစ်မှန်းသိအောင် ပြိုင်ပွဲမှာဖိနှိပ်ဖို့ ညီအကိုတွေကို ပြောပြထားလိုက်ပါ့မယ်''

ရှန့်ဝေကဆရာတူဦးလေးဆိုတဲ့ကလေးဟာသမာရိုးကျမဟုတ်မှန်းခန့်မှန်းမိတာကြောင့်ဘာမှမလုပ်ရန်ပြောခဲ့သည်။ဒါပေမယ့်ဓားကြီးလွယ်ထားတဲ့ကောင်လေးကနားမထောင်ဘဲသူ့အစီအစဥ်အတိုင်းဆက်လုပ်ခဲ့သည်။

Продовжити читання

Вам також сподобається

201K 10.2K 89
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...
270K 7.8K 133
"𝑻𝒉𝒆𝒓𝒆'𝒔 𝒓𝒆𝒂𝒍𝒍𝒚 𝒏𝒐 𝒘𝒂𝒚 𝒐𝒇 𝒘𝒊𝒏𝒏𝒊𝒏𝒈 𝒊𝒇 𝒊𝒏 𝒕𝒉𝒆𝒊𝒓 𝒆𝒚𝒆𝒔 𝒚𝒐𝒖'𝒍𝒍 𝒂𝒍𝒘𝒂𝒚𝒔 𝒃𝒆 𝒂 𝒅𝒖𝒎𝒃 𝒃𝒍𝒐𝒏𝒅𝒆."
138K 3.4K 200
When Shi Qingluo, an agriculture expert, opened her eyes again after dying, she realised she had transmigrated as a farm girl in an ancient era. Her...
195K 705 24
its all in the title babes 😋