နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိ...

By Enri_k

28.3K 2.8K 155

နေရာတိုင်းက အေးခဲနေရင်တောင် ခင်ဗျားနဲ့ပတ်သတ်တဲ့ ကျွန်တော့နှလုံးသားကတော့ အမြဲတမ်းနွေဦးရပ်ဝန်းပဲဗျ.... ေနရာတို... More

prologue
Ep. 1
Ep. 2
ep. 3
ep.4
ep.5
ep.6
ep.7
ep.8
ep. 9
ep. 10
ep. 11
ep. 12
ep. 13
ep. 14
ep. 15
ep. 16
ep . 17
ep. 18
ep. 19
ep. 20
ep. 21
ep. 22
ep. 23
ep. 25
ep. 26
ep. 27
ep 28
ep.29
ep. 30 Final

ep. 24

794 87 1
By Enri_k

Unicode;

"ပုံမှန်အချိန်တွေဆိုရင် အကိုအိမ်မှာဘာ​တွေလုပ်လဲ..."

"အင်း... အိမ်မှာဆို စာဖတ်တယ် ရုပ်ရှင်ကြည့်တယ်... ကိုယ့်ရဲ့စာတမ်းတွေရေးတယ်... အဲ့တာတွေမလုပ်ဖြစ်ရင် သန့်ရှင်းရေးလုပ်တာဖြစ်ဖြစ်... တစ်ခါတစ်လေကျ​တော့လည်း ပျင်းတွဲတွဲနဲ့ တစ်နေကုန်ချက်ပြုတ်ဖို့စီစဥ်ရင်း အချိန်ကုန်သွားတာပဲ..."

ညစာစားပြီးနောက် ဝမ်ရိပေါ်က ဆိုဖာမှာထိုင်နေပြီး အကိုက ရိပေါ်ပေါင်ပေါ်မှာခေါင်းအုံးလို့ ပတ်တီးဖွေးဖွေးအုပ်မိုးထားတဲ့ ရိပေါ်လက်ကိုဆွဲကာ အသာအယာပွတ်သပ်လိုက်၊ နှာခေါင်းထိပ်နဲ့တို့လိုက်၊ လက်ချောင်းဖျားတွေကို သွားနဲ့ခပ်ဖွဖွကိုက်လိုက်နဲ့ ဆော့ကစားနေတာရယ်...
ခံစားရတဲ့သူက ယားကျိကျိ....
အကိုက မျက်လုံးပင့်လို့ သူ့ကိုမော်ကြည့်လာရင်း စကားဆက်တယ်...

"တစ်ခါတစ်လေကျ မင်းကိုလွမ်းရင်း တစ်နေကုန်အချိန်ကုန်တာပေါ့..."

"ဘာလဲ... တစ်ခါတစ်လေမှလွမ်းတာလား..."

သူက မျက်​မှောင်ကြုံ့လို့ငုံ့မေးတော့ အကိုက သူ့ကိုကြည့်ပြီး ယုန်သွားလေးထင်းနေအောင်ရယ်တယ်...

"မင်းကိုနေ့တိုင်းလွမ်းတာပေါ့.... တစ်ကူးတကလွမ်းဖြစ်တဲ့တစ်ခါတစ်လေကိုပြောတာ.."

"အဲ့လိုခွဲ​ခြားသေးတာလား.."

"အင်းပေါ့.."

"အဲ့ဒီလိုတကူးတကလွမ်းတဲ့အခါ အကိုဘာမှမလုပ်ပဲနေတာကြီးလား"

"ဒီလို ..ပါပဲ..."

ရှောင်းကျန့် မျက်လုံးတွေဝေ့သွားကာ တအုံ့တနွေးဖြစ်လာတဲ့ရှက်စိတ်ကို မချင့်မရဲပြုံးစစ​ဖြင့်ဖုံးရင်း စူးရှရှဖြစ်လာတဲ့လက်ဖျားထိပ်တွေကို လက်သီးဆုပ်ကာ ဖြေလျော့မိတယ်...

"ဘာကြီးလဲ.."

အတက်အကျလှုပ်ရှားသွားတဲ့ အကို့လည်​​စေ့နဲ့ ခပ်ရဲရဲဖြစ်နေတဲ့နားရွက်ကိုကြည့်ပြီး ဝမ်ရိပေါ်ခေါင်းထဲအတွေးတစ်ခုဝင်လာတဲ့နောက် သူပါမျက်နှာတွေလိုက်ပူလာတော့ရဲ့...

"အကို ... မဟုတ်မှလွဲရော.."

"ရှေ့နည်းနည်းတိုး..ဝမ်ရိပေါ်.."

သူစကားတောင်မစရသေး အကိုက စကားထဖြတ်တယ်...

"ဘာလဲ.."

"ကိုယ်တိုးတိုးလေးပြောပြမယ်လေ....."

အကို့စကားကို မျက်မှောင်ကြုံလိုက်ပြီး တွက်ဆတော့ ပုံမှန်ဟုတ်မနေ....
ရိပေါ်က ဟိုဘက်ဒီဘက်ဝေ့ကြည့်ပြီး

"ဒီမှာ ကျွန်တော်တို့နှစ်ယောက်ပဲရှိတာလေ.."

"ဒါပေမဲ့ တိုးတိုးလေးပဲ ပြောချင်တာ...."

ရှောင်းကျန်မျက်နှာဟာ ပြုံးစစ...
မျက်​မှောင်ကြုံလို့ မျက်တောင်တဖျက်ဖျက်ခတ်ရင်း နားတစ်ဖက်စောင်းကာ ခေါင်းငုံ့လာတဲ့ကောင်လေးကို ရှောင်းကျန့်မှာ အသည်းယားလွန်းလို့ ခေါင်းထောင်ကာ ​မော့နမ်းမိတော့တာပဲ..

"ဟာ အကို.."

ဒီနေရာအထိ ရဲရဲဝံ့ဝံ့လိုက်လာပြီး အခုလိုမျိုးအရှက်သည်းနေတဲ့ကောင်လေးက မာကျူရီမီးရောင်အောက်မှာတောင် နားရွက်ဖျားတွေရော ပါးလုံးကလေးတွေရော နီရဲလို့....

သူမျက်နှာချင်းဆိုင်ထထိုင်လိုက်ပြီး ရိပေါ်ပါးနှစ်ဖက်ကို လက်ချောင်းထိပ်ကလေးတွေနဲ့တို့ထိမိရင်း နှာခေါင်းလုံးလေးကိုနမ်းမိပြန်တယ်...

"စောနကလို မျက်မှောင်​ကြုံ့ကြည့်ပါဦး... အရမ်းချစ်ဖို့ကောင်းလွန်းလို့.."

"အဲ့လို လူလည်ကျလို့ရတယ်ပေါ့..."

"မင်းက ကိုယ့်ကောင်လေးလေ..."

"အဲ့ဒီ အကိုကနော်...."

ပြုံးရယ်လာတဲ့ ဝမ်ရိပေါ်လေးက နူးနူးညံ့ညံ့မိန်းက​လေးမဟုတ်သူမို့ သူ့ရင်ဘတ်ကို လက်သီးဆုတ်နဲ့ ခပ်ဖွဖွတစ်ချက်ထိုးကာတုံ့ပြန်ရဲ့...

"ဆွဲကြိုးလေးဆွဲထားတာပဲ.."

ရိပေါ်ရဲ့လှုပ်ရှားမှုတစ်ချက်မှာ အကျီ​လည်ပင်းအောက်ကနေ ထွက်အံကျလာတဲ့ ဆွဲကြိုးလေး...
ရိပေါ်က လည်ပင်းဆီငုံ့ကြည့်လို့ အရိုးဆွဲကြိုးလေးကို ပင့်ကိုင်ကြည့်တယ်...

"​ကျွန်တော်သေချာထိန်းသိမ်းထားတာ...နည်းနည်းတောင်အထိအခိုက်မခံပဲနဲ့လေ... အရမ်းတော်တယ်မလား..."

ဆွဲကြိုးလေးက ရိပေါ်လည်တိုင်ပေါ်မှာမို့ထင်..
သိပ်ကိုတောက်ပကြည်စင်နေတော့တာ...

"အင်း... ဝမ်ရိပေါ်က အရမ်းတော်တာပဲ.."

ရိပေါ်က သူ့ရဲ့ချီးကျူးတဲ့စကားလုံးကအစ စိတ်ပူသံအဆုံး သူ့ရဲ့အာရုံစိုက်မှုအလုံးစုံကို သိပ်သဘောကျပြီး တစ်ခါတစ်လေ ပေါက်ပေါက်ရှာရှာမေးခွန်းတွေမေးတက်​သေးတယ်...

ဥပမာ ပန်းသီးပုံပို့ပြီး ပန်းသီးကချိုလားလို့မေးတာမျိုး ...
တရုပ်ကနေတိမ်ပေါ်တက်ကြည့်ရင် ဆွစ်ဇာလန်ကိုမြင်ရလားဆိုတာမျိုး...
မဟာတံတိုင်းကြီးပေါ်မှာသာဆိုင်ကယ်စီးလို့ရရင် အတူတူလိုက်စီးမှာလားဆိုတာမျိုး...

သိသာထင်ရှားပြီး အဓိပ္ပါယ်မရှိတဲ့ မေးခွန်းတွေဖြစ်သော်ငြား သူကဂရုတစိုက်​ဖြေပေးချင်ပြီး သူ့ဘက်ကအဖြေတစ်ခုပေးပြီးတိုင်းမှာလဲ ရိပေါ်ရဲ့ အပျော်လွှမ်းတဲ့တုံ့ပြန်ချက်တွေရတက်တာမို့ ဒီမေးခွန်းလေးတွေကအစ သူကချစ်ရတယ်။
တစ်ကြိမ်မှာဆို ရိပေါ်ဆီက 'ချစ်လိုက်တာခင်ဗျားရဲ့' ဆိုတဲ့ voice message လေးလက်ခံရပြီး သူ့မှာနေ့နေ့ညညပြန်ပြန်နားထောင်ရင်းကြည်နူးလိုက်ရတာ...
ဒီအသံလေးက သူ့ရဲ့ ဖုန်း Message ringtoneလေး ဖြစ်နေတာ​တောင်အခုထိရယ်...

သူ့ချီးကျူးစကားအဆုံး တောက်ပနေတဲ့အပြုံးမျက်နှာလေးက ဘဝတစ်လျောက်လုံး သူမြင်တွေ့ခဲ့ရတဲ့ တောက်ပမှုအားလုံးထက်ကို လင်းလက်ပါတယ်တဲ့...

"ဒီဆွဲကြိုးလေးရဲ့အဓိပ္ပါယ်ကိုအခုပြောပြတော့... လုံလောက်အောင်စောင့်ခဲ့ပြီးမို့ အခုအချိန်တန်ပြီမလား..."

"အင်း..."

ဆွဲကြိုးလေးရဲ့ အရိုးပုံဒီဇိုင်းလေးကို သေချာပြန်ကြည့်မိလျက် စကားလုံးတစ်ခုကိုခပ်တိုးတိုးရေရွတ်တယ်...

"You are my rib bone..."

ရိပေါ်မျက်နှာကိုမျက်လုံးပင့်လို့ ပြန်ကြည့်မိတော့ ရိပေါ်ကလည်းသူ့ကို စူးစူးစိုက်စိုက်ကြည့်လို့နေတာနဲ့ ဆုံတယ်...
သူထပ်​ပြောလိုက်တယ်...

"You are my rib bone"

"...."

နက်ရှိုင်းတဲ့ရိပေါ်မျက်ဝန်းတွေက ကြည်လဲ့လျက်ညို့အားတစ်ခုပြင်းထန်နေသေးတာ...
တစ်လှုပ်လှုပ်နဲ့ ပြင်နေတဲ့နုတ်ခမ်းတို့က တစ်ခုခုပြောဖို့ရာစဥ်းစားနေပုံ...

"ဒီဆွဲကြိုးလေးက အရိုးပုံလည်းဟုတ်တယ်.... နောက်တစ်ခုက အစွန်းနှစ်ဖက်က အသဲပုံနှစ်ခုကို အလယ်ကချိတ်ဆက်ထားတာဆိုရင်လည်းဟုတ်တယ်.... ကိုယ်တို့ဘယ်လောက်ဝေးဝေး ဒီလိုလေးချိတ်ဆက်ထားတယ်ဆိုတဲ့ အဓိပ္ပါယ်လေးပေါ့..."

"အဓိပ္ပါယ်က နက်နဲလိုက်တာ.."

"ကိုယ်မင်းဆီ ဒီဆွဲကြိုးလေးပေးခဲ့တဲ့နေ့ကတည်းက ကိုယ့်ကိုကိုယ်မင်းဆီ အပ်နှင်းပြီးသားလို့ ဆိုလိုတာ..."

နုတ်ခမ်းလေးဟကာ မျက်ခုံးလေးကိုအလယ်မှာစုကြုံ့လို့ ကြည့်လာတဲ့မျက်ဝန်းလေးက အရည်ရွှန်းလဲ့နေကာ puppy eye လေးလို ဝိုင်းနေလေရဲ့.....
အရိုးပုံလေးကိုဆုပ်ကိုင်လျက် ရေလည်းရေရွတ်သေးတာ...

"အဲ့တာက... .. ဒီလောက်ထိ​တောင်အဓိပ္ပါယ်ရှိတာတဲ့လား..."

" ကိုယ်ကမင်းအပိုင်ပါပဲ.."

အဲ့ဒီအခါ ငိုတော့မဲ့မျက်ဝန်းတွေနဲ့ကြည့်လာတော့ သူ့ရှိသမျှသမာဓိအကုန် ပြိုလဲတော့တာပဲ...

"ရော့ယူ.. အာဘွား..အာဘွား.. အာဘွား.."

အဲ့ဒီအမူအရာလေးကို သူ့မှာ အသဲယားမဆုံးလို့ လက်နှစ်ဖက်နဲ့ မျက်နှာကိုအုပ်ကိုင်ကာ တစ်မျက်နှာလုံးအနှံ့ အနမ်းတွေပေးမိလေတော့...

"အားး အကိုက ဘယ်လိုတွေလုပ်နေတာလဲ.."

ခေါင်းတွေခါလို့ ရယ်မောတဲ့ကောင်လေးက သေချာပေါက်ကို သူ့ဘဝကြီးအပ်နှင်းရာပေါ့...

"ကိုယ့်ရဲ့ခွေးပေါက်လေး... ကိုယ့်နံရိုးကိုယူပြီးပြီဆိုတော့ ကိုယ့်ကိုပါမယူချင်ဘူးလား.."

"ဘာလို့ယူချင်ရမှာ"

"မရဘူး.. ယူကိုယူရတော့မှာ..."

"အဲ့တာဆိုကျွန်တော်က ဘာရမှာ..."

"ကိုယ့်ကိုလေ.."

"အား.. အကိုကကွာ.."

"မင်းမယူရင် ကိုယ်ကမင်းကိုယူမှာပဲ...

"ယားတယ်လို့ အကိုရဲ့.."

ဝမ်ရိပေါ်တစ်ယောက် ရှောင်းကျန့်လက်ထဲမှာ လွတ်လမ်းမရှိအောင် ချုပ်နှောင်မိပြီးသား...
ဒါမှမဟုတ်... သူကပဲ ဒီအချုပ်အနှောင်ထဲ ရူးရူးမိုက်မိုက် တိုးဝင်တာဆိုပိုမှန်မလား....

အကိုက သူ့နုတ်ခမ်းတွေကို တယုတယနမ်းရှိုက်လို့သူ့ရဲ့ဆံသားပြာပြာတွေထဲ လက်ချောင်းတွေနစ်ဝင်​နေအောင်ဖမ်းဆုပ်တယ်...
ခါးကနေအားနဲ့ဆွဲပွေ့တော့ ပါသွားတဲ့သူ့ခန္ဓာကိုယ်က အခုတော့ အကိုပေါင်ပေါ်မှာအကျအန..

"အခုရော... မယူချင်သေးဘူးလား..."

သူ့ကိုကြည်လဲ့နေတဲ့မျက်ဝန်းတွေနဲ့မော်ကြည့်လို့ နီရဲစိုစွတ်နေတဲ့နုတ်ခမ်းသားတွေက ညို့ချက်ပြင်းတဲ့အပြုံးကိုဆောင်နေသေးတာ...
နုတ်ခမ်းအောက်က မှဲ့နက်ကတော့ပြောမနေပါနဲ့တော့...
မာကျူရီမီးရောင်အောက်မှာ အကိုက အညိုရောင်သမ်းလို့ အရမ်းမြူစွယ်အားကောင်းနေတော့တာရယ်....

"နဂိုကတည်းက အကိုက ကျွန်တော့အပိုင်..."

ပြန်လည်ထိကပ်သွားတဲ့နုတ်ခမ်းတွေနောက်မှာ ပင့်သက်ရှိုက်သံတွေ လိုက်ပါလာတယ်...

ဂျနီဗာရဲ့ အဝါရောင်လင်းတဲ့တိုက်ခန်းငယ်လေးထဲမှာ သူတို့နှစ်ဦးဟာ အနုပညာလက်ရာတစ်ခုကို စတင်ရေးဆွဲတယ်...
အနမ်းဆိုတဲ့စုပ်ချက်တွေရယ်... တပ်မက်ခြင်းဆိုတဲ့ဆေးသားတွေရယ်...
ပူလောင်ခြင်းတွေက အဝတ်တွေကိုဖယ်ခွာတယ်...
အချစ်ကတော့ အဓိကကိုးကားချက်ပေါ့...

.
.

ဂျနီဗာရဲ့ ဆောင်းဦးအဝင် စက်တင်ဘာမနက်ခင်း​လေးက နေသာလျက် မပူမအေးရာသီဥတုလေးရှိနေတာမို့ သိပ်သဘောကျရတယ်...
အကို့ရင်ခွင်ထဲကနေနိုးထရတဲ့မနက်ခင်းလေးဆိုတော့ ပိုပြီးကြည်နူးပါတယ်...
စနေနေ့ဖြစ်တာကြောင့် ကျောင်းသွားစရာမလိုတဲ့အကိုက ပျင်းရိလို့ သူ့ကိုအတင်းဖက်ပြီးအိပ်နေတော့တာ....
ပတ်ဝန်းကျင်ကတိတ်ဆိတ်လွန်းနေပြီး သူ့ကျောကပ်ရပ်က တစ်ဒုတ်ဒုတ်ခုန်နေတဲ့ အကို့ရဲ့နှလုံးခုန်သံကိုတောင် ကြား​​နေရတယ်...
သူ့ရဲ့နားရွက်ဖျားမှာတော့ အကို့ရဲ့အသက်ရှုသံဆီက ဝင်လေထွက်လေအထိအတွေ့လေး...

အကိုနိုးသွားမှာစိုးလို့ လှုပ်တောင်မလှုပ်ရဲပဲငြိမ်နေရင်း ညကအဖြစ်အပျက်တွေကခေါင်းထဲရောက်လာတယ်....
ဆိုဖာပေါ်မှာပဲထိတွေ့ပွတ်သပ်နေမိတဲ့သူတို့နှစ်ဦး....
သူ့လည်ပင်း ပုခုံးနဲ့ရင်ဘတ်တွေအထိပြေးလွားနေတဲ့အကိုနုတ်ခမ်းတွေ.... ပူလောင်နေတဲ့အကို့ခန္ဓာကိုယ်...
မျက်နှာတွေ ထူပူလာကာ လက်သီးဆုပ်လိုက်မိတယ်...

ဒီအတိုင်းသာဆို မကြာခင်သူတို့နှစ်ဦးဘယ်အခြေအနေအထိရောက်နိုင်လဲဆိုတာ ခန့်မှန်းစရာတောင်မလိုတော့....
အကိုနဲ့အတူနေဖို့ သူအဆင်သင့်မဖြစ်သေးပေမဲ့ အကို့ကိုမလွန်ဆန်နိုင်တဲ့ခန္ဓာကိုယ်က သစ္စာဖောက်လွန်းပါတယ်...
ညတုန်းက သူကြောက်နေမှာစိုးလို့ ပွတ်သပ်နမ်းရှိုက်​နေရုံကလွဲပြီး အကိုရှေ့မတိုးခဲ့ပေမဲ့ သူ့ရဲ့တပ်မက်မှုကို သူကိုယ်တိုင်သာသိတယ်...

"ရိပေါ်.... နိုး​နေပြီလား..."

​နောက်က ငြိမ်သက်နေတဲ့အသက်ရှုသံလေးကလှုပ်ရှားလာကာ သူ့ကိုပိုတိုးဖက်ရင်းနားသယ်စပ်တွေဆီ ထပ်ကာထပ်ကာနမ်းလာတယ်....

"ယားတယ်လို့.."

အကို့လက်တွေက ခါးစောင်းကနေတစ်ဆင့် အောက်ဘက်ဆီလျှောလာတော့ သူ့မှာအလန့်တကြားဖမ်းဆွဲရင်း အကို့ကိုအမြန်လှည့်ကြည့်ရတယ်...
အကိုက သူ့ကိုစိုက်ကြည့်နေရင်းမှ နားလည်သွားဟန်နဲ့ မျက်လုံးတွေကွေးညွှတ်သွားသည်အထိပြုံးတော့တာပဲ ...

"ရိပေါ်လေးရော နိုးနေတာပဲ..."

"ကျွန်တော်... ရတယ်လို့..."

"ဘာလို့လဲ... ရှက်လို့လား.."

သူအရှေ့ပြန်လှည့်လိုက်ကာခန္ဓာကိုယ်ကိုကွေးညွတ်လိုက်ရင်း အကို့လက်တွေကို ဖယ်ခွာလိုက်တယ်....

"အင်း.."

ပါးတွေရောနားတွေပါ ပူနွေးပြီးနီရဲနေတာမို့ ဒီကောင်လေးက သိပ်အရှက်ကြီးတာပဲလို့ရှောင်းကျန့်တွေးမိတယ်...
ဘယ်လိုလုပ်ရမလဲ.. ချစ်စရာလေး...

"ကဲ အဲ့ဒါဆို အဆင်ပြေရင်လည်းထတော့... ရေသွားချိုးတော့.. ဒီနေ့ကိုယ်တို့အပြင်သွားလည်ကြမယ်..."

အဲ့ဒီအခါဆတ်ကနဲထထိုင်တဲ့ကောင်လေးက မျက်ဝန်းတွေတောက်ပနေကာ အပြုံးတွေတွဲခိုလို့...

"တကယ်လား..."

"အင်း.."

"ဟုတ်ပြီကွ... အိမ်မှာမနေရတော့ဘူး.."

စက္ကန့်မခြား ထထွက်သွားတဲ့ကောင်လေးကိုကြည့်ရင်း ပြုံးမိလို့ သူ့ရဲ့ကြည်နူးဖွယ်မနက်ခင်းကိုစတင်ပါတယ်...

"အား...."

ထုံကျင်နေတဲ့လက်မောင်းတစ်ဖက်ကိုတော့ ရွှေ့ဖို့ရာအချိန်နည်းနည်းယူရဦးမှာပဲ...

အော်.... သိပ်ချစ်ရတော့လည်း ဒီထုံကျင်ခြင်းကလဲ သူ့အတွက်ပျော်မွေ့ခြင်းတစ်မျိုး....

.
.

သန်ရှင်းသပ်ရပ်တဲ့လမ်းကြားလေးတွေထဲ အကို့လက်ကိုတွဲပြီးလမ်းလျောက်ရတာက ​ကြည်နူးဆွတ်ပျံ့ဖွယ်ရာဖြစ်ပြီး အကိုနဲ့အတူ ဘတ်စ်ကားစီးရတာက ဆန်းသစ်မှုတစ်ခု...

ပြောသာပြောရတာ..
အကိုနဲ့အတူဖြတ်သန်းသမှဟာ ပထမဆုံးတွေချည်းပဲ...
ရည်းစားသက်တမ်းသုံးနှစ်ကျော်ပေမဲ့ အတူရှိခြင်းကပထမဆုံးမို့ အရာရာဟာရင်ခုန်စရာချည်း...

ဂျနီဗာက သိပ်ကြီးတဲ့မြို့တော့မဟုတ်ဘူး...
လှပခိုင်မာတဲ့အဆောက်အဦးတွေနဲ့ လမ်းကျဥ်းလေးတွေနဲ့ စိတ်ကူးယဥ်ဆန်ဖွယ်မြို့ကလေးဖြစ်ပြီး အေးချမ်းလှပကာ တိတ်ဆိတ်ပါတယ်...
ဂျနီဗာမြို့ကိုလည်ပတ်ချင်ရင် လမ်းလျောက်ခြင်းက အကောင်းဆုံးပါတဲ့...

ဒီမြို့သားတွေက အပြင်ထွက်ပြီး အနားယူရတာသိပ်ကြိုက်ကြတယ်ထင်တယ်...
မြင်သမျှကော်ဖီဆိုင်တိုင်းနီးပါးမှာ လူပြည့်နေတက်ပြီး သူတို့ရောက်တဲ့လမ်းတစ်လျောက်မှာလည်း မြို့သားတွေရော ခရီးသွားတွေရော ပိတ်ရက်ပါတီကျင်းပနေကြသလို လမ်းလျောက်လည်ပတ်သူတွေနဲ့ စည်ကားလို့နေတာရယ်...

ဂျနီဗာရေကန်တစ်လျောက်ကတော့ အစည်ကားဆုံးပေါ့...
ဂျနီဗာသားတွေက နေနည်းနည်းသာတာနဲ့ ရေကန်ဘက်မှာ လက်လျားလက်လျား လမ်းလျောက်နေတက်ကြတယ်တဲ့...
အဟုတ်ပဲထင်ပါတယ်...
အခုတော့ သူနဲ့အကိုကလည်း ရေကန်မှာလက်လျားလက်လျား လမ်းလျောက်နေတဲ့သူတွေထဲက နှစ်ယောက်ဖြစ်သွားပြီ...

"အကို.. ကျွန်တော့ကိုကြည့်"

နောက်ပြန်လှည့်ကာအကို့ကိုခေါ်တော့ ဘယ်အချိန်ကတည်းက သူ့ကို ချိန်ထားမှန်းမသိတဲ့ အကို့ကင်မရာက တစ်ဖျက်ဖျက်ရိုက်ပါတော့တယ်...

"ဝါးး ဓာတ်ပုံခိုးရိုက်နေတယ်.."

"ဒီဘက်လှည်ဦး.."

ရိပေါ်ဟာ လွန်ခဲ့တဲ့သုံးနှစ်​ကျော်ကနဲ့မတူတော့ပဲ ဓာတ်ပုံအများကြီးရိုက်တက်နေပြီ...
လက်နှစ်ချောင်းပဲထောင်ပြီးပိုစ့်ပေးတဲ့ကလေးက အခုတော့ အနုပညာရှင်လို တောက်ပနေတော့တာ...

"Hey.. handsome.... are you a model??"

ဆံပင်ပြာပြာနဲ့ ​ဖြူဖွေးဖွေးကောင်လေးက လူကြားထဲထင်းထွက်နေတာမို့ အနီးအနားက ဥရောပအမျိုးသမီးတွေက fly kiss ပေးပြီးအထာပေးကြတော့ သူ့မှာ လက်ဆွဲလို့ ဒါသူ့အပိုင်ဆိုတာသိအောင် ပြရသေးတယ်...

"လာ ဟိုဘက်သွားမယ်.."

"အယ်.. ဘာဖြစ်တာ"

ခေါင်းခါလို့ ပြန်ပြုံးပြနေတဲ့ရိပေါ်ကို သူ့မှာ မရက်ရောနိုင်ဘူး...
တစ်ခါတည်း အလုံထုတ်ပြီးသိမ်းပစ်ချင်တော့တာပဲ...
ဒီကောင်လေးက ဘယ်လိုမှဖွက်ထားလို့မလုံအောင် သောက်ရမ်းချောလွန်းနေတယ်...

"Wow.. ရေပန်းကတကယ်အမြင့်ကြီးပဲ... အဲ့နားအထိသွားချင်တယ်.."

ဂျနီဗာရဲ့အထင်ကရရေပန်းကြီးက မြင်ရရုံနဲ့တင် အံ့သြစရာအေးချမ်းမှုကိုပေးစွမ်းပါတယ်...
ရေပေါ်လျောက်လမ်းကျဥ်းလေးကနေတစ်ရွေ့ရွေ့လျောက်ရင်း အနားရောက်လေလေ ရင်ခုန်ဖွယ်ကောင်းလေလေ..
အရှိန်အဟုန်နဲ့ရေပန်းက မီတာ 140 လောက်ထိမြင့်တက်သွားပြီး ရေမှုန်မွားလေးတွေအဖြစ် အနီးတဝှိုက်ဆီ ပျံ့နှံ့ကျဆင်းလာတယ်...

"စိတ်လှုပ်ရှားလိုက်တာ.."

ရေပန်းအနီးထိပြေးသွားပြီး အပျော်ကြီးပျော်​​နေကလေးက ရေမှုန်လေးတွေကို လက်နဲ့ခံစားရင်း ခုန်ပေါက်နေသေးတာ...
ရေပန်းအလှနဲ့ နောက်ခံက ဖြူလွလွမီးပြတိုက်.. ခပ်ပြာပြာကောင်းကင်နဲ့အတူ ရှပ်အကျီအနက်ရောင်လေးနဲ့ ဝမ်ရိပေါ်က ပင်လယ်ပြာလို ပနံသင့်နေလိုက်တာ...

"ပြုတ်ကျမယ်လေ.."

ဝမ်ရိပေါ်က ကလေးတစ်ယောက်မဟုတ်​တော့ပါဘူး...
ဒါပေမဲ့ သူက အရင်အတိုင်း ကလေးတစ်ယောက်လိုစိတ်ပူတုန်း...

သူရိပေါ်အနား ဖြေးဖြေးချင်းလျောက်သွားလိုက်ပြီး ပွေ့ဖက်လိုက်တော့ ငြိမ်ငြိမ်လေးနေနေရဲ့..

"မင်းကိုမြင်နေရတာ ကိုယ်သိပ်ပျော်တာပဲ..."

"ကျွန်တော်ရောပဲ... အကိုနဲ့အတူရှိနေရလို့ အရမ်းပျော်တယ်.."

ကမ္ဘာကြီးရဲ့ အထင်ကရတွေက ဝမ်ရိပေါ်ရဲ့ရယ်မောခြင်းလောက်တောင် မလှပဘူးလို့မြင်ရင် သူ ရူးရာကျလေမလား...
ရူးတယ်ပြောလည်းမတက်နိုင်ဘူး...
သူ့မှာ ဒီကောင်လေးကိုမှ ဆောက်တည်ရာမရ ချစ်မိနေတာပဲလေ...

ရိပေါ်မျက်နှာလေးကိုဆွဲလို့ နုတ်ခမ်းဆီငုံ့ကာ စက္ကန့်အနည်းငယ်လောက် နမ်းလိုက်မိတယ်...
နုတ်ခမ်းတွေဖယ်ခွာသွားပြီးနောက် တိတ်ဆိတ်သွားတဲ့ရိပေါ်က တစ်ဟုတ်ချင်းမျက်နှာနီလာတော့တာ...

"အားးး အကို.. ဘယ်လိုဖြစ်နေတာ.."

"ချစ်ဖို့ကောင်းလို့"

ပွင့်လင်းတဲ့လူနေမှုစနစ်ထဲမှာရှင်သန်တဲ့ ဒီနေရာဟာ လမ်းတွေပေါ်၊ လူ​တွေကြားထဲအနမ်းခြွေခြင်းဆိုတာ ယဥ်ကျေးမှုတစ်ခုလိုတောင်ဖြစ်နေပြီ...
လမ်းသွားတိုင်း စုံတွဲတွေကိုမြင်တိုင်း ရိပေါ်ကိုသတိရမိတဲ့သူဟာ ရိပေါ်နဲ့အတူ ပွင့်လင်းလွပ်လပ်စွာ လမ်းတွေပေါ်လက်တွဲသွားချင်ပြီး သူတို့ ချစ်ခြင်းကို အာရုံစိုက်မခံရတဲ့နေရာမျိုးမှာ အနမ်းတွေပေးချင်မိတယ်... ​
သူတို့ကို ဘယ်သူသိသိမသိသိ ဒါကျွန်တော့ချစ်သူပါလို့ လူသိအောင်ဖော်ပြချင်​သေးတာရယ်...

သူအတ္တကြီးတယ်ဆိုရင်လည်း လက်ခံပါတယ်...
သူ့ဘဝက ဝမ်ရိပေါ်နဲ့ အုပ်မြစ်ချထားတာမို့လို့...

သူ့ဗိုက်ကို တစ်ချက်ထိုးလို့လှည့်ထွက်သွားတဲ့ကောင်လေးက တကယ်ပဲ အရှက်သည်းလွန်းတာရယ်....
သူနမ်းတိုင်း ရှက်နေရင်တော့ မဟုတ်သေးပါဘူး....
အသားကျအောင် ခဏခဏနမ်းပေးရတော့မှာပဲ...

-------------------------------------

ရိ​ပေါ်ရဲ့ Bone Necklace .

--------------

note.

You are My rib bone.

​ကမ္ဘာဦးအစမှာ ဘုရားသခင်က Adam ကိုဖန်ဆင်းခဲ့ပြီး အာဒမ်ရဲ့လက်တွဲဖော် Eveကိုတော့ Adam ရဲ့နံရိုးနဲ့ဖန်ဆင်းခဲ့တာပါတဲ့...
ဒါကြောင့် You are my rib bone လို့ တစ်ယောက်ယောက်က ကိုယ့်ကိုပြောလာရင် အဲ့တာ ချစ်မြတ်နိုးတယ် လက်တွဲဖော်ဖြစ်ချင်တယ်လို့ပြောတာပါတဲ့...

သိပ်သိလို့မဟုတ်ပါ..
Google ခေါက်ထားလို့ပါ.
မသိတဲ့သူတွေအတွက် နားလည်လွယ်အောင် ရှင်းပြပေးတာပါနော်.
သိတဲ့သူများလည်း ပြန်ရှင်းပြပေးနိုင်ပါတယ်

ဆွဲကြိုးရဲ့တခြားအဓိပ္ပါယ်တွေက ကိုယ့်ဘာသာဇာတ်လမ်းအရ ပြန်ဖြည့်ထားတာပါနော်
အပြင်က အဓိပ္ပါယ်နဲ့မကိုက်ညီနိုင်ပါဘူး

-------------------------------------

Zawgyi;

"ပုံမွန္အခ်ိန္ေတြဆိုရင္ အကိုအိမ္မွာဘာ​ေတြလုပ္လဲ..."

"အင္း... အိမ္မွာဆို စာဖတ္တယ္ ႐ုပ္ရွင္ၾကည့္တယ္... ကိုယ့္ရဲ႕စာတမ္းေတြေရးတယ္... အဲ့တာေတြမလုပ္ျဖစ္ရင္ သန့္ရွင္းေရးလုပ္တာျဖစ္ျဖစ္... တစ္ခါတစ္ေလက်​ေတာ့လည္း ပ်င္းတြဲတြဲနဲ႕ တစ္ေနကုန္ခ်က္ျပဳတ္ဖို႔စီစဥ္ရင္း အခ်ိန္ကုန္သြားတာပဲ..."

ညစာစားၿပီးေနာက္ ဝမ္ရိေပၚက ဆိုဖာမွာထိုင္ေနၿပီး အကိုက ရိေပၚေပါင္ေပၚမွာေခါင္းအုံးလို႔ ပတ္တီးေဖြးေဖြးအုပ္မိုးထားတဲ့ ရိေပၚလက္ကိုဆြဲကာ အသာအယာပြတ္သပ္လိုက္၊ ႏွာေခါင္းထိပ္နဲ႕တို႔လိုက္၊ လက္ေခ်ာင္းဖ်ားေတြကို သြားနဲ႕ခပ္ဖြဖြကိုက္လိုက္နဲ႕ ေဆာ့ကစားေနတာရယ္...
ခံစားရတဲ့သူက ယားက်ိက်ိ....
အကိုက မ်က္လုံးပင့္လို႔ သူ႕ကိုေမာ္ၾကည့္လာရင္း စကားဆက္တယ္...

"တစ္ခါတစ္ေလက် မင္းကိုလြမ္းရင္း တစ္ေနကုန္အခ်ိန္ကုန္တာေပါ့..."

"ဘာလဲ... တစ္ခါတစ္ေလမွလြမ္းတာလား..."

သူက မ်က္​ေမွာင္ႀကဳံ႕လို႔ငုံ႕ေမးေတာ့ အကိုက သူ႕ကိုၾကည့္ၿပီး ယုန္သြားေလးထင္းေနေအာင္ရယ္တယ္...

"မင္းကိုေန႕တိုင္းလြမ္းတာေပါ့.... တစ္ကူးတကလြမ္းျဖစ္တဲ့တစ္ခါတစ္ေလကိုေျပာတာ.."

"အဲ့လိုခြဲ​ျခားေသးတာလား.."

"အင္းေပါ့.."

"အဲ့ဒီလိုတကူးတကလြမ္းတဲ့အခါ အကိုဘာမွမလုပ္ပဲေနတာႀကီးလား"

"ဒီလို ..ပါပဲ..."

ေရွာင္းက်န့္ မ်က္လုံးေတြေဝ့သြားကာ တအုံ႕တေႏြးျဖစ္လာတဲ့ရွက္စိတ္ကို မခ်င့္မရဲၿပဳံးစစ​ျဖင့္ဖုံးရင္း စူးရွရွျဖစ္လာတဲ့လက္ဖ်ားထိပ္ေတြကို လက္သီးဆုပ္ကာ ေျဖေလ်ာ့မိတယ္...

"ဘာႀကီးလဲ.."

အတက္အက်လႈပ္ရွားသြားတဲ့ အကို႔လည္​​ေစ့နဲ႕ ခပ္ရဲရဲျဖစ္ေနတဲ့နား႐ြက္ကိုၾကည့္ၿပီး ဝမ္ရိေပၚေခါင္းထဲအေတြးတစ္ခုဝင္လာတဲ့ေနာက္ သူပါမ်က္ႏွာေတြလိုက္ပူလာေတာ့ရဲ႕...

"အကို ... မဟုတ္မွလြဲေရာ.."

"ေရွ႕နည္းနည္းတိုး..ဝမ္ရိေပၚ.."

သူစကားေတာင္မစရေသး အကိုက စကားထျဖတ္တယ္...

"ဘာလဲ.."

"ကိုယ္တိုးတိုးေလးေျပာျပမယ္ေလ....."

အကို႔စကားကို မ်က္ေမွာင္ႀကဳံလိုက္ၿပီး တြက္ဆေတာ့ ပုံမွန္ဟုတ္မေန....
ရိေပၚက ဟိုဘက္ဒီဘက္ေဝ့ၾကည့္ၿပီး

"ဒီမွာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ပဲရွိတာေလ.."

"ဒါေပမဲ့ တိုးတိုးေလးပဲ ေျပာခ်င္တာ...."

ေရွာင္းက်န္မ်က္ႏွာဟာ ၿပဳံးစစ...
မ်က္​ေမွာင္ႀကဳံလို႔ မ်က္ေတာင္တဖ်က္ဖ်က္ခတ္ရင္း နားတစ္ဖက္ေစာင္းကာ ေခါင္းငုံ႕လာတဲ့ေကာင္ေလးကို ေရွာင္းက်န့္မွာ အသည္းယားလြန္းလို႔ ေခါင္းေထာင္ကာ ​ေမာ့နမ္းမိေတာ့တာပဲ..

"ဟာ အကို.."

ဒီေနရာအထိ ရဲရဲဝံ့ဝံ့လိုက္လာၿပီး အခုလိုမ်ိဳးအရွက္သည္းေနတဲ့ေကာင္ေလးက မာက်ဴရီမီးေရာင္ေအာက္မွာေတာင္ နား႐ြက္ဖ်ားေတြေရာ ပါးလုံးကေလးေတြေရာ နီရဲလို႔....

သူမ်က္ႏွာခ်င္းဆိုင္ထထိုင္လိုက္ၿပီး ရိေပၚပါးႏွစ္ဖက္ကို လက္ေခ်ာင္းထိပ္ကေလးေတြနဲ႕တို႔ထိမိရင္း ႏွာေခါင္းလုံးေလးကိုနမ္းမိျပန္တယ္...

"ေစာနကလို မ်က္ေမွာင္​ႀကဳံ႕ၾကည့္ပါဦး... အရမ္းခ်စ္ဖို႔ေကာင္းလြန္းလို႔.."

"အဲ့လို လူလည္က်လိဳ႕ရတယ္ေပါ့..."

"မင္းက ကိုယ့္ေကာင္ေလးေလ..."

"အဲ့ဒီ အကိုကေနာ္...."

ၿပဳံးရယ္လာတဲ့ ဝမ္ရိေပၚေလးက ႏူးႏူးညံ့ညံ့မိန္းက​ေလးမဟုတ္သူမို႔ သူ႕ရင္ဘတ္ကို လက္သီးဆုတ္နဲ႕ ခပ္ဖြဖြတစ္ခ်က္ထိုးကာတုံ႕ျပန္ရဲ႕...

"ဆြဲႀကိဳးေလးဆြဲထားတာပဲ.."

ရိေပၚရဲ႕လႈပ္ရွားမႈတစ္ခ်က္မွာ အက်ီ​လည္ပင္းေအာက္ကေန ထြက္အံက်လာတဲ့ ဆြဲႀကိဳးေလး...
ရိေပၚက လည္ပင္းဆီငုံ႕ၾကည့္လို႔ အရိုးဆြဲႀကိဳးေလးကို ပင့္ကိုင္ၾကည့္တယ္...

"​ကြၽန္ေတာ္ေသခ်ာထိန္းသိမ္းထားတာ...နည္းနည္းေတာင္အထိအခိုက္မခံပဲနဲ႕ေလ... အရမ္းေတာ္တယ္မလား..."

ဆြဲႀကိဳးေလးက ရိေပၚလည္တိုင္ေပၚမွာမို႔ထင္..
သိပ္ကိုေတာက္ပၾကည္စင္ေနေတာ့တာ...

"အင္း... ဝမ္ရိေပၚက အရမ္းေတာ္တာပဲ.."

ရိေပၚက သူ႕ရဲ႕ခ်ီးက်ဴးတဲ့စကားလုံးကအစ စိတ္ပူသံအဆုံး သူ႕ရဲ႕အာ႐ုံစိုက္မႈအလုံးစုံကို သိပ္သေဘာက်ၿပီး တစ္ခါတစ္ေလ ေပါက္ေပါက္ရွာရွာေမးခြန္းေတြေမးတက္​ေသးတယ္...

ဥပမာ ပန္းသီးပုံပို႔ၿပီး ပန္းသီးကခ်ိဳလားလို႔ေမးတာမ်ိဳး ...
တ႐ုပ္ကေနတိမ္ေပၚတက္ၾကည့္ရင္ ဆြစ္ဇာလန္ကိုျမင္ရလားဆိုတာမ်ိဳး...
မဟာတံတိုင္းႀကီးေပၚမွာသာဆိုင္ကယ္စီးလို႔ရရင္ အတူတူလိုက္စီးမွာလားဆိုတာမ်ိဳး...

သိသာထင္ရွားၿပီး အဓိပၸါယ္မရွိတဲ့ ေမးခြန္းေတြျဖစ္ေသာ္ျငား သူကဂ႐ုတစိုက္​ေျဖေပးခ်င္ၿပီး သူ႕ဘက္ကအေျဖတစ္ခုေပးၿပီးတိုင္းမွာလဲ ရိေပၚရဲ႕ အေပ်ာ္လႊမ္းတဲ့တုံ႕ျပန္ခ်က္ေတြရတက္တာမို႔ ဒီေမးခြန္းေလးေတြကအစ သူကခ်စ္ရတယ္။
တစ္ႀကိမ္မွာဆို ရိေပၚဆီက 'ခ်စ္လိုက္တာခင္ဗ်ားရဲ႕' ဆိုတဲ့ voice message ေလးလက္ခံရၿပီး သူ႕မွာေန႕ေန႕ညညျပန္ျပန္နားေထာင္ရင္းၾကည္ႏူးလိုက္ရတာ...
ဒီအသံေလးက သူ႕ရဲ႕ ဖုန္း Message ringtoneေလး ျဖစ္ေနတာ​ေတာင္အခုထိရယ္...

သူ႕ခ်ီးက်ဴးစကားအဆုံး ေတာက္ပေနတဲ့အၿပဳံးမ်က္ႏွာေလးက ဘဝတစ္ေလ်ာက္လုံး သူျမင္ေတြ႕ခဲ့ရတဲ့ ေတာက္ပမႈအားလုံးထက္ကို လင္းလက္ပါတယ္တဲ့...

"ဒီဆြဲႀကိဳးေလးရဲ႕အဓိပၸါယ္ကိုအခုေျပာျပေတာ့... လုံေလာက္ေအာင္ေစာင့္ခဲ့ၿပီးမို႔ အခုအခ်ိန္တန္ၿပီမလား..."

"အင္း..."

ဆြဲႀကိဳးေလးရဲ႕ အရိုးပုံဒီဇိုင္းေလးကို ေသခ်ာျပန္ၾကည့္မိလ်က္ စကားလုံးတစ္ခုကိုခပ္တိုးတိုးေရ႐ြတ္တယ္...

"You are my rib bone..."

ရိေပၚမ်က္ႏွာကိုမ်က္လုံးပင့္လို႔ ျပန္ၾကည့္မိေတာ့ ရိေပၚကလည္းသူ႕ကို စူးစူးစိုက္စိုက္ၾကည့္လို႔ေနတာနဲ႕ ဆုံတယ္...
သူထပ္​ေျပာလိုက္တယ္...

"You are my rib bone"

"...."

နက္ရွိုင္းတဲ့ရိေပၚမ်က္ဝန္းေတြက ၾကည္လဲ့လ်က္ညို႔အားတစ္ခုျပင္းထန္ေနေသးတာ...
တစ္လႈပ္လႈပ္နဲ႕ ျပင္ေနတဲ့ႏုတ္ခမ္းတို႔က တစ္ခုခုေျပာဖို႔ရာစဥ္းစားေနပုံ...

"ဒီဆြဲႀကိဳးေလးက အရိုးပုံလည္းဟုတ္တယ္.... ေနာက္တစ္ခုက အစြန္းႏွစ္ဖက္က အသဲပုံႏွစ္ခုကို အလယ္ကခ်ိတ္ဆက္ထားတာဆိုရင္လည္းဟုတ္တယ္.... ကိုယ္တို႔ဘယ္ေလာက္ေဝးေဝး ဒီလိုေလးခ်ိတ္ဆက္ထားတယ္ဆိုတဲ့ အဓိပၸါယ္ေလးေပါ့..."

"အဓိပၸါယ္က နက္နဲလိုက္တာ.."

"ကိုယ္မင္းဆီ ဒီဆြဲႀကိဳးေလးေပးခဲ့တဲ့ေန႕ကတည္းက ကိုယ့္ကိုကိုယ္မင္းဆီ အပ္ႏွင္းၿပီးသားလို႔ ဆိုလိုတာ..."

ႏုတ္ခမ္းေလးဟကာ မ်က္ခုံးေလးကိုအလယ္မွာစုႀကဳံ႕လို႔ ၾကည့္လာတဲ့မ်က္ဝန္းေလးက အရည္႐ႊန္းလဲ့ေနကာ puppy eye ေလးလို ဝိုင္းေနေလရဲ႕.....
အရိုးပုံေလးကိုဆုပ္ကိုင္လ်က္ ေရလည္းေရ႐ြတ္ေသးတာ...

"အဲ့တာက... .. ဒီေလာက္ထိ​ေတာင္အဓိပၸါယ္ရွိတာတဲ့လား..."

" ကိုယ္ကမင္းအပိုင္ပါပဲ.."

အဲ့ဒီအခါ ငိုေတာ့မဲ့မ်က္ဝန္းေတြနဲ႕ၾကည့္လာေတာ့ သူ႕ရွိသမွ်သမာဓိအကုန္ ၿပိဳလဲေတာ့တာပဲ...

"ေရာ့ယူ.. အာဘြား..အာဘြား.. အာဘြား.."

အဲ့ဒီအမူအရာေလးကို သူ႕မွာ အသဲယားမဆုံးလို႔ လက္ႏွစ္ဖက္နဲ႕ မ်က္ႏွာကိုအုပ္ကိုင္ကာ တစ္မ်က္ႏွာလုံးအႏွံ႕ အနမ္းေတြေပးမိေလေတာ့...

"အားး အကိုက ဘယ္လိုေတြလုပ္ေနတာလဲ.."

ေခါင္းေတြခါလို႔ ရယ္ေမာတဲ့ေကာင္ေလးက ေသခ်ာေပါက္ကို သူ႕ဘဝႀကီးအပ္ႏွင္းရာေပါ့...

"ကိုယ့္ရဲ႕ေခြးေပါက္ေလး... ကိုယ့္နံရိုးကိုယူၿပီးၿပီဆိုေတာ့ ကိုယ့္ကိုပါမယူခ်င္ဘူးလား.."

"ဘာလို႔ယူခ်င္ရမွာ"

"မရဘူး.. ယူကိုယူရေတာ့မွာ..."

"အဲ့တာဆိုကြၽန္ေတာ္က ဘာရမွာ..."

"ကိုယ့္ကိုေလ.."

"အား.. အကိုကကြာ.."

"မင္းမယူရင္ ကိုယ္ကမင္းကိုယူမွာပဲ...

"ယားတယ္လို႔ အကိုရဲ႕.."

ဝမ္ရိေပၚတစ္ေယာက္ ေရွာင္းက်န့္လက္ထဲမွာ လြတ္လမ္းမရွိေအာင္ ခ်ဳပ္ေႏွာင္မိၿပီးသား...
ဒါမွမဟုတ္... သူကပဲ ဒီအခ်ဳပ္အေႏွာင္ထဲ ႐ူး႐ူးမိုက္မိုက္ တိုးဝင္တာဆိုပိုမွန္မလား....

အကိုက သူ႕ႏုတ္ခမ္းေတြကို တယုတယနမ္းရွိုက္လို႔သူ႕ရဲ႕ဆံသားျပာျပာေတြထဲ လက္ေခ်ာင္းေတြနစ္ဝင္​ေနေအာင္ဖမ္းဆုပ္တယ္...
ခါးကေနအားနဲ႕ဆြဲေပြ႕ေတာ့ ပါသြားတဲ့သူ႕ခႏၶာကိုယ္က အခုေတာ့ အကိုေပါင္ေပၚမွာအက်အန..

"အခုေရာ... မယူခ်င္ေသးဘူးလား..."

သူ႕ကိုၾကည္လဲ့ေနတဲ့မ်က္ဝန္းေတြနဲ႕ေမာ္ၾကည့္လို႔ နီရဲစိုစြတ္ေနတဲ့ႏုတ္ခမ္းသားေတြက ညို႔ခ်က္ျပင္းတဲ့အၿပဳံးကိုေဆာင္ေနေသးတာ...
ႏုတ္ခမ္းေအာက္က မွဲ႕နက္ကေတာ့ေျပာမေနပါနဲ႕ေတာ့...
မာက်ဴရီမီးေရာင္ေအာက္မွာ အကိုက အညိုေရာင္သမ္းလို႔ အရမ္းျမဴစြယ္အားေကာင္းေနေတာ့တာရယ္....

"နဂိုကတည္းက အကိုက ကြၽန္ေတာ့အပိုင္..."

ျပန္လည္ထိကပ္သြားတဲ့ႏုတ္ခမ္းေတြေနာက္မွာ ပင့္သက္ရွိုက္သံေတြ လိုက္ပါလာတယ္...

ဂ်နီဗာရဲ႕ အဝါေရာင္လင္းတဲ့တိုက္ခန္းငယ္ေလးထဲမွာ သူတို႔ႏွစ္ဦးဟာ အႏုပညာလက္ရာတစ္ခုကို စတင္ေရးဆြဲတယ္...
အနမ္းဆိုတဲ့စုပ္ခ်က္ေတြရယ္... တပ္မက္ျခင္းဆိုတဲ့ေဆးသားေတြရယ္...
ပူေလာင္ျခင္းေတြက အဝတ္ေတြကိုဖယ္ခြာတယ္...
အခ်စ္ကေတာ့ အဓိကကိုးကားခ်က္ေပါ့...

.
.

ဂ်နီဗာရဲ႕ ေဆာင္းဦးအဝင္ စက္တင္ဘာမနက္ခင္းေလးက ေနသာလ်က္ မပူမေအးရာသီဥတုေလးရွိေနတာမို႔ သိပ္သေဘာက်ရတယ္...
အကို႔ရင္ခြင္ထဲကေနနိုးထရတဲ့မနက္ခင္းေလးဆိုေတာ့ ပိုၿပီးၾကည္ႏူးပါတယ္...
စေနေန႕ျဖစ္တာေၾကာင့္ ေက်ာင္းသြားစရာမလိုတဲ့အကိုက ပ်င္းရိလို႔ သူ႕ကိုအတင္းဖက္ၿပီးအိပ္ေနေတာ့တာ....
ပတ္ဝန္းက်င္ကတိတ္ဆိတ္လြန္းေနၿပီး သူ႕ေက်ာကပ္ရပ္က တစ္ဒုတ္ဒုတ္ခုန္ေနတဲ့ အကို႔ရဲ႕ႏွလုံးခုန္သံကိုေတာင္ ၾကားေနရတယ္...
သူ႕ရဲ႕နား႐ြက္ဖ်ားမွာေတာ့ အကို႔ရဲ႕အသက္ရႈသံဆီက ဝင္ေလထြက္ေလအထိအေတြ႕ေလး...

အကိုနိုးသြားမွာစိုးလို႔ လႈပ္ေတာင္မလႈပ္ရဲပဲၿငိမ္ေနရင္း ညကအျဖစ္အပ်က္ေတြကေခါင္းထဲေရာက္လာတယ္....
ဆိုဖာေပၚမွာပဲထိေတြ႕ပြတ္သပ္ေနမိတဲ့သူတို႔ႏွစ္ဦး....
သူ႕လည္ပင္း ပုခုံးနဲ႕ရင္ဘတ္ေတြအထိေျပးလြားေနတဲ့အကိုႏုတ္ခမ္းေတြ.... ပူေလာင္ေနတဲ့အကို႔ခႏၶာကိုယ္...
မ်က္ႏွာေတြ ထူပူလာကာ လက္သီးဆုပ္လိုက္မိတယ္...

ဒီအတိုင္းသာဆို မၾကာခင္သူတို႔ႏွစ္ဦးဘယ္အေျခအေနအထိေရာက္နိုင္လဲဆိုတာ ခန့္မွန္းစရာေတာင္မလိုေတာ့....
အကိုနဲ႕အတူေနဖို႔ သူအဆင္သင့္မျဖစ္ေသးေပမဲ့ အကို႔ကိုမလြန္ဆန္နိုင္တဲ့ခႏၶာကိုယ္က သစၥာေဖာက္လြန္းပါတယ္...
ညတုန္းက သူေၾကာက္ေနမွာစိုးလို႔ ပြတ္သပ္နမ္းရွိုက္​ေန႐ုံကလြဲၿပီး အကိုေရွ႕မတိုးခဲ့ေပမဲ့ သူ႕ရဲ႕တပ္မက္မႈကို သူကိုယ္တိုင္သာသိတယ္...

"ရိေပၚ.... နိုး​ေနၿပီလား..."

​ေနာက္က ၿငိမ္သက္ေနတဲ့အသက္ရႈသံေလးကလႈပ္ရွားလာကာ သူ႕ကိုပိုတိုးဖက္ရင္းနားသယ္စပ္ေတြဆီ ထပ္ကာထပ္ကာနမ္းလာတယ္....

"ယားတယ္လို႔.."

အကို႔လက္ေတြက ခါးေစာင္းကေနတစ္ဆင့္ ေအာက္ဘက္ဆီေလွ်ာလာေတာ့ သူ႕မွာအလန့္တၾကားဖမ္းဆြဲရင္း အကို႔ကိုအျမန္လွည့္ၾကည့္ရတယ္...
အကိုက သူ႕ကိုစိုက္ၾကည့္ေနရင္းမွ နားလည္သြားဟန္နဲ႕ မ်က္လုံးေတြေကြးၫႊတ္သြားသည္အထိၿပဳံးေတာ့တာပဲ ...

"ရိေပၚေလးေရာ နိုးေနတာပဲ..."

"ကြၽန္ေတာ္... ရတယ္လို႔..."

"ဘာလို႔လဲ... ရွက္လို႔လား.."

သူအေရွ႕ျပန္လွည့္လိုက္ကာခႏၶာကိုယ္ကိုေကြးၫြတ္လိုက္ရင္း အကို႔လက္ေတြကို ဖယ္ခြာလိုက္တယ္....

"အင္း.."

ပါးေတြေရာနားေတြပါ ပူေႏြးၿပီးနီရဲေနတာမို႔ ဒီေကာင္ေလးက သိပ္အရွက္ႀကီးတာပဲလို႔ေရွာင္းက်န့္ေတြးမိတယ္...
ဘယ္လိုလုပ္ရမလဲ.. ခ်စ္စရာေလး...

"ကဲ အဲ့ဒါဆို အဆင္ေျပရင္လည္းထေတာ့... ေရသြားခ်ိဳးေတာ့.. ဒီေန႕ကိုယ္တို႔အျပင္သြားလည္ၾကမယ္..."

အဲ့ဒီအခါဆတ္ကနဲထထိုင္တဲ့ေကာင္ေလးက မ်က္ဝန္းေတြေတာက္ပေနကာ အၿပဳံးေတြတြဲခိုလို႔...

"တကယ္လား..."

"အင္း.."

"ဟုတ္ၿပီကြ... အိမ္မွာမေနရေတာ့ဘူး.."

စကၠန့္မျခား ထထြက္သြားတဲ့ေကာင္ေလးကိုၾကည့္ရင္း ၿပဳံးမိလို႔ သူ႕ရဲ႕ၾကည္ႏူးဖြယ္မနက္ခင္းကိုစတင္ပါတယ္...

"အား...."

ထုံက်င္ေနတဲ့လက္ေမာင္းတစ္ဖက္ကိုေတာ့ ေ႐ႊ႕ဖို႔ရာအခ်ိန္နည္းနည္းယူရဦးမွာပဲ...

ေအာ္.... သိပ္ခ်စ္ေတာ့လည္း ဒီထုံက်င္ျခင္းကလဲ သူ႕အတြက္ေပ်ာ္ေမြ႕ျခင္းတစ္မ်ိဳး....

.
.

သန္ရွင္းသပ္ရပ္တဲ့လမ္းၾကားေလးေတြထဲ အကို႔လက္ကိုတြဲၿပီးလမ္းေလ်ာက္ရတာက ​ၾကည္ႏူးဆြတ္ပ်ံ့ဖြယ္ရာျဖစ္ၿပီး အကိုနဲ႕အတူ ဘတ္စ္ကားစီးရတာက ဆန္းသစ္မႈတစ္ခု...

ေျပာသာေျပာရတာ..
အကိုနဲ႕အတူျဖတ္သန္းသမွဟာ ပထမဆုံးေတြခ်ည္းပဲ...
ရည္းစားသက္တမ္းသုံးႏွစ္ေက်ာ္ေပမဲ့ အတူရွိျခင္းကပထမဆုံးမို႔ အရာရာဟာရင္ခုန္စရာခ်ည္း...

ဂ်နီဗာက သိပ္ႀကီးတဲ့ၿမိဳ႕ေတာ့မဟုတ္ဘူး...
လွပခိုင္မာတဲ့အေဆာက္အဦးေတြနဲ႕ လမ္းက်ဥ္းေလးေတြနဲ႕ စိတ္ကူးယဥ္ဆန္ဖြယ္ၿမိဳ႕ကေလးျဖစ္ၿပီး ေအးခ်မ္းလွပကာ တိတ္ဆိတ္ပါတယ္...
ဂ်နီဗာၿမိဳ႕ကိုလည္ပတ္ခ်င္ရင္ လမ္းေလ်ာက္ျခင္းက အေကာင္းဆုံးပါတဲ့...

ဒီၿမိဳ႕သားေတြက အျပင္ထြက္ၿပီး အနားယူရတာသိပ္ႀကိဳက္ၾကတယ္ထင္တယ္...
ျမင္သမွ်ေကာ္ဖီဆိုင္တိုင္းနီးပါးမွာ လူျပည့္ေနတက္ၿပီး သူတို႔ေရာက္တဲ့လမ္းတစ္ေလ်ာက္မွာလည္း ၿမိဳ႕သားေတြေရာ ခရီးသြားေတြေရာ ပိတ္ရက္ပါတီက်င္းပေနၾကသလို လမ္းေလ်ာက္လည္ပတ္သူေတြနဲ႕ စည္ကားလို႔ေနတာရယ္...

ဂ်နီဗာေရကန္တစ္ေလ်ာက္ကေတာ့ အစည္ကားဆုံးေပါ့...
ဂ်နီဗာသားေတြက ေနနည္းနည္းသာတာနဲ႕ ေရကန္ဘက္မွာ လက္လ်ားလက္လ်ား လမ္းေလ်ာက္ေနတက္ၾကတယ္တဲ့...
အဟုတ္ပဲထင္ပါတယ္...
အခုေတာ့ သူနဲ႕အကိုကလည္း ေရကန္မွာလက္လ်ားလက္လ်ား လမ္းေလ်ာက္ေနတဲ့သူေတြထဲက ႏွစ္ေယာက္ျဖစ္သြားၿပီ...

"အကို.. ကြၽန္ေတာ့ကိုၾကည့္"

ေနာက္ျပန္လွည့္ကာအကို႔ကိုေခၚေတာ့ ဘယ္အခ်ိန္ကတည္းက သူ႕ကို ခ်ိန္ထားမွန္းမသိတဲ့ အကို႔ကင္မရာက တစ္ဖ်က္ဖ်က္ရိုက္ပါေတာ့တယ္...

"ဝါးး ဓာတ္ပုံခိုးရိုက္ေနတယ္.."

"ဒီဘက္လွည္ဦး.."

ရိေပၚဟာ လြန္ခဲ့တဲ့သုံးႏွစ္​ေက်ာ္ကနဲ႕မတူေတာ့ပဲ ဓာတ္ပုံအမ်ားႀကီးရိုက္တက္ေနၿပီ...
လက္ႏွစ္ေခ်ာင္းပဲေထာင္ၿပီးပိုစ့္ေပးတဲ့ကေလးက အခုေတာ့ အႏုပညာရွင္လို ေတာက္ပေနေတာ့တာ...

"Hey.. handsome.... are you a model??"

ဆံပင္ျပာျပာနဲ႕ ​ျဖဴေဖြးေဖြးေကာင္ေလးက လူၾကားထဲထင္းထြက္ေနတာမို႔ အနီးအနားက ဥေရာပအမ်ိဳးသမီးေတြက fly kiss ေပးၿပီးအထာေပးၾကေတာ့ သူ႕မွာ လက္ဆြဲလို႔ ဒါသူ႕အပိုင္ဆိုတာသိေအာင္ ျပရေသးတယ္...

"လာ ဟိုဘက္သြားမယ္.."

"အယ္.. ဘာျဖစ္တာ"

ေခါင္းခါလို႔ ျပန္ၿပဳံးျပေနတဲ့ရိေပၚကို သူ႕မွာ မရက္ေရာနိုင္ဘူး...
တစ္ခါတည္း အလုံထုတ္ၿပီးသိမ္းပစ္ခ်င္ေတာ့တာပဲ...
ဒီေကာင္ေလးက ဘယ္လိုမွဖြက္ထားလို႔မလုံေအာင္ ေသာက္ရမ္းေခ်ာလြန္းေနတယ္...

"Wow.. ေရပန္းကတကယ္အျမင့္ႀကီးပဲ... အဲ့နားအထိသြားခ်င္တယ္.."

ဂ်နီဗာရဲ႕အထင္ကရေရပန္းႀကီးက ျမင္ရ႐ုံနဲ႕တင္ အံ့ၾသစရာေအးခ်မ္းမႈကိုေပးစြမ္းပါတယ္...
ေရေပၚေလ်ာက္လမ္းက်ဥ္းေလးကေနတစ္ေ႐ြ႕ေ႐ြ႕ေလ်ာက္ရင္း အနားေရာက္ေလေလ ရင္ခုန္ဖြယ္ေကာင္းေလေလ..
အရွိန္အဟုန္နဲ႕ေရပန္းက မီတာ 140 ေလာက္ထိျမင့္တက္သြားၿပီး ေရမႈန္မြားေလးေတြအျဖစ္ အနီးတဝွိုက္ဆီ ပ်ံ့ႏွံ႕က်ဆင္းလာတယ္...

"စိတ္လႈပ္ရွားလိုက္တာ.."

ေရပန္းအနီးထိေျပးသြားၿပီး အေပ်ာ္ႀကီးေပ်ာ္​​ေနကေလးက ေရမႈန္ေလးေတြကို လက္နဲ႕ခံစားရင္း ခုန္ေပါက္ေနေသးတာ...
ေရပန္းအလွနဲ႕ ေနာက္ခံက ျဖဴလြလြမီးျပတိုက္.. ခပ္ျပာျပာေကာင္းကင္နဲ႕အတူ ရွပ္အက်ီအနက္ေရာင္ေလးနဲ႕ ဝမ္ရိေပၚက ပင္လယ္ျပာလို ပနံသင့္ေနလိုက္တာ...

"ျပဳတ္က်မယ္ေလ.."

ဝမ္ရိေပၚက ကေလးတစ္ေယာက္မဟုတ္​ေတာ့ပါဘူး...
ဒါေပမဲ့ သူက အရင္အတိုင္း ကေလးတစ္ေယာက္လိုစိတ္ပူတုန္း...

သူရိေပၚအနား ေျဖးေျဖးခ်င္းေလ်ာက္သြားလိုက္ၿပီး ေပြ႕ဖက္လိုက္ေတာ့ ၿငိမ္ၿငိမ္ေလးေနေနရဲ႕..

"မင္းကိုျမင္ေနရတာ ကိုယ္သိပ္ေပ်ာ္တာပဲ..."

"ကြၽန္ေတာ္ေရာပဲ... အကိုနဲ႕အတူရွိေနရလို႔ အရမ္းေပ်ာ္တယ္.."

ကမာၻႀကီးရဲ႕ အထင္ကရေတြက ဝမ္ရိေပၚရဲ႕ရယ္ေမာျခင္းေလာက္ေတာင္ မလွပဘူးလို႔ျမင္ရင္ သူ ႐ူးရာက်ေလမလား...
႐ူးတယ္ေျပာလည္းမတက္နိုင္ဘူး...
သူ႕မွာ ဒီေကာင္ေလးကိုမွ ေဆာက္တည္ရာမရ ခ်စ္မိေနတာပဲေလ...

ရိေပၚမ်က္ႏွာေလးကိုဆြဲလို႔ ႏုတ္ခမ္းဆီငုံ႕ကာ စကၠန့္အနည္းငယ္ေလာက္ နမ္းလိုက္မိတယ္...
ႏုတ္ခမ္းေတြဖယ္ခြာသြားၿပီးေနာက္ တိတ္ဆိတ္သြားတဲ့ရိေပၚက တစ္ဟုတ္ခ်င္းမ်က္ႏွာနီလာေတာ့တာ...

"အားးး အကို.. ဘယ္လိုျဖစ္ေနတာ.."

"ခ်စ္ဖို႔ေကာင္းလို႔"

ပြင့္လင္းတဲ့လူေနမႈစနစ္ထဲမွာရွင္သန္တဲ့ ဒီေနရာဟာ လမ္းေတြေပၚ၊ လူ​ေတြၾကားထဲအနမ္းေႁခြျခင္းဆိုတာ ယဥ္ေက်းမႈတစ္ခုလိုေတာင္ျဖစ္ေနၿပီ...
လမ္းသြားတိုင္း စုံတြဲေတြကိုျမင္တိုင္း ရိေပၚကိုသတိရမိတဲ့သူဟာ ရိေပၚနဲ႕အတူ ပြင့္လင္းလြပ္လပ္စြာ လမ္းေတြေပၚလက္တြဲသြားခ်င္ၿပီး သူတို႔ ခ်စ္ျခင္းကို အာ႐ုံစိုက္မခံရတဲ့ေနရာမ်ိဳးမွာ အနမ္းေတြေပးခ်င္မိတယ္... ​
သူတို႔ကို ဘယ္သူသိသိမသိသိ ဒါကြၽန္ေတာ့ခ်စ္သူပါလို႔ လူသိေအာင္ေဖာ္ျပခ်င္​ေသးတာရယ္...

သူအတၱႀကီးတယ္ဆိုရင္လည္း လက္ခံပါတယ္...
သူ႕ဘဝက ဝမ္ရိေပၚနဲ႕ အုပ္ျမစ္ခ်ထားတာမို႔လို႔...

သူ႕ဗိုက္ကို တစ္ခ်က္ထိုးလို႔လွည့္ထြက္သြားတဲ့ေကာင္ေလးက တကယ္ပဲ အရွက္သည္းလြန္းတာရယ္....
သူနမ္းတိုင္း ရွက္ေနရင္ေတာ့ မဟုတ္ေသးပါဘူး....
အသားက်ေအာင္ ခဏခဏနမ္းေပးရေတာ့မွာပဲ...

-------------------------------------

ရိေပၚရဲ႕ Bone Necklace .

--------------

note.

You are My rib bone.

ကမၻာဦးအစမွာ ဘုရားသခင္က Adam ကိုဖန္ဆင္းခဲ့ၿပီး အာဒမ္ရဲ႕လက္တြဲေဖာ္ Eveကိုေတာ့ Adam ရဲ႕နံရိုးနဲ႕ဖန္ဆင္းခဲ့တာပါတဲ့...
ဒါေၾကာင့္ You are my rib bone လို႔ တစ္ေယာက္ေယာက္က ကိုယ့္ကိုေျပာလာရင္ အဲ့တာ ခ်စ္ျမတ္နိုးတယ္ လက္တြဲေဖာ္ျဖစ္ခ်င္တယ္လို႔ေျပာတာပါတဲ့...

သိပ္သိလို႔မဟုတ္ပါ..
Google ေခါက္ထားလို႔ပါ.
မသိတဲ့သူေတြအတြက္ နားလည္လြယ္ေအာင္ ရွင္းျပေပးတာပါေနာ္.
သိတဲ့သူမ်ားလည္း ျပန္ရွင္းျပေပးနိုင္ပါတယ္

ဆွဲကြိုးရဲ့တခြားအဓိပ္ပါယ်တွေက ကိုယ့္ဘာသာဇာတ္လမ္းအရ ျပန္ျဖည့္ထားတာပါေနာ္
အျပင္က အဓိပ္ပါယ်နဲ့မကိုက်ညီနိုင်ပါဘူး
-------------------------------------

Continue Reading

You'll Also Like

639K 50.1K 34
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
691K 58K 32
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
563K 30.2K 19
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
474K 37.7K 18
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...