My fiancé

By joejoeisnotyougirl23

2.6K 245 100

Mg....I Don't Like you, I Love You! More

My Fiancé's
He Call Me Mg's<3
Hi bebe💗
Synopsis<3

Unknown Person?

595 57 20
By joejoeisnotyougirl23

သူစိမ်းတွေ.....။

ပထမဆုံး P'Pond လိုက်မပို့သည့် ကျောင်းရက်။
ငါတို့ စဉ်းစားရခက်နေလေသည်၊ အဘယ်ကြောင့်ဆို ကျောင်းကိုသွားဖို့နည်းလမ်းစဉ်းစားမရတာကြောင့်ပင်။

Gemini ကတော့ သူနဲ့ပဲတူတူသွားလိုက်လို့ပြောပေမဲ့ ငါတို့စေ့စပ်ပြီး တူတူနေတာ ကျောင်းကလူတွေသိလို့မဖြစ်လှပါ။

"driver နဲ့သက်သက်သွားလိုက်ပေါ့ Nong လေးရဲ့"

ဘေးကနေလာပြီး အကြံပေးတဲ့ Gemini ရဲ့အမစကားကို အားလုံးကလက်ခံကြလေသည်။

"ရပါတယ် ကျွန်တော် တက္ကစီနဲ့ပဲသွားလိုက်မယ်"

"အို....titicharoenrak အိမ်တော်က သားမတ်လေးက ဒီလိုသွားလို့ဘယ်ဖြစ်မလည်း, Driver နဲ့သာသွား, မဟုတ်ရင် အန္တရာယ်များတယ်နော်"

Gemini အမေရဲ့စကားမို့ ငါလည်းမလွန်ဆန်နိုင်ပါ၊
Gemini ကလည်း ထိုစကားကိုပိုထောက်ခံလေသည်။

ခဏအကြာ ငါတို့အိမ်ရှေ့စောင့်နေချိန် ကားမဲနှစ်စီးကရောက်လာလေသည်။

"သားFourth ကားရောက်ပြီ"

"နောက်ကားကရောဗျ"

"security တွေလေ"

Gemini အမေရဲ့စကားကြောင့် ငါကားပေါ်ပင်မတက်ရဲသလိုလို၊
ကျောင်းလေးတစ်ခါသွားတာတောင် security နဲ့လွှတ်မလို့တဲ့။

Gemini တို့မိသားစုပိုက်ဆံရှိမှန်းသိပေမဲ့ ဒီလိုပါဝါရှိမှန်းတော့ငါမသိခဲ့ပါ။

ငါမတက်ခင် Gemini ကငါ့ဘေးလာပြီး စကားတစ်ခွန်းပြောသွားလေသည်။

"မောင်က မင်းနဲ့တူတူသွားချင်တာကို"

ငါပုခုံးတစ်ချက်တွန့်မိပြီး ခေါင်းခါမိလေသည်၊
တော်တော်အရှက်မရှိတာပဲ, Gemini ရဲ့အမှောင်ဘက်ခြမ်းက သူနဲ့အနီးစပ်ဆုံးလူတွေပဲ မြင်ရတက်သည်ထင်ပါရဲ့။

ငါကားနောက်ခန်းမှာထိုင်လိုက်ပြီး သက်ပြင်းတစ်ချက်ချမိလိုက်သည်၊
ဒါမျိုးကို ငါရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးခဲ့တာ....၊
Van ကားအမဲကြီးထဲမှာငါရယ် Driver ရယ်ပဲရှိလေသည်၊
Driver ကိုငါက အသက်အတော်ကြီးလောက်ပြီလို့ ထင်ထားသောလည်း အသက်သိပ်မကြီးသလိုပင်။

"Gemini နဲ့နေရတာအဆင်ပြေရဲ့လား, Phi နာမည်က Aun ပါ, Gemini ရဲ့အတွင်းရေးမှုးလို့ဆိုပါတော့"

ငါတစ်ချက်ရယ်ချင်မိသွားလေသည်၊ Gemini ရဲ့အတွင်းရေမှုးက ငါနဲ့ကျမှ Driver ဖြစ်နေသည်မဟုတ်လား။

"Ka, အဆင်ပြေပါတယ်"

"မင်းအပေါ် အေးတိအေးစက်ကြီးဖြစ်နေသေးလား"

ကားနောက်ကြည့်မှန်ကနေ ကြည့်ရင်းမေးလာတဲ့ P'Aun ကမေးလိုက်သည်။

"မဖြစ်ပါဘူး, သူကသဘောကောင်းပါတယ်"

ဖြစ်နိုင်ရင် သူ Gemini ရဲ့မောင်လို့သုံးတာတွေ, ခေါ်ခိုင်းတာတွေ စနောက်နေတာတွေကို ပြချင်လေသည်။

"အောင်း, ထူးဆန်တယ် Gemini က သူ့မိသားစုဝင်တွေရယ် သူ့သူငယ်ချင်းနှစ်ယောက်ရယ် အကိုကို့တောင်လိုတာထက်ပိုမပြောတက်ဘူး, ပြီးတော့ Nong တို့ကအခုမှသိကြတာမဟုတ်လား"

"ဟုတ်ကဲ့ဗျ, သူကအနေအေးပေမဲ့ အရမ်းကြီးအေးနေတာလည်းမဟုတ်ပါဘူး"

P'Aun ကကားမောင်းရင်း ခေါင်းသာညိတ်ပြလိုက်လေသည်။

ခဏကြာတော့ ကျောင်းရောက်ပြီး ငါ့ကို ဟိုကောင်တွေကဖုန်းလှမ်းဆက်လေသည်။

"ဟေ့ကောင်, လာပြီလား"

"အေး, အခုရောက်နေပြီ ဆင်းတော့မလို့"

အသက်ပြင်းပြင်းတစ်ချက်ရှူထုတ်လိုက်ပြီး ငါတံခါးကိုဆွဲဖွင့်မယ်လုပ်တော့ ဝတ်စုံအမဲနဲ့လူတစ်ယောက်ကလာဖွင့်ပေးလေသည်။

ငါလည်း ကားပေါ်ကနေဆင်းလိုက်ပြီး ဝတ်စုံအမဲနဲ့လူကို ကျေးဇူးပါဟု တစ်ချက်ပြောပြီး ဟိုကောင်တွေဆီကိုပဲမြန်မြန်သွားလိုက်သည်။

"ဝါး....., မိုက်လိုက်တာ သူဌေးသားလေ"

"ဟေ့ကောင် သူဌေးသားမဟုတ်ဘူးကွ,
သူဌေးမယားလေ သူဌေးမယား"

Satang နဲ့ Winny ရဲ့စကားကြောင့် ငါ့မျက်နှာနီမြန်းလာပြီး သူတို့ကိုတစ်ချက် ဆောင့်ကန်လိုက်သည်။

တကယ်, မင်းတို့မှမညားရင်ဘယ်သူမှမညားဘူး။

"Hey Ai Fourth, ဘာတွေပြောနေကြတာလည်း"

အားလုံးက ရင်းနှီးတဲ့အသံကြောင့်
ပြောလက်စအကြောင်းအရာကို ချက်ချင်းရပ်ပစ်လိုက်ကြသည်။

ငါကိုတိုင်လည်း Mew မျက်နှာမြင်တော့ တစ်မျိုးကြီးခံစားရလေသည်၊ သူသာသိသွားရင် ငါ့ကိုဆက်ခင်တော့ပါ့မလား, သူအကြာကြီး ခံစားနေရမှာသေချာတယ်။

"ဘာမှမဟုတ်ပါဘူး, လာသွားမယ်"

Prom ကစကားလမ်းကြောင်းလွှဲကာ ငါတို့ကိုဦးဆောင်ခေါ်သွားလေသည်။

"အရင်တစ်နေ့ ငါမလာတုန်းက သူကျောင်းလာလား"

"ဟမ်...အော်အင်း လာတယ်"

Gemini ကိုဆိုလိုချင်မှန်းသိတာကြောင့် ငါလည်းအမြဲ Mewစကားကိုဖြေလိုက်ပြီး Mew ကတော့ဘောလုံးကွင်းဘက်ကိုကြည့်နေလေသည်။
သေချာပေါက် Gemini ကိုလှမ်းရှာတာပေါ့။

အတန်းထဲရောက်တော့ Mew ကတည်ထားတဲ့ရုပ်ကို ချက်ချင်းပြောင်းပြီး တက်ကြွစွာငါ့ပုခုံးကိုရိုက်လေသည်။

"အောင်း!! နာတယ်ဟ ဘာဖြစ်တာလည်း"

"သူငါတို့ဘက်ကိုကြည့်နေတယ်ဟ, Gemini လေ"

<<စိတ်တောင်မကောင်းဘူး မမရယ်>>

ငါအော်ဟုသာ ခေါင်းတစ်ချက်ညိတ်သာပြလိုက်ပြီး
စိတ်ထဲပြုံးစိစိဖြစ်သွားရလေသည်၊ Gemini ကငါ့ကိုကြည့်တာလည်းဖြစ်ချင်ဖြစ်နိုင်တာပဲလေ။

ငါတို့ အတော်ကြာစာသင်ပြီးတော့ နေ့လယ်ကျောင်းနားချိန်ကိုရောက်ရှိသွားလေသည်၊
အမှန်တိုင်းပြောရရင် ငါတို့အတော်ပျင်းရိနေကြပါပြီ။

အကြောကိုတစ်ချက်လျှော့လိုက်ကာ ဟိုအတွဲဘက်ကြည့်လိုက်တော့ နှစ်ယောက်သားက ချစ်ရည်လူးနေကြလေရဲ့။

<< ပြောချင်တာက မညားသေးပါဘူးနော်ကိုစောင်းတန်းတို့က >>

"Ai Satang, သွားမယ် Mew ကိုခေါ်"

Satang နောက်ကျောကိုတစ်ချက်ပုတ်ရင်း Mew ဖက်ကိုငါကြည့်လိုက်တော့ သူကစာတွေရေးနေလေသည်၊
ကြိုးစားနေသော Mew ကြောင့်ငါရယ်ချင်သလိုလိုတောင်ဖြစ်ရသည်၊
အမြဲ အလေလိုက်နေတဲ့ဟာမလေးက စာတွေသေချာရေးနေတာကို။

"ဟေး Mew, မလိုက်တော့ဘူးလား"

"ဪ Fourth, ခဏနေအုန်း ငါရေးပြီးတော့မယ် ဒီတစ်ပုဒ်ထဲ"

"Mew..!"

ငါနောက်တစ်ခေါက်အသံကို မြင့်ခေါ်လိုက်မှ ဘောပင်ကိုချကာ ငါတို့ဆီ Mew ကလှမ်းလာသည်။

မဲနက်နေသော ဆဲနွယ်ရှည်များ၊ ညိုညိုလေးဖြစ်နေတဲ့မျက်အိမ်တွေ၊ မိတ်ကပ်တွေမလိမ်းပဲ နှုတ်ခမ်းနီအဖျော့လေးနဲ့ Mew ကကျောင်းမှာတော့ ပုံမှန်ကောင်မလေးတစ်ယောက်ပါပဲ။

ငါတို့နဲ့ပဲပေါင်းပြီး မိန်းကလေးသူငယ်ချင်းမရှိသည့် မိန်းကလေးမို့ လူအများကတော့ သတိထားမိကြပါသည်။

"နင်ဘာလို့ စာတွေကြိုးစားရေးနေတာလည်း, အရင်ကဆို ငါတို့ကိုတောင်ပြီးမှရေး ပြီးမှရေးနဲ့"

ငါကန်တင်းက ကြက်ပင်စိမ်းထမင်းကိုမွှေထိုးရင် Mew ကိုမေးတော့
Mew ကအနီးအနားက Gemini ရှိရာကိုမေးငေါ့ပြလေသည်။
သဘောက သူစာကြိုးစားတာ Gemini ကြောင့်ဆိုသည့်ပုံနဲ့ပင်၊

ငါတို့နေ့လယ်စာစားနေတုန်းမှာပဲ ကျောင်းသားတစ်ချို့ကရုတ်ရုတ်သဲသဲဖြစ်နေကြတာကြောင့် စားလိုက်စကိုပစ်ပြီး ကြည့်လိုက်တော့  Gemini တို့အုပ်စုပဲပင်။

ငါတို့ကျောင်းမှာ ကန်တင်းနှစ်ခုရှိလေသည်၊
ပထမနှစ်ကျောင်းသားတွေရဲ့ ကန်တင်းနှင့်နောက်ဆုံးနှစ်ကျောင်းသားတွေရဲ့ကန်တင်းဖြစ်လေသည်။

ပုံမှန်ဆို Gemini ကဒီဘက်ကန်တင်းကို တစ်ခါမှတောင်မလာဖူးပါ၊
အခုတော့ အုပ်စုလိုက်ကြီးရောက်လာကြသည်တဲ့။

မဆီမဆိုင် မနေ့က မောင် ဆိုတာကြီးခေါင်းထဲဝင်လာလို့ မနည်းခါထုတ်ပစ်လိုက်ရသေးသည်။

"အဟမ်း!!"

Prom ကငါ့ကိုပြုံးစိစိဖြင့် ချောင်းတစ်ချက်လှမ်းဆိုးကာကြည့်နေသည်မို့ ဘေးက Mew မသိအောင်သူ့ကိုမေးငေါ့ပြရလေသည်။

Gemini တို့ကမှာစရာရှိတာမှာပြီး ငါတို့ရှေ့က ဝိုင်းရဲ့ ရှေ့ဝိုင်းမှာဝင်ထိုင်ကြလေသည်၊
ဘေးက ကောင်မလေးတွေကတော့ ထမင်းတောင်ကောင်းကောင်းမစားနိုင်ကြတော့, Gemini တို့ကိုကြည့်လိုက်, သူတို့အချင်းချင်းတိုးတိုးတိတ်တိတ်ပြောလိုက်နှင့် ဇာတ်ပွဲကြည့်နေတာကျနေတာပဲ။

Mew ကလည်းရိုးရာမပျက် Gemini ကိုမျက်တောင်းမခတ်, စိုက်ကြည့်နေသည်မို့ ငါသတိတောင်ပေးရလေသည်။

"နင်အဲ့လိုကြည်နေမှတော့ ဟိုကကြောက်ပြီးပြန်မကြိုက်ပဲနေမှ"

"အိုး...သူကြိုက်ကြိုက်မကြိုက်ကြိုက်, ငါကြိုက်နေဖို့ကအရေးကြီးတယ်"

မေးကိုလက်သွယ်သွယ်လေးတို့ဖြင့် ထောက်ကာပုခုံးတွန့်ရင်းပြောနေသည့် Mew ကိုငါရော Satang ရော Winny နဲ့ Prom ရောခေါင်းသာခါမိပါသည်။
ငါတို့သူ့အကြောင်းသိတာဖြင့် ကြာလှပြီမဟုတ်လား။

ငါ Mew တို့နဲ့ပျော်ရွှင်စွာစကားပြောနေရင်း
Gemini ကိုတစ်ချက်ကြည့်မိလိုက်တော့ အလိုမကျသောမျက်လုံးတွေနဲ့စိုက်ကြည့်နေတဲ့ Gemini ။

ပျော်လက်စအပျော်လေးတွေတောင် ရုတ်ချည်းထပျောက်သွားပြီး ချက်ချင်း ငါအကြည့်လွဲလိုက်ရသည်၊
ပေါက်ထွက်မတက်စိုက်ကြည့်နေတဲ့ မျက်ဝန်းတွေကိုငါ့မသိစိတ်ကရော သိစိတ်ကရော
ငါမသိခင်မှာပဲ အလိုလိုကြောက်နေရသည်။

နေပါအုန်း, ဘာလို့
ငါက သူ့ကိုကြောက်ရမှာလည်း။

━━━━━━━━━━━━━━━━━━━━━━━━━━━━━━

"Gemini, ငါ့ကို ဘောပင်လေးခဏလောက်ငှားလို့ရလား"

".............."

"Ai Gem?, Gemini လို့"

ငါကျောင်းကပြန်လာကတည်းက Gemini ကမနေ့ကသူမဟုတ်သည့်အတိုင်း ငါ့ကိုစကားအခုထိ တစ်ခွန်းမှမပြောပါ၊

အခုလည်း ငါ့ဘောပင်မှင်ကုန်သွားလို့သူ့ဆီက ငှားမလို့ကို ဘေးမှာထိုင်ကာ စာဖတ်နေလျက်နဲ့ပြန်မဖြေ။

ငါရဲ့ သည်းခံစိတ်က အတိုင်းအတာတစ်ခုထိပါပဲ၊
ငါကအိမ်မှာဆို Jun ကိုတောင်မှ ပြန်စိတ်ဆိုးသေးတာပဲ။

ငါ စာကြည့်ခုံကနေချက်ချင်းကောက်ရပ်ပြီး ထိုင်ခုံဘေးကလွယ်အိတ်ကို လွယ်လိုက်ကာ

"တော်ပြီ အိမ်ပြန်မယ်, သူများသားသမီးကို ယူတုန်းကယူထားပြီး ဘောပင်ငှားတာတောင် ပြန်မဖြေနိုင်တဲ့လူနဲ့တော့ အတူတူမနေနိုင်ဘူး"

နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ထွက်သွားမည်အလုပ်
ငါ့လက်က လှမ်းဖမ်းချင်းခံလိုက်ရလေသည်။
ငါရဲ့စိတ်ထဲအနည်းငယ်တော့ကျေနပ်သွားပေမဲ့ အခုပျော့လိုက်လို့မရဘူးမဟုတ်လား။

"ထွက်သွားမယ်ဆိုလည်း အင်္ကျီလဲပြီးမှပြန်,
ဝတ်ထားတာ ပြန်ကြည့်အုန်း"

ငါ့ဆီ တစ်ချက်မှလှည့်မကြည့်ပဲ စာအုပ်ကိုတစ်ဖက်ကကိုင်ကာကြည့်ရင်း ကျန်လက်တစ်ဖက်က ငါ့လက်ကိုဆွဲရင်းပြောနေတဲ့ အဲ့လူကြီးက အရမ်းအမြင်ကပ်ဖို့ကောင်းတာပဲ။
ငါ့ကိုယ်ထပ် နည်းနည်းကြီးပြီးပွကာ လည်ပင်းချောင်နေတဲ့ Teen ကြောင့်လား, ငါ့အတွက်တော့ပုံမှန်ပါပဲ။

"မင်းစောက်ပူပါလား Norawit!"

လက်ကို ရုန်းရင်းငါထွက်မယ်အလုပ်
နောက်ကနေ စာအုပ်ပိတ်လိုက်တဲ့အသံကိုကြားလိုက်ရသည်။

"အဟား...! ,စိတ်ကလည်း အဆိုးလွယ်လိုက်တာခဗျားလေးရယ် မောင် ကစတာကို"

ဒီတစ်ခေါက်တော့ ငါ့လက်က Gemini ဆီမှာမဟုတ်,
ငါ့ ခန္ဓာကိုယ်ကိုက Gemini လက်ထဲမှာပင်၊
အသက်ရှူသံတို့နဲ့ နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည့် ထိုရင်ဘက်ကငါ့မျက်နှာအနီးမှာ၊
ရုတ်တရက်ကြီး ငါအသက်တောင်မရှူရဲတော့ပေ။

စာကြည့်ခန်းထဲက စာအုပ်တွေက
လေထဲပျောက်ကွယ်သွားသလိုလို, လည်နေတဲ့ ကမ္ဘာကြီးကရပ်တန့်သွားသယောင်ယောင်။

အဲကွန်းလေတိုက်သံက တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာထွက်ပေါ်လာသည်။

ထူးဆန်းတာက Gemini စောနကပြောလိုက်သည့်စကားကို ငါမကြိုက်ပါဘူး, ဒါပေမဲ့ ဒေါသထွက်သွားတာလည်းမရှိ။
ငါကိုယ်တောင် ထိုအသုံးအနှန်းတွေကြား နစ်မြုပ်သွားသည့်ဟန်။

"သခင်မကြီးက ညစာလာ......စား...စား"

အိမ်စေမလေးက အပေါက်ဝကနေပြောရင်း
ငါတို့အနေအထားကြောင့် ပြောနေရင်းတစ်ဖြေးဖြေးအသံတိုးသွားကာ ခေါင်းကိုချက်ချင်းငုံ့လိုက်လေသည်။

ငါရှက်ရွံ့ခြင်းတို့နဲ့အတူ Gemini ကိုတွန်းဖယ်ရင်း
အမြန် စာကြည့်ခန်းထဲကနေထွက်လာလိုက်သည်။

အိမ်စေတွေအုပ်လိုက်ကြီးရောက်မလာတာပဲ တော်ပါသေးရဲ့....။

ငါကြောင်လိမ်လှေကားကြီးအတိုင်းအောက်ကို ဆင်းလာတော့ အသင့်ထိုင်စောင့်နေကြတဲ့ Gemini ရဲ့မိသားစုကြောင့် ခန္ဓာကိုယ်လေးတောင်ကျူံ့မိသွားရသည်။

"Gemini ရော သားလေး"

"ဟို...ဟွာ....,သူလိုက်လာမှာတဲ့"

Gemini အမေရဲ့စကားကို ငါအထစ်ထစ်အငေါ့ငေါ့ဖြေလိုက်ရင်း
ထမင်းကြွေဇလုံးကို ယူလိုက်သည်၊

ထိုနောက် ငါအိမ်သားတိုင်းရဲ့ ပန်းကန်တိုင်းကို ထမင်းလိုက်ထည့်ပေးနေတုန်း Gemini ကပြုံးစိစိကြီးဖြင့် ဝင်လာလေသည်။

"အမယ်....ဒါဘာဖြစ်လာတာတုန်း,
ငါ့မောင်လည်း အိမ်ကစေ့စပ်ပေးလိုက်မှ လူလိုသူလိုဖြစ်လာတော့တယ်"

ငါထမင်းထည့်နေတုန်း Gemini အမရဲ့စကားကြောင့် ရယ်ချင်စိတ်ကို ထိန်းထားလိုက်ရလေသည်။
Gemini ကတော့ခပ်ပြုံးပြုံးဖြင့်သာ
ငါ့ဘေး ဝင်လာထိုင်တော့သည်။
.
.
.
.
━━━━━━━━━━━━━━━━━━━━━━━━━━━━━━

ည9:00 လောက်ကြီးရောက်တော့
Gemini ကရေထချိုးလေသည်။

ငါဆို ကျောင်းကပြန်ရောက်တာနဲ့ချိုးသည်၊ သူကတော့အမြဲနောက်ကျနေလေတက်သည်။

ငါ စာအုပ်ဖတ်နေတုန်းမှာပဲ
Gemini ကရေချိုးပြီး အပေါ်ပိုင်းဗလာဖြင့် ပုခုံးပေါ် တာဝါတင်ရင်း ရေချိုးခန်းထဲထွက်လာသည်။
ငါရုတ်တရက်ကြီး ကြည့်မိသွားတော့
Gemini ရဲ့ဆွဲဆောင်မှုအပြည့်ရှိတဲ့ ခန္ဓာကိုယ်ကိုမြင်လိုက်ရသည်။

ငါချက်ချင်း စာအုပ်နဲ့ကာလိုက်ကာ

"လူလိုသူလိုလေး နေစမ်းပါnorawit "

Gemini ကရယ်ရင်း ခေါင်းခါကာ
ဗီရိုထဲက ညဝတ်အင်္ကျီတစ်ထည်ကိုယူကာ ဝတ်ရင်း

"ဘယ်သူမှ ရေချိုးခန်းထဲကနေ အနွေးထည်ကြီးနဲ့ ထွက်မလာဘူးလေ  Nattawat ရဲ့"

ငါစောနကပြောသည့် လေသံတိုင်းလိုက်စပြီးပြောနေတဲ့ Gemini ကအတော်လေးကို အမြင်ကပ်ဖို့ကောင်းလေသည်။
ငါ မျက်နှာတစ်ချက်သာ ရှုံ့လိုက်ပြီး စာအုပ်စီပဲ အာရုံပြန်စိုက်လိုက်ရသည်၊
ဒီကောင် ညနေကလည်း စာအုပ်ပဲဖတ်နေတယ်မဟုတ်လား။

"ဒီည အပေါ်လာအိပ်လို့ရမလား"

ကိုယ့်အိမ်ကိုတောင် ခွင့်တောင်းနေတဲ့ Gemini ကိုငါစိတ်မရှည်သလိုမျိုးကြည့်ရင်း ခေါင်းခါကာ

"မရဘူး, ဒါပေမဲ့ ငါအောက်ဆင်းအိပ်လိုက်ပါ့မယ်"

"မဟုတ်တာ,နေပါစေ ငါပဲအိပ်လိုက်မယ်"

ငါစာအုပ်ကိုသာဆက်ကြည့်လျက် ခေါင်းညိတ်ပြလိုက်သည်၊
အနည်းဆုံးတော့ သူတစ်ယောက်ထဲလွတ်လွတ်လပ်လပ်အိပ်လို့ရတာပေါ့။

Gemini ရဲ့အမေတို့က နောက်တစ်ရက်,နှစ်ရက်လောက်နေမှ
သူတို့ အိမ်တော်ကိုပြန်မည်တဲ့၊ အဲ့ဒီအချိန်ကျမှပဲ ငါလည်း Gemini နဲ့အခန်းခွဲအိပ်ရမည်။

ချက်ချင်းတိတ်ဆိတ်သွားတဲ့ လေထုကြောင့်ငါမနေတက်စွာပဲ စာအုပ်ကိုပိတ် ဘေးကိုချကာ Gemini ကိုကြည့်လိုက်သည်၊
ဒီကိစ္စကိုမေးရမည်၊ နေ့လယ်ကျောင်းမှာတုန်းက Gemini ကဘာလို့ ငါ့ကို ထူးဆန်းသလိုကြည့်နေရတာလည်း။

"ငါချောတာ ငါသိတယ်,မင်းအဲ့လောက်ကြီးစိုက်မကြည့်နဲ့"

"ဟမ်?"

ငါအသံထွက်ကာ တစ်ချက်ရယ်လိုက်ရင်း ခေါင်းခါလိုက်ရသည်၊
စိတ်လိုလက်ရ အများကြီးရယ်မိသွားတာထင်တယ်၊
ဒါပေမဲ့ ထူးဆန်းတာက Gemini ကဘာမှပြန်မပြောဘူး၊

သူ့ရှေ့သွားကြီးကြီးနှစ်ချောင်းကို အနည်းငယ်မြင်နေရတဲ့အထိ ပါးစပ်ဟောင်းလောင်ဖြင့် ငါ့ကိုကြည့်နေသည်၊
ဘုရားရေ!!, Gemini အသက်​ရောရှိသေးရဲ့လား။

"Ai Gem, မင်းအဆင်ပြေရဲ့လား"

သူ့မျက်နှာရှေ့ လက်ရမ်းပြကာငါခေါင်းလေးစောင်းကာမေးမိသည်၊
Gemini ကတော်တော်နဲ့ ပြန်မဖြေ၊
ခဏအကြာမှ သူ့ခေါင်းကိုသူ့ဘာသာခါပြီး ရတယ် လို့သာပြ န်ဖြေသည်။

ဘယ်လို့ လူပါလိမ့်!?။

"အောင်း, ငါမင်းကို မေးစရာရှိတယ် Gem"

"အင်း ပြော"

"ဘာလို့ ညနေကငါပြောတာပြန်မဖြေတာလည်း, ဘောပင်ငှားတုန်းကလေ ပြီးတော့ ကျောင်းမှာရောကြောက်စရာကောင်းအောင်းကြည့်တာလည်း? ဟွန် အဲ့တာသိချင်တာ"

Gemini ကခေါင်းငိုက်စိုက်ကျသွားလေသည်၊
ပြီးတော့မှ ဆိုဖာပေါ်ကနေ ငါ့ဆီကိုဖြေးဖြေးချင်းလျှောက်လာသည်။

ပြီးတော့ ကုတင်ဘေးတစ်ခြမ်းစောင်း ထိုင်ကာ
ငါ့ကို သေချာပေါက်တစ်ခုခုပြောချင်နေသလိုလို၊
ခဏလေး...၊ အဲ့အချိန်ခဏလေးအတွင်းမှာ ငါတို့ကြားမှာမမြင်ရတဲ့ ဆက်သွယ်မှုလေးတစ်ခုရှိနေသယောင်ယောင်။

"င....ငါ ငါလေ"

"အွန်း ငါဘာဖြစ်တာလည်း"

"ငါ မင်းနဲ့ တစ်ခြားသူတွေတူတူရှိနေတာမကြိုက်ဘူး Nattawat,
ငါ့ကို ငါလည်းနားမလည်နိုင်တော့ဘူး ဘာလို့မကြိုက်လည်းဆိုတာ"

သူ့ကိုယ်သူတောင် နားမလည်ဘူးဆိုတဲ့လူကို ငါဘာမှတော့ထပ်မမေးတော့ပါ၊
ဟုတ်တယ်နော်, ဘာလို့သူကမကြိုက်ရတာလည်း။

Gemini ကပြောလည်းပြောပြီးရော
ချက်ချင်းမက်တပ်ရလိုက်ကာ ဆိုဖာဆီသို့ပြန်လျှောက်သွားလေသည်။

ပြီးတော့ ဘေးကမီးခလုပ်ကို ပိတ်ရင်း
ငါ့ကို လှည့်ကြည့်ကာ ပြောလေသည်။

"Good Night Nattawat"

ပိုလည်းမပို လိုလည်းမလိုတဲ့လေသံဖြင့် Nattawat ဆိုတဲ့နမ်စားက ငါ့ရင်ထဲအထိ ရောက်သွားသလိုခံစားရသည်၊
အဲကွန်းကြောင့် အေးနေတဲ့ငါ့ ခန္ဓာကိုယ်ကနွေးထွေးသွားသယောင်။

ခဏကြာတော့ ရုတ်ချည်းတိတ်ဆိတ်သွားသော အခန်း၊
ငါ အတော်ကြာတဲ့အထိ မအိပ်နိုင်သေးပါ၊
ကုတင်ပေါ်မှာ ဟိုဘက်လိမ့်၊ ဒီဘက်လိမ့်နှင့် အိပ်မပျော်လှပါ။

ငါစိတ်ကို လုံးလုံးချရင်း သက်ပြင်းပါချလိုက်သည်၊
ထိုနောက် စောင်ကိုလည်ပင်းရောက်တဲ့အထိ ဆွဲခြုံရင်း

"Gemini, မင်းအိပ်ချင်ရင် လာအိပ်လို့ရတယ်နော်"

━━━━━━━━━━━━━━━━━━━━━━━━━━━━━━

N'fotfot ဒီတစ်ခေါက် အရမ်းမှန်><

- Joe

အစက မနေ့ကတည်းက Up မလို့ပဲ
ပြောရမှာတော့ အားနာပါတယ် [ရည်းစားနဲ့ပြတ်သွားလို့] အဟီး..

But Joe အဆင်ပြေပါတယ်ဗျ")
မတွေ့ရတာကြာတော့ ပြောစရာတွေလည်းအများကြီးနဲ့
အများကြီးလည်း လွမ်းနေတာT~T

Continue Reading

You'll Also Like

575K 8.8K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
596K 12.7K 43
i should've known that i'm not a princess, this ain't a fairytale mattheo riddle x fem oc social media x real life lowercase intended started: 08.27...
158K 17.3K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
418K 25K 84
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...