Zg//
ပန္းေရာင္ ႏွင္းဆီပန္းေပါင္း ၁၇၇၀ ပြင့္ပါ႐ွိေသာ ႀကိမ္ျဖင့္ျပဳလုပ္ထားေသာ ျခင္းတစ္ျခင္းသည္ condo႐ွိ ေယာဟန္၏စားပြဲေပၚတြင္ ေနရာယူထားေလသည္...။
အျမဲေျပာတယ္...။...ပန္းေတြပို႔တာ လက္ခံေပးႏိုင္တယ္ဆိုေပမယ့္ condoကိုပဲပို႔ဖို႔...။...-ခ-သိရင္ လႊင့္ပစ္ခံရတတ္ေၾကာင္းေျပာေပမယ့္ အျမဲေဆးရံုသို႔သာပို႔၏...။...-ခ-သိသြားလို႔ လႊင့္ပစ္ရင္ ေယာဟန္မွာ တစ္ပြင့္ဆီျပန္ေကာက္ရတာ...။...အိမ္ျပန္လို႔ -ခ-ကိုပါ လိုက္ပို႔ရရင္ အဲ့ပန္းေတြနဲ႔ ေယာဟန္မွာ တိုင္ေတြကို ပတ္လို႔...။
ထို႔ေၾကာင့္ ပန္းအားအျမဲလက္ခံေပးသည့္ သူနာျပဳမေလးအား ဘယ္ခ်ိန္လာပို႔ပို႔ ေဆးသိုေလွာင္ေရးခန္းထဲသို႔သာ ပို႔ထားရန္ မွာထားရ၏...။...ရက္ေပါင္း၅၉ရက္ၾကာ ပို႔ထားေသာ ပန္းမ်ားသည္ ၃၄၈၅ပြင့္ပင္႐ွိၿပီ...။...albumတြင္ မဆန္႔ေတာ့သည္မို႔ ပန္းေရာင္boxတစ္ခုတြင္းသို႔ ပန္းမ်ားအား အေျခာက္ထားၿပီးမွ ထည့္သိမ္းရ၏...။
အျဖဴေရာင္ အစင္းေတြ႐ွိေသာ နက္ျပာေရာင္စားပြဲေလးေပၚတြင္ ႏွင္းဆီပန္းေျခာက္ေလး ၂ပြင့္ႏွင့္ စာေလးတစ္ေစာင္ သည္ ျပတင္းတံခါးမွ ၀င္လာေသာ ေလႏုေအးေၾကာင့္ တစ္ဖ်တ္ဖ်တ္လႈပ္ခါေန၏...။
ေယာဟန္ ပန္းေျခာက္ေလး၂ပြင့္အား paper boxထဲ ထည့္လိုက္ၿပီး ပန္းေရာင္ စာရြက္ေလး႐ွိ လက္ေရး၀ိုင္း၀ိုင္းေတြႏွင့္ ေရးထားေသာ နာမ္စားေလးအား လက္ႏွင့္အသာအယာထိလိုက္၏...။
တကယ္ဆိုးတဲ့ ေကာင္ေလး...။
'for housewife'ဆိုသည့္ စာတန္းေလးသာ ပါ႐ွိေပမယ့္ ေယာဟန္ ရင္ခုန္သံမွာေတာ့ ထိုစာေၾကာင္းကိုၿမင္တိုင္း သစၥာေဖာက္စြာ ကခုန္တတ္၏...။
စာတိုေလးအား အနက္ေရာင္ paper boxထဲသို႔ သီးသန္႔ခြဲထည့္လိုက္ၿပီး ေဆးရံုမွ အိမ္ျပန္ေရာက္တိုင္းလုပ္ေနၾကျဖစ္ေသာ ၀ရံတာတြင္ ေဆးစာအုပ္ဖတ္ရန္ ထြက္လာခဲ့လိုက္သည္...။...ထိုင္သူမယ့္သြားတဲ့ နက္ျပာေရာင္စားပြဲေလးေပၚတြင္ေတာ့ အ၀ါေရာင္ စကၠဴၾကယ္ေလးမ်ား တင္က်န္ခဲ့ေလသည္...။
>>>>>><<<<<<
ေဆးရံု၏ နားေနေဆာင္ထဲတြင္ ျမန္မာ၀တ္စံုကို ၀တ္ထားၿပီး က်က္သေရ႐ွိသည့္ အမ်ိဳးသမီးႀကီးတစ္ဦးႏွင့္ ဆရာ၀န္ဂ်ဴတီကုတ္၀တ္ထားသည့္ အမ်ိဳးသားတစ္ဦးသည္ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနၾက၏...။
"အဲ့ပန္းေတြက ဘာအဓိပါယ္လည္း ကြာပါ(Ca pa)..."
ေယာဟန္မည္သို႔ ေျဖရမည္မသိ...။...ပန္းေတြကို ေဆးရံုကိုမပို႔ဖို႔ ေျပာထားပါရက္နဲ႔ မေရာက္ေရာက္ေအာင္ပို႔သည္...။...ယခု ဆိုင္းမဆင့္ဘံုမဆင့္ ေရာက္လာသည့္ ႏိူး(Nuu)သည္ ပန္းေပါင္း၃၄၈၆ပြင့္ပါ ပန္းျခင္းအား ကိုယ္တိုင္ပင္ ကိုင္ေဆာင္ကာ ေယာဟန္၏ နားေနခန္းထဲသို႔ ေရာက္လာခဲ့သည္...။
_______________
AN// ႏူိး(Nuu)ဆိုတာက ခ်င္းလိုအေမလို႔ေခၚတာျဖစ္ၿပီး ကြာပါ(Ca pa)က သားလို႔ေခၚတာျဖစ္သည္။
______________
ႏိူး(Nuu) ဒီအထိေရာက္လာၿပီ ဆိုမွေတာ့ ေကာင္ေလးရဲ႕အေၾကာင္းေတြ သိႏွင့္ၿပီလား။...ေယာဟန္ သက္ျပင္းေမာေတြ လႊတ္ထုတ္ရင္း သင့္ေတာ္မည့္ ဆင္ျခင္အား စဥ္းစားေနရသည္...။...လူနာမွ ေက်းဇူးတုန္႔ျပန္သည္ဟု ေျဖဖို႔စဥ္းစားမိေပမယ့္ ေယာဟန္လိမ္ရမွာကို ႏႈတ္မွမရဲေပ...။...ေကာင္ေလးေၾကာင့္ ေယာဟန္ဘ၀က ေတာ္ေတာ္ခက္ခဲလွၿပီ...။
"ဟို ႏူိး(Nuu) အဲ့တာက..."
"အင္း! ေျပာ ကြာပါ(Ca pa)..."
"အဲ့တာက ကြၽန္ေတာ့္ကို ပိုးပန္းတဲ့အေနနဲ႔ ေပးတဲ့ပန္းျခင္းပါ..."
နိူး(Nuu)က မ်က္ေမွာင္တစ္ခ်က္က်ံဳ႕သြားေပမယ္ ဘာမွေတာ့ထပ္ေျပာမလာ...ေခါင္းငံု့ကာ လက္၁စံုအား ဖ်စ္ညႇစ္ေနမိသည့္ ေယာဟန္အား ၾကည့္ၿပီးမွ စကားတစ္ခ်ိဳ႕အား ဆိုလာ၏...။
"ခုလထဲမွာ မဂၤလာပြဲလုပ္ဖို႔ နိူး(Nuu)တို႔စဥ္းစားထားတယ္...သားဘက္က နားရက္ယူဖို႔နဲ႔ ျပင္ဆင္စရာ႐ွိတာ ျပင္ရေအာင္ လာေျပာတာ...သမီးခ-တို႔ ဘက္ကလည္း မဂၤလာပြဲလုပ္ဖို႔ ေျပာေနတာၾကာၿပီ...နူိး(Nuu)ေျပာတာ သား နားလည္ပါတယ္ေနာ္..."
"ဟုတ္ကဲ့...သားနားလည္ပါတယ္..."
နိူး(Nuu)ေျပာသြားတာ မဂၤလာပြဲအတြက္ဆိုေပမယ့္ စကားလံုးတစ္ခုျခင္းဆီ၏ အဓိပၸါယ္ေတြကို ေယာဟန္ေကာင္းေကာင္း သိပါသည္...။...ေကာင္ေလး ေယာဟန္နား ေရာက္တာ ၃လေက်ာ္...ဒီၾကားထဲ ႏူိး(Nuu)က ဖုန္းဆက္ကာ တစ္ခ်က္တစ္ခ်က္ ေယာဟန္စိတ္အား တီးေခါက္ေနသည္ကို ေယာဟန္ ရိပ္မိပါ၏...။
တစ္ရက္ထက္ တစ္ရက္ ရဲတင္းလာေသာ ေကာင္ေလးေၾကာင့္ မဂၤလာပြဲကို ႐ုတ္တရက္ထလုပ္ၾကတာ...။...ေယာဟန္က မျပတ္မသားျဖစ္ေနတာကိုလည္း နိူး(Nuu)ကလည္း ရိပ္မိသည္ထင္၏...။...နိူး(Nuu)သည္ မဂၤလာပြဲကို အာရံုစိုက္ထားဖို႔ႏွင့္ နားရက္ယူဖို႔ကို တိုက္တြန္းၿပီး ခ-ႏွင့္လည္း စကားအနည္းငယ္ေျပာေသးသည္...။...ၿပီးေနာက္ ညေနပိုင္း ေလယာဥ္ႏွင့္ ျပန္သြားခဲ့သည္...။
ေယာဟန္ဘ၀က ထင္သေလာက္မ႐ိုး႐ွင္းေတာ့ဘူး...အျဖဴေရာင္စာရြက္ေလးေပၚ အနီေရာင္ ေဆးစက္တစ္စက္က အမွတ္မထင္စြန္ထင္းခဲ့ၿပီး ေယာဟန္သတိမထားမိခင္မွာ အျဖဴေရာင္အလံုးစံုအား အုပ္စိုးသြားခဲ့ၿပီ...။
ေကာင္ေလးေၾကာင့္...ေယာဟန္ ေတြေ၀ေနရၿပီ...ေယာဟန္ ႏိူး(Nuu)စကားမ်ားကို ျငင္းဆန္ခ်င္ခဲ့သည္...။...ဘ၀မွာတစ္ခါေလာက္ျဖစ္ျဖစ္ ကိုယ့္စိတ္ႀကိဳက္ မိုက္႐ူးရဲဆန္ၾကည့္လိုက္ခ်င္သည္...။...လမ္းေဘးပလက္ေဖာင္းေပၚ ဂ်င္းေဘာင္းဘီဒူးျပဲကို ၀တ္ဆင္ၿပီး ေဆးလိပ္တစ္လိပ္ လက္ျကားညႇပ္ကာ ထိုင္ေနတဲ့ ေကာင္ေလးေတြကို ေတြ႔ရင္ေတာင္ ေယာဟန္အားက်ေနမိသည္...။...သူတို႔ရဲ႕ စ႐ိုက္ကိုမဟုတ္ပဲ သူတိူ႔ဘ၀ရဲ႕ ကိုယ့္ပိုင္လြတ္လပ္ခြင့္ေတြကို ေယာဟန္ တကယ္မနာလိုျဖစ္မိပါသည္...။
ေဆးရံုႀကီးရဲ႕ ပန္းျခံငယ္အတြင္း႐ွိ သစ္သားခံုဒီဇိုင္းပံုုေဖာ္ထားေသာ အုတ္ထိုင္ခံုေလး...သြားလာသူမ်ား ႐ႈပ္ယွက္ခက္ေနၿပီး လူနာေစာင့္မ်ားႏွင့္ ကေလးငယ္တစ္ခ်ဳိ၏ ငိုယိုသံမ်ား စကားသံမ်ားအား ေယာဟန္ၾကားေနရ၏...
ဂ်ဴတီကုတ္အိပ္ေထာင္ထဲမွ ဖုန္းႏွင့္ နားၾကပ္အား ထုတ္ယူၿပီး ေတးဂီတ တစ္ပုဒ္အား ေရြးခ်ယ္ၿပီးဖြင့္လိုက္သည္...။...ဂီတက စိတ္ကို အေကာင္းဆံုး ကုစားႏိုင္တဲ့ ဂုဏ္သတိၱ႐ွိသည္...ေယာဟန္ အသက္႐ွဴအနည္းငယ္ေခ်ာင္သြားခ်ိန္ေလးတြင္ ေယာဟန္ထိုင္ေနသည့္ ခံုေလးသို႔၀င္ထိုင္ၿပီး ေယာဟန္ေပါင္ေပၚေခါင္းအံုးအိပ္လိုက္သူေၾကာင့္ ခံစားသက္၀င္ေနသည့္ ဂီတသံစဥ္ေတြပါ ကေမာက္ကမျဖစ္ကုန္ရ၏...။
"မင္း..."
"အင္း...ကြၽန္ေတာ္..."
"လူျမင္ကြင္းမွာ ဘယ္လိုေတြ သ႐ုပ္ပ်က္ေနတာလည္း...ခုထ..."
ေယာဟန္ မ်က္ႏွာအား ေမာ့ေငးေနသူကို ထရန္အလို႔ငွါ ေျပာလိုက္ေပမယ့္ သူဖိအိပ္ထားသည့္ ေျခႏွစ္ဖက္ကိုေတာ့ မလႈပ္ခဲ့မိ...။
"ကြၽန္ေတာ္နည္းနည္း ပင္ပန္းေနတယ္..."
မ်က္ႏွာက သနားစရာပံုစံဖမ္းထားေပမယ့္ ရဲတင္းသည့္လက္ေတြကေတာ့ ေယာဟန္၏ ခါးတစ္ဖက္အားကိုင္ထားသလို က်န္လက္တစ္ဖက္ျဖင့္ ေယာဟန္၏ နားထဲ႐ွိ နားၾကပ္အား ျဖဳတ္ယူၿပီး သူ႔နားတြင္ တပ္ဆင္ေန၏...။
ခါးေပၚက သူ႔လက္ေတြအားလည္း ျဖဳတ္ခ်ဖို႔သတိမရသလို လူျမင္ကြင္းဆိုတာကိုလည္း ေယာဟန္ေမ့ေလ်ာ့ေနသည္...။...ဒီအခ်ိန္မ်ိဳးေလးမွာပဲျဖစ္ျဖစ္ ဒီအခ်ိန္ေလးကိုပဲ ျဖစ္ျဖစ္ ေယာဟန္အပိုင္လိုခ်င္ပါသည္...အနားမွာ႐ွိေစခ်င္သည္...မိနစ္ပိုင္းေလး မဟုတ္ရင္ေတာင္ စကၠန္႔ပိုင္းေလးပဲျဖစ္ျဖစ္...
ကမာၻ သီခ်င္းတစ္ပုဒ္ထဲကိုပဲ repeatလုပ္ထားၿပီး ထပ္တဲလဲနားေထာင္ေနသူကို ေမာ့ေငးေနသလို ကမာၻေမာ့ေငးေနသူကလည္း တစ္ျခားေလဟာနယ္ကိုေငးေမာေန၏...။...စိတ္လိုလက္ရ တင္ထားသည့္ သူ႔လက္ဖ၀ါးေႏြးေနြးက ကမာၻ့နံဖူးေပၚတြင္...။...တိုးတိုးေလး လိုက္ညည္းေနသည့္ သံစဥ္ေတြက ခပ္ေဆြးေဆြးရယ္...
♬oh.......
♬ ပိုေကာင္းတဲ့ဘ၀ ပိုေကာင္းတဲ့ခဏ ငါမင္းနဲ့နီးရင္...
♬ ပိုေကာင္းတဲ့အေတြး ပိုေကာင္းတဲ့သီခ်င္း ငါရဖို႔အားအင္
♬ ျမတ္ႏိုးတဲ့မင္း ေသြးေၾကာထဲလွည့္ပတ္စီး၀င္သေရြ႔...
♬ ႐ွင္သန္ရတဲ့ အဓိပၸါယ္ လံုေလာက္တဲ့ေန႔ေတြ...
♬ ေပ်ာ္ရႊင္ျခင္းမ်ား တိုးလို႔ေပးပါဦး...
♬ အလိုမတူ ေႂကြကြဲျခင္းမ်ားလည္း ရစ္ဖြယ္ထံုးေလေတာ့.
♬ တစာစာလြမ္းတဲ့ အေၾကာင္းေတြငိုညည္းလို႔မဆံုးေတာ့
♬ မင္းအသိမွာ ငါဟာကေလးေလးတစ္ေယာက္လို ဂ်ီက်ဆိုးသြမ္းတုန္းေပါ့...
♬ ၀ိုးတ၀ါးလမ္းကို မေက်ာ္လြန္ႏိုင္ေသးခင္...
♬ အျပာေရာင္မိုးသားရိပ္ေအာက္...
♬ ပ်ဥ္အိမ္လံုးတစ္လံုး ေဆာက္ႏွင့္ေနခဲ့...
♬ Daisyခင္းတဲ့ ေခြးေလးေတြ႐ွိမယ္...
♬ အၾကင္နာလိႈင္းမ်ား ယွက္ႏြယ္လို႔ရယ္...
♬ ငါ့ရဲ႕အခ်စ္နဲ႔ ေႏြးေထြးေစခ်င္တယ္...
♬ အိမ္မက္မ်ားနဲ႔ အျပံဳးေတြလံုျခံဳဖို႔...
♬ ေ႐ွ႕ဆက္မယ့္ေျခလွမ္းေတြလွပဖို႔...
♬ ငါ့ရဲ႕အနားမွာ မင္း႐ွိဖို႔လို...
♬ ဒါေတြ မင္းၾကားေအာင္ ဖြင့္ဟလို႔ဆို...
♬ ငါေမ်ွာ္လင့္တဲ့ မနက္ျဖန္ေတြ မင္းပဲ...
♬ ခန္႔မွန္းမရတဲ့ လ်ိႈ့၀ွက္ခ်က္ေတြအျပည့္နဲ႔...
♬ ကံၾကမၼာဟာ ဆန္းျပားလို႔ ႐ႈပ္ေထြးလည္း...
♬ ငါဟာ အေကာင္းဆံုးျဖစ္တည္လိမ့္မယ္...
♬ ငါ့ဘ၀ေတာင့္တမိတယ္ မင္းရဲ႕အခ်စ္မ်ားနဲ႔...♬
ခပ္သဲ့သဲ့ခ်လိုက္တဲ့ သက္ပ်င္းနဲ႔အတူ လဲေလ်ာင္းေနသည့့္သူ႔အား ငံု႔မိုးၿပီးၾကည့္လာတဲ့ အကို႔မ်က္ႏွာ...တစ္ခုခုျဖစ္ေနမွန္းသိေပမယ့္...ကမာၻေမးျမန္းျခင္းမျပဳမိ...ယခုအခ်ိန္ ကမာၻေတြးမိတာက အကို စိတ္ေပ်ာ္ရႊင္ေအာင္ ဘာလုပ္ေပးရမည္ကိုသာျဖစ္သည္...။...အကိုသာဆနၵ႐ွိလာရင္ သူမေမးလည္း ေျပာျပလာလိမ့္မည္...။...အကို႔အား ဖိအားေပးသူက သူကိုယ္တိုင္ျဖစ္မေနသ၍ အကို႔ကို အတင္းအၾကပ္ေမးခြန္းထုတ္တာမ်ိဳး ကမာၻလုပ္မည္မဟုတ္...။...သို႔ေပမယ့္ အကို႔မ်က္ႏွာညိဳးတာ တစ္ျခားသူေၾကာင့္ဆိုရင္ေတာင္ ေပ်ာ္ေအာင္လုပ္ေပးဖို႔က ကမာၻ့တာ၀န္ေပ...။
"အကို..."
"ဟင္..."
"သီခ်င္းက ပ်င္းဖို႔ေကာင္းတယ္..."
"အင္း...ဒါေပမယ့္ ငါႀကိဳက္တယ္..."
"ပ်င္းစရာႀကီးကို ဘယ္နားက သေဘာက်စရာ႐ွိေနလို႔လည္း..."
"အျပာေရာင္မိုးသားေအာက္က ပ်ဥ္အိမ္ေလးရယ္...ေဒစီခင္းထဲက ေခြးေလးေတြရယ္ ဘ၀ရဲ႕ တစ္ဦးတည္းေသာ အဓ္ိပၸါယ္ေလးရယ္...သီခ်င္းက အဲ့စာသားေလးေတြနဲ႔တင္ သေဘာက်ဖို့ေကာင္းေနၿပီ..."
"အကိုသေဘာက်တယ္ဆိုရင္ ေဒစီခင္းထဲက ေခြးေလးေတြနဲ႔ ကြၽန္ေတာ္က မိတ္ဆက္ေပးမယ္ေလ..."
"ဟင္..."
ေယာဟန္ မ်က္လံုးမ်ား၀ိုင္းကာ ေကာင္ေလးအား ငံု႔မိုးၾကည့္လိုက္မိသည္...။...အမွန္ဆိုရရင္ ေကာင္ေလးကို ၾကည့္ေနမိတာ သီခ်င္းအၿပီး စကားစေျပာကတည္းက ဆိုေပမယ့္ ေယာဟန္ကိုယ္တိုင္ပင္သတိမထားမိ...အနီးကပ္ျမင္ေနရေသာ ေကာင္ေလးမ်က္ႏွာသည္ ညေန ေနေရာင္ေအာက္ ဆြဲေဆာင္မူအျပည့္ႏွင့္ ျဖစ္တည္ေန၏...မ်က္ဆန္နက္နက္ေတြကို ထဲထဲ၀င္၀င္ၾကည့္လိုက္မိေတာ့ ေယာဟန္ ကိုယ္ကိုကိုယ္ ေတြလိုက္ရသည္...ကိုယ့္ေ႐ွ႕႐ွိေနတဲ့လူရဲ႕ မ်က္၀န္းထဲ ကိုယ္႐ွိတာ မထူးဆန္းေပမယ့္ ဒါကိုေယာဟန္က အထူးတလည္သေဘာက်မိေနျပန္သည္...။
"ကြၽန္ေတာ္မနက္ျဖန္က်ရင္ အကို႔တိုက္ခန္းကိုလာေခၚမယ္...အကို႔အတြက္ စိတ္ေပ်ာ္ရႊင္ေစတဲ့ အရာအကုန္လံုးကို ထုတ္ပိုးၿပီး အသင့္ျပင္ထားလိုက္...ကြၽန္ေတာ္အကု႔ိကို ေဒစီခင္းထဲက ေခြးေလးေတြနဲ႔ေတြ႔ေပးမယ္..."
လွဲအိပ္ေနရာမွ ထထိုင္ကာ အတည္ေပါက္ေျပာလာသူေၾကာင့္ ေယာဟန္မ်က္ေတာင္ေတြ တဖ်တ္ဖ်တ္ခတ္လိုက္မိသည္...သူကဒီအတိုင္း သီခ်င္းထဲက သေဘာက်စရာေလးေတြကို ေျပာျပမိတာျဖစ္သည္...။...ေယာဟန္ လိုက္ပါ့မယ္ မေျပာခဲ့သလို မလို္က္ဘူးလို႔လည္း မျငင္းမိ...။...အျပာေရာင္မိုးသားေအာက္က ေဒစီခင္းထဲ သူ႔ရဲ႕လက္ကိုတြဲၿပီး ေခြးေလးေတြနဲ႔ ေျပးလႊားကစားခ်င္ေသး၏...။
ေယာဟန္ရဲ႕ ေ၀ခြဲရခက္ေနခ်ိန္ကို တုန္ခါသံေပးၿပီး ၀င္လာသည့္ဖုန္းေလးက ဖ်က္စီးသြား၏...-ခ-ဟု တစ္လံုးထဲ ေရးမွတ္ထားေသာ နာမည္ေၾကာင့္ ေယာဟန္၏ မ်က္ေတာင္ဖ်ားေတြမွာ အနည္းငယ္တုန္သြားသလို...အျပစ္သားတစ္ေယာက္ဟာ သူအျပစ္လုပ္မိသည့္ တရားလိုအား ျမင္ေတ့ြလိုက္ရသလို ခံစားမွုမ်ိဳး...။
"ဟ ဟလို-ခ-..."
.....
"မနက္ျဖန္..."
.....
"အင္း..."
၀ါက်မစီေလ်ာ္ေသာ စကားအခ်ိဳ႕ကို ကမာၻၾကားေနရေပမယ့္ အကို႔မွာေတာ့ တင္းၾကပ္လြန္းတဲ့ လြန္တစ္ခ်ိဳ႕ကို ဆြဲေနရသလို...။...သူ႔အတြက္ ခက္ခဲေနမွာေပါ့...ဆံုးျဖတ္ပိုင္ခြင့္မ႐ွိတဲ့ ေရြးခ်ယ္မူေတြၾကားမွာ...။...သိသိသာသာညိဳးက်သြားေသာ မ်က္၀န္းေလးေတြႏွင့္ ကမာၻ့အား ၾကည့္ၿပီး စကားတစ္ခ်ိဳ႕အား ဆို၏...။
"ငါ ငါ! လိုက္လို႔မရဘူး...မနက္ျဖန္ ခ-နဲ႔ မဂၤလာ၀တ္စံုသြားၾကည့္ရမွာ...-ခနဲ႔ ဒီလထဲမွာ လက္ထပ္ေတာ့မွာ...မင္းလည္း ထြက္သြားလိုက္ပါေတာ့...ငါက ငါက..."
"႐ွဴး! ထြက္သြားခ်င္ရင္ လွည့္ေတာင္၀င္မလာဘူးအကို...အကိုေသခ်ာစဥ္းစားၾကည့္...အကိုမွ မေမလိႈင္းမခကို မခ်စ္တာ...အကို႔စိတ္ထဲ ဘယ္သူ႐ွိတယ္ဆိုတာလည္း အကိုသိတယ္...မိန္းမတစ္ေယာက္ကို ယူထားၿပီး တစ္ျခားတစ္ေယာက္ကို စိတ္ထဲ႐ွိေနတာ အကိုလိပ္ျပာလံုပါ့မလား..."
ေယာဟန္သိပါသည္...။...ခ-အေပၚမတရားမွန္းလည္း သိပါ၏...။...ဒါေပမယ့္ သူ႔ရဲ႕စိတ္ကို ဘယ္သူကမွ နားလၫ္မေပးတာ...။...အဲ့ဒီ့အားနာစိတ္ေၾကာင့္ ေယာဟန္-ခကို မ်က္ႏွာခ်င္းဆိုင္ဖို႔ေတာင္ သိပ္မ၀ံ့ေတာ့ေပ...။
"ေရြးခ်ယ္စရာနဲ႔ ကံၾကမၼာဆိုတာကို ကိုယ္တိုင္ဖန္တီးရတယ္အကို...အကို႔ သက္တမ္းတစ္၀က္ေလာက္ကို တစ္ျခားသူေတြရဲ႕ ေရြးခ်ယ္မူနဲ႔ ေနသားက်ေပးခဲ့ၿပီးၿပီ...ဒါက အကို႔ကိုယ္ပိုင္ဘ၀...အကို႔က ကြၽန္ေတာ့္ဘက္ကိုပဲၾကည့္ေပး အကိုေက်ာခိုင္းေပးထားခဲ့သမ်ွ အရာအားလံုးကို ကြၽန္ေတာ္ ေက်ာ္ျဖတ္ေပးမယ္..."
"ဒါေပမယ့္..."
"မနက္ျဖန္ မနက္ ၅နာရီေက်ာ္လို႔မွ အကိုcondoက ထြက္မလာရင္ ကြၽန္ေတာ္ ရံႈးသြားၿပီလို႔ သတ္မွတ္လိုက္မယ္..."
ထိုညေနေလးက လွသေလာက္ အသက္မ၀င္ခဲ့ေပ...။...ဂ်ဴတီကုတ္အျဖဴေရာင္ႏွင့္ ဆရာ၀န္ေလးသည္ တိမ္စိုင္ေတြကို ေငးၾကည့္ေနၿပီး အနီးအနား႐ွိ ေကာင္ေလး၏ စကားကိုေတာ့ လ်စ္လ်ဴရႈထားေလ၏...။...ၿမိဳ႕ျပရဲ႕ ညေနခင္းက အနည္းငယ္ဆူညံေပမယ့္ ထိုေနရာေလးတစ္ခုသာ ကြက္၍ တိတ္ဆိတ္ေနပါသေယာင္...။
>>>>>><<<<<<
"Reno...လာေရြးကူဦးေလ..."
"ဘာကိုေရြးရမွာလည္း အဆင္ေျပတာ အကုန္ယူလိုက္ေလ...တစ္ခုႏွစ္ခုအတြက္မွ မဟုတ္တာ..."
"Otoko"(ေယာက္က်ား)
"က်စ္!"
၀ဠာကားေဘာင္အား မွီၿပီး ရပ္ေနရာမွ ထိုတစ္ေယာက္႐ွိရာ အ႐ုပ္ဆိုင္အတြင္းသို႔ ၀င္လာခဲ့လိုက္သည္...။...၀ဠာတို႔ ယခုေရာက္ေနေသာ ေနရာသည္ လမ္းေဘး႐ွိ အ႐ုပ္ဆိုင္ေလး...။...အမွန္ဆို ယခုအခ်ိန္က ၀ဠာ showroomမွာ ႐ွိေနရမွာ ျဖစ္ေပမယ့္ xoraသည္ သြားစရာ႐ွိသည္ဟုဆိုကာ အတင္းေခၚလာသျဖင့္ ပါလာရျခင္း...။...လမ္းေရာက္မွ သိလိုက္ရတာက မိဘမဲ့ေဂဟာမွာ သြားလႉမည္ဆိုသည္ေၾကာင့္ ၀ဠာယခု လမ္းေဘးအ႐ုပ္ဆိုင္တြင္ အ႐ုပ္၀င္ေရြးေနရျခင္းျဖစ္သည္...။
"ဒီမွာၾကည့္..."
Xoraသည္ အ႐ုပ္ေတြထဲမွ အျဖဴေရာင္လူ႐ုပ္ပံုစံတစ္ခုကို ထုတ္ျပေလ၏...ၿပီးေနာက္ တစ္ေနရာကို မ်က္စပစ္ျပတာက ထိုအ႐ုပ္၏ ေျခေထာက္ကားကား ျကားထဲ႐ွိ တစ္ဆက္တည္းပါ႐ွိသည့္ ဆင္ႏွာေမာင္း...။
"ငါကအဲ့ထက္ႀကီးတယ္..."
Xora မ်က္ေတာင္ဖ်ားမ်ားအား တဖ်တ္ဖ်တ္ခတ္လိုက္မိသည္...။...အ႐ုပ္ဆိုင္မွ အ႐ုပ္ကူေရြးေပးေနသည့္ ေကာင္မေလးပင္ ၀ဠာ့အား ေမာ့ၾကည့္ေလ၏...။...စကားေျပာရင္ ဘယ္ေတာ့မွ စည္းမ႐ွိ...ဘယ္သူနဲ႔တူလို႔မ်ား အေျပာအဆို ယုတ္ရင္းေနမွန္း xora စဥ္းစားမရ...။
Xoraတို႔ အ႐ုပ္ေပါင္း ၁ရာေက်ာ္ ေရြးခ်ယ္ၿပီးေနာက္ xoraလက္ထဲတြင္ ဆင္ႏွာေမာင္းပါ လူ႐ုပ္ေလး႐ွိေနသလို ၀ဠာ့လက္ထဲတြင္လည္း ခပ္လံုးလံုး႐ွိေသာ ခဲေရာင္အ႐ုပ္ကေလးေလးတစ္ခုကို ကိုင္ထားေလ၏...။
"အဲ့အ႐ုပ္က..."
Xoraသိလိုေဇာျဖင့္ ေမးလိုက္ၿပီးေနာက္တြင္ xora ေက်ဳာသည္ ကားbodyႏွင့္ ထိ္ကပ္သြားသလို xoraႏႈတ္ခမ္းတစ္စံုသၫ္ ထူထဲျပည့္တင္းေသာ ႏႈတ္ခမ္းတို႔ၾကား ေရာက္သြားေလသည္...။...ကားကို လယ္ကြင္းေတြ႐ွိသည့္ လမ္းေလးဘက္ျခမ္းတြင္ ရပ္ထားမိလို႔သာေတာ္ေသး၏...။...မဟုတ္ရင္ ကားသြားကားလာႏွင့္ လမ္းေဘး႐ွိ အ႐ုပ္ဆိုင္အပါအ၀င္ တစ္ျခားဆိုင္ခန္းေတြကပါ xoraတို႔ပံုရိပ္အား ေတြ႔ေနရမွာ...။
ႁပြတ္စ္!
အြန္႔!
"အြန္း...re reno..."
Xora၏ ခက္ခက္ခဲခဲ ႐ုန္းကန္မူေၾကာင့္ ႏႈတ္ခမ္းသားေတြက လြတ္ေျမာက္သြားေပမယ့္ xoraခႏၶာကိုယ္ေလးသည္ သူႏွင့္ ကားအၾကားတြင္ ႐ွိေနေသး၏...။
"မင္းနဲ႔တူတယ္..."
"ဟင္!"
"၀က္႐ုပ္..."
ဂ်ိဳပံုစံ နားရြက္ေလးေတြပါေသာ ခဲေရာင္အ႐ုပ္ေလးအား ေျမွာက္ျပကာ ေျပာလာၿပီး ထိုအ႐ုပ္ေလးကို ကားေနာက္ခန္းထဲ႐ွိ လႉမည့္အ႐ုပ္ပံုထဲ မထည့္ပဲ ေမာင္းသည့္ေနရာဘက္ျခမ္း႐ွိ ဒက္႐ွ္ဘုတ္ေပၚသို႔ တင္ၿပီးမွ xoraတို႔ ခရီးဆက္ရ၏...။...အမွန္ဆို ထိုအ႐ုပ္ေလးက ၀က္ေလးတစ္ေကာင္ မဟုတ္ မြန္းစတားကေလးေလးပံုစံမ်ိဳးပင္...xora လက္ထဲ႐ွိ ဆင္ႏွာေမာင္းတန္ဆာပါ႐ွိသည့္ အ႐ုပ္ေလးအား ခဲေရာင္အ႐ုပ္ေလးႏွင့္ တူတူထားလိုက္ၿပီး ၀ဠာ့လက္ေမာင္းအား မွီတြယ္လိုက္၏...xoraပါးႏွင့္ ထိကပ္ေနေသာ ၀ဠာ့လက္ေမာင္းသည္ xoraေခါင္းအား ထိန္းထားေပးသလို အားအင္အျပည့္ႏွင့္ ျဖစ္၏...။
"Otoko"(ေယာက္က်ား)
"အင္း..."
"ပန္းေတြထဲမွာ ဘယ္ပန္းကို အၾကဳိက္ဆံုးလည္းဟင္..."
Xora၏ အဆက္အစပ္မ႐ွိေသာ စကားေၾကာင့္ ၀ဠာသည္ ခဏစဥ္းစားဟန္ျပဳၿပီးမွ ျပန္ေျဖလာ၏...။
"....ခေရ...."
"ဘာလို႔ခေရပန္းလည္း..."
"ငါ ဂ်ပန္မွာ ေမြးကတည္းက ပထမဆံုး ျမင္ဖူးၿပီး ရင္းႏွီးတဲ႔ပန္းဆိုလို႔ ခေရပန္းပဲ ႐ွိတယ္...senoritaက daddy ကို လြမ္းရင္ ခေရပန္းေျခာက္ေလးေတြကို ထုတ္ၾကည့္ေလ့႐ွိတယ္...ႏွစ္အေတာ္ၾကာေလာက္သိမ္းထားတဲ့ပန္းေတြက ေျခာက္လြန္းၿပီး အမႈန္႔ျဖစ္သြားတာေတာင္မွ senoritaက လႊင့္မျပစ္ခဲ့ဘူး...jjက အမႈန္႔ျဖစ္ဖို႔ သိပ္မလိုေတာ့တဲ့ ခေရပန္းေလး၃ပြင့္ကို ေကာ္ရည္ေလာင္းၿပီး စာရြက္မွာ ကပ္ေပးခဲ့ဖူးတယ္...အဲ့စာရြက္ေလးလည္း senoritaမွာ ခုထိ႐ွိေနေသးတယ္..."
မိသားစုအေၾကာင္းေျပာရင္ အျမဲတတ္ႂကြေနသူက ယခုလည္း စကားလံုးေတာ္ေတာ္မ်ားမ်ားကိုေျပာရင္း ခပ္သဲ့သဲ့ျပံဳးေန၏...။...မိဘႏွစ္ပါးရဲ႕ တစ္ဦးေပၚတစ္ဦးထားတဲ့ ခ်စ္ျခင္းအတိမ္အနက္ကို သိ႐ွိထားေတာ့ အခ်စ္စကားေလးမ်ားေျပာရင္ ခ်စ္ၾကသူေတြကို သတိရၿပီး အလိုလိုျပံဳးမိေနေရာ...။...xoraနဲ႔ဆုိရင္ေတာင္ စကားေလးလံုးကြဲေအာင္မေျပာတဲ့သူက မိသားစုအေၾကာင္းေျပာရင္ေတာ ့မေမာႏိုင္မပန္းႏိုင္...။...xoraေမးတိုင္း အေသးစိတ္ကအစေျပာျပလြန္းလိုု႔ renoမိသားစုအေၾကာင္း ေတာ္ေတာ္မ်ားမ်ားကို xoraက သိထားၿပီးၿပီပင္ ျဖစ္သည္...။
"Reno daddy က senoritaကို ဘယ္ေလာက္ထိခ်စ္တာလည္း..."
"အနားကလူေတြေတာင္ ခန္႔မွန္းလို႔မရတဲ့အထိ...႐ူးေလာက္ေအာင္ကို ခ်စ္တာ...ထမင္း၀ါးဖို႔ေတာင္ စိတ္မ႐ွည္တဲ့သူက senoritaပန္ဖို႔ ခေရပန္းကို ကိုယ္တိုင္သီေပးတာ...senorita ကိုယ္၀န္ေဆာင္ခ်ိန္က vedio recordsေတြ ျပန္ၾကည့္မိၿပီဆိုရင္ အဲ့တစ္ေန႔လံုး senoritaကို အနားက မခြာခိုင္းပဲ ရင္ခြင္ထဲထည့္ထားတတ္တာ...ၿပီးရင္ ေျပာတာက တာ၀န္ပ်က္ကြက္ခဲ့ဖူးတာကို သတိရသြားလို့ အစားျပန္ေပးေနတာတဲ့...ဘယ္ေတာ့မွ အခ်စ္ကို၀န္မခံဘူး...senoritaက စိတ္ေကာက္ၿပီး သူ႔ကိုစကားျပန္မေျပာရင္ တမလြန္က အဘြားကိုတၿပီး ဖြားေပးစားလို႔ သူအခုလိုအႏိုင္က်င့္ခံေနရတာပါလို႔ ေအာ္တတ္ေသးတာ...ၿပီးရင္လည္း သူပဲ ေခ်ာ့ရတာ...daddy က senoritaက အဲ့ေလာက္ေတာင္ခ်စ္တာ...ခေရပန္းဆိုတာက သူတို႔အခ်စ္ရဲ႕ သၤေကတလို႔ေတာင္ ဆိုရမယ္...အခ်ိန္ေတြဘယ္ေလာက္ၾကာၾကာ အပြင့္ဘယ္ေလာက္ ႏြမ္းႏြမ္း ရနံမျပယ္ဘူး...အဲ့လိုအခ်စ္မ်ိဳး..."
"အဲ့တာေၾကာင့္ renoက ခေရပန္းကို ႀကိဳက္တာေပါ့..."
"အင္း...ေနာက္ၿပီး ခ်ယ္ရီပန္းရနံ..."
"ခ်ယ္ရီပန္းရနံ..."
"အင္း! ပန္းပြင့္ကို မဟုတ္ပဲ ရနံကိုပဲ ႀကိဳက္တာ..."
"ဘာလို႔လည္း..."
xora တစ္လမ္းလံုးစကားေျပာလာေပမယ့္ မွီတြယ္ထားသည့္ လက္ေမာင္းမွ စြန္ခြာသြားျခင္းမ႐ွိပဲ ေခါင္းအားေစာင္းကာ ေမးေနခဲ့ျခင္းျဖစ္ၿပီး ယခုမွ သိခ်င္စိတ္ေၾကာင့္ မွီတြယ္ထားသည့္ လက္ေမာင္းမွ ဖယ္ခြာကာ ၀ဠာ့မ်က္ႏွာအား ၾကည့္လိုက္မိသည္...။...သို႔ေပမယ့္ ကားသည္ လမ္းခ်ိဳးေလးတစ္ခုအတြင္းသို႔ ၀င္ေရာက္သြားၿပီးေနာက္ xoraတို႔ လိုရာခရီးကို ေရာက္လာၾကၿပီမို႔ xoraထပ္မေမးမိေတာ့သလို...၀ဠာကလည္း ျပန္ေျဖဖို႕ စိတ္ကူးမ႐ွိခဲ့ပံုပင္...။
၀ဠာသည္ ထိုေမးခြန္းကို ေျဖခြင့္ရခဲ့ပါက ေျပာျပမည္မွာ'ငါသေဘာက်တဲ့ တစ္ဦးတစ္ေယာက္ရဲ႕ ကိုယ္သင္းနံ႔ေလးမလို႔'ဟု ျပန္ေျဖျဖစ္ေလာက္မည္...။
>>>>>>><<<<<<
5.12.2023(TUESDAY)
Words-6647
♡Sunshine♡
ခုမွျပန္ေရးေတာ့ စာေတြက အစီအေငၚမတည့္...လြမ္းေနၾကရဲ႕လား...ကိုယ့္ရဲ႕က်န္းမာေရးအေျခအေနေလးေၾကာင့္ အမ်ားႀကီးပ်က္ကြက္မိပါတယ္...ေနာက္ဆို ၁ပတ္ကို ၂ပိုင္းေလာက္ေတာ့ မျဖစ္မေန upေပးပါ့မယ္...ဒီအပိုင္းမွာ ေရာင္ျခည္သံုးထားတဲ့ သီခ်င္းေလးက (come here-zenith)သီခ်င္းေလးပါေနာ္...mediaကေန႐ွာၾကည့္ေပမယ့္ မရလို႔ သီခ်င္းေတာ့ထည့္မေပးေတာ့ဘူးေနာ္...စာျပန္ေရးဖို႔ အာရံုျပန္ရခဲ့တဲ့ သီခ်င္းေလးမို႔ အမွတ္တရထည့္ေရးလိုက္တာပါ...စာေတြ႐ွည္ေနပါၿပီ...အိပ္မက္လွလွမက္ပါေစခဗ် ညကတင္မလို႔ကို မီးပ်က္သြားလို႔ dateကိုေတာ့ မေနကdateပဲ ထားလိုက္ေတာ့မယ္
>>>>>>>SunShine<<<<<<<<
Uni//
ပန်းရောင် နှင်းဆီပန်းပေါင်း ၁၇၇၀ ပွင့်ပါရှိသော ကြိမ်ဖြင့်ပြုလုပ်ထားသော ခြင်းတစ်ခြင်းသည် condoရှိ ယောဟန်၏စားပွဲပေါ်တွင် နေရာယူထားလေသည်...။
အမြဲပြောတယ်...။...ပန်းတွေပို့တာ လက်ခံပေးနိုင်တယ်ဆိုပေမယ့် condoကိုပဲပို့ဖို့...။...-ခ-သိရင် လွှင့်ပစ်ခံရတတ်ကြောင်းပြောပေမယ့် အမြဲဆေးရုံသို့သာပို့၏...။...-ခ-သိသွားလို့ လွှင့်ပစ်ရင် ယောဟန်မှာ တစ်ပွင့်ဆီပြန်ကောက်ရတာ...။...အိမ်ပြန်လို့ -ခ-ကိုပါ လိုက်ပို့ရရင် အဲ့ပန်းတွေနဲ့ ယောဟန်မှာ တိုင်တွေကို ပတ်လို့...။
ထို့ကြောင့် ပန်းအားအမြဲလက်ခံပေးသည့် သူနာပြုမလေးအား ဘယ်ချိန်လာပို့ပို့ ဆေးသိုလှောင်ရေးခန်းထဲသို့သာ ပို့ထားရန် မှာထားရ၏...။...ရက်ပေါင်း၅၉ရက်ကြာ ပို့ထားသော ပန်းများသည် ၃၄၈၅ပွင့်ပင်ရှိပြီ...။...albumတွင် မဆန့်တော့သည်မို့ ပန်းရောင်boxတစ်ခုတွင်းသို့ ပန်းများအား အခြောက်ထားပြီးမှ ထည့်သိမ်းရ၏...။
အဖြူရောင် အစင်းတွေရှိသော နက်ပြာရောင်စားပွဲလေးပေါ်တွင် နှင်းဆီပန်းခြောက်လေး ၂ပွင့်နှင့် စာလေးတစ်စောင် သည် ပြတင်းတံခါးမှ ဝင်လာသော လေနုအေးကြောင့် တစ်ဖျတ်ဖျတ်လှုပ်ခါနေ၏...။
ယောဟန် ပန်းခြောက်လေး၂ပွင့်အား paper boxထဲ ထည့်လိုက်ပြီး ပန်းရောင် စာရွက်လေးရှိ လက်ရေးဝိုင်းဝိုင်းတွေနှင့် ရေးထားသော နာမ်စားလေးအား လက်နှင့်အသာအယာထိလိုက်၏...။
တကယ်ဆိုးတဲ့ ကောင်လေး...။
'for housewife'ဆိုသည့် စာတန်းလေးသာ ပါရှိပေမယ့် ယောဟန် ရင်ခုန်သံမှာတော့ ထိုစာကြောင်းကိုမြင်တိုင်း သစ္စာဖောက်စွာ ကခုန်တတ်၏...။
စာတိုလေးအား အနက်ရောင် paper boxထဲသို့ သီးသန့်ခွဲထည့်လိုက်ပြီး ဆေးရုံမှ အိမ်ပြန်ရောက်တိုင်းလုပ်နေကြဖြစ်သော ဝရံတာတွင် ဆေးစာအုပ်ဖတ်ရန် ထွက်လာခဲ့လိုက်သည်...။...ထိုင်သူမယ့်သွားတဲ့ နက်ပြာရောင်စားပွဲလေးပေါ်တွင်တော့ အဝါရောင် စက္ကူကြယ်လေးများ တင်ကျန်ခဲ့လေသည်...။
>>>>>><<<<<<
ဆေးရုံ၏ နားနေဆောင်ထဲတွင် မြန်မာဝတ်စုံကို ဝတ်ထားပြီး ကျက်သရေရှိသည့် အမျိုးသမီးကြီးတစ်ဦးနှင့် ဆရာဝန်ဂျူတီကုတ်ဝတ်ထားသည့် အမျိုးသားတစ်ဦးသည် မျက်နှာချင်းဆိုင် ထိုင်နေကြ၏...။
"အဲ့ပန်းတွေက ဘာအဓိပါယ်လည်း ကွာပါ(Ca pa)..."
ယောဟန်မည်သို့ ဖြေရမည်မသိ...။...ပန်းတွေကို ဆေးရုံကိုမပို့ဖို့ ပြောထားပါရက်နဲ့ မရောက်ရောက်အောင်ပို့သည်...။...ယခု ဆိုင်းမဆင့်ဘုံမဆင့် ရောက်လာသည့် နိူး(Nuu)သည် ပန်းပေါင်း၃၄၈၆ပွင့်ပါ ပန်းခြင်းအား ကိုယ်တိုင်ပင် ကိုင်ဆောင်ကာ ယောဟန်၏ နားနေခန်းထဲသို့ ရောက်လာခဲ့သည်...။
_______________
AN// နိူး(Nuu)ဆိုတာက ချင်းလိုအမေလို့ခေါ်တာဖြစ်ပြီး ကွာပါ(Ca pa)က သားလို့ခေါ်တာဖြစ်သည်။
______________
နိူး(Nuu) ဒီအထိရောက်လာပြီ ဆိုမှတော့ ကောင်လေးရဲ့အကြောင်းတွေ သိနှင့်ပြီလား။...ယောဟန် သက်ပြင်းမောတွေ လွှတ်ထုတ်ရင်း သင့်တော်မည့် ဆင်ခြင်အား စဉ်းစားနေရသည်...။...လူနာမှ ကျေးဇူးတုန့်ပြန်သည်ဟု ဖြေဖို့စဉ်းစားမိပေမယ့် ယောဟန်လိမ်ရမှာကို နှုတ်မှမရဲပေ...။...ကောင်လေးကြောင့် ယောဟန်ဘဝက တော်တော်ခက်ခဲလှပြီ...။
"ဟို နိူး(Nuu) အဲ့တာက..."
"အင်း! ပြော ကွာပါ(Ca pa)..."
"အဲ့တာက ကျွန်တော့်ကို ပိုးပန်းတဲ့အနေနဲ့ ပေးတဲ့ပန်းခြင်းပါ..."
နိူး(Nuu)က မျက်မှောင်တစ်ချက်ကျုံ့သွားပေမယ် ဘာမှတော့ထပ်ပြောမလာ...ခေါင်းငုံ့ကာ လက်၁စုံအား ဖျစ်ညှစ်နေမိသည့် ယောဟန်အား ကြည့်ပြီးမှ စကားတစ်ချို့အား ဆိုလာ၏...။
"ခုလထဲမှာ မင်္ဂလာပွဲလုပ်ဖို့ နိူး(Nuu)တို့စဉ်းစားထားတယ်...သားဘက်က နားရက်ယူဖို့နဲ့ ပြင်ဆင်စရာရှိတာ ပြင်ရအောင် လာပြောတာ...သမီးခ-တို့ ဘက်ကလည်း မင်္ဂလာပွဲလုပ်ဖို့ ပြောနေတာကြာပြီ...နိူး(Nuu)ပြောတာ သား နားလည်ပါတယ်နော်..."
"ဟုတ်ကဲ့...သားနားလည်ပါတယ်..."
နိူး(Nuu)ပြောသွားတာ မင်္ဂလာပွဲအတွက်ဆိုပေမယ့် စကားလုံးတစ်ခုခြင်းဆီ၏ အဓိပ္ပါယ်တွေကို ယောဟန်ကောင်းကောင်း သိပါသည်...။...ကောင်လေး ယောဟန်နား ရောက်တာ ၃လကျော်...ဒီကြားထဲ နိူး(Nuu)က ဖုန်းဆက်ကာ တစ်ချက်တစ်ချက် ယောဟန်စိတ်အား တီးခေါက်နေသည်ကို ယောဟန် ရိပ်မိပါ၏...။
တစ်ရက်ထက် တစ်ရက် ရဲတင်းလာသော ကောင်လေးကြောင့် မင်္ဂလာပွဲကို ရုတ်တရက်ထလုပ်ကြတာ...။...ယောဟန်က မပြတ်မသားဖြစ်နေတာကိုလည်း နိူး(Nuu)ကလည်း ရိပ်မိသည်ထင်၏...။...နိူး(Nuu)သည် မင်္ဂလာပွဲကို အာရုံစိုက်ထားဖို့နှင့် နားရက်ယူဖို့ကို တိုက်တွန်းပြီး ခ-နှင့်လည်း စကားအနည်းငယ်ပြောသေးသည်...။...ပြီးနောက် ညနေပိုင်း လေယာဉ်နှင့် ပြန်သွားခဲ့သည်...။
ယောဟန်ဘဝက ထင်သလောက်မရိုးရှင်းတော့ဘူး...အဖြူရောင်စာရွက်လေးပေါ် အနီရောင် ဆေးစက်တစ်စက်က အမှတ်မထင်စွန်ထင်းခဲ့ပြီး ယောဟန်သတိမထားမိခင်မှာ အဖြူရောင်အလုံးစုံအား အုပ်စိုးသွားခဲ့ပြီ...။
ကောင်လေးကြောင့်...ယောဟန် တွေဝေနေရပြီ...ယောဟန် နိူး(Nuu)စကားများကို ငြင်းဆန်ချင်ခဲ့သည်...။...ဘဝမှာတစ်ခါလောက်ဖြစ်ဖြစ် ကိုယ့်စိတ်ကြိုက် မိုက်ရူးရဲဆန်ကြည့်လိုက်ချင်သည်...။...လမ်းဘေးပလက်ဖောင်းပေါ် ဂျင်းဘောင်းဘီဒူးပြဲကို ဝတ်ဆင်ပြီး ဆေးလိပ်တစ်လိပ် လက်ကြားညှပ်ကာ ထိုင်နေတဲ့ ကောင်လေးတွေကို တွေ့ရင်တောင် ယောဟန်အားကျနေမိသည်...။...သူတို့ရဲ့ စရိုက်ကိုမဟုတ်ပဲ သူတိူ့ဘဝရဲ့ ကိုယ့်ပိုင်လွတ်လပ်ခွင့်တွေကို ယောဟန် တကယ်မနာလိုဖြစ်မိပါသည်...။
ဆေးရုံကြီးရဲ့ ပန်းခြံငယ်အတွင်းရှိ သစ်သားခုံဒီဇိုင်းပုံဖော်ထားသော အုတ်ထိုင်ခုံလေး...သွားလာသူများ ရှုပ်ယှက်ခက်နေပြီး လူနာစောင့်များနှင့် ကလေးငယ်တစ်ချို၏ ငိုယိုသံများ စကားသံများအား ယောဟန်ကြားနေရ၏...
ဂျူတီကုတ်အိပ်ထောင်ထဲမှ ဖုန်းနှင့် နားကြပ်အား ထုတ်ယူပြီး တေးဂီတ တစ်ပုဒ်အား ရွေးချယ်ပြီးဖွင့်လိုက်သည်...။...ဂီတက စိတ်ကို အကောင်းဆုံး ကုစားနိုင်တဲ့ ဂုဏ်သတ္တိရှိသည်...ယောဟန် အသက်ရှူအနည်းငယ်ချောင်သွားချိန်လေးတွင် ယောဟန်ထိုင်နေသည့် ခုံလေးသို့ဝင်ထိုင်ပြီး ယောဟန်ပေါင်ပေါ်ခေါင်းအုံးအိပ်လိုက်သူကြောင့် ခံစားသက်ဝင်နေသည့် ဂီတသံစဉ်တွေပါ ကမောက်ကမဖြစ်ကုန်ရ၏...။
"မင်း..."
"အင်း...ကျွန်တော်..."
"လူမြင်ကွင်းမှာ ဘယ်လိုတွေ သရုပ်ပျက်နေတာလည်း...ခုထ..."
ယောဟန် မျက်နှာအား မော့ငေးနေသူကို ထရန်အလို့ငှါ ပြောလိုက်ပေမယ့် သူဖိအိပ်ထားသည့် ခြေနှစ်ဖက်ကိုတော့ မလှုပ်ခဲ့မိ...။
"ကျွန်တော်နည်းနည်း ပင်ပန်းနေတယ်..."
မျက်နှာက သနားစရာပုံစံဖမ်းထားပေမယ့် ရဲတင်းသည့်လက်တွေကတော့ ယောဟန်၏ ခါးတစ်ဖက်အားကိုင်ထားသလို ကျန်လက်တစ်ဖက်ဖြင့် ယောဟန်၏ နားထဲရှိ နားကြပ်အား ဖြုတ်ယူပြီး သူ့နားတွင် တပ်ဆင်နေ၏...။
ခါးပေါ်က သူ့လက်တွေအားလည်း ဖြုတ်ချဖို့သတိမရသလို လူမြင်ကွင်းဆိုတာကိုလည်း ယောဟန်မေ့လျော့နေသည်...။...ဒီအချိန်မျိုးလေးမှာပဲဖြစ်ဖြစ် ဒီအချိန်လေးကိုပဲ ဖြစ်ဖြစ် ယောဟန်အပိုင်လိုချင်ပါသည်...အနားမှာရှိစေချင်သည်...မိနစ်ပိုင်းလေး မဟုတ်ရင်တောင် စက္ကန့်ပိုင်းလေးပဲဖြစ်ဖြစ်...
ကမာ္ဘ သီချင်းတစ်ပုဒ်ထဲကိုပဲ repeatလုပ်ထားပြီး ထပ်တဲလဲနားထောင်နေသူကို မော့ငေးနေသလို ကမာ္ဘမော့ငေးနေသူကလည်း တစ်ခြားလေဟာနယ်ကိုငေးမောနေ၏...။...စိတ်လိုလက်ရ တင်ထားသည့် သူ့လက်ဖဝါးနွေးနွေးက ကမာ္ဘ့နံဖူးပေါ်တွင်...။...တိုးတိုးလေး လိုက်ညည်းနေသည့် သံစဉ်တွေက ခပ်ဆွေးဆွေးရယ်...
♬oh.......
♬ ပိုကောင်းတဲ့ဘ၀ ပိုကောင်းတဲ့ခဏ ငါမင်းနဲ့နီးရင်...
♬ ပိုကောင်းတဲ့အတွေး ပိုကောင်းတဲ့သီချင်း ငါရဖို့အားအင်
♬ မြတ်နိုးတဲ့မင်း သွေးကြောထဲလှည့်ပတ်စီးဝင်သရွေ့...
♬ ရှင်သန်ရတဲ့ အဓိပ္ပါယ် လုံလောက်တဲ့နေ့တွေ...
♬ ပျော်ရွှင်ခြင်းများ တိုးလို့ပေးပါဦး...
♬ အလိုမတူ ကြွေကွဲခြင်းများလည်း ရစ်ဖွယ်ထုံးလေတော့.
♬ တစာစာလွမ်းတဲ့ အကြောင်းတွေငိုညည်းလို့မဆုံးတော့
♬ မင်းအသိမှာ ငါဟာကလေးလေးတစ်ယောက်လို ဂျီကျဆိုးသွမ်းတုန်းပေါ့...
♬ ဝိုးတဝါးလမ်းကို မကျော်လွန်နိုင်သေးခင်...
♬ အပြာရောင်မိုးသားရိပ်အောက်...
♬ ပျဉ်အိမ်လုံးတစ်လုံး ဆောက်နှင့်နေခဲ့...
♬ Daisyခင်းတဲ့ ခွေးလေးတွေရှိမယ်...
♬ အကြင်နာလှိုင်းများ ယှက်နွယ်လို့ရယ်...
♬ ငါ့ရဲ့အချစ်နဲ့ နွေးထွေးစေချင်တယ်...
♬ အိမ်မက်များနဲ့ အပြုံးတွေလုံခြုံဖို့...
♬ ရှေ့ဆက်မယ့်ခြေလှမ်းတွေလှပဖို့...
♬ ငါ့ရဲ့အနားမှာ မင်းရှိဖို့လို...
♬ ဒါတွေ မင်းကြားအောင် ဖွင့်ဟလို့ဆို...
♬ ငါမျှော်လင့်တဲ့ မနက်ဖြန်တွေ မင်းပဲ...
♬ ခန့်မှန်းမရတဲ့ လျှို့ဝှက်ချက်တွေအပြည့်နဲ့...
♬ ကံကြမ္မာဟာ ဆန်းပြားလို့ ရှုပ်ထွေးလည်း...
♬ ငါဟာ အကောင်းဆုံးဖြစ်တည်လိမ့်မယ်...
♬ ငါ့ဘ၀တောင့်တမိတယ် မင်းရဲ့အချစ်များနဲ့...♬
ခပ်သဲ့သဲ့ချလိုက်တဲ့ သက်ပျင်းနဲ့အတူ လဲလျောင်းနေသည့့်သူ့အား ငုံ့မိုးပြီးကြည့်လာတဲ့ အကို့မျက်နှာ...တစ်ခုခုဖြစ်နေမှန်းသိပေမယ့်...ကမာ္ဘမေးမြန်းခြင်းမပြုမိ...ယခုအချိန် ကမာ္ဘတွေးမိတာက အကို စိတ်ပျော်ရွှင်အောင် ဘာလုပ်ပေးရမည်ကိုသာဖြစ်သည်...။...အကိုသာဆန္ဒရှိလာရင် သူမမေးလည်း ပြောပြလာလိမ့်မည်...။...အကို့အား ဖိအားပေးသူက သူကိုယ်တိုင်ဖြစ်မနေသ၍ အကို့ကို အတင်းအကြပ်မေးခွန်းထုတ်တာမျိုး ကမာ္ဘလုပ်မည်မဟုတ်...။...သို့ပေမယ့် အကို့မျက်နှာညိုးတာ တစ်ခြားသူကြောင့်ဆိုရင်တောင် ပျော်အောင်လုပ်ပေးဖို့က ကမာ္ဘ့တာဝန်ပေ...။
"အကို..."
"ဟင်..."
"သီချင်းက ပျင်းဖို့ကောင်းတယ်..."
"အင်း...ဒါပေမယ့် ငါကြိုက်တယ်..."
"ပျင်းစရာကြီးကို ဘယ်နားက သဘောကျစရာရှိနေလို့လည်း..."
"အပြာရောင်မိုးသားအောက်က ပျဉ်အိမ်လေးရယ်...ဒေစီခင်းထဲက ခွေးလေးတွေရယ် ဘဝရဲ့ တစ်ဦးတည်းသော အဓ်ိပ္ပါယ်လေးရယ်...သီချင်းက အဲ့စာသားလေးတွေနဲ့တင် သဘောကျဖို့ကောင်းနေပြီ..."
"အကိုသဘောကျတယ်ဆိုရင် ဒေစီခင်းထဲက ခွေးလေးတွေနဲ့ ကျွန်တော်က မိတ်ဆက်ပေးမယ်လေ..."
"ဟင်..."
ယောဟန် မျက်လုံးများဝိုင်းကာ ကောင်လေးအား ငုံ့မိုးကြည့်လိုက်မိသည်...။...အမှန်ဆိုရရင် ကောင်လေးကို ကြည့်နေမိတာ သီချင်းအပြီး စကားစပြောကတည်းက ဆိုပေမယ့် ယောဟန်ကိုယ်တိုင်ပင်သတိမထားမိ...အနီးကပ်မြင်နေရသော ကောင်လေးမျက်နှာသည် ညနေ နေရောင်အောက် ဆွဲဆောင်မူအပြည့်နှင့် ဖြစ်တည်နေ၏...မျက်ဆန်နက်နက်တွေကို ထဲထဲဝင်ဝင်ကြည့်လိုက်မိတော့ ယောဟန် ကိုယ်ကိုကိုယ် တွေလိုက်ရသည်...ကိုယ့်ရှေ့ရှိနေတဲ့လူရဲ့ မျက်ဝန်းထဲ ကိုယ်ရှိတာ မထူးဆန်းပေမယ့် ဒါကိုယောဟန်က အထူးတလည်သဘောကျမိနေပြန်သည်...။
"ကျွန်တော်မနက်ဖြန်ကျရင် အကို့တိုက်ခန်းကိုလာခေါ်မယ်...အကို့အတွက် စိတ်ပျော်ရွှင်စေတဲ့ အရာအကုန်လုံးကို ထုတ်ပိုးပြီး အသင့်ပြင်ထားလိုက်...ကျွန်တော်အကို့ကို ဒေစီခင်းထဲက ခွေးလေးတွေနဲ့တွေ့ပေးမယ်..."
လှဲအိပ်နေရာမှ ထထိုင်ကာ အတည်ပေါက်ပြောလာသူကြောင့် ယောဟန်မျက်တောင်တွေ တဖျတ်ဖျတ်ခတ်လိုက်မိသည်...သူကဒီအတိုင်း သီချင်းထဲက သဘောကျစရာလေးတွေကို ပြောပြမိတာဖြစ်သည်...။...ယောဟန် လိုက်ပါ့မယ် မပြောခဲ့သလို မလ်ိုက်ဘူးလို့လည်း မငြင်းမိ...။...အပြာရောင်မိုးသားအောက်က ဒေစီခင်းထဲ သူ့ရဲ့လက်ကိုတွဲပြီး ခွေးလေးတွေနဲ့ ပြေးလွှားကစားချင်သေး၏...။
ယောဟန်ရဲ့ ဝေခွဲရခက်နေချိန်ကို တုန်ခါသံပေးပြီး ဝင်လာသည့်ဖုန်းလေးက ဖျက်စီးသွား၏...-ခ-ဟု တစ်လုံးထဲ ရေးမှတ်ထားသော နာမည်ကြောင့် ယောဟန်၏ မျက်တောင်ဖျားတွေမှာ အနည်းငယ်တုန်သွားသလို...အပြစ်သားတစ်ယောက်ဟာ သူအပြစ်လုပ်မိသည့် တရားလိုအား မြင်တွေ့လိုက်ရသလို ခံစားမှုမျိုး...။
"ဟ ဟလို-ခ-..."
.....
"မနက်ဖြန်..."
.....
"အင်း..."
ဝါကျမစီလျော်သော စကားအချို့ကို ကမာ္ဘကြားနေရပေမယ့် အကို့မှာတော့ တင်းကြပ်လွန်းတဲ့ လွန်တစ်ချို့ကို ဆွဲနေရသလို...။...သူ့အတွက် ခက်ခဲနေမှာပေါ့...ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ ရွေးချယ်မူတွေကြားမှာ...။...သိသိသာသာညိုးကျသွားသော မျက်ဝန်းလေးတွေနှင့် ကမာ္ဘ့အား ကြည့်ပြီး စကားတစ်ချို့အား ဆို၏...။
"ငါ ငါ! လိုက်လို့မရဘူး...မနက်ဖြန် ခ-နဲ့ မင်္ဂလာဝတ်စုံသွားကြည့်ရမှာ...-ခနဲ့ ဒီလထဲမှာ လက်ထပ်တော့မှာ...မင်းလည်း ထွက်သွားလိုက်ပါတော့...ငါက ငါက..."
"ရှူး! ထွက်သွားချင်ရင် လှည့်တောင်ဝင်မလာဘူးအကို...အကိုသေချာစဉ်းစားကြည့်...အကိုမှ မမေလှိုင်းမခကို မချစ်တာ...အကို့စိတ်ထဲ ဘယ်သူရှိတယ်ဆိုတာလည်း အကိုသိတယ်...မိန်းမတစ်ယောက်ကို ယူထားပြီး တစ်ခြားတစ်ယောက်ကို စိတ်ထဲရှိနေတာ အကိုလိပ်ပြာလုံပါ့မလား..."
ယောဟန်သိပါသည်...။...ခ-အပေါ်မတရားမှန်းလည်း သိပါ၏...။...ဒါပေမယ့် သူ့ရဲ့စိတ်ကို ဘယ်သူကမှ နားလည်မပေးတာ...။...အဲ့ဒီ့အားနာစိတ်ကြောင့် ယောဟန်-ခကို မျက်နှာချင်းဆိုင်ဖို့တောင် သိပ်မဝံ့တော့ပေ...။
"ရွေးချယ်စရာနဲ့ ကံကြမ္မာဆိုတာကို ကိုယ်တိုင်ဖန်တီးရတယ်အကို...အကို့ သက်တမ်းတစ်ဝက်လောက်ကို တစ်ခြားသူတွေရဲ့ ရွေးချယ်မူနဲ့ နေသားကျပေးခဲ့ပြီးပြီ...ဒါက အကို့ကိုယ်ပိုင်ဘ၀...အကို့က ကျွန်တော့်ဘက်ကိုပဲကြည့်ပေး အကိုကျောခိုင်းပေးထားခဲ့သမျှ အရာအားလုံးကို ကျွန်တော် ကျော်ဖြတ်ပေးမယ်..."
"ဒါပေမယ့်..."
"မနက်ဖြန် မနက် ၅နာရီကျော်လို့မှ အကိုcondoက ထွက်မလာရင် ကျွန်တော် ရှုံးသွားပြီလို့ သတ်မှတ်လိုက်မယ်..."
ထိုညနေလေးက လှသလောက် အသက်မဝင်ခဲ့ပေ...။...ဂျူတီကုတ်အဖြူရောင်နှင့် ဆရာဝန်လေးသည် တိမ်စိုင်တွေကို ငေးကြည့်နေပြီး အနီးအနားရှိ ကောင်လေး၏ စကားကိုတော့ လျစ်လျူရှုထားလေ၏...။...မြို့ပြရဲ့ ညနေခင်းက အနည်းငယ်ဆူညံပေမယ့် ထိုနေရာလေးတစ်ခုသာ ကွက်၍ တိတ်ဆိတ်နေပါသယောင်...။
>>>>>><<<<<<
"Reno...လာရွေးကူဦးလေ..."
"ဘာကိုရွေးရမှာလည်း အဆင်ပြေတာ အကုန်ယူလိုက်လေ...တစ်ခုနှစ်ခုအတွက်မှ မဟုတ်တာ..."
"Otoko"(ယောက်ကျား)
"ကျစ်!"
ဝဠာကားဘောင်အား မှီပြီး ရပ်နေရာမှ ထိုတစ်ယောက်ရှိရာ အရုပ်ဆိုင်အတွင်းသို့ ဝင်လာခဲ့လိုက်သည်...။...ဝဠာတို့ ယခုရောက်နေသော နေရာသည် လမ်းဘေးရှိ အရုပ်ဆိုင်လေး...။...အမှန်ဆို ယခုအချိန်က ဝဠာ showroomမှာ ရှိနေရမှာ ဖြစ်ပေမယ့် xoraသည် သွားစရာရှိသည်ဟုဆိုကာ အတင်းခေါ်လာသဖြင့် ပါလာရခြင်း...။...လမ်းရောက်မှ သိလိုက်ရတာက မိဘမဲ့ဂေဟာမှာ သွားလှူမည်ဆိုသည်ကြောင့် ဝဠာယခု လမ်းဘေးအရုပ်ဆိုင်တွင် အရုပ်ဝင်ရွေးနေရခြင်းဖြစ်သည်...။
"ဒီမှာကြည့်..."
Xoraသည် အရုပ်တွေထဲမှ အဖြူရောင်လူရုပ်ပုံစံတစ်ခုကို ထုတ်ပြလေ၏...ပြီးနောက် တစ်နေရာကို မျက်စပစ်ပြတာက ထိုအရုပ်၏ ခြေထောက်ကားကား ကြားထဲရှိ တစ်ဆက်တည်းပါရှိသည့် ဆင်နှာမောင်း...။
"ငါကအဲ့ထက်ကြီးတယ်..."
Xora မျက်တောင်ဖျားများအား တဖျတ်ဖျတ်ခတ်လိုက်မိသည်...။...အရုပ်ဆိုင်မှ အရုပ်ကူရွေးပေးနေသည့် ကောင်မလေးပင် ဝဠာ့အား မော့ကြည့်လေ၏...။...စကားပြောရင် ဘယ်တော့မှ စည်းမရှိ...ဘယ်သူနဲ့တူလို့များ အပြောအဆို ယုတ်ရင်းနေမှန်း xora စဉ်းစားမရ...။
Xoraတို့ အရုပ်ပေါင်း ၁ရာကျော် ရွေးချယ်ပြီးနောက် xoraလက်ထဲတွင် ဆင်နှာမောင်းပါ လူရုပ်လေးရှိနေသလို ဝဠာ့လက်ထဲတွင်လည်း ခပ်လုံးလုံးရှိသော ခဲရောင်အရုပ်ကလေးလေးတစ်ခုကို ကိုင်ထားလေ၏...။
"အဲ့အရုပ်က..."
Xoraသိလိုဇောဖြင့် မေးလိုက်ပြီးနောက်တွင် xora ကျေုာသည် ကားbodyနှင့် ထ်ိကပ်သွားသလို xoraနှုတ်ခမ်းတစ်စုံသည် ထူထဲပြည့်တင်းသော နှုတ်ခမ်းတို့ကြား ရောက်သွားလေသည်...။...ကားကို လယ်ကွင်းတွေရှိသည့် လမ်းလေးဘက်ခြမ်းတွင် ရပ်ထားမိလို့သာတော်သေး၏...။...မဟုတ်ရင် ကားသွားကားလာနှင့် လမ်းဘေးရှိ အရုပ်ဆိုင်အပါအဝင် တစ်ခြားဆိုင်ခန်းတွေကပါ xoraတို့ပုံရိပ်အား တွေ့နေရမှာ...။
ပြွတ်စ်!
အွန့်!
"အွန်း...re reno..."
Xora၏ ခက်ခက်ခဲခဲ ရုန်းကန်မူကြောင့် နှုတ်ခမ်းသားတွေက လွတ်မြောက်သွားပေမယ့် xoraခန္ဓာကိုယ်လေးသည် သူနှင့် ကားအကြားတွင် ရှိနေသေး၏...။
"မင်းနဲ့တူတယ်..."
"ဟင်!"
"ဝက်ရုပ်..."
ဂျိုပုံစံ နားရွက်လေးတွေပါသော ခဲရောင်အရုပ်လေးအား မြှောက်ပြကာ ပြောလာပြီး ထိုအရုပ်လေးကို ကားနောက်ခန်းထဲရှိ လှူမည့်အရုပ်ပုံထဲ မထည့်ပဲ မောင်းသည့်နေရာဘက်ခြမ်းရှိ ဒက်ရှ်ဘုတ်ပေါ်သို့ တင်ပြီးမှ xoraတို့ ခရီးဆက်ရ၏...။...အမှန်ဆို ထိုအရုပ်လေးက ဝက်လေးတစ်ကောင် မဟုတ် မွန်းစတားကလေးလေးပုံစံမျိုးပင်...xora လက်ထဲရှိ ဆင်နှာမောင်းတန်ဆာပါရှိသည့် အရုပ်လေးအား ခဲရောင်အရုပ်လေးနှင့် တူတူထားလိုက်ပြီး ဝဠာ့လက်မောင်းအား မှီတွယ်လိုက်၏...xoraပါးနှင့် ထိကပ်နေသော ဝဠာ့လက်မောင်းသည် xoraခေါင်းအား ထိန်းထားပေးသလို အားအင်အပြည့်နှင့် ဖြစ်၏...။
"Otoko"(ယောက်ကျား)
"အင်း..."
"ပန်းတွေထဲမှာ ဘယ်ပန်းကို အကြိုက်ဆုံးလည်းဟင်..."
Xora၏ အဆက်အစပ်မရှိသော စကားကြောင့် ဝဠာသည် ခဏစဉ်းစားဟန်ပြုပြီးမှ ပြန်ဖြေလာ၏...။
"....ခရေ...."
"ဘာလို့ခရေပန်းလည်း..."
"ငါ ဂျပန်မှာ မွေးကတည်းက ပထမဆုံး မြင်ဖူးပြီး ရင်းနှီးတဲ့ပန်းဆိုလို့ ခရေပန်းပဲ ရှိတယ်...senoritaက daddy ကို လွမ်းရင် ခရေပန်းခြောက်လေးတွေကို ထုတ်ကြည့်လေ့ရှိတယ်...နှစ်အတော်ကြာလောက်သိမ်းထားတဲ့ပန်းတွေက ခြောက်လွန်းပြီး အမှုန့်ဖြစ်သွားတာတောင်မှ senoritaက လွှင့်မပြစ်ခဲ့ဘူး...jjက အမှုန့်ဖြစ်ဖို့ သိပ်မလိုတော့တဲ့ ခရေပန်းလေး၃ပွင့်ကို ကော်ရည်လောင်းပြီး စာရွက်မှာ ကပ်ပေးခဲ့ဖူးတယ်...အဲ့စာရွက်လေးလည်း senoritaမှာ ခုထိရှိနေသေးတယ်..."
မိသားစုအကြောင်းပြောရင် အမြဲတတ်ကြွနေသူက ယခုလည်း စကားလုံးတော်တော်များများကိုပြောရင်း ခပ်သဲ့သဲ့ပြုံးနေ၏...။...မိဘနှစ်ပါးရဲ့ တစ်ဦးပေါ်တစ်ဦးထားတဲ့ ချစ်ခြင်းအတိမ်အနက်ကို သိရှိထားတော့ အချစ်စကားလေးများပြောရင် ချစ်ကြသူတွေကို သတိရပြီး အလိုလိုပြုံးမိနေရော...။...xoraနဲ့ဆိုရင်တောင် စကားလေးလုံးကွဲအောင်မပြောတဲ့သူက မိသားစုအကြောင်းပြောရင်တော့မမောနိုင်မပန်းနိုင်...။...xoraမေးတိုင်း အသေးစိတ်ကအစပြောပြလွန်းလို့ renoမိသားစုအကြောင်း တော်တော်များများကို xoraက သိထားပြီးပြီပင် ဖြစ်သည်...။
"Reno daddy က senoritaကို ဘယ်လောက်ထိချစ်တာလည်း..."
"အနားကလူတွေတောင် ခန့်မှန်းလို့မရတဲ့အထိ...ရူးလောက်အောင်ကို ချစ်တာ...ထမင်းဝါးဖို့တောင် စိတ်မရှည်တဲ့သူက senoritaပန်ဖို့ ခရေပန်းကို ကိုယ်တိုင်သီပေးတာ...senorita ကိုယ်ဝန်ဆောင်ချိန်က vedio recordsတွေ ပြန်ကြည့်မိပြီဆိုရင် အဲ့တစ်နေ့လုံး senoritaကို အနားက မခွာခိုင်းပဲ ရင်ခွင်ထဲထည့်ထားတတ်တာ...ပြီးရင် ပြောတာက တာဝန်ပျက်ကွက်ခဲ့ဖူးတာကို သတိရသွားလို့ အစားပြန်ပေးနေတာတဲ့...ဘယ်တော့မှ အချစ်ကိုဝန်မခံဘူး...senoritaက စိတ်ကောက်ပြီး သူ့ကိုစကားပြန်မပြောရင် တမလွန်က အဘွားကိုတပြီး ဖွားပေးစားလို့ သူအခုလိုအနိုင်ကျင့်ခံနေရတာပါလို့ အော်တတ်သေးတာ...ပြီးရင်လည်း သူပဲ ချော့ရတာ...daddy က senoritaက အဲ့လောက်တောင်ချစ်တာ...ခရေပန်းဆိုတာက သူတို့အချစ်ရဲ့ င်္သကေတလို့တောင် ဆိုရမယ်...အချိန်တွေဘယ်လောက်ကြာကြာ အပွင့်ဘယ်လောက် နွမ်းနွမ်း ရနံမပြယ်ဘူး...အဲ့လိုအချစ်မျိုး..."
"အဲ့တာကြောင့် renoက ခရေပန်းကို ကြိုက်တာပေါ့..."
"အင်း...နောက်ပြီး ချယ်ရီပန်းရနံ..."
"ချယ်ရီပန်းရနံ..."
"အင်း! ပန်းပွင့်ကို မဟုတ်ပဲ ရနံကိုပဲ ကြိုက်တာ..."
"ဘာလို့လည်း..."
xora တစ်လမ်းလုံးစကားပြောလာပေမယ့် မှီတွယ်ထားသည့် လက်မောင်းမှ စွန်ခွာသွားခြင်းမရှိပဲ ခေါင်းအားစောင်းကာ မေးနေခဲ့ခြင်းဖြစ်ပြီး ယခုမှ သိချင်စိတ်ကြောင့် မှီတွယ်ထားသည့် လက်မောင်းမှ ဖယ်ခွာကာ ဝဠာ့မျက်နှာအား ကြည့်လိုက်မိသည်...။...သို့ပေမယ့် ကားသည် လမ်းချိုးလေးတစ်ခုအတွင်းသို့ ဝင်ရောက်သွားပြီးနောက် xoraတို့ လိုရာခရီးကို ရောက်လာကြပြီမို့ xoraထပ်မမေးမိတော့သလို...ဝဠာကလည်း ပြန်ဖြေဖို့ စိတ်ကူးမရှိခဲ့ပုံပင်...။
ဝဠာသည် ထိုမေးခွန်းကို ဖြေခွင့်ရခဲ့ပါက ပြောပြမည်မှာ'ငါသဘောကျတဲ့ တစ်ဦးတစ်ယောက်ရဲ့ ကိုယ်သင်းနံ့လေးမလို့'ဟု ပြန်ဖြေဖြစ်လောက်မည်...။
>>>>>>><<<<<<
5.12.2023(TUESDAY)
Words-6647
♡Sunshine♡
ခုမှပြန်ရေးတော့ စာတွေက အစီအငေါ်မတည့်...လွမ်းနေကြရဲ့လား...ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေလေးကြောင့် အများကြီးပျက်ကွက်မိပါတယ်...နောက်ဆို ၁ပတ်ကို ၂ပိုင်းလောက်တော့ မဖြစ်မနေ upပေးပါ့မယ်...ဒီအပိုင်းမှာ ရောင်ခြည်သုံးထားတဲ့ သီချင်းလေးက (come here-zenith)သီချင်းလေးပါနော်...mediaကနေရှာကြည့်ပေမယ့် မရလို့ သီချင်းတော့ထည့်မပေးတော့ဘူးနော်...စာပြန်ရေးဖို့ အာရုံပြန်ရခဲ့တဲ့ သီချင်းလေးမို့ အမှတ်တရထည့်ရေးလိုက်တာပါ...စာတွေရှည်နေပါပြီ...အိပ်မက်လှလှမက်ပါစေခဗျ♡ ညကတင်မလို့ကို မီးပျက်သွားလို့ dateကိုတော့ မနေ့ကdateပဲထားလိုက်မယ်...
>>>>>>>SunShine<<<<<<<<