........................start
ရောင်စုံမီးပန်းတွေအောက် ကိုယ်နိုးလာတော့ အချိန်က ၃နာရီခွဲနေပီ ၊ အသံတွေလဲဆူညံနေတုန်း တစ်ယောက်သောသူက ကိုယ့်ကိုအော်ပြောနေ ၊မူရာ! မူရာ!လာ ထတော့အိမ်ပြန်ကြစို့ ငါလိုက်ပို့မယ်။အရက်အရှိန်နဲ့ ရီေဝဝေဖြစ်တုန်းပေမဲ့ ကိုယ်ဒီအသံကို ကောင်းကောင်းကြီးသိနေတယ် ယွန်းပဲ။
ယွန်း!ယွန်းလား လာကိုယ့်နဲ့အတူဆက်သောက်ရအောင်
မူရာဆိုသူမှာ အမြဲဒီလိုပဲ partyတွေလုပ်လိုက် clubတွေသွားလိုက် ကောင်မလေးတစ်ကာနဲ့တကယ့်ဇိုးတစ်ယောက် ခုလဲကြည့် မနေ့ကယွန်းမွေးနေ့လုပ်ဖို့ အတူတူချိန်းထားတာကို ရောက်မလာဘဲသန်ခေါင်းရောက်မှ မူးမူးရူးရူး ဖုန်းလှမ်းဆက်ပြီး (Happy Birthday Yun!မွေးနေ့မှာပျော်ရွှင်ပါစေကွာ)ပြောပြီး ဖုန်းကောက်ချတော့တာပဲ
မူရာမပါဘဲ ကျွန်ေတာ့်မွေးနေ့ကျင်းပတာ ဒါပထမဆုံးပဲ ကျွန်တော့အသက်၁၈နှစ်ပြည့် မွေးနေ့မှာ သူ့ကိုအတူရှိစေချင်တာမို့ အနည်းငယ်စိတ်ဆိုးမိပေမဲ့ စိတ်ပူရတာကတစ်ဝက်
ခုချိန်မူရာဘယ်မှာရောက်နေမလဲ ယွန်းသိနင့်နေပြီသားပါ ယွန်းတို့အတူရှိလာတာ ယွန်းသိတတ်စကလေးဘဝကတည်းကပဲလေ
ကျွန်တော် မူရာ့ထက်တစ်နှစ်ငယ်ပေမဲ့အိမ်ချင်းကပ်ရပ် ငယ်ပေါင်းကြီးဖော်တွေတစ်ဖြစ်လဲ ကျောင်းလဲအတူတူသွား စားရင်လဲအတူတူ အိမ်ကမေမေတွေက အက်ျီဆင်တူကအစ အမြဲဆင်လေ့ရှိသည်
နှစ်ယောက်လုံးက မိသားစုရဲ့ တစ်ဦးတည်း
တွေမို့မူရာ့မိဘတွေအတွက်ယွန်းက သားလေးလိုဖြစ်နေသလိုပင် ယွန်းအိမ်ကလဲ မူရာ့ကို သားလေးတစ်ဖြစ် ချစ်ခင်ကြသည်။
ခုလဲမြို့လည်ခေါင်ကသူသွားကြclubမှာမှောက်နေပြန်ပြီထင်သည် ၊ အမြဲသွားခေါ်ရသူမှာလဲကျွန်တော်ပင်။
ပြန်ဖို့ခေါ်ရသည်မှာ ကျွန်တော်စိတ်အညစ်ဆုံးဖြစ်သည် မူရာကကျွန်တော့်ထက်ခေါင်းတစ်လုံးလောက်ပိုရှည်ပြီး ကျွန်တော့်မှာ သူ့ပုခုံးသာသာ သာရှိသည်။
အရပ်ကမိုးမျှော်နေသူမို့ သူ့ကိုပုခုံးထမ်းခေါ်ရတိုင်း ကျွန်တော်ပင်ပန်းရသည် ကြားထဲအမြဲအရစ်ခံရတာကလဲ အဆန်းတော့မဟုတ်လေပေမဲ့ မူရာ့ကိုဒီလိုတွေလျှောက်လုပ်တတ်တာတော့ ကျွန်တော်မကြိုက်။ မူရာ့ဖေဖေမေမေလဲ သူတို့သားဆိုးလေးကိုမနိုင် ကျွန်တော့်ကိုသာအားကိုးရသည်။
"ယွန်းးးမင်းအမြဲကိုယ့်နောက်တစ်ကောက်
ကောက်လိုက်နေတော့တာပဲ
မင်းကကိုယ့်ရဲ့ခွေးလေးလိုပဲ သိရဲ့လား"
ကဲအရစ်ခံရဖို့ကျွန်တော်ပြင်ဆင်ပြီးသားပဲလေ
သိပ်သိတာပေါ့ကိုမူရာ ကျွန်တော်ခင်ဗျားခွေးလေး(Bisco)လိုပဲဖြစ်နေတာကြာပြီပဲ
အမြဲအိမ်ပြန်ဖို့ ရှာခေါ်နေရတာဘယ်ကတည်းကမှန်းကိုမသိတော့ဘူး စိတ်ညစ်တယ်နော်အကိုနဲ့ တကယ်ပဲ
ယွန်း မင်းကကိုယ့်ကိုစိတ်ပျက်နေပြီလား
ကိုယ်မင်းမွေးနေ့မလာတာ စိတ်ဆိုးနေလား
ကိုယ်ကတစ်ကယ်မကောင်းတဲ့ကောင်ပဲယွန်းရယ် ၊ ကိုယ်စိတ်တွေရှုပ်နေခဲ့တာ ဒါကြောင့်ယွန်းဆီတမင်မလာနိုင်ခဲ့တာ တောင်းပန်ပါတယ်နော်
ရတယ်မလိုဘူး ရစ်မနေနဲ့တော့ လာသွားကြမယ် ကျွန်တော်စိတ်ဆိုးချင်ပေမဲ့ အကိုကမူးရူးလို့ ခုနေဘာသိမှာလဲ စိတ်ဆိုးလို့အပိုပဲ
မနက်မှတွေ့မယ်ဒီလူတော့ နှုတ်ခမ်းးေစူကာစိတ်ထဲရေရွတ်နေမိတယ်
အကိုကတစ်ကယ်လူကောင်ကြီးတော့ ကျွန်တော့မှာမနည်းထမ်းခေါ်နေရတယ်
ကားပေါ်ရောက်သည်နှင့်မူရာက အသေကောင်လိုပဲ တန်းကိုအိပ်ပျော်သွားလိုက်တာ အမြင်ကပ်စရာပဲ
ကားတံခါးကိုဖွင့်ကာ အကို့ကို ဘေးခုံမှာတင်လိုက်ပြီး ခါးပတ်ကြိုးတပ်ပေးဖို့ကို ဆရာကဖင်ခုပြီးအိပ်နေတော့ ကားထဲကိုခေါင်းတိုးဝင်လိုက်တယ် အကို့နားကလဲအရက်နံ့တွေနံထောင်းလို့ ကားကလဲပူလောင်လောင် စောနကထမ်းခေါ်လာရတာကလဲပင်ပန်းတာကတစ်မျိုး ကြိုးကလဲတပ်ပေးရခက်နဲ့မို့ စိတ်ကလဲရှုပ် ကျွန်တော်ပွစိပွစိပြောရင်း
အိပ်နေတဲ့မူရာ့ကိုကျွန်တော်မျက်စောင်းပစ်ရင်း သက်ပျင်းချကာ ကားထဲကထွက်မလို့အလုပ် ကျွန်တော့်လက်ကိုဖမ်းဆွဲလိုက်သည့်အကို့ကြောင့် ကျွန်တော်လန့်ကာ အကို့ကိုကြည့်လိုက်သည်
ဘာလဲ ဘာလုပ်မလို့လဲ ဆက်အိပ်စရာရှိတာအိပ်ပါလားဟုမျက်နှာစူပုတ်ပြီးပြောကာ ပြန်ထွက်မလို့လုပ်ပေမဲ့အကိုမူရာကကျွန်တော့်လက်ကိုမလွှတ်၊ ကျွန်တော်လဲကြောင်သွားပြီးအကို့ကိုသေချာကြည့်ရင်း အကို့ရဲ့ရီဝေဝေမျက်လုံးတွေနဲ့ အကြည့်ချင်းဆုံနေမိသည်
ယွန်းမင်းသိပ်စကားများတာပဲ.........
ဒါကိုကျွန်တော်ကြားပြီးတာနဲ့ ကျွန်တော်အနားကိုထပ်ဆွဲခံလိုက်ပြီး အကို့နှုတ်ခမ်းတွေ ကျွန်တော့်နှုတ်ခမ်းနဲ့ထပ်တူကျသွားတာကိုခံစားမိတယ်
ကျွန်တော်ကြောင်နေတုန်းမှာပဲ အကိုကျွန်တော့်နှုတ်ခမ်းတွေကိုစုပ်ယူနမ်းရှိုက်နေတော့တယ် ရုတ်တရက်ဆန်လွန်းတာကြောင့်
ကျွန်တော့်ရင်တွေခုန်နေသလားမပြောတတ်ပါ
ကျွန်တော်မျက်လုံးတွေကိုစင်းလိုက်ပြီး
အကို့နှုတ်ခမ်းတွေနဲ့အလိုက်သင့် နမ်းရှိုက်နေမိတယ်
ကျွန်တော့်အသိစိတ်လေးပြန်ဝင်လာတာနဲ့ အကို့ဆီကရုန်းထွက်ပြီးကားဘေးမတ်တပ်လေးကြောင်နေမိတုန်းပဲ အကိုမူရာဘာဖြစ်တာပါလိမ့် ငါကကော ဘာလို့အကို့ဆီကချက်ချင်းမရုန်းထွက်မိတာလဲ တိတ်ဆိတ်နေတဲ့ ဟောဒီကားပါကင်မှာ ငါ့ရင်ခုန်သံတွေကြားနေရတယ်
ရင်ဘတ်ကကောဘာလို့ဒီလောက်တ ဒိတ်ဒိတ်နဲ့ ခုံနေခဲ့တာလဲ အတွေးပေါင်းများစွာနဲ့ ကျွန်တော့မျက်နှာပေါ်ကအပူရှိန်ကိုခံစားမိတယ် အကိုမူရာကတော့ဘာမှမဖြစ်ခဲ့သလိုပဲကားပေါ်အိပ်ပျော်ရက်သားလေး
အကိုကတော့မူးနေတုန်းအမှားလုပ်မိတာဖြစ်ချင်ဖြစ်မယ် ယွန်းအတွက်တော့ ထူးဆန်းသွားတဲ့ခံစားချက်အတွက် မိုးသောက်ယံမှာ
အဖြေမထွက်တော့